You are on page 1of 2

Generated by Foxit PDF Creator © Foxit Software

http://www.foxitsoftware.com For evaluation only.

သာသနာ့ဥသျှောင်
အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ (အိန္ဒိယ- ထိုင်း)
SASANAMOLI
INTERNATIONAL BURMESE MONKS ORGANIZATION (INDIA-THAI)
F-34, F-Block, VikasPuri, 110018. New Delhi, Ph : +91145535099
Maesot Maetao Road 23/32 Tak District Maesot Province Thailand. Ph: +668288672

၁၆၊ ၁၊ ၁၀၁၁။

ဆရာတော် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့အား သတိပေးနှိုးဆော်လွှာ

မြန်မာနိုင်ငံအတွင်း စာသင် စာချ ပရိယတ္တိဝန်ဆောင် ဆရာတော် သံဃာတော်များ၊ ပဋိပတ္တိ


တရားတော်များကို သင်ကြားပို့ချ အားထုတ်တော် မူကြကုန်သော ဆရာတော် သံဃာတော်များ၊
ပြည်ပရောက် ဆရာတော် သံဃာတော်များနှင့် ပြည်တွင်း ပြည်ပ ဗုဒ္ဓဘာသာဝင်များ အားလုံးသို့
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့မှ အသိပေး လျှောက်ထားအပ်
ပါသည်ဘုရား။

တပည့်တော်တို့ ဘိုးဘွားအမွေ သဖွယ်ဖြစ်သော ဗုဒ္ဓဘုရားရှင်၏ သာသနာအရေး ရင်လေးဖွယ်ရာ


အခြေနေဆိုးနှင့် ရင်ဆိုင်နေရပါပြီဘုရား။ ဗွီဒီယိုမှတ်တမ်းနှင့် သတင်းများအရ ယနေ့ မြန်မာနိုင်ငံတွင်
စိတ်ဓာတ်မြှင့်တင်ရေး သင်တန်း ခေါင်းစဉ်ဖြင့် သင်္ကန်းအရေခြုံ မိစ္ဆာတစ်ယောက်က ဦးဣဒ္ဓိပါလဟု
ရဟန်းအမည်ခံကာ ဘုရားရှင် ပညတ်ထားသည့် ရဟန်းသံဃာနှင့် မအပ်စပ်သော လုပ်ရပ်များပြုလုပ်ခြင်း၊
ဗုဒ္ဓတရားတော်နှင့် ဆန့်ကျင်စွာ “မင်းတို့ လုပ်ချင်တာလုပ် အကုန်ဖြစ်တယ်” စသဖြင့် ဟောကြားပို့ချပြီး
သာသနာတော်အား နအဖ အာဏာပိုင်များ၏ အားပေးအားမြှောက်မှုဖြင့် ဖျက်စီးလျက်ရှိပါသည်။ အယူလွဲ
အကျင့်နှင့် မိစ္ဆာတရားတို့ကို ဗုဒ္ဓတရား ဖြစ်လေဟန် ပို့ချလျက်ရှိပါသည်။

“သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊ သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ” ဟူ၍


ဘုရားအဆူဆူ ဟောကြားတော်မူခဲ့သည်။ လုပ်ချင်တာ လုပ်ကြဖို့ မဟောကြားခဲ့။ “မကောင်းမှုကို မလုပ်ရ၊
ကောင်းမှုကို လုပ်ရမည်၊ စိတ်ကို စင်ကြယ်အောင် ထားရမည်” ဟူသော တရားတော်ကို ဗုဒ္ဓဘာသာတိုင်းက
သက်ဝင် ယုံကြည်ကြပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် ၎င်းမိစ္ဆာ သင်တန်းဆရာ ဦးဣဒ္ဓိပါလအား
ဗုဒ္ဓဘာသာဝင် အဖြစ်မျှပင် လက်ခံမည်မဟုတ်။ ဗုဒ္ဓဘာသာနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သော မိစ္ဆာဒိဋ္ဌိ
အယူရှိသူ တစ်ယောက်အဖြစ် သတ်မှတ်သည်။ ဝိသူကဒဿနာ အမှုသည် သာသနာတော်၏
“ငြောင့်တံကျင်သဖွယ်ဖြစ်သည်ဆိုတာ အားလုံး အသိဖြစ်ပါသည်။ ၎င်းအမှုကို အနှစ်သာရ သဖွယ်
ပြုလုပ်နေခြင်းသည် ဗုဒ္ဓအဆုံးမနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သည်မှာ သိလာလှပေသည်။ ထိုသို့
သာသနာဖျက်နေသည်မှာ သိသာထင်ရှားနေပါလျက် သံဃာ့မဟာနာယက ဆရာတော်များအနေဖြင့်
သာသာနာ့ အန္တရာယ်ကို သိသိချည်းနှင့် မင်းတို့ငြိုငြင်မည်ကို စိုးရိမ်ကာ ရေငုံနှုတ်ပိတ် ကြောင့်ကျမဲ့ နေတော်
မမူရန်လည်း လျှောက်ထားအပ်ပါသည်ဘုရား။
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

ပြည်တင
ွ်း၊ ပြည်ပမှာ သီတင်းသုံး နေထိုင်ကြကုန်သော ဆရာတော် သံဃာတော်အရှင်မြတ်တို့နှင့်
ဗုဒ္ဓဘာသာ ဒါယကာ၊ ဒါယိကာမ အပေါင်းတို့အား သာသနာတော်၏ အန္တရာယ်ကို အလေးအနက်ထား
ကာကွယ် စောက်ရှောက်သွားကြရန်နှင့် ၎င်းတို့ အာဏာ တည်မြဲရေးအတွက် သင်္ကန်းဝတ်ထားသူတစ်ဦးကို
ခုတုံးလုပ်ပြီး ဘာသာသာနာကို ညစ်နွမ်းအောင် သိက္ခာချ ဖျက်စီးနေသော နအဖစစ်အုပ်စု၏ သာသနာဖျက်
အမှုကြီးကို အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သော သာသနရက္ခိတ စိတ်ဓာတ်ဖြင့်
သံဃာပျို၊ ရဟန်းပျိုများကလည်း ဗုဒ္ဓတရားတော်နဲ့ ဖီလာဆန့်ကျင်သော ဒီဖြစ်ရပ်ကို လျစ်လျူရှုတော်
မမူကြဘဲ ထိုက်သင့်သလို စီမံဆောင်ရွက်တော်မူကြပြီး ကာကွယ်ကြရန်နှင့် ဦးဣဒ္ဓိပါလအား ဗုဒ္ဓဘာသာဝင်
အဖြစ်၌ မတည်ရှိဟု စွဲမှတ်ယူရန်၊ ၎င်းအဖွဲ့နှင့် အဖွဲ့ဝင်များအား ဗုဒ္ဓဘာသာဝင်များအဖြစ် မှတ်ယူခြင်း
မပြုကြရန် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့မှ အသိပေး နှိုးဆော်တိုက်တွန်းလိုက်ပါသည်။

ဦးဇ၀န
ဦးပညာဇောတ
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့

ဆက်သယ
ွ်ရန်-
+၆၆ ၈၂၈၈၆၈၇၂
+၉၁ ၉၈၁၈၃၆၅၂၂၀

You might also like