You are on page 1of 3

ကရင်လူမျိုးပေါ်ပေါက်ဆင်းသက်လာပုံ

စောထော့ဗျော်
ပေါင်းချောင်းမြေအိုးကွဲကိုပြန်ဆပ်ကြည့်ပါ
သားသမီးခုနှစ်ဖော်တို့သည် တစ်စုတည်းဖြစ်ပါသည်
သင်နဲ့ကျွန်ုပ်တို့သည် ပြန်လည်ဆုံတွေ့ရန်လွမ်းဆွတ်သည်

အထက်ပါလင်္ကာသည် စကောကရင်ဘာသာဖြင့် ရှေးကရင် ဘိုးဘွားတို့ ဖွဲ့ဆိုအာဂုံဆောင်ခဲ့သော


အလင်္ကာဖြစ်သည်။ ထိုလင်္ကာသည်မြန်မာနိုင်ငံတွင်းသို့ ဝင်မလာမှီကပင် ရှေးကရင်ဘိုးဘွားတို့
ဆင်းသက်ခဲ့သော လူနေမှူ့ဘဝကို ထင်ဟတ်ပြနေသည်။ တစ်နည်းအားဖြင့်ကရင်စာပေ
အရေးအသားပေါ်ပေါက်စေမည့် ရှေ့ပြေးဖွဲဆိုမှု့ဖြစ်သည်။ ထို့ကြောင့်ကရင်ဘဝ နံနက်ခင်းကို
ဖန်းဆင်းခဲ့သော ထိုအလင်္ကာကို ရွတ်ဆိုရင်း ကရင်လူမျိုးတို့ ပေါ်ပေါက်လာပုံကို ခြေရာခံမိပါသည်။
(က) ကရင်လူမျိုးပေါ်ပေါက်ဆင်းသက်လာခြင်း
ကရင်လူမျိုး ပေါ်ပေါက်ဆင်းသက်လာခြင်းကို ပုဂ္ဂိုလ်အသီးသီးသည် အယူအဆအသွယ်သွယ်ဖြင့်
ဖော်ထုတ်ခဲ့ကြသည်။ ထိုအယူအဆအသီးသီးကို အောက်ပါအတိုင်းတွေ့ရှိရသည်။

(1) အမေရိကန်နှစ်ခြင်းသာသနာပြု ဒေါက်တာ ဖရန့်စစ်မေဆင် (Dr. Francis Mason) က ၁၈၃၄


ခုနှစ်ထုတ် သာသနာပြု မဂ္ဂဇင်း (Missionary Magazine) တွင် ကရင်လူမျိုးတို့သည် ဟေဗြဲ
(Hebrew) လူမျိုးတို့နဲ့ဆက်သွယ်နေပြီး ပျောက်ဆုံးနေသော ဟေဗြဲ အနွယ်ဝင်များဟုဆိုခဲ့သည်။
(2) ထိုပြင် ဒေါက်တာ ဖရန့်စစ် မေဆင်သည် ထိုအဆိုကိုပြင်ပြီး ဘာသာစကားနည်းစပ်မှုအရ
ကရင်လူမျိုးတို့သည် တရုတ်လူမျိုးများဧ။် အကိုင်းအခက်များ ဖြစ်မည်ထင်ကြောင်း (၁၈၆၀) တွင်
ဘားမား (Burma) စာအုပ်တွင်ဖော်ပြခဲ့သည်။
(3) ထို့အတူ မစ္စတာ ကားလ်ဟုမ်းက (Mr. Colauhoun) ဧ။် Amongest the Shan စာအုပ်နိဒါန်းတွင်
ပါမောက္ခ ဒီလက်ကွာပါရီ (Professor De Lacoupries) က ကရင်လူမျိုးတို့သည် အာရှတိုက်
အလယ်ပိုင်းရှိ ရှေးဟောင်း တိတ်(TEK) သို့မဟုတ် တုတ် (TOK) လူမျိုးများမှ
ဆင်းသက်လာသည်ဟု တင်ပြထားသည်။
(4) ၁၉၁၆ - မြန်မာရှေးဟောင်းကမည်းကျောက်စာသုတေသန အစီအရင်ခံစာတွင်မှု
ကရင်လူမျိုးများသည် မြန်မာသမိုင်းရှိ ကမ်းယမ် (Kanran) လူမျိုးယူနမ်နယ်ရှိ ယောင်နှင့်
မြောက်လူမျိုး များနဲ့ မျိုးနွယ် အဆက်အသွယ်ရှိကြောင်း ဖော်ပြထားသည်။
(5) တဖန် သာသနာပြု ပုဂ္ဂိုလ် မစ္စတာ ခရောခ် (Mr. Cross) ကရင်လူမျိုးများသည် မြန်မာနိုင်ငံ
အရှေ့တောင်ပိုင်း မုတ္တမ ပင်လယ်ကွေ့တဝိုက်တွင် နေထိုင်ခဲ့သော မူလ တိုင်းရင်းသားများဟု
အဆိုပြုခဲ့သည်။
(6) အလားတူပင်မြန်မာနိုင်ငံဧ။် လူမျိုးများအကြောင်း (Race of Burma) မေဂျာ အင်ရီကေ Maj.
Enrique က ကရင်လူမျိုးများသည် ထိုင်း တရုတ်နွယ်မှ ဆင်းသက်လာသည်ဟု ရေးသားခဲ့သည်။
(7) ထိုပြင် အင်္ဂလိပ်အစိုးရလက်ထက် ၁၉၃၇တွင် ကရင် အမတ်ကြီးဖြစ်သော
ဆရာကြီးစောမြတ်သိန်းက ထူးကြီးစေဠုဝန် ဆရာတော်ကြီး ဦးတေရိန္ဒအယူအစ ကိုတင်ပြထား
သည် ကရင်အစ အင်းမက ရှေး ကမ်းယံ ဟုခေါ်သောလူမျိုးများအား ပြည်မြို့တောင်ဘက်
အင်းမအရပ်က စတင်၍ ကရင်ဟုပြောင်းလဲခေါ်ဝေါ်သည်ဟုမိန့်ကြားခဲ့သည်။ ထို့အပြင် ဆရာကြီး
စောမြတ်သိန်းက ရှေးအခါ မြန်မာနိုင်ငံတွင်နေထိုင်ကြသော ပျူ၊ ကမ်းယံ၊ သက် လူမျိုး (၃)
မျိုးအနက် ကမ်းယံမှ ပြောင်းလဲခေါ်ဆိုသည်ဟု ဆာအာသာဖယ်ရာက ဆိုခဲ့ကြောင်း
ထပ်ဆင့်တင်ပြထားသည်။
(8) တဖန်ကရင်တို့သည်တရုတ်ပြည် အနောက်ပိုင်း တောင်းတန်းကုန်းမြင့်ခြံရံ ရသော
ငွေတောင်ပြည်မှ ထီးဆဲ့မဲ့ယာ ခေါ်သဲမြစ်ကြီးကို ကူးပြီး ယူနန်နယ်တွင် မထမအသုတ်
ယူနန်ပြည်မှ ခမ ၁၁၂၈ တပိန်၊မြစ်ငယ်၊ ဧရာဝတီမြစ်ကြောင်း အတိုင်းစုံဆင်းပြီး ခမ ၇၃၉ တွင်
မြန်မာပြည်သို့ရောက်လားသည်။ ဒုတိယအသုတ်သည် ခမ ၇၄၁ တွင် ယူနန်ပြည်မှထွက်ပြီး ခမ
၇၃၉ တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာသည် ဟု သုတေသီ ဦးအောင်လှ၊ ဦးဘေ၊ ဦးကျော်ဇံ
(ကသာ)၊ ဦးဖိုးတုတ် ပညာအုပ် ဟုမှတ်တမ်းတင်ထားသည်။
(9) ကရင်လူမျိုးများသည် မူရင်းဒေသဖြစ်သော အာရှတိုက်အလယ်ပိုင်း တရုတ်ပြည့်ဧ။်
တောင်းတန်းများခြံရန်ထားသော ကုန်းမြင့်တွင်နေထိုင်ခဲ့သည်။ ထိုမတဆင့် ကုန်းမြင့်တွင်
မြစ်ဖျားခံသော မဲခေါင်နှင့် သံလွင်မြစ် ၂ သွယ်ကြားမှ ခရစ်နှစ်အစပိုင်းမစ၍ တရွေ့ရွေ့
ဆင်းသက်လာခဲ့ကြသည်။ ထိုမြစ်ကြောင်းများအတိုင်း မြောက်ဘက်မှ
တောင်ဘက်သို့ဖြတ်သန်းလာခဲ့ကြသည်။ AD ခုနှစ် ရာစုနှင့် ရှစ် ရာစုတို့ခန့်တွင် ရမည်းသင်း
ခရိုင်နှင့် တောင်ငူခရိုင် အရှေ့ဖက်မှနေ၍ တစိမ့်စိမ့် ဝင်ရောက်နေထိုင်ခဲ့သည် ဟုဆိုခြင်းက ပို၍
ခိုင်လုံလျှက်ရှိကြောင်း ၁၉၆၇ ထုတ် တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးစံများ (ကရင်) စာအုပ်၌
သုံးသပ်တင်ပြထားပါသည်။
(10) သမိုင်းပါမောက္ခချူပ် ဒေါက်တာသန်းထွန်းက ခရစ်နှစ် ၁၂၄၀ ကရှေးမြန်မာ ကျောက်စာများတွင်
ကဂျင်လို့ရေးတာ တွေ့ဖူးကြောင်း တန်မိပြောက်လိုကတွေ့ရတော့ ကရင်တွေရဲ့ ရောင်စုံ
သတင်းတိုင်းကို ပြောသည်ဟုမှန်းဆရပါသည်။ စကြပ် ကို စကော ဖြစ်မည်လို့ ယာယီ ယူဆထားပါ
တယ်။ ဒါကြောင့်ကရင်တွေရှေးအခါက ဧရာဝတီမြစ် အနောက်ဖက်ကမ်း မင်းဘူးနယ်မှာ
လာနေတယ်လို့ ကောက်ချက်ချတာပါ၊
ဆည်ရေသောက် လယ်စိုက်တယ်။ ဆည်ဆောက်မြောင်းသွယ် ရွာတည်၊ လယ်တည်
လုပ်ခဲ့ကြတာမို့ ကျောက်စာတစ်ချပ် (သက္ကရာဇ် ၇၁၄၊ ခရစ်နှစ် ၁၃၅၄ ပုံ ၄၉၆)မှာ စကြပ်ကြီး
စကြပ်နဲ စကြပ်ရွာဆိုင် စကြပ်ရပ်နဲ့ စတင် တို့ကိုတွေရပါတယ်။ ပြည်အနောက် စကြပ်ကျွန်းကို
လည်းတွေဖူးတယ်။ စကုရဲ့ တောင်ဖက် မိုင် ၁၀၀ အကွာ သရေခတ္တရာရဲ့ အနောက်ဖက်ကမ်းမှာ
ကရင်ကိုလည်းတွေ့ရသေးတယ်။ သက္ကရာဇ် ၈၃၅ ခရစ်နှစ် ၁၄၇၃ အဲ့ဒီပြောတာ ဘယ်သူတွေလဲ
မေးရင် စကြပ်ကို စကော၊ ဟေင်ဟာပို (Pwo) ဖြစ်မှာဘဲလို့ပြောခြင်ပါတယ်။ မူလတော့တောင်
တလျှောက်မှာနေထိုင်တဲ့ တောင်ပေါ်သားတွေဖြစ်ပါတယ်။ သံလွင်မြစ်နဲ့ ဧရာဝတီမြစ်သွယြ် ကား
မြောက်ပိုင်းတောင်ရိုးက စကော (Sgaw) နဲ့ပိုး (Pwo) တို့ရှေ့ဆောင်ပြီး ဆင်းသက်ခဲ့ကြတယ်။
မြန်မာတွေ အခြေဆိုက်ရာ မြန်မာပြည်အလယ်ပိုင်းမှာ လူဦးရေ ပွားများလာတော့ ကရင် က
အနောက်တောင်ဘက် တနင်္သာရီကို ဝင်လာကြပြန်တယ်လို့ထင်တယ်။ ခရစ်နှစ် တစ်ဆယ့်လေး
ရာစုနှစ်ရောက်တော့ တောင်ငူမှာ မင်းနိုင်ငံ (kingdom) တစ်ခုတည်ထောင်ခဲ့ကြတယ်ဟု
ဆိုခဲ့ပါသည်။ ထို့နောက်ဆရာကြီးဒေါက်တာသန်းထွန်းက မြစ်ဝကျွန်ပေါ်အနှံ လယ်တည်တဲ့အခါ
သူတို့ရှေ့ဆောင်ဖြစ်နေတာတွေ့ရပါတယ်။ ပိုး (Pow) တွေလဲ တစ်စု က ဧရာဝတီတိုင်းမှာ
တွေ့ရပြီး နောက်တစ်စုက တနင်္သာရီကမ်းရိုးမှာ တွေ့ရတာဖြစ်ပါတယ် ဟုဆိုခဲ့ပါသည်။
(11) ထို့ကြောင့်မျက်မှောက်ခေတ် သုတေသီပည်ရှင်များအနေနှင့် ကရင်လူမျိုးများသည် မွန်ဂိုလူမျိုး
များမှ ဆင်းသက်လာပြီး တိဘက်တရုတ်ဘာသာ စကားအနွယ်ကြီးတွင် ပါဝင်သော
တိဗက်မြန်မာဘာသာ စကားအစုဝင် (Tibeto Burman Language) ဖြစ်ကြောင်းတပြိုင်တည်း
လက်ခံအတည်ပြုခဲ့ကြသည်။
(12) ထို့နောက် မြန်မာစာပေတွင်လည်း ကရင်လူမျိုးများဧ။် ဖြစ်တည်မှုကိုတွေ့ရပြန်သည်။
ပုဂံအရှေ့ဘက်လေးမျက်နှာဘုရား ကျောက်စာတွင် ကရင်တန်မီပြောက် ဟုပါရှိသည်။ ပုဂံ
အရှေ့မြောက် တန်ဆောင်းဘုရားရှိ ကျောက်စာတွင် စတုကျွန်း စကြပ်ကာ ဟုပါရှိသည်။
သျှင်အဂ္ဂသမာဓိဧ။် သုဝဏသျှံပျို့၊ သာဝတ္တိပြည်ဘွဲ့တွင် ကုန်သယ်တအုပ်၊ လယ်လုပ်မရော၊
စကြောမပွမ်း ဟုပါရှိသည်။ တက္ကသိုလ် မြန်မာအဘိဓါန်တွင်လည်း စကြောနံ ကို ရှေးကရှိခဲ့သော
မြန်မာတိုင်းရင်းသား လူမျိုးစု တစ်စုလို့ ဖော်ပြထားသည်။ ထို့ကြောင့် စကြော ကို
စကောကရင်ဟု မှတ်ယူလျှင်ကရင်လူမျိုးများသည် AD ၆ ရာစုခန့်ကပင် ဧရာဝတီမြစ် နောက်ဖက်
၆ ခရိုင်သို့ ဝင်ရောက်နေထိုင်ပြီး ဆည်မြောင်းနဲ့ လယ်ယာစိုက်ပျိုးသူ တို့ဟုတ်
မှတ်ယူနိုင်ကြသည်။ ထိုအပြင် ကရင်လူမျိုးများသည် မြန်မာနိုင်ငံအောက်ပိုင်းသို့
သရေခတ္တရာမပျက်မီ မြန်မာများထက်စောစွာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်သည်ဟု
ဆိုရိုှးရှိပြန်သည်။ ၁၉၂၁ သန်းခေါင်စာရင်းအတိုင်း မျိုးကွဲ ခြောက်မျိုးဟုဖေါ်ပြထားသည်။
(13) တဖန်တိုင်းရင်းသားလူမျိုးများ ယဉ်ကျေးမှုထုံးစံ (ကရင်) စာအုပ်တွင် တောင်ငူ၊ မော်ချီး ကားလမ်း
တောင်ဘက်နေထိုင်သူများကို တောင်ပိုင်းကရင် (ပိုး၊စကော၊ပကူး)တို့ပါဝင်ကြောင်း၊ တောင်ငူ၊
မော်ချီး ကားလမ်း မြောက်ဘက်နေထိုင်သူများကို မြောက်ပိုင်းကရင် ဘွဲ နဲ့ ပလေးချီး
ကရင်တို့ပါဝင်ကြောင်း တဖန်တောင်ပိုင်းကရင်တွင် အရှေ့ကရင်နှင့်
အနောက်ကရင်တို့ပါဝင်ကြောင်း ဖော်ပြသည်။ ထို့အပြင် အရှေ့ကရင်တွင်
စစ်တောင်းမြစ်အရှေ့ပိုင်းမှ ဖားအံ၊ ဖာပွန်၊ ကော့ကရိတ်၊ သထုံ၊ မော်လမြိုင်၊ ထားဝယ်၊မြိတ်၊
တောင်ငူ၊ ရွှေကျင်၊ ကျောက်ကြီး၊ ထန်းတပင် ခရိုင်တွင်နေထိုင်သူတို့ပါဝင်ကြောင်း၊ ဖေါ်ပြပါသည်။
အနောက်ကရင်တွင် စစ်တောင်းမြစ် အနောက်ဖက် မြစ်ဝကျွန်ပေါ်တွင်နေထိုင်သူတို့
ပါဝင်ကြောင်းဖော်ပြပါသည်။

ကရင်လူမျိုးများဧ။် ဇစ်မြစ်တွင် ထိုအဆိုအမျိုးမျိုး များနှင့် ထင်ဟတ်လျှက် ယနေ့တိုင်အောင်


ယဉ်ကျေးမှုပိုင်ဆိုင်သော လူမျိုးစုအဖြစ်ရပ်တည်လျှက်ရှိသည်။ လူဦးရေကျမ်း (On Population) ကို
ရေးသားသော မာသူး (Mathus) အခြေခိုင်သောသူသည် ရပ်တည်နိုင်ဧ၊်ဟု ဆိုထားပါသည်။ ရှေးကရင်
ဘိုးဘွားများသည် အခက်အခဲ အမျိုးမျိုးကို ဖြတ်သန်းလျှက် ဤမြေတွင် ကရင်လူမျိုးများအဖြစ်
ရပ်တည်နိုင်စွမ်းပေးအပ်ခဲ့ပါသည်။ ခိုင်မာသောမျိုးဆက်အမွေသည် အေးချမ်းမှု့ကို မြတ်နိုးသော
ကရင်လူမျိုးတို့ဧ။် ဘဝကို အဓွန့်ရှည်စေမည်သာဖြစ်သည်။

ကိုးကားသောစာအုပ်ကျမ်း
• ဒေါက်တာသန်းထွန်း - ကရင် (ကလျာမဂ္ဂဇင်း ၁၉၉၄ ဇွန်)
• ဆရာကြီးစောမြတ်သိန်း ကရင်နှစ်သစ်ကူးနေ့နှင့် ကရင် သက္ကရာဇ် ၁၉၉၇
• တိုင်းရင်းသားယဉ်ကျေးမှု့ ဓလေ့ထုံးစံများ (ကရင်) ၁၉၆၇

S-Jeremiah

You might also like