You are on page 1of 9

လွတ်လပ်တဲ့ အာရှအသံ RFA သတင်းလွှာ

၂၀၁၀ ခုနှစ် အောက်တိုဘာ ၈ ရက်။ အောက်တိုဘာ ၂ မှ ၈ ရက်အထိ

အင်တာနက် ဝက်ဘ်ဆိုက်ပေါ်မှာ တပတ်အတွင်း ဖော်ပြခဲ့သော သတင်းနှင့် အခြား ဖတ်စရာ မှတ်စရာများကို


စုစည်းပြီး သတင်းလွှာအဖြစ် မှာကြားသူများထံ ပို့ပေးနေပါသည်။

မိမိ၏ အီးမေးလ်လိပ်စာပေးပို့၍ သတင်းလွှာ မှာကြားနိုင်ပါသည်။

သတင်းလွှာမှာကြားရန်

သတင်းလွှာကို ဆက်လက် အလိုမရှိတော့ပဲ ရပ်ဆိုင်းလိုလျှင်လည်း ရပ်ဆိုင်းနိုင်ပါသည်။

သတင်းလွှာရပ်ဆိုင်းရန်

မြန်မာစာလုံးထည့်သွင်းရန်

RFA သတင်းလွှာကို ဖတ်ရှုရန်အတွက် မိမိ၏ ကွန်ပျူတာတွင် Zawgyi-One မြန်မာစာလုံး ရှိထားရမည်


ဖြစ်ပါသည်။ ထို့ပြင်၊ ယခင် သတင်းဟောင်းများ ဖတ်ရှုရန်အတွက် BIT မြန်မာစာလုံးလည်း လိုအပ်နိုင်ဖွယ်
ရှိပါသည်။ Zawgyi-One စာလုံးနှင့် BIT စာလုံးများကို ယခု သတင်းလွှာနှင့်အတူ ပူးတွဲ ပေးပို့ထားသည့်အပြင်
ရယူနိုင်သည့် နေရာကိုလည်း ဖော်ပြထားပါသည်။ ဇော်ဂျီမြန်မာစာလုံးရယူရန်

အင်တာနက်စာမျက်နှာ လျှို့ဝှက်ကြည့်ရှုရန် နည်းလမ်းများ

RFA ဝက်ဘ်ဆိုက်ကို ပိတ်ဆို့ခံထားရသော မြန်မာပြည်တွင်းမှ စာဖတ်သူများအတွက် သတင်းလွှာ၏


နောက်ဆုံးတွင် အင်တာနက် စာမျက်နှာများအား လျှို့ဝှက်ကြည့်ရှုနည်းကို ဖော်ပြထားပါသည်။သို့မဟုတ်
အောက်ဖော်ပြပါ ဝက်ဘ်ဆိုက်များမှတဆင့် လျှို့ဝှက်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားပါသည်။
ဤလိပ်စာတခုခုကို မောက်စ်ဖြင့် နှိပ်၍ ဖြစ်စေ၊ သို့မဟုတ် ထိုလိပ်စာကို ကော်ပီလုပ်ကာ မိမိ၏ အင်တာနက်
ဘရောက်ဇာတွင် ကူးထည့်၍ဖြစ်စေ RFA မြန်မာဝက်ဘ်ဆိုက်ကို အခြားသူမသိစေပဲ ဖတ်ရှုနိုင်ပါသည်။

https://cv.victorbaez.com/rd/burmese/
https://fl.billdingblocks.com/rd/burmese/
https://ih.moeten.nl/rd/burmese/

အကယ်၍ အင်တာနက် ဆက်သွယ်နှုန်း နှေးကွေးသော ကွန်ပျူတာမှ ဖတ်ရှုမည်ဆိုပါက ဓာတ်ပုံများမပါပဲ


စာသားချည်းဆိုလျှင် ပိုမို မြန်ဆန်ပါသည်။ မိမိ၏ အင်တာနက်စာမျက်နှာ လက်ယာဖက် အထက်ပိုင်းတွင် ရှိသော
‘စာသားသက်သက်’ ကို နှိပ်လိုက်လျှင် ပုံများမပါတော့ပဲ စာများသာ ပေါ်လာမည် ဖြစ်ပါသည်။

1
အထူးဖတ်စရာ

မြန်မာ့နိုင်ငံရေးနဲ့ မျိုးဆက်သစ်
2010-10-03

အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ


မြန်မာ့နိုင်ငံရေးကို မျိုးဆက်သစ်တွေက လက်ဆင့်ကမ်း ပါဝင် လှုပ်ရှားနေကြတဲ့အကြောင်း
ဆွေးနွေးထားကြပါတယ်။

ရွေးကောက်ပွဲနဲ့ မဲဆွယ်စည်းရုံးခွင့်
2010-09-26

အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ရွေးကောက်ပွဲဝင်မယ့်


နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေကို ပိတ်ပင်ဖြတ်တောက်မှုနဲ့ ရွေးကောက်ပွဲလွန်ကာလ
အခြေအနေ သုံးသပ်ချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

နေႛစဉ်သတင်းမဵား

ရွေးကောက်ပွဲ သပိတ်မှောက်ရေး NLD ဆက်လက်လှုပ်ရှား


2010-10-08

ဒီနေ့ NLD ပါတီရဲ့ ပဲခူးတိုင်း အနောက်ခြမ်းဒေသ ခရီးစဉ်မှာ ရွေးကောက်ပွဲ သပိတ်မှောက်ရေး


ကိစ္စအပါအဝင် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆည်ဖောက်ချလို့ သေဆုံးသူ ၅၀ ရှိ


2010-10-08

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းက ဆည်တော်လေးဆည်က ရေပိုတွေကို ဖောက်ချခဲ့တာကြောင့်


ရွာလုံးကျွတ် ရေမြုပ်ပြီး သေဆုံးသူ ၅၀ ခန့်ရှိတယ်လို့ သတင်း ရရှိပါတယ်။

မြန်မာ ကိုရင်နဲ့ သီလရှင်တွေ နာဂစ် မုန်တိုင်းဒဏ်သင့် မိဘမဲ့ အဖြစ် အသုံးချခံရ


2010-10-08

သီရိလင်္ကာနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာ ကိုရင်ငယ်နဲ့ သီလရှင်ငယ် ၁၀၀ ကျော်ကို ပြန်ခေါ်ဖို့ သီတဂူ


ဆရာတော်နဲ့ မြန်မာသံရုံးက စီစဉ်ပေးနေတာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ရရှိတဲ့ သတင်းကို
တင်ပြမှာပါ။

2
ဒေါ်အောင်ဆန်းစုကြည်အမှု လျှောက်လဲဖို့ ရက်ချိန်းပေး
2010-10-08

ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိကြောင်း တင်ပြထားတဲ့ အထူးအယူခံအတွက် လျှောက်လဲချက်


ပေးဖို့လာမဲ့ အောက်တိုဘာလ ၁၈ရက်နေ့ကို ရက်ချိန်းပေးကြောင်း ဗဟိုတရားရုံးက ကြေညာချက်
ထုတ်ပြန်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မမှန်မကန် မဲဆွယ်မှု ဒီမိုကရက်တစ်ပါတီ တိုင်ကြား


2010-10-07

ကြံို့င်ဖွံ့ဖြိုးရေးပါတီက မမှန်မကန် မဲဆွယ်တာတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ


(မြန်မာပြည်) က ရွေးကောက်ပွဲ ကော်မရှင်မှာ သွားရောက် ဆွေးနွေးခဲ့သလို တရားဝင် စာတစောင်လည်း
စက်တင်ဘာလ ၃၀ရက်နေ့ နေ့စွဲနဲ့ တင်ပြခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တပ်ပေါင်းစု ဖြစ်ပေါ်ရေး မသေချာ


2010-10-07

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ တိုင်ရင်ားးလက်နက်ကိုင် အဖွဲ့ ၆


ဖွဲ့ ရဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။

စိုက်ပျိုးပြီးယာမြေ အဓမ္မ သိမ်းယူမှု အိုင်အယ်လ်အိုကို တိုင်ကြား


2010-10-07

ဧရာဝတီတိုင် ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်းမှာ ပဲစိုက်ပျိုးထားတဲ့ လယ်ယာမြေတချို့ကို


ဧရာဝတီတိုင်း အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တိုင်းမှူးရဲ့ အစည်းအဝေး
ဆုံးဖြတ်ချက်အရဆိုပြီး သက်ဆိုင်ရာ ကျေးရွာ ရယကအဖွဲ့ဝင်တွေက သိမ်းယူလိုက်တဲ့ အတွက်
အိုင်အယ်လ်အိုကို တိုင်ကြားလိုက်တယ်လို့ သိရပါတယ်။

ထိုင်းငါးဖမ်းပိုက်စက်ရုံမှာ မြန်မာအလုပ်သမားများ ထပ်မံဆန္ဒပြ


2010-10-07

ပြီးတ
ဲ့ စက်တင်ာလဆန်းပိုင်းတုံးက ယာယီ နိုင်ငံကူးလက်မှတ်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ
အလုပ်သမားကိုးရာကျော် တပတ်ကျော် ကြာအောင် ဆန္ဒပြခဲ့ဖူးတဲ့ ထိုင်း လာအိုနယ်စပ်က
ငါးဖမ်းပိုက်စက်ရုံမှာ အောက်တိုဘာ ၇ ရက် ဒီနေ့မနက်မှာ ထပ်မံဆန္ဒပြမှု ဖြစ်ပွား နေတယ်လို့
သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ကုလအတွင်းရေးမှူးချုပ်ထပ်မံ ပြောဆို


2010-10-07

ကုလသဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက မြန်မာစစ်အစိုးရကို နိုင်ငံရေးအကျဉ်းသား အားလုံး


လွှတ်ပေးဖို့နဲ့ လာမဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို ပွင့်လင်းမျှတမှု ရှိပြီး သက်ဆိုင်ရာ နိုင်ငံရေး
အဖွဲ့အစည်း အားလုံး ပါဝင် နိုင်အောင် အာမခံချက်ပေးဖို့ မိမိ ဆက်လက် တိုက်တွန်းနေကြောင်း
အောက်တိုဘာ ၆ ရက် မနေ့က ပြောဆိုလိုက်ပါတယ်။

3
ကုလညီလာခံ ကျင်းပနေစဉ် မြန်မာ့အရေး ကမ္ဘာက ပိုသိအောင် ကြိုးပမ်း
2010-10-07

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေတဲ့ အချိန်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး


ချိုးဖောက်မှုတွေအတွက် စုံစမ်းရေးကော်မရှင် စေလွှတ်ဖို့ကိစ္စနဲ့ မြန်မာနိုင်ငံက
ရွေးကောက်ပွဲအခြေအနေတွေကို နိုင်ငံတကာက ပိုမိုသိရှိ လက်ခံလာအောင် မြန်မာအတိုက်အခံ
ကိုယ်စားလှယ်အဖွဲ့က အောက်တိုဘာ ၆ ရက် မနေ့က နယူးယောက်မြို့မှာ ဆွေးနွေးပွဲ နှစ်ခု
ပြုလုပ်ခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ ဆွီဒင်အစိုးရကို ဟောပြောစည်းရုံး


2010-10-07

မြန်မာ့နိုင်ငံရေး အဖြေရှာရေးမှာ နိုင်ငံတကာရဲ့ အကူအညီရရှိဖို့ ကြိုးပမ်းမှုတရပ်အနေနဲ့ ဗြိတိန်အခြေစိုက်


ဘားမားကမ်းပိန်း(ယူကေ)အဖွဲ့ က မဇိုရာဖန်းဟာ အောက်တိုဘာ ၆ ရက် မနေ့ နေလည်က ဆွီဒင်နိုင်ငံ
လွှတ်တော်ကို သွားရောက် ဟောပြောခဲ့ပါတယ် ။

မြန်မာလွှတ်တော်အမတ် ၁၂ ဦး ပြန်လွှတ်ပေးဖို့ ကမ္ဘာ့ ပါလီမန်သမဂ္ဂ တောင်းဆို


2010-10-07

မြန်မာနိုင်ငံမှာ ဖမ်းဆီးအကျဉ်ချခံထားရတဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စား


လှယ် ၁၂ ဦးကို ပြန်လွှတ်ပေးဖို့နိုင်ငံတကာ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (Inter Parliamentary
Union) က တောင်းဆိုလိုက်ပါတယ်။

ရခိုင်လူငယ်များ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှား


2010-10-06

၂၀ဝ၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ကြလို့ ရေးသားထားတဲ့


စာရွက်တွေ လိုက်လံကပ်တဲ့ လှုပ်ရှားမှုကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ အောက်တိုဘာလ ၆ရက်
ဒီကနေ့မနက် လင်းအားကြီး အချိန်မှာ လူငယ်တစုက ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဦးနှောက်အမြှေးရောင်နှင့် သွေးလွန်တုပ်ကွေးကြောင့် လေးဦးသေဆုံး


2010-10-06

ကျောက်ပန်းတောင်းမြို့မှာ ကူးစက်တတ်တဲ့ ဦးနှောက် အမြှေးရောင် ရောဂါနဲ့ လူနှစ်ဦး၊ သွေးလွန်တုပ်ကွေး


ရောဂါနဲ့ ကိုရင်၂ ပါး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သေဆုံးခဲ့သလို ဒီရောဂါတွေနဲ့ လူနာ တရာလောက်
ဆေးရုံမှာ ဆေးကုသ ခံယူနေရတယ်လို့ သိရပါတယ်။

စက်လှေနစ်၍ ဆရာနှင့်ကျောင်းသား အနည်းဆုံး ၃၆ ဦးရေနစ်သေဆုံး


2010-10-06

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ပလူဆိတ် ကျေးရွာအုပ်စုက အလယ်တန်း ကျောင်းသားတွေနဲ့ ဆရာ၊


ဆရာမတွေ တင်ဆောင်ပြီး မိကျောင်းအိုင်ကျေးရွာမှာ ပြုလုပ်တဲ့ ကျောင်းသားစုံညီပွဲတော် အသွား
အောက်တိုဘာလ ၆ ရက် ဒီကနေ့ မနက် ၇ နာရီလောက်မှာ စက်လှေ နစ်မြုပ်ခဲ့လို့ လူ ၃၆
ယောက်လောက် ရေနစ်သေဆုံးခဲ့တယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။

4
အဖွဲ့ချုပ် ဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ်မှာ NLD ပါတီ ရှင်းပြ
2010-10-06

NLD ပါတီရဲ့ ရှမ်းပြည်စည်းရုံးရေးခရီးစဉ်မှာ တောင်ကြီးမြို့မှာ ရှမ်းပြည်နယ် မြို့နယ်အသီးသီးက


ပါတီအောက်ခြေ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ပါတီရဲ့ ဆုံးဖြတ်ချက်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
မှာကြားချက်တွေကို အောက်တိုဘာ ၆ ရက် ဒီကနေ့ ပြောပြခဲ့တယ်လို့ အဖွဲ့ ခေါင်းဆောင် ဦးအုန်းကြိုင်က
ပြောပါတယ်။

ချင်းပြည်နယ်ရှိ မြို့နယ်အချို့ နိုဝင်ဘာမှာ ရိက္ခာလုံးဝပြတ်ဖွယ်


2010-10-05

ချင်းပြည်နယ်အတွင်း ဆက်လက်ဆိုးဝါးနေဆဲဖြစ်တဲ့ ကြွက်သောင်းကျန်းမှုပြဿနာ ကြောင့် မင်းတပ်၊


ကန်ပက်လက်၊ ပလက်ဝ စတဲ့ တောင်ပိုင်းမြို့နယ်တချို့မှာ အခု နိုဝင်ဘာလအတွင်း စားနပ်ရိက္ခာ
လုံးဝပြတ်တောက်မဲ့ အခြေအနေ ရှိတယ်လို့ ရန်ကုန်မြို့အခြေစိုက် ချင်းပြည်နယ် ကြွက်နှိမ်နင်းရေးနဲ့
ပြန်လည် ထူထောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဒင်က RFA ကို အောက်တိုဘာ ၅ ရက် ဒီကနေ့
ထုတ်ဖော်ပြောကြား ပါတယ်။

သီရိလင်္ကာရောက် မိဘမဲ့ကလေးများ မြန်မာပြည်ပြန်ရေး သီတဂူဆရာတော်ကူညီ


2010-10-05

သီရိလင်္ကာနိုင်ငံမှာ ဒုက္ခရောက်ပြီး အဆင်မပြေဖြစ်နေတဲ့ မြန်မာကလေး ၁၀၀ ကျော် ပြန်ခေါ်ဖို့


သီတဂူဆရာတော်ကြီး ကြိုးစားနေရာမှာ ၃၅ ယောက် ပါဝင်တဲ့ ပထမဦးဆုံး အသုတ်ဟာ လာမဲ့
အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။

အနုပညာရှင်များကို အသုံးချပြီး ကြံ့ခိုင်ရေးပါတီစည်းရုံး


2010-10-05

နိုဝင်ဘာ ၇ ရက်နေ့ကျင်းပမဲ့ စစ်အစိုးရ ရွေးကောက်ပွဲအတွက် စစ်အစိုးရကျောထောက် နောက်ခံ


ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်လောင်းတချို့ဟာ ရုပ်ရှင်ဂီတနဲ့ သဘင်
အနုပညာရှင်တွေကို လိုက်လံ ငှားရမ်းနေတယ်လို့ သိရပါတယ်။

ဆရာအခွင့်အရေးချိုးဖောက်မှုအတွက် တွံတေးမှာ တကိုယ်တော်ဆန္ဒပြ


2010-10-05

ဒီကနေ့ အောက်တိုဘာလ ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ မြန်မာနိုင်ငံမှာ


ကျောင်းဆရာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ အခြေအနေတွေကို လူအများ
သတိပြုမိအောင် နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတဦးက တကိုယ်တော် ဆန္ဒပြတယ်လို့
သိရပါတယ်။

ပါတီဖျက်သိမ်းမှုကိစ္စဖြင့် စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်တရားစွဲ


2010-10-05

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကို စစ်အစိုးရက ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး၊


ပါတီအထွေထွေ အတွင်းရေးမှူးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၅ ရက် ဒီကနေ့
ဗဟိုတရားရုံးမှာ အမှုတင်ပြပြီး တရားစွဲဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်
ကျခံနေရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ရှေ့နေ ဦးဉာဏ်ဝင်းက ဗဟိုတရားရုံးမှာ ဒီကနေ့
မနက်ပိုင်းက တင်ပြခဲ့တာဖြစ်ပါတယ်။

5
ကလေးစစ်သားပြန်ရရေး ILO ကို မိသားစု တိုင်ကြား
2010-10-04

ပဲခူးတိုင်း ဝေါမြို့မှာနေတဲ့ မိဘတွေက ကလေးစစ်သားအဖြစ် စုဆောင်းခံလိုက်ရတဲ့ သားကို ပြန်ခေါ်နိုင်ဖို့


ရန်ကုန်အိုင်အယ်လ်အို ရုံးခွဲကို ဒီနေ့ အောက်တိုဘာ ၄ ရက်မှာ စာရေးပြီး အကူအညီ
တောင်းထားတယ်လို့ သိရပါတယ်။

ဧရာဝတီ၊ မကွေး၊ ပဲခူး၊ ရန်ကုန်တိုင်းများတွင် အတင်းအကျပ် မဲပေးခိုင်း


2010-10-04

ရွေးကောက်ပွဲမှာ မဲမထည့် မနေရ ညွှန်ကြားချက်တွေ အာဏာပိုင်တွေက ထုတ်ပြန်သလို ပယ်မဲ


မဖြစ်ရေးအတွက်ကြိုတင် ဆောင်ရွက်ရန် ညွှန်ကြားမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

မြန်မာ့အရေး ASEM အတွက် အရေးကြီးကြောင်း ဗြိတိသျှ ဒုဝန်ကြီးချုပ်ပြောကြား


2010-10-04

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ ကျင်းပတဲ့ ဥရောပ-အာရှ ထိပ်သီးညီလာခံကနေ မြန်မာပြည်သူတွေ


ဖိနှိပ်ခံနေရတာကို တညီတညွတ်တည်း ကန့်ကွက်ရှုတ်ချဖို့ အခွင့်အလမ်းကောင်းတခု ဖြစ်တယ်လို့
ဗြိတိသျှ ဒုတိယ ဝန်ကြီးချုပ် Nick Clegg က တိုက်တွန်းလိုက်ပါတယ်။

ပြည်သူ့ဆန္ဒမှန်ဖော်ထုတ်ရေးနှင့် ရွေးကောက်ပွဲ တရားမျှတရေး SNLD လုပ်ဆောင်


2010-10-04

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ ပါတီတခု ဖြစ်တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ SNLD က


စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မသမာမှုနဲ့ အဂတိလိုက်စားမှု စောင့်ကြည့်ရေး
နှိုးဆော်တဲ့ လှုပ်ရှားမှု တွေကို ရှမ်းပြည်နယ်တွေနဲ့ကချင်ပြည်နယ်တွေမှာ ဆောင်ရွက်နေတယ်လို့ RFA က
စုံစမ်းသိရပါတယ်။

ပဲခူးလူငယ်နှစ်ဦး ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်သူများကို စစ်ဆေးစီရင်မည်


2010-10-04

ပဲခူးမြို့မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှု၊ ရဲတပ်ဖွဲ့က


အရပ်သား လူငယ် ၆ ဦးကို ထိုးကြိတ်မှုတွေမှာ ကျူးလွန်ခဲ့တဲ့ စစ်ဖက်နဲ့ ရဲဖက်က အရာရှိတွေ၊
တပ်သားတွေကို ထိန်းသိမ်း ချုပ်နှောင် စစ်ဆေးနေပြီး၊ မကြာခင် စီရင်ချက် ချမှတ်တော့မယ်လို့
သိရပါတယ်။

ကချင် ဟူးကောင်းချိုင့်ဝှမ်းမှာ စစ်အစိုးရတပ်က ပြည်သူ့စစ်သင်တန်း ပေးနေ


2010-10-03

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ယုဇန ကုမ္ပဏီပိုင်မြေထဲမှာ


ပြည်သူ့စစ် ဖွဲ့စည်းပြီး အောက်တိုဘာလ ၂ ရက်နေ့ က လက်နက်အပ်ပွဲ ကျင်းပသွားတယ်လို့
သိရပါတယ်။

6
ပါတီရပ်တည်ခွင့်အတွက် စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲမည်
2010-10-03

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ဆက်လက်ရပ်တည်ခွင့်နဲ့


ပတ်သက်လို့ လာမဲ့ အောက်တိုဘာလ ၅ ရက် အင်္ဂါနေ့မှာ စစ်အစိုးရကို စတင် တရားစွဲဆိုမယ်လို့ ရှေ့နေ
ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

မြန်မာ့အရေး အားပေးဖို့ Sonia Gandhi ကို အိန္ဒိယရောက်မြန်မာတွေ တိုက်တွန်း


2010-10-02

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာအောင် အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့


ပြောဆိုမှုတွေ လုပ်ပေးဖို့ အိန္ဒိယရောက် မြန်မာအဖွဲ့အစည်းတွေက အိန္ဒိယခေါင်းဆောင်တဦး ဖြစ်သူ Mrs.
Sonia Gandhi ကို ဒီကနေ့ တောင်းဆိုစာတစောင် ရေးသားလိုက်ပါတယ်။

မြန်မာနဲ့ တိုက်ရိုက် ပတ်သက်တဲ့နေ့တွေ ဖော်ထုတ်ပေးဖို့ တောင်းဆို


2010-10-02

အောက်တိုဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးနေ့ International


Day of Non-Violence မှာ ရန်ကုန်အခြေစိုက် 'အကြမ်းမဖက် အမျိုးသားရေး လှုပ်ရှားသူများ- မြန်မာနိုင်ငံ'
ကနေ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လိပ်မူပြီး လက်ရှိ
မြန်မာ့နိုင်ငံရေးနဲ့တိုကရ
ိုက်သက်ဆိုင်တဲ့ ကုလသမဂ္ဂ နေ့ထူးနေ့မြတ်တွေကို အသိအမှတ်ပြု
ဖော်ထုတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မဟာမိတ်ကော်မတီဖွဲ့


2010-10-02

ရွေးကောက်ပဝ
ွဲ င်မဲ့ အတိုက်အခံ ဒီမိုကရေစီနဲ့ တိုင်းရင်းသားပါတီ (၆) ခုက ရွေးကောက်ပွဲကာလနဲ့
ရွေးကောက်ပွဲအပြီး ဥပဒေပြုရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် မဟာမိတ်
ကော်မတီတရပ် ဖွဲ့ဖို့ ဒီကနေ့ သဘောတူလိုက်ပါတယ်။

Radio Free Asia


2025 M Street NW, Suite 300,
Washington DC 20036, USA
202-530-4900 | burweb@rfa.org | RFA Jobs © 2005 Radio Free Asia

အင်တာနက်စာမျက်နှာများကို လျှို့ဝှက် ကြည့်ရှုနည်း

လွတ်လပ်တဲ့ အာရှအသံ (RFA) ရဲ့ အင်တာနက် စာမျက်နှာများကို မြန်မာပြည်တွင်းက ကြည့်လို့ မရအောင်


ပိတ်ဆို့ထားပါလိမ့်မယ်။ ဥပမာဆိုရင်၊ http://www.rfa.org/burmese ကို မကြည့်နိုင်အောင် လုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့၊
အဲဒီ အင်တာနက်စာမျက်နှာကို တိုက်ရိုက်မသွားပဲ proxy server လို့ ခေါ်တဲ့ ကြားခံကွန်ပျူတာ ဆာဗာစနစ်ကို အသုံးပြုပြီး
ကြည်ရ
ှု့နိုင်တဲ့ နည်းလမ်းရှိပါတယ်။

အဲဒီလို ကြားခံ ကွန်ပျူတာဆာဗာကတဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ထားတဲ့ အင်တာနက် စာမျက်နှာတွေကို


ကြည့်နိုင်တဲ့အပြင် ဘယ်သူဘယ်ဝါမှန်းလည်း မသိနိုင်ပါဘူး။ ကွန်ပျူတာ အသုံးပြုသူဟာ ကြားခံကွန်ပျူတာထဲကို

7
ဝင်ပြီးတဲ့နောက် ကိုယ်ယောင်ဖျောက်ပြီးတော့ တခြား ပိတ်ဆို့ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို သွားတဲ့
သဘောမျိုးပါ။

ဘယ်လိုရှာဖွေမလဲ

အခုလို ကြားခံဆောင်ရွက်ပေးမဲ့ ကွန်ပျူတာ ဆာဗာတွေကို အင်တာနက်ဝက်ဘ်ပေါ်မှာ ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ


ရှိပါတယ်။

Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တခုခုကို သုံးပြီး ရှာရမှာ ဖြစ်ပါတယ်။ ရှာရမဲ့ စာလုံးတွေကတော့ nph-
proxy ဒါမှမဟုတ် nph-proxy.pl ဒါမှမဟုတ် nph-proxy.cgi တို့ကို ရိုက်ထည့်ပြီး ရှာကြည့်ပါ။

တခြားနည်းတခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့ စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ်။

အဲဒီလို ရှာလိုက်တဲ့အခါမှာ ကြားခံ ကွန်ပျူတာ ဆာဗာအဖြစ် လက်ခံဆောင်ရွက်ပေးမဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို


တွေ့ရပါလိမ့်မယ်။ ဒါမှမဟုတ် ကြားခံကွန်ပျူတာဆီကို သွားနိုင်တဲ့ link လမ်းကြောင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ
ဝက်ဘ်ဆိုက်တခုခုကို ဝင်ပြီးတဲ့အခါမှာ ကိုယ်သွားလိုတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာကို ထည့်သွင်းရမဲ့
ကွက်လပ်တခုကို တွေ့ရပါလိမ့်မယ်။

ပိတ်ဆို့ခံထားရတဲ့ အင်တာနက် ဝက်ဘ်ဆိုကရ


်ဲ့ လိပ်စာURLကို အဲဒီကွက်လပ်ထဲမှာ ရိုက်ထည့်လိုက်ရင် ကိုယ်သွားချင်တဲ့
ဝက်ဘ်ဆိုက်ကို ရောက်သွားပါလိမ့်မယ်။

ဥပမာအားဖြင့်၊ လွတ်လပ်တဲ့ အာရှအသံ RFA ရဲ့ မြန်မာဘာသာစာမျက်နှာ လိပ်စာ www.rfa.org/burmese ဖြစ်ပါတယ်။

ကြားခံ ကွန်ပျူတာ ဆာဗာတချို့ကတော့ ရှေ့က http:// ဆိုတာကိုပါ ရိုက်ထည့်ရပါတယ်။ ဥပမာဆိုရင်၊


http://www.rfa.org/burmese လို့ ရိုက်ရပါတယ်။

တခြား ဖြတ်လမ်းနည်းအနေနဲ့ အောက်မှာ အဆင်သင့်ပြထားတဲ့ Link အဆက်အသွယ်တွေကို နှိပ်လိုက်ရင်လည်း ကြားခံ


ကွန်ပျူတာ ဆာဗာတခုထဲကို သွားနိုင်ပါတယ်။ ဒါပေမဲ့၊ ဒီလို လူသိရှင်ကြား ကြေညာထားတဲ့ အင်တာနက်လိပ်စာတှေကို
အာဏာပိုင်တွေက ပိတ်ဆို့ထားပြီးသား ဖြစ်နိုင်ပါတယ်။ အဲဒီလို ဆိုရင်တော့ စောစောက ရှင်းပြခဲ့တဲ့နည်းအတိုင်း ကိုယ့်ဖာသာ
ရှာကြည့်ပြီး လုပ်လိုက်ရင် လွယ်လွယ်လေးပါ။

http://www.stupidcensorship.com/

8
http://proxify.com/ This is free but there is also a version available for a fee.

http://www.zensur.freerk.com/nada/

Proxy Server လို့ခေါ်တဲ့ ကြားခံ ကွန်ပျူတာ ဆာဗာတွေရဲ့ လိပ်စာက အမြဲတမ်း ပြောင်းလဲနေပါတယ်။ ဒါပေမဲ့
အခုနည်းတွေအတိုင်း ရှာကြည့်ပြီး ပြင်ပကမ္ဘာကြီးထဲက အင်တာနက်လောကကို လွတ်လွတ်လပ်လပ်
သွားလာလည်ပတ်နိုင်ပါတယ်။