အိမ်တွေ အိပ်ခန်း မီးခလုပ်တွေမှာ တပ်ထားတဲ့ မီး အလင်း အမှိန် ကို ထိန်းပေးတဲ့ light dimmer circuit လေးပါ။

အလုပ်လုပ် ပုံကတော့ ဒီလိုပါ။ မီးလုံးတစ်လုံးရဲ့  မီး အလင်းရောင်ကို မှိန်သွားအောင် လုပ်ဖို့ ဆိုရင် အဲ့ဒီ
မီးလုံးဆီကို သွားတဲ့ power ကို လျှော့ချပေးရမှာဖြစ်ပါတယ်။ အဲ့ဒီလို power ကို လျှော့ချ ပေးဖို့ ဆိုရင်
မီးလုံးဆီကို သွားတဲ့ current/voltage ကို 100% အပြည့် မသွားစေဘဲနဲ့  ကြားထဲမှာ ဖျက်တောက်
ပေးလိုက်တာပါဘဲ။

သဘောကတော့ ပုံထဲမှာ ပြထားတဲ့အတိုင်း ဘယ်ဖက်က 100% power အပြည့်ရှိတဲ့ 220V AC voltage
တစ်ခုကို ညာဖက်ကလို လျှပ်စစ် ပါဝါ အပြည့် မရအောင်လို့  အပိတ်အဖွင့် လုပ်ပေးနိုင်တဲ့ switch ခလုပ်တစ်ခု
(TRIAC) ကို ကြားခံ အနေနဲ့  ထည့်ပေးလိုက်တာပါ။ ကျွန်တော်တို့  မြန်မာပြည်မှာ့ သုံးနေတဲ့ မီးအားက AC
220V frequency 50Hz (or 60Hz) ရှိတယ်ဆိုပါစို့ ။ ဆိုလိုတာက ၁ စက္ကန့် မှာ အပေါ်မှာ ပြထားတဲ့ voltage
cycle (+) & (-) မျိုး 50 cycles ရှိတယ်လို့ ဆိုလိုပါတယ်။ အဲ့ဒီတော့ ညာဖက်ကပုံထမ
ှဲာလို cycle တစ်ခုမှာ
TRIAC switch က ၂ ခါ ပိတ်လိုက်ဖွင့်လိုက် ဖြစ်တဲ့အတွက် 50 cycles အတွက်ဆိုရင် TRIAC switch က ၁
စက္ကန့် မှာ အခါ ၁၀၀ ပိတ်လိုက်ဖွင့်လိုက်ဖြစ်ပြီး မီးလုံးဆီကို သွားမယ့် ပါဝါ ကို ဖြတ်တောက်ပေးပါတယ်။ အဲ့ဒီ
နည်းနဲ့  မီးလုံးရဲ့  အလင်း အမှိန်ကို အလျှော့အတိုး လုပ်ပေးနိုင်တာပါ။ TRIAC switch ကို ON တဲ့ အချိန်

မြန်မယ်ဆိုရင် TRIAC OFF နေတဲ့ အချိန်ပိုတိုပြီး OFF ဖြစ်နေတဲ့ အပိုင်းက ပိုသေးပြီး ON ဖြစ်နေတဲ့ အချိန်က ပို
ရှည်တဲ့ အတွက် မီးလုံးဆီကို power ရောက်တဲ့ အချိန် ပိုရှည်ပြီး မီးလုံးဆီကို Power များများရောက်ပြီး
ပိုလင်းနိုင်ပါတယ်။ တကယ်လို့  TRIAC switch ကို ON တဲ့ အချိန်က ကြာမယ်ဆိုရင် OFF ဖြစ်နေတဲ့ အချိန်က
ပိုရှည်ပြီး ON ဖြစ်နေတဲ့ အချိန်က ပိုတိုတဲ့ အတွက် မီးလုံးဆီကို ပါဝါ ရောက်ချိန် ပိုတိုပြီး မီးလုံး မှိန်နေပါမယ်။

TRIAC (Triode for AC) ရဲ့  အပြင်ပိုင်း အလုပ်လုပ် ပုံကတော့ mos transistor နဲ့ သိပ်မကွာပါဘူး။ TRIAC ရဲ့ 
Gate ကို အကြမ်းအားဖြင့် 1-1.5 volt (threshold voltage Vth) လောက် ပေးလိုက်ရင် Terminal T1 နဲ့  T2
ကြားထဲမှာ current ဖြတ်စီးသွားနိုင်ပါတယ်။ Transistor နဲ့  မတူတာ တစ်ခုက TRIAC တစ်ခု ON ဖို့ အတွက် သူ
့ရဲ့  Gate ကို (+Vth) ဖြစ်ဖြစ် (-Vth) ဖြစ်ဖြစ် ပေးလို့ ရပါတယ်။ အဲ့ဒါ ကြောင့် မို့လို့ AC circuit တွေမှာ TRIAC ကို
switch တစ်ခု အနေနဲ့  သုံးတတ်ကြတာပါ။ TRIAC=ON တာနဲ့ T1 & T2 ကြားမှာ ခွပေါ်နေတဲ့ voltage (Vt1 –
Vt2) က zero ကို မရောက်မချင်း ဒီအတိုင်း ဆက် ON နေပြီး T1 & T2 ကြားထဲမှာ current စီးနေနိုင်ပါတယ်။ T1
& T2 ကြားက voltage (Vt1 – Vt2) = 0 ကို ရောက်တာနဲ့ TRIAC=OFF ပြန်ဖြစ်သွားပါတယ်။

TRIAC ရဲ့ Gate နဲ့ ဆက်ထားတဲ့ Diac ရဲ့ အပြင်ပိုင်း အလုပ်လုပ်ပုံကတော့ Zener Diode အလုပ်လုပ် ပုံနဲ့ 
ခပ်ဆင်ဆင် တူပါတယ်။ Diac တစ်ခုရဲ့ breakdown voltage က အကြမ်းအားဖြင့် (+/-) 20-30V
ရှိတတ်ပါတယ်။ အစွန်းနှစ်ဘက် T1 & T2 ကြားမှာရှိတဲ့ voltage က 30V ကျော် တာနဲ့  T1 နဲ့ T2 connected
ဖြစ်ပြီး current စီးနိုင်ပါတယ်။ သူမှာလည်း (+) (-) သတ်မှတ်ချက် မရှိတဲ့ အတွက် AC circuit တွေမှာ
အသုံးများပါတယ်။ dimmer circuit မှာတော့ TRIAC ရဲ့ Gate ကို လိုအပ်တဲ့ gate voltage (pulse) တွေ ပေးဖို
့အတွက် DIAC ကို သုံးထားတာပါ။ အောက်ကပုံ ကတော့ Pspice simulation မှာမြင်ရတဲ့ Diac ရဲ့  အထွက်
voltage pulses တွေပုံဖြစ်ပါတယ်။ အဲ့ဒီလို (+) or (-) pulse လေး တစ်ခုဖြစ်တိုင်း TRIAC ရဲ့ Gate ကို voltage
သွားပေးတဲ့အတွက် TRIAC = ON ပါတယ်။

TRIAC ရဲ့ Gate voltage က ဥပမာ 1V (Vth) ထက် နဲ နေတဲ့ အချိန်မှာ TRIAC=OFF ဖြစ်ပြီး မီးလုံးဆီကို ပါဝါ
မရောက်နိုင်ဘဲ gate voltage 1V ထက် ကျော်သွားတော့မှ TRIAC=ON ဖြစ်ပြီး မီးလုံးဆီကို ပါဝါ ရောက်မှာပါ။
အဲ့ဒီတော့ မီးလုံး ကို ပါဝါ အပြည့် မရဖို့ အတွက်ဆိုရင် အဲ့ဒီ TRIAC ကို ပိတ်လိုက် ဖွင့်လိုက် လုပ်ပေးဖို
့လိုပါတယ်။ အဲ့ဒီလို TRIAC ကို ဘယ်အချိန်မျာ ON မလဲ ဘယ်အချိန်မှာ OFF မလဲဆိုတာကို သတ်မှတ်ဖို
့အတွက် gate voltage pulse တွေ ပေးနေတဲ့ DIAC ရဲ့ အ၀င်မှာ RC circuit တစ်ခုကို ဆက်လိုက်တာပါ။
variable resistor ရဲ့  တန်ဖိုးကို အတိုးအလျော့ လုပ်ပေးချင်းအားဖြင့် DIAC ရဲ့ အထွက် pulse နှုန်းကို
ပြောင်းလဲစေပြီး TRIAC ရဲ့  ON/OFF နှုန်းကိုလဲ ပြောင်းလဲစေပြီးတော့ မီးလုံး ဆီကို သွားမယ့် ပါဝါ ကိုလည်း
လိုသလို အတိုးအလျော့ လုပ်ပေး နိုင်လို့  မီးလုံးရဲ့  အလင်းအမှိန်ကို လိုသလို ထိန်းနိုင်ပါတယ်။
ဒီ dimmer ckt အလုပ်လုပ်ပုံကို အကြမ်းအားဖြင့် ကြည့်ရင်တော့ ပထမဦးဆုံး လျှပ်စီးက 220K variable
resistor ကို ဖြတ်ပြီးတော့ capacitor ကို အားဖြည့်ပါတယ်။ အဲ့ဒီတော့ capacitor ရဲ့ voltage က
တဖြည်းဖြည်းတက်လာပြီး +30V/-30V (diac breakdown) ကို ရောက်ပြီဆိုတာနဲ့  သူနဲ့ ဆက်နေတဲ့ DIAC မှာ
current စီးပြီးတော့ DIAC ရဲ့  အထွက်မှာ voltage pulse တစ်ခုကို ထုတ်ပေးပါတယ်။ အဲ့ဒီတော့ DIAC နဲ့
ဆက်နေတဲ့ TRIAC ရဲ့ Gate မှာ လိုအပ်တဲ့ voltage ရရှိပြီး TRIAC=ON ပါတယ်။ TRIAC=ON တာနဲ့ သူ့ ရဲ့  T1
နဲ့  T2 အစွန်း နှစ်ဘက်ကို current ဖြတ်စီးပြီးတော့ မီးလုံးကိုလဲ လျှပ်စီး ဖြတ်စီးပြီး မီးလုံးဆီကို ပါဝါ ရလို

့မီးလင်းပါတယ်။ အဲ့ဒီ အချိန်မှာဘဲ capacitor ထဲမှာ ကျန်နေသေးတဲ့ ဓါတ်အား (charge) တွေကလည်း DIAC &
TRIAC ကနေတဆင့် Ground ထဲကို စီးဝင်ပြီး (discharge ဖြစ်ပြီး) ဓါတ်အား ပြန်ကုန်သွားပါတယ်။ အဲ့ဒီ နောက်
TRIAC=OFF ပြန်ဖြစ်သွားပြီး မီးလုံးဆီသွားတဲ့ ပါဝါကို တဖန် ဖြတ်တောက်ပြီးတော့ capacitor ကို
ဓါတ်အားပြန်သွင်း (charge) ပြန်လုပ်ပြီး DIAC=ON ပြန်ဖြစ်အောင် စောင့်ရပါတယ်။ အဲ့ဒီလိုနဲ့  TRIAC ကို
ပိတ်လိုက် ဖွင့်လိုက် ဖြစ်စေပြီး မီးလုံး ရဲ့  power ကို ဖြတ်တောက်ပြီးတော့ မီးလုံး အလင်း အမှိန်ကို
ထိန်းပေးတာပါ။
ကျွန်တော်တို့ RC circuits တွေမှာ capacitor တစ်ခုကို charge လုပ်တဲ့ အချိန်ကို delay time = RC ဆိုပြီး
သတ်မှတ်ပါတယ်။ တနည်းအားဖြင့် resistor ရဲ့  resistance များလေလေ capacitor ကို charge လုပ်တာ
ကြာလေလေ ဆိုပါတော့။ Variable resistor ရဲ့  တန်ဖိုး ကို လျော့ချ လိုက်ခြင်းအားဖြင့် capacitor ကို charge
လုပ်တာ ပိုမြန်လာတဲ့ အတွက်ကြောင့် DIAC က voltage pulse ထုတ်ပေးတာလည်း ပိုမြန်ပြီးတော့ TRIAC=ON
တာလည်း ပိုမြန်လာပါတယ်။ TRIAC=ON တာ ပိုမြန်တဲ့ အတွက်ကြောင့် OFF တဲ့ အချိန်တို ပြီး ON တဲ့
အချိန်ရှည်တဲ့ အတွက် မီးလုံးစီကို ပါဝါ များများ ရောက်ပြီး မီး အလင်း ရောင် များများ ရပါတယ်။ တကယ်လို
့variable resistor ရဲ့  တန်ဖိုးကို တိုးလိုက်မယ်ဆိုရင် capacitor ကို charge လုပ်တာ ပိုကြာလာပြီးတော့
TRIAC=ON တာလည်း ပိုကြာလာပါမယ်။ အဲ့ဒီအတွက် OFF ဖြစ်တဲ့ အချိန် က ပိုရှည် ပြီးတော့ ON ဖြစ်တဲ့ အချိန်
က ပိုတို တဲ့ အတွက် မီးလုံးဆီကို power ရောက်တာ ပို နည်းပြီး မီးလုံး ပိုပြီးတော့ မှိန်သွား ပါတယ်။
ဒီအောက်က graph ၃ ခု ကတော့ မီးလုံး ရဲ့  ပါဝါ ကို PSpice မှာ simulation လုပ်ပြီး ရတာပါ။ ပထမ ပုံမှာ
variable resistor တန်ဖိုးက 1 kOhm ဖြစ်တဲ့ အတွက် မီးလုံး မှာ ပါဝါ များများ ရပြီး တော့ variable resistor
တန်ဖိုးကို တိုးလိုက်တာနဲ့  အမျှ မီးလုံး ရဲ့  power လည်း လျော့ကျ သွားတာကို တွေ့ ရမှာပါ။ variable
resistance က 200 kOhm လောက်ဖြစ်တဲ့ အချိန်မှာ မီးလုံးမှာ power မရှိသလောက် (uW) ဖြစ်ပြီး မီးလုံး
ပိတ်သလောက် ဖြစ်နေပါပြီ။

ဒီအောက်က ပုံကတော့ မီးလုံး Load resistor ကရရှိတဲ့ voltage ကို ပြထားတာဖြစ်ပါတယ်။ အစိမ်းရောင်က
အ၀င် voltage ဖြစ်ပြီး အနီရောင်ကတော့ TRIAC မှာပေါ်တဲ့ voltage ဖြစ်ပါတယ်။ အစိမ်းရောင် ထဲက အနီရောင်
ကို နှုတ်လျှင် မီးလုံး မှာ ခွပေါ်တဲ့ voltage ကို ရရှိမှာဖြစ်ပါတယ်။ ပုံမှာပြထားတဲ့ အတိုင်း TRIAC=OFF နေတဲ့
အချိန်မှာ TRIAC က open circuit ဖြစ်နေတဲ့ အတွက် အနီနဲ့  အစိမ်းနဲ့  က တထပ်တည်း အတူတူ
ဖြစ်နေပါတယ်။ အဲ့ဒီ အချိန်မှာ မီးလုံး Load resistor မှာ ဘာ voltage မှမရနိုင်ပါဘူး။ TRIAC=ON တာနဲ့ 
TRIAC ရဲ့  voltage က zero ကိုကျသွားတဲ့ အတွက် အနီရောင် က zero ကို ရောက်သွားပြီး အစိမ်းနဲ့ 
အနီကြားမှာ voltage ခြားနားခြင်းရှိလာပါတယ်။ ဆိုလိုတာက မီးလုံးမှာ voltage ရရှိပြီး မီးလင်းပါမယ်။

ဒီ circuit အတွက် လိုအပ်တဲ့ ပစ္စည်း တွေကတော့
R1 – 220k variable resistor (Pot resistor)
C1 – 1uF 250V
D1 – Diac (for example BR100) or (HT32)
Q2 – Triac (for example BT136) or (2N6075) or (TIC226D)
ဒီနေရာမှာ DIAC နဲ့  TRIAC နှစ်ခုတွဲပြီး ပေါင်းထားတာမျိုးလည်းရှိပါတယ်။ သူတို့ ကိုကျတော့ QUADRAC လို
့ခေါ်လေ့ရှိပါတယ်။ Q4004LT တို့  Q2008LT တို့  လိုမျိုးပါ။
ဒီမှာ သုံးထားတဲ့ 1k load resistor ကတော့ 50W မီးလုံးကို ကိုယ်စားပြုပါတယ်။
TRIAC မလောင်အောင် ကြာကြာခံအောင်လို့  heat sink တပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။
Datasheet တွေ လိုချင်ရင်တော့ ဒီမှာ ကြည့်လို့ ရပါတယ်။
BR100
http://www.datasheetcatalog.org/datasheets/270/122508_DS.pdf
HT32
http://www.digchip.com/datasheets/parts/datasheet/472/HT-32-pdf.php
BT136
http://www.ladelec.com/datasheet/BT136-600F.pdf
2N6075
http://www.datasheetarchive.com/pdf-datasheets/Datasheets-29/DSA-564552.html
Q4004LT
http://pdf1.alldatasheet.com/datasheet-pdf/view/90251/TECCOR/Q4004LT.html
Q2008LT
http://www.digchip.com/datasheets/parts/datasheet/472/Q2008LT-pdf.php

Sign up to vote on this title
UsefulNot useful