You are on page 1of 38

အပိုင်း (၁

)
တရားရှုမှတ်တယ်ဆိုတာ

ဖြစ်ပါတယ်။
ရောက်နိုင်ဖို့

တရားရှုမှတ်ရာမှာ

ရှုပ်ထွေးတဲ့

သဘာဝအတိုင်း

လွှတ်ပေးလိုက်တာ

တည်ငြိမ်တဲ့

ဗဟိဒ္ဓလောကကို

အဇ္ဈတ္တလောကကို

လွှတ်ပေးလိုက်ပါတယ်။

ဘာသာတရား အားလုံးနဲ့ များစွာသော ဓလေ့ထုံးတမ်းတွေမှာ ဒီရှုမှတ်မှုကို
“သန်စ
့ င်ပြီး

စွမ်းအားပြည့်ဝတဲ့

စိတ်ကို

ရရှိဖို့

နည်းလမ်း”အဖြစ်

သိကြပါတယ်။ လောကကလွတ်မြောက်တဲ့၊ စင်ကြယ်တဲ့ ဒီစိတ်ကို တွေ့ကြုံ
ခံစားလိုက်ရတာဟာ

အံ့သြစရာ

ကောင်းပါတယ်။

နှစ်သက်စရာလည်း

ကောင်းပါတယ်။
တရားအားထုတ်ရာမှာ အစပိုင်းတော့ အခက်အခဲတွေ ရှိပါလိမ့်မယ်။
ဒါပေမယ့်

အဲဒီ

အခက်အခဲက

အလွန်လှပပြီး

အဓိပ္ပာယ်

ပြည့် ၀တဲ့

အခြေအနေတွေဆီ ဦးဆောင်သွားလိမ့်မယ်လို့ နားလည်ပြီး အခက်အခဲကို
သည်းခံစိတ်လည်း ရှိလာပါလိမ့်မယ်။ အားထုတ်ရကျိုး နပ်ပါလိမ့်မယ်။
အားစိုက်မှု

မရှိဘဲ

မတိုးတက်နိုင်ဘူးဆိုတဲ့

အချက်ဟာ

သဘာဝနိယာမ ဖြစ်ပါတယ်။ လူပဲဖြစ်ဖြစ် ရှင်ရဟန်းပဲဖြစ်ဖြစ် အားထုတ်မှု
မပါဘဲနဲ့

ဘာမှ

မရနိုင်ပါဘူး။

ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ပေါ့။
မလုံလောက်သေးပါဘူး။

တရား

ရှုမှတ်ရာမှာပဲဖြစ်ဖြစ်၊

အားစိုက်မှု

အားစိုက်မှုမှာ

တစ်ခြား

တစ်ခုတည်းနဲ့လည်း

ကျွမ်းကျင်မှုပါဖို့

လိုပါတယ်။

ဆိုလိုတာက စွမ်းအင်ကို နေရာမှန်ဆီ ဦးတည်ပေးလိုက်ဖို့နဲ့ သူ့တာဝန်
မပြီးဆုံးမချင်း အဲဒီ နေရာမှန်မှာပဲ ဆက်လက်

ထားရှိဖို့ ဖြစ်ပါတယ်။

ကျွမ်းကျင်တဲ့ အားစိုက်မှုက ဟန့်တားတာ၊ နှောင်ယှက်တာမျိုး မရှိပါဘူး။

နက်နဲတဲ့

ကမ္မဋ္ဌာန်းရဲ့

လှပတဲ့

ငြိမ်းချမ်းမှုကိုသာ

ထုတ်လုပ်ဖန်တီး

ပေးပါတယ်။
အားစိုက်မှုကို

ဘယ်နေရာမှာ

ဦးတည်ပေးရမလဲဆိုတာ

သိနိုင်ဖို့

တရားရှုမှတ်မှုရဲ့ ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း သိနားလည်ထားရပါမယ်။
တရားရှုမှတ်မှုရဲ့ ပန်းတိုင်ဟာ လှပတိတ်ဆိတ်တဲ့ စိတ်ဓာတ်၊ တည်ငြိမ်ပြီး

သန့်စင်တဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။ အဲဒီပန်းတိုင်ကို သိနားလည်တယ်ဆိုရင်
အားစိုက်ရမယ့်

နေရာနဲ့

ပန်းတိုင်

နည်းလမ်းဟာ

တကယ့်ကို

ရောက်အောင်

အားထုတ်ရမယ့်

ထင်ရှားလာပါတယ်။

သဘာဝအတိုင်း

လွှတ်ပေးထားလိုက်ဖို့၊ စွန့်လွှတ်ဖို့ အလားအလာရှိတဲ့ စိတ်ကို ဖွံ့ဖြိုးအောင်
လုပ်ဖို့ အားစိုက်ရပါတယ်။
ဗုဒ္ဓရှင်တော်မြတ်
တရားများစွာထဲက
(တရားရှုမှတ်မှုရဲ့
ယောဂီမျိုးဟာ

မိန့်တော်မူခဲ့တဲ့၊
တစ်ခုကတော့

ပန်းတိုင်)

အလွန်

သမာဓိ

အမင်း

ရိုးရှင်းပေမယ့်

လေးနက်တဲ့

“စွန့်လိုစိတ်

ရှိတဲ့သူဟာ

ရလွယ်ပါတယ်”

ငြိမ်းချမ်းတဲ့

အဇ္ဈတ္တ

တဲ့။

ဒီလို

အခြေအနေကို

အလိုအလျောက်နီးပါး ရရှိပါတယ်။ ဗုဒ္ဓရှင်တော်မြတ် ဟောတော်မူတာက
လေးနက်တဲ့ ကမ္မဋ္ဌာန်းကို ရောက်ဖို့၊ စွမ်းအင် ပြည့်ဝတဲ့ အခြေအနေကို
ရောက်ဖို့ အဓိက အကြောင်းဟာ စွန့်လွှတ်လိုခြင်း၊ သဘာဝအတိုင်း ဖြစ်ခွင့်
ပေးလိုက်ခြင်းနဲ့ စွန့်လွှတ်လိုက်ခြင်း ဖြစ်ပါတယ်တဲ့။
အားထုတ်နေတဲ့

ကာလအတွင်းမှာ

စုဆောင်းသိုမှီးတဲ့စိတ်၊

ပစ္စည်းဝတ္ထုတွေအပေါ် ဆုပ်တွယ်ထားတဲ့ စိတ်ကို တိုးပွားအောင်လုပ်မှာ
မဟုတ်ပါဘူး။

စွန့်လွှတ်တဲ့စိတ်၊

ဝန်ထုပ်တွေ

ချပစ်လိုက်တဲ့စိတ်ကို

ဖွံ့ဖြိုးအောင်ပဲ လုပ်ရပါမယ်။ ကမ္မဋ္ဌာန်းရဲ့ အပြင်ဘက်မှာတော့ လေးလံတဲ့
အထုပ်အပိုးလိုမျိုး

တာဝန်ဝတ္တရား

ထမ်းရွက်ထားရပါတယ်။

ဝန်ထုပ်များစွာကို

တရားစခန်းမှာတော့

သယ်ဆောင်

ဝန်စည်စလယ်တွေ

တတ်နိုင်သလောက်
ကိုယ့်ကို

လျှော့ချထားရဲ့လားလို့

အပေါ်ကနေ

ဝန်ထုပ်ဝန်ပိုးတွေလို့

ဖိချထားတဲ့၊
မှတ်လိုက်ပါ။

စွန့်ပစ်လိုက်ရင်းနဲ့ပဲ

အချိန်စီးတဲ့
သူတို့ကို

မှန်ကန်တဲ့

ဒီသဘောထား၊

တကယ့်
ပြန်မကြည့်ဘဲ

အဲဒီပစ္စည်းတွေကို

လွှတ်ပေးလိုက်ဖို့အတွက်
ဒီအားစိုက်မှု၊

ဆန်းစစ်ကြည့်လိုက်ပါ။

သဘာဝအတိုင်း

သဘောထား

စွန့်လွှတ်မှုဆီ

ရရှိပါတယ်။

ဦးတည်တဲ့

စိတ်ရဲ့

ဒီပြောင်းလဲမှုက နက်ရှိုင်းတဲ့ ကမ္မဋ္ဌာန်းဆီ ပို့ပေးပါလိမ့်မယ်။
တရားစခန်းရဲ့ ပထမဆုံး အဆင့်တွေမှာပဲ စွန့်ခွာမှု နေက္ခမ္မစွမ်းအင်ကို
ထုတ်လုပ်နိုင်ရဲ့လား၊ ပစ္စည်း ဝတ္ထုတွေကို စွန့်ပစ်လိုစိတ် မွေးနိုင်ရဲ့လား
ဆန်းစစ်ကြည့်ပါ။
နည်းနည်းချင်း

လွှတ်ပေးလိုက်တဲ့

ပေါ်လာပါလိမ့်မယ်။

စွန့်လိုက်တဲ့အခါ
ဝန်ထုပ်ဝန်ပိုးတွေ

ပိုပြီး

သဘာဝဟာ

စိတ်ထဲမှာ

ပေါ့ပါးလာတာကို

ကင်းသွားပါမယ်။

နည်းနည်းချင်း

ပစ္စည်းဝတ္ထုတွေကို
ခံစားရပါလိမ့်မယ်။

လွတ်လပ်သွားပါမယ်။

ကမ္မဋ္ဌာန်း

တရားလမ်းစဉ်မှာ ဒီလို ပစ္စည်းဝတ္ထုတွေကို စွန့်လွှတ်ခြင်းဟာ သူ့အဆင့်နဲ့သူ
တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပေါ်လာပါတယ်။
ဒီအခြေခံ အဆင့်ကို မြန်မြန်လေး ကျော်လိုက်ချင်ရင်လည်း ရပါတယ်။
ဒါပေမယ့် အဲဒီလို ကျော်တယ် ဆိုရင်တော့ သတိရှိပါစေ။ တစ်ခါတစ်ခါ
အခြေခံ အဆင့်တွေကို မြန်မြန်ကျော်လိုက်ရင် အခြေခံ မဲ့နေတတ် ပါတယ်။
အလွန်အားနည်းပြီး

အလျင်စလို

အိမ်ဆောက်တာနဲ့

တူနေပါတယ်။

ပြုလုပ်ထားတဲ့

အုတ်မြစ်ပေါ်မှာ

အဆောက်အဦဟာ

မြန်မြန်

တက်သွားပေမယ့် မြန်မြန် ပြိုကျတတ်ပါတယ်။ သန်သန်မာမာ ခိုင်ခိုင်မြဲမြဲ
ပြုလုပ်ထားတဲ့ အခြေခံနဲ့ ပထမအဆင့်မှာ အချိန်ယူခြင်းဟာ ပညာသား

ပါပါတယ်။ အထက်အထက်က ကျေနပ်နှစ်သက်စရာ ကမ္မဋ္ဌာန်း အဆင့်တွေ
ရောက်တဲ့အခါမှာ
နေပါလိမ့်မယ်။

အထက်အဆင့်

တွေဟာလည်း

တည်ငြိမ်

ခိုင်မြဲ

ဘုန်းကြီးတို့
အနာဂတ်က

သင်ပြပေးတဲ့

ကမ္မဋ္ဌာန်းနည်းမှာတော့

ဝန်စည်စလယ်

အထုပ်အပိုးတွေကို

အတိတ်နဲ့
စွန့်လွှတ်တဲ့၊

အလွန်ရိုးရှင်းတဲ့ အဆင့်က စတာကို ကြိုက်ပါတယ်။ ဒီကိစ္စဟာ အခြေခံ
ကျလွန်းတယ်၊ အလွန်လွယ်ကူတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ပစ္စုပ္ပန်
အခိုက်အတန့်မှာ အာရုံစိုက်ခြင်း ဖြစ်တဲ့ ပထမ ပန်းတိုင်ကို စနစ်တကျ

မရောက်သေးခင် အထက်အဆင့်ကို လှမ်းမကျော်ဘဲ အခြေခံ အဆင့်မှာ
အင်အားအပြည့် ထည့်လိုက်ရင် အထက်အဆင့်အတွက် အလွန်ခိုင်မာတဲ့
အခြေခံကို

တည်ဆောက်

ထားလိုက်ပြီလို့

နောက်ကျတော့

နားလည်လာပါလိမ့်မယ်။
အတိတ်ကို
ကိုယ့်မိသားစု၊

စွန့်လွှတ်ခြင်းဆိုတာ

ကိုယ်လုပ်နေတဲ့

ကိုယ်ဆောင်ရွက်ရမယ့်

ကိစ္စ၊

အလုပ်၊

ကိုယ့်တာဝန်ဝတ္တရား၊

ကိုယ့်သမိုင်းကြောင်း၊ ကလေးဘဝက ကိုယ်ကြုံခဲ့ရတဲ့ ကာလဆိုးကောင်း၊
ဒါတွေ

ကိုတောင်

ထည့်မစဉ်းစားတာ

ဖြစ်ပါတယ်။

အတိတ်က

အတွေ့အကြုံတွေကို လုံးဝ စိတ်မဝင်စားတော့ဘဲ စွန့် လွှတ်လိုက်တာ
ဖြစ်ပါတယ်။ တရားအားထုတ်နေတဲ့ အချိန်မှာ သမိုင်းကြောင်း မရှိတဲ့သူ
ဖြစ်လာပါတယ်။
မိဘတွေက

ဘယ်က

ဘယ်သူ၊

လာခဲ့တယ်၊

ဘယ်လို

ဘယ်မှာ

မွေးဖွားခဲ့တယ်၊

ကြီးပျင်းခဲ့ရတယ်

ဆိုတာတောင်

ထည့်မစဉ်းစား ပါနဲ့တော့။ အဲဒီ သမိုင်းကြောင်းတွေကို တရားအားထုတ်တဲ့
အခါမှာ

စွန့်ပစ်လိုက်ရပါတယ်။

သူတွေဟာ
ဖြစ်ကြပါတယ်။

ဒီနည်းအားဖြင့်

တူညီလာကြပါတယ်။
ယောဂီ

ဘယ်လောက်ကြာကြာ

အဟောင်းပဲ

တရားအားထုတ်တဲ့

အားထုပ်သူ
ဖြစ်ဖြစ်၊

အားထုတ်ဖူးပြီ

ယောဂီတွေသာ

အသစ်ပဲ

ဖြစ်ဖြစ်ပေါ့။

ဆိုတာဟာ

အရေး

မကြီးတော့ပါဘူး။ အဲဒီ သမိုင်းကြောင်းကို စွန့်လိုက်နိုင်ရင် အားလုံးဟာ
တူမျှပါတယ်။ လွတ်လပ်ပါတယ်။

အားလုံးကို

ထိန်းချုပ်

လွတ်ပေးလိုက်ခြင်းကနေ
မဖွံ့ဖြိုးနိုင်အောင်
အမြင်တွေ၊

ကန့်သတ်ထားတဲ့၊

ဖြစ်ပေါ်လာမယ့်

တားမြစ်ထားတဲ့

တွေးထင်မှုတွေကနေ

ကြိုးစားနေကြတာ

ဖြစ်ပါတယ်။

သဘာဝအတိုင်း

ငြိမ်းချမ်းမှုကို

စိုးရိမ်ပတ်သက်မှုတွေ၊

လွတ်မြောက်အောင်

နောက်ဆုံးမှာ

မတိုးတက်
သဘောထား

ကိုယ်တိုင်

ကိုယ့်သမိုင်းကြောင်း

အစိတ်အပိုင်း အားလုံးကို လွှတ်ပစ်လိုက်ရပါမယ်။ တရား အားထုတ်တဲ့
အချိန်အထိ

ဖြစ်ခဲ့တဲ့

အဖြစ်အပျက်၊

အခုလေးတင်

ဖြစ်ပေါ်ခဲ့တဲ့

အမှတ်သညာကိုတောင် လွှတ်ပေးလိုက်ရပါတယ်။
ဒီနည်းအားဖြင့်

အတိတ်က

ဝန်ထုပ်ကို

ပစ္စုပ္ပန်ထိ

သယ်မလာတော့ပါဘူး။ အခုလေးတင် ဘာဖြစ်ခဲ့သလဲ ဆိုတာ စိတ်မဝင်စား

တော့ပါဘူး။ လွှတ်ပေးလိုက်ပါတယ်။ အတိတ်ကို စိတ်မှာ ပဲ့တင်အထပ်
မခံပါဘူး။ စိတ်ဟာ အရူးထောင်မှာ စိတ်ဝေဒနာရှင်တွေ ထိခိုက်နာကျင်မှု
မဖြစ်ရအောင်

စီမံထားတဲ့

ဘယ်လိုသဘောထား

နံရံပျော့ပျော့

အခန်းလို

ဖြစ်လာပါတယ်။

ဘယ်လိုတွေးထင်မှုမျိုးပဲ

ဖြစ်ပေါ်လာပါစေ

နံရံပျော့ပျော့မှာ ဝင်တိုက်မိ ပါတယ်။ ပြန်ပြီး ကန်ထွက် မလာတော့ပါဘူး။
နံရံပျော့မှာ နစ်မြုတ်ပြီး အဲဒီမှာတင် ရပ်တန့် သွားပါတယ်။
ဒါကြောင့်

အတိတ်ကို

စိတ်မှာ

ပဲ့တင်ထပ်ခွင့်

မပေးပါဘူး။

မနေ့တစ်နေ့က အတိတ်တင် မကပါဘူး ပြီးခဲ့တဲ့ အချိန်တွေ အားလုံးကို
ခွင့်မပေးတာပါ။ ဘာကြောင့်လဲ ဆိုတော့ ဝန်မရှင်း တာတွေကို ပယ်စွန့်
နေကြတာ၊

သဘာဝအတိုင်း

လွှတ်ပေးလိုတဲ့

စိတ်ကို

ဖွံ့ဖြိုးအောင်

လုပ်နေကြတာ ဖြစ်လို့ပါပဲ။
အတိတ်ကို

လေ့လာမှု

ကြံစည်ခြင်းအားဖြင့်

ပြုနိုင်တယ်၊

အတိတ်က

အတိတ်ကနေ

ပြဿနာကို

တနည်းနည်းနဲ့

ဖြေရှင်းနိုင်တယ်လို့

တစ်ချို့က ထင်မြင်ယူဆကြပါတယ်။ အတိတ်ကို ကြည့်တဲ့အခါ အမှန်ကို
မမြင်နိုင်ဘူးဆိုတာ

နားလည်ထားသင့်ပါတယ်။

ဘယ်လို

မြင်ရတယ်လို့ပဲထင်ထင် အမှန်တရားဟာ အဲဒီအမြင်နဲ့ လုံးဝ မတူပါဘူး။
ဒါကြောင့်ပဲ

ဘာတွေဖြစ်ခဲ့တယ်ဆိုတာ

အခုလေးတင်က

နာရီဝက်လောက်က
ဆိုပါစို့။

ဖြစ်ခဲ့တာကိုတောင်

ငြင်းခုံနေရပါတယ်။

ငြင်းနေရပါတယ်။

လွန်ခဲ့တဲ့

ယာဉ်တိုက်မှုတစ်ခု

မျက်မြင်သက်သေ

ရိုးသားကြမယ်။

လူတွေ

ဒါပေမယ့်

နှစ်ယောက်ရှိမယ်။

အဲဒီသက်သေ

ဖြစ်ခဲ့တယ်

နှစ်ယောက်လုံး

နှစ်ယောက်ဟာ

တစ်မျိုးစီ

ထွက်ဆိုကြမယ်ဆိုတာ ယာဉ်ထိန်းရဲတွေ သိပါတယ်။
မှတ်ဉာဏ်ဟာ
ဘယ်လောက်

မယုံကြည်လောက်

မယုံရသလဲဆိုတာ

စဉ်းစားမှုမှာ

တန်ဖိုး

စဉ်းစား

ပါဘူး။

မှတ်ဉဏ်ဟာ

ကြည့်ရုံနဲ့တင်

အတိတ်ကို

မထားနိုင်တော့ပါဘူး။

အတိတ်ကို

လွှတ်လိုက်နိုင်ပါတယ်။ သူသေကောင်ကို မြေမြှုပ်လိုက်သလို အတိတ်ကို
မြှုပ်နှံနိုင်ပါတယ်။

ခေါင်းထဲထည့်ပြီး

မြေမြှုပ်သင်္ဂြိုဟ်၊

ဒါမှမဟုတ်

မီးသင်္ဂြိုဟ်လိုက်ပါ။ အတိတ်နဲ့ ပတ်သက်လို့ လုပ်စရာ မရှိတော့ပါဘူး။
အတိတ်ကို

တွယ်မနေပါနဲ့။

ကုန်လွန်ပြီးသား

အခိုက်အတန့်ဆိုတဲ့

အလောင်းကောင်တွေကို စိတ်ထဲမှာ မထားပါနဲ့တော့။ ထားနေသေးတယ်
ဆိုရင်တော့ ကိုယ်မပိုင်တဲ့ ဝန်ထုပ်တွေနဲ့ ညွတ်ကျလေးလံ နေပါလိမ့်မယ်။
အတိတ်ကို

လွှတ်ပေးလိုက်ပါ။

ပစ္စုပ္ပန်မှာ

လွတ်လပ်နိုင်စွမ်း

ရှိလာပါလိမ့်မယ်။
စောင့်မျှော်ခြင်း၊
အနာဂတ်ကိုလည်း
“အနာဂတ်မှာ

စိုးရွံ့ခြင်း၊

အစီအစဉ်နဲ့

လွှတ်ပေးလိုက်ပါ။
ဘာကိုပဲ

မျှော်လင့်ချက်တွေလိုမျိုး

အနာဂတ်နဲ့

မျှော်လင့်ထားထား

ပတ်သက်ပြီး
ဖြစ်လာတာက

မျှော်လင့်ထားတာနဲ့ တစ်ခြားစီ ဖြစ်နေပါလိမ့်မယ်”လို့ ဗုဒ္ဓဟောတော်မူခဲ့
ဖူးပါတယ်။

အနာဂတ်ဟာ

မခန့်မှန်းနိုင်ဘူးဆိုတာ

မသေချာဘူး၊

ပညာရှိတွေ

ကြိုမသိနိုင်ဘူး၊

သိပါတယ်။

ကြိုတင်

အနာဂတ်ကို

ကြိုမျှော်ခြင်းဟာ လုံးဝ မိုက်မဲပါတယ်။

တရားအလုပ်မှာ အနာဂတ်ကို

ကြံစည်ခြင်းဟာ အကြီးအကျယ် အချိန်ဖြုန်းတီးမှု ဖြစ်ပါတယ်။
စိတ်ကို

ရှုမှတ်တဲ့အခါ

တွေ့ရပါလိမ့်မယ်။

စိတ်ဟာ

စိတ်ဟာ

တကယ်

ဆန်းကြယ်တာကို

အံ့ဩစရာ

ကောင်းတာတွေ၊

မျှော်လင့်မထားတာတွေကို လုပ်နိုင်ပါတယ်။ အခက်ကြုံနေရတဲ့၊ ငြိမ်းချမ်းမှု
မရနိုင်တဲ့

ယောဂီ

တွေဟာ

“စိတ်ပျက်စရာ

နောက်တစ်ချိန်တော့

လာပြန်ပြီ”ဆိုတဲ့ အတွေးနဲ့ တရားထိုင်နေရတာမျိုး ရှိတတ်ပါတယ်။ အဲဒီလို
အတွေးမျိုးနဲ့

ထိုင်နေရပေမယ့်လည်း

အထူးအဆန်းတွေ

မျှော်လင့်ချက်ပျောက်ဆုံး၊

ဖြစ်လာပြီး

ငြိမ်းချမ်းတဲ့

ကမ္မဋ္ဌာန်းဆီ

ရောက်သွားတတ်ပါတယ်။
ဆယ်ရက်စခန်း စဝင်တဲ့ လူတစ်ယောက်အကြောင်း မကြာခင်ကပဲ
ကြားမိပါတယ်။

သူဟာ

ပထမဆုံးနေ့မှာ

ခန္ဓာကိုယ်

နာကျင်လွန်းလို့

အိမ်ပြန်ခွင့် တောင်းပါသတဲ့။ “နောက်တစ်ရက်ပဲ နေလိုက်ပါ။ နာကျင်တာ
ပျောက်သွားပါလိမ့်မယ်။

တာဝန်ယူပါတယ်”လို့

ဆရာက

ပြောသတဲ့။

ဒါကြောင့် နောက်တစ်ရက် ဆက်နေလိုက်တာ ပိုပြီး နာကျင်လာလို့ တစ်ခါ
အိမ်ပြန်ခွင့် တောင်းပြန်ပါ သတဲ့။ “နောက်ထပ် တစ်ရက်ထဲပါ။ နာကျင်တာ
ပျောက်သွားပါမယ်”လို့ပဲ
ဆက်နေတော့

ဆရာ့ဆီသွားပြီး
ဆရာကတော့

ပိုဆိုး

ဆရာက

ထပ်ပြောသတဲ့။

လာပြန်သတဲ့။

နာကျင်လွန်းလို့
“နောက်ထပ်

သူ

ကိုးရက်လုံးလုံး

အိမ်ပြန်ဖို့
တစ်ရက်ထဲပါ။

တတိယနေ့

ညနေပိုင်းမှာ

ခွင့်တောင်းတယ်။
နာတာကျင်တာ

ပျောက်သွားပါလိမ့်မယ်”လို့ပဲ ပြောသတဲ့။ နောက် ဆုံးနေ့မှာတော့ လုံးဝ
မျှော်လင့်မထားတာ ဖြစ်ခဲ့ပါသတဲ့။ နံနက်ပိုင်းမှာ ပထမဆုံး စထိုင်တော့
နာကျင်တာ ပျောက်သွားသတဲ့။ ပြန် ပေါ်မလာတော့ဘူးတဲ့။ လုံးဝ နာကျင်မှု
မရှိဘဲ အကြာကြီး ထိုင်နိုင်သတဲ့။ စိတ်ဟာ ဘယ်လောက်ထူးဆန်းတယ်၊
မမျှော်လင့်တဲ့ အကျိုးရလာဒ်ကို ဖြစ်စေတယ်ဆိုတာ သူ အံ့ဩရတာပေါ့။

ဒါကြောင့်

အနာဂတ်ကို

ထူးဆန်းပါတယ်။

သင်

ဘယ်လိုမှ

မသိပါဘူး။

မျှော်လင့်

ဆန်းကြယ်ပါတယ်။

မထားနိုင်တဲ့အရာပါ။

ဒီလို

အတွေ့အကြုံမျိုးက အနာဂတ်ကို မကြံစည်ဖို့၊ မျှော်လင့်ချက်လည်း မထားဖို့
သင့်ကို ဆင်ခြင်တုံပညာနဲ့ သတ္တိ ပေးပါတယ်။
တရားထိုင်ရင်း

“ဘယ်နှစ်မိနစ်

ကျန်သေးသလဲ၊

ဒါကို

ဘယ်လောက်ကြာကြာ သည်းခံရအုံးမလဲ”လို့များ တွေးမိရင် အနာဂတ်မှာ
ကျက်စားနေမိ

ပြန်ပါပြီ။

နာကျင်မှုဟာ

တစ်ခဏအတွင်းမှာ

ပျောက်သွားနိုင်ပါတယ်။ နောက်ထပ် အခိုက်အတန့် တစ်ခုဟာ လွတ်လပ်မှု
ဖြစ်နိုင်ပါတယ်။ ဘာဖြစ်မယ်ဆိုတာ ကြို မမြင်နိုင်ပါဘူး။ တရားစခန်းမှာ

အကြိမ်တွေ အများကြီး ထိုင်ပြီးတဲ့နောက် ဘယ်အကြိမ်မှ မကောင်းဘူးလို့
တစ်ခါတစ်ခါ

အတွေး

ထိုင်တဲ့အခါကျတော့
လွယ်လွယ်ကူကူ
တွေးမိမယ်။

ရောက်နိုင်ပါတယ်။

အရာရာဟာ

ဖြစ်နေပြန်ရော။

နောက်တစ်ခါ

တကယ့်ကို

“ဟုတ်ပြီ။

ထိုင်တော့

ငါ

နောက်တစ်ကြိမ်
ငြိမ်းငြိမ်းချမ်းချမ်း

တရားထိုင်နိုင်ပြီ”လို့

အခက်တွေ့ပြန်ရော။

ဘာတွေ

ဖြစ်နေတာလဲ။
ကြုံခဲ့ဖူးတဲ့ ပထမဆုံး ကမ္မဋ္ဌာန်း ဆရာက တော်တော်ထူးဆန်းတာ
တစ်ခု ပြောခဲ့ပါတယ်။ တရားမှာ မကောင်းတာရယ်လို့ မရှိဘူးတဲ့။ သူ
မှန်တာပေါ့။

မကောင်းဘူးလို့ဆိုတဲ့

ကမ္မဋ္ဌာန်းတွေဟာ

စိတ်ပျက်စရာ

အတွေ့အကြုံ၊ မျှော်လင့်ထားတာတွေနဲ့ မကိုက်ညီတဲ့ အရာသာ ဖြစ်ပါတယ်။
အဲဒီ

တရားဟာ

ပင်ပင်ပန်းပန်း

ကြိုးစားတဲ့အတွက်

ဘာရရမယ်ဆိုတဲ့

အပေးအယူ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။
တနင်္လာနေ့ တစ်နေ့လုံး အလုပ်လုပ်ပြီးတဲ့နောက် အခကြေးငွေ ဘာမှ

မရတဲ့

သူနဲ့

တူပါတယ်။

“ငါ

ဘာအတွက်

လုပ်နေတာလဲ”လို့

သူ

စဉ်းစားတယ်။ အင်္ဂါနေ့ တစ်နေ့လုံး သူ အလုပ် လုပ်ပြန်တယ်။ ဘာမှ
မရသေးဘူး။

နောက်တစ်နေ့လည်း

ကြာသပတေးနေ့တွေမှာလည်း

အဆင်မပြေဘူး။

ပင်ပင်ပန်းပန်း

ဗုဒ္ဓဟူးနေ့၊

လုပ်ရတဲ့အတွက်

ဘာရတယ်လို့ ပြစရာ မရှိဘူး။ လေးရက်ဆက်တိုက် အဆင်မပြေဘူး။
နောက်ပြီး သောကြာနေ့၊ အရင်လိုပဲ အလုပ်လုပ်တယ်။
အလုပ်ရှင်က

လုပ်ခပေးပါ

တယ်။

သူက

“ဟား။

နေ့ကုန်တော့

ဘာလို့

နေ့တိုင်း

အခု

ဥပမာကို

လုပ်ခမရတာလဲ”တဲ့။
တရားထိုင်ချိန်တိုင်း
နားလည်တယ်

ဘာလို့

မဟုတ်လား။

အကျိုးမရတာလဲ။

ကမ္မဋ္ဌာန်းမှာ

သဘောကျ

ကျေနပ်မှုရဖို့၊

အောင်မြင်နိုင်ဖို့ ခက်ခဲပါတယ်။ ငြိမ်းချမ်းဖို့အတွက် ခက်ခက်ခဲခဲ ရှုမှတ်ရင်း
ခွန်အားစုဆောင်းပါ။ ငြိမ်းချမ်းဖို့ အရှိန်ယူပါ။ အရည်အချင်းကောင်းတွေ
လုံလောက်လာတော့
ဝင်ရောက်ပါတယ်။

စိတ်ဟာ
အဲဒါဟာ

ကောင်းမြတ်တဲ့

လုပ်ခရတဲ့နေ့နဲ့

ကမ္မဋ္ဌာန်းဆီ

တူပါတယ်။

ဒါဟာ

ကိုယ်လုပ်နေတဲ့ ကမ္မဋ္ဌာန်းမှာ အဆိုးကြုံရခြင်းပါပဲ။
မကြာခင်က

ဆစ်ဒနီမှာ

အမေးအဖြေချိန်မှာ
ဘုန်းကြီးတို့ကို
စောစောပိုင်း

အမျိုးသမီး

တစ်နေ့လုံး

တရား

လုပ်ပေးခဲ့တဲ့
တစ်ယောက်က

တရားစခန်းရဲ့
အကြောင်းနှစ်မျိုးနဲ့

သူစိတ်တိုရတဲ့အကြောင်း

ချိန်တွေမှာ

အခက်ကြုံရပြီး

ပြောပြတယ်။

ကမ္မဋ္ဌာန်းဖြုတ်ဖို့

ခေါင်းလောင်း မြန်မြန်မတီးလို့ စိတ်တိုတာတဲ့။ နောက်ပိုင်း လှပငြိမ်းချမ်းတဲ့
အဆင့်ရောက်တော့ ခေါင်းလောင်းတီးတာ စောလို့ စိတ်တိုတာတဲ့။
ကမ္မဋ္ဌာန်းချိန်တွေကတော့

အားလုံးတူပါတယ်။

အတိအကျ

တစ်နာရီစီပါပဲ။ ဆရာမို့ ခေါင်းလောင်း တီးပြီးတော့ အနိုင်ယူလို့ မရပါဘူး။
“ခေါင်းလောင်းတီးဖို့

ဘယ်လောက်

လိုသေးသလဲ”လို့

စိတ်ကူးပြီး

အနာဂတ်ကို မျှော်လင့်နေရင် ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ဒါဟာ ကိုယ့်ကိုယ်ကို

ညှင်းဆဲတဲ့ အဆင့်၊ ကိုယ်မပိုင်တဲ့ ဝန်ထုပ်တွေကို ထမ်းထားတဲ့အဆင့်
ဖြစ်ပါတယ်။

“အချိန်ဘယ်လောက်

ဘာဆက်လုပ်မယ်”ဆိုတဲ့
သတိကြီးကြီး

ထားပါ။

လေးလံတဲ့

ဒီအတွေးမျိုး

ကျန်သေးတယ်၊
ဝန်ထုပ်ကို

နောက်
မယူလိုက်မိဖို့

ဝင်လာရင်

လောလောဆယ်

ဖြစ်ပေါ်နေတာကို အာရုံ မစိုက်နိုင်တော့ ပါဘူး။ တရား ရှုမှတ်နေတာ
မဟုတ်တော့ပါဘူး။ လုပ်ငန်းခွင် ပျောက်သွားပါပြီ။ ဒုက္ခရှာနေတာပါ။
ဒီကမ္မဋ္ဌာန်း

အဆင့်မှာ

မသိနိုင်လောက်တဲ့အထိ
စိတ်စိုက်ထားပါ။

မနက်လား၊

နေလယ်လား

လောလောဆယ်

ဘာမှ

အခိုက်အတန့်မှာပဲ

အခိုက်အတန့်ကိုပဲ သိရပါမယ်။

အခုလောလောဆယ်

အခိုက်အတန့် လေးပါ။ ဒီနည်းအားဖြင့် အချိန်ဘယ်လောက် ကုန်ခဲ့ပြီ၊
ဘယ်လောက်ကျန်သေးတယ်လို့
ပစ္စုပ္ပန်မှာ

ရှုမှတ်နေတဲ့

သတိမထား၊

ဘာနေ့ရယ်လို့

ရသေ့ရဟန်းတို့ရဲ့

မသိဘဲ

လှပတဲ့

အချိန်ကာလ

ဘဝနဲ့

ရှိနေတုန်းက

တိုင်းတာမှုဆီ ရောက်ရှိလာပါတယ်။
တစ်ချိန်က၊

ထိုင်းနိုင်ငံမှာ

ရဟန်းငယ်

လက်ရှိရောက်နေတဲ့ နှစ်ကို မေ့လျော့ခဲ့ ဖူးပါတယ်။ ပုံမှန်ကျင်လည်နေကျ
အချိန်လုရတဲ့ ဘဝထက် လွတ်လပ်တဲ့၊ အချိန်ကာလ စံမဲ့နေတဲ့ နေရာမှာ
နေရတာ အံ့ဩစရာ ကောင်းပါတယ်။ အချိန်ကာလ စံမဲ့တဲ့ နေရာမှာ၊

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာက ပညာရှိတွေ တွေ့ကြုံခဲ့ကြသလိုမျိုး
သင်ဟာ လောလောဆယ် အခိုက်အတန့်ကိုပဲ တွေ့ကြုံ ခံစားနေပါတယ်။
ဒီရှုမှတ်မှုပဲ ရှိခဲ့ပါတယ်။ ထူးခြားမှု မရှိပါဘူး။
သင်ဟာ
အရှိအမှန်ဟာ
အတိတ်

လက်ရှိအမှန်တရားဆီ
အံဩစရာ

ကောင်းပါတယ်။

အနာဂတ်အားလုံးကို

တကယ်ရှင်သန်နေသလို

ရောက်နေပါပြီ။

ကြီးကျယ်ခမ်းနားပါတယ်။

စွန့်လွှတ်လိုက်တဲ့

ဖြစ်လာပါတယ်။

ပစ္စုပ္ပန်

သင်

အခါမှာ

တည်ရှိနေပါတယ်။

သတိအပြည့်နဲ့ပါ။ ဒါဟာ ကမ္မဋ္ဌာန်းရဲ့ ပထမအဆင်ပ
ဲ့ ဖြစ်ပါတယ်။ ပစ္စုပ္ပန်မှာ
တည်နေတဲ့ သတိပဲ ဖြစ်ပါတယ်။
ဒီအဆင့် ရောက်ရင် သင်ဟာ အကြီးအကျယ် လုပ်ဆောင်ပြီးပါပြီ။
လေးနက်တဲ့ ကမ္မဋ္ဌာန်းကို တားမြစ်တဲ့၊ ပထမဆုံး ကြုံရတဲ့ ဝန်ထုပ်တွေကို
လွှတ်ပစ်လိုက်ပါပြီ။

မထူထောင်နိုင်မချင်း

စွန့်လွှတ်မှု

ပထမအဆင့်မှာ

အားကောင်း

ခွန်အားစိုက်ထည့်

ခိုင်မာအောင်
နေလိုက်ပါ။

ပစ္စုပ္ပန်အပေါ် သိမှတ်မှုကို နောက် တစ်ဆင့် မြှင့်ပေးပါ့မယ်။ ကင်းဆိတ်တဲ့
ပစ္စုပ္ပန်သိမှု အဆင့်ပေါ့။

အပိုင်း (၂)
အလေးနက်ဆုံး

အမြင့်မြတ်ဆုံး

ထိုးထွင်းသိမှုရဲ့

ဗီဇမျိုးစေ့ဖြစ်တဲ့၊

စိတ်ရဲ့ လှပတဲ့ တည်ငြိမ်တိတ်ဆိတ် သန့်စင်မှုလည်းဖြစ်တဲ့ တရားရှုမှတ်မှုရဲ့
ပန်းတိုင်ကို အပိုင်းသုံးပိုင်းပါတဲ့ ဒီဆောင်းပါးရဲ့ ပထမပိုင်းမှာ အကြမ်းဖျင်း
ပုံဖော်ခဲ့ပါတယ်။
မပြတ်နိုင်တဲ့

နောက်ပြီး

ကမ္မဋ္ဌာန်းအားလုံးရဲ့

ကြိုးမျှင်နဲ့တူတဲ့

ရုပ်ဝန်ထုပ်

အဆက်အသွယ်၊
စိတ်ဝန်ထုပ်တွေကို

စွန့်လွှတ်ခြင်းဆိုတဲ့ အရေးပါတဲ့ အချက်ကို ညွှန်ပြခဲ့ပါတယ်။ အပိုင်း (၁)မှာ

နောက်ဆုံး အနေနဲ့ ကမ္မဋ္ဌာန်းရဲ့ ပထမအဆင့်လို့ သတ်မှတ်တဲ့ စရဏပိုင်းကို
ရှည်ရှည်ဝေးဝေး ဖော်ပြခဲ့ပါတယ်။ ယောဂီဟာ ပစ္စုပ္ပန်မှာ အချိန်ကြာကြာ
အဆက်မပြတ် သက်တောင့်သက်သာ နေနိုင်တဲ့အခါမှာ ပထမ အဆင့်ကို
ရောက်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ပစ္စုပ္ပန်

အရှိအမှန်ဟာ

အံဩစရာ

ကောင်းပါတယ်၊

ကြီးကျယ်ခမ်းနားပါတယ်။ ဒီအဆင့်ရောက်ရင် အတော် ပြီးမြောက်ခဲ့ပါပြီ။

လေးနက်တဲ့ ကမ္မဋ္ဌာန်ရဲ့ အဆီးအတား၊ ပထမဆုံး ကြုံရတဲ့ ဝန်ထုပ်တွေကို
လွှတ်ပစ်လိုက်ပါပြီ-ဆိုတဲ့၊
ရောက်ပေမယ့်

ပိုပြီးလှပ

ပြီးခဲ့တဲ့

အခန်းမှာ

ပိုပြီးရိုးရှင်း

ဖော်ပြခဲ့တဲ့

မှန်ကန်တဲ့

အဆင့်ထိ

စိတ်အခြေအနေ

(ဒုတိယအဆင်)့ အထိ ရောက်အောင် ဆက်သွားသင့် ပါသေးတယ်။
ကင်းဆိတ်တဲ့ ပစ္စုပ္ပန်အသိ နဲ့ ပစ္စုပ္ပန်အတွေးတို့ရဲ့ ကွဲလွဲခြားနားမှုကို
ရှင်းလင်းခွဲခြားခြင်းဟာ
ထုတ်လွှင်နေတဲ့
ကြည့်တဲ့အခါ

တင်းနစ်ပွဲကို

ဩစတြေးလျားနဲ့

ပွဲစဉ်နှစ်ခု

ထားမိပါလိမ့်မယ်။

ကြေငြာဝေဖန်သူက
နယူးဇီလန်

ရုပ်မြင်သံကြားမှာ

ကြည့်နေသလိုပေါ့။

တစ်ချိန်တည်းမှာ

သတိထားမိကောင်း
ပွဲစဉ်ကို

အသုံးဝင်ပါတယ်။

မှန်သား

ပြောပြနေတဲ့

အဲဒီလို

ရှိနေတယ်ဆိုတာ

ပြင်မှာ

တွေ့ရတဲ့ပွဲနဲ့

နားနဲ့ကြားရတဲ့

ကစားတယ်ဆိုရင်

ပွဲမျိုးကို

ပွဲပေါ့။

ဩစတြေးလျက

ကြေငြာသူရဲ့

ဝေဖန်ချက်ဟာ

တကယ့်အဖြစ်မှန်နဲ့

အများကြီး

ကွာနေနိုင်ပါတယ်။ ဝေဖန်ချက်ဟာ မမျှမတ ဖြစ်တတ်ပါတယ်။
ဒီဥပမာမှာ

ကမ္မဋ္ဌာန်းအတွင်းက

ကင်းဆိတ်တဲ့

ပစ္စုပ္ပန်အသိဟာ

ဝေဖန်ချက်မပါဘဲ မှန်သားပြင်က တင်းနစ်ပွဲကို ကြည့်ရတာနဲ့ တူပါတယ်။
ဝေဖန်တာကို အာရုံစိုက်ခြင်းဟာ ပစ္စုပ္ပန်ကို တွေးတောခြင်းနဲ့ တူပါ တယ်။
ဝေဖန်ချက်မပါဘဲ

လေ့လာတဲ့အခါ၊

ကင်းဆိတ်တဲ့

ပစ္စုပ္ပန်အသိကိုပဲ

ကြုံတွေ့ရတဲ့အခါ သစ္စာတရားနဲ့ ပိုနီးလာတယ်လို့ နားလည်သင့်ပါတယ်။
တစ်ခါတစ်ခါ

အဇ္ဈတ္တမှတ်ချက်နဲ့

သိနားလည်ကြပါတယ်။
လောကကို

တကယ်တော့

မသိနိုင်ပါဘူး။

ကြံစည်ကြပါတယ်။

အဇ္ဈတ္တရဲ့

အဇ္ဈတ္တရဲ့

လောကကို

မှတ်ချက်အဆိုနဲ့

မှတ်ချက်အဆိုဟာ

ဒုက္ခရဲ့

အကြောင်းရင်း မောဟကို လှိုင်းထစေပါတယ်။ အဇ္ဈတ္တမှတ်ချက်ကြောင့်
ရန်သူကို

ဒေါသထွက်ပါတယ်။

တွယ်တာထားပါတယ်။
ဖြစ်ပေါ်စေပါတယ်။

အဇ္ဈတ္တမှတ်ချက်ဟာ

အန္တရာယ်

စိုးရိမ်မှုနဲ့

အပြစ်အနာအဆာကို

သိမ်ငယ်မှုကို

ဖန်တီးပါတယ်။

ကြီးမားစွာ

ဘဝပြဿနာအားလုံးကို

ကြောက်ရွံ့မှုနဲ့

တည်ဆောက်ပါတယ်။
လှည့်စားမှုတွေကို

ချစ်ခင်သူကို

ရုပ်မြင်သံကြား

ဖန်တီးပါတယ်။
ဖန်သားပြင်ပေါ်က

ကျွမ်းကျင်တဲ့ ပွဲစဉ်ဝေဖန်သဟ
ူာ ပွဲကြည့်ပရိတ်သတ် ဒေါသထွက်အောင်၊
မျက်ရည်ကျအောင် လုပ်နိုင်သလိုပါပဲ။
သစ္စာကို

ရှာဖွေတယ်ဆိုရင်

ကင်းရှင်းတိတ်ဆိတ်တဲ့

သိမှတ်မှုကို

တန်ဖိုး ထားသင့်ပါတယ်။ တစ်ခြား ကိစ္စတွေမှာထက် တရားရှုမှတ်ရာမှာ

အဲဒီအသိဟာ ပိုပြီးအရေးကြီးတယ်လို့ ယုံကြည်ပြီးတော့ပေါ့။ တွေးကြံမှုကို
တန်ဖိုးထားခြင်းဟာ

ကင်းဆိတ်တဲ့

အနှောင့်အယှက်ဖြစ် ပါတယ်။

သိမှတ်မအ
ှု တွက်

အဓိက

တွေးကြံမှုအပေါ်
ကင်းဆိတ်တဲ့

အလေးပေးတာကို

သိမှတ်မှုရဲ့

ဒုတိယအဆင့်ဖြစ်တဲ့

တန်ဖိုးရှိမှုနဲ့

ဂရုတစိုက်

စစ်မှန်မှုကို

ထိုးထွင်းသိမြင်မှု

ပယ်ရှားခြင်း၊

နားလည်ခြင်းဟာ

ဖြစ်ပါတယ်။

ပစ္စုပ္ပန်

အခိုက်အတန့်ကို သိတဲ့ ကင်းဆိတ်တဲ့ သိမှတ်မှုဖြစ်ပါတယ်။ တကယ်
တက်ရောက်နိုင်တဲ့ အဆင့်ဖြစ်ပါတယ်။
အဇ္ဈတ္တဆုံးဖြတ်မှုကို ကျော်လွန်ဖို့ လှပတဲ့ နည်းလမ်းတစ်ခုကတော့
တစ်ဆင့်တက်ထားတဲ့
ဖွံ့ဖြိုးစေခြင်းပါပဲ။

သိမှတ်မှု၊

ကင်းဆိတ်တဲ့

ဘာဖြစ်ခဲ့တယ်ဆိုတာ

ပစ္စုပ္ပန်

သိမှတ်မှုကို

မှတ်ချက်ချချိန်

မရှိရအောင်

အခိုက်အတန့်တိုင်းကို အနီးကပ် စောင့်ကြည့်နေခြင်းပါပဲ။ တွေးကြံမှုဆိုတာ
ဖြစ်ခဲ့တဲ့အရာအပေါ်မှာ ထားတဲ့ သဘောထားအမြင် ဖြစ်ပါတယ်။ ဥပမာ
“ကောင်းတယ်၊

မကောင်းဘူး၊

အဲဒါဘာလဲ”

ပေါ့။

ဒီမှတ်ချက်တွေ

အားလုံးဟာ ဖြစ်ပေါ်ခဲ့ပြီးတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပါတယ်။ ပြီးခဲ့တဲ့
အတွေ့

အကြုံကို

မှတ်သားနေတဲ့အခါ၊

မှတ်ချက်ချနေတဲ့အခါမှာ

ဖြစ်ပေါ်နေတဲ့ အတွေ့အကြုံကို အာရုံမစိုက်နိုင် တော့ပါဘူး။
ဧည့်သည်ဟောင်းတွေနဲ့ အလုပ်ရှုပ်နေတာပါ။ ဧည့်သည်သစ်တွေကို
ပစ်ထားတာပါ။

ဝင်လာကြတဲ့

ဧည့်သည်တွေကို

တံခါးဝကနေ

ကြိုတွေ့နေတဲ့ ဧည့်ခံပွဲတစ်ခုက အိမ်ရှင်တစ်ယောက်လို သင့်စိတ်ကို မှန်းဆ
ကြည့်လိုက်ပါ။
ဟိုအကြောင်း

ဧည့်သည်တစ်ယောက်
ဒီအကြောင်းတွေ

ဧည့်သည်အသစ်တွေကို

ဝင်လာတော့

သူ့ကိုတွေ့ဆုံပြီး

လျှောက်ပြောနေမယ်ဆိုရင်

အာရုံစိုက်ရမယ့်

သင့်တာဝန်ကို

မလုပ်ဆောင်နိုင်တော့ ပါဘူး။ ဘာလို့လဲဆိုတော့ ဧည့်သည်အသစ်တွေ
အချိန်ပြည့်

ဝင်လာနေလို့ပါပဲ။

သင်လုပ်နိုင်တာက

တစ်ယောက်ကို

နှုတ်ဆက်ပြီး ချက်ချင်းပဲ နောက်တစ်ယောက်ကို နှုတ်ဆက်ဖို့ ဖြစ်ပါတယ်။

နောက်က ဝင်လာတဲ့သူ လွတ်သွားမှာ ဖြစ်တဲ့အတွက် ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်
ခဏလေးတောင် စကား မပြောနိုင်ပါဘူး။

တရားရှုမှတ်တဲ့ အခါမှာ အာရုံတံခါးပေါက်ကနေ အတွေ့အကြုံတွေ
တစ်ခုပြီးတစ်ခု

ဆက်တိုက်

ဧည့်သည်တစ်ယောက်ကို

ဝင်လာနေပါတယ်။

သတိနဲ့

အတွေ့အကြုံ

နှုတ်ဆက်လိုက်ပြီး

သူနဲ့ဆက်ပြီး

စကားဖောင်ဖွဲ့ (တွေးကြံ)နေရင် နောက်က ကပ်လိုက်လာတဲ့ အတွေ့အကြုံ
ဧည့်သည်ကို

လွတ်သွားမှာပါ။

ရှိနေပြီဆိုရင်

အဇ္ဈတ္တ

အတွေ့အကြုံ

စိတ်ထဲ

အားလုံးနဲ့အတူ

ဝင်လာတဲ့

ဧည့်သည်တိုင်းနဲ့၊

ပစ္စုပ္ပန်အခိုက်အတန့်မှာ

မှတ်ချက်အတွက်

နေရာလွတ်

တကယ်

မရှိတော့ပါဘူး။

စိတ်ထဲ ဝင်လာတိုင်း အရာရာကို သတိအပြည့်နဲ့ ဆက်ဆံ နေတဲ့အတွက်
ကိုယ့်ကိုယ်ကိုယ်တောင်
ပစ္စုပ္ပန်သိမှတ်မက
ှို

ပြန်မပြောအားတော့ပါဘူး။

ကင်းဆိတ်တဲ့

ပစ္စုပ္ပန်သိမှတ်မှု

ဖြစ်အောင်

မြှင့်တင်ခြင်းအားဖြင့်

ကြီးလေးတဲ့

အဆင့်မြှင့်လိုက်ခြင်း ပါပဲ။
အဇ္ဈတ္တကင်းဆိတ်မှု

အဆင့်ကို

ဒါဟာ

တစ်ခြားဝန်ထုပ်ကြီးကို စွန့်လိုက်ရာ ရောက်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
သင်ဟာ

ဆက်တိုက်

ကျောပိုးအိတ်ကြီးကို

နှစ်ပေါင်း

လေးငါးဆယ်ကြာအောင်

ထမ်းပိုးသယ်ဆောင်ရင်း

ခရီးမိုင်ပေါင်း

လေးလံတဲ့
များစွာကို

အပန်းတကြီး ချီတက်နေတဲ့သူနဲ့ တူပါတယ်။ အခု အဲဒီကျောပိုအိတ်ကို
မြေကြီးပေါ်

ခဏ

ဝန်ထုပ်ကြီး

မရှိတော့တဲ့အတွက်

ရလိုက်ပါပြီ။

ပစ်ချလိုက်ဖို့အတွက်

စိတ်မှာ

ရောက်တတ်ရာရာ

သတ္တိရှိလာပါပြီ။

အသိဉာဏ်

ကြံစည်ပြောဆိုခြင်း

တကယ့်ကိုပဲ

ဆိုတဲ့

သက်သာသွားပါတယ်။

ပေါ့ပါးသွားပါတယ်။ လွတ်လပ်သွားပါတယ်။
ကင်းဆိတ်တဲ့

သိမှတ်မှုကို

ဖွံ့ဖြိုးစေဖို့အတွက်

အသုံးတည့်တဲ့

နည်းလမ်းတစ်ခုကတော့ အတွေးနှစ်ခု အကြား၊ စိတ်အကြံနှစ်ခု အကြားက
ကွက်လပ်ကို သိမှတ်ခြင်း ဖြစ်ပါတယ်။ ထက်မြက်တဲ့ သတိနဲ့ အနီးကပ်
စောင့်ကြည့်ရင် အတွေးတစ်ခု ပြီးဆုံးလို့ အတွေးသစ်တစ်ခု မစသေးတဲ့

အခိုက်တန့်ကို တွေ့ရမယ်။ အဲဒါပါပဲ။ ကင်းဆိတ်တဲ့ သိမှတ်မှုပေါ့။ အဲဒီ
ကင်းဆိတ်မှုဟာ
တိုတောင်းတဲ့

အစတော့

အခိုက်အတန့်လေးပဲ

ကင်းဆိတ်မှုကို

တည်လိမ့်မယ်။

ခွဲခြားသိမှတ်နိုင်တဲ့

အခါကျတော့

အဲဒီကင်းဆိတ်မှုနဲ့ ရင်းနှီးလာလိမ့်မယ်။ နောက်တော့ အဲဒီ ကင်းဆိတ်မှုဟာ
ကြာရှည်

တည်လာလိမ့်မယ်။

နောက်ဆုံးမှာ

ကင်းဆိတ်မှုကို

ကင်းဆိတ်မှုကို

စတင်

တွေ့ရပြီး

ခံစားရမယ်။

ကင်းဆိတ်မှုဟာ

တိုးပွားလည်းလာမယ်။ ဒါပေမယ့် ကင်းဆိတ်မှုဟာ ရှက်တတ်တယ် ဆိုတာ
သတိထားပါ။ သင်က သူကို နှုတ်ဆက်စကား ဆိုလိုက်တာနဲ့ ချက်ချင်း
ပျောက်ကွယ်သွားရော။
အဇ္ဈတ္တမှာ

ကြံစည်ပြောဆိုမှုကို

စွန့်လိုက်နိုင်မယ်၊

ပစ္စုပ္ပန်မှာ

ကင်းဆိတ်တဲ့ အသိနဲ့ ကျေကျေနပ်နပ် နေနိုင်မယ်ဆိုရင် လူတိုင်းအတွက်
အံ့ဩဖွယ်ရာ

ဖြစ်ပါလိမ့်မယ်။

ဉာဏ်ပညာနဲ့

အသိရှင်လင်းမှု

ဖြစ်ပေါ်လာရေးမှာ ကင်းဆိတ်မက
ှု တွေးကြံမထ
ှု က် သာပါတယ်။ အဇ္ဈတ္တမှာ
ကင်းဆိတ်နေခြင်းဟာ

ဘယ်လောက်

နှစ်သက်စရာ

ကောင်းတယ်

ဘယ်လောက်တန်ဖိုး ရှိတယ်ဆိုတာကို နားလည်တဲ့အခါ ကင်းဆိတ်မှုဟာ
ပိုပြီး

ဆွဲဆောင်အား

ကောင်းလာပါမယ်။

သင့်အတွက်

ပိုပြီး

အရေးပါလာပါမယ်။ အဇ္ဈတ္တမှာ ကင်းဆိတ်နေမှုဟာ စိတ်ရဲ့ညွတ်ကိုင်းရာ
ဖြစ်လာပါတယ်။

စိတ်ဟာ

ကင်းဆိတ်မှုကိုပဲ

ရှာနေပါတော့တယ်။

တကယ့်အရှိတရားလား၊ ဘာများတည်ရှိသလဲဆိုပြီး အာရုံကပ်ရောက်မိတဲ့
နေရာမှာ ရှုနေပါတယ်။

ဒီအဆင့်မှာ အတွေးအကြံ အာလုံးဟာ အချက်အလက် ကင်းမဲ့တယ်၊
ဘာမှမဟုတ်ဘူး၊
သင်ဟာ

အသိခက်မှုသာ

ဖြစ်တယ်လို့

အချိန်တော်တော်များများ

ဝမ်းမြောက်ဝမ်းသာ

လွယ်လွယ်ကူကူ

နားလည်းတဲ့အတွက်

အဇ္ဈတ္တကင်းဆိတ်မှုမှာပဲ

ရှိနေပါတော့တယ်။

ရှုမှတ်မှုရဲ့

ဒုတိယအဆင့်ဟာ ပစ္စုပ္ပန်အခိုက်အတန့် အပေါ်မှာထားတဲ့ ကင်းဆိတ်တဲ့

အသိ ဖြစ်ပါတယ်။ သင်ဟာ ဒီအဆင့်နှစ်ဆင့် ဖွံ့ဖြိုးအောင် ကြိုးစားရင်းနဲ့ပဲ
အချိန်တော်တော်များများကို ကုန်လွန် စေနိုင်ပါတယ်။ ဒီအဆင့် ဖွံ့ဖြိုးလာမှ
ရှေ့ဆက်ပြီး

တရားတက်နိုင်မှာ

အပေါ်မှာထားတဲ့

ကင်းဆိတ်တဲ့

ဖြစ်လို့ပါပဲ။

ပစ္စုပ္ပန်အခိုက်အတန့်

အသိရောက်ရင်

ငြိမ်းချမ်းပျော်ရွှင်ဖွယ်

အတွေ့အကြုံကို ရမယ်။ နောက်ဆက်တွဲ အနေနဲ့ ဉာဏ်ရင့်လာမယ်။
ဆက်ပြီး

အားထုတ်ချင်သေးတယ်ဆိုရင်

စိတ်မှာပေါ်လာသမျှကို

ကင်းဆိတ်တဲ့ အသိနဲ့ သိနေမယ့်အစား တစ်စုံတစ်ရာ အပေါ်မှာထားတဲ့
ကင်းဆိတ်တဲ့ သိမှတ်မှုကို ရွေးခြယ်နိုင်ပါတယ်။ တစ်စုံတစ်ရာ ဆိုတာဟာ
အသက်ရှူမှုကို သိမှတ်တာလည်း ဖြစ်နိုင်တယ်။ မေတ္တာထားတာလည်း
ဖြစ်နိုင်တယ်။ စိတ်မှာ ပုံဖော်ထားတဲ့ ရောင်စုံစက်ဝိုင်း ကသိုဏ်းဝန်းလည်း
ဖြစ်နိုင်တယ်။

သိပ်မသိကြတဲ့

တစ်ခြား

ဖြစ်နိုင်တာတွေလည်း

အာရုံဖြစ်ကောင်း

ဖြစ်မယ်။

ရှိပါသေးတယ်။

အသိသတိရဲ့

ဦးတည်ရာ

တစ်ခုခုပေါ့။ အခုတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အသက်ရှူမှုကို သိမှတ်တဲ့
ကင်းဆိတ်တဲ့ အသိကို ပြောပါမယ်။
စူးစိုက်ဖို့ အာရုံတစ်ခု ရွေးခြယ်ခြင်းဟာ အမျိုးမျိုး ကွဲပြားနေတာကို
စွန့်လွှတ်လိုက်တာ၊

ဆန့်ကျင်ဘက်

ရွှေ့ပြောင်းလိုက်တာ

ဖြစ်ပါတယ်။

အာရုံတစ်ခုတည်းမှာ

တစ်ဆက်တည်း

စွမ်းအင်ရှိပြီး

နှစ်သက်ဖွယ်ရာ

စိတ်ဟာ

ငြိမ်းချမ်းမှု

အားဖြင့်

စည်းလုံးမှုဆီ

စုရုံးမှု

ရှိလာတဲ့အတွက်

အတွေ့အကြုံလည်းဖြစ်တဲ့

တည်နေမှုဟာ

သိသိသာသာ

မြည်နေတဲ့

တယ်လီဖုန်း

တိုးပွားလာပါတယ်။
စားပွဲတစ်ခုပေါ်မှာ

တပြိုင်တည်း

ခြောက်လုံးရှိနေသလိုမျိုး အသိအာရုံ ကွဲပြားမှုဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်ပြီး၊
စားပွဲမှာ

သီးသန့်

တယ်လီဖုန်းလိုင်း

တစ်ခုတည်း

ထားလိုက်သလိုမျိုး

အသိအာရုံ

ကွဲပြားမှုကို

စွန့်လွှတ်လိုက်ခြင်းဟာ

သက်သာရာ

တစ်ခုဖြစ်တယ်၊ ပျော်ရွှင်ကျေနပ်စေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
ကွဲပြားရောနှောမှုဆိုတာ
နားလည်နိုင်ခြင်းဟာ
အဓိကကျပါတယ်။

ဝန်ထုပ်ဝန်ပိုး

အသက်ရှုမှုမှာ
ကင်းဆိတ်တဲ့

အချိန်ကြာကြာ

ဖွံ့ဖြိုးအောင်

ဖြစ်တယ်လို့

တည်နေနိုင်ရေးအတွက်

ပစ္စုပ္ပန်အသိကို

ဂရုတစိုက်နဲ့

လုပ်ပြီးပြီဆိုရင်

အဲဒီအသိကို

အသက်ရှူမှုအပေါ် ပြောင်းထားလိုက်ဖို့၊ စွက်ဖက်ခြင်းမရှိဘဲ အသက်ရှူမှုကို
အချိန်တိုင်း

လိုက်ပြီး

သိမှတ်နေဖို့အတွက်

တကယ်လွယ်နေတာ

တွေ့ရပါလိမ့်မယ်။ ဒါ ဘာကြောင့်လဲဆိုတော့ အာနာပါနကမ္မဋ္ဌာန်းရဲ့ အဓိက
အဟန့်အတား

အဟန့်အတားက

နှစ်ခုကို

တားမြစ်ဖယ်ရှားထားပြီး

အတိတ်

စိတ်သဘာဝဖြစ်ပြီး

သို့မဟုတ်

ဒုတိယ

ဖြစ်လို့ပါပဲ။

အနာဂတ်ဆီ

ပထမ

သွားချင်နေတဲ့

အဟန့်အတားကတော့

အဇ္ဈတ္တရဲ့

မှတ်ချက်အဆို ဖြစ်ပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်သိမှတ်မှုနဲ့ ကင်းဆိတ်တဲ့
ပစ္စုပ္ပန်သိမှတ်မှုဆိုတဲ့

အခြေခံ

အဆင့်နှစ်ခုကို

ပိုပြီး

နက်နဲတဲ့

အာနာပါနကမ္မဋ္ဌာန်းရဲ့ ခိုင်မာတဲ့ အခြေခံ ပြင်ဆင်မှုအဖြစ် ညွှန်းကြားတာ
ဖြစ်ပါတယ်။

အားထုတ်တဲ့ ယောဂီတွေဟာ သူတို့ရဲ့စိတ် အတိတ်နဲ့ အနာဂတ်မှာ

ခုန်ကျော်

ပြေးလွှားနေခိုက်၊

အာနာပါနကမ္မဋ္ဌာန်းကို
မရှိတော့

စပြီး

အဇ္ဈတ္တမှတ်ချက်ထဲ

ကျင့်သုံးတာတွေ

အာနာပါနကမ္မဋ္ဌာန်းမှာ

သူတို့

နစ်မြုတ်နေခိုက်မှာ

ရှိပါတယ်။

ပြင်ဆင်မှု

အခက်တွေ့ရပါတယ်။

မအောင်မြင်တာ၊ မကျေမနပ်နဲ့ လက်လျှော့လိုက်ရတာတောင် ရှိပါတယ်။
လက်လျှော့လိုက်ကြရတာဟာ မှန်ကန်တဲ့ နေရာက စတင်ခဲ့တာ မဟုတ်လို့၊
အသက်ရှူခြင်းကို သူတို့စူးစိုက်မှုရဲ့ ဦးတည်ရာအဖြစ် မသတ်မှတ်ခင်မှာ

လိုအပ်တဲ့ ပြင်ဆင်မှု မလုပ်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေခံ
နှစ်ဆင့်နဲ့

စိတ်ကိုပြင်ဆင်ထားပြီး

ဖြစ်ရင်တော့

အသက်ရှူမှုဆီ

အာရုံပြောင်းတဲ့ အခါမှာ အလွယ်တကူပဲ အာရုံစိုက် နေနိုင်ပါလိမ့်မယ်။
အသက်ရှူမှုကို အာရုံစိုက်ရာမှာ အခက်တွေ့နေတယ် ဆိုတာဟာ အခြေခံ
နှစ်ဆင့်ကို ခပ်ပေါ့ပေါ့နဲ့ ဖြတ်ကျော်ခဲ့တဲ့ လက္ခဏာပါပဲ။
အခြေခံ

လေ့ကျင့်ခန်းဆီ

နည်းလမ်းကတော့

အာရုံစိုက်တဲ့အခါမှာ

ပြန်သွားလိုက်ပါ။

အကောင်းဆုံး

သည်းခံခြင်းပါပဲ။

အသက်ရှူမှုကို

သတိအပြည့်နဲ့

လောလောဆယ်

အတွေ့အကြုံကို

ဖြစ်ပေါ်နေတဲ့

ဦးတည်ထားရပါတယ်။

အသက်ရှူမှု

အသက်ရှူမှုမှာ

လေဝင်လာနေတာလား၊ လေထွက်နေတာလား၊ ကြားကာလလားဆိုတာ
ပြသနေတဲ့

အတွေ့အကြုံကို

ခံစားရပါတယ်။

တစ်ချို့ဆရာတွေက

နှာသီးဖျားကလေကို စောင့်ကြည့်ခိုင်း ပါတယ်။ တစ်ချို့က ဝမ်းဗိုက်မှာ
စောင့်ကြည့်ခိုင်းပါတယ်။

တစ်ချို့က

အပြောင်းအလဲနဲ့

တစ်နေရာပြီး

တစ်နေရာ ရှုမှတ်စေပါတယ်။ အတွေ့အကြုံအရ ပြောရရင် ဘယ်မှာရှုရှု
ကိစ္စမရှိပါဘူး။
တကယ်တော့

အသက်ရှူမှုကို

နေရာချထားခြင်း

မပြုတာဟာ

အကောင်းဆုံး ဖြစ်ပါတယ်။ နှာခေါင်းမှာ နေရာချလို က်ရင် အသက်ရှူမှုကို
သိမှတ်တာ

မဟုတ်ဘဲ

နှာခေါင်းကို

သိမှတ်တာ

ဖြစ်သွားနိုင်ပါတယ်။

ဝမ်းဗိုက်မှာ နေရာချလိုက်ရင် ဝမ်းဗိုက်ကို သိမှတ်တာ ဖြစ်သွားနိုင်ပါတယ်။
“ငါ

အသက်ရှူသွင်းနေတာလား၊

အသက်ရှူထုတ်နေတာလား”လို့

ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ဘယ်လို နားလည်သလဲ။ ဟုတ်ပြီ၊ အဲဒါပါပဲ။
အသက်ရှုမှုကို ဆုံးဖြတ်ပေးတဲ့ အဲဒီ အသိပါပဲ။ အာနာပါနကမ္မဋ္ဌာန်းမှာ
အဲဒီအသိကို အာရုံစိုက်ရပါမယ်။

ဘယ်နေရာမှာ

တွေ့ကြုံရသလဲဆိုတာ

အရေးမစိုက်ပါနဲ့။ တွေ့ကြုံသိမှတ်ရမှု ကိုပဲ အာရုံစိုက်လိုက်ပါ။

ဒီအဆင့်မှာ ကြုံရတတ်တဲ့ အဟန့်အတားတစ်ခုက အသက်ရှူမှုကို
ထိန်းချုပ်ခြင်းဖြစ်ပါတယ်။
ဖြစ်စေပါတယ်။

စောင့်ကြည့်ရာမှာ

ဒီ

ဒီ

အချက်က

အတားအဆီးကို

အသက်ရှူမှုကို

ကျော်လွန်နိုင်ဖို့

အသက်ရှူမှုကို

ကားပြတင်းပေါက်ကနေ

ခရီးသည်တစ်ယောက်လို

မှန်းဆကြည့်လိုက်ပါ။

မသက်မသာ
ကြည့်နေတဲ့

သင်ဟာ

ဒရိုက်ဗာ

မဟုတ်ပါဘူး။ နောက်ကလိုက်တဲ့ စပယ်ယာလည်း မဟုတ်ပါဘူး။ ဒါကြောင့်
အမိန့် မပေးပါနဲ့။ လွှတ်ပေးထားလိုက်ပါ။ ကားစီးနေလိုက်ရုံပါပဲ။ သင်က
ဘာမှ

မစွက်ဖက်ဘဲ

ရှင်းရှင်းလေး

အသက်ရှူရှိုက်မှုကလည်း ရှူရှိုက်နေပါစေ။
အသက်ရှူမှုရဲ့

ဝင်လေထွက်လေကို

စောင့်ကြည့်

နေချိန်မှာ

သိမှတ်နေတဲ့အခါမှာ၊

ဆိုပါစို့

အကြိမ်တစ်ရာ အရှူအသွင်း လုပ်တယ်၊ တစ်ခုမှ အလွတ်မပေးလိုက်ဘူး။

ဒါဆိုရင် အသက်ရှူမှုမှာ အစဉ်မပြတ် တည်နေခြင်းဆိုတဲ့ ဒီကမ္မဋ္ဌာန်းရဲ့
တတိယအဆင်လ
ို့ သတ်မှတ်တဲ့ နေရာကို ရောက်ပါပြီ။
ဒီအဆင့်မှာ အရင်အဆင့်တွေထက် ပိုပြီး ငြိမ်းချမ်းပါတယ်။ ပိုပြီး
နှစ်သက်စရာ ကောင်းပါတယ်။ ဒီထက်ပိုပြီး နက်နဲတဲ့ဆီ သွားရောက်ဖို့
အသက်ရှူမှုမှာ အစဉ်မပြတ် အပြည့်အစုံ တည်နေနိုင်ဖို့ ရည်ရွယ်ထားပါ။
အသက်ရှူမှုမှာ

အစဉ်မပြတ်

အပြည့်အစုံ

တည်နေနိုင်ခြင်းဆိုတဲ့

စတုတ္ထအဆင်ဟ
့ာ အသက်ရှူမှု အခိုက်အတန့်တိုင်းမှာ တစ်ခုစီ တစ်ခုစီကို
အာရုံစိုက် နေနိုင်ချိန်ပဲ ဖြစ်ပါတယ်။

ဝင်လေကိုသိတဲ့ ပထမဆုံး ခံစားမှု ဖြစ်ပေါ်လာတဲ့အခါ ဝင်လေရဲ့
ပထမဆုံး လှုပ်ရှားမှုမှာ အဲဒီ ဝင်လေကို သိလိုက်တယ်။ ဝင်လေဖြစ်စဉ်
တစ်လျှောက်လုံးမှာ ဖြည်းဖြည်းချင်း တိုးတက်ဖြစ်ပေါ်လာတဲ့ ခံစားမှုကို
စောင့်ကြည့်ပါတယ်။

ဝင်လေဖြစ်စဉ်ရဲ့

အခိုက်အတန့်

တစ်ခုကိုတောင်

အလွတ်မပေးပါဘူး။ ဝင်လေ ပြီးဆုံးသွားတဲ့အခါ အဲဒီ အခိုက်အတန့်ကို

သိလိုက်တယ်။

အဲဒီ

ဝင်လေရဲ့

နောက်ဆုံး

လှုပ်ရှားမှုကို

စိတ်ထဲမှာ

သိမြင်လိုက်ပါတယ်။
အဲဒီနောက်
နှစ်ခုကြားက

ကပ်လိုက်လာတဲ့

ရပ်တန်မှုကို

သိမြင်ပါ

အခိုက်တန့်၊
တယ်။

ဝင်လေထွက်လေ

ထွက်လေ

ပြန်မစမချင်း

ရပ်တန့်နေတဲ့ အခိုက်ကို သိပါတယ်။
ထွက်လေရဲ့

ပထမဆုံး

လှုပ်ရှားမှုကို

သိပါတယ်။

ထွက်လေ

ဖြစ်ပွားနေခိုက် ကပ်ပါလာတဲ့ ခံစားမှုတိုင်းကို သိပါတယ်။ သူ့လုပ်ငန်းစဉ်
ပြီးဆုံးလို့ ထွက်လေ ကွယ်ပျောက်သွားတဲ့အထိ သိနေပါတယ်။
ဒါတွေ

အားလုံးကို

ကင်းဆိတ်စွာ

ပြုလုပ်ပါတယ်။

ပစ္စုပ္ပန်

အခိုက်အတန့်လေးမှာ ပြုလုပ်ပါတယ်။ ဝင်လေထွက်လေရဲ့ အစိတ်အပိုင်း
အားလုံးကို

တွေ့ကြုံသိမှတ်ပါတယ်။

အသက်ရှူမှု

အကြိမ်များစွာကို

စဉ်ဆက်မပြတ် သိမှတ်နေပါတယ်။ ဒါ့ကြောင့် ဒီအဆင့်ကို “အသက်ရှူမှုမှာ
အစဉ်မပြတ် အပြည့်အစုံ အာရုံစိုက်ခြင်း”လို့ ခေါ်ပါတယ်။
ဒီအဆင့်ကို အင်အား
ဖက်တွယ်ထားခြင်း၊

စိုက်ထုတ်ခြင်းအားဖြင့်

ဆုပ်ကိုင်

ထားခြင်းအားဖြင့်

မရောက်နိုင်ပါဘူး။
မရောက်နိုင်ပါဘူး။

ငြိမ်သက်စွာ ဖြစ်ပေါ်နေတဲ့ အသက်ရှူမှုကို အခိုက်အတန့် သိမှတ်နေတာ
လွဲလို့ စကြာဝဠာ အတွင်းက ရှိရှိသမျှကို လွှတ်ပေးလိုက်ခြင်း အားဖြင့်
ငြိမ်သက်ကင်းဆိတ်တဲ့ ဒီအဆင့်ကို ရောက်ရှိနိုင်ပါတယ်။
ဒီအဆင့်ကို

ရောက်သွားတာပါ။

သင်

ရောက်ရှိတာလည်း

စိတ်က

အသက်ရှူမှုနဲ့အတူ
တကယ်ငြိမ်းချမ်းတဲ့
အသိအမှတ် ပြုပါတယ်။

သူ့ဟာသူ

မဟုတ်ပါဘူး။

အလုပ်လုပ်

တည်ရှိနေခြင်းအားဖြင့်
နှစ်သက်ဖွယ်

စိတ်က

သွားတာပါ။

ဒီအဆင့်ဟာ

ဖြစ်တည်မှုပါလားလို့

စိတ်က

ဒီနေရာကစပြီး အတ္တရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ “ပြုလုပ်သူ”
ကွယ်ပျောက်သွားပါတယ်။

ဒီ

ကမ္မဋ္ဌာန်း

အဆင့်မှာ

တိုးတက်မှုဟာ

အားမစိုက်ရဘဲ ဖြစ်ပေါ်လာတာကို တွေ့ရပါမယ်။
လမ်းကြောင်းကနေ

ဘေးဖယ်နေလိုက်ရုံပါပဲ။

ဖြစ်ပေါ်နေတာတွေကို

လွှတ်ပေးလိုက်ပါ။

စောင့်ကြည့်နေပါ။

သင်ကသာ

ခွင့်ပေးလိုက်မယ်ဆိုရင် တစ်ခုတည်းသော အာရုံမှာ တည်နေခြင်းဆိုတဲ့
ရိုးရှင်း

အေးချမ်းပြီး

အရသာရှိတဲ့

အသက်ရှူမှုနဲ့အတူ

စည်းလုံးမှုဆီ၊

တည်မြဲနေမှုဆီကို

ညွတ်ကိုင်းသွားပါလိမ့်မယ်။

ဒါဟာ

အခိုက်တန့်တိုင်း

စိတ်က

စိတ်ရဲ့

စည်းလုံးမှု

အလိုလို

ဖြစ်ပါတယ်၊

အခိုက်အတန့်လေး အပေါ်မှာ စုရုံးမှု၊ ငြိမ်သက်ခြင်းမှာ စုစည်းမှု ဖြစ်ပါတယ်။
ကမ္မဋ္ဌာန်းမှာ

ဒီစတုတ္ထအဆင့်ဟာ

ဒိုက်ဗင်ထိုးတဲ့

နေရာက

စပရိန်တွန်းအားပါတဲ့ ပျဉ်ချပ်နဲ့ တူပါတယ်။ ဘာလို့လဲ ဆိုတော့ တကယ့်
နှစ်သက်ဖွယ်ရာ

အဆင့်တွေဆီကို

ဒီအဆင့်ကနေ

ဒိုက်ဗင်ထိုးသလို

ထိုးချနိုင်လို့ပါပဲ။
ဝင်ရောက် စွက်ဖက်ခြင်း မရှိဘဲ ဒီ စိတ်ရဲ့စုစည်းမှုကို သန့်သန့်လေး
ထိန်းထားတဲ့အခါ

အသက်ရှူမှု

ရင်သပ်ရှုမောဖွယ်ရာ

စတင်

ငြိမ်းချမ်းမှု၊

ပျောက်ကွယ်ပါတယ်။

လွတ်လပ်မှု၊

စိတ်က

ချမ်းမြေ့ပျော်ရွှင်မှုဖြစ်တဲ့

အသက်ရှူမှု အတွေ့အကြံရဲ့ ဗဟိုချက်မှာ အာရုံယူနေတုန်း အသက်ရှူမှုက
ပေါ်လာပြီး

ကွယ်ပျောက်

သွားပါတယ်။

ဒီအဆင့်မှာ

“လှပတဲ့

အသက်ရှူမှု”ဆိုတဲ့ ဝေါဟာရကို သုံးပါတယ်။
ဒီ ငြိမ်းချမ်းတဲ့ အသက်ရှူမှုဟာ အံဩစရာ ကောင်းလောက်အောင်
လှပပါလားလို့

စိတ်က

ဖြစ်စဉ်တစ်လျှောက်လုံး

အသိအမှတ်
အခိုက်အတန့်

ပြုပါတယ်။

တွေ့ကြုံခံစားရမှု

တစ်ခုပြီးတစ်ခု

ဒီလှပတဲ့

အသက်ရှူမှုကို

အဆက်မပြတ်

သိနေပါတယ်။

ဘာမှ

အင်အားစိုက်ထုတ်ခြင်း မရှိဘဲ လှပတဲ့ အသက်ရှူမှုကိုသာ အချိန်ကာလ
ကြာမြင့်စွာ

သိမှတ်နေပါတယ်။

အသက်ရှူတဲ့လေကို

ပေးလိုက်ပြန်ပါပြီ။ “လှပမှု”တစ်ခုတည်း ကျန်ပါတော့တယ်။

ကွယ်ပျောက်ခွင့်

အထည်ကိုယ်မဲ့တဲ့ အလှတရားဟာ စိတ်ရဲ့ တစ်ခုတည်းသော အာရုံ

ဖြစ်လာပါတယ်။
အသက်ရှူမှု

စိတ်ဟာ

အားလုံးကို

သူ့ရဲ့

ကိုယ်ပိုင်အာရုံကို

မသိမှတ်တော့ပါဘူး။

ယူထားပါတယ်။

ရုပ်ခန္ဓာ၊

တွေးကြံမှု၊

အသံဗလံ ဒါမှမဟုတ် ပြင်ပကမ္ဘာကို မသိမှတ်တော့ပါဘူး။
သင်သိနေတွေဟာ အလှတရား၊ ငြိမ်းချမ်းမှု၊ နှစ်သက်မှု၊ ပေါ့ပါးမှုတို့ပဲ
ဖြစ်ပါတယ်။

ဒါကို

သင့်ရဲ့

အမှတ်သညာက

နာမည်ပေးချင်သလို

ပေးပါလိမ့်မယ်။ သင်ဟာ အလှပိုင်ရှင် မပါဝင်တဲ့ လှပမှု သက်သက်ကိုသာ
အားစိုက်ထုတ်မှု မရှိဘဲ အဆက်မပြတ် ကြုံတွေ့ ခံစား နေပါတယ်။
သင်ဟာ အရေးမပါတဲ့ ပြောဆိုဆုံးဖြတ်မှုကို အဝေးကြီးရောက်အောင်
လွှတ်ပေးလိုက်ပါပြီ။

ဖော်ပြချက်တွေ

ဆုံးဖြတ်ချက်တွေကို

လွှတ်ပေးလိုက်ပါပြီ။ အခု ဘာကိုမှ ပြောမပြနိုင်လောက်အောင် စိတ်ဟာ
ငြိမ်သက်သွားပါတယ်။

သင်ဟာ စိတ်အေးငြိမ်းမှုရဲ့ ပထမဆုံး အသီးအပွင့်ကို ရရှိနေခြင်းသာ

ဖြစ်ပါတယ်။ အဲဒီ အေးငြိမ်းမှုဟာ ဖွံ့ဖြိုးကြီးထွား လာပါလိမ့်မယ်။ တကယ်ပဲ
ခိုင်မြဲသန်မာ လာပါလိမ့်မယ်။
ဈာန်လို့ခေါ်တဲ့ တရားအဆင့်ထိ ဝင်ရောက်ပြီပေါ့။ ဒါကိုတော့ အပိုင်း
(၃)မှာ ဆက်ပြောပါမယ်။

အပိုင်း (၃)
အပိုင်း (၁)နဲ့ အပိုင်း (၂)မှာ (ဒီဆောင်းပါးမှာ သတ်မှတ်တဲ့အတိုင်း)
ကမ္မဋ္ဌာန်းရဲ့ အဆင့်လေးဆင့်ကို ဖော်ပြခဲ့ပါတယ်။
အဲဒါတွေကတော့
၁။ ပစ္စုပ္ပန်သိမှတ်မှု၊
၂။ ကင်းဆိတ်တဲ့ ပစ္စုပ္ပန်သိမှတ်မှု၊
၃။ အသက်ရှူမှုအပေါ်မှာထားတဲ့ ပစ္စုပ္ပန်သိမှတ်မှု၊
၎။ အသက်ရှူမှုမှာ

အစဉ်မပြတ်

အပြည့်အစုံ

အာရုံစိုက်မှု-တို့

ဖြစ်ပါတယ်။
နောက်တစ်ဆင့်

မတက်ခင်မှာ

အဆင့်တိုင်း

အဆင့်တိုင်းဟာ

ကောင်းကောင်း ဖွံ့ဖြိုးပြီး ဖြစ်ရပါမယ်။ သဘာဝအတိုင်း လွတ်ပေးရတဲ့
ဒီအဆင့်တွေကို

လွယ်လွယ်နဲ့

ကျော်ပစ်လိုက်ရင်

ပိုမြင့်တဲ့

အဆင့်ကို

မတက်ရောက်နိုင်ပါဘူး။ အခြေခံအုပ်မြစ် မခိုင်ဘဲနဲ့ အဆောက်အဦ မြင့်မြင့်
တည်ဆောက်သလို
မြန်မြန်ဆောက်ပြီး

ဖြစ်နေပါလိမ့်မယ်။

ပထမ

ဒုတိယအထပ်

အထပ်ကို

ပြီးစလွယ်

တတိယအထပ်တွေ

ဆက်ဆောက်သလိုပေါ့။ စတုတ္ထအထပ် ဆင့်လိုက်တော့ အဆောက်အဦးက
လှုပ်လာပြီ။

ပဉ္စမအထပ်လည်း

ဆင့်လိုက်ရော

ပြိုကျတော့တာပဲ။

ပဉ္စမအဆင့် မတက်ခင် အဲဒီ အခြေခံလေးဆင့် ခိုင်မြဲ တည်ငြိမ်အောင်
အချိန်ယူပြီး လုပ်ပါ။
“အသက်ရှူမှုမှာ

အပြည့်အစုံ

အာရုံစိုက်ခြင်း”ဖြစ်တဲ့

စတုတ္ထအဆင့်မှာ ဆက်လက် တည်နေနိုင်ပါစေ။

အသက်ရှူလိုက်တိုင်း

အကြားအလပ်မရှိ

နှစ်ရာသုံးရာလောက်မှာ

အစဉ်မပြတ်
သိမှတ်နေပါ။

အသက်ရှူမှု

သက်သက်သာသာ

အကြိမ်

မှတ်သိနေနိုင်ပါစေ။

ဒီအဆင့်မှာ

အသက်ရှူမှုကို

နောက်တစ်ဆင့်

ရေတွက်ဖို့

ပြောနေတာ

မတက်ခင်

ဘယ်လောက်ကြာရမယ်ဆိုတဲ့

မဟုတ်ပါဘူး။

စတုတ္ထအဆင့်မှာ

အချိန်ပိုင်းကို

ညွှန်ကြားနေတာပါ။

ကမ္မဋ္ဌာန်းအလုပ်မှာ သည်းခံခြင်းဟာ အကောင်းဆုံး နည်းလမ်းပါပဲ။

ပဉ္စမအဆင်က
့ တော့ “လှပတဲ့ အသက်ရှူမှုမှာ အစဉ်မပြတ် အပြည့်အစုံ

အာရုံစိုက်ခြင်း”ဖြစ်ပါတယ်။
အားမစိုက်ရဘဲ

မကြာခဏဆိုသလို

သဘာဝအတိုင်း

ဖြစ်လာတတ်ပါတယ်။

ရှေ့ကအဆင့်နဲ့

အာရုံစူးစိုက်မှုဟာ

ဘာမှဝင်မစွက်ဘဲ

လေရှူရှိုက်မှု

စဉ်ဆက်မပြတ်

ကျရောက်နားနေ

ငြိမ်ကျသွားပါတယ်။
ကြမ်းတမ်းတဲ့

ဒီအဆင့်ဟာ

ဆက်တိုက်

အသက်ရှူမှု

အတွေ့အကြုံမှာပဲ

ဖြစ်စဉ်အပေါ်

လွယ်လွယ်ကူကူ

တဲ့အခါ

အသက်ရှူမှုဖြစ်စဉ်

သာမန်အသက်ရှူမှုကနေ

ပြေပြစ်ငြိမ်းချမ်းတဲ့

အသက်ရှူမှု၊ “လှပတဲ့ အသက်ရှူမှု”အဖြစ် ပြောင်းလဲသွားပါတယ်။ စိတ်ဟာ

လှပတဲ့ အသက်ရှူမှုကို သိမှတ်ပြီး အဲဒီအသက်ရှူမှုမှာ ကျေနပ်နှစ်သက်
နေပါတယ်။ စိတ်ဟာ နက်နဲတဲ့ ကျေနပ်မှုကို တွေ့ကြုံရပါတယ်။ စိတ်ဟာ
လှပတဲ့ အသက်ရှူမှုအပေါ် ရှုကြည့်နေရတာကိုပဲ သဘောကျနေပါတယ်။
စိတ်ကို တွန်းအားပေးစရာ မလိုပါဘူး။ စိတ်ဟာ လှပတဲ့ အသက်ရှူမှုမှာ
သူ့အလိုလို တည်ရှိနေပါတယ်။

ကိုယ်က ဘာမှ လုပ်စရာ မလိုပါဘူး။ ဒီအဆင့်မှာ ကိုယ်က တစ်ခုခု

ဝင်စွက်ဖို့ ကြိုးစားလိုက်တယ်ဆိုရင် တိုးတက်နေတဲ့ ဖြစ်စဉ်တစ်ခုလုံးကို

အနှောင့်အယှက် ဖြစ်စေပါတယ်။ “မြွေနဲ့လှေခါး” ကစားနည်းမှာ မြွေရဲ့
ဦးခေါင်းထဲ

ဝင်မိသလိုမျိုး

နောက်ပြန်ရောက်

အဆင့်တွေ

သွားပါတယ်။

အကွက်တွေ

ဒီအဆင့်ကစပြီး

အများကြီး
“ပြုလုပ်သ”ူ

ကွယ်ပျောက်သွားပါတယ်။

အလိုက်သင့်

စောင့်ကြည့်ရှုမှတ်တဲ့

“သိမှတ်သူ”ပဲ ရှိပါ တယ်။
ဒီအဆင့်ကို

ရောက်ဖို့

အသုံးဝင်တဲ့

အဇ္ဈတ္တတိတ်ဆိတ်နေမှုကို

လှည့်ကွက်တစ်ခုကတော့

တစ်ကြိမ်လေး

ဖြိုခွဲလိုက်ခြင်း၊

“ငြိမ်သက်တယ်”လို့ သိမ်သိမ်မွေ့မွေ့လေး ကိုယ့်ဟာကိုယ် သိမှတ်လိုက်ခြင်း
ဖြစ်ပါတယ်။

ဒါပါပဲ။

ဒီကမ္မဋ္ဌာန်းအဆင့်မှာ

ထုံးစံအားဖြင့်

စိတ်ဟာ

ခံစားနိုင်စွမ်း မြင့်မားနေတာမို့ “ငြိမ်သက်တယ်”လို့ သိမ်သိမ်မွေ့မွေ့လေး
သိမှတ်လိုက်ခြင်းအားဖြင့်

စိတ်ကို

ငြိမ်သက်လာအောင်

ဖွဖွလေး

တွန်းပေးလိုက်နိုင်ပါတယ်။ အသက်ရှူမှု ငြိမ်ကျသွားပြီး လှပတဲ့ အသက်ရှူမှု
ဖြစ်ပေါ်လာပါတယ်။
အခိုက်အတန့်အတွင်း
အလိုက်သင့်

ရှုမှတ်နေတဲ့

ဖြစ်ပေါ်နေတဲ့
အခါမှာ

လှပတဲ့

အသက်ရှူမှုကိုပဲ

“ဝင်လေ”

“ထွက်လေ”ဆိုတဲ့

သတ်မှတ်မှု၊ အသက်ရှုမှုရဲ့ “အစ” “အလယ်” “အဆုံး” ဆိုတာတွေ အားလုံး
ပျောက်ကွယ်သွားပါစေ။

လောလောလတ်လတ်

ဖြစ်ပေါ်နေတဲ့

လှပတဲ့

အသက်ရှုမှုကိုပဲ တွေ့ကြုံသိမှတ် ရပါတယ်။ စိတ်ဟာ အသက်ရှူမှု ဖြစ်စဉ်
ဘယ်အပိုင်းမှာ

ဖြစ်နေတယ်၊

ခန္ဓာကိုယ်

ဘယ်အစိတ်အပိုင်းမှာ

ဖြစ်နေတယ် ဆိုတာတွေနဲ့ မပတ်သက်ပါဘူး။ ဝင်လေ-ထွက်လေ အစုံရဲ့
နောက်ကွယ်ထိ သွားရောက်၊ မလိုအပ်တဲ့ အသေးစိတ်တွေကို ဖယ်ရှားပြီး

လောလောဆယ် ဖြစ်နေတဲ့ အသက်ရှူမှု အတွေ့အကြုံ၊ ကမ္မဋ္ဌာန်းအာရုံကို
အရှင်းဆုံးဖြစ်အောင်

လုပ်နေပါတယ်။

သိမ်သိမ်မွေ့မွေ့၊

အဆက်မပြတ်၊

ပြောင်းလဲမှု မရှိသလောက်နီးပါး ဖြစ်ပေါ်နေတဲ့ လှပတဲ့ အသက်ရှူမှုကိုသာ
သိမှတ်နေပါတယ်။
ဓမ္မဓိဋ္ဌာန်ကျကျ
ဘယ်လောက်ထိ

ရှုမှတ်ပါ။
ချောမွေ့တယ်၊

အသက်ရှူမှု

ဖြစ်ပေါ်နေတာဟာ

လှပတယ်၊

ကာလကန့်သတ်မှု

မဲ့တယ်ဆိုတာကို ကြည့်ပါ။ အဲဒီအသက်ရှူမှုကို တည်တည်ငြိမ်ငြိမ် ဘယ်လို
ဖြစ်ခွင့်ပေးလိုက်နိုင်သလဲ
တည်ငြိမ်လာအောင်၊

ဆိုတာကို

ကြည့်ပါ။

ချိမြိန်သည်ထက်

တည်ငြိမ်သည်ထက်

ချိုမြိန်လာအောင်

လှပတဲ့

အသက်ရှူမှု အရသာကို ချိန်ယူပြီး တစိမ့်စိမ့် ခံစားပါ။ လုံလောက်တဲ့
တည်ငြိမ်မှု

ရှိလာတဲ့အခါမှာ

ကိုယ်က

မဖြစ်စေချင်လို့

မဟုတ်ဘဲ

“လှပမှု”ကိုသာ ချန်ထားခဲ့ပြီး “အသက်ရှူမှု” ကွယ်ပျောက် သွားပါလိမ့်မယ်။
အင်္ဂလိပ်စာပေထဲက ဥပမာတစ်ခုဟာ ဒီနေရာမှာ အသုံးတည့်ပါတယ်။
Lewis Carrolရဲ့ “Alice in Wonderland”ထဲမှာ ဖြစ်ပါတယ်။ Alice နဲ့
ဖြူဖွေးတဲ့ မိရားကြီးတို့ဟာ ကောင်းကင်မှာ ပြုံးရွှင်နေတဲ့ Cheshire-ဆိုတဲ့
ကြောင်တစ်ကောင်ကို မြင်တွေ့ကြရပါတယ်။ သူတို့ ကြည့်နေကြတုန်းမှာပဲ
ကြောင်ရဲ့

အမြီးဟာ

ပျောက်ကွယ်

ခြေသည်းလက်သည်း

သွားပါတယ်။

နောက်ပြီး

လေးတွေကစပြီး

ခြေတွေလက်တွေ

ပျောက်ကွယ်သွားပါတယ်။

မကြာခင်မှာ

ကြောင်ရဲ့ကိုယ်လုံး

ပျောက်ကွယ်သွားပြီး

ပြုံးနေဆဲဖြစ်တဲ့

ကျန်ခဲ့ပါတယ်။

နားရွက်တွေ၊

အမွှေးအမျှင်တွေကစပြီး

ကောင်းကင်မှာ

“အပြုံး”တစ်ခုတည်းပဲ

အတွင်းပိုင်းကို

နောက်တော့

ကျုံ့ဝင်သွားရင်း

ပျောက်ကွယ်သွားပါတယ်။
ကျန်နေခဲ့ပါသတဲ့။

ဒီ

အပြုံးဟာ

ဦးခေါင်းဟာ
ပြုံးစရာ

ဦးခေါင်းပဲ
တဖြည်းဖြည်း

နှုတ်ခမ်းလွှာ

မှုန်ဝါး

မပါတဲ့အပြုံး

ဖြစ်ပါတယ်။ ဒါပေမယ့် မြင်သာတဲ့ အပြုံး ဖြစ်ပါတယ်။
ကမ္မဋ္ဌာန်းရှုမှတ်မှုရဲ့
လွှတ်ပေးထားလိုက်တဲ့

ဒီအဆင့်မှာ
ဖြစ်စဉ်အတွက်

ဖြစ်ပေါ်နေတာကို
ထပ်တူကျတဲ့

ခိုင်းနှိုင်းမှု

ဖြစ်ပါတယ်။ မျက်နှာမှာ အပြုံးရှိနေတဲ့ ကြောင်ဟာ လှပတဲ့ အသက်ရှူမှုနဲ့
တူပါတယ်။ ကြောင်တစ်ကောင်လုံး ပျောက်ကွယ်သွားတာဟာ အသက်ရှူမှု
ပျောက်ကွယ်သွားတာနဲ့ တူပါတယ်။ ကောင်းကင်မှာ တည်နေတဲ့ အပြုံးဟာ
သီးသန့်လေးဖြစ်နေတဲ့ စိတ်ထဲမှာ မြင်သာတဲ့ အလှတရားနဲ့ တူပါတယ်။

ဒီလို စင်ကြယ်တဲ့ စိတ်ရဲ့အာရုံကို “နိမိတ်”လို့ ခေါ်ပါတယ်။ “နိမိတ်”
ဆိုတာ “အမှတ်အသား”၊ ဒီနေရာမှာ “စိတ်အမှတ်အသား” ဖြစ်ပါတယ်။
ဒါဟာ

စိတ်မြင်ကွင်းထဲက

ဖြစ်ပေါ်လာတဲ့အခါမှာ

အာရုံအစစ်

တကယ့်ကို

ဖြစ်ပါတယ်။

ထူးဆန်းပါတယ်။

ပထမဆုံး

စပြီး

အရင်က

ဒါမျိုး

တစ်ခါမှ မတွေ့ကြုံခဲ့ရ ပါဘူး။
ဒါပေမယ့် “အမှတ်သညာ”လို့ ခေါ်တဲ့ စိတ်အမူအရာဟာ စိတ်ကူးပုံရိပ်
ဖော်ပေးဖို့ တွေကြုံ မှတ်သားဖူး တာတွေထဲက တူညီတာ တစ်ခုခုကို
ရှာဖွေပါတယ်။ နာမ်တရားနဲ့ ခံစားရတဲ့ အပျော်၊ ဒီ “ဒြပ်မဲ့အလှတရား”ဟာ
ယောဂီအများစုအတွက် လှပတဲ့ အလင်းတန်း အဖြစ်နဲ့ ထင်ရှားလာပါတယ်။

အဲဒါဟာ အလင်းတန်း မဟုတ်ပါဘူး။ မျက်လုံးတွေ မှိတ်ထားပါတယ်။
စက္ခုဝိဉာဏ်စိတ် မဖြစ်အောင် ပိတ်ဆို့ထားပါတယ်။ အာရုံငါးပါး ကမ္ဘာကနေ
ပထမဆုံး

လွတ်မြောက်တဲ့

တိမ်တိုက်ကနေ
ဖြစ်ပါတယ်။

မနောဝိဉာဏ်

လွတ်မြောက်လာတဲ့

ဖြစ်ပါတယ်။

ထွန်းလင်းတဲ့

ကိုယ်ထင်ရှားပြနေတာက

အာရုံငါးပါး

စိတ်လပြည့်ဝန်း

စိတ်တရား

ဖြစ်ပါတယ်။

အလင်းတန်း မဟုတ်ပါဘူး။ အလင်းတန်းနဲ့ တူတာပါ။ အမှတ်သညာက
အလင်းတန်းအဖြစ်နဲ့ပဲ

ပုံဖော်ပေးနိုင်တာမို့

အလင်းတန်းအဖြစ်

ထင်ရှားနေတာပါ။
ပထမဆုံး

ဒီစိတ်ဖြစ်ပေါ်လာမှုကို

တစ်ချို့ယောဂီတွေအတွက်

သိပ်သည်းတဲ့ တည်ငြိမ်မှု၊ ပျော်ရွှင် နှစ်သက်မှုလိုမျိုး ကိုယ်ခန္ဓာခံစားမှု
အဖြစ်နဲ့

အမှတ်သညာက

ပုံဖော်ပေးပါတယ်။

ကိုယ်ခန္ဓာခံစားမှုလည်း

မဟုတ်ပြန်ပါဘူး။ (နှစ်သက်ပျော်ရွှင်မှု နဲ့ နာကျင်ခံခက်မှု၊ ပူမှု နဲ့ အေးမှု
စတာတွေကို

တွေ့ကြုံခံစားတဲ့)

ပိတ်ဆို့တားမြစ်ထားပြီး

ကာယ

ဖြစ်နေလို့ပါပဲ။

ဝိညာဏ်စိတ်ကိုလည်း
နှစ်သက်မှုနဲ့

နှစ်သက်မှုအဖြစ်နဲ့ ပုံဖော်ပေးထားခြင်းသာ ဖြစ်ပါတယ်။

ဆင်တူလို့

တစ်ချို့က

အဖြုရောင်

အလင်းတန်းမြင်တယ်။

တစ်ချို့က

ရွှေရောင်ကြယ်ပွင့်၊ တစ်ချို့က အပြာရောင် တောက်တဲ့ ရတနာ ... ...။
အရေးကြီးတာက
ပုံဖော်ပြခြင်း

အားလုံးဟာ

ဆင်တူတဲ့

ဖြစ်တယ်ဆိုတာပါပဲ။

တစ်မျိုးတည်းကိုပဲ

ကြုံတွေ့ကြရတာပါ။

ဖြည့်စွက်ချက်တွေ ဖြစ်ပါတယ်။

အသွင်အပြင်

စင်ကြယ်တဲ့
ကွဲလွဲမှု

အဖြစ်နဲ့
စိတ်အာရုံ

တွေဟာ

သညာရဲ့

နိမိတ်တစ်ခုကို အခု ဖော်ပြမယ့် သွင်ပြင်ခြင်းရာ ခြောက်မျိုးနဲ့ ခွဲခြား
မှတ်သားနိုင်ပါတယ်။
၁။ ယောဂီဟာ

လှပတဲ့

အသက်ရှူမှုနဲ့အတူ

ကာလကြာမြင့်စွာ

တည်ရှိနေပြီးတဲ့နောက်၊ ကမ္မဋ္ဌာန်း အဆင့် (၅)ရဲ့ နောက်မှာမှ
ပေါ်လာပါတယ်။

၂။ အသက်ရှူမှု ကွယ်ပျောက်တဲ့အခါ ပေါ်လာပါတယ်။
၃။ လုံးဝလွတ်ကင်းနေတဲ့ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ ပြင်ပအာရုံ
ခြောက်မျိုးရဲ့ အသွင်နဲ့ ပေါ်လာပါတယ်။
၎။ အဇ္ဈတ္တမှာ

ပုံဖော်ထားတဲ့

အချိန်မှာ ထင်ရှားလာပါတယ်။

အတွေးအသိ

လုံးဝမရှိတော့တဲ့

၅။ ထူးဆန်းပေမယ့် ဆွဲဆောင်နိုင်စွမ်း အပြည့်ရှိပါတယ်။
၆။ လှလှပပ ရိုးရှင်းတဲ့ အာရုံဖြစ်ပါတယ်။
တကယ့်နိမိတ်အစစ်ကို

စိတ်ကူးနဲ့ပုံဖော်ထားတဲ့နိမိတ်နဲ့

ခွဲခြားနိုင်အောင်လို့ သွင်ပြင်ခြင်းရာ ခြောက်မျိုးကို ဖော်ပြရတာ ဖြစ်ပါတယ်။
နောက်ပြီး
ခေါ်ပါတယ်။
ကိုယ်ခန္ဓာ၊

အဆင့်ခြောက်ကို

လုံးလုံးလျားလျား
အတွေးစိတ်ကူး

“လှပတဲ့နိမိတ်

လှပတဲ့နိမိတ်သာ

(အသက်ရှူမှုကို

တွေ့မြင်ခြင်း”လို့
ကျန်နေရစ်တဲ့အထိ

သိမှတ်တာ

အပါအဝင်)

အာရုံခြောက်ပါးလုံးကို

လွှတ်ပစ်လိုက်တဲ့

အခါမှာ

ဒီအဆင့်ကို

ရောက်ပါတယ်။
တစ်ခါတစ်ခါ ထင်ခါစမှာ နိမိတ်ဟာ မှုန်ဝါးနေတတ်ပါတယ်။ ဒီအခါ

လှပတဲ့ အသက်ရှူမှုမှာ အစဉ်မပြတ် ကင်းဆိတ်စွာ အာရုံစိုက်မှုဖြစ်တဲ့
ပြီးခဲ့တဲ့

အဆင့်ကို

ချက်ချင်း

ပြန်သွားသင့်ပါတယ်။

နိမိတ်ဟာ

တောက်ပနေပေမယ့်

မကြာခင်

နိမိတ်

ပြန်ရပါလိမ့်မယ်။
တစ်ခါတစ်ခါ

မတည်ငြိမ်ပါဘူး။

မီးပြတိုက်က အချက်ပြမီးလို လင်းလိုက်မှိန်လိုက် ဖြစ်နေပြီး ပျောက်ကွယ်
သွားတတ်ပါတယ်။ လှပတဲ့ အသက်ရှုမှုကို စွန့်ခွာတာ စောလွန်းနေတယ်
ဆိုတဲ့ အမှတ်အသားပေါ့။
စိတ်ဟာ

ပိုပြီး

သိမ်မွေ့တဲ့

အာရုံမစိုက်နိုင်သေးခင်မှာ

နိမိတ်အပေါ်

ယောဂီဟာ

ရှင်းရှင်းလင်းလင်း

လှပတဲ့

အသက်ရှူမှုမှာ

အချိန်ကြာမြင့်စွာ သက်တောင့်သက်သာ အာရုံစိုက်နေနိုင်စွမ်း ရှိရပါမယ်။
စိတ်ကို

လှပတဲ့

အသက်ရှူမှုမှာ

လေ့ကျင့်ပါ။

သည်းခံမှုအပြည့်၊

လုံ့လအပြည့်နဲ့ လေ့ကျင့်ပါ။ နိမိတ် ယူသင့်တဲ့ အချိန် တန်ပြီဆိုရင် စိတ်ဟာ
ထက်မြက်နေပါတယ်။

တည်ငြိမ်နေပါတယ်။

စောင့်ထိန်းရတာ

လွယ်လာပါတယ်။
မထင်ရှားတဲ့နိမိတ်
ရောင့်ရဲကျေနပ်မှု

ဖြစ်ပေါ်ခြင်းရဲ့

အဓိက

အဆင့်နိမ့်လွန်းလို့ပဲ

အကြောင်းကတော့

ဖြစ်ပါတယ်။

သင်ဟာ

တစ်စုံတစ်ရာကို “တောင့်တ”နေဆဲ ဖြစ်ပါတယ်။ ထုံးစံအားဖြင့် သင်ဟာ
ထင်ရှားတဲ့

နိမိတ်ကို

သတိထားလိုက်ပါ။

အလိုရှိနေပါတယ်။
ဒါဟာ

လွှတ်ပေးလိုက်တဲ့အဆင့်၊

ဈာန်ရချင်နေပါတယ်။

အရေးကြီးပါတယ်။
မယုံကြည်နိုင်လောက်အောင်

ကျေနပ်ရောင့်ရဲမှု အဆင့်တွေ ဖြစ်ပါတယ်။

ဈာန်ဆိုတာ
နက်နဲတဲ့

ဆာလောင်မွတ်သိမ့်တဲ့ စိတ်ကို စွန့်လိုက်ပါ။ လှပတဲ့ အသက်ရှူမှုမှာ
ကျေနပ်ရောင့်ရဲမှုကို ဖွံ့ဖြိုးအောင် လုပ်ပါ။ နိမိတ်နဲ့ ဈာန်တို့ဟာ အလိုလို
ပေါ်လာပါလိမ့်မယ်။ နိမိတ် မတည်ငြိမ်ခြင်းရဲ့ အဓိက အကြောင်းကတော့
ရှူမှတ်သူဟာ

စွက်ဖက်မှုကို

မရပ်လိုက်သေးလို့၊

စွက်ဖက်နေသေးလို့

ဖြစ်ပါတယ်။ ရှုမှတ်သူဟာ ကားနောက်လိုက် စပယ်ယာလို ထိန်းချုပ်သူ
ဖြစ်နေလို့ပါ။ မဆိုင်တဲ့နေရာမှာ အမြဲပါနေပြီး အရာရာကို ရှုပ်ထွေးအောင်
လုပ်နေလို့ပါ။
ကမ္မဋ္ဌာန်းအလုပ်ဆိုတာ အေးဆေးနားနေမှုဆီ သွားနေတဲ့ သဘာဝ

ဖြစ်စဉ်ပါ။ ဖြစ်စဉ်လမ်းကြောင်း ကနေ လုံးဝ ဖယ်ရှားနေဖို့ လိုပါတယ်။
အမှန်တကယ်

လွှတ်ပေးလိုက်တဲ့

အခါမှ

နက်နဲတဲ့

ကမ္မဋ္ဌာန်း

ဖြစ်လာပါတယ်။ ဖြစ်စဉ်လမ်းကြောင်းမှာ “ပြုလုပ်သူ” မရှိတော့တဲ့ အထိ
အမှန်တကယ် လွှတ်ထားလိုက်ခြင်းကို ဆိုလိုပါတယ်။

နက်နဲသိမ်မွေ့တဲ့ လွှတ်ပေးထားနိုင်ခြင်းကို ရရှိဖို့ ကျွမ်းကျင်ပါးနပ်တဲ့

နည်းတစ်ခုကတော့
တိတ်ဆိတ်မှုကို
“နိမိတ်အပေါ်မှာ
ဆိုလိုက်ရုံပါပဲ။

နိုင်အောင်လို့ပါ။

နိမိတ်အပေါ်မှာ
ခဏလေး

ဖြိုခွဲလိုက်ပါ။

ယုံကြည်တယ်”လို့
“ပြုလုပ်သူ”

ဖြစ်ပေါ်နေသမျှကို

ယုံကြည်စိတ်ချမှု

သိမ်သိမ်မွေ့မွေ့လေးပေါ့။

စိတ်ထဲမှာ

အလျှော့ပေးပြီး

သင်စောင့်ကြည့်နေတဲ့

ဖြစ်ပါတယ်။
တီးတိုးစကား

ကွယ်ပျောက်သွား

အခိုက်

သင့်ရှေ့မှာ

နိမိတ်ကို ကိုယ်စားပြုထားတဲ့ စိတ်က ဖြစ်စဉ်ကို ထိန်းချုပ်သွားပါလိမ့်မယ်။

သိပ်သည်းတဲ့ နိမိတ်ရဲ့ အလှတရားဟာ ဘာအကူအညီမှ မလိုဘဲ အာရုံ
စူးစိုက်မှုကို ချုပ်ကိုင်နိုင်စွမ်း ပိုရှိတဲ့အတွက် သင်ဘာမှ လုပ်စရာ မလိုပါဘူး။
မပါဝင်

မဆုံးဖြတ်မိဖို့

ဘာဆက်လုပ်သင့်သလဲ?”

သတိထားပါ။
စတဲ့

“ဒါဘာလဲ?”၊

မေးခွန်းတွေဟာ

“ငါ

တစ်ဖန်ပြန်လည်

ပါဝင်စွက်ဖက်တဲ့

“ပြုလုပ်သူ”ရဲ့

အရေးကိစ္စတွေ

ဖြစ်ပါတယ်။

ဒီစွက်ဖက်မှုဟာ ဖြစ်စဉ်ကို နှောင့်ယှက်ပါတယ်။
ခရီးစဉ် ပြီးဆုံးတဲ့အခါ အားလုံးကို ပြန်သုံးသပ် ကြည့်နိုင်ပါတယ်။
တော်တဲ့ သိပ္ပံပညာရှင်ဟာ အချက်အလက်တွေ အားလုံးရှိနေတဲ့အချိန်၊
စမ်းသပ်မှု

ဆုံးခန်းရောက်မှ

ပြန်လည်

သုံးသပ်ပါတယ်။

အခုလည်း

မသုံးသပ်ပါနဲ့ဦး။ ဘာကိုမှ မတွက်ချက်ပါနဲ့။ “အလုံးလား၊ အဝိုင်းလား”၊
“ထင်ရှားသလား၊

မထင်ရှားဘူးလား”

ဆိုပြီး

နိမိတ်ရဲ့

အနားသတ်ကို

အာရုံစိုက်စရာ မလိုပါဘူး။ မလိုအပ်တာတွေ ဖြစ်ပါတယ်။ ရှုပ်ထွေး ကွဲပြားမှု
ဆီကိုပဲ ပို့ပေးပါတယ်။ “အဇ္ဈတ္တ” “ဗဟိဒ”္ဓ တွဲစပ်မှုတွေ များပြားလာမယ်။
အနှောင့်အယှက်တွေ ပိုလာမယ်။
စိတ်ကို

အာရုံကျရာ

ညွတ်ကိုင်းခွင့်

ပေးလိုက်ပါ။

စိတ်ဟာ

ထုံစံအားဖြင့် နိမိတ်ရဲ့ ဗဟိုချက်ဆီ သွားပါလိမ့်မယ်။ နိမိတ်ရဲ့ ဗဟိုချက်ဟာ

အလှပဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အလင်းတန်း အတောက်ပဆုံး၊
အသန့်ရှင်းဆုံး

နေရာလည်း

ဖြစ်ပါတယ်။

ဒါမှမဟုတ်

အာရုံစိုက်မှုကို

နိမိတ်ဗဟိုချက်မှာ ဆွဲချထားခိုက်၊ အတွင်းပိုင်းမှာ ချထားခိုက်၊ ဒါမှမဟုတ်
နိမိတ်အလင်းတန်းဟာ

သင်အပါအဝင်

ပတ်ပတ်လည်မှာ

ပြန့်နေခိုက်

သဘာဝအတိုင်း လွှတ်ပေးထားပြီး အလိုက်သင့် မျှောလိုက်နေပါ။
ဒါဟာ တကယ်တော့ အမြင်မျိုးစုံက ပုံဖော်ပေးတဲ့ အတွေ့အကြုံ
တစ်မျိုးပါပဲ။ စိတ်ဟာ ကျေနပ်နှစ်သက်မှုမှာ စုစည်းနေပါစေ။ ဈာန်ဆိုတဲ့
ဒီကမ္မဋ္ဌာန်းရဲ့ သတ္တမအဆင့် ရောက်ပြီပေါ့။
ဈာန်ရဲ့
ကြည်နူးမှုနဲ့

တံခါးဝမှာ

တွေ့ရတတ်တဲ့

ကြောက်ရွံ့မှုပေါ့။

အတားအဆီး

ကြည်နူးမှုဟာ

နှစ်ခုရှိပါတယ်။
စိတ်လှုပ်ရှားမှု

ဖြစ်လာပါတယ်။ ဒီအခိုက်မှာ “ဟုတ်ပြီ၊ ဖြစ်ချင်နေတာ ဒါပဲ”လို့ စိတ်မှာ
ထင်လိုက်မိရင် ဈာန် ပေါ်မလာတော့ပါဘူး။
တုန်လှုပ်ခြင်း ကင်းမဲ့မှုကို ဦးစားပေးတဲ့ အနေနဲ့
အံ့ဩကျေနပ်တဲ့

တုံ့ပြန်မှုကို

နှိပ်ကွပ်ဖို့

လိုပါတယ်။

“ဟုတ်ပြီ”ဆိုတဲ့
အံဩကျေနပ်တဲ့

တုံ့ပြန်မှုတွေကို စနစ်တကျ ပိုင်ဆိုင်ထားနိုင်တဲ့ နေရာဖြစ်တဲ့ ဈာန်ကနေ
ထွက်လာပြီးတဲ့အထိ အဲဒီ တုံ့ပြန်မှုတွေကို စွန့်ခွာထားနိုင်ပါတယ်။

ပိုဆိုးပုံရတဲ့ ဆီးတားမှုက ကြောက်ရွံ့မှု ဖြစ်ပါတယ်။ ဈာန်တရားရဲ့
သေးသိမ်တဲ့ စွမ်းအားနဲ့ နှစ်သက်ဖွယ်ရာကို သိလိုက်တော့၊ ဒါမှမဟုတ်
နက်နဲတဲ့ ဈာန်အထိ ပြည့်စုံအောင် ဆက်လုပ်ရမယ်ဦးလို့ သိလိုက်တော့၊
တစ်စုံတစ်ခုကို သင့်ရဲ့ နောက်မှာ ချန်ထားခဲ့ရတော့မယ်လို့ သိလိုက်တော့
ကြောက်ရွံ့မှု ဖြစ်ပေါ်လာပါတယ်။

ဈာန်ရဲ့ရှေ့မှာ “ပြုလုပ်သူ” ငြိမ်သက်နေပါတယ်။ ဒါပေမယ့် ရှိနေဆဲပါ။

ဈာန်ရဲ့

အတွင်းပိုင်းမှာတော့

“သိမှတ်သူ”ဟာ

“ပြုလုပ်သူ”

လုပ်စရာရှိတာ

အပြည့်ရှိနေပါတယ်။

လုံးဝ

လုပ်နေဆဲပါ။

ဒါပေမယ့်

မရှိတော့ပါဘူး။

သင်ဟာ

ထိန်းချုပ်မှုတွေ

သိမှတ်မှု
အားလုံးဟာ

လက်လှမ်းမမှီနိုင်တဲ့ နေရာမှာ ရှိနေပါတယ်။ တွေးသိမှု တစ်ခုကိုတောင်
ပုံမဖော်နိုင်ပါဘူး။ ဆုံးဖြတ်မှု မပြုနိုင်ပါဘူး။ ဆန္ဒဟာ အေးတိအေးစက်
ဖြစ်နေပါတယ်။
ဖြစ်နိုင်ပါတယ်။
ကင်းမဲ့နေတဲ့

ဒီအချက်ဟာ

နိုးကြားမှု

မရင့်ကျက်သူအတွက်

အပြည့်အဝ

အတွေ့အကြုံမျိုး

သင့်ဘဝ

ရှိနေပါလျက်နဲ့

ခြောက်လှန့်မှု

ချုပ်ထိန်းနိုင်မှု

တစ်လျောက်လုံး

တစ်ခါမှ

မကြုံဖူးပါဘူး။ အဲဒီ ကြောက်ရွံ့မှုဟာ အခြေခံကျတဲ့ ပုဂ္ဂလိက ဆန္ဒလိုမျိုး
တစ်ခုခုကို စွန့်လွှတ်လိုက်ရမှာကို ကြောက်နေတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟောညွှန်ခဲ့တဲ့ တရားတော်တွေနဲ့ ဆုလဒ်အဖြစ် မြင်တွေ့နိုင်တဲ့
ရှေ့နားကနေ

ဆွဲဆောင်နေတဲ့

နှစ်သက်မှု

ပီတိတို့

အပေါ်မှာ

ယုံကြည်မှုသဒ္ဓါ ထားခြင်းအားဖြင့် ဒီကြောက်ရွံ့မှုကို အနိုင်ယူနိုင်ပါတယ်။
“ဒီဈာန်ချမ်းသာကို

မကြောက်သင့်ဘူး၊

ကျင့်ကြံသင့်တယ်၊

ပွားများသင့်တယ်၊ ကြိမ်ဖန်များစွာ ပွားများသင့်တယ်”လို့ ဗုဒ္ဓရှင်တော်မြတ်
မကြာခဏ အမိန့်ရှိခဲ့ပါတယ်။ (လဋုကိကောပမသုတ်၊ မဇ္ဈိမနိကာယ်)။
ဒါ့ကြောင့်

ကြောက်ရွံ့မှု

ကျေနပ်နှစ်သက်မှု

အပေါ်မှာ

တရားတော်တွေနဲ့

ယုံကြည်မှု

စံနမူနာကောင်း

သဒ္ဓါမြဲနေပါစေ။
အားစိုက်ထုတ်မှု

ပေါ်မလာခင်ကနေ

သင့်ဘဝရဲ့
မပါတဲ့၊

ရရှိလာမယ့်

အပြည့်ထားပါ။

အရိယာသာဝကတို့

အလေးနက်ဆုံးအရာ

အထည်ကိုယ်ဒြပ်

ဗုဒ္ဓရဲ့

အပေါ်မှာ
ဖြစ်လာမယ့်၊

ကင်းမဲ့တဲ့၊

အတ္တမရှိတဲ့၊

နှစ်သက်ဖွယ် အတွေ့အကြုံ ရရှိဖို့ ဓမ္မကို ယုံကြည်ပါ။ ဈာန်တရားက သင့်ကို
နွေးနွေးထွေးထွေး ပွေ့ပိုက်လာပါစေ။ အခိုက်အတန့်အားဖြင့် ထိန်းချုပ်မှုကို
လုံးဝလွှတ်လိုက်ဖို့ သတ္တိမွေးပါ။ အားလုံးကို ကိုယ်တိုင်တွေ့ကြုံ ခံစားပါ။
တကယ့်

ဈာန်တရားဆိုရင်

အခိုက်အတန့်ပဲ

ကြာရှည်

တည်နေတယ်ဆိုရင်တော့

တည်နေပါလိမ့်မယ်။

ဈာန်လို့

မခေါ်ထိုက်ပါဘူး။

ထုံးစံအားဖြင့် အထက်ဈာန်တွေဟာ နာရီပေါင်းများစွာ တည်နေနိုင်ပါတယ်။
အဇ္ဈတ္တမှာ

ဖြစ်ပေါ်လာတဲ့အခါ

ရွေးခြယ်စရာ

ဖြစ်ပေါ်ဖို့

အဆင်သင့်

ဖြစ်တဲ့အခါ၊

မရှိပါဘူး။

အာရုံသိစိတ်

ကြိုတင်စုဆောင်းခဲ့တဲ့

စွန့်လွှတ်မှုလောင်စာ

ကုန်ဆုံးသွားတဲ့

အခါကျမှပဲ

ထွက်လာပါလိမ့်မယ်။

ဒါတွေဟာ

သူတို့ပင်ကိုယ်

သင်ဟာ

ဈာန်က

သဘာဝအားဖြင့်

ကြာမြင့်စွာ တည်နေလေ့ရှိတဲ့၊ တည်ငြိမ်ပြီး နှစ်သက်စရာ လည်းကောင်းတဲ့
စိတ်အခြေအနေ တွေပဲ ဖြစ်ပါတယ်။
ဈာန်ရဲ့

ဝိသေသလက္ခဏာ

နောက်တစ်မျိုးကတော့

ဈာန်ဆိုတာ

အထက်က ဖော်ပြခဲ့သလို နိမိတ်ကို မြင်ပြီးတဲ့ နောက်မှာမှ ဖြစ်ပေါ်ပါတယ်။
နောက်ပြီး

ဘယ်ဈာန်မှာပဲ

ဖြစ်ဖြစ်

ခန္ဓာကိုယ်အပေါ်မှာ

(ခန္ဓာကိုယ်

နာကျင်မှုလို) တွေ့ကြုံခံစားဖို့၊ ပြင်ပက အသံကို ကြားရဖို့၊ တွေးကြံဖို့
မဖြစ်နိုင်ဘူး၊

ကုသိုလ်အတွေးတောင်မှ

မတွေးနိုင်ဘူး

ဆိုတာလည်း

သိထားသင့် ပါတယ်။
ကာလကြာမြင့်စွာ
တစ်ခုတည်းသော

ဆက်လက်ဖြစ်တည်နေတဲ့

ကျေနပ်နှစ်သက်မှု

အမှတ်အသားမဲ့
မဟုတ်ပါဘူး။

မပြောင်းလဲဘဲ

သိမှုမျှသာ

အတွေ့အကြုံ၊

သန့်ရှင်းတဲ့

နိုးကြားသိတစ်ခု

ဖြစ်ပါတယ်။

ရှိပါတယ်။

ထက်မြက်ထင်ရှားတဲ့

ဒါဟာ

ရော်ရမ်းမှန်းဆမှု

သင်ရထားတဲ့ဈာန်ဟာ တကယ့်အစစ်လား၊ စိတ်ကူး ယူဆမှုလားဆိုတာ
သင်ကိုယ်တိုင် သိနိုင်ဖို့ ဒါကို ပြောပြရတာ ဖြစ်ပါတယ်။
ကမ္မဋ္ဌာန်းတရားနဲ့
ဒီနေရာမှာတော့

ပတ်သက်တာတွေ

ပထမဈာန်

အများကြီး

ရောက်တဲ့အထိ

ရှိပါသေးတယ်။

အဆင့်ခုနစ်ဆင်ထ
့ားပြီး

အခြေခံ နည်းစနစ်ကိုပဲ ဖော်ပြထားပါတယ်။
အထက်ဈာန်တွေနဲ့ ပတ်သက်လို့ နီဝရဏငါးပါး အကြောင်းနဲ့ သူတို့ကို
ဘယ်လို

ပယ်ရမယ်ဆိုတာ၊

သတိပဋ္ဌာန်လေးပါး၊
အများကြီး

သတိရဲ့

ဣဒ္ဓိပါဒ်လေးပါးနဲ့

ရှိနေပါသေးတယ်။

ဒါတွေ

အဓိပ္ပာယ်နဲ့
ဣနြေ္ဒငါးပါး၊

အားလုံဟာ

အသုံးဝင်ပုံ၊
ပြောစရာတွေ

ကမ္မဋ္ဌာန်းတရားနဲ့

ဆက်စပ် ပတ်သက်နေပါတယ်။ ဒါပေမယ့် နောင် အခွင့်သင့်မှ တင်ပြဖို့
ချန်ခဲ့ပါမယ်။
ဒါတွေဟာ (ဝိပဿနာ)ဉာဏ်နဲ့ မဆိုင်တဲ့ “သမထကျင့်စဉ်မျှသာ”
ဖြစ်တယ်လို့

နားလည်မှု

သမထသက်သက်လည်း

လွဲတဲ့သူတွေ
မဟုတ်ဘူး၊

အတွက်ပေါ့။

ဒါဟာ

ဝိပဿနာသက်သက်လည်း

မဟုတ်ဘူးလို့ နားလည်လိုက်ပါ။ ဘာဝနာ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်
ဟောကြားခဲ့တဲ့ နည်းစနစ်ပါ။

ဘုန်းကြီးတို့ရဲ့ ဆရာသမား၊ ဆရာတော်

Ajahn Chahလည်း အပါအဝင် ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက
တောရအစဉ်အလာမှာ ကျင့်သုံးလာတဲ့ နည်းစနစ် ဖြစ်ပါတယ်။
“သမထနဲ့ ဝိပဿနာကို ခွဲလို့ မရနိုင်ဘူး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊
သမ္မာ-အာစာရ စတာတွေ မပါဘဲ သူတို့ကို နှစ်ခုတွဲပြီး ဖွံ့ဖြိုးအောင်လည်း
မလုပ်နိုင်ဘူး”လို့ ဆရာတော် Ajahn Chahလည်း မကြာခဏ မိန့်တော်မူခဲ့
ပါတယ်။

တကယ်တော့

အထက်မှာ

တိုးတက်အောင်လုပ်ဖို့

တရားတော်တွေကိုလည်း
စင်ကြယ်ရပါမယ်။

ယောဂီဟာ

အဆင့်

ဖော်ပြခဲ့တဲ့
နားလည်မှု

လိုပါတယ်။

လက်ခံနိုင်ရပါမယ်။

အားလုံးကို

ရရှိဖို့

ခုနစ်ဆင့်မှာ
ဗုဒ္ဓရဲ့

သီလလည်း

ဝိပဿနာ

လိုပါတယ်။

“သဘာဝအတိုင်းလွှတ်ပေးထားခြင်း”ဟာ ဝိပဿနာ ပါပဲ။ ဒီ အဆင့်တွေ
ဖွံ့ဖြိုးလာတာနဲ့အမျှ ဝိပဿနာဟာ ပိုပိုပြီး လေးနက်သိမ်မွေ့ လာပါလိမ့်မယ်။
ဈာန်အထိ

ရောက်တယ်ဆိုရင်

သင့်ရဲ့

နားလည်မှု

တစ်ခုလုံးကို

ပြောင်းလဲပေးပါလိမ့်မယ်။
ဝိပဿနာဟာ

ဈာန်ရဲ့ဘေးမှာ

ဝိုင်းပတ်ပြီး

ကခုန်နေသလိုပါပဲ။

ဈာန်ဟာလည်း ဝိပဿနာရဲ့ ဘေးမှာ ဝိုင်းပတ်ပြီး ကခုန်နေသလိုပါပဲ။
ဒါဟာ

ဘာလို့လဲဆိုတော့

နိဗ္ဗာန်ရောက်မယ့်

သကဒါဂါမ်ဖြစ်ခြင်း၊
အကျိုးလေးမျိုး

လမ်းကြောင်းပဲ

“ဈာန်ဝင်စားသူအတွက်
အနာဂါမ်ဖြစ်ခြင်း၊

မျှော်လင့်

ဖြစ်ပါတယ်။

သောတာပန်ဖြစ်ခြင်း၊

ရဟန္တာဖြစ်ခြင်း

နိုင်တယ်”လို့

ဟောတော်မူခဲ့လို့ပါပဲ။ (ပါသာဒိကသုတ်၊ မဇ္ဈိမနိကာယ်)

ဆိုတဲ့

ဗုဒ္ဓကိုယ်တော်တိုင်

**********
ပြီးပါပြီ။

Ajahn Brahmavamso ရဲ့ “The Basic Method of Meditation”ကို
ဘာသာပြန်ပါတယ်။
အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့ဖူးပါတယ်။ အတွဲအမှတ် မမှတ်မိတော့ပါ။
Ref (2 March 2011):
http://www.buddhanet.net/budsas/ebud/ebmed035.htm

http://www.mrmrt.info/
http://www.mrmrt.blogspot.com/