'kwd,tdrf EdkifiHwumpmayqufqHa&;tiftm;pk

P.O Box 201 Rochester, NY 14580------Ph: 585-957-6452----Fax: 585-671-4707

ခုတလော ကျနော်တို့ပြည်ပနိုင်ငံရေးမှာ ဆရာမကြီး ခင်နှင်းယုရဲ့“ပန်းများကိုပွင့်စေသူ” ဝတ္ထုကို သတိရစေတဲ့ အဖြစ်အပျက်တွေကိုတွေ့နေရတယ်။
(အဲ့ဒီဝတ္ထုကို ကျော်ဟိန်းနဲ့ထန
ွ်းအိန္ဒြာဗိုလ် တို့ဦးဆောင်ပါဝင်တ့ရ
ဲုပ်ရှင်ကားတကားအဖြစ်လည်း ကြည့်ခဲ့ရဘူးတယ်)
ဇာတ်လမ်းကျောရိုးလေးကိုနည်းနည်းလောက်မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီဝတ္ထုထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့သူက အငြိုးအတေးကြီးတယ်။
ဥပမာ-သူ့ကို ဂုဏ်ရည်မတူဘူးဘာညာ ပြောတဲ့သူတွေကိုပြန်လက်တုန့်ပြန်တဲ့အနေနဲ့ အဲ့ဒီ မိဘတွေရဲ့သားကိုမြင်းစီးသင်ပေး၊
မြင်းကို မူးယစ်တက်ကြွစေမဲ့ဆေးကျွေးပြီး ကောင်လေးကို မြင်းပေါ်ကနေပြုတ်ကျအောင်လုပ်၊ ဒုက္ခိတဖြစ်အောင်လုပ်တယ်။ နောက်တော့ -သူကပဲ ကောင်လေးအပေါ်ဂရုဏာသက်တ့လ
ဲူကောင်းလိုလိုဟန်ဆောင်တယ်။ ကျေးဇူးရှင်လိုလိုလုပ်လာတယ်။
အကောင်းဆုံးသရုပ်ဆောင်မှုကတော့ နောက်ဆုံးအခန်းပဲဖြစ်တယ်။ ဇာတ်လိုက်ရဲ့ မိန်းမရှုပ်ပွေမှု ၊ကိုယ်ကျင့်တရားမကောင်းမှုကို သိနေတဲ့
သူ့ရဲ့မိန်းမ က နောက်ဆုံးမှာ ဇာတ်လိုက် ကို သေနတ်နဲ့ ပစ်သတ်ပစ်လိုက်တယ်။ ဇာတ်လိုက်ကလည်း ဘယ်ခေမလဲ။
မသေခင်သူက လွမ်းစရာအကောင်းဆုံး စကားလုံးတွေကို လှလှပပပြောသွားတယ်။
“အဲ့ဒီသေနတ်ကြီး ကိုယ့်ကိုပေးလိုက်ပါ။ တော်ကြာ မင်းကိုလူသတ်မှုနဲ့ ရဲတွေကလာဖမ်းနေလိမ့်မယ်။
ရဲတွေလာတဲ့အခါ ကိုယ့်ကိုယ်ကိုသတ်သေသွားတယ် ဆိုတ့အ
ဲ ကြောင်းကိုသာပြောပေးပါ။ ကိုယ်မင်းကို အသက်မကချစ်ခဲ့တယ်ဆိုတာ ယုံပါ။”
( စကားလုံးတွေတော့ အတိအကျမမှတ်မိတော့ပါဘူး။ အဲ့သလိုသဘောမျိုးပဲပြောသွားတာ)။ နောက်ဆုံးရိုက်ချက်က ထိတယ်လေ။
ယောင်္ကျားတွေ မာယာများပြီဆိုရင်၊ မိန်းမတွေထက်ကြောက်ဖို့ကောင်းတယ်။
ကျန်ခဲ့တဲ့မိန်းမမှာ “ ကိုကို က ငါ့ကိုတကယ်ချစ်ရှာတာပါလား” လို့တွေးပြီး ကြေကွဲစိတ်နဲ့လောကကြီးကို သံဝေဂရ၊ နောက်ဆုံးတော့သီလရှင်ဝတ်သွားတယ်။
ဒါပေမဲ့ ဇာတ်လိုက်ပြောနေကျ “ကျနော်က လူတွေကိုမသေစေချင်ဘူးဗျ၊ တမြေ့မြေ့ခံစားနေစေ့ချင်တာ” ဆိုတဲ့စကားလုံးတွေ၊
ဇာတ်ကောင်ရဲ့စရိုက်တွေကိုသေသေချာချာသဘောပေါက်နေသူတဦးရှိတယ်။
သူက ဇာတ်လိုက်မင်းသားတကယ်မြတ်နိုးတဲ့ကျောင်းဆရာမလေး ( ထွန်းအိန္ဒြဗိုလ်)၊
ကျောင်းဆရာမလေးက သူ့ရဲ့ဇာတ်လိုက်မင်းသားမသေခင်မှာ သေနတ်နဲ့ပစ်သတ်လိုက်တဲ့ မိန်းမဟောင်း ကို တမြေ့မြေ့ခံစားမှုတွေနဲ့
ကျန်နေရစ်ခဲ့အောင်လုပ်ခဲ့တယ်ဆိုတာကိုသိနေတယ်။ သီလရှင်လေးပြောပြတဲ့ “ ကိုကိုကတကယ်ချစ်ခဲ့တာပါ ဆိုတဲ့ ကြေကွဲစရာဇာတ်လမ်းလေးကို
နားထောင်နေတဲ့ဆရာမလေးရင်ထမ
ှဲာ တိတ်တိတ်လေးပြောနေမိတယ်။
“ အော်-ဆရာလေးရယ် တကယ်တော့ ရှင့်ယောင်္ကျားက ရှင့်ကိုတကယ်ချစ်တာမဟုတ်ပါဘူး။ တမြေ့မြေ့ခံစားနေရအောင်လုပ်သွားခဲ့တာပါ” တဲ့
ပန်းများကိုပွင့်စေသူ ဆိုတာ ဇာတ်လိုက်မင်းသားကိုရည်ညွှန်းတဲ့အရာ၊
ဒါပေမဲ့ ဇာတ်လိုက်မင်းသားပွင့်စေချင်တပ
ဲ့ န်းက အငြိုးအတေးတွေနဲ့ပွင့်မဲ့ အဆိပ်ပန်း ဆိုတာကို ဆရာမလေးကသိနေတယ်။
တရုတ်ကွန်မြူနစ်တွေ၊ ဆိုဗီယက်ကန
ွ်မြူနစ်အုပ်စုတွေ ကို ထာဝရရဲဘော်တွေလို့ထင်ပြီး မျှော်နေကြတဲ့ သူတွေကိုမြင်တိုင်း သီလရှင်မလေး ရဲ့
“ကိုကို က တကယ်ချစ်ရှာတာပါလေ” ဆိုတ့ေ
ဲ ဖြသိမ့်မှုကို တမြေ့မြေ့ခံစားနေကြသလိုမျိုး၊ ခံစားနေကြတဲ့အဖြစ်ကိုသွားသတိယမိတယ်။
တကယ်တော့ သမိုင်းစဉ်တလျောက်ကိုကြည့်လိုက်မယ်ဆိုရင် ရုရှားနဲ့တရုတ်ဆိုတာ လူမျိုးကြီးဝါဒကို အင်မတန်ကျင့်သုံးချင်တဲ့နိုင်ငံတွေ၊
ဒေသတွင်းလွှမ်းမိုးဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေကို လိုအပ်တ့အ
ဲ ချိန်မှာ ဆရာမွေးတပည့်မွေးလုပ်ကြမယ်။ အင်ပါယာတွေကိုကြီးထွားအောင်လုပ်ကြမယ်။
အနောက်အုပ်စုကို နယ်ချဲ့လို့အော်နေခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကိုယ်တိုင် က ဆိုရှစ်လစ်နယ်ချဲ့တွေဖြစ်လာခဲ့တယ်။
အရှေ့ဥရောပနိုင်ငံတွေ၊ ဘော်လ်တစ်ပင်လယ်တလျောက်က နိုင်ငံတွေအကြောင်းကိုလေ့လာလိုက်တိုင်း၊ ဆိုဗီယက်ကွန်မြူနစ်တွေက
အဲ့ဒီနိုင်ငံတွေကို ရဲဘော်ရဲဘက်တွေလိုဆက်ဆံခ့တ
ဲာမဟုတ်ဘူး။ ဆရာတပည့်လိုဆက်ဆံခဲ့တာပါလား ဆိုတာကို သဘောပေါက်လာခဲ့တယ်။
ဒါကြောင့်လည်း နိုင်ငံတွေဟာ ကိုယ့်ရဲ့အမျိုးသားသင်္ကေတတွေကိုပြန်လည်လွှင့်တင်ဖို့လုပ်လာခဲ့တယ်။ တချိန်က ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်ခဲ့တဲ့
ဝါဆော (၈) နိုင်ငံသဘောတူညီမှုအဖွ့မ
ှဲာအဖွ့ဝ
ဲ င်ဖြစ်ခ့တ
ဲ့ဲ နိုင်ငံအများစုဟာ မြောက်အတ္တလန်တိတ်သဘောတူညီမှု ( နေတိုးစစ်အုပ်စု) ဆီကို
ကူးပြောင်းသွားခဲ့ကြတယ်။

စတာလင် နဲ့ ဟစ်တလာ ကြားကချုပ်ဆိုခ့တ
ဲ့ဲ စာချုပ်တွေကိုပြန်လေ့လာကြည့်ပါ။
အထူးသဖြင့် ၁၉၃၉ သြဂတ်စ်လမှာ ချုပ်ဆိုခ့တ
ဲ့ဲ မိုလိုတော့ နဲ့ ရစ်ဗန်ထရော့ပ် ရဲ့ သဘောတူညီမှုစာချုပ်ကို သုံးသပ်ကြည့်စေချင်ပါတယ်။
ပထမပိုင်းမှာ သူတို့နှစ်ယောက် ဥရောပကို ခွဲဝေအုပ်ချုပ်ဖို့အတွက် တိတ်တဆိတ်သဘောတူညီခဲ့ကြတယ်။
စတာလင် ကလည်း ဟစ်တလာလွှမ်းမိုးချုပ်ကိုင်ချင်တ့န
ဲ ယ်တွေကိုအသာတကြည်လိုက်လျောပေးခဲ့သလို၊ ဟစ်တလာကလည်း
ဆိုဗီယက်ပြည်ထောင်စု သိမ်းပိုက်ချင်တဲ့ အက်စတိုးနီးယားနိုင်ငံအပါအဝင်ဘော်လတစ်ပင်လယ်တလျောက်ကို ကြည်ဖြူစွာပေးခဲ့တယ်။
၁၉၄၁ မှာ ဟစ်တလာ က စတာလင် ကို သစ္စာဖောက်ပြီး ဆိုဗီယက်ပြည်ထောင်စု ကို ဝင်တိုက်ခိုက်လိုက်တဲ့အခါကျမှ စတာလင် လည်း
ဖက်ဆစ်ဆန့်ကျင်ရေးလုပ်တော့တယ်။ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ခဲ့ပါတယ်ဆိုတဲ့ စတာလင် ကို ကြည့်လိုက်ပြန်တော့ လူမျိုးစုတွေအပေါ်
သန်းချီပြီ သတ်ခဲ့၊ ဖမ်းဆီးခဲ့တဲ့ ရာဇဝတ်မှုတွေကလည်းနည်းတာမဟုတ်ဘူး။
သမိုင်းကပေးတဲ့သင်ခန်းစာကရှင်းရှင်းလေးပါ။ အင်ပါယာထောင်ချင်တဲ့နိုင်ငံတိုင်းဟာ နယ်မြေချဲ့ထွင်ဖို့ကြိုးစားမယ်။
လွှမ်းမိုးမှုစက်ဝိုင်းတွေကိုတိုးချဲ့ဖြန့်ကျက်မယ်။ ချင်မင်းဆက်၊ မွန်ဂို ချဲ့ထွင်မှု၊ အော်တိုမန်အင်ပါယာ၊ ရုရှားအင်ပါယာ နဲ့ ရာစုနှစ်အဆက်ဆက် က
နိုင်ငံတကာနိုင်ငံရေးဇာတ်ခုံတွေကိုကြည့်လိုက်ရင် ဒီအချက်ကိုအထင်အရှားတွေ့ရပါမယ်။
အရေးကြီးတာက ပန်းများကိုပွင့်စေသူဝတ္ထုထဲက သီလရှင်မလေးလို “ကိုကိုကတကယ်ချစ်ရှာတာပါ”ဆိုတဲ့တမြေ့မြေ့ခံစားမှုမျိုးမလုပ်ကြဖို့ပါပဲ။
ဒီတပတ် မှာတော့ ဆိုဗီယက် ကွန်မြူနစ်နယ်ချဲ့တွေလက်အောက်က ရုန်းကြွခဲ့ကြတဲ့ ဘောလ်တစ်နိုင်ငံတွေအကြောင်းကို
လွတ်လပ်တဲ့အာရှအသံမှာ ဆွေးနွေးဖြစ်ခ့တ
ဲ ယ်။ဘောလ်တစ်နိုင်ငံတခုဖြစ်တဲ့ အက်စတိုနီးယားနိုင်ငံဆိုတာ နိုင်ငံတကာကျေးလက်တေးဂီတတွေကို
စုဆောင်းသိမ်းဆည်းနိုင်ဆုံးနိုင်ငံတနိုင်ငံ အဖြစ်လူသိများတယ်။ မိုက်ကယ်ဂျက်ဆင်၊ တီနာတားနား၊ ရိုးလင်းစတုန်း၊ မက်တယ်လီကာ၊ မက်ဒေါနား
အပါအဝင်၊ နာမည်ကြီး ရက်ပ်တေးဂီတ ပညာရှင်တွေ သွားရော်ဖြေဖြော်ကြလေ့ရှိတယ်။ အက်စတိုးနီးယားနိုင်ငံမြို့တော် “တာလင်းမြို့”
ဆိုတာကလည်း သြဂတ်စ်လ ဆိုရင် သီချင်းဆိုသံတွေနဲ့ သိမ်သိမ်မွေ့မွေ့လှပနေတတ်တယ်။
ဒါပေမဲ့ ဒီလိုလှပမှုတွေ နဲ့ လွှမ်းခြုံထားတဲ့ အက်စတိုးနီးယားနိုင်ငံရဲ့သမိုင်းကိုပြန်လေ့လာကြည့်လိုက်မယ်ဆိုရင် ဘော်လ်တစ်ပင်လယ် ဆိုတာ
ဥရောပနိုင်ငံတွေအတွက် မဟာဗျူဟာအရ အရေးကြီးဆုံးနေရာတခုဖြစ်ခဲ့တယ်။ ဒါ့ကြောင့်လည်း အင်အားကြီးဥရောပနိုင်ငံတွေ နယ်ချဲ့ချင်တဲ့
နေရာတခုဖြစ်ခဲ့တယ်။
“၁၉၃၉ သြဂတ်စ်လမှာ ချုပ်ဆိုခ့တ
ဲ့ဲ မိုလိုတော့ ( ဆိုဗီယက်နိုင်ငံခြားရေးဝန်ကြီး)၊ ရစ်ဗင်ထရော့ပ် ( ဂျာမဏီ) ရဲ့သဘောတူညီမှုဟာ
ဘောလ်တစ်နိုင်ငံတွေကို ကျူးကျော်သိမ်းပိုက်လိုက်သလိုမျိုးဖြစ်သွားတယ်” လို့ နောက်ထပ်နှစ်ငါးဆယ်အကြာမှာ ဆိုဗီယက်ခေါင်းဆောင်သစ်
ဂေါ်ဗာချော့ပ် က တရားဝင်ဝန်ခံခ့တ
ဲ ယ်။ Singing Revolution ဆိုတာ အက်စတိုးနီးယားနိုင်ငံလွတ်မြောက်ရေးလှုပ်ရှားမှုရဲ့သင်္ကေတ၊
သီချင်းတွေနဲ့တော်လှန်ရေးလုပ်ခ့တ
ဲ့ဲ ကမ်းခြေနိုင်ငံတခုဆီကို ခံစားကြည့်ရအောင်။

ဘောလ်တစ်ပင်လယ်ကမ်းခြေဆီက “သီချင်းဆိုနေသောတော်လှန်ရေး”
“ငါတို့ဘယ်တော့မှစွန့်ခွာမသွားပါဘူး လှပတဲ့နိုင်ငံတော်ရယ်။
သူမအတွက်ဆို ငါတို့ရဲ့အသက်ကို အကြိမ်တစ်ရာမကစွန့်လွှတ်ရဲပါတယ်။”
အက်စတိုနီးယားရဲ့အမျိုးသားသီချင်းတွေက ပင်လယ်ကမ်းခြေကနွေဦးလို၊ လှပနုးညံ့စွာလွင့်မျောနေတတ်ပါတယ်။
သီချင်းဆိုခြင်းရိုးရာပွဲတော် ဆိုတာ အက်စတိုးနီးယားနိုင်ငံရဲ့သင်္ကေတတခုဖြစ်ပြီး၊အဲ့ဒီပွဲတော်ကို လူပေါင်းသိန်းချီပြီးတက်လေ့ရှိကြပါတယ်။
ဘောလ်တစ်နိုငံတနိုင်ငံဖြစ်တဲ့ အက်စတိုးနီးယားနိုင်ငံဟာ ဥရောပ နဲ့ ရုရှားပြည်ထောင်စုကြားမှာဆက်သွယ်ထားတဲ့လမ်းကြောင်းတခုဖြစ်တာကြောင့်၊
ဒိန်းမတ်ပြင်သစ်၊ဂျာမန်၊နဲ့ရုရှားတွေဟာအဲ့ဒီနိုင်ငံကိုကျူးကျော်သိမ်းပိုက်ခဲ့ကြပါတယ်။
၁၉၃၉ မှာ ၊ ဟစ်တလာနဲ့ စတာလင်တို့ဟာ ဥရောပနိုင်ငံတွေကိုခွဲဝေအုပ်ချုပ်ရေးအတွက် လျှို့ဝှက်သဘောတူညီမှုတွေ ရှိခဲ့ကြပြီး၊
အက်စတိုနီးယားနိုင်ငံအပါအဝင်ဘောလ်တစ်နိုင်ငံတွေကို ဆိုဗီယက်ပြည်ထောင်စုက သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့ပါတယ်။
ဆိုဗီယက်ခေါင်းဆောင် စတာလင်ရဲ့လူမျိုးရေးသုတ်သင်ရှင်းလင်းမှုတွေအောက်မှာ အက်စတိုနီးယားပြည်သူလူထု၊ထောင်ချီအသတ်ခံခဲ့ရသလို၊
သောင်းချီပြီး ဆိုက်ဘေးရီးယားမှာတည်ရှိတ့အ
ဲ ကျဉ်းစခန်းတွေမှာဖမ်းဆီးခြင်းခံခဲ့ရတယ်။ ဖမ်းဆီးခံရသူတွေထဲက တဝက်ကျော်နီးပါး ဟာ
အသတ်ခံခဲ့ရပါတယ်။ အက်စတိုနီးယားပြည်သူတွေက
“ကျမတို့ဘဝကလေ၊ မနက်ခင်းမှာ ကျောင်းစာသင်ခန်းဆီ စန္ဒယားသင်ခန်းစာသွားသင်ဖို့ပြင်နေတုန်း တိရစ္ဆာ န်တကောင်လို
လှောင်အိမ်ထဲမှာ ချုပ်နှောင်ခြင်း ခံလိုက်ရသလိုမျိုးပါပဲ” လို့ ရုရှားကျူးကျော်မှုအောက်သူတို့ဘဝတွေကို ပြောပြလေ့ရှိပါတယ်။
၁၉၄၁ ခုနှစ်မှာတော့ ဂျာမဏီဟာ ဆိုဗီယက်ပြည်ထောင်စု ကို ဝင်တိုက်ခိုက်လိုက်တယ်၊
အက်စတိုးနီးယားနိုင်ငံကိုသိမ်းပိုက်လိုက်ပြီး လူငယ်တွေကိုစစ်မှုထမ်းဖို့ဇွတ်အတင်းဆွဲသွင်းခဲ့ပါတယ်။
ဒါပေမဲ့ နောက် (၃) နှစ်အကြာမှာတော့ရုရှားတွေပြန်ရောက်လာပြီးဂျာမန်စစ်တပ်ထဲမှာ စစ်မှုထမ်းနေတဲ့ အက်စတိုးနီးယားလူငယ်တွေ ကို
ဆိုဗီယက်တပ်နီတော်က ဖမ်းဆီးသတ်ဖြတ်ခ့ပ
ဲါတယ်။ တချို့ထက
ွ်ပြေးကြပေမဲ့ ဆိုဗီယက်ပြည်ထောင်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို
တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ တချို့ ထွက်ပြေးလွတ်မြောက်နိုင်ခ့ပ
ဲါတယ်။
ပြည်ပကနေ အက်စတိုးနီးယားနိုင်ငံကိုဆိုဗီယက်ကျူးကျော်မှုမှလွတ်မြောက်ရေးအတွက်ကြိုးစားကြပါတယ်။
“ဘယ်သူကမှ ကျနော်တို့စကားတွေကိုနားမထောင်ကြဘူးဗျာ။ ကျနော်တို့ အက်စတိုးနီးယားနိုင်ငံသားတွေအစုလိုက်အပြုံလိုက်
အသတ်ခံနေရတယ်ဆိုတာကို ဘယ်သူမှဂရုမစိုက်ကြဘူး” လို့ “သစ်တောအုပ်အတွင်းကညီအကိုတော်များ”ဆိုတဲ့ အုပ်စုက
ရင်ဖွင့်ပြကြလေ့ရှိပါတယ်။ အင်အား(၃) သောင်းကျော်ရှိတ့သ
ဲူတို့ဟာ ဆိုဗီယက်ကျူးကျော်မှုကိုပြန်လည်ခုခံဖို့အတွက် တောအုပ်ထဲမှာ
ဥမင်လှိုဏ်ခေါင်းတွေတူးပြီး ပျောက်ကြားစစ်ကိုဆင်နွဲခြဲ့ ကပါတယ်။ ဆိုဗီယက်တွေကလည်းရက်စက်စွာ၊ ခြေမှုန်းခဲ့ပါတယ်။
သစ်တောအုပ်အတွင်းက ညီအကိုတော်တွေ ထောင်ချီအဖမ်းခံရပြီးဆိုက်ဘေးရီးယားအကျဉ်းစခန်းတွေမှာ ဆယ်စုနှစ်တစုကျော်
နှိပ်စက်ညှင်းပမ်းခံခဲ့ရပါတယ်။
၁၉၄၅ ခုနှစ်မှာ စတာလင်က လွတ်လပ်တ့ေ
ဲ ရွးကောက်ပွဲတွေကျင်းပပေးမယ်လို့ ကတိပေးခဲ့ပေမဲ့၊
ဆိုဗီယက်လက်အောက် မှာ လွတ်လပ်တ့ေ
ဲ ရွးကောက်ပွဲဆိုတာ တခါမှမကျင်းပခဲ့ပါဘူး။
အက်စတိုးနီယားရဲ့ရိုးရာသီချင်းဆိုပွဲတော်တွေဆီမှာဆိုဗီယက်ကွန်မြူနစ်တွေရဲ့ ဝါဒဖြန့်သီချင်းတွေကလွှမ်းမိုးလာခဲ့ပါတယ်
“၁၉၆၉ ခုနှစ်ဆိုတာ သီချင်းဆိုခြင်းရိုးရာပွဲတော်ကျင်းပခဲ့တဲ့ နှစ်တရာပြည့်လေ၊ ကွန်မြူနစ်ဝါဒဖြန့်သီချင်းတွေကို ကျနော်တို့အောက်သက်သက်နဲ့
ဆိုလိုက်ရပြီးတဲ့နောက် ပွဲတော်ကိုလာတက်တ့သ
ဲူတွေက “ငါတို့ဖခင်တွေရဲ့နိုင်ငံတော်နဲ့ငါတို့ချစ်တဲ့မြေ” အမျိုးသားသီချင်းကိုပြိုင်တူရွတ်ဆိုလိုက်ကြတယ်။
ဆိုဗီယက်ကွန်မြူနစ်တွေကအဲ့သလို အမျိုးသားဝါဒီတွေခေါင်းထောင်လာမဲ့အဖြစ်မျိုးတွေကို ကြိုက်နှစ်သက်ခြင်းမရှိပါဘူး။”
အက်စတိုနီးယားမျိုးချစ်တွေအတွက်တော့ လွတ်မြောက်ချင်တ့ဆ
ဲ န္ဒတွေတွေက စတင်ရိုက်ခပ်ထန်ပြင်းလာခဲ့ပါတယ်။
၁၉၇၀ ကာလတွေမှာ အက်စတိုးနီးယားနိုင်ငံရဲ့စီးပွားရေးအခြေအနေဟာ တစထက်တစဆိုးဝါးလာခဲ့တယ်။
အစာရေဆာရှားပါးမှုတွေကြုံတွေ့နေရတယ်။

အက်စတိုနီးယားနိုင်ငံရဲ့(၅)နှစ်တခါကျင်းပနေကျသီချင်းဆိုခြင်းရိုးရာပွဲတော်တွေမှာ လူထုဟာကွန်မြူနစ်ဝါဒဖြန့်မှုတွေထက် အမျိုးသားသီချင်းတွေကို
သီဆိုဖို့ကြိုးစားလာခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ်မော်စကိုခေါင်းဆောင်သစ် ဂေါ်ဗာချော့ ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးပွင့်လင်းမှု အယူအဆတွေ ကို
ကြားသိနေတဲ့ အက်စတိုးနီးယားလူထုဟာ သူတို့ရဲ့လွတ်မြောက်မှုကို စတင်ဖို့ကြိုးစားလိုက်ပါတယ်။
ဒါပေမဲ့ လွတ်မြောက်ချင်သူတွေရဲ့ကြားမှာ အယူအဆတွေကလည်းကွဲပြားနေခဲ့ပြန်ပါတယ်။
တချို့က အက်စတိုးနီးယားယဉ်ကျေးမှု၊ ရိုးရာအမွေအနှစ်တွေကို ဦးစားပေးပြီး စည်းရုံးကြသလို၊
တချို့ကတော့ လွတ်လပ်ရေးကြေငြာစာတမ်းကိုပြောင်ပြောင်တင်းတင်းဟစ်ကြွေးပြီး၊ ဆိုဗီယက်ကျူးကျော်မှု ကို ဆုတ်ခွာပေးဖို့တောင်းဆိုကြပါတယ်။
ဆိုဗီယက်ကွန်မြူနစ်တွေရဲ့စစ်ရေးအရေးယူမှုကိုစိုးရိမ်နေသူတွေကတော့ ကွန်မြူနစ်ဝါဒအတွင်းမှာပြုပြင်ပြောင်းလဲရေးလုပ်ပြီး ရုရှားတွေနဲ့
အဆင်ပြေပြေနေချင်ပါတယ်။ ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဗာချော့ကလည်း ဆိုရှယ်လစ်ပုံစံထဲမှာသာပြုပြင်ပြောင်းလဲရေးလုပ်ဖို့သတိပေးနေခဲ့ပါတယ်။
ဒါပေမဲ့ အက်စတိုးနီးယားလူထုဟာ သူတို့လိုပက
ျဲူးကျော်သိမ်းပိုက်ခံနိုင်ငံတွေဖြစ်တဲ့ လစ်သူနီးယား၊ လက်ဗီးယားနိုင်ငံ က ပြည်သူတွေနဲ့
တိုင်ပင်ဆွေးနွေးကြတယ်၊
၁၉၈၉ ခုမှာ လူနှစ်သန်းကျော်နီးပါးရှိတဲ့ လူသားကြိုးတန်းတခုကို နိုင်ငံ(၃) နိုင်ငံကြားမှာ ကီလိုမီတာ (၆၀၀) ကျော်သွယ်တန်းချိတ်ဆက်လိုက်ကြပြီး
ဆိုဗီယက်ပြည်ထောင်စုကို အာခံလိုက်ကြပါတယ်။ “သီချင်းဆိုနေသော တော်လှန်ရေး” အဖြစ်လူသိများခဲ့ပါတယ်။
မော်စကို က ပြင်းထန်စွာသတိပေးခဲ့ပေမဲ့ ဘောလ်တစ်နိုင်ငံတွေဟာ သူတို့ရဲ့လွတ်လပ်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်ကြပါတယ်။
နောက် (၄)လအကြာမှာတော့ ဂေါ်ဗာချော့ဟာအက်စတိုးနီယားနိုင်ငံအပေါ် တရားမဝင်သိမ်းပိုက်မှုကို ဝန်ခံခဲ့ရပါတော့တယ်။
ဒါကြောင့်လည်း အက်စတိုးနီးယားပြည်သူတွေဟာ သူတို့ရဲ့နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားအတွက် စာရင်းပေးခဲ့ကြပြီး
ဆိုဗီယက်နိုင်ငံသားဖြစ်မှုကို ငြင်းပယ်လိုက်ကြပါတော့တယ်။ အက်စတိုးနီယားကွန်ဂရက်နဲ့နိုင်ငံသားကော်မတီကိုဖွဲ့စည်း လိုက်ကြပါတယ်။
ဒါပေမဲ့တဘက်မှာတော့ အက်စတိုးနီးယားနိုင်ငံလူဦးရေရဲ့(၄၀) ရာခိုင်နှုန်းရှိတဲ့ ရုရှားတွေက အက်စတိုးနီးယားနိုင်ငံသားလုပ်မှုဟာ
ခွဲထွက်မှုဖြစ်တယ် ဆိုတဲ့ ငြင်းဆိုမှုန့အ
ဲ တူ အကြမ်းဖက်မှုတွေပါတဲ့ဆန္ဒပြပွေ
ဲ တွကိုစင်ပြိုင်ကျင်းပကြပါတယ်။
( ၁၉၄၀ ခုနှစ်မှာ အက်စတိုးနီးယားနိုင်ငံကိုသိမ်းပိုင်စဉ်က ရုရှားရဲ့လူဦးရေဟာ တနိုင်ငံလုံးလူဦးရေရဲ့ ၈ ရာခိုင်နှုန်းပဲရှိပါတယ်။
၁၉၈၉ မှာ ၄၀ ရာခိုင်နှုန်းထိရောက်လာခဲ့ပါတယ်။)အက်စတိုးနီယား မြို့တော်ခမ်းမကိုဝိုင်းရံပြီးဆိုဗီယက်အလံကို လွှင့်တင်ကြပါတယ်။
ဒါပေမဲ့ အက်စတိုးနီးယားပြည်သူတွေက ဆန္ဒပြရုရှားစစ်သွေးကြွတွေကိုဝိုင်းရံလိုက်ကြပြီး၊ မြို့တော်ခမ်းမကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။
အခက်အခဲတွေကမပြီးဆုံးခဲ့သေးပါဘူး။၁၉၉၁ မော်စကိုမြို့မှာ ရှေးရိုးစွက
ွဲန်မြူနစ်အမာခံတွေကအာဏာသိမ်းဖို့ကြိုးစားတဲ့အခါ၊
ဆိုဗီယက်တပ်နီတော်ရဲ့တင့်ကားတွေ၊ အက်စတိုးနီးယားဒေသဆီကိုချီတက်လာပြီး၊ အသံလွှင့်ရုံကိုဝိုင်းရံသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်။
အက်စတိုးနီးယားပြည်သူတွေက လူသားဒိုင်းကာတခုလိုတယောက်လက်တယောက်ချိတ်ပြီး တင့်ကားတွေကိုခုခံတားဆီးကြပါတယ်။
ဆိုဗီယက်စစ်သားတွေ အသံလွှင့်ရုံအပေါ်ထပ်ကိုတက်လာမယ်ဆိုရင် ဓါတ်ငွေ့လွှတ်ပြီးသတ်ပစ်ဖို့အထိ စိတ်ကူးထားကြပါတယ်။
ဒါပေပဲ့မော်စကိုအာဏာသိမ်းမှုကျဆုံးခဲ့ပြီးဆိုဗီယက်တင့်ကားတွေလည်းအက်စတိုးနီးယားနိုင်ငံဆီကနေပြန်လည်ဆုတ်ခွဲသွားပါတယ်။
၁၉၉၁ သြဂတ်လမှာလွတ်လပ်တဲ့ အက်စတိုးနီယားနိုင်ငံအဖြစ်ကြေငြာခဲ့ပါတော့တယ်။
အက်စတိုနီးယားသီချင်းပွဲတော်မှာဆိုခ့တ
ဲ့ အ
ဲ မျိုးသားသီချင်းထဲမှာတော့“ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာငါတို့အနိုင်ရစေရမယ်” ဆိုတဲ့စာသားတွေက
ပြည်သူလူထုကို စိတ်ဓါတ်တက်ကြွ၊ မျှော်လင့်ချက်တွေရှင်သန်စေခဲ့ပါတယ်။
သောတရှင်တို့လည်း ဘာပဲဖြစ်ဖြစ်---နောက်ဆုံးမှာတော့အနိုင်ရကြမယ်လို့ယုံကြည်နေစေချင်ပါတယ်။

အောင်မိုးဝင်း
၂၀၀၄ ခုနှစ်မှာ အက်စတိုးနီးယားနိုင်ငံဟာ ဥရောပသမဂ္ဂအဖွ့ဝ
ဲ င်နိုင်ငံတနိုင်ငံဖြစ်လာခဲ့တယ်။ ဥရောပသမဂ္ဂအတွင်းမှာ
အရှိန်အဟုန်အကောင်းဆုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနိုင်ငံတခုအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရတယ်။
ဒါပေမဲ့ ၂၀၀၉ ခုနှစ်မှာ ဖြစ်ပွားခ့တ
ဲ့ဲ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ဒဏ်ကိုလည်းခံစားခဲ့ရပါတယ်။