P. 1
Certificate of Honor

Certificate of Honor

|Views: 63|Likes:
Published by Nyo Gyi
We must ever fight for Burma's Liberty.
We must do all necessary things to upgrade our Burma.
We must ever fight for Burma's Liberty.
We must do all necessary things to upgrade our Burma.

More info:

Categories:Types, Speeches
Published by: Nyo Gyi on Mar 05, 2010
Copyright:Attribution Non-commercial

Availability:

Read on Scribd mobile: iPhone, iPad and Android.
download as PDF or read online from Scribd
See more
See less

03/05/2010

pdf

text

original

ဂုဏ်ပြုမှတ်တမ်းတင်ခြင်း

၂၀၀၉ ခုနှစ် ၊ မတ်လ ( ၃ ) ရက်

မြန်မာ တစ်မျိုးသားလုံး စစ်အာဏာရှင် စနစ်လက်အောက်သို့ ကျရောက် ခဲ့ကြရသည်မှာ ဆယ်စု နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်သည်။ စစ်အာဏာရှင် စနစ်၏ ဖိနှိပ် ချုပ်ချယ် မှုများ အောက်တွင် တစ်မျိုးသားလုံး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဆင့် အတန်းများ နိမ့်ကျ ခဲ့ရသည်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်များ ဆုံးရှံးခဲ့ကြရသည်။ အမျိုးသား သွေးစည်း ညီညွတ်ရေး ပျက်ယွင်း ခဲ့ရသည်။ု ပြည်သူ့အာဏာသည် ပြည်သူလူထု ထံမှသာ သက်ဆင်း ရသည်ဖြစ်ရာ အာဏာကို မတရား ရယူထားသော စစ်အုပ်စုများအား အဖိနှိပ်ခံ ပြည်သူ လူထုဘက်မှ ရပ်တည်၍ ပြည်သူ့ အာဏာကို ပြည်သူထံ အပ်နှင်းမည့် တော်လှန်ရေး လှုပ်ရှားမှုများ မှာလည်း ပေါ်ထွက် လာစမြဲပင် ဖြစ်ပေသည်။ စစ်အာဏာရှင် စနစ်ဆိုး လက်အောက် မြန်မာတစ်မျိုးသားလုံး လွတ်မြောက်စေရေး အတွက် တော်လှန်ရေးသမား ထောင်ပေါင်း များစွာ တို့သည် အသက်များ ရင်း၍၊ ဘ၀များ ပေးဆပ်၍ အာဏာရှင် စနစ်ကို ဆန့်ကျင် တော်လှန် ခဲ့ကြသည်။ ဆက်လက် ၍လည်း တိုက်ပွဲဝင် နေကြဆဲပင် ဖြစ်သည်။

ယင်းသို့ စစ်အာဏာရှင် စနစ်ဆိုးကို ဆန့်ကျင် တော်လှန်ကြသည့် တိုက်ပွဲဝင် ကာလ တစ်လျှောက် လမ်းများ ပေါ်တွင် ဖြစ်စေ၊ လျှိုမြောင် တောတောင်နှင့် မြစ်ချောင်း ပင်လယ် များတွင် ဖြစ်စေ၊ တက္ကသိုလ် ကောလိပ်ကျောင်း များတွင် ဖြစ်စေ၊ လယ်ကွင်းပြင် များနှင့် စက်ရုံ အလုပ်ရုံ များတွင်ဖြစ်စေ၊ အကျဉ်းထောင် နံရံများ အကြားတွင် ဖြစ်စေ အသက်ပေး ဆပ်ခဲ့ကြသော ရဟန်း သံဃာ၊ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား တော်လှန်ရေး သမား အပေါင်းတို့အား ဦးညွတ် အလေးပြုပါသည်။

စစ်ကြောရေး စခန်းများ၊ အကျဉ်းထောင်များ နှင့် ရဲဘက် စခန်းများစွာတိုတွင် လူမဆန်စွာ နှိပ်စက် ညှဉ်းပမ်း မှုများ နှင့် မတရာ့း  အနိုင်ကျင့် မှုများကို ခံစားခဲ့ ကြရသော၊ ခံစား နေကြရသော တော်လှန်ရေးသမား အပေါင်းတို့ အားလည်း ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ ထို့အပြင် စစ်အာဏာရှင် စနစ်ဆိုးအား တော်လှန်သည့် တိုက်ပွဲဝင် ယုံကြည်ချက်ကို မသွေ မတိမ်း ဆုပ်ကိုင် ထားကြသည့် ပြည်တွင်း ပြည်ပ နိုင်ငံရေး အင်အားစုများ ၊ အဖွဲ့အစည်းများ ၊ တစ်သီးပုဂ္ဂလများ ၊ သတင်း မီဒီယာများ ၊ သတင်းထောက်များ နှင့် ဘလော့ဂ်ဂါများ တို့ကိုလည်း လေးစားစွာဖြင့် ဂုဏ်ပြု အပ်ပါသည်။

ယခု လက်ရှိ ကာလတွင် အာဏာရှင် စစ်အုပ်စုအား ဆန့်ကျင် တော်လှန်သည့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးအား အကောင်အထည်ဖော်ဆောင်ရင်း စစ်အာဏာရှင် လက်ကိုင်ဒုတ် များ၏ ဖမ်းဆီး နှိပ်စက် ထောင်သွင်း အကျဉ်းချခြင်းကို ခံစား နေကြရသော တော်လှန်ရေးသမား အပေါင်းတို့ အားလည်း လေးစားစွာဖြင့် ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါကြောင်း ကြေငြာ အပ်ပါသည်။

ဗဟိုနိုင်ငံရေးဦးဆောင်ကော်မတီ ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ

You're Reading a Free Preview

Download
scribd
/*********** DO NOT ALTER ANYTHING BELOW THIS LINE ! ************/ var s_code=s.t();if(s_code)document.write(s_code)//-->