အကျဉ်းသား ၁၀၀ လွှတ်၊ နိုင်ငံရေး အကျဉ်းသား မပါ

ဇာနည်မာန် Friday, September 10, 2010

အင်းစိန် အကျဉ်းထောင်မှ ယနေ့ လွှတ်ပေးလိုက်သော အကျဉ်းသား ၁၀၀ ခန့်တွင် နိုင်ငံရေး အကျဉ်းသားများ မပါဝင်ကြောင်း
သတင်းရရှိသည်။
“ကျား ၇၀၊ မ ၃၀။ တခြားပုဒ်မနဲ့ လူတွေ၊ လွတ်ရက် စေ့ခါနီးနေတဲ့သူတွေ၊ နောက် တလနေရင် လွတ်တော့မယ့် သူတွေ ပဲ ပါတယ်။ နိုင်ငံရေးအကျဉ်းသား
တယောက်မှ မပါဘူးဗျ” ဟု ထောင်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းက ဧရာဝတီသို့ ပြောသည်။
ထောင်ဘူးဝတွင် ထောက်လှမ်းရေးများ၊ အရပ်ဝတ် လုံခြုံရေးများ
ချထားပြီး ဗီဒီယို ကင်မရာများဖြင့် မှတ်တမ်းများ
ရိုက်ယူနေသည်ဟု အင်းစိန်ထောင်အနီးတွင် နေထိုင်သူများထံမှ
သိရသည်။
“လုံခြုံရေးက အများကြီးချထားတယ်။
ထောင်ဝန်ထမ်းတွေကိုယ်တိုင် ဗီဒီယိုမှတ်တမ်းယူနေတာလည်း
တွေ့တယ်။ နိုင်ငံရေးအကျဉ်းသား ပါလာတာမတွေ့ဘူး။
လွတ်လာတဲ့ အမျိုးသမီးတယောက်ကို မေးကြည့်တော့ ပြီးခဲ့တဲ့
တပတ်က အဖမ်းခံရတာ ထောင်တလကျတာကို အခု
လွတ်လာတာလို့ ပြောတယ်” ဟု အင်းစိန်ထောင်ရှေ့
နေထိုင်သူတဦးက ပြောသည်။
အကျဉ်းသားများကို ထွက်ခွာခွင့်မပေးမီ ဆရာတော်တပါးက
တရားဟောကြားပြီး “ဦးသန်းရွှေ (ဒလ အံ့ကြီး)” ရေးသားသည့်

၂၂၂၂
- AP)

(

“နိဗ္ဗာန် ရည်စူး မဂ်ဖိုလ် တရားထူး” စာအုပ်များကိုလည်း
ပေးလိုက်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီ အကျဉ်းသား အများအပြားကို လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အကျဉ်းသားများကို
လွှတ်ပေးခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။
သြဂုတ်လ ၂၄ ရက်နေ့က အကျဉ်းသား ၁၂၀ ၀န်းကျင်ကို လွှတ်ပေးခဲ့ရာတွင်လည်း နိုင်ငံရေးအကျဉ်းသား တဦးမျှ မပါဝင်ခဲ့ပေ။
မြန်မာတနိုင်ငံလုံးတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)
က ထုတ်ပြန်ထားသည်။

မြန်မာ မိန်းကလေးများကြား တက်တူး ဖက်ရှင် ခေတ်စားလာ
နရီလင်းလက် Friday, September 10, 2010

မြန်မာပြည်ရှိ အမျိုးသမီး သရုပ်ဆောင်၊ အဆိုတော် များသာမက ခေတ်လူငယ် မိန်းကလေးများ ကြားတွင်
ဆေးမင်ကြောင် (Tattoo) တက်တူး ထိုးခြင်းကို ဖက်ရှင်တခုအဖြစ် လက်ခံ ထိုးလာကြကြောင်း တွေ့ရသည်။
“ထိုးချင်တဲ့ စိတ်ကူး ပေါ်လာတာနဲ့ ပခုံးရယ်၊ ခါးရယ် ၊ ခြေထောက်ရယ်မှာ
ထိုးဖြစ်သွားတာ။ တခြား သူတွေလိုတော့ ဘာကြောင့်ရယ် မရှိဘူး။ ပြည်ပမှာတော့
ဆယ်ကျော်သက် အရွယ်လေးတွေက အစ ထိုးနေပေမယ့် မြန်မာပြည်မှာ ကတော့ အခုမှ
ခေတ်စား လာတယ်လို့ ပြောရမယ်”ဟု သရုပ်ဆောင် ဆုရွှန်းလဲ့က ပြောသည်။
ဆုရွှန်းလဲ့က ဆက်လက်၍ “အဘိုး အဘွားတွေ ခေတ်တုန်းကတော့
ဆေးမင်ကြောင်ထိုးတာ သတ္တိရှိတဲ့ လူတွေ ထိုးတာပေါ့ ၊ ကိုယ်တွေ ငယ်ငယ်က ဆိုရင်
ဆေးမင်ကြောင်ထိုးတာ လူဆိုး လူမိုက်ပေါ့။ အခု ကျတော့လည်း ဖက်ရှင်တခုလို
ပြောင်းသွားတာ ကိုယ်တွေပါ ထိုးလိုက်တဲ့ အထိ ဖြစ်သွားတယ်။ တခါထိုးပြီး ထပ်ထပ်
ထိုးချင်တဲ့ စိတ်ဖြစ်တယ်”ဟုလည်း ပြောဆိုသည်။

(

- cae2k.com)

ဆေးမင်ကြောင်ကို ယခင် ကာလများက ဘုရားပွဲ ဈေးတန်းများတွင်သာ အများဆုံးထိုးနိုင်သကဲ့သို့ အသုံးပြုသည့် ဆေး၊ အပ်နှင့် ထိုးသည့် ပုံဒီဇိုင်းများလည်း
ကောင်းမွန်မှုမရှိကြောင်း သိရသည်။
“အမျိုးသားက သူထိုးထားတဲ့ ပုံဟောင်းကို နည်းနည်းပြင်မယ်ဆိုတာနဲ့ ကိုယ်ကလည်းထိုးချင်တယ်ဆိုတော့ ထိုးဖြစ်သွားတာ။ပခုံးမှာ ကိုယ့်ရာသီခွင်
ကင်းမြီးကောက်ရယ် အဲဒီအောက်မှာ ကနုတ်ပုံရယ် ထိုးထားတယ်”ဟု မော်ဒယ် ခင်မဉ္ဖူခိုင်က ပြော သည်။
“ကိုယ်တိုင်လည်း တက်တူး (Tattoo) ထိုးတာကို ကြိုက်သလို ကောင်မလေးတွေ ထိုးထားတာမြင်ရင် သဘောကျတယ်။ ကောင်းတယ် မကောင်းဘူး
မဝေဖန်ချင်ပေမယ့် မြန်မာပတ်ဝန်းကျင်မှာ မိန်းကလေး တက်တူးထိုးထားရင် တမျိုးအမြင်ခံရတာ မျိုး ရှိတော့။ ကိုယ် အိမ်ထောင်ပြုတဲ့အခါ ကိုယ့်အမျိုးသားက
ဒါကို လက်ခံတဲ့ သူမျိုးဆိုရင်တော့ ကိစ္စမရှိဘူး။ မိန်းကလေးတွေ တက်တူး ထိုးချင်တယ်ဆိုရင် အိမ်ထောင်ကျပြီးမှ ထိုးစေချင်တယ်”ဟု ခင်မဉ္ဖူခိုင်က
ဆက်ပြောသည်။
တက်တူးထိုးခြင်းသည် မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီဟု ဝေဖန်ပြောဆိုမည်ဆိုလျှင် မြန်မာဝတ်စုံဝတ်၍ အကျင့်စာရိ တ္တ ပျက်ပြားနေသည့် အမျိုးသမီးများကို
ယဉ်ကျေးမှုနှင့်လျော်ညီသည်ဟု သတ်မှတ်နိုင်လားဟု မေးခွန်း ထုတ်စရာများ ရှိကြောင်း အမျိုးသမီး အဆိုတော် တဦးက ပြောဆိုသည်။
“လူကြီးတွေနဲ့ တွေ့ရမယ့် အခါမျိုးတွေ ရှိနိုင်တော့ အမျိုးသမီးတွေ ထိုးမယ်ဆိုရင် ဖုံးလို့လွယ်မယ့် နေရာမျိုးတွေမှာ ထိုးစေချင် တယ်။ မြန်မာဝတ်စုံနဲ့ တက်တူးနဲ့
ကတော့ ဘယ်လိုမှ မလိုက်ဘူးလို့ထင်တယ်။ တက်တူးထိုးထားလို့တော့ မကောင်းတဲ့ အ မျိုးသမီးလို့ မမြင်ဘဲ လက်ခံသင့်တယ်လို့ ထင်တယ် ”ဟု ၎င်းက
ဆိုသည်။
၎င်းက ဆက်လက်၍“အခုခေတ်က တက်တူးဆိုင်တွေ သီးသန့်ဖွင့်လာတာရှိပါတယ်။ တော်တော်များများကတော့ ထိုးတဲ့သူ ခေါ်ပြီး အိမ်မှာ ထိုးတာလည်း များတယ်
။ ကိုယ်တိုင်လည်း အိမ်မှာ ခေါ်ထိုးတာ”ဟု ပြောသည်။
ရန်ကင်းမြို့နယ်နေ အသက် ၂၀ အရွယ် သဲမွန်ထွေးက“သူငယ်ချင်း ယောကျာ်းလေးတွေ ထိုးတာကိုကြည့်ပြီး အားကျတာနဲ့ လိုက်ထိုးဖြစ်တာ။ ခါးမှာ နဂါးရုပ်
ထိုးထားတယ် ။ မိဘတွေကတော့ သူတို့ အမြင်နဲ့ မကြိုက်ပေမယ့် တားလို့မှ မရတာ”ဟု ပြောဆိုသည်။
တက်တူထိုးခြင်းအပေါ် အမြင်ပြောင်းလဲ လက်ခံလာခြင်းကြောင့် မြန်မာပြည်တွင် ဈေးကွက်တခု အနေဖြင့်ပါ ကျယ်ပြန့် လာ ကြောင်း ဗိုလ်ချူပ်ဈေးတွင် တက်တူး
ဆိုင်ဖွင့်လှစ်ထားသူ တဦးက ပြောသည်။
“မိန်းကလေးအနေနဲ့ ဆိုရင်တော့ လက်ခံမှု နည်းနေသေးတာတွေ ရှိသေးတော့ ဆိုးဆိုးဝါးဝါး ဒီဇိုင်းခပ်ကြီးကြီးမျိုးတွေနဲ့ မ လိုက်ဖက်ဘူး။
အခုခေတ်မိန်းကလေးတွေ တော်တော်များများက ဖန်စီပုံစံ ကနုတ်လေးတွေ၊ လခြမ်းလေးတွေလို ထိုး တာ များပါတယ်။ အများဆုံးလာကြတာတော့
လူလတ်တန်းစားနဲ့ ပိုက်ဆံရှိ သားသမီးတွေများတယ်”ဟု ၎င်းက ပြောပြသည်။
ဝန်ဆောင်ခ အနေနှင့် ဒီဇိုင်းပေါ်နှင့် အရုပ်အကြီးအသေး၊ ဆေး အမျိုးအစားအပေါ် မူတည်၍ ရှိသည်ဟု အိမ်တိုင်ရာရောက် လိုက်၍ တက်တူး ထိုးသည့်
လုပ်ငန်းလုပ်ကိုင်နေသော ကိုဖိုးကျော် ပြောသည်။
“အောက်ဒိုး အနေနဲ့ လိုက်ထိုး ပေးတယ်။ စိုးမြတ်သူဇာ၊
ခင်မဉ္ဖူခိုင် နောက် အနုပညာရှင် တွေထဲက တော်တော် များများ
ထိုးခဲ့တယ်။ မစိုးကြီး (စိုးမြတ်သူဇာ) ဆို ရင်ဘတ်မှာ ကနုတ်လို
ဟာမျိုးလေးပဲ။ မစိုးကို ထိုးပေး တုန်းကဆို ပုံကြမ်း
အရင်ဆွဲပြတယ်၊ ပြီးတော့ သူလိုချင်တာနဲ့ ကိုယ့်အမြင်နဲ့
ပေါင်းပြီး လုပ်တာပေါ့။ ပုံတူအတိုင်း လိုက်ဆွဲတာ ရှားတယ်”ဟု
၎င်းက ရှင်းပြသည်။
“အမျိုး သမီးတွေ တက်တူး ထိုးတာကို လက်ခံမှုပိုင်းမှာ တိုးတက်
လာသလို အပ်တို့ ဆေးတို့က အစ ဒီဘက်ခေတ်မှာ ပိုကောင်း
လာတယ်”ဟုလည်း ၎င်းက ဆိုသည်။
ရန်ကုန် မြို့ရှိ အရေပြားဆိုင်ရာ ပါမောက္ခ ဆရာဝန်မကြီး
တဦးက“ကျန်းမာရေး ရှုထောင့်အနေနဲ့ ထိုးမယ်ဆိုရင်
သန့်ရှင်းတဲ့ ဆိုင် ၊ သန့်ရှင်းတဲ့ အပ်တွေသုံးသင့်တယ်။ နောက်

(

- myanmarcelebrity.com)

တခုက ငယ်ရွယ် ချိန်မှာ လောပြီးလုပ်တတ်တော့ ထိုးပြီးရင်
ပြန်ဖျက်လို့ မရတော့ဘူးဆိုတာကို လက်ခံနိုင်ရမယ်။

မိန်းကလေးနဲ့ တက်တူးဟာ မအပ်စပ်တဲ့ အရာလို့ မြင်နေသေးပါတယ်။ တက်တူး ထိုးလို့ မကောင်းတဲ့ မိန်းကလေးလို့တော့ ပြောလို့မရပါဘူး”ဟု ဆိုသည်။
ခေတ်အခြေအနေအရ ဖက်ရှင်တခုအနေနှင့် ပြောင်းလဲဖြစ်ပေါ်မှုကို လက်ခံသင့်ကြောင်း၊ လက်ရှိ မိမိနေထိုင်သည့် နိုင်ငံ အနေ အထားအရ အမျိုးသမီးတဦး
အနေနှင့် အလွန်အကျွံတော့ မပြုလုပ်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

အလုပ်သမား ၁၀၀၀ ကျော် ဆက်တိုက် ဆန္ဒပြ
ဘစောတင် Friday, September 10, 2010
ထိုင်းနိုင်ငံ မြောက်ပိုင်း Khon Kaen မြို့ရှိ Dechapanich ငါးဖမ်းပိုက်ကွန် စက်ရုံတွင် အလုပ်ရှင်က အလုပ်သမားများ
အပေါ် မတရားမှုများ ရှိနေသဖြင့် မြန်မာ အလုပ်သမား ၁၀၀၀ ကျော်တို့ ၃ ရက်ဆက်တိုက် ဆန္ဒပြနေကြောင်း သတင်းရရှိသည်။

အလုပ်သမားများမှာ စက်တင်ဘာ ၈ ရက်နေ့ ကတည်းက
ဆန္ဒပြနေ ကြခြင်း ဖြစ်ပြီး ယင်းတို့၏ တောင်းဆိုချက်များ
မရမချင်း ဆက်လက် ဆန္ဒပြ တောင်းဆို သွားမည်ဟု ဆုံးဖြတ်
ထားကြောင်း အလုပ်သမားများက ဆိုသည်။
အလုပ်သမားများ၏ တောင်းဆိုချက်များမှာ ယာယီ နိုင်ငံကူး
စာအုပ်များကို အလုပ်သမားများ လက်သို့ ပြန်ပေးရေး၊
အလုပ်ထုတ် ခံထားရသူ အလုပ်သမား ၆ ဦး၏ ယာယီနိုင်ငံကူး
စာအုပ်များကို မူရင်းအစစ် အမှန်အတိုင်း အလုပ်ရှင်က ပြန်လည်
ပြုလုပ်ပေးရေး၊ လုပ်ငန်းခွင် ထိခိုက်မှုများ အတွက်
နစ်နာကြေးများ ရရှိရေးနှင့် အလုပ်သမား အခွင့်အရေး
အပြည့်အ၀ ရရှိရေး၊ စက်ရုံတွင်းရှိ အကြွေးစနစ်ဖြင့်
ရောင်းချသောဆိုင်များတွင် ဆန္ဒပြ အလုပ်သမားများကိုလည်း
ဝယ်ယူခွင့် ပေးရေးတို့ ဖြစ်ကြောင်း သိရသည်။

(

အလုပ်ရှင်က ဆန္ဒပြနေသူများထဲမှ မြန်မာပြည်ပြန်လိုသူများ

-)

လက်မှတ်ထိုးကာ ပြန်နိုင်သည်ဟု ယနေ့နံနက်ပိုင်းက

ပြောသည်ဟု သိရသည်။
အလုပ်သမားများ ဆန္ဒပြခြင်းမှာ မြန်မာပြည်သို့ပြန်လို၍ မဟုတ်ကြောင်း၊ အလုပ်သမားများ အပေါ်တွင် မတရားမှုများ ရှိနေခြင်းကို မကျေနပ်၍
ဆန္ဒပြခြင်းဖြစ်ကြောင်း အဆိုပါ စက်ရုံမှ အလုပ်သမား ခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။
စက်တင်ဘာလ ၇ ရက်နေ့က လုပ်သက် ၁ နှစ်ခန့် ရှိနေပြီဖြစ်သော မြန်မာ အလုပ်သမား ၆ ဦးကို အလုပ်ပျက်ရက်များ ရှိသည်ဟု ဆို၍ အလုပ်မှ ထုတ်ပစ်ခဲ့ပြီး
ထိုအလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ်များ၊ အလုပ်သမားကတ်များကို ပြန်လည်ထုတ်ပေးခဲ့သည်။ သို့ရာတွင် အဆိုပါလက်မှတ်များပေါ်မှ ဓာတ်ပုံများကို
အလုပ်ရှင်က လဲကပ်ထားခြင်း၊ နိုင်ငံကူး စာအုပ်ထဲ တွင်လည်း အလုပ်ရှင် ရေးသားခွင့်မရှိသည့် “Canceled” ဟူသည့် စာကို ရေးသားထားခြင်းများ ပြုလုပ်ခဲ့သဖြင့်
မဲဆောက်သို့ ပြန်လာသော ယင်းအလုပ်သမား ၆ ယောက်ကို ရဲက စစ်ဆေးတွေ့ရှိရာမှ ယခုပြဿနာ စတင်လာခဲ့ကြောင်း သိရသည်။
“အလုပ်ရှင်က အလုပ်သမား ကတ်တွေပေါ်က ဓာတ်ပုံတွေကို ခွာပြီး မိန်းကလေးကတ်မှာ ယောက်ျားလေးပုံကို ကပ်လိုကပ်၊ ယောက်ျားလေး ကတ်မှာကျတော့
မိန်းကလေးပုံကို ကပ်လိုကပ်နဲ့ ဒီလိုလုပ်တာကို ကျနော်တို့ မကျေနပ်ဘူး” ဟု ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် တဦးဖြစ်သူ ကိုမြင့်မောင်က ပြောသည်။
အလုပ်ထုတ်ခံရသူ ၆ ဦးမှာ ကိုသီဟထွန်း၊ ကိုအောင်ကျော်ဆန်း၊ ကိုအောင်သီဟ၊ ကိုဇင်လင်းအောင်၊ မအိသဲဖြူနှင့် မထွေးငယ်တို့ ဖြစ်သည်။
ထိုင်းနိုင်ငံ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ ခေါင်းဆောင် ကိုမိုးဆွေက “အလုပ်သမား ၆ ဦးကို အလုပ်ထုတ်တဲ့ ပြဿနာနောက်မှာ
ကျန်တဲ့အလုပ်သမားတွေက ငါတို့လည်း ဒီလိုလုပ်ထားရင် ဘယ့်နှယ်လုပ်မလဲဆိုပြီး စိုးရိမ်တာတွေ ရှိလာတယ်။ ယာယီနိုင်ငံကူးလက်မှတ်လုပ်တုန်းက
ဒီနိုင်ငံကူးလက်မှတ်ရှိရင် ထိုင်းတနိုင်ငံလုံးကို လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိတယ်လို့ ပါတယ်လေ။ ဒါကြောင့် အခုလို ထောင်နဲ့ ချီတဲ့အလုပ်သမားတွေက
သပိတ်မှောက်ကြတာ” ဟု ပြောသည်။
အဆိုပါ စက်ရုံမှ အလုပ်သမားများ၏ ဆန္ဒပြ သပိတ်မှောက်မှု အရေးအခင်းတွင် ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေးများ ဆောင်ရွက်ပေးနေသည့် MAP
Foundation က ကြားဝင် ကူညီဆောင်ရွက်ပေးရန် ကြိုးစားနေသော်လည်း အလုပ်ရှင်ဘက်က အလျှော့ပေးမည့် အနေအထား မရှိသကဲ့သို့ အလုပ်သမားများ
ဘက်ကလည်း နောက်ဆုတ်မည့် အနေအထား မရှိသဖြင့် စိုးရိမ်ရဖွယ် အခြေအနေရှိနေကြောင်း၊ ထိုသို့ စိုးရိမ်ရသောကြောင့် အရေးကြီးသော ဌာနများသို့
စာများပို့ကာ တောင်းဆိုမှုများ ပြုလုပ်ထားကြောင်း MAP မှ Women Exchange Coordinator မမိုင်က ဆိုသည်။
“MAP အနေနဲ့ လောလောဆယ် လုပ်ပေးနိုင်တာကတော့ အလုပ်သမားတွေအနေနဲ့ လုံလုံခြုံခြုံ နေရဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ အလုပ်သမားများ
စီမံခန့်ခွဲရေးရုံး၊ ရဲမှူးချုပ်၊ အမှတ် ၄ ဒေသ ရဲမှူးကြီး စတဲ့ အရေးကြီးတဲ့ ဌာနတွေကို ဒီအလုပ်သမားတွေနဲ့ ပတ်သက်လို့ အခြေအနေကို အသေးစိပ် ရေးသားပြီး
ဒီနေ့ပဲ တင်ပြပေးထားပါတယ်” ဟု မမိုင်က ပြောသည်။
MAP Foundation က ပေးပို့သော စာတွင် အလုပ်သမားများအား မြန်မာပြည် ပြန်မပို့ရန်၊ မှန်ကန်သည့် အဖြစ်မှန်များအား ဖော်ထုတ်ပေးရန်နှင့်
တရားဥပဒေအတိုင်း ကူညီဆောင်ရွက်ပေးရန် ဟူသော အချက်သုံးချက် ပါဝင်သည်ဟု သိရသည်။
“အလုပ်သမားတွေကို ပြန်ပို့တဲ့အခါ နိုင်ငံကူးစာအုပ်တွေကို အလုပ်သမားတွေ လက်ထဲမှာ မထည့်ပေးဘဲ နယ်စပ်ရောက်မှ ပြန်ပေးမယ်လို့လည်း ကြားနေရတယ်။
အကယ်၍ နယ်စပ်ရောက်မှ စာအုပ်တွေက အတုဖြစ်နေရင်၊ အလွဲအမှားတွေ ဖြစ်နေရင် အလုပ်သမားတွေ ဒီထက် ပိုပြီး ဒုက္ခရောက်ကြမယ်။ လောလောဆယ်
အလုပ်ရှင်က အလုပ်မဆင်းရင် ပြန်ပို့မယ် ဆိုပြီး ခြိမ်းခြောက်နေပါတယ်” ဟုလည်း မမိုင်က ပြောသည်။
ယခင်က အစားအသောက်များကို အကြွေးစနစ်ဖြင့် ရောင်းချပေးသော်လည်း ဆန္ဒပြပြီးနောက် ယင်းသို့ ရောင်းချမှု မပြုတော့ သဖြင့် အလုပ်သမားများအနေနှင့်
အခက်အခဲများ စတင်ကြုံတွေ့လာနေရကြောင်းလည်း ကြားသိရသည်။
ယာယီနိုင်ငံသားလက်မှတ်နှင့် အလုပ်သမားလက်မှတ်များမှာ အလုပ်သမားများ၏ လက်ဝယ်တွင်သာ ရှိစေရမည်ဟု ဥပဒေ ရှိသော်လည်း အလုပ်ရှင်များက
သိမ်းဆည်းထားလေ့ရှိသဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများကြားတွင် မကြာခဏ ပြဿနာတက်ကြရသည်။
ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ
့များ၏ အဆိုအရ သိရသည်။

PR များကို နိုင်ငံသား ခံယူခိုင်း၍ စင်ကာပူရောက် မြန်မာများ အခက်တွေ့
စိုင်းဇွမ်ဆိုင်း Friday, September 10, 2010
စင်ကာပူနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် (Permanent Residents-PR) လက်မှတ် ကိုင်ဆောင်ထား သူများကို

နိုင်ငံသားအဖြစ် ပြောင်းလဲခံယူရန် ညွှန်ကြား လိုက်သဖြင့် စင်ကာပူရောက် မြန်မာနိုင်ငံသားများ အခက်တွေ့နေကြောင်း သိရသည်။
စင်ကာပူ လူဝင်မှု ကြီးကြပ်ရေး ဌာနက PR လက်မှတ်
ကိုင်ဆောင်ထား သူများကို နိုင်ငံသား အဖြစ်ပြောင်းလဲ ခံယူရန်
တိုက်ရိုက် ညွှန်ကြား ထားခြင်း ဖြစ်ပြီး မလုပ်ဆောင် သူများကို
သက်တမ်း ထပ်မံ တိုးပေးတော့မည် မဟုတ်ကြောင်း
သတင်းရရှိသည်။
စက်တင်ဘာလ ၆ ရက်နေ့ တွင်လည်း စင်ကာပူ ဝါရင့်ဝန်ကြီး
ဂိုချုပ်တောင်က PR များကို နိုင်ငံသား အဖြစ် ခံယူကြရန်
တိုက်တွန်း ထားသည်။
“စင်ကာပူနိုင်ငံမှာ PR ဦးရေ ၅ သိန်း လောက်ရှိပါတယ်။
အဲဒီထဲကမှ ၅ သောင်းလောက်က စင်ကာပူ နိုင်ငံသား အဖြစ်
ခံယူမယ်ဆိုရင် ဒါဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေးကို
အထောက်အကူ ပြုလိုက်တာနဲ့ အတူတူပါပဲ” ဟု
ဂိုချုပ်တောင်က ပြောကြောင်း သတင်းများတွင်

၂၂၂၂

(

- Reuters)

ဖော်ပြထားသည်။

သို့သော် စင်ကာပူနိုင်ငံမှ PR လက်မှတ်ရ မြန်မာနိုင်ငံသား အများစုသည် နိုင်ငံသားခံယူရန် ဆန္ဒမရှိကြကြောင်း၊ နိုင်ငံသားအဖြစ် ခံယူရန် ငြင်းဆန်လျှင်လည်း
၎င်းတို့၏ လက်ရှိအနေအထားမှာ ပို၍ ကျပ်တည်းသွားနိုင်ကြောင်း၊ မြန်မာနိုင်ငံသားများအတွက် ဘေးကျပ်နံကျပ် အခြေအနေဖြစ်ကြောင်း မြန်မာနိုင်ငံသားတဦးက
ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ကျနော်သိရသလောက်က PR ကိုင်ထားတဲ့သူ အများစုက မိသားစုတွေနဲ့လေ။ တကယ်လို့ သူတို့က နိုင်ငံသား ခံယူဖို့ ငြင်းမယ်ဆိုရင် PR ကို
သက်တမ်းတိုးပေးတော့မှာ မဟုတ်ဘူး။ EP (Employment Pass) နဲ့ပဲ နေရမယ်။ အဲဒါဆိုရင် သူတို့အတွက် အခွန်တွေ၊ ကလေး ကျောင်းစရိတ်တွေကအစ
ဈေးပိုကြီးလာတော့မယ်” ဟု ရှင်းပြသည်။
စင်ကာပူနိုင်ငံတွင် PR လက်မှတ် ကိုင်ဆောင်သူများတွင် မြန်မာနိုင်ငံသားများအပြင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသားများ
ဖြစ်ကြပြီး ၎င်းတို့အနက် တရုတ်နိုင်ငံသားဦးရေ အများဆုံးဖြစ်သည်ဟု သိရသည်။
PR လက်မှတ်ကို ဆယ်နှစ်ကျော် ကိုင်ဆောင်ထားပြီး စင်ကာပူနိုင်ငံသားအဖြစ် ခံယူခြင်း မရှိသေးသူ မြန်မာတဦးက “ဒီကို ရောက်ခါစ ကျောင်းတက်တုန်းက အရမ်း
အနှိမ်ခံရတယ်။ ဆရာ၊ ဆရာမတွေကအစ နှိမ်တယ်။ အဲဒါက ကလေးဘဝတုန်းက ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း အခုထက်ထိ စွဲနေတယ်။ နောက်တခုက
တနေ့တနေ့ကို လူတွေ အကုန်လုံးက ပိုက်ဆံနောက် လိုက်မယ်ဆိုတာပဲ တွေ့နေရတယ်။ အဲဒီလိုနေရာမျိုးက ကိုယ်အသက်ကြီးသွားရင် ဘယ်လိုမှ နေနိုင်မှာ
မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံသား မခံချင်တာလည်းပါတယ်” ဟု သူ၏ သဘောထားကို ပြောပြသည်။
မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူမှုသည် တဦးချင်းစီ၏ ဆုံးဖြတ်ချက်အပေါ်၌သာ မူတည်ကြောင်း၊ စင်ကာပူနိုင်ငံသားအဖြစ် ခံယူသူ
မြန်မာပြည်မှ လူအများစုမှာ မြန်မာနိုင်ငံတွင် ဧည့်နိုင်ငံသားကတ် (FRC) ကိုင်ဆောင်ကြသည့် တရုတ်လူမျိုးများနှင့် နိုင်ငံခြားတွင် အမြဲ အခြေချ နေထိုင်ရန်
ဆုံးဖြတ်ထားသူ လူငယ်အများစုဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင် ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေသူတဦးက ပြောသည်။
၎င်းက “Passport လေး ပြောင်းလိုက်တာနဲ့ ကိုယ်က မြန်မာ မဟုတ်တော့ဘူး ဆိုတာမျိုး မဟုတ်ဘူးလေ။ ကိုယ်က မြန်မာပြည်ကို ချစ်နေတုန်းပဲ” ဟု ဆိုသည်။
စင်ကာပူနိုင်ငံတွင် ဆယ်နှစ်ကျော် နေထိုင်လာသူ မြန်မာတဦးက “စင်ကာပူမှာ ရှိနေတဲ့ PR တော်တော်များများက ပညာတတ်တွေ၊ အလုပ်အကိုင်
အတွေ့အကြုံရှိတဲ့သူတွေ၊ အရည်အချင်း ရှိတဲ့သူတွေများတယ်။ အဲဒီလိုလူတွေကို နိုင်ငံသားပေးလိုက်တာက စင်ကာပူနိုင်ငံအတွက် အကျိုးယုတ်စရာ
လုံးဝမရှိဘူးလေ” ဟု ပြောသည်။
PR လက်မှတ် ကိုင်ဆောင်သူများကို နိုင်ငံသားခံယူခွင့် ပေးခြင်းသည် တိုးပွားမှုနှေးနေသော စင်ကာပူလူဦးရေ အတွက် အထောက်အကူဖြစ်နိုင်ရန်နှင့် ပြည်ပ
ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် စင်ကာပူအစိုးရက ရည်ရွယ်ထားခြင်းဖြစ်ကြောင်း စင်ကာပူရောက် မြန်မာများက ဆိုသည်။
စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်ခြင်းအားဖြင့် ကောင်းကျိုးများ ရရှိနိုင်သကဲ့သို့ ဆိုးကျိုးများလည်း ရှိနိုင်သည်ဟု စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားသူ
မြန်မာတဦးက ပြောသည်။
စင်ကာပူနိုင်ငံသား ဖြစ်လာလျှင် အခွန်မြင့်မားစွာ ပေးဆောင်ရန် မလိုတော့ခြင်း၊ စင်ကာပူ နိုင်ငံကူးလက်မှတ်သည် တခြားနိုင်ငံကြီးများသို့ သွားလာရန်
လွယ်ကူခြင်း၊ စင်ကာပူနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် ဈေးနှုန်း ချိုသာခြင်း စသည်တို့ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
စင်ကာပူ နိုင်ငံသားအဖြစ် ခံယူခြင်းမရှိသေးပါက မြန်မာနိုင်ငံသားတဦး အနေဖြင့် တလလျှင် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းကို မြန်မာသံရုံးသို့ ပေးဆောင်ရပြီး
စင်ကာပူနိုင်ငံသား ဖြစ်သွားပါက တနှစ်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကိုသာ စင်ကာပူအစိုးရထံ ပေးဆောင်ရကြောင်း သိရသည်။
စင်ကာပူနိုင်ငံရောက် မြန်မာတဦးက “တချို့ Citizen ခံလိုက်တဲ့သူတွေ ပြောတာကတော့ မြန်မာ သံရုံးမှာ အခွန်မဆောင်ချင်ဘူး။ အဲဒီဆောင်ရမယ့် ငွေတွေကို
မြန်မာပြည်သူတွေဆီ တိုက်ရိုက် ကူညီလိုက်တာ ပိုကောင်းတယ်လို့ ပြောကြတယ်”ဟု ပြောသည်။
စင်ကာပူနိုင်ငံသားအဖြစ် ခံယူပြီးပါက မြန်မာနိုင်ငံသည် နိုင်ငံသား ၂ မျိုး (Dual Citizenship) ခံယူမှုကို ခွင့်မပြုသဖြင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ရခြင်း၊
မြန်မာနိုင်ငံမှ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ရခြင်း၊ မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်မည်ဆိုပါက ဗီဇာကြေး နှစ်ဆ ပိုပေးရခြင်း၊ မြန်မာနိုင်ငံတွင်းမှ ဟိုတယ်များ၊
စားသောက်ဆိုင်များ၊ ခရီးသွားစရိတ်များကိုလည်း နိုင်ငံခြားသားတဦးအနေဖြင့် ပေးဆောင်ရခြင်း၊ အသက်အရွယ် ကြီးရင့်သူများအနေဖြင့် မြန်မာပြည်သို့
ပြန်လည်နေထိုင်လိုပါက ခက်ခဲခြင်းများသည် ဆိုးကျိုးများဟု ဆိုနိုင်ကြောင်း စင်ကာပူနိုင်ငံသား ခံယူထားသူ မြန်မာက ရှင်းပြသည်။
၂၀၀၉ ခုနှစ်အထိ စင်ကာပူနိုင်ငံတွင် လူဦးရေ ၄.၉၈ သန်းရှိပြီး ကုန်ပစ္စည်း တင်ပို့ခြင်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊
လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း နှင့် ရေနံဓာတုလုပ်ငန်းတို့ကို အဓိကထား လုပ်ကိုင်သည်။

အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုတွင် မြန်မာ ယှဉ်ပြိုင်ရန် မလွယ်
မျိုးမောင် Friday, September 10, 2010

၂၀၁၅ ခုနှစ်တွင် စတင် အကောင် အထည်ပေါ်မည့် အာဆ
ီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ (AFTA) သဘော တူညီချက်အရ ပြည်ပမှ သွင်းကုန် တချို့ကို အကောက်ခွန် ကင်းလွတ်ခွင့် ပေးရတော့မည်ဖြစ်ရာ
ထိုသွင်းကုန်များအား မယှဉ်ပြိုင်နိုင်မည်ကို မြန်မာလုပ်ငန်းရှင်များ စိုးရိမ်လျက်ရှိကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း (MIA) မှ
တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုသည်။
ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ လုပ်ငန်းရှင်တဦးက စစ်အစိုးရ၏
ညံ့ဖျင်းသော စီးပွားရေးဆိုင်ရာ
အခြေခံအဆောက်အအုံများကြောင့် မလိုလားအပ်သော
ထုတ်လုပ်မှု ကုန်ကျစရိတ်များပြားနေပြီး
လုပ်ငန်းရပ်တည်ရေးကိုပင် ကြိုးစား ရုန်းကန်နေရကြောင်း
ပြောသည်။
“AFTA က နောက်မှလာမှာ။ အခုက ပြည်ပ
စက်မှုထုတ်ကုန်တွေကို မပြောနဲ့၊ ပြည်တွင်း အချင်းချင်းတောင်မှ
မနည်းပြိုင်နေရတာ” ဟု ၎င်းက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉
ဇုန်မှ အခြေအနေများကို လေ့လာတင်ပြရေးအဖွဲ့ ၃ ဖွဲ့က
လေ့လာသုံးသပ်လျက်ရှိကြောင်း MIA တာဝန်ရှိသူက
ပြောသည်။

(

(AFTA) ၂၂ြ
- MOF-Thailand)

၂၂

၂၂၂၂ြ

၂အ

ယင်းအဖွဲ့မအ
ျားမှ
ာ စက်မှုဇုန်အခြေအနေ အခက်အခဲ
လေ့လာတင်ပြရေးအဖွဲ့၊ ဒေသတွင်းဈေးကွက်နှင့်

နိုင်ငံတကာဈေးကွက် လေ့လာရေးအဖွဲ့နှင့် စက်မှုလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း တင်ပြရေးအဖွဲ့တို့ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းရှင်တဦးက “AFTA ၀င်လာချိန်မှာ လုပ်ငန်းတွေ ရှင်သန်အောင် အစိုးရပိုင်းက ပံ့ပိုးကူညီဖို့ လိုပါတယ်” ဟု ပြောသည်။
လုပ်ငန်း အဓိက လိုအပ်ချက်နှင့် စပ်လျဉ်း၍ မုံရွာ ဒေသခံ လုပ်ငန်းရှင်တဦးကမူ “ကျနော်တို့ကို လျှပ်စစ်မီးနဲ့ နည်းပညာပဲပေးပါ” ဟု တောင်းဆိုသည်။
မုံရွာစက်မှုဇုန်မှ လုပ်ငန်းရှင်တဦးကလည်း “ကျနော်တို့ဇုန်မှာ လုပ်ငန်းတော်တော်များများ ရပ်လိုက်ရပြီ” ဟု ပြောသည်။
AFTA အရ အာဆီယံနိုင်ငံများမှ ဝင်လာမည့် သွင်းကုန်များကို ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် ပြောဆိုနေကြသော်လည်း ယခုအချိန်အထိ
တရုတ်နယ်စပ်မှ ၀င်ရောက်လာသော ကုန်ပစ္စည်းများကိုပင် ဈေးကွက်၌ မယှဉ်ပြိုင်နိုင်သေးကြောင်း ပြည်တွင်း စက်မှုလုပ်ငန်းရှင်များက ထောက်ပြသည်။
ပြည်တွင်း ဝယ်လိုအားနည်းခြင်း၊ ဈေးသက်သာသော နယ်စပ်ကုန်ပစ္စည်းများသာ ဈေးကွက်ဝေစု ရရှိနေခြင်းများကြောင့် သွင်းကုန်အစားထိုး လုပ်ငန်းရှင်များမှာ
AFTA ကို စိတ်ဝင်စားမှု မရှိကြောင်း စက်မှုဇုန်ဥက္ကဋ္ဌတဦးကို ကိုးကား၍ အပတ်စဉ် ထုတ် 7 DAY ဂျာနယ်တွင် ဖော်ပြထားသည်။
“AFTA အကြောင်း လုပ်ငန်းရှင်တွေကို ပြောလာတာကတော့ ကြာပါပြီ။ အခုမှ လုပ်ငန်းရှင်တွေ လန့်နိုးလာတာပါ” ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ
ပညာရှင်တဦးက ပြောသည်။
AFTA အကောင်အထည် ပေါ်လာပါက ပြည်တွင်းစက်မှုလုပ်ငန်းများ ပြည်တွင်းဈေးကွက် မပျောက်စေရန် အရေးကြီးပြီး ယူတတ်လျှင် ကောင်းကျိုးဖြစ်နိုင်ကြောင်း၊
ပြည်တွင်းဈေးကွက်ကို ထိန်းနိုင်ပြီး အာဆီယံဒေသတွင်း ဈေးကွက်အတွင်း ၀င်ရောက်ရန် ကြိုးစားရမည်ဖြစ်ကြောင်း MIA တွဲဖက်အတွင်းရေးမှူး ဒေါက်တာ
အောင်သိန်း၏ “စက်မှုလုပ်ငန်းများနှင့် AFTA ဆက်စပ် အကျိုးသက်ရောက်မှု” စာတမ်းတွင် အကြံပြုထားသည်။
အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် အသက်ဝင်လာပါက အာဆီယံနိုင်ငံ အချင်းချင်း ကုန်သွယ်ရာတွင် အကောက်ခွန်ကို ၀ မှ ၅ ရာခိုင်နှုန်းသာ ကောက်ခံ၍
ကုန်စည်များကို လွတ်လပ်စွာ စီးဆင်းခွင့်ပြုရမည်ဖြစ်သည်။
AFTA သဘောတူညီချက်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများထဲမှ ဘရုနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ တို့က ၁၉၉၂ ခုနှစ် ဇန်နဝါရီလက
စင်ကာပူနိုင်ငံတွင် လက်မှတ်ရေးထိုးကြသည်။ ၁၉၉၅ ဗီယက်နမ်၊ ၁၉၉၇ တွင် လာအိုနှင့် မြန်မာ၊ ၁၉၉၇ တွင် ကမ္ဘောဒီးယား တို့က အသီးသီး သဘောတူ
လက်မှတ်ရေးထိုးကြသည်။
အစောပိုင်း AFTA သဘောတူညီချက်ရထားသည့် နိုင်ငံများသည် ယခုနှစ်တွင် အကောင်အထည် ပေါ်ပြီဖြစ်သော်လည်း နောက်ကျနေသော နိုင်ငံများက ၂၀၁၅
တွင်မှ အကောင်အထည် ပေါ်မည် ဖြစ်သည်
သို့သော် ယခုတိုင် အာဆီယံနိုင်ငံများအကြား အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းနေရဆဲ ဖြစ်ကြောင်း သိရသည်။
စွမ်းအားရှင်များ တကျော့ ပြန်လာမည်
စည်သူ Friday, September 10, 2010
ရွေးကောက်ပွဲ ကာလတွင် လူထုအုံကြွမှုများ ဖြစ်ပေါ်လာပါက အကြမ်းဖက် နှိမ်နင်းရန် စစ်အစိုးရက လူဆိုး
လူမိုက်များကို စွမ်းအားရှင် အဖြစ် ပြန်လည် စုစည်းနေကြောင်း သတင်းရရှိသည်။

“ရွေးကောက်ပွဲ မတိုင်မီမှာ ပြည်သူတွေက သူတို့ ဆန္ဒတွေကို ဖော်ထုတ်လာရင်
အကြမ်းဖက် နှိမ်နင်းဖို့ စွမ်းအားရှင် အဖွဲ့တွေကို ပြင်ဆင်နေတယ်” ဟု စစ်ဘက်ရေးရာ
လုံခြုံရေး အဖွဲ့ (စရဖ) မှ အငယ်တန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
အမှတ် (၁) စက်မှု ၀န်ကြီးဋ္ဌာန ၀န်ကြီး ဦးအောင်သောင်းက စွမ်းအားရှင်များကို အဓိက
စုစည်းနေခြင်း ဖြစ်ပြီး ၎င်း၏ဇာတိ တောင်သာမြို့နယ်ရှိ ကျေးလက် ဒေသများ တွင်လည်း
စွမ်းအားရှင်များစွာ စုစည်းထားကြောင်း တောင်သာ ဒေသခံတဦးက ပြောကြားသည်။
“ဦးအောင်သောင်းက စည်းရုံးရေးကောင်းတယ်။ တောဘက်မှာဆို ထန်းရည်သမား၊
အရက်သမားတွေ၊ လူပေလူတေတွေကို စည်းရုံးထားတာ။ တခါတလေ သူကတောင်
တောင်သာလာရင် အဲဒီ အပေအတေတွေနဲ့ အရက်ဝင်သောက်သေးတာ။ ဟို
ကောင်တွေကလည်း အဲဒီတော့ ဘာလုပ်ပေးရလုပ်ပေးရ ဖြစ်ကုန်တာပေါ့” ဟု ၎င်းက

၂၂၂၂
ြြ
ြြြြ
ဆက်လက် ပြောကြားသည်။
၂ြ

၂၂
ြြြြြ
ြြြ ရပ်
ြ ရြွာများရှ
ြြိ ရာဇဝတ်
ြြ မြှု ကျူးလွန်ဖူးသူများ၊ ရဲမှတ်တမ်း ရှိဖူးသူများကို စည်းရုံးကာ
စွမ်းအားရှင်ထဲသို့ သွင်းထားကြောင်း၊ ယခုအခါ စွမ်းအားရှင်များသည် နိုင်ငံတဝန်းတွင်
ရှိနေပြီ ဖြစ်ကြောင်း စရဖမှ အငယ်တန်း အရာရှိက ဆိုသည်။
“ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်တယ်ဆိုတော့ စွမ်းအားရှင်တွေကို ဒီတပွဲမှာလည်း သုံးရဦးမယ်လို့ အထက်လူကြီးတွေက
ယူဆကြပုံရတယ်” ဟု ၎င်းက ပြောသည်။
နေပြည်တော်တွင်လည်း နိုင်ငံရေးနှင့်ပတ်သက်၍ တစုံတရာဖြစ်ပွားပါက အကြမ်းဖက်နှိမ်နင်းရန် စွမ်းအားရှင်များကို အသင့် အနေအထား
အမြဲတမ်းထားရှိကြောင်းလည်း သိရသည်။
၂၀ဝ၇ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေးတွင် စစ်အစိုးရသည် စွမ်းအားရှင်များကိုလည်း အသုံးပြု၍ အကြမ်းဖက် နှိမ်နင်းခဲ့သည်။

KNLA နှင့် တိုက်ပွဲ နအဖ တပ်မှ ၂ ဦးကျဆုံး
သန်းထိုက်ဦး Friday, September 10, 2010
နအဖ စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင်များ စက်တင်ဘာလ ၈ ရက်နေ့က
တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ၂ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ထံမှ သိရသည်။
အဆိုပါ တိုက်ပွဲသည် ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ KNLA တပ်မဟာ ၇ ထိန်းချုပ်ရာဒေသအတွင်း နအဖ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၉
လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၅၈၇ မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ နအဖ တပ်များက ယင်းဒေသ၌ လှုပ်ရှားနေစဉ် KNLA က
ပြောက်ကျားစနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် ယခုကဲ့သို့ ကျဆုံးခြင်းဖြစ်ကြောင်း KNU ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့
ပြောသည်။
တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ စစ်သည်အင်အား ၅၀ ခန့်ရှိကြောင်း၊ KNLA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟု KNU က ဆိုသည်။
စက်တင်ဘာ ၂ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း၌ နအဖ ခြေမြန်တပ်ရင်း (ခမရ) ၅၈၄ တပ်များနှင့် KNLA တပ်မဟာ ၄ မှ တပ်ဖွဲ့ဝင်များ
တိုက်ပွဲ ဖြစ်ပွားရာ နအဖ ဘက်မှ ၂ ဦးကျဆုံးပြီး ၇ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်း၌ သြဂုတ်လ ၄ ရက်နေ့တွင် နအဖ စစ်တပ်ကို KNLA တပ်ဖွဲ့ဝင်များက ခြုံခို တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဘက်မှ ဒု တပ်ရင်းမှူး
အပါအ၀င် ၉ ဦး ကျဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့သေးသည်။

Prince Claus ဆု ချီးမြှင့်ခံရတဲ့ အပေါ် အယ်ဒီတာ့ တုံ့ပြန်စကား
ဧရာဝတီ Friday, September 10, 2010 Press Release

ကျနော့်ကို ၂၀၁၀ Prince Claus ဆုရှင် တယောက်အဖြစ် ရွေးချယ်ခဲ့တဲ့ ဆုရွေးချယ်ရေး အဖွဲ့နဲ့ ဆုရတဲ့အတွက် ၀မ်းသာကြောင်း စာတွေ ရေးသားပေးပို့ခဲ့ကြတဲ့
မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။
Prince Claus ဆုကို လက်ခံရရှိတဲ့ အတွက် ကျနော် အထူးပဲ
ဝမ်းမြောက် ဂုဏ်ယူ မိပါတယ်။
ဒီဆုကို ကျနော် တယောက်တည်း ရတယ်လို့ မခံယူပါဘူး။
စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံရင်း အမှန်တရား အတွက်
ထုတ်ဖော် တင်ပြ နေကြတဲ့ ပြည်တွင်းက စာနယ်ဇင်း
သမားတွေ၊ သတင်းထောက်တွေ၊ ဘလော့ဂါတွေနဲ့
အကျဉ်းထောင်တွေ ထဲမှာရှိနေကြတဲ့ စာနယ်ဇင်း သမားတွေ
ကိုယ်စား ဒီဆုကို ကျနော် လက်ခံရယူမှာ ဖြစ်ပါတယ်။ သူတို့ရဲ့
ရဲရဲရင့်ရင့် ဆောင်ရွက် ချက်တွေက ကျနော့်အတွက် တကယ့်
တန်ဖိုးထားစရာ စံနမူနာ ကောင်းတွေ ပါပဲ။

ကျနော့်ရဲ့ ဧရာဝတီ ဝိုင်းတော်သားတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို ကမ္ဘာကသိနိုင်ဖို့အတွက်
အန္တရာယ်ကြားကနေ စွန့်စွန့်စားစား သတင်းရှာဖွေ ပေးပို့နေကြတဲ့ ပြည်တွင်းက ဧရာဝတီ သတင်း ထောက်တွေကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
သူတို့ဟာ ကျနော့်ရဲ့ သူရဲကောင်းတွေ ဖြစ်ပါတယ်။
မြန်မာပြည် အပြောင်းအလဲဟာ တနေ့မှာ မလွဲမသွေဖြစ်လာမှာပါ။ ဒါပေမယ့် ကျနော်တို့လိုချင်တဲ့အပြောင်းအလဲတွေ ဖြစ်လာဖို့ အတွက် ခရီးကြမ်းကို
အချိန်အတော်ကြာ ဆက်လက် ဖြတ်သန်းကြရဦးမယ်လို့ မြင်ပါတယ်။ ဒီလို ရှေ့ဆက်လျှောက်လှမ်းရာမှာ အမှန်တရား အတွက် ရုန်းကန်တိုက်ပွဲဝင်မယ့်
လွတ်လပ်တဲ့ မီဒီယာဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။
ပွင့်လင်းတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ လွတ်လပ်ပြီး ဘက်လိုက်မှုမရှိတဲ့ မီဒီယာဟာ မရှိမဖြစ် အစိတ်အပိုင်းတခုပါ။ ဒီလို မီဒီယာ မျိုးရဲ့ အကျိုးကျေးဇူးကို
မြန်မာပြည်သူတွေ ထိုက်ထိုက်တန်တန် ရရှိသင့်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ လွတ်လပ်ပြီး ဘက် မလိုက်တဲ့ မီဒီယာ ပေါ်ထွက်လာဖို့ ကျနော် မဆုတ်မနစ်
ဆက်လက်ကြိုပမ်း သွားပါ့မယ်။
တဆက်တည်းမှာ သတင်းကောင်းပါးလိုတာကတော့ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားတွေနဲ့ ဘလော့ဂါတွေရဲ့ ရဲရင့်ပြောင် မြောက်လှတဲ့ ဆောင်ရွက်ချက်တွေကို
ဂုဏ်ပြုတဲ့အနေနဲ့ ဒီနှစ်မှာ “ဧရာဝတီ စာနယ်ဇင်းဆု” ချီးမြှင့်မယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါ တယ်။ ဒီဆုကို မြန်မာပြည်မှာ မီဒီယာလွတ်လပ်ခွင့်ရရှိရေးအတွက်
ရုန်းကန်လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီလိုချီးမြှင့်တာဟာ မြန်မာပြည် လွတ်မြောက်ရေးအတွက် သူတို့ရဲ့
ပြောင်မြောက်လှတဲ့ စွန့်စားမှုနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို အသိအမှတ်ပြုတာပဲ ဖြစ်ပါတယ်။

ခင်မင်ရင်းနှီးစွာဖြင့် …

အောင်ဇော်
“စစ်တပ်ဆိုတော့ သက်သေလိုက်မပေးရဲကြဘူး ...”
ဧရာဝတီ Friday, September 10, 2010 အင်တာဗျူး
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့ ညက ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်း ရပ်ကွက် မြလမ်းရှိ ကယ်လီဖိုးနီးယား
စားသောက်ဆိုင်မှ ထွက်လာသော ခလရ ၅၉ မှ စစ်တပ်အရာရှိနှင့် အရပ်သား လူငယ်များ ခိုက်ရန် ဖြစ်ပွားရာ စစ်တပ်က သေနတ်နှင့် ပစ်ခတ်ခဲ့သည်။
ပစ်ခတ်မှုကြောင့် မောင်အောင်သူဟိန်း (၂၃ နှစ)် နှင့် မောင်စိုးပိုင်ဇော် (၁၉ နှစ)် လူငယ် နှစ်ဦး သေနတ်ဒဏ်ရာ အသီးသီး ဖြင့် ပွဲချင်းပြီး သေဆုံးမှုဖြစ်ပွားခဲ့ရသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မောင်အောင်သူဟိန်း၏
အဒေါ်ဖြစ်သူအား ဧရာဝတီ သတင်းထောက် မင်းနိုင်သူက
ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။

Play | Stop | Next | Previous

။ အာဏာပိုင်တွေက နောက်ထပ်လာပြီး ညှိနှိုင်းတာမျိုး

ရှိပါသေးလား။
ဖြေ။

။ မရှိသေးပါဘူး။ ၇ ရက်နေ့က အသုဘချတယ်။

ဒီနေ့အထိတော့ တခေါက်မှ မလာသေးဘူး။
မေး။

။ ကျပ် ၁၀ သိန်းထပ်ပေးတယ်လို့ သတင်းတွေ ထွက်နေတယ်၊ ဟုတ်ပါသလား။

ဖြေ။

။ ဟုတ်တယ်၊ ပေးတယ်။ ကျမတို့ဘက်က လုံးဝလက်မခံနိုင်ဘူးလေ။ ဟိုဘက်က စိုးပိုင်ဇော်တို့ မိဘတွေ ကတော့ ယူလိုက်တယ်။ အခုချိန်အထိ

ဘာတပြားမှမယူဘူး။ အခေါင်းကလည်း ကျမတို့ ငွေကြေးနဲ့ပဲ ကျမတို့ ၀ယ်တယ်။ ကျမတို့ တူလေးရဲ့ နောက်ဆုံးခရီးမို့ ကျမတို့ဘာသာပဲ လုပ်ပါရစေဆိုပြီး
မေတ္တာရပ်ခံလိုက်တယ်လေ။ ပထမတော့ သူတို့က အားလုံး သူတို့ပဲ စီစဉ်ချင်တယ်။ ကျမတို့ဘက်က လက်မခံနိုင်ဘူး။ ဟိုဘက်က ကလေးအဖေကလည်း
ညောင်လေးပင် - ရန်ကုန် ကားမောင်းတော့ ကားဂိတ် အဖွဲ့အစည်း အားလုံးက ကူညီပါတယ်။
မေး။

။ ဈာပနနေ့က ဘုန်းကြီး ငါး ပါးပဲ ပင့်ခွင့်ရတယ်လို့ ကြားပါတယ်။ ဘုန်းကြီးတွေကို အာဏာပိုင်တွေကပဲ ပင့်ဆောင်ပေး တာလား။

ဖြေ။

။ ဒီလိုပါ၊ သုသာန်မှာက ဇရပ်ကလည်း ကျဉ်းတော့ နေရာထိုင်ခင်း အခက်အခဲဖြစ်မှာစိုးတဲ့အတွက် ငါး ပါးလောက်ပဲ ပင့်ပါ လို့ သူတို့က အကြံပေးပါတယ်။

အဲဒါကြောင့်မို့လို့ ဘုန်းကြီး ငါး ပါးနဲ့ပဲ သရဏဂုံ တင်တယ်။ ကလေး ဘဝကူး ကောင်းအောင်ပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမှတော့ ကျမတို့က
သဘောမထားတော့ပါဘူး။
ဒီဘုန်းကြီးတွေက ငယ်စဉ်တောင်ကျေးကတည်းက ကျမတို့ ကိုးကွယ်ထားတဲ့ ဘုန်းကြီးတွေပါ။ ကျမတို့ လမ်းထိပ်က လေး၊ ငါး အိမ်ကျော်က ကျောင်းမှာရှိတဲ့
သံဃာတွေပါ။ အာဏာပိုင်တွေကတော့ ဘုန်းကြီး ဦးသုံကို ပင့်ဖို့ ပြောတယ်။ အဲဒါကို ကျမတို့ ဘက်က လက်မခံခဲ့ဘူး။ ကျမတို့ကပဲတောင်းဆိုတယ်။
သူတို့ကလည်း လက်ခံသွားပါတယ်။
မေး။

။ ဈာပနနေ့က မောင်စိုးပိုင်ဇော်ရဲ့ အစ်ကိုဝမ်းကွဲ တယောက်နဲ့ စကားပြောကြည့်တော့ ဒီအလောင်းတွေကို ကြည့်ရှုခွင့် မရခဲ့ဘူးလို့ ပြောပါတယ်။ အဲဒါနဲ့

ပတ်သက်လို့ ဘာသိထားပါသလဲ။
ဖြေ။

။ သူတို့ဘက်ကတော့ မပြောတတ်ဘူး။ ကျမတို့ဘက်ကတော့ သွေးချင်းတွေ၊ နှစ်ဝမ်းကွဲတွေ၊ သုံးဝမ်းကွဲတွေ အကုန် ကြည့်ခဲ့ရတယ်။ ကျမတို့ဘက်က

မောင်ဝမ်းကွဲလေးတွေက အသုဘမချခင် ကြိုပြီးတော့ ရွာက ဆိုင်ကယ်နဲ့ တက်လာတယ်။ ဆိုင်ကယ်နဲ့ သွားတာ။ ပေးကြည့်တယ်၊ အကုန်ပေးကြည့်တယ်။
ဒါပေမယ့် သူတို့က စစ်ဆေးတာတော့ရှိတယ်။ ဘာတော်လဲ။ အဖေဘက်ကလား၊ အမေဘက်ကလား။ သေသွားတဲ့ အောင်သူဟိန်းနဲ့ ဘယ်လိုတော်သလဲ။
အဲဒီလိုမေးတယ်။

မေး။

။ ဘယ်အဖွဲ့အစည်းကနေ စစ်ဆေးတာလဲ။

ဖြေ။

။ အဲဒါကတော့ ကျမလည်း မပြောတတ်ဘူး။ အရပ်ဝတ်တွေနဲ့ဆိုတော့ ကျမတို့လည်း မသိဘူးပေါ့လေ။ ဒါပေမယ့် ဈာပနနေ့ကတော့ စစ်တပ်က

လုံးဝမလာတော့ဘူး။ ကျမတို့အမေကလည်း ပြောထားတယ်လေ။ စစ်တပ်လုံးဝမပါရဘူး။ ဘာလို့လဲဆိုတော့ ကျမတို့က ဒီကိစ္စနဲ့ ခံစားထားရတာလေ။
စစ်တပ်တော့မမြင်ဘူး။ ရဲတွေတော့မြင်တယ်။
မေး။

။ အစိုးရထိန်းချုပ်ထားတဲ့ FM တွေမှာ လူငယ်တွေက သေနတ်ကိုဝင်လုလို့ ပစ်ရပါတယ်ဆိုပြီး ပြောတာတွ ရှိတယ်။ တကယ့်တကယ် ဘယ်လိုဘယ်နည်းနဲ့

ပစ်သတ်ခံခဲ့ရသလဲ သိပါရစေ။
ဖြေ။

။ ကယ်လီဖိုးနီယား စားသောက်ဆိုင်မှာ သောက်ကြတာ၊ သူတို့လည်းသောက်၊ ကလေးတွေလည်း သောက်ကြတာ။ သောက်ပြီးအထွက်မှာ

သူတို့ဆိုင်ကယ်နဲ့ ကျမတို့ကလေးနဲ့ သူငယ်ချင်းတွေ စုပြီးစီးလာတဲ့ တုတ်တုတ်လို့ခေါ်တဲ့ သုံးဘီး ဆိုင်ကယ်လေးနဲ့ အဲဒါနဲ့ ငြိကြတာ။ အဲဒီမှာ ငြိတော့
ထိုးကြကြိတ်ကြ ဆဲကြဆိုကြ အဲဒီမှာ ဖြစ်ပြီးပြန်လာမှ နာရီဝက်၊ ၄၅ မိနစ် တနာရီလောက် ကြာပြီးတော့မှ ဒီဘက်ရပ်ကွက်ထဲကို လိုက်လာတာ။ အဲဒီ
ကယ်လီဖိုးနီးယားဆိုင်နဲ့ ပစ်သတ်တဲ့နေရာနဲ့ ဝေးတယ်။ တော်တော် လာရတာ။ အဲဒီမှာပဲ ပစ်သတ်သွားတာ။
မေး။

။ အဲဒီအချိန်မှာ အပစ်ခံရတဲ့ နှစ်ယောက်ကအပြင်မှာပဲ ရှိနေတာလား၊ အိမ်ထဲကိုပြန်မရောက်ခင် တွေ့သွားတာလား။

ဖြေ။

။ ဒီပြဿနာမဖြစ်ခင်မှာ အေးအေး ဆေးဆေးပဲ၊ သူတို့ လမ်းထိပ်မှာ သူငယ်ချင်းတွေ စုပြီး ဂစ်တာထိုင်တီးနေတာ။ သီချင်းတောင် သုံးပုဒ်ဆိုသွားတာ။

သူတို့ဟာသူတို့ ထိုင်တီးနေတာ။ နောက်ကျတော့ သူငယ်ချင်းတွေကထပြီး ကိုကြီး အောင်သူဟိန်း ရန်ကုန်ပြန်တော့မှာမို့ လက်ဖက်ရည် သောက်ကြရအောင် ဆိုပြီး
သွားကြတာ။ ဒါပေမယ့် လက်ဖက်ရည် မသောက်ဖြစ်ဘဲနဲ့ အရက်သောက်တယ်လို့ ကြားတယ်။ ကျမတို့က အိပ်မလို့ လုပ်နေကြတာ။ အဲဒီမှာ သူတို့ဖြစ်ပြီးတော့မှ၊
သေနတ်တွေ ပစ်ဖောက်သံကြားတာ။ အဲဒီအချိန်မှာ ကျမရဲ့ တူလေးအသံ မကြားမိဘူး။ ယောက်ျားလေး အသံတွေတော့ ကြားမိ တယ်။ အော်ဟစ်
ဆဲဆိုနေတဲ့အသံတွေကြောင့်မို့လည်း ဂရုမစိုက်လိုက်ဘူးပေါ့။ တကယ်လို့ ကျမ တူရဲ့အသံသာ ကြားမိရင် အတင်းဝင်ဆွဲမိမှာပဲ။ ကျမတို့က အမြဲတမ်း ဆင်းဆင်းပြီး
ထိန်းသိမ်းတယ်။ ဘယ်သူနဲ့ဖြစ်ဖြစ် ကျမတူက လွန်လို့ သူများကို ထိုးမိရင်လည်း သူများမိဘတွေကို တောင်းပန်တာမျိုး လုပ်ပေးတာပါ။ ကျမတူကလည်း
အဲဒီလောက် ဆိုးဆိုးရွားရွားကြီး မဟုတ်ပါ ဘူး။ အဲဒီတော့ ကိုယ့်တူရဲ့အသံမကြားတော့အိမ်မှာပဲ ငြိမ်နေလိုက်တာပေါ့လေ။ သေနတ်ဖောက်သံကြားတော့
ပိုကြောက်တာပေါ့။ ကျမတို့လည်းပြေးဆင်းသွားရော ကျမတို့ ရှေ့အိမ်မှာ အမေသေလို့ မုံရွာမှာ တာဝန်ကျရာကနေ ပြန်လာတဲ့ ဒု ရဲအုပ်လေး တယောက်
ရောက်နေတယ်။ သူက ကျမတို့ကို မဆင်းနဲ့၊ ဒါ ဗျောက်ဖောက်နေတာ မဟုတ်ဘူး၊ သေနတ်နဲ့ ပစ်နေတာဆိုတော့ ကျမတို့လည်း လှေကားမှာပဲ
ထိုင်နေလိုက်ကြရတာပေါ့နော်။ နောက် ဆက်တိုက်ပါပဲ ဒက်ဒက် ဒက်ဒက်နဲ့ ဆော်ချသွားတာ။
မေး။

။ အဲဒါဆို မောင်အောင်သူဟိန်းတို့က ပထမ ခိုက်ရန်ဖြစ်ပွားတဲ့ နေရာကနေ အိမ်ကိုပြန်ရောက်လာ ပြီးတော့ အေးအေး ဆေးဆေး ပြီးသွားပြီလို့

ထင်နေတဲ့အတွက် ဂစ်တာတွေ ဘာတွေ တီးနေကြတာလား။
ဖြေ။

။ ဂစ်တာတော့ မတီးတော့ဘူး။ အဲဒီ အုတ်ခုံမှာ ထိုင်နေတယ်။ ထိုင်နေလိုက်ပြီးတော့ ပြန်ပြီးတော့ မြလမ်းထဲမှာ သူတို့ အဘိုးအဘွားအိမ်

ပြန်အိပ်မယ်ဆိုပြီးတော့ ကလေးတွေက ထပြီးအထွက် မြလမ်းထဲမှာ ဟိုဘက်ထိပ်က နှစ်ယောက် ဒီဘက်ထိပ် က တယောက် နှစ်ဘက်ကို ညှပ်ပြီး
ဆော်ချလိုက်တာ။
မေး။

။ အဲဒီအချိန်မှာ မျက်မြင်သက်သေတွေရော ရှိနေလား။

ဖြေ။

။ မျက်မြင်သက်သေကတော့ တပိုင်းလုံးပဲ။ အဲဒီနားမှာ ရှိနေတဲ့ အိမ်တွေကတော့ ဒီကလေးတွေဖြစ်နေတာကို သိတာပေါ့။ ဒါပေမယ့်တဘက်က

စစ်တပ်ဆိုတော့ သက်သေလိုက်မပေးရဲကြဘူး။ သူတို့ကလည်း ကျမတို့ မိသားစုကို ကူညီချင်ပေမယ့် ဘယ် အကူအညီပေးရဲမလဲ။ သူတို့လုပ်ရိုးလုပ်စဉ်တွေကို
သိနေတော့ ဘယ်သူမှ ပြောပေးတဲ့ လူမရှိဘူး။ ဒါပေမယ့် အိမ်မှာ မီးမှောင် ချပြီး တော့ သူတို့အခင်းဖြစ်တာကို ကြည့်နေတဲ့ လူတွေရှိပါတယ်။ ဖြစ်စဉ်ကို
အဲဒီအပိုင်းက လူတွေက အတိအကျ သိတာပေါ့။ သူတို့ တွေက ကျမတို့ထက် ပိုသိတယ်။ ဒါပေမယ့် ကျမတို့ကသွားခေါ်ပြီး အမှုလုပ်မယ်ဆိုရင်တောင် ဘယ်သူမှ
လိုက်ပေးတဲ့ လူမရှိဘူး။ အမှန်အတိုင်းပြောရရင် ကျမတို့ အမေကလည်း ကျမတို့ အေးအေးဆေးဆေးနေ၊ သူတို့လူကြီးတွေ သက်ဆိုင်ရာနဲ့ လုပ်မယ်လို့ ကတိ
ခံထားပြီးပြီ။ ညည်းတို့ဘာမှ လုပ်ဖို့မလိုဘူးလို့ ကျမတို့ကိုပြောထားတာ။
မေး။

။ ဖြစ်တဲ့အချိန်တုန်းက သူတို့စစ်တပ်ဘက်က အင်အား ဘယ်လောက် ပါသလဲ။

ဖြေ။

။ ကျမ ကြားတာကတော့ သူတို့ လွှတ်လိုက်တာက ၈ ယောက်ပေါ့။ ၅ ယောက်ကတော့ အပေါ်ထောင် ခြောက်လှန့် ပစ်တာ။ ပစ်ပြီးတော့

ပစ်သတ်ခဲ့တဲ့လမ်းနဲ့ဆို တလမ်းကျော်၊ ပုလဲလမ်းကနေ ပြန်ထွက်သွားတယ်။ နောက် ၃ ယောက်က မပြန်ဘဲနဲ့ လိုက်ပစ်တာ။ ဒါပေမယ့် အဲဒီအပိုင်းက အတိအကျ
သိတဲ့လူတွေပြောတာက သေနတ်နဲ့လူကိုချိန်ပြီးတော့ကို ဆင်းလာတာတဲ့။ မြင်တဲ့လူတွေက ပြောတာနော်။
မေး။

။ အောင်သူဟိန်းတို့၊ စိုးပိုင်ဇော်တို့ သေနတ်အပစ် ခံလိုက်ရပြီးတဲ့အချိန် နောက်ပိုင်းမှာ သူတို့ကို ဘယ်သူတွေက ဘယ် နေရာကို သယ်သွားတာလဲ။

ဖြေ။

။ ရင်ခွဲရုံကို ရဲတွေက သယ်သွားတာ။ သယ်သွားပြီးတဲ့နောက် ကျမတို့ ကာယကံရှင်တွေ လိုက်ချင်ရင် လိုက်ခဲ့ဆိုလို့ ကျမလည်း ခပ်လှမ်းလှမ်းက

လိုက်သွားတယ်ပေါ့လေ။ ကလေးတွေကို အုတ်ခုံပေါ်ကို တင်ဖို့အတွက် ကျမ တူရဲ့ သူငယ်ချင်းတွေ ၆ ယောက်၊ ၇ ယောက်လောက် လိုက်သွားတယ်။
လိုက်သွားပြီးတော့ အဲဒီ ရင်ခွဲရုံ က အုတ်ခုံပေါ်မှာ တင်ပြီးတာနဲ့ ချက်ချင်းပဲ ပြန်ထွက် လာရတယ်။ သူတို့ တံခါးပိတ်ပစ်လိုက်တယ်။
မေး။

။ ရဲတွေက အောင်သူဟိန်းရဲ့ ခန္ဓာကိုယ်ကို လာသယ်တယ်ဆိုတော့ စစ်တပ်ကနေ ပစ်သတ်ပြီးတော့ ဘယ်အချိန် လောက်မှာ လာသယ်တာလဲ။

ဖြေ။

။ စစ်တပ်က ပစ်သတ်လိုက်ပြီးတော့ ၄၅ မိနစ်လောက် ငြိမ်ကျသွားပြီး ဘယ်သူမှ မလာသေးဘူး။ နောက်ပိုင်း ၁၁ နာရီ ကျော်ကျော်လောက်ကျမှ ကျမ

စိတ်ထင် ၁၁ နာရီ ၁၅ လောက်ရှိမယ်။ ရဲတွေအကုန် ဆိုင်ကယ်နဲ့ မီးတွေထိုးပြီး ဝင်လာတာ။ ဆိုင်ကယ်မီးတွေနဲ့ ဝင်လာပြီးတော့ ကလေးတွေကို ပစ်သတ်ခဲ့တဲ့
မြလမ်းကို မီးမှောင်ချလိုက်တယ်။ ကျန်တဲ့လမ်းကျတော့ မီးမမှောင်ဘူး။
မေး။

။ အဲဒီ ၄၅ မိနစ်အတောအတွင်းမှာ အစ်မတို့က သူတို့ရဲ့ ခန္ဓာကိုယ်ကို ဆွဲထူတာမျိုး မလုပ်ဘူးလား။ ရပ်ကွက်က လူတွေကလည်း မလုပ်ကြဘူးလား။

ဖြေ။

။ မလုပ်ကြဘူး။ ဘယ်သူမှ မလုပ်ကြဘူး။ ကျမက ဘယ်လိုသိလိုက်လဲ ဆိုတော့ ကလေး ၂ ယောက်၊ ၃ ယောက်က ပြေးပြီးတော့ ကြည့်လိုက်တဲ့အချိန်မှာ

ဟာ ကိုအောင်သူဟိန်းပဲ။ ပွဲချင်းပြီးသွားပြီ။ ရင်ဘတ်တွေလည်း ပွင့်ထွက်သွားပြီ အော်လိုက် လို့ ကျမလည်း ပြေးဆင်းသွားတယ်။ ပြေးဆင်းသွားတဲ့အချိန်မှာ ၂
ယောက် ၃ ယောက်တော့ ရှိတယ်။ ဘယ်သူတွေလည်း မသိဘူး ပေါ့၊ ရဲတွေလား ဘာလားတော့ မသိဘူး။ အဲဒီလို ကျမက ဝင်ကြည့်တဲ့အခါကျတော့
ပေးမဝင်တော့ဘူး။ ဒီနေရာဟာ သာမန် နယ်မြေ မဟုတ်တော့ဘူး၊ သေနတ်ပစ်လို့ သေထားတဲ့အတွက် ကန့်သတ်နယ်မြေ ဖြစ်သွားပြီပေါ့။ အဲဒါနဲ့ ကျမက ကျမ
အဒေါ် အရင်း ပါ၊ ကျမကိုပေးကြည့်ပါလို့ ပြောတော့၊ အစ်မရယ် ကျေးဇူးပြုပြီးမဝင်ပါနဲ့လို့ မေတ္တာရပ်ခံတယ်လေ။

မေး။

။ ရင်ခွဲရုံကိုသယ်တော့ ဘယ်လို သယ်လဲ။

ဖြေ။

။ ဆိုက်ကားနဲ့ပဲသယ်တာ။ ကားတွေ ငှားမရတော့ဘူးတဲ့။ ကျမတို့က ကားငှားပေးပါ၊ ကျမတို့ ကလေးတွေကို ဒီလိုမျိုး ပိုးဆိုး ပက်စက်ကြီးလည်း

မတင်ချင်ဘူးပေါ့။ ကျမက အဲဒီလိုပြောတယ်။ အချိန်တော်တော်ကြာတယ်။ စစ်ဆေးရတာလေ။ ၁၁ ခွဲ မှာ ပစ်သတ်လိုက်တာ ပွဲချင်းပြီး သွားတယ်။ အဲဒီနောက်
ရင်ခွဲရုံကိုတင်တာ မနက် နှစ်ချက်ခွဲကြီးမှ တင်တာ၊ ဆိုက်ကားနဲ့။
မေး။

။ ဒီပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့အချိန် ရပ်ကွက်က တာဝန်ရှိတဲ့လူတွေက ထွက်လာတာတို့၊ အရေးယူ ဆောင်ရွက်တာတို့ မရှိဘူးလား ခင်ဗျ။

ဖြေ။

။ အဲဒါတော့ မရှိဘူး။ ရဲတွေလာတဲ့ အချိန်မှာတော့ ရပ်ကွက်က ရယက အဖွဲ့တွေပါလာတယ်လေ။ ကျမတို့ အိမ်ကပဲ ဖုန်းဆက်ခွင့် ပေးပါဆိုပြီး

ဖုန်းဆက်သွားသေးတယ်။ ရပ်ကွက် ဥက္ကဋ္ဌကို ကျမက ပြောတယ်၊ ကျမ တူလေးကို အပြင်ကို ထုတ်ပြီးတော့ စစ်ဆေး ခွင့် ပေးပါ။ အပြင်ဆေးရုံကို
တင်ခွင့်ပေးပါလို့ပြောတော့ သူက စိတ်လျှော့လိုက်တော့တဲ့၊ တူလေးက လောလောဆယ် ဒဏ်ရာ အကြီး ၄ ချက်လောက် တွေ့ထားတယ်၊ သေသေချာချာတော့
မစစ်ဆေးရသေးဘူးပေါ့။ တူလေးတော့ ပွဲချင်းပြီးသွားပြီ၊ နောက် တယောက် ကတော့ ဘယ်သူ့သားလဲ မသိဘူး။ အဲဒီ ကလေးလည်း
ပွဲချင်းပြီးသွားပြီလို့ပြောပါတယ်။
မေး။

။ အောင်သူဟိန်းက ဒီ ပစ်ခတ်မှုတွေ မဖြစ်သေးခင်အချိန်မှာ၊ ကျနော်တို့က အစ်ကိုတို့ ဘယ်သူမှန်း မသိလို့ ဖြစ်သွား တာပါ၊ ကျနော်တို့မှာ အပြစ်ရှိပါတယ်၊

ကျနော်တို့ကို ဖမ်းခေါ်သွားပါလို့ ပြောသေးတယ်လို့ ကြားတယ်။ ဟုတ်ပါသလား။
ဖြေ။

။ ဟုတ်တယ်၊ ဒူးထောက်ပြီးတော့ တောင်းပန်တယ်။ အဲဒါ မနက်ဖြန်လို ဈာပန ချမယ်ဆို ဒီနေ့ညလို အဲဒီအပိုင်းထဲက မျက်မြင်တွေ့လိုက်ရတဲ့ ကလေးက

လာပြောပြတာ။ အသေအချာကို ဒူးထောက်ပြီးတောင်းပန်တယ်။ အစ်ကိုတို့က စစ်တပ်လား၊ ရဲလား ကျနော်တို့ မသိလို့ပါ၊ အရာရှိတွေမှန်း မသိလို့ပါ။ ကျနော်တို့
ညီအစ်ကို နှစ်ယောက် မှားပါတယ်၊ ကြိုက်တဲ့အပြစ်ပေးပါ၊ စစ်တပ်ဆိုလည်း စစ်တပ်ထဲကို ခေါ်သွားပါ။ ရဲဆိုလည်း ကြိုက်တဲ့နေရာကို ခေါ်သွားပါ။ ကျနော်တို့ကို
အပြစ်ပေးပါ၊ ကျနော်တို့ မှားသွားပါတယ် ဆိုပြီးတော့ ဒူးထောက်ပြီး တောင်းပန်တာ။ အဲဒါကိုမှ တည့်တည့်ကိုချိန်ပြီး ပစ်ချလိုက်တာတဲ့။ ကျမ တူလေးက ထိသွားပြီ၊
ထိသွားပြီ ညီလေး မင်းပြေးတော့၊ ပြေးတော့ ဆိုပြီးပြောတော့ ဟိုကလေးက မပြေးဘဲနဲ့ ထပြီးနပန်းလုံးတာတဲ့။ အဲဒီ မျက်မြင်ကလေးရဲ့ ပြောပြချက်ပါ။ ဒါပေမယ့်
ဒီကလေးကလည်း တရားဝင်ပြော ဆိုရင် ပြောရဲမှာ မဟုတ်ဘူး။ ဒါကြီးတွေကို ပြောမယ်ဆိုရင် ကလေး မိဘတွေကလည်း ပြဿနာဖြစ်မှာကြောက်လို့
သဘောတူပြီးတော့ ပြောခွင့်ပေးမှာ မဟုတ်ဘူး။ နောက်ပြီး တခြား အဖွဲ့စည်းနဲ့ဆိုရင် သူတို့ လိုက်ရဲတယ်။ ဥပမာ ရဲနဲ့ဖြစ်ရင်ကို လိုက်ရဲဦးမယ်။ စစ်တပ်ဆိုတော့
စဉ်းစားကြည့်လေ။ ဒီအဖွဲ့ အစည်း က လက်ရှိအုပ်ချုပ်နေတာဆိုတော့ ဘယ်လိုမှကို သူတို့ လိုက်နိုင်မယ့် အနေအထား မရှိကြဘူး။ ကလေးတွေကတော့
မခံမရပ်နိုင်တာတော့ မခံရပ်နိုင်တာပေါ့နော်။ ကျမတို့ကိုလည်း သွေးမအေးဖို့ သူတို့ ပြောကြတယ်။ ဒါပေမယ့် ကျမတို့ အနေ အထား ကလည်း ဘယ်လိုမှကို
မတတ်နိုင်တဲ့အနေအထားတွေ ရှိနေတယ်။ သူတို့ကလည်း မခြိမ်းခြောက်ပါဘူး ။ကျမတို့ကလည်း သူတို့လုပ်ပေးတာကို မခံဘူး။ သူတို့ကလည်း အခုအချိန်
သူတို့မှားသွားတော့ အကုန်လုပ်ပေးချင်နေတယ်။
မေး။

။ ဘယ်သူက ပစ်ခတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ကြားထားမိလဲဗျ။

ဖြေ။

။ အစ်မရဲ့တူလေးတွေနဲ့ ဖြစ်တဲ့ ဗိုလ်ကြီးရဲ့ သူငယ်ချင်းလို့ပြောတယ်။ ဟိုဟာလေ၊ ဘုရားသုံးဆူ သားလို့လည်းပြောတယ်။ ကျန်တာတော့ မသိဘူး။

ဒါပေမယ့် မနေ့က အသုဘ နာရေးလာတဲ့ သူတွေက ပြောတယ်၊ သတင်းဌာနတွေမှာ ပါသွားတာတော့ ဗိုလ်ကြီး သိဒ္ဓိစိုး၊ သတ်လိုက်တာက တပ်သား
မောင်ထွန်းတဲ့။ မောင်ထွန်းတဦးတည်း ပစ်တာတော့ မဖြစ်နိုင်ဘူး။ ပစ်တာတော့ ၃ ဦး ပဲ။ အတိအကျပဲ။ ဒါပေမယ့် သူတို့က တဦးတည်းပဲ နာမည် ထည့်ထားတယ်။

မေး။

။ ပစ်ခတ်မှုတွေ အပြီးမှာ ရပ်ကွက်လူထုက ကျည်ခွံတွေ ဘာတွေ ကောက်ယူထားလိုက်တာ၊ သိမ်းဆည်းထားလိုက်တာ ရှိလား။

ဖြေ။

။ အဲဒါလည်း ကောက်ရတယ်လို့ပြောတယ်။ ကျည်ဆန်ခွံပေါ့။ ရဲအချင်းချင်း ပြောနေသံ ကြားတာတော့ ကျည်ဆန်ခွံ ၉ ခု လောက် ရတယ်လို့

ကြားလိုက်တယ်။
မေး။

။ အပစ်ခံရသူတွေနဲ့ အတူတူပါတဲ့ လူငယ်လေး နှစ်ယောက်ကိုလည်း ဖမ်းထားတယ်ကြားတယ်။ သူတို့ကိုကော ပြန်လွှတ် ပေးလိုက်ပြီ လား။

ဖြေ။

။ ကျမတို့ အမေနဲ့ ကျမတို့ ဦးလေးက တောင်းဆိုခဲ့တယ်လေ။ ကျမတို့ ကလေးတွေကတော့ သေသွားပြီ။ ဒီ ကျန်တဲ့ ကလေးတွေကို ကြီးကြီးကျယ်ကျယ်

မဖြစ်ဖို့ ထုတ်ပေးဖို့ဘာညာ လူကြီးတွေကို တောင်းဆိုခဲ့လို့ ရဲချုပ် ခင်ရီ ကိုယ်တိုင် ညဘက် ၁၁ နာရီထိုးမှာ ခေါ်တွေ့ပြီးတော့ လွှတ်ပေးလိုက်တယ်။ အခု
ပြန်ရောက်နေတယ်။ အေးအေးဆေးဆေးပါပဲ။
မေး။

။ အခု အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေ ဘာတွေရော ရှိနေသေးလား။

ဖြေ။

။ ဘာမှ မရှိတော့ဘူး။ ရုပ်သိမ်းသွားပြီ။ အဲဒီဖြစ်တဲ့နေ့ကစပြီး အသုဘမချခင်နေ့ အထိကတော့ အဖွဲ့လိုက် အဖွဲ့လိုက်တွေ ချည်းပဲ။ လမ်းထဲက

တဲတွေထဲမှာရော ဘာရော အကုန်လုံးပဲ။ ဒါပေမယ့် ကျမတို့ အိမ်ရှေ့တည့်တည့်မှာတော့ မရှိဘူး။ ကျမတို့အိမ် ရဲ့ ၃၊ ၄ အိမ်ကျော်မှာတို့၊ မျက်စောင်းထိုးတို့
လောက်မှာနေပြီး အရပ်ဝတ်အရပ်စားတွေနဲ့ ချပြီးတော့ အဝင်အထွက် ဧည့်သည် ဘယ်လောက် လာသလဲ၊ အမြဲတမ်း သူတို့က စောင့်ကြည့်ပြီး
သတင်းပို့နေကြတာ။
ဘယ်သူလာလာ ကြောက်နဲ့ ဝတို့ရှိလယ်
ဟန်လေး Friday, September 10, 2010 ကာတွန်း

Object 1

Object 2

0

http://www.irrawaddy.org/bur/

Friday, September 10, 2010
နိုင-် ကျဉ်းမပါတဲ့ အင်းစိန်ထောင်က လွတ်ငြိမ်းချမ်းသာ

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်မှာ ဒီကနေ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်လို့ပြောပြီး လွက်ရက်စေ့ကာနီးသူတွေကို
လွှတ်ပေးနေပါတယ်။ အစိုးရမီဒီယာတွေကလည်း ဗီဒီယိုကင်မရာ ဓါတ်ပုံကင်မရာတွေနဲ့ စောင့်ရိုက်ပြီးတော့ ထောက်လှမ်းရေးတွေကလည်း ထောင်ဘူးဝမှာ
စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
လွှတ်ပေးလိုက်တဲ့သူ အားလုံးပေါင်းမှာ အမျိုးသမီး ၃၀၊ အမျိုးသား ၇၀ ပါတယ်လို့ ဆိုပါတယ်။ အများစုက ထောင်ဒဏ် တလလောက်ပဲ ကျတဲ့သူတွေနဲ့
လွတ်ရက်နီးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ထောင်မှာရှိတဲ့ဆရာတော်က အကျဉ်းသားတွေ အားလုံးကို တရားဟောပြီး `ဦးသန်းရွှေ ဒလ အံ့ကြီး´ ရေးတဲ့ နိဗ္ဗာန်ရည်စူး မဂ်ဖိုလ်တရားထူးဆိုတဲ့
ကမ္မဌာန်းဘာဝနာ ပွားများနည်း စာအုပ်လေးတွေကို ထောင်လွတ်တဲ့သူ အားလုံးက ကိုင်ပြီးထွက်လာကြတယ်လို့ မျက်မြင်တွေက ပြောပြပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းက အင်းစိန်ထောင်တွင်းမှာ တရားဟောခဲ့တဲ့ သီတဂူဆရာတော် အရှင်ဥာဏိဿရရဲ့ တရားပွဲအပြီးမှာလည်း ဒီလိုပဲ အကျဉ်းသား ၁၀၀ ကျော်
လွှတ်ပေးခဲ့ပါသေးတယ်။

၂ ကြိမ်လုံးမှာတော့ နိုင်ငံရေး အကျဉ်းသား တယောက်မှ မပါခဲ့ပါခင်မျာ။ ပြည်သူကို နိပ်စက်ဖို့ ခိုးဆိုးနိုက်တွေပဲ လွှတ်ပေးလိုက်လေသလား?။
ရာဇ၀တ်မှုတွေကိုအားပေးတဲ့ ရာဇ၀တ်သားခေါင်းဆောင်တွေ အုပ်ချုပ်တဲ့တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားကို ဆက်ဖမ်းပြီး ရာဇ၀တ်အကျဉ်သားတွေကို
လွှတ်ပေးတာမဆန်းပေမဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ရေး သတိပေးတဲ့အနေနဲ့ ဒီပိုစ်ကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။
ကိုနေလင်း(RFA-အိန္ဒိယမှပေးပို့ပါသည်။)
http://www.lanpyakye.org/2010/09/blog-post_6561.html

ဥပဒေအရ စစ်ဆေးရန် ရခိုင်ဆရာတော်ကြီးများ တောင်းဆို
ခိုင်စု | သောကြာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။

။ ရခိုင်ပြည်နယ်မှ ထင်ရှားသော သက်တော်ဝါတော်ကြီး ဆရာတော်ကြီးများက ရခိုင်သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရကို

သွေးစည်းခိုင်မာမှု ပြသသည့်အနေဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးထံ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုထားသော မေတ္တာရပ်ခံစာကို
ပေးပို့ခဲ့သည်။
စစ်တွေ၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းရှိ ဘုန်းကြီးကျောင်း ၁၅ ကျောင်းမှ ကျောင်းထိုင်
ဆရာတော်များက ဦးပညာစာရကို စစ်ဆေးရာတွင် ဥပဒေဘောင် အတွင်းကသာ
ဆောင်ရွက်ရန် လက်မှတ်ရေးထိုး တောင်းဆိုသော မေတ္တာရပ်ခံစာကို ယခုလ ၇
ရက်နေ့တွင် တိုင်းမှူးထံ လိပ်မူ၍ ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီရုံးမှတဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
“ဦးပညာစာရ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ဥပဒေဘောင်အတွင်းက
တရားစီရင်မှုတခု ဖြစ်နိုင်အောင်လို့၊ ပြီးတော့ သူ အခုလို ကြုံနေချိန် ဆရာ၊ တပည့်
သာသနာ့ ညီအကိုချင်း လုပ်သင့်တယ်ထင်လို့ ဒီလို စာပို့တာပါ” ဟု လက်မှတ်ထိုး
တောင်းဆိုရာတွင် ပါဝင်သည့် အမည်မဖ်ာလိုသော စစ်တွေမြို့မှ ဆရာတော် တပါးက
မဇ္ဈိမကို မိန့်တော်မူသည်။
အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော၊ အရာရာကို သီးခံခွင့်လွှတ်ခြင်း
စသော လူသာမန်တို့ လုပ်နိုင်ခဲသော ကိုယ်ကျိုးစွန့်အလုပ်ကို လုပ်ဆောင်ခြင်းတို့ကြောင့် မတော်မတရား အလွယ်တကူ စွပ်စွဲခြင်းကြောင့် ဗုဒ္ဓဘာသာ
ရဟန်းတပါးကို တိုင်းတပါး ဘာသာခြားတို့ အထင်အမြင် မသေးရအောင် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရေးအတွက် မေတ္တာရပ်ခံပါသည်ဟု စာထဲတွင်
ရေးထားသည်။
“ဦးပညာစာရမှာ အပြစ်ရှိမရှိကိုတော့ ဦးဇင်းတို့ မသိနိုင်ဘူး။ တနှစ်လောက် အလုပ်လုပ်တဲ့ NGO လည်း မသိနိုင်၊ ကာယကံရှင်တို့ပဲ အသိဆုံး ဖြစ်ပါတယ်။ အခု
စစ်ဆေးတဲ့ အခါမှာလည်း မမှန်တဲ့အကြောင်း ငြင်းဆိုချက်တွေ ထွက်လာနေပါပြီ” ဟု စစ်တွေ ဆရာတော်က ဆက်လက် မိန့်ကြားသည်။
ကျောင်းတိုက် ၁၅ တိုက်တွင် မင်းပြားမြို့နယ်မှ ရွှေဖောင်တင် ပရိယတ္တိစာသင်တိုက်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ငပြောက်ဆည်ကျောင်းတို့အပြင် စစ်တွေမြို့နယ်မှ
သုစိတ္တာရာမ၊ ဝေသာလီ ဓမ္မရတနာ၊ နိဂြောဓာရုံ၊ ဥဿာလင်း၊ ဓမ္မပါလနှင့် ပုသိမ် ကျောင်းတိုက် အပါအဝင် ကျောင်းတိုက်ပေါင်း ၁၃ တိုက် ပါဝင်သည်။
ဘုန်းတော်ကြီး ကျောင်းတိုက်များက ယခုလို မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း မပခ တိုင်းမှူးထံမှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း
သိရသည်။
ဆရာတော် အမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ဦးရေ ၂ဝ ခန့် စစ်ဆေးမည်ဖြစ်ပြီး၊ ၄ ဦးသာ စစ်ဆေးရန် ကျန်ရှိကြောင်းနှင့် အမှု အခြေအနေမှာလည်း
ဆရာတော်ဘက်က အားသာမှု ရှိလာကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။
“မာတုကာမနဲ့ ဖောက်ပြားတယ်ဆိုတဲ့ အချက်ကို တရားလိုပြ သက်သေတွေဖြစ်တဲ့ ဒေါ်မာလာနဲ့ မသန်းနွယ် ၂ ဦးလုံးက ငြင်းဆိုလိုက်ကြပါတယ်။
ဖောက်ပြားတာကို မြင်ပါတယ်ဆိုတဲ့ သက်သေကိုလည်း လုပ်ကြံစွပ်စွဲမှု ဖြစ်ကြောင်း ရှေ့နေ ဒေါ်အေးနုစိန်က ပေါ်လွင်အောင် မေးနိုင်ခဲ့တယ်လို့ သိရပါတယ်” ဟု
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။
ဆရာတော် ဦးပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့က စစ်တွေ
အာဏာပိုင်များက မာတုကာမနှင့် ဖောက်ပြားသည်ဟု စွပ်စွဲချက်ဖြင့်
ဖမ်းဆီးစစ်ဆေးခဲ့ပြီး လိမ်လည်မှု (ပုဒ်မ ၄၂ဝ)၊ သာသနာတော်
ညှိုးနွမ်းစေမှု (၂၉၅၊ ၂၉၂)၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု (၄ဝ၆)၊
အစိုးရကို အကြည်အညို ပျက်စေသော စာရွက်စာတမ်းများ လက်ဝယ်
ထားရှိမှု (၅ဝ၅ - ခ)၊ စည်ပင်အက်ဥပဒေ (၆၈ - ဂ)၊ နိုင်ငံခြားငွေ
လဲလှယ်မှု အက်ဥပဒေ (၂၄ - ၁) တို့ဖြင့် ယခုလ ၁ဝ ရက်နေ့မှစ၍
စစ်တွေခရိုင် တရားရုံးတွင် စစ်ဆေးနေခြင်း ဖြစ်သည်။
ယခုလ ၁ ရက်နေ့မှစ၍ တပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့်
သောကြာနေ့တိုင်း ရုံးတင်စစ်ဆေးသည်။ ယနေ့တွင်လည်း စစ်တွေခရိုင်
တရားရုံးတွင် ရုံးထုတ်ခဲ့သေးသည်။
ဆရာတော်သည် ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲဇာတိ ဖြစ်သော်လည်း
မြောက်ပိုင်းမြို့ စစ်တွေတွင် သီတင်းသုံးကာ ပရဟိတလုပ်ငန်း
လုပ်ကိုင်နေသည့်အပြင် ရှေးရခိုင်စာပေ သမိုင်းအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းသူဖြစ်ကြောင်းနှင့် ဖမ်းဆီးလိုက်ခြင်းသည် ရခိုင်ပြည် တောင်ပိုင်းနှင့်
မြောက်ပိုင်း နေထိုင်သူတို့ကို အာဏာပိုင်များက သွေခွဲခြင်းနည်းလမ်း ဖြစ်သည်ဟု ဆရာတော်နှင့် နီးစပ်သည့် တကာတဦးက မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

ဆရာတော် ဖမ်းဆီးခံရပြီးနောက် ဆရာတော် ပြုစုစောင့်ရှောက်ခဲ့သော ကလေးငယ် ၁ဝဝ နီးပါးခန့်ကို အာဏာပိုင်များက ဝေးလံသည့် မြန်မာပြည်
အလယ်ပိုင်းဒေသများသို့ ပို့ဆောင်လိုက်ပြီး အချို့မှာ စစ်တွေမြို့၌ ကျန်ရှိသည်။
“အခု ကျန်ခဲ့တဲ့ ၇ တန်း၊ ၈ တန်း ကျောင်းသားတချို့ကို စစ်တွေ အရံရဲတပ်ဖွဲ့မှာ ထားတယ်။ သူတို့လေးတွေ တချို့က ကျောင်းမသွားဘဲ ရည်ရွယ်ချက်မရှိ
ဖြစ်နေတယ်။ သူတို့လေးတွေကို ဆရာတော် ရှိတုန်းကလိုပဲ ပုံမှန်ဖြစ်စေချင်တယ်” ဟု RNDP ပါတီ အတွင်းရေးမှူး ခိုင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။
RNDP က ရပ်ဝေးသို့ ပို့ဆောင်ထားသည့် ကလေးသူငယ်များကို မူလနေရာတွင် ပြန်လည်ထားရှိရန် ကြေညာချက် ထုတ်ပြန်ခဲ့သလို၊ ဦးပညာစာရ
ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ပြည်ပရောက် ရခိုင်အဖွဲ့အစည်းများနှင့် ရခိုင်လူမျိုးများက ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။

မြန်မာလုပ်သား တထောင်ကျော် ထိုင်းတွင် ၃ ရက်မြောက် ဆန္ဒပြ
မြင့်မောင် | သောကြာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။

။ ယာယီနိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က ဖျက်ဆီးပစ်သည်ဆိုကာ ထိုင်းနိုင်ငံ Khon kaen မြို့ရှိ Dechapanich ငါးဖမ်းပိုက်စက်ရုံ၌

တရားဝင် မြန်မာလုပ်သား ၁,ဝဝဝ ကျော် ၃ ရက်မြောက်ဆက်ပြီး ဆန္ဒပြနေသည်။
မြန်မာလုပ်သား ၆ ဦး ၃ ရက်ဆက်တိုက် အလုပ်ပျက်သဖြင့် ယခုလ ၇ ရက်နေ့က အလုပ်ထုတ်ခံရစဉ် ၎င်းတို့ နိုင်ငံကူးကဒ်များ ပြန်တောင်းရာ အလုပ်ရှင်ဘက်က
ဖျက်ဆီးထားကြောင်း တွေ့ရအပြီး နောက်ရက်တွင် စက်ရုံအနီး အလုပ်သမားများ ဘုရားရှိခိုးဝင်းအတွင်း စတင်ဆန္ဒပြကြသည်။
“ပတ်စပို့ ဗီဇာတွေကို မြဝတီဘက်စခန်းမှာ
လုပ်လာစဉ်တုန်းက တနှစ်ကို ဒီမှာ လုပ်ရမယ်၊ နောက်တနှစ်ကို အပြင်မှာ လုပ်စားခွင့်
ရှိတယ်၊ သက်တမ်းတိုးလို့ ရတယ်ဆိုပြီး ထုတ်ပေးလိုက်တာ။ အဲဒါ အလုပ်ရှင်က ပတ်စ်ပို့
ဗီဇာတွေကို မင်တွေနဲ့ ဖျက်ထားတယ်။ Cancel ဆိုတာ ရေးပြီးတော့ ကျနော်တို့လက်ထဲ
ပြန်အပ်တော့ ဘာမှ သုံးမရတော့ဘူး” ဟု ဦးဆောင်ဆန္ဒပြသူ ကိုဇော်မင်းနိုင်က မဇ္ဈိမကို
ပြောသည်။
ဆန္ဒပြခေါင်းဆောင် နောက်တဦးဖြစ်သည့် ကိုမိုးထက်က“ဒီမှာ အလုပ် ၃ ရက်
ပျက်လို့ရှိရင် အလုပ်ထုတ်ခွင့်ရှိတဲ့ ဥပဒေ ရှိပါတယ်။ အဲဒီဥပဒေနဲ့ ငြိလို့
အလုပ်ထုတ်တယ်လို့ ပြောပါတယ်။ အမှန်တကယ် အလုပ်သမားတွေအလုပ်ပျက်တာက
ကျန်းမာရေးကြောင့်ပါ” ဟု ပြောသည်။
ဆန္ဒပြပွဲနှင့်ပတ်သက်၍ Dechapanich စက်ရုံကို ဆက်သွယ်မေးမြန်းသည့်အခါ
စက်ရုံအရာရှိက ဆန္ဒပြနေတာ ဟုတ်မှန်ကြောင်းသာ ပြောဆိုပြီး အသေးစိတ် ဖြေကြားရန်
ငြင်းဆိုသည်။
ထိုင်းနိုင်ငံရှိ MAP Foundation နှင့် ရောင်ခြည်ဦး အလုပ်သမား
ကူညီဆောင်ရွက်ရေးအဖွဲ့တို့က ဆန္ဒပြသူများကို ကူညီနေကြရာ MAP က ထိုင်းနိုင်ငံ

Khon kaen
Dechapanich ၂ြ ၂
၂,၂၂၂ ၂

အလုပ်သမား စီမံခန့်ခွဲရေးဌာန၊ ရဲမှူးချုပ်နှင့် အမှတ် ၄ ရဲမှူးကြီးထံ အမြန်ဆုံး ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။
’’အလုပ်သမားတွေကို မြန်မာနိုင်ငံ ပြန်မပို့ဘဲ ဥပဒေအရ စောင့်ရှောက်ပေးဖို့၊ အဖြစ်မှန် ဖော်ထုတ်ပေးဖို့၊ တရားဥပဒေအတိုင်း ကူညီပေးဖို့
ထည့်သွင်းတောင်းဆိုထားတယ်။ အလုပ်သမားတွေ အကြွေးယူ စားသောက်ရတဲ့ဆိုင်ကို အလုပ်ရှင်က ပိတ်လိုက်တဲ့အတွက် အခက်အခဲဖြစ်နေတဲ့အတွက်
ဆိုင်ပြန်ဖွင့်ပေးဖို့ အလုပ်ရှင်ကို ကျမတို့ ပြောခဲ့တယ်’’ ဟု MAP အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Mai Mai က ပြောသည်။
Khon kaen မြို့ရှိ စက်ရုံများ၌ အခြား တရားဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ တနေ့လျှင် ၁၅၇ ဘတ် ရသော်လည်း Dechapanich ငါးဖမ်းပိုက်စက်ရုံ၌
မြန်မာလုပ်သားများကို ဘတ် ၁၄ဝ သာ ပေးပြီး တရက် တနာရီခွဲ အခမဲ့ လုပ်ပေးရသည်။ အချိန်ပိုအတွက် တနာရီလျှင် ဘတ် ၃ဝ သာ ပေးသည်။
စက်ရုံ၌ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်မှ မြန်မာ ၂,၁၄၇ ဦး အလုပ်လုပ်နေသည်။
ဘန်ကောက် မြန်မာသံရုံးမှ လာရောက်ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။
ဗိုလ်မစွဲလျှင် ဦးတေဇက တသင်းလုံး ထုတ်ပစ်မတဲ့
ဆလိုင်း ဟံသာစန်း | သောကြာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနေရှင်နယ်လိဂ်တွင် ဗိုလ်မစွဲပါက
ဘောလုံးသမားများသာမက နည်းပြနှင့် အုပ်ချုပ်ရေးအဖွဲ့ပါ ပြောင်းပစ်မည်ဟု
ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ဦးတေဇက ရာဇသံပေးလိုက်သည်။
“အသင်းပိုင်ရှင် ဦးတေဇက MNL ဖလားရအောင်ယူသွားဖို့ အသင်းနဲ့ပတ်သက်တဲ့သူ
အားလုံးကို အထူးသတိပေးချက် ထုတ်ပြန်တယ်ဆိုတာ ဟုတ်ပါတယ်။ လာမယ့်
ဥဿာနဲ့ပွဲမှာ ကျနော်တို့ နိုင်အောင် ကစားမှ ဖြစ်မှာပါ” ဟု ရန်ကုန်အသင်း၏ မန်နေဂျာ
ဦးအောင်ကျော်လွင်က မဇ္ဈိမကို ပြောသည်။
နာက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် ၃ ခုတွင် ၂ ပွဲ သရေ၊
တပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ရန်ကုန်ယူနိက်တက်သူဌေး ဦးတေဇက
ဘောလုံးသမားများအနေဖြင့် ပိုင်ရှင်အတွက် မကစားဘဲ ရန်ကုန်တိုင်း

ြြြြ
(ြ
၂ြ
)
(
-)
ြ

ပြည်သူများကိုယ်စား ပြင်းထန်စွာ ပေးဆပ်ကစားဖို့ လိုကြောင်းနှင့် MNL လက်ကျန်ပွဲစဉ်အားလုံး အနိုင်ရအောင် ကစားသွားရန် သတိပေးထားသည်။
ပြီးခဲ့သည့်လ ၂၉ ရက်နှင့် ယခုလ ၄ ရက်နေ့တွင် Southern Myanmar ၊ ကမ္ဘောဇ အသင်းတို့နှင့် ကစားခဲ့သည့် MNL ပွဲစဉ် ၂ ခုတွင် ရန်ကုန်က ဂိုးမရှိ
သရေကျခဲ့သည်။ ထို့ပြင် ယခုလ ၈ ရက်နေ့က Max Cement Cup ရှုံးထွက်ပွဲစဉ်အဖြစ် Southern Myanmar အသင်းနှင့် ကန်ရာ နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးပြီး ပြိုင်ပွဲမှ
ထွက်ခဲ့ရသည်။
ဘောလုံးသမားများ အားလုံး၊ အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့များ အားလုံးကို ပရိသတ်ကျေနပ်အောင် မပေးဆပ်နိုင်သော တာဝန်မကျေသူများဟု ဦးတေဇက
အပြစ်တင်သည်။
“နောက်ဆုံးပွဲစဉ် ၃ ပွဲမှာ အနိုင်မရခဲ့တဲ့အတွက် ကျနော်တို့အပေါ်ကို ဖိအားတွေ ကျလာပါပြီ။ MNL စကတည်းက ကျနော်တို့ ဗိုလ်စွဲဖို့ ရည်မှန်းထားတာပါ။
လက်ကျန်ပွဲတွေ အနိုင်ကစားပြီး ဖလားရအောင် ကြိုးစားသွားမှာပါ” ဟု ဦးအောင်ကျော်လွင်က ပြောသည်။
ရန်ကုန်အသင်းသည် ရာသီကုန်ချိန်အထိ ယှဉ်ပြိုင်ရန် ၇ ပွဲကျန်ရှိနေပြီး တွေ့ရမည့် အသင်းများမှာ ဥဿာ၊ မနောမြေ၊ ဇွဲကပင်၊ မကွေး၊ လက်ရှိ ချန်ပီယံ ရတနာပုံ၊
ဇေယျာရွှေမြေနှင့် Delta United တို့ ဖြစ်သည်။
ရန်ကုန်အသင်းသည် လက်ရှိ MNL အမှတ်ပေးဇယား၌ အဆင့် ၄ နေရာ ရောက်နေပြီး ထိပ်ဆုံးရှိ ရတနာပုံ အသင်းနှင့် ၈ မှတ် ကွာနေသည်။
“၈ မှတ်ကွာတယ်ဆိုပေမယ်လို့ ရန်ကုန်က တပွဲလျော့နေတယ်လေ။ တပွဲနိုင်ရင် ၅ မှတ်ပဲ ကွာတော့မယ်။ ရတနာပုံကို နိုင်လိုက်ရင် ၂ မှတ်ပဲ ကွာတော့မယ်လေ။
ဘောလုံးဆိုတာ လုံးပါတယ်။ ချန်ပီယံမဖြစ်ဘူးလို့ မပြောနိုင်သေးပါဘူး” ဟု ရန်ကုန်အသင်း ပရိသတ်တဦးက ပြောသည်။
မနှစ် စက်တင်ဘာက စသည့် မြန်မာနေရှင်နယ်လိဂ် ၂ဝဝ၉ - ၂ဝ၁ဝ ရာသီတွင် လေ့ကျင့်ရေးကွင်း တည်ဆောက်မှု၊ ဘောလုံးသမား ခေါ်ယူအားဖြည့်မှု
စသည်တို့အတွက် သိန်း ၅,ဝဝဝ ကျော် ရန်ကုန်အသင်းက သုံးစွဲခဲ့ကြောင်း ဦးအောင်ကျော်လွင်က ပြောသည်။
ရန်ကုန်ယူနိုက်တက်အသင်း၏ နည်းပြချုပ်မှာ မျိုးလှိုင်ဝင်းဖြစ်ပြီး အုပ်ချုပ်သူမှာ ဦးအောင်ကျော်လွင် ဖြစ်သည်။ အသင်းပိုင်ရှင်မှာ စစ်အစိုးရနှင့် နီးစပ်သည့်
စီးပွားရေးသမားကြီး ဦးတေဇဖြစ်ကာ အသင်းဥက္ကဋ္ဌမှာ ဦးတေဇ၏ သား ပြည့်ဖြိုးတေဇ ဖြစ်သည်။ အသင်းခေါင်းဆောင်မှာ ဂါနာလူမျိုး ဆင်မြူရယ်လ် ဟန်ဆန်
(နံပါတ် ၂၆) ဖြစ်သည်။

ပဲခူးပစ်ခတ်မှု မိသားစုများ နှုတ်ပိတ်နေရန် ညွှန်ကြား
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၀၀ မိနစ်

ရန်ကုန် (မဇ္ဈိမ)။

။ စစ်သားများက သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးခဲ့ရသော လူငယ် ၂ ဦး၏ မိသားစုများကို သတင်းဌာနများနှင့် ဆက်သွယ်ဖြေဆိုခြင်း မပြုရန်

အာဏာပိုင်များက တားမြစ်ထားသည်ဟု မိသားစုဝင် တဦးက ပြောသည်။
ထို့ပြင် သေဆုံးမှုအတွက် ကျပ်ငွေ ၁ဝ သိန်းစီပေးကာ ကျန်ရစ်သူ မိသားစုများ ကျေအေးစေရန် ကြိုးပမ်းခဲ့သော်လည်း လက်မခံခဲ့ကြကြောင်း သိရသည်။
စစ်တပ်အရာရှိများဟု ယူဆရသူများက လာရောက်တွေ့ဆုံကာ ၎င်းထံ ငွေပေး၍ ကျေအေးစေရေး ညှိနှိုင်းခဲ့သော်လည်း လက်မခံခဲ့ဟု သေဆုံးသူ
မောင်အောင်သူဟိန်း (၂၃ နှစ)် ၏ ၆၅ နှစ်အရွယ် အဖွားဖြစ်သူ ဒေါ်စန်းရီက ပြောသည်။
မြို့ခံလူငယ် ၇ ဦးနှင့် ပဲခူးအခြေစိုက် ခလရ ခြေလျင်တပ် ၅၉ မှ ဗိုလ်ကြီးအဆင့် ရှိသူအကြား ယခုလ ၄ ရက်နေ့ ည ၁၂ နာရီကျော်တွင် ခိုက်ရန်ဖြစ်ပွားပြီးနောက်
ရပ်ကွက်ထဲသို့ လာရောက်ရှာဖွေကာ သေနတ်ဖြင့် ပစ်သောကြောင့် ပဲခူးမြို့
ဇိုင်းဂနိုင်းရပ်ကွက် (တောင်ပိုင်း) မြလမ်းရှိ မောင်အောင်သူဟိန်း (၂၃ နှစ)် နှင့်
မောင်စိုးပိုင်ဇော် (၁၈ နှစ)် တို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။
’’မနက်ဖြန်ကျရင် ရက်လည်ပြီ။ အဖွားအနေနဲ့ မြေးရဲ့ ဖြစ်ပျက်တာတွေကို
မနေ့တနေ့ကလိုပဲ ထင်နေပါတယ်။ မနက်ဖြန်တော့ ရက်လည်ကို သူတို့ဘက်
(စစ်တပ်အာဏာပိုင်များ) က လာကြမယ်လို့တော့ ကြားပါတယ်။ အဖွားကတော့
ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ဘာမှကို မပြောချင်တော့ပါဘူး’’ ဟု ဒေါ်စန်းရီက
ပြောသည်။
ယခုလ ၇ ရက်နေ့တွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်၌ စစ်တပ်အစီအမံဖြင့်
သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်
အမှုအကြောင်းကို ရေးသားလာသည်ကို တွေ့ရသည်။
မြန်မာ့အလင်းသတင်းစာက အရက်မူးနေသော လူငယ်များ ခိုက်ရန်ဖြစ်ပွားခြင်း ဖြစ်သည်ဟုဆိုကာ နိုင်ငံရေးသမားများနှင့် ပြည်ပမီဒီယာများက ဖြစ်စဉ်ကို
ခုတုံးလုပ်ကာ နိုင်ငံတွင်း ရုန်းရင်းဆန်ခတ်မှု၊ ဆူပူမှုများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်နေသည်ဟု စွပ်စွဲလိုက်သည်။
အပြစ်ကျူးလွန်သည့် လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ပါရှိသည်။
ဖြစ်စဉ်ကို ဖော်ပြရာတွင် စက်တင်ဘာ ၄ ရက်နေ့ ည ၁ဝ နာရီခန့်တွင် ပဲခူးလူငယ် ၇ ဦး စီးနင်းသော သုံးဘီးဆိုင်ကယ်နှင့် ပဲခူးဘူတာ လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့မှ
တပ်ဖွဲ့အရာရှိတဦး ဘီယာသောက်ပြီး ဆိုင်ကယ်ကယ်ရီဖြင့် ဘူတာသို့ ပြန်လာရာ ပွတ်တိုက်မိခဲ့ကြောင်းနှင့် သုံးဘီးဆိုင်ကယ်ကြောင့် ဆိုင်ကယ်မှာ လဲသွားရာ
လူငယ် ၇ ဦးက ရိုက်နှက်ခဲ့သည့်အတွက် ဘူတာလုံခြုံရေး တာဝန်ကျ အရာရှိ ၂ ဦးလုံး ဒဏ်ရာကိုယ်စီဖြင့် နေရာတွင် လဲသွားကြောင်း ရေးသားသည်။
အရာရှိ ၂ ဦးက ဆက်မရိုက်ရန် တောင်းပန်ခဲ့သော်လည်း လူငယ်များမှာ အရက်သေစာသောက်ထားကာ မူးနေသဖြင့် တောင်းပန်၍ မရခဲ့သောကြောင့်
အဖော်ပါလာသူ အရာရှိက ထွက်ပြေးကာ ပဲခူးဘူတာရှိ လုံခြုံရေးစစ်သည်များကို သွားရောက်အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
အဆိုပါ အရာရှိနှင့်အတူ လုံခြုံရေးစစ်သည် ၄ ဦး ပြန်ရောက်လာစဉ် မြလမ်းထိပ်တွင် အခင်းဖြစ်ရာ၌ ပါဝင်ခဲ့သော လူငယ် ၇ ဦးနှင့် ပြန်တွေ့ရာ

ထပ်မံခိုက်ရန်ဖြစ်ပွားပြီး လုံခြုံရေးစစ်သည်တဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မောင်စိုးပိုင်ဇော် (၁၇ နှစ)် နှင့် မောင်အောင်သူဟိန်း (၂၁ နှစ)်
သေဆုံးခဲ့သည်ဟု သတင်းစာတွင် ဆက်လက်ဖော်ပြသည်။
ယင်း သတင်းစာ ဖော်ပြချက်များမှာ အဖြစ်မှန်နှင့် ကွဲလွဲနေသဖြင့် ပဲခူးမြို့ခံများအကြား မကျေမနပ် ဖြစ်နေကြသည်။
’’ကျနော် မအိပ်သေးဘူး။ လမ်းထဲမှာ လမ်းလျှောက်နေတယ်။ ကောင်လေးတွေက လမ်းထဲမှာ ဂီတာတီးနေတာ။ လာတဲ့ စစ်သားတွေထဲက တယောက်က
ဘာမပြော၊ ညာမပြော သေနတ်နဲ့ ပစ်တာ။ ကျနော့်မျက်စိရှေ့တင်ပဲ။ ကောင်လေးတွေ ကြောက်လန့်ပြီး ပြေးတယ်။ သတင်းစာမှာ ပါတာကျ ထပ်ရန်ဖြစ်လို့ဆိုပြီး
ပါတယ်။ ကောင်လေးတွေကပဲ မူးနေတယ်လို့ ပါတယ်။ ဒီကလေးတွေဟာ ရမ်းကားတတ်တဲ့သူတွေ မဟုတ်ဘူး။ ကောင်းရောင်းကောင်းဝယ်နဲ့ မိဘ၊ အဒေါ်တွေနဲ့
နေကြတာတွေချည်းပဲ’’ ဟု မြလမ်းနှင့် စိန်လမ်းကြားနေထိုင်သည့် ၄၅ နှစ်ခန့်အရွယ် အမည်မဖော်လိုသူ တဦးက ပြောသည်။
သတင်းစာတွင် ပစ်ခတ်သူနှင့် ၎င်း၏ တပ်ရင်းအမည်ကို ထည့်မထားခြင်း၊ မည်ကဲ့သို့ အရေးယူမည်ကို မဖော်ပြခြင်း၊ ဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသူ လူငယ်အချို့ကို
ပြန်လွှတ်ပေးခြင်း ရှိမရှိ မပါရှိခြင်း စသည်တို့ကိုပါ ပဲခူးမြို့ခံက ထောက်ပြဝေဖန်လိုက်သည်။
ဖြတ်သန်းနေသော ပုံရိပ်များ
ဒေါက်တာ မြမဉ္ဇူ | သောကြာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၁၁ မိနစ်

(၁)
ကျမသမီးထွေးကို နေ့တိုင်း ကျောင်းလိုက်ပို့ပါတယ်။ အင်ဂျင်ကျနေတဲ့ ကားကို ဂရုတစိုက် ချော့မောင်းရင်း ကိုယ့်ကားကို ကျော်တက်သွားတဲ့ နံပါတ်မြင့်တဲ့
ကားတွေကို မောင်းချင်နေမိတယ်။ ကျမမှာ ပါဂျဲရိုးကားသာရှိရင် မြောက်ပိုင်း ချင်းတောင်ကို တခေါက်လောက် ပြန်သွားချင်တဲ့စိတ်ဟာ ကျမရဲ့အပြင်းပြဆုံး
ဆန္ဒပါပဲ။
ကားအကောင်းစားတွေကို ကြည့်ပြီး စိတ်ကူးယဉ်နေမိတယ်။ ကားမောင်းတဲ့သူက မျက်မှန်အမည်းတပ်ပြီး ဘောင်းဘီဝတ်ထားတဲ့ အမျိုးသမီးတွေ ဆိုရင်တော့
မိစ္ဆေရစိတ်တွေ ပွားမိတော့တာပါပဲ။ ဘာလို့ သူကငါ့ထက် သာနေတာလဲ၊ ငါလဲတသက်လုံး အလုပ,် လုပ်လာတာပဲ၊ ဘာလို့သူ့လို ကားအကောင်းစား အသစ်ကြီး
မမောင်းနိုင်ရတာလဲနဲ့ ရှေးကုသိုလ်ကောင်းတဲ့သူတွေကို အားကျမိရင်း ၇၈ လမ်းအတိုင်း မောင်းလာလိုက်တာ မျက်ပါးရပ်ကို ရောက်တာနဲ့ စက်ဘီးအုပ်ကြီးကို
ရင်ဆိုင်တိုးမိတော့တာပါပဲ။ မနက် ၇ နာရီကစ ပြီး ၉ နာရီ လောက်အထိတွေ့နိုင်ပါတယ်။ မန္တလေး ဆင်ခြေဖုံးတွေဖြစ်တဲ့ အောင်ပင်လယ်၊ မြနန္ဒာ၊ ပဲဖြူကုန်း၊
အင်းခရု၊ ထွန်တုံး၊ ငွေတော်ကြည်ကုန်း စတဲ့ ရပ်ကွက်တွေက မြို့ထဲကိုလာပြီး အလုပ,် လုပ်ကြတဲ့ အလုပ်သမားတွေ စက်ဘီးတွေနဲ့ မြို့ထဲဝင်လာကြတာပါ။ ပန်းရံ၊
လက်သမား၊ သံချီသံကွေး၊ ပွဲရုံတွေမှာ၊ ဈေးချိုထဲက ဆိုင်တွေမှာ လုပ်တဲ့သူတွေ ထမင်းချိုင့်တွေနဲ့ လာနေကြတယ်။ ညနေစောင်းရင်လည်း အိမ်ပြန်တဲ့
စက်ဘီးအုပ်ကြီးကို တွေ့ရပါတယ်။ မနက်အစောကြီး စက်ဘီးနင်းလာလိုက်ကြတာ နေ့စဉ်အသွားအပြန် နင်းရတာမို့ သူတို့ရဲ့ ပေါင်တွေ ပွန်းကုန်ကြသတဲ့။
ကားအသစ်ကြီး မောင်းချင်တဲ့ ကျမ သူတို့ကိုမြင်တော့ တွန့်သွားမိတယ်။ မနက်ထွက်တဲ့ နေမင်းကြီးကို ထမ်းပိုးရင်းလာကြတဲ့ အလုပ်သမားတွေ ညနေ,နေဝင်တော့
နေလုံးကြီးကို ကျောပိုးရင်း ပြန်ကြရသူတွေပေါ့။
တနေ့က ရန်ကုန်ကကားနဲ့ ညကြီးပြန်လာတော့ တောင်ငူ ကျွန်းကုန်းမှာ အဝေးပြေးကားကြီးတွေ တထောက် နားပါတယ်။ စားသောက်ဆိုင်ကြီးက မီးတွေ
ထိန်လင်းနေပြီး အဆောက်အဦးက အသစ်ဆောက်ထားတာမို့ တော်တော် ကောင်းတယ်။ ကားရပ်လိုက်တာနဲ့ အသံလေးတွေ ညံလာပြီး
ဆိုင်ထဲမှာရနိုင်တဲ့ အစားအသောက်တွေကို ကြေညာနေကြပါတယ်။ ကော်ဖီ၊ နွားနို့၊ လက်ဖက်ရည် ဂွတ်ရှယ် စတဲ့ အသံလေးတွေ
ကြားရပါတယ်။ အသက် နှစ်ဆယ်လောက်ရှိတဲ့ ကျောင်းမှာပညာသင်ရမယ့် အရွယ်တွေပဲ။ ကျမ စိတ်ဝင်စားလို့ ခေါ်မေးတော့ မူလတန်း
အောင်ပြီးပြီ၊ မိတ္ထီလာနားက၊ ဒီနှစ် မိုးခေါင်တော့ သူတို့ ယာတွေ ဆုံးသတဲ့။ ဒါ့ကြောင့် အလုပ်သမား လိုလို့ လိုက်ရှာတော့ အိမ်က
ထွက်လာတယ်လို့ပြောပါတယ်။ ညနေ ၅ နာရီကစပြီး မနက် ၃ နာရီလောက်ထိ လုပ်ရတယ်။ နေ့တော့ နားရပါတယ်။ အစားအသောက်နဲ့
နေဖို့ထိုင်ဖို့ကို ဆိုင်ကပေးပြီး အသားတင် တလ၊ တသောင်းလောက် ရတယ်။ ဒီနှစ်အိမ်ကို ခြောက်သောင်းလောက် ပို့နိုင်တယ်တဲ့။

ြြ
ြြြြြြြ
ြြ
ြြ
ြြြြြြြြြ

ကျမ ညီမအိမ်မှာ အလုပ,် လုပ်တဲ့ ကလေးက မြစ်ဝကျွန်းပေါ်ကလာတာ ၇ နှစ်လောက် ရှိပြီ။ သူ့အသက် ဘယ်လောက်လဲ မေးတော့ မသိဘူးတဲ့။ လခ
ဘယ်လောက်ရသလဲ ဆိုတော့ အရင်က အမေလာယူတယ်တဲ့။ အခု အမေသေသွားပြီ၊ ဘယ်လောက်ရမှန်းလဲ မသိဘူးတဲ့။ သူနေတဲ့အိမ်က ကျမ ယောက္ခမက
သူတို့ လက်ကတုံးတောင်ဝှေးမို့ ချစ်ကြဂရုစိုက်ကြတယ်။ အဖိုးကြီးက မျက်စိမမြင်လို့ ဒီကလေးနဲ့ တွဲသွားရတယ်။ တလောက ကောင်လေး
သွေးလွန်တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရတော့ သိန်းချီ အကုန်ခံကြတယ်။ ဒီကလေးက စာမဖတ်တတ်ဘူး။
ကျမအိမ်မှာ လာအလုပ,် လုပ်တဲ့ ကလေးက ၁၅ နှစ် ၁၆ နှစ်လောက် ရှိပါပြီ။ အဖေက အရက်သမား၊ အလုပ် မလုပ်နိုင်တော့ဘူး။ အမေက ပန်းရံလုပ်တယ်။
ငွေလိုလို့ သမီးလေးကို လာထားတာပါ။ ကလေးမလေး ရောက်စက ညကျရင် ထ,ထထိုင်တယ်။ အိမ်မှာ အဆင်ပြေရဲ့လားလို့ စဉ်းစားမိလို့တဲ့။ သူ့အမေ ခဏခဏ
လစာကြိုထုတ်ပြီး တနှစ်လောက်ကြာတော့ သူတို့ဘာမှလဲ မရဘူး။ ရက္ကန်းသင်ခိုင်းမယ်၊ ခတ်တတ်ရင် တနေ့ တထောင်လောက် ဝင်နိုင်မယ်ဆိုပြီး
ပြန်ခေါ်သွားကြတယ်တဲ့။ သူအိမ်ပြန်တော့ ကျမဆင်ထားတဲ့ နားကပ်လေး ချွတ်ယူမိတယ်။ ကလေးမလေး မျက်ရည် ကျရှာတယ်။ ကျမ မှားသွားတယ်
ထင်ပါတယ်။ ဒီနားကပ်ကလေး သူ့ဆီမှာ ရှိနေရင်လည်း အဖေ့အရက်ဖိုး၊ အိမ်စရိတ်အတွက် သူ့အမေက ရောင်းစားမှာပါ။
တနှစ်လောက်ကြာတော့ ကျမဆီကို ပြန်လာချင်တယ်တဲ့၊ သူမျက်စိမကောင်းလို့ ရက္ကန်း မရက်ချင်ဘူးလို့ အကြောင်းကြားတယ်။ သွားခေါ်တော့ ရက္ကန်းသည်ဆီမှာ
သူ့အမေက ငွေတသိန်း ယူထားတယ်။ အဲဒါကို ကျမ ပြန်ဆပ်ပြီးမှ ခေါ်ရမှာမို့ လက်လျှော့ခဲ့ရတယ်။ မိသားစု စားဝတ်နေရေး ပြေလည်ဖို့ လူငယ်တွေ
ပါဝင်လျှောက်လှမ်းနေရတဲ့ အဖြစ်တွေပါ။
ဒီခေတ် လူငယ်တွေ ကျောင်းပြီးတာနဲ့ အလုပ်တွေ ဝင်လုပ်ကြတယ်။ တစ်ဖက်ကလည်း အလုပ,် လုပ်ရင်း တိုးတက်ဖို့အတွက် ကွန်ပျူတာ သင်တန်းတွေ၊ IDCS,
IADCS, LCCI – Level I, II, III, Diploma in Business စတာတွေ ရုံးပိတ်ရက်မှာ တက်နေကြတာတွေ့ရပါတယ်။ စကတ်အကွဲလေးတွေ ဝတ်ပြီး ဘဏ်တွေမှာ
လုပ်နေရတဲ့ မိန်းကလေးတွေဟာ ရုပ်ရည် ချောမောပြီး ဆက်ဆံရေး အလွန်ကောင်းပါတယ်။ ဆေးကုမ္ပဏီမှာ လုပ်နေကြတဲ့ ဝန်ထမ်းတွေဟာ နံနက် ၉ နာရီကနေ
ညနေ ၅ နာရီအထိ တာဝန်ချိန် သတ်မှတ်ထားပေမယ့် သူတို့ရဲ့ ဆေးပစ္စည်းတွေ ရောင်းအားကောင်းဖို့ ကျမလုပ်တဲ့ ဆေးခန်းတွေကို ညတိုင်းလည်းလာပြီး
ကြော်ငြာရောင်းကြရှာတယ်။ လစာလည်း ကောင်းတာမို့ ကုမ္ပဏီတွေက တန်အောင် ခိုင်းပါတယ်။ မိမိတို့ဘဝ ရပ်တည်ရေးနဲ့ မိသားစု ဝင်ငွေဖူလုံဖို့အတွက် ဒီခေတ်
မိသားစု တစုလုံး အလုပ,် လုပ် နေကြတာပါ။
ခုခေတ်မှာ ပညာရေးဟာ လူငယ်တွေအတွက် ဘယ်လောက် အရေးပါတယ်၊ အခြေခံ ကောင်းဖို့ လိုတယ်ဆိုတာ လူတွေ လက်ခံလာကြပြီး မိဘတွေ သားသမီး
ပညာရေးအတွက် ကြိုးပမ်းလာကြတော့ ကျောင်းမနေရသေးတဲ့ မူကြိုအရွယ်ကလေးတွေကစပြီး Pre-school သင်တန်းတွေကိုပို့ပြီး တက်ခိုင်းကြတာပါပဲ။
ဒီသင်တန်းတွေက ရင်သွေးငယ်တွေ ကျောင်းနေဖို့အတွက် ပြင်ဆင်ပေးတဲ့ သင်တန်းတွေအပြင် စာတွေချည်း သင်ကြားနေဖို့ မဟုတ်ပဲ သူတို့မှာပါတဲ့
ဗီဇစွမ်းရည်တွေ စောစီးစွာသိစေဖို့ ပန်းချီဆွဲအရောင်ခြယ်ရတဲ့သင်တန်း၊ အတီးအမှုတ်၊ ကွန်ပျူတာကိုင်တွယ်နိုင်ဖို့ လေ့ကျင့်ပေးတဲ့ သင်တန်းတွေ၊

အားကစားအတွက် အချိန်များပါ ထည့်သွင်းပြီး ဘက်စုံလေ့ကျင့်ပေးပါတယ်။ သင်တန်းတွေ တက်နေတဲ့ ကလေးငယ်တွေ အင်္ဂလိပ်အသံထွက် ကောင်းကြပြီး
ပြောရဲဆိုရဲနဲ့ လေ့ကျင့် ပြောဆိုနေကြတာလဲ တွေ့ရပါတယ်။
မိမိတို့ ရင်သွေးငယ်များ ကျောင်းမနေသေးတဲ့အရွယ်ကစပြီး ဉာဏ်ရည်စွမ်းဆောင်မှု တိုးတက်အောင် အဘက်ဘက်က ဆောင်ရွက်ကြပြီး ကျောင်းတွေထားဖို့
အရွယ်ရောက်တော့ ပြည်တွင်းမှာတင်မကဘဲ စင်္ကာပူ၊ ဘန်ကောက်ထိ ထားဖို့ ကြိုးပမ်းနေချိန်၊ TOEFL, GCE “A” “O” တွေ၊ စင်္ကာပူက Polytech ကျောင်းတွေ
ခေတ်စားနေတဲ့ အချိန်မှာ စာဆက်မသင်နိုင်ဘဲ မိသားစုဘဝ ရပ်တည်ရေးအတွက် ကြိုးပမ်းနေရတဲ့ လူငယ်လေးတွေရဲ့ မျက်နှာလေးတွေ အစီအရီ ပေါ်လာပြီး
အရွယ်စကောစကတွေမို့ ဒီအချိန်မှာ မိဘရဲ့ အထိန်းအကျောင်း၊ လမ်းညွှန်သင်ကြားပေးမှု များစွာလိုအပ်တာမို့ သူတို့အတွက် ပူပန်နေမိတယ်။ အသက်အရွယ်
ရလာတာနဲ့အမျှ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ များလာကြမှာပါပဲ။ သူတို့ဘဝကို ဖြောင့်ဖြောင့် လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒ ပြုမိပါတယ်။
(၂)
ကျမ နေ့တိုင်း အိမ်ရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ပါတယ်။ တံမြက်လှည်း၊ ရေဖျန်း၊ ခြံစည်းရိုးပင်တွေ ညီနေအောင်ဖြတ်၊ စတာတွေကို အိပ်ရာနိုးတာနဲ့
လုပ်ပါတယ်။ မိုးလင်းတာနဲ့ ကျမအိမ်နံဘေးကို မိသားစု တစုရောက်လာပြီး စတည်းချပါတယ်။ အဖေက ထောင်ထောင်မောင်းမောင်း၊ သန်သန်မာမာ၊
နားကပ်တဖက် ပန်ထားသူ အမေက ပိန်လှီနေပြီး ကလေးနို့စို့လေးတယောက် အားလုံး ဘုစုခရု လေးယောက် ကျမ အိမ်နံဘေးက သစ်ပင်ကြီးအောက်မှာ
အခင်း,ခင်းပြီးနေကြတယ်။ အဖေကရောက်တာနဲ့ အိတ်ြကီးတလုံးပိုးပြီး အလုပ,် လုပ်ဖို့ သွားပါတယ်။ ကလေးတွေက အမေနဲ့အိပ်ကြ ဆော့ကြနဲ့ ကစားနေကြပြီး
နေ့လယ်ကျရင် အဖေက အထုပ်မျိုးစုံ သယ်လာပြီး ထမင်းကျွေးပါတယ်။ ညနေကျတော့ သူတို့ ပြန်သွားကြပါတယ်။
နံနက်စောစော အချိန်မှန်မှန် ရောက်လာကြပြီး မိသားစုလေးယောက်အထိ ပွားစီးလာတဲ့ အဖေဟာ အမှိုက်ပုံတွေမှာ စက္ကူတွေ၊ ပလပ်စတစ် အိတ်ခွံတွေ
ကောက်ပြီး သူတတ်တဲ့အလုပ်နဲ့ ရိုးရိုးသားသား လုပ်ကျွေးနေတာ တွေ့ရပါတယ်။ ကလေးများ အဖေရှာလာတဲ့ ကစားစရာတွေနဲ့ ပျော်ရွှင်စွာ
ကစားနေကြပြီး ရန်ဖြစ်တာ၊ဆဲရေးတာ မတွေ့ရဘူး။ တခါတလေ အဖေကစပြီး အငယ်ဆုံးလေးပါ ဆံပင်တွေ ပြောင်းဖူးမွေး အရောင်
ဆိုးထားကြပါတယ်။ တနေ့ ကျမတို့ဇနီးမောင်နှံနှစ်ယောက် လမ်းကြားထဲဖြတ်လာတော့ ကလေးသုံးယောက် အစီအရီ အခင်းကြီး စွန့်နေတာ
မြင်ရပါတယ်။ ကျမ အိမ်နံဘေးမှာ အခင်းကြီးအခင်းငယ် စွန့်တာ သိပ်စက်ဆုပ်တာပါ။ ဒါကြောင့် ဒီမိသားစုကို ပြောဆိုတော့
အဖေကဘာမှပြန်မပြောပေမယ့် အမေနဲ့ကလေးတွေက ကက်ကက်လန်အောင် ပြန်ပြောကြတယ်။

ြ
ြ
ြြ
ြြြြြ
ြြြြြ

ကျမလည်း အိမ်ပတ်ဝန်းကျင်မှာ နေရင် ဒီစည်းကမ်းကို လိုက်နာရမှာ ဖြစ်ကြောင်းအသိပေး ကြေညာပါတယ်။ သူတို့နဲ့ ပြောဆိုပြီး ကျမခင်ပွန်းက
သူတို့မှာလည်း မာနနဲ့ပဲလို့ မှတ်ချက်ချပါတယ်။ သူတို့ဘဝ ဘယ်လိုပဲ နေနေ ဒီလိုမာန ရှိတာကိုကြိုက်တယ်။မာနကြီးလည်း ကြီးစရာပါပဲ၊ သူတို့မှာ
နေစရာအိမ်မရှိပေမယ့် မိဘက ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာဆက်ဆံတယ်။ အဖေလုပ်သူက သူလုပ်တတ်တဲ့ အလုပ်နဲ့ လုပ်ကျွေးတယ်။ ပိန်လှီနေတဲ့
မိန်းမနဲ့ကလေး ဘုစုခရုတွေကို သစ္စာရှိရှိ ရှာကျွေးနေတယ်။ ကျမ အမြင်မှာတော့ အေးချမ်းတဲ့ မိသားစုလေးပါပဲ။ သူတို့ကို လေ့လာနေတဲ့ ကျမဟာ
သားဆက်ခြားဖို့ သင်ပေးချင်နေမိတယ်။ သူတို့သားအမိ စားဖို့အတွက် နေ့စဉ်ပိုလျှံအောင် ချက်ပြုတ်ပြီး နံနက်စာနဲ့ နေ့လယ်စာအတွက် သူတို့မြင်နိုင်မယ့် နေရာမှာ
တင်ထားပါတယ်။ မှန်မှန်လာယူပြီး စားသောက်နေတာလည်း တွေ့ရပါတယ်။ ကလေးတွေ ဉာဏ်ရည် ဖွံ့ဖြိုးဖို့အတွက် ကျမတို့ ဇနီးမောင်နှံ ကြက်ဥ မစားတော့ဘဲ
သူတို့ကို ကျွေးဖို့ ဆုံးဖြတ်မိကြတယ်။
(၃)
ယနေ့ ကမ္ဘာမှာ ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ သူတို့ မမြင်ဘူးတဲ့ ထိတွေ့နီးစပ်မှု လုံးဝ မရှိတဲ့ ဆင်းရဲသူတွေအပေါ် ရက်ရောမှုကြောင့် TIME မဂ္ဂဇင်းကြီးက ၂ဝဝ၅
ခုနှစ်ရဲ့ ပုဂ္ဂိုလ်ထူးတွေအဖြစ် ရွေးချယ်ကြပါတယ်။ ဒီနေ့ ကမ္ဘာ့လူသားတွေရဲ့ ကျန်းမာရေး ပြဿနာဟာ လွန်ကဲရှုပ်ထွေးလာပြီမို့ အခြေအနေတွေ
ကောင်းလာအောင် လက်ပိုက်ကြည့်နေပြီး အစည်းအဝေးတွေ လုပ်နေရုံနဲ့ မပြီးတော့ဘူးလို့ မှတ်ချက်တွေချပြီး ဒေါ်လာငွေ ၂၉ ဘီလျံထည့်ဝင်ကာ GATES
Foundation ထူထောင်ပါတယ်။ ဒီအဖွဲ့ကြီးဟာ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဝန်ဆောင်မှုတွေ ပေးနေပါတယ်။
ကမ္ဘာ့ဆင်းရဲမှုဒဏ်ကို ခံစားနေရတဲ့ ဆင်းရဲသားတွေအတွက် တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေပါ။
Gate Foundation ဟာ ဆေးသုတေသန အဖွဲ့တွေမှာ ငွေတွေ လှူဒါန်းပြီး ရေခဲသေတ္တာမလိုဘဲ ထိုးဆေးတွေကို သုံးနိုင်တဲ့ နည်းစနစ်တွေကို
စူးစမ်းရှာဖွေနေကြပါတယ်။ ကလေးသူငယ်များ သူငယ်နာရောဂါ အပေါင်းက ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးများအတွက် UNICEF အဖွဲ့ကြီးကို
အများဆုံး လှူဒါန်းနေတာလည်း Gate Foundation ပါပဲ။ ဘိုနို ဦးဆောင်တဲ့ အဖွဲ့အစည်းကိုတော့ DATA လို့ အတိုကောက်ခေါ်ပြီး Debt AIDS
Trade Africa ကို ရည်ညွှန်းပါတယ်။ သူ့စွမ်းဆောင်မှုကြောင့် ၂ဝဝ၅ မှာ ဗြိတိန်နိုင်ငံက ဦးဆောင်ပြီး အာဖရိကတိုက်ရဲ့ ဆင်းရဲမွဲတေမှုကို
ကယ်တင်ဖို့အတွက် Make Poverty History ဆိုပြီး ကမ္ဘာကြီးကို မီးမောင်းထိုးပြလိုက်ပါတယ်။ ဘိုနိုဦးဆောင်တဲ့ အဆိုတော်တွေဟာ
ကမ္ဘာ့ပွဲကြီးတွေ တပြိုင်နက် ကျင်းပခဲ့ကြတယ်။ Perthshire, Scotland မှာ ကျင်းပခဲ့တဲ့ G8 စက်မှု ထိပ်သီး ရှစ်နိုင်ငံ အဖွဲ့အစည်းကြီးမှာ Make
Poverty History ဆိုတဲ့ ခေါင်းစဉ်ကို အဓိကထားပြီး ဆွေးနွေးခဲ့ကြတယ်။ ရလဒ်ကတော့ ချေးငွေတွေဟာ အတိုးမဲ့ ဖြစ်သွားပြီး
အတိုးပေးရမယ့်ငွေတွေကို ဒီနိုင်ငံတွေက ကျန်းမာရေး ပညာရေးတွေမှာ ပိုပြီး သုံးစွဲနိုင်စေခဲ့ပါတယ်။ အာဖရိကနိုင်ငံများရဲ့
ကူးသန်းရောင်းဝယ်မှုကို တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့လည်း နည်းလမ်းတွေ ရှာကြံခဲ့ကြပါတယ်။
ဒီလုပ်ရပ်တွေကြောင့် ဆင်းရဲမွဲတေသူတွေရဲ့အပေါ် မြင်တဲ့အမြင်ဟာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပါတယ်။ သူတို့အသက်တွေ ဘဝတွေဟာလည်း
ချမ်းသာတဲ့သူတွေနည်းတူ အဖိုးတန်တယ်၊ တန်ဖိုးရှိတယ်လို့ မြင်လာစေခဲ့ပါတယ်။
ကျမရဲ့ ကားအကောင်းစားကြီး စီးချင်တဲ့ရောဂါဟာ မန္တလေးမြို့ ဆင်ခြေဖုံးကနေ အလုပ်လာလုပ်တဲ့ စက်ဘီးတပ်ဖွဲ့တွေကို တွေ့လိုက်ရကတည်းက
ပျောက်ကွယ်သွားပါတယ်။ လမ်းချိုးရမယ် ဆိုရင်တောင် အနှေးယာဉ်တွေကို ဦးစားပေးပြီးမှ ချိုးပါတယ်။ ကျမ ရုန်းကန်နေရတာဟာ သူတို့ထက်စာရင် အများကြီး
သက်တောင့်သက်သာ ရှိပါသေးတယ်။ ဘဝတိုးတက်မှုအတွက် ကြိုးပမ်းနေကြတဲ့ ဝန်ထမ်းတွေ၊ စာမသင်နိုင်တဲ့
လူငယ်အလုပ်သမားတွေ ပုံရိပ်ဟာ ကျမနံဘေးမှာ ဖြတ်သန်းနေကြတယ်။ သင်ကြားရေးမှာ တသက်လုံး
တာဝန်ယူလာခဲ့တဲ့ ကျမဟာ ပတ်ဝန်းကျင်က စာမသင်နိုင်တဲ့ ကလေးများအတွက် ဘယ်လိုတာဝန်ယူမလဲ
ဆိုတာကို တွေးတောကြံဆနေမိပါတယ်။
(စာရေးသူသည် မန္တလေး ဗြဟ္မစိုရ် လူမှုရေးအသင်း နာယကတဦး ဖြစ်သည်- အယ်ဒီတာ)
(ရွက်နုဝေ၊ ဇွန် ၂ဝဝ၆)
http://www.mizzimaburmese.com/

မြန်မာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်ရန် တရုတ်ကတိပြု
ပေါက်ပေါက် / ၁၀ စက်တင်ဘာ ၂၀၁၀

သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့ စီမံကိန်းကြီးများအား အတူတကွ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေးအရ
အပြန်အလှန်ယုံကြည်မှုများ တိုးမြှင့်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်အစိုးရက ကတိပြုလိုက်သည်။
တရုတ်နိုင်ငံကို (၅) ရက်ကြာ အလည်အပတ်ခရီးရောက်ရှိနေသည့် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်ဝန်ကြီးချုပ် မစ္စတာဝမ်ကျားပေါင်၊
တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဝူပန်ကော တို့ တွေ့ဆုံစဉ်အတွင်း တရုတ်အစိုးရက ယခုကဲ့သို့ ကတိပြုလိုက်ကြောင်း
ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
တိဗက်-ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရက တရုတ်ဘက်မှ ရပ်တည်မှုအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာ့နိုင်ငံရေးအခြေအနေနှင့်အညီ
မြန်မာလူထုက ရွေးချယ်ဆောင်ရွက်နေသည့် နိုင်ငံရေး ဖြစ်ထွန်းမှုကိုလည်း အသိအမှတ်ပြုပါကြောင်း မစ္စတာ ဝူက ပြောဆိုခဲ့သည်။
ယခုနှစ်နှောင်းပိုင်း ရွေးကောက်အပြီးပေါ်ထွက်လာမည့် အစိုးရသစ် လက်ထက်တွင်လည်း တရုတ်အစိုးရနှင့် ဆက်ဆံရေးသည် အစဉ်အမြဲ ကောင်းမွန်
တိုးတက်နေမည်သာ ဖြစ်ကြောင်း၊ တရုတ်သည် မြန်မာ၏ အရေးပါဆုံး အိမ်နီးချင်းဖြစ်ပြီး တရုတ်တနိုင်ငံတည်း ပေါ်လစီကို မြဲမြံစွာ ကိုင်စွဲသွားမည်ဖြစ်ကြောင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ယခုနှစ် မတ်လမှ ဇူလိုင်လအတွင်း ရေအားလျှပ်စစ်ကဲ့သို့ စွမ်းအင်ကဏ္ဍ၌ အမေရိကန် ဒေါ်လာ (၅) ဘီလီယံကျော် ထပ်မံရင်းနှီးမြှုပ်ခဲ့ရာ
စွမ်းအင်ကဏ္ဍတခုတည်း၌ (၆.၄) ဘီလီယံ ရှိပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့နှင့် အာရှအလယ်ပိုင်းမှ ရေနံများ တရုတ်ပြည်သို့ သယ်ယူရေးအတွက် ပိုက်လိုင်းဖောက်လုပ်ရေး စီမံကိန်း၊ မြစ်ဆုံရေကာတာ
ရေအားလျှပ်စစ်စီမံကိန်း၊ တရုတ်နှင့် မြန်မာဆက်သွယ်မည့် မီးရထားလမ်းဖောက်လုပ်ရေး စသည့် စီမံကိန်းလုပ်ငန်းများတွင်လည်း တရုတ်က ရင်းနှီးမြှုပ်နှံ
လုပ်ဆောင်နေသည်။
ယခုကဲ့သို့ တရုတ-် မြန်မာအစိုးရအကြား ရင်းနှီးစွာဆက်ဆံနေမှုသည် ယခင်ကထက် ပိုမိုပြီး အထူးတလည် တိုးတက် လာခြင်းမျိုးမဟုတ်ဘဲ တဖက်နှင့်တဖက်
အပြန်အလှန် အကျိုးစီးပွားအရ ဆက်ဆံနေခြင်းသာဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ် နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
“သံတမန်စကားအရ ပြောကြတာ ဆိုကြတာတော့ ရှိတာပေါ့ဗျာ။ တကယ်တော့ အပြန်အလှန် အကျိုးစီးပွားတွေအတွက် ဆက်ဆံနေတာပေါ့။
နိုင်ငံတကာအခြေအနေအရ ဆက်ဆံနေရတာလည်း ရှိတယ်။ မြန်မာကတော့ တရုတ်ကို မှီခိုရတဲ့အပိုင်း ပိုတာပေါ့။ တရုတ်က ရင်းနှီးမြှုပ်နှံတဲ့အပိုင်းမှာ စွမ်းအင်တို့၊
ဓာတ်သတ္တုတို့မှာ လာရင်းနှီးမြှုပ်နှံတာက တရုတ်အစိုးရက အကျိုးရှိစေတာပေါ့။ ပိုက်လိုင်းလိုကျတော့ စောသေးတယ်။ အဲဒီအတွက် တရုတ်က ရင်တမမ
ဖြစ်နေရမှာ” ဟု ပြောသည်။
တရုတ်နှင့် မြန်မာအစိုးရအကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့ခြင်း နှစ် (၆ဝ) ပြည့်မြောက်သည့် ယခုနှစ်အတွင်း တရုတ်ဝန်ကြီးချုပ် မစ္စတာ ဝမ်ကျားပေါင်က
မြန်မာနိုင်ငံသို့ ဇွန်လအတွင်းသွားရောက်ခဲ့ပြီး တရုတ်သမ္မတ မစ္စတာ ဟူကျင်းတောင်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်ပြည်သို့
အပြန်အလှန် သွားရောက်ခဲ့ခြင်းဖြစ်သည်။

မဲဆွယ်ရန် ကျပ် သိန်းပေါင်းများစွာ သုံးမည်ဟု ဇေကမ္ဘာ ဦးခင်ရွှေ ပြောကြား
မျိုးဝင်းဇော် / ၁၀ စက်တင်ဘာ ၂၀၁၀
ကြံ့ဖွံ့ပါတီနှင့် တစညပါတီတို့မှလွဲပြီး ကျန်ပါတီ အားလုံးနီးပါး ငွေကြေးအခက်အခဲ ကြုံနေရချိန်တွင်
ကြံ့ဖွံ့အမတ်လောင်း ဇေကမ္ဘာဦးခင်ရွှေက မဲဆွယ်ရန် ကျပ်ငွေ သိန်း (၁) သောင်းခန့် သုံးစွဲမည်ဟု
ပြောဆိုလိုက်သည်။
အမျိုးသားလွှတ်တော်အတွက် ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ အမှတ် (၉) (တွံတေး၊ ကော့မှူး၊ ကွန်းခြံကုန်း) တွင်
ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီ အမတ်လောင်း ဇေကမ္ဘာဦးခင်ရွှေက စက်တင်ဘာ (၆) ရက်နေ့တွင် စည်းရုံးရေး
ဆင်းမည်ဖြစ်ကြောင်း၊ ကျပ်ငွေ သိန်းပေါင်း သောင်းနှင့်ချီ အကုန်ကျခံမည်ဖြစ်ကြောင်း ပြည်တွင်းထုတ်
မော်နီတာဂျာနယ်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်က အမတ်လောင်းတဦးလျှင် မဲဆွယ်ကုန်ကျစရိတ် အများဆုံး ကျပ်သိန်း (၁ဝဝ) အထိသာ
သုံးနိုင်မည်ဟု နည်းဥပဒေ ထုတ်ပြန်ထားသည်။
ယင်းသို့ ဦးခင်ရွှေက ပြောကြားခဲ့မှုအပေါ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ခေါင်းဆောင်တဦးက “ကျနော်တို့ပါတီ နဂိုက အမတ်လောင်း (၁ဝဝ) လောက်တင်ဖို့
စဉ်းစားထားပေမယ့် ငွေရေးကြေးရေး အခက်အခဲကြောင့် တဝက်တောင် မတင်နိုင်ခဲ့ဘူး။ ကိုယ်စားလှယ်လောင်း တယောက်အတွက် မှတ်ပုံတင်ကြေး ကျပ် (၅)
သိန်းရဖို့ အဲဒီ မဲဆန္ဒနယ်က ပြည်သူတွေထံကနေ တယောက်ကို ကျပ်ငွေ (၅ဝဝ) စီလောက် အလှူခံမလား စဉ်းစားထားတာလည်း အချိန်မရှိတော့
မလုပ်လိုက်နိုင်ဘူး။ ဒါကြောင့် မဲဆွယ်ပွဲကာလမှာလည်း ငွေ သိပ်သုံးနိုင်မှာ မဟုတ်ဘူး။ ပါတီတချို့ ခုလို ငွေ အများကြီးသုံးမယ်ဆိုတာ ကြားနေရတယ်၊ ဒါကတော့
မျှတမှု မရှိပါဘူး” ဟု ပြောသည်။
လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းပြီးသည့်နောက် အဆိုပါ ကိုယ်စားလှယ်လောင်း စာရင်းများတွင် စစ်အစိုးရနှင့်
နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်လာကြပြီး ၎င်းတို့အားလုံး ကြံ့ဖွံ့ပါတီ အမတ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဇေကမ္ဘာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့်၊ ရွှေလမင်းနဂါး ကုမ္ပဏီပိုင်ရှင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်၊
ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ စွယ်စုံမီဒီယာပိုင်ရှင် ဒေါက်တာတင်ထွန်းဦး တို့အားလုံး ကြံ့ဖွံ့ပါတီ အမတ်လောင်းများအဖြစ်
ဝင်ပြိုင်ကြမည်ဖြစ်ပြီး ငွေကြေးအမြောက်အများသုံးကာ မဲဆွယ်ဖွယ်ရှိကြောင်း ပြည်တွင်းဂျာနယ်တခုမှ နိုင်ငံရေးသတင်းအယ်ဒီတာတဦးက ပြောကြားသည်။
၎င်းက “စစ်အစိုးရက သတ်မှတ်တဲ့ ကိုယ်စားလှယ်လောင်း ကျပ် (၅) သိန်းနဲ့ မဲဆွယ်စရိတ်တွေက အခုကာလနဲ့ကြည့်မယ်ဆိုရင် များတယ်လို့ မဆိုနိုင်ပါဘူး။
ဒါပေမယ့် ကြံ့ဖွံ့နဲ့ တစညတို့ကလွဲပြီး ကျန် နိုင်ငံရေးပါတီတွေက ပါတီ ရန်ပုံငွေ ရှာမရကြဘူး။ ဘာလို့လဲဆိုတော့ အလယ်လတ်တန်းစားနဲ့ ထိပ်တန်း
စီးပွားရေးသမားတွေသာမက သာမန်ပြည်သူတွေကလည်း ကျန်တဲ့ နိုင်ငံရေးပါတီတွေကို ငွေမလှူရဲအောင် နအဖက ခြိမ်းခြောက် အကျပ်ကိုင်ထားလို့ပဲ” ဟု
ပြောသည်။

အမတ်လောင်းများ၏ အသုံးစရိတ်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ကျနော်တို့ကတော့ ကိုယ်စားလှယ်တဦး
အသုံးစရိတ်ကို (၁ဝ) သိန်းလောက်နဲ့ လောက်အောင် သုံးသွားဖို့ လျာထားပါတယ်။ ကျေးလက်တွေ သွားတဲ့အခါ လမ်းစရိတ် သက်သာအောင် ကိုယ့်လှေကို
ကိုယ်လှော်သွားတာမျိုး၊ လမ်းလျှောက်လို့ ရတဲ့နေရာ လျှောက်ခြင်းမျိုး၊ ဆိုင်ကယ် စက်ဘီးစီးပြီး ကြုံသလို သွားတာမျိုး လုပ်ရပါမယ်” ဟု မြန်မာတိုင်းမ် ဂျာနယ်၏
မေးမြန်းချက်ကို ဖြေကြားထားသည်။

မဲဆောက်-မြ၀တီတံတား ဖွင့်နိုင်ချေ မျှော်လင့်ချက်သာ ရှိသေး
ရဲရင့် / ၁၀ စက်တင်ဘာ ၂၀၁၀
သောင်းရင်းမြစ်အတွင်း ကမ်းထိန်းနံရံများ တည်ဆောက်မှုအပြီးတွင် မဲဆောက်-မြ၀တီ
ကုန်သွယ်ရေးလမ်းကြောကို မြန်မာဘက်မှ ပြန်ဖွင့်မည့်ကိစ္စသည် ထိုင်းဘက်မှ
မျှော်လင့်ထားသကဲ့သို့ ယခုနှစ်အတွင်း လုံးဝဖြစ်နိုင်ချေမရှိဟု ရန်ကုန်အခြေစိုက်
ဆောက်လုပ်ရေးကုမ္ပဏီတခု၏ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “မြန်မာဆောက်လုပ်ရေး ကုမ္ပဏီကြီး (၄) ခု မြ၀တီမှာ ကမ်းထိန်းနံရံတွေ
ဆောက်နေပါတယ်။ တကယ်တမ်း စက်ယန္တရားအား လူအားနဲ့ လုပ်လိုက်ရင် တလ
နှစ်လ ဆိုရင် ပြီးပြတ်ရမယ့်ကိစ္စပါ။ ကျနော်တို့မှာ ပြဿနာက လိုအပ်တဲ့ပစ္စည်းတွေကို
အလုံအလောက်မရဘူး။ ထိုင်းဘက်ကပစ္စည်းတွေနဲ့လုပ်ရင် ပြီးတာကြာပြီ။ ကျနော်
ထင်တာကတော့ နိုင်ငံရေးပြဿနာတွေ တခုခုရှိမယ် ထင်တယ်” ဟု ပြောသည်။
မြန်မာဘက်မှ မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောကို
သောင်ရင်းမြစ်အတွင်း ကမ်းထိန်းနံရံများ တည်ဆောက်မှုအပြီးတွင် ပြန်ဖွင့်မည်ဟု
နယ်စပ်ကုန်သွယ်ရေးဌာနမှ တာဝန်ရှိသူတဦးက ပြည်တွင်းအပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောကြားခြင်းနှင့် ပတ်သက်၍ ၎င်းက
ဆက်စပ်ပြောကြားခြင်းဖြစ်သည်။
လက်ရှိ မြန်မာဘက်မှ ကမ်းထိန်းနံရံတည်ဆောက်မှုသည် စက်ယန္တရားအင်အားမပါဘဲ လူအားဖြင့်သာ ဆောင်ရွက်နေသည့်အတွက်
နေပြည်တော်မှသတ်မှတ်ချက်၏ (၅၀) ရာခိုင်နှုန်းခန့်သာ ပြီးစီးပြီး ကျန်တ၀က်ကို လက်ရှိနှုန်းထားဖြင့် သွားပါက သေချာပေါက် ယခုနှစ်ကျော်မှ ပြီးနိုင်မည်ဟု
သိရသည်။
မြ၀တီမြို့နှင့်ထိစပ်နေသည့် သောင်းရင်းမြစ်ကမ်းနဖူး ရေတိုက်စားခြင်းမှကာကွယ်ရန် ကမ်းထိန်းကျောက်စီနံရံများကို တနှစ်လျှင် ပေ (၁၀၀) နှုန်းဖြင့်
ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် (၇,၇၆၅) ပေ ဆောင်ရွက်ပြီးသွားပြီးဖြစ်ကြောင်း သိရသည်။
ကမ်းထိန်းနံရံတည် ဆက်လက်တည်ဆောက်ရန် (၇,၅၃၅) ပေ ကျန်ရှိနေပြီး ဦးစားပေးဆောင်ရွက်ရမည့်နေရာမှာ ပေ (၂,၅၀၀) ခန့်ရှိသည်ဟု
မြ၀တီမြို့ဆောက်လုပ်ရေးဌာန၏ ၀န်ထမ်းတဦးက ပြောသည်။
မြ၀တီမြို့ခံ ကုန်သည်ကြီးတဦးက “ကမ်းထိန်းနံရံပြီးရင် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်ဆိုတာကဟုတ်ပါပြီ။ ပေ (၇,၅၀၀) ကျော် ကျန်သေးတယ်ဆိုတော့
တွက်သာကြည့်တော့။ မြန်မာဘက်က လုပ်တာကိုင်တာတွေက အတော့်ကို ကလေးကလားဆန်တယ်။ သိတဲ့အတိုင်းပဲ။ ထိုင်းနဲ့ပတ်သက်လို့
တစုံတရာပြဿနာဖြစ်တိုင်း မြန်မာဘက်က တံတားကိုပဲ ရမယ်ရှာနေတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မြ၀တီနယ်စပ်ဂိတ်ကို မြန်မာဘက်မှ ပိတ်ထားပြီးနောက်ပိုင်း ထိုင်းကုန်ပစ္စည်းများကို
တာချီလိတ်နယ်စပ်နှင့် ကော့သောင်းနယ်စပ်တို့မှတဆင့် တင်သွင်းရန် မြန်မာနယ်စပ်ကုန်သွယ်ရေးဌာနက ခွင့်ပြုထားသည်။
မြန်မာဘက်သို့ ထိုင်းစားသောက်ကုန်နှင့် အထည်အလိပ်များ တင်သွင်းသည့် လုပ်ငန်းရှင်တဦးက “မြ၀တီနဲ့ရန်ကုန် (၂၆၅) မိုင်ပဲရှိတယ်။ ကုန်ပစ္စည်းပို့ရင်
တရက်ခရီးပဲ။ အဲဒါကိုပိတ်ပြီး အဲဒါထက်ကို ခရီးမိုင် (၂) ဆပိုဝေးတဲ့ ခရီးကနေ သွားခိုင်းတော့ ဘယ်သူမှ မသွားတော့ဘူး။ ဒီလမ်းကို မြန်မာဘက်က
မဖွင့်ဘဲနဲ့တော့မနေပါဘူး၊ သူတို့ဖွင့်မှာပါ။ ကျနော်တို့လည်း ဖွင့်မယ့်ရက်ကို စောင့်နေတာပါ။ ဗမာဘက်က ဂိတ်ပိတ်လိုက်တဲ့အတွက် ထိုင်းဘက်က ကုန်သည်တွေ
နစ်နာဆုံးရှုံးမှု ရှိတာကတော့ ဟုတ်ပါတယ်” ဟု ပြောသည်။
မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ လာမည့် နိုဝင်ဘာလ (၇) နေ့တွင် ကျင်းပမည့်
ရွေးကောက်ပွဲအပြီးတွင် မြ၀တီနယ်စပ်ဂိတ်များ ပြန်ဖွင့်မည်ဟု မျှော်လင့်ကြောင်း ကုန်သည်ကြီးများ အဖွဲ့ဝင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။
ထိုင်းဘက်မှ နှစ်နိုင်ငံနယ်စပ်မျဉ်း သောင်းရင်းမြစ်တွင် ကမ်းထိန်းနံရံတည်ဆောက်ခဲ့သည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာဘက်က ထိုင်းကုန်ပစ္စည်း
တင်သွင်းမှုကို ပြီးခဲ့သည့်ဇူလိုင် (၁၁) ရက်မှ စတင်ကာ ပိတ်ပင်ခဲ့ပြီး ဇူလိုင် (၁၈) ရက်မှ စတင်ကာ လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြ၀တီ ကုန်သွယ်ရေးလမ်းကြောရှိ ချစ်ကြည်ရေး တံတားအပါအ၀င် ဆက်စပ်ဂိတ် (၂၀) ခန့်ကို မြန်မာဘက်က ပိတ်ထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
ထိုင်းနိုင်ငံသည် မြ၀တီလမ်းကြောမှတဆင့် လစဉ် လူသုံးကုန်၊ စားသုံးကုန်နှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံး ပစ္စည်းများနှင့်
အခြားဆက်စပ်ပစ္စည်းများကို ဘတ်ငွေသန်း (၁,၀၀၀) ဖိုးခန့် မြန်မာဘက်သို့ တင်ပို့လျက်ရှိရာမှ ရပ်တန့်သွားခြင်းဖြစ်သည်။

ပဲခူးမှ လူငယ် (၂) ဦးအား ပစ်သတ်မှု အရေးယူမည်
မျိုးချစ်သူ / ၁၀ စက်တင်ဘာ ၂၀၁၀
ပဲခူးမြို့တွင် အရပ်သားလူငယ် (၂) ဦး သေဆုံးသည့်ကိစ္စနှင့်ပတ်သက်ပြီး ပစ်သတ်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိစစ်သည်များအား ဥပဒေနှင့်အညီ အရေးယူရန်
ဆောင်ရွက်နေကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။

လူငယ်များ သေဆုံးမှုဖြစ်စဉ်ကိုဖော်ပြရာတွင် စက်တင်ဘာ (၄) ရက်နေ့ ည (၁၀) နာရီဝန်းကျင်တွင် ပဲခူးဘူတာလုံခြုံရေး တာဝန်ယူထားသည့်တပ်ဖွဲ့မှ
အရာရှိတဦးနှင့် အခြားတပ်ဖွဲ့မှ အရာရှိတဦးတို့သည် ဘီယာသောက်ပြီး ဆိုင်ကယ်ကယ်ရီဖြင့် ဘူတာသို့ပြန်လာရာတွင် ပဲခူးမြို့မှ လူငယ် (၇) ဦးစီးလာသည့်
သုံးဘီးဆိုင်ကယ်နှင့် ပွတ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်လဲသွားစဉ် လူငယ် (၇) ဦးက သုံးဘီးဆိုင်ကယ်ပေါ်မှဆင်းကာ ယင်းအရာရှိတို့ကို ရိုက်နှက်ခဲ့သည့်အတွက်
ဘူတာလုံခြုံရေး တာဝန်ယူထားသော အရာရှိမှာ ဒဏ်ရာရရှိပြီး လဲသွားကြောင်း၊ အရာရှိ (၂) ဦးလုံးက ဆက်မရိုက်ရန် တောင်းပန်ခဲ့သော်လည်း လူငယ်များမှာ
မူးနေသူများဖြစ်သည့်အတွက် တောင်းပန်၍မရခဲ့ကြောင်း ပါရှိသည်။
ထို့ကြောင့် အဖော်ပါလာသူ အရာရှိက ထွက်ပြေးပြီး ပဲခူးဘူတာရှိ လုံခြုံရေးစစ်သည်များကို သွားရောက်အကြောင်းကြားခဲ့ကြောင်း၊ ထို့နောက်
အဆိုပါအရာရှိနှင့်အတူ လုံခြုံရေးစစ်သည် (၄) ဦး ပြန်လည်ရောက်ရှိလာရာ မြလမ်းထိပ်တွင် အခင်းဖြစ်ပွားရာ၌ ပါဝင်ခဲ့သည့် လူငယ် (၇) ဦးနှင့်
ပြန်လည်တွေ့ဆုံကာ ထပ်မံခိုက်ရန်ဖြစ်ပွားခဲ့ရာ လုံခြုံရေးစစ်သည်တဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် မောင်စိုးပိုင်ဇော် (၁၇) နှစ်နှင့် မောင်အောင်သူဟိန်း
(၂၁) နှစ်တို့ သေနတ်ထိမှန်ဒဏ်ရာရရှိ သေဆုံးခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်မှာ အရပ်သားလူငယ်များနှင့် တပ်မတော်သားလူငယ်များ အရက်သောက်စားမူးယစ်ပြီး မတော်တဆ ခိုက်ရန်ဖြစ်ပွားရာမှ
သေဆုံးမှုအထိဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးခဲ့သည့် လူငယ် (၂) ဦးအား စက်တင်ဘာ (၇) ရက်တွင် ဆင်ဖြူကွင်းသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း၊ သေဆုံးသူ (၂) ဦး၏
မိဘဆွေမျိုးများကို သက်ဆိုင်ရာ တာဝန်ရှိသူများက တောင်းပန်ခဲ့ကြောင်း၊ ယခု ဖြစ်စဉ်ကိုအခြေခံ၍ ဆူပူမှုများဖြစ်အောင် လှုံ့ဆော်သူများကိုလည်း
အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ယင်းသို့အရေးယူရန် ဆောင်ရွက်နေသည်ဆိုသော်လည်း ရန်ဖြစ်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အမည်၊ ရာထူးနှင့် တပ်အမည်များကိုမူ သတင်းတွင်
ထုတ်ဖော်ရေးသားခြင်း မပြုပေ။
“သေတဲ့လူတွေကျတော့ နာမည်တွေတပ်တယ်၊ ပြီးတော့ သူတို့ကျတော့ နာမည်မပါဘူး။ ခွဲခြားတာက ဘာ့ကြောင့်လဲဆိုတာ ရှင်းနေပြီ” ဟု ပဲခူးသတင်းကို
စိတ်ဝင်စားနေသည့် ပြည်သူတဦးက ပြောကြားသည်။
သတင်းစာတွင် ဖော်ပြသည်မှာ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားလူငယ်များနှင့် အရပ်သားလူငယ်များ
အရက်သေစာသောက်စားမူးယစ်ပြီး ခိုက်ရန်ဖြစ်သည့်ဖြစ်စဉ်မျိုးမှာ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်မျိုးသာ ဖြစ်သည်ဟု ပါရှိသည်။
“အဲဒီလို ဖြစ်လေ့ဖြစ်ထရှိတယ်လို့ ပြောထားတာကတော့ သူတို့အနေနဲ့ အဲဒီလိုဖြစ်တိုင်း သေနတ်နဲ့ပစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ” ဟု ရန်ကုန်မြို့ခံတဦးက
ဝေဖန်သည်။
ပြီးခဲ့သည့် စက်တင်ဘာ (၅) ရက်နေ့ ည (၁၂) နာရီခွဲကျော်တွင် ပဲခူးမြို့ ဇိုင်းဂနိုင်း (တောင်) ရပ်ကွက်မှ မောင်အောင်သူဟိန်းနှင့် မောင်စိုးပိုင်ဇော်တို့ (၂) ဦးသည်
ပဲခူး ခလရ (၅၉) တပ်မှ တပ်သား၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး ၎င်းတို့၏ရုပ်အလောင်းများကို စက်တင်ဘာ (၇) ရက်တွင် ပဲခူး
ဆင်ဖြူကွင်းသုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။

မွန်စာကို ထိုင်းအက္ခရာသုံးသင်၍ ကျောင်းသားမိဘများ ဆန္ဒပြ
မြတ်ခိုင်ဦး / ၁၀ စက်တင်ဘာ ၂၀၁၀
မွန်ဘာသာစာပေကို ထိုင်းအက္ခရာသုံး၍ သင်ကြားသဖြင့် ကျောင်းသားကျောင်းသူများ
ပီပီသသ နားမလည်မည်ကို စိုးရိမ်ကာ ကျောင်းသားမိဘများက
ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။
ပြီးခဲ့သည့်စက်တင်ဘာ (၈) ရက်တွင် ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့နယ်အတွင်းရှိ
မွန်အမျိုးသားအများစုနေထိုင်ရာ ဝင်းကရွာတွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
စံခရဘူရီမြို့နယ် ဝင်းကကျေးရွာရှိ ဝင်းကဆရာတော်ကျောင်း လက်အောက်ခံ
ဝေလိကာရာမကျောင်းသည် ထိုင်းအစိုးရ အသိအမှတ်ပြုကျောင်းဖြစ်ပြီး သူငယ်တန်းမှ
(၈) တန်းအထိ ကျောင်းသူကျောင်းသား (၁,၅၀၀) ခန့် ပညာသင်ကြားနေကြသည်။
အဆိုပါကျောင်းတွင် (၁-၃) တန်း၌ ဘာသာရပ်များကို မွန်စကားဖြင့် သင်ကြားခွင့်ပြုပြီး
(၄-၆) တန်းတွင် မွန်စာဘာသာကို ဘာသာရပ်တခုအနေဖြင့် ထိုင်းအစိုးရက တရားဝင် သင်ကြားခွင့်ပြုထားပြီးဖြစ်သည်။
၂၀၀၈ ခုနှစ်မှ စတင်၍ (၁-၃) တန်း ကျောင်းသားငယ်များအား မွန်စကားဖြင့် သင်ကြားခွင့်ပေးထားသော်လည်း မွန်စာကို ထိုင်းအက္ခရာသုံး
သင်ကြားနေသည့်အတွက် မွန်စကားပြောရာတွင် အသံထွက်မပီမည်ကို ကျောင်းသားမိဘအချို့က စိုးရိမ်ကာ ၎င်းတို့၏ကလေးငယ်များကို
ထိုင်းကျောင်းသားအများစု တက်ရောက်ရာ ကျောင်းများသို့ ပြောင်းရွှေ့ထားရှိခဲ့ကြသည်။
သို့သော် သတ်မှတ်ကျောင်းသားဦးရေထက် ကျော်လွန်သည့် ထိုင်းကျောင်းများမှ လက်မခံနိုင်သည့်အခြေအနေမျိုးတွင် မွန်ကလေးငယ်များမှာ ဝေလိကာရာမ
ကျောင်းတွင်ပင် ဆက်လက်ပညာသင်ကြားကြရသည်။
ယင်းအခြေအနေတွင် ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်၌ ကန်ချနဘူရီခရိုင် ဒု-ပညာရေးမှူး ခွန်သုပီတိ ကျောင်းသို့လာရောက်ချိန်တွင် ကျောင်းသားမိဘ (၃၀၀)
ခန့်က ထိုင်းအက္ခရာသုံးသင်ခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတဦးက “မွန်စကားဆိုတာ မွေးကတည်းက ပြောတတ်လာတာပဲဟာ။ ဘာလို့ ထိုင်းစာလုံးနဲ့ သင်ရတာလဲ။ အဲလိုလုပ်တော့ ကလေးတွေက
မပီဘဲ အားလုံးဒုက္ခရောက်ကုန်ရော” ဟုဆိုသည်။
အဆိုပါဆန္ဒပြမှုနှင့်ပတ်သက်၍ ပညာရေးမှူးက ယခုကိစ္စသည် ထိုင်းအစိုးရ၏ပေါ်လစီဖြစ်ပြီး သင်ကြားရေးနည်းစနစ်နှင့် အဓိကဆိုင်သဖြင့်
ပြေလည်အောင်ဖြေရှင်းကြပါရန် အကြံပေးသွားသည်။

ယမန်နေ့ညနေပိုင်းက ပြုလုပ်သော အစည်းအဝေးတွင်မူ ဝင်းကဆရာတော်ဘုရား မဟာချတ်ကိုယ်တိုင် တက်ရောက်၍ စာသင်ကြားခွင့်ရခြင်းသည်
တော်ယုံတန်ယုံ အခွင့်အရေးမဟုတ်ကြောင်း မိန့်ဆိုခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။
သင်ကြားရေးတာဝန်ခံ ဆရာနိုင်စွမ်းထောင်က “အသံရဲ့လက္ခဏာ ပြနိုင်အောင် သက်သက်ပါ။ မှန်တာ မှားတာကို အဓိက အခြေခံတာမဟုတ်ပါဘူး။ သင်္ကေတ
သဘောပဲသုံးတာပါ။ ထိုင်းအက္ခရာကို မြင်ဖူးအောင် လုပ်တာပါ။ မွန်စာကို ထိုင်းစာနဲ့လည်း သင်လို့မရပါဘူး” ဟု ဆိုသည်။
ထိုင်းစာလည်းတတ်၊ မွန်စာလည်းတော်၊ အသိဉာဏ်လည်း ကောင်းအောင် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် အချို့သော စာမေးပွဲများဖြေလျှင်
ထိုင်းအက္ခရာဖြင့် ဖြေရမည်ဆိုပါက ယဉ်ပါးနေအောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
စံခရဘူရီမြို့နယ်တွင် ဒေသ (၅) ခုခွဲထားပြီး ဝင်းကရွာသည် ဒေသ (၂) တွင် ပါဝင်ကာ အဓိကမြို့ ဧရိယာဖြစ်သော ထိုင်းလူမျိုးများ နေထိုင်ရာ မြို့ဧရိယာကို
အမှတ် (၁) အဖြစ် သတ်မှတ်ထားသည်။ ဝင်းကတွင် အိမ်ထောင်စုပေါင်း (၂,၀၀၀) ကျော်ရှိပြီး လူဦးရေပေါင်း (၁၀,၀၀၀) ကျော် နေထိုင်ကြသည်။

သန်းရွှေတန်ခိုး ပဲခူးမှာ အဆုံးသတ်လေမလား
စိန်အိုးစည် / ၁၀ စက်တင်ဘာ ၂၀၁၀
“မေရယ် … အထင်တော့ မလွဲလိုက်နဲ့ဦး … စာလွှာများ မရောက်လာခဲ့ရင် … မောင့်အပေါ်မှာ
မငြိုငြင်ပါနဲ့နော် … အစ်ကိုလို ဗိုလ်ကြီးဘ၀ဟာ … ဘီယာကို မော့လို့သာ … ပြည်သူကို
ဒီလိုပစ်သတ်လေတာ …”
ထုံးစံအတိုင်းပင်ဟု ဆိုရချေမည်။ လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့သို့ ရွှေဂျိုး ရောက်မဆိုက်
ခုနှစ်ရက်သားသမီး နားမချမ်းသာစရာတွေ ထုတ်လွှင့်နှိပ်စက်နေသည့် ကြပ်ပြေးနေပြည်တော်မှ
အက်ဖ်အမ်ရေဒီယိုများအလား ပင်တိုင်အဆိုတော် လေအိုး၏ တကိုယ်တော် ၀က်ဆိုးအော်သံကို
မကြားချင်ဘဲ နားဆင်ရလေသည်။
ရွှေဂျိုး ။

။ ဘယ်လိုဖြစ်လို့ လာသမျှ ဖောက်သည်တွေကို နေ့တဓူဝ အသံနဲ့ ဆီးကြို

နှိပ်စက်နေရသတုန်း ကိုလေအိုး။ မင်္ဂလာရှိတဲ့ နံနက်ခင်းလေးမှာ တနေ့တလေလေးလည်း လက်ဖက်ရည်သောက်သူတွေကို နားချမ်းသာမှု ပေးသနားဦးမှပေါ့ဗျာ။
နောက်ပြီး အားကျစရာ ရှားလို့၊ ဘီယာမူးပြီး ပြည်သူကို ပစ်သတ်တဲ့ စစ်ဗိုလ်ကိုမှ အားကျနေရသလား ကိုလေအိုးရဲ့။
လေအိုး ။

။ ဘယ်ကလာ အားကျရမှာလဲ။ သူ့လို မလုပ်ဖို့ သတိပေးချင်လို့ ပါးစပ်အညောင်းခံ၊ အပြောအဆိုခံပြီး ဆိုပြနေတာ။ ကိုရွှေဂျိုးလည်း ကြားပြီးရောပေါ့

“ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ … သေနတ်နဲ့ ပစ်တဲ့ စစ်ဗိုလ်လေ” ဆိုတဲ့ သတင်း။
ရွှေဂျိုး ။

။ အင်း … နားစွန်နားဖျားတော့ ကြာပြီးပါပြီ။ “တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး” ဆိုတဲ့ ဆောင်ပုဒ်ကို

အကောင်အထည်ဖော်နေပါတယ်ဆိုတဲ့ နအဖစစ်ဗိုလ်က ဘယ်လိုဖြစ်လို့ ကလေးနှစ်ယောက်ကို ရက်ရက်စက်စက် ပစ်သတ်ရပြန်တာလဲဗျာ။ သူတို့မလဲ
ကိုယ့်ပြည်သူကို သတ်လို့မဆုံးနိုင်အောင်ပါပဲလား။ ဂဃနဏ သိရအောင် လင်းစမ်းပါဦး ကိုလေအိုး။
လေအိုး ။

။ ပြောကို မပြောချင်တော့ဘူး ကိုရွှေဂျိုးရေ။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို သန်းရွှေကြီးတို့စစ်တပ် သက်စွန့်ဆံဖျား

ကာကွယ်နေပုံများကတော့ ဟင်း ဟင်း ကြားလိုက်ရရင် နားနဲ့မဆံ့အောင်ပါပဲဗျာ။ ရွာလုံးကျွတ် မီးရှို့တာတို့၊ မုဒိမ်းကျင့် သတ်ဖြတ်တာတို့၊ မေတ္တာပို့
စီတန်းလမ်းလျှောက်တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူကို မေတ္တာပို့ရကောင်းလားဆိုပြီး ပစ်သတ်တာတို့ တော်တော့်ကို ခဲရာခက်ဆစ် ကာကွယ်နေကြသဗျိုး။
ဒါကြောင့်လည်း ပြည်သူတွေရဲ့ မေတ္တာတွေ တနေ့တခြား တိုးပွားပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဘ၀ကနေ လူတိုင်းချဉ်တဲ့ ချဉ်ဖတ်တပ်မတော်ဘ၀ကို
ရောက်နေရသပေါ့။
ရွှေဂျိုး ။

။ ပဲခူးသတင်း ပြောမယ့်အရေး အပျိုးတွေ များလှချည်လား ကိုလေအိုးရာ။ လိုရင်းတိုရှင်းလေး လုပ်စမ်းပါဗျ။ ကလေးအစ ခွေးအဆုံး အကုန်လုံးသိတဲ့

နအဖစစ်တပ်ရဲ့ ချဉ်ဖတ်ထုတ်ကုန်အကြောင်းကို အသာထားစမ်းပါဦး။
လေအိုး ။

။ ဟဲ ဟဲ ထားဆိုလည်း ထားရမှာပေါ့ဗျာ။ ဖြစ်ပုံက ဒီလိုတဲ့ ကိုရွှေဂျိုး။ ပြီးခဲ့တဲ့ စနေညမှာ စားသောက်ဆိုင်တဆိုင်ကနေ ဘီယာသောက်ပြီး ပြန်လာတဲ့

စစ်ဗိုလ် စီးလာတဲ့ အငှားဆိုင်ကယ်နဲ့ လူငယ်တွေ စီးလာတဲ့ သုံးဘီးဆိုင်ကယ် ပွတ်မိပြီး ခိုက်ရန်ဖြစ်ပွားရာက စတာတဲ့။ အဲဒီမှာ စစ်ဗိုလ်က သူ့စစ်သားတွေကို
သွားပြန်ခေါ်ပြီး အဲဒီလူငယ်နှစ်ဦးကို ပစ်သတ်ခိုင်းတာတဲ့။ ခလရ (၅၉) က ဗိုလ်ကြီးသိဒ္ဓိစိုးတဲ့။ ဟဲ ဟဲ တော်တော်လူစိတ်ရှိတဲ့ စစ်ဗိုလ်ပဲနော့။ သူ အမိန့်ပေးပြီး
ပစ်ခိုင်းတဲ့ စစ်သားကလည်း ကလေးစစ်သားအဖြစ် စုဆောင်းခံထားရတဲ့ အသက် (၁၈) နှစ်လောက်ပဲ ရှိသေးတဲ့ တပ်သား မောင်ထွန်းတဲ့။ သူတို့က
ပစ်သတ်ရုံတင်မကဘဲ “ဘယ်သူစမ်းချင်သေးလဲ၊ လာခဲ့ကြ သေခြင်းဆိုးနဲ့ အကုန်သေကုန်မယ်” လို့ အော်သွားသေးသတဲ့။ ပြည်သူ့ကျွေးတဲ့ ထမင်းစားပြီး
ကျေးဇူးသိတတ်ပုံများ ကြောက်ခမန်းလိလိပဲနော် ကိုရွှေဂျိုး။ အဲဒီ မောင်ထွန်း ပစ်လိုက်လို့ မောင်အောင်သူဟိန်း (၂၃) နှစ်က သေနတ်ဒဏ်ရာ (၆) ချက်၊
မောင်စိုးပိုင်ဇော် (၁၉) နှစ်က သေနတ်ဒဏ်ရာ (၄) ချက်ရပြီး ဆုံးသွားတာတဲ့။ အဲဒါကို နအဖသတင်းစာကတော့ စစ်ဗိုလ်ဆီက သေနတ်လုလို့ ပစ်ရတာပါဆိုပြီး
ဗြောင်လိမ်နေသဗျာ။ ပြီးတော့ အပြစ်မဲ့ သေဆုံးရတဲ့ လူငယ်နှစ်ဦးကိုလည်း လူဆိုးလူမိုက်လေးတွေအဖြစ် သတင်းလွှင့်နေတယ်တဲ့။ ဟဲ ဟဲ
လူဆိုးလူမိုက်လေးတွေမို့လားတော့ မသိဘူးဗျ၊ အဲဒီလူငယ်လေးနှစ်ဦးရဲ့ ဈာပနကို လူ (၂,၅၀၀) ကျော် လိုက်ပို့ပြီး ပဲခူးမြို့ရဲ့ အစည်ကားဆုံး ဈာပနဖြစ်သွားသတဲ့
ကိုရွှေဂျိုးရေ။
ရွှေဂျိုး ။

။ သူတို့ အဲသလို ဗြောင်လိမ်ဗြောင်စား သတင်းလွှင့် လိမ်ညာနေတာ ကောင်းပါတယ်ဗျာ။ အနှစ် (၂၀) လုံးလုံး သူတို့ ဘယ်လိုပဲ သတင်းလွှင့်လွှင့်

ဘယ်ပုံပဲ ၀ါဒဖြန့်ဖြန့် ပြည်သူလူထုက သူတို့အဖြူဆို မဲပြီးသား၊ သူတို့အမဲဆို ဖြူပြီးသား မဟုတ်လား။ အဲဒီတော့ ဗိုလ်ကြီးသိဒ္ဓိစိုးရဲ့ အခုလုပ်ရပ်ကြောင့်
လာမယ့်ရွေးကောက်ပွဲမှာ မျက်နှာပြောင်တိုက် အနိုင်ယူချင်တဲ့ ကြံ့ဖွံ့ပါတီ ကံဆိုးမိုးမှောင်ကျပြီပေါ့။ သူ့လုပ်ရပ်ကြောင့် ပြည်သူတွေ ချဉ်သထက် ပိုချဉ်သွားတဲ့
နအဖစစ်အုပ်စုရဲ့ ကျောထောက်နောက်ခံပြု ကြံ့ဖွံ့ပါတီ ၀က်ဝက်ကွဲမှာ သေချာနေပြီပေါ့ ဟား ဟား ဟား။
လေအိုး ။

။ အင်း … စစ်ဗိုလ်တွေ အခုလို တနေ့တခြား ပိုပိုရိုင်းစိုင်းလာတာကတော့ အရင်းစစ်တော့ အမြစ် သန်းရွှေက ဆိုသလိုပဲဗျ။ ဒီလူကြီး ရိုက်သွင်းထားတဲ့

တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆိုတဲ့ ပြည်သူကို စစ်ကျွန်လိုသဘောထားတဲ့ စိတ်ဓာတ်တွေကြောင့် စစ်ဗိုလ်တွေ ကြာလေ လူစိတ်ကင်းမဲ့လေ
ဖြစ်လာတာဗျ။ ဒါပေမယ့် သူ့စေတနာ သူ့အကျိုးပေးမို့လား မသိဘူး၊ သန်းရွှေကြီးကိုလည်း ကြည့်ပါဦး၊ အာဏာမက်တဲ့ လောဘဇောကြောင့် သေခါနီးအထိ
အေးအေးလူလူ အနားမယူနိုင်ရှာသေးဘဲ တုန်တုန်ချိချိနဲ့ အိန္ဒိယသွားပြီး ဘုရားကု ကုလိုက်၊ တရုတ်ကြီးဆီသွားပြီး မဟုတ်တရုတ် အကြံတွေ သွားယူလိုက်

ဒုက္ခခံနေရတယ်မဟုတ်လား။ ဒါ ပြည်သူကို စော်ကားတဲ့ ၀ဋ်ကြွေးတွေပဲပေါ့ဗျာ။
ရွှေဂျိုး ။

။ ဟုတ်တယ်ဗျ။ ကိုလေအိုး ပြောမှ အာဏာရှင် ဗိုလ်နေ၀င်းလည်း အသေဆိုးနဲ့ သေရသလို ဗိုလ်သန်းရွှေလည်း အသေးဆိုးနဲ့ တိုးဖို့

အသက်ရှည်နေတာဖြစ်မယ်လို့ ရွှေဂျိုး တွေးမိသဗျ။ စန္ဒာဝင်းလက်ဖက်ရည်ဆိုင်မှာ ခိုက်ရန်ဖြစ်ပွားရာကနေ အာရ်အိုင်တီကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့
သေဆုံးပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးအထိ ကြီးထွားခဲ့တယ်မဟုတ်လား။ အခုလည်း မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်ဇော်တို့ ပစ်သတ်ခံရမှုကနေ
ပြည်သူတွေရဲ့ ဒေါသအရှိန်အဟုန် မြင့်မာလားပြီး သန်းရွှေတန်ခိုး ပဲခူးမှာ အဆုံးသတ်မသွားနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ ကိုလေအိုး။ အဲဒီကျရင် သန်းရွှေကြီး
အသေဆိုးနဲ့ တိုးပြီးပေါ့၊ ဟဲ ဟဲ မဟုတ်ဘူးလား။
လေအိုး ။

။ လောကမှ မဖြစ်နိုင်ဘူးဆိုတဲ့အရာ မရှိတော့ ကိုရွှေဂျိုးပြောတာကို မှားတယ်လို့ မပြောဝံ့ကြောင်းပါခင်ဗျား။ ဒါပေမယ့် သန်းရွှေကြီးက

ကိုရွှေဂျိုးပြောသလို အသေဆိုးနဲ့ မတိုးလည်း ရဟန်းရှင်လူ ကျောင်းသားပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ အပူမီးလောင်မြှိုက်ပြီး မသေခင်ကို
ငရဲကျနေမှာ သေချာပါသဗျာ။ သီရိလင်္ကာနဲ့ ဗုဒ္ဓဂယာကို သွားတုန်းက ဘုရားရှေ့မှာ သန်းရွှေကြီး ဇောချွေးပြန်နေတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဗေဒင်မေးစရာ
မလိုပါဘူး ကိုရွှေဂျိုးရ။
ရွှေဂျိုး ။

။ အေးဗျာ သန်းရွှေကြီးတို့လို အကုသိုလ်ကောင်တွေအကြောင်း ပြောရတာ ပါးစပ်သနတယ်ဗျာ။ မတော် သူတို့အပူတွေ ကိုယ့်ကို ကူးစက်မှာလည်း

စိုးရသေး။ ကဲ ကဲ အကုသိုလ်ကောင်တွေဆီက အပူတွေ မကူးစက်အောင် ယတြာချေတဲ့အနေနဲ့ ကိုယ့်အပူတွေကို သွားထုတ်လိုက်ဦးမယ်ဗျို့။
လေအိုး ။

။ အိုကေ အိုကေ လေအိုးလည်း အကုသိုလ်အပူမီးတွေ ယူပြီးမပြန်ရလေအောင် ချစ်ဇနီးပူပူနွေးနွေးဆီ မြန်မြန်ဒိုးတော့မယ်။ လစ်ပီဗျို့။

ပြောပြောဆိုဆို လေအိုးတယောက် “အစ်ကိုလို ဗိုလ်ကြီးဘ၀ဟာ … ဘီယာကို မော့လို့သာ … ပြည်သူကို ဒီလိုပစ်သတ်လေတာ …” ဟု
အော်ဟစ်ထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးလည်း သိုမှီးထားသည့် အောက်ရေအပူတွေကို စွန့်ထုတ်ရန် ထိုင်ရာမှ အမြန်ထပြေးလေတော့သည်တကား။

http://www.khitpyaing.org/
၂၀၀၈ ဖွဲ့စည်းပုံ ပြင်မယ့် မိတ်ဖက်ပါတီများ စုစည်း
By မသင်းသီရိ သောကြာ, 10 စက်တင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်





Digg
Facebook
StumbleUpon
Yahoo! Buzz
del.icio.us

ရွေးကောက်ပွဲဝင်မယ့် အရပ်ဘက် နိုင်ငံရေးပါတီတွေအကြား ရွေးကောက်ပွဲ မိတ်ဖက် ပါတီများဆိုပြီး စုစည်းဖို့ ကြိုးစားနေကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ပြန်လည် ပြင်ဆင်ရေးဆိုတဲ့ တူညီတဲ့ အခြေခံအပေါ်မှာ လွှတ်တော်အတွင်း ဒီမိုကရေစီ အင်အားစုတွေ စုစည်းနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ဘယ်အဖွဲ့တွေနဲ့ ဘယ်လို စီစဉ် ဆောင်ရွက်နေသလဲ ဆိုတာတော့ အသေးစိတ်ကို မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။
ရွေးကောက်ပွဲ အကြိုကာလ စည်းရုံးရေးဆိုင်ရာ လုပ်ငန်းတွေမှာရော ရွေးကောက်ပွဲအပြီး အစိုးရသစ်အဖွဲ့ရဲ့ လွှတ်တော်တွင်းမှာပါ ဒီမိုကရက်တစ်
အင်အားစုတွေက အစုအဖွဲ့နဲ့ လှုပ်ရှားနိုင်ဖို့ ရွေးကောက်ပွဲ မိတ်ဖက်ပါတီများ ဆိုတဲ့ အဖွဲ့ကို လုပ်နိုင်ဖို့ ဆွေးနွေး စီစဉ်နေကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် အများ
လက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရွေးကောက်ပွဲကိုဝင်ပြီး လွတ်တော်တွင်းမှာ ပြင်ဆင်မယ်လို့ သဘောထားရှိတဲ့ နိုင်ငံရေးအင်အားစုတွေ စုပေါင်းဖို့ စီစဉ်နေတယ်လို့
အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။
“အစစ်အမှန် ဒီမိုကရက်တစ်ဖြစ်တယ်၊ နောက်အခါမယ် လွှတ်တော်ထဲမှာလည်း ဒီမိုကရေစီ လုပ်ငန်းရပ်ဖြစ်တဲ့ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ဆိုတဲ့
သဘောထားအပေါ်မှာ ရှိနေတဲ့ပါတီဆိုလို့ရှိရင် လွှတ်တော်ထဲမှာပဲ နေပြီး လက်တွဲနိုင်အောင် အခုကတည်းက ကျနော်တို့က ရွေးကောက်ပွဲ မိတ်ဖက်ပါတီတွေ
အဖြစ်နဲ့ စုစည်းသွားဖို့ ရှိပါတယ်။ ကျနော်တို့ မူဝါဒအနေနဲ့ကတော့ ရှိပြီးသားပါ။ ဒါကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ တင်သွင်းပြီးတဲ့အခါမှာ
အကောင်အထည် ဖော်ဖို့ဆိုပြီးတော့ နီးနီးကပ်ကပ် ရှိလာတဲ့ သဘောတော့ ရောက်လာတယ်ခင်ဗျ။”
NDF ပါတီနဲ့အတူ တခြား နိုင်ငံရေးပါတီ တချို့အပြင် တိုင်းရင်းသားပါတီ တချို့ကပါ ဆွေးနွေးတိုင်ပင်နေကြပြီ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
“၇ ရက်နေ့က ပြည်ထောင်စု ဒီမိုကရေစီပါတီပေါ့လေ။ ဦးသိန်းဌေး ခေါင်းဆောင်တဲ့ပါတီက ကျနော်တို့ ရုံးမှာတွေ့ပါတယ်။ ရုံးမှာ တွေ့ပြီးတော့ ကျနော်တို့
ဆွေးနွေးကြတဲ့အခါမှာ ရွေးကောက်ပွဲ မိတ်ဖက်ပါတီများအဖြစ်နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့တော့ ကျနော်တို့ သဘောတူထားပါတယ်။ နံပါတ် - ၂ ကတော့
ဦးသုဝေ တို့ပါတီကလည်း သူတို့ ကမ်းလှမ်းပြီးတော့ ဆွေးနွေးချင်တယ်လို့ ဆိုပါတယ်။ ဦးသိန်းဌေးတို့ ဘက်နေပြီးတော့။ နောက်ပြီးတော့ ကျနော်တို့နဲ့
စကားပြောပြီးသား ဦးစိုင်းအိုက်ပေါင်း Shan National Democratic Party ရယ်၊ ဒေါက်တာ စောဆိုင်မွန်သာ တို့နဲ့လည်း ကျနော်တို့ စကားနည်းနည်း
ပြောကြည့်ထားပါတယ်။ နီးစပ်ရာတွေ ကျနော်တို့ စထားဦးမှာပါ။ ”
NDF ပါတီက ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောသွားတာပါ။ ကိုယ်စားလှယ် အင်အား ၁,၁၀၀ ကျော်နဲ့ ၀င်မယ့် ကြံ့ခိုင်ရေး ပါတီနဲ့အတူ အင်အား
၉၀၀ ကျော်ရှိမယ့် တစည ပါတီတွေကသာ လွတ်တော်မှာနေရာ အများစုရဖို့က အသေအချာ ဖြစ်နေတော့ လွတ်တော်တွင်း ဥပဒေတွေကို အတည်ပြုနိုင်ဖို့
အရပ်သား နိုင်ငံရေး ပါတီတွေက အတိုင်အခံ အင်အားကောင်းကောင်း ဖြစ်ထားဖို့ လိုတယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ဥက္ကဌ
ဦးသိန်းဌေးကဆိုပါတယ်။
“ကျနော်တို့က ပထမ ရည်ရွယ်ထားတာက တဖက်အင်အားစုနဲ့ ကျနော်တို့ အင်အားစုသည် မသာဦးတော့၊ အနိမ့်ဆုံး တန်းတူအင်အားစု အနေနဲ့ ကျနော်တို့က
ကြိုးစားကြည့်တာပါ။ ကြိုးစားကြည့်တဲ့အခါ အနေအထားတခုကြောင့် ကျနော်တို့က တမျိုးဖြစ်သွားတယ်။ အဲဒီမှာ ရှိတဲ့အင်အားနဲ့ ကျနော်တို့က ရပ်ခံပြီးသွားရမှာပါ။
အခွင့်အရေးနဲ့လာတယ်လို့ပဲ ကျနော်တို့က ယူဆတယ်။”
UDP ဥက္ကဌ ဦးသိန်းဌေး ပြောပြခဲ့တာပါ။ ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ် အမည်စာရင်းတွေကို ကော်မရှင်က စီစဉ်နေတာ ဒီကနေ့
စက်တင်ဘာ ၁၀ ရက်နေ့ဟာ နောက်ဆုံး သတ်မှတ်ထားတဲ့ ရက်ကို ရောက်လာပြီဖြစ်ပြီး မကြာခင်ရက် အနည်းငယ်တွင်း ကိုယ်စားလှယ်လောင်း
အမည်စာရင်းတွေ ထုတ်ပြန်တော့မှာပါ။ အရည်အချင်း ပြည့်မှီခြင်း မရှိတဲ့အတွက်ဆိုပြီး ကိုယ်စားလှယ်တချို့ အပယ်ခံရတာမျိုး ရှိတယ်လို့ သိရပေမဲ့ အင်အား
၁,၁၀၀ ကျော်နဲ့ လွတ်တော် ၃ ရပ်စလုံးအတွက် နိုင်ငံတ၀ှမ်းလုံးမှာ ယှဉ်ပြိုင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီ ကတော့ ဘယ်သူမှ အပယ်ခံရတာ

မရှိဘူးလို့ မန္တလေးတိုင်း ကနေ ၀င်ရောက် ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးကိုကြီးက ပြောပါတယ်။
“ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ၀င်တဲ့ကိုယ်စားလှယ်လောင်းတွေ အနေအထားကတော့ ကျနော် သိရသလောက်ကတော့ အပယ်ခံရတာ မရှိပါဘူး။ အားလုံးက
စည်းမျဉ်းစည်းကမ်းနဲ့လည်း ညီတယ်။ ခရိုင်မှာလည်း ကျနော်တို့ လက်မှတ်ထိုးပြီး ကြပါပြီ။ နောက်တကြိမ် ထပ်ပြီးတော့ အတည်ပြုပြီးသွားပါပြီ။
ပြည်ခိုင်ဖြိုးဘက်ကနေ ၀င်တဲ့အားလုံးနီးပါးကတော့ အစကတည်းက သူတို့က နံမည်ကောင်းနဲ့ပေါ့လေ၊ လုပ်ကိုင်လာပြီးတော့ ရှေ့မှာလုပ်ခဲ့တာ အားလုံးကို
ပြန်ပြီးတော့ လေ့လာမယ်ဆိုလို့ရှိရင် အစဉ်အလာအားဖြင့် အားလုံး ကောင်းတဲ့သူတွေ ဖြစ်တဲ့အတွက် နိုင်ငံအတွက်ကိုပဲ အဓိကထားပြီး လုပ်မယ့်သူတွေလို့
ကျနော်တို့ မျှော်လင့်ပါတယ်။”
ကြံ့ခိုင်ရေး ပါတီကနေ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် ဦးကိုကြီး ပြောပြခဲ့တာပါ။
နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲတွေ အတွက် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေဟာ သြဂုတ်လ ၃၀ ရက်နေ့မှာ
နောက်ဆုံး စာရင်းတင်သွင်းရတာ ဖြစ်ပြီးတော့ စက်တင်ဘာ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ အမည်တွေကို စိစစ်နေတာဖြစ်ပါတယ်။
သတ်မှတ်ချိန် တိုတောင်းလှတဲ့ အခြေအနေတွေနဲ့အတူ နိုင်ငံရေးပါတီ တော်တော်များများဟာ အခက်အခဲ အမျိုးမျိုးတွေကြောင့် မှန်းထားတဲ့ ကိုယ်စားလှယ်
ဦးရေအတိုင်း မတင်သွင်းနိုင်ခဲ့ကြပါတယ်။
ပဲခူးပစ်ခတ်မှု အစိုးရသတင်း ဘက်လိုက်ဟု နယ်ခံတွေ ဝေဖန်
By ကိုဇော်ဝင်းလှိုင် သောကြာ, 10 စက်တင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်





Digg
Facebook
StumbleUpon
Yahoo! Buzz
del.icio.us

ပဲခူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်က ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒီကနေ့ထုတ် စစ်အစိုးရသတင်းစာတွေမှာ သတင်းအဖြစ်နဲ့ ရေးသားဖော်ပြ ပါတယ်။ ဒါပေမဲ့
ဒီသတင်းမှာဖော်ပြသလို လူငယ်ချင်း ခိုက်ရန်ပွားမှုကနေ သေဆုံးမှုအထိ မတော်တဆ ဖြစ်ပွားတဲ့သဘော မဟုတ်ဘဲ ဒီပစ်ခတ်မှုဟာ ရည်ရွယ်ချက် ရှိရှိနဲ့လုပ်တဲ့
လူသတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေတဲ့ ပဲခူးမြို့က ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်
စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာစစ်တပ် ခလရ (၅၉) ရဲ့ ပစ်ခတ်မှုကြောင့် ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်က လူငယ် ၂ ဦး သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်လို့ ဒါဟာ လူငယ်အချင်းချင်း
ခိုက်ရန်ဖြစ်ပွားမှုကတဆင့် သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင့်လို့ ဒီကနေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ ရေးသား ဖော်ထားတာပါ။
ဒါပေမဲ့ အဲဒီလို ခိုက်ရန်ဖြစ်ပွားပြီး နောက်ပိုင်း တပ်ကိုပြန်၊ တပ်ဖွဲ့ဝင်တွေကိုခေါ်ပြီး ရပ်ကွက်ထဲအထိ သေနတ်နဲ့ လိုက်လံ ပစ်ခတ် တာကြောင့် ဒီပစ်ခတ်မှုဟာ
ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်တဲ့ လူသတ်မှုဖြစ်တဲ့အကြောင်း ဒီကိစ္စကို အနီးကပ် လေ့လာစောင့်ကြည့်နေတဲ့ ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က လူ့အခွင့်အရေးရှေ့နေကြီး
ဦးအေးမြင့်က ပြောပါတယ်။
“လူငယ်အချင်းချင်း ရန်ဖြစ်တာတော့ မှန်တယ်။ ဒါက လူ့သဘာဝ ဖြစ်တယ်၊ ဖြစ်သူကလည်း ၁၉ နှစ်နဲ့ ၂၀ ကျော်အရွယ်။ ပစ်သတ်တဲ့ သူကလည်း ၁၈ နှစ်၊
ဒီဘက်ကလည်း ၁၈ နှစ်နဲ့ ၂၂ နှစ် ဆိုတော့ အရပ်စကားအရ ဆိုရင်တော့ လူငယ်လို့ပဲ ယူဆရမယ်။ သို့သော် တကယ် ပစ်တာသည် လူငယ် စစ်သားစစ်ဗိုလ်နဲ့
လူငယ်အရပ်သား ဖြစ်ကြတာ။ တပ်မတော်ရဲ့ စစ်စည်းကမ်းအရ သတ်မှတ်ထားတဲ့အတိုင်း လက်နက်ကို မသုံးသင့်ဘဲနဲ့ သုံးတယ်။ နောက်ပြီးတော့ ရည်ရွယ်ချက်နဲ့
လာပြန်ပြီးတော့ နောက်တကြိမ် လာပြီးတော့ ပစ်တဲ့အတွက် ဒီလိုဖြစ်တဲ့ ရန်ပွဲက ထိုက်ထိုက်တန်တန် အပြစ်ပေးထိုက်တဲ့ ရန်ပွဲ၊ ဥပဒေအရဆိုရင်တော့ (၃၀၂/က)
သေဒဏ် တသက်တကျွန်း ထိုက်တဲ့ အမှု။”
သတင်းစာပါ အချက်တချို့က မှန်ကန်ပေမဲ့ သတင်းစာဟာ အစိုးရပိုင် သတင်းစာဖြစ်တာကြောင့် အစိုးရဖက်က ဘက်လိုက် ရေးသားထားတာကို တွေ့ရတယ်လို့
သူက ထောက်ပြပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အရာရှိနဲ့ စစ်သည်တွေကို သက်ဆိုင်ရာက တရားပဒေနဲ့အညီ ထိရောက်စွာ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့
ဖော်ပြထားပေမဲ့ ဘယ်လိုပုံနဲ့ အရေးယူမယ်၊ ဘယ်တော့ အရေးယူမယ် ဆိုတာကိုတော့ အတိအကျ ဖော်ပြမထားဘူးလို့ ဆိုပါတယ်။
“ဥပဒေလမ်းကြောင်းအရဆိုရင်တော့ ပြစ်မှုဆိုင်ရာ ဥပဒေ အမှုကြီး ၇ မှုထဲမှာ ပါတယ်။ လွန်ခဲ့တဲ့ ၃ လပိုင်းက ရက်ရက်စက်စက် သေနတ်နဲ့ ၂ ချက်ပစ်၊ မှိန်းနဲ့ထိုးပြီး
ပြွန်နဇာ ကန်ဖဲကျေးရွာက ကလေးကို သတ်တဲ့စစ်သားကို စစ်ခုံရုံးက ဘာလုပ်လိုက်တယ်၊ ဘယ်လို အပြစ်ပေးလိုက်တယ် ဆိုတာ ပြည်သူကို တိတိကျကျ
မပြောခဲ့ဘူး။ ဒီအတိုင်းပဲ ပြီးသွားပြီလေ အဲဒီဟာက။ အခုပဲခူးမြို့လယ်ခေါင်မှာ သတ်တဲ့ဟာ။ အခု အပြစ်ပေးပါမယ်ဆိုရင်တော့ အရပ်ဖက် လွှဲသင့်တယ်။
ဒါမှမဟုတ်ရင် ပြည်သူလူထုကိုသိအောင် ဒီရဲဘော်နဲ့အရာရှိကို ထိုက်ထိုက်တန်တန် အပြစ်ပေးတယ်ဆိုတာတော့ ဖွင့်ချလေဗျာ။ ဖွင့်ချရင် ပြည်သူလူထုတွေ
အားကိုးလာမှာပေါ့။”
ဒီ ပြန်တမ်းဝင် ၀န်ထမ်းတွေ အခုလို ရမ်းရမ်းကားကား စိတ်လိုက်မာန်ပါ မလုပ်မိအောင် အာဏာပိုင်တွေက အသေအချာ သင်တန်း ပို့ချပေးထားရင် အခုလို
ဖြစ်မှာမဟုတ်ဘူးလို့ ဦးအေးမြင့်က ပြောပါတယ်။
“တကယ်လို့ အုပ်ချုပ်တဲ့လူတန်းစားက ဒီဝန်ထမ်းတွေကို သင်တန်းတွေပေးမယ်။ အသိဉာဏ်တွေ ကြွယ်ဝအောင် ဆောင်ရန်၊ ရှောင်ရန်တွေကို တကယ်လုပ်ခဲ့ပြီး
ပို့ချပေးရင် ဒီလိုတွေ ရှိမှာမဟုတ်ဘူး။ သို့သော် စာရွက်ပေါ်မှာပဲထားပြီးတော့ ၀န်ထမ်းကို မြှောက်ပေးတဲ့သဘောမျိုး ထင်ရာစိုင်းတဲ့ အမှုမျိုး ဖြစ်တဲ့အတွက်
ပြည်သူလူထုကလည်း လက်မခံဘူး။ ဥပဒေအရ တိတိကျကျပြောရင် သေဒဏ် တသက်တကျွန်း ထိုက်ရမှာ။ အဲဒီလို ပြန်တမ်းဝန် အရာရှိတယောက် ဆိုတာက
ကျနော်တို့ တိုင်းပြည်မှာ တကယ်ကို ဥပဒေအရ စည်းကမ်းအရ သတ်မှတ်ထားတဲ့သူ။ ပိုပြီးတော့ နိုင်ငံတော်ကို လေးစားရမှာဗျ။”
စက်တင်ဘာလ ၄ ရက်နေ့ညက ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းသွယ်မှာရှိတဲ့ ကာလီဖိုးနီးယား စားသောက်ဆိုင်မှာ (ခလရ - ၅၉) က စစ်တပ်အရာရှိတွေနဲ့
အရပ်သား လူငယ်တွေ ခိုက်ရန်ဖြစ်ပွားရာက အရပ်သား လူငယ်တွေကို အဲဒီ (ခလရ - ၅၉) က နောက်ပိုင်းမှာ သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် အသက်
၁၉ နှစ်အရွယ် မောင်စိုးပိုင်ဇော်နဲ့ ၂၃ နှစ်အရွယ် မောင်အောင်သူဟိန်းတို့ ၂ ယောက် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
ကိုရမ် ကျမ်းစာ မီးရှို့မယ့် အစီအစဉ် ဖျက်သိမ်း
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 09 စက်တင်ဘာ 2010

ဓာတ်ပုံ AP
သင်းအုပ်ဆရာ တယ်ရီဂျုန်းစ်။ စက်တင်ဘာ ၉၊ ၂၀၁၀။
ထပ်ဆင့် ဖြန့်ဝေရန်





Digg
Facebook
StumbleUpon
Yahoo! Buzz
del.icio.us

အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းငယ်တခုရဲ့ အကြီးအကဲဖြစ်သူ သင်းအုပ်ဆရာက အစ္စလာမ် ဘာသာဝင်တွေရဲ့
ကိုရမ်ကျမ်းစာအုပ်တွေကို စနေနေ့ကျရင် မီးရှို့မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြောဆိုလိုက်ပါတယ်။
နယူးယောက်မြို့မှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တုန်းက အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ နေရာအနီးမှာ အစ္စလာမ် ယဉ်ကျေးမှုဌာနနဲ့
ဗလီဝတ်ကျောင်းတခု ဆောက်လုပ်မယ့် အစီအစဉ်ကို တခြားနေရာကို ရွှေ့ဖို့ မူဆလင် ခေါင်းဆောင်တွေနဲ့ သဘောတူညီချက် ရရှိခဲ့တဲ့အတွက် အခုလို မီးရှို့
ဆန္ဒပြမယ့် အစီအစဉ်ကို ဖျက်ဖို့ ဆုံးဖြတ်လိုက်တာလို့ သင်းအုပ်ဆရာ တယ်ရီ ဂျုန်းစ် (Terry Jones) က ကြာသပတေးနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။
ဒါပေမဲ့လည်း နယူးယောက်မြို့က ဗလီဆောက်မယ့် စီမံကိန်းမှာ တာဝန်ရှိသူ ဘာသာရေးခေါင်းဆောင် တဦးရဲ့ ကြေညာချက်ကတော့ ဒီလို တခြားကို
ပြောင်းရွှေ့ပေးမယ့် သဘောတူညီချက်မျိုး မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
သင်းအုပ်ဆရာနဲ့အတူ ကြေညာချက်ကို ထုတ်ပြန်ရာမှာ အတူပါလာတဲ့ ဒေသခံ မူဆလင် ဘာသာရေး ခေါင်းဆောင်တဦးဖြစ်တဲ့ အီမန် မူဟမ်မက်ဒ် မူစ်ရီ (Imam
Muhammad Musri) ကတော့ ဗလီနေရာ ပြောင်းဆောက်ဖို့ အဆိုပြုချက်နဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ နယူးယောက်မြို့ကို သွားမယ်လို့ ပြောဆိုခဲ့တာပါ။
အစ္စလာမ် ယဉ်ကျေးမှုဌာန နေရာရွှေ့ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ဗလီဆောက်မယ့် စီမံကိန်းကို တာဝန်ယူထားတဲ့ နယူးယောက်မြို့က ဘာသာရေးခေါင်းဆောင်
ဖိုင်စယ်လ် အက်ဘ်ဒူလ် ရော့ဖ် (Feisal Abdul Rauf) နဲ့ သူ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။
ကြာသပတေးနေ့တုန်းကတော့ သင်းအုပ်ဆရာ ဂျုန်းစ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ဆက်သွယ်ခဲ့ပြီး ကိုရမ်
ကျမ်းစာတွေ မီးရှို့မယ့် လုပ်ရပ်ဟာ အမေရိကန် စစ်သားတွေအတွက် အသက်ဘေးအန္တရာယ် ကျရောက်နိုင်တဲ့အကြောင်း ပြောဆိုပြီး ဒီအစီအစဉ်ကို
ဆက်မလုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဘန်ကောက်မြို့မှာ ဗုံး ၃ လုံး တွေ့ရှိ
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 09 စက်တင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်





Digg
Facebook
StumbleUpon
Yahoo! Buzz
del.icio.us

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မပေါက်ကွဲသေးတဲ့ ဗုံး ၃ လုံးကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘန်ကောက်မြို့တော်မှာ သွေးထွက်သံယို အကြမ်းဖက်
လုပ်ရပ်တွေနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေထဲက ဒါဟာ နောက်ဆုံး တွေ့မြင်ခဲ့ကြရတဲ့ လုပ်ရပ်ပါ။
ဘန်ကောက်မြို့တခွင်က ကျောင်းတကျောင်း၊ ကျန်းမာရေး ၀န်ကြီးဌာနတွေရဲ့ အပြင်ဘက်နဲ့ ကုန်တိုက်တခု အနီးတို့မှာ အိမ်တွင်းလုပ် ဗုံးတွေကို ရှာတွေ့ခဲ့တာလို့
အာဏာပိုင်တွေက မနေ့တုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အသေအပျောက်တွေ ရှိခဲ့တဲ့အထိ ဖြစ်ပွားခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကနေ ဘန်ကောက်မြို့ ပြန်လည် နာလန်ထူလာနေတာတွေကို အဟန့်အတား
ဖြစ်စေတဲ့ လွန်ခဲ့တဲ့ ၂ လအတွင်း အသေးစား တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ကြုံခဲ့ရပြီးတဲ့နောက် အခုလို ဗုံးတွေ ထပ်ပြီး တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာတုန်းကတော့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abhisit Vejjajiva) နဲ့ သူ့အစိုးရဟာ တရားမ၀င် အာဏာရယူထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့
အင်္ကျီနီဝတ် ဆန္ဒပြသူ ထောင်ပေါင်းများစွာက ဘန်ကောက်မြို့ရဲ့ အချက်အချာ နေရာတွေကို သီတင်း ၁၀ ပတ်လောက် ကြာအောင် သိမ်းပိုက်ထားခဲ့တာပါ။
ဆန္ဒပြပွဲတွေအတွင်း ပဋိပက္ခမှုတွေကြောင့် လူပေါင်း ၉၁ ယောက် သေဆုံးပြီး ၁,၄၀၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
နိုင်ငံရေး အကျပ်အတည်းတွေ ကြုံခဲ့ရစဉ်ကစလို့ ၀န်ကြီးချုပ် အဘီဆစ်က ဘန်ကောက်မြို့တော်ကို အရေးပေါ် အုပ်ချုပ်ရေး ကြေညာထားတာ အခုအချိန်အထိ
ဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း စာရင်း ကော်မရှင် အပြီးသတ် စိစစ်
By မသင်းသီရိ ကြာသပတေး, 09 စက်တင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်





Digg
Facebook
StumbleUpon
Yahoo! Buzz
del.icio.us

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကော်မရှင် စိစစ်နေရာမှာ နိုင်ငံရေးပါတီ
တော်တော်များများမှာတော့ ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတာ မရှိဘူးလို့ သိရပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ စိစစ်နေတာဟာ
မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့ဆိုရင် သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ရောက်ပြီဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ မသင်းသီရိက
တင်ပြပေးထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကို ၀င်ကြဖို့အတွက် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို စက်တင်ဘာလ ၆ ရက်နေ့ကနေ မနက်ဖြန် ၁၀
ရက်နေ့အထိ စိစစ်ပြီးတော့ စာရင်းတွေကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီ (တစည) က လွဲရင် တတိယနေရာကနေ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း အများဆုံး တင်သွင်းနိုင်တာက အမျိုးသား
ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဖြစ်ပါတယ်။
NDF ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၃ ယောက် တင်သွင်းထားခဲ့ပြီး ၂ ယောက်လောက်သာ စာရင်းလျော့ကျသွားနိုင်ဖို့ ရှိတယ်လို့ NDF ပါတီ ဥက္ကဋ္ဌ
ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။
“အတိအကျတော့ ပြောလို့မရသေးဘူး။ တချို့ကလည်း နယ်တွေဆိုတော့ နည်းနည်းဝေးတာကိုး။ ရှမ်းပြည် အရှေ့ပိုင်းတို့ ဘာတို့ကျတော့ သတင်းရောက်ဖို့က
နည်းနည်းစောင့်ရမယ်။ ၁၆၃ ယောက်မှာ အတိုးအလျှော့ရှိလည်း တယောက် နှစ်ယောက်ပါပဲ။ သိပ်များများစားစား မရှိနိုင်ပါဘူး။ ၁၆၃ ယောက်မှာ ၂၁
ယောက်ကတော့ တိုင်းဒေသကြီး ဒါမှမဟုတ် တိုင်းနဲ့ပြည်နယ်အဆင့်။ နောက် ၁၀၇ ယောက်က ပြည်သူ့လွှတ်တော်ပေါ့။ ကျန်တဲ့ဟာက အမျိုးသားလွှတ်တော်ပေါ့။
၁၆၀ ထက်တော့ မလျော့နိုင်ဘူးလို့ ကျနော်တော့ တွက်ပါတယ်။”
NDF ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
မနက်ဖြန် စက်တင်ဘာလ ၁၀ ရက်နေ့ဟာ နောက်ဆုံးစာရင်းတွေကို ထုတ်ပြန် ကြေညာမှာမို့ သက်ဆိုင်ရာ မြို့နယ်နဲ့ ခရိုင်တွေမှာရှိတဲ့ ကော်မရှင်ရုံးတွေမှာ
ကိုယ်စားလှယ်လောင်း တော်တော်များများ ဒီနေ့ ညနေအထိ တွေ့ဆုံ စိစစ်နေဆဲ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီ တခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ကတော့ ကိုယ်စားလှယ်လောင်း ၅၀ အမည်စာရင်း တင်သွင်းထားခဲ့ရာမှာ ဒီနေ့ညနေအထိတော့
မင်္ဂလာတောင်ညွန့် မြို့နယ်အတွက် တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း တဦးသာ ပယ်ချခံရတဲ့ စာရင်းသာ ရရှိသေးတယ်လို့ ဒီမိုကရက်တစ်ပါတီ
(မြန်မာပြည်) ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်ချိုချိုကျော်ညိမ်းက ပြောပါတယ်။
“အန်တီတို့ တင်ထားတာ ၅၀ ပေါ့။ ဒီနေ့ အန်တီ့ကို စစ်ပါတယ်။ အန်တီ့ကိုတော့ ဘာမှ မပြောဘူး။ ရသွားပြီလို့ပဲ ယူဆရပါတယ်။ ကိုသုဝေလည်း ဒီလိုပဲ။
ဒေါ်သန်းသန်းနုတို့ နှစ်ယောက်ကတော့ ရတယ်လို့ကြားလို့၊ မန္တလေးကပါ။ ကျန်တဲ့သူကတော့ မင်္ဂလာတောင်ညွန့် မြို့နယ်က ကိုသုဝေနဲ့ အတူတူပြိုင်မယ့်
ကိုလှမြင့်ကိုတော့ ပယ်တယ်ပြောပါတယ်။ အခုတော့ လောလောဆယ်သိတာ ဒီတယောက်တည်းပဲပေါ့။ အဲဒါဆိုရင် တယောက်လျော့ပြီ။ မနက်ဖြန်မှပဲ သူတို့
အဖြေပေးမယ်လို့ ပြောပါတယ်။”
လွှတ်တော်ကိုယ်စားလှယ် ၃ ရပ်စလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းပါတီ SNDP ကလည်း ကိုယ်စားလှယ်လောင်း ၁၅၇ ဦး တင်သွင်းထားခဲ့တာ ဘယ်သူမှ
ပယ်ချခံရတာ မရှိဘူးလို့ SNDP ပါတီက အတွင်းရေးမှူး စိုင်းလှကျော်က ပြောပါတယ်။
“ကျနော်တို့ ၁၅၇ ဦး တင်ထားပါတယ်။ အခုလောလောဆယ် အထိတော့ ကျနော်တို့ မကြားမိသေးဘူး၊ တင်ထားတဲ့ ၁၅၇ ဦးက ပြုတ်တာ အကြောင်းကြားတာ
ဘာမှ မရှိသေးဘူး။ ကျနော်တို့ ပြည်နယ်လွှတ်တော်မှာ အများဆုံး ယှဉ်ပြိုင်ဖို့ တင်ထားပါတယ်။ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်၊ အခုဟာ ကချင်နဲ့ ရှမ်းမှာ
ကျနော်တို့က ၉၇ ဦးလောက် ရှိတယ်။”
SNDP ပါတီက စိုင်းလှကျော် ပြောသွားတာ ဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီကတော့ ကိုယ်စားလှယ်လောင်း ၉ ဦး အမည်စာရင်း တင်သွင်းခဲ့ရာမှာ ၉ ဦးစလုံးကို လက်ခံခဲ့တယ်လို့ ဒီမိုကရေစီနဲ့
ငြိမ်းချမ်းရေးပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိုးမောင်က ပြောပါတယ်။
“အန်ကယ်တို့ ၉ ယောက်စလုံးကို ဒီနေ့အထိတော့ စိစစ်ပြီးပြီပေါ့၊ လက်ခံလိုက်ပါပြီ။ ပထမဆုံး အနိမ့်ဆုံး ၃ နေရာဝင်မယ်။ အများဆုံး ၂၁ နေရာ ၀င်မယ်လို့
အန်ကယ်တို့ နဂိုကတည်းက ပြောထားပါတယ်။ သို့သော်လည်း ဒီဘက်မှာ ကြုံတွေ့လာရတဲ့ ငွေကြေးဆိုင်ရာ အကျပ်အတည်း၊ အချိန်နဲ့ ပတ်သက်တဲ့
အကျပ်အတည်းနဲ့ စည်းရုံးရေး အကျပ်အတည်းတွေကြောင့် အန်ကယ်တို့ အဲဒီ အကျပ်အတည်းကြီး ၃ ခုနဲ့ တိုးတော့မှ လျှော့လိုက်တဲ့အခါ ၉ နေရာ
ဝင်ဖြစ်ပါတယ်။”
ဦးစိုးမောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ၃ နေရာစလုံးအတွက် နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်လောင်း အမည်စာရင်း
တင်သွင်းရာမှာတော့ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
(တစည) တို့ကသာ အများဆုံး ၀င်ရောက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ်နဲ့ တိုင်း အားလုံးမှာ ကိုယ်စားလှယ်လောင်း ၁,၁၀၀ ကျော်၊ တစညပါတီက ၉၈၀ ကျော်နဲ့ အမည်စာရင်းတွေ
တင်သွင်းထားကြတာ ဖြစ်ပြီး သူတို့အားလုံး ပယ်ချခံရမှာ မဟုတ်ဘူးလို့ နိုင်ငံရေးပါတီ အသိုင်းအ၀ိုင်းက ခန့်မှန်းပါတယ်။ ဒါကြောင့် လွှတ်တော် ၃ ရပ်စလုံးမှာ
အများဆုံး ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒီပါတီကြီး ၂ ခုကသာ နေရာအများစုနဲ့ လွှတ်တော်မှာ ရှိနေမှာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က
ဒေါ်ချိုချိုကျော်ညိမ်းက သုံးသပ်ပါတယ်။
“အခု Rules and Regulations က ၁၉၉၀ ကနဲ့ မတူဘူး။ ၁၉၉၀ တုန်းက အပြိုင်အဆိုင်။ အခု တချို့မြို့နယ်မှာ ဘယ် ဒီမိုကရက်တစ် ပါတီကမှ၊ ဒီမိုကရေစီ
ဘက်တော်သားကမှ မတင်သွင်းနိုင်ဘူး။ ငွေရေးကြေးရေးကြောင့်ပဲဖြစ်စေ၊ ဘာကြောင့်ပဲဖြစ်စေ၊ မတင်သွင်းနိုင်ဘူးဆိုရင် အဲဒီ တစညနဲ့ ပြည်ခိုင်ဖြိုး ၂ ခုပဲ
သူတို့ပြိုင်ပေါ့။ ပြိုင်တဲ့အခါမှာ ဒီက ကလေး သုံးလေးယောက်လောက် ပိုရင်၊ ဟိုဘက်က သုံးလေးယောက်လောက် လျော့ရင် သုံးလေးမဲနဲ့ပဲ နိုင်မယ်။
တမဲပိုရင်လည်း နိုင်တယ်။ ဆိုတော့ မ၀င်နိုင်တဲ့ နေရာတွေမှာ သူတို့က အေးအေးဆေးဆေး ၀င်ပြီးတော့ အများကြီး နိုင်မယ်လို့ အန်တီထင်ပါတယ်။”
ဒေါ်ချိုချိုကျော်ညိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ၀င်ဖို့အတွက် နိုင်ငံရေးပါတီပေါင်း ၄၇ ပါတီကျော်ကနေ ပါတီ မှတ်ပုံတင်ခွင့် ကျထားတဲ့ ၄၂ ပါတီက ကိုယ်စားလှယ်လောင်းတွေ
အမည်စာရင်း တင်သွင်းထားကြတာလည်း ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/

သတင်း မရေးတတ် သောကြောင့် စစ်တပ် သည် ပြည်သူ ကို အခါ အားလျှော်စွာ သတ် ဟုဝန်ခံရာရောက်
September 10, 2010 Freedom News Group Leave a comment Go to comments
13
1
မဲပေးပါ

i

၁၉၃၀ ပဲခူးငလျှင် ပြီးလျှင် ပဲခူးမြို့ ဉ်
အကြီးအကျယ်ဆုံးသော ဖြစ်ရပ် ဟု ပဲခူး မြို့ ဒေသခံတို့ 
သတ်မှတ်ကြသည့် ပဲခူး လူငယ် နှစ်ဦး သေဆုံးရမှု ကို ယနေ့  စစ်အစိုးရ အာဘော် သတင်းစာ
များ တွင် စတင် ဖော်ပြသည်။
စက်တင်ဘာလ ၄ ရက်နေ့ ည က စစ်တပ်မှ ပစ်သတ်၍ သေဆုံးသွားသည့်
ပဲခူးမြို့ ပေါ် မှလူငယ် နှစ်ဦး ဖြစ်သည့် မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင် ဇော် နှစ်ဦး သည်
ခိုက်ရန်ဖြစ်ပွားရာမှ တစ်ဆင့် စစ်တပ် အရာရှိ နှစ် ဦး ကို အုပ်စု လိုက် ရိုက်နှက် ခဲ့ကြသည် ဟု ဖော်ပြထား
ပြီး ၊ ထိုလူငယ် နှစ် ဦး ကို ပစ်သတ် သူမှာ မည်သူ ဖြစ်သည် မည်သူက အမိန့် ပေးသည် ယခု မည်ကဲ့သို့ 
အရေးယူထား သည် ဟု ဖော်ပြထားခြင်း လည်း မရှိချေ။

ရန်ကုန် စာနယ်ဇင်း လောက ဉ်မူ ဖြစ်လေ့ဖြစ်ထ ရှိသော ဖြစ်စဉ် ဆိုသည့် စကားမှာ အလွန် ရေပန်းစားလျှက်ရှိသည်
ထို့ ပြင် ပဲခူး လူငယ် နှစ်ဦး သေဆုံးရမှု ဉ်ပြည်ပ မီဒီယာများနှင့် နိုင်ငံရေးသမားများ က မလုပ်သင့်
မလုပ်ထိုက်သည့် ဆူပူသွေးထိုးလှုံဆော်မှု ပြုသည် ဟု လည်း စွပ်ဆွဲ ထား သည်။ အဆိုပါသတင်းစာ
တွင် ပင် ထိုဖြစ်ရပ် သည် ဖြစ်လေ့ ဖြစ်ထ ရှိသော ဖြစ်စဉ် မျှ သာ ဖြစ်သည် ဟု ဖော်ပြထား သော
ကြောင့် ရန်ကုန် အခြေစိုက် စာနယ် ဇင်းသမား များက စစ်တပ် သည် ဤကဲ့ သို့ ပြည်သူ ကို ခဏခဏ
ပြစ်သတ် နေကြောင်း ၀န်ခံရာရောက် ပြီး သတင်းအရေး အသား မကျွမ်းကျင်မှု ကြောင့် ပြစ်မှုများ ကျူး
လွန်ခြင်း ကို ၀န်ခံရာရောက် သည် ဟု သုံးသပ်ကြသည်။
၂၀၀၆ ခုနှစ်မတ်လ ၁၇ ရက် သောကြာနေ့ ည ၉ နာရီ ကျော် အချိန်တွင် သီရိမင်္ဂလာ ဈေးအနီးတွင် မီးသတ် နှင့် ရဲ တို့ ၏ အကြောင်းမဲ့ ၀ိုင်းဝန်း ရိုက်နှက်ခံရပြီး
နောက်တစ်နေ့  မတ်လ ၁၈ ရက်နေ့  တွင် ရန်ကုန် ဆေးရုံ ကြီး ဦးနှောက်နှင့်အာရုံကြောဌာနတွင်ကွယ်လွန်ခဲ့သည့် ကို သက် နိုင်ဦး အမှု တွင် တရားခံ များအား
လေးနှစ်

ကျော်ကြာပြီး သည် အထိ အရေးယူခြင်း မရှိ ဟု သိရသည်။
ကို သက်နိုင်ဦး သေဆုံးရမှု ကို အမေရိကန်သမ္မတ အိမ်ဖြူတော်မှ အပြင်းအထန် ရှုံ့ ချပြီး အမှုမှန်
ပေါ်ပေါက် ရေးအတွက် ဖိအားပေးခဲ့သော်လည်း ယခုအချိန်ထိကြည့် မြင့်တိုင် ရဲစခန်းမှ ရဲတို့ ကို
အာဏာပိုင်များက တစ်စုံတစ်ရာဖိအားပေးမှုမလုပ် သည့်ပြင် ထိုအချိန်ကကြည့်မြင့်တိုင် ရဲစခန်းရှိ
တာဝန်ကျ ဒုရဲအုပ်မှာ ယခု စခန်းမှုးရာထူး ကိုပင် တိုးမြင့် သွားပြီ ဟု မိသားစု ၀င်များနှင့် နီးစပ်သူ တစ်ဦးက Freedom News Group သို့ ပြောသည်။

သတင်း၏ အထက်ပိုင်း တွင် အလိမ္မာ စာမှာ ရှိ သော ကော်နှုတ် ဆုံးမ စာလေးမှာ လည်း Subliminal Message ဟု ခေါ်သည့် သတင်းကို သလျှော်သည့်
စာမျိုးဖြစ်နေပြန်သည် ။
ပဲခူး လူငယ်နှစ်ဦး အသတ် ခံရမှု တွင် ရဲမှ စစ်ဆေးပိုင်ခွင့် လည်းမရှိ သတင်းစာရှင်းလင်းပိုင်
ခွင့် လည်း မရှိ ဟု သိရသည်။ပဲခူး လူငယ်နှစ်ဦး အား စစ်တပ်မှ ပစ်သတ်၍ သေဆုံး သွားသည့်
ကိစ္စ အား ပြည်ပ မီဒီယာ တို့ အချို့ နိုင်ငံကြီးသား မပီသ ဟု ဆိုထား ပြန်သည်။
http://freedomnewsgroup.com/

မိုးမခမိတ်ဆွေများထံက သတင်းနဲ့ အတင်းတိုထွာ

မိုးမခ၀ိုင်းတော်သားများ

စက်တင်ဘာ ၁၀၊ ၂၀၁၀

မော်ဒယ် ရွှေစင်အိမ်ကို သူခိုးတွေ မျက်စိကျ

အင်တာနက်တွေ ဂျာနယ်သတင်းတွေက သတင်းပေး လက်ထောက်ချလိုက်လို့ ဒေါ်လာတွေ သောင်းချီ၊ ထောင်ချီပြီး
ကိုင်သုံးနိုင်တဲ့ မော်ဒယ်မင်းသမီး ရွှေစင်ရဲ့ အိမ်ကို ညအချိန်မတော် သူခိုးတွေက တက်ရောက်ဖို့ ကြိုးစားနေကြတယ်လို့
ကြားသိရပါတယ်။ အင်တာနက်တွေ ဂျာနယ်တွေ ဖတ်ကြသူတွေထဲမှာ အစိုးရသတင်းပေးတွေ၊ စာပေစိစစ်ရေးကလူတွေအပြင်
မလိုလားအပ်တဲ့ အခြား မသမာသူတွေလည်း ရှိနေတယ်လို့ လက်တို့လိုက်ပါရစေ။
စင်္ကာပူက ဂက်စ်ကားပေါက်၊ လူတဦးသေ၊ အစိုးရက အရေးယူဖို့ စုံစမ်း၊ တရုတ်လုပ်ကားတွေမှာ အပြစ်ရှိ ...
လွန်ခဲ့တဲ့ ၃ ပတ်က စင်္ကာပူမှာ ဓာတ်ငွေ့ကားပေါက်ပြီး လူတဦး
သေသွားပါတယ်။

ဓာတ်ငွေ့ကားတွေ

စမ်းသပ်ပြေးဆွဲတာမှ

မကြာသေးဘူး၊

အခုလို မတော်တဆဖြစ်ရတာကို အစိုးရက အတော် မကြည်လင်ဘူး ဆိုတယ်။
လက်ရှိစမ်းသပ်ပြေးဆွဲနေတဲ့ ဂက်စ်ကား (တက္ကစီနဲ့ ဘတ်စကားပေါင်း)
ကျော်ကို
ဘယ်သူပေါ့လျော့သလဲဆိုတာကို
လာရောက်ပြီး
ပေါက်ချင်ပေါက်၊

စစ်နေတာမို့

မျက်လုံးဒေါက်ထောက်
သေချင်သေ

အစိုးရက

ကားတင်သွင်းသူ

ကြည့်နေပါ

အခုလိုမျိုး

ယာယီထိန်းသိမ်းပြီး
သတဲ့။

စစ်ဆေးတာတွေ၊

တရုပ်ပြည်က
မြန်မာပြည်က
စုံစမ်းတာတွေ

၃၀

စစ်ဆေးနေပါတယ်။
သက်ဆိုင်ရာတွေကလည်း
ဂက်စ်ကားတွေကတော့
မရှိတော့

ခရီးသည်တွေ၊

ယာဉ်မောင်းတွေမှာ ကံကိုသာ ပုံကြရပါတော့တယ်။
အခု နောက်ဆုံးသတင်းအရ တရုတ်လုပ် ဂက်စ်သုံးဘတ်စ်ကားတွေမှာ အပြစ်ရှိလို့ ဆိုပြီး ဘတ်စကား ၂၄ စီးကို တရုတ်က ပြန်လည်သိမ်းဆည်းပြီးတော့
ဒီဇယ်ကားတွေနဲ့ ပြန်လဲပေးတော့မှာ ဖြစ်ပါတယ် တဲ့။ တော်ကြာ အဲသည်လိုမျိုး တရုတ်လုပ် ဓာတ်ငွေ့သုံးဘတ်စ်ကားတွေ သန်းရွှေကြီး တရုတ်ပြည်ကအပြန်
လက်ဆောင်ဆိုပြီး ပါလာဦးမယ် ဗျို့။.
စစ်ဗိုလ်တွေက စစ်သားစုဆောင်းပေးရမယ် မရရင် လစာဖြတ်
၂၀၁၀ ရွေးကောက်ပွဲမှာ လူကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေက ဘောင်းဘီတွေ ချွတ်ကုန်ကြတော့ စစ်တပ်ထဲမှာ လူတွေ လျော့နည်းကုန်ပြီ နဲ့ တူပါရဲ့။
စစ်အရာရှိငယ်တွေကို အရာရှိကြီးတွေက အောက်ခြေမှာ စစ်တိုက်ဖို့ စစ်သားတွေ တိုးတက် စုဆောင်းပေးဖို့ အမိန့်တွေ ထုတ်ထားပါတယ်။ အကြပ်တွေ
အရစ်တွေက (တပ်ကြပ်ကြီး ငယ်များ၊ အရာခံဗိုလ်များကို ဆိုလ)ို ရပ်ကွက်ထဲမှာ ကလေးသူငယ်တွေ၊ ပျံကျအလုပ်သမားတွေကို ဆွဲရမ်းပြီး စစ်တပ်ထဲ
ထည့်နေတာအပြင် အပေါ်က စစ်အရာရှိ ဗိုလ်တွေ၊ ဗိုလ်ကြီးတွေကိုပါ စစ်သားစုဆောင်းရေး အလုပ်ကို တိုးပြီး ခိုင်းနေပါတယ် တဲ့။ လစာထဲက ဖြတ်မှာက
သောင်းဂဏန်းလို့ သိရပါတယ်။

မြန်မာပြည်မှာ ကျန်းမာရေးအာမခံထက် ဆေးရုံအာမခံက ပိုအရေးကြီး
အမေရိကားက လူတွေက ကျန်းမာရေးအာမခံရှိမှ (၀ယ်ထားမှ) ဆေးရုံတက်ရ၊ ဆေးကုရတာ အဆင်ပြေ သက်သာတယ် ပြောပါတယ်။ အဲဒါမရှိရင်
အကုန်လုံး ကာယကံရှင်က ကျခံရလို့ မသက်သာဘူးလို့ ဆိုတယ်။ မြန်မာပြည်မှာကတော့ ကျန်းမာရေးအာမခံမပြောနဲ့ဦး ပိုက်ဆံကော၊ အဆက်အသွယ်ကော
မရှိရင်၊ မပေးနိုင်ရင် အလွန်ဒုက္ခရောက်ပါတယ်။ အခုတော့ အပြင်ဆေးရုံတွေ ဆေးခန်းတွေက ဆေးရုံအာမခံကြေးတွေ တောင်းနေပြီ ဖြစ်ပါတယ်။ မပေးရတဲ့
ဆေးခန်းတွေကတော့ အာရှတော်ဝင်၊ သျှင်ပါကူ၊ ရွှေဂုံတိုင် နဲ့ အောင်ရတနာတို့ လို့ ဂျာနယ်ထဲမှာ တွေ့ရတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်သူတွေ ဘယ်ပါတီတွေ အများဆုံးလဲ
ဒီမှာ ဂျာနယ်ဖြတ်ပိုင်း ပို့ပေးလိုက်တယ်နော်။ ကြံ့ဖွံ့နဲ့ တဆညက အများဆုံး ၀င်ပြိုင်မယ့် ရွေးကောက်ပွဲကနေ ကျနော်တို့ ဘာတွေ အမြတ်ထွက်မှာလဲလို့
မေးလိုက်ချင်တယ်။ တိုင်းနဲ့ ပြည်နယ် ဒေသအားလုံးမှာ (နီးပါး)က ကြံ့ဖွံ့၊ တဆည ပါတီက နယ်မြေ ပေါင်း ၉၈၀ မှာ ၀င်ပြိုင်မှာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို
ပြင်ဆင်ဖို့ လွှတ်တော်ထဲ ၀င်ဖို့ မပြောနဲ့ဦး လွှတ်တော်အနားမှာ ကွမ်းယာဆိုင်လောက် ဖွင့်နိုင်ဖို့တောင် တပ်မတော်ကြီးထံက ခွင့်ပြုချက် လိုလိမ့်မယ်။

မဲပုံးလို့ သူတို့ပြောတဲ့ အမှိုက်ပုံးတွေကို တိုင်းနှင့်ပြည်နယ် မဲဆန္ဒနယ်တွေကို ပို့နေပြီ နဲ့ မြင်ကြားသမျှ

ဘားမားပါပါရာဇီ

စက်တင်ဘာ ၁ဝ၊ ၂၀၁၀

၂၀၁၀ ၊ နိုဝင်ဘာ ၇ ရက်နေ့မှာ နအဖစစ်အစိုးရက လုပ်မယ့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပြားထည့်ရန် အတွက် မဲပုံးတွေကို တိုင်းနှင့်ပြည်နယ်
မဲဆန္ဒနယ်တွေကို ပို့နေပြီလို့ သိရပါတယ်။ မြန်မာ တပြည်လုံးမှာရှိတဲ့ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင်လည်း မဲထည့်ခြင်းနဲ့ ပတ်သက်တဲ့
လေ့ကျင့်ရေးလုပ်ငန်းတွေ၊ သင်တန်းတွေကိုလည်း နအဖစစ်အစိုးရက အတင်းအကြပ် ပြုလုပ် စေခိုင်းနေကြောင်း သိရပါတယ်။
ရန်ကုန်မြို့တော်ဝန် (စစ်အရေခွံလ)ဲ အောင်သိန်းလင်း ကလည်း နာရေးကူညီမှုအသင်းတွေကို မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ အတင်းအကြပ်
ဖွဲ့စည်းခိုင်းနေကြောင်း၊

ယင်းအသင်းများ

တည်ဆောက်ဖို့

မြေနေရာများကိုလည်း

နအဖစစ်အစိုးရမှ

မြေကွက်နေရာများ

အလကား

ချပေးနေကြောင်း၊

ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်းကိုယ်တိုင် ၄င်း၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် နာရေးကူညီမှုအသင်း
ရုံးချုပ်ကို တည်ထောင်မည် ဖြစ်ကြောင်း၊ လက်ရှိ အောင်မြင်နေသော စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ စတင် တည်ထောင်ပေးခဲ့သော ယခု ရုပ်ရှင်သရုပ်ဆောင်၊
ဒါရိုက်တာ အကယ်ဒမီ ဦးကျော်သူ၏ နာရေးကူညီမှုအသင်း (ရန်ကုန)် ကို ယှဉ်ပြိုင်၍ ရန်ကုန်မြို့သူ၊ မြို့သားများ၏ ဆန္ဒမဲ ကို ရအောင်ယူမည်ဟု
ကြွေးကြော်နေကြောင်း သတင်းရရှိပါသည်။

နောက်ဆက်တွဲ သတင်းအနေဖြင့် ကြားသိရသည်မှာ စာပေပညာရှင်၊ စာအုပ်ထုတ်ဝေသူ၊ သုတစွယ်စုံ စာအုပ်ကို ထုတ်ဝေရေးသားနေသော
ဒေါက်တာတင်ထွန်းဦးက ကြံ့ဖွံ့ပါတီကနေ၊ ပုဇွန်တောင်မြို့နယ် ကိုယ်စားလှယ် အဖြစ် ၀င်ရောက် အရွေးခံမယ်လို့ သိရပါတယ်။ ဒေါက်တာတင်ထွန်းဦးသည်
ပညာရေး၊

ကျန်းမာရေး၊

အားကစား

စသည့်

ဖွံ့ဖြိုးရေး

ဗဟုသုတစာပေ

များစွာကို

ရေးသားခဲ့သော

စာပေပညာရှင်တဦး

ဖြစ်ပါတယ်။

သို့သော်

ထိုစာပေပညာရှင်ကြီးကို ၄င်း၏ စာပေပရိတ်သတ်က ထူးချွန် ထက်မြက်သော ပညာရှင်တယောက်အဖြစ် ယုံကြည်ထားခဲ့ကြရာ ယခုမူ အထင် နှင့် အမြင်
တက်တက်စင်အောင် လွဲချော်သွားခဲ့ပါသည်။ ယခုကဲ့သို့ စာတတ်၊ ပေတတ် ပညာရှင်ကြီးပင် နအဖ စစ်အစိုးရ၏ ခါးပိုက်ဆောင်တပ်ဖြစ်သော ကြံ့ဖွံ့ပါတီအတွင်းသို့
မည်သို့ မည်ပုံ ရောက်ရှိသွားပါသလဲ ဟု ပြည်သူအများက စဉ်းစားရ အလွန်ကြပ်သွားပါသည်။ အများ လက်ခံ ယုံကြည်ထားခဲ့သော စာပေပညာရှင်
ဒေါက်တာတင်ထွန်းဦးက ပြည်တွင်းမှ ထုတ်ဝေသော ဂျာနယ်တခုသို့ အင်တာဗျူးဖြေကြားခဲ့ပုံလေးကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

မေး။

။ ၂၀၁၀ မတ်လ ၈ ရက်မှာ ရွေးကောက်ပွဲဥပဒေများ ထွက်လာပါတယ်။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ရွေးချယ်ပွဲက မေလ ၁၆ ရက် နဲ့

၁၇ ရက်မှာ လုပ်ခဲ့ပါတယ်။ စာပေနှင့် စာနယ်ဇင်းမှာ ဒေါက်တာတင်ထွန်းဦး ၀င် အရွေးခံခဲ့တယ် ဆိုတော့ စာနယ်ဇင်းရွေးပွဲအချိန်ထိ နိုင်ငံရေးလုပ်မယ်လို့
စိတ်ကူးမရှိခဲ့ဘူး ထင်တယ်။

ဒေါက်တာတင်ထွန်းဦး။

တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။

။အဲ့ဒီ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှာ ပြန်လည် ရွေးချယ်ခံခဲ့ရတဲ့ မေလ လောက်တုန်းက နိုင်ငံရေးနယ်ပယ်ကို ၀င်ရောက်ဖို့

အဲသည်လို အထက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။ ဒီလို ပညာတတ်၊ စာတတ်၊ ပေတတ်ပုဂ္ဂိုလ်တယောက်အနေနဲ့ အမျှော်အမြင်ရှေ့ကို စဉ်းစားဆုံးဖြတ်တဲ့

အသိဥာဏ်ပညာတွေဟာ ဘယ်ဝယ် ဘယ်ဆီ ရောက်သွားပါသလဲ ဒေါက်တာရယ်လို့ မေးလိုက်ချင်ပါတယ်။
ဒီလို စာတတ်၊ ပေတတ်၊ ပညာရှင်တွေက အမှန်တရားကို မသိချင်ယောင်ဆောင်၊ ဂုဏ် ငွေ စည်းစိမ် ရာထူးအတွက် တပ်မက်စွာနဲ့ နအဖ စစ်အစိုးရ
ခိုင်းသမျှကို ခေါင်းညိမ့် ကျွန်ခံနေမယ် ဆိုရင်၊ ဒီလိုလူတွေ ဦးဆောင်မဲ့ မြန်မာပြည်ရဲ့ အနာဂတ်နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေသည်
တိုးတက်လာစရာ မရှိသည့်အပြင် ဆုတ်ယုတ်သထက် ဆုတ်ယုတ်သွားမှာ သေချာနေပါကြောင်း၊ ယင်းကဲ့သို့ ပုဂ္ဂိုလ်မျိုးများနှင့် လက်ရှိ ၀င်အရွေးခံမယ့် ပါတီတွေကို
ပြည်သူတွေအနေနဲ့ ယုံကြည်သင့်ပါသလား၊ ဆန္ဒမဲပေးသင့်ပါသလား ဆိုတာကို အသေအချာ စဉ်းစား ဆုံးဖြတ်တော်မူကြပါခင်ဗျာ။
သောင်းပြောင်းထွေလာ - ကာတွန်း Box

ကာတွန်း စောငို - စူ ဘာလုပ်လုပ် ဝ တို့ကတော့
ထောက်ခံပြီးသား …
စက်တင်ဘာ ၁၀၊ ၂၀၁၀
http://www.moemaka.com/

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ
စိုးစိုး၊ ကောင်းဝါ
တော်သလင်းလဆန်း၂၊၁၃၇၂။ စက်တင်ဘာ ၁၀၊ ၂၀၁၀။
စိုးစိုး (စက်တင်ဘာ-၁၀)။

။ ပြီးခဲ့သည့် စက်တင်ဘာ(၂)ရက်နေ့၌ကလေးမွေးရန် မွန်ပြည်နယ်၊ ရေးမြို့ဆေးရုံသို့ တက်ရောက် လာခဲ့သော

ဟံဂံရွာနေဒေါ်မိချိုသည် ကလေးမွေးပြီးသည့်အချိန်ထိ ငွေမပေးနိုင်သေးသည့်အတွက် ခွဲစိပ်ထား သည့်အရာကိုလည်း ပြန်လည်ချုပ်မပေးသည့်အပြင်
ကလေးကိုလည်းဒီအတိုင်း ပစ်ထားခဲ့သဖြင့် သေဆုံးသွား ခဲ့ပါသည်။
ဒေါ်မိချိုသည် ဗိုက်ခွဲပြီးမွေးရမည့်အခြေအနေကြောင့် ငွေမရှိသော်လည်း ရေးမြို့ ဆေးရုံကိုတက်ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။ ဆေးရုံဝန်ထမ်းများကလည်း
ကလေးကိုဗိုက်ခွဲပြီး မွေးပေးခဲ့ပါသည်။ သို့ သော် ကလေးမွေးချိန်အ ထိသတ်မှတ်ထားသည့်ငွေကို ဆေးရုံဝန်ထမ်းထံ မပေးသွင်းနိုင်သေးပါ။ ထို့ ကြောင့် ဒေါ်မိချိုကို
ဗိုက်ခွဲထား သည့်အရာအတိုင်း ချုပ်မပေးဘဲ ထားခဲ့သလို မွေးကင်းစကလေးကိုလည်း ပစ်ထားခဲ့ပါသည်။ အီအခြေအနေ ကြောင့် ကာယကံရှင်များသည်
ရနိုင်သည့်နည်းဖြင့် ငွေရှာပြီး ပေးသွင်းနိုင်တော့မှ ဒေါ်မိချို၏ ဗိုက်ခွဲရာကို ပြန် လည် ချုပ်ပေးခဲ့ပါသည် ။ ငွေရှာချိန်မှာ အချိန်တနာရီလောက်ကြာသွားသည့်အတွက်
မွေးကင်းစကလေးလည်း သေဆုံးသွားခဲ့ပါသည်။
ဒေါ်မိချိုသည် စက်တင်ဘာ(၉)ရက်နေ့မှာ ဆေးရုံမှဆင်းသွားခဲ့ပါသည်။ “ကျမထင်သလိုပါ ဘဲ ဆေး ရုံကိုရောက်တဲ့ အခါကျတော့ ခွဲမွေးရမယ်လို့ပြောလာပါတယ်၊
ကျမပြောလိုက် တာက ကျွန်မတို့ မှာပိုတ်ဆံ မရှိ ဘူးပေါ့လေ ပြောတော့ နာပ်စ်မကဘာပြောလဲဆိုတော့ နင်တို့ မှာပိုတ်ဆံမရှိဘဲနဲ့  ဘာလို့ဆေးရုံ တတ်သေးလဲ
လို့ပြောလိုက်တယ်” ကာယကံရှင်မှာမူ ဒီလောက်အထိ ရက်စက်လိမ့်မယ်မထင်လို့ ယခုလို ဆေးရုံကိုရောက်လာရတာပါဟုဆိုပါသည်။
ဤအဖြစ်မျိုးနှင့် ရေးမြို့ ဆေးရုံသည် နာမည်ကြီးလှပြီး အသက်ပေါင်းများစွာ လည်းစတေး ခဲ့ပြီးဖြစ်ပါ သည်။
ဤအဖြစ်ဆိုးမျိုးသည်အစိုးရ၏စရိတ်မျှပေး ကျန်းမာရေးစနစ်ကြောင့်ဖြစ်သည်ဟု ဝေဖန်ကြပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ရည်မှန်း ချက် (၂)ရပ် ၌
လူတိုင်းသက်တမ်းစေ့ အသက် ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးဟု ပြဌာန်းထားသော်လည်း လက်တွေ့ မကျဟု ငွေကြေး မတတ်နိုင်သည့်
သူ များက ဝေဖန်ကြပါသည် ။ အလားတူကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် နည်းနာ (၃)ရပ်ထဲ၌လည်း
ရောဂါဖြစ်ပွားလာလျှင်ထိရောက်စွာ ကုသမှုပေးရမည် ဟုဆိုထားပါသည်။
သို့  သော်လည်း ဆင်းရဲသည့် မြန်မာပြည်သူများအတွက်မှာမူ ဤစရိတ်မျှပေး ကျန်းမာရေးစနစ်က အဟန့် အတား ဖြစ်နေသည်ဟု ဝေဖန်ထောက်ပြကြပါသည်။
http://www.kaowao.org

တရားဝင်စစ်ကျွန်ဖြစ်အောင် တွန်းပို့သည့် ရွေးကောက်ပွဲဟု ကူကီးအမျိုးသမီးအသင်းကပြော
သတင်းနှင့်မီဒီယာ

ကွန်ယက်။

ဇော်ကြီး။

စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၀ ခုနှစ်။
စစ်အစိုးရပြုလုပ်ပေးမည့်

ရွေးကောက်ပွဲသည်

ပြည်သူလူထုအား

တရားဝင်စစ်ကျွန်အဖြစ်သို့

ရောက်အောင်

တွန်း

ပို့သည့်ရွေးကောက်ပွဲဖြစ်သည်ဟု

ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO)က ကြေ ညာချက်ထုတ်ပြန်သည်။
အိန္ဒိယ မြန်မာနယ်စပ်တစ်နေရာတွင် ယခုလ (၄) ရက်မှ (၈) ရက်အထိ ပြုလုပ်ကျင်းပခဲ့သည့် ပဉ္စမအကြိမ် မြောက် ညီလာခံအပြီး ယင်းကြေညာချက်ကို
ထုတ်ပြန်ခြင်းဖြစ်သည်။
နိုင်ငံတကာမှ

တရားဝင်အစိုးရအဖြစ်

အသိအမှတ်ပြုရန်

ရည်ရွယ်ခြင်းသာဖြစ်၍

လွတ်လပ်ပြီး

တရားမျှတသည့်

ရွေးကောက်ပွဲမဟုတ်သည့်အတွက်

ကန့်ကွက်ရခြင်းဖြစ်သည်ဟု အဖွဲ့ အထွေထွေအတွင်းရေးမှူး နှူးငါငိုင်းက ယခုလိုပြောသည်။
“ကျမတို့ပြည်သူတွေအတွက်လည်း အကျိုးမရှိ၊ ကျမတို့ တိုင်းရင်းသားတွေအတွက်လည်း အကျိုးမရှိ၊ ကျမတို့ ကူကီးတွေအတွက်လည်း လုံးဝ အကျိုးမရှိတဲ့
ဒီရွေးကောက်ပွဲကို ကျမတို့အနေနဲ့ လုံးဝ ဆန့် ကျင်တယ်။ ကန့်လည်း ကန့်ကွက်တယ်။”

ထို့အပြင် ချင်းတိုးတက်ရေးပါတီ (CPP) မှ ကူကီးဒေသအတွင်း ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများသည် ကူ ကီးလူမျိုးများ၏ တော်လှန်ရေးလှုပ်ရှားမှုကို
အဟန့်အတားဖြစ်စေသည့်အတွက် (KWHRO)ကကန့်ကွက်ကြောင်း ကြေငြာချက်၌ဖော်ပြထားသည်။
စစ်အစိုးရမှ

ပြုလုပ်လျှက်ရှိသည့်

ထမံသီရေအားလျှပ်စစ်စီမံကိန်းကြောင့်

ဒေသတွင်းရှိ

ကျေးရွာပေါင်း

၄၀

ကျော်

ဖျက်ဆီးခံခဲ့ရပြီး

လူထုအတွက်

တစ်စုံတစ်ရာအကျိုးဖြစ်ထွန်းမှု မရှိသည့်အတွက် ယင်းစီမံကိန်း ရပ်တန့်ပေးရန် စစ်အစိုးရထံ တောင်းဆိုထားသည်ဟု နှူးငါငိုင်းက ပြောသည်။
“အတင်းအဓမ္မပြောင်းရွှေ့ခိုင်းပြီးတော့မှ လယ်ယာမြေတွေသိမ်းတာ၊ အိမ်တွေကိုဖျက်တာ၊ ဘူဒိုဇာတွေ နဲ့ ဖြိုချလိုက်တာတွေ။ အဲလိုဖြစ်ခြင်းအားဖြင့် လူထုက
တအားဒုက္ခရောက်တယ်။

အခုဟာက

ဒီရေကာ

တာက

ဆက်လုပ်နေတဲ့ပုံစံမျိုး

ကျမတို့မြင်နေ၊

တွေ့နေရတယ်။

ဒါကိုဖြစ်နိုင်မယ်ဆိုရင်တော့

ရပ်လိုက်

တာကောင်းမယ်ပေါ့နော်။”
ထို့အပြင် စစ်အစိုးရ ပြောင်းရွှေ့ခိုင်းသည့် နေရာအသစ်တွင် ကျေးရွာနာမည်ပေးရာ၌ ဒေသခံ တိုင်းရင်းသားတို့၏ အမည်ဖြင့် မည့်ခေါ်ခြင်းမပြုသည့်အတွက်
ရေရှည်တွင် လူမျိုးတုန်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
“သူတို့က ရွာကိုလည်း ဖျက်လိုက်ပြီးတော့မှ ရွှေပြည်အေးဆိုတဲ့ ဗမာနာမည်နဲ့ ရွာကို ဆောက်ပေးပြီး အဲလိုမျိုးနေခိုင်းတယ်။”
လယ်ယာမြေများအား အဓမ္မသိမ်းယူခဲ့စဉ်က လျော်ကြေးပေးသော်လည်း “သူတို့က ပေးတော့ ပေးတယ်။ ဒါ ပေမယ့် သူတို့ပေးတဲ့ဟာက သိန်းသုံးရာတန်တဲ့ဟာကို
နှစ်သိန်း၊ သုံးသိန်း ပေးတာမျိုးပေါ့နော်။ သူတို့ ဖျက်လိုက်တုန်းကတော့ အိမ်ကြီးအိမ်ကောင်းတွေကို ဖျက်လိုက်ပြီး မှ တကယ်တန်းသူတို့ပေးတဲ့ငွေက တဲအိမ်တောင်
ဆောက်လို့မရဘူးလေ။ အဲဒီတော့ လူထုက တအားနစ်နာတယ်။”ဟုဆက်ပြောသည်။
ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) အား ၁၉၉၉ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ တွင် ဖွဲ့စည်းခဲ့သည်။

ပအိုဝ်းပါတီနှင့် လက်ကိုင်တပ်ဖွဲ့ ဒေသခံများထံမှ အဓမ္မ ငွေကောက်ခံ
သတင်းနှင့်မီဒီယာ

ကွန်ယက်။

ခွန်အောင်မြတ်။

စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၀ ခုနှစ်။
ရှမ်းပြည်တောင်ပိုင်းတွင်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီနှင့်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက

ဒေသခံ

ကျေးရွာများထံ

ငွေကြေး

အတင်းအဓမ္မ

ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။
တောင်ကြီးမြို့နယ်၊

ကျောက်တလုံးကြီး

မြို့နယ်ခွဲရှိ

ကျေးရွာများတွင်

ယခုလဆန်းပိုင်းက

စ၍

ပအိုဝ်းအမျိုးသား

အဖွဲ့ချုပ်

PNO

ပါတီမှ

ပါတီရံပုံငွေကောက်ခံနေသည်ဟု ဒေသခံတဦးက ပြောသည်။
“လာမယ့် နိုဝင်ဘာလ(၇)ရက်မှာ ကျင်းပပြုလုပ်မယ့် စစ်အစိုးရရဲ့ အထွေအထွေရွေးကောက်ပွဲကို ၀င် ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပါတီရံပုံငွေများရရှိရန်
တောင်ကြီးမြို့နယ်၊

ကျောက်တလုံးကြီး

မြို့နယ်

ခွဲ

ရှိကျေးရွာများကို

ပါတီရံပုံငွေ

တစ်အိမ်ထောင်

ကျပ်ငွေနှစ်ထောင်နှုံးနဲ့

ကောက်ခံနေပါတယ်။

အဲဒီ

ကျေးရွာကိုယ်စားပြု မဲကော်မရှင် တစ်ယောက်အတွက် ကျပ်ငွေ သုံးသောင်းကို အကြောင်းမသိပဲ ကျေးရွာပေးဆောင်ပေးနေရတယ်။ အဲဒါက မပေးမနေရ
ပေးရတယ်။”
လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း ပါတီ၏ အမှတ်တံဆိပ်ဖြစ်သည့် နဂါးရုပ်ပါ ရင်ထိုး တခုလျှင် ကျပ်ငွေ ၇၀၀၀ ထောင်နှင့် မ၀ယ်မနေရ ရောင်းချခဲ့သည်ဟု
ဒေသခံများက ပြောသည်။
ကျောက်တလုံးမြို့နယ်ခွဲတွင် ပအိုဝ်းပါတီက ပါတီရံပုံငွေ လိုက်ကောက်ခံနေပြီး ဆီဆိုင်မြို့နယ် ဘက်တွင်လည်း စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေသည့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့က ကျေးရွာပေါင်း ၂၀ ခန့်တွင် တအိမ်လျှင် ကျပ်ငွေ ငါးထောင် ကောက်ခံသည်ဟု
ဒေသခံတယောက် က ပြောသည်။
“ရွာသားတွေ ဒုက္ခတအားရောက်တယ်။ သူတို့လာတောင်းတဲ့အချိန်မှာ ကျနော်တို့ ရွာသားတွေလည်း ဘာမှမသိဘူး။ သက်ဆိုင်ရာ လူကြီးတွေပဲ သိတယ်။
သူတို့လာကောက်တာလည်း ဘယ်သူ့ကိုမှ မသိ စေချင်ဘူး။ ဘယ်သူ့ကိုမှလည်း မပြောပြရဘူး၊ သတင်းမပေးရဘူးလို့ပြောတယ်။ သူများမေးလာရင် လည်း
ဘာမှမသိဘူးလို့ ပြောခိုင်းထားတယ် ရွာသားတွေကို။ ”
မြန်မာစစ်အစိုးရ တပ်ဖွဲ့က ယင်းသတင်းကြားသဖြင့် ကျေးရွာများသို့ တက်လာပြီး အကျိုးအကြောင်း လာမေး သည်ဟု ယင်းဒေသခံက ဆက်ပြောသည်။
“အဲလို

သတင်းလာမေးတာကို

ကောင်းကောင်းမမေးပဲနဲ့

ရွာမှာ

မွေးထားတဲ့

ကြက်ဝက်တွေကို

စိတ်

ကြိုက်

ပစ်ခတ်ဖမ်းစားတာကိုလည်း

ခံရတော့

ကူညီမယ်လို့ထင်နေတာ ရွာသားတွေကိုပိုပြီး ဒုက္ခ ရောက်အောင် လုပ်တယ်၊ အခု ရွာသားတွေက သူတို့နှစ်ဘက်ကြားထဲမှာ အနိုင်ကျင့်တာကို ခံနေရ တယ်လို့”
မြန်မာစစ်အစိုးရက

လာမည့်

နိုဝင်ဘာလ

(၇)ရက်နေ့၌

ကျင်းပပေးမည့်

ရွေးကောက်ပွဲတွင်

ပအိုဝ်းအမျိုးသား

ဖွဲ့ချုပ်

(PNO)

ပါတီသည်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတချို့ဖြစ်သည့် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး နှင့် ပင်လောင်း မြို့နယ်တွင် လွတ်တော်အမတ် ၁၀ ဦး ၀င်ရောက်
ယှဉ်ပြိုင်မည်ဖြစ်သည်။
ဆီဆိုင်မြို့နယ်တွင် မြန်မာစစ်အစိုးရတပ်ဖွဲ့များအပြင် ရှမ်းပြည်တပ်မတော်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် တပ်ဖွဲ့များလည်း လှုပ်ရှားနေသည့်
ဒေသဖြစ်သည်။
ယင်း (PNO) ပါတီသည် ဒေသတွင်း မဲဆွယ်စည်းရုံးရေးဆင်းရာတွင် လူထုက စိတ်ဝင်စားမှုနည်းပါး သော်လည်း ၎င်းတို့က အမိန့်ဖြင့် မလာမနေရ ဆင့်ခေါ်ခြင်း၊
ပါတီရံပုံငွေများနှင့် ကျေးရွာကိုယ်စားပြု သူများ၏ အသုံး စရိတ်ကို အကြောင်းမဲ့ ပေးနေခြင်းကြောင့် ဒေသခံများ စိတ်အနှောက်အယှက် ဖြစ်ကြ ရသည်ဟု ၎င်း
တို့ပြော ဆိုသည်။
http://www.nmg-news.com/nmg/newspage.html

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရတပ မှ စစ်တွေတွင် ကျင်းပ
9/10/2010
Adjust font size:

-------------------------------

သင်းသဇင်ခိုင် (မောင်တော)
------------------------------

၇၁ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) မှ စစ်တွေမြို့ရှိ ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပ
ပြုလုပ်ခဲ့သည်။
အဖွဲ့ဝင် တစ်ဦးက “ မနက်ပိုင်းမှာ ပါတီရုံးမှာ သံဃာတော် ကိုးပါးကို ပင့်ဖိတ်ပြီးတော့ ဆွမ်းကပ် လှူဒါန်းပီး အမျှအတန်း ပေးဝေပါတယ်။ အခမ်းအနားကတော့
ပါတီရုံးမှာ တစ်နေ့လုံး လိုလိုဘဲ လုပ်ဖြစ်ပါတယ်။ နေ့လည် ပိုင်း တစ်နာရီမှာတော့ ဆရာတော် ဦးဥတ္တမနဲ့ ပတ်သက်ပီး ဟောပြောပွဲ လုပ်ပါတယ်။ ညနေ ၎
နာရီမှာ အခမ်းအနားက ပီးဆုံး သွားခဲ့ ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
အခမ်းအနားသို့ လူပေါင်း ၇၀ ခန့်တက်ရောက်ခဲ့ကြပြီး ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေး လမ်းစဉ်နှင့် ဖြတ်သန်းမူ ဘ၀ ပုံရိပ်လွှာများကို တက်ရောက်လာသူ
စာရေးဆရာများနှင့် သမိုင်းဆရာများက ဟောပြော ခဲ့ကြသည်။
အခမ်းအနား ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုလည်း ယခုကဲ့သို့ သူက ရှင်းလင်း ပြောကြားသည်။
“ အဓိကတော့ ရည်ရွယ်ချက် ၅ ရပ်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။ စာရွက်စာတန်းတွေ ထုတ်ဝေတဲ့ အထဲမှာလည်း ရိုက်နှိပ် ဖေါ်ပြထားပါတယ်။ အဓိက ၅
ချက်ကတော့ ရခိုင်တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်ရေးကို ဦးဥတ္တမ စိတ်ဓါတ်နဲ့ လုပ်ဆောင် သွားရန်၊ မျိုးဆက်သစ်များကို ဦးဥတ္တစိတ်ဓါတ်ဖြင့် ရှေ့ဆောင်
လမ်းပြ သွားရန်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွတ် အနစ်နာခံသော ဦးဥတ္တမ စိတ်ဓါတ် မွေးမြူရန်၊ ရသင့် ရထိုက်သော အခွင့်အရေးကို မကြောက်မရွံ့ပဲ
တောင်းဆို ရဲသော ဦးဥတ္တမ စိတ်ဓါတ်ရှိစေရန်နဲ့ မည်သည့် အခက်အခဲရှိစေကာမူ ကြံ့ကြံ့ခံနိုင်သော ဦးဥတ္တမ ဇွဲသတ္တိရှိကြရန် စတဲ့ ရည်ရွယ်ချက်တွေကို
ဖေါ်ဆောင်လိုတဲ့ အတွက် ကျင်းပ ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။”

အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် ပါတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးသာလှမှ ဆောင်ရွက်ခဲ့သည်။ တက်ရောက် လာသောသူများကို ပါတီဖွဲ့စည်းပုံ
စည်းမျဉ်း စည်းကမ်းချက်ချက်များ ပါသည့်စာရွက် စာတန်းများကိုလည်း ဖြန့်ဝေ ခဲ့ကြသည်။
မြန်မာ့ လွတ်လပ်ရေး မီးရှု့တန်ဆောင် ဆရာတော် ဦးဥတ္တမ အခမ်းအနားကို ရခိုင်နိုင်ငံရေး ပါတီ တစ်ခုအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ပထဆုံး အကြိမ် လူသိ
ရှင်ကြား ကျင်းပခဲ့ခြင်း ဖြစ်ပြီး အခမ်းအနား ကျင်းပရာ ရုံးအနီးတ၀ိုက်တွင် လုံခြုံရေးများ အပြည့် ချထားသော်လည်း တစုံတရာ တားမြစ်ခြင်း မရှိခဲ့ကြောင်း
သိရသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအနေဖြင့် ဆရာတော် ဦးဥတ္တမ အခမ်းအနား အား ပါတီဥက္ကဌ ဦးအေးမောင် အပါအ၀င်ဗဟိုကော်မတီဝင် ရှစ်ဦးတို့ဖြင့်
စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဆရာတော် အရှင် ဦးဥတ္တမ ရုပ်ထုတော်အား ဂါဝရပြု ပန်းခွေချပြီး အခမ်းအနား စတင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရခိုင်ပြည်နယ်
ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုချက် မပေးခဲ့ကြောင်း သိရသည်။
စစ်တွေရှိ ဆရာတော် ဦးဥတ္တမ ပန်းခြံမှာ လုံခြုံရေး အရ တင်းကျပ်ထားသော နယ်မြေ ထဲတွင် ပါဝင်သဖြင့် ပါတီ အဖွဲ့အစည်းများ အနေဖြင့် စုဝေးခွင့် မရှိဟု ဆိုကာ
ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ခဲ့သည်ဟု သိရသည်။ စက်တင်္ဘာလ ၉ ရက်နေ့ တွင် ဦးဥတ္တမ ပန်းခြံအား ၀င်းတံခါးအား မည်သူမျှ
မ၀င်နိုင်အောင် ပိတ်ထား ခဲ့သည်ဟု မျက်မြင်များက ပြောသည်။

34 Freedom fighter အသင်း ဗိုလ်လုပွဲတက်
9/10/2010
Adjust font size:

အိန္ဒိယ နိုင်ငံ Presidenytial Jail အကျဉ်းထောင်ထဲတွင် ပြုလုပ်နေသော Interward 2010 Friendship Fottball Tournment 2010 ဘော်လုံးပြိုင်ပွဲတွင် 34

Burmese Freedom fighter ဘော်လုံးအသင်းသည် ဗိုလ်စွဲမည်ဟု ခန့်မှန်းထားသော အကောင်းဆုံး ဘော်လုံးအသင်းကို နိုင်ပြီး ဗိုလ်လုပွဲသို့ တက်သွားပြီ
ဖြစ်ကြောင်း သတင်း ရရှိသည်။
ထောင်ထဲနှင့် အဆက်အသွယ်ရှိသူ ရခိုင် လူငယ် တစ်ဦးက “ သူတို့ ဆီးမီးဖိုင်နယ် ပွဲစဉ်မှာ အသင်းတွေထဲမှာ အကောင်းဆုံး ဖြစ်တဲ့ Supermo ဘော်လုံး
အသင်းနဲ့ စက်တင်္ဘာလ ၈ ရက်နေ့က ကန်ရတယ်လေ။ သုံးဂိုးစီနဲ့ သရေ ဖြစ်နေတဲ့ အတွက် ပင်နယ်တီ ကန်တဲ့အခါ 34 freedom Fighter အသင်းက
အနိုင်ရသွားပါတယ်” ဟု ပြောသည်။
အဆိုပါ ဘော်လုံးပွဲသို့ ထောင်သား ၃၀၀ နီးပါး လာရောက်ကြည့်ရှု့ခဲ့ကြပြီး မြန်မာနိုင်ငံမှ တော်လှန်ရေး သမားများဖြင့် ဖွဲ့စည်းထားသော 34 Freedom fighter
အသင်းကို တခဲနက် အားပေးခဲ့ကြသည်။
“ ထောင်သားတွေ အကုန်လုံးက သူတို့ကို မြန်မာနိုင်ငံက လွတ်လပ်ရေး ကြိုးပမ်းနေတဲ့ တော်လှန်ရေး သမားတွေဆိုပီး သိထားကြတယ်လေ။ အိန္ဒိယ အစိုးရက
လိမ်လည် လှည့်ဖျားပီးတော့ မတရား ဖမ်းဆီးထားတယ် ဆိုတာကိုလည်း သူတို့ ကြားထားကြတယ်။ ဖမ်းဆီးခံထားရတဲ့ အချိန်ကလည်း ဆယ်စု နှစ်
တခုကိုတောင်ကျော်သွားပီ ဆိုတော့ ထောင်သားတွေက ကိုယ်ချင်းစာ ကြတယ်လေ။ ဒါကြောင့် သူတို့ အသင်းကို ထောင်သား အများစုက တခဲနက်
အားပေးခဲ့ကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
Supermo အသင်းတွင် နိုင်ဂျီးရီးယားမှ ဘော်လုံးသမား နှစ်ဦးပါဝင်ပြီး ပြိုင်ပွဲထဲမှ အကောင်းဆုံး ဘော်လုံး အသင်းဖြစ်သဖြင့် အဆိုပါ ဘော်လုံး အသင်းကို
နိုင်ပြီးနောက် မြန်မာနိုင်ငံမှ 34 Freedom fighter အသင်းမှ ထောင်ထဲတွင် အောင်ပွဲခံခဲ့ကြသည်ဟု သိရသည်။
ဗိုလ်လုပွဲကို လာမည့် စက်တင်္ဘာလ ၁၈ ရက်နေ့တွင် ကန်ရမည် ဖြစ်ပြီး ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ကန်ကြမည့် ထောင် Warders အသင်းနှင့် Twister-B
ဘော်လုံးအသင်းတို့မှ နိုင်သည့် အသင်းနှင့် ဗိုလ်လုပွဲတွင် တွေ့ကြမည် ဖြစ်သည်။
ယခုပြုလုပ်နေသော ဘော်လုံးပွဲကို အိန္ဒိယ အန်ဂျီအို တခု ဖြစ်သည့် Satyam Seva Kenfra နှင့် အိန္ဒိယ နိုင်ငံမှ နာမည်ကြီး ဘော်လုံး ကလပ် အသင်း
တစ်ခုဖြစ်သာ Rotary Club of Culcutta Metropolitan တို့က စီစဉ် ကျင်းပပေးခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ်က ဧပြီလ အတွင်းကလည်း အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလာပြည်နယ် အားကစားနှင့် လူငယ်လည်းဖြစ် ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးလည်း
ဖြစ်သော Subhal Chakari သည် ရခိုင်တော်လှန်ရေးသမားများ လွတ်မြောက်ရေး အတွက် လုံဆော်စည်းရုံးသည့် အနေဖြင့် ကာလကတ္တား ဘော်လုံးကွင်း
တစ်ခုတွင် ရခိုင် တော်လှန်ရေးသမားများနှင့် ချစ်ကြည်ရေး ဘော်လုံးပြိုင်ပွဲ တစ်ခုကို ကျင်းပပေးခဲ့သည်။ အဆိုပါ ဘော်လုံးပွဲသို့ ဘင်္ဂလာပြည်နယ် ၀န်ကြီး
ခုနှစ်ဦးနှင့် လူပေါင်း တစ်သောင်း လာရောက်ကြည့်ရှု့ခဲ့ကြပြီး အဆိုပါ ဘော်လုံးပွဲတွင် အဆိုပါ ၀န်ကြီးမှ တော်လှန်ရေး သမား ၃၄ ဦးကို ချွင်းချက်မရှိ ပြန်လည်
လွတ်ပေးရန် အိန္ဒိယ ဗဟိုအစိုးရကို တောင်းဆိုခဲ့သည်။
အဆိုပါ 34 freedom Fighters ဘော်လုံးအသင်းမှာ လွန်ခဲ့သော ၁၉၉၈ ခုနှစ်ကတည်းက ဗိုလ်ရာဇာနှင့် အတူ ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ရန်
လာစဉ် ဖမ်းဆီး ခံထားရသော ရခိုင်နှင့် ကရင် ၃၄ ဦး အထဲမှ အကောင်းဆုံး ဘော်လုံးသမားများဖြင့် ဖွဲ့စည်းထားသော အသင်း ဖြစ်သည်။
http://www.narinjara.com/burmese.asp

လဲချား၌ ကြံ့ဖွတ်ပါတီ ရှင်းလင်းပွဲဆင့်ခေါ်သော်လည်း တက်ရောက်သူနည်း
Friday, 10 September 2010 18:51 မွေခေါင်

သျှမ်းပြည်တောင်ပိုင်း လိုင်းခါ့(လဲချား)မြို့သို့ ကြံဖွတ်ပါတီစည်းရုံးရေးဆင်းစဉ် ရပ်ကွက်အကြီးအကဲများမှတဆင့် ဆင့်ခေါ်ခိုင်းသော်လည်း
မြို့ခံပြည်သူများတက်ရောက်ကြခြင်းမရှိကြောင်း စုံစမ်းသိရှိရပါသည်။

“ရပ်ကွက်လူကြီးတွေနဲ့ခေါ်ခိုင်းတာလေ။ ပြည်သူမှစိတ်မ၀င်စားတာ။ လာတက်တဲ့သူ ၁၀ ယောက်တောင်မပြည့်ဘူး။ ရပ်ကွက်လူကြီးတွေကိုမာန်မဲတော့
သူတို့သွားပြောတာဘဲ။ ရပ်ကွက်သားတွေမလာတက်တော့ သူတို့လဲမတတ်နိုင် ဘူးလို့ပြန်ပြောတယ်” ဟု လဲချားဒေသခံတစ်ဦးကပြောပါသည်။
သြဂတ်စ် ၄ ရက် ကြံ့ဖွတ်ပါတီကစည်းရုံးရေးဆင်းမည်ဟု ရပ်ကွက်အကြီးအကဲများအားအကြောင်းကြားခဲ့၏။ ဘုန်းကြီးကျောင်း၌စုဝေးကြရန်
ရပ်ကွက်အကြီးအကဲများမှတဆင့်သွားရောက်ပြောဆိုခိုင်းခြင်းဖြစ်သည်။

“စာဖတ်ပေဖတ် သတင်းနားထောင်ပြီးဗဟုသုတရှိတဲ့ မြို့သူမြို့သားတွေကတော့ သူတို့ရဲ့အခွင့်အရေးကို အသုံးချတတ်လာပြီ။

ကျားဖြူပါတီစည်းရုံးရေးဆင်းရှင်းလင်းဟောပြောရတဲ့ တချို့မြို့ငယ်တွေမှာလဲ မိမိတို့အခွင့် အရေးကို နားလည်သဘောပေါက်လာပြီး အသုံးချတတ်
ဆုံးဖြတ်တတ်လာပြီ။ ကြံ့ဖွတ်ပါတီရဲ့သြဇာအာဏာလဲ မကြောက်ကြတော့ဘူး” ဟု လေ့လာသုံးသပ်သူတစ်ဦးကပြောဆိုသည်။
သို့သော်အချို့ကျေးလက်ဒေသတွင် ကြံ့ဖွတ်ပါတီသြဇာအာဏာကိုကြောက်နေကြသေးကြောင်း၊ ကျေးရွာသူကြီးများ အား
လူဦးရေသတ်မှတ်ပေးကာပါတီဝင်ရှာဖွေခိုင်းသောကြောင့် မသိနားမလည်သောရွာသူရွာသားများလည်း ကြံ့ဖွတ် ပါတီဝင်ဖြစ်ရကြောင်း၊
ကျားဖြူပါတီရှင်းလင်းဟောပြောပြီးနောက် ကျေးလက်လူထုအား ကြံ့ဖွတ်ပါတီမစည်းရုံးနိုင် တော့သောကြောင့်
ထိုကဲ့သို့ရပ်ရွာလူကြီးများအားအသုံးချခြင်းဖြစ်ကြောင်း ၎င်းကဆက်ရှင်းပြသည်။
ကြံ့ဖွတ်ပါတီသြဇာအာဏာသုံးကာ ပြည်သူတို့ဆန္ဒမေးမြန်းခြင်းမရှိဘဲ အတင်းအဓမ္မပါတီဝင်ခိုင်းကြောင်း၊ သို့သော်
မိမိတို့၏အခွင့်အရေးကိုသေချာစွာသိရှိအသုံးချရန်လိုကြောင်း၊ ရှင်းလင်းပြောပြလျှင်နားလည်သဘောပေါက်လာကြ ကြောင်း ၎င်းကဆက်လက်ပြောပြပါသည်။

“ကျနော်တို့ရဲ့နာမည်၊ မှတ်ပုံတင်တွေယူသွားပြီး ကြံ့ဖွတ်ပါတီထဲအတင်းအဓမ္မ၀င်ခိုင်းရင်လဲ ကျနော်တို့မစိုးရိမ် မကြောက်တော့ပါဘူး။ ကျနော်တို့

ရွေးကောက်ပွဲရက်ကျရင် မဲသွားပေးချင်လဲရတယ်။ မပေးချင်လဲရတယ်။ ကိုယ်ကြိုက်တဲ့ပါတီကိုမဲပေးနိုင်တယ်။ ဒါဟာကျနော်တို့ရဲ့အခွင့်အရေးဘဲ” ဟု
လဲချားမြို့ခံတစ်ဦးကပြောပါသည်။

“သတင်းထဲမှာ လားရှိုးကြံ့ဖွတ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာစိုင်းမောက်ခမ်းက “နှလုံးသား

ထက်ဦးနှောက်ကိုသုံးရမယ်”လို့ပြောတာကြားဖူးတယ်။ သူ့ကိုယ်ပိုင်ဦးနှောက်ကိုသူဘယ်လိုဘဲသုံးသုံး သူများခိုင်းစေ ညွှန်ကြားတဲ့အတိုင်းလိုက်လုပ်ရတာပါဘဲ။
သူများကြိုးဆွဲရာလိုက်ကရတဲ့ရုပ်သေးပါဘဲ” ဟု ကြံ့ဖွတ်ပါတီအား မဲမပေးရန်ဆုံးဖြတ်ထားသူလွိုင်လင်လူငယ်တစ်ဦးကပြောဆိုပါသည်။

အပစ်ရပ် နယ်ခြားတလျှောက်ရှိ တပ်စခန်းများအား လားရှိုးတိုင်းမှူးသစ် ကွင်းဆင်းစစ်ဆေး
Thursday, 09 September 2010 17:46 မွေခေါင်

အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေနှင့် ၀ နယ်ခြားတလျှောက်ရှိတပ်စခန်းများအား လားရှိုးအခြေစိုက် ရမခ တိုင်းမှူးနှင့် တန့်ယန်းဗျူဟာမှူးတို့
ကွင်းဆင်းစစ်ဆေးနေကြောင်း စုံစမ်းသိရှိရပါသည်။

“စက်တင်ဘာ ၇ ရက် လားရှိုးရမခတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဇော တန့်ယန်းကိုရောက်တယ်။ နောက်တစ်နေ့ နေ့လည်ပိုင်း

တန့်ယန်းဗျူဟာမှူးဗိုလ်မှူးကြီးခိုင်ဇော်နဲ့အတူ ကားဆယ်စီးလောက် မိုင်းကောင်(၀်) အခြေစိုက် ခလရ ၃၃ တပ်ရင်းကိုခရီးဆက်တယ်။ ညနေ ၃း၀၀ နာရီလောက်
အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ် မြေနဲ့မျက်နှာချင်းဆိုင် မိုင်းကောင်(၀်)တပ်စခန်းကိုသွားစစ်ဆေးတယ်”ဟု တန့်ယန်းရောက်မိုင်းကောင်(၀်)ဒေသခံ
တစ်ဦးကပြောပါသည်။

တိုင်းမှူးသစ်သည် ခလရ ၃၃ တပ်ရင်းရှိ ဆေးရုံကိုလည်းစစ်ဆေးကြောင်း၊ ခလရ ၃၃ တပ်ရင်းအား တန့်ယန်းမြို့နယ်ရှိ ပြည်သူ့စစ်များအား ကားလမ်း၊
ကားလမ်းတလျှောက်တံတားကြီးငယ်အားလုံးနှင့် သံလွင်ကူးတို့ဆိပ်တိုင်း လုံခြုံရေးယူ ကင်းစောင့်ရန်ညွှန်ကြားခိုင်းကြောင်း၊ ညနေ ၄း၃၀ နာရီ
မိုင်းကောင်(၀်)မှတန့်ယန်းသို့ ပြန်လည်ထွက်ခွါကြောင်း ၎င်းကဆက်လက်ပြောပါသည်။
ယနေ့ နံနက် ၉း၀၀ နာရီကျော် လားရှိုးတိုင်းမှူးနှင့်တန့်ယန်းဗျူဟာမှူးတို့အဖွဲ့ ကားဆယ်စီးဖြင့် သံလွင်မြစ်ကူးတံတား တာ့ကောင်းအက်မှတဆင့် အရှေ့ဘက်ကမ်းရှိ
ဝ နယ်ခြား(လွယ်ပန်ဇုံ ၀ တပ်စခန်းနှင့်မျက်နှာချင်းဆိုင်) နအဖတပ်၏ အကြီးဆုံးခံတပ်လွယ်ပန်လုံတပ်စခန်းအား သွားရောက်စစ်ဆေးသည်ဟုသိရှိရသည်။
တန့်ယန်း-မိုင်းကောင်(၀်)-နမ့်လောဝ်းကားလမ်း၊ သံလွင်ကူးတို့ဆိပ်ဆင်းကားလမ်းနှင့် ကူးတို့ဆိပ်တို့၌ လားဟူပြည်သူ့ စစ်များအား ၂၄ နာရီကင်းစောင့်ခိုင်းကာ
အခွင့်အာဏာအပြည့်ပေးထားသောကြောင့် အနီးတ၀ိုက်ရှိကျေးရွာများထံမှ စားနပ်ရိက္ခာများဆင့်ဆိုနေသည်ဟု တန့်ယန်းဒေသခံတစ်ဦးက
ဤကဲ့သို့ပြောပြပါသည်။

“ပန်မူကူးတို့ဆိပ်မှာစောင့်တဲ့ ဂျထောဦးဆောင်တဲ့ လားဟူပြည်သူ့စစ် ၁၅ ယောက်နဲ့ ပိန်းဖိကူးတို့ဆိပ်မှာစောင့်တဲ့ ဂျထီးဦးဆောင်တဲ့လုပ်ရှားရဲအဖွဲ့က

နားကော်ကျေးရွာအုပ်စု ပိန်းယောင်းရွာ၊ ကောင်းကော်ရွာနဲ့ ကောင်းမူးရွာ တွေကနေ ဆန်၊ ကြက်တွေအလကားတောင်းစားတယ်။ တစ်ခါကိုကြက်သား ၂-၃
ပိဿာအဓမ္မတောင်းတယ်”

ဂျဟယ်ဦးဆောင်သော မိုင်းကောင်(၀်) ပြည်သူ့စစ်က နမ့်ပန်တံတား၊ ဂျဟဲ့ ဂျနူးဦးဆောင်သော ပြည်သူ့စစ်က နမ့်လောဝ်း -မိုင်းကောင်(၀်) ကားလမ်းရှိ
နမ့်ပင်ပန်အနီး၊ ဂျညီး ဂျဟယ် ဦးဆောင်သောလုပ်ရှားရဲအဖွဲ့က နမ့်လောဝ်း-ပန်ဟိုင်း-မိုင်းကောင်(၀်) ကားလမ်းရှိ လွယ်ဖာဖင့်အရပ်၊ ဂျညီး ယောစု
ဂျထီးဦးဆောင်သော လူသူလက်နက်အင်အား ၈၀ ခန့်ရှိ လုပ်ရှားရဲအဖွဲ့က မိုင်းကောင်(၀်)တောင်ဘက် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေသွားလမ်း
နောင်ဟျိုးဂိတ်၌အသီးသီး စောင့်ကြပ်ကြသည်။
မိုင်းကောင်(၀်) အခြေစိုက် ခလရ ၃၃ တပ်ရင်းမှူးဗိုလ်မှူးကြီးကျော်ကျော်နိုင်လည်း ဧပြီ ၂၄ ရက်မှယနေ့တိုင် တန့်ယန်းမိုင်းကောင်(၀်)ပြေးလိုင်းကားနှင့်ကိုယ်ပိုင်ကားများအား တစ်ရက်လျှင် ၂ စီးကျချောဆွဲပြီး မိုင်းကောင်(၀်) တပ်စခန်း အတွင်း
နေ့စဉ်သွားရောက်စောင့်ခိုင်းသည်ဟုဆိုသည်။
http://www.mongloi.org/burmese

စစ်အစိုးရပိုင် သတင်းစာ များတွင် ပဲခူးမြို့ရှိ လူငယ် နှစ်ဦးအား သတ်ဖြတ်မှု ကို လွဲမှားစွာ ဖော်ပြ
အသက် ၁၉ နှစ် အရွယ်ရှိ မောင်စိုးပိုင်ဇော် နှင့် အသက် ၂၃ နှစ် အရွယ်ရှိ မောင်အောင်သူဟိန်း တို့ နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှု ကျူးလွန်သူ
လုံခြုံရေး အရာရှိ နှင့် စစ်သည်များအား အရေးယူမည် ဖြစ်ကြောင်း စစ်အစိုးရပိုင် ယနေ့ထုတ် မြန်မာ့အလင်း နှင့် ကြေမုံ သတင်းစာ များတွင် ဖော်ပြ ထားသည်
သို့သော်

အမှုဖြစ်စဉ်

အကြောင်းအရာ

များကို

ထိုသတင်းစာ

များတွင်

ကွဲလွဲစွာ

ရေးသား

ထားသည်ကို

တွေ့ရှိရသည်။

ထိုသတင်းစာများတွင် ဖော်ပြထားသော အမှု ဖြစ်စဉ်မှာ ပဲခူးဘူတာ လုံခြုံရေး တာဝန်ယူ ထားသည့် တပ်ဖွဲ့မှ အရာရှိ တစ်ဦး နှင့် အခြား တပ်မှ အရာရှိ
တစ်ဦးတို့သည် ဘီယာ သောက်ပြီး ဆိုင်ကယ် ကယ်ရီဖြင့် ဘူတာသို့ ပြန်လာစဉ် စက်တင်ဘာ ၄ ရက်ည ၁၀ နာရီ ၀န်းကျင်တွင် ပဲခူးမြို့မှ လူငယ် ၇ ဦး စီးနင်း
လိုက်ပါ လာသည့် သုံးဘီး ဆိုင်ကယ် နှင့် ပွတ်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း၊ ထိုသို့ ပွတ်တိုက် မှုကြောင့် ဆိုင်ကယ် လဲသွားစဉ် လူငယ် ၇ ဦး နှင့် အရာရှိ နှစ်ဦးတို့
ခိုက်ရန် ဖြစ်ပွား ခဲ့ကြောင်း၊ လူငယ် ၇ ဦးမှာ အရက်သေစာ သောက်စား ထားကြောင်း ထို့နောက် အဖော်ပါလာသူ အရာရှိသည် ထွက်ပြေးပြီး ပဲခူး ဘူတာရှိ
လုံခြုံရေး စစ်သည်များအား သွားရောက် အကြောင်းကြား ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ အရာရှိ နှင့်အတူ လုံခြုံရေး စစ်သည် ၄ ဦး ပြန်လည် ရောက်ရှိ လာရာ
မြလမ်း ထိပ်တွင် အခင်းဖြစ်ရာ၌ ပါဝင် ခဲ့သည့် လူငယ် ၇ ဦး နှင့် ပြန်လည် ဆုံတွေ့ကာ ထပ်မံ ခိုက်ရန် ဖြစ်ပွား ခဲ့ကြောင်း ၊လုံခြုံရေး စစ်သည် တစ်ဦးက
သေနတ်ဖြင့် ပစ်ခတ် ခဲ့သည့် အတွက် မောင်စိုးပိုင်ဇော် (၁၉နှစ)် နှင့် မောင်အောင်သူဟိန်း (၂၃နှစ)် တို့ သေနတ် ထိမှန် ဒဏ်ရာရရှိ သေဆုံး ခဲ့ကြောင်း
မှားယွင်းစွာ

ဖော်ပြထားသည်ကို

တွေရှိရသည်။

သေဆုံး ခဲ့သည့် လူငယ် နှစ်ဦးအား စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ဆင်ဖြူကွင်း သုသာန်၌ င်္သဂြိုဟ် ခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ
ကလည်း သေဆုံးသူ လူငယ် နှစ်ဦး၏ မိသားစုဝင်များအား သွားရောက် တောင်းပန် ခဲ့ကြောင်း နှင့် ယခု ဖြစ်စဉ် နှင့် ပတ်သက်၍ နောက်ကွယ်မှ လှုံ့ဆော်မှုများ
ကိုလည်း အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တို့ပါ ဖော်ပြထားသည်။

၁၀ . ၉ . ၂၀၁၀
http://www.hanthawaddy.org/

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်မှာ ကြိုတင်စည်းရုံးနေ
2010-09-10
ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီးတဲ့နောက်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ တရားဝင် မဲဆွယ်စည်းရုံးခွင့်
ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ အခုကတည်းက အများပြည်သူပိုင် ဓမ္မာရုံ၊ စာကြည့်တိုက်တွေ
အသုံးပြုပြီး စည်းရုံးဟောပြောနေပြီလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။

(Photo Courtesy of RNDP)
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ စစ်တွေမြို့နယ် ရုံးဖွင့်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo Courtesy of RNDP)
“ကျွန်တော်တို့ သတင်းပို့ကြတဲ့ အချက်အလက်အရလေ၊ ညနေပိုင်း ကျွန်တော်တို့ဆီကျတော့ ညပိုင်းလောက်ပဲ မီးလာတာကိုး၊ ၇ နာရီကနေ ၁၁ နာရီကြားပဲ
မီးရပါတယ်။ ၇ နာရီလောက်မှာ တချို့ ဓမ္မာရုံတို့၊ တချို့က စာကြည့်တိုက်တို့ကို တချို့ဆိုရင် အဲဒီ ဘုရား ပရဝုဏ်၊ ဘုရား ပရဝုဏ်လည်း ပါပါတယ်။ ဟို အဲဒါတွေမှာ
သူတို့ ကြိုတင်ပြီးကာမှ မြို့နယ်က ရပ်ကွက်ကပေါ့နော်၊ လူထုကို ဖိတ်ပြီးကာမှ အခမ်းအနား လုပ်တယ်၊ ကိုယ်စားလှယ်လောင်းတွေကလေ တဦးချင်း
စကားပြောကြတယ် ဆိုတာတော့ ကျွန်တော်တို့ ကြားပါတယ်ခင်ဗျ။”
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ နည်းဥပဒေတွေကို လိုက်နာမှာ ဖြစ်ပြီး သတ်မှတ်တဲ့ အချိန်ရောက်မှ
စည်းရုံးရေးလုပ်ငန်းတွေ စတင်မှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြဌာန်းချက်တွေအရဆိုရင် ပါတီကိုယ်စားလှယ်လောင်းတွေဟာ အများပြည်သူကို စည်းရုံးဟောပြောဖို့ သက်ဆိုင်ရာ
ကော်မရှင်ရုံးတွေဆီ တပတ်ကြို အကြောင်းကြားရပြီး ခွင့်ပြုချက်ယူရပါတယ်။ ဒါပေမဲ့ အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ လိုက်နာတာမျိုး မရှိသလို
ကော်မရှင်ဘက်ကလည်း အရေးယူ ဆောင်ရွက်တာမျိုး မရှိဘူးလို့ ပြိုင်ဖက် နိုင်ငံရေးပါတီတွေက ပြောဆိုနေကြပါတယ်။

ထိုင်းငါးဖမ်းပိုက်စက်ရုံမှ မြန်မာများ သုံးရက်မြောက် ဆန္ဒပြနေဆဲ
2010-09-10
ယာယီ နိုင်ငံကူးလက်မှတ်တွေ ပြန်ထုတ်ပေးဖို့ စက်တင်ဘာ ၈ ရက်နေ့ကစပြီး ထိုင်း-လာအိုနယ်စပ်နားက ခေါန်ကန်မြို့ ထိုင်းငါးဖမ်းပိုက် စက်ရုံမှာ ဆန္ဒပြနေကြတဲ့
မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ စက်တင်ဘာ ၁၀ ရက် ဒီကနေ့အချိန်ထိ ၃ ရက်ကြာ ဆက်လက် ဆန္ဒပြနေဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

(Photo: Map Foundation based in Thailand)
ထိုင်းနိုင်ငံ ခေါန်ကန်မြို့ ထိုင်းငါးဖမ်းပိုက် စက်ရုံမှာ စက်တင်ဘာ ၈ ရက်မှ စတင် ဆန္ဒပြနေကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ပါသည်။ (Photo:
Map Foundation based in Thailand)
မြန်မာအလုပ်သမား ၆ ဦးကို အလုပ်ထုတ်လိုက်ရာက ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။
ဆန္ဒပြရာမှာ ပါဝင်တဲ့ စောကပေါ်ဆေးက နောက်ဆုံးအခြေအနေကို အခုလို ရှင်းပြပါတယ်။
“အလုပ်ထုတ်လိုက်တဲ့လူကို သူတို့က အဲဒီ ပတ်စပို့ပဲ ပေးတယ်၊ လျော်ကြေး မပေးပါဘူးခင်ဗျာ။ အခုထက်ထိတော့ သူတို့ ထွက်မသွားသေးပါဘူးခင်ဗျာ။ ဘာလို့
ထွက်မသွားသေးလဲဆိုတော့ သူတို့ လက်ထဲမှာ ရောက်နေတဲ့ ယာယီ ပတ်စပို့က လုံးဝ အစစ်အမှန် မဟုတ်တော့တဲ့အတွက် သူတို့ မသွားရဲပါဘူးခင်ဗျ။
အဲဒီအကြောင်းကြောင့် သူတို့ ဆက်ပြီး နစ်နာကြေးတွေ တောင်းနေပါတယ်ခင်ဗျာ။ ဒါပေမဲ့ သူတို့ဖက်က ဘာမှ တုံ့ပြန်မှု မရှိသေးပါဘူး။ ကျွန်တော်တို့ လှုပ်ရှားမှု
အခုချိန်ထိ သုံးရက်ရှိနေပါပြီခင်ဗျာ။”
အလုပ်အထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ယာယီနိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်တွေကို အလုပ်ရှင်က ပြန်ပေးချိန်မှာ အဲဒီ ပတ်စ်ပို့စာအုပ်
သက်တမ်းကုန်ဆုံးမဲ့ ရက်စွဲ ပျက်ပြယ်သွားအောင် ထိုင်းအလုပ်ရှင်က မင်နဲ့ ရေးခြစ်ထားတာကြောင့် ကျန်တဲ့မြန်မာအလုပ်သမားတွေ သူတို့ရဲ့ ယာယီ
နိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်ပြီး စိုးရိမ်လာရာက အခုလို ဆက်တိုက် ဆန္ဒပြ တောင်းဆိုနေခြင်း ဖြစ်ကြောင်း အလုပ်သမားတွေက RFA ကို ပြောပါတယ်။
မနေ့တုန်းကတော့ ထိုင်းနိုင်ငံ အလုပ်သမားအရေး ကာကွယ်စောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေးဌာန တာဝန်ရှိသူ မစ္စတာ ဝမ်ပေါ့က အလုပ်သမားတွေကို လာရောက်

တွေ့ဆုံမေးမြန်းမှုတွေ ရှိခဲ့ပါတယ်။ မစ္စတာ ဝမ်ပေါ့ကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ မြန်မာအလုပ်သမားတွေဟာ ထိုင်း လဝက အာဏာပိုင်တွေကို ရက်
၉၀ အတွင်း တခါ အကြောင်းကြားနိုင်ဖို့ သူတို့ရဲ့ ယာယီနိုင်ငံကူး လက်မှတ်တွေကို ပြန်လိုချင်နေကြကြောင်း ၊ အလုပ်အထုတ်ခံရသူတွေဟာ အလုပ်ကို
ပုံမှန်မဆင်းတာကြောင့် အလုပ်ရှင်က အလုပ်ထုတ်ခဲ့တာဖြစ်ကြောင်း၊ မြန်မာအလုပ်သမားတွေဟာ အဲဒီစက်ရုံမှာ ထိုင်းအလုပ်သမားတွေ နည်းတူ တနေ့လုပ်ခ
ထိုင်းဘတ်ငွေ ၁၅၇ ဘတ်စီ ပေးကြောင်း ၊ ဆန္ဒပြသူဦးရေဟာ ၁၀ဝ လောက်သာ ရှိကြောင်း စသဖြင့် ဖြေကြားခဲ့ပါတယ်။
မြန်မာအလုပ်သမားတွေကို RFA က ဆက်သွယ် မေးမြန်းချက်အရ ထိုင်းအလုပ်သမားတွေကို လုပ်ခ တနေ့ ထိုင်းဘတ်ငွေ ၂၀ဝ ကျော်ပေးပြီး ၊ မြန်မာတွေကိုတော့
အချိန်ပိုကြေး အပါအဝင် ဘတ် ၁၇၀ သာ ပေးကြောင်း ၊ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၆ ဦးထဲက တချို့ဟာ အကြောင်းမဲ့ အလုပ်ထုတ်ခံရကြောင်း ၊ အခု
အချိန်အထိ ဆန္ဒပြနေသူဦးရေ ၅၀ဝ ဝန်းကျင် ရှိနေဆဲဖြစ်ကြောင်း ပြောဆိုပါတယ်။
မြန်မာအလုပ်သမားတွေ ဆန္ဒပြနေတဲ့ နောက်ဆုံး အခြေအနေ သိရအောင် ဆန္ဒပြနေသူတဦးကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က
ဆက်သွယ်မေးမြန်းထားပါတယ် ။

က




်ေ

ြး

န်



က
်။


ံဖို
င်

ူရ
န်

ကလေးစစ်သား ရဲဘက်စခန်း ရောက်
2010-09-10
ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီးနောက် အခု ရဲဘက်စခန်းတခုကို ရောက်နေတဲ့ လူငယ်တယောက်အမှုနဲ့ ပတ်သက်ပြီး ရန်ကုန် အိုင်အယ်လ်အို ရုံးခွဲက
အဲဒီလူငယ်ကို လွှတ်ပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။

(Photo: AFP)
နအဖစစ်အစိုးရ၏ စစ်တပ်မှ အစောင့်တာဝန်ကျနေသော တပ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)
အဲဒီ မောင်ကျော်စွာဝင်းဟာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး၊ ၁၉၈၉ ခုနှစ် သူ ၁၄ နှစ်သားအရွယ် ၇ တန်းကျောင်းသားဘဝက
အထက(၃) မြောက်ဥက္ကလာပမှာ ကျောင်းသွားနေတုန်း ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာ ကျန်းမာရေး ဆိုးဝါးလို့ရန်ကုန်တိုင်း
မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ဆေးရုံက ဆင်းပြီးတဲ့အချိန် စစ်တပ်ကို ပြန်လည်သွားခြင်း မရှိတော့ပဲ မိသားစုဝင်တွေနဲ့အတူ
မြောက်ဥက္ကလာပမှာ ပြန်နေထိုင်ခဲ့ပါတယ်။
ဒီနှစ်မတ်လမှာ စစ်တပ်က လာရောက် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၄ နှစ်နဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က လှေလှော်အင်း ရဲဘက်စခန်းမှာ ရောက်ရှိနေပါတယ်။
ဒီအမှုကို အိုင်အယ်လ်အိုရုံးခွဲမှာ ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်မေဝင်းက အိုင်အယ်လ်အို ရုံးခွဲအနေနဲ့ စစ်အစိုးရထံ လွှတ်ပေးဖို့
တင်ပြထားပြီး ဖြစ်ပေမဲ့ အခုအချိန်အထိ ပြေလည်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
“အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ်ဆိုပြီး ချလိုက်ပြီ။ အင်းစိန်၊ အင်းစိန်ကနေပြီးတော့ အခု ဝက်လက် လှေလှော်အင်းစခန်းကို ပို့လိုက်တာပါ။ အဲဒီ ပို့လိုက်တဲ့
အချိန်ကမှ ကျွန်မတို့က ILO သွားတင်ပြတယ်။ ဒီလိုဒီလိုပဲ နောက်ပြီးတော့ သူက အော်ပရေးရှင်း လုပ်ရမဲ့ ကေ့စ်ကြီးက ဒီရက်ပိုင်းအတွင်းမှာ သူ့ကို မဖမ်းခင်
အတွင်းမှာပဲ ကျွန်မတို့က ဆေးစာတွေ တွဲပြီး တင်ထားတယ်။”

“အဲဒီတော့ ပါးမှာလည်း ပါးပေါက်နာကြီး ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ သူ့ကို အမြန်ဆုံး ပြန်လွှတ်ဖို့၊ မလွှတ်ပေးနိုင်ဘူး ဆိုရင်လည်း ဆေးဝါးကုသပေးဖို့ပေါ့နော်။
အဲဒီတော့ အဲဒီ ILO ကနေပြီးတော့ သူတို့ဆီကို ဆေးဝါးကုသခွင့် ပေးဖို့ဆိုပြီးတော့ ပို့လို့ ကျွန်မတို့ ကိုယ်တိုင်ကလည်းပဲ အဲဒီ တပ်ရင်း ဆက်သွယ်ရေး (၂) မှာ
သွားပြီး အင်းတိုင်မှာ တင်ပြပါတယ်။ကျွန်မ အပါအဝင် သူ့အစ်မရော။ အဲဒီတော့ ဗိုလ်ကြီး သက်ဖြိုးဆွေ ကိုယ်တိုင်က ကျွန်တော်တို့ အထက်ကို
တင်ပြပေးမယ်ဆိုပြီး ဆေးကုသခွင့် မရဘူး။ အခုလည်း ရဲဘက်စခန်းမှာ ကျန်းမာရေးအရ တော်တော် ထိခိုက်နေတယ်။”
မောင်ကျော်စွာဝင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစ်မဖြစ်သူ ဒေါ်နီလာဝင်းက ရဲဘက်စခန်းမှာ သွားတွေ့ခဲ့တဲ့ အချိန်မှာ ကျန်းမာရေး ဆိုးဝါးနေတယ်လို့
ပြောပါတယ်။
RFA မှ ဦးဝင်းနိုင်က ဒီအကြောင်း အသေးစိတ် ဆက်သွယ် မေးမြန်းထားပါတယ်။

က




်ေ

ြး

န်



က
်။


ံဖို
င်

ူရ
န်

ပဲခူး လူငယ် နှစ်ဦးအသတ်ခံရမှု ကြေးမုံသတင်းစာ စွပ်စွဲရေးသား
2010-09-10
ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ စစ်တပ်က ပဲခူးမြို့မှာ ပစ်သတ်ခဲ့တဲ့ လူငယ် ၂ နှစ်ဦး ဖြစ်တဲ့ မောင်စိုးပိုင်ဇော်နဲ့ မောင်အောင်သူဟိန်းတို့
အသတ်ခံရခံမှုနဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။ သတင်းစာထဲမှာ ရေးထားတာကတော့ ပြည်ပမီဒီယာတွေနဲ့ ပြည်တွင်းလူတချို့က ဒီကိစ္စကို နိုင်ငံရေးအရ
အသုံးချတယ်လို့ စွပ်စွဲထားပါတယ်။

(RFA Image)
ပဲခူးမြို့တွင် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်၍ လူငယ်နှစ်ဦး သေဆုံးရသည့် သတင်းကို စစ်အစိုးရ ထုတ်ဝေသည့် စက်တင်ဘာ ၁၀ ရက်နေ့ထုတ်
ကြေးမုံသတင်းစာတွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (RFA Image)
အပိုဒ်တပိုဒ်မှာပါတဲ့ ရေးသားချက်ထဲမှာ "အမှန်မှာ တပ်မတော်နဲ့ ပြည်သူအကြား ဖြစ်ပွားခြင်း မဟုတ်ပဲ တပ်မတော်၌ တာဝန်ထမ်းဆောင် လက်ရှိသည့်
တပ်မတော်သားလူငယ် အချို့နှင့် အရပ်သားလူငယ်အချို့ အရက်သေစာ သောက်စား မူးယစ်ပြီး အဆင်မသင့်၍ ခိုက်ရန်ဖြစ်ပွားခဲ့ကြခြင်းသာ" လို့
ရေးသားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးရှေ့နေ ဦးအေးမြင့်က ဒါဟာ အမှန်တရားကို ဖုံးကွယ်ထား ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
“ဗိုလ်ကြီး သိဒ္ဓိစိုးက တပ်မတော်က တရားဝင် ခန့်ထားတဲ့ ပြန်တမ်းဝင် အရာရှိ။ ဖြစ်သွားတာက ပြည်သူလူထုက မွေးဖွားတဲ့ ရိုးရိုးအရပ်သား။ ဒါ တပ်မတော်နဲ့
ပြည်သူဖြစ်တာ။ ဒါကို ပြောင်ဝန်မခံရဲတာ ဖြစ်တယ်။”
နောက်တပိုဒ်မှာ ရေးသားထားတာကတော့ "ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်မျိုးသာဖြစ်ပြီး" ဆိုပြီး ရေးသားထားပါတယ်။
ရှေ့နေဦးအေးမြင့်က ဒီဖော်ပြချက်နဲ့ ပတ်သက်လို့ အပြစ်မဲ့ လူငယ် ၂ ယောက် သေဆုံးတာကို သေးသိမ်အောင် တာဝန်မဲ့ ရေးသားချက် ဖြစ်တယ်လို့ ပြောပါတယ်။

“ပြည်သူက သတ်မှတ်လိုက်တာက ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုတာ တပ်မတော်က သတ်နေကျဆိုတဲ့ ပုံစံမျိုးပဲ ဖြစ်သွားပြီဗျ။ တပ်မတော်က ဒီလိုပဲ စိတ်မထင်ရင်
သတ်တယ်ဆိုတာကို အထောက်အထား ပြလိုက်သလို ဖြစ်သွားတယ်ဗျ။”
ဒီကိစ္စကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ကြောင်း ဦးအေးမြင့်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စစ်တွေ NLD ဆွမ်းကပ်
2010-09-10
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်စူးပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
အဖွဲ့ဝင်တွေက သံဃာအပါး ၁၂၀ ကျော်ကို စက်တင်ဘာ ၇ ရက် အင်္ဂါနေ့က ဆွမ်းကပ် လှူဒါန်းတယ်လို့ သိရပါတယ်၊

(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀ဝ၂ခုနှစ် ဒီဇင်ဘာလ ရခိုင်ပြည်နယ် စည်းရုံးရေးခရီးစဉ်တွင် မိန့်ခွန်းပြောကြားစဉ် တက်ရောက်လာသော လူထု တစိတ်တဒေသကို
တွေ့မြင်ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒါဟာ ပထမဆုံးအကြိမ် လှူဒါန်းတာလို့ စစ်တွေမြို့နယ် NLD ဥက္ကဋ္ဌ ဦးစံရွှေထွန်းက ပြောပါတယ်၊
“ဒေါ်စု လွတ်မြောက်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆိုပြီးတော့ သံဃာတော် အပါး ၁၂၆ ပါးကို ဆွမ်းလောင်းတယ်ခင်ဗျ။ စစ်တွေမှာ
ပြည်နယ် စည်းကော်မတီနဲ့ မြို့နယ်စည်း ကော်မတီ ဥက္ကဋ္ဌ ပေါင်းပြီးတော့ ပြည်သူလည်း ပါတယ်လေ။ ရပ်ကွက် ဓမ္မာရုံရှေ့မှာ လုပ်ပါတယ်။”
စစ်တွေမြို့က မဟာမုနိ ဗုဒဝ
္ဓိဟာရကျောင်းတိုက် ထူထောင်ပြီး မိဘမဲ့ကလေးတွေကို ထိန်းသိမ်း စောင့်ရှောက်တဲ့ ဦးပညာစာရဟာ အများအကျိုးအတွက်
ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်တဲ့ ပရဟိတ္တဘုန်း ရဟန်းဖြစ်တဲ့အတွက် ထိန်းသိမ်း စစ်ဆေးခံနေရတဲ့ ဆရာတော်ကို ဥပဒေဘောင်အတွင်းကနေ
ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ်က ဆရာတော် ၁၄ ပါးက ရခိုင်ပြည်နယ် တိုင်းမှူးထံ မေတ္တာရပ်ခံစာ တစောင် စက်တင်ဘာ ၁၀ ရက် ဒီနေ့ ပေးပို့လိုက်ပါတယ်၊
ဆရာတော် ဦးပညာစာရကို စွပ်စွဲထားတဲ့ ကိစ္စရပ်တွေဟာ ဝိနည်းတော်အရ အပြစ်ရ-ှိ မရှိကို သက်ဆိုင်ရာ ဝိနည်းဓိုရ်ဆရာတော်တွေက ဆုံးဖြတ်
စီရင်ရမဲ့အကြောင်းလည်း မေတ္တာရပ်ခံစာမှာ ဖော်ပြထားပါတယ်၊
မနေ့က ကျရောက်တဲ့ ဆရာတော် ဦးဥတ္တမ ကွယ်လွန်ခြင်း ၇၁ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ရခိုင်အမျိုးသား တိုးတက်ရေးပါတီက ကျင်းပဖို့
ခွင့်ပြုချက် တောင်းခံပေမဲ့ ခွင့်ပြုချက် မရရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်၊
ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်မပြုရသေးတဲ့ သတင်းအရ စစ်တွေမြို့က ဘုန်းကြီးကျောင်းတွေကို အာဏာပိုင်တွေ ဝင်ရောက် စစ်ဆေးနေတယ်လို့လည်း
သိရပါတယ်၊

မိတ္ထီလာမှာ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက် ဆွေးနွေး
2010-09-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအုန်းကြိုင် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၀ ရက် ဒီကနေ့ မိတ္ထီလာမြို့မှာ မန္တလေးတိုင်း
တောင်ဖက်ခြမ်းရှိ မြို့နယ် အသီးသီးက NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးကြပါတယ် ။

(Photo: AFP)

တူညီဝတ်စုံ ဝတ်ဆင်၍ ရင်ထိုးတံဆိပ် တပ်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
အဲဒီ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ ရွေးကောက်ပွဲကို သတိကြီးကြီးနဲ့ စောင့်ကြည့်ရေး ၊ မဲမပေးပဲ သပိတ်မှောက်ရေးနဲ့ အမျိုးသား
ဒီမိုကရေစီ အင်အားစု (NDF) ပါတီက NLD အဖွဲ့ချုပ်နဲ့ အတူတူလို့ ပြောဆို စည်းရုံးနေတာတွေကို လူထုအကြား ဖြေရှင်းရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ် ။
ဒီကနေ့ ဆွေးနွေးပွဲကို မိတ္ထီလာမြို့နယ် NLD အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးရဲ့ အိမ်မှာ မြင်းခြံ၊ သာစည်၊ ဝမ်းတွင်း၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊
ရမည်းသင်းနဲ့ မလှိုင် စတဲ့ မြို့နယ်တွေက NLD အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၀ဝ နီးပါး တက်ရောက်ကြကြောင်း သိရပါတယ် ။
အဖွဲ့ချုပ် ဗဟိုက ချောင်းဆုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် ၊ ဖားအံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ် နန်းခင်ထွေးမြင့် ၊
ဗဟိုလူငယ်တာဝန်ခံ ကိုမျိုးညွန့်နဲ့ မန္တလေးတိုင်း စည်း ဦးကိုလေးတို့ တက်ရောက်ကြတယ်လို့ သိရပါတယ် ။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA မှ ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

က




်ေ

ြး

န်



က
်။


ံဖို
င်

ူရ
န်
http://www.rfa.org/burmese

ကုန်တင်ကားကြီးများကို သွားလာရေးပိတ်ပင်
Submitted by Karen Information Center on Friday, 10 September 2010No Comment
စက်တင်ဘာလ ၁၀ရက်။ စောခါးစူးညား (ကေအိုင်စ)ီ
မဲဆောက်-မြ၀တီ ချစ်ကြည်ရေး ကုန်သွယ်ရေးတံတားပိတ်ထားသော်လည်း မြ၀တီကားလမ်းတွင် ကုန်တင်ကားနှင့် ခရီးသည် တင်ကားများ ပုံမှန် ပြေးဆွဲလျှက်ရှိရာ
ကုန်ပစ္စည်းများ တင်ဆောင်သည့်ကားများကို ယနေ့ အသွားအလာ ပိတ်ပင်လိုက်သည် ဟု စုံစမ်းသိရှိရသည်။
မြ၀တီမြို့ခံ အမျိုးသမီးတစ်ဦးက “ကုန်တင်ကားတွေ မပြေးတော့ဖို့ ပြီးခဲ့တဲ့လလယ်တုန်းက မြန်မာအာဏာပိုင်တွေက ပြော တာပါ။ အခုလ ၁၀ရက်နေ့
နောက်ဆုံးထားပြီး ၁၀၊ ၁၂ဘီး ကုန်တင်ကားတွေ မပြေးတော့ ပြောထားတာ ရှိတယ်လေ။ ဒါ ကြောင့် ဒီနေ့ မပြေးတော့တာ ဖြစ်တယ်။”ဟု ကေအိုင်စီကို
ပြောဆိုသည်။
ကုန်တင်ကား ပြေးဆွဲမှုများ ပိတ်ပင်လိုက်ခြင်းသည် မဲဆောက်-မြ၀တီတံတားနှင့် ဆက်စပ်မှုရှိသည်ဟု မြ၀တီမြို့ခံများက ယူဆနေကြပြီး အဆိုပါ
ချစ်ကြည်ရေးတံတား မပိတ်မီက မြန်မာနိုင်ငံအတွင်းမှ ဆန်၊ ကြက်သွန်၊ ငရုတ်သီး၊ တိုင်းရင်းဆေး စသည့် ကုန်စုံပစ္စည်းများကို မြ၀တီမှတဆင့် မဲဆောက်မြို့သို့
ပုံမှန် တင်ပို့လျှက်ရှိသည်။
၎င်းအပြင် ထိုင်းနိုင်ငံဘက်ခြမ်းမှ အချိုရည်၊ ဆီ၊ ငါးသေတ္တာ၊ မာမားခေါက်ဆွဲ၊ သကြားလုံး စသည့် လူသုံးကုန်ပစ္စည်းများနှင့် သစ်သီး၊ ပန်းများကိုလည်း
မြ၀တီမှတဆင့် ဆယ်ဘီးနှင့် ဆယ့်နှစ်ဘီး ကုန်တင်ကားကြီးများဖြင့် ကော့ကရိတ်၊ ဖားအံ၊ မော်လ မြိုင်မြို့များသို့ ကားတန်းအတက်အဆင်းတွင် တစ်ရက်ခြား
သယ်ယူပို့ဆောင်ခဲ့ကြသည်။
ဆယ့်နှစ်ဘီးကားဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နေသူတစ်ဦးက “ပြောနေကြတာကတော့ ၁၀ရက်နေ့မှာ ကုန်ကားကြီး တွေကို အောက်ဖက်ကို
ပေးမဆင်းတော့ဘူးတဲ့။ ဒါကြောင့် ကျမတို့လည်း ကိုယ့်ပစ္စည်းတွေကို အမြန်အောက်ဖက်ရောက် အောင် ညဖက်ယူသယ်နေရတယ်လေ။ မှာထားတဲ့ကုန်တွေက
မြ၀တီမှာပဲ တစ်နေရင် ကျမတို့ ဘာမှလုပ်လို့မရတော့ဘူး။ နယ်စပ်မှာ လုပ်စားရတာလည်း မလွယ်ပါဘူး။”ဟု ငြီးငြူပြောဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်၍ မြ၀တီ ကညနရုံးသို့ ကေအိုင်စီက ဆက်သွယ်သော်လည်း ပြန်လည်ဖြေဆိုမည့်သူ မရှိပေ။
ယင်းသို့ ကုန်တင်ကားများ အသွားအလာ မရှိသည့်အတွက်ကြောင့် တနေ့တာ မိသားစုဝင်ငွေအတွက် ထိခိုက်ရကြောင်း သင်္ဃန်းညီနောင်၌
ထမင်းဆိုင်ဖွင့်ထားသည့် ဆိုင်ရှင်အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။
သူမက “အရင်ရက်ကဆိုရင် တစ်ရက်ကို ကျမတို့ ထမင်းရောင်းတာ မြန်မာငွေ ကျပ်တစ်သိန်းလောက် အနည်းဆုံး ရောင်းရ တယ်။ ဒီနေ့ ညနေပိုင်းအထိ
တစ်သောင်းကျော်ပဲ ရသေးတယ်။ ဒီလိုဖြစ်တာ ကျမတို့ စီးပွားရေးအတွက် ထိခိုက်တယ်။ ကုန် တင်ကားတွေ မြန်မြန်ပြန်ပြေးဖို့ ကျမ မျှော်လင့်တယ်။”ဟု
ပြောသည်။
ယခုလ ၁၃ရက်နေ့မှ ၁၇ရက်နေ့အထိ မြန်မာဘက်မှ ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ဂိတ်များ အမြန်ဆုံး ပြန်ဖွင့်နိုင်ရေးအ တွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ

အဆင့်မြင့်ခေါင်းဆောင်များသည် မဲဆောက်မြို့တွင် နယ်ခြားကော်မတီအစည်းအဝေး ကျင်းပရန် ရှိသည်ဟု သိရသည်။
မြန်မာစစ်အစိုးရက သောင်ရင်းမြစ်ကမ်းနံရံကို ထိုင်းဘက်ခြမ်းမှ တည်ဆောက်မှုနှင့် ပတ်သက်၍ အကြောင်းပြကာ ထိုင်း-မြန် မာနယ်စပ် မဲဆောက်-မြ၀တီ
ချစ်ကြည်ရေး ကုန်သွယ်ရေးတံတားနှင့် တရားမ၀င် ဂိတ်ပေါင်း (၂၀)ကျော်ကို ဇူလိုင်လ (၁၈) ရက်နေ့က ပိတ်ထားခဲ့သည်မှာ ယခုဆိုလျှင် နှစ်လနီးပါးရှိပြီ
ဖြစ်သည်။
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀ဦးကျော် ကေအဲန်ယူနှင့် ပူးပေါင်းခဲ့
Submitted by Karen Information Center on Friday, 10 September 2010No Comment

စက်တင်ဘာ ၁၀ရက်။ နန်းဖော့ဂေ (ကေအိုင်စ)ီ
သြဂုတ်လအတွင်း ကရင်ပြည်နယ်တွင် နအဖ၏ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ ကျင်းပပြုလုပ်အပြီး ဒီကေဘီအေမှ နယ်ခြား စောင့်တပ် ဖြစ်သွားကြသည့်နောက်ပိုင်း
ယနေ့အထိ ၎င်းတပ်ဖွဲ့ဝင် ၁၃ဦးသည် ကေအဲန်ယူ တပ်မဟာ(၇)ထံ လာရောက်ပူး ပေါင်းခဲ့ကြောင်း သိရသည်။
ကေအဲန်ယူ လက်အောက်ရှိ ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှ ရုံးထိုင်မှူး ဗိုလ်မှူးစောအဲဆဲဆဲက “ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ကနေ ဒီနေ့အထိဆိုရင်
ကျနော်တို့ တပ်မဟာကို လက်နက်ကျည်ဆံတွေနဲ့အတူ လာရောက်ပူးပေါင်းတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ၁၃ဦး ရှိနေပါပြီ။ ဒီလူတွေ အားလုံးနီးပါးလောက်က
လက်နက်ပစ္စည်းတွေ ပါလာကြတာချည်းပဲ။”ဟု ယမန်နေ့ က ကေအိုင်စီကို ပြောသည်။
ယမန်နေ့ညနေ ၅နာရီခန့်တွင် လက်ရှိ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးစောမောင်ဝင်း ဦးစီးသည့်တပ်ရင်းမှ တပ်ကြပ်ကြီးစော လယ်မူး ၃၄နှစ်၊ စောကျော်မင်းထွန်း
၁၈နှစ်နှင့် စောကျူးနော် ၁၇နှစ်တို့သည် လက်နက် ၇လက်၊ ကျည်ဆံ ၇၀၀ကျော်နှင့်အ တူ ၎င်းတို့ထံ လာရောက်ပူးပေါင်းခဲ့သည်ဟု ကေအဲန်အယ်လ်အေ
တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက ပြောသည်။
သြဂုတ်လ ၂၀ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ မဲပလဲ့ကျေးရွာ၌ ကျင်းပခဲ့သည့် နယ်ခြားစောင့်တပ်ဖွင့်ပွဲကို တက်ရောက်ခဲ့ရသည့် တပ်ကြပ်ကြီးစောလယ်မူးက
“ကျနော်က အရင် ဒီကေဘီအေ အထူးတပ်ရင်း ဗိုလ်မောင်ဝင်းတပ်ဖွဲ့ကပါ။ ကျနော်တို့ကို အထက်အရာရှိက နယ်ခြားစောင့်တပ် အခမ်းအနားရှိတယ်။
သွားရမယ်ပြောတော့ ကျနော်တို့လည်း သွားတက်လိုက်တာပါပဲ။ အခု ကျနော်တို့တပ်ရင်းအမှတ်က ဘယ်လောက်လဲ ကျနော်လည်း မသိဘူး။”ဟု ဆိုသည်။

၎င်းတို့ယူဆောင်လာသည့် လက်နက်များမှာ Nato စက်လတ် ၁လက်၊ ကျည်အတောင့်
၅၀၀။ RPG-7 ၁လက်၊ ကျည် ၅လုံး။ M-16 ၃လက်၊ ကျည်အတောင့် ၁၉၀။ AK-47 ၂လက်၊ ကျည် ၄၀တောင့်၊ လက်ပစ်ဗုံး ၁လုံးနှင့် လမ်းလျှောက်စကားပြောစက်
၁လုံးတို့ ဖြစ်သည်ဟု သိရသည်။
ကေအဲန်ယူထံ လာရောက်ပူးပေါင်းခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအနက် ဒုဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၂ဦး၊ တပ်ကြပ် ၂ဦး တို့ပါဝင်ပြီး အများစုမှာ
နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲအခမ်းအနားကို မတက်ရောက်ခဲ့ကြဘဲ ရှေ့တန်းနေရာများတွင် ရှိနေကြ သူများဖြစ်သလို ထိုအထဲတွင် ကလေးစစ်သားများလည်း
ပါဝင်သည်။
ယင်းသို့ နယ်ခြားစောင့်တပ် ပြောင်းလဲမဖွဲ့စည်းမီ သြဂုတ်လ ၄ရက်နေ့နှင့် ၆ရက်နေ့များတွင် ဖားအံမြို့ရှိ နအဖ တပ်မ(၂၂) ဌာနချုပ်ခန်းမတွင် နအဖ
အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း၊ G1 နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီးကျော်မြင့်၊ ဗိုလ် မှူးကြီးမျိုးမြင့်၊ ဗိုလ်ချုပ်မောင်မောင်အုန်း၊
ဗိုလ်မှူးကြီးဝင်းမြင့်တို့နှင့် ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးရာတွင် နိုင်ငံတော်၌ လက်နက်ကိုင်တပ်ဟူ၍
တပ်မတော်တစ်ခုတည်းသာရှိရမည့်အတွက် ဒီကေဘီအေမှ နယ်ခြားစောင့်သို့ ပြောင်း ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
၎င်းအပြင် ရွေးကောက်ပွဲပြီးလျှင် နယ်စပ်တွင် သောင်းကျန်းသူများမထားရှိတော့ဘဲ ကရင်ပြည်နယ်ရှိ သံလွင်မြစ်နှင့် သောင် ရင်းမြစ်ကမ်းတွင်
နယ်နိမိတ်ကာကွယ်ရေးအတွက် နယ်ခြားစောင့်တပ်ကိုသာ ထားရှိသွားမည်ဖြစ်ကြောင်းလည်း အဆိုပါအ စည်းအဝေးတွင် စစ်ဗိုလ်ချုပ်များက ဆွေးနွေးချပြခဲ့သည်။
ယခုအချိန်တွင် ကရင်အပစ်ရပ်အဖွဲ့များဖြစ်သည့် ဒီကေဘီအေမှ တပ်ရင်း ၁၂ရင်းနှင့် ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့မှ တပ် ရင်း ၁ရင်းသည် သြဂုတ်လ
၁၈ရက်နေ့မှ ၂၂ရက်နေ့အထိ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး သြဂုတ်လကုန် ပိုင်းမှစ၍ လစာနှင့် တပ်ရိက္ခာများ စတင်
ထုတ်ယူနေပြီဖြစ်ကြောင်း သိရသည်။

(မဲပလဲ့ကျေးရွာတွင် ပြုလုပ်သည့် နယ်ခြားစောင့်တပ်ဖွင့်ပ)ွဲ
နယ်ခြားစောင့်တပ်သားတစ်ဦးက “ကျနော်တို့လခထုတ်ဖို့က လက်ဗွေနှိပ်ရတယ်။ အရာရှိရှေ့မှာ လက်ဗွေမနှိပ်ရင် လခကို ထုတ်မပေးဘူး။ ဒီလကစပြီး
လစာထုတ်တာ ကျနော်ဆို ကျပ်ငွေ သုံးသောင်းခြောက်ထောင်ရတယ်။ ဆန်၊ ဆီ၊ ဆား၊ ငြုပ်သီး ရိက္ခာတွေလည်း ရတယ်။ အခြားရိုးရိုးတပ်သားတွေလည်း
ဒီအတိုင်းပဲ။”ဟု ဆိုသည်။
http://www.kicnews.org/

လူမိုက်သား ရမ်းကားနှင့် ကျွန်ပ်တို့၏ ပြည်သူလူထု၏...

လူမိုက်သား ရမ်းကားနှင့် ကျွန်ပ်တို့၏ ပြည်သူလူထု၏ ...
စိုးနေလင်း
ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်မှာ စက်တင်ဘာလ (၄) ရက်နေ့က ဖြစ်ပွားသွားခဲ့တဲ့ အရပ်သား လူငယ်နှစ်ယောက်ကို စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတဲ့
လူသတ်မှုအကြောင်းကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။
လူမိုက်သားတွေကတော့ ရမ်းကားသွားခဲ့ပြန်ပါပြီ။ အများပြည်သူလူထုရှေ့မှာ ပြည်သူလူထုက မွေးဖွားထား တဲ့ အရွယ်ကောင်းသား ယောက်ျားလေးနှစ်ယောက်ကို
အော်တော်မစ်တစ် သေနတ်တွေနဲ့ ပစ်သတ်သွားခဲ့ပါ ပြီ။ ပစ်သတ်သွားရုံသာမကသေးဘဲ “ဘယ်သူစမ်းချင်သေးလဲ၊ လာခဲ့ကြ သေခြင်းဆိုးနဲ့ အကုန်သေကုန်မယ်”
လို့တောင် ပြည်သူလူထုကို ကြိမ်းမောင်း စိန်ခေါ်သွားလိုက်ပါသေးတယ်။ အဲဒီသူတွေဟာ ဘယ်သူတွေပါလဲ။ စစ်အစိုးရက “တပ်မတော်သာလျှင် အမိ
တပ်မတော်သာလျှင် အဖ” လို့ ဆိုထားတဲ့ တပ်မတော်သားတွေပါ။ အဲဒီလူသတ်မှုကို ကျူးလွန်သူတွေဟာ ပြည်သူလူထုရဲ့သားတွေပါပဲ။ သူတို့ ဘာဖြစ်လို့
ဒီလောက်ရက်စက် ရိုင်းစိုင်းသွားကြတာပါလဲ။ ဘာဖြစ်လို့ ဒီလောက်ထိ လူစိတ်ကင်းမဲ့သွားကြတာပါလဲ။ အဖြေကတော့ ရှင်းပါ တယ်။ သူတို့ရဲ့ပထွေးတွေဖြစ်တဲ့
စစ်အာဏာရှင်တစုက စစ်သင်တန်းကျောင်းတွေမှာ၊ စစ်တက္ကသိုလ်တွေမှာ ရိုက်သွင်းခဲ့တဲ့ သင်ခန်းစာတွေ၊ အတွေးအခေါ်တွေကြောင့်ပါပဲ။
“တပ်ခွဲတပ်ကြပ်ကြီးက သူ့ကိုပေးတဲ့တာဝန် လုပ်ပြီးပြီလားလို့ မေးလိုက်တဲ့ အချိန်မှာ အဲဒီရဲဘော်ဟာ တခြားရဲဘော်တွေကြားမှာ ဒူးထောက်ချလိုက်ပြီး ချုံးပွဲချ
ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။ ဘာစကားမှ မပြောနိုင်ဘဲ အကြာကြီး ငိုပြီးတော့မှ သူ အရက်ပုလင်းကို ကုန်အောင်သောက်ပြီး ကလေးလေးကို သစ်ပင်တပင်နဲ့
ကိုင်ရိုက်သတ်ပစ်ခဲ့ကြောင်း အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ပြောပြခဲ့ပါသတဲ့”
သူတို့ ဆိုနေကျသီချင်းတပုဒ်ကို သတိရပါသေးတယ်။ “ပြည်သူနဲ့တွေ့တော့ ပန်းလို၊ ရန်သူနဲ့တွေ့တော့ မီးလို” ပါတဲ့။ ဒီလူငယ်လေးနှစ်ယောက်ဟာ သူတို့ရဲ့
ရန်သူဖြစ်နေခဲ့ပါသလား။ ဘာဖြစ်လို့များ စစ်မြေပြင်မှာ သုံးရ မယ့် ဒီလိုလက်နက်မျိုးတွေကို ပြည်သူလူထုကြားထဲ အလွယ်တကူ သယ်ယူလာ၊ အလွယ်တကူ
ပစ်ခတ် သတ်ဖြတ်နိုင်ခဲ့ကြတာပါလဲ။ အဖြေကတော့ ရှင်းပါတယ်။သူတို့ရဲ့ ပထွေးတွေက ပြည်သူလူထုကို ရန်သူလို သဘောထားခဲ့လို့ပါပဲ။ ဒါ အခုမှ မဟုတ်သလို
ဒီဖြစ်ရပ်မျိုးတွေဟာလည်း အခုမှ မဟုတ်ပါဘူး။ စစ်အာဏာရှင် တွေ တိုင်းပြည်အာဏာကို လုယူသိမ်းပိုက်လိုက်ကတည်းက ဒီလိုဖြစ်ရပ်မျိုးတွေ နေရာအနှံ့
ဖြစ်ပွားခဲ့ဖူးပါ တယ်။ ပြည်သူလူထုတွေ နေထိုင်တဲ့ ကျေးရွာ၊ မြို့ပြတွေမှာပါ။ စစ်အာဏာရှင်တွေက အညိုရောင်၊ အမည်း ရောင် သတ်မှတ်ထားတဲ့

နေရာတွေမှာဆိုရင်တော့ အထူးပြောနေစရာ လိုမယ်မဟုတ်ပါဘူး။ စစ်အာဏာရှင် တွေခိုင်းတဲ့အတိုင်း၊ အမိန့်ပေးတဲ့အတိုင်းကိုလည်း ပြည်သူလူထုထဲက
စစ်တပ်ထဲ ရောက်သွားကြတဲ့ တပ်မ တော်သားဆိုသူ စစ်သားတွေကလည်း နာခံလုပ်ဆောင်ပေးခဲ့ကြပါတယ်။
ကျနော်တို့ ၁၉၈၉ ခုနှစ် စစ်အစိုးရ စစ်ခုံရုံးတခုက မတရား ပြစ်ဒဏ်ချမှတ်မှတ်လို့ အကျဉ်းကျနေခဲ့တဲ့ အချိန် တုန်းက တခါသားမှာ ကျနော်တို့တိုက်တွေကို
အစောင့်တာဝန်ကျလာတဲ့ စစ်တပ်က အသွင်ပြောင်း အကျဉ်း ထောင်ဝန်ထမ်း ဖြစ်လာကြသူတွေ သူ့အဆင့်နဲ့သူ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒု-တပ်ကြပ်
ဖြစ်လာကြပါတယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတိုက်တွေမှာ တာဝန်ကျလာတဲ့ အချိန်မှာ ကျနော်တို့က သူတို့ကို ရန်သူလို သဘောမထားခဲ့ပါဘူး။
ကိုယ့်ညီလေးတွေလိုပဲ သဘောထားပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့၊ ကိုယ့်ရှိတဲ့ အစားအစာလေးတွေကို ချကျွေးပြီး မိတ်ဆွေဖွဲ့ခဲ့ကြပါတယ်။
တချို့ဆို အတော်ကြီး ခင်မင်လာခဲ့ကြပါတယ်။ ပွင့်ပွင့်လင်းလင်းလည်း ပြောဆိုလာခဲ့ကြပါတယ်။ အဲဒီတုန်းက တပ်ကြပ်တယောက်က သူ ရှေ့တန်းတနေရာ
(ကရင်ပြည်နယ်အတွင်း) က ထိုးစစ်တခုမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ တုန်းက တွေ့ကြုံခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တခုကို ပြောပြခဲ့ပါတယ်။ သူက သံတိုင်တံခါးအပြင်က
ကျနော်က သံတိုင်တံခါးအတွင်းကပေါ့လေ။ ကျနော် သူပြောတဲ့ ဖြစ်ရပ်ကို နားထောင်ရင်း ကြက်သီးမွေးညင်းထ အံ့သြ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသလို
ကျနော်တို့တိုင်းပြည်က စစ်တပ်ဆိုတာကိုလည်း အကြီးအကျယ် စက်ဆုပ်ရွံ ရှာသွားခဲ့ရပါတယ်။
သူ ပြောပြခဲ့တဲ့ ဖြစ်ရပ်က ဒီလိုပါ။ ကရင်ပြည်နယ်ထဲက ရွာပုံးတခုကို သူတို့တပ်ခွဲက ၀င် ရောက်စီးနင်းခဲ့တုန်း ကပါတဲ့။ ရွာက ကြိုတင်သတင်းရထားပုံ ရပါတယ်တဲ့။
ရွာထဲမှာ ဘယ်သူမှမရှိကြတော့ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အလောတကြီး ထွက်ပြေးတိမ်းရှောင်သွားကြပုံပေါ်ပါတယ်။ ဆန်ရွေးလက်စ ဆန်ကောတွေ၊ ချက်
လက်စ ထမင်းအိုးတွေ ဒီတိုင်းကျန်နေခဲ့သလို စပါးကျီထဲမှာလည်း စပါးတွေ တွေ့ရပါတယ်။ အိမ်မွေးတိရိစ္ဆာန် တချို့လည်းရှိနေပါတယ်လို့ဆိုပါတယ်။
သူတို့စစ်ကြောင်းလည်း ရွာထဲကို ပိုက်စိတ်တိုက်ရှာကြပါတယ်။
တဲတလုံးထဲမှာတော့ ပုခက်တခုထဲမှာ အခါလည်သားအရွယ်လောက် ယောက်ျားလေးတယောက်ကို မမျှော် လင့်ဘဲ တွေ့ခဲ့ကြပါတယ်။ ကလေးလေးက လာပြီး
ပွေ့ချီတဲ့ စစ်သားတွေကို မျက်လုံးလေးပြူးပြီး ကြည့်နေပေ မယ့် မငိုပါဘူးတဲ့။ ရဲဘော်တွေလည်း ကလေးလေးကို ပွေ့ချီပြီး သူတို့တပ်ခွဲမှူးဆီကို
သွားသတင်းပို့ရပါတယ်။ တပ်ခွဲမှူးက ရွာကို မီးရှို့ရမှာမို့ ကလေးကို ခေါ်ခဲ့ဖို့ အမိန့်ပေးပါတယ်။ နောက် တရွာလုံးက အိမ်တွေ၊ စပါးကျီ တွေကို မီးတိုက်ပြီး
သူတို့တပ်ခွဲလည်း ရွာက ထွက်ခဲ့ကြပါတယ်။ ကလေးချစ်တတ်တဲ့ ရဲဘော်တွေက တ ယောက်တလှည့် ကျောမှာ အ၀တ်နဲ့ပိုးပြီး ကလေးလေးကို သူတို့တပ်ခွဲနဲ့
ခေါ်ခဲ့ကြပါတယ်တဲ့။
ကံကောင်းချင်တော့ သူတို့တပ်ခွဲကို ဆက်ပြီး နယ်မြေရှင်းလင်းရေး မလုပ်ခိုင်းတော့ဘဲ နောက်ထပ်အရေးကြီး တဲ့ တာဝန်တခုပေးဖို့ ရှေ့တန်း နောက်တန်း
တပ်ရင်းတပ်စွဲထားရာကို ပြန်ဝင်ဖို့ အမိန့်ရလာခဲ့ပါတယ်။ ရဲဘော်
တွေလည်း အားရ၀မ်းသာ ပြန်ကြဖို့ ပြင်ဆင်နေကြပါတယ်။ ဒီအချိန်မှာ တပ်ခွဲမှူးက ကရင်ရွာထဲက အခါလည် သားလောက် ကလေးတယောက်တွေ့လို့
ခေါ်လာခဲ့ရတဲ့အကြောင်း ဗျူဟာမှူးဆီကို သတင်းပို့ခဲ့ရပါတယ်။ ဗျူ ဟာမှူးရဲ့ တုန့်ပြန်အမိန့်ကတော့ “အသက်ရှင်ရက် ဘယ်သူမှ ခေါ်မလာနဲ့ အပြတ်ရှင်းခဲ့” တဲ့။
အမိန့်ကို တပ် ခွဲမှူးက သူ့တပ်သားတွေကို ပြန်ပြောပြတဲ့အချိန်မှာ တပ်သားတွေ မျက်စေ့မျက်နှာပျက်ပြီး ဘာတခွန်းမှ ပြန်မ ပြောနိုင်ကြတော့ပါဘူး။
အချိန်တန်လို့ တပ်ခွဲပြန်ခေါက်တဲ့အချိန်မှာ ကလေးလေးဟာ ရဲဘော်တယောက်ရဲ့ နောက်ကျောမှာ ပါလာခဲ့ပါ တယ်။ တပ်ခွဲမှူးက ကလေးကို သတ်ပြီး ထားခဲ့ဖို့
ဘယ်သူတာဝန်ယူမလဲလို့ မေးတဲ့အချိန်မှာ ဘယ်သူမှ အဲဒီ တာဝန်ကို မယူခဲ့ဘူးလို့ ဆိုပါတယ်။ တပ်ခွဲမှူးကလည်း ဗျူဟာမှူးရဲ့အမိန့်ကို မလိုက်နာလို့
မဖြစ်တဲ့အတွက် တယောက်ယောက်က တာဝန်ယူဖို့ အမိန့်ပေးပါတယ်။ တပ်ခွဲတပ်ကြပ်ကြီးက ဘယ်သူမှ တာဝန်မယူတဲ့အ တွက် တာဝန်ယူမယ့်သူကို
တခြားသူတွေရတဲ့ စစ်တပ်ရမ် အရက် (Army Rum) ကို ပေးမယ်လို့ မက်လုံးပေး ခဲ့ပါသတဲ့။
နောက်ဆုံး တပ်ခွဲကလည်း အတော်ခရီးပေါက်လာတဲ့အချိန်မှာ တပ်ခွဲမှူးက ကလေးကို အပြတ်ရှင်းခဲ့ဖို့ အမိန့် ပေးလာပါတယ်။ ဒီအချိန်မှာ တပ်ခွဲထဲက ခပ်ပေပေ
ရဲဘော်တယောက်က ပေးမယ်ဆိုတဲ့ စစ်တပ်ရမ်ကို ပေးဖို့ တောင်းပါတယ်။ တပ်ခွဲတပ်ကြပ်ကြီးက အရက်ပုလင်းကို ပေးလိုက်တော့ အဲဒီရဲဘော်ဟာ ပုလင်းတ၀က်
လောက်နီးပါးကို တခါတည်း မော့သောက်ပစ်လိုက်ပါတယ်။ နောက်ခဏကြာတော့ ကလေးကို သူ့ကိုပေးခဲ့ဖို့ ပြောပြီး သူ့ကို ခဏထားခဲ့ဖို့ ပြောပါတယ်။
တပ်ခွဲလည်း အဲဒီရဲဘော်နဲ့ ကလေးလေးကို ထားခဲ့ပြီး ခရီးဆက် ထွက်ခဲ့ပါတယ်။
အတော်ကြီးကြာမှ ခုနက တာဝန်ယူခဲ့တဲ့ ရဲဘော်ဟာ တပ်ခွဲနောက်ကို အမောတကြီး ပြေးလိုက်လာတာ တွေ့ ရပါတယ်။ တပ်ခွဲတပ်ကြပ်ကြီးက သူ့ကိုပေးတဲ့တာဝန်
လုပ်ပြီးပြီလားလို့ မေးလိုက်တဲ့ အချိန်မှာ အဲဒီရဲဘော် ဟာ တခြားရဲဘော်တွေကြားမှာ ဒူးထောက်ချလိုက်ပြီး ချုံးပွဲချ ရှိုက်ကြီးတငင် ငိုချလိုက်ပါ တယ်။ ဘာစကားမှ
မပြောနိုင်ဘဲ အကြာကြီး ငိုပြီးတော့မှ သူ အရက်ပုလင်းကို ကုန်အောင်သောက်ပြီး ကလေးလေးကို သစ်ပင်တ ပင်နဲ့ ကိုင်ရိုက်သတ်ပစ်ခဲ့ကြောင်း အထစ်ထစ်
အငေါ့ငေါ့နဲ့ ပြန်ပြောပြခဲ့ပါသတဲ့။
ကျနော် အခုတင်ပြလိုက်တဲ့ အဖြစ်အပျက်က စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ပါဘူး။ အဲဒီတုန်းက အဲဒီတပ်ခွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တပ်ကြပ်တယောက်က
စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျနော့်ကို ပြန်ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန် ဖြစ်ပါတယ်။ ရဲဘော်တွေက ဘယ်သူမှ မသတ်ချင်ကြပါဘူး၊ ဒီအမိန့်ကို ပေးရက်ခဲ့သူက
ဗျူဟာမှူးလို့ခေါ်တဲ့ ဗိုလ်မှူးကြီးတယောက်ပါ။ စစ်အာဏာရှင်တွေဟာ လူစိတ်လုံးဝမရှိဘူးလို့ဆိုရင် မလွန်ဘူးလို့ ကျနော်ယုံကြည် ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က
လူစိတ်ရှိပြီး အဲဒီကလေးကို မသတ်ချင်ခဲ့တဲ့ ရဲဘော်မျိုးတွေကို စစ်အာဏာ ရှင်တွေက လူစိတ်မရှိတဲ့ ပါးကွက်အာဏာသားတွေဖြစ်လာအောင် မွေးမြူထားခဲ့ပါပြီ။
တောထဲမှာ၊ ရှေ့တန်း စစ်မျက်နှာမှာတင် မကတော့ဘဲ ပြည်သူလူထုတွေ နေထိုင်တဲ့ ရပ်ကွက်ထဲမှာတောင် အပြစ်မဲ့တဲ့ လူငယ်လူ ရွယ်တွေကို သတ်ဖြတ်ရဲတဲ့အထိ
ရိုင်းမိုက်လာပါပြီ။
ကျနော်တို့ ပြည်သူလူထု ဘယ်လောက်အထိ သည်းခံနေကြဦးမှာပါလဲ။ မကျေမနပ် ရေရွတ်ပြောဆိုနေရုံနဲ့ တင် စစ်အာဏာရှင်တွေက ဒီလိုရက်စက် ရမ်းကားတဲ့
အပြုအမူတွေကို ရပ်ဆိုင်းစွန့်ပစ်သွားမှာ မဟုတ်ပါဘူး။ ပြည်သူလူထုတွေ ကြောက်ရွံ့လေ သူတို့ အာဏာခိုင်မြဲလေ ဖြစ်မှာပါပဲ။ ပြည်သူလူထုက မတရားဖိနှိပ်ရက်
စက်မှုတွေကို မခံတော့ဘူး၊ အုံကြွ အာခံဆန့်ကျင်လာပြီဆိုရင် စစ်အာဏာရှင်တွေ ဆက်ပြီး ဖိနှိပ်ညှင်းပန်းအုပ် ချုပ်လို့မရပါဘူး။ စစ်အာဏာရှင်တွေရဲ့
လက်ကိုင်တုတ် စစ်တပ်ဟာ (၄၀၀,၀၀၀) လောက်ပဲ ရှိပါတယ်။ ကျ နော်တို့ ပြည်သူလူထုဟာ သန်း (၅၀) ကျော် ရှိပါတယ်။ စစ်အာဏာရှင်တွေက အားလုံးကို
ပစ်မသတ်နိုင်သလို ဖမ်းဆီးထောင်ချလို့ မရနိုင်ပါဘူး။
လူမိုက်သားကတော့ ရမ်းကားသထက်ရမ်းကားနေပါပြီ။ ကျနော်တို့ ပြည်သူလူထုတဦးချင်းအနေနဲ့ မိမိကိုယ် ကို ကာကွယ်စောင့်ရှောက်ဖို့၊ မိမိတို့ရဲ့ရင်သွေး
သားသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသလို အ မှန်တရားနဲ့ လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။
နိုင်ငံရေးပါတီတွေ နိုင်ငံ ရေးသမားတွေကိုပဲ အားကိုယ်းပြီး တို့က ဘာတတ်နိုင်မှာလဲဆိုတဲ့ အညံ့ခံအရှုံးပေးရေး အတွေးအခေါ်ကို ကိုင် စွဲထားကြမယ်ဆိုရင်တော့
ကျနော်တို့ ပြည်သူလူထုတရပ်လုံး မျိုးဆက်ပေါင်းများစွာ စစ်ကျွန်ဖြစ်နေကြရမှာပါ ပဲ။
အကြောက်တရားတွေကို ဖယ်ရှားထိန်းချုပ်ပြီး မတရားတဲ့ စစ်အာဏာရှင်စနစ်ကို တညီတညွတ်တည်း တွန်း လှန်ဖယ်ရှားပစ်ကြရအောင်ပါ။ ။
စိုးနေလင်း

ပဲခူးမြို့ က အဖြစ်အပျက်အမှန်ကို နအဖတွေ လိမ်ညာဖုံးကွယ်ပြီ
သတင်းမှန်ကို လှည့်ဖြားပြောဆိုပြီ
From:http://www.niknayman-niknayman.co.cc/

ဒီနေ့  နအဖမြန်မာ့အသံက စစ်သားတွေက စပြီး သေနတ်နဲ့  ပေါ်တင် စ ပစ်တာကို ကျောင်းသားတွေက သေနတ်ဝင်လုလို့  ပစ်ရတာပါဆိုပြီး လိမ်ညာပြောတယ်။
ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးလို့  ၀ိုင်းပြီး သွေးဆာဆာနဲ့  ပစ်တာကို ဖုံးကွယ်ထားတယ်။
ထို့ အတူ အာဏာရူးများရဲ့  လက်ပါးစေများဟာ အင်တာနက်စာမျက်နှာများ အီးမေးလ်အုပ်စုများ ဖိုရမ်စကားဝိုင်းများအတွင်းမှာ သေနတ်နဲ့ မတရားပစ်သတ်ခံခဲ့ရလို
့ သေဆုံးခဲ့ရတဲ့ ကျောင်းသား မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ဟာ ရပ်ကွက်အတွင်းမှာ ဆိုးသွမ်းသောင်းကျန်းနေသူတွေ ဖြစ်တယ် ဒါကြောင့်
စစ်သားတွေက ပစ်ခတ်ရတဲ့အထိဖြစ်ခဲ့ရတာဆိုပြီး သတင်းမှားတွေ လိမ်ညာမှုတွေ အဖြစ်အပျက်ကို မသိသူတွေ အမှန်အတိုင်း မသိရလေအောင်
လိမ်ညာဖန်တီးပြောဆိုနေကြပါတယ်။ ဒါတွေဟာ နအဖနဲ့  လက်ပါးစေတွေ အခု ပဲခူးကိစ္စမှာ သူတို့  ပေါ်ပေါ်တင်တင်ကြီး မှားတာကို ပြည်သူတွေ
အုံကြွပေါက်ကွဲမှာကို အကြောက်ကြီးကြောက်ပြီး သတင်းမှန်ကို ပြန်လှည့်ဖြားဖုံးကွယ်ဖို့  လုပ်ဆောင်တာဘဲ ဖြစ်ပါတယ်။

အာဏာရူးတွေဟာ ယခင်တုန်းကလည်း ပြည်သူတွေ
ကျောင်းသားတွေကို သတ်ဖြတ်တာမှန်သမျှ ဘယ်တော့မှ
အမှန်ထုတ်ဖေါ်ပြောလေ့ပြောထ မရှိဘဲ၊
အဖြစ်အပျက်မှန်တွေကို ဖုံးကွယ်ပြီး
လိမ်ညာသတင်းထုတ်တာတွေ လုပ်ခဲ့တယ်။ ၁၉၈၈
ရှစ်လေးလုံးအရေးတော်ပုံကြီးတုန်းကလည်း
စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာနဲ့  သေဆုံးရတာကို ဓါးဒဏ်ရာနဲ့  သေရတာဆိုပြီး မြန်မာအသံတွေ သတင်းစာတွေကနေ ဗြောင်ကျကျ
လိမ်ညာပြောဆိုခဲ့တယ်။
ဒီလိုဘဲ အာဏာရူးတွေနဲ့  လက်ပါးစေတွေ ၀ိုင်းနှိပ်စက် ရိုက်ပုတ်သတ်ဖြတ်လို့  ထောင်အတွင်းမှာရော အများသူငှာ မြင်ကွင်းမှာရော သေဆုံးသွားကြရတဲ့
ပြည်သူတွေ ကျောင်းသားတွေ ရှိခဲ့ရာမှာလည်း အာဏာရူးတွေဟာ ဖြစ်ရပ်အမှန်ကို မသိကျိုးကျင်ပြုကြတယ် သတင်းအမှားတွေ လိမ်ညာထုတ်ပြန်ကြတယ်။
တကယ်တော့ အာဏာရူးတွေနဲ့  လက်ပါးစေတွေဟာ သွေးဆာနေတဲ့ မိစ္ဆာကောင် လူသတ်သမားတွေဘဲ။
အခု ပဲခူးမြို့  မှာ ဖြစ်တဲ့ အဖြစ်အပျက်ဟာ အာဏာရူးတွေ လက်ပါးစေ စစ်သားတွေရဲ့  အုပ်စုလိုက် လက်နက်နဲ့  ပေါ်တင်စော်ကားသတ်ဖြတ်မှုဖြစ်တယ်။ ဒါဟာ
ပြည်သူတွေအနေနဲ့  ဒီအဖြစ်အပျက်ကို သိသိသာသာကြီး သိလျက်နဲ့  ဘာမှ မတုန့် ပြန်ဖူးဆိုရင် ဒီမိစ္ဆာကောင်တွေ သေနတ်ပြောင်းဝမှာ ကိုယ်ရဲ့ 
ခေါင်းခန္ဓာကိုယ်ကို အသာတကြည် ငုံ့ ခံပေးလိုက်ဖို့ ဘဲ ရှိတော့တယ်။ အာဏာရူးတွေ ကြောက်တာ လက်နက် လက်နက်ချင်းဆိုရင် မလုပ်ရဲဖူး၊ ပြည်သူတွေ
တစ်စုတစ်လုံးနဲ့  ရရာပစ္စည်း လက်နက်လုပ်ပြီး ပြန်တုန့် ပြန်ကြည့်ပါလား အာဏာရူးတွေ အာဏာရူးလက်ပါးစေတွေ သွေးကြောင်ကြတယ်ဆိုတာ ယခင်

လူထုအုံကြွမှုအတွင်းက ပြည်သူတွေက ပြန်တုန့် ပြန်မှုတွေလုပ်တုန်းက သက်သေပြနေတယ်။ လက်နက်မဲ့ ပြည်သူကို စိမ်ပြေနပြေ ပစ်ခတ်လို့  ရနေလို့ သာ၊
ပြည်သူတစ်ဦးစ နှစ်ဦးစနဲ့ မို့ သာ အုပ်စုလိုက် ၀ိုင်းအနိုင်ကျင့်ရဲကြတာ လက်ထဲ သေနတ်ရှိနေလို့ သာ လက်ယားပြီး ပစ်ရဲကြတာပါ။
အခုလို သေနတ်နဲ့  အုပ်စုလိုက် ဗြောင်ကျကျ မတရား စော်ကားလာတာတွေဟာ ပိုပြီးဆိုးရွားလာတယ်၊ ပြည်သူကို စော်ကားရဲလာကြတာတွေဟာ ပိုပြီး
ဖြစ်ပျက်လာတယ်ဆိုတာ အခု ပဲခူးမြို့ မှာ ဖြစ်ရတဲ့ ကျောင်းသားငယ်လေး နှစ်ဦး အသက်ဆုံးရတဲ့ အဖြစ်က လက်တွေ့ ပြနေပါပြီ။
ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးပါမယ်ဆိုတဲ့သူတွေက လက်နက်အားကိုး အုပ်စုအားကိုးနဲ့  မင်းမဲ့စရိုက်ဆန်ဆန် ပစ်ခတ်ပြီး ပြည်သူကို
ပြန်သတ်နေတာ ရင်နာစရာပါဘဲ။ ပဲခူးက ကျောင်းသားလေးနှစ်ဦး ဒီလို ရက်ရက်စက်စက် မတရားပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ကိုယ်နဲ့  မဆိုင်သလို ကိုယ်
မခံစားရသလို မနေကြပါနဲ့ ။ သတင်းတွေ ဖြစ်ပျက်မှု မှန်သမျှတွေကို စုံစမ်းပြီး ၀ိုင်းဝန်းဖေါ်ထုတ်ပေးကြပါ။ မတရားမှုလုပ်ရပ်တွေကို မသိသေးသူတွေ သိရအောင်
လက်ဆင့်ကမ်းပြောဆိုပေးကြပါ။
ဒီ ပဲခူးမြို့  အရေးအခင်းနဲ့  ပတ်သက်ပြီး အဖြစ်အပျက်မှန်ကို တရားဝင်ဖေါ်ထုတ်ပေးဖို့  ၀ိုင်းဝန်းတောင်းဆိုပေးကြပါ။ ကျောင်းသားငယ်နှစ်ဦးဖြစ်တဲ့
မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ကို ပစ်သတ်သတ်ဖြတ်ခဲ့တဲ့ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုးနဲ့  ပစ်ခတ်သူ စစ်သားတွေကို ပဲခူးမြို့ သူမြို
့သားတွေ ရှေ့ မှောက်မှာ မြန်မာပြည်သူပြည်သားတွေ ရှေ့ မှောက်မှာ လူသတ်မှုတရားခံများအဖြစ် ထိရောက်စွာ အရေးယူပေးဖို့  မြန်မာပြည်သူပြည်သားတွေ
တောင်းဆိုပေးကြပါ။
သေဆုံးခဲ့ရတဲ့ မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ရဲ့  မိဘဆွေမျိုးသားချင်းတွေ ရင်နင့်အောင်ခံစားနေရတာတွေ ပဲခူးသူပဲခူးသားတွေ
ကြေကွဲခံစားနေရတာတွေကို ကျွန်တော်တို့  အားလုံးက စိတ်မကောင်းဖြစ်ရုံနဲ့ ဘဲ ရပ်တန့် မနေကြဘဲ လက်တွေ့ ကျကျ စုစည်းဆောင်ရွက်ပေးကြပါလို့ 
တိုက်တွန်းလိုက်ရပါတယ်။
(၁) ကျောင်းသားငယ်နှစ်ဦးဖြစ်တဲ့ မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ကို မတရားပစ်သတ်သတ်ဖြတ်ခံခဲ့ရတဲ့ အဖြစ်အပျက်အမှန်ကို လက်ရှိ နအဖမှ
ဝန်ခံထုတ်ဖေါ်ပေးပါ။
(၂) ကျောင်းသားငယ်နှစ်ဦးဖြစ်တဲ့ မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ကို ပစ်သတ်သတ်ဖြတ်ခဲ့တဲ့ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုးနဲ့ 
ပစ်ခတ်သူ စစ်သားတွေကို ပဲခူးမြို့ သူမြို့ သားတွေ ရှေ့ မှောက်မှာ မြန်မာပြည်သူပြည်သားတွေ ရှေ့ မှောက်မှာ လူသတ်မှုတရားခံများအဖြစ် ထိရောက်စွာ
အရေးယူပေးပါ။
(၃) နောက်နောင် စစ်တပ်နှင့် လက်နက်ကိုင် အဖွဲ့  အစည်းမှန်သမျှ တရားဥပဒေမဲ့စွာဖြင့် မြန်မာပြည်သူပြည်သားများအား ရိုက်ပုတ်ညဉ်းပမ်းခြင်း၊
အသက်သေဆုံးရသည်အထိ ပစ်ခတ်သတ်ဖြတ်ခြင်းများ မလုပ်ရန် တာဝန်ယူပေးရမည်။
ဒီတောင်းဆိုချက် (၃) ချက်ကို လက်ရှိ နအဖမှ မဆောင်ရွက်ပေးပါက မြန်မာပြည်သူပြည်သားများအနေဖြင့် နအဖမှ လက်ရှိဆောင်ရွက်နေသည့်
လုပ်ရပ်များအားလုံးအား သပိတ်မှောက်ဆန့် ကျင်ရန်နှင့် ထိရောက်သော တုန့် ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန် ဖြစ်ပါသည်။
Friday, September 10, 2010
နအဖလက်နက်ကိုင်အဖွဲ့ အစည်းတွေက မတရားလည်း လုပ်သေး၊ မတရားလုပ်ခံရသူရော အကူအညီပေးတဲ့သူတွေကိုရော အငြိုးအတေးက ထားသေး။

နအဖ လက်နက်ကိုင် အဖွဲ့ အစည်းတွေကနေ ပြည်သူတွေကို လက်နက်အားကိုး အာဏာအားကိုးနဲ့  အနိုင်ကျင့်နေကြတဲ့ လုပ်ရပ်တွေဟာ မကြာခဏဆိုသလို
ဖြစ်ပျက်နေတာ မကြာခင်ကမှ ဖြစ်ပျက်ခဲ့တဲ့ ပဲခူးမြို့  ကျောင်းသားနှစ်ဦး သေနတ်နဲ့  အချက်ပေါင်းများစွာ ပတ်ခတ်အသတ်ခံရတဲ့ အထိ ပိုမို ဆိုးရွားစွာ
ဖြစ်ပျက်နေပါတယ်။
ကျန်ခဲ့တဲ့ သြဂုတ်လအတွင်းက ဖြစ်ပျက်ခဲ့တဲ့ နအဖလက်နက်ကိုင်အဖွဲ့ အစည်းဖြစ်တဲ့ လက်ကိုင်ဒုတ် ရဲတပ်ဖွဲ့ ကနေ မတရားရိုက်နှက်ခဲ့တဲ့ အဖြစ်အပျက်နဲ့ 
နောက်ဆက်တွဲ သတင်းကို တင်ပြလိုပါတယ်။

သီရိမင်္ဂလာဈေးက ဖိနပ်ဟောင်းရောင်းနေတဲ.့ မောင်အောင်မင်းနိုင် (၂၃)နှစ်ကို သြဂုတ်လ (၂၁) ရက်နေ့  ည က အလုံရဲစခန်းက ရဲသားတွေ မူးရူးပြီး
အောင်မင်းနိုင်ကို စစ်ပြေးဆိုပြီး စွပ်စွဲကာ ဖမ်းဆီးပြီး အလုံနယ်ထိန်းခမ်းမှာ တညလုံး နံပါတ်တုတ်တွေနဲ့  ရိုက်နှက်ခဲ့ပါတယ်။ ဖိနပ်နဲ့ လည်း ပါးကို ရိုက်ခဲ့ကြပါတယ်။

မဟုတ်မမှန် စွပ်စွဲခံရပြီး ရိုက်နှက်ခံခဲ့ရတဲ့ အောင်မင်းနိုင်ဟာ နောက်နေ့  ရဲစခန်းကနေ ပြန်လွတ်လာပြီးတဲ့နောက်မှာ ဒီမတရားမှုအတွက် အလုံမြို့ နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ထံ သွားရောက်အကူအညီတောင်းခံခဲ့ပါတယ်။ အောင်မင်းနိုင်ရဲ့  အကူအညီတောင်းခံမှုကို အလုံမြို့ နယ် အမျိုသားဒီမိုကရေစီအဖွဲ
့ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုလူမော်လတ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဗဟိုအလုပ်အမှုဆောင်တွေထံ ဆက်လက်တင်ပြပေးခဲ့ပါတယ်။
ဒီအဖြစ်အပျက်နဲ့  ပတ်သက်ပြီး အောင်မင်းနိုင်ရဲ့  ကိစ္စကို ကူညီပေးရမလားဆိုပြီး နအဖလက်ပါးစေ ရဲတွေဘက်က အငြိုးအတေးထားနေတယ်လို့  ယူဆရတဲ့
နောက်ဆက်တွဲ အကြောင်းအရာကို ဖေါ်ပြလိုပါတယ်။
အဆိုပါ အောင်မင်းနိုင်ကို မဟုတ်မမှန်စွပ်စွဲပြီး ရိုက်နှက်ခဲ့တဲ့ကိစ္စဟာ မပြီးသေးကြောင်း သိရှိရပါတယ်။
မနေ့ က မရမ်းကုန်းမြို့ နယ်ရဲစခန်းကနေ အဆိုပါ ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ စခန်းမှူးနဲ့  အောင်မင်းနိုင်ကို ပြန်ခေါ်ပြီး မေးမြန်းစစ်ဆေးကြောင်း သိရှိရပါတယ်။
မရမ်းကုန်းမြို့ နယ်မှူးကနေ အောင်မင်းနိုင်ကို မေးမြန်းရာမှာ ဖိနပ်နဲ့  ပါးရိုက်တာ ဒီ စခန်းမှူးလားလို့  မေးပါတယ်။ အောင်မင်းနိုင်က ဟုတ်တယ် သူရိုက်တာပါလို့ 
ဖြေပါတယ်။ အောင်မင်းနိုင် ဖြေဆိုပြီးတဲ့နောက်မှာ မြို့ နယ်မှူးက ဘာမှ ဆက်မမေးတော့ဘဲ စခန်းမှူးဘက် လှည့်ပြီး စခန်းမှူးအနေနဲ့  အောင်မင်းနိုင်ကို ဘာများ
မေးချင်တာ ရှိပါသလည်းလို့  ပြောပါတယ်။
ဒီအခါမှာ

စခန်းမှူးကနေ မင်းကို ကူညီတဲ့ (အလုံမြို့ နယ် အမျိုသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ) လူမော်လတ်ရဲ့  ဖခင်ဟာ နိုင်ငံရေးမှုနဲ့  အနှစ်
(၂၀) ထောင်ကျနေတယ်ဆိုတာ မင်း သိလားလို့  အောင်မင်းနိုင်ကို မေးပါတယ်။ အောင်မင်းနိုင်က ဒါ ကျွန်တော့ ကိစ္စ မဟုတ်ဖူး၊ ကျွန်တော် မသိဖူးလို့ 
ပြန်ဖြေကြောင်း သိရှိရပါတယ်။
စခန်းမှူးကဘဲ ဆက်ပြီး မေးတာက အခုထွက်ဆိုပြောဆိုဖြေကြားတာတွေဟာ အောင်မင်းနိုင်အနေနဲ့  ကိုယ်တိုင်ထွက်ဆိုတာလား လူမော်လတ်ကနေ
သင်ထားပေးလို့  ထွက်ဆိုတာလားလို့  မေးပါတယ်။ အောင်မင်းနိုင်က သူမတရားစွပ်စွဲအရိုက်ခံရ ပါးရိုက်ခံရတာတွေဟာ သူကိုယ်တိုင်ဖြစ်လို့  သူအသိဆုံးမို့ 
သူပြောတာ ကိုယ်တိုင်ပြောဆိုတာလို့  ပြန်ဖြေပါတယ်။
စခန်းမှူးက နောက်ထပ် ထပ်မေးတာကတော့ အဖြစ်အပျက်ဖြစ်တုန်းက လူမော်လတ်က အလုံရဲစခန်းကို လိုက်လာပြီး သူ့ အကြောင်း သိစေရမယ်လို့ 
ခြိမ်းခြောက်ပြောဆိုသွားတာ သိလားလို့  အောင်မင်းနိုင်ကို မေးပါတယ်။ အောင်မင်းနိုင်က မသိပါဖူးလို့  ဖြေပါတယ်။
အထက်ဖေါ်ပြပါ စစ်ဆေးမေးမြန်းချက်တွေကို သုံးသပ်ကြည့်ရင် နအဖ မရမ်းကုန်းမြို့ တယ်ရဲစခန်း မြို့ နယ်မှူးဟာ အောင်မင်းနိုင်ကို မတရားစွပ်စွဲရိုက်နှက်
ပါးရိုက်ခဲ့တဲ့ စခန်းမှူးကို အရေးယူချင်လို့  မဟုတ်ဘဲ စခန်းမှူးနဲ့  အောင်မင်းနိုင်တို့  ကိစ္စကို ပြန်လည်ပြီး အသုံးပြုကာ အောင်မင်းနိုင်ကို ကူညီပေးခဲ့တဲ့ အလုံမြို
့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးသဖြင့် အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလူမော်လတ်ကို
ပြသနာရှာချင်လို့  ရည်ရွယ်တာဖြစ်ကြောင်း သိသာပါတယ်။
(အောက်ဖေါ်ပြပုံတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဘက်၌ မတ်တပ်ရပ်နေသူမှာ အလုံမြို့ နယ် အမျိုသားဒီမိုကရေစီအဖွဲ့ ချူပ်
လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုလူမော်လတ် ဖြစ်ပါတယ်)။

အောင်မင်းနိုင်ကို ကူညီပေးခဲ့တဲ့ အလုံမြို့ နယ် အမျိုသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုလူမော်လတ်ကို နအဖလက်ပါးစေတွေအနေနဲ့ 
ကလိမ်ကကျစ်ကျစွာ အမှုဆင်ဖန်တီးပြီး ဖမ်းဆီးတာ အငြိုးအတေးနဲ့  ညဉ်းပမ်းနှိပ်စက်တာတွေ လုပ်ခဲ့မယ်ဆိုရင် ဒါဟာ ပေါ်ပေါ်တင်တင်
မတရားမှုဖြစ်လိမ့်မယ်ဆိုတာပါ။
နအဖ လက်နက်ကိုင်အဖွဲ့ အစည်းတွေဟာ မတရားလည်း အနိုင်ကျင့်သေး၊ လူမဆန်စွာ ညဉ်းပမ်းရိုက်နှက်မှုလည်း လုပ်သေး၊ နောက်ဆုံး သေနတ်နဲ့ 
ပစ်ခတ်သတ်ဖြတ်တာတွေလည်း လုပ်သေး တရားဥပဒေဆိုတာ သူတို့ ကိုယ်တိုင် ဂရုမစိုက်ဘဲ ရမ်းကားချင်သလို ရမ်းကား စော်ကားချင်သလိုစော်ကားနေတာ
မတရားခံရတဲ့ ပြည်သူတွေကသာလျှင် အပြစ်ရှိသလို သူခိုးက လူပြန်ဟစ်တယ်လို့  ပြောရတာထက် ပိုပြောသင့်နေပါတယ်။
အပြည့်ဖတ်မည်...
ပြန်ချုံ့မည်...
at 6:10 PM
Rate this:
Be the first to rate!
?

ပဲခူးမြို့ မှာ စိတ်တိုင်းကျ ရက်ရက်စက်စက်ပစ်သတ်ခဲ့တာကို နအဖ အဖြစ်အပျက်အမှန်ကို ဗြောင်လိမ်ပြီး သေတဲ့ကျောင်းသားတွေက အလွန်ဖြစ်တယ်လို့ 
ဆိုနေပါတယ်။

ဆင်သေကို ဆိတ်သားရေနဲ့ဖုံး လိပ်ကိုကြမ်းပိုး ဖြစ်အောင်ပြောတဲ့ နအဖ။
စက်တင်ဘာ ၄ ရက်ည သန်းခေါင် ပဲခူးနယ်မြေခံ တပ်ရင်းက အရာရှိနှစ်ယောက်နဲ့ စကားများရာကနေ စစ်သားတွေက သေနတ်နဲ့ လိုက်ပစ်လို့ ပဲခူးမြို့ ဇိုင်းဂနိုင်း
တောင်ပိုင်းရပ်ကွက်အရပ်သား လူငယ် ၂ ယောက် သေဆုံးသွားရတဲ့ သတင်းဟာ စစ်တပ်ရဲ့ သရဲဘောကြောင်မှု၊ ရက်စက်ယုတ်မာမှုကို ပေါ်လွင်စေပါတယ်။
ဒါကို ဒီကနေ့ စက်တင်ဘာ ၁၀ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာကနေ တပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့ လူငယ်တချို့နဲ့
အရပ်သားလူငယ်အချင်းချင်း ရန်ဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်လို့ရေးထားပါတယ်။
ဒါဆိုရင် တပ်မတော်သားတွေက အမြဲတမ်းအပြင်မှာထွက်ပြီး မူးယစ်ရမ်းကား အရပ်သားတွေနဲ့ရန်ဖြစ်နေတာ မထူးဆန်းဘူးပေါ့။ စည်းကမ်းပြည့်ဝတဲ့
တပ်မတော်ဆိုပြီး အသံကောင်းဟစ် မြို့ကြီးပြကြီးတွေပေါ်မှာတောင် ရှေ့တန်းစစ်မြေပြင်လို လက်ရဲဇက်ရဲ ကြာခို၊ ဓားမြတိုက်၊ မူးယစ်ရမ်းကားနေတာဟာ
ပြည်သူကို အကာကွယ်ပေးမဲ့ တပ်မတော်လား။
ဒီသတင်းစာကို ဖတ်ကြည့်လိုက်ရင် ကိုယ့်အပြစ်ကို လိမ်ညာဖုံးကွယ်ဖို့ အေးချမ်းသာယာမှုကို မလိုလားသူတွေနဲ့ ပြည်ပမီဒီယာတွေက တိုင်းပြည်ဆူပူအုံကြွအောင်
သွေးထိုးလှုံ့ဆော်တာဆိုပဲ။ ပြည်ပမီဒီယာတွေကထုတ်တဲ့ သတင်းတွေမှာ ဘယ်ဟာပိုပြောသွားပါတယ်ဆိုတာ ထောက်မပြနိုင်ရှာပါဘူး။
အဖြစ်မှန်ကို တင်ပြရဲတယ်ဆိုရင် သေနတ်နဲ့ပစ်တဲ့ အရာရှိဟာ ဘယ်တပ်က ဘယ်သူဘယ်ဝါ ဘယ်လိုပစ်လိုက်တယ် ဆိုတာပြောပြသင့်တာပေါ့။ ခုတော့
သေနတ်ဒဏ်ရာ ၆ ချက်နဲ့ ၄ချက်မှန်တဲ့ အောင်သူဟိန်းနဲ့ စိုးပိုင်ဇော်တို့ရဲ့ ရုပ်အလောင်းတွေကိုတောင် မိဘဆွေမျိုးတွေကို ကြည့်ခွင့်မပေးရဲတာ တရားသလား။
သတ္တိရှိတဲ့ယောကျာင်္းမှန်ရင် ဓါးဓါးချင်း လှံလှံချင်း ယှဉ်ရဲရမှာပေါ့။ ခုတော့ ဘာလက်နက်မှမကိုင်ထားတဲ့ အရပ်သားလေး ၂ယောက်ကို စစ်သား ၁၀ ယောက်က
ဝိုင်းပြီး လက်နက်အားကိုးနဲ့ ပစ်သတ်တာ ကြားလို့မှကောင်းရဲ့လားဗျာ။ သိပ်တော့ မထူးဆန်းပါဘူးလေ တပ်မတော်ရဲ့ဖခင်လို့ အရှက်မရှိဆိုနေတဲ့
ဗိုလ်သန်းရွှေကိုယ်တိုင်တောင် အပ်တိုတချောင်းတောင် ကိုင်မထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသဲခိုက်ခိုက်တုန်အောင်ကြောက်တော့ လက်နက်အားကိုး
အာဏာတန်ခိုးနဲ့ ထောင်သွင်းအကျဉ်းချထားသေးတာဆိုတော့ လူမိုက်ရဲ့သားတွေက ရမ်းကားမှာပါပဲလေ။
ချောင်းရိုက်ရဲတဲ့သူ၊ အလစ်ဝင်သတ်ရဲတဲ့သူ၊ နောက်ကျောကို ဓါးနဲ့ဝင်ထိုးတဲ့သူ၊ ဗလအားကိုး လက်နက်အားကိုးနဲ့ အားနည်းသူကို အနိုင်ယူတာဟာ
သတ္တိရှိတဲ့သူမဟုတ်ဘူး သူရဲဘောကြောင်တဲ့သူတွေပဲ။ တကယ်သာ ခင်များတို့နအဖ သတ္တိရှိမယ်ဆိုရင် ခုဖြစ်စဉ်မှာ ပစ်ခတ်ခဲ့တဲ့ ရဲဘော်တွေရော အမိန့်ပေးတဲ့
အရာရှိကိုရော ပြည်သူကြားနာခွင့်ရှိတဲ့ တရားခွင်မှာ စစ်ဆေးပြီး သက်သေပြပေးပါ။ ဒင်းတို့ကတော့ သရဲဘောကြောင် သတ္တိမရှိသူတွေဆိုတော့ မသိမသာ
နယ်ပြောင်းပေးယုံလောက်ပဲ အရေးယူမှာကို ကြိုမြင်နေပါသေးတယ်။
တကယ်လို့မှ သတ္တိရှိတယ်ဆိုရင် လက်ရုံးရည် နှလုံးရည် ယှဉ်ချင်တယ်ဆိုရင် ဦးသန်းရွှေကအစ ၄သိန်းကျော်ရှိတဲ့ တပ်မတော်သားတိုင်း ဓါးဓါးချင်း လှံလှံခြင်း
လက်လက်ချင်း ပုဝါမကူ ရေမရှုကြေး တပွဲတလမ်း အကဲစမ်းလိုက်ကြရအောင်ဗျာ။ ကျနော်တို့ပြည်သူဘက်ကလည်း ၄သိန်းကျော်ရွေးထားပြီး စောင့်နေမယ်။
ခင်များတို့ လုပ်ရဲမယ်မထင်ပါဘူး။ ရွေးကောက်ပွဲတောင် ရှင်းရှင်းလင်းလင်းမကျင်းပရဲပဲ ငို့ဘ (ငါဖို့) ဥပဒေတွေနဲ့ နွားသေကြိုးတုပ်လုပ်ပြီးမှ
လူကြားကောင်းတရားနာ ရွေးကောက်ပွဲတဲ့ ဟားတိုက်ရီလိုက်ချင်သေး။
စည်းကမ်းပြည့်ဝတဲ့တပ်မတော်ဖြစ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တာပါ။ စည်းပျက်ကမ်းပျက် တပ်မတော်ရှိနေတာဟာ တိုင်းပြည်အတွက်
ဆူးညှောင့်ခလုတ်ဖြစ်နေတဲ့အပြင် ၀န်ထုပ်ဝန်ပိုးကြီးပဲ မရှိတာကောင်းပါတယ်။ တကယ်မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ ဒီလိုမျိုးအပြောမခံချင်ရင်
ဒီစနစ်ကို တွန်းလှန်ပြီး ပြည်သူလိုလားတဲ့ တပ်မတော်ဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။
သူရဲဘောကြောင်တဲ့ လူရမ်းကားတွေလက်ချက်ကြောင့် ကျဆုံးသွားတဲ့ ပဲခူးက ညီငယ် စိုးပိုင်ဇော်နဲ့ အောင်သူဟိန်းကို ဒီဆောင်းပါးနဲ့
ဦးညွတ်အလေးပြုလိုက်ပါတယ်။
အမှန်တရားများ အမြန်ပေါ်ထွန်းပါစေ။
ဇာနည်(ပခုက္ကူ) ။
http://www.niknayman-niknayman.co.cc/

http://burmese.dvb.no/

Sign up to vote on this title
UsefulNot useful