You are on page 1of 35

MRT E-စာစဉ် (၂

)
mrmrt.blogspot.com

“သစ္စာလေးပါး” ဆိုပေမယ့် ဒီစာအုပ်မှာ

သစ္စာသုံးပါးပဲ ပါပါတယ်။ မဂ္ဂသစ္စာ မပါပါ။
“နိဗ္ဗာန်လမ်း [MRT E-စာစဉ် (၁)]”ဟာ
မဂ္ဂသစ္စာ ဖြစ်ပါတယ်။

ဒုက္ခ
ကသ
ၡ စၥာ
ဒုကၡေမ၀ ဟိ သေမၻာတိ၊
ဒုကၡံ တိ႒တိ ေ၀တိ စ။

နာညၾတ ဒုကၡာ သေမၻာတိ၊
နာညံ ဒုက္ခာ နိရုဇ္ဈတိ။
ဟိ၊ ဘုံသုံးပါ၌ ဒုက္ခအတိ ဖြစ်ပုံကို ဟောဦးအံ့။ တိ ဘူမေ၊
ဘုံသုံးပါးလုံး၌။

ဒုက္ခမေ၀၊

ဆင်းရဲအမှု

ဒုက္ခအစု

သည်သာလျှင်။ သမ္ဘောတိ၊ မရပ်မစဲ ထပ်တလဲလဲ တဖွဲဖွဲ
ဖြစ်ပေါ်၍ နေ၏။
ဒုက္ခံ၊

ဆင်းရဲအမှု

ဒုက္ခစုသည်သာလျှင်။

ဌီသဘောအားဖြင့်လည်း တည်၍ နေ၏။

တိဋ္ဌတိ

စ၊

ဝေတိ စ၊ ဌီကလွန်မြောက် ချုပ်ခြင်းသို့ ရောက်၍လည်း
နေ၏။
ဒုက္ခာ၊

ဆင်းရဲအစု

ဒုက္ခမှုမှ။

အညံ၊

တရားမျိုးသည်။ န နိရုဇ္ဈတိ၊ ချုပ်လေသည် မရှိ။

တစ်ပါးသော

သဂါထာဝဂ္ဂသံယုတ်

ပါဠိတော်၌

ဘုရားရှင်

ဟောတော်

မူသည့်အတိုင်း လောကသုံးပါး၌ ဖြစ် တည် ချုပ် ပျက်
နေသမျှ

အရာအားလုံးတို့သည်

ဆင်းရဲဒုက္ခသာလျှင်

ဖြစ်ကြလေကုန်၏။ သို့သော် မည်သည့်သတ္တ၀ါမှ ဒုက္ခကို
မလိုလားကြပေ။

အဟိတ်တိရစ္ဆာန်တို့သည်ပင်

ကြောက်လန့်ကြ၏။
အတတ်နိုင်ဆုံး
ချမ်းသာအောင်

ဒုက္ခကို

သက်ရှိမှန်သမျှသည်
ရှောင်ကွင်းကြ၏။

ဒုက္ခကို

အပြန်အားဖြင့်

ကြိုးပမ်းကြသည်။

ဒုက္ခငြိမ်းကြောင်း၊

သုခပွားကြောင်း နည်းလမ်းကောင်းများ ဖော်ထုတ်ကြသည်။

ကုသိုလ်ကောင်းမှု ပြုဆည်းပူးခြင်းသည် ဒုက္ခငြိမ်းကြောင်း၊
သုခပွားကြောင်း နည်းလမ်းကောင်း ဖြစ်၏။ အသိဥာဏ်
မြင့်မားသူတို့က ကုသိုလ်ပြု၍ ချမ်းသာထူထောင်ကြသည်။
သို့သော်

ကုသိုလ်ကောင်းမှုကြောင့်

စည်းစိမ်တို့သည်

ချမ်းသာ

ရရှိလာသော

အစစ်အမှန်

ဘဝ

မဟုတ်ကြပေ။

ပျက်ခြင်းအဆုံးရှိ၍ မစစ်မှန်သော ချမ်းသာကို ဒုက္ခဟုသာ
ဆိုရ၏။

ဤသို့ဖြင့်

ဒုက္ခဘုံသားတို့သည်

ဒုက္ခမှ

မလွတ်မြောက်နိုင်ဘဲ ရှိကြလေ၏။
ကုသိုလ်ကောင်းမှု ပြုလုပ်စဉ် ချမ်းသာဖို့အရေး မျှော်တွေးကြ
သည်။

သုခဝေဒနာ၊

မျှော်လင့်ခြင်းသည်

ချမ်းသာသုခကို

ဒုက္ခမျိုးစေ့သာ

ခံစားလိုသော

ဖြစ်၏။

မျှော်လင့်

တောင့်တမ သည် လောဘ၊ တဏှာ မည်၏။ သုခဝေဒနာ၊

ဒုက္ခဝေဒနာတို့ကား
သုခဝေဒနာ

တဏှာနှင့်

ခံစားရစဉ်

ဆက်စပ်နေကြသည်။

တပ်မက်မှု

လောဘတဏှာ

ဖြစ်ပေါ်နေသည်မှာ ထင်ရှား၏။ ဒုက္ခဝေဒနာ ခံစားရခိုက်မှာ

လည်း တဏှာပါဝင်နိုင်၏။ ဒုက္ခရောက်နေသူသည် သုခကို
လှမ်း၍ တောင့်တကာ တဏှာဖြစ်၏။ ချမ်းသာကို မျှော်လင့်
မှု၊ ဒုက္ခမှ လွတ်မြောက်လိုမှုတို့၌ ဝေဒနာသဘော၊ တဏှာ
သဘောတို့ ပါဝင်နေပေသည်။ တဏှာရှိနေသမျှ ဒုက္ခလည်း
စင်နိုင်မည် မဟုတ်ပေ။
ရပိုင်ထားသော သုခကို ခံစားရင်း တဏှာဖြစ်၏။ မရသေး
သော သုခကို မျှော်လင့်၍လည်း တဏှာဖြစ်၏။ သုခကို
မျှော်လင့်၍ ကံပြုကာ သင်္ခါရကို ထူထောင်၏။ ကံပြုရာ၌

စေတနာ အရင်းခံဖြစ်သည်။ စေတနာ၊ ကံ၊ သင်္ခါရကြောင့်
မျှော်လင့်ချက်

ပြည့်ဝကာ

ချမ်းသာကို

ခံစားကြရသည်။

ကံအကျိုးဆက် ချမ်းသာသုခကို ခံစားခြင်းသည် ဝေဒနာ
မည်၏။

ဝေဒနာသည်

ခန္ဓာထိုက်၏။

ဝေဒနက္ခာသည်

ဒုက္ခသာတည်း။
ဒုက္ခမှ လွတ်မြောက်ရန်၊ သုခကို ရရှိရန် ကောင်းမှုပြုသော်
လည်း ဒုက္ခကိုသာ ပြန်လည်ရရှိသောကြောင့် ဒုက္ခသံသရာ
လည်နေကြရ၏။

ဆင်းရဲခြင်း အစစ်အမှန် ဒုက္ခသစ္စာကို

သိမြင်နိုင်မှသာလျှင် ဒုက္ခကို အဆုံးသတ်နိုင်ပေလိမ့်မည်။

ဒုက္ခကို

မြင်၍

တပ်မက်သာယာမှု

တဏှာအစေးကို

သုတ်သင်နိုင်မှသာ ချမ်းသာခြင်း အစစ်အမှန် မြတ်နိဗ္ဗာန်ကို
ရရှိနိုင်ပေလိမ့်မည်။ ထိုကြောင့် ဒုက္ခသစ္စာကို ရှာဖွေသင့်
သည်။ မြင်အောင် ရှုသင့်သည်။

အာယတော အပဂတောတိ အပါယော။
အာယတော၊ ကြီးပွားခြင်းမှ။
အပဂတော၊ ကင်းသည်တည်း။
ဣတိ တသ္မာ၊ ထို့ကြောင့်။

အပါယော၊ အပါယ်မည်၏။
ဒုက္ခမျိုးစုံရှိသော သံသရာလောက၌ အပါယ်ဘုံသည် အကြီး
ဆုံးသော ဆင်းရဲ ဖြစ်၏။ အပါယ်ဘ၀တို့ကား ဆင်းရဲခြင်း
အတုံးအခဲတည်း။
ချမ်းသာ

မရှိ။

ချမ်းသာခြင်း
ချမ်းသာခြင်း

ကင်းဆိတ်၏။

ကြီးပွား

အညွှန့်တုံးနေသောကြောင့်

အပါယ်ဟု ခေါ်သည်။ အပါယ်လေးဘုံသားတို့သည် ဘဝ
အညွှန့်တုံး၍ အရှုံးကြီး ရှုံသူများ ဖြစ်ကြ၏။ ဘ၀နိမ့်ကျ

သူများ ဖြစ်ကြ၏။ ပဋိသန္ဓေစိတ်၌ ပညာ ပါဝင်ယှဉ်တွဲမှု
လည်း

မရှိသောကြောင့်

ဒုဂ္ဂတိအဟိတ်

ပုဂ္ဂိုလ်များ

ဖြစ်ကြသည်။ ထို့ကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြပေ။
မဂ်ဥာဏ်ဖိုလ်ဥာဏ်

ဝေးစွ

သာမန်

အသိအလိမ္မာပင်

မရှိကြပေ။ ဒါန သီလစသော ကုသိုလ် အခွင့်အလမ်းလည်း

မရှိသလောက် ရှား၏။ အပါယ်ဘုံကား ထိတ်လန့် ရွံရှာဖွယ်
ဖြစ်ပေသည်။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့ကိုသာ အပါယ်ဟု
သာမန်အားဖြင့်

သတ်မှတ်၏။

သို့သော်

ပုဂ္ဂိုလ်မြတ်တို့၏

ဥာဏ်အမြင်၌ကား

ခွဲခြားအပ်သော

အနမတဂ္ဂသံသရာကြီး

အရိယာ

ဘုံသုံးဆယ့်တစ်မျိုး
တစ်ခုလုံးသည်

ဒုက္ခအစုသာ ဖြစ်သောကြောင့် အပါယမည်၏။ ဘုံလောက
ဘ၀သံသရာကြီး တစ်ခုလုံးသည် ချမ်းသာဟူ၍ မြူမျှမရှိ။

ဆင်းရဲခြင်း အတိပြီး၏။ ဘုံဘ၀၌ တည်ရှိသမျှ အရာအားလုံး
ဒုက္ခသဘောသို့သာ ဆိုက်ရောက်ကြရသည်။
ဒုက္ခဒုက္ခ

= ထင်သာမြင်သာသော
ဖြစ်ရိုးဖြစ်စဉ် ဆင်းရဲမှု၊

ဝိပရိနာမဒုက္ခ = အခိုက်အတန့်အားဖြင့်
ကောင်းမြတ်ချမ်းသာသည်
ထင်ရသော်လည်း

ချမ်းသာမဲ့ခြင်း၌သာ

ပျက်စီးခြင်း

အဆုံးသတ်ရသော ဆင်းရဲမှု၊
သင်္ခါရဒုက္ခ

= မရပ်မနား
ဖြစ်ချုပ်နေခြင်း၊
ဆင်းရဲမှု၊

တပြောင်းပြန်ပြန်
ပြုပြင်စီမံရခြင်း

လောကသားတို့သည်

ဤဒုက္ခတို့ဖြင့်သာ

သံသရာလည်

နေကြရ၏။ ဘ၀သံသရာ၏ သဘောမှန်ကို သိမြင်တော်
မူကြသော အရိယာသူမြတ်တို့သည် သံသရာ တစ်ခုလုံးကို
ဒုက္ခဟုသာ ရှုမြင်သုံးသပ်ကြ၏။ အပါယ်ကဲ့သို့ ထိတ်လန့်
ဖွယဟ
်ုသာ
ဒုက္ခဟု
ရှိသော

နှလုံးသွင်းကြလေသည်။

ရှုမြင်ပုံကို

ဆိုလိုပါသည်။

သုဂတိဘ၀တို့ကား

(ထိတ်လန့်ဖွယ်

ကုသိုလ်အခွင့်အရေး

ကောင်းမြတ်ကြသည်သာ

တည်း။)
အ၀ိဇ္ဇာ

နှင့်

ပဋိစ္စသမုပ္ပါဒ်

တဏှာကို
စက်ရဟတ်၌

အကျိုးအကြောင်း
သံသရာလောကဟု

အစချီသော

ချမ်းသာသုခဟူ၍

ဆက်စပ်နေသော

အဆက်မပြတ်
“ကေ၀လဿ

မူရင်းထား၍

မရှိပေ။

ဒုက္ခအစုတို့သာ

ဖြစ်ပွားနေကြ၏။

ထိုဒုက္ခစက်ဝိုင်းကို

ခေါ်သည်။

ဘုရားရှင်ကလည်း

ဒုက္ခက္ခန္ဓဿ

သမုဒယော

ဟောတိ

-

ချမ်းသာမဖက် သက်သက်သော ဒုက္ခတို့သာလျှင် မရပ်မစဲ
တဖွဲဖွဲ

ဖြစ်ပေါ်နေ၏”ဟု

ဟောတော်မူသည်။

ပဋိစ္စ

သမုပ္ပါဒ်နည်းအရ ဒုက္ခအစုသာဖြစ်၍ အပါယ်ဟု ခေါ်ဆို
ထိုက်သော ဘ၀သံသရာကို ငြီးငွေ့စက်ဆုပ်သင့် ပေသည်။
ဘ၀သံသရာကို
သတ်နိုင်ပေမည်။

စက်ဆုပ်မှသာလျှင်
သို့သော်

ဒုက္ခကို

ဘ၀ကို

အဆုံး

စက်ဆုပ်ရန်

မလွယ်ကူပေ။ သံသရာလောကသားတို့၏ ဘ၀ကျင်လည်မှု
အတည်တကျ မရှိခြင်း၊ လားရောက်ရာ ဘ၀ကို ကြိုတင်
မခန့်မှန်းနိုင်ခြင်းဟူသော

သံသရာလောက၏

ဝိနိပါတ

သဘောကို မြင်ပါမှ ဘ၀ကို ထိတ်လန့် စက်ဆုပ်နိုင်ပေမည်။
ဝိနိပါတနံ ၀ိနိပါတော။
ဝိနိပါတနံ၊ ဖရိုဖရဲ လွင့်စင်ကျရောက်ခြင်းသည်။
ဝိနိပါတော၊ ၀ိနိပါတမည်၏။
သံသရာ

ကျင်လည်ရသော

ပုထုဇဉ်သားတို့သည်

မျှော်မှန်းသောဘ၀၊ ရောက်လိုသော ဘ၀ကို အတိအကျ
အသေအချာ

မလားရောက်နိုင်ကြပေ။

လေနှင်ရာ

လွင့်ရသော အမှိုက်ကဲ့သို့လည်းကောင်း၊ မြစ်ရေချောင်းရေ
သယ်ဆောင်ရာ
လည်းကောင်း

မျောပါရသော

ကံပစ်ချရာ

ကျင်လည်ရ၏။
ဖြစ်နေပါစေ

ဒိုက်ဖတ်ကဲ့သို့

ဘ၀သံသရာမှာ

လူဖြစ်စေ၊

နတ်ဖြစ်စေ၊

ပုထုဇဉ်မှန်သမျှ

ကျင်လည်ကြရသည်။

သံသရာ၌

ဖြစ်ရောက်
ဗြဟ္မာကြီးပင်
ပရမ်းပတာ

နေ၀သညာနာသညာယနတ

ဗြဟ္မာကြီးမှ စ၍ အပါယ်ဘုံသား ကမျဉ်းနီလေးတိုင်အောင်
ကြီး ငယ် ယုတ် မြတ် ပုထုဇဉ် မှန်သမျှ ချွင်းချက်မရှိဘဲ
ဘုံဘဝ

အရွေ့အပြောင်း

ဤသို့

စည်းမရှိ

အတိမ်းအစောင်း

ကမ်းမရှိ

ဖြစ်ချင်တိုင်း

ရှိနိုင်သည်။
ဖြစ်နေသော

ဤလောကသံသရာကို ၀ိနိပါတဟု ခေါ်သည်။ ၀ိနိပါတဘေး
သင့်နေသော ဘ၀သံသရာကား ဒုက္ခသာတည်း။
လောကသံသရာ၏ ဆင်းရဲပုံ၊ ပုထုဇဉ် လောကသားတို့၏
ဘ၀ကျင်လည်မှု
ကြားနာသိ၊

မသေချာပုံတို့ကို
နှိုင်းဆဆင်ခြင်သိ၊

လေ့လာမှတ်သား
ထိုးထွင်းပိုင်းခြားသိ

အသိဥာဏ် အဆင့်ဆင့်ဖြင့် ပိုင်းခြားထင်ထင် သိမြင်နိုင်မှ
ချမ်းသာပေလိမ့်မည်။
ပရမတ်သဘောတို့
မရပ်မနား

ပုဂ္ဂိုလ်

အကျိုးအကြောင်း

ဖြစ်ပွားနေခြင်း

မြင်မှသာလျှင်

သတ္တ၀ါဟူ၍

“ငါငါ”ဟု

မရှိဘဲ

ဆက်စပ်ကာ

ပဋိစ္စသမုပ္ပါဒ်

သဘောကို

စွဲလမ်းသော

အတ္တဒိဋ္ဌိကို

လွန်မြောက်ကာ ဒုက္ခကို အဆုံးသတ်နိုင်ပေလိမ့်မည်။
သံသရာ၏

ဆင်းရဲပုံ

ပဋိစ္စသမုပ္ပါဒ်

သဘောကို

မြင်အောင်ကြည့်၍၊ သတ္တ၀ါတို့ ဖရိုဖရဲ ကျင်လည်ရသော
သံသရာ၏
ဝေဒနာ၊

ဝိနိပါတဘေးကို
တဏှာတို့

ထိတ်လန့်သံဝေဂ

မပါဝင်စေဘဲ

ယူ၍

ကုသိုလ်ကောင်းမှု

ပြုလုပ်ဆည်းပူးကာ အစစ်အမှန် ချမ်းသာဖြစ်သော နိဗ္ဗာန်ကို
မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။

သမုဒယသစ္စာ
အကြောင်းတရား
ထို့ကြောင့်

မှန်သမျှကို

သမုဒယဟု

အကြောင်းရင်းဖြစ်သော

ခေါ်နိုင်၏။

အမှန်တရားသည်

သမုဒယသစ္စာ မည်ပေသည်။ သို့သော် အကြောင်းသမုဒယ
မှန်သမျှကို သမုဒယသစ္စာဟု မဆိုနိုင်ပေ။ သမုဒယသစ္စာဟု
အလွယ်ပြောဆိုနေကြသော်လည်း

ဓမ္မစကြာပါဠိတော်၌

ဒုက္ခသမုဒယအရိယသစ္စာဟု ဟောတော်မူပေသည်။

ဒုက္ခသမုဒယ = ဆင်းရဲဒုက္ခ၏ အကြောင်းရင်းဖြစ်သော
အရိယသစ္စာ = အရိယာတို့ သိမြင်သော အမှန်တရားဟု
အဓိပ္ပာယ်ရပေသည်။

အကြောင်းတရားသည်

သမုဒယ

မည်သော်လည်း

အကြောင်း သမုဒယ မှန်သမျှ သမုဒယသစ္စာ မဟုတ်ကြပေ။
ဒုက္ခဖြစ်ကြောင်း
ပေသည်။

တရားကိုသာ

ကုသိုလ်၊

သမုဒယသစ္စာဟု

အကုသိုလ်၊

ဟိတ်

ဆိုရ
စသော

အကြောင်းတရားတို့သည် သမုဒယသာမညများ ဖြစ်ကြ၏။

သစ္စာမထိုက်သော သမုဒယများ ဖြစ်ကြသည်။ အရိသစ္စာ
ဒေသနာတော်နည်း၌

ဒုက္ခ၏

အကြောင်းရင်း၊

သစ္စာထိုက်သော သမုဒယကား အကုသိုလ် စေတသိတ်
အုပ်စုဝင် လောဘ ဖြစ်ပေသည်။

စင်စစ်အားဖြင့် မကောင်းမှု အကုသိုလ်တရား မှန်သမျှသည်
ဆင်းရဲခြင်း၏

အကြောင်းရင်း

ဖြစ်ပေသည်။

လောဘ

ကြောင့်သာ ဆင်းရဲရသည် မဟုတ်။ ဒေါသကြောင့်လည်း
ဆင်းရဲရသည်။ မောဟကြောင့်လည်း ဆင်းရဲရသည်။ ဤသို့
စသည်ဖြင့် ဆင်းရဲဒုက္ခကို ဖြစ်စေတတ်သော အကြောင်း

များစွာ ရှိပါလျက် လောဘကိုသာ ဒုက္ခ၏ အကြောင်းဟု
ယူဆလျှင်

“အကြောင်းတရား

တစ်မျိုးသာ

ရှိ၏”ဟု

မွတ္ယေ
ူ သာ “ဧကကာရဏ၀ါဒ” မည်၏။ မိစ္ဆာဒိဋ္ဌိ အယူဝါဒ
ဖြစ်ပေသည်။ သစ္စာဒေသနာတော်၌ကား ဒုက္ခဖြစ်ကြောင်း
တရား များစွားရှိပါလျက် ပဓာနကျသော အကြောင်းတရား
လောဘကိုသာ

သမုဒယသစ္စာဟု

ဟောတော်မူခြင်း

ဖြစ်သည်။ လောဘမှ တစ်ပါးသော ဒုက္ခဖြစ်ကြောင်းတရား
မရှိဟု မဆိုလိုပေ။

လိုချင်မှု၊ ချစ်ခင်မှု၊ ကြိုက်နှစ်သက်မှု၊ တပ်မက်မှု၊ သာယာမှု၊
ကျေနပ်မှု၊

မက်မောမှု၊

မြန်မာစကားတို့သည်

ငြိတွယ်မှု၊
အဘိဓမ္မာ

မစွန့်ခွာနိုင်မှုစသော
တရားကိုယ်အားဖြင့်

လောဘသာ ဖြစ်ပေသည်။ ရှေးပညာရှိတို့က “ပိုသည်မရှိ

အမြဲတမ်း

လို၍လို၍သာ

နေတတ်သောတရား”ဟု

လောဘကို

ဖွင့်ဆိုကြလေသည်။

ရလျှင်လည်း

ထပ်ကာထပ်ကာ

လိုချင်မှု

ထိုလောဘကြောင့်

မရခင်

လိုချင်သည်။

အလိုရှိ

နေပြန်သည်။

သတ္တ၀ါတို့

ဆင်းရဲကြရ

လေသည်။ လိုချင်မှု မဆုံးနိုင်သောကြောင့် ဒုက္ခသံသရာ
လည်နေကြရပေသည်။

မြန်မာစကား၌

လောဘကို

အမျိုးမျိုး

ခေါ်ဆိုသကဲ့သို့

ပါဠိစာပေ၌လည်း လောဘ၏ အမည် များစွာ ရှိပေသည်။

တဏှာ၊ ပေမ၊ ရာဂ၊ အဘိဇ္ဈာ စသည်တို့မှာ လောဘ၏
အမည်ကွဲများ ဖြစ်ကြသည်။ အာရုံ တစ်ခုခုကို ရေဆာ
သကဲ့သို့ ဆာလောင်တမ်းမှု လောဘကို တဏှာဟု ဆို၏။
မိဘ သားသမီး၊ ညီအစ်ကို မောင်နှစ်မ၊ ဆွေမျိုးသားချင်း၊
သွေးသားနီးစပ်သူတို့၏

ချစ်ခင်မှု

လောဘကို

ပေမဟု

ဆိုသည်။ အ၀တ်စကို ဆေးဆိုးရာ၌ အ၀တ်စမှာ ဆေးရောင်
စွဲသကဲ့သို့ အာရုံ၌ တပ်မက်စွဲလမ်းမှု လောဘသည် ရာဂ
မည်၏။ ရားထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာစသော သူတစ်ပါး၏

ပိုင်ဆိုင်မှုများကို ကိုယ်ပိုင်ဖြစ်အောင် မတရား ကြံဆောင်
ရာ၌ ဖြစ်ပေါ်လာသော လောဘသည် အဘိဇ္ဈာ မည်၏။

ဒေသနာ

အရာ၌

မြတ်စွာဘုရားသည်
ရှိသောကြောင့်

လိမ္မာကျွမ်းကျင်တော်မူသော
အဆင့်အမျိုးမျိုး

တရားဓမ္မ

အလွှာအမျိုးမျိုး

နာခံသူတို့နှင့်

သင့်လျော်

လိုက်ဖက်အောင် ပရိယာယ် အမျိုးမျိုးဖြင့် တရားဟောတော်
မူလေ့ ရှိပေသည်။ သမုဒယသစ္စာထိုက်သော လောဘကို
လည်း ပပဉ္စ၊ အာသ၀၊ ဥပါဒါန၊ နီဝရဏ၊ ကိလေသာ စသော
အမည်အမျိုးမျိုးဖြင့် ဟောတော်မူခဲ့လေသည်။

ပပဉ္စ။

။ ချဲ့ထွင်တတ်သော တရားသည် ပပဉ္စမည်၏။

သတ္တ၀ါတို့ သံသရာမှ မထွက်မြောက်နိုင်အောင် ပြုလုပ်
တတ်သောတရား၊ သံသရာကို ရှည်စေကျယ်စေ နိုင်သော
“တဏှာ၊ မာန၊ ဒိဋ္ဌိ”တို့ကို ပပဉ္စတရားဟု ခေါ်၏။ ဤ၌
တဏှာပပဉ္စကား လောဘဟူသော သမုဒယသစ္စာ ဖြစ်ပေ

သည်။ အဆုံးမသတ်နိုင်သော လောဘကြောင့် လောကကြီး
ကျယ်ပြန်နေ့၏။ သံသရာခရီး ရှည်လျားနေ၏။ လောဘ
သည် အိမ်ငယ်မှ အိမ်ကြီးဖြစ်အောင် ချဲ့၏။ သစ်သားအိမ်မှ
တိုက်အိမ်ဖြစ်အောင်

ချဲ့၏။

ခြံဝင်း

ကျဉ်းနေသည်ကို

ကျယ်အောင် ချဲ့၏။ မိသားစုလေးကို မိသားစုကြီးဖြစ်အောင်
လုပ်၏။

တောရွာကို

မြို့ပြဖြစ်အောင်

စီမံ၏။

ကမ္ဘာ

လောကကြီး စည်ကား ကျယ်ပြန့်လာရသည်မှာ လောဘ
ကြောင့်

ဖြစ်၏။

လောဘသည်

ဤဘဝ

ဤခန္ဓကိုသာ

ချဲ့တွင်သည် မဟုတ်။ ဘ၀ အမျိုးမျိုးကို သံသရာနှင့် ချီ၍
ချဲ့ထွင်တတ်သည်။

အာသ၀။ ။ မူးယစ်ဆေး တစ်မျိုးဖြစ်သော အရက်သေစာကို
ပါဠိလို အာသ၀ဟု ခေါ်၏။ လောဘ၊ ဒိဋ္ဌိ၊ မောဟတို့သည်
သတ္တ၀ါတို့ကို

ရူးစေမူးစေနိုင်သော

သတ္တိရှိသောကြောင့်

အာသ၀ မည်လေသည်။ သမုဒယသစ္စာဖြစ်သော လောဘ
ကို

ကာမာသ၀၊

ဘုရားရှင်

ဘ၀ါသ၀ဟူသော

ဟောတော်မူသည်။

တရား၌

အာရုံငါးပါး

တပ်မက်စွဲလမ်းမိသော

ကျိုးကြောင်း

ဆင်ခြင်ဥာဏ်

အမည်နှစ်မျိုး

ဖြင့်

ကာမဂုဏ်

သတ္တ၀ါတို့သည်

ကင်းမဲ့ကာ

အရူးအမူး

ဖြစ်ကြရလေသည်။ တဏှာရူး၊ မယားတရူး၊ ဥစ္စာရူးစသော
အရူးအမျိုးမျိုး

ဖြစ်ကြရသည်။

ကာမဂုဏ်၏

အပြစ်ကို

မြင်နိုင်သူတို့ တောထွက် ရဟန်းပြုကြသည်။ ကာမဂုဏ်၏
အပြစ်ကို မြင်ပါသော်လည်း ရူပ အရူပ ဗြဟ္မာ့ဘ၀တို့ကို
တပ်မက်သော

ဘ၀တဏှာ

ရှိနေသေးသောကြောင့်

တောထွက် တရားကျင့်၍ ဈန်ရကာ ဗြဟ္မာ့ဘ၀ ရပြန်၏။
ဗြဟ္မာ့ဘုံ

ဗြဟ္မာ့ဘ၀တို့၌လည်း

သေးပေ။

ကာမာသဝ

တမ်းတမ်း

မူးစေ၏။

ဖြည်းဖြည်းညင်သာ

ရူးသွပ်မိုက်မဲမှု

ကာမအရက်သည်
ဘ၀ါသဝ

မူးစေ၏။

မကင်း

ကြမ်းကြမ်း

ဘ၀အရက်သည်

အနုအကြမ်း

ကွာခြား

သော်လည်း ရူးခြင်းမူးခြင်းကား တူမျှသည်သာတည်း။

ဥပါဒါန။

သမုဒယသစ္စာထိုက်သော

လောဘသည်

ဥပါဒါန်တရားတွင်လည်း ပါဝင်၏။ အပြင်းအထန် စွဲလမ်းမှု
သည်

ဥပါဒါန်

မည်၏။

ဖမ်းကိုက်ထားသကဲ့သို့
တမ်းတမ်းစွဲ
မည်၏။

ပိုင်လိုရုံမျှသာ

နီဝရဏ

တတ်သော
လောဘကို

လောဘသည်

မဟုတ်။

ကာမုပါဒါန်

လောဘသည်

မရမနေ

တစ်အာရုံတည်းမှာ

သည်။

မလွတ်တမ်း

ကာမ(၁၁)ဘုံကို

အဆင့်သို့ရောက်သော

တစိုက်မတ်မတ်

နီဝရဏ။

မြွေကို

အာရုံငါးပါးနှင့်

တပ်မက်သော

ဥပါဒါန်

ရလိုရုံမျှ၊

ဖားက

မဖြစ်မနေ

စွဲကပ်နေပေတော့

။ ပိတ်ပင်တားမြစ်တတ်သော တရားတို့သည်
မည်၏။

သမုဒယ

နီဝရဏ

လောဘသည်

ခြောက်ပါးတွင်လည်း

ကာမစ္ဆန္ဒနီဝရဏဟု

ခေါ်သည်။

ပိတ်ပင်

ပါဝင်၏။
နီဝရဏ

တို့သည် ကုသိုလ်တရားတို့ကို ဖြစ်ခွင့်မရအောင် ပိတ်ပင်
တားမြစ်နိုင်၏။ ကာမဂုဏ်၌ မွေ့လျော်ကာ လောဘဖြစ်နေ
လျှင် ကုသိုလ်ကောင်းမှု မပြုလုပ်နိုင်ပေ။ ပေးလှူဖို့ကြံလျှင်
မလှူဖြစ်အောင်

လောဘက

ပိတ်ပင်တားမြစ်၏။

သီလ

ဆောက်တည်မည်၊ ဥပုသ်သီတင်း စောင့်သုံးမည်၊ တရား
ဘာဝနာ

အားထုတ်တော့မည်

ဆိုလျှင်

ကာမဂုဏ်မှ

ရုန်းထွက်ရသည်။ ကာမဂုဏ်မှ မလွတ်နိုင် မရုန်းနိုင်ဖြစ်ကာ
ထိုထို ကုသိုလ် အခွင့်အရေးများ လက်လွတ်သွားအောင်

လောဘက နှောင့်ယှက် တားမြစ်နိုင်သည်။ ကုသိုလ်ဖြစ်ခွင့်
ပိတ်ပင်တတ်သော

လောဘကို

ကာမစ္ဆန္ဒနီဝရဏဟု

ခေါ်သည်။

ကိလေသာ။

။ စိတ်ကို ပူလောင် ညစ်နွမ်းစေတတ်သော

တရားဆိုးများကို ကိလေသာဟု ခေါ်သည်။ ပကတိအားဖြင့်
ဖြူစင်နေသော စိတ်ကို ကိလေသာ ဆယ်မျိုးက ညစ်ပတ်
ပေကျံသွားအောင်

ဖျက်ဆီး၏။

စိတ်အညစ်အကြေး

ကိလေသာတို့တွင်လည်း လောဘ ပါဝင်၏။ ၀တ္ထုပစ္စည်း
အာရုံ တစ်မျိုးမျိုး မည်မျှ ကောင်းမြတ်နေပါစေ သတ္တ၀ါတို့၏
ရှေ့မှောက်သို့

အာရုံအဖြစ်

လိုချင်တပ်မက်မှု

မရှိ။

ရောက်မလာလျှင်

ထိုသို့

နှစ်သက်

တပ်မက်ခြင်း

တပ်မက်၍

လောဘ

ဖြစ်သည်နှင့်

ကင်းသော စိတ်သည် ဖြူစင်သန့်ရှင်း၏။ ငြိမ်းချမ်းအေးမြ၏။
အာရုံကို

တွေ့မြင်

တစ်ပြိုင်နက်

စိတ်သည်

လှုပ်ရှားလာ၏။

ပူလောင်

ညစ်နွမ်းလာရသည်။ လောဘစသော ကိလေသာတို့သည်
အာရုံနှင့်

မတွေ့ခင်

ချုပ်ငြိမ်းနေ၏။

ငြိမ်နေ၏။

ထို့ကြောင့်

မဖြစ်ခြင်းအားဖြင့်

“မမြင်ရရာ၊

သူ့ဟာသူငြိမ်းသည်”ဟု

ပညာရှိတို့

အာရုံနှင့်တွေ့လျှင်

ထကြွလာပြီး

ကိလေသာ၊

မိန့်ဆိုကြသည်။
စိတ်ကို

ညစ်နွမ်းစေတတ်သောကြောင့် လောဘကို ကိလေသာဟု
ခေါ်၏။

နာယူသူတို့

နားလည်နိုင်အောင်

လောဘကို

အမည်

အမျိုးမျိုး တပ်၍ ဘုရားရှင် ဟောကြားတော်မူခဲ့သော်လည်း
တဏှာပပဉ္စ၊

ကာမာသ၀၊

ဘ၀ါသ၀၊

ကာမုပါဒန်၊

ကာမစ္ဆန္ဒနီဝရဏ၊ လောဘကိလေသာ တို့သည် အဘိဓမ္မာ
တရားကိုယ်အားဖြင့် လောဘစေတသိတ်သာ ဖြစ်ပေသည်။
အမည်နာမ မည်သို့ မှည့်ခေါ်ထားသည် ဖြစ်စေ ဒုက္ခ၏
အကြောင်းရင်း

ဖြစ်သော၊

သမုဒယသစ္စာထိုက်သော

လောဘကို ပယ်သတ်ရပေမည်။ ဒုက္ခ၏ အကြောင်းရင်းကို
ပယ်သတ်နိုင်မှသာလျှင်

အကျိုးဒုက္ခပါ

ချုပ်ငြိမ်းပြီး

ချမ်းသာခြင်း အစစ်အမှန်ဖြစ်သော နိဗ္ဗာန်ကို သိမြင်ခံစား
မျက်မှောက် ပြုနိုင်ပေလိမ့်မည်။

ချမ်းသာသုခ
ဖြစ်သော

ရရှိနိုင်ရေးအတွက်

လောဘကို

ပုထုဇဉ်တို့

ဒုက္ခ၏

ပယ်သတ်ရမည်

အနေဖြင့်

အကြောင်း

ဖြစ်သော်လည်း

လောဘကို

အမြစ်ပြတ်

မပယ်နိုင်ကြပေ။ လောဘကား ပယ်ဖြတ်ရန် ခက်ခဲသော
ကိလေသာ

ပယ်ဖြတ်ပါမှ

ဖြစ်၏။

အရိယာမဂ်ဖြင့်

လောဘ

လေးကြိမ်တိုင်တိုင်

အမြစ်ပြတ်လေသည်။

ရဟန္တာ

အရှင်မြတ်တို့သာလျှင် လောဘ စင်စင် ကင်း၏။ ပုထုဇဉ်တို့
အနေဖြင့် လောဘကို အမြစ်မြတ် မပယ်သတ်နိုင်သေးလျှင်
နည်းပါး လျော့ကျသွားအောင် ကြိုးစားရပေမည်။

စင်စစ်အားဖြင့် ပုထုဇဉ်တို့ မှီတည်ရာ ကမ္ဘာလောကသည်
လောဘကြောင့်သာ ရှင်သန်နေပေသည်။ လောဘ မရှိလျှင်
လောက

အမြစ်ပြတ်

မတည်နိုင်ပေ။

သုတ်သင်၍

ဆိတ်သုဉ်းသွားမည့်
ထို့ကြောင့်

သတ္တ၀ါအားလုံး

လောဘကို

လောကကြီး

တစ်ခုလုံး

အခြေအနေမှာလည်း

လောဘကို

အခြေပြု၍

မဖြစ်နိုင်ပေ။

တည်ရှိနေသော

လောက အတန်အသင့် ငြိမ်းချမ်းရလေအောင် လောဘကို
သမလောဘ
လောဘကို

နှင့်

ဝိသမလောဘဟု

ရှောင်ဖယ်ကြရန်

လေသည်။
ကိုယ့်ဆွေမျိုး

လောဘ
ကိုယ့်လူမျိုး

နှစ်မျိုးခွဲ၍

ပညာရှိတို့

တွန်းအားဖြင့်

ဝိသမ

လမ်းညွှန်ကြ

ကိုယ့်မိသားစု

ကိုယ့်နိုင်ငံကို

မြှင့်တင်ရာ၌

သူ့မိသားစု သူ့ဆွေမျိုး သူ့လူမျိုး သူ့နိုင်ငံကို မထိပါးလျှင်
သမနည်း သမလောဘ မည်၏။ ထိုလောဘကို ပုထုဇဉ်တို့
မပယ်နိုင်ပေ။
ထိပါးလျှင်

ကိုယ်ကောင်းစားဖို့
ဝိသမနည်း

ကြိုးစားရာ၌

ဝိမသလောဘ

သူ့ကို
မည်၏။

ထိုလောဘကို ပုထုဇဉ်ပင် ဖြစ်သော်လည်း သူတော်ကောင်း
တို့

ပယ်နိုင်၏။

ထိုလောဘမျိုး

မရှိသင့်ပေ။

ထို

ဝိသမလောဘ ကင်းငြိမ်းမှ လောက ငြိမ်းချမ်းပေလိမ့်မည်။
ပထမအဆင့်
ဝိသမလောဘ၊
ပယ်ကြရပေမည်။

အနေဖြင့်

လောကကို

သမုဒယသစ္စာ
ဝိသမလောဘ

ထိပါးသော
အကြမ်းစားကို

လုံးဝ

မဖြစ်အောင်

ကြိုးစားရင်း

အမည်အမျိုးမျိုး

တည်ရှိနေသော

လောဘမှန်သမျှ၊

အဆင့်အမျိုးမျိုးဖြင့်
သမုဒယသစ္စာ

အားလုံးကို တဖြည်းဖြည်း ပါးသည်ထက် ပါးအောင် ခွာ၍

နောက်ဆုံး အမြစ်ပြတ် သုတ်သင် ပစ်နိုင်အောင် သဒ္ဓါ
ဝီရိယ သတိ သမာဓိ ပညာ စွမ်းအားတို့ဖြင့် နေထိုင်
ရှင်သန်ကြရပေမည်။

နိရောဓသစ္စာ

နိရောဓဟူသော

ပါဠိစကားမှာ

ချုပ်ငြိမ်းခြင်းဟု

အဓိပ္ပာယ်ရ၏။ သစ္စာဟူသည် အမှန်တရား ဖြစ်ပေသည်။
ထို့ကြောင့် နိရောဓသစ္စာကို ချုပ်ငြိမ်းခြင်း အမှန်တရားဟု
ဆိုနိုင်သည်။ သို့သော် ပရမတ္ထတရားတို့ သူ့သဘာဝအတိုင်း
ဖြစ်တည်ပြီးနောက် ချုပ်ပျောက်သွားမှု မှန်သမျှကို နိရောဓ
သစ္စာဟု မဆိုရပေ။ တဏှာ၏ ချုပ်ပျောက်ခြင်းကိုသာလျှင်
နိရောဓသစ္စာဟု ခေါ်ဆိုရပေသည်။

တဏှာလောဘ ချုပ်ငြိမ်းခြင်းကို နိရောဓ ဆိုရာ၌ လည်း
လောကီကုသိုလ်များ

ဖြစ်ပေါ်ခိုက်

အချိန်ကာလ

အပိုင်းအခြား တစ်ခုအတွင်း တဏှာလောဘ ငုတ်ကွယ်
ချုပ်ပျောက်

နေခြင်းကို

နိရောဓသစ္စာဟု

မဆိုနိုင်ပေ။

လောကုတ္တရာမဂ်ဖြင့်
သောကြောင့်

အကြွင်းမဲ့

နောက်ထပ်တစ်ဖန်

တဏှာချုပ်ငြိမ်းသွားမှုကိုသာ

ပယ်သတ်အပ်
ပြန်မဖြစ်ခြင်းမျိုးဖြင့်

နိရောဓသစ္စာဟု

ဆိုရပေ

သည်။

တဏှာကို

အကြွင်းမဲ့

ပယ်သတ်နိုင်သည်နှင့်

လုံးဝ

အေးငြိမ်းသော နိဗ္ဗာန်ချမ်းသာကို အပြည့်အ၀ သိမြင်ခံစား
မျက်မှောက်ပြုနိုင်၏။
နိဗ္ဗာန်သာ

ဖြစ်၏။

တဏှာအကြွင်းမဲ့
ထို့ကြောင့်

ချုပ်ရာသည်

အမြင့်မြတ်ဆုံးဖြစ်သော

နိဗ္ဗာန်သည်သာ မုချအားဖြင့် နိရောဓသစ္စာ မည်ပေသည်။
တဏှာအကြွင်းမဲ ချုပ်ရာ နိဗ္ဗာန်သည်သာ နိရောဓ သစ္စာ
ဖြစ်သောကြောင့်
နိုင်ကြသေးသော

တဏှာကို

အကြွင်းမဲ့

ပုထုဇဉ်တို့မှာ

မပယ်သတ်

နိရောဓသစ္စာကို

တိတိကျကျ မသိမြင်နိုင်ကြပေ။ နိဗ္ဗာန်ကို ပန်းတိုင်အဖြစ်

မှတ်ယူထားကြသော ဗုဒ္ဓဘာသာဝင်တို့မှာ ထိုပန်းတိုင်ကို
သွေဖီ၍လည်း မရပေ။ နိဗ္ဗာန်ကို နောက်ဆုံး ပန်းတိုင်အဖြစ်
သတ်မှတထ
်ားသော ဗုဒ္ဓဘာသာဝင်တို့ အတွက် အရေး
ကြီးသော
ကိုယ်ကျ

ပြုဖွယ်ကိစ္စမှာ

နိဗ္ဗာန်ချမ်းသာကို

သိမြင်ခံစားနိုင်ရန်၊

ကိုယ်တိုင်

တဏှာလောဘကို

သုတ်သင်ပယ်ရှားရန်သာ ဖြစ်ပေသည်။

ထို့ကြောင့်

နိဗ္ဗာန်ချမ်းသာကို

ကိုယ်တွေ့

သိကြပြီးသော

ဘုရား ရဟန္တာ အရိယာ သူတော်စင်များ ဟောညွှန်သည့်
အတိုင်းသာ နိဗ္ဗာန်ဟူသော နိရောဓ သစ္စာကို ရမ်းရော်
မှန်းဆ၍

အာရုံပြုကြရပေသည်။

ပုထုဇဉ်ဥာဏ်ဖြင့်

သေချာတပ်အပ် မမြင်အပ် မမြင်ကောင်း မမြင်နိုင်သော
နိဗ္ဗာန်ချမ်းသာကို

မိမိတို့

သိမြင်ခံစားနိုင်သော

ကိုယ်တွေ့ချမ်းသာများဖြင့်သာ ချင့်ချိန်နှိုင်းစာကြရသည်။

သို့သော် နိရောဓသစ္စာ နိဗ္ဗာန်ကား ကိုယ်တိုင် ကိုယ်ကျ
နားလည် သိမြင် ခံစားရသော သစ္ဆိကတကိစ္စ ဖြစ်သည်။
ကြားနာမှတ်သားရုံ၊

နှိုင်းယှဉ်မှန်းဆရုံမျှဖြင့်

နိဗ္ဗာန်၏

ချမ်းသာခြင်း သဘောမှန်ကို အပြည့်အ၀ နားမလည်နိုင်ပေ။
ထို့ကြောင့်

နိဗ္ဗာန်ချမ်းသာကို

တိတိကျကျ

မသိမြင်

သက်ဆိုင်သော

ကိုယ်ပိုင်ဥာဏ်ဖြင့်

မခံစားနိုင်မချင်း

ပြုဖွယ်ကိစ္စများ

နိဗ္ဗာန်နှင့်

ရှိနေပေဦးမည်။

ကလျာဏပုထုဇဉ် ဗုဒ္ဓဘာသာဝင်တို့မှာ နိဗ္ဗာန်နှင့်ဆိုင်သော
တရားတော်များကို

အစဉ်သဖြင့်

နာယူမှတ်သား

နေကြရပေဦးမည်။

နိဗ္ဗာန်နှင့်ဆိုင်သော

သင်္ခန်းစာများကို

အမြဲလေ့ကျင့် ဆည်းပူးနေကြရပေဦးမည်။

နိဗ္ဗာန်ချမ်းသာကို

ကိုယ်တိုင်သိမြင်တော်မူကြသော

ဘုရားရဟန္တာ အရိယာ သူတော်မြတ်တို့သည် နိဗ္ဗာန်ကို
အမည်အမျိုးမျိုး ဥပမာအမျိုးမျိုးဖြင့် ဟောကြားပြသတော်

မူကြသည်။

သစ္စာဒေသနာတော်၌

နိရောဓသစ္စာဟု

ဟောတော်မူ၏။

အမှန်တရား၊

ဒုက္ခချုပ်ငြိမ်းရာ

နိဗ္ဗာန်ကို
ဒုက္ခချုပ်ငြိမ်းခြင်း
အမှန်တရားဟု

အဓိပ္ပာယ်ရပေသည်။

နိဗ္ဗာန်၌

လောကီဘုံသားများ

တွေ့ကြုံခံစားရသော

ဆင်းရဲမှန်သမျှ

ကင်းငြိမ်း၏။

ဓမ္မပဒဒေသနာတော်၌ “နိဗ္ဗာနံ ပရမံ သုခံ၊ နိဗ္ဗာန်သည်
အမြတ်ဆုံးသော ချမ်းသာ”ဟု ဟောတော်မူသည်။

အမြဲမပြတ်

ပြုပြင်ဖန်တီးနေရသည့်

သင်္ခါရလောက၌

ရှင်သန်နေကြရသော

ပုထုဇဉ်တို့သည်

ပြုပြင်မှုကင်း၍

အသင်္ခတမည်သော

နိဗ္ဗာန်ချမ်းသာကို

တိတိကျကျ

နားမလည်နိုင်ပေ။ အသင်္ခတ နိဗ္ဗာန်သည် ပြုပြင်အပ်သော
သဘောမရှိပေ။ အပြုသဘော မရှိသောကြောင့် အပျက်
သဘောလည်း
ပေါက်ဖွားလာမှုနှင့်

ကင်း၏။

ပြုပြင်ဖန်တီးမှု

ဖြစ်ပေါ်လာသော

ဖြစ်ပေါ်

အရှိအတည်တို့ကို

ခံစားသုံးသပ်၍

အကြမ်းစား

ပတ်သက်နေသော
ဆုံးဖြတ်နိုင်သော
ပြုပြင်ရမှု

အာရုံငါးပါးနှင့်

ခံစားမှုတို့ကိုသာ
သူသူငါငါ

ဆင်းရဲချမ်းသာ

သာမန်လောကသားများမှာ

ဖြစ်တည်လာမှုနှင့်

ကင်းဆိတ်နေသော

တိုက်ရိုက်

ခံစားရမှု

ချုပ်မှုသဘော

ဝေဒနာတို့

နိဗ္ဗာန်အငြိမ်းဓာတ်

မှန်းဆခံစားနိုင်ရန် မလွယ်ကူပေ။

ကာမဂုဏ်၌ နစ်မြုတ်နေသော သတ္တ၀ါတို့ကို ကာမဂုဏ်
အနှောင်အဖွဲ့မှ

ကင်းလွတ်ရာ

နိဗ္ဗာန်ချမ်းသာအကြောင်း

ဟောပြရန် မလွယ်ကူကြောင်း ဘုရားရှင် ကိုယ်တော်တိုင်
လည်း

သိမြင်တော်မူခဲ့ပေသည်။

မွေ့လျော်သော

သတ္တ၀ါ

“ကာမဂုဏ်၌

အပေါင်းတို့ကို

နိဗ္ဗာန်ချမ်းသာ

အကြောင်း

ဟောပြလျှင်

ပင်ပမ်းရုံသာ

မဟောဘဲ

ကြောင့်ကြမဲ့

နေတော့မည်”ဟု

ဖြစ်ခဲ့သေးသည်။

ဘုရားရှင်၏

ရှိမည်။

တရား

အကြံတော်

အကြံတော်ကိုသိသော

သဟမ္ပတိဗြဟ္မာကြီးသည် ဘုရားရှင်ကို တရားဟောတော်မူ
ရန် တောင်းပန် လျှောက်ထားခဲ့ရသည်။ ထိုတောင်းပန်မှုကို
အသိအမှတ် ပြုသောအားဖြင့်လည်းကောင်း၊ ဥာဏ်မျက်စိ၌
ကိလေသာမြူ အညစ်အကြေး နည်းပါးသော သတ္တ၀ါတို့
အကျိုးများစေခြင်းငှာလည်းကောင်း

နိဗ္ဗာန်ရောက်ကြောင်း

အကျင့်တို့ကို ဟောတော်မူခဲ့သည်။

နိဗ္ဗာန်ရွှေမြို့၊ အမြိုက်စခန်း၊ နိဗ္ဗာန်နန်း၊ နိဗ္ဗာန်ဆိပ်ကမ်း၊
နိဗ္ဗာန်အောင်ပန်းစသော တင်စားမှုများသည်လည်း ပုထုဇဉ်
တို့ မြင်သာသော အသုံးအနှုံးများ ဖြစ်ပေသည်။ သုံးဆောင်
ခံစားဖွယ်ရာများ

အစစ

ဌာနစခန်းကြီးတစ်ခု
ကိုယ်စိတ်နှစ်ပါး
ဥပမာများ

ပြည့်စုံသည့်

မြို့ကြီးတစ်မြို့

တစ်ခု၌ နေထိုင်ကျက်စားခွင့် ရလျှင်

သက်သာချမ်းမြေ့သည်။

ဖြစ်သော်လည်း

ဤသို့သော

(မြင်သာသော
တင်စားမှုများ

ကြောင့်

နိဗ္ဗာန်ကို

ဘုံဌာနတစ်ခုအဖြစ်

အထင်မှား

နေတတ်ကြသည်။)

ထို့ပြင်

အသိခက်သော

ဥာဏ်အရာ

နိဗ္ဗာန်ချမ်းသာကို

ကိုယ်တိုင် သိမြင်ခံစားနိုင်သော ကာယိကသုခ လောက
ချမ်းသာများနှင့်
စကားလည်း
ပစ္စည်းများ၊

နှိုင်းစာရာမှ
ဖြစ်ပေါ်လာသည်။

အခြွေအရံ

အကျော်အစောစသော

လောကနိဗ္ဗာန် ဟူသော
ရွှေငွေအသုံးအဆောင်

အသင်းအပင်း၊
ပြည့်စုံမှုများကို

ဂုဏ်သတင်း
ပိုင်ဆိုင်ရလျှင်

လောကနိဗ္ဗာန်ဟု ညွှန်းဆိုကြသည်။ ထိုပြည့်စုံမှုများသည်
တဏှာဖုံးလွှမ်းထားအပ်သော လောကအမြင်၌ ခံစားဖွယ်ရာ
ကောင်းကျိုးချမ်းသာများ

ဖြစ်ကြပေသည်။

ထို့ကြောင့်

လောကနိဗ္ဗာန်ဟူသော စကားသည် နိရောဓသစ္စာ နိဗ္ဗာန်ကို
တပ်အပ်ထင်ထင်

မသိမြင်နိုင်ကြသေးသော

လောကီ

သားတို့အတွက် အလွန်မြင်သာသော တင်စားသုံးနှုံးမှုပင်

ဖြစ်ပေသည်။ သို့သော် ထိုထို လောကချမ်းသာ များထက်
လောကုတ္တရာ

နိဗ္ဗာန်ချမ်းသာက

အဆများစွာ

သာလွန်

မည်ဟု ဖြည့်စွက်၍ မဆင်ခြင်နိုင်လျှင် ကာမချမ်းသာကို
အလွန်
ဟူသော

တန်ဖိုးထားသည့်

ကာမသုခလ္လိကာနုယောဂ

တစ်ဘက်စွန်းသို့

ပျက်ခြင်းအဆုံးရှိသော

ရောက်သွားနိုင်ပေသည်။

ကာမချမ်းသာကို

အထင်ကြီး

ကိုးစားနေလျှင် မပျက်မစီး အမြဲတည်သောချမ်းသာ၊ နိစ္စ
ထာဝရ ဓူဝ သဘောရှိသော နိဗ္ဗာန်နှင့် လွဲချော်သွားပေမည်။
နိဗ္ဗာန်နှင့်

အလှမ်းဝေးသော

နားလည်နိုင်သော
အကြိုက်

တဏှာဖြင့်
တဏှာကင်းမှု

ချမ်းသာခြင်းများသည်

တဏှာ၏

ဓာတ်စာတို့သာ

လောကီသားတို့

အစာအာဟာရ

ဖြစ်ကြကုန်သည်။

ခံစားကောင်းသော
ဝိရာဂတရား၊

နိရောဓတရားသာ ဖြစ်ပေသည်။

တဏှာ၏
တဏှာ၏

နိဗ္ဗာန်ချမ်းသာကား
အရာ

မဟုတ်ပေ။
တဏှာချုပ်မှု

တဏှာလောဘ ချုပ်ငြိမ်းမှုကို နိရောဓသစ္စာ ဆိုသော်လည်း
နိရောဓသို့ ဆိုက်ရောက်လျှင် လောဘသာမက ကိလေသာ
မှန်သမျှ

ချုပ်ငြိမ်းသွားပေသည်။

ကိလေသာ

မြူအညစ်အကြေး

ပုထုဇဉ်တို့သည်

မိမိတို့၏

နိဗ္ဗာန်ချမ်းသာ၌
လုံးဝ

ကင်းစင်၏။

လောကီကုသိုလ်

အစွမ်းဖြင့်

လောဘ ဒေါသ မောဟ မာနစသော စိတ်၏အညစ်အကြေး
ကိလေသာများကို အခိုက်အတန့် ပယ်ခွာထားနိုင်ကြသည်။
အခိုက်အတန့်ပင်

ဖြစ်စေ

ကင်းစင်သော

ပကတိ

ဆောင်ကြဉ်း

ပေးနိုင်၏။

ကိလေသာ

အညစ်အကြေး

စိတ်သည်

ချမ်းသာသုခကို

ကုသိုလ်ပြုခိုက်

ကိလေသာ

ကင်းနေသောအခါ ခံစားရသော အခိုက်အတန့် ချမ်းသာနှင့်
နှိုင်းစာ၍

ကိလေသာ

ချမ်းသာဖြစ်သော

လုံးဝကင်းရာ

နိရောဓသစ္စာ

အာရုံပြုနိုင်ကြပေသည်။

နိဗ္ဗာန်ကို

အမြတ်ဆုံး
မှန်းဆ

အဆင်း

အသံ

အနံ့

အရသာ

အတွေ့အထိဟူသော

ဝတ္ထုအာရုံ ကာမဂုဏ်တို့သည် လောဘစသော ကိလေသာ
ကာမတို့ ပျော်မွေ့ရာ ဖြစ်ပေသည်။ ထိုအာရုံများ အပေါ်၌
လောဘဖြင့်

စွဲလမ်းကြသည်။

ငြှိုးဖွဲ့ကြသည်။

ဒေါသဖြင့်

တပ်မက်ဖွယ်

လောဘဖြင့်

ရန်လို

အာရုံတစ်မျိုးမျိုးကို

တပ်မက်စွဲလမ်းမိလျှင်

သာယာဖွယ်

ထင်ရသော်လည်း ချမ်းသာခြင်း အစစ်အမှန် မဟုတ်ပေ။
လောကချမ်းသာ၏
အာရုံကို

ပိုင်ဆိုင်နိုင်အောင်

အားထုတ်ရသော
ခံစားမှုများ

ပတ်ဝန်းကျင်၌

တောင့်တအပ်သော

သုံးဆောင်ခံစားနိုင်အောင်

ပရိယေသနဒုက္ခ၊

ပိုင်ဆိုင်မှု

ကျဆုံးပျောက်ပျက်မသွားအောင်

ထိန်းသိမ်းထားရသော
ဝိုင်းအုံနေပေသည်။

အာရက္ခဒုက္ခစသော

လက်ရှိ
ဆုပ်ကိုင်
ဒုက္ခမျိုးစုံ

တွေ့ကြုံရသော အာရုံကို မစွဲလမ်းဘဲ လောဘတဏှာကို
ထိန်းချုပ်ထားနိုင်လျှင် သို့မဟုတ် နှစ်သက်ဖွယ် အာရုံနှင့်
ရှောင်ခွာနေနိုင်လျှင် ငြိမ်းချမ်း၏။ အာရုံကို မရှောင်ခွာနိုင်သူ
အာရုံအပေါ်၌

ယောနိသောမနသိကာရဖြင့်

သဘောမထားနိုင်သူတို့အတွက်

သင့်ရုံမျှရုံ

ပတ်ဝန်းကျင်၌

ရှိရှိသမျှ

အာရုံတို့သည် ကိလေသာ ဖြစ်ပေါ်ကြောင်းများသာတည်း။
နိဗ္ဗာန်ရရေး

အားထုတ်ရာ၌

ကြုံရသော

ယောနိသောမနသိကာရဖြင့်
အလေ့အလာများ၍
ရှုမြင်နိုင်၏။

အာရုံကို

ရှုမြင်ရန်

မလွယ်ပေ။

ဥာဏ်ရင့်ကျက်မှု

ရှိမှသာလျှင်

ထို့ကြောင့်

ကိလေသာ

ဖြစ်ပေါ်အောင်

နှိုးဆွနိုင်သော အာရုံးဆိုးများကို ရှောင်ခွာနေသင့်၏။

ပင်ကိုယ်သဘာဝအားဖြင့်
နေသော

လောကီသားတို့

တွေ့လိုက်သည်နှင့်

ကိလေသာတို့နှင့်
သန္တာန်၌

ကိလေသာ

ပြည့်နှက်
အာရုံတစ်ခုခု

တစ်မျိုးမျိုး

ဖြစ်ပေါ်

လာပေမည်။ ထို့ကြောင့် တောထွက်ခြင်း အလေ့အကျင့်ဖြင့်
ကိလေသာမှာ

ဖယ်ရှောင်ကာ

ငြိမ်းချမ်းမှု

ရရှိအောင်

ကြိုးပမ်းကြလေသည်။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည်
ကိလေသာနှိုးဆွသော လောကီအာရုံ လောကီ စည်းစိမ်
ချမ်းသာ

အားလုံးတို့ကို

ကိလေသာ

စွန့်ခွာ၍

အားလုံးတို့ကို

တောထွက်ခဲ့သည်။

အမြစ်ပြတ်

သုတ်သင်ပြီး

သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူပြီးသော အခါ၌
လည်း

လောကီအာရုံတို့မှ

နေတော်မူလေ့

ကင်းဆိတ်ရာ၌

ရှိပေသည်။

ဝတ္ထုကာမ

သီတင်းသုံး
လောကီ

အာရုံတို့သည် ဘုရားရှင်အတွက် ကိလေသာဖြစ်ကြောင်း
မဟုတ်သော်လည်း ဘုရားရှင်သည် အာရုံတို့မှ ရှောင်ခွာပြီး
ကာယ၀ိဝေကဖြင့် ဆိတ်ငြိမ်စွာ နေတော်မူလေ့ ရှိပေသည်။

“တစ်ယောက်တည်း
တစ်ယောက်တည်း

နေခြင်း

စားခြင်းကိုလည်းကောင်း၊

အိပ်ခြင်းကိုလည်းကောင်း

ပြုရာ၏။

တစ်ယောက်တည်း

မပျင်းမရိ

တစ်ယောက်တည်း
တောအုပ်၌

မိမိကိုယ်ကို

မွေ့လျော်ရာ၏”ဟု

ကျင့်လော့။
ဆုံးမသည်ဖြစ်၍

ဓမ္မပဒ၌

ဟောတော်မူ

ပေသည်။ တစ်ကိုယ်တည်း နေ၍ ဧကစာရီ ကျင့်သုံးခြင်းကို
နိဗ္ဗာန်ရောက်ကြောင်း၊
သိမြင်ကြောင်း

နိရောဓသစ္စာကို

နည်းကောင်းတစ်ခု

ထိုးထွင်း

အဖြစ်

ညွှန်ကြား

တော်မူခဲ့ပေသည်။

နိရောဓသစ္စာ

နိဗ္ဗာန်နှင့်

အလှမ်းဝေးသေးသော

ဗုဒ္ဓဘာသာဝင် ကလျာဏ ပုထုဇဉ်တို့သည် ဘုရား ရဟန္တာ
အရိယာသူတော်စဉ်တို့၏
မိမိတို့

သက်ဝင်နိုင်သော

ဖြင့်လည်းကောင်း

လမ်းညွှန်မှုဖြင့်လည်းကောင်း၊
ပုထုဇဉ်ဥာဏ်နှင့်

နိရောဓသစ္စာ

စိတ်ညွတ်ကြကုန်ရာ၏။

မှန်းဆခြင်း

နိဗ္ဗာန်ကို

အစဉ်

တွေ့ကြုံရသော ကာအာရုံများကို ကိလေသာဖြင့် မကပ်ငြိဘဲ
နေခြင်းဖြင့် လည်းကောင်း၊ ကိလေသာကို နှိုးဆွနိုင်သည့်
လောကီအာရုံများမှ

ရှောင်ခွာနေခြင်းဖြင့်

လည်းကောင်း

နိရောဓသစ္စာ နိဗ္ဗာန်ချမ်းသာကို သိမြင်ခံစား မျက်မှောက်
ပြုနိုင်အောင် ကြိုးပမ်းကြကုန်ရာသတည်း။

http://mrmrt.blogspot.com/