P. 1
Pseudo Democracy

Pseudo Democracy

|Views: 37|Likes:
Published by msoe9872

More info:

Published by: msoe9872 on Jan 04, 2010
Copyright:Attribution Non-commercial

Availability:

Read on Scribd mobile: iPhone, iPad and Android.
download as PDF, TXT or read online from Scribd
See more
See less

01/04/2010

pdf

text

original

အမည်ခံ ဒီမိုကရေစီ

ကျော်ကျော်စိုး

ဟိုတလောက မိတ်ဆွေတယောက်နှင့် စကားစမြည်ပြောရင်း မြန်မာပြည်၏ လက်ရှိအခြေအနေ
အကြောင်း ပြောဖြစ်ခဲ့သည်။ မိတ်ဆွေက ပြည်တွင်း၌ လက်ရှိဖြစ်ပျက်နေသည်များကို အရင်ဦးဆုံး ရှင်းပြသည်။
ယခုဆိုလျှင် ပြည်သူအများ ဆင်းရဲဒုက္ခရောက်နေကြသည့် အကြောင်းမှ အစချီကာ ပြည်တွင်း၌ စီးပွားဖြစ် လုပ်ကိုင်
စားသောက်နိုင်သော အခြေအနေများသည် ယခင်ကထက် ပိုမို ဆိုးရွားလာနေကြောင်း၊ အထူးသဖြင့် အကျင့်
စာရိတ္တ ပိုင်း၌ ပျက်ပြားနေကြောင်း၊ နိုင်ငံ၏စီးပွားရေးအခြေအနေမှာ သိသိသာသာ ယိုင်နဲ့ လာနေပြီး လူအများစု၏
စားဝတ်နေရေး အခြေအနေမှာ ပိုမိုကျပ်တည်းကာ ဒုက္ခတွေ့နေရကြောင်းတို့ကို ပြောပြလေသည်။ ထို့ပြင် ပြည်သူ
လူထုအတွက် အနိမ့်ဆုံးအဆင့်အနေဖြင့် လုပ်ဆောင်ပေးရမည့် အခြေခံ နေ့ စဉ်လူမှုဘဝအတွ က် တာဝန်များကို
အစိုးရက ပျက်ကွက်နေမှု များအပေါ် သူကပင် ထောက်ပြ ဝေဖန်သွားသည်။ စင်္ကာပူ၊ တရုတ်၊ ဗီယက်နမ်
ကဲ့ သို့သော နိုင်ငံများပင် တနေ့တခြား စီးပွားရေး တောင့်တင်းခိုင်မာကာ တိုးတက်လာနေပြီး အစိုးရက လူထု၏
စားဝတ်နေရေး တိုးတက်လာအောင် အခွင့်အလမ်းများကို ရှာကြံ ဖန်တီးပေးနေသောကြောင့် တိုးတက်မှု များကို
မျက်မြင်ဒိဋ္ဌ တွေ့မြင်နေရသည်ကိုလည်း နှိုင်းယှဉ်ထောက်ပြသွားသည်။ သူ့အနေဖြင့် ကျယ်ပြန့်ရှု ပ်ထွေးခက်ခဲသည့်
နိုင်ငံရေး အခြေအနေကို ကောင်းကောင်းနားမလည်သော်လည်း လူထု၏စားဝတ်နေရေး အခြေခံအဆင့် ပြည့်မီကာ
ဒီမိုကရေစီနှင့် လွတ်လပ်မှု များ ရှိစေလိုသည့် သူ့ဆန္ဒကိုပါ ကျနော့်အား ပြောပြသည်။ နှစ်ယောက်သား အချိန်
အတော်ကြာအောင် စကားပြောဖြစ်ခဲ့ပြီးနောက် လမ်းခွဲခဲ့ ကြလေသည်။

အိမ်ပြန်ရောက်သောအခါ နှစ်ယောက်သား ပြောဆိုခဲ့ သောစကားများကို ပြန်လည်စဉ်းစားရင်း
စာအုပ်စင်မှ စာအုပ်တချို့ကိုယူကာ ကိုးကားရန်အတွ က် ပြန်လည်ဖတ်ရှုရင်း ဤဆောင်းပါးကို ရေးဖြစ်လေသည်၊

စီးပွားရေးတိုးတက်အောင် လုပ်ကြရာတွင် ဒီမိုကရေစီနိုင်ငံဖြစ်မှ အောင်မြင်စွာ ဖော်ဆောင်နိုင်
သလော။ အာဏာာရှင် နိုင်ငံများကပါ အောင်မြင်စွာ ဖော်ဆောင်နိုင်သလော ဆိုသည်ကို စဉ်းစားတွေးတော
လေ့လာမိခဲ့သည်၊ မိတ်ဆွေက နမူနာပေး ပြောဆိုခဲ့ သည့် စင်္ကာပူနိုင်ငံလောက် မည်သည့် ဒီမိုကရေစီနိုင်ငံကမှ
စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပေ။ ၁၉၆၅ ခုနှစ် ၌ မလေးရှားနိုင်ငံမှ ခွဲ ထွ က်ကာ လွ တ်လပ်ရေး
ရလာသည့် စင်္ကာပူနိုင်ငံမှာ ထိုစဉ်က ဆင်းရဲ လှသည်။ လူမျိုးရေးအရလည်း အားနည်းလှသည်။ (ထိုအချိန်တွင်
စင်္ကာပူ၌ မလေး၊ တရုတ်၊ အိန္ဒိယအနွယ် လူမျိုးစုများသာ နေထိုင်ကြသည်။) နိုင်ငံအရွ ယ်အစားကလည်း အလွန်
သေးသည်။ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြားတွင် ညပ်နေသည်။ သို့သော်လည်း လီကွ မ်ယူ ဦးဆောင်မှုဖြင့်
နိုင်ငံ့ စီးပွားရေး တိုးတက်လာသည်။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ ၂၅ နိုင်ငံတွင် တနိုင်ငံအပါအဝင် ဖြစ်လာသည်။
ပညာရေး အဆင့်အတန်း မြင့်မားသဖြင့် ပညာတတ်လူတန်းစား များပြားလာသည်၊ နိုင်ငံခြားအရန်ရံပုံငွေ အများဆုံး
နိုင်ငံများ စာရင်းတွင် ပါဝင်လာသည်။ ဒီမိုကရေစီ ထွ န်းကားခြင်း မရှိသော်လည်း အကျင့်ပျက်လာဘ်စားမှု
အနည်းဆုံးနိုင်ငံအဖြစ် ထွက်ပေါ်လာခဲ့သည်၊

နိုင်ငံလွတ်လပ်ရေး ရပြီးကတည်းက ပြည်သူ့လှု ပ်ရှားမှု ပါတီ (People's Action Party - PAP) သည်
လွှ တ်တော်အမတ်နေရာ အားလုံးနီးပါးလောက်ကို ယနေ့ တိုင် ရယူ ချုပ်ကိုင်ထားသည်။ အစိုးရသည် ၎င်းအား
စိန်ခေါ်လာသူများကို ဖိနှိပ်ထားသည်။ နိုင်ငံရေးထိပ်သီးများ၏ အာဏာအရှိန်အဝါကို ထိပါးလာသူများကို တုံ့နှေး
နေခြင်း မရှိပဲ သွက်လက်စွာ နှိပ်ကွပ်ပစ်သည်။ ဖိနှိပ်မှု များကို စနစ်တကျ တွ က်ချက်ရွေးချယ်ပြီးမှ လုပ်ဆောင်သည်။
ထိုးနှက်သူများကို တန်ပြန်ခံရသူများအဖြစ်သို့ ရောက်ရှိစေရန် လိမ္မာပါးနပ်စွာဖြင့် ဘက်ပေါင်းစုံမှ အလုံးအရင်း
သုံးကာ နှိပ်ကွပ်သည်။ အသက်မွေးဝမ်းကျောင်းမှု ပြုမရစေရန် လုပ်ဆောင်သည်။ နိုင်ငံသားများရရှိသည့် အခြေခံ
အခွင့်အရေးများကို အပြည့်အဝ မခံစားနိုင်စေရန် လုပ်ဆောင်သည်။ “အစိုးရကို မဆန့် ကျင်နှင့် ဆန့်ကျင်လျှင် ဘဝ
ပျက်သွားနိုင်သည်” ဆိုသော ဝါဒမှိုင်းကို ပြည်သူတို့ ခေါင်းထဲ၌ သံမှိုနှက်သကဲ့ သို့ စွဲနေအောင် ရိုက်နှက်ထားသည်၊

စင်္ကာပူသည် ကမ္ဘာအနှံ့ရှိ အာဏာရှင်များအတွ က် အမည်ခံ ဒီမိုကရေစီ အဖြစ်ဖြင့် စံပြုစရာ ဖြစ်နေခဲ့
သည်။ နိုင်ငံရေးနှင့်ဆက်နွယ်သော ရုပ်ရှင်များကို တားမြစ်ပိတ်ပင်ထားသည်။ ၂ဝဝ၆ ခုနှစ်က ကျင်းပခဲ့သည့်
ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများသည် အင်တာနက်ကို အသုံးပြု မဲ ဆွ ယ်ခွ င့် မရခဲ့ ပေ။ အီးမေးလ်များသုံး၍
ပါတီ၏ မူဝါဒ၊ ရွေးကောက်ပွဲ ကြေညာစာတမ်းများကို လက်ဆင့်ကမ်းဖြန့်ဝေခွင့် ပိတ်ပင်ခံရသည်။ ဤသို့  ဖြင့် လက်ရှိ
အာဏာပိုင်တို့၏ PDP နိုင်ငံရေးပါတီကြီးကသာ မီဒီယာကို ဆက်လက်ပြီး လက်ဝါးကြီးအုပ်ကာ တဘက်သတ်
ဝါဒဖြန့်ခြင်းဖြင့် နိုင်ငံရေး အခွင့်သာမှုကို အဓမ္မ ရယူနေခဲ့ သည်။

အတိုက်အခံ နိုင်ငံရေးသမားများကို ခေါင်းမထောင်နိုင်စေရန် စနစ်တကျ ဘောင်ခတ် နှိပ်ကွပ်ထား
လျက်ရှိသည်။ အစိုးရ အကြီးအကဲများ၊ ပါတီခေါင်းဆောင်များကို ပြစ်တင်ဝေဖန်မှုများ ပြုလျှင် အသရေဖျက်မှု၊
မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်မှုဖြင့် တရားစွဲသည်။ အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိရသော တရားရုံးများ
ကလည်း အတိုက်အခံ နိုင်ငံရေးသမားတို့အား များပြားလွ န်းသည့် လျော်ကြေး၊ နစ်နာကြေး၊ ဒဏ်ငွေ များ ချမှတ်ကာ
နောက်ဆုံး မတတ်နိုင်တော့လျှင် မဖြစ်မနေ ဒေဝါလီခံရသည့်အဆင့်သို့ တွ န်းပို့သည်အထိ အဖြစ်ဆိုးသွားစေရန်
အကွ က်ကျကျ စီမံထားသည်။ ထို့ပြင် ဒေဝါလီခံရသူတဦးသည် ရွေးကောက်ပွဲ တွင် ဝင်ရောက် ရွေးချယ်ခံပိုင်ခွင့်
မရှိဟု သတ်မှတ်ထားခံရသည်။ နိုင်ငံခြားသို့ လည်း သွားလာခွင့် ပိတ်ပင်ခံ ထားရသည်။ စင်္ကာပူအစိုးရက ၎င်းတို့၏
PDP ပါတီနှင့် နိုင်ငံသည် တသားတည်း ထပ်တူဖြစ်သည် ဆိုသည်ကို ပြည်သူလူထုကြားထဲ တွင် ငြင်းပယ်၍ မရပဲ
လက်ခံရသည့် အခြေဆိုက်စေရန် သြဇာလွှမ်းမိုးထားသည်။ အာဏာပိုင်များက ပြည်သူလူထု၏ နေ့ စဉ်ဘဝတွင်
ရနိုင်သမျှ ဝင်ရောက်စွက်ဖက်နိုင်ရန် အခွင့်အာဏာ ပေးထားသည်၊

အစိုးရ၏ လုံးဝဥဿုံ ထိန်းသိမ်းစီမံမှုအောက်တွင် ရှိနေသော ပြည်သူ့ရေးရာ အဖွဲ့အစည်း (Civil
Society)) များကို ပြည်သူတို့က လွန်ဆန်ငြင်းပယ်၍ မရစေရန် ဇက်ကြိုးကိုင်ထားသည်။ စင်္ကာပူ၏ နိုင်ငံရေး
တည်ငြိမ်မှု ကို အရှင်းရှင်-အာဏာရှင်စနစ် ကျင့်သုံးနေသည့် တရုတ်၊ ဗီယက်နမ်တို့က အားကျနေသည်မှာ
အမှန်ပင်။ ထို့အတူ အခြား အာဏာရှင်နိုင်ငံများကလည်း အတုယူရန် ကြိုးပမ်းလိုကြပေမည်။ သို့သော် လွန်စွာ
သေးငယ်လှသည့် မြို့ပြနိုင်ငံလေး၌ ကျင့်သုံးသည့်ပုံစံကို ကမ္ဘာ့အကြီးဆုံးအာဏာရှင် တရုတ်နိုင်ငံအတွ က် နမူနာ
ယူစရာပုံစံ ဖြစ်လာနိုင်ပါမည်လော ဆိုသည်မှာ စဉ်းစားစရာပင်ဖြစ်သည်။

စင်္ကာပူ PDP ပါတီသည် ပြည်သူပြည်သားများ၏ လူမှု ဖူလုံရေးကိစ္စ များကို အလေးထား ဆောင်ရွက်
ပေးသည်။ အစိုးရ ထိပ်တန်းဝန်ကြီးများကို လစာကောင်းကောင်း ပေးထားသည်၊ တနှစ်လျှင် ဒေါ်လာ တသန်း
လောက်အထိ ပေးထားသည်၊ အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် အလွ ယ်တကူ သိမြင် နားလည်နိုင်ခြင်း မရှိ
သော်လည်း ကမ္ဘာပေါ်တွင် အကျင့်ပျက်လာဘ်စားမှု အနည်းဆုံးနိုင်ငံများထဲ မှ တနိုင်ငံအဖြစ် ထိန်းထားနိုင်သည်။
ဤသို့သော နည်းလမ်းများဖြင့် အာဏာရပါတီများသည် နိုင်ငံရေးအာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ရန် ကြိုးပမ်း
သလို၊ ထိုသို့ လုပ်ဆောင်ရန်အတွက် လိုအပ်သော နိုင်ငံရေး အခင်းအကျင်းကို အခြားတဘက်တွင်လည်း နှစ်ရှည်
လများ စီမံကိန်းချလျက် ဖန်တီးထားသည်။

ဒီမိုကရေစီနိုင်ငံမဟုတ်သော စင်္ကာပူက စီးပွားရေး တိုးတက်နေချိန်တွင် တရုတ်သည်လည်း
စီးပွားရေး တိုးတက် ဖွံ့ဖြိုးလာစေရန် လုပ်ဆောင်ရင်း နိုင်ငံရေးဘက်တွ င် အာဏာရှင်စနစ် ဆက်လက် ရှင်သန်ရေး
အတွ က် ကြိုးစားနေသည်။ ၁၉၈၆ ခုနှစ်၌ တရုတ်ခေါင်းဆောင် တိန်ရှောက်ဖိန်က ဝန်ကြီးချုပ် ကျောက်ကျိယန်အား
နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာများကို လေ့လာရန် အဖွဲ့ တဖွဲ့ ဖွဲ့စေခဲ့ သည်။ အဆိုပါ အယူအဆကို တရုတ်
ကွ န်မြူနစ် ပါတီထိပ်တန်းခေါင်းဆောင်များထဲ တွင်လည်း လက်ခံကြသည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှု မလုပ်လျှင်
စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို ရှေ့ဆက်အကောင်အထည်ဖော်၍ မရနိုင် ဆိုသည့်အချက်အပေါ် သဘောတူ
ကြသည်။

ကျောက်ကျိယန်သည် ဒေသန္တာရအဆင့် ပါတီရွေးကောက်ပွဲ များတွင် ယှဉ်ပြိုင်ခွင့်များ ပြုစေလိုသူ
ဖြစ်သည်။ သူ၏ရည်မှန်းချက်ပန်းတိုင်မှာ လွ တ်လပ်သော ဒီမိုကရေစီစနစ်ဆီသို့ ပြောင်းလဲရန် မဟုတ်ပဲ
လွ တ်လပ်မှု များကို အကန့်အသတ် ဘောင်အတွင်းမှ ပေး၍ ထိန်းချုပ်ထားသည့် ကွ န်မြူနစ်စနစ်ဖြစ်သည်။ ပါတီက
ပိုမိုတာဝန်ခံကာ ပိုမိုသိမြင်နားလည်လွယ်ရန် လုပ်ဆောင်ထားသည့်စနစ် ဖြစ်သည်။ တိန်ရှောက်ဖိန် ကိုယ်တိုင်က
အာဏာရှင်စနစ်ကို လက်မလွှ တ်နိုင်ကြောင်းနှင့် ဒီမိုကရေစီ၏ အနှစ်သာရအတိုင်း လိုက်နာ အကောင်အထည်ဖော်
နိုင်မည် မဟုတ်ကြောင်း ပြတ်ပြတ်သားသားပင် ပြောဆိုသည်။ ပါတီဗဟိုကော်မတီက ၁၉၈၇ အောက်တိုဘာလ၌
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အတည်ပြုခဲ့ သည်၊

သို့သော် ၁၉၈၉ ဧပြီလတွင် ပါတီခေါင်းဆောင်ဟောင်း ဟူယောင်ဘန် ကွ ယ်လွ န်ခဲ့ သည့်အခါ
ဈာပနကို နိုင်ငံတော်အခမ်းအနားဖြင့် ကျင်းပခြင်းမပြုပဲ သာမန်အရပ်သားတို့၏ ထုံးစံအတိုင်း ကျင်းပခြင်းအပေါ်
ပီကင်းတက္ကသိုလ် ကျောင်းသားများနှင့် အခြားပီကင်းမြို့နေများက မကျေမနပ်ဖြစ်ပြီး ပေါက်ကွဲ မှု များနှင့်အတူ
အစိုးရ၏ အကျင့်ပျက် လာဘ်စားမှု များနှင့် တရုတ်နိုင်ငံ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် တရားဝင်ဖော်ပြထားသည့်
လွ တ်လပ်ခွင့်များကိုပေးရန် တောင်းဆိုဆန္ဒပြခဲ့ ကြသည်။

ဒီမိုကရေစီ တောင်းဆိုသည့် ကြွေးကြာ်သံများနှင့်အတူ ထောင်ပေါင်းများစွာသော ဆန္ဒပြသူများအား
တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲများက ကြည့်ပြီး ခြောက်ခြားသွားသည်။ ထို့ကြောင့် မေလ ၂ဝ ရက်နေ့ တွင်
စစ်အုပ်ချုပ်ရေးဥပဒေကို ထုတ်ပြန်ကြေညာခဲ့ လေသည်။ မြန်မာနိုင်ငံမှ သြဂုတ်လ ၈ ရက် ရှစ်လေးလုံး အရေးအခင်း
ကဲ့ သို့ ပင် တရုတ်နိုင်ငံ ပီကင်းမြို့တော်ကြီးတွင် ဇွ န်လ ၄ ရက်နေ့ တွင် ကမ္ဘာကျော် တိန်အန်မင် သတ်ဖြတ်မှုကြီး
ဖြစ်ပွားခဲ့ လေတော့သည်။ လက်နက်မဲ့ ဆန္ဒပြသူများကို တရုတ်အစိုးရက စစ်တပ်အား ပစ်မိန့်ပေးကာ သတ်ဖြတ်
နှိပ်ကွ ပ်ခဲ့လေသည်၊ ကျောက်ကျိယန်နှင့် ပြုပြင်ပြောင်းလဲရေးသမားများလည်း ရာထူးမှဖြုတ်ချခံခဲ့ ရလေသည်၊

သို့သော် ယနေ့ တရုတ်နိုင်ငံသည် ၁၉၈၉ ခုနှစ်တုန်းကကဲ့ သို့ မဟုတ်တော့ပဲ ပိုမိုပွင့်လင်းလာသည်။
အများသဘောကို လိုက်လျောပေးရသည့် အမြင်ကို ယခင်ကထက် ပိုမိုအလေးထားလာသည်။ ယခင်က ကျင့်သုံး
နေခဲ့ သည့် ပါတီ၏ ဝါဒဖြန့်ချိရေး ကြွေးကြော်သံများ၊ ဆောင်ပုဒ်များ မရှိတော့ပေ။ ချမ်းသာကြွ ယ်ဝလာသူများအား
ပါတီတွင်း၌ ရာထူးနေရာများ ပေးသည်။ ကွ န်မြူနစ်ပါတီဝင် မဟုတ်သူ စီးပွားရေးလုပ်ငန်းရှင်များပင် ဗဟို ကော်မတီ
ဝင်များ ဖြစ်လာကြသည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အပြန်အလှန် ညှိနှိုင်းကာ အပေးအယူ လုပ်လာသည့်
ကွ န်မြူနစ်ပါတီ ဖြစ်လာသည်၊ ထိုလုပ်ရပ်များက ကွန်မြူနစ်ပါတီ ဆိုသည်မှာ မည်ကာမတ္တမျှသာ ဖြစ်ပြီး အာဏာကို
ဆက်လက်ချုပ်နိုင်ရေးအတွက် ပြယုဂ်အနေဖြင့် ထားရှိသည့်သဘောသာ ဖြစ်နေသည်၊ ထို့ကြောင့် တရုတ်
ကွ န်မြူနစ်ပါတီသည် အမည်ခံကွန်မြူနစ် ဖြစ်သည်၊

ကမ္ဘာ့အကြီးဆုံးအာဏာရှင် တရုတ်သည် လိင်တူဆက်ဆံမှု၊ ဆန့် ကျင်ဘက်လိင် ဝတ်စားဆင်ယင်မှု
များကို လွတ်လပ်စွာခွင့်ပြုသော်လည်း နိုင်ငံရေးအရ သဘောထားကွဲ လွဲ မှု ကို လုံးဝခွင့်မပြုပေ။ အာဏာရှင်
တရုတ်သည် ရက်စက်ကြမ်းကြုတ်စွာ နှိပ်ကွ ပ်နေသည့် နိုင်ငံတနိုင်ငံ ဖြစ်နေသေးသည်။ စာနယ်ဇင်းသမား၊ ရှေ့နေ၊
ပြည်သူ့အရေး လှု ပ်ရှားသူ၊ ပညာရှင်နှင့် အခြားမည်သူမဆို တရုတ်အစိုးရက ကျင့်သုံးနေသောစနစ်ကို ဆန့် ကျင်
စိန်ခေါ်သူ မှန်သမျှကို ဖမ်းဆီးသည်။ ထောင်ချသည်။ နေအိမ်အကျယ်ချုပ် ချသည်။

သို့သော် တရုတ်အာဏာရှင်စနစ်သည် ခေတ်မီတိုးတက်သော နည်းလမ်းများကို သုံးစွဲ လာသည်။
လူမိုက်ဆန်ဆန် မိုက်ရူးရဲလုပ်ရပ်များကို ကျင့်သုံးခြင်းထက် ပိုမို ကောက်ကျစ်စဉ်းလဲသော ခေတ်မီနည်းစနစ်များဖြင့်
နှိပ်ကွ ပ်မှု၊ ခြိမ်းခြောက်မှု များ ပြုလုပ်လာသည်။ ပြည်သူ့ရေးရာ အဖွဲ့ အစည်းများအတွင်း စိမ့်ဝင်ထိုးဖောက်သည်။
စီးပွားရေးလုပ်ငန်းရှင်များနှင့် ပေါင်းဖက်လုပ်ဆောင်သည်။ ကျောင်းသား၊ ကုန်သည်၊ ဈေးသည်၊ ပညာရှင်များ
အကြားတွင် ကိုယ့်လူ သူ့ဘက်သားများကို မွေးမြူထည့်သွင်းထားသည်။ လူပေါင်း ၃ဝဝဝဝ ကို ကွ န်ပြူတာနှင့်
အင်တာနက် ကျွမ်းကျင်သူများ ဖြစ်စေရန် လေ့ကျင့်သင်ကြားပေးပြီး အင်တာနက်ပုလိပ်များအဖြစ် တာဝန်ပေး
ထားသည်။ တရုတ်ပြည်မှ အင်တာနက်သည် နိုင်ငံ၏ လုံခြုံရေးနှင့် သတင်းအချက်အလက် မပေါက်ကြားရေး
ဟူသော စကားလုံးများသုံးကာ နိုင်ငံတွင်းရှိ ၃၉ သန်းသော ဘလော့ဂါများ အပါအဝင် သန်းရာနှင့်ချီရှိသော
အင်တာနက် သုံးစွဲသူများကို စောင့်ကြပ်ကြည့်ရှုနေသည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖာလွ န်ဂေါင်(ဘာသာရေး
အဖွဲ့)၊ ဇွ န်လ ၄ ရက် စကားလုံးများသည် နိုင်ငံအား နှောင့်ယှက်ဖျက်ဆီးသော စကားလုံးများအဖြစ် သတ်မှတ်ကာ
သုံးစွဲသူများကို နှိပ်ကွပ်သည်၊

နိုင်ငံ၏ ကြီးမားလာသော ဈေးကွ က်အင်အားကို နိုင်ကွ က်အဖြစ် ကိုင်ထားကာ Google, Yahoo,
Microsoft ကဲ့သို့သော နိုင်ငံတကာ ကုမ္ပဏီကြီးများကို တရုတ်အစိုးရက သူတို့စိတ်ကြိုက် ဆင်ဆာလုပ်ပြီးမှ ပြည်သူ
များထံ သတင်းအချက်အလက်များ ပေးပို့ ဖြန့်ချိရန် မဖြစ်မနေ သဘောတူထားစေသည်၊

ထိုကဲ့သို့သော အကြောင်းရင်းများက တရုတ်နိုင်ငံတွင် အာဏာရှင်စနစ် ဆက်လက် အမြစ်တွယ်
ခိုင်မြဲနေဦးမည်ဟု မှတ်ယူတွက်ဆနိုင်ပေသည်။ သို့သော်လည်း ပြုပြင်ပြောင်းလဲ မှု များ ကမ္ဘာ့အကြီးဆုံး ဈေးကွက်
ကြီးကို ယခုထက် ပိုမိုဖွင့်ပေးရမည် ဖြစ်သည်။ သို့ မှသာ ဆင်းရဲ မွဲတေမှုအဆင့်ကို ကျော်လွ န်လာသည့် သန်းပေါင်း
၂၅ဝ သော ပြည်သူများအပါအဝင် နောက်ထက်ကျန်နေသော ဆင်းရဲသားပြည်သူအများစု တိုးတက်ရေးကို
ဆက်လက် လုပ်ဆောင်မှသာ ကွန်မြူနစ်အမည်ခံ တရုတ်ခေါင်းဆောင်များက ဆက်လက် အာဏာချုပ်ကိုင်နိုင်
ပေမည်။ စီးပွားရေးတိုးတက်မှုနှင့်အညီ လိုက်ပါပြောင်းလဲ လာသည့် လူနေမှုဘဝက တရုတ်နိုင်ငံတွင် စာနယ်ဇင်း
စောင်ရေ ၃ ဆ တိုးတက် များပြားလာသည်။ စာအုပ်ထုတ်ဝေမှု အရေအတွ က်နှင့် အမျိုးအစား ၁၁ ဆ တိုးမြင့်
လာသည်။ ဤသည်က လူမှုအသိုင်းအဝိုင်းအတွင်း အပြောင်းအလဲ ဖြစ်သည်။

ပြည်သူလူထုအပေါ် ခေတ်မီနည်းလမ်းများဖြင့် ထိန်းချုပ်ကာ အာဏာကို ဆက်လက် ချုပ်ကိုင်
နေသည့် တရုတ်ခေါင်းဆောင် အဆင့်ဆင့်သည် ပညာတတ်များ၊ စနစ်တကျ လေ့ကျင့်ထားသူများ ဖြစ်လာသည်၊
ချီကာဂို တက္ကသိုလ်မှ တရုတ်ပြည်ဖွား နိုင်ငံရေးသိပ္ပံ ပညာရှင်တဦးဖြစ်သည့် Dali Yang ၏ပြောဆိုချက်အရ ဆိုလျှင်
တရုတ်ခေါင်းဆောင်များ ထက်မြက်လာသည်။ အရည်အချင်း ပြည့်မီလာသည်။ အကောင်းမြင်လာသည်။ သို့သော်
ဒီမိုကရေစီတော့ မဆန်သေးပေ။ ဤသည်က တရုတ်ခေါင်းဆောင်များကို အာဏာပလ္လင်ပေါ်တွင် ဆက်လက်
မြဲ မြံစွာ ထိုင်နိုင်ရေးအတွက် အာမခံချက်ပေးနိုင်မည်လော ဆိုသည်မှာ စဉ်းစားစရာဖြစ်သည်၊

ဒီမိုကရေစီ၊ ဖွံ့ဖြိုးတိုးတက်မှု၊ လွ တ်လပ်မှုတို့သည် အပြန်အလှန် မှီခိုနေသည်။ အပြန်အလှန်
ဆက်စပ်နေသည်။ ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက် ထိန်းသိမ်းနိုင်ရေးသည် အစိုးရများအတွ က် အရေးကြီးသော
လုပ်ငန်းတခု ဖြစ်သကဲ့သို့ ပြည်သူများ အလိုရှိရာလည်း ဖြစ်ပေသည်။ လူထု၏လိုအင်ဆန္ဒကို ဖြည့်ဆည်းပေး
ရေးတွင် “အတုအယောင်၊ အမည်ခံ” ဆိုသည်ထက် “အစစ်အမှန် ” နည်းလမ်းများဖြင့် လုပ်ဆောင်ခြင်းသည်
လူထုအတွက်ရော၊ အစိုးရများ(နိုင်ငံရေးခေါင်းဆောင်များ) အတွ က်ပါ အကျိုးရှိစေသည်။ ယနေ့ခေတ်ကာလတွင်
မည်သူတဦးတယောက်မျှ၊ မည်သည့်အဖွဲ့အစည်းမျှ၊ မည်သည့်အကြောင်းအရာမျှ သီးခြားရပ်တည် ရှင်သန်
တည်တံ့နေနိုင်သည့် ခေတ်ကာလ မဟုတ်တော့ပေ။ ထို့ကြောင့် ခေတ်ကာလအခြေအနေ၊ ပြောင်းလဲ လာနေသော
လူမှုအသိုင်းအဝိုင်းနှင့် လိုက်လျောညီထွေသောစနစ်၊ အတွေးအခေါ်၊ အယူအဆ၊ နည်းလမ်းများကို လက်ခံ
ကျင့်သုံးနိုင်ရေးသည် အရေးကြီးလှပေသည်။

ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ

You're Reading a Free Preview

Download
scribd
/*********** DO NOT ALTER ANYTHING BELOW THIS LINE ! ************/ var s_code=s.t();if(s_code)document.write(s_code)//-->