You are on page 1of 5

အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစည်းကမ်းရှိစာညီညတ်စာဖြင့်ွ အင်တိုက်အားတိုက်ဝန်းရံကြပါစို့ ဒီကနေ့ဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊စီးပွားရေးနှင့်လူမှုရေးအခြေအနေတွေဟာ၊ရှေ့လာမဲ့မကြာတော့တဲ့ အချိန်မှာထူးခြားသိသာတဲ့ပြောင်းလဲမှုတွေပေါ်ပေါက်လာတော့မယ်ဆိုတ့ရှေ့ပြေးလက္ခဏာတွေကိုဖေါ်ပြနေပဲါ တယ်၊၂၀၁၀ခု၊နိုဝင်ဘာလ(၇)ရက်နေ့ကကျင်းပပြီးစီးသွားတဲ့ရွေးကောက်ပဲမှာစစ်အစိုးရကအချိန်ယူပြီးတီထွင်ဖန်ွ တီးထားတဲ့ကြံ့ဖွတ်ပါတီကလက်ဝါးကြီးအုပ်အကြတ်ကိုင်အနိုင်ယူသားခြင်း၊၂၀၁၀ခုနိုဝင်ဘာလ(၁၃)ရက်နေ့ကအွ မျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်မှလတ်မြောက်လာခြင်းနှင့်၂၀၁၀ွ ခု၊ဒီဇင်ဘာလ(၃)ရက်နေ့တွင်စစ်ထောက်လှမ်းရေးမှူးချုပ်ဟောင်းဗိုလ်ချုပ်ကြီးခင်ညန့်နှင့်ပတ်သက်တ့ဗီဒီယိုတိပ်ွေဲ ခွသတင်းထွက်ပေါ်လာခြင်းတို့ဟာ၊အဆိုပါသိသာတဲ့ပြောင်းလဲမှုတွေပေါ်ပေါက်လာတော့မယ်လို့ညွှန်ပြနေကြတဲ့ အ့ဓိကကျတဲ့ရှေ့ပြေးလက္ခဏာတွေဖြစ်ပါ တယ်။ မြန်မာစစ်အာဏာရှင်များဟာမတရားသဖြင့်ရရှိထားတဲ့နိုင်ငံတော်အာဏာကိုပြည်သူတွေထံ လုံးဝလွှဲပြောင်းမပေးရေးဆိုတဲ့ပေါ်လစီကိုကျားကုတ်ကျားခဲကိုင်စထားပါတယ်၊ထင်ရှားတဲ့သွာဲ ဓကများအဖြစ်ဗုဒ္ဓဘာသာမြန်မာရဟန်းတော်များဦဆောင်တ့ရွှေဝါရောင်တော်လှန်ရေးနှင့်၂၀၀

ဲ ၈-ခုနာဂစ်အ ခြေခံဥပဒေဆန္ဒခံယူပတို့တွင်တွေ့မြင်နိုင်ပါတယ်၊ယ္ခုတဖန်ွဲ ၂၀၁၀ခုနိုဝင်ဘာလ(၇)ရက်နေ့တွင်ကျင်းပခဲ့တ့ရွေးကောက်ပတွင်လည်း၊မြန်မာပြည်တွင်းသာမက၊နွိဲုဲ င်ငံတကာကပါမယုံကြည်နိုင်လောက်အောင်၊ဗျောင်ကျကျအနိုင်ကျင့်ပြီးလိမ်လည်မှုပေါင်းစုံသုံး ပြီးမိမိတို့အာဏာတည်မြဲရေးတခုတည်းကိုသာဦးစားပေးပြီးအရှက်အကြောက်ကင်းမဲ့စာအနိုင်ွ ယူသွားတာကိုတွေ့မြင်ခဲ့ရ ပြန်ပါတယ်။ မြန်မာစစ်အာဏာရှင်များဟာ၊၁၉၆၂ခုနှစ်ကတည်းကလူကြားကောင်းတဲ့အမည်မျိုးစုံသုံးပြီးမြန် မာပြည်သူလူထုကြီးကိုမျှော်လင့်ချက်များပေးခဲ့တာလိမ်လည်လှည့်ဖျားအုပ်ချုပ်ခ့တာကျွန်ေ်ဲ တ်ာတို့အားလုံးအသိဖြစ်ပါတယ်၊ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်တုံးကဆိုရှယ်လစ်လမ်းစဉ်အ တု၊အခုနအဖလက်ထက်မှာလည်းအတင်းရောအဓမ္မရောအသုံးပြုဘို့ကြိုးစားနေတာကဒီမိုကေ ရစီအတုဆိုတာကိုခုကတည်းကမြန်မာပြည်သူထုကြီးတရပ်လုံးသိနေကြပါပြီ၊မြန်မာစစ်အာဏာ ရှင်များဟာဝက်ဖြစ်မှတော့မစင်ကိုမကြောက်တော့ဘူးဆိုတြဲ့ မန်မာစကားအတိုင်းပါဘဲအခုလိုပြ ည်တွင်းရောပြည်ပမှာပါဘယ်လောက်နံမည်ပျက်ပျက်ရှက်ခြင်းကြောက်ခြင်းမရှိပါ၊ဗိုလ်ချုပ်မှူး ကြီးသန်းရွှေရဲ့နှစ်(၉၀)ပြည့်အမျိုးသားအောင်ပွဲနေ့မှာပြောကြားတဲ့မိန့်ခွန်းမှာ၊ကျင်းပပြီးစီး သွားတဲ့ရွေးကောက်ပွဲဟာတရားမျှတကြောင်း၊လမ်းပြမြေပုံရဲ့ကျန်ရှိနေသးတဲ့အဆင့်(၆)နှင့်(၇) တို့ကိုဆက်လက်အကောင်အထည်ဖေါ်မည်ဖြစ်ကြောင်းပါရှိပါတယ်၊ဒီအချက်တွေကိုကြည့်ပါ က၊မြန်မာစစ်အာဏာရှင်များဟာ၊နောင်မှာလဲစစ်အာဏာရှင်စံနစ်သက်ဆိုးရှည်ရေးအတွက်၊လ

က်နှက်အားကိုးဖြင့်ဆက်လိမ်၊ဆက်ရမ်းကားဘို့ဆုံးဖြတ်ထားပြီးကြောင်းထင်ထင်ရှားရှားသိနိုင် ပါတယ်၊မြန်မာစစ်အာဏာရှင်တွေဟာသူတို့အာဏာ တည်မြဲရေးအတွက်ဘာမဆိုလုပ်ဘို့လက်မနှေးသူများဖြစ်ကြပါတယ်၊မြန်မာဗုဒ္ဒဘာသာရဟန်း တော်များကိုသတ်ဖြတ်ခြင်း၊စော်ကားခြင်းတို့ဖြင့်ရွှေဝါရောင်တော်လှန်ရေးမှာသက်သေအဖြစ်ပြခဲ့ပြီးဖြစ်ပါတယ်၊ပြည်သူတရပ်လုံးဆင်းရဲဒုက္ခရောက်တာကိုလုံးဝသနားရမှန်း၊ကိုယ်ချင်းစာတ ရားထားရမှန်းမသိကြောင်းကိုနာဂစ်မုန်တိုင်း၊ဂီရိမုန်တိုင်းကာလများမှာထင်ရှားစွာပြသခဲ့ပြီးလ ည်းဖြစ်ပါတယ်၊အဆိုးတကာ့အဆိုးဆုံးကတော့အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်ကိုဒီပဲရင်းအရေးအခင်းအပါအဝင်(၃)ကြိမ်တိတိသတ်ဖြတ်ဘို့ကျိုးစားခဲခြင်းပါဘဲ၊အခုတ ဖန်စစ်ထောက်လမ်းရေးမှူးချုပ်ဟောင်းဗိုလ်ချုပ်ကြီးခင်ညန့်နဲ့ပတ်သက်တ့ဗီဒီယိုတိပ်ခွေသွဲ တင်းကိုပြည်တွင်းရောပြည်ပကပါသိအောင်တမင်ဖြန့်ဝေထားပါတယ်၊ဒါဟာမြန်မာပြည်သူေ တွကိုကောင်းကျိုးပြုဘို့ထက်၊အကြံအဖန်ပရိယာယ်ကြွယ်ဝသူလို့လူသိများတဲ့ဗိုလ်ချုပ်ကြီးခင် ညွန့်ကိုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ဒီမိုကရေစီအင်အားစုများအားအပြီးအပိုင်ချေမှုန်း ရာတွင်အသုံးချဘို့ စံနစ်တကျစီစဉ်ခြင်းဖြစ်တယ်လို့ပြောရင်ပိုပြီးဖြစ်နိုင်ချေရှိပါတယ်။ မြန်မာပြည်သူလူထုတရပ်လုံးဟာမိမိတို့အတွက်ဘဝအာမခံချက်များပေးမည့်ဒီမိုကရေစီပန်းတိုင်သို့်ရောက်ချင်ု တဲ့ဆန္ဒကိုအထူးဘဲထုတ်ဖေါ်ပြသနေကြတာကိုကျွန်တော်တို့အားလုံးအခုတလောမှာထပ်တလဲလြဲ မင်နေကြားနေ ရပါတယ်၊အဲဒီပန်းတိုင်ရောက်အောင်ဦးဆောင်နိုင်မည့်အမျိုးသားခေါင်းဆောင်အဖြစ်ဒေါ်အောင်ဆန်းစုကြည်ကယိုံ ကြည်စွာလက်ခံထားပြီးဖြစ်ပါတယ်။ဒီအချက်မှန်ကန်ကြောင်းကို၊ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့်၂၀၁၀ခု၊နိုဝင်ဘာလ(၁၃)ရက်နေ့မှာလာရောက်ကြိုဆိုကြတဲ့ပြည်သူလူထုကြီးကသာဓက အဖြစ်ထင်ထင်ရှားရှားသက်သေပြခဲ့ပြီးဖြစ်ပါတယ်။ဒါတင်မကပါဘူး၊ပြည်တွင်းပြည်ပရှိဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများကလည်းဒေါ်အောင်ဆန်းစုကြည်သည်သာလျှင်ယနေ့မြန်မာနိုင်ငံရင်ဆိုင် နေရသည့်အခက်အခဲပေါင်းစုံမှလွတ်မြောက်အောင်ဦးဆောင်ဖြေရှင်ပေးနိုင်မည့်တဦးးတည်းသောခေါင်းဆောင် အဖြစ်လက်ခံယုံ ကြည်ကြောင်းကြေငြာချက်များထုန်ပြန်ခြဲ့ ကပါတယ်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့်အမေရိကန်ပြည်ထောင်စု၊ကနေဒါ၊ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအပါအဝင်ကမ္ဘာ့ဒီမို ကရေစီနိုင်ငံများကလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့စွမ်းဆောင်နိုင်မှုအပေါ်တခဲနက်ယုံကြည်ထောက်ခံကြပြီး၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီစံနစ်ပြန်လည်တည်ဆောက်ရေးတွင်မြန်မာစစ်အာဏာရှင်များအနေဖြင့်ဒေါ်အောင် ဆန်းစုကြည်နှင့်ပူးပေါင်းအကောင်အထည်ဖေါ်ဘို့ပြင်းပြင်းထန်ထန်တောင်းဆိုထားတာကိုကျွန်တော်တို့အားလုံး သိကြပြီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာအမျိုးသားရင်ကြားစေ့ရေးနှင့်ဒီမိုကရေစီရေးတို့အတွကလုပ်ဆောင်မည့်အစီအစဉ်မျာ်း ကိုသူမရဲ့ရွှေဂုံတိုင်မိန့်ခွန်းနှင့်သတင်းဌာနများ၏မေးမြန်းချက်များတွင်ရှင်းရှင်းလင်းလင်းဆွေနွေးဖြေကြားထားပြီး ဖြစ်ပါတယ်၊မြန်မာနိုင်ငံလွတ်လပ်ရေးရရှိဘို့ကျိုးပမ်းစဉ်ကာလက၊အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း

နှင့်တိုင်းရင်းသားခေါင်းဆောင်ကြီးများဟာ၊တိုင်းရင်းသားစည်းလုံးညီညတ်ရေးကိုမရှိမဖြစ်တ့အရေးအကြီးဆုံးအွဲ ချက်အဖြစ်သတ်မှတ်ပြီး၊ပြည်ထောင်စုစိတ်ဓါတ်ကိုပင်လုံတွင်အခိုင်အမာအုတ်မြစ်ချပေးခဲ့ပါတယ်၊အဲဒီလိုအမျှော်အ မြင်ကြီးတဲ့လုပ်ဆောင်ချက်ကြောင့်တိုင်းရင်းသားများစည်းလုံးညီညတ်မှုရရှိခြဲ ပီး၊မြန်မာနိုင်ငံအင်္ဂလိပ်နယ်ချဲ့ လက်ွ အောက်ကလွတ်မြောက်ခဲ့ပြီး။လွတ်လပ်တ့နိုင်ငံအဖြစ်ရပ်တည်နိုင်ခြဲ့ ခင်းဖြစ်ပါတယ်၊အဲဒီအစဉ်အလာကောင်းဖြစ်ဲ တဲ့ပင်လုံညီလာခံကိုနမူနာယူပြီးလက်ရှိမြန်မာနိုင်ငံကြုံတွေ့နေရတဲ့အခက်အခဲများမှလတ်မြောက်အောင်အလားတွူ အမျိုးသားစည်းလုံးညီညွတ်ရေးရအောင်အကောင်အထည်ဖေါ်ဆောင်ရက်ဘို့အချိန်ကျရောက်ပြီဖြစ်ကြောင်းကွို ဒေါ်အောင်ဆန်းစုကြည်ကသူမ၏နှစ်(၉၀)ပြည်အမျိုးသား အောင်ပွဲနေ့မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ပြီး လည်းဖြစ်ပါတယ်။်
ယနေ့မြန်မာနိုင်ငံရောက်ရှိနေတဲ့နိုင်ငံရေး၊လူမှုရေးနှင့်စီပွားရေးအခြေအနေဟာ၊အလွန်စိုးရိမ်စရာကောင်း တဲ့အနေအထားတွင်ရှိနေပါသည်၊ဒီမိုကရေစီစံနစ်ကိုဦးတည်သည့်လုပ်ငန်းများဆောင်ရွက်နေပါတယ်လို့ပါးစပ်ကတွင်တွင်အ သံကောင်းဟစ်အော်ရင်းစစ်အာဏာရှင်စံနစ်သက်ဆိုးရှည်ရေးကိုတစိုက်မတ်မတ်အကောင်အထည်ဖေါ်နေတဲ့စစ်အာဏာရှင် များကတဘက်၊ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အင်အားချိနဲ့နေတဲ့တိုင်းရင်းသားအားလုံးပါဝင်တဲ့ဒီမိုကရေစီစံနစ်လို လားတဲ့ပြည်သူလူထုကတဘက်အပြင်းအထန်တိုက်ပွဲဝင်နေကြတဲ့အချိန်ကာလဖြစ်ပါတယ်၊စစ်အာဏာရှင်များရဲ့ယနေအချိန် အထိထားရှိကြတဲ့ရပ်တည်ချက်နဲ့လုပ်ဆောင်ချက်များကိုဆန်းစစ်ကြည့်ပါက၊စစ်အာဏာရှင်စံနစ်ဆက်လက်ရှင်သန်ရေး သည်သာသူတို့၏အဓိကရည်မှန်းချက်ဖြစ်ကြောင်းတွေ့ရပါတယ်၊ဒီရည်မှန်းချက်အောင်မြင်အောင်နည်းမျိုးစုံသုံးပြီ်းအရင်က တည်းကအကောင်အထည်ဆောင်ရွက်ပြခဲ့ပြီးဖြစ်သလို၊အခုလည်းပြင်ဆင်ဆဲ၊နောင်အတွက်လည်းဆက်လက်ပြင်ဆင်နေ မယ်ဆိုတာသေချာလှပါတယ်။ မြန်မာစစ်အာဏာရှင်တွေဘက်ကအဲသလိုအဘက်ဘက်ကပြင်ဆင်ပြီးပြတ်ပြတ်သားသားဖြင့်ပြည်သူတွေကိုစစ်ကျွန်ဘဝ သွတ်သွင်းမည့်စစ်အာဏာရှင်စံနစ်သက်ဆိုးရှည်ရေးကိုကောင်အထည်ဖေါ်နေချိန်မှာ၊ကျွန်တော်တို့ပြည်သူတွေရဲ့အခြေအ နေကကောဘယ်လိုရှိနေပါသလဲ၊ကျွန်တော်တို့အပါအဝင်ပြည်သူတရပ်လုံးဟာစစ်အာဏာရှင်တွေကိုရင်ဆိုင်ပြီးအနိုင် ယူဘို့အဆင်သင့်ဖြစ်ကြပြီလားဆိုတဲံ့မေးခွန်းကိုရိုးသားမှန်ကန်စွာဖြေဘို့လိုပါတယ်၊အားလုံးသိကြတဲ့အတိုင်း၊ကျွန်တော်တို့ ပြည်သူတွေရဲ့လက်ရှိအခြေအနေဟာ၊စစ်အာဏာရှင်များကိုအနိင်ယူနိုင်တဲ့အခြေအနေသို့မရောက်ရှိသေးဘူးလို့ရိုးရိုးသား သားဖြေရင်မှန်မယ်လိုယူဆပါတယ်၊

မြန်မာနိုင်ငံမှာမကြာခင်အချိန်အတွင်းမှာသိသာတဲ့ပြောင်းလဲမှုတွေဖြစ်တော့မည့်ရှေ့ပြေးလက္ခဏာတွေပြနေပါပြီ၊သို့ပေမဲ့အ ကောင်းဘက်ကိုပြောင်းမလား၊ဒါမှမဟုတ်ဆိုးတဲ့ဘက်ကိုပြောင်းမလားဆိုတာကတော့သေချာပေါက်ပြောဘို့အလွန်ခက်ခဲပါ တယ်၊ဒီအချက်ကိုအခြေခံပြီး၊ဒေါ်အောင်ဆန်းစုကြည်ကအကောင်းကိုမျော်လင့်ပါ၊တချိန်တည်းမှာအဆိုးဆုံးအတွက်ကို လည်းပြင်ဆင်ထားကြပါလို့တိုက်တွန်းလမ်းညွှန်ထားခြင်းဘဲဖြစ်ပါတယ်၊ပြည်သူတွေကဒီမိုကရေစီလိုချင်ပါတယ်လို့ပြော

တော့၊ဒေါ် အောင်ဆန်းစုကြည်က၊ကိုယ်လိုချင်တဲ့အရာကို မျှော်လင့်နေရုံနဲ့ ရမှာမဟုတ်ဘူး။ လိုချင်နေရုံနဲ့ ရမှာ

မဟုတ်ဘူး။ လိုချင်တာ ရအောင်ကို လုပ်တတ်မှ၊ လုပ်ရဲမှ၊ လုပ်နိုင်မှ၊ကျွန်မတို့ အကောင်းဆုံး နည်းလမ်းတွေ ရှာပြီး တော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင်သွားရမယ်လို့သူမရဲ့ရွှေဂုံတိုင်မိန့်ခွန်းမှာတိုက်တွန်းပြောကြားခဲ့ပါတယ်၊၊ဒေါ်အော င်ဆန်းစုကြည်ကဒီမိုကရေစီပန်းတိုင်ရောက်အောင်သူမတဦးတည်းဆောင်ရွက်လို့မရနိုင်၊ပြည်သူလူထုကြီးတရပ်လုံးစည်း ကမ်းရှိစွာညီညီညွတ်ညွတ်ဖြင့်ပူးပေါင်းပါဝင်မှသာဒီမိုကရေစီပန်းတိုင်ကိုရောက်နိုင်မယ်လို့တိတိကျကျညွှန်ပြထားပါတယ်။ ရှေမှာဆက်ပြီးလျှောက်ရမဲ့ဒီမိုကရေစီရေးလှုပ်ရှားမှုခရီးကြမ်းအတွက်အားမွေးထားကြပါလို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြည် သူတွေကိုတိုက် တွန်းနှိုးဆော်ထားချက်ကိုလည်းမမေ့ဘို့လိုပါတယ်။ မြန်မာပြည်သူတွေရောက်လိုတဲ့ဒီမိုကရေစီပန်းတိုင်သို့ရောက်ရှိအောင်တဦးတည်းတဖဲ့တည်းမစွမ်းဆောင်နိုင်ကြောင်းကွို ဒေါ်အောင်ဆန်းစုကြည်ကရှင်းလင်းပြတ်သားစွာပြောကြားထားပြီးဖြစ်ပါတယ်၊ဒီမိုကရေစီရေးလှုပ်ရှားကျိုးပမ်းမှုတွင်ပါဝင်ကြ တဲ့ဒီမိုကရေစီအင်အားစုများဟာ၊မိမိတို့နှင့်အတူပြည်သူလူထုကြိးတရပ်လုံးညီညီညွတ်ညွတ်ဖြင့်ပူးပေါင်းပါဝင်လာရေးကိုအ ဓိကလုပ်ငန်းအဖြစ်သတ်မှတ်ပြီးအမြန်ဆုံးဆောင်ရွက်ခြင်းဖြင်ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံကြောင်းပြသရမည့်အချိန်သို့ရောက်ပါပြီ၊မြန်မာပြည်သူတွေဟာမိမိတို့လိုလားတောင့်တတဲ့ဒီမိုကရေစီစံနစ်ကို့မိမိတို့ ကိုယ်တိုင်ပါဝင်ကျိုးပမ်းပြီးအရယူနိုင်တယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်ရှိဘို့လိုပါတယ်၊ဤကဲ့သို့သောယုံကြည်ချက်ဖြင့်ဒီမို ကရေစီရေးကိဆောင်ရွက်ရာတွင်မတူညီသည့်အခြေအနေများကြောင့်ပြည်တွင်းနှင့်ပြည်ပနှစ်ပိုင်းခွဲပြီးဆောင်ရွက်သင့် သည်ဟုယူဆပါသည်၊ပြည်တွင်းအင်အားသည်ဒီမိုကရေစီလှုပ်ရှားမှုတွင်အဓိကနေရာမှပါဝငလှုပ်ရှားဘို့တာဝန်ရှိပြီး၊ပြည်ပရှိ ဒီမိုကရေစီအင်အားစုများသည်ပြည်တွင်းရှိဒီမိုကရေစီအင်အားစုများကိုစွမ်းအားပြည့်ကူညီပံ့ပိုးပေးရမည့်တာဝန်ရှိပါတယ်၊ ဤအချက်ကိုအခြေခံလျှက်ပြည်ပအခြေစိုက်မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်းများနှင့်ပြည်ပရောက်မြန်မာပြည်သူအားလုံးသည် မြန်မာနိုင်ငံတွင်စစ်မှန်သောဒီမိုကရေစီစံနစ်ပြန်လည်ပေါ်ထွန်းလာရေးနှင့်မြန်မာပြည်သူအားလုံးစစ်ကျွန်ဘဝမှလွတ်မြောက် ရေ်းအတွက်အောက်ပါ လုပ်ငန်းများတွင်ပြည်ထောင်စုစိတ်ဓါတ်ဖြင့်စည်းကမ်းရှိစွာညီညီညွတ်ညွတ်ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

၁။

ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်းများဟာပထမအဆင့်အနေဖြင့်

မိမိတို့ရောက်ရှိနေထိုင်ရာ နိုင်ငံ တခုချင်းအလိုက် ဒီမိုကရေစီတိုက်ပွဲဝင်အဖွဲ့အများစုပါဝင်တဲ့ စုစည်းညီညွတ်တဲ့တပ်ပေါင်းစုဖွဲ့စည်းနိုင်ရေး ကိုအမြန်ဆုံးစတင်အကောင်အထည်ဖော်ရန်။ ၂။ ဒုတိယအဆင့်အနေဖြင့်ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်းများ၏နိုင်ငံတခုချင်းအလိုက်ဖွဲ့ စည်းထား ၃။ ပြီးတဲ့ညီညွတ်သောတပ်ပေါင်းစုများကိုစုစည်းပြီး မြန်မာနိုင်ငံတွင် တစ်ကမ္ဘာလုံးဆိုင်ရာ စုစည်းညီညွတ်သော မြန်မာ့ဒီမိုကရေ စီရေး တပ်ပေါင်းစုဖွဲ့စည်းအကောင်အထည့်ဖော်ရန်။ ဒီမိုကရေစီစနစ်ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အားစုများအား အဓိကကျဆုံးတိုက်ပွဲကိုဆင်နွှဲမယ့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပြည်တွင်းရှိအခြားဒီမိုကရေစီအင်

ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်းများမှ ညီညွတ်စာဖြင့်စမ်းအားပြည့်ကူညီပံ့ပိုးပေးရန်။ွ

ဦးသန်းအောင် အပြည်ပြည်ဆိုင်ရာမြန်မာနိုင်ငံစောင့်ကြည့်ရေးအဖွဲ့ အက်ဒမင်တန်မြို့ အယ်လ်ဘားတားပြည်နယ် ကနေဒါနိုင်ငံ နေ့စွဲ၊ ၂၀၁၀-ခု၊ဒီဇင်ဘာလ(၇)ရက်

You might also like