You are on page 1of 4

(၁)

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ နောက်ဆုံးဥက္ကဋ္ဌဖြစ်ခဲ့သူ ဒေါက်တာမောင်မောင် ပြောခဲ့ဘူးတဲ့စကားကို မှတ်မိကြပါလိမ့်မယ်။


“ ဒီ အခြေခံ ဥပဒေကြီးကို ချက်ချင်းဖျက်ပစ်လို့ မရပါဘူး။ အနုပညာရှင်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ပြည်သူတွေ နဲ့
ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပြီး ရေးဆွဲခ့တ
ဲာပါ” လို့ ဆိုတယ်။ တကယ်တော့ သူက နိုင်ငံရေးသမားအားလုံးကို လေသံအေးအေးနဲ့
ခပ်ထေ့ထေ့ ရိ နေတာဖြစ်တယ်။ ဒေါက်တာမောင်မောင်ပြောချင်တာက
“ ၁၉၇၄ အခြေခံဥပဒေဆိုတာ ကျနော်တို့ မဆလ တွေချည်းဆွဲခဲ့တာမဟုတ်ဘူး။ အနုပညာရှင်တွေနဲ့ တိုင်းရင်းသားတွေလည်း
သဘောတူထောက်ခံပါဝင်ခ့တ
ဲ ယ် မဟုတ်လား ” လို့ ပြောနေခြင်းဖြစ်တယ်။
ဒီကနေ့ ၂၀၁၀ ရွေးကောက်ပက
ွဲို ဝင်ရောက်ယှဉ်ပြိုင်မဲ့သူတွေ သတိထားမိဖို့အတွက် ပြန်ပြောပြတာပါ။
ပါလီမန်တွင်းမှာ ဝင်ရောက်စကားပြောမယ်။ စစ်အုပ်စုက ခုံ (၁၀၀) ယူထားရာ ကနေ (၇၅) ခုံ ကို ဖွင့်ပေးလိုက်တယ်။
၂၀ ရာခိုင်နှုန်းလောက် အနိုင်ရရင် မဆိုးဘူး--- စသော စသော အဆိုပြုခဲ့သူများ ကိုယ်မျှော်လင့်ခဲ့သလို မလုပ်နိုင်ဘူးဆိုရင်တော့
၂၀၀၈ အခြေခံဥပဒေကို ထောက်ခံခ့သ
ဲူတွေအဖြစ် သမိုင်းတရားခံဖြစ်မှာအမှန်ပါပဲ။
ပြည်တွင်းပြည်ပ အတိုက်အခံအများစုက ဒီအခြေခံဥပဒေကိုလက်မခံသလို စစ်အုပ်စုကလည်း နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်ကိုမြှင့်မဲ့
အရိပ်အယောင်တွေ၊ လှုပ်ရှားမှုတွေ ပြောင်ပြောင်တင်းတင်း လုပ်ပြနေတယ်။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ ဦးဆောင်ပါဝင်တဲ့
အဖွဲ့တွေကလည်း “ ဒုတိယပင်လုံညီလာခံခေါ်မယ်၊ ပြည်တွင်းစစ်မီးတောက်လောင်မှုကို တားဆီးရမယ်” ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို
ချမှတ်ပြင်ဆင်လှုပ်ရှားနေကြတယ်။ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ကို မြင်ချင်ပါတယ်ဆိုတဲ့သူတွေ မကောင်းဆိုးဝါးစစ်အစိုးရဆီမှာ
ကိုယ်ရဲ့ကံကြမ္မာကို အောက်ကြေးနဲ့ထိုးကြမှာလား။ ကိုယ်လို ဖိနှိပ်ခံနေရတဲ့ဘဝတူ တိုင်းရင်းသားတွေနဲ့အတူသွေးစည်းညီညွတ်ကြမလား။
လေးလေးနက်နက်စဉ်းစားစေလိုပါတယ်။

(၂)

ရှင်သန်တက်ကြွနေသော အင်အားစုများ ( Active Forces ) လို့ခေါ်တဲ့ ညွှန့်ပေါင်းအင်အားစုတရပ်ကို “မက်ဒက်ဂက်စကာ” နိုင်ငံမှာ


ဖွဲ့စည်းခဲ့ကြဘူးတယ်။ ဆိုရှယ်လစ်အစိုးရရဲ့ ဖိနှိပ်မှုကို ပြန်လည်အန်တုဖို့အတွက် အမျိုးသားရေးဆွေးနွေးပွဲ ( National Forum) မှာ
ဆုံဆည်းကြတယ်။ ဆိုရှယ်လစ်အစိုးရရေးဆွထ
ဲားတဲ့ အခြေခံဥပဒေကို ဥပေက္ခာပြု ငြင်းဆိုလိုက်ပြီး အခြေခံဥပဒေသစ်ကို
ကိုယ်တိုင်ရေးဆွဲလိုက်ကြတယ်။ မက်ဒက်ဂက်စကာ အစိုးရ အတွက် ဖိအားတွေက တရစပ်ရောက်လာခဲ့တယ်။
လူထုဆန္ဒခံယူပွဲတွေပြန်လုပ်ရတယ်။ အခြေခံဥပဒေသစ် ကို ပြန်ရေးဆွဲပေးရတယ်။ ရွေးကောက်ပွဲအသစ်ကျင်းပပေးခဲ့ရတယ်။

(၃)

စစ်အေးတိုက်ပွဲ ရဲ့ နောက်ဆုံးနှစ်များ ( ၁၉၈၉-၉၁) မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေ၊ အနေအထားတွေအတိုင်းဖြစ်ပျက်ဖို့ ဆိုတာကတော့


လုံးဝမလွယ်ပါဘူး။ ၂၀၁၀ ဆိုတာ စစ်အေးတိုက်ပွဲအသစ်တခုအတွက် ပြန်လည်ပြင်ဆင်နေကြချိန်၊ သမိုင်းဘီးက တပတ်လည်နေချိန်
ဖြစ်တယ်။ ဒါပေမဲ့ မက်ဂါဒက်စကာလှုပ်ရှားမှုမှာ စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှုတွေရှိတယ်။
ရှင်သန်တက်ကြွနေသော အဖွဲ့အစည်းများ ( Active Forces ) လို့ခေါ်တဲ့ အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ နဲ့ ပြည်သူတွေ
ဆုံဆည်းခဲ့ကြတဲ့ အမျိုးသားရေးဆွေးနွေးပွဲ ဖိုရမ် တွေ ရဲ့ အရှိန်မြင့်သွားတဲ့ ကြံစည်မှုတွေဖြစ်တယ်။
“ လူထုဆန္ဒကို ထုတ်ဖေါ်ပြသတဲ့အခါတိုင်း စစ်အာဏာရှင်တွေဟာ အကြမ်းဖက်ဖြိုခွေ
ဲ လ့ရှိတယ်။
သွေးထွက်သံယိုမှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ပြန်လှန်တိုက်ခိုက်နိုင်မဲ့ တခြားနည်းလမ်းမရှိဘူး။
ဒီအချိန်ဟာ ကျနော်တို့အတွက် အခွင့်ကောင်းပဲ။ လူထုအားနဲ့ပဲ ပြန်လည်ရင်ဆိုင်ရမယ်။” လို့
မက်ဒက်ဂက်စကာ အမျိုးသားရေး လှုပ်ရှားသူတွေက ယုံကြည်ခဲ့ကြတယ်။

ဒီတပတ် လွတ်လပ်တဲ့အသံ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ “ မက်ဂက်ဒက်စကာ ဆိုရှယ်လစ်အာဏာရှင်ကို ပြုတ်ကျစေတဲ့


လူထုလှုပ်ရှားမှုအကြောင်း” ကို ဆွေးနွေးတင်ပြထားပါတယ်။

ကျနော်တို့မှာ ရွေးချယ်စရာမရှိ ပါ

အာဖရိကတိုက်ရဲ့အရှေ့တောင်ဘက် အင်ဒီယန်းပင်လယ်ထဲမှာ တည်ရှိတဲ့ မက်ဒက်ဂက်စ်စကာနိုင်ငံဟာ အာရှ၊ အာဖရိက နွယ်ဖွားတွေ


နေထိုင်ရာကျွန်းနိုင်ငံတခုဖြစ်ပြီး၊ လောကတခုကိုထက
ွ်ပြေးမဲ့ နိဗ္ဗာန်ဘုံအဖြစ်ခေါ်ဆိုလေ့ရှိကြပါတယ်။
ဒါပေမဲ့ လက်တွေ့ဘဝတွေကတော့ ဆိုသလိုမဟုတ်ခ့ပ
ဲါဘူး။
“၁၉၆၀ ခုနှစ် မှာ ပြင်သစ်နိုင်ငံဆီက လွတ်လပ်ရေးရခဲတ
့ ယ် လို့ ဆိုပေမဲ့ တချို့လူမျိုးစုတွေက ပြင်သစ်နဲ့ နီးနီးကပ်ကပ်
နေခဲ့ကြပါတယ်။ စီးပွားရေးအရ လုံးဝလွတ်လပ်မှုမရှိပဲ ပြင်သစ်ကုမ္မဏီတွေသာ အကျိုးအမြတ်ဆက်လက်ခံစားပိုင်ခွင့်ရှိနေတာကြောင့်
မက်လာဂက်ဆီ အများစုကမကျေနပ်ခြဲ့ ကပါဘူး။ ဆယ်စုနှစ်တခုလုံး လူမှုရေးမငြိမ်သက်မှုတွေကြောင့် တိုင်းပြည်စီးပွားရေး
လည်ပတ်မှုတွေဟာလည်း ခက်ခဲသထက်ခက်ခလ
ဲာခဲ့ပါတော့တယ်။ ၁၉၇၂ ခုနှစ်မှာ ကျောင်းသားတွေဦးဆောင်တဲ့
အထွေထွေသပိတ် ပေါ်ပေါက်လာခဲ့ပြီး အစိုးရယန္ဒရားတခုလုံးကို ရပ်ဆိုင်းပစ်လိုက်တယ်။
အစိုးရကလည်း ပစ်ခပ်ဖြိုခွဲခ့တ
ဲာကြောင့် ကျောင်းသား တဒါဇင်ကျော်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်။
နိုင်ငံရဲ့သမ္မတဟာ အရေးပေါ်အုပ်ချုပ်ရေးကို ကြေငြာလိုက်ပြီး ပါလီမန်ကို ဖျက်သိမ်းပစ်လိုက်တော့တယ်”

တိုင်းပြည်တွင်းမှာ မကျေနပ်မှုကြောင့်ပေါက်ကွဲတောက်လောင်နေတဲ့ လူထုအုံကြွမှုတွေကို တားဆီးနိုင်စွမ်းမရှိတော့ပါဘူး။ မက်ဒက်ကက်စတာ


သမ္မတဟာ စစ်ဗိုလ်ချုပ် “ဂရေဘယ် ရမ်မန်နန့်ဆိုရာ” ဆီကို အာဏာလွှဲအပ်လိုက်ပါတယ်။
ဒါပေမဲ့ သူကလည်း စီးပွားရေးအကြပ်အတည်းတွေကို မဖြေရှင်းနိုင်ခဲ့သလို၊ လူထုရဲ့မကျေနပ်မှုတွေကလည်း ဒေါသတကြီးစီးဆင်း
နေခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေ၊ စစ်အာဏာသိမ်းမှုတွေ၊ အငြင်းပွားဘွယ်ရွေးကောက်ပွဲတွေနဲ့ တိုင်းပြည်တခုလုံး ဖရိုဖရဲဖြစ်နေခဲ့ပါတယ်။
“ ၁၉၇၂-၇၅ တလျှောက်လုံးမှာ လူထုဟာ စစ်မှန် တဲ့ တော်လှန်ရေးအတွက် ကြိုးစားခဲ့ကြပေမဲ့၊ ပြင်သစ် နဲ့ ရုရှားမှာ ပေါ်ပေါက်ခဲ့တဲ့
လူမှုစံနစ်ပြောင်းလဲတည်ဆောက်ရေး တော်လှန်ရေးတွေလိုမျိုး ဖြစ်မလာခဲ့ဘူး။ လက်ရွေးစင် စစ်ခေါင်းဆောင်တွေကသာ
အာဏာလွှဲပြောင်းသိမ်းယူနေတဲ့ အနေအထားမှာပဲရှိနေခဲ့တယ်”

၁၉၇၅ မှာတော့ အခြေခံနိုင်ငံရေး၊စီးပွားရေးအဆောက်အဦ အားနည်းတဲ့ မက်ဒက်ဂက်စကာ နိုင်ငံကို Didier Ratsiraka က


စစ်အာဏာသိမ်းယူခဲ့ပြီး သိပ္ပံနည်းကျတဲ့ဆိုရှယ်လစ်စံနစ် ကို ကျင့်သုံးမယ် လို့ကြွေးကြော်ခဲ့ပါတယ်။
သူ့ရဲ့ အနီရောင်စာအုပ်ညွှန်ကြားချက်အရ၊ ဆင်းရဲသားတွေအတွက်အကျိုးကျေးဇူးတကယ်ရနိုင်မဲ့ ကုန်ထုတ်လုပ်မှုတွေကို စီစဉ်ညွှန်ကြား
ခဲ့ပါတယ်။ “ဆင်ဖြူ” စက်မှုလုပ်ငန်းတွေကို ပြည်နယ်အသီးသီးမှာ တည်ဆောက်တယ်။ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းတွေကိုပြည်သူပိုင်
သိမ်းတယ်။ ဒါပေမဲ့ အခြေခံစားသုံးကုန်တွေ ပြတ်တောက်မှုတွေ စတင်ရင်ဆိုင်လာခဲ့ရပါပြီ။
“ စစ်အာဏာရှင်အသီးသီးလက်အောက်မှာ ပစ်ခပ်ချေမှုန်းမှုကို မြင်ခဲ့ဘူးတဲ့လူထုဟာ သူတို့ရဲ့မကျေနပ်မှုတွေကို ဝုန်းကနဲပေါက်ကွဲပစ်ဖို့အထိ
ကိုတော့ တွန့်ဆုတ်နေခဲ့ကြသေးတယ်။ဒါပေမဲ့ တခုခုလုပ်မှရတော့မယ် ဆိုတာ အစိုးရအဖွဲ့ဝင်တွေရော၊ နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေရော
နှစ်ဘက်လုံးကသိနေကြတယ်။ ၁၉၇၉ မှာ တိုင်းပြည်က ချွတ်ခြုံကျလာပြီလေ။ စစ်ခေါင်းဆောင် “ရက်စီရက်ကာ” ကလည်း
ဒီအခြေအနေတိုင်းဆက်သွားရင် သူကိုယ်တိုင် အန္တရာယ်ဆိုးတွေနဲ့ရင်ဆိုင်နိုင်တယ် ဆိုတာကို သဘောပေါက်နေခဲ့တယ်။
အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ် အပါအဝင် အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပ နိုင်ငံတွေဆီက ငွေကြေးထောက်ပံ့မှုရအောင် ကြိုးစားခဲ့တယ်”

၁၄ နှစ်လုံးလုံး အာဏာကို ထိန်းချုပ်ထားနိုင်ခ့တ


ဲ့ဲ မက်ဒက်ဂက်စကာ စစ်ခေါင်းဆောင်အတွက်စီးပွားရေးဆုတ်ပြတ်မှုတွေ
ရင်ဆိုင်နေရစဉ်မှာ သူ့ရဲ့အဓိက လက်တွဲဖေါ် ဆိုဗီယက်ပြည်ထောင်စုဟာပြိုကျလုဆဆ
ဲအခြေအနေကိုရောက်ရှိနေခဲ့ပါတယ်။
ကြွေးမှီပြဿနာကို ဆွဲထုတ်နိုင်ဖို့အတွက် အစိုးရလက်ဝါးကြီးအုပ်ထားတဲ့ ဆိုရှယ်လစ်စံနစ်ကို စွန့်လွှတ်ဖို့ကိုလည်း အနောက်နိုင်ငံတွေက
ဖိအားလာခဲ့ပါတယ်။ “ လူထုဆန္ဒကို ထုတ်ဖေါ်ပြသတဲ့အခါတိုင်း စစ်အာဏာရှင်တွေဟာ အကြမ်းဖက်ဖြိုခွဲလေ့ရှိတယ်။
သွေးထွက်သံယိုမှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ပြန်လှန်တိုက်ခိုက်နိုင်မဲ့
တခြားနည်းလမ်းမရှိဘူး။ ဒီအချိန်ဟာ ကျနော်တို့အတွက် အခွင့်ကောင်းပဲ။ လူထုအားနဲ့ပဲ ပြန်လည်ရင်ဆိုင်ရမယ်။”

ဒါကြောင့်လည်း ၁၉၉၁ မှာ “အန်တာနာနာရီဗိုမြို့”မှာ အတိုက်အခံခေါင်းဆောင် “အယ်လ်ဘတ် ဇက်ဖီ” က အစိုးရဝန်ထမ်း ရှစ်သောင်းကျော်ကို


ဦးဆောင်ပြီး စတင်သပိတ်မှောက်လိုက်ကြပါတယ်။ သြဂတ်စ်လမှာတော့ ပြည်သူ လေးသိန်းကျော်ဟာ မြို့တော်ရဲ့ဗဟိုဆီကို ချီတက်လိုက်ကြပါပြီး
မက်ဒက်ဂက်စကာရဲ့ ဘဏ်လုပ်ငန်း၊ ကုန်သယ
ွ်မှု နဲ့ အစိုးရယန္ဒရားတွေဟာ ရုတ်တရက်ရပ်ဆိုင်းအောင် ဖိအားပေးလိုက်ကြပါတော့တယ်။
“ မျှော်လင့်ထားသလိုပဲ ဆိုရှယ်လစ်အစိုးရက ပစ်ခပ်ဖြိုခွဲခဲ့တာပေါ့ဗျာ။ ဆန္ဒပြသူ အယောက်(၃၀)ကျော်သွေးမြေကျ
သေဆုံးခဲ့ရတယ်။ ဒီလို ပစ်ခပ်ဖြိုခွမ
ှဲုတွေကြုံလာရင် ကျနော်တို့လှုပ်ရှားမှု မသေဆုံးသွားအောင် အတိုက်အခံခေါင်းဆောင်တွေက
ကြိုတင်စီစဉ်ခဲ့ကြတယ်။အတိုက်အခံအဖွဲ့ (၁၆) ဖွဲ့ ပူးပေါင်းပါဝင်ထားတဲ့ “ ရှင်သန်နေတဲ့အင်အားစုများ” ညွှန့်ပေါင်းအဖွဲ့ကို
ဖွဲ့စည်းလိုက်ပြီး ပြည်သူ့လွှတ်တော်ခေါ်တယ်။ “အယ်ဘတ်ဇက်ဖီ” က ဝန်ကြီးချုပ်အဖြစ်ကြေငြာ လိုက်တယ်။
အာဏာရှင် “ရက်စီရက်ကာ“ က သူ့ရဲ့ဝန်ကြီးချုပ်ကိုအပြောင်းအလဲလုပ်ပြီး လူထုကိုချွေးသိပ်ဖို့ကြိုးစားသေးတယ်။ မရတော့ဘူး။ ကျနော်တို့ကလည်း
မက်ဒက်ဂက်စကာရဲ့အစိုးရအဖြွဲ့ ဖစ်တယ် ဆိုပြီး နိုင်ငံတကာသံရုံးတွေကို စာပို့လိုက်တယ်။ ပြင်သစ်သံရုံးနဲ့အမေရိကန်သံရုံးကလည်း
အစိုးရနှစ်ရပ်လုံးကို ညှိနှိုင်းဆွေးနွေးကြဖို့အကြောင်းပြန်ခ့တ
ဲ ယ်”

သောတရှင်များခင်ဗျား

အတိုက်အခံတွေရဲ့ မြန်ဆန်အရှိန်ပြင်းတဲ့ဖိအားတွေကြောင့် “ရက်စီရက်ကာ” အစိုးရဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်


တွေ့ဆုံဆွေးနွေးခဲ့ရပြီး ပါနိုရားမားသဘောတူညီမှုကိုလက်မှတ်ရေးထိုးခဲ့ရပါတယ်။ ဒီသဘောတူညီချက်အရ “ရက်စီရက်ကာ” ကို
သမ္မတအဖြစ်ဆက်လက် ထားရှိပေမဲ့ သမ္မတပါဝါအားလုံးကို ရုတ်သိမ်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ နိုင်ငံလုံးဆိုင်ရာညီလာခံမှ
အခြေခံဥပဒေသစ် ကို ရေးဆွဲခြဲ့ ပီး နောက်တနှစ်မှာတော့ ပါတီစုံရွေးကောက်ပွဲကိုကျင်းပခဲ့ပါတယ်။
“ရက်စီရက်ကာ” ရဲ့ လက်ကိုင်ဒုတ်တွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေကြားမှာ ရုန်းရင်းဆန်ခပ်တချို့ဖြစ်ပွားခဲ့ပေမဲ့
ဒီမိုကရက်တစ်အင်အားစုခေါင်းဆောင် “အယ်ဘတ် ဇက်ဖီ” ဟာရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
သောတရှင်တို့လည်း အာဏာရှင်တွေကို တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းဆီရောက်ရှိစေမဲ့ လူထုအင်အားတွေဖန်တီးနိုင်ကြပါစေ။

မှတ်ချက် ။ ။ မက်ဒက်ဂက်စကာနိုင်ငံအကြောင်းကို “ လစ်ဘရယ်ဒီမိုကရေစီလှိုင်းများ ပြီးသည့်နောက်” စီးရီးမှာ ဆက်လက်


ရေးသားသွားပါမယ်။ ၁၉၉၃ မှာ ဆိုရှစ်လစ်အစိုးရပြုတ်ကျသွားပေမဲ့ အသွင်ကူးပြောင်းမှုကာလတွေမှာ အခက်အခဲမျိုးစုံတွေ
ကိုရင်ဆိုင်ခြဲ့ ကရပါတယ်။