မြန်မာစစ်အစိုးရဟာ သူတို့ ကျင်းပမယ်လို့ ပြောနေတဲ့ ရွေးကောက်ပွဲကို ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မှာဖြစ်ကြောင်း သိန်းစိုး
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၁၃ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ထိုသတင်းကို နိုင်ငံပိုင် ရုပ်သံ
အစီအစဉ်ကနေပြီး သြဂုတ် ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။
အခု ရွေးကောက်ပွဲဟာ အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အခုလို
ကြေညာခဲ့ခြင်းဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ၈ ပါ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ
ဥပဒေ ပုဒ်မ ၃၄ (ဂ) ၊ နည်းဥပဒေ ၁၆ (ဃ) တို့အရ မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက် (၂၀၁၀ နိုဝင်ဘာ ၇ ရက်)
(တနင်္ဂနွေနေ့) တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောာက်ပွဲ ကျင်းပမှာဖြစ်ကြောင်း ကြေညာခဲ့တာ
ဖြစ်ပါတယ်။
အခုအခါ သိန်းစိုး ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသူ ပါတီ ၄၇ ပါတီ
ရှိနေပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီ ၄၁ ပါတီအနက် ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့်ပြုခဲ့တယ်လို့ အာဏာပိုင်တွေက
ပြောပါတယ်။ စစ်အစိုးရရဲ့ ကန့်သတ်မှုဘောင်အတွင်း ပါတီအင်အား ၁,၀၀၀ စုစည်းပြီး သိန်းစိုး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့
ပါတီအင်အားစာရင်း တင်ပြပြီးသူ နိုင်ငံရေးပါတီ ၁၄ ခု ရှိပြီးဖြစ်ကြောင်း သိရပါတယ်။
ရွေးကောက်ပွဲဝင်မယ့် ပါတီများဟာ သြဂုတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း
တင်သွင်းရမှာဖြစ်ပြီး သိန်းစိုးကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုကို စက်တင်ဘာ ၆ ရက်နေ့မှ ၁၀
ရက်နေ့အတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာ ၃ ရက်နေ့
နောက်ဆုံးထားပြီး ပြန်လည် ရုတ်သိမ်းနိုင်ကြောင်း သိရပါတယ်။
မြန်မာစစ်အစိုးရဟာ ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက် (တနင်္ဂနွေနေ့) ကလည်း ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ရာ
နိုင်ငံရေးပါတီ ၉၃ ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၂၀၉ ဦးနဲ့ တသီးပုဂ္ဂလ ၈၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ထိုရွေးကောက်ပွဲတွင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် နိုင်ခဲ့သော်လည်း အာဏာလွှဲမပေးပဲ လက်ရှိစစ်အုပ်စုက အနှစ်နှစ်ဆယ်ကျော်
တိုင်းပြည်ကို ဆက်လက် ချုပ်ကိုင်ထားခဲ့ပါတယ်။
မြန်မာစစ်အစိုးရ ကျင်းပမယ် ပြောတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး “အခုလို မတရားဘူး ပြောနေတဲ့ကြားက နအဖက မျက်နှာပြောင်တိုက်ပြီး
ရွေးကောက်ပွဲ ကြေငြာလိုက်တာဟာ တမင် စိန်ခေါ်လိုက်တာပါပဲ ။ အတိုက်အခံတွေအနေနဲ့ ဘာ ဆက်လုပ်ကြမလဲ၊ ရွေးကောက်ပွဲကို
ပြည်သူတွေ မဲသွားမပေးပါနဲ့လို့ ပြောနေယုံနဲ့ ဒီ ရွေးကောက်ပွဲမှာ နအဖ ရှုံးနိမ့်သွားမယ်လို့ ထင်နေသလား။ ကျနော်တော့ မထင်ဘူး။ သူတို့
တဘက်သတ် အနိုင်ရချင်လို့ ဒီပွဲကို စီစဉ်တာပဲ။ ပြိုင်ဘက်တွေကို နွားသေကြိုးတုပ် လုပ်၊ ဒိုင်ကလည်း သူ့လူတွေပဲ လုပ်ခိုင်းပြီး အပိုင်ထိုးမဲ့ပွဲ
ပဲ။ ဒါကိုမှ ၀င်ပြီး ယှဉ်ပြိုင်မယ်ဆိုတဲ့သူတွေက ဘယ်လောက်ထိ ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားလို့လဲလို့ မေးရမှာပါ၊“ လို့ အိန္ဒိယနိုင်ငံမှ
မြန်မာသတင်းသမားတဦးက ပြောပါတယ်။
Much more than documents.
Discover everything Scribd has to offer, including books and audiobooks from major publishers.
Cancel anytime.