P. 1
2011 Greeting

2011 Greeting

|Views: 369|Likes:
Published by Mai Swee Thang
New year Greeting for Daai People around the world
New year Greeting for Daai People around the world

More info:

Categories:Types, Speeches
Published by: Mai Swee Thang on Jan 03, 2011
Copyright:Attribution Non-commercial

Availability:

Read on Scribd mobile: iPhone, iPad and Android.
download as PDF or read online from Scribd
See more
See less

01/03/2011

pdf

text

original

နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်သလွှာ

၂၀၁၁ နှစ်သစ်မင်္ဂလာ အခါသမယတွင် မလေးရှားတွင် မှီတင်းနေထိုင်လျက်ရှိသော ဒိုင်ရ်လူမျိုး ညီအကိုမောင်နှမများအားလုံး၊ အမိဒိုင်ရ် မြေတွင် မှီတင်းနေထိုင် ကြသော ဒိုင်ရ်ညီအကိုမောင်နှမအားလုံးနှင့် ကမ္ဘာတ၀ှမ်းလုံးတွင် မှီတင်းနေထိုင်ကြသော ဒိုင်ရ်ညီအကိုမောင်နှ မအားလုံးကို စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှစ်ဖြာသော ကောင်းကြီးမင်္ဂလာနှင့်  ပြည့်စုံ၍ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်နိုင်ရန် ဆုမွန်ကောင်းမေတ္တာပို့ သလိုက်ပါသည်။ ကျွန်ုပ်တို့ ဒိုင်ရ်လူမျိုးများသည် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီ နှင့် ပလက်ဝ မြို့နယ်လေးမြို့နယ် အသီးသီး တွင် မြန်မာပြည်အစိုးရအဆက်ဆက်၏ ကွဲပြားအုပ်ချုပ်ခြင်းကို နှစ်ပေါင်းများစွာခံခဲ့ရသည်။ ထိုပြင် အခြားချင်းလူမျိုးနွယ်များနှင့်တိုင်းရင်း သားလူမျိုးနွယ်စု အသီးသီးကြားတွင်လည်း ကျွန်ုပ်တို့ ၏ မျိုးနွယ်စု အမည်မှာ အုပ်ချုပ်သောအစိုးရ၏ အားနည်းခြွတ်ယွင်းချက်များကြောင့် မှေးမှိန်လျက် နေခဲ့ရသည်။ သို့ သော် အမျှော်အမြင်ရှိသော ဒိုင်ရ်လူမျိုးနွယ်စု ခေါင်းဆောင်အသီးသီး၊ မလေးရှားရောက် ကျေးရွာခေါင်း ဆောင် အသီးသီးနှင့် ကမ္ဘာတ၀ှမ်းနေထိုင်လျက်ရှိကြသော မျိုးချစ် ခေါင်းဆောင် အသီးသီးတို့ ၏ စုစည်းလုပ်ဆောင်မှုကြောင့် ယနေ့ အ ချိန် အခါသမယတွင် ခေတ်သစ် ဒိုင်ရ်သမိုင်းစာမျက်နှာကို ရေးထိုးထားပြီးဖြစ်သည်။ ထိုရေးထိုးထားသော သမိုင်းစာမျက်နှာသစ်ကို ကျွန်ုပ် တို့ အားလုံး စုပေါင်းညီညာအားဖြင့် လူသားတို့ တတ်သိ ကျွမ်းကျင် သင်ယူအပ်သော ၀ိဇ္ဖာ၊ သိပ္ပံ ကဏ္ဌအသီးသီး၊ နယ်ပယ်အသီးသီးတို့  တွင် စနစ်တကျ သင်ယူတတ်မြောက်၍ အမိဒိုင်ရ်မြေ နှင့် ဒိုင်ရ်လူမျိုးနွယ်စုများအတွက်သော်၎င်း၊ မြန်မာပြည်သူပြည်သား တိုင်းရင်းသား မောင်နှမများအတွက်သော်၎င်း၊ ကမ္ဘာသူ ကမ္ဘာသားများအတွက်သော်လည်း ပြန်လည်အလုပ်အကျွေးပြုကြရန်လိုအပ်ပေမည်။ ကျွန်ုပ်တို့ အားလုံးသိသင့်သည်မှာ ကျွန်ုပ်တို့ ၏သမိုင်းအထောက်အထားများအရ အမိဒိုင်ရ်မြေတွင် နှစ်ပေါင်း ၁၀၀၀ နီးပါး မှီတင်းနေထိုင် လာပြီးဖြစ်သည်။ ထိုကျွန်ုပ်တို့ ကို ထာဝရဘုရားရှင်ပေးသနားသော မြေကို အကျိုးရှိစွာ ကာကွယ်စောင့်ရှောက်ရန်နှင့် ထိုမြေပေါ်ရှိ အဖိုး တန် သစ်တောများ၊ ရေဝေကြောများ၊ သစ်ပင်၊ ပန်းမာန်၊ တိရိစ္ဆာန်များစသည့် မြေပေါ်၊ မြေအောက် သဘာဝ သံယာဇာတ အရင်းအမြစ် များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်မှာ လူမျိုးနွယ်စုဝင် အယောက်တိုင်းစီ၏ တာဝန်ဖြစ်သည်။ နိုင်ငံအသီးသီးတွင် မိမိလူ မျိုး လူနေမှုအဆင့်အတန်းမြင့်မားတိုးတက်ရေးနှင့် ပညာအရည်အချင်း မြင့်မားတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းလေ့လာနေ ကြသော လူငယ်၊ လူရွယ်များကို လည်း မိမိတို့ လူမျိုးနွယ်စုအရေး၊ မြန်မာပြည်ဖွားတိုင်းရင်းသားများအရေးနှင့် ကမ္ဘာသူကမ္ဘာသားများအ ရေး ကိစ္စတို့ အတွက် ဘက်စုံ ပါဝင်လှုပ်ရှားကြရန်လည်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ဒိုင်ရ်လူမျိုးတို့ ၏ အားနည်းချက်ဖြစ်သော ပညာ ဗဟုသုတရှာမှီးခြင်း၊ စာအုပ်စာပေ ရှာဖွေ ဖတ်ရှု့လေ့လာခြင်း၊ လူမှုအကျိုးဆောင်ခြင်းနှင့် နိုင်ငံရေး ကိစ္စရပ်များတွင် တက်ကြွစွာပါဝင်လှုပ် ရှားခြင်း စသော အခန်းကဏ္ဌကိုလည်း ဆက်လက်အရှိန်အဟုန်မြှင့် ၀ိုင်းဝန်း ကြိုးပမ်းလုပ်ဆောင်ရန် လိုအပ်ပေသည်။ အထူးသဖြင့် ခေတ်သစ် နိုင်ငံရေးစာမျက်နှာကို ဖွင့်လှစ်ရန် အတွက် အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်ပါသည်။ ကွဲပြား နေသော ချင်းလူမျိုးနွယ်စုများ၏ လက်အောက်ခံ နိုင်ငံရေးပါတီဝင်များအဖြင့် မရပ်တည်ပဲ၊ ကိုယ်ပိုင် လူမျိုးနွယ်စုအတွက် လိုအပ်သောနိုင် ငံရေးပါတီသစ်ကို တည်ထောင်ရန်လည်း တိုက်တွန်းလိုက်ပါသည်။ စာပေအခန်းကဏ္ဌကိုလည်း အရှိန်အဟုန်မြှင့် ကြိုးပမ်းလုပ်ဆောင်ရန် နှင့်အတူ လိုအပ်လျက်ရှိသည့် သင်ရိုးညွှန်းတမ်းများ၊ ဘာသာရပ်ဆိုင်ရာ စာပေများ၊ သမိုင်း စာမျက်နှာများကို အားလုံးပါဝင်ရေးသားကြပါ ရန်နှင့် ပုံနှိပ်ထုတ်ဝေရန်အတွက် အားလုံးအကူအညီပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ယဉ်ကျေးမှုနှင့် ဂီတအခန်းကဏ္ဌတွင် လည်း လူငယ်လူရွယ်များနှင့် အနုပညာကိုစိတ်ဝင်စားသော မျိုးနွယ်စုညီအကိုမောင်နှမများ အားလုံး ရိုးရာခေတ်မှီ အကများတီထွင်နိုင်ရေး တေးသီချင်းသစ်များရေးသား ထုတ်ဝေနိုင်ရေး၊ မှတ်တမ်းတင်အခွေများ၊ ရုပ်ရှင် ဗီဒီယိုဇာတ်လမ်းများ ရိုက်ကူးထုတ်လုပ်နိုင်ရေးတို့ အတွက် စုပေါင်းလုပ်ဆောင်ကြရန်လည်းတိုက်တွန်းလိုက်ပါသည်။ ထို့ ပြင် ကျန်းမာကြံ့ခိုင်ရေးနှင့် ကိုယ်လက် လှုပ်ရှား အားကစား ပညာရပ်များကိုလည်း ဆက်လက်လေ့လာ သင်ယူသွားရန်လိုအပ်လျက် ရှိကြောင်း မီးမောင်းထိုး အသိပေးလိုက်ပါသည်။ နိုင်ငံတကာတွင် ကျင်းပလျက်ရှိသော ဘောလုံးပွဲ၊ တင်းနစ်၊ ဂေါက်၊ ဘက်မင်တန်၊ ရေကူး၊ ပြေးခုန်ပစ် အစရှိသည့် ပြိုင်ပွဲများကိုလည်း အမိဒိုင်ရ်မြေတွင် ကျင်းပပြုလုပ်နိုင်ရန် အားလုံးကြိုးစားရန် လိုအပ်ကြောင်း တင်ပြလိုပါသည်။ ထို့အတူမည်သည့် အရပ်ဒေသတွင်ရောက်ရှိနေစေကာမူ လူမျိုးနွယ်စု ဂုဏ်အင်္ဂါကို မြှင့်တင်အောင် ကြိုးပမ်းလုပ်ဆောင်ရပေမည်။ ခေတ် သစ်သတင်းနှင့် မီဒီယာအခန်းကဏ္ဌတွင်လည်း ဘက်စုံပါဝင်လှုပ်ရှား ရေးသားတင်ပြနိုင်အောင် အားလုံးပါဝင်သင့်ပါသည်။ သွေးချင်း သား ချင်းဖြစ်သော အခြားချင်းလူမျိုးနွယ်စုအားလုံးအသီးသီးတို့နှင့်အတူ နိုင်ငံရေး၊ ဖက်ဒရယ်အခန်းကဏ္ဌ၊ ဒေသန္တာရအုပ်ချုပ်ရေး၊ ချင်းလဲန်းဖွဲ့ စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမူများနှင့် အခြားအမျိုးသားသွေးစည်းညီညွတ်ရေးအတွက် အရေးပါသော အခန်းကဏ္ဌများတွင်လည်း တန်း တူပါဝင်လှုပ်ရှားဆွေးနွေးနိုင်ရန်၊ အကြံပြုနိုင်ရန် ၀ိုင်းဝန်းတွန်းအားပေးဖို့ လိုအပ်မည်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် လူမျိုးနွယ်စုခေါင်း ဆောင်တစ်ဦးအနေဖြင့် ဆက်လက်၍ မိမိမျိုးနွယ်စုအားလုံးအတွက် ရရှိသင့်သောအခွင့်အရေးများရရှိအောင် အားသွန်ခိုက်စိုက် ကြိုးပမ်း သွားမည့်အပြင် မျိုးနွယ်စုဝင်များကို အကြံဥာဏ်ပေးခြင်း၊ စည်းလုံးခြင်း၊ လက်တွေ့ကျကျကူညီပေးခြင်းများ ဖြင့် စောင့်ရှောက်ကာကွယ် သွားမည်ဖြစ်ကြောင်း နှစ်သစ် သ၀ဏ်လွှာပါးလိုက်ပါသည်။ ဒိုင်ရ်သက်ဆော (မလေးရှား)

You're Reading a Free Preview

Download
scribd
/*********** DO NOT ALTER ANYTHING BELOW THIS LINE ! ************/ var s_code=s.t();if(s_code)document.write(s_code)//-->