You are on page 1of 2
EdkifiHwumrSm vSKyfcwfaewJh jrefrmhta&;qdkif&mowif;rsm; nDnD? {+yD 20 &uf/ 2010 အိတ်ခ်ျဘီအို ချန်နယ်လ်တွင် ဘားမားဗီဂျေ ပြသမည် ၂၀၀၇ သံဃာ့လှုပ်ရှားမှု အပါအ၀င် မြန်မာနိုင်ငံတွင်

EdkifiHwumrSm vSKyfcwfaewJh jrefrmhta&;qdkif&mowif;rsm;

nDnD? {+yD 20 &uf/ 2010

အိတ်ခ်ျဘီအို ချန်နယ်လ်တွင် ဘားမားဗီဂျေ ပြသမည်

၂၀၀၇ သံဃာ့လှုပ်ရှားမှု အပါအ၀င် မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့တဲ့ လှုပ်ရှားမှု ဖြစ်ရပ်မှန်ဗီဒီယိုမှတ်တမ်းများကို အခြေခံ ရိုက်ကူးထားတဲ့ ဘားမားဗီဂျေ မှတ်တမ်း ရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စုက အိတ်ခ်ျဘီအို ရုပ်သံအစီအစဉ်တွင် ၂၀၁၀ ဧပြီ ၂၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းဒေသစံတော်ချိန် ည ၉ နာရီ ၃၀ မိနစ်၌ ပြသရန် စီစဉ်ထားကြောင်း သိရပါတယ်။ ပြသမယ့် အိတ်ခ်ျဘီအို ချန်နယ်လ်တွေကတော့ အိတ်ခ်ျဘီအို (HBO) နဲ့ အိတ်ခ်ျဘီအို လက်တီနို (HBO Latino) ချန်နယ်များမှာ ဖြစ်ပါတယ်။ အိတ်ခ်ျဘီအို ချန်နယ်ဟာ အခကြေးငွေပေးပြီး ကြည့်ရတဲ့ ထိပ်တန်းရုပ်သံလွှင့် အစီအစဉ်တခု ဖြစ်ပါတယ်။

အိတ်ခ်ျဘီအိုမှာ ပြသမယ့် ဘားမားဗီဂျေ ရုပ်ရှင်ကို ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်း စီစဉ် ရိုက်ကူးခဲ့ကြတာ ဖြစ်ပြီး ထုတ်လုပ်သူက Lise­Lense Møller ဖြစ်ကာ ဒါရိုက်တာကတော့ Anders Østergaard ဖြစ်ပါတယ်။ ဘားမားဗီဂျေရုပ်ရှင်ဟာ နိုင်ငံတကာဆု ၄၀ ကျော် ဆွတ်ခူးရရှိပြီး ၂၀၁၀ အမေရိကန်ရုပ်ရှင်အကယ်ဒမီဆု (အော်စကာဆု) ချီးမြှင့်ဖို့ နောက်ဆုံးဆန်ကာတင် လျာထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။

ကနေဒါဝန်ကြီးချုပ်ထံ ကနေဒါရှိ မြန်မာ့အရေးလှုပ်ရှားသူများက စာ ရေးသားပေးပို့

စက်မှုထိပ်သီးနိုင်ငံ ၈ နိုင်ငံ အစည်းအဝေး ကျင်းပတဲ့အခါ မြန်မာ့အရေးဆိုင်ရာကိစ္စများ ဆွေးနွေး ဆုံးဖြတ်ချက် ချမှတ်ဖို့ တောင်းဆိုတဲ့ စာကို ကနေဒါနိုင်ငံရှိ မြန်မာ့အရေးဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ကြတဲ့ အဖွဲ့အစည်း ၇ ဖွဲ့က ပူးပေါင်း လက်မှတ်ရေးထိုးပြီး ဧပြီ ၁၆ ရက်နေ့က ကနေဒါဝန်ကြီးချုပ်ဆီကို ပေးပို့ခဲ့ပါတယ်။ အဲဒီစာကို ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးထံကိုလည်း မိတ္တူပေးပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။

ယခုနှစ်မှာ ကနေဒါနိုင်ငံဟာ ဂျီ ၈ လို့ ခေါ်တဲ့ စက်မှုထိပ်သီးနိုင်ငံ ၈ နိုင်ငံ အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်ပါတယ်။ ဂျီ ၈ (စက်မှုထိပ်သီး နိုင်ငံ ၈ နိုင်ငံ) နဲ့ ဂျီ ၂၀ (ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀) အဖွဲ့များရဲ့ ညီလာခံတွေကို ကနေဒါနိုင်ငံတွင် ၂၀၁၀ ဇွန် ၂၄ ­ ၂၅ ရက်နေ့မှ ၂၆ ­ ၂၇ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားကြပြီး အဲဒီ အစည်းအဝေးများတွင် မြန်မာ့အရေးဆိုင်ရာကိစ္စများ ထည့်သွင်းဆွေးနွေးဖို့၊ ဆုံးဖြတ်ချက် ချဖို့ အခုလို တောင်းဆိုကြတာ ဖြစ်ပါတယ်။

ထိုသို့ စာရေးသား ပေးပို့ခြင်းနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ဦးကျော်ဇောဝေကို မေးမြန်းကြည့်ရာ “ကနေဒါနိုင်ငံက ဂျီ ၈ အဖွဲ့ရဲ့ ဥက္ကဋ္ဌနိုင်ငံဖြစ်နေတဲ့အတွက် သူ့မှာ အစည်းအဝေး အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးနိုင်တယ်။ ဒါ့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ တစုံတရာ တုန့်ပြန်ဖို့၊ သက်ဆိုင်တဲ့အဖွဲ့အစည်းများ မပါဝင်ဘူးဆိုရင် အဲဒီ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ စသည်ဖြင့် တင်ပြနိုင်အောင် စာရေးသား ပေးပို့ခြင်း ဖြစ်ပါတယ်“ လို့ ရှင်းပြပါတယ်။

အီတလီမှာ မြန်မာ့အရေးဆိုင်ရာ တောင်းဆိုမှုများ ပြုလုပ်နေ

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများက တောင်းဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တိုင်းရင်းသားများနဲ့ ဒီမိုကရေစီ လှုပ်ရှားသူများအား တိုက်ခိုက်နေခြင်းကို ရပ်တန့်ရေးနဲ့ မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ရေးစတဲ့ အချက်များအား အီတလီနိုင်ငံနဲ့ အီးယူ (ဥရောပသမဂ္ဂနိုင်ငံများ) က ထောက်ခံပြီး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုကို CISL လို့ ခေါ်တဲ့ အီတလီနိုင်ငံက ဒုတိယအကြီးဆုံး အလုပ်သမားသမဂ္ဂကနေပြီး စတင် လုပ်ဆောင်နေကြောင်း သတင်းရရှိပါတယ်။

ထို လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး CISL အဖွဲ့ ပြောခွင့်ရသူ Cecilia Brighi ကို ယနေ့မြန်မာသတင်းဌာနက ဆက်သွယ် မေးမြန်းခဲ့ရာ “ကျမတို့အနေနဲ့ အဖွဲ့ဝင်တွေရဲ့ လက်မှတ်တွေကို စုဆောင်းပြီး

ထို လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး CISL အဖွဲ့ ပြောခွင့်ရသူ Cecilia Brighi ကို ယနေ့မြန်မာသတင်းဌာနက ဆက်သွယ် မေးမြန်းခဲ့ရာ

“ကျမတို့အနေနဲ့ အဖွဲ့ဝင်တွေရဲ့ လက်မှတ်တွေကို စုဆောင်းပြီး အီတလီ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော်နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌနဲ့ ဥရောပသမဂ္ဂနိုင်ငံများရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ဆီ ပေးပို့မှာပါ။ ဥရောပသမဂ္ဂအနေနဲ့ အာရှနိုင်ငံအစိုးရများနဲ့ ဆွေးနွေးပြီး မြန်မာ့အရေးဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။ နောက်ပြီး မြန်မာစစ်အစိုးရရဲ့ လူသားဆိုင်ရာ ကျူးလွန်တဲ့ပြစ်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးဖို့ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်က တောင်းဆိုထားတာကို ဥရောပသမဂ္ဂနိုင်ငံများအနေနဲ့ ထောက်ခံဖို့ တိုက်တွန်းထားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ဘူးလို့ ဆုံးဖြတ်ခဲ့တာကို ကျမတို့ ထောက်ခံပါတယ်“ လို့ ပြောပြပါတယ်။

နယူးဇီလန်အမတ်များနဲ့ မြန်မာ့အရေးကိစ္စများ ဆွေးနွေး

ထို လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး CISL အဖွဲ့ ပြောခွင့်ရသူ Cecilia Brighi ကို ယနေ့မြန်မာသတင်းဌာနက ဆက်သွယ် မေးမြန်းခဲ့ရာ “ကျမတို့အနေနဲ့ အဖွဲ့ဝင်တွေရဲ့ လက်မှတ်တွေကို စုဆောင်းပြီး

နယူးဇီလန်ပါလီမန်အမတ်များအား မြန်မာ့အရေးဆိုင်ရာ ရှင်းလင်းတင်ပြပွဲတခုကို နယူးဇီလန်လွှတ်တော် အဆောက်အဦတွင် ဧပြီ ၂၀ ရက်နေ့ ည ၇ နာရီမှ ၈ နာရီ အထိ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ထို ရှင်းလင်း တင်ပြပွဲမှာ နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူ ဦးနိုင်ကိုကိုက နယူးဇီလန်လွှတ်တော် မြန်မာ့အရေးအားပေးကူညီရေးအဖွဲ့ဝင် နယူးဇီလန်နိုင်ငံ လေဘာပါတီ လွှတ်တော်အမတ် Maryan Street နဲ့ Carol Beaumont၊ Green Party လွှတ်တော်အမတ် Keith Locke အပါအ၀င် လက်ရှိလွှတ်တော်အမတ်များနဲ့ အစိုးရအဖွဲ့ဝင်ဟောင်းများ စုစုပေါင်း ၆ ဦးအား မြန်မာ့အရေးဆိုင်ရာများ ရှင်းလင်း တင်ပြခဲ့ပါတယ်။

ထို ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၁၀ ရွေးကောက်ပွဲတို့နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တခု နယူးဇီလန်ပါလီမန်တွင် ချမှတ်နိုင်ရေး၊ မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ လူသားဖြစ်တည်မှုဆိုင်ရာ အမှုအခင်းများအား ကုလသမဂ္ဂက စုံစမ်း စစ်ဆေးနိုင်ရေးအတွက် ဗြိတိန်၊ သြစတေလျတို့က ထောက်ခံထားသလို အခြားကမ္ဘာ့နိုင်ငံများကလည်း ၀ိုင်းဝန်း ထောက်ခံလာစေရေး၊ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပနိုင်ရန် တွန်းအားပေးရေး၊ နယူးဇီလန်ပါလီမန်အမတ်များ ထိုင်း မြန်မာနယ်စပ်ကို လည်ပတ်နိုင်ရေး စတဲ့အချက်များနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်များနဲ့ ဦးနိုင်ကိုကိုတို့ အမြင်ချင်း ဖလှယ်ခဲ့ကြောင်း သတင်းရရှိပါတယ်။