ဧရာဝတီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက် ဖောက်ထွင်းခံရ

နရီလင်းလက် Monday, 14 March 2011 20:15
စနေနေ့ မနက်ပိုင်းက ဧရာဝတီ သတင်းဌာန၏ အင်္ဂလိပ်ပိုင်း ၀က်ဘ်ဆိုက်သို့ ဖောက်ထွင်း ၀င်ရောက်ကာ တင်သွားသည့် သတင်းအတု ၂ ပုဒ်သည် နားလည်မှု
လွဲမှားစေရန် အသေးစိတ်ရည်ရွယ် တိုက်ခိုက်မှုဖြစ်သည်ဟု ဧရာဝတီ သတင်းဌာနမှ တာဝန်ရှိသူများက ပြောဆိုလိုက်သည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
NLD ပါတီနှင့် ပြည်ပအခြေစိုက် မီဒီယာများ ပြဿနာ
ပေါ်နေကြောင်း သတင်းနှင့် နာမည်ကြီး အဆိုတော်မေဆွိ
သေဆုံးပြီဟူ၍ ဖန်တီးထားသည့် သတင်း ၂ ပုဒ်ကို ဧရာဝတီ
အင်တာနက် စာမျက်နှာ အင်္ဂလိပ်ပိုင်း၏ လုံခြုံရေးကို
ချိုးဖောက်ဝင်ရောက်ကာ တင်ခဲ့ခြင်းဖြစ်သည်။
ပထမ သတင်းတွင် မြန်မာ့ဒီမိုကရေစီ အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြီးခဲ့သည့်
နှစ်အတွင်းက ဧရာဝတီ သတင်းဌာနနှင့် ဒီမိုကရက်တစ်
မြန်မာ့အသံ (DVB) သတင်းဌာနတို့ကို အလှူရှင်များ
ထောက်ပံ့နေသည့် ငွေကြေး ၃ ပုံ ၁ ပုံ ခန့် ဆုံးရှုံးရသည်ဟု
ရေးသား ဖော်ပြထားသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ
ကိုအောင်ဇော်က ယခု တိုက်ခိုက်ခံရမှုသည် ရည်ရွယ်ချက်ရှိရှိ
တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ယူဆပြီး ပထမ သတင်းပါ
အချက်အလက်များကို ကြည့်ပါက အဖွဲ့အစည်းနှင့် သတင်းပါ ပုဂ္ဂိုလ်များ အကြား ရှုပ်ထွေးသွားစေရန်၊ နားလည်မှုလွဲစေရန်၊ ထိခိုက်ပျက်ဆီးစေရန် ရည်ရွယ်ချက်
ပါရှိသည်ဟု ပြောသည်။
“ဧရာဝတီကနေ လွန်ခဲ့တဲ့ ၂ လ၊ ၃ လက ဗိုလ်ချုပ်မှူးကြီးနဲ့ တခြား စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်တွေ အဂတိလိုက်စားတဲ့ အတွင်းရေး သတင်းတွေကို
မင်းတြားကြီး သန်းရွှေနှင့် နေပြည်တော် ခိုးသားများ ဆိုပြီး နေပြည်တော် ထိပ်တန်း ခေါင်းဆောင်တွေ အကြောင်းရယ်၊ ရွေးကောက်ပွဲကာလတုန်းက
တောက်လျောက် သတင်းတွေ တင်ခဲ့တာတွေရယ် ရှိတယ်။ ပါလီမန် အကြောင်း၊ ရွေးကောက်ပွဲ အကြောင်းတွေကို သေသေချာချာ ထောက်ပြဝေဖန်ပြီး
ရေးသားခဲ့တယ်။ ဒီဟာတွေကို တုန့်ပြန်တဲ့ အနေနဲ့ စစ်အစိုးရနဲ့ သူတို့ကို လိုလားတဲ့ သူတွေက စိတ်ဓာတ် စစ်ဆင်ရေးသဘော၊ ဒါမှမဟုတ် Cyber warfare ပုံစံနဲ့
တုန့်ပြန်တယ်လို့ ယူဆရပါတယ်။ ဒီလို တိုက်ခိုက်ဖို့ကို အသေအချာ တာဝန်ပေးပြီး သူတို့ဘက်က တိုက်ခိုက်တယ်လို့ ယူဆရပါတယ်” ဟု ကိုအောင်ဇော်က
ဆိုသည်။
ဧရာဝတီ သတင်းဌာန၏ မန်နေဂျာ ကိုဝင်းသူက “ကျနော်တို့ ၀က်ဘ်ဆိုက်ရဲ့ System မှာ အားနည်းချက်တွေ ရှိသလို အခု ခေတ်မှာက ဧရာဝတီမှ မဟုတ်ပါဘူး၊
CIA လို အဖွဲ့အစည်းတွေမှာတောင် အတိုက်ခံရတာမျိုးတွေ ရှိတယ်ဆိုတော့ သိပ် အဆန်းကြီးတော့ မဟုတ်ဘူးထင်တယ်။ ကျနော်တို့အနေနဲ့ အဓိက လုပ်သင့်တာ
ဘယ်လိုထပ်ပြီး ကာကွယ်ရမယ် ဆိုတာနဲ့ ဘယ်သူတွေ လုပ်တာလဲ ဆိုတာကိုဖော်ထုတ်ဖို့ကိုပဲ အဓိက ထားသင့်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်သူသည် အင်္ဂလိပ်ပိုင်း ၀က်ဘ်ဆိုက်၏ Content Management Syetem (CMS) ထဲသို့ ၀င်ရောက်ကာ သတင်း ၂ ပုဒ် တင်သွားသောကြောင့်
ယခင်ကဲ့သို့ DDoS (Distributed Denial of Service) ဖြင့်တိုက်ခိုက်ခြင်း မဟုတ်ဟု ကိုဝင်းသူက ပြောသည်။
ဧရာဝတီ သတင်းဌာန၏ အင်္ဂလိပ်ပိုင်းနှင့် မြန်မာပိုင်း ၀က်ဘ်ဆိုက် ၂ ခု စလုံးကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၆ ရက်နေ့က DdoS နည်းစနစ်ဖြင့် 4Gb
ပမာဏအထိ ပြင်းပြင်းထန်ထန် တိုက်ခိုက် ခံခဲ့ရသည်။
“သူ ၀င်တင်သွားတဲ့ သတင်းအရေးအသားကို ကြည့်ရင် ဧရာဝတီအကြောင်းကို သိတဲ့သူ ဖြစ်သလို၊ ပုံမှန် ၀င်ဖတ်နေတဲ့ သူတယောက်လည်း ဖြစ်မယ်။
ဒီအတွက်လည်း ကျနော်တို့ ဘက်က သိရအောင် ဖော်ထုတ်ဖို့ ကြိုးစားနေတယ်” ဟု ကိုဝင်းသူက ပြောသည်။
“ရိုးရိုးလေးပဲ အရင်အကြိမ်တွေတုန်းက ဆိုက်ရဲ့ တည်ဆောက်ထားတဲ့ အခြေခံပိုင်းကို တိုက်ခိုက်တာ။ DDoS နည်းပညာနဲ့ပါ။ အခု တကြိမ်ကတော့ ဆိုက်ကို Host
လုပ်ထားတဲ့ ဆာဗာမှာ ဗိုင်းရပ်စ် ကူးအောင် ပစ်မှတ်ထား လုပ်ဆောင်တာထက် ပိုပြီး ဧရာဝတီရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ကျစေချင်တာ ဖြစ်နိုင်တယ်” ဟု
ပြည်ပအခြေစိုက် အိုင်တီ ကျွမ်းကျင်သူ တဦးက ဆိုသည်။
ဖန်တီးထားသည့် ဒုတိယမြောက် သတင်းမှာ ဧရာဝတီ သတင်းထောက်ဟောင်း Viloet Cho အမည်တပ်ရေး သားထားသော အဆိုတော် မေဆွိ သေဆုံးသွားသည့်
သတင်းဖြစ်သည်။ ယင်း သတင်းထောက်မှာ ၂၀၀၉ ခုနှစ် ကတည်းက ဧရာဝတီမှ ထွက်ခွာခဲ့ပြီး ဖြစ်၍ သြစတြေးလျတွင် ပညာသင်ကြားနေပြီ ဖြစ်သည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ ဒေါသဖြစ်ရခြင်း၊ စိတ် အနှောင့်အယှက်ဖြစ်ခြင်း၊ မကျေနပ်ခြင်း စသည်ဖြင့် သူ၏ အခွင့်အရေးကို ကျူးလွန်သည်ဟု
ခံစားရကြောင်း မေဆွိက ၎င်း၏ facebook အကောင့်တွင် ရေးသားခဲ့သည်။
“ဘာကြောင့် ဒီဝက်ဘ်ဆိုက်ပေါ်မှာ တက်ကြည့်ပြီး အချိန်ကုန်ခံမလဲ။ သူတို့တွေက သေချာသုံးသပ် စိစစ်ပြီး တောင်းပန်ဖို့ သတ္တိမရှိဘူး။ ဒါကြောင့်မို့လို့

ဒီဝက်ဘ်ဆိုက်ရဲ့ ကျင့်ဝတ်နဲ့မညီတဲ့ ခေါင်းဆောင်တွေက ကြော်ငြာတွေနဲ့ လူကြည့်များပြီး ပိုက်ဆံ များများရအောင် ကျမတို့ရဲ့ အချိန်ကို ဖျက်ဆီးတာ” ဟု မေဆွိက
ရေးသားထားသည်။
သို့ရာတွင် ပရိသတ် တချို့က အမေရိကန် နိုင်ငံကဲ့သို့ နည်းပညာဖွံ့ဖြိုးသော နိုင်ငံတွင် နေထိုင်နေသော အဆိုတော် မေဆွိက နာမည်ကြီး အင်တာနက်
တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး မသိရှိခြင်းက ပြဿနာ ကြီးထွားလာစေခြင်းဖြစ်သလောဟု မေးခွန်း ထုတ်ထားသည်ကို အဆိုတော် မေဆွိ၏ facebook
စာမျက်မှာတွင် ရေးတင်ထားသည်။
ဧရာဝတီ သတင်းဌာန၏ မန်နေဂျာ ကိုဝင်းသူက “ဒီသတင်းတွေဟာ ကျနော်တို့ တင်တာမဟုတ်ဘဲ ကျနော်တို့ Hack လုပ်ခံရ တာ ဖြစ်ပါတယ်။ မေဆွိ
သတင်းအတွက်ရော၊ တခြားသတင်းမှာပါတဲ့ လူတွေအားလုံးအတွက် စိတ်မကောင်းပါဘူး” ဟု ပြော သည်။
ဧရာဝတီ၏ စာဖတ်ပရိသတ် နားလည်မှုလွဲကာ ဧရာဝတီ၏ နာမည်ကို ထိခိုက်စေသည့် တိုက်ခိုက်သူတို့၏ ရည်ရွယ်ချက် ပြည့်ကောင်း ပြည့်သွားနိုင်လိမ့်မည်ဟု
ကိုအောင်ဇော်က ပြောသည်။
“ကျနော်တို့က သူတို့ရဲ့ ကစားကွက်ထဲကိုလိုက်ပြီး မကစားစေချင်ပါဘူး။ သူတို့က ဒီလို နားလည်မှု လွဲအောင်၊ အထင်အမြင် လွဲအောင် လုပ်တာဖြစ်တဲ့အတွက်
သူတို့ ဖြစ်စေချင်တာကို လိုက်လုပ်လို့ မဖြစ်ပါဘူး။ အဓိက လုပ်ရမှာက နောက်ထပ် တိုက်ခိုက်လာတာတွေကို ကာကွယ်သွားမှာဖြစ်သလို၊ တိုက်ခိုက်မှုတွေကို
စုံစမ်းပြီး Hacker ဘယ်သူလဲဆိုတာကို ဖော်ထုတ်သွားဖို့ပဲ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ဘလတ္တာ နေပြည်တော် သွားမည်
ရန်ပိုင် Monday, 14 March 2011 19:43
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ မစ္စတာ ဆတ် ဘလတ္တာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် ခရီးအဖြစ် မနက်ဖြန် နေ့လယ်တွင် မန္တလေးမြို့
တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အထူးလေယာဉ်ဖြင့် လာရောက်မည်ဖြစ်သည်။
ခရီးစဉ် ရည်ရွယ်ချက်မှာ မန္တလေးမြို့၌ FIFA၏အကူအညီဖြင့်
တည်ဆောက်ထားသည့် ဘောလုံးအကယ်ဒမီ
သင်တန်းကျောင်းဖွင့် လှစ်ပေးရန် ဖြစ်သော်လည်း
နေပြည်တော်သို့ သွားရောက်ကာ နောင်အစိုးရသစ်တွင်
သမ္မတဖြစ်လာမည့် လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့်
တွေ့ဆုံမည်ဟု သိရသည်။
ထိုသို့ အစိုးရအသစ်တွင် သမ္မတဖြစ်လာမည့် လက်ရှိ ၀န်ကြီးချုပ်
ဦးသိန်းစိန်က FIFA ဥက္ကဋ္ဌအား တွေ့ဆုံခြင်းသည် အရပ်သား
အစိုးရသစ်ကို ပွဲထုတ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု
ရန်ကုန်သံတမန်အသိုင်းအ၀န်းတွင် ပြောဆိုနေကြောင်း
ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း
ရေးသားထားသည်။
ထို့အပြင် မစ္စတာ ဘလတ္တာအား ၀န်ကြီးချုပ် ဦးသိန်းစိန်သာမက

တောင်အာဖရိက၌ဦးဇော်ဇော် (ဘယ်ဘက်မဒုတိယ) င့်ဆတ်ဘလတာ
တိုကိုအတူတေရစဉ် (ဓာတ်ပုံ - Weekly Eleven)

(ဘယ်ဘက်မတတိယ)

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း လက်ခံ
တွေ့ဆုံနိုင်သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကမူ မစ္စတာ ဘလတ္တာ ၏ ခရီးစဉ်သည် မန္တလေးမြို့တွင် တည်ဆောက်ထားသည့် ဘောလုံး အကယ် ဒမီ ကျောင်း ဖွင့်ပွဲ
တက်ရောက်ရန်၊ လက်ရှိ မြန်မာ ဘောလုံးလောကနှင့် ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ်၏ ဆောင်ရွက်နေမှုများကို စစ်ဆေးရန် ဖြစ်သည်ဟု ပြန်ကြားရေး တာဝန်ခံ
ဦးစိုးမိုးက ပြောသည်။
ယင်း ဘောလုံးအကယ်ဒမီကျောင်းကို လွန်ခဲ့သည် ၈ လ ခန့်ကတည်းက ဖွင့်လှစ်ခြင်းဖြစ်ပြီး အသက် ၁၁ နှစ်အောက်၊ ၁၃ နှစ် အောက်၊ ၁၅နှစ် အောက် ဟူ၍
အတန်းသုံးတန်းခွဲထားကြောင်း၊ တတန်းလျှင် ကျောင်းသား ၃၀ဖြင့် စုစုပေါင်း ကျောင်းသား ၉၀ အား ဘောလုံးပညာ သင်ပေး နေကြောင်း သိရသည်။
“ကျောင်းသားတွေကို ကျောင်းအိပ်ကျောင်းစား ထားတယ်၊ အ၀တ်အစားဆင်ပေးတယ်၊ အစိုးရကျောင်းမှာ စာသင်ပေးပြီး ပညာ သင် ထောက်ပံကြေး ပေးတယ်”ဟု
ဦးစိုးမိုးက ဆိုသည်။
ယခု ဖွင့်လှစ်သည့် ဘောလုံးအကယ်ဒမီသည် FIFA ထောက်ပံ့ငွေဖြင့် ဆောက်လုပ်သည်ဟု ဆိုသော်လည်း ကုန်ကျစရိတ် များပြား သည့်အတွက်
ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် တခြားသော စီးပွားရေး ကုမ္ပဏီကြီးများ၏ ထောက်ပံ့ငွေလည်းပါဝင်ကြောင်း ဦးစိုးမိုးက ပြောသည်။
အားကစားသတင်းများကို ဖော်ပြနေသည့် Soccermyanmar အင်တာနက်စာမျက်နှာတွင် ယခုဘောလုံးအကယ်ဒမီဆောက်လုပ် ရန် FIFA မှ ထောက်ပံ့သည့်ငွေမှာ
အမေရိကန်ဒေါ်လာ ၄သိန်းသာရှိပြီး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂.၅သန်းနီးပါး ကုန်ကျကြောင်း ဦးဇော်ဇော်က ပြောသည်ဟု ရေးသားထားသည်။
နောင်လာမည့် ဘောလုံးအားကစား စီမံကိန်းများအတွက် ထောက်ပံ့ငွေများကိုလည်း FIFA ထံမှ ထပ်မံတောင်းခံသွား မည်ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။
ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် စစ်အစိုးရနှင့် နီးစပ်သည်ဟု နာမည်ကျော်ကြားပြီး အထူးသဖြင့် အသစ်ဖြစ်ပေါ်လာမည့် အစိုးရ အဖွဲ့တွင် ဒု
သမ္မတဖြစ်လာမည့် လက်ရှိ အတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အလွန်ရင်းနှီးသူ စီးပွာရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သည်။
ထို့အပြင် ဦးဇော်ဇော်သည် လာမည့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ပြုလုပ်မည်ဆိုသော SEA GAME အတွက် ရည်ရွယ်ပြီး နေပြည် တော်၌ တည်ဆောက်နေသည့်
ဘောလုံးကွင်း ၂ကွင်း နှင့် အားကစားရွာတည်ဆောက်ခွင့်ကိုပါ ရထားသူဖြစ်ပြီး အာရှတွင် အကြီး ဆုံး စီးပွားရေး ဇုန်ဖြစ်လာမည်ဟု ပြောဆိုနေသည့်
ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ခွင့် အပါအ၀င် အစိုးရနှင့် ပတ်သက် သည့် စီးပွားရေး လုပ်ငန်းတချို့ကို လုပ်ကိုင်ခွင့်ရထားသူဖြစ်သည်။
မစ္စတာ ဘလတ္တာသည် ဘောလုံးအကယ်ဒမီဖွင့်လှစ်ပေးပြီးနောက် ရန်ကုန်မြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏ အား ကစားကွင်းရှိ တိုးချဲ့ထိုင်ခုံများ
လွှဲပြောင်းပေးအပ်ပွဲကို တက်ရောက်မည်ဖြစ်သည်။ ထို့အတွက်လည်း ယမန်နေ့က အတွင်းရေးမှူး ၁ သီဟ သူရ ဦးတင်အောင်မြင့်ဦး သွားရောက်ကြည့်ရှုကြောင်း
ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာဘောလုံးအဆင့်မှာ အရှေ့တောင်အာရှ ဒေသအတွင်းရှိ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယားတို့၏ နောက်တွင်ရှိပြီး FIFA
သတ်မှတ်ချက်အရ ၁၆၁ အဆင့်တွင်သာ ရှိသည်။
ဂျပန်ရှိ မြန်မာများ သဘာဝ ဘေးဒဏ် စိုးရိမ်ဆဲ
သန်းထိုက်ဦး Monday, 14 March 2011 19:04
အင်အားပြင်း ငလျင်နှင့် ဆူနာမီဒဏ် ခံခဲ့ရသော ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများက သဘာဝ ဘေးအန္တရာယ် ထပ်မံ ဖြစ်ပွားမည်ကို
စိုးရိမ်နေပြီး ကြိုတင်ပြင်ဆင်ထား ကြသည်။
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြီးခဲ့သည့် သောကြာနေ့က
အင်အား ၈. ၉ မဂ္ဂနီကျု အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ကာ ဆူနာမီ
ရေလှိုင်းကြီး ကျရောက်ခဲ့ပြီးနောက် ယနေ့တွင်လည်း
နျူကလီယား ဓာတ်ပေါင်းဖိုထပ်မံ ပေါက်ကွဲမှု
ဖြစ်ပွားခဲ့ခြင်းအပေါ် ယင်း ကဲ့သို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံတွင် ရာစုနှစ် တခု အတွင်း အကြီးမားဆုံးသော
သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်း ဖြစ်ရာ
ငလျင်လှုပ်ခတ်ပြီး နောက် အမြင့် ၃၂ ပေခန့်ရှိ လှိုင်းလုံးကြီးများ
ဂျပန်အရှေ့မြောက်ပိုင်း ကမ်းခြေကို ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။
ယနေ့ ၁၁ နာရီ ၁၀ မိနစ်ခန့်က ဂျပန်နိုင်ငံ
ဖူကူးရှီးမားမြို့တွင်ရှိသော နျူကလီယား ဓာတ်ပေါင်းဖို
ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့သောကြောင့် လျှပ်စစ်ဓာတ်အား
ပြတ်တောက်မည်ကို စိုးရိမ်ကြောင်း ရှင်ဂျုကု မြို့တွင် နေထိုင်သူ

ဂပနိုင်ငံမီယာဂီမိနယ်နာတိုရီမိကဆူနာမီဒဏ်ခံခဲ့ရသောအဆောက်အအုံအပက်အစီးမား
နတေရသည်
န့ ကယ်ဆယ်ရေးသမားမား
(ဓာတ်ပုံ - Getty Images)

ဒေါ်ခင်စန်းယဉ်က ဧရာဝတီ သို့ ပြောသည်။
“လျှပ်စစ် ဓာတ်အား မလုံလောက်ရင် ရထားအသွား အလာက
အစပေါ့နော် ရေပေးတာကအစ ဒုက္ခရောက်ဖို့ရှိတယ်၊ ငလျင်

ကလည်း တနာရီ တခါလောက် လှုပ်နေတယ်၊ ဒီ နှစ်ပတ်အတွင်းမှာ ပြင်းပြင်း ထန်ထန်လှုပ်ဖို့ ၇၀ ရာခိုင်နှုန်း သေချာတယ်လို့ သတိ ပေးထားပါတယ်”ဟု ၎င်းက
ဆိုသည်။
ယင်းမြို့နယ်တွင် နေသော မြန်မာနိုင်ငံသားများက စားသောက်ကုန်ခြောက် ပစ္စည်းများနှင့် သောက်သုံးရေး ပြတ်လပ်မှုများ ကြုံတွေ့ရပြီး အိမ်သုံးရန်အတွက်
သောက်သုံးရေများကို သိုလှောင်ထားရကြောင်းလည်း သိရှိရသည်။
“နောက်ထပ် ငလျင်အတွက် ပြင်ဆင်ထားပြီး ကိုယ့်အတွက် အရေးကြီးတဲ့ စာရွက်စာတမ်းတွေပါတဲ့ ပစ္စည်းတို့ ဘာတို့ အိမ်မှာ တော့ အဆင်သင့်လုပ်ထားတယ်”ဟု
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာမှ အတွင်းရေးမှူး ဦး သောင်း မြင့်ဦးက ပြောသည်။
မြန်မာနိုင်ငံသားများသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အများစု နေထိုင်ကြပြီး စက်ရုံလုပ်ငန်းနှင့် စားသောက်ဆိုင်များတွင် လုပ် ကိုင်နေကြသည်ဟု သိရှိရသည်။
တိုကျိုမြို့တွင် ရှိသော မြန်မာသံရုံးအနေဖြင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများကို အထူး စိုးရိမ်မှုများရှိနေပြီး လိုအပ်သော အကူအညီများ ပေးနိုင်ရန်အတွက်
သဘာဝဘေး အန္တရာယ် အတွင်း ထိခိုက်မှုရှိမရှိ အမြန်ဆုံး သိရှိနိုင်ရန် သက်ဆိုင်ရာ ဂျပန် အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ ရက်စွဲဖြင့်
ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ မိဘဆွေမျိုးတချို့ကလည်း ၎င်းတို့၏ သားသမီး၊ မိတ်ဆွေများ ထိခိုက်မှု ရှိမရှိ နေ့စဉ် သံရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်မှုများ
ရှိကြောင်းလည်း ပြောဆိုသည်။
ဆူနာမီလှိုင်းလုံးများက ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့ရှိ နျူကလီယား ဓာတ်ပေါင်းဖိုအား အင်အားပြင်စွာ ၀င်ရောက်ခဲ့သည့်အတွက် အရေးပေါ် အခြေအနေနှင့်
ကြုံတွေ့နေရကြောင်း ဂျပန်နိုင်ငံ နျူကလီးယားဆိုင်ရာ လုံခြုံစိတ်ချရေးအဖွဲ့(JNISC)က ယမန်နေ့က သတိပေးထားသည်။
ဂျပန်ဝန်ကြီးချုပ်ကလည်း ဂျပန်နိုင်ငံအတွက် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဘေးအန္တရာယ် ကျရောက်နေသူများကို အမြန်ဆုံး
ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြောဆိုကာ အရေးပေါ် အခြေအနေ ကြေညာထားသည်။
နောက်ဆုံး သတင်းများအရ ယနေ့အထိ ခန့်မှန်းခြေ လူဦးရေ ၁ သောင်းကျော်အထိ သေဆုံးနိုင်သည်ဟု သိရသည်။
စက်မှုဇုန် လောင်းကစားဝိုင်းများ စည်ကား
သင်းအောင် Monday, 14 March 2011 17:31
ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် ပရဝဏ်၌ လောင်းကစား
ဝိုင်းမျိုးစုံတို့ နေ့၊ ညမပြတ် စည်ကားသိုက်မြိုက်စွာ ပြုလုပ်လျက်
ရှိသည်ကို မြင်တွေ့ရသည်။
အထူးသဖြင့် လှိုင်သာယာစက်မှုဇုန် ဘုရားလမ်းမကြီးနံဘေး၊ ဇုန်
၃ အောင်ချမ်းသာလမ်းနှင့် ဇုန် ၄ အောင်မင်္ဂလာ လမ်းဆုံ
ထိပ်များ၌ မြေပြင် လောင်းကစားဝိုင်းများ စည်ကားနေသည်။
“ရန်ကုန်တိုင်းထဲမှာ ဘယ်မြို့နယ်မှာမှ လောင်းကစားဝိုင်းတွေ
အခုလို ပေါ်ပေါ်တင်တင် လုပ်လေ့မရှိဘူး။ လှိုင်သာယာ
စက်မှုဇုန် မှာတော့ လမ်းဘေးမှာကို ပြောင်လုပ်နေကြတယ်။
အမှတ် ၅ ရဲကင်းက ရဲ ၂ ယောက် ၃ ယောက်လောက် ၀ိုင်းမှာ

လိင်မစ်နံဘေးရိလိင်သာယာစက်မဇုန်အားမင်တေရစဉ်
weeklyeleven.com)

(ဓာတ်ပုံ -

အမြဲရှိနေတယ်။ သူတို့တောင် တခါတလေ အလျော်အစား ၀င်လုပ်ပေးတတ်တယ်” ဟု လှိုင်သာယာ ရေဥက္ကံ ဈေးမှ ဈေးသည် တဦးက ဆိုသည်။
စီမံချက် အနေဖြင့် တိုင်း/ ခရိုင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တခါတရံ ၀င်ရောက် ဖမ်းဆီးလေ့ ရှိသော်လည်း ၎င်းတို့ပြန်သွားသည်နှင့် အဆိုပါ ကစားဝိုင်းများ ပြန်လည်
အသက်ဝင်လာကြသည်ဟု ဒေသခံတို့က ပြောသည်။
“မတ်လ ၁၂ ရက် မနက်က ခရိုင်အဆင့်က ဆင်းဖမ်းတယ်။ ဇုန် ၃ ဗိုလ်ချုပ်လမ်းမပေါ်မှာ ကားနှစ်စီးနဲ့ ပိတ်ပြီး ဖမ်းတာ။ထိုးသားရော၊ ဒိုင်ရော ၄ ယောက်
ဖမ်းမိသွားတယ်။ ဒါပေမယ့် ရဲတွေ ပြန်သွားပြီး နာရီပိုင်းမှာပဲ နောက်တ၀ိုင်း ထပ်ဖြစ်လာတယ်” မျက်မြင်တဦးက ဆိုသည်။
လှိုင်သာယာ စက်မှုဇုန်၏ လူစည်ကားရာ အဆိုပါနေရာများ၌ “ရောင်ပြန်” အမည်ရှိ လောင်းကစား နည်းများကို ရဲတင်းစွာ ပြုလုပ် နေကြကြောင်း၊ ယခင်က
ခေတ်စားခဲ့သော ဂျုံးဂျုံးကျခေါ် အန်စာ ကစားနည်းကိုမူ မတွေ့မြင် ရတော့ကြောင်း၊ လှိုင်သာယာ စက်မှုဇုန် လောင်းကစား ၀ိုင်းများအနက်
အောင်ချမ်းသာလမ်းထိပ်နှင့် အောင်မင်္ဂလာလမ်းထိပ် လောင်းကစား ၀ိုင်းများမှာ အကြီးကျယ်ဆုံး ဖြစ်ကြောင်း ဒေသခံတို့ အဆိုအရ သိရသည်။
“လှိုင်သာယာ စက်မှုဇုန်မှာက ဒေသတွင်း အလုပ်အကိုင် ရှားလို့ နေရပ်နဲ့ တောင်သူအလုပ်ကို စွန့်ခွာလာကြတဲ့ သူတွေများတယ်။ လောင်းကစား ဒိုင်တွေက
ဗဟုသုတ နည်းပါးတဲ့သူတွေကို အခွင့်ကောင်းယူပြီး မသမာတဲ့နည်းနဲ့ ပိုက်ဆံ လိမ်ညာယူနေတာပါ” ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါ လောင်းကစားဝိုင်းများကို စက်မှုဇုန်များ၏ နေရာအသီးသီး၌ တွေ့ရလေ့ရှိပြီး အလုပ်သမား မိသားစု အများဆုံးနေထိုင်ရာ ဇုန် ၃ နှင့် ဇုန် ၄ တွင်
နံနက်ခင်းနှင့် ညပိုင်းရက်ဆက် ကျယ်ပြန့်စည်ကားစွာ ပြုလုပ်နေသည်ဟု သိရသည်။
ဒေသခံ တဦးက “လှိုင်သာယာ စက်မှုဇုန်မှာ လောင်းကစား မျိုးစုံရှိတယ်။ ချဲထီ၊ ဘောလုံး လောင်းကစားတွေက သိုသိုသိပ်သိပ်နဲ့ လူ သိပ် မမြင်ဘူး။ အခုလို
အန်စာတို့၊ ရောင်ပြန် ကစားနည်းတို့က ထိုးသားတရုန်းရုန်း၊ အလျော်အစား အော်ကြီး ဟစ်ကျယ်နဲ့ မြင်မကောင်းဘူး” ဟု ပြောသည်။
လှိုင်သာယာ စက်မှုဇုန်အတွင်း စက်ရုံလုပ်သား၊ ကျပန်း အလုပ်သမားများသာ နေထိုင်ကြသည်ကို လောင်းကစားဒိုင်များက သိရှိထားကြောင်း၊ ထို့အတွက် ဒေသခံ
ရဲ၊ လုံခြုံရေးများနှင့် နားလည်မှု ရယူကာ ကစားဝိုင်းများ ပြောင်ပြောင်တင်းတင်း ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း၊ မြို့လယ်၊ မြို့ပြဒေသ မဟုတ်သည့်
ကျေးလက်စရိုက် သဘာဝပုံစံ ဖြစ်နေသော လှိုင်သာယာ စက်မှုဇုန်သည် တရားဥပဒေစိုးမိုးမှု လက်လှမ်းမမီ ဖြစ်နေသည်ဟု ထင်ရကြောင်း ဒေသခံ တချို့က
ပြောဆိုကြသည်။
ရေဥက္ကံမှ ဈေးဆိုင်ရှင် တဦးကလည်း “အောင်ချမ်းသာ လမ်းထဲက ရဲသတင်းပေး တယောက်ဆိုရင် စက်မှုဇုန်ထဲမှာ ချဲထီဒိုင်တွေ၊ အခုလို ရောင်ပြန် ကစားဝိုင်းတွေ၊
ဘိလိယက်ခုံ၊ ဇယ်တောက်ခုံပါမကျန် လိုင်းကြေး နေ့တိုင်း ကောက်တယ်။ အမှတ် ၅ ရဲကင်း၊ လှိုင်သာယာ မြို့နယ်ရဲစခန်းတွေကို လိုင်းကြေး အပ်အပြီးမှာ
သူ့အတွက် ကျပ် ၂ သောင်းခွဲ၊ ၃ သောင်း နေ့တိုင်း ၀င်ငွေရှိတယ်” ဟု ရှင်းပြသည်။
ရန်ကုန်မြို့လယ်ရှိ လုပ်ငန်းရှင် တဦးကလည်း အခြေပျက်လာသည့် တောင်သူများသည် လောင်းကစားမှုကို ထွက်ပေါက် တခုအဖြစ် မြင်လာကြကြောင်း၊ စက်ရုံ၊
အလုပ်ရုံ ပိုင်ရှင်များ၏ အလုပ်ချိန်နှင့် လုပ်ခလစာ ခေါင်းပုံဖြတ်မှုများထဲမှ ရုန်းထွက် လိုခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောသည်။
“ဒီလို လောင်းကစားမှုတွေကို ဒေသအာဏာပိုင်တွေက အသိပညာ မပေးတဲ့ အပြင်၊ အတိုင်းအတာ တခုအထိ အကာအကွယ် ပေးနေတော့ ဒိုင်တွေ၊ ထိုးသားတွေ
ဆိုတာ မင်းမဲ့ စရိုက်ဆန်ဆန် ရဲတင်းလာကြတယ်။ နောက်ဆက်တွဲ ကတော့ ရာဇ၀တ်မှု ထူပြောလာတာပဲ” ဟု ၎င်းက ဆိုသည်။
ဒုက္ခသည်များ ကိုယ့်အားကိုယ်ကိုးရမည်
ဧရာဝတီ Monday, 14 March 2011 15:50
ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်များ ကိုယ့်အားကိုယ်ကိုး နိုင်ရေးအတွက် ၀င်ငွေရရှိသည့် အသက်မွေး ၀မ်းကျောင်း ပညာများ သင်ကြားနိုင်မည့် အစီအစဉ်
ပြုလုပ်ပေးသွားမည်ဟု ဥရောပသမဂ္ဂ အဖွဲ့ (EU) က ပြောသည်။
လက်ရှိ ဒုက္ခသည်များကို ပေးနေသည့် အကူအညီများ
လျှော့ချသွားမည် ဖြစ်သောကြောင့် ယင်းသို့ စီစဉ်ခြင်း
ဖြစ်သည်ဟုလည်း ဆိုသည်။
EU ၏ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးရေးဌာန
အကြီးအကဲ မစ္စ ခရစ္စတလီနာ ဂျော့ဂျီဗာ (Ms Kristalina
Georgieva) ဦးဆောင်သည့် ၈ ဦးပါ ကိုယ်စားလှယ် အဖွဲ့သည်
ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်း-မြန်မာနယ်စပ်
မဲဆောက်မြို့မှတဆင့် မယ်လ ဒုက္ခသည်စခန်းသို့ လာရောက်ပြီး
စခန်းကော်မတီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးစဉ်
ပြောကြားခဲ့ခြင်း ဖြစ်သည်။
မယ်လ စခန်း ဥက္ကဌ စောထွန်းထွန်းက “EU တာဝန်ရှိသူတွေ
ပြောတာက လက်ရှိဒုက္ခသည်တွေကို ပေးနေတဲ့ အရေးပေါ်
အကူအညီတွေကို တနှစ်ခြင်း လျှော့ပြီး ပေးသွားမယ်၊

မယ်လဒုကသည်စခန်းတင်း၌
၂၀၀၉
စာတေသင်တန်းတက်
န ရောက်နေစဉ်
(ဓာတ်ပုံ - ECHO RIO Bangkok / Flickr)

တဖက်ကလည်း ဒုက္ခသည်တွေ အနေနဲ့ ကိုယ့်ခြေထောက်ပေါ်

ခုစ်ကဒုကသည်မားမော်တော်ဆိုင်ကကိယ်ုယင်ရ့်ပပ်တ်တသည်က်ပနီုးင်တဲ့အထိ သူတို့ကူညီသွားမယ်လို့ ပြောတယ၊်
ဒုက္ခသည်တွေ ၀င်ငွေရမယ့် အသက် မွေးဝမ်းကျောင်း
ပညာသင်ကြားပေးမယ့် အစီအစဉ်တွေ ဆောင်ရွက်သွားမယ့်

အကြောင်းတွေလည်း ဆွေးနွေးခဲ့ကြတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ယင်း အစီအစဉ်နှင့် ပတ်သက်၍ EU အဖွဲ့က ဒုက္ခသည်များ၏ သဘောထားများကို မေးမြန်းရာတွင် ဒုက္ခသည်အများစုက ဂုဏ်သိက္ခာရှိစွာဖြင့်
ဘ၀ကိုရပ်တည်လိုကြပြီး သမာအာဇီဝဖြင့် ၀င်ငွေရရှိနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများကို လိုလားကြသည်ဟု သဘောထား ပေးကြသည်။
မယ်လဒုက္ခသည်စခန်း ဇုန်စီတွင် နေထိုင်သည့် စောကညောဖိုးက“စခန်းထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ်၊ ပိုက်ဆံရတဲ့ အလုပ်တွေလုပ်ချင်တဲ့လူတွေ အများကြီးပဲ၊
အခုနေရတဲ့ဘ၀ကို နှစ်တွေကြာလာတော့ စိတ်ပျက်လာတယ်၊ ဒါပေမယ့် ဒီလိုပဲ ဆက်နေရတယ်၊ သွားစရာနေစရာမရှိတော့ ဘာမှမတတ်နိုင်ဘူး၊ အခုဆိုရင်
စခန်းအပြင်ခိုးထွက်ပြီး အလုပ် လုပ် တာမိရင် အပြစ်ပေးခံရတာ၊ အရိုက်ခံရတာတွေလည်း ရှိတယ်”ဟု ပြောသည်။

ယင်းသို့ အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် အသိပညာ အတတ်ပညာ သင်ကြား ပေးခြင်းသည် ဒုက္ခသည်များ၏ ဘ၀ကိုမြှင့်တင်ပေးရာ ရောက်သည့်အတွက်
EU ၏ အစီစဉ်ကို မယ်လစခန်း ကော်မတီအနေဖြင့် ကြိုဆိုသည်ဟု စော ထွန်းထွန်းက ပြောသည်။
EU ကိုယ်စားလှယ်အဖွဲ့သည် ဒုက္ခသည်များ စခန်းပြင်ပသို့ထွက်၍ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ထိုင်းအစိုးရတာဝန်ရှိသူများကို တိုက်တွန်းသွားရန်ရှိပြီး
ဒုက္ခသည်များ၏ သဘောထားများနှင့် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များဆိုင်ရာ ကိစ္စများကို EU အဖွဲ့သို့ အစီရင်ခံ တင်ပြမှုများပြုလုပ်သွားမည်ဟု သိရသည်။
EU သည် ၁၉၉၅ ခုနှစ်က စတင်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ၁၄၀၀၀၀ ခန့်ကို အဓိက ထောက်ပံ့ နေ သည့် အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွက်
ဒေါ်လာ သန်း၂၀၀ ကျော် ထောက်ပံ့ လှူဒါန်းထားသည်။
ရန်ပုံငွေအခက်အခဲကြောင့် EU သည် အကူအညီများကို ယမန်နှစ်ကစတင်ကာ ၂၅ ရာခိုင်နှုန်း ဖြတ်ခဲ့သဖြင့် ဒုက္ခသည် များအတွက်
ပေးနေသည့်စားနပ်ရိက္ခာတချို့လျှော့ချလိုက်ရမှုများရှိသည်ဟု စခန်းတာဝန်ရှိသူ တဦးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာရှိ မယ်လ ဒုက္ခသည်စခန်းတွင် နောက်ဆုံး ရရှိသည့်စာရင်းများအရ အိမ်ခြေ ၁၂၀၀၀
ခန့်ရှိပြီး ဒုက္ခသည် ၄၈၀၀၀ ခန့်နေထိုင်လျှက်ရှိကြောင်း သိရသည်။ မယ်လ စခန်း သည် ဒုက္ခသည်စခန်းများအနက် အကြီးဆုံး စခန်းဖြစ်သည်။
ထိုင်းအစိုးရ က ဒုက္ခသည်များ စခန်း ပြင်ပတွင် သွားလာလုပ်ကိုင်ရန် ခွင့်ပြုထားခြင်း မရှိသည့်အတွက် ယခုပြုလုပ်မည့် EU ၏ အစီအစဉ်သည် ဒုက္ခသည်
စခန်းအတွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် လက်မှုလုပ်ငန်း စသည့် လုပ်ငန်းခွင်များအတွက်သာ ဖြစ်နိုင်ကြောင်း ထိုင်း-မြန်မာ နယ်စပ်တလျှောက်
ကူညီစောင့်ရှောက်ရေး ညွှန့်ပေါင်းအသင်း (TBBC) က ပြောသည်။
TBBC လက်ထောက် ညွှန်ကြားရေးမှူး ဆယ်လီ သွန်မ်ဆင် က“ဒုက္ခသည်တွေ ကိုယ့်အားကိုယ်ကိုး ရပ်တည် လာတာကို တော့ တွေ့မြင်ရနိုင်ပါတယ်၊ ဒါပေမယ့်
ထိုင်းပေါ်လစီ အရ အကန့်အသတ်တွေတော့ ရှိတယ်”ဟု ၎င်းက ဆိုသည်။
EU က ဒုက္ခသည် အကူအညီများ လျှော့ချမည်ဖြစ်၍ ကိုယ့်အားကိုယ်ကိုး အစီအစဉ် စတင်နေခြင်းမှာ စောလွန်းနေကြောင်း၊ ဒုက္ခသည်များအနေဖြင့်
လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ များစွာ လိုအပ်နေသေးကြောင်းလည်း ဆယ်လီ သွန်မ်ဆင် က ပြောဆိုသည်။
TBBC သည် လွန်ခဲ့သော ၂၅ နှစ်ခန့်ကတည်းက ဒုက္ခသည်များ၏ စားဝတ်နေရေး များအတွက် ကူညီထောက်ပံ့ နေ သည့် အဖွဲ့အစည်း တခု ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ထမ်ဟင်း၊ ဘန့်ဒုံယမ်း၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်ရာမို၊ မယ်လာအူး နှင့် ကရင်နီ ဒုက္ခသည်စခန်း၂ ခုအပါအ၀င်
ဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁၄၀၀၀၀ ခန့်နေထိုင်လျှက်ရှိသည်ဟု TBBC ၏ မှတ်တမ်းများအရ သိရသည်။
အဆိုပါ ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များမှာ ၁၉၈၃ ခုနှစ်မှစတင်၍ မြန်မာ စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး
တိမ်းရှောင်လာသူများဖြစ်ပြီး ယနေ့အထိ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ထိုင်း အစိုးရက ထိုင်းနိုင်ငံ၌ရောက်ရှိနေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့်မှ ၁ သန်း ၀န်းကျင်ကို နေ ထိုင် လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေး၍
ခွင့်ပြုထားသော်လည်း ဒုက္ခသည်များကို ခွင့်ပြုခြင်းမရှိပေ။
ရခိုင်ဒီမိုကရေစီအဖွဲ့ ဂီရိ ကူညီရေး ဆက်လုပ်မည်
မင်းနိုင်သူ Monday, 14 March 2011 15:19
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) က ဦးစီး၍ ရခိုင်ပြည်နယ် ဂီရိမုန်တိုင်း ဒဏ်သင့် လူထုအတွက် ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆက်လက်
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ALD ဥက္ကဌ ဦးသာဘန်းက“လောလောဆယ် ဂီရိဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ မြေပုံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရေတွင်းတွေ တူးပေးမယ်။
လယ်သမားတွေကိုလည်း မျိုးစပါးတွေ ဝေငှသွားမယ်။ နောက်ပြီး မြေပုံမြို့မှာ အခမဲ့ဆေးခန်းတခန်း ဖြစ်မြောက်ဖို့လည်း ကြိုးစားနေတယ်။ ရန်ပုံငွေ ရရင် ရသလို
အကူအညီပေးရေး လုပ်ငန်းတွေ ထပ်တိုးချဲ့သွားမှာပါ”ဟု ပြောသည်။
ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ၂၀၁၀ ပြည့်နှစ်
အောက်တိုဘာလ ၂၂ ရက်နေ့က တနာရီလျှင် မိုင် ၁၂၀
ဝန်းကျင်ဖြင့် ရခိုင်ကမ်းရိုးတန်း ဒေသ တလျှောက်
တိုက်ခတ်ခဲ့ရာ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ မာန်အောင်၊
ပေါက်တော၊ ပုဏ္ဏကျွန်း၊ စစ်တွေ စသည့်မြို့နယ်များ၌
ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပြီး လူ ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရာ
လူ ရာဂဏန်းအထိ သေဆုံးမှုရှိခဲ့ကြောင်း သတင်းများတွင်
ဖော်ပြခဲ့သည်။
ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ
တသိန်းခုနှစ်သောင်းကျော် အိုးအိမ်မဲ့ ခဲ့ရကြောင်း ၊ ကျောက်ဖြူ၊
ပေါက်တော၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့မှာ ၉၀ ရာခိုင်နှုန်း နီးပါး
ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထိုစဉ်က ကယ်ဆယ်ရေး လုပ်ငန်းများ
ဆောင်ရွက်နေသည့် ပြည်တွင်း NGO အဖွဲ့များ၏
ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

ဂီရိဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်စဉ်ကအပက်အစီးတခိကိုတေရစဉ် (ဓာတ်ပုံ - AP)

“ကျေးရွာတချို့မှာ ရေတွင်းတွေက ပင်လယ်ဆားငန်ရေ

ဝင်သွားတဲ့အတွက် သောက်လို့မရသေးဘူး။ ဘယ်ကျေးရွာတွေက အလိုအပ်ဆုံးဖြစ်နေလဲဆိုတာ ကွင်းဆင်းကြည့်ပြီး လောလောဆယ် ရေတွင်း ၁၀ ခုလောက်
တူးပေးသွားမယ်။ ဒေသနဲ့ လိုက်ဖက်မယ့် မျိုးစပါးတွေလည်း လှူဒါန်းသွားမယ်”ဟု ALD အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
အဆိုပါ ဂီရိဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန်အတွက် ALD နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)
လူမှုအထောက်အကူပြုအဖွဲ့ဝင်များလည်း လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။

“NLD က ဒေါက်တာမေ၀င်းမြင့်တို့လည်း ပါမယ်။ မြေပုံမြို့နယ် ၊ ကျီးခေါင်းတောင်ရွာမှာရှိတဲ့ ကျီးခေါင်းတောင်စေတီဟာ ဂီရိဒဏ်ကြောင့် ထီးတော်
မြေခထားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က တပေါင်းလပြည့်နေ့မှာ ထီးတော်ကို အသစ်ပြန်တင်လှူမယ်။ ဘေးပတ်ဝန်းကျင်ရွာတွေက
သံဃာတွေကိုလည်း လှူဖွယ်ပစ္စည်းတွေ လှူဒါန်းကြမယ်”ဟု ဦးအေးသာအောင်က ပြောသည်။
ALD ပါတီ ဂီရိဒေသပြန်လည်ထူထောင်ရေးအတွက် ဂီရိဒဏ်သင့်ဒေသများသို့ ၃ ကြိမ် သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
ALD ပါတီသည် NLD နှင့် မဟာမိတ်ဖွဲ့ထားသော တိုင်းရင်းသားပါတီ (၁၀) ပါတီအနက်မှ တခုဖြစ်ပြီး စစ်အစိုးရက ၁၉၉၂ ခုနှစ်
တွင် တရားဝင်အဖြစ်မှ ရပ်စဲကြောင်း ကြေညာခဲ့သည်။
ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းဝင်ရောက်ပြီး ၁၆ ရက်အကြာတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်တွင် မကျင်းပ ဘဲ ရွှေ့ဆိုင်းရန် ALD က
တောင်းဆိုခဲ့သော်လည်း နအဖ စစ်အစိုးရက ရွှေ့ဆိုင်းမပေးခဲ့ပေ။
စီရင်မထားသည့် ပြစ်ဒဏ် အပေးခံရသူများ
ရန်ပိုင် Saturday, 12 March 2011 15:59 ဆောင်းပါး
ထိုင်းနိုင်ငံ မဲဆောက် မြို့အစွန်ရှိ ကျောင်းသားဆေးခန်းလို့ နာမည်ကြီးတဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်း ပရ၀ုဏ်မှာ မြန်မာနိုင်ငံသားတွေဟာ
ပူပြင်းတဲ့နေရောင်ကို ရှောင်တိမ်ရင်း ကျန်းမာရေးအတွက် ဆေးခန်းပြဖို့ ဟိုတစု ဒီတစု အရိပ်အောက် မှာနားခိုနေကြပါတယ်။
အလားတူ အမိုးနိမ့်နိမ့် အဆောက်အဦးရဲ့
အတွင်းလူနာခန်းထဲမှာတော့ စားဝတ်နေရေးအတွက်
တောတက်ရင်း မိုင်းနင်းမိလို့ ခြေထောက်ဖြတ်လိုက်ရတဲ့
ကရင်တိုင်းရင်းသားတွေ၊ စစ်အစိုးရနဲ့ လက်နက်ကိုင်
တိုင်းရင်းသားတပ်တွေရဲ့ နှစ်ဘက် တိုက်ပွဲတွေအကြား
လက်နက်ထိမှန်လို့ ဒဏ်ရာရခဲ့တဲ့ မြန်မာနိုင်ငံသားတွေဟာ
ကုတင်ပေါ်မှာ ပိုးလိုပက်လက် တမျိုး၊ စောင်း၍ တဖုံရှိပါတယ်။
ဒဏ်ရာတွေကြောင့် ဒီဆေးခန်းလေးကို
ရောက်လာသူတွေထဲမှာတော့ မြန်မာပြည် အလယ်ပိုင်း
မိတ္ထီလာထောင်ကနေ အထမ်းသမား ပေါ်တာအဖြစ်
စစ်မြေပြင်ကို အဓမ္မခေါ်ယူခံရပြီးနောက် ထွက်ပြေးရာက
စစ်တပ်ရဲ့ သေနတ်နဲ့ လိုက်လံပစ်ခတ်ခြင်းကို ခံရတဲ့ ကိုထွန်းမင်း
(အမည်ရင်း မဟုတ)် တယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။

မယ်တော်ဆေးခန်းတင်ကုသမခံယူပီးသက်သာလာသူမား

(ဓာတ်ပုံ - ဧရာဝတီ)

မလှိုင်မြို့ဇာတိ အသားညိုညို အရပ်ပုပု ခပ်ညှက်ညှက် အသက်
၂၆ နှစ်ရှိ ကိုထွန်းမင်းဟာ မီးသွေးဖုတ်လုပ်ငန်းနဲ့

အသက်မွေးသူဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး ၆ လခန့်အကြာမှာ ဒေါသအလျောက် စိတ်မထိန်းနိုင်ရာက လူ ၃ ယောက်ကို ရိုက်နှက်ခဲ့လို့ ထောင်ဒဏ် ၃ နှစ်
ကျခံခဲ့ရသူပါ၊
ဒီနောက် ထောင်ကျသက် ၇ လအကြာမှာ ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်တွေအပေါ်
ပြုလုပ်နေတဲ့ ထိုးစစ်တွေမှာ လိုအပ်တဲ့ လက်နက်၊ ရိက္ခာတွေကို ထမ်းပိုးဖို့ လွန်ခဲ့တဲ့ ၂ လကစပြီး မိထ္တီလာထောင်ကနေ အတင်းအဓမ္မ ခေါ်ဆောင်ခြင်း
ခံခဲ့ရတယ်လို့ ကိုထွန်းမင်းက ပြော ပါတယ်။
“ရှေ့တန်းမှာ ကျည်ဆန်တွေ ထမ်းရတာထက်စာရင် ထောင်ကျနေတာကတော့ သာတာပေါ့။ ရှေ့တန်းက သေဖို့နီးတယ်” လို့ စစ်မြေပြင်က သူကြုံတွေ့ခဲ့ရတဲ့
ကိုယ်တွေ့ကို ပြောပါတယ်။
မိတ္ထီလာ ထောင်ပိုင် ဦးမြင့်ဆွေနဲ့ ထောင်အာဏာပိုင်တွေက ကိုထွန်းမင်းနဲ့ အတူ ဘ၀တူအကျဉ်းသား အယောက် ၃၀ ကို မိမိသဘောဆန္ဒ မပါဘဲ
အကျဉ်းသားပေါ်တာအဖြစ်သုံးဖို့ ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ သိရတယ်။ ဘားအံထောင် မှာလည်း မြန်မာနိုင်ငံအနှံ့
ထောင်ပေါင်းစုံကနေ ခေါ်ယူထားတဲ့ အကျဉ်းသား ၂၀၀၀ ကျော်ရှိတယ်လို့ သူကရှင်းပြပါတယ်။

ဘားအံထောင်မှတဆင့် ကိုထွန်းမင်း အပါအ၀င်
အကျဉ်းသားတွေကို ကားတွေနဲ့ စစ်ဆင်ရေး နယ်မြေအနှံ့ကို
ပို့ပေးရာမှာ ထိုင်း- မြန်မာနယ်စပ်မှာရှိတဲ့ တပ်တွေအတွက်
ရိက္ခာနဲ့ လက်နက်ထောက်ပံ့ ပေးနေတဲ့ အခြေစိုက်ဗျူဟာ (၁)
ကို ကိုထွန်းမင်း အပါအ၀င် အကျဉ်းသား ၃၀
ရောက်သွားခဲ့ပါတယ်။
မိတ္ထီလာထောင်က အကျဉ်းသားဘ၀မှာ အလုပ်ကြမ်းအဖြစ်
ငရုတ်သီးခြွေစတဲ့ အလုပ်တွေကိုသာ လုပ်ကိုင်ခဲ့ရပေမယ့်
စစ်မြေပြင်က ဗျူဟာ ၁ မှာတော့ ၁၂၀ မမ အဝေးပစ်မော်တာ
လက်နက်ကြီး ကျည်တွေ၊ ၈၁ မမ ကျည် သေတ္တာတွေကို
ထမ်းပိုးပြီး တောင်တန်းအမြင့်ကြီးတွေကို ဖြတ်ကျော်
သယ်ဆောင်ကာ ရှေ့တန်းက တပ်တွေဆီကို ပို့ပေးရတယ်။
ထမ်းပိုးရာမှာလည်း ၀န်နဲ့အား မမျှတဲ့အတွက် မထမ်းနိုင်ရင်
စစ်သားတွေရဲ့ လူမဆန်စွာ ရိုက်နှက်

သေနတ်ထိမန်သည့်ဒဏ်ရာကိုပနေသောကိုထန်းမင်း

(ဓာတ်ပုံ - ဧရာဝတီ)

ကန်ကျောက်ခြင်းခံရတယ်လို့ ကိုထွန်းမင်းက ဆိုပါတယ်။
“အလေးကြီးတွေ ထမ်းခိုင်းပြီး သဘောင်္သီးချက်နဲ့ ထမင်းကို တနေ့မှ တနပ်ပဲကျွေးတယ်၊ ရေလည်းပေးမတိုက်ဘူး။ တောင်းရင် အော်လိုက် ငေါက်လိုက်နဲ့

မထမ်းနိုင်ရင် သေနတ်ဒင်ထု၊ ရိုက်၊ စစ်ဘိနပ်နဲ့ ကန်တယ်” လို့ သူက ပြောပါတယ်။
မကြာခဏ အရှိုးရာ အထပ်ထပ်ကြမ်းအောင် ရိုက်နှက်ခံရတဲ့အတွက် သက်ကြီးရွယ်အို ပေါ်တာတွေ သေဆုံးကြရသလို တချို့လည်း မိုင်းနင်းမိပြီး ခြေပြတ်
လက်ပြတ်ဖြစ်သူ ဖြစ်ပေမယ့် လူသားဆန်စွာ ဆက်ဆံခြင်းမခံခဲ့ရဘူးလို့ သိရပါတယ်။ သေဆုံးရင်လည်း မြေမြုပ်သင်္ဂြိုဟ်ခြင်းမပြုဘဲ လမ်းမှာပဲ
ဒီတိုင်းပစ်ထားခဲ့တယ်လို့ မျက်မြင်တွေရှိခဲ့ရသူ ကိုထွန်းမင်းက ဆက်လက် ရှင်းပြပါတယ်။
ရှေ့တန်းမှာ ပေါ်တာအဖြစ် ရက်ပေါင်း ၂၀ ခန့် ထမ်းပိုးခဲ့ရပြီး မ၀ရေစာ စားသောက်ရ၊ ရိုက်နှက်နိုပ်စက်ခံရတဲ့ ဒဏ်တွေကို မခံနိုင်တဲ့အဆုံး ညအချိန် ကိုထွန်းမင်း
အပါအ၀င် ပေါ်တာ ၁၅ ဦး ထွက်ပြေးခဲ့ရာမှာ စစ်တပ်က သေနတ်နဲ့ လိုက်လံ ပစ်ခတ်တယ်လို့ ဆိုပါတယ်။ နောက်ကလိုက်ပါလာသူကို လှည့်ပြီး ကြည့်လိုက်မိတဲ့
အချိန်မှာတော့ ပစ်ခတ်လိုက်တဲ့ ကျည်ဆန်က သူပုခုံးကို ထိမှန်ခဲ့တာလို့ ကိုထွန်းမင်း ပြောပါတယ်။
“ထိပြီဆိုတာနဲ့ ရေထဲကို ကျသွားတယ်။ သုံးချက်လောက် ထပ်ပစ်တယ်။ ရင်စို့လောက်နက်တဲ့ ရေထဲမှာ ပြားနေအောင်ဝပ်နေ ရတယ်” လို့ သူကဆိုတယ်။
သေနတ်ဒဏ်ရာကြောင့် သွေးလွန်နေတဲ့ ကိုထွန်းမင်းတယောက် တညလုံးပြေးနေရတဲ့အတွက် ဒဏ်ရာကြောင့် လမ်းမလျှောက် နိုင်တော့ချိန် ဘ၀တူ
အကျဉ်းသားတဦးက နယ်စပ်မှာ တွေ့ရှိတဲ့ ထိုင်းကျေးရွာသားတဦးကို အကူအညီ တောင်းခဲ့ပါတယ်။ ရွာသားက ထိုင်းနယ်ခြားစောင့်တပ်ကို
အကြောင်းကြားပေးခဲ့လို့ ဒီကမှတဆင့် ဆေးရုံကို ရောက်ခဲ့ပြီး အသက်ရှင်ခဲ့တာလို့ ကိုထွန်းမင်းက ပြောပါတယ်။
မယ်တော်ဆေးခန်းမှာ တလကျော် ဆေးဝန်ထမ်းတွေရဲ့ ကုသပေးမှုကြောင့် ကိုထွန်းမင်းတယောက် အနာကျက်သွားလို့ သွားနိုင်လာနိုင်ရှိနေပါပြီ။ ဒါပေမယ့်
ပုခုံးပြင်မှာ ထိခိုက်တဲ့ဒဏ်ကတော့ အနည်းငယ်ရှိနေတုန်းပါပဲ။ ကုသမှုခံယူဖို့ မလိုတော့ဘဲ လုံးဝပျောက် ကင်းသွားပြီဆိုရင်တော့ ပြန်လည်ဖမ်းဆီးခံရမယ့်ဘေးကို
ကြောက်မနေနိုင်တော့ဘဲ ဇနီးသည်နဲ့ သမီးကို တွေ့ရအောင် မွေးရပ်ဇာတိကို ပြန်မယ်လို့ ပြောပါတယ်။
“သမီးက ၄လရှိပြီ။ ကျနော်ထောင်ထဲရောက်မှ မွေးတော့ တခါမှမတွေ့ဘူးသေးဘူး။ အရပ်မှာ ကောင်းကောင်း မွန်မွန်နေရင် ပြန်အဖမ်း မခံရနိုင်ပါဘူး” လို့ သူက
မျှော်လင့်တကြီး ဆိုပါတယ်။
အခုလို ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပေါ်တာအထမ်းသမားအဖြစ် ကျည်ဆန်၊ အထုပ်အပိုးတွေတင် မကပါဘူး၊ အစိုးရတပ်က အရာရှိ ၅
ယောက်လည်း မိုင်းနင်းမိတဲ့အတွက် ထမ်းပိုးပေးခဲ့ရတယ်လို့ ကိုထွန်းမင်းက ပြောပါတယ်။
အကျဉ်းသားတွေကို စစ်တပ်အတွက် ပေါ်တာအဖြစ် အမြောက်အများ ခေါ်သုံးတာဟာ တကယ်တော့ ဒါ ပထမအကြိမ် မဟုတ်ပါဘူး။ ၁၉၉၄ ခုနှစ် ၀န်းကျင်က
ကရင်ပြည်နယ်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ မာနယ်ပလော ဌာနချုပ်ကို ထိုးစစ်ဆင်တဲ့ အချိန်ကလည်း အကျဉ်းထောင်အသီးသီးက
အကျဉ်းသားတွေကို အခုလို ထုတ်ယူသုံးစွဲဖူးပါတယ်။
တကယ်တော့ ရာဇ၀တ်အကျဉ်းသားတွေ ဆိုတာလည်း လူသားတွေပါပဲ။ သူတို့ ဆိုးခဲ့ မိုက်ခဲ့တဲ့ ပြစ်ဒဏ်ကို ထောင်တန်းအကျခံပြီး ပေးဆပ်နေသူတွေပါ။ ဒါပေမယ့်
ကိုထွန်းမင်းလို ရိုက်နှက်မှုကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေကို စစ်မြေပြင်ရှေ့တန်းက မိုင်းကွင်းတွေ၊ ကျည်ဆန်တွေ၊ တိုက်ပွဲတွေ အကြားပို့ပြီး သေဒဏ် စီရင်သလို
လုပ်နေတာကတော့ လူမဆန်တဲ့ လုပ်ရပ်၊ ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှအောင် မတရားစီရင်ခြင်းသာ ဖြစ်ပါတယ်။
အကျည်းတန် မှန်ကြောက်
ဟန်လေး Monday, 14 March 2011 16:49 ကာတွန်း

Object 1

Object 2

0

FIFA ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံဖွယ်ရှိ
ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဌ ဆတ်ပ် ဘလတ္တာသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၏ ဖိတ်ကြားချက်ဖြင့် မနက်ဖြန်တွင်
မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး နေပြည်တော်သို့ သွားရောက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ ၀န်ကြီးချုပ် ဦးသိန်းစိန်တို့နှင့် တွေ့ဆုံဖွယ်ရှိကြောင်း သိရသည်။
ဆတ် ဘလတ္တာသည် မြန်မာသို့ ရောက်ရှိစဉ် FIFA ၏ အကူအညီဖြင့် မန္တလေးမြို့တွင် တည်ဆောက် ပြီးစီးနေပြီဖြစ်သော ဘောလုံးအကယ်ဒမီ
သင်တန်းကျောင်းကို ဖွင့်လှစ်ပေးရန် ရှိသည်ဟု ဘန်ကောက်ပို့စ် သတင်းစာ၌ ရေးသားထားသည်။
ဒုက္ခသည်များ ကိုယ့်အားကိုယ်ကိုးရေး EU ကူညီမည်
ဧရာဝတီ Monday, 14 March 2011 12:58 သတင်းတိုများ
ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်များ ကိုယ့်အား ကိုယ်ကိုး နိုင်ရန်အတွက် ၀င်ငွေရရှိသည့် အသက်မွေး ၀မ်းကျောင်း ပညာများ သင်ကြားနိုင်မည့် အစီအစဉ်
ပြုလုပ် ပေးသွားမည်ဟု ဥရောပသမဂ္ဂ အဖွဲ့ (EU) က ပြော သည်။ EU ၏ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးရေးဌာန အကြီး အကဲ မစ္စ ခရစ္စတလီနာ
ဂျော့ဂျီဗာ ဦးဆောင်သည့် ၈ ဦးပါ ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည်စခန်းသို့ လာရောက်ပြီး စခန်း
ကော်မတီ၏ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
http://www.bur.irrawaddy.org/

လူ နှစ်ယောက် မျောက်တကောင်

ကောလာဟလတွေကို မယုံပါနဲ့တဲ့။ သူတို့ ဘာမှမဖြစ်ကြပါဘူး ဆိုတဲ့သဘော ဖြေရှင်းထားတဲ့ပုံပါ။ ပြီးခဲ့တဲ့ အပတ်က ကောလာဟလတွေ အမျိုးမျိုး
ထွက်တယ်မဟုတ်လား။ အဆိုတော်တွေနဲ့ မျောက်လောင်းလေး ရိုက်ကြလို့၊ ရဲလေးတောင် သေသွားတယ် ဘာညာနဲ့။ အဲဒါကို ပြန်ရှင်းတာ ထင်ပါရဲ့
(လတ်စသတ်တော့ ရိုက်ကြတာဟုတ်တယ် ... ဒါပေမယ့် ဓာတ်ပုံဖြစ်မယ်)။ ပုံကတော့ အရမ်းချစ်နေကြတဲ့ ပုံပါပဲ။ ဒါပေမယ့် အလယ်က မျောက်လောင်းလေးက
ဘေးက အဆိုတော် ၂ ယောက်ကို ဓားထောက်ပြီး ဓာတ်ပုံ အရိုက်ခံခိုင်းထားတာကော မဖြစ်နိုင်ဘူးလား၊ စဉ်းစားကြည့်တာပါ။ သူ့ ဘိုးအေကြီးခိုင်းလို့ နေမပေါ့။
ဒါပေမယ့် မျောက်လောင်းလေး ကိုယ်တိုင်ကလည်း နာမည်ကြီးတွေနဲ့ ဓာတ်ပုံတွဲရိုက်ရတာ ကြိုက်ပုံပေါ်တယ် (သူကိုယ်တိုင်က နာမည်ဆိုးနဲ့ပဲ
ကျော်ကြားတာဆိုတော့ နာမည်ကြီးတွေနား ကပ်ကပ်ပြီး အမှတ်ယူတာပေါ့။ ဇော်ဝင်းထွဋ်တို့ မျိုးလှိုင်ဝင်းတို့နဲ့လည်း တွဲရိုက်ဖူးသေးတယ်လေ) အခုလည်း
အဆိုတော် ၂ ယောက်နဲ့ ...။ အဲ သူကတော့ အဆို တော်သလား မတော်သလား မပြောတတ်ဘူး ... သူ့ ဘိုးအေကြီးကတော့ အသံက လူနဲ့မလိုက်အောင်
ညှောင်နာနာနဲ့မို့လို့ ရေဒီယိုမှာတောင် ပြည်သူတွေကို တခါမှ အသံထုတ် မိန့်ခွန်းမပြောတာ သိကြမှာပေါ့။ အခုတော့ ပြောဖို့လည်း မလိုတော့ဘူး ... သူက
ကာချုပ်မှ မဟုတ်တော့ဘဲ ... နိုင်ငံ့ အုပ်ပြောင် ဆိုလား ဖြစ်သွားပြီ။ တနိုင်ငံလုံးကို အုပ်တာ ပြောင်ရောမို့လို့ပါ ...။
ဂျပန်မှာ သေဆုံးသူ သောင်းနဲ့ ချီနိုင်

ဆူနာမီရိုက်ခတ်မှုကြောင့် သူ့ရဲ့နေအိမ် အမိုးပေါ်မှာ တင်ပြီး
ပင်လယ်ထဲ ၁၀ မိုင်လောက် မျှောသွားတဲ့ ဟီရိုမုဆု ရှင်ကာဝါ ကို ကယ်ဆယ်ရေးသမားများက တွေ့ရှိချိန် (ဓာတ်ပုံ - AP)
ဂျပန်မှာ ငလျင်၊ နောက်ဆက်တွဲ ဆူနာမီကြောင့် စုစုပေါင်း သေဆုံးသူ သောင်းနဲ့ချီ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လူ ၅ သိန်းလောက်ကို ဘေးလွတ်ရာ
ရွှေ့ပြောင်းပေးထားပြီး ခိုလှုံစရာတွေ စီစဉ်ပေးထားပါတယ်။
အပြင်ထန်ဆုံး ထိခိုက်တဲ့ ဒေသသုံးခုထဲကအနက် တခုဖြစ်တဲ့ မီယာဂီဒေသမှာ သေဆုံးသူ အနည်းဆုံး ၁ သောင်းလောက်ရှိမယ်လို့ ရဲဌာနက ပြောခွင့်ရပုဂ္ဂိုလ်က
အေပီသတင်းဌာနကို ပြောထားပါတယ်။ ဒါပေမယ့် လူဦးရေ ၂.၃ သန်းရှိတဲ့ အဲဒီဒေသမှာ သေဆုံးသူ ၄၀၀ လောက်ကိုပဲ လောလောဆယ်
အတည်ပြုနိုင်ပါသေးတယ်။
မနေ့ကတော့ ကမ်းရုံးတမ်းတလျှောက်မှာ သေဆုံးနေသူ ၂၀၀ အပါအဝင် သေဆုံးသူ ၈၀၀ လောက်ကို တွေ့ရှိရပြီး ဒဏ်ရာရသူ ၁၉၀၀၊ ပျောက်ဆုံးနေသူ ၁၄၀၀
လောက်ရှိပါတယ်။

ငလျင်နဲ့ ဆူနာမီကျရောက်ရာ ဒေသကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရသူ ၅ သိန်းကျော်ရှိကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြထားပါတယ်။ မိသားစု ၁.၎
သန်းလောက်ဟာ ငလျင်စလှုပ်ကတည်းက ရေပြတ်လပ်နေပြီး မိသားစု ၁.၉ သန်းလောက်ဟာ လျှပ်စစ်မီး မရရှိကြတော့ဘူးလို့ ကျိုဒို သတင်းဌာနက ဆက်လက်
ဖော်ပြထားပါတယ်။
Ref: LA Times
Monday, March 14, 2011
သဘာဝဘေးအန္တရာယ်ကို ဂျပန်တွေ ဘယ်လိုရင်ဆိုင်သလဲ
(၁) တိုကျိုမှာ အင်တာနက်ကလွဲပြီး တယ်လီဖုန်းတွေ သုံးလို့မရတော့ဘူး။ ကား၊
ရထားတွေအလုပ်မလုပ်တော့ လူတွေ လမ်းလျှောက်ပြန်ကြတယ်။ အစားအစာမရှိမှာဘဲ ဂျပန်တွေက
စိုးရိမ်ကြတယ်။ လူတွေ အစားမစားရမှာ စိုးလို့ တချို့ဆိုင်တွေ ဖွင့်ပေးထားတယ်။ ဆူပါမားကက်တချို့ပဲ
စင်တွေလဲကုန်လို့ ပိတ်ထားကြတယ်။
(၂) ငလျင်ခိုလှုံတဲ့နေရာမှာ လူပေါင်းရာကျော် ခိုလှုံနေကြတယ်။ လူတွေကြားထဲမှာ ဘယ်သူမှ ဆေးလိပ်
မသောက်ကြဘူး။ ကူညီတဲ့လူတွေက စောင်ပြေးယူလိုက်၊ ရေနွေးပြေးယူလိုက်၊ မုန့်ပြေးယူလိုက်နဲ့
ပြုစုနေတယ်။ ယောက်ျားတွေက တိုက်ပေါ် ပြေးဆင်းပြေးတက်နဲ့ အမျိုးသမီးတွေကို ကူညီနေကြတယ်။
ကြိုးတွေဆက်ပြီး ရေဒီယိုဖွင့် သတင်းနားထောင်ကြတယ်။ နာရီအနည်းငယ်ကြာတော့ လူစုခွဲပြီး
ကိုယ့်အိမ်သူအိမ်ပြန်ကြတယ်။ ခိုလှုံတဲ့နေရာမှာ အမှိုက်တစက်မှ မကျန်ခဲ့ဘူး။
(၃) ငလျင်လှုပ်ပြီးနောက် Suntory ကုမ္ပဏီက ကြော်ငြာတယ်။ သူတို့ရဲ့ စက်ထဲထည့်ရောင်းတဲ့
အချိုရည်တွေ အားလုံး ဖရီးပါတဲ့။ 7-11 နဲ့ family world အရောင်းဆိုင်ကလည်း လူတွေကို
အစားအစာနဲ့ရေ ဖရီးဝေတယ်။ ရေဆာရင် စက်ထဲကအချိုရည်၊ ရေတွေကိုသောက်နိုင်တယ်။ ဗိုက်ဆာရင်
အရောင်းဆိုင်တွေထဲ ဝင်စား နိုင်တယ်။ ခိုလှုံစရာနေရာမရှိရင် ဆူပါမားကက်ထဲ ဝင်နိုင်တယ်။
ဖုန်းဆက်မလား ... လမ်းဘေးက အများ ပြည်သူ သုံးဖုန်းကို ဖရီးသုံးနိုင်တယ်။ ဂျပန်လို
နားမလည်ဘူးလား ... တီဗီက တခြားဘာသာလို ဘယ်လိုခိုလှုံရမယ် ဆိုတာကို ကြေညာတယ်။ ဒါဟာ
တိုင်းပြည်တပြည်ရဲ့ ကြန်အင်လက္ခဏာဖြစ်တယ်။ ဂျပန်နိုင်ငံဟာ ဘေးအန္တရာယ် ကြုံနေချိန်ဆိုပေမယ့်
ကမ္ဘာပေါ်က လူတွေကို သင်ခန်းစာတခု ပေးနိုင်လိုက်တယ်။
(၄) ဂျပန် အွန်လိုင်းသူငယ်ချင်း တယောက်က ပြောတယ်။ ဘေးအန္တရာယ် ကျရောက်ချိန် ဂျပန်မှာ နေနေတယ်ဆိုပေမယ့် ကံကောင်းတယ်လို့ ဆိုရမယ်။
တခြားနိုင်ငံမှာဆိုရင် လူအသေအပျောက် ဒီထက်ပို များနိုင်တယ်။ လူအသေအပျောက်ကို နည်းသထက် နည်းအောင်လုပ်နိုင်တာ ကမ္ဘာပေါ်မှာ
ဂျပန်တနိုင်ငံပဲရှိမယ်လို့ ထင်ပါတယ်လို့ သူကပြောပါတယ်။
ဂျပန်မြေအောက် ဂိုဏ်းတွေက ကူညီမယ်ဆိုတဲ့ သတင်းကို အင်တာနက်ပေါ်မှာ ကြေညာတယ်။ ဒီ "လူဆိုး" တွေဟာ ပွဲလန့်တုန်း ဖျာခင်းသူတွေမဟုတ်ဘဲ သူတို့ရဲ့
ကူညီမှုက ဂျပန်အစိုးရထက် ပိုများနိုင်တယ်လို့ ဂျပန်ပြည်သူတွေက ပြောဆိုခဲ့ပါတယ်။
နိုင်းနိုင်းစနေ ဘလော့ဂ်က ယူပါတယ်
Monday, March 14, 2011
တပ်ချုပ်က စိတ်ချမှ ဆိုပဲ
ကျားပေါက်၊ မတ် ၁၄၊ ၂၀၁၁
မြန်မာစစ်တပ်အတွင်း အပြောင်းအလဲဖြစ်ပေါ်မှု အကြမ်းဆုံးလို့ဆိုရမယ့် ၂၁၁၀ အငြိမ်းစားယူ၊
လူဝတ်လဲပွဲကြီးကနေ တပ်ချုပ်ရဲ့ နောက်တက်လာမယ့် ဗိုလ်ချုပ်ငယ်များက တပ်ချုပ်အပေါ် အမြဲသစ္စာရှိ
ကျေနပ်ကျမယ်လို့ ယူဆခဲ့ပေမယ့် သူရမြင့်အောင် ကန့်လန့်တိုက်လိုက်လို့ ဗိုလ်ချုပ်မှူးကြီးခမျာ တော်တော်လေး
တုန်လှုပ်ခဲ့ပါတယ်။
နအဖ စစ်ကောင်စီ အဖွဲ့ဝင်တွေ ပထမဆုံး ခံစားရတာကတော့ ဘကြီး (တပ်ချုပ်ကြီး) က
စိတ်မချသေးဘူးဆိုတာပါပဲ။ ဘကြီးသန်းရွှေ စိတ်လှုပ်ရှားလေလေ၊ အာဏာတရားဝင် စွန့်ခွာဖို့ ခက်လေလေပါပဲ။
အခုတခါဖြစ်ရတာက ဗိုလ်ချုပ်ငယ်တွေအားလုံးမှ ကျေနပ်ကြပါရဲ့လား။ ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ နအဖ
စစ်ကောင်စီဟောင်းတွေကို မျက်စိအောက်က အပျောက်မခံအောင် ကြည့်နိုင်ပေမယ့်
ဗိုလ်ချုပ်ငယ်တွေခံစားမှုကိုတော့ အကုန် မသိနိုင်ပါဘူးး။ အရင်က နအဖစစ်ကောင်စီ သားသမီးတွေ နေချင်းညချင်း
ကုဋေ ၈၀ သူဌေးသား များဖြစ်ကုန်ကြတာကို ဗိုလ်ချုပ်ငယ်တွေလည်း မျှော်လင့်နေတုန်းခဲ့ကြတာပါ။
ဒါပေမယ့် တပ်ချုပ်နဲ့ ဗိုလ်ချုပ်ငယ်၊ တိုင်းမှူးငယ်တွေ တွေ့တဲ့အခါ ဗိုလ်ချုပ်ငယ်တွေ အိပ်မက်ပျက်ခံရပါတယ်တဲ့။ တပ်ချုပ်က ဒေသဆိုင်ရာ အုပ်ချုပ်ရေးတွေ မင်းတို့
ဝင်ရှုပ်စရာမလိုဘူးလို့ မိန့်ကတည်းက ငွေရပေါက်တွေ ပိတ်ပြီဆိုတာ သိလိုက်ကြပါတယ်။ စီးပွားရေးသမားတွေ၊ စီမံကိန်းတွေကို မျက်စိကျနေတဲ့ ဗိုလ်ချုပ်ငယ်တွေ
ဒေါသကို အတတ်နိုင်ဆုံး ချုပ်တည်းခဲ့ကြရတယ်လို့ ဆိုတယ်။

ဒါနဲ့ ဘယ်ကမလဲ၊ တပ်ချုပ်က အစည်းအဝေးမှာ ဗိုလ်ရွှဲနေတဲ့ တိုင်းမှူးငယ် ၃ ယောက်ကို DSA တုန်းကလို မနက် ၅ နာရီထ PT လုပ်ဖို့ အမိန့်ထုတ်လိုက်လို့
တိုင်းမှူးငယ် ၃ ယောက်လည်း မနက်အိပ်ရာကထ ဗိုက်ရွှဲတာ လျော့အောင် ပြေးရ၊ ဒိုက်ထိုးရနဲ့ တိုင်းမှူးဘဝရောက်မှ စစ်တက္ကသိုလ် ပြန်ရောက်ပါလားလို့ ငြီးသတဲ့။
(တိုင်းမှူးအမည်များကို ချန်လှပ်ခဲ့ပါသည်။)
တပ်ချုပ်က ဒီလောက်တော့ မဆိုးပါ။ ကိုယ်ငယ်သားတွေ စိတ်ချမ်းသာဖို့ဆိုပြီး နိုင်ငံတော် အချုပ်အခြာအဏာ တည်မြဲရေး အတွက်လို့ ဆိုရင်ပြည်သူတွေ
လှုပ်မရအောင် အာဏာယူထားတဲ့ ဗိုလ်ချုပ်များ ရာထူးမြဲ၊ နေရာမြဲ၊ အာဏာမြဲရအောင် အထူး အရန်ပုံငွေ ဥပဒေကို ဇန်နဝါရီလ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ရောဗျာ။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၁၀/၂၀၁၁ ဆိုပဲ၊ ကဲဘာပြောမလဲ ငါသုံးဖို့၊ ငါ့ဗိုလ်ချုပ်ငယ်တွေ ဆပ်ကြေးပေးဖို့ အချုပ်အခြာ
အာဏာ မဆုံးရှုံးစေရေးအတွက် တပ်ချုပ်က ပြည်သူ ဘဏ္ဍာကို ငါယူတယ်ကွာလို့ အရပ်စကားပြောချင်ပေမယ့်လည်း အခန်း (၁) အဓိပ္ပာယ် ဖော်ပြချက် (၁) မှာ

ဤဥပဒေ ချက်ချင်း အာဏာတည်ရမည်လို့ ပြောင်ပြောင်ပဲ အရှက်မရှိယူလိုက်ပါရော။
ဖွဲ့စည်းပုံ အခြေခံဥပဒေကိုက ကိုယ်တိုင် ကျေနပ်အောင် ဆယ်စုနှစ် ၂ ခုကြာအောင်ဆွဲ၊ ဒါလည်း မကျေနပ်နိုင်သေး၊ ဟောအခု အထူးရန်ပုံငွေ ထူထောင်ခြင်းကို
အခန်း (၂) မှာ လွှတ်တော်၊ အစိုးရကို စိန်ခေါ်ပြန်ရော။
ကိုယ်လိုချင်သလောက် ခွဲယူမယ်၊ မင်း သမ္မတက အတည်ပြုရမယ်။ သမ္မတခမျာ ဘာမှ မပြောနိုင်၊ တင်ပြတဲ့ငွေကိုသာ ထုတ်ပေးပါတဲ့။ ဥပဒေ၊ ဖွဲ့စည်းပုံ
ကိုယ်တိုင်ရေးတာတောင် ကိုယ်မကျေနပ်နိုင်သေးတဲ့ ဘဝပါလား။
ပိုပြီးတော့ ရင့်သီးတာကတော့ အခန်း (၃) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လုပ်ပိုင်ခွင့် အပိုဒ် (၅) မှာ အထက်ပါ အထူးရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍
မည်သည့် ပုဂ္ဂိုလ် (သု)ိ့ အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလို။ ဘုရားရေ … တိုင်းပြည် ဘဏ္ဍာက ကိုရွှေဗိုလ်ချုပ်များ
ယောက္ခမပိုင် မဟုတ်ပါလား။
ပြည်သူရယ် အုပ်ချုပ်သူရယ်၊ အစိုးရ အကြားမှာ ဘာဖြစ်နေသလဲ၊ ဘာလုပ်မှာလဲ ဆိုတာတောင် မမေးရပါလား။ မေးခွင့် မရှိပါလား။ အတိုက်အခံမပြောနဲ့၊
ဗိုလ်ချုပ်ဟောင်းတဖြစ်လဲ အစိုးရကတောင် မေးခွင့် မရှိပါလား။ ပြည်ခိုင်ဖြိုးအမတ်များ ခွေးလုံးလုံး ဖြစ်စေတဲ့ ဥပဒေကို နအဖ ဥက္ကဋ္ဌ လက်မှတ်ထိုးပြီ
ကိုယ်လုပ်ချင်ရာ လုပ်တယ်ကွာ။
အရင်က တို့ ဗိုလ်ချုပ်အားလုံး ညီညီညွှတ်ညွှတ်နဲ့ ပြည်သူတွေ အတိုက်အခံတွေကို စော်ကားရတာ အရသာရှိပေမယ့် ပြည်ခိုင်ဖြိုးအမတ်၊
စစ်မှုထမ်းဟောင်များကတော့ အခု တော်တော်လေး ခံစားရတယ်တဲ့။
အခုလွှတ်တော်ကို တရားဝင်ဖွင့်၊ အာဏာလွှဲမယ်လို့ ထင်ထားတဲ့ ဦးသိန်းစိန်နဲ့အဖွဲ့၊ ကိုရွှေမန်းတို့ အုပ်စု၊ ကိုတင်အောင်မြင့်ဦးတို့ အားလုံး ဗိုက်နာလွန်းလို့
အိမ်သာရှေ့ရောက်မှ အိမ်သာတံခါး ဖွင့်မရတဲ့ ဘဝရောက်နေပြီလေ။
ဟော … တပ်ချုပ်က ပြောတယ်တဲ့ လွှတ်တော် အကြိုညှိနှိုင်းပွဲတဲ့၊ တရားဝင်လွှဲဖို့ သူဦးဆောင်နေပါတယ်တဲ့။ ဒီသတင်းက တဆင့်စကား တဆင့်နား ဖြစ်ပြန်ရော။
ဧပြီလ ရက်ကောင်းရက်သာ မြန်မာ့နှစ်သစ်ကူမယ့် တန်ခူးလကို စိတ်ကူးနေပြန်ပြီတဲ့။
လွှတ်တော်ထဲ အူကြောင်ကြောင်ထိုင်နေရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပြည်ခိုင်ဖြိုးအမတ်တွေခမျာ အမျိုးသမီး ချိတ်ထမီဝတ်ထားရလို့ ယားကျိကျိ ဖြစ်ရတဲ့အထဲ
တပ်ချုပ်က အာဏာလွှတ်ဖို့ ရက်စောင့်ရတာ လိပ်ခေါင်းရောဂါသည်ကို ထိုင်ကြည့်နေရသလိုပါပဲတဲ့။
တကမ္ဘာလုံး မှာမကြားဖူးတဲ့ လွှတ်တော် အကြို၊ လွှတ်တော် တကယ်၊ လွှတ်တော် အချုပ်တို့ ကို နအဖ အသွင်ကူးပြောင်း ရေးကာလမှာ ကြားဖူးပါတော့တယ်။
ချုပ်လိုက်ရရင်တော့ တိုင်းမှူးငယ်လေးတွေ အာဏာသိမ်းမှာ ကြောက်တာနဲ့ အထူးရန်ပုံငွေ (သိ)ု့ မာဖီးယား ဆပ်ကြေးကို ဥပဒေလုပ်၊ တိုင်းမှူးငယ်တွေ ချမ်းသာဖို့
ရှာပေးရ၊ ပါတီလိုင်းကနေ ပြည်ခိုင်ဖြိုးတို့ ငွေရှာကြ၊ အစိုးရထဲပါလို့ ကပ်စားကြ၊ ပြည်နယ်အစိုးရတွေ ခိုးကြနဲ့ မြန်မာပြည်ရဲ့ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ
ချီတက်ကြပါစို့။ ဒါတောင်မှ တပ်ချုပ် စိတ်ချမ်းသာမှနော်။ ဒါမဟုတ်ရင် ရာသက်ပန် ဆက်နေဦးမှာ ဆိုပဲ။
Monday, March 14, 2011
သူခိုးတွေအတွက် ရေးတဲ့စာ
ဧရာဝတီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက် အတိုက်ခံရတဲ့ ကိစ္စကို ... ကိုတာတေက စနေနေ့ကတည်းက ပြီးသွားပြီလို့ ထင်ပေမယ့် အခုထိ မပြီးနိုင်မစီးနိုင် ရှိနေသေးတာ
တွေ့ရတော့ တော်တော်လည်း အံ့သြပြီး တော်တော်လည်း စိတ်ကုန်သွားပါတယ်။
ကိုတာတေ ထင်တာက ဘလော့ဂ်မှာ အတိုက်ခံရတဲ့အကြောင်း ရှင်းပြီးသွားတဲ့အချိန်မှာ တကယ် ရှင်းရှင်း လင်းလင်း သိသွားကြပြီ “သြော် သူတို့ အတက်ခ်
အလုပ်ခံရတာပါလား” ဆိုပြီး ပြီးသွားမယ်လို့ ရိုးရိုးလေး တွေးမိတာ၊ မပြီးသေးဘဲ facebook ကနေ ဝိုင်းပြီး အော်ချက် လုပ်နေကြတော့ ပြောစရာတွေက
ရှိလာပါတယ်။ အော်ချက်က သူတို့ဘာသာ အားလို့ လုပ်နေကြပေမယ့် အခုထိ ကိုတာတေကို သတင်းမေးနေ တာတွေရှိတော့။ အခုအထိကိုပဲ အလုပ်ပျက်
အကိုင်ပျက် ရှင်းနေရတာတော့ တော်တော်လေး အလုပ်မဟုတ် တော့ဘူးလို့ ထင်ပါတယ်။
တချို့သော သူတွေကလည်း ဧရာဝတီ ဟက်ခံရတာကို မယုံတော်မူကြဘူး။ တချို့ကျတော့ မယုံတာ မဟုတ်ဘဲ မယုံအောင် လျှောက် သတင်းလွှင့်ကြတာပါ။
တချို့ကျတော့ ပျော်ကြတယ်။ ဝိုင်းပြီး ဆွမ်းကြီးလောင်းလိုက် ဦးမယ်ဆိုတဲ့သူတွေမှ အများကြီး။

တရားခံက ဘယ်သူတွေလည်း ဆိုတော့ နေပြည်တော်က သူခိုးကြီးတွေနဲ့ ကြံရာပါ သူခိုးလေးတွေလို့ပဲ ပြောချင်တယ်။ ဘာကြောင့်ဆိုတော့ သူများ ဝက်ဘ်ဆိုက်ကို
တိတ်တိတ် ဖောက်တဲ့သူတွေကိုး။ သူခိုးက ဖောက်တာတော့ ဟုတ်ပါပြီ ဧရာဝတီက ကိုယ့်အိမ်ကိုယ် လုံအောင် မလုပ် ဘူးလားလို့တော့ အပြစ်တင် မစောကြပါနဲ့။
အမေရိကန်နိုင်ငံရဲ့ အတွင်းစည်း တွေတောင် ဝီကီလိဒ်က ရအောင် ဖောက်သေးတာ မဟုတ်ဘူးလား။ တချို့ကလည်း မေးကြတယ်။ တခြားသူတွေကို
ဘာကြောင့်မဖောက်ဘဲ ဧရာဝတီကိုမှ ဘာလို့ ဖောက်တာလဲတဲ့။ အင်း သူခိုးကတော့ လွယ်တဲ့အိမ်တိုင်းကို ဖောက်မှာမဟုတ်ပါဘူး။ သူ့အတွက် အမြတ်အစွန်း
များများရမယ့်အိမ်ကို ကြိုးစားပမ်းစား ဖောက်မှာပါ။ ဒီသူခိုးရမယ့် အမြတ်အစွန်း ကတော့ ပုခုံးပေါ်က အပွင့်တို့၊ လုပ်ပိုင်ခွင့်တို့ ဖြစ်မယ်ထင်တယ်။
ကိုတာတေတော့ သူခိုးသုတေသန စာတမ်းတစောင် ပြုစုရင်ကောင်းမလား စဉ်းစားမိတယ်။ လမ်းကြိုလမ်းကြား ထမီရုတ်တဲ့ သူခိုးကနေ ... ဟို မဆလ ခေတ်
ကဗျာတပုဒ်ထဲကလို ပန်ကာအောက်က သူခိုး (ခုတော့ အဲကွန်းခန်း ထဲက သူခိုးပေါ့) နောက် အခု ခေတ်ပေါ် အင်တာနက်ပေါ်က သူခိုးတွေအထိ စာရင်းပြုစု
ချင်သေးတယ်။
အဲ ... အင်တာနက် ပေါ်က သူခိုးကတော့ မဆိုးဘူး ဆိုရမယ်။ သူက တကိုယ်တော် ငတက်ပြားလို သူခိုးမျိုး မဟုတ်ဘူး။ အဖွဲ့နဲ့ ခိုးတာ။ နောက်တော့
သူခိုးအားပေးတွေလည်း ရှိသေးတယ်။ ခိုးတဲ့သူ အားတက်အောင် လုပ်ပေးတဲ့သူတွေပေါ့။
ကြိုပြောထားပါမယ် ... ဒီစာကိုဖတ်ပြီး သူခိုးများနဲ့ သူခိုးအားပေးများ ဆတ်ဆတ်ခါ နာနိုင်ပါတယ်။ အလုပ်မရှိ ၁၀၉၊ ၁၁၀ သူခိုးအားပေးများအနေနဲ့လည်း
ရန်လာတွေ့နိုင်ပါတယ်
အရေးထဲမှာ ငိုအားထက် ရယ်အားသန်ဆိုသလို တိုင်းချစ်ပြည်ချစ် သူခိုးအားပေးတယောက်က ရှိသေးတယ်။ ကိုယ်တော်ချော သူခိုးအားပေးက မမေဆွိကို
ဗျူးတော်မူပါတယ်။ မမေဆွိ ဖြေတာကိုတော့ နားလည်ပေးလို့ရပါတယ်။ ဘာကြောင့်ဆိုတော့ သူက အသားလွတ် သေလိုက်ရတဲ့ သူကိုး။ သူ့ခမျာ တခါလည်း
မဟုတ် နှစ်ခါလည်း မဟုတ် သေရရှာတာ ...။ (မမေဆွိရေ ... ဧရာဝတီက ရေးတာ မဟုတ်ပေမယ့် ဧရာဝတီ ဝက်ဘ်ဆိုက်ကို ခိုးဝင်ပြီး တင်လိုက်တဲ့ သူခိုး
ကိုယ်စား ဝမ်းနည်းကြောင်း ပြောပါရစေ)
ဒီကိုယ်တော်ချော ဗျူးဆရာက ဧရာဝတီက မဟုတ်ပါဘူးလို့လည်း ရှင်းပြီးပြီ။ အဲဒါကိုမှ မရသေးဘဲ အချွန်နဲ့ မတဲ့ မေးခွန်းတွေ မေးရုံ မကဘူး အဲဒီသတင်းကို
ဧရာဝတီ အင်္ဂလိပ်ပိုင်းကော မြန်မာပိုင်းမှာပါ တင်တယ်ဆိုပဲ ... လုပ်ပုံ။ ဒီလူက သူခိုး အားပေးတင် မဟုတ်ဘဲ ... သူကိုယ်တိုင် သူခိုးအဖွဲ့ထဲ ပါနေလား မသိပါဘူး။

ပြီးတော့ ရှိသေးတယ် ဧရာဝတီရဲ့ ပင်တိုင်ဆောင်းပါးရှင် ဗွိုင်အိုလက်ချိုရေးတဲ့ သတင်းပေါ့နော် တဲ့ ... ဗွိုင်အိုလက်ချိုကတော့ ဧရာဝတီမှာ လုပ်တုန်းက ခုလောက်
နာမည်မကြီးဘူး ... ထွက်ပြီးမှပဲ နာမည်က ပိုကြီးရတယ်။
ဦးရှံစား လေသံနဲ့ ပြောရရင် ... “အိုင်ဆေး ကိုသိန်းမောင်ရေ ... အမှုသွား အမှုလာအရတော့ ဒီလူက သူခိုးအဖွဲ့ ထဲမှာ ပါတဲ့သူဖြစ်ရမယ်။ ဘာကြောင့်လဲ ဆိုတော့
ခိုးတင်တဲ့သူခိုးကလည်း ဧရာဝတီမှာ ဗွိုင်အိုလက်ချို မရှိတော့တာ မသိသလို ... ဒီ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးကလည်း ဗွိုင်အိုလက်ချို ဧရာဝတီမှာ မရှိတော့တာ
မသိဘဲကိုး ... ဟုတ်စ” လို့ ဆိုရမယ် ထင်ရဲ့။
နောက်ထပ် သူခိုးအားပေးတွေကတော့ နာမည်တပ်မပြောတော့ပါဘူး မမေဆွိရဲ့ facebook မှာ ဝင်ဖတ်ရင် တွေ့မှာပါ။ ဘယ်တုန်းကတည်းက
ဒီသူခိုးအားပေးတွေက ဧရာဝတီကို တောက်ညင်ကပ်နေကြလည်း မသိဘူး ပေါ့လေ။ ဒီသတင်းတွေတင် မကဘဲ ဧရာဝတီဝက်ဘ်ဆိုက်ကြီး တခုလုံးပါ ဖြုတ်ပစ်ရမှာ
ဆိုလားဆိုရဲ့၊ ဧရာဝတီ နာမည်နဲ့ ဆိုက်ကို ဖျက်လိုက်တော့ သံလွင်ဆိုပြီး အသစ်လုပ် ဆိုတာလည်းပါသေး၊ ဝက်ဆိုက် မလုပ်ဘဲ ကြွက်ဆိုက်လုပ် ဆိုတာကော ... ။
အင်း ... တို့လူလေးများ ဆိုသလေး ... ဆိုတာနဲ့ အိပ်ငိုက်နေရာကနေ ကမန်းကတန်း ထပြီး ဝေလေလေ လုပ်တတ်တဲ့သူတွေ တော်တော်များမှန်း ကိုတာတေ
အခုမှပဲ သိတော့တယ်။ အင်းလေ သူတို့ကို လူမသိ သူမသိ ဖြစ်နေရာကနေ ... ဒီလို ထအော်လိုက်တော့ ငါ့နာမည် လူသိရောဆိုပြီး လုပ်တဲ့သူတွေလည်း ပါမှာပါ။
သူတို့ကိုယ်သူတို့တော့ သူခိုးအားပေးဖြစ်မှန်းမသိ ဖြစ်နေရတာ မသိရှာပေဘူး။
အုတ်ကာဆိုလား ထရံကာဆိုလား တယောက် ရှိသေးတယ် ... ဧရာဝတီက မေဆွိကို တောင်းပန်ရမယ်တဲ့။ မယောင်ရာဆီလူး ဝေလေလေ ဝင်လုပ်တာပါ။
အမယ်မင်း အဲဒီလို သူခိုးတွေ ထပ်မလာဘူးလို့ မပြောနိုင်တော့ ဧရာဝတီအနေနဲ့ သတင်းအလုပ် မလုပ်ဘဲ တောင်းပန်နည်း တောင်းပန်ဟန်တွေပဲ
ထိုင်ကျင့်နေရတော့မယ့် အပေါက်။
ကိုင်း ... ဘယ်သူခိုးက အပွင့်ဘယ်နှပွင့်တက်လို့ ဘယ် သူခိုးအားပေးက ဘယ်လို နာမည်ကြီးသွားလဲတော့ မသိဘူး ကိုတာတေတော့ ... အလုပ်ပျက် အကိုင်ပျက်
အအိပ်ပျက်နဲ့ ... ဒီစာကို ရေးနေရပြီ။ အောက်မှာ သရော်စာလို့ တပ်ရင်လည်း ဒါသရော်စာမှ မဟုတ်တာဆိုပြီး ၁၀၉၊ ၁၁၀ ဝင်လုပ်ကြဦးမယ်။ ဟာသ
ဆိုရအောင်လည်း ... ဟွန်း ရယ်လည်း မရယ်ရဘဲနဲ့ ဆိုပြီး လုပ်ဦးမှာဆိုတော့ ဘယ်ခေါင်းစဉ်အောက်မှာ ထည့်ရမလဲ ဆိုတာ စဉ်းစားရတာကိုက အလုပ်တလုပ် ...
ဒီတော့ ဧရာဝတီက ခေါင်းစဉ်ခွဲအသစ်တခု တပ်လိုက်မှ အေးမယ်ထင်တယ် ... သူခိုး မေတ္တာစာ ... လို့။
မစ္စတာ ဦးတာတေ
http://www.irrawaddyblog.com/

မေးခွန်းပါ အကြောင်းအရာကို အမတ်များ မပိုင်နိုင်
မျိုးသန့် | တနင်္လာနေ့၊ မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။

။ လွှတ်တော်များသို့ အမတ်များ တင်ပြသည့် မေးခွန်းနှင့် အဆိုများသည် အကြောင်းအရာ မပိုင်နိုင်ဘဲ မေးမြန်းတင်ပြချက်က

များနေသည်ဟု လွှတ်တော်တက် အမတ်များအကြား ဝေဖန်မှုများ ရှိနေသည်။
ယခုလ ၉ ရက်နေ့မှစ၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် အမတ်များက မေးခွန်းနှင့် အဆိုများ ပြုလုပ်ခဲ့ရာ ၎င်းအမတ်များကိုယ်တိုင် သက်ဆိုင်ရာ
အကြောင်းအရာကို ရှင်းလင်းစွာ နားလည်ပိုင်နိုင်မှု မရှိကြောင်း ဝေဖန်ကြခြင်း ဖြစ်သည်။
“နားမလည်ဘဲနဲ့ မေးထားတာလေ။ ကိုယ်နားမလည်တဲ့
အကြောင်းအရာကို မေးခွန်းလုပ်ထားတော့ စဉ်းစားသာ ကြည့်တော့။ ကိုယ့်ရဲ့
အဆင့်အတန်းနဲ့ မမီဘဲနဲ့ မေးတာတွေ ရှိတယ်လေ။ မေးတဲ့ မေးခွန်းတွေကလည်း
ရှက်စရာကြီး။ မေးတဲ့ လူတွေကလည်း ဖြစ်ဖြစ်မြောက်မြောက် ရှိတဲ့လူတွေ မဟုတ်ဘူး”
ဟု ပြည်သူ့လွှတ်တော်တက် အမတ်တဦးက မဇ္ဈိမကို ပြောဆိုသည်။
ဆိုင်ရာလုပ်ငန်းများတွင် လက်ရှိလုပ်ကိုင်နေသူများသာ အချက်အလက်
ပိုမိုပိုင်နိုင်သည်မှာ သဘာဝကျပြီး၊ အမတ်များ တင်ပြသည့် ကိစ္စရပ်များ၌ လိုအပ်ချက်
ရှိနေပါကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ
အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
“တကယ်ကိုင်တွယ်ဖြေရှင်းနေတဲ့လူက ပိုပြီး သိတယ်။ အချက်အလက်တွေ
ပိုင်နိုင်တယ်ဆိုတာ အချက်အလက်တွေ ကိုင်ထားတဲ့လူပဲ ပိုင်နိုင်တာပေါ့။ ဒါတွေ
မပိုင်နိုင်လည်း အကုန်လေ့လာစုဆောင်းထားမှ သိတာပေါ့။ သာမန်ဆိုရင် ပြည်သူလူထုရဲ့
အသံကို အမတ်တွေက သယ်သွားတာပဲ။ ရေမလာဘူးဆိုရင် ရေမလာတာတော့
သိတယ်၊ ဘာကြောင့် ရေမလာတာကို မသိဘူးလေ။ ပြည်သူလူထုရဲ့ ဆန္ဒကို ဖြည့်ဖို့
တက်လာတာပါ။ ဒါပေမဲ့ ကိုယ်ပိုင်တဲ့ ကိစ္စတွေ မဟုတ်တဲ့အတွက် လိုအပ်ချက်တော့
ရှိတာပေါ့” ဟု သူက ဆိုသည်။

အကောင်းအရာမပိုငိုင်ဘဲမေးမန်းတင်ပခက်ကမားနေသည်ဟု
လတ်တော်တက်အ
န မတ်မားအကားဝေဖန်မမားရိနေ
(Photo:: MRTV)

တနင်္လာနေ့ ပြည်သူ့လွှတ်တော်တွင် ချင်းပြည်နယ် ဟားခါးမှ ပြည်သူ့လွှတ်တော်အမတ် ဦးငွန်မောင်းက ချင်းမြို့တော် ဟားခါးကို ယခုထက် ပိုမိုဖွံ့ဖြိုးစေရန်
လုပ်ဆောင်ပေးရေး မေးမြန်းခဲ့ရာ၊ နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းညွန့်က အားလုံး လုပ်ပေးပြီးဟု ဖြေကြားခဲ့သည်။
တနင်္လာနေ့ အမျိုးသားလွှတ်တော်တွင် ချင်းပြည်နယ်အတွင်း ဂန့်ဂေါလမ်း ပြုပြင်ရေးအတွက် အမျိုးသားလွှတ်တော်အမတ် ဦးပေါ်လျှံလွင်က မေးမြန်းရာ
ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်က ဘဏ္ဍာရေး အခြေအနေအပေါ် မူတည်ပြီး လုပ်ပေးရန်ရှိကြောင်း ပြန်ဖြေခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် ထုံးကျောက်တောင် ရှိသဖြင့် ထိုဒေသတွင် ဘိလပ်မြေစက်ရုံ ဆောက်ရန် အစီအစဉ်ရှိမရှိ မေးခွန်းကို စက်မှုဝန်ကြီး ဦးအောင်သောင်းက
ပြန်ဖြေရာတွင် ထိုထုံးကျောက်တောင်သည် သုတေသန ပြုချက်အရ သဲဆံမြေ ဖြစ်နေခြင်းကြောင့် စက်ရုံ မတည်နိုင်ကြောင်း ရှင်းပြခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်တွင် ဝါးရုံများရှိနေသဖြင့် ပျော့ဖတ်စက်ရုံတည်ရန် ရှိမရှိ မေးမြန်းရာ ကုန်ကြမ်းပစ္စည်း လိုအပ်ချက် မဖြည့်ဆီးနိုင်လျှင် ထိုစီမံကိန်း
ဆုံးရှုံးနိုင်ကြောင်း ဦးအောင်သောင်းက ဖြေခဲ့သည်ဟု အမျိုးသား လွှတ်တော် အမတ်တဦးက ပြောပြသည်။

မေးခွန်းများ၊ အဆိုများကို သက်ဆိုင်ရာ ဝန်ကြီးများက ပြန်ဆွေးနွေးသည့် အချက်အလက်များကိုမူ အစိုးရပိုင် နေ့စဉ်သတင်းစာများတွင် အပြည့်အစုံ
ဖော်ပြလျက်ရှိသည်။
အင်္ဂါနေ့ ပြုလုပ်မည့် အမျိုးသားလွှတ်တော်တွင် အငြိမ်းစား လစာများ တိုးမြှင့်ပေးရေး အဆိုကို ဆွေးနွေးရန်ရှိပြီး၊ မွေးခွန်းများတွင် ဒေသဖွံ့ဖြိုးရေးနှင့်
ပတ်သက်သည့် လမ်းကိစ္စများ၊ မြို့ပတ်ရထားများ သန့်ရှင်းသပ်ရပ်မှုနှင့် အဆင့်တိုးမြှင့်ပေးရန် ရှိမရှိ မေးမြန်းမည်ဟု သူက ပြောသည်။ ပြည်သူ့လွှတ်တော်တွင်မူ
အခမဲ့ပညာရေးစနစ်နှင့် ရှမ်းပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူမှု အဆိုများကို ဆွေးနွေးမည်ဟု ပြည်သူ့လွှတ်တော် အမတ်တဦးကလည်း ပြောပြသည်။
ယနေ့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို မနက် ၁ဝ နာရီတွင် စတင်ခဲ့ပြီး၊ အမျိုးသားလွှတ်တော်သည် နေ့လည် ၁၂ နာရီ ၁၅ မိနစ်၊
ပြည်သူ့လွှတ်တော်မှာ မွန်းလွဲ ၂ နာရီ၌ ပြီးဆုံးခဲ့ကြသည်။
ထိုင်းမူဝါဒ ဒုက္ခသည်များ ရပ်တည်ရေးခက်ခဲ
ကိုဝိုင်း | တနင်္လာနေ့၊ မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။

။ ထိုင်းနယ်စပ်တွင် ခိုလှုံနေသော မြန်မာဒုက္ခသည်များအား စခန်းပြင်ပသို့ ထွက်ခွင့်မပြုသည့် ထိုင်းအစိုးရ မူဝါဒက ဒုက္ခသည်များ မိမိဖာသာ

ရပ်တည်နိုင်ရေး ကြိုးစားရာတွင် အခက်ခဲ ဖြစ်စေသည် ဟု ဒုက္ခသည်အရေး ကူညီနေသည့် TBBC-Thailand Burma Border Consortium ကပြောသည်။
ဒုက္ခသည်များအနေဖြင့် အလှူရှင်များကိုသာ ရေရှည်အားကိုးနေရန်မလိုပဲ မိမိဖာသာ ရပ်တည်နိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေနိုင်ရန် ဥရောပကော်မရှင်
နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ လူမှုကူညီရေးနှင့် အကျပ်အတည်း တုံ့ပြန်မှုမင်းကြီး Kristalina Georgieva ၏ ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်းသို့
တနင်္ဂနွေနေ့က သွားရောက်ခဲ့သည့်အပေါ် သူ့အမြင်ကို ဖြေကြားခြင်းဖြစ်သည်။
“ကျွမ်းကျင်မှုတွေကို စခန်းထဲမှာ နေရတဲ့အနေအထားနဲ့
ပြန်အသုံးချဖို့ ဆိုတာကျတော့ စခန်း အပြင်ထွက်ပြီး အလုပ်လုပ်ခွင့်မပေးပဲ စခန်းထဲမှာပဲ
နေရမယ်ဆိုတဲ့ ထိုင်းအစိုးရရဲ့ မူဝါဒက ရှိနေတော့ သိပ်ခက်ခဲပါတယ်။ သူတို့တွေ
အနိမ့်ဆုံးအဆင့် ဈေးကွက်ကို လက်လှမ်းမီဖို့ လိုပါလိမ့်မယ်” ဟု TBBC
တာဝန်ခံတဦးဖြစ်သူ Sally Thompson က မဇ္ဈိမကို ပြောသည်။
TBBC အပါအဝင် အစိုးရမဟုတ်သည့် အဖွဲ့များက နယ်စပ်ရှိ ဒုက္ခသည်များအား
နေရပ်ပြန်နိုင်လျှင် လုပ်ကိုင် စားသောက်နိုင်ရန် ယဉ်ကျေးမှုဆိုင်ရာ လက်မှုပညာရပ်နှင့်
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကျွမ်းကျင်မှု အသေးစား သင်တန်းများ ပေးနေသည်။
ခရစ္စတာလီးနား ဂျော်ဂျီဗား Kristalina Georgieva သည် ထိုင်းနိုင်ငံသို့ စနေနေ့က
ရောက်ရှိပြီး နောက်တရက်တွင် တာ့ခရိုင်၊ မဲဆောက်မှ မြောက်ဘက် ၅၇
ကီလိုမီတာအကွာ မယ်လဒုက္ခသည်စခန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေရှည်တွင်
အမှီအခိုကင်းကင်း ရပ်တည်နေနိုင်မည့် ပညာရပ်များအတွက် အကူအညီ
တိုးပေးသွားမည်ဟု ဆွေးနွေးခဲ့သည်။
အစီအစဉ်များ အောင်မြင်နိုင်ရေးမှာ လတ်တလော အခြေအနေအရ
မဖြစ်နိုင်သေးကြောင်း၊ ဒုက္ခသည်များအနေဖြင့် စခန်းပြင်ပတွင် အလုပ်လုပ်ကိုင်ခွင့်

လူမကူညီရေးင့်အကပ်အတည်းတုံပန်မမင်းကီး
Kristalina
Georgieva (Photo :: http://ec.europa.eu)

ရရှိရန်လိုအပ်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ မယ်လစခန်းကော်မတီ၏ ဥက္ကဌ စောထွန်းထွန်းက ပြောသည်။
“မယုံကြည်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခသည်စခန်းတွေက ကျဉ်းကျဉ်းလေး။ ဝင်ငွေရမယ့် လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့က
ထိုင်းအစိုးရကနေ ဒုက္ခသည်တွေကို တရားဝင် အပြင်ထွက်ခွင့်ပေးပြီး အလုပ်လုပ်ခွင့်ပေးဖို့လိုမယ်” ဟု စောထွန်းထွန်းက မဇ္ဈိမကို ပြောသည်။
ဥရောပကော်မရှင်က ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်ကို ၁၉၉၅ မှစ၍ ယခုနှစ်အထိ အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ကျော်နှင့် ညီမျှသည့် ယူရိုငွေ ၁၄၉ သန်း
အကူအညီပေးခဲ့ပြီးဖြစ်ကြောင်း ဥရောပကော်မရှင်က ထုတ်ပြန်ထားသည်။ ရိက္ခာ၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစီအစဉ်များအတွက် နယ်စပ်
အန်ဂျီအိုများမှတဆင့် ပေးခဲ့သည်။
ဥရောပ လူမှုကူညီရေးမင်းကြီးသည် ယနေ့ ဘန်ကောက်၌ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိချာချီဝ၊ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရိုမြ (Kasit Piromya) တို့နှင့်
တွေ့ဆုံရန်ရှိပြီး ဒုက္ခသည်များအတွက် ပညာရေး၊ တရားရေးနှင့် စီးပွားရေးကိစ္စများ ဆွေးနွေးမည်ဟု ဥရောပကော်မရှင်က မတ်လ ၁၁ ရက်က ထုတ်ပြန်သည်။
ယခုကဲ့သို့ မိမိဖာသာရပ်တည်နိုင်ရေး အစီအစဉ်များ ချမှတ်ကူညီရန် ပြင်ဆင်နေသော်လည်း တတိယနိုင်ငံများတွင် အခြေချရန် ခေါ်ယူသည့် အစီအစဉ်များလည်း
ဆက်ရှိနေဦးမည်ဖြစ်ကြောင်း TBBC က သုံးသပ်သည်။
“ဒီကိစ္စက ဒုက္ခသည် တချို့အတွက် ရေရှည်ဖြေရှင်းချက်တခုပါ။ အားလုံးအတွက်တော့ မဟုတ်ပါဘူး။ အစီအစဉ်တွေ ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု Sally
Thompson က ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မယ်လ၊ အုန်းဖျံ၊ ထမ့်ဟင်၊ နို့ဖိုး၊ ဘန့်ဒုံယမ်း၊ မယ်လအူး၊ မယ်ရာမိုနှင့် ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နှင့် ၂ စသည့် စခန်းများမှ ၎
နှစ်အတွင်း တတိယနိုင်ငံသို့ အခြေချရန် မြန်မာပြည်မှ ဒုက္ခသည် ၆၅,ဝဝဝ ထွက်ခွာသွားပြီဖြစ်ကြောင်း TBBC က ထုတ်ပြန်ထားသည်။
နိုင်ငံတကာရွှေ့ပြောင်းအခြေ ချ နေထိုင်သူများအဖွဲ့ International Organization of Migration, IOM က စစ်ပြေးဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံသူများကို ၂ဝဝ၆
မှ ၂ဝ၁ဝ ဒီဇင်ဘာထိ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ အပါအဝင် တတိယနိုင်ငံများသို့ ပို့ဆောင်ပေးသည်။
ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် မြန်မာဒုက္ခသည် ၁၄ဝ ဝဝဝ ကျော် ရှိနေသည်။
ကချင် မြောက်ဖျား စစ်တပ်တိုးချ
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၁ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။

။ ကချင်ပြည်နယ်မြောက်ဖျားစွန်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ပူတာအိုဘက်သို့ စစ်အစိုးရတပ်ရင်း ၃ ရင်းမှ စစ်အင်အား

၅ဝဝ ခန့် တိုးချဲ့လာသည်ဟု မျက်မြင်သက်သေများက ပြောသည်။
ပူတာအိုအခြေစိုက် စစ်ဗျူဟာ လက်အောက်ရှိ ခလရ ၄၆၊ ၁၃၇ နှင့် ၁၃၇ တပ်ရင်းများသို့ လွန်ခဲ့သည့် သီတင်းပတ်ကစ၍ စစ်အင်အားတိုးချဲ့နေသည်။
အသစ်ရောက်လာသောတပ်ရင်းများအတွက် ပူတာအိုတောင်ဘက် ၁၈ မိုင်တွင် စစ်တပ်စခန်းသစ်များ တည်ရန် စီစဉ်နေသဖြင့် ဒေသခံများကို
ကတုတ်ကျင်းတူးရန်နှင့် ခြံစည်းရိုးကာရန်အတွက် တအိမ်တယောက် လုပ်အားပေးခေါ်နေသည်ဟု ဒေသခံများက ပြောသည်။
“ ဒီရာသီဆိုတော့ လူငယ်တွေက ရွှေမှော်သွားချင်နေတာ။ ဒါပေမဲ့ အိမ်မှာ လုပ်အားပေးမယ့်သူမရှိတော့ မသွားဖြစ်တော့ဘူး။ အတင်းအဓမ္မခိုင်းတာ”ဟု
ဝါရှာယန်ရွာသားတဦးက ပြောသည်။
ဖေဖော်ဝါရီလကုန်ပိုင်းကလည်း စစ်အင်အား ၂ဝဝ ကျော် မြစ်ကြီးနားအရှေ့ ဝိုင်းမော်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၅၈ သို့ ဝင်လာသည်။
စစ်အစိုးရဘက်က စစ်အင်အားတိုးလာခြင်းသည် နယ်မြေစိုးမိုးရေးနှင့် နယ်ခြားစောင့်တပ်လက်မခံသော KIO ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် စစ်ပွဲအတွက်
ကြိုတင်နေရာယူ အင်အားဖြည့်ခြင်းဟု ကချင်အဖွဲ့က ယုံကြည်နေသည်။
မီးမှန်နေတဲ့ မော်လမြိုင်
ကျော်ခ | တနင်္လာနေ့၊ မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။

။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရက်ပိုင်း၌ မီးမလာသဖြင့် မြို့ခံကျောင်းသားများ ဆူပူမှုဖြစ်ခဲ့ပြီးနောက် ည စာကျက်ချိန်များတွင်

မီးပုံမှန်ပြန်ရလာကြောင်း မော်လမြိုင် အစိုးရဝန်ထမ်းများနှင့် မြို့ခံများက ပြောသည်။
ယခုလ ၇ ရက်မှစသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲရက် စာကျက်ချိန် မီးမလာသဖြင့် မြို့ခံကျောင်းသားများ စုဝေးကာ မော်လမြိုင် ငန်းတေးရပ်ရှိ
လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် မန္တလေးရပ်ရှိ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးများကို ခဲဖြင့် ပစ်ပေါက်ခဲ့ကြပြီး နောက်တနေ့မှစ၍ မီးပုံမှန်လာကြောင်း မြို့ပေါ်ရှိ
အထက ၉ ကျောင်းဆရာမ တဦးက ပြောသည်။
“အခုတော့ မီးက ညတိုင်း ပုံမှန်ရနေပြီ။ နေ့ခင်းဘက်တော့ ပြတ်တယ်။ အခုတောင် ပြတ်နေတယ်။ အရင်တုန်းကတော့ နေ့ရော၊ ညရော အတိုင်းအတာမရှိ
ပြတ်တယ်။ လျှပ်စစ်ရုံးကို ခလေးတွေ သွားအော်ပြီးကထဲက ညတိုင်း မီးမှန်နေတယ်” ဟု ကျောင်းဆရာမ တဦးက မဇ္ဈိမကိုပြောသည်။
တက္ကသိုလ် ဝင်တန်း စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသူ/သားများ ယနေ့ ရူပဗေဒ ဘာသာဖြေဆိုကြပြီး မနက်ဖြန် အင်္ဂါနေ့တွင် ဇီဝဗေဒနှင့်
ကြာသပတေးနေ့တွင် နောက်ဆုံး ဘာသာအဖြစ် ဘောဂဗေဒ ဖြေဆိုရမည်ဟု သိရသည်။
ကျောင်းသားများ ဆူပူခဲ့ပြီးနောက် လျှပ်စစ်မီး ညစဉ်ပုံမှန်ပေးခဲ့သလို ကျောင်းသားများ ခဲဖြင့်ပေါက်ခဲ့သည့် ငန်းတေးရပ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့်
မန္တလေးရပ်ရှိ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများကို သာမက မီးရုံးခွဲများနှင့် လမ်းဆုံ၊ လမ်းခွများတွင်ပါ ယခုလ ၁၁ ရက်နေ့မှ စ၍ ရဲအစောင့်အကြပ်
ထားရှိကြောင်း မြို့ခံ ကျောင်းသားများက ပြောသည်။
“စက်ရုံနဲ့ မီးခွဲရုံးတွေမှာ အစောင့်တွေချထားတယ်။ ရဲတွေ အလုပ်ရနေတယ်။ မီးစောင့်နေရတယ်။ နောက် လမ်းဆုံ၊ လမ်းခွ တွေမှာ ရဲတွေ စောင့်နေရတယ် ” ဟု
မြို့ခံ တက္ကသိုလ် ကျောင်းသားတဦးက မဇ္ဈိမကို ပြောသည်။
စာမေးပွဲဖြေဆိုနေသည့် ရက်ပိုင်းအတွင်း ယခုလို ပုံမှန်မီးပေးနေပါက ပြဿနာ မရှိသော်လည်း မီးထပ်ပြတ်ပါက ဒီထက်ပို၍ တောင်းဆိုသွားရန်
ကျောင်းသားများဘက်က အဆင်သင့်ရှိကြောင်း သူက ဆက်ပြောသည်။
ယခုလ ၈ ရက်က စာမေးပွဲကာလ မီးပြတ်ခြင်းကြောင့် ငန်းတေးရပ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် မန္တလေးရပ်ရှိ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးတို့ကို
ကျောင်းသားများ ဆိုင်ကယ်များဖြင့်သွားကာ ခဲဖြင့် ပစ်ပေါက်ခဲ့သဖြင့် လျှပ်စစ်ရုံး တံခါးမှန်များ ကွဲသွားသည်ဟု ဆိုသည်။
မီးပြတ်မှုနှင့် ပတ်သက်၍ မော်လမြိုင် လျှပ်စစ်ရုံးကို ဆက်သွယ်မေးမြန်း၍ မရပေ။ မြို့နယ် ရဲစခန်း တာဝန်ရှိသူတို့ကမူ စာမေးပွဲရက် မီးပြတ်မှုသည် မတော်တဆ
မီးပြတ်ခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။
“အခုမီးပုံမှန်လာနေတယ်လေ။ ဟိုရက်တွေက ပြတ်တယ်ဆိုတာလဲ မတော်တဆ ပြတ်တောက်မှုဖြစ်လို့ မီးမလာတာပါ။ တမင်ဖြတ်တာမှ မဟုတ်တာ။
မီးရုံးကလူတွေလဲ သေသေချာချာ အမြန်ပြန်လုပ်လိုက်လို့ ခုရသွားပါပြီ။ ဒီမှာမီးပြတ်တယ်ဆိုတာ ခုမှ အထူးဆန်း မဟုတ်တာ ကျနော်တို့
ကျောင်းသားဘဝကထဲကပါ” ဟု မြို့နယ်အဆင့် ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၇ ရက်က နိုင်ငံတဝှမ်းတွင် စတင်ခဲ့ပြီး မတ်လ ၁၇ ရက်တွင် ပြီးဆုံးမှာ ဖြစ်သည်။
ထားဝယ် စက်မှုဇုန်စီမံကိန်းက ဘယ်သူ့အတွက် အကျိုးရှိမှာလဲ
ဇွန်ခေါင်း | တနင်္လာနေ့၊ မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၁၁ မိနစ်

မြန်မာပြည်သူများက ဒါမျိုးကြားဖူးလှပြီ။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ခေတ် ဆိုတုန်းကလည်း ဂျပန်မှ ရှော့ပင်းမောလ်များ လာဖွင့်မည်ဆိုပြီး ပြာလဲ့ကို
ဇာချဲ့ခဲ့ကြသေးသည်။ နောက်တော့လည်း ဘာမှ ပေါ်မလာ။
၁၉၉ဝ စုနှစ်များဆီတုန်းကလည်း ဂျပန်စက်မှုဇုန် ပန်းခြံကြီး မြို့တော်တွင် လာတည်မည်ဟု သတင်းဖြစ်လိုက်သေးသည်။ ဒါလဲ ဘာမှ အကောင်အထည်မပေါ်ခဲ့။
နောက်တခါ သီလဝါ အထူးစီးပွားရေးဇုန်ဆိုပြီး အသံတွေထွက်လာ ငြင်းလိုက်ကြခုံလိုက်ကြ၊ ဒီစီမံကိန်းလည်း နောင်တော်ကြီးများလိုပင် ဘာမှ
အကောင်အထည်ပြစရာ မရှိလိုက်။ သို့သော် လူတချို့ကတော့ စီမံကိန်းပါ ဆိပ်ကမ်းတဝိုက် အိမ်ခြံမြေတွေ ဝယ်ယူရင်းနှီး မြှုပ်နှံလိုက်ကြသေးသည်။

အခုတလော မြန်မာပုဂ္ဂလိကပိုင် မီဒီယာများတွင် ကြားလာရသည့် သတင်းထူး သတင်းဆန်းကြီးကတော့ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတဲ့။
ပထမအဆင့်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး စီမံကိန်းတခုလုံးအတွက် အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ ကုန်ကျမည့် ၁ဝ နှစ်ကြာ
စီမံကိန်းအတွက် ထိုင်းနှင့် မြန်မာတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ တခုစိတ်ဝင်စားစရာ ကောင်းသည်မှာ ယခု ဤစီမံကိန်းနှင့် ပတ်သက်၍ ငြင်းကြခုံကြ
ဆွေးနွေးကြသည့် အကြောင်းအရာများထဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြဿနာနှင့် အလုပ်ခန့်ထားမှု ကိစ္စများကို ဦးစားပေး ဆွေးနွေးပြောဆိုလာကြခြင်း
ဖြစ်သည်။ နာဂစ်ဆိုင်ကလုံး မုန်တိုင်းကို ခံလိုက်ရပြီးကတည်းက မြန်မာနိုင်ငံမှ လူအတော်အများများနှင့် မြန်မာမီဒီယာတို့သည် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်
ဆိုင်သည့် ပြဿနာကြီးများကို ရင်းနှီးကျွမ်းဝင်သွားကြသည်။
ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ အဆိုးအကောင်း ဆွေးနွေးပြောဆိုကြရာတွင် ပေါ်ထွက်လာသော မေးခွန်းများမှာ ထိုင်းနိုင်ငံသည် ဘာကြောင့်
သူ့နိုင်ငံမှ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်စေသော ပျက်စီးစေသည့် စက်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတွင်းသို့ တင်ပို့ခဲ့သနည်း။ သူ့နိုင်ငံတွင်း
ပိုမိုတင်းကျပ်လာသော ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများကြောင့်လော ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
နောက်ထပ် ပေါ်ထွက်လာသည့် စိုးရိမ်ပူပန်မှုတရပ်မှာ ဤစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရမည့် အလွန်ကြီးမားသော ငွေပမာဏနှင့် ထွက်ပေါ်လာမည့်
အမြတ်အစွန်းကလည်း မြန်မာပြည်ကို အကျိုးဖြစ်ထွန်းစေမှာလားဆိုသည့် မေးခွန်းပင် ဖြစ်သည်။ တိုင်းပြည်အတွက် စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုကို
ဖြစ်ပေါ်စေလိမ့်မည်ဟု ပြောသူဆို၍ အနည်းငယ်သာ ရှိသည်။ အချို့သော အကောင်းမြင်သမားများကတော့ ယခုစီမံကိန်းသည် မြန်မာနိုင်ငံအဖို့ သူမသာကိုယ်မနာ
စီမံကိန်းသာဖြစ်သည်ဟု ပြောသော်လည်း ပိုများများစားရမည့်သူမှာ ထိုင်းနိုင်ငံ ဖြစ်သည်ကိုလည်း ဝန်ခံပြောကြားသည်။
တိုတိုပြောရလျှင် ထားဝယ်စီမံကိန်းနှင့် စပ်လျဉ်းပြီး ပြည့်ပြည့်စုံစုံ သတင်းအချက်အလက်များ မရရှိခြင်းသည် မြန်မာအစိုးရက ပွင့်လင်းမြင်သာမှုမရှိ ဆိုသည်ကို
ပြသနေသည်။ မြန်မာအစိုးရ အရာရှိများ၏ အရည်အချင်းနှင့် လုပ်ငန်းအပေါ် ပိုင်းဖြတ်မှု ရှိခြင်းအပေါ် အယုံအကြည်ကင်းမဲ့မှုကိုလည်း ပြသနေသည်။ ထို့ပြင်
မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံအပေါ် ကာကွယ်ပေးနိုင်မည့် စည်းမျဉ်းစည်းကမ်းများ အကာအကွယ်များ လုံလောက်စွာ မရှိခြင်းကိုလည်း ပြသနေသည်။
မြန်မာဗိုလ်ချုပ်ကြီးများသည် သူတို့နှင့် အလွမ်းသင့်သူများကိုသာ ခေါ်ယူခန့်ထား လုပ်ကိုင်စေလိမ့်မည်၊ ရသမျှ ပြည်သူ့ဘဏ္ဍာငွေများကိုလည်း
ဤစီးပွားရေးသမားကြီးများ၏ အလွန်ကြီးမားလှသော အိတ်ထောင်ထဲသို့သာ ကဲ့ထည့်လိမ့်မည် ဟူသော စိုးရိမ်ပူပန်မှုများလည်း ပေါ်ထွက်လာနေသည်။
အကယ်၍သာ (ဤအကယ်၍သာသည် တော်တော်အရေးကြီးသော အကယ်၍သာ ဖြစ်သည်) စီမံကိန်းနှင့် စပ်လျဉ်းပြီး အစိုးရ၏ ကြီးကြပ်အုပ်ချုပ်မှုအပေါ်
ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှု ရှိလာမှသာ၊ နောက်ထပ် အလားတူ ဖွံ့ဖြိုးရေး စီမံကိန်းများအပေါ် ပြည်သူလူထုက အလွယ်တကူ အားတက်သရော
လက်ခံကြိုဆိုကြလိမ့်မည်။
တီးတိန်ကားမှောက် ၅ ဦး သေဆုံး
အောင်မြတ်စိုး | တနင်္လာနေ့၊ မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၈ မိနစ်

ဘန်ကောက် (မဇ္ဈိမ) ။

။ လူ ၅ ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရစေခဲ့သည့် ကုန်နှင့် ခရီးသည်တင်ကား တိမ်းမှောက်မှုတရပ် ချင်းပြည်နယ် တီးတိန်မြို့နယ်၌

မတ်လ ၁ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။
တီးတိန်မြောက်ဘက် ၅ မိုင်ခန့်ရှိ လမ်းဇန်ရွာအထွက်
ကုန်းအဆင်း၌ ခရီးသည် ၅ဝ ကျော်လိုက်ပါလာသော ကားမှာ ဘရိတ်ပေါက်ကာ မနက်
၁ဝ နာရီကျော်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ၅ ဦးပွဲချင်းပြီး သေဆုံးပြီး ၃၅ ဦး
ဒဏ်ရာရသွားခဲ့သည်။ ဒဏ်ရာရသူများကို တီးတိန်ဆေးရုံကြီးတွင် ကုသမှု
ခံယူနေရသည်။
ခြေလျင်တပ်ရင်း ၂၆၉ မှ ခရီးသည်ကားများကို ချောဆွဲသဖြင့် ယခုတိမ်းမှောက်သည့်
ကုန်တင်ကားပေါ် ခရီးသည်အချို့ ပြောင်းလဲလိုက်ပါစီးနင်းခဲ့ကြသည်။
တီးတိန်မြို့နယ်အတွင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၆ ရက်နေ့တွင် ခရီးသည်တင်ကား
မှောက်သဖြင့် ၁၇ ဦး သေဆုံးခဲ့သည်။ ထိုအချိန်မှ ယခုထိ ကားမှောက်မှု ၄ မှု
ဖြစ်ပွားခဲ့ရာ စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
ထားဝယ် စက်မှုဇုန်စီမံကိန်းက ဘယ်သူ့အတွက် အကျိုးရှိမှာလဲ
ဇွန်ခေါင်း | တနင်္လာနေ့၊ မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၁၁ မိနစ်

လူ ၅ ဦးသေဆုံးကာ ၃၅ ဦးဒဏ်ရာရစေခဲ့သည့်ကုန်င့်
ခရီးသည်တင်ကားတိ
န မ်းမောက်မ (ဓတ်ပုံမဇိမ )

မြန်မာပြည်သူများက ဒါမျိုးကြားဖူးလှပြီ။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ခေတ်
ဆိုတုန်းကလည်း ဂျပန်မှ ရှော့ပင်းမောလ်များ လာဖွင့်မည်ဆိုပြီး ပြာလဲ့ကို ဇာချဲ့ခဲ့ကြသေးသည်။ နောက်တော့လည်း ဘာမှ ပေါ်မလာ။
၁၉၉ဝ စုနှစ်များဆီတုန်းကလည်း ဂျပန်စက်မှုဇုန် ပန်းခြံကြီး မြို့တော်တွင် လာတည်မည်ဟု သတင်းဖြစ်လိုက်သေးသည်။ ဒါလဲ ဘာမှ အကောင်အထည်မပေါ်ခဲ့။
နောက်တခါ သီလဝါ အထူးစီးပွားရေးဇုန်ဆိုပြီး အသံတွေထွက်လာ ငြင်းလိုက်ကြခုံလိုက်ကြ၊ ဒီစီမံကိန်းလည်း နောင်တော်ကြီးများလိုပင် ဘာမှ
အကောင်အထည်ပြစရာ မရှိလိုက်။ သို့သော် လူတချို့ကတော့ စီမံကိန်းပါ ဆိပ်ကမ်းတဝိုက် အိမ်ခြံမြေတွေ ဝယ်ယူရင်းနှီး မြှုပ်နှံလိုက်ကြသေးသည်။
အခုတလော မြန်မာပုဂ္ဂလိကပိုင် မီဒီယာများတွင် ကြားလာရသည့် သတင်းထူး သတင်းဆန်းကြီးကတော့ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတဲ့။
ပထမအဆင့်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး စီမံကိန်းတခုလုံးအတွက် အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ ကုန်ကျမည့် ၁ဝ နှစ်ကြာ
စီမံကိန်းအတွက် ထိုင်းနှင့် မြန်မာတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ တခုစိတ်ဝင်စားစရာ ကောင်းသည်မှာ ယခု ဤစီမံကိန်းနှင့် ပတ်သက်၍ ငြင်းကြခုံကြ
ဆွေးနွေးကြသည့် အကြောင်းအရာများထဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြဿနာနှင့် အလုပ်ခန့်ထားမှု ကိစ္စများကို ဦးစားပေး ဆွေးနွေးပြောဆိုလာကြခြင်း
ဖြစ်သည်။ နာဂစ်ဆိုင်ကလုံး မုန်တိုင်းကို ခံလိုက်ရပြီးကတည်းက မြန်မာနိုင်ငံမှ လူအတော်အများများနှင့် မြန်မာမီဒီယာတို့သည် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်
ဆိုင်သည့် ပြဿနာကြီးများကို ရင်းနှီးကျွမ်းဝင်သွားကြသည်။
ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ အဆိုးအကောင်း ဆွေးနွေးပြောဆိုကြရာတွင် ပေါ်ထွက်လာသော မေးခွန်းများမှာ ထိုင်းနိုင်ငံသည် ဘာကြောင့်
သူ့နိုင်ငံမှ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်စေသော ပျက်စီးစေသည့် စက်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတွင်းသို့ တင်ပို့ခဲ့သနည်း။ သူ့နိုင်ငံတွင်း

ပိုမိုတင်းကျပ်လာသော ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများကြောင့်လော ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
နောက်ထပ် ပေါ်ထွက်လာသည့် စိုးရိမ်ပူပန်မှုတရပ်မှာ ဤစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရမည့် အလွန်ကြီးမားသော ငွေပမာဏနှင့် ထွက်ပေါ်လာမည့်
အမြတ်အစွန်းကလည်း မြန်မာပြည်ကို အကျိုးဖြစ်ထွန်းစေမှာလားဆိုသည့် မေးခွန်းပင် ဖြစ်သည်။ တိုင်းပြည်အတွက် စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုကို
ဖြစ်ပေါ်စေလိမ့်မည်ဟု ပြောသူဆို၍ အနည်းငယ်သာ ရှိသည်။ အချို့သော အကောင်းမြင်သမားများကတော့ ယခုစီမံကိန်းသည် မြန်မာနိုင်ငံအဖို့ သူမသာကိုယ်မနာ
စီမံကိန်းသာဖြစ်သည်ဟု ပြောသော်လည်း ပိုများများစားရမည့်သူမှာ ထိုင်းနိုင်ငံ ဖြစ်သည်ကိုလည်း ဝန်ခံပြောကြားသည်။
တိုတိုပြောရလျှင် ထားဝယ်စီမံကိန်းနှင့် စပ်လျဉ်းပြီး ပြည့်ပြည့်စုံစုံ သတင်းအချက်အလက်များ မရရှိခြင်းသည် မြန်မာအစိုးရက ပွင့်လင်းမြင်သာမှုမရှိ ဆိုသည်ကို
ပြသနေသည်။ မြန်မာအစိုးရ အရာရှိများ၏ အရည်အချင်းနှင့် လုပ်ငန်းအပေါ် ပိုင်းဖြတ်မှု ရှိခြင်းအပေါ် အယုံအကြည်ကင်းမဲ့မှုကိုလည်း ပြသနေသည်။ ထို့ပြင်
မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံအပေါ် ကာကွယ်ပေးနိုင်မည့် စည်းမျဉ်းစည်းကမ်းများ အကာအကွယ်များ လုံလောက်စွာ မရှိခြင်းကိုလည်း ပြသနေသည်။
မြန်မာဗိုလ်ချုပ်ကြီးများသည် သူတို့နှင့် အလွမ်းသင့်သူများကိုသာ ခေါ်ယူခန့်ထား လုပ်ကိုင်စေလိမ့်မည်၊ ရသမျှ ပြည်သူ့ဘဏ္ဍာငွေများကိုလည်း
ဤစီးပွားရေးသမားကြီးများ၏ အလွန်ကြီးမားလှသော အိတ်ထောင်ထဲသို့သာ ကဲ့ထည့်လိမ့်မည် ဟူသော စိုးရိမ်ပူပန်မှုများလည်း ပေါ်ထွက်လာနေသည်။
အကယ်၍သာ (ဤအကယ်၍သာသည် တော်တော်အရေးကြီးသော အကယ်၍သာ ဖြစ်သည်) စီမံကိန်းနှင့် စပ်လျဉ်းပြီး အစိုးရ၏ ကြီးကြပ်အုပ်ချုပ်မှုအပေါ်
ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှု ရှိလာမှသာ၊ နောက်ထပ် အလားတူ ဖွံ့ဖြိုးရေး စီမံကိန်းများအပေါ် ပြည်သူလူထုက အလွယ်တကူ အားတက်သရော
လက်ခံကြိုဆိုကြလိမ့်မည်။
ပါဆယ်ပို့သူများ ဓာတ်ပုံရိုက်ခံရမည်
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၅၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။

။ ဗုံးထောင်မည့် စိုးရိမ်ချက်များကြောင့် အဝေးပြေးယာဉ် ရပ်နားစခန်းများတွင် ပါဆယ်ပို့လိုသူသည် ပစ္စည်းနှင့်တကွ ဓာတ်ပုံရိုက်၍

မှတ်တမ်းတင်ထားရန် ရန်ကုန်တိုင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီက ညွှန်ကြားထားသည်။
ယာဉ်ပေါ်တင်မည့် ခရီးသည်များ၏ ပစ္စည်းများနှင့် ပါဆယ်အထုပ်များအား ဖွင့်ဖောက်ရှာဖွေရန်၊ ပစ္စည်းများအား ဓာတ်ပုံရိုက်ရန်နှင့် ခရီးသည်များကို
ဗုံးရှာကိရိယာဖြင့် စစ်ဆေးကာ ပါဆယ်ပို့သူနှင့် ပါဆယ်ထုပ်အား တွဲဖက်၍ ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်ရန် စသည့် စည်းမျဉ်းများ ပါဝင်သည်။
မိုင်းရှာစက်များကို မတ်လ ၁၁ ရက် နောက်ဆုံးထား၍ FISCA Co.ltd မှ မဖြစ်မနေ ဝယ်ယူရမည်ဖြစ်ကြောင်းနှင့် မတ်လ ၁၄ ရက်နေ့မှစ၍ စစ်ဆေးမှု
ပြုလုပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း မထသ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး ဦးညွန့်ဝေ၏ လက်မှတ်ဖြင့် ညွှန်ကြားထားခြင်း ဖြစ်သည်။ ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ်၏
အမိန့်အရ ထပ်ဆင့် ညွှန်ကြားချက်ဟု တိုင်း မထသ အရာရှိတဦးက ပြောသည်။

http://www.mizzimaburmese.com/

ဒီနှစ်ကုန် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်
By ကျော်ကျော်သိန်း တနင်္လာ, 14 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်

Digg

Facebook

StumbleUpon

Yahoo! Buzz

del.icio.us

ကြားဖြတ်ရွေးကောက်ပွဲတွေကို လာမယ့် မိုးရာသီအကုန် အောက်တိုဘာ၊ နိုဝင်ဘာလလောက်မှာ ကျင်းပဖို့ ခန့်မှန်းထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်
ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ မတ်လ ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ် တဦးရဲ့ မေးခွန်းကို
ဖြေကြားတာမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက အဲဒီလို ပြောသွားတာပါ။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက
သတင်းပေးပို့ထားပါတယ်။
မတ်လ ၁၄ ရက်နေ့က ဆက်လက်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (SNDP) ရဲ့ ရှမ်းပြည်နယ်၊
ကျောက်မဲ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနယ်လ်ဆင် ခေါ် ဦးစိုင်းဆောင်ဆီကနေပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့
ဘယ်လိုပြင်ဆင်ထားပါသလဲ ဆိုတဲ့ မေးခွန်းကို မေးခဲ့တာပါ။ အဲဒီမေးခွန်းကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဖြေကြားရင်း ခန့်မှန်း ကျင်းပမယ့်ရက်ကို
ပြောသွားတာလို့ သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဗွီအိုအေကို ပြောပါတယ်။
“အဲဒါနဲ့ ပတ်သက်ရင် လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ ဦးသိန်းစိုးက လာဖြေတယ်။ လွှတ်တော်တွေမှာ လစ်လပ်တဲ့ နေရာတွေကို
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားလာတဲ့ အခါမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သူ့ဥပဒေမှာ ပါတဲ့အတိုင်း လစ်လပ်တဲ့
နေရာတွေနဲ့ ပတ်သက်ပြီး ကြေညာပြီးတဲ့နောက်မှာ သူ လုပ်သင့်လုပ်ထိုက်တဲ့ဟာပေါ့ဗျာ၊ ဘယ်နေ့မှာ ဘာလုပ်မယ်၊ ဥပဒေအရ ဆိုထားတဲ့ အချက်တွေကို
ပြောပြီးတော့၊ အဓိက ပြောသွားတာကတော့ ကြားဖြတ် ရွေးကောက်ပွဲတွေကို ၂၀၁၁ အောက်တိုဘာ၊ နိုဝင်ဘာလမှာ ကျင်းပမယ်လို့ ခန့်မှန်းထားတယ်တဲ့။ မိုးရာသီ
လွတ်တဲ့အချိန်ပေါ့ဗျာ။”
လက်ရှိအချိန်မှာတော့ မဲဆန္ဒနယ် ဘယ်နှစ်နေရာ လစ်လပ်နေတယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြားဖြတ်ရွေးကောက်ပွဲတွေ
ကျင်းပမယ်ဆိုရင် နိုင်ငံရေးပါတီ တရပ်အနေနဲ့ ရွေးကောက်ပွဲ ၀င်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ တသီးပုဂ္ဂလ
ကိုယ်စားလှယ်အဖြစ် မြို့တော်ဝန် ဦးအောင်သိန်းလင်းနဲ့ အပြိုင် ၀င်အရွေးခံခဲ့တဲ့ ကိုကောင်းမြင့်ထွဋ်က ပြောပါတယ်။ အရင်ရွေးကောက်ပွဲတုန်းက
မဲဆွယ်စည်းရုံးရေးဆိုင်ရာ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ကြုံတွေ့ခဲ့ရတာတွေပေါ်မှာ သင်ခန်းစာ ယူနိုင်ရေး ပြောဆိုနိုင်မယ်လို့ မျှော်လင့်ထားကြောင်း
ကိုကောင်းမြင့်ထွဋ်က ဆိုပါတယ်။
“အဲဒါကတော့ တိုင်းပြည်ကို ပါတီစုံ ဒီမိုကရေစီစနစ် အနေနဲ့ သွားချင်တယ်ဆိုရင် အမှန်တကယ် ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်တဲ့ သူတွေကို
တိုင်းပြည်အုပ်ချုပ်ရေး ကိစ္စတွေမှာလည်း ပါဝင်နိုင်ခွင့် ပေးဖို့ရာအတွက် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရကိုယ်တိုင်က
နားလည်သဘောပေါက်ပြီး လုပ်ခွင့်ပေးစေချင်တယ်လို့ ကျနော်က ပြောမှာပါ။”
၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲတွေမှာ ပြည်ခိုင်ဖြိုးပါတီဟာ နည်းလမ်းမမှန်မကန် ရယူထားတဲ့ ကြိုတင်မဲတွေနဲ့ မတရား အနိုင်ယူသွားတယ်ဆိုတဲ့
စွပ်စွဲချက်တွေက ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်ထားပါတယ်။ အဲဒီလို ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေမှာ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်က
ပါဝင်ပတ်သက်တာတွေ ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့အတူ သီးခြား လွတ်လပ်တဲ့ အစီရင်ခံစာတွေလည်း ထွက်ထားပါတယ်။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်တိုင်နဲ့
ရွေးကောက်ပွဲ ကော်မရှင်တို့ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါတီကြီးတရပ် အနေနဲ့ ၀င်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေကတော့ သိပ်ထူးလာမယ် မထင်တဲ့အတွက်
ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ လောလောဆယ် စဉ်းစားမထားဘူးလို့ ဆိုပါတယ်။
“ကျနော်တို့တော့ မစဉ်းစားဘူးဗျ။ အခုထက်ထိတော့ စဉ်းစားထားတာ မရှိသေးဘူး။ ကျနော်တို့က သိပ်တော့ မထူးဘူးဆိုပြီး မစဉ်းစားတာပါ၊ စိတ်မပါလို့။
ထူးထူးခြားခြားလည်း ရှိမှာမဟုတ်ဘူး၊ ဒီအတိုင်းပဲဆိုတော့ ကျနော်တို့က အဲဒါ ၀င်ဖို့ မစဉ်းစားသေးဘူးပေါ့ဗျာ။ ဒါပေမဲ့ အခြေအနေကတော့
ဘာမှန်းမသိသေးဘူးလေ။ အခြေအနေတွေကလည်း ဘာမှန်း မသိသေးဘူးဆိုတော့ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာတဲ့ အပေါ်မှာ စဉ်းစားမယ်ဆိုတဲ့
အဓိပ္ပာယ်ပါပဲ။”
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေ ခွဲထွက်ပြီး ရွေးကောက်ပွဲဝင်ဖို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ
ထူထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တဦးဖြစ်သူ ဦးခင်မောင်ဆွေကတော့ ဘယ်မဲဆန္ဒနယ်မြေတွေမှာ လစ်လပ်မယ်ဆိုတာ သေချာမသိရသေးတဲ့အတွက်
အပြည့်အ၀ မဆုံးဖြတ်ရသေးပေမဲ့ ရွေးကောက်ပွဲကို ၀င်မယ်လို့တော့ မူအားဖြင့် ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေဟာ မျှတပါမယ်၊ မမျှတပါဘူးဆိုတာ ကြိုပြီးပြောဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းနဲ့ ၂၀၁၀ ပြည့်နှစ်၊
နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလိုပဲ ဘယ်လောက်ထိများ ထပ်ပြီးတော့ လုပ်ကြဦးမယ် ဆိုတာကတော့ ငွေရောင်ပိတ်ကားပေါ်မှာ
စောင့်ကြည့်ကြရမှာပါလို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
မတ်လ ၁၄ ရက်နေ့ လွှတ်တော်အစည်းအဝေးတွေမှာ အရင်ရက်တွေမှာလိုပဲ မေးခွန်း မေးတာတွေ၊ ပြန်လည် ဖြေဆိုတာတွေ၊ အဆိုတင်သွင်းတာတွေ၊ အဆိုကို
ပြန်ရုပ်သိမ်းတာတွေနဲ့ ပုံမှန်ပြီးဆုံးခဲ့တယ်လို့ အစည်းအဝေးတက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံရေးပါတီတချို့ တိုက်တွန်း
By နော်ရှိုး တနင်္လာ, 14 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်

Digg

Facebook

StumbleUpon

Yahoo! Buzz

del.icio.us

ဥရောပသမဂ္ဂ (EU) ရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ မူတွေဟာ မြန်မာပြည်သူအများ ရသင့်ရထိုက်တဲ့ စီးပွားရေးနဲ့ တခြား
အကူအညီ၊ အခွင့်အလမ်းတွေကို ကန့်သတ်ထားသလို ဖြစ်နေတယ်ဆိုပြီး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ ပြည်တွင်းက ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၀
ခုက EU ခေါင်းဆောင်တွေဆီ အိတ်ဖွင့်စာရေးပြီး တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့
ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒတွေ ချမှတ်နိုင်ဖို့ အတွက်လည်း လွှတ်တော်အတွင်းက ဥပဒေမူကြမ်းတွေ အဆိုတင်သွင်းပြီးတော့ အားထုတ်
ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။
ဒီမိုကရေစီ မိတ်ဆွေများပါတီလို့ နာမည်ပေးထားတဲ့ ပြည်တွင်းက ရွေးကောက်ပွဲဝင်ခဲ့ပြီး အမတ်နေရာတချို့ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီ ၁၀ ခုကြား မဟာမိတ်ပုံစံမျိုး
ဖွဲ့ထားတဲ့ အဖွဲ့က ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တွေ့ဆုံခဲ့ကြပြီး ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့မူကို ရုပ်သိမ်းပေးဖို့နဲ့အတူ
မြန်မာနိုင်ငံရဲ့ လူမှုရေး ကဏ္ဍတွေမှာ အကူအညီတွေ ထပ်တိုးပေးဖို့ ဥရောပ ခေါင်းဆောင်တွေဆီ အိတ်ဖွင့်စာပေးပို့ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီပါတီ ၁၀ ခုကတော့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ၀ံသာနု NLD၊ ဒီမိုကရေစီနဲ့
ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့
ဖြစ်ကြပါတယ်။
ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ အစိုးရကို ပစ်မှတ်ထားတယ် ဆိုပေမဲ့ ပြည်သူတွေ ထိခိုက်နေတာကြောင့် အခု ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် လက်ရှိ
ချမှတ်ကျင့်သုံးနေတဲ့ မူကို ပြန်လည်သုံးသပ်နေတဲ့ အချိန်နဲ့ ကိုက်ပြီး အခုလို အိတ်ဖွင့်စာ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့
ဦးခင်မောင်ဆွေက ဗွီအိုအေကို ပြောပါတယ်။
“Sanction after Sanction ဟာ ပြည်သူတွေအတွက် အကျိုးမရှိပါဘူး။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးကြောင့် ပိတ်ဆို့ထားတယ်ဆိုရင် လူ့အခွင့်အရေးနဲ့
ဒီမိုကရေစီ အရေးဟာ ဘယ်တော့ရမလဲ ဆိုတာကို ဘယ်သူမှ အပ်ချမတ်ချ မပြောနိုင်ပါဘူး။ အဲတော့ ဒဏ်ခံရမှာကတော့ မြေစာပင်ဖြစ်တဲ့ ပြည်သူတွေပဲ ဖြစ်တာမို့
သက်ဆိုင်ရာပါတီ ၁၀ ပါတီစလုံးက သူတို့လည်း ဒီလို ခံစား သိရှိတဲ့အတွက်ကြောင့် အခုလို စုပေါင်းပြီး ရေးရခြင်း ဖြစ်ပါတယ်။”
ဒါပေမဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းလိုက်ရင် မြန်မာပြည်သူတွေအတွက် ရေတို ရေရှည်မှာ ဘယ်လိုမျိုး အကျိုးခံစားခွင့်တွေ ရနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့
ဦးခင်မောင်ဆွေက အခုလို ဖြေကြားပါတယ်။
“ပိတ်ဆို့မှုတွေကို ဖွင့်လိုက်မယ်ဆိုရင် မြန်မာပြည်သူတွေမှာ ချက်ချင်း လက်ငင်းကြီး အကျိုးရသွားမလားဆိုတော့ အဲဒီလို မျှော်လင့်ချက်မျိုး မဟုတ်ပါဘူး။
ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်ဆိုရင် စီးပွားရေး အခွင့်အလမ်းတွေ ပေါလာမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ ပိတ်ဆို့မှုတွေကြောင့် တိုက်ရိုက်မဟုတ်ရင်တောင်
သွယ်ဝိုက် အကျိုးသက်ရောက်ပြီး ဥပမာ ဂီရိတို့၊ ဆိုင်ကလုန်း နာဂစ်တို့ ဖြစ်ခဲ့တုန်းက ရတဲ့အလှူငွေတွေဟာ တခြားနိုင်ငံနဲ့ ယှဉ်မယ်ဆိုရင် အများကြီးကို Sanction
ပိတ်ဆို့မှုကြောင့် နည်းပါးပြီး ရတာကို သိရပါတယ်။
“ဒါ့အပြင် ODA ဆိုတဲ့ Oversea Development Assistance တွေ မရတဲ့အခါမှာ နိုင်ငံတော် စီးပွားရေး အခွင့်အလမ်းတွေ တက်လာဖို့၊ လူတွေ တဦးချင်းရဲ့
အလားအလာတွေကို ထိခိုက်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။”
တဘက်မှာလည်း မြန်မာနိုင်ငံမှာ စီးပွားရေး ချွတ်ခြုံကျရတာတွေဟာ ပိတ်ဆို့ဒဏ်ခတ်မှုထက် စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းလို့၊ တရားဥပဒေ စိုးမိုးမှုအပေါ်
အခြေမခံဘဲ စစ်တပ်နဲ့ သူတို့နဲ့ နီးစပ်သူတွေက စီးပွားရေးလုပ်ငန်းတွေ အားလုံးလိုလို လက်ဝါးကြီးအုပ်တဲ့ အတွက်ကြောင့် ဆိုပြီး ကျွမ်းကျင်သူ အများက
ထောက်ပြကြပါတယ်။ ဒါကြောင့် ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းရေးအပြင် မြန်မာနိုင်ငံ စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံရေးပါတီတွေ အနေနဲ့ ဘယ်လိုများ
လုပ်ဆောင်မှုတွေ ရှိနေပါသလဲ။ NDF ပါတီကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စီးပွားရေး မူဝါဒတွေ
ချမှတ်နိုင်ဖို့ လွှတ်တော်တွင်းကနေ ဥပဒေမူကြမ်းတွေ အဆိုတင်သွင်းဖို့ ကြိုးစားနေတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
“စီးပွားရေး ပိတ်ဆို့မှု တခုတည်းကြောင့် မတိုးတက်တာလား ဆိုရင်တော့ မဟုတ်ပါဘူး။ စီးပွားရေး ပိတ်ဆို့မှုက အကြောင်းအချက်တွေထဲက တချက် ဖြစ်ပါတယ်။
တဘက်မှာ စီးပွားရေး ပိတ်ဆို့မှုတွေ ဖွင့်ဖို့ တောင်းဆိုသလို တဘက်မှာလည်း ကျနော်တို့က လွှတ်တော်ထဲမှာ ရှိနေတဲ့ ကိုယ်စားလှယ်တော်တွေက နေပြီးတော့
အများပါဝင်တဲ့ စီးပွားရေးဖြစ်အောင် Competition Law ပေါ့၊ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့် ဥပဒေကိုလည်း ကျနော်တို့ တင်သွင်းထားပါတယ်။
“ကျနော်တို့ပါတီက လယ်ယာကဏ္ဍမှာ စိုက်ပျိုးစရိတ်တွေ မလောက်ငတဲ့ ဟာတွေကို တိုးမြှင့်ပေးဖို့ဆိုတဲ့ အဆိုပြုချက်ကို ဒီနေ့ပဲ တင်ပြီထင်ပါတယ်။ အဲဒီလိုပဲ
ကျန်တဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပိုမိုပွင့်လင်းလာတဲ့ စီးပွားရေးနဲ့ မိတ်ဘက်ဖြစ်မယ့် ဥပဒေတွေ သိဖို့လည်း အဆိုပြုချက်တွေ တင်သွင်းသွားဖို့
ရှိပါသေးတယ်။”
NDF ပါတီက ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း အထင်ကရ နိုင်ငံတကာ သုတေသန အဖွဲ့ကြီးတခုဖြစ်တဲ့ ICG အဖွဲ့ကလည်း အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံကို
စီးပွားရေးအရ ဆက်လက် ပိတ်ဆို့ ဒဏ်ခတ် အရေးယူထားမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ဖို့အတွက်
မက်လုံးရှိမှာ မဟုတ်ဘူးဆိုပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့ အဆိုပြုထားပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့လ အတွင်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခြေအနေတွေမှာ သိသာတဲ့
တိုးတက်ပြောင်းလဲမှု မရှိသေးတာကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိဖို့ ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့တာ
ဖြစ်ပါတယ်။
အခုလောလောဆယ် မြန်မာနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ EU ဥရောပသမဂ္ဂ၊ နယူးဇီလန်၊ သြစတြေးလျနဲ့
ကနေဒါနိုင်ငံတို့ ဖြစ်ပါတယ်။

နျူကလီးယား စက်ရုံတွေ မပျက်စီးရေး ဂျပန် အပူတပြင်း ကြိုးပမ်း
By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 14 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်

Digg

Facebook

StumbleUpon

Yahoo! Buzz

del.icio.us

မြေငလျင်ဒဏ် ခံထားရတဲ့ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းက ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံကြီး ပေါက်ကွဲသွားနိုင်တဲ့ အခြေအနေ
ဖြစ်နေတာကြောင့် စက်ရုံထဲက ဓာတ်ပေါင်းဖို ၃ ခုကို အချိန်မီ ထိန်းချုပ်နိုင်ဖို့အတွက် တာဝန်ရှိသူတွေ အပြင်းအထန် ကြိုးစားနေကြပါတယ်။
ဓာတ်အားပေးစက်ရုံရဲ့ အအေးခံစနစ် ပျက်စီးသွားခဲ့ပြီးနောက် ဒီနေ့ အမှတ် ၃ ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး ခေါင်မိုးတွေ၊ အပြင်ဘက် နံရံတွေ ပျက်စီးသွားပါတယ်။
ဒုတိယ ဓာတ်ပေါင်းဖိုမှာလည်း အပူလွန် လောင်စာချောင်းတွေ အရေပျော်မသွားအောင် ပင်လယ်ရေကို အသုံးပြုပြီး အင်ဂျင်နီယာတွေ ကြိုးစား
ဆောင်ရွက်နေကြပါတယ်။ အဲဒီ အမှတ် ၂ ဓာတ်ပေါင်းဖိုမှာ အပူထိန်း ကိရိယာတွေ အားလုံး အငွေ့ပျံသွားတဲ့အတွက် လောင်စာချောင်းတွေ ပေါ်လာပြီး
ပျော်ကျနိုင်တဲ့ အခြေအနေ ရောက်မှာကို ငြင်းလို့မရဘူးလို့ စက်ရုံလည်ပတ်နေတဲ့ Tokyo Electric ဓာတ်အားပေး ကုမ္ပဏီက NHK သတင်းဌာနကို ပြောပါတယ်။
ပင်လယ်ရေသုံးပြီး အပူမလွန်ကဲလာအောင် ကြိုးစား ဆောင်ရွက်မှုက အခြေအနေကို ထိန်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဂျပန်အစိုးရ ပြောခွင့်ရသူက
ပြောပါတယ်။
ဖူကူရှီးမားစက်ရုံအပြင် တခြား အန္တရာယ်ရှိနိုင်တဲ့ စက်ရုံတွေနားမှာ နေထိုင်နေကြသူ ၂၀၀,၀၀၀ နီးပါးကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးထားပါတယ်။
နျူကလီးယားအရေး စိုးရိမ်မှုဘက်ကို အာရုံစိုက်နေကြချိန်မှာ ငလျင်နဲ့ ဆူနာမီ ဒီလှိုင်းကြီးတွေရဲ့ဒဏ်ကြောင့် အစားအသောက်နဲ့ အပူပေးစနစ် မရှိဘဲ ၎
ညမြောက်ရက်ကို ကျော်လွန်ကြဖို့ ရင်ဆိုင်နေကြတဲ့ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အတွက်ကိုလည်း ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို
ဆောင်ရွက်နေကြပါတယ်။ သေဆုံးသူ စုစုပေါင်း ၁၀,၀၀၀ ကျော်လိမ့်မယ် ဆိုပြီးတော့လည်း မျှော်လင့်ထားကြပါတယ်။
ဘာရိန်းအစိုးရကူဖို့ ဆော်ဒီတပ်တွေ စေလွှတ်
By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 14 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်

Digg

Facebook

StumbleUpon

Yahoo! Buzz

del.icio.us

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ထဲက ဘာရိန်းမှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးနောက် အုပ်ချုပ်နေတဲ့ အစိုးရရဲ့ လုံခြုံရေး တိုးမြှင့်ဖို့အတွက်
ဆော်ဒီအာရေးဗီးယားက စစ်သား ၁,၀၀၀ လောက် ဘာရိန်းထဲကို ရောက်သွားပြီလို့ ဆော်ဒီအာရေးဗီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
အစီး ၂၀၀ လောက်ရှိတဲ့ ဆော်ဒီ စစ်ယာဉ်တန်းကြီး ၂ နိုင်ငံ ဆက်ထားတဲ့ နေရာနားမှာ ဖြတ်ကျော်သွားတာကို တွေ့ရတယ်လို့ မျက်မြင်တွေက ရိုက်တာစ်
သတင်းဌာနကို ပြောပါတယ်။
အခုလိုမျိုး ဆော်ဒီအာရေးဗီးယားရဲ့ လုပ်ရပ်ဟာ နိုင်ငံကို ၀င်ရောက် သိမ်းပိုက်တာလို့ ပြောပြီးတော့ ဘာရိန်း အတိုက်အခံတွေက ကြေညာချက်ထုတ်ပြန်
ကန့်ကွက်ပါတယ်။
၆ နိုင်ငံပါဝင်တဲ့ ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီရဲ့ ဒေသတွင်း တပ်တွေရဲ့ ဆောင်ရွက်မှု တစိတ်တပိုင်းဖြစ်တယ် ဆိုပြီးတော့
ဆော်ဒီအာရေးဗီးယား တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ဘာရိန်းအစိုးရဘက်ကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။
အစောပိုင်းတုန်းကတော့ အစိုးရ လိုလားတဲ့ ဘာရိန်းနိုင်ငံက အမတ်တွေက စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
ရှီးယိုက်လူမျိုး အများစုနေထိုင်တဲ့ ဘာရိန်းမှာ ဆွန်နီအစိုးရ အနေနဲ့ နိုင်ငံရေးထဲမှာ ရှီးယိုက်တွေကို ပိုပြီးတော့ ပါဝင်ခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေ
ဖြစ်ခဲ့ပြီးနောက်မှာ အခုလို စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းဖို့အတွက် ဘာရိန်းက အမတ်တချို့က တိုက်တွန်းနေတာ ဖြစ်ပါတယ်။
ဂျပန် နျူကလီးယား စိုးရိမ်မှုကြောင့် ၂၀၀,၀၀၀ နီးပါး ဘေးလွတ်ရာ တိမ်းရှောင်
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 13 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်

Digg

Facebook

StumbleUpon

Yahoo! Buzz

del.icio.us

ဂျပန်နိုင်ငံက နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ ပျက်စီးမှုကြောင့် ရေဒီယို သတ္တိကြွဓာတ်တွေ ပျံ့နှံ့မှာကို စိုးရိမ်ကြတဲ့ ဂျပန်နိုင်ငံသား ၁၇၀,၀၀၀ ကျော်ဟာ
သူတို့အိုးအိမ်တွေကို စွန့်ခွာ ထွက်သွားနေကြပါတယ်။
နျူကလီးယား ဓာတ်အားပေးစက်ရုံ တရုံနားက ဖူတာဘေးမြို့လေးမှာ နေထိုင်သူတွေ ဝေးရာကို ရွှေ့ပြောင်းနေကြချိန်မှာပဲ ဓာတ်ရောင်ခြည် အဆိပ်သင့်ခဲ့သူ
ဒါဇင်နဲ့ချီပြီး ရှိနေတယ်လို့ ဒေသ တာဝန်ခံတွေက ပြောပါတယ်။ ရာနဲ့ချီတဲ့ ဒေသခံတွေကို ဓာတ်ရောင်ခြည် အဆိပ်သင့်မသင့် စစ်ဆေးပေးနေပါတယ်။
သောကြာနေ့က ငလျင်ကြီးနဲ့အတူ ဆက်တိုက်လှုပ်ခတ်ခဲ့တဲ့ ဆင့်ကဲ ငလျင်ဒဏ်တွေကြောင့် အဏုမြူ ဓာတ်ပေါင်းဖိုတွေက အအေးပေးစက်တွေ ချို့ယွင်းခဲ့ပြီး
တက်လာတဲ့ အပူချိန် ကျစေဖို့ စက်ရုံတာဝန်ခံတွေ ကသုတ်ကရက် ကြိုးပမ်းခဲ့ကြရပါတယ်။ အပူရှိန်ကြောင့် တက်လာတဲ့ ဓာတ်ပေါင်းဖိုတွေက ဖိအားတွေ
ကျလာစေဖို့ ပင်လယ်ရေသွင်းပြီး အေးအောင် လုပ်ခဲ့ကြရပါတယ်။
အခုလို ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ ပျံ့နှံ့မှာ စိုးရိမ်နေရသလို ဂျပန်နိုင်ငံ အရှေ့ဘက်တလွှားမှာရှိတဲ့ အခြား လျှပ်စစ်ဓာတ်အားပေး
ဓာတ်ပေါင်းဖိုတွေကိုလည်း ပိတ်ထားရမယ့် အခြေအနေ ရှိနေပါတယ်။ လျှပ်စစ်ဓာတ် မလောက်ငမှုကြောင့် မီးဖြတ်ဖို့ ရှိတယ်လို့လည်း လျှပ်စစ်ဓာတ်အားပေး
ကုမ္ပဏီတွေက သတိပေးကြပါတယ်။
ဂျပန်နိုင်ငံမှာ အခုကြုံတွေ့ခဲ့ရတဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ ကျော်သွားပြီ ဖြစ်သလို သန်းနဲ့ချီတဲ့ လူထုဟာလည်း ရေနဲ့
အစားအသောက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အခုကြုံတွေ့ခဲ့ရတဲ့ ငလျင်တွေနဲ့ ဆက်တိုက်ကြုံရတဲ့ ဆူနာမီ ရေလှိုင်းတွေရဲ့ဒဏ်ကို ခံခဲ့ကြရတဲ့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တဲ့နောက်ပိုင်း
အကြီးမားဆုံး စိန်ခေါ်မှုတရပ်ကို ရင်ဆိုင်နေရကြောင်း ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန် (Naoto Kan) က နိုင်ငံတော် ရုပ်သံကနေ ကြေညာပါတယ်။
ဒုက္ခသည်စခန်းတွေမှာ နေနေရတဲ့ သူတွေအတွက် တတိယနေ့အဖြစ် ရုတ်တရက် ထိုးကျသွားတဲ့ အအေးဒဏ်ကိုလည်း ခံစားနေကြပါတယ်။
အလုပ်သမား အခွင့်အရေး၊ ရပိုင်ခွင့်များအကြောင်း တစေ့တစောင်း
By ဦးသန်းလွင်ထွန်း တနင်္ဂနွေ, 13 မတ် 2011

ထပ်ဆင့် ဖြန့်ဝေရန်

Digg

Facebook

StumbleUpon

Yahoo! Buzz

del.icio.us

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ရန်ကုန်မြို့ နေ အလုပ်သမားအခွင့်အရေးဆိုင်ရာ အကြံပေး ရှေ့ နေ ဦးပိုးဖြူ ကို မြန်မာ့အလုပ်သမားများ
အခွင့်အရေး၊ အခြေအနေများကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ရန်ကုန် လှိုင်သာယာ စက်မှုစက်ရုံထဲက တိုင်ယီ (Taiyi) ဖိနပ်စက်ရုံမှာ အလုပ်သမား တစ်ထောင်ကျော်က သူတို့ရဲ့  လုပ်ခလစာတွေ
တိုးမြှင့်ပေးရေး နဲ့ အလုပ်ချိန်ပုံမှန် သတ်မှတ်ပေးရေး၊ အတင်းအဓမ္မ ခိုင်းတဲ့ကိစ္စတွေ ပပျောက်ရေး စတာတွေအတွက် မတ်လ (၈) ရက်နေ့မှာ စတင်
ဆန္ဒပြခဲ့ကြပါတယ်။ အာဏာပိုင်တွေက ဆန္ဒပြကြတဲ့ စက်ရုံတဝိုက် အသွားအလာတွေကို ပိတ်ထားတဲ့အပြင်၊ ဆန္ဒပြသူတွေနဲ့ ပြင်ပက ဥပဒေအကြောင်း
ကူညီပေးလိုတဲ့ အဖွဲ့အစည်းတွေကြား ဆက်သွယ်ခွင့် မပေးတာကြောင့် လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ တကယ်တမ်းမှာတော့
မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ အခုလိုကိစ္စမျိုးတွေမှာ အလုပ်သမားသမဂ္ဂတွေမှတဆင့် စုပေါင်းတောင်းဆို ညှိနှိုင်းပိုင်ခွင့်တွေ ရှိသင့်တယ်လို့ ရန်ကုန်မြို့ မှ
အလုပ်သမားရပိုင်ခွင့် ဥပဒေအကြံပေးရှေ့ နေ ဦးပိုးဖြူ က ဗွီအိုအေကို ပြောပြပါတယ်။
ဦးပိုးဖြူ ။ ။ တိုင်ယီကုမ္မဏီ အလုပ်သမားတွေ လုပ်ခလစာကိစ္စတွေအတွက် ဆန္ဒပြကြတယ်လို့ ကျနော် သိရပါတယ်။ ဒါပေမဲ့ သူတို့အလုပ်သမားတွေနဲ့ ကျနော်တို့
အလုပ်သမားကူညီရေးတွေ မတွေ့ဖြစ်အောင် ခြားထားတယ်။ မဆုံဖြစ်အောင် တားမြစ်ထားတာတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ မဆုံဖြစ်၊ မတွေ့ဖြစ်
မရခဲ့ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ အခုလိုဖြစ်တဲ့ လှိုင်သာယာ စက်မှုဇုံ တိုင်ယီ ဖိနပ်စက်ရုံက အလုပ်သမားတွေကိစ္စက ဒီ ရန်ကုန်တိုင်း အလုပ်သမားရေးရာ ညွှန်ချုပ်ကိုယ်တိုင်
လာရောက်ဖြေရှင်းပေးတယ်လို့ ကြားတယ်။ သောကြာနေ့အထိ နောက်ဆုံးအခြေအနေ ဘယ်လိုကြားရပါသလဲ။
ဦးပိုးဖြူ ။ ။ လတ်တလော အခြေအနေမှာတော့ ဒီဟာကို စောင့်ကြည့်ဖို့။ နောက်တခါကြတော့ အလုပ်ရှင်တွေဖက်ကလည်း ပြောင်းလဲလာတာမျိုး၊
အလုပ်သမားတွေဖက်ကလည်း စောင့်ကြည့်နိုင်တာမျိုး ဖြစ်ဖို့ဆိုတာမျိုးလောက်တော့ ညှိနှိုင်းဆွေးနွေးပြီးတာမျိုး ရှိတယ်လို့ ကြားသိရပါတယ်။ ကျနော်တို့ကိုယ်တိုင်
တင်သွင်းတဲ့ ဖြေရှင်းမှုမျိုးတွေမှာလည်း အဲဒီအတိုင်းပါပဲ။ ဖြေရှင်းပေးတယ်၊ နှစ်ဖက်ခေါ်ယူ ညှိနှိုင်းပေးတာမျိုးတွေ လုပ်ပေးတယ်။ သို့သော်ငြားလည်း ချက်ချင်း
ပြေလည်သွားတာမျိုး၊ တောင်းဆိုတာတွေ အပြည့်အဝရရှိသွားတာမျိုး ကျနော်တို့ မရရှိဘူး။ ညှိနှိုင်းဆွေးနွေးတဲ့ထဲက တဝိုက်ကျော်ကျော်လောက် အောင်မြင်တယ်၊
တဝိုက်ကျော်ကျော်လောက် ရတယ်ဆိုရင်ပဲ တော်တော်ကို ဟုတ်နေပြီ။ ဒါပြီးတော့လည်း အလုပ်ရှင်တွေက ပြန်ပြီတော့ အလုပ်သမားတွေရဲ့  အခွင့်အရေးတွေကို
ပြန်ချိုးဖောက်တာပါပဲ။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ဦးပိုဖြူက ကျနော်တို့လို့ ပြောပါတယ်။ ကျနော်တို့ဆိုတာက ဘယ်လိုအဖွဲ့အစည်းမျိုးကို ဆိုလိုတာလဲ။ အခု သပိတ်မှောက်နေတဲ့
အလုပ်သမားတွေရဲ့  ကိုယ်စားပြုအဖွဲ့အစည်းကို ပြောတာလား။
ဦးပိုးဖြူ ။ ။ အဲဒီလိုမျိုး မဟုတ်ပါဘူး။ ကျနော်တို့ဆိုတာက အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းနေတဲ့ သူငယ်ချင်း အသိုင်းအဝိုင်းတွေ၊
အလုပ်သမားအခွင့်အရေး တက်ကြွဆောင်ရွက်နေသူ၊ အလုပ်သမားဥပဒေကို ဝိုင်းဝန်းပြီးတော့ ဆွေးနွေးအကြံပြုနေတဲ့ ဥပဒေပညာရှင်အသိုင်းအဝိုင်းတွေကို
ဆိုလိုတာပါ။
ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ အလုပ်သမားတွေ ဆန္ဒပြနေတဲ့နေရာမှာ သူတို့ကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းရယ်လို့ မရှိဘူးလား။ ဒါဆိုလို့ရှိရင် သူတို့အနေနဲ့
သူတို့ရဲ့ အရေးကိစ္စကို သမဂ္ဂတွေရဲ့  ကိုယ်စားပြုမှုမရှိဘဲနဲ့ ဒီလိုပဲ လက်တွေ့ကျကျ ရင်ဆိုင်နေရတယ်ဆိုတဲ့ သဘောလား။
ဦးပိုးဖြူ ။ ။ ဟုတ်ပါတယ်။ အဲဒါ အမှန်ပါပဲ။ အဲဒီမှာ သူတို့တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြ လေ့ကျင့်ပေးထားတာမျိုး၊ စုစည်းထားတဲ့ အဖွဲ့အစည်းမျိုး သူတို့မှာ
တကယ် မရှိပါဘူး။ ဒီဟာနဲ့ ပတ်သက်ပြီး ဦးဆောင်တဲ့၊ ဝိုင်းဝန်းအကြံပေး ဆွေးနွေးတဲ့၊ ဒါမှမဟုတ် အဓိကအချက်ကို ဦးဆောင်ပြီး တင်ပြတဲ့လူတော့ ရှိတယ်လို့
သိရတယ်။ သို့သော်ငြားလည်း အဲဒီလူနဲ့ ကျနော်တို့ တွေ့ခွင့်မရခဲ့ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ သူတို့အနေနဲ့ကတော့ ပထမဦးဆုံး အတွေ့အကြုံတော့ မဟုတ်ဘူးလို့ ကျနော်တို့ ကြားသိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်ပိုင်းတုန်းက
ဆိုလို့ရှိရင်လည်း အလားတူဆန္ဒပြပွဲတွေ ဖြစ်ပြီးတော့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ အထိုက်အလောက် ပြေလည်မှု ရခဲ့ဘူးတယ်လို့ ကြားရပါတယ်။ အခု
ထပ်ပြီးဆန္ဒပြကြရတဲ့ အကြောင်းအရင်းက ဘာလို့၊ ဘယ်လိုဖြစ်လို့ဆိုတဲ့ အကြောင်းအရင်းကို ကြားရပါသလဲ။
ဦးပိုးဖြူ ။ ။ ထပ်ပြီးတော့ ဆန္ဒပြကြရတဲ့ အကြောင်းအရာတွေကတော့ လုပ်ခလစာတွေနည်းတယ်၊ လုပ်ခလစာတွေထဲကနေ ဖြတ်တောက်ပြစ်တယ်။ ယခင်
သဘောတူညီထားတဲ့ သဘောတူညီချက်တွေကို လိုက်နာခြင်းမရှိဘူး။ နောက် အလုပ်ချိန်တွေကို တိုးမြှင့်ပြီးခိုင်းတယ်။ တကယ်နားရမယ့် တပတ်တရက်
နားရမှာကိုလည်း အသိအမှတ်မပြုဘူး။ ဒါကြောင့်မို့ ဒီလိုဖြစ်ရတာ၊ ဒါကြောင့်မို့ ကျနော်ဖက်က အလုပ်သမားဥပဒေ ရှုထောင့်ကို တချက်တော့ ပြောပါရစေ အလုပ်သမားတွေက တဦးတယောက်ချင်း တင်ပြနေ၊ ဆွေးနွေးနေရတဲ့ အခြေအနေမျိုးကို ရောက်နေတယ်။ တကယ်တမ်း သူတို့တဦးချင်းဆီ တယောက်ချင်းဆီ
တင်ပြတဲ့အခါကြတော့ အညိုးအတေး နဲ့ အလုပ်ရှင်ဖက်က တေးမှတ်ထားတဲ့ကိစ္စရပ်တွေ၊ ခွဲခြားဆက်ဆံခံရတဲ့ကိစ္စရပ်တွေကို ကြုံတွေ့နေရတယ်။ တကယ်ညှိနှိုင်း
ဆွေးနွေးညှိနှိုင်းဆွေးနွေးပေးတဲ့ အရာရှိတွေဖက်ကလည်း ရေရှည်မှာ စိတ်မရှည်ရတော့တဲ့ကိစ္စရပ်တွေကို မြင်တွေ့နေရတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေ
လုပ်ပေးပါတယ်။ ဒါပေမဲ့ ရေရှည်မှာ စိတ်မရှည်မှုတွေ ဖြစ်ပေါ်နေတယ်။ ဒီအခါမှာ အလုပ်သမားတွေရဲ့  စုပေါင်းဆွေးနွေးပြီးတော့ တောင်းဆိုခွင့်။
စုပေါင်းညှိနှိုင်းပြီးတော့ တောင်းဆိုခွင့် အခွင့်အရေးဆုံးရှုံးနေတယ်။ တနည်းအားဖြင့် Collective Bargaining Right ဆုံးရှုံးနေတယ်။ ILO ရဲ့  အပြည်ပြည်ဆိုင်ရာ
သဘောတူစာချုပ်အမှတ် (၁၁၁) ဆိုတဲ့ စုပေါင်းညှိနှိုင်းဆုံးဖြတ်ခွင့်၊ စုပေါင်းညှိနှိုင်းပြီးတော့ တောင်းဆိုခွင့်တွေ ဆုံးရှုံးနေသမျှ ကာလပတ်လုံး ဒီဆန္ဒပြပွဲတွေနဲ့
တောင်းဆိုမှုတွေ၊ မကျေနပ်မှုတွေက ဆက်လက်ရှိနေအုန်းမယ်။ ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအနေနဲ့က အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်
အမှတ် (၁၁၁) – Right to Collective Bargaining ဆိုတဲ့အချက်ကို အသိအမှတ်ပြုဖို့၊ လက်မှတ်ရေးထိုးဖို့ လွှတ်တော်ကနေ ဒါကို အသိအမှတ်ပြုဖို့ တင်သွင်းဖို့၊
အစိုးရကနေ လက်မှတ်ရေးထိုး အတည်ပြုပြီးတဲ့နောက်မှာ ဥပဒေအဖြစ်နဲ့ ပြဋ္ဌာန်းဖို့ လိုအပ်တယ်။ ဒါအပြင်ကို စုပေါင်းဆုံးဖြတ်ခွင့်နဲ့ဆိုင်တဲ့ Collective Bargaining
Right Convention 98 ကိုလည်း လက်မှတ်ရေးထိုး အတည်ပြုပြီးတော့ ဥပဒေအဖြစ်နဲ့ ပြဋ္ဌာန်းရေးဆွဲဖို့ လိုအပ်တယ်။ ဒီလို Convention 98 နဲ့ Convention 111
ကို အတည်ပြုပြီး အကောင်အထည်ဖော်မှ ပြည်သူတွေ၊ အလုပ်သမားတွေ၊ လုပ်သားပြည်သူတွေဟာ သက်သာချောင်ချိမှုတွေ။ သူတို့ကိုယ်တိုင်
ဥပဒေနည်းလမ်းတကျ ဆောင်ရွက်နိုင်တဲ့ ဖြေရှင်းနိုင်တဲ့ အနေမျိုးကို ရောက်ရှိမယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် ~ ကိစ္စရပ်တွေက တခုချင်းဆီဖြစ်လိုက်၊ တိုင်းဦးစီးက
သွားလိုက်၊ တနေရာမှာ ဆန္ဒပြလိုက် တိုင်းဦးစီးကသွားလိုက် ပြဿနာရပ်တွေပေါင်းစုံလိုက်၊ ပြဿနာပေါင်းစုံက တနေရာချင်းစီထွက်ပွက်လိုက် - ဒါတွေကိုပဲ
ကြုံတွေ့နေရမယ်။ တကယ်တမ်း ဥပဒေပြုဋ္ဌာန်းရေးက ပြောင်းလဲလာမှ နိုင်ငံတကာ စံချိန်စံနှုန်း၊ အလုပ်သမား ဥပဒေစံချိန်စံနှုန်းတွေနဲ့ ညီညွှတ်တဲ့
ဥပဒေပြဋ္ဌာန်းချက်တွေကို ပြည်တွင်းဥပဒေအတွင်းမှာ လတ်တလော အမြန်အဆန်ကို ပြဋ္ဌာန်းပေးနိုင်မှသာလျှင် ဒီကိစ္စတွေ ပြေလည်လာလိမ့်မယ်။
ဦးသန်းလွင်ထွန်း ။ ။ အရင် မဆလ - ဆိုရှယ်လစ်ခေတ်တုန်းကမှာ အလုပ်သမားအစည်းအရုံးဆိုတာ ရှိခဲ့တယ်။ အခုလောလောဆယ်က
အလုပ်သမားတွေအတွက်ကို ကိုယ်စားပြုပေးနိုင်တဲ့ ဘယ်လို တရားဝင်အဖွဲ့အစည်းမှ မရှိဘူးလား။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ လွှတ်တော်ဆွေးနွေးပွဲတွေမှာ
တစုံတရာ ဆွေးနွေးတာတွေကို ကြားရပါသလား။
ဦးပိုးဖြူ ။ ။ ဒါနဲ့ ပတ်သက်ပြီးတော့ အလားအလာတွေလောက်ကိုပဲ ပြောဆိုသွားတာမျိုးရှိတယ်။ တကယ်တမ်းမှာ ဘာကိုပြဋ္ဌာန်းပေးဖို့ဆိုတဲ့
အဆင့်တခုထိရောက်အောင် ဆွေးနွေးတာမျိုးကိုတော့ ကြားသိရတာခြင်း မရှိပါဘူး။ တကယ်တမ်းဆိုရင် Convention 87 ကို ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရက
လက်မှတ်ရေးထိုး အတည်ပြုထားပြီးဖြစ်တယ်။ ဒီအတည်ပြုထားတဲ့အလျောက် ပြည်တွင်းပြဋ္ဌာန်း ဥပဒေကို အမြန်အဆန်ပြဋ္ဌာန်းပြီးတော့ သမဂ္ဂတွေ
ဖွဲ့စည်းထူးထောင်ခွင့်ကို ခွင့်ပြုသင့်တယ်။ သို့သော်လည်း အစိုးရရဲ့  အသုံးအနှုန်းကိုယ်က အလုပ်သမားကိုယ်စားပြု အဖွဲ့အစည်း၊ အလုပ်သမား ကိုယ်စားပြုအဖွဲ့
ဆိုတာလောက် ကော်မတီဆိုတာလောက်ကိုပဲ သူတို့အနေနဲ့ အသိအမှတ်ပြုချင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ စကားသံတွေ ပြောဆိုပုံတွေက။ တကယ်တမ်းဆိုရင်
State Union ဆိုတဲ့ သမဂ္ဂရဲ့  အဆင့်အတန်းကို ရရှိမှ နည်းပညာတွေ၊ အလွှဲအပြောင်းကိစ္စတွေ၊ အလုပ်သမားတွေရဲ့  ကျွမ်းကျင်အလုပ်သမားရေးကိစ္စတွေ၊
သူတို့တွေရဲ့  စုပေါင်းတောင်းဆိုနိုင်ခွင့်တွေ၊ စုပေါင်းဆွေးနွေးဆုံးဖြတ်နိုင်ခွင့်တွေ၊ ဖွဲ့စည်းနိုင်မှုကိစ္စတွေ မြင့်မားလာမှာဖြစ်တယ်။ အဲဒါမှလည်း ပြဿနာရပ်တွေကို
တပေါင်းတည်း ဖြေရှင်းနိုင်ဖို့အတွက် အဆင်ပြေလွယ်ကူလိမ့်မယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ်မှာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ မှာရှိတဲ့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ 

ကိုယ်စားလှယ်ရုံးက တစုံတရာ ဝင်ရောက်ဆောင်ရွက်ပေးခြင်း၊ စုံစမ်းပေးခြင်း၊ အရေးပေးခြင်း မရှိဘူးလား။
ဦးပိုးဖြူ ။ ။ အဲဒီလို မရှိရတာလည်း အကြောင်းရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရကြားထဲမှာ
နားလည်းမှုစာချွန်လွှာက ကလေးစစ်သားကိစ္စနဲ့ အဓမ္မအလုပ်သမားကိစ္စ အတွက်ကိုပဲ နားလည်းမှုစာချွန်လွှာ သဘောတူချုပ်ဆိုထားခြင်း ဖြစ်တယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့တတွေက Convention 29, Convention 105 နဲ့ ဆိုင်တဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေက
ပြည်တွင်းပြဋ္ဌာန်းဥပဒေကဲ့သို့ အာဏာသက်ဝင်နေပြီ၊ ဒါဟာ နောက်ဆုံးဖြစ်နေပါပြီ။ ဒီ platform တခုထဲမှာ အားလုံးဝိုင်းလျှောက်နေမယ်ဆိုရင်တော့
နိုင်ငံတကာဥပဒေ၊ အလုပ်သမား ဥပဒေ စံချိန်စံနှုန်းတွေက ထွန်းကားလာစရာ၊ ဒီထက် ပိုကျယ်ပြန့်လာစရာ၊ ပြည်သူတွေ ကျင့်သုံးလာစရာ မရှိပါဘူး။ ဒါကြောင့်
Convention 87, 98 တို့ကို ဒီထက်ပိုကျယ်ပြန့်လာအောင် ကျနော်တို့ ပြည်သူတွေကိုယ်တိုင် အလုပ်သမားရေး ဆောင်ရွက်နေသူကိုယ်တိုင် ဒီထက်
ပိုကျယ်ပြန့်လာအောင် ကြိုးစားအားထုတ်နေတာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခု ကျနော်တို့ ကြားသိရတာက လှိုင်သာယာ စက်မှုဇုံထဲက တိုင်ယီ ဖိနပ်စက်ရုံမှာ ဖြစ်နေတဲ့ကိစ္စတခုတည်းပေါ့။ ပါဝင်တဲ့ ဆန္ဒပြနေတဲ့
အလုပ်သမားတွေ တစ်ထောင်ကျော် ရှိတယ်လို့ ကြားရပါတယ်။ ဒါပေမဲ့ တခြား စက်ရုံ၊ အလုပ်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေ၊ ဖိနပ်ချုပ်စက်ရုံတွေ အဲဒီဖက်ကမှာ
အများအပြားရှိတဲ့အထဲမှာ တခြားစက်ရုံတွေမှာရော တခြား ပြဿနာတွေ ရှိနေသလား၊ တခြား စက်ရုံတွေက ပါဝင်ပူးပေါင်း တောင်းဆိုကြတဲ့ အလားအလာ
မရှိကြဘူးလား။
ဦးပိုးဖြူ ။ ။ အဲဒီလိုမျိုးတော့ မကြားမိသေးပါဘူး။ ဘာကြောင့် ဒီလို မကြားရသေးဘူးဆိုရင် စက်ရုံတွေ တရုံနဲ့တရုံ၊ အလုပ်သမားတွေ အချင်းချင်း ဆက်သွယ်မှု၊
ဆက်ဆံမှုဟာ အလွန်ပဲ အားနည်းနေသေးတယ်။ နောက်တခါ အလုပ်သမားတွေက သူတို့ကိုယ်တိုင် သိပ်နစ်နာလွန်လို့သာ တဦးချင်းဆီ၊ ဒါမှမဟုတ် အများနဲ့
စုဖွဲ့ပြီးတော့ စွန့်စားနေကြတာပဲရှိတယ်။ တကယ်တမ်းမှာ အလုပ်သမားတွေက နေရောညရော မအားကြဘူး။ မနက်အစောကြီး ၇ နာရီ ၇
နာရီခွဲလောက်ကတည်းကနေ အလုပ်ဝင်ရတယ်။ ည ၈ နာရီခွဲမှ ပြန်ရတယ်။ တချို့  စက်ရုံတွေဆိုရင် ၁ နာရီခွဲမှ ပြန်လွတ်တာမျိုးတွေ ရှိတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ 
သီးသန့်အားလပ်ချိန်ဆိုတာ မရှိဘူး။ တယောက်နဲ့တယောက်၊ တရုံနဲ့တရုံ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အနေအထား လတ်တလောမှာ မတွေ့မြင်မိသေးပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ ကိုယ့်ရဲ့  အခွင့်အရေး မိမိ အခွင့်အရေးတွေကိုယ်တိုင်ကို နားလည်သဘောပေါက်တဲ့
အဆင့်ရှိကြရဲ့  လား။ အထူးသဖြင့် ဒီလို အခွင့်အရေးမျိုးဆိုတာ စုပေါင်းပြီးတော့ ဝိုင်းဝန်းဆန္ဒပြဆိုရမယ့် ကိစ္စမျိုး Collective Bargaining သမဂ္ဂဖွဲ့ပြီးတော့
အရေးဆိုရမယ့် အကြောင်းအရာ၊ ငြိမ်းချမ်းစွာ ညှိနှိုင်းရမယ့် အကြောင်းအရာတွေ ဖြစ်တာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိမှုတွေ ရှိရဲလား။
ဦးပိုးဖြူ ။ ။ မသိပါဘူး။ ကျင့်သုံးမှုလည်း မရှိပါဘူး။ မသိရတဲ့ အကြောင်းရင်းက ဘာကြောင့်လည်းဆိုရင် တဦးချင်းတယောက်ချင်းဆီက တင်ပြလာတဲ့၊
တိုင်ကြားလာတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာတယ်ဆိုရင် အလုပ်သမားဦးစီးဌာနက ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း အလုပ်ရှင်ကို
ခေါ်ယူညှိနှိုင်းဆွေးနွေးမှုတွေ မရှိဘူးမဟုတ်ဘူး ရှိပါတယ်။ ဒါပေမဲ့ ပြီးတာနဲ့ တပြိုင်နက်တည်း SB က လိုက်သွားတယ်။ ရဲ က လိုက်သွားတယ်။ မေးမြန်းတာတွေ၊
စုံစမ်းတာတွေ လုပ်သွားတယ်။ အဲဒီအခါမှာ အလုပ်သမားတွေ ကြောက်ရွံစိတ် ဝင်လာတယ်။ ကြောက်စိတ်ဝင်လာတယ် သူလုပ်တာ မှားသွားသလား စိတ်မျိုးကို
ဖြစ်ပေါ်စေတယ်။ ဒီလိုနည်းနဲ့ Right of Petition ခေါ်တဲ့ တင်ပြလျှောက်ထားပိုင်ခွင့် အခွင့်အရေးကို ပြည်သူတွေ၊ လုပ်သားပြည်သူတွေက စနစ်တကျ
မကျင့်သုံးတတ်ဘူး။ မကျင့်သုံးတတ်တာများတဲ့အခါကြတော့ မကျင့်သုံးဘူး။ မကျင့်သုံးတာ ကြာလာတဲ့အခါကြတော့ အဲဒီအခွင့်အရေးတွေက
ပျောက်ဆုံးလာတယ်။ အဲဒီ တဦးတယောက်ချင်းဆီက တင်ပြလာတဲ့အခါကြတော့လည်း စာတွေမှာ ရေးသားမှုတွေမှာ ချွတ်ချော်မှုတွေ၊ အချက်အလက်
မှားယွင်းမှုတွေ၊ မှားယွင်းတဲ့ အချက်အလက်တင်ပြမှုတွေ ဖြစ်ပေါ်လာတယ်။ အဲဒီအခါကြတော့ ဦးစီးအရာရှိတွေ၊ အလုပ်ရှင်တွေက စိတ်မရှည်ကြတော့ဘဲ သူတို့ကို
ငြိုငြင်တဲ့ကိစ္စတွေ၊ ဖိအားပေးတဲ့ကိစ္စတွေ၊ ဒါတွေက မှားယွင်းတဲ့ဆိုတဲ့ကိစ္စတွေအပေါ် ပြောဆိုတာခြင်းတွေ ပေါ်ပေါက်လာတယ်။ ဒီအခါမှာ အလုပ်သမားတွေက
ပိုပြီးကြောက်တဲ့စိတ်မျိုး၊ ပိုပြီလူရာမဝင်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။ ကိုယ့်အခွင့်အရေးကိုတောင် လွတ်လွတ်လပ်လပ် မကျင့်သုံးနိုင်တော့တဲ့
အခြေအနေမျိုး ဖြစ်လာတဲ့အခါမှာ တခြားထွက်ပေါက်ရှာတဲ့ ဆန္ဒပြတဲ့ပုံစံမျိုးတွေ ပေါ်ပေါက်လာရတယ်လို့ ကျနော် ဒီလိုနားလည်းပါတယ်။ ဒါကြောင့်မို့
သူတို့ကြားထဲမှာ ကိုယ်စားပြုမယ့် အဖွဲ့အစည်းရှိဖို့ လိုအပ်တယ်။ Social dialogue နဲ့ဆိုင်တဲ့ စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းဆွေးနွေးခွင့်တွေ တရားဝင်အသိအမှတ်ပြုဖို့
လိုအပ်တယ်။ အခုအခြေအနေမှာ ဘယ်လောက်များသလဲဆိုရင် အလုပ်သမားက ရှေ့ နေရှေ့ ရပ်နဲ့ ဥပဒေခွင့်ရ ကိုယ်စားလှယ်နဲ့ တင်သွင်းဆောင်ရွက်တာမျိုး၊
ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးတာမျိုးကိုတောင် အစိုးရက အသိအမှတ်မပြုနိုင်လောက်အောင် မရင့်ကျက်သေးဘူးဖြစ်နေတယ်။ တကယ်တော့ ရင့်ကျက်ဖို့
ကောင်းပြီ။
ဦးသန်းလွင်ထွန်း ။ ။ ဦးပိုးဖြူတို့ အနေနဲ့လည်း အလုပ်သမားတွေကို ကိုယ်စားပြုပြီး ဆောင်ရွက်ပေးဖို့ ရှေ့ နေရှေ့ ရပ်တွေနဲ့ အဖွဲ့အစည်းတွေနဲ့
ဥပဒေအကြောင်းအရာတွေနဲ့ ကူညီဆောင်ရွက်ပေးနေတာကို ကျနော်တို့ နဂိုကလည်း ကြားသိဘူးပါတယ်။ ဒါအပြင်ကိုလည်း ဦးပိုးဖြူတို့အနေနဲ့
အဖမ်းအဆီးခံခဲ့ဘူးတယ်ဆိုတာကိုလည်း ကြားသိရပါတယ်။ အဲဒီတော့ အခုလို ကျနော်တို့ကို ပြောတဲ့ဆိုတဲ့အတွက်၊ အလုပ်သမားအရေးတွေကို
ပြောဆိုတောင်းဆိုပေးနေတဲ့အတွက် အပြစ်တစုံတရာရှာပြီး ဖမ်းဆီးခံရမှာမျိုး ရှိလာနိုင်မလား။
ဦးပိုးဖြူ ။ ။ လတ်တလောမှာကို ကျနော် အမှုနဲ့ ရင်ဆိုင်နေရတာပဲ။ ကျနော်ရယ်၊ ကျနော့်သူငယ်ချင်း အပေါင်းအသင်းတွေ၊ အလုပ်သမားအခွင့်အရေး
တက်ကြွဆောင်ရွက်နေကြသူ သူငယ်ချင်း (၁၀) ယောက်ဟာ တရားစွဲဆိုခံထားရတယ်။ အမှုအကြောင်းအရာကလည်း ဘာမှမဟုတ်ဘူး။ အမှုအဖြစ်အပျက်
အမှန်အတိုင်းကိုပဲ ကျနော် တင်ပြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းချက်အကြောင်းအရာကို တောင်းတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကာယကံကိုယ်တိုင်
ကြောက်လွန်လို့ မတင်ပြရဲ မပြောဆိုရဲတဲ့ အခြေအနေမျိုးမှာ ကျနော်တို့ ပန်းကြားလွှာအနေနဲ့ အကြောင်းကြားတယ်။ ဒါကို ကုမ္မဏီအနေနဲ့ ဘာမှငြိုငြင်စရာမရှိဘူး၊
ကုမ္မဏီကလည်း တရားစွဲဖို့ ဆန္ဒမရှိဘူး။ သို့သော်ငြားလည်း အမှုကြီးတင်လာတဲ့ အခြေအနေတခုကို ဖြစ်ပေါ်လာတယ်။ ပြီးတော့ ရုံးချိန်တွေချိန်တယ်။ ဒါကြောင့်
ကျနော်တို့ လက်တွေ့ အခုပဲ ရင်ဆိုင်နေကြရတယ်။
http://www.voanews.com/burmese/

ဂျပန် ရောက် မြန်မာ များ အတွက် ဖေ့ဘွတ် စာမျက်နှာ
March 15, 2011 Leave a comment Go to comments

1
0

i
မဲပေးပါ

ဂျပန် နိုင်ငံရောက် မြန်မာ ပြည်သူများ
အခက်အခက် မရှိ ရေး မိသား စု နှင့် ပြန်လည် ဆုံ
စည်း နိုင် ရေး အတွက် မြန်မာ အိုင်ရီပို့ အမည် ရှိ ဖေ့ဘွတ် စာမျက် နှာ တစ်ခု မှ တတ် နိုင်
သမျှ အကူအညီ ပေး နေသည် ။
ဂျပန် နိုင်ငံ၏ အခြေအနေ၊ သင်၏ အခြေအနေ ၊ မိသားစု မိတ်ဆွေ များ နှင့် ဆုံစည်း နိုင်ရန်
မြန်မာ အိုင် ရီ ပို့  စာမျက် နှာ တွင် သတင်း ပို့ ပါ။
မြန်မာ အိုင်ရီပို့  သည် ဂျပန် ရောက် မြန်မာ များ ဘေး အန္တရယ် ကင်းရှင်း ရေး အတွက် အရေး
ပေါ် သတင်းများ ကို အချိန် နှင့် တပြေးညီ တင်ဆက် ပေးသွား မည် ဖြစ်ပါသည်။
တိုကျိုရှိ မြန်မာ သံရုံး ပိတ်ပြေးပြီ
March 14, 2011 Leave a comment Go to comments

2
35

i
မဲပေးပါ
Embassy of Burma in Tokyo refuse help for its Tax payer citizen

တိုကျို ရှိ
မြန်မာ သံရုံး က မြန်မာ နိုင်ငံ သား များ အကူအညီတောင်းမှု များ လာ၍ ဤ သို့ ပိတ်သည့် သတင်း ကို
ထုတ်ပြန် ခဲ့သည်။ အခြား နိုင်ငံ များ ၏ သံရုံးများ က မူ ၎င်း တို့  နိုင်ငံ သား များ အား ၂၄ နာရီ ကူညီနေပြီး
တယ်လီ ဖုန်း ဆက် သွယ်မေးမြန်းမှု များ ၊ အကူအညီ များ ကို လည်း ၂၄ နာရီ ၀န်ဆောင်မှု အပြည့် ပေး နေသည်
ဟု Freedom News Group မှ သတင်း ရရှိသည်။
မြန်မာပြည်တွင် ပြုပြင်ပြောင်းလဲ မှု နှေးကွေးခြင်း ကြောင့် စစ်ဗိုလ်ချုပ်များ လူထု အမျက် နှင့် ရင်ဆိုင် ရမည် ဟု တရုတ် က ပြော
March 14, 2011 Leave a comment Go to comments

50
1

i
မဲပေးပါ
Baby Step Reform could Face Burma Citizen Outrages : China said

တရုတ်ပြည်တွင် ပြုပြင်ပြောင်းလဲ ရေးများ လုပ်မည် ဟု ယနေ့ တရုတ် ၀န်ကြီး ချုပ် ၀မ်ကျားပေါင် က ကတိပေး ပြောကြား ခဲ့သည်။ Photographer: Nelson
Ching/Bloomberg News
သွားပုပ်လေလွင့် ၀ါဒဖြန့် ချိ ရေး နှင့် ဆိုင်ဘာတိုက် ခိုက် ရေး များ ဒေါ်ကြိုင်ကြိုင် ဦးစီးပြုလုပ်
March 14, 2011 6 comments

4
28

i
မဲပေးပါ

အာဏာရှင် နိုင်ငံများ ၏ အစိုးရများ က ဆိုင်ဘာ စစ်ပွဲ
အတွက် ဤသို့ စီစဉ်နေကြသည်(အိုင်ရန်)
ဘာရိန်း နှင့် ဆော်ဒီ အာရေးဗီးယား တို့ မှ အစိုးရ ကမကထ လုပ်သည့် ဆိုင်ဘာ စစ်ပွဲများ
” အမေကြိုင် ရဲ့  အဖွဲ့  ဆို အား လုံး သိတယ် အဲဒီ မှာ ရဲလေး တောင် ပါတယ်” ရန်ကု န် မြို့ မှ
Hip Hop အဆိုတော် တစ်ဦး က Freedom News Group သို့ ပြောသည်။
အင်တာနက် သည် ပြည်သူ တို့ ၏ အခြေခံ လို အပ်ချက် ဖြစ်နေ
March 14, 2011 Leave a comment Go to comments

15
0

i
မဲပေးပါ

အင်တာနက် လိုင်း နှေးကွေး သော ကြောင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း သစ်များ မှာ တွက် ခြေ မကိုက(် ပုံတွင် တွေ့ ရသည် မှာ ရွှေသံလွင် ကုမ္ပဏီ ၏
အင်တာနက် ၀န်ဆောင်မှု သစ်)
FNG၊ ၊အင်တာနက် သည် မြန်မာ ပြည်သူတို့ ၏ စားဝတ် နေရေး ကဲ့ သို့ အခြေခံ လို
အပ် ချက် တစ်ရပ် ဖြစ် နေပြီး အင်တာနက် ဆက်သွယ်မှု များ ထပ်မံ နှေး ကွေး နေ မည်
ဆိုပါက ပြည်သူတို့ ၏ ဒေါသအမျက် နှင့် ရင် ဆိုင်ရ ပြီး လူထု အုံ ကြွမှု များ ပေါ် ပေါက် လာ
နိုင် ဟု ၈၈ မျိုး ဆက်ကျောင်း သား ဟောင်း တစ်ဦး ဖြစ် သူ နိုင်ငံ ရေး အကျဉ်းသား ဟောင်း
တစ်ဦးက Freedom News Group သို့ ပြောသည်။
ပြည်တွင်း ရှိ တက်ကြွသူ လူငယ် များ က အင်တာနက် စာမျက် နှာ တစ်ခု ဖြစ်သည့် Facebook
နှင့် Twitter တို့ မှ စစ်အာဏာရှင် ဆန့် ကျင် ရေး စည်းရုံး လှုံ့ ဆော်မှု များ အရှိန် ပြင်းပြင်းထန်
ထန် လုပ်နေ သောကြောင့် အင်တာ နက် လိုင်း များ နှေး ကွေး နေခြင်း ဖြစ်သည် ဟု ကျောက်
တံတား မြို့ နယ် မှာ အင်တာနက် ကဖေး ဆိုင် ဖွင့်လှစ် ထား သူ တစ် ဦး က ပြောသည်။
မြန်မာ နိုင်ငံ တွင် စီးပွား ရေး ၊ ပညာရေး နှင့် ဘဏ် ၀န်ဆောင် မှုလုပ် ငန်း များ အတွက် အင်
တာနက် အပေါ် လုံးလုံးလျှား လျှား မမှီ ခိုသော် လည်း တိုင်း ပြည်၏ ဆိုးရွား လှ သည့် စီးပွား
ရေး အခြေ အနေကြောင့် နိုင်ငံရပ် ခြား တွင် သွား ရောက် အလုပ် လုပ် ကိုင် နေသည့် မြန်မာ
များ ၏ မိသားစု ၀င်များ သည် ၎င်း တို့ ၏ သွေးချင်း များ နှင့် ဆက်သွယ် ရေး တွင် အင်တာနက်
အီးမေး များ ဖြစ် သည့် ဂျီမေး နှင့် အင်တာ နက် ဖုန်း ခေါ် ဆိုမှု ကို အဓိက ထား ပြီး ဆက်သွယ်
ကြသည်။
အင်တာ နက် နှေး ကွေး မှု ကြောင့် စာနယ် ဇင်း မီဒီယာများ မှာ လည်း နိုင်ငံ သတင်း များ ရယူ
ရာ တွင် အခက် အခဲ နှင့် ကြုံ ရသည် ဟု ဆိုသည်။
ပညာရပ် ဆိုင်ရာ အတွက် အင်တာနက် အသုံး ပြု ရသူများ နှင့် နိုင်ငံတာကာ ဘဏ်စာရင်းများ
ရှိ သူ မြန်မာ လူမျိုး မှာ အင်တာနက် နှေး ကွေး မှု ၏ အကျိုး ဆက် ကြောင့် လုပ်ငန်း များ မတွင်
ကျယ် ဖြစ်နေကြရသည်။
အများ ပြည်သူ သုံး အင်တာ နက် လိုင်း များ မှာ နှေး ကွေး သော် လည်း အစိုးရ ဌာန များ နှင့်
အာဏာပိုင် မိသား စု များ က ဆက် သွယ် ထား သည့် လိုင်း များ မှာ မူ မြန်ဆန် သည် ဟု
ဆိုသည်။ စစ်ထောက်လှမ်း ရေး နှင့် မော် စကို ရောက် မြန်မာ စစ်ဗိုလ် အချို့ သည့် နိုင်ငံရေး
လှုပ်ရှား သူများ ၏ နာ မည် ကို ဆင် တူယိုး မှား လုပ်ပြီး ၊ နိုင်ငံ ရေး ဓာတ် ပုံ များ စာများ ရေး
သား က အင်တာနက် လှုပ်ရှား မှု ပြု သူများ ကို ၀ါဒဖြန့် ချိ တိုက် ခိုက် လျှက် ရှိသည်။
အင်တာနက် လိုင်း နှေး ကွေး မှု လွန် ကဲ လာလျှင် ပြည်သူ တို့ သည် ၂၀၀၇ ခုနှစ် လောင်စာဆီ
ဈေးနှုန်းများ မြင့်တက် ခြင်း ကဲ့သို့  ပင် ဒေါသ ပေါက်ကွဲ နိုင်သည်။ လက်ရှိ အင်တာ နက် ပြု သူ
အများ စု မှာလည်း လူငယ် များ ဖြစ် သ ဖြင့် အချိန် မရွေး ပေါက် ကွဲ လွယ် သည် ဟု အင်
တက် နက် ဆိုင် ပိုင် ရှင် တစ်ဦး ကပြောသည်။
စစ်တပ် နှင့် ပြည်သူ တစ်ရပ် လုံး ပါဖို့ လို
March 14, 2011 Leave a comment Go to comments

26
0

i
မဲပေးပါ

K ခိုင်။ ၊ယမန် နေ့ က ကျရောက် တဲ့ မြန်မာ နိုင်ငံ
လူ့  အခွင့် အရေး နေ့ နဲ့  စက်မှု တက္ကသိုလ်
ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ တဲ့ ၂၃ နှစ် ပြည့် နေ့ မှာ မြန်မာ နိုင်ငံ တွင်း က စစ်
အာဏာရှင် ဆန့် ကျင် ရေး လှုပ်ရှား မှု အဖွဲ့ တစ်ခု ဖြစ် တဲ့ Just Do It လှုပ်ရှားမှု က
ပြောရေးဆိုခွင့် ရှိ သူ ကို သီဟ တေဇ က Freedom News Group ကို ပြောပါတယ်။
နိုင်ငံတွင်း မှာ ဓာတ်ဆီဈေး က အစ ကုန်ဈေးနှုန်း တွေ တက်ပြီး ပြည်သူတွေ မကျေ မနပ်
ဖြစ်နေကြ ကြောင့် လူထုအုံကြွမှု ဖြစ်ပေါ် လာ နိုင် မယ့် အခြေ အနေ ရှိ တဲ့ အကြောင်း
ကို လည်း ခန့် မှန်း လို့  ရတယ်လို့  နာမည် ကျော် Rap အဆိုတော် တစ်ဦး က သုံးသပ်
ထား ပါတယ်။
Just Do It လှုပ်ရှားမှု က ကို သီဟ တေဇ က စစ်အာဏာရှင် ဖြုတ် ချ ရေး အတွက် ပြည်
သူ တစ်ရပ် လုံး Just D0 It အဖြစ် ခံယူပြီး တိုက် ပွဲ ၀င် သွား ရန် လိုအပ် တယ် လို့ ပြော
ပါတယ်။
“Just Do It ဆိုတာ လူတစ်စု တစ်ဖွဲ့  တစ် ဦး တစ် ယောက် ကို ကိုယ်စားပြု တဲ့ နာမည်
မဟုတ် ပါဘူး မြန်မာ တစ်နိုင် ငံ လုံး က ပြည် သူတွေ ဟာ Just Do It ပါပဲ။ ဒီ လှုပ်ရှားမှု
မှာ တပ်မတော် သား တွေ လက်နက် ကိုင် ၀န်ထမ်း တွေ နဲ့  အစိုးရ ၀န်ထမ်း တွေ ပါဝင်
လာ ဖို့ ကျွန်တော် တို့  အခက် အခဲ ကြား ကနေ ပို မို စည်း ရုံး လှုံ ဆော် မှု တွေ ပြုမယ်”
လို့  ပြောပါတယ်။
Just Do It လှုပ်ရှား မှု ဟာ အထက် မြန်မာ နိုင်ငံ မှာ ထင် တာထက် ပို အားကောင်း နေ
ပြီး မနေ့ က မြန်မာ နိုင် ငံ လူ့ အခွင့် အရေး နေ့ မှာ တော့ ရန်ကုန် နဲ့  မန္တလေး မြို့ တွေ မှာ
စစ်အာဏာရှင် ဆန့် ကျင် ရေး လှုပ်ရှား မှု တွေ ရှိ ခဲ့တယ် လို့  မန္တလေး မြို့ က Just Do It
လှုပ်ရှား သူ တစ်ဦး က ပြောပါတယ်။
စစ်အစိုးရ ကတော့ လူထု အုံကြွမှု ကို ဘယ် နည်း နဲ့  မှာ အဖြစ် ခံ မှာ မဟုတ် ဘဲ ဖြိုခွဲ
မှာ ဖြစ်တဲ့ အတွက် ကြောင့် ပြည်သူ တစ် ရပ် လုံး ဟာ ညီညီညာညာ နဲ့  စစ်အာဏာရှင်
စနစ် ကို တွန်းလှန် ဖို့  လိုနေပြီ ဖြစ် ကြောင်း ၀ါရင့် သတင်း စာ ဆရာ ကြီး တစ်ဦး က
တိုက်တွန်း ပြောကြားပါတယ်။
Just D ၀ It လှုပ်ရှား မှု ၀င် လူငယ်တွေ ဟာ ပြီး ခဲ့တဲ့ သီတင်း ပတ်က အီဂျစ် နဲ့  တူနီးရှား
နိုင် ငံ လူ ထု အုံကြွမှု တွေ မှာ စစ်တပ် က ပြည် သူ ဘက်က ရပ် တည် ပုံ ကို ဗီဒီယို အခွေ
များ နဲ့  ပြန်လည် ကြည့် ရှု လို့ ရ အောင် စီစဉ် ပြီး ရန်ကုန် မြို့ တွင်း က စစ်တပ် အချို့ မှာ
ဖြန့် ဝေ ခဲ့ပါတယ်။
ယမန့် နေ့ က ဘီဘီစီ မြန်မာ ပိုင်း ထုတ်လွှင့် ချက် မှာလည်း ပင်မ စစ်လက်နက် ခဲယမ်း
မီးကျောက် သိုလှောင် ရေး တပ် က စစ်သား တွေ ဟာ စစ်အစိုး ရ ရဲ့  အမိန့် ကို စတင်
အန် တု နေပြီ လို့  ကြေငြာသွားပါတယ်။
ဒီအခွေ မှာ စစ်တပ် က ပြည်သူ ဘက် က ရပ်တည် ပေး တာကြောင့် တူနီးရှား ၊ အီဂျစ် နဲ့ 
လစ်ဗျား နိုင်ငံ တွေ မှာ ပြည်သူတွေ အောင် ပွဲ ခံရ တဲ့ ဗီဒီယို တွေ ကို မြန်မာ စကားပြော
နဲ့  တင်ဆက် ထား ပါတယ်။
http://freedomnewsgroup.com/

(ကာတွန်း) မောင်စွမ်းရည် - အကောင့်သား
မတ် ၁၅၊ ၂၀၁၁
(မောင်စွမ်းရည်၏ မိုဘိုင်းဖုန်းဖြင့် ပေးပို့သည့် လက်စွမ်း)

အွန်လိုင်းမီဒီယာတွင် သပ်လျှိုခြင်း
မောင်မောင်ဝမ်း
မတ် ၁၅၊ ၂၀၁၁
မနေ့က ကျနော့်သူငယ်ချင်းတယောက်က ဖုန်းဆက်တော့
“ ကိုမောင်မောင်ဝမ်း…အဆိုတော် ရဲလေးဓါးထိုးခံရပြီး သေတယ်လို့ သတင်း ကြားထားတယ်…ခင်ဗျားသိပြီးပြီလား”
“ အေး --ဖေ့ဘွတ်ပေါ်မှာတော့ သတင်းတင်ထားတာတွေ့တယ်…မှန်မမှန်တော့ မသိဘူး..နောက် ဧရာဝတီ အင်္ဂလိပ်ပိုင်းအစီစဉ်မှာလည်း
မေဆွိသေပြီလို့သတင်းတင်ထားတယ်တဲ့”
အခုရက်ပိုင်းများအတွင်းမှာ လူထုကိုအုတ်အော်သောင်းနင်းဖြစ်သွားစေနိုင်မယ့် မမှန်မကန်သတင်းတွေကို ဧရာဝတီလို

ကျော်ကြားတဲ့ ၀က်ဆိုဒ်ကစလို့

ကမ္ဘာကျော်ဖေ့ဘွတ(် Facebook)စာမျက်နှာတွေပေါ်မှာပါ ပေါ်ထွက်လာတာတွေ့ရပါတယ်။
ချက်ခြင်းဆိုသလို ဧရာဝတီဝက်ဆိုဒ်ကတော့ သူတို့ဆိုဒ်ထဲကို ၀င်ဟက်ပြီး ရေးသားသွားတယ်ဆိုတဲ့အကြောင်း ရှင်းလင်းခဲ့ပါ တယ်။ ဒါတွေကတော့
အဆိုကျော်တွေဖြစ်ကြတဲ့ မေဆွိနဲ့ ရဲလေးသေဆုံးသွားပြီဆိုတဲ့ အကြောင်းတွေပါ။ မြန်မာလူထုအတွင်း မှာ ဘာပဲဖြစ်ဖြစ် ထူးဆန်းတဲ့ သတင်းတွေဖြစ်စေခဲ့တာ
အမှန်ပါ၊ ရုတ်ရုတ်သဲသဲလည်းဖြစ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော့်အမြင်လေးတွေကို အတွေ့အကြုံအပေါ်အခြေခံပြီးတင်ပြချင်ပါတယ်။
ဒီကိစ္စတွေဟာသွေးရိုးသားရိုးပေါ်လာတဲ့ကိစ္စများလို့ ကျနော်မမြင်ပါဘူး။ ရည်ရွယ်ချက်ရှိရှိဦးတည်ဆောင်ရွက်နေတဲ့ အရာများလို့ ယုံကြည်မိပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ဗိုလ်ချုပ်မူးကြီးကိုယ်တိုင်က မီဒီယာတွေရဲ့အခန်းကဏ္ဍအပေါ်မှာ စိုးရိမ်စိတ်ရှိပါတယ်။ နောက်တခါ တူနီးရှားလို နိုင်ငံကစလို့ အီဂျစ်၊
ယီမင် ၊လစ်ဗျား စတဲ့ နိုင်ငံတွေမှာ မီဒီယာအခြေပြု လူထုတော်လှန်ရေးများကလည်း အရှိန်ပြင်းပြင်း ရိုက်ခပ်နေလေတော့ စိတ်ဓါတ်စစ်ဆင်ရေးအရာရှိဘ၀က
လာခဲ့တဲ့ ဦးသန်းရွှေ တစ်ယောက် စိတ်ဓါတ်စစ်ဆင်ရေးများကို အသုံးပြုနေတာလို့ပဲ တထစ်ချယုံကြည်မိပါတယ်။
ထူးဆန်းတာက ဒီကစ္စတွေဟာ လူကြိုက်များတဲ့ ဆိုဒ်တွေပေါ်မှာ စတင်ပြီး ပေါ်ထွက်လာခဲ့တာပါ။ ကျနော် တခါက ဖတ်ခဲ့ဘူးတဲ့ အကြောင်းအရာတစ်ခုကို
သွားသတိရမိတယ်။ အင်မတန်မှမွှေးကြိုင်လှတဲ့ရေမွှေးကို အင်မတန်မှရွံ့စရာကောင်းလောက် အောင် ဘယ်လိုလုပ်မရမလည်းဆိုတော့ အဲဒီအထဲကို
မစင်ပုတ်ရည်တွေများများ လောင်းထည့် ပစ်ရတယ် … တဲ့။ စဉ်းစားကြည့်ရ အောင်ပါ … ဧရာဝတီဆိုတာ အွန်လိုင်းစာမျက်နှာတွေအပေါ်မှာ အလွန်မှ
လူကြည့်များတဲ့ ဆိုဒ်တခုဖြစ်ပါတယ်။ သတင်းဦး ပါတယ်။ သတင်းလည်းထူး ပါတယ်။ လူထုကလည်း စိတ်ဝင်တစားရှိလှပါတယ်။ ဒါကိုသိနေတဲ့
စစ်အာဏာရှင်များက ရည်ရွယ်ချက်ရှိရှိနဲ့ လူထုကို ဆိုက်ဝါး (စိတ်ဓါတ်စစ်ဆင်ရေး) နဲ့ အယုံအကြည်မရှိအောင် ဖြိုခွင်းပစ်လိုက်တာပါ။ ဧရာဝတီက ပေါ်ထွက်လာတဲ့
သတင်းတွေကို လူထုစိတ်ဝင်စားမှု လျှော့နည်း ပပျောက်သွားအောင်လုပ်နည်းတခုလို့ပဲ မြင်ပါတယ်။
နောက်တခုက ဒီနေ့လူငယ်ထုနဲ့ အွန်လိုင်းပရိသတ်များအကြား ရေပန်းအစားဆုံး Facebook ပါ။ ကျနော် အထက်မှာ တင်ပြခဲ့သလို အားလုံးနီးပါးလည်း
သိပြီးသားပါ။ တူနီရှား၊ အီဂျစ်ကစလို့ နိုင်ငံတချို့မှာ လူထုတော်လှန်ရေး ဖြစ်ပေါ်ခဲ့တဲ့ အခြေခံအချက်လက်များကို အွန်လိုင်းမီဒီယာများနှင့် facebook , twitter
တို့ကို အသုံးပြုလုပ်ဆောင်ခဲ့တယ် ဆိုတော့ မြန်မာနိုင်ငံကစစ်အာဏာရှင်များလည်း အဲသလောက်တော့ ညံ့မယ် မထင်ပါဘူး။ သူတို့လည်း သဘောပေါက်နေမှာပါ။
ဒါကို ဘယ်လို တန်ပြန်ရမလဲ ဆိုတာလည်း ကြိုတင်ပြင်ဆင်ပြီး ဖြစ်နေမှာပါ။
အခုကိစ္စတွေက စစ်အာဏာရှင်များကိုဆန့်ကျင်နေတဲ့ မီဒီယာလောကကို တန်ပြန်ထိုးစစ်ဆင်ခြင်းလို့ပဲ နားလည်ထားပါတယ်။ နောင်လည်းနံမည်ကြီးနဲ့ နံမည်ရ
အွန်လိုင်းဝက်ဆိုဒ်များကို လူထုအယုံကြည်မရှိအောင် လုပ်နေဦးမယ်ဆိုတာ ကြိုတင်မျှော်လင့်လို့ရပါတယ်။ တခါက ကျနော်

အကျဉ်းထောင်အတွင်းမှာရှိနေတဲ့အချိန် စစ်ထောက်လှမ်းရေးအရာရှိတဦးလည်း ထောင်ကျလာတာနဲ့ ဆုံခဲ့ပါတယ်။ သူ့ဆီက… သိသင့်တဲ့အချက်လက်တချက်ကို
သိခွင့်ရခဲ့ပါတယ်။ အဲဒီအထဲမှာ ကျနော်သတိထားမိတာက သူတို့ရဲ့သပ်ခွဲနည်းဗျူဟာတချို့ပေါ့။
ဥပမာ - အတိုက်အခံနိုင်ငံရေးသမားတဦး ထိုးထွက်လာပြီ၊ နံမည်ထွက်လာပြီဆို အရင်ဆုံး သူတို့လုပ်လေ့လုပ်ထရှိတဲ့အလုပ်ကတော့… နံမည်ပျက်အောင်
လုပ်ခြင်းပဲ ဖြစ်ပါတယ်။ တခြားကိစ္စတွေထက် သူတို့နဲ့ပတ်သက်တယ် ဆိုတဲ့ သတင်းတွေကို လူတွေကြားမှာ ပြန့်သွားအောင် သူတို့ သတင်းပေးသူကတဆင့်
လုပ်ဆောင်ပါတယ်။
အဲဒီတော့ အဲဒီအတိုက်အခံ နိုင်ငံရေးခေါင်းဆောင်ပဲ ဖြစ်ဖြစ်၊ ကျောင်းသားခေါင်းဆောင်၊ လူငယ်ခေါင်းဆောင်ပဲဖြစ်ဖြစ် သူတို့ကို လူထုက မယုံကြည်ရဲတော့ဘူး။
ဒီလိုနဲ့ နံမည်အဖျက်ခံလိုက်ရတဲ့ လူငယ်ခေါင်းတွေတချို့ ရှိခဲ့ပါတယ်။ တချို့ဆို ဒီဒဏ်တွေကိုမခံနိုင်လို့ နိုင်ငံရေးစည်းအပြင်ဘက် ရောက်သွားသူများလည်း
အများကြီးပါ၊ ဒီလိုဖြစ်အောင်လည်း စစ်အာဏာရှင်များက စနစ်တကျ လုပ်ဆောင်နေတာကိုး။ အဖွဲ့အစည်းတခုရယ်လို့ ပေါ်ထွက်လာပြီဆို ထောက်လှမ်းရေးများက
ချက်ခြင်း မဖြိုခွင်းပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ တတ်နိုင်သလောက် သတင်းတွေ လိုချင်သေးတာ ဆိုတော့ ပထမ အဲဒီအဖွဲ့အစည်းထဲကို တယောက်နဲ့ တယောက်
မယုံကြည်အောင်၊ မသင်္ကာဖြစ်အောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်လိုက်ပါတယ်။ တစစီ ဖဲ့ထုတ်ပစ်လိုက်ပါတယ်။ ပြီးမှ တယောက်ချင်းဆီ “ဆွဲစားပစ်” လိုက်တဲ့
နည်းပါ။ အဲဒီ နည်းတွေနဲ့ မအောင်မြင်ဘူးဆိုကာမှ ထောင်ချတဲ့နည်းကို နောက်ဆုံး သုံးပါတယ်။
ဆရာပါရဂူရေးသားထားတဲ့ “ဝေသာလီကျဆုံးခန်း” ဆိုတဲ့ ၀တ္တုကို ဖတ်ကြည့်စေချင်ပါတယ်။ အတိုက်အခံနိုင်ငံရေး လောကသားများ စံနမူနာယူစရာတွေ
အများကြီး ပါ ပါတယ်။ ဒီအထဲက ပုံရိပ်လေးတချို့ ကျနော်မှတ်မိသလောက် တင်ပြရမယ်ဆို … ဝေသာလီပြည်ကို စစ်မတိုက်ယူဘဲ ပျက်စီးဆုံးရှုံးအောင်လုပ်ဖို့
အတိုက်အခံရန်သူဘက်က ကြိုးစားခဲ့ပါတယ်။ အဲဒီမှာ ပညာရှိအမတ်တယောက်ကို တာဝန်ပေးခဲ့ပါတယ်။ အဲဒီ့ပညာရှိအမတ်က ဝေသာလီတိုင်းပြည်ဆီကို
လက်နက်ချ အညံ့ခံ ၀င်ရောက်ခဲ့တယ်။ တဖက်တိုင်းပြည်ကလည်း ရန်သူနိုင်ငံက ပညာရှိအမတ်ဆိုတော့ သူ့ကို နေရာပေး ဆက်ဆံခဲ့တယ်လေ။ အဲဒီမှာတင်
ပညာရှိအမတ်က သူ့စစ်ဆင်ရေးကို စတင်ခဲ့တယ်။
ဝေသာလီဘုရင်က သူ့ကို ညီလာခံတက်ခွင့်ပေးထားလေတော့ သူက ညီလာခံတက်ရောက်ခဲ့တယ်။ ညီလာခံဆိုတာ တိုင်းပြည်မှာရှိတဲ့
အရေးပါအရာရောက်သူတိုင်း စုဝေးလေရာနေရာ

ဆိုတော့ သူက ညီလာခံတက်ရောက်တဲ့အခါမှာ ပထမဆုံးစစ်သေနာပတိကို စတင်ပစ်မှတ်ထားခဲ့တယ်။

ညီလာခံအတွင်း အားလုံးစုဝေးနေတဲ့အချိန်မှာ သူက စစ်သေနာပတိနားကပ်ပြီး တိုးတိုးလေးမေးလိုက်တယ်။
“စစ်သေနာပတိချုပ်ကြီး ကျန်းခံသာလို့ မာပါစွ” ဆိုတော့ စစ်သေနာပတိချုပ်ကြီးကလည်း ရိုးရိုးမေးတာဆိုတော့ ရိုးရိုးပဲ ပြန်ဖြေခဲ့တာပေါ့။ ဒီလိုနဲ့
နောက်ရက်တွေမှာလည်း အရေးမပါတဲ့ မိသားစုသာရေး နာရေးကိစ္စလေးတွေကို တိုးတိုး… တိုးတိုးနဲ့ ပြောဖြစ်ခဲ့ကြတယ်။ ဒါကို ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့
ကျန်တဲ့သူတွေက သတိထားမိလာတယ်။ စစ်သေနာပတိချုပ်ကြီးကို မေးကြည့်တော့သူကလည်း အမှန်အတိုင်း ရိုးရိုးသားသားပဲ ပြန်ပြောပြတယ်။
ကျန်တဲ့သူတွေက ဘယ်လိုမြင်လာသလဲ ဆိုတော့ ဒီလောက်ကိစ္စလေးတွေအတွက် ဘာမှ တိုးတိုးတိတ်တိတ် တိုင်ပင်ပြောစရာမလိုပါဘူး၊
စစ်သေနာပတိချုပ်ကြီးဟာ ရန်သူဘက်က အလင်းဝင်လာတဲ့ အမတ်ကြီ်းနဲ့တိုင်ပင်ပြီး တခုခုကြံစည်နေပြီလို့ ယုံကြည်လာကြတယ်။ အမတ်ကြီးက
နောက်ထပ်ခြေလှမ်းတလှမ်းတက်ပြီး စစ်သေနာပတိချုပ်အိမ်ကိုပါ ၀င်ထွက်သွားလာခဲ့တယ်။ စစ်သေနာပတိချုပ်ကြီးက သူ့စိတ် အခံကရိုးသားသူဖြစ်နေလေတော့
ဘာမှ မသိရှာဘူး။
အဲဒီလို တယောက်ပြီး တယောက်လိုက်လုပ်လိုက်တာ ဝေသာလီတိုင်းပြည်မှာရှိတဲ့ အုပ်ချုပ်သူများဟာ တဦးကို တဦး အယုံအကြည်မရှိ မသင်္ကာတွေဖြစ်
သံသယတွေများပြီး အဆုံးမှာတော့ ဝေသာလီတိုင်းပြည်ကြီး ပျက်စီးခန်းကိုပါ ဆိုက်ရောက်သွားစေခဲ့ပါတယ်။
စစ်အာဏာရှင်များဟာလည်း ဒီလိုပါပဲ၊ သူတို့မှာ ငွေအား၊ လူအား၊ အာဏာအား တတ်နိုင်လေတော့ ကျနော်တို့အတိုက်အခံအင်အားစုများရဲ့
လုပ်ဆောင်နေသမျှ အရာရာတိုင်းကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်တာ အဆန်း မဟုတ်တော့ပါဘူး။ ဒါကလည်း သူတို့တာဝန်ပေကိုး။ ဒါကို
ပြည်သူလူထုတရပ်လုံးက သတိထားပြီး မြင်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ အတိုက်အခံအင်အားစုများကို အယုံအကြည်မရှိရလေအောင် လူထုက
ရွံ့မုန်းသွားလေအောင် နောင်လည်း စဉ်ဆက်မပြတ် လုပ်ဆောင်သွား လိမ့်မယ်ဆိုတာ အတိအလင်းပြောချင်ပါတယ်။ အခုကာလများမတော့
ကျနော်တို့ခေတ်ကာလတုန်းကလို မဟုတ်တော့ဘဲ နည်းပညာတွေတိုးတက်လာပြီး အင်တာနက်ဆိုတာကလည်း ခေတ်စားလာလေတော့ အွန်လိုင်းပေါ်မှာလည်း
လိုက်လံဖြိုခွဲနေတဲ့ သပ်တွေ ပေါ်နေပါပြီ။ သပ်ဆိုတာကိုတော့ အားလုံး သိကောင်းသိပါလိမ့်မယ်။ ထင်းခွဲတဲ့အခါမှာ ထင်းတုံးကြီး
အစိတ်စိတ်အမွှာမွှာပြိုကွဲသွားအောင် သုံးတဲ့အရာပါ။
အာဏာရှင်တွေ အကြောက်ဆုံးကတော့ လူထုတော်လှန်ရေးပဲ ဖြစ်ပါတယ်။ လူထုတော်လှန်ရေးပေါ်ပေါက်လာမှာကို နည်းလမ်းပေါင်းစုံသုံးပြီး
တားဆီးပါလိမ့်မယ်။ ကလိမ်ကကျစ်နည်းလမ်းပေါင်းစုံကိုလည်း သုံးပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးကို အရမ်းချစ်ပြပြီး ၀င်ရောက်လာပါလိမ့်မယ်။ အများသူငါ ယုံကြည်မူ့ရအောင် တည်ဆောက်ပါ့မယ်။ ပြီးမှ
တယောက်ချင်းစီ၊ တဖွဲ့ချင်းစီကို ပြိုကွဲအောင်၊ ယုံကြည်ချက်တွေ ပျက်ပျယ်သွားအောင် လုပ်ဆောင်ပါလိမ့်မယ်။ စစ်အာဏာရှင်များရဲ့ စစ်ဓါတ်စစ်ဆင်ရေးကို
သတိထား လို့ပဲ ပြောချင်ပါတယ်။
(ဆောင်းပါသရုပ်ဖော် ဓာတ်ပုံ - ဖေ့စ်ဘွတ်မှာ လွှင့်တင်ထားတဲ့ မြန်မာပြည်အနုပညာရှင်လူငယ်တွေနဲ့ စစ်အာဏာရှင်ကြီး၏ မြေးတဦး၏ ဓာတ်ပုံ။ အစစ်အမှန်
ဓာတ်ပုံဟု ကွန်ဖန်းမလုပ်နိုင်သေး)
ကိုမြအေး
သားကြီး(AAPP)
မတ် ၁၄၊ ၂၀၁၁

စ ဆုံဖူးတာက ရန်ကုန်တက္ကသိုလ်မှာ စတည်တဲ့ ဘွဲ့ရကျောင်းသားဟောင်းများ သမဂ္ဂမှာ၊ ၈၈ အရေးတော်ပုံကြီးထဲမှာ သူက တက်တက်ကြွကြွ။ နောက်တော့
မောင်ထော်လေးလမ်းထဲက ဂေါ်ဇဒါ (GOSDA) လို့ အလွယ် ခေါ်ကြတဲ့ ဘွဲ့ရ ကျောင်းသားဟောင်းများ အဖွဲ့။ အဲဒီတုန်းက ကျောင်းသားတွေ ဆုံရပ်မှာပေါ့နောက်ပိုင်း စုစုဝေးဝေး ပြန်ဆုံကြတော့ ၁၉၉၀ ဧပြီ အင်းစိန်ထောင် ၅ ဆောင်မှာ။
သူက မြောက်ပိုင်း ABSDF နဲ့ ဆက်သွယ်မှု အပါအ၀င် စာအုပ်စိမ်း လို့ ခေါ်တဲ့ အုပ်စုနဲ့ အတူ ပုဒ်မ ၅ည။ ၁၇/၁ နဲ့ ထောင် ၈ နှစ် ကျနေချိန်။ ၁၉၉၀
မေဒေးနေ့မှာ အကျဉ်းသား အခွင့်အရေး တောင်းဆိုကြတော့ ထောင်စည်းကမ်း ဖောက်ဖျက်တယ် ဆိုပြီး ဦးဆောင်သူ ကိုမြအေးကို ထောင်အထူးအရာရှိ
ဦးဘိုကြည်က စီးထားတဲ့ သားရေဖိနပ်နဲ့ ပါးရိုက်ပြီး အပြစ်ဒဏ် ပေးခဲ့တယ်။ နောက် အားလုံးကို လူစုခွဲ။ ထောင်ဝင်စာတွေ ပိတ်တဲ့သူပိတ်။
ဒီနောက် အသီးသီး ထောင်တွေပြောင်းခဲ့ကြ။ ဝေးခဲ့ကြ။ သူလွတ်၊ ကိုယ်ပြန်ဝင်။ ထောင်သံသရာထဲမှာ ဖြတ်သွား ဖြတ်လာ။ သူက တောင်ငူထောင်က
လွတ်ပြီး မိသားစု စီးပွားရေး၊ မိသားစုဘ၀ကို တည်ဆောက်နေရင်း ၈၈ အုပ်စုတွေနဲ့ မစိမ်း။ နိုင်ငံရေးလောကနဲ့ မပြတ်။ လူမှုရေးပွဲတွေ သွားလာ သတင်းမေး၊
အထဲရောက်နေသူတွေကို လက်လှမ်းမှီသလောက် ကူညီရင်းနဲ့ပေါ့။
၈၈ မျိုးဆက်ကျောင်းသားတွေ ပြန်စုစည်းမိကြတော့ သူငယ်ချင်းဟောင်းတွေ ပြန်ဆုံဆည်းဖို့၊ သမီး ၁၀ တန်း အောင်တဲ့ အထိမ်းအမှတ် ပွဲလေး လုပ်ဖို့
ကန်တော်ကြီးစောင်းက စိတ်တိုင်းကျ လ္ဘက်ရည်ဆိုင်မှာ စီစဉ်တော့ SB က ခွင့်မပြု။ ကန့်သတ် ချုပ်ချယ်မှုတွေက နိုင်ငံရေး အကျဉ်းသားဟောင်းတွေပေါ် အမြဲ

ရှိနေတာကိုး- အဲဒီနောက်တော့ ၈၈ မျိုးဆက်တွေနဲ့ ပြန်လက်တွဲရင်း အားလုံးကို စုစည်းနိုင်ဘို့ စိတ်ရှည်ရှည်နဲ့ စည်းရုံး ဖိတ်ခေါ်၊ ဆွဲခေါ်ခဲ့သူပါ။
ကိုမြအေးက စိတ်ရှည်တယ်။ သည်းခံတတ်တယ်။ ကူညီတတ်တယ်။ အစ္စလမ် ယုံကြည် ကိုးကွယ်ပေမဲ့လည်း မြန်မာပြည် ဒီမိုကရေစီအရေး၊ အမျိုးသား
ပြန်လည်သင့်မြတ်ရေးတွေ အတွက် ဘာသာရေး ဆုတောင်းပွဲတွေက အစ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူပါ။
မိသားစုရဲ့ စီးပွားရေး ဖြစ်တဲ့ ကားဂိတ် လုပ်ငန်းလဲ အပိတ်ခံရတယ်။ စစ်အုပ်စုက နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို စီးပွားရေး လုပ်ခွင့်က အစ
ကန့်သတ်ထားကြတာ။
၂၀၀၇ သြဂုတ်လအတွင်း လောင်စာဆီ ဈေးတက်တာကို ၈၈ မျိုးဆက်တွေနဲ့ အတူ ဆန့်ကျင် ဆန္ဒပြ လမ်းလျှောက်ခဲ့တယ်။ ဒါကြောင့် ထပ်အဖမ်းခံရပြီး
ထောင်ဒဏ် ၆၅ နှစ်နဲ့ ၆ လ ချမှတ် ခံရပါတယ်။ အင်းစိန်ကနေ မိသားစုနဲ့ အလှမ်းကွာဝေးတဲ့ လွိုင်ကော်ထောင် ရောက်သွားပြီး နောက်ဆုံး တောင်ကြီးထောင်ကို
ပြောင်းရွှေ့ခံရပါတယ်။
သားကြီး (AAPP)

photo: BCUK
ကိုမြအေးရဲ့သမီး မဝေနှင်းပွင့်သုန် ဟာ ယခုအခါ Burma Campaign UK မှာ ပါဝင်လို့ မြန်မာပြည် ဒီမိုကရေစီအရေး အတွက် တက်ကြွစွာ
ဆောင်ရွက်နေပါတယ်။
ကိုမြအေးတို့ မိသားစု အမြန်ဆုံး ပြန်လည် ဆုံဆည်း၊ ပျော်ရွှင်ကြပါစေ။
မစ်ရှီဂန်က ပေးတဲ့စာ(၅၈)
အောင်ဝေး
မတ် ၁၃၊ ၂၀၁၁

(photo: Pan-African News Wire)
“----Earthquake ကို မြေငလျင်လို့ ဘာသာပြန်ရင်၊ Youth-quake ကိုတော့ လူငယ်ငလျင်လို့ အကြမ်းဖျင်း ဘာသာပြန်ရမှာပဲ----”
မိတ်ဆွေကြီးကိုဒေါင်းကျန်းခံ့သာလို့ မာကြပါစဗျာ။ ဒီရက်တွေထဲမှာ အထူးသဖြင့် အီဂျစ် တော်လှန်ရေးကို ဦးဆောင်ခဲ့ကြတဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို သတိပြုမိ၊ အားရ
ကျေနပ်နေခဲ့မိပါတယ်။ အီဂျစ် ပြည်သူတွေရဲ့ ဒီ သမ္မတဟိုစနီမူဘာရက် ဖြုတ်ချရေးတိုက်ပွဲမှာ၊ အီဂျစ်တပ်မတော်က အီဂျစ် ပြည်သူတွေဘက်က
ရပ်တည်ခဲ့တာကတော့ တပိုင်းပေါ့ဗျာ။
အခုလို အီဂျစ်နိုင်ငံမှာ နှစ်ပေါင်း(၃၀)ကြာ အုပ်ချုပ်လာတဲ့ သမ္မတ မူဘာရက် အစိုးရ ပြုတ်ကျသွားတာဟာ အခြေခံ၊ အရင်းခံ အကျဆုံးက
အီဂျစ်တပ်မတော် မဟုတ်ပါဘူး။ အခြေခံ၊ အရင်းခံအကျဆုံးက အဲဒီ မူဘာရက် ဖြုတ်ချရေး တိုက်ပွဲကို ဖော်ဆောင်ခဲ့ကြတဲ့ အီဂျစ်လူငယ်တွေပါပဲ။
ကိုဒေါင်းကြီး - အားလုံး သိကြတဲ့အတိုင်း အာဖရိကမှာ လူထုတော်လှန်ရေးတွေဟာ တနေရာနဲ့ တနေရာ၊ တောမီးလောင်သလိုပဲ အလျင်အမြန် ကူးစက်
ရောက်ရှိသွားခဲ့တာပါ။ ပထမဆုံးက တူနီးရှားနိုင်ငံက စခဲ့တဲ့ စံပယ်ရောင် တော်လှန်ရေးပေါ့ဗျာ။ အဲ ဒီစံပယ်ရောင် တော်လှန်ရေးကနေ မီးကူးစက်သွားလိုက်တာ
အီဂျစ်၊ ယီမင်၊ အယ်လ်ဂျီးရီးယား စတဲ့ နိုင်ငံတွေ အထိပဲ ဆိုပါတော့ဗျာ။
ကိုဒေါင်းရေ - အာဖရိက ဒီမိုကရေစီ တော်လှန်ရေးတွေက ဒီလောက်နဲ့ ရပ်နေတာ မဟုတ်ဘူး။ အခုဆိုရင် ဂျော်ဒန်တို့၊ ဘာရိန်းတို့၊ လစ်ဗျားတို့၊
အီရန်တို့အထိ ကူးစက်သွားပြီ။ အာဖရိကတလွှားနဲ့ အနောက်အာရှ တ၀န်းမှာ လူထုတွေ အုံကြွနေကြပြီ။
အီဂျစ်တော်လှန်ရေး အောင်ပွဲ ခံခဲ့တာနဲ့ ပတ်သက်လို့၊ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မိန့်ခွန်းတရပ် ပြောကြားခဲ့ရာမှာ ဒီတော်လှန်ရေးကို
ဦးဆောင်ခဲ့ကြတဲ့ အီဂျစ် လူငယ်တွေကို အထူး ဂုဏ်ပြုပြောကြားသွားခဲ့တာ ကျနော် သတိပြုခဲ့မိတယ်။
ဖေဖော်ဝါရီလအတွင်းက ထုတ်ဝေခဲ့တဲ့ Newsweek မဂဇင်းကြီးမှာ၊ အာဖရိကမှာ ကူးစက်ခဲ့တဲ့ လူထု ဆန္ဒပြပွဲတွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးကို မျက်နှာဖုံး
တင်ထားရာမှာ ဝေါဟာရ အသစ် တလုံး ကျနော် သတိပြုခဲ့မိတာ ရှိပါသေးတယ်။
ဒီဝေါဟာရကတော့ Youthquake ဆိုတဲ့ ဝေါဟာရပါပဲ။ Y-O-U-T-H-Q-U-A-K-E ။ Earthquake မဟုတ်ဘူး ကိုဒေါင်းရေ။ Earthquake ကို မြေငလျင်လို့
ဘာသာပြန်ရင်၊ Youth-quake ကိုတော့ လူငယ်ငလျင်လို့ အကြမ်းဖျင်း ဘာသာပြန်ရမှာပဲ။ ဒီ Newsweek မဂဇင်း၊ မျက်နှာဖုံး ဆောင်းပါးမှာ အဲ
ဒီလူငယ်ငလျင်ကြီးက အာဖရိကကို လှုပ်ခတ်သွားပြီလို့ ရေးထားတာပါ။
ကိုဒေါင်းရေ - အီဂျစ်ကိုပဲ ကြည့်မယ် ဆိုရင်တော့၊ အီဂျစ် လူထု တော်လှန်ရေးကို ဦးဆောင်သွားတဲ့ လူငယ်တွေ ဆိုတာက ဧပြီ(၆)ရက်

လူငယ်လှုပ်ရှားမှုအဖွဲ့ပါပဲ တဲ့။ ဒီအဖွဲ့က လူငယ်တွေဟာ အခုအီဂျစ်တော်လှန်ရေးမှာ အဓိက စည်းရုံးလှုံ့ဆော်သူတွေ ဖြစ်ပါတယ်။
အဲဒီ ဧပြီ(၆)ရက် လူငယ် လှုပ်ရှားမှု အဖွဲ့ရဲ့ သက်တမ်းကတော့ ဘာမှ သိပ်ပြီး မကြာလှသေးပါဘူး ကိုဒေါင်း။ သူတို့အဖွဲ့ကို လွန်ခဲ့တ(၃)နှ
ဲ့
စ် ၂၀၀၈ခုနှစ်၊
ဧပြီလ(၆)ရက်နေ့မှာ၊ ဒီမိုကရေစီ လူထုဆန္ဒပြပွဲတွေ ဖော်ဆောင်ဖို့ စတင် ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
သူတို့ အဖွဲ့ရဲ့ ထူးခြားချက်၊ တနည်းအားဖြင့် အားသာချက်လို့လည်း ဆိုနိုင်တာက သူတို့ ဧပြီ(၆)ရက် လူငယ် လှုပ်ရှားမှု အဖွဲ့ ဖွဲ့စည်းပြီး
နောက်ပိုင်း(၃)နှစ်တာ အတွင်းမှာ၊ သူတို့ဟာ Facebook တို့၊ Twitter တို့လို လူမှုကွန်ရက်တွေကို အဓိက အသုံးပြုပြီး လူထုကြားကို ထိုးဖောက်
စည်းရုံးခဲ့ကြတဲ့အချက်ပါပဲ။
ဒါတွေ ထားလိုက်တော့။ အခု သူတို့နိုင်ငံမှာ သူတို့မလိုလားတဲ့ သမ္မတနဲ့ အစိုးရ ပြုတ်ကျသွားပြီ။ အခု သူတို့ လိုလားတောင့်တတဲ့ ပြည်သူ့အစိုးရသစ်
ပေါ်ထွန်းလာဖို့ပဲ ကျန်တော့တယ်။
သူတို့အောင်ပွဲအတွက် ရိုးရိုးသားသား မုဒိတာပွားမိပါတယ်ဗျာ။
ကိုဒေါင်းရေ၊ အာဖရိက အာဏာရှင်တချို့ရဲ့ သရဖူတွေကတော့ မြေကြီးပေါ် လိမ့်ဆင်း ကျသွားကြပါပြီ။ ကျနော်တို့ တိုင်းပြည်မှာတော့ အာဏာရှင်တွေက
သရဖူ ဆောင်းချင်နေကြတုန်းပါပဲလား။ ကျနော်တို့ဆီက စစ်အာဏာရှင်တွေကိုလည်း ကောင်းကောင်းကြီး မေတ္တာပို့ပါရဲ့ဗျာ။
ဒီရက်ထဲထူးခြားတာတခုကလည်း ကျနော်တို့ဆီက ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးဂယက် ရိုက်ခတ်မှုကြောင့် ပေါ်ပေါက်ခဲ့တယ် လို့ဆိုတဲ့
အီရန်နိုင်ငံက ကျောင်းသားတွေရဲ့ ၂၀၀၈ အစိမ်းရောင် တော်လှန်ရေးဟာ အခု၂၀၁၁ အာဖရိက တော်လှန်ရေး ဂယက်ထဲမှာ တကျော့ပြန် ပြန်လည်
ပေါ်ပေါက်လာတဲ့ အချက်ပါပဲ။
ကိုဒေါင်းရေ - အာဖရိကနဲ့ ကျနော်တို့ တော်လှန်ရေးတွေကော့၊ တခုနဲ့တခု၊ ထပ်တူတူညီတာမျိုးတော့ မဟုတ်ပါဘူး။ အာဖရိက ဒီမိုကရေစီ တိုက်ပွဲ နဲ့
မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲတွေကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ တူညီတာ တချို့ကို တွေ့ရမယ် ကိုဒေါင်း။
အီဂျစ်က ဧပြီ(၆)ရက် လူငယ်လှုပ်ရှားမှုအဖွဲ့က ခေါင်းဆောင်လူငယ်တွေဟာ၊ သမ္မတ ဟိုစနီမူဘာရက် အုပ်စိုးခဲ့တဲ့ နှစ်ပေါင်း (၃၀) ၁၉၈၀ ပြည့်နှစ်
နောက်ပိုင်းမှာ မွေးဖွားလာကြတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုဒေါင်းရေ - ကျနော်တို့ဆီမှာကော။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့ကြတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ၊
တော်လှန်ရေး ကောင်စီ၊ စစ်အာဏာ သိမ်းပြီး တက်လာတဲ့ ၁၉၆၂ ခုနှစ် တ၀ိုက်က မွေးဖွားခဲ့ကြတဲ့သူတွေပဲ မဟုတ်လားဗျာ။
ကိုဒေါင်းရေ - ပြီးတော့လည်း၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးတုန်းကသံဃာတော်တွေနဲ့အတူ ပါဝင် ဦးဆောင်ခဲ့ကြတဲ့
ကျောင်းသားတွေ၊ လူငယ်လေးတွေဟာလည်း န၀တစစ်တပ်က အာဏာ သိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ် နောက်ပိုင်း မွေးဖွားလာကြတဲ့သူတွေ ဖြစ်နေတာပဲ
မဟုတ်လားဗျာ။
အခုတော့ - ကျနော်တို့ရဲ့ တန်ဖိုးရှိတဲ့ လူငယ်တွေက၊ အကျဉ်းထောင်တွေ အသီးသီးထဲမှာ၊ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ချုပ်နှောင်ခံနေရတယ်။ လူငယ်ဆိုတဲ့
ဂုဏ်ပုဒ်ကတော့ တိမ်မြုပ် ပျောက်ကွယ်မသွားပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီးတဲ့ နောက်ပိုင်းမှာ၊ လူငယ်အင်အားစု အသီးသီးလည်း
ပြန်ပြီး စုစည်းမိခဲ့ကြပါပြီ။ လူငယ်ကွန်ရက်တွေလည်း ပြည်တွင်း ပြည်ပမှာ အသက်ဝင် ရှင်သန်လာပါပြီ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲဝင် လူငယ်တွေ၊ ညီညီ
ညွတ်ညွတ်နဲ့ ရှေ့ဆက် ချီတက်ကြဖို့ပဲ လိုပါတော့တယ် ကိုဒေါင်းရေ။
အားလုံးကို ယုံကြည် မျှော်လင့်လျက်အောင်ဝေး
ဖေဖော်ဝါရီ ၁၈-၂၀၁၁။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနေ့ မတ်လ ၁၃ ရက် နိုင်ငံတကာမြန်မာမိသားစုများ ကျင်းပ
မိုးမခဓာတ်ပုံသတင်း
မတ် ၁၄၊ ၂၀၁၁
မြန်မာပြည်၏ မတ်လ ၁၃ ရက်တွင် ကျရောက်သော လူ့အခွင့်အရေးနေ့တွင် မြန်မာနြိုင်ငံ ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ အင်အားစုများက
အထိမ်းအမှတ်အခမ်းအနားများ ကျင်းပကြသည်ကို တွေ့ရသည်။
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်၊ မြို့နယ် အချို့ရှိ မြန်မာမိသားစုများ၊ မြန်မာ့အရေးလှုပ်ရှားသူများကလည်း အခမ်းအနားများ ကျင်းပကြရာ
ဆန်ဖရန်ဘေးဧရိယာရှိ BADA အဖွဲ့၊ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ရှိ မြန်မာအရေးလှုပ်ရှားသူများ၊ West Virginia ပြည်နယ်၊ Moore Field ရှိ
မြန်မာအရေးလှုပ်ရှားသူများ ၏ အခမ်းအနားလှုပ်ရှားမှု ဓာတ်ပုံများကို တင်ဆက်လိုက်ပါသည်။

ဘတ်ဖဲလိုးမြို့ အခမ်းအနား မြင်ကွင်း

မိုးရ်ဖီးလ်မြို့ အခမ်းအနား မြင်ကွင်း
လွန်ခဲ့သည့် ၂၃ နှစ် ၁၉ ၈၈ မတ်လ ၁၃ ရက်နေ့တွင် မြန်မာပြည်၏ မဆလတပါတီ အာဏာရှင်များ၏ အကြမ်းဖက် နှိမ်နှင်းမှုကြောင့်
စက်မှုတက္ကသိုယ်ကျောင်းဝင်းတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူ ကျောင်းသူ ကျောင်းသားများ ဖိနှိပ် ဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ကြရာတွင် ကျောင်းသား
ကိုဖုန်းမော်လည်း တဦး အပါအ၀င်ဖြစ်သည်။ ထိုကျောင်းသားအရေးအခင်းမှသည် တပြည်လုံးရှိ လူထုတရပ်လုံး၏ အာဏာရှင်စနစ်ကျဆုံးရေး
လူထုအရေးတော်ပုံကြီးဖြစ်သော ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီး မဆလတပါတီ အာဏာရှင်တို့ကို ဖြုတ်ချနိုင်ခဲ့သည်။
ထို မတ်လ ၁၃ ရက်နေ့ကို ၁၉ ၈၉ နှစ်ပတ်လည်တွင် မြန်မာပြည်၏ လူ့အခွင့်အရေးနေ့အဖြစ် အများပြည်သူက သဘောတူ သတ်မှတ်ခဲ့သည်။ နှစ်စဉ်
အခမ်းအနားများ ကျင်းပပြီး အာဏာရှင်အဆက်ဆက်အား ရှုတ်ချခြင်း၊ ဒီမိုကရေစီရေး လှုပ်ရှားမှုများဖြင့် မြန်မာပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများက
အထိမ်းအမှတ်များ ပြုလုပ်ခြင်းတို့ ဆောင်ရွက်လျက် ရှိသည်။ ယခု ၂၀၁၁ တွင် နှစ်ပတ်လည် ၂၃ နှစ် ရှိပြီ ဖြစ်သည်။
မတ်လ အရေးအခင်း မှတ်တမ်းများအနက် - ဗကသ နိုင်ငြံခားရေးထုတ် - အာဏာရှင်ဆန့်ကျင်ရေး သမိုင်းဝင်နေ့စွဲများ မှတ်တမ်းကို သည်မှာ ကြည့်ပါ။
ထို မတ်လအရေးအခင်းနှင့် ပတ်သက်၍ စစ်ဗိုလ်ဟောင်း ဗိုလ်ချူပ်အောင်ကြီးက မဆလတပါတီ အာဏာရှင် ဦးနေ၀င်းထံ ပေးစာကို သည်မှာ ကြည့်ပါ။
Sunday, 13 March 2011

မဏ္ဍာပ် မထိုးရ၊ လူ မစုရ၊ စားမြိန်ထုတ် မထည့်လိုက်ရ၊ ရေအိုး မခွဲလိုက်ရ
မနက်စောစောချတဲ့ အသုဘ
မတ် ၁၄၊ ၂၀၁၁
ရန်ကုန်စက်မှုတက္ကသိုလ်၊ မတ်လ အရေးအခင်းတွင် ကျဆုံးသွားခဲ့သော ကိုဖုန်းမော်၊ ပဉ္စမနှစ် (ဓာတု) ၏ အမကြီး မမာမာဝင်း၊ သူငယ်ချင်းများ
ဖြစ်ကြသော ကိုခင်မောင်ထွန်း (B.Sc. Hist) ၊ မဝင်းဝင်းမြင့် (B.Sc. Phy)၊ ကိုမင်းထွဋ် III Yr Zoo တို့နှင့် စက်မှုအားမာန် စာစောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး
မေးမြန်းခဲ့သည်များကို ကျန်ရစ်သူများ၏ ခံစားချက်များအတိုင်း ဖော်ပြလိုက်ပါသည်။
ဦးစွာ ကိုဖုန်းမော်၏ မိသားစု အတွင်းရေးနှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ မိဘများမှာ ဦးဩဘာနှင့် အဒေါ်အမာ ဖြစ်၍ ကွယ်လွန်သွားကြပြီ ဖြစ်ကြောင်း။
မောင်နှမ ငါးဦးအနက် စတုတ္ထမြောက် သားဖြစ်ကြောင်း၊ မမာမာဝင်း က ပြောပါသည်။ အကိုကြီး ကိုကျော်ဝင်းနှင့် အမနှစ်ယောက်ဖြစ်သော မမာမာဝင်းနှင့်
မမာမာအိတို့က မင်္ဂလာဈေးတွင် ဆိုင်ဖွင့်ပြီး ကိုဖုန်းမော်နှင့် ညီမငယ် မနီနီအောင် (ဒုနှစ်၊ ဓာတု-လှိုင)် တို့ကို မိဘသဖွယ် ပညာရေးကို တာဝန်ယူ
အုပ်ထိန်းနေရကြောင်း ပြောပါသည်။
ကိုဖုန်းမော် ကွယ်လွန်ခဲ့သော အဖြစ်အပျက်နှင့်ပတ်သက်၍ မေးမြန်းရာ ကိုဖုန်းမော် သေဆုံးသည်ကို ၁၃.၃.၈၈ က ချက်ချင်း မသိရကြောင်း၊ ၁၄.၃.၈၈ ရက်
နေ့လည် ၁ နာရီတွင် ဈေးထဲမှ ရေဒီယိုက တဆင့်ကြားရကြောင်း၊ ကိုဖုန်းမော်၏ ညီမငယ် မနီနီအောင်ကလည်း ၎င်း ကျောင်းတက်နေသော ရန်ကုန်တက္ကသိုလ်
လှိုင်နယ်မြေမှ သိလာရကြောင်း အမလတ် (မမာမာအိ) က ဈေးမှကြားကြားချင်း ဆေးရုံကြီး အရေးပေါ်ဋ္ဌာနသို့လိုက်၍ စုံစမ်း၍ရာ ဆရာဝန်ကြီးများက
ချွန်ထက်သော စူးနှင့်ထိုးမိ၍ သေဆုံးကြောင်း ပြောသည်။ အမလတ်က ဘယ်အချိန်လောက်က ဆုံးသလဲဟုမေးရာ ကျောင်း၌ပင် သေဆုံးခဲ့ဟန်တူကြောင်း
ဖြေသည်။ ကျောင်းမှာ တခါတည်း သေရလောက်အောင် ထိုးတဲ့စူးက ဘယ်လိုစူးလဲ ဟုမေးသောအခါမှ သေနတ်ဒဏ်ရာလည်း ဖြစ်နိုင်ကြောင်း ဖြေသည်ဟု
ဆိုပါသည်။ ထို့နောက် အမလတ်ကို မှုခင်းရဲတပ်ဖွဲ့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး (၄၇ လမ်း ) သို့ ခေါ်ယူ၍ ကိုဖုန်းမော် အကြောင်းကို အသေးစိတ်
စစ်ဆေးမေးမြန်းကြောင်း ပြောပါသည်။
အိမ်ပြန်ရောက်သောအခါ အရပ်က အိမ်တွင် မဏ္ဍာပ် ထိုးပေးထားကြကြောင်း သို့သော် ရပ်ကွက်ကောင်စီက ခေါ်တွေ့ပြီး မဏ္ဍာပ်ကို ဖျက်ခိုင်းကြောင်း၊ လူ မစုရ၊
အသုဘအိမ်နှင့်တူအောင် မနေရဟု ပြောကြောင်း၊ ထိုနေ့မှစ၍ ၃ ရက်တိတ် ရပ်ကွက်ကို မီးဖျက်ထားကြောင်း ပြောပါသည်။
အနီးပတ်ဝန်းကျင်မှလူများကိုလည်း ထောက်လှမ်းရေးက ကိုဖုန်းမော်နှင့်ပတ်သက်၍ စုံစမ်းသောအခါ “လူအေးလေးပါ” ဖြေသူများကို “ဒါလောက် ဆိုးသွမ်းနေတဲ့
လူငယ်တဦးကို ခင်ဗျားတို့က ဘယ်လို အကြောင်းပြချက်နဲ့ လူကောင်းလို့ ပြောကြတာလဲ” ဟု ဟောက်ကြောင်း အမကြီးက ပြောပြပါသည်။
သတင်းစာတွင်လည်း နာရေးကြော်ငြာထည့်ခွင့်မရခဲ့ကြောင်း ထောက်လှမ်းရေးများ ခြေချင်းလိမ်နေကြကြောင်း၊ လမ်းနှင့် အိမ်ကိုလည်း စောင့်ကြည့်ကာ
ဓာတ်ပုံရိုက်နေခဲ့ကြောင်း ဆက် ပြောသွားပါသည်။ ၁၅ ရက်နေ့တွင် ကျောင်းသားများက ကိုဖုန်းမော် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်း
လာပြောပါသည်။
ဆက်လက်၍ မမာမာဝင်းက “၉ နာရီလောက်မှာ လမ်းထဲက လူတွေက လမ်းထိပ်အဝင်အထွက် လူများကို ဓာတ်ပုံရိုက်နေကြောင်းကို လာပြောတယ် ..။ အမတို့
အနေနဲ့ အာဏာနဲ့ ဖိနှိပ်မှုတွေကို အလွန်ရွံ့မုန်းတယ်” .. ဟု ပြောပါသည်။
သတင်းစာတွင် နာရေးကြော်ငြာ ထည့်ခွင့်မရ၍ ကိုဖုန်းမော် ကွယ်လွန်ကြောင်းကို ညီမငယ် ဖြစ်သူက သင်ပုန်းတခုတွင်ရေးပြီး အိမ်ရှေ့တွင် ထောင်ထားခဲ့ကြောင်း၊
ရပ်ကွက်ကောင်စီက ဖျက်ခိုင်းသောအခါ နာရေးကြော်ငြာ မထည့်ရမချင်း ဖျက်မပေးနိုင်ကြောင်း ပြောမှသာ သတင်းစာ ထည့်ခွင့်ရအောင် လုပ်ပေးမည်ဆိုပြီး
ဖုန်းဆက်ပေးကြောင်း သိရသည်။
မြို့နယ်ရုံးမှ အတွင်းရေးမှူးက ဖုန်းမော် သင်္ဂြိုဟ်ရန်ကိစ္စကို သက်ဆိုင်ရာက သင်္ဂြိုဟ်ပေးရမည်လား မိသားစုက သင်္ဂြိုဟ်မလားဟု မေးရာ “အမတို့ မိသားစုက
ကျောင်းသား အသိုင်းအဝိုင်းနဲ့ သင်္ဂြိုဟ်ချင်တယ်လို့ ပြန်ပြောလိုက်တယ်” ဟု ပြောပြပါသည်။
“နေ့လည် ၁၁ နာရီမှာ အလောင်းကို ကြည့်ခွင့်ပေးမည်ဆိုပြီး ၄၇ လမ်း ရုံးကို ခေါ်သွားကြောင်း၊ အလောင်းကို ၁၇ ရက်နေ့ ပေးမယ်လို့ ပြောတယ်။
နောက်တော့လည်း မရပါဘူး၊ အမတို့က ဈေးသည်ဖြစ်တဲ့အလျောက် ဈေးသည်တောင်မှ ကတိတည်သေးတာ၊ အစိုးရဆိုရင် ဈေးသည်ထက် ကတိတည်မယ်
ထင်ထားတာ၊ အစိုးရဟာ ဈေးသည်လောက်တောင် ကတိမတည်ဘူး၊ ကုန်သည်ထက် ဖျင်းတယ်” ဟု မမာမာဝင်းက သူ့ရဲ့ အမြင်ကို ရိုးသားစွာ ပြောပါသည်။
၄၇ လမ်းရုံးတွင် တော်တော်ကြာ စောင့်နေပြီးမှ ဆေးရုံကြီးကို ခေါ်သွားကြောင်း အရေးပေါ်ဋ္ဌာနတွင် မိနစ် ၃၀ လောက်စောင့်ရပြီးမှ အလောင်းကို အမလတ်
တယောက်သာ ကြည့်ခွင့်ရကြောင်း၊ အလောင်းမှာ ဂျပန်ဆေးရုံတွင် ထားဟန်တူကြောင်း၊ အရေးပေါ် အခန်းလွတ်ထဲတွင် ရုတ်တရက် လာထားဟန်တူကြောင်း
အလောင်းပုံစံမှာ ခေါင်းတွင် သွေးများနှင့် ဖူးယောင်နေဟန် ဖန်တီးထားပြီး မျက်နှာကိုသာ ဖော်ထားကာ ကျန်အပိုင်းများကို မြင်ခွင့်မရခဲ့ကြောင်း ရင်နင့်ဖွယ်
ပြောပြပါသည်။
၁၆ ရက်နေ့တွင် သတင်းစာ၌ နာရေးကြော်ငြာပါလာသော်လည်း “ရုတ်တရက်” ဟူသော စကားလုံးကို ဖြုတ်ချခဲ့ကြောင်း ပြောပါသည်။
ည ၇ နာရီလောက်တွင် ရဲအုပ်အဆင့်ရှိသူ လူနှစ်ယောက် ရောက်လာပြီး ဘာလိုအပ်သလဲ ဟုမေးရာ အမတို့အနေနဲ့ “ဘာမှ မလိုပါဘူး ၁၇ ရက်နေ့ အလောင်းရရင်
တော်ပါပြီ” ဟု ပြောလိုက်ကြောင်း သိရသည်။
၁၇ ရက်နေ့ နံနက် ၅ နာရီတွင် အိမ်၌ မြေချသပိတ်သွတ်ရန် မုန့်၊ လ္ဘက်ရည် စီစဉ်ထားသည်။ ထိုအချိန်တွင် မိမိကိုယ်ကို အတွင်းရေးမှူးဟု ပြော၍
လူတယောက်ရောက်လာပြီး မောင်နှမ ၄ ယောက်ကို လူကြီးက စကားပြောချင်လို့ ၄ ယောက်လုံး လိုက်ခဲ့ပါဟု ပြောကြောင်း၊ လူကြီးဆိုတာ ဝန်ကြီးကို
ဆိုလိုကြောင်း ထိုလူက ပြောသည်။
အမကြီးက ဖုန်းမော်ကိုပြပြီး သင်္ဂြိုဟ်မှာလားဟု မေးရာ မဟုတ်ပါဘူး လူကြီးက စကားပြောချင်လို့ ခေါ်တာပါဟုပြောရာ ဘုန်းကြီးများ မရောက်သေး၍ ညီမငယ်ကို
နေခဲ့ရန်မှာစဉ် လေးယောက်စလုံး လိုက်ခဲ့ရန် အတင်းခေါ်ရာ ညီမငယ်က နေခဲ့ကြောင်း ပြောပါသည်။
၆း၃၀ လောက်တွင် ၄၇ လမ်းရုံးသို့ ခေါ်သွားရာ အတန်ငယ် ကျယ်ဝန်းသော အခန်းတွင် မိနစ် ၃၀ လောက် ထိုင်ခိုင်းထား၍ “လူကြီး ဘယ်မှာလဲ” ဟုမေးတိုင်း
မဖြေဘဲ မုန့်၊ လ္ဘက်ရည်နှင့်သာ ဧည့်ခံကြောင်း၊ သို့သော် မသောက်ခဲ့ကြောင်း ပြောပြပါသည်။
အတန်ကြာမှ ဂျပန်ဆေးရုံ (အထွေထွေ ရောဂါကုဆေးရံ)ု သို့သွားရန် ဟိုင်းလပ်စ်ကား တစီးပေါ် တက်ခိုင်းပြီး ဆေးရုံကြီးသို့ ခေါ်လာခဲ့သည်။ ဆေးရုံကြီးတွင် ၉၂၉

နှစ်စီး၊ အသုဘယာဉ်၊ ဘုန်းကြီး ငါးပါးကားနှင့် ဋ္ဌာနဆိုင်ရာ ကားတချို့ တွေ့ရတော့မှ အစိုးရ ထိန်းချုပ်မှုအောက်တွင် အသုဘချရန် စီစဉ်ထားပြီးဖြစ်ကြောင်း ရိပ်မိ၍
ဆင်းမည်ပြုရာ ရဲအုပ် အမျိုးသမီး ၃ ဦး ပိတ်တားပြီး လုံးဝ ဆင်းခွင့်မရခဲ့ကြောင်း။
“အမတို့မှာ ငိုယုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူးကွယ်” ဟု ရင်နင့်ဖွယ် ရှိုက်သံတဝက်ဖြင့် ပြောပြပါသည်။
ဂျပန်ဆေးရုံရောက်ပြီးနောက် ဆင်းခိုင်းသည်။ မဆင်းလိုကြောင်းပြောရာ လာခေါ်စဉ်က လေသံမျိုး မဟုတ်ဘဲ မဆင်းရင် အတင်းဆွဲချ ဟုပြောရာ အမကြီးက “ကဲ
ဆင်းပေးလိုက်တော့၊ သူတို့မှာ လက်နက်နဲ့ အာဏာရှိတယ်” ဟုပြောရာ အကိုကြီး တယောက်တည်း ဂျပန်ဆေးရုံ အနောက်ဘက် ရေခဲတိုက်ထဲသို့
ဝင်လိုက်သွားသည်။ အဖြစ်အပျက်အားလုံးကို ဗီဒီယို ရိုက်နေကြောင်း၊ အနားတွင် ပြည်ထဲရေး ဒုဝန်ကြီး ဦးခင်မောင်ဝင်းလည်း ရှိနေကြောင်း ပြောပါသည်။
အကိုကြီးကို ရေခဲတိုက်ထဲသို့ ခေါ်ဆောင်သွားသည်။ အခန်းထဲတွင် အရပ်ပုပု အသက်ကြီးကြီး ဆရာဝန်ကြီး ရှိနေကြောင်း၊ အလောင်းကို မန္တလေး ရှပ်အဖြူ
လက်ရှည်နှင့် ပုဆိုးကို ကျပ်နေအောင် စည်းထားကြောင်း ပြောပါသည်။
အလောင်းကို ကြည့်ရှုခွင့်တောင်းပြီး ကြယ်သီးဖြုတ်၊ ပုဆိုးလှန်ကြည့်ရာ မေးအောက်မှ ရင်ဘတ်တလျောက် ချုပ်ထားသည်ကို တွေ့ရသည်။
ညာဘက်နံပါး၌ ကန့်လန့်ဖြတ် ချုပ်ရိုးတကြောင်းရှိ၊ သေနတ်ဒဏ်ရာရှိသော ရင်ဘတ်နေရာ၌မူ အသားများကို လိပ်ယူချုပ်ထားပြီး၊ ဆီးစပ်တွင် ဒဏ်ရာတွေ့ရပြီး
ညာဖက်ပေါင် ဒူးဆစ်အထက် သေနတ်ဒဏ်ရာကိုလည်း ချုပ်ရိုးဖြင့် လိပ်ချုပ်ဖုံးကွယ်ထားသည်။
ကျည်ဆံ နှစ်တောင့်ကို ဆရာဝန်ကြီးက ပြကြောင်း၊ ခဏသာ ကြည့်ခွင့်ရ၍ အပြင်သို့ ဆွဲထုတ်သွားကြောင်း ကြေကွဲဖွယ် သိရှိရပါသည်။ အပြင်ဘက်၌ ဆိုင်ရာ၏
အစီအစဉ်ဖြင့် ပင့်ဆောင်ထားသော ဘုန်းကြီးငါးပါးနှင့် အကိုကြီးတို့ကသာ ကွယ်လွန်သူအတွက် သရဏဂုံကို အကျဉ်းချုံး ဆောင်ရွက်ခဲ့ရသည်။
ပိုက်ဆံ မထည့်ရသေး၍ တောင်းပြီး ထည့်လိုက်ရကြောင်း၊ ရေအိုး မခွဲရ၊ စားမြိန်ထုတ် မထည့်လိုက်ရကြောင်း၊ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာများအတိုင်း
ဆောင်ရွက်ခွင့် မရခဲ့ကြောင်း၊ ရင်နင့်ဖွယ် ကြားရပါသည်။
ဆိုင်ရာက ထုတ်ပေးသော အမိန့်တမ်းတွင် ဆူးချွန်နှစ်ချက်ဖြင့် ကွယ်လွန်ကြောင်း ရေးသားထားသည်။
ကျောင်းသားများနှင့်အတူ ကြံတောသင်္ချိုင်း၌ အရိုးအိုးဖြင့် စနစ်တကျ သင်္ဂြိုဟ်လိုသော်လည်း ဆိုင်ရာမှ အတင်းအကြပ် စီမံမှုဖြင့် တာမွေသင်္ချိုင်း၌ ဖုန်းမော်၏
ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ် ဖျောက်ဖျက်ပစ်လိုက်သည်။ အရိုးကောက်ခွင့်ပင် မရခဲ့ပေ။
မနက် ၈း၄၅ နာရီတွင် မီးသင်္ဂြိုဟ် ပြီးစီးခဲ့သည်။ သင်္ချိုင်းတခုလုံး ရှင်းလင်းနေပြီး အတော်ဝေးဝေးမှ ရပ်ကွက်ရှိ ကလေး၊ လူကြီးများက တခါမျှ မကြုံစဖူး မနက်ခင်း
အသုဘကို အံ့ဩထိတ်လန့်စွာဖြင့် ကြည့်နေကြသည်ဟု သိရသည်။
အိမ်သို့ ပြန်အပို့တွင်လည်း အိမ်တိုင်ရာရောက်မပို့ဘဲ လမ်းထိပ်၌ပင် ရိုင်းပြစွာ ဆက်ဆံ၍ ချထားခဲ့သည်။
လှည်းတန်း ကြံတောတို့၌ အသုဘပို့ရန် ကျောင်းသားမြောက်များစွာ စောင့်ဆိုင်းနေခဲ့ကြသည်ကိုသိ၍ ကြီးကျယ်စွာ အသုဘချခြင်းကို လွှဲရှောင်လိုသောဆန္ဒဖြင့်
အစိုးရက လှည့်စားဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပြောသည်။
၁၉ ရက်နေ့ ရက်လည်ဆွမ်းကျွေး၌ ကျောင်းသား အရပ်သားများ လာရောက်နိုင်ခြင်း မရှိကြပေ။ ထောက်လှမ်းရေးက ဓာတ်ပုံရိုက် ဖမ်းဆီးနေသည်ဟု
သတင်းလွှင့်ပြီး သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်တားဆီးခဲ့သည်။ အစိုးရကလည်း ဖုန်းမော်အား ဆိုးသွမ်းလူငယ်၊ နိုင်ငံကို ပုန်ကန်သူ တောတွင်း
အဆက်အသွယ်ရှိသူအဖြစ် သတင်းလွှင့်ခဲ့သည်။
မြန်မာ့အသံနှင့် သတင်းစာများကလည်း ရပ်ကွက်နှင့်ရန်ဖြစ်၍ သေဆုံးသည်ဟု သတင်းလွှင့်ခဲ့သည်။ အဖြစ်မှန်ကို ဖုံးကွယ်သည့်အပြင် သေဆုံးသူ၏
မိသားစုကိုလည်း ရာဇဝတ်မှု ကျူးလွန်သူများသဖွယ် ချုပ်ခြယ်ခြိမ်းချောက် ဖိနှိပ်၍ လူမဆန်စွာ ဆက်ဆံခဲ့သည်။
ဆက်လက်၍ မမာမာဝင်းကို ကိုဖုန်းမော်၏ ညီမနှင့်ပတ်သက်၍မေးမြန်းရာ ကိုဖုန်းမော်၏ ညီမသည် အကိုအတွက် မခံမရပ်နိုင်ဖြစ်ပြီး တရားဟော လှုံ့ဆော်သဖြင့်
ဖမ်းဆီးထောင်ချ အသတ်ခံရသည်ဟု လုပ်ကြံဇာတ်လမ်းဖန်တီးပြီး ကျောင်းသားများ ဆန္ဒပြမှုများ မဖြစ်ပေါ်စေရန် သတင်းလွှင့်ခဲ့ခြင်း ဖြစ်ကြောင်း
ရှင်းလင်းပြခဲ့သည်။
ကိုဖုန်းမော်၏ ဘဝခရီးကို မေးမြန်းကြည့်ရာ မမာမာဝင်းနှင့်အတူ ကြက်ခြေနီအဖွဲ့မှ ရဲဘော်ရင်းများ ဖြစ်ကြသော ကိုခင်မောင်ထွန်းနှင့် မဝင်းဝင်းမြင့်နှင့်
ကိုမင်းထွဋ်တို့က ဝိုင်းဝန်းဖြေဆိုခဲ့သည်များကို အကျဉ်းချုပ် တင်ပြပါသည်။
ကိုဖုန်းမော်သည် ၅ တန်းမှ ၁၀ တန်းအထိ လသာ ၁ တွင် ပညာသင်ကြား၍ ၉ တန်းတွင် လူငယ် လေကြောင်းသင်တန်း လသာမြို့နယ်
လမ်းစဉ်လူငယ်သင်တန်းလည်း တက်ခဲ့သည်။ ၁၉၈၁ တွင် ၁၀ တန်းအောင်၍ RC 2 တွင်တက်ပြီး ကြက်ခြေနီအဖွဲ့တွင် ဝင်ရောက်လှုပ်ရှားခဲ့သည်။ RIT
ရောက်သည့်တိုင် RC 2 မှ ကြက်ခြေနီအဖွဲ့နှင့် လှုပ်ရှားခဲ့သဖြင့် ဆရာများ၏ အားကိုးမှု၊ ချီးကျူးမှုကို ခံခဲ့ရသူ ဖြစ်သည်။ အရံပါတီဝင် တယောက်ဖြစ်ပြီး၊
ကြက်ခြေနီအဖွဲ့၊ တက္ကသိုလ်အရံတပ်ရင်း၊ ဗုဒ္ဓဘာသာအသင်းများ၏ အောင်လက်မှတ်များ၊ မှတ်တမ်းများ၊ ဂုဏ်ပြုလက်မှတ်များ ရရှိထားသည်။ ၈၂
(အောက်တိုဘာ) ရန်ကုန-် မန္တလေး ကားလမ်း လှည်းကူး လုပ်အားပေးစခန်း၊ ၁၉၈၃ (အောက်တိုဘာ) စပါး(၁) ရွှေလောင်းကျွန်း လုပ်အားပေး (ဝါးခယ်မ) တွင်
ပါဝင်လုပ်အားပေးခဲ့သည်။ နောက်ဆုံး ပြည်ထောင်စုနေ့၌ပင် ကြက်ခြေနီ တပ်ဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။ ငါးကြိမ်မြောက် သွေးလှူရှင်ဖြစ်ပြီး၊
ယခုလက်ရှိ ဓာတုအင်ဂျင်နီယာ ဘာသာရပ်အသင်း အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေသူဖြစ်သည်။
ဆက်လက်၍ မမာမာဝင်းက ကိုဖုန်းမော်၏ အနာဂတ် ရည်ရွယ်ချက် ကြီးမားပုံကို ပြောပြပါသည်။
နိုင်ငံချစ်မြတ်နိုးပြီး နိုင်ငံအကျိုး နိုင်ငံကြီးပွားတိုးတက်စေလိုတဲ့ ဆန္ဒရှိတယ်၊ ပါတီ မဝင်ရင် အခွင့်အရေး မရဘူး၊ ပါတီဝင်မှ ကျောင်းပြီးရင် အလုပ်တန်းရမယ်၊
ကျောင်းပြီးပြီးချင်း အလုပ်လုပ်မယ် ပြောသူဖြစ်ကြောင်း၊ အမများက စီးပွားရေး လုပ်စေချင်တဲ့ကြားက စစ်ဗိုလ်အင်ဂျင်နီယာတဦးဖြစ်ရန် ရည်ရွယ်သူ ဖြစ်ကြောင်း၊
တိုင်းပြည်အကျိုး နိုင်ငံအကျိုးကို တဖက်တလမ်းက သယ်ပိုးဆောင်ရွက်နေသူ ကျောင်းသားလူငယ်တဦးအား ရက်စက်ယုတ်မာ လူမဆန်စွာ ပြုမှုကို ဖုံးဖိလိုသော
ဆန္ဒဖြင့် ရာဇဝတ်မှု ကျူးလွန်သူအဖြစ် လိမ်လည် ဝါဒဖြန့်ခဲ့သည်။
မမာမာဝင်း၏ ဆန္ဒကိုမေးရာ ကိုဖုန်းမော် သေဆုံးရခြင်းအတွက် ယူကျုံးမရ ဖြစ်ရသည်၊ ဝမ်းနည်းကြေကွဲရသည်။
မည်သို့မျှ နှိုင်းယှဉ်မရ၊ အစားထိုး မရအောင် နှမြောရသည်၊ အစိုးရ မပြုတ်မချင်း လူလာ မဖြစ်ပါစေနဲ့၊ လူဖြစ်ရကျိုးနပ်မှာ မဟုတ်ဘူးဟူ၍လည်းကောင်း၊
အသင်းအဖွဲ့များဟာလည်း အမိန့်ပြန်စာ ထုတ်ပေးစေချင်တယ် ဟူ၍လည်းကောင်း ပြောပါသည်။
အစိုးရ မပြုတ်မချင်း လူလာ မဖြစ်ပါစေနဲ့ ...
ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့်
စက်မှုအားမာန် စာစောင်၊ အမှတ်စဉ် (၄)၊ ၁၇.၉.၈၈ မှ ကူးယူဖော်ပြပါသည်။

ဆယ်နှစ်လည်း ပြည့်ခဲ့ပြီ . . . တစ်သိန်းလည်း ပြည့်တော့မည်
ကျော်သူ
မတ် ၁၄၊ ၂၀၁၁
နာရေးကူညီမှုအသင်း(ရန်ကုန)် ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေး၊ ၇ ရက်သားသမီးတို့၏
နာရေးကိစ္စအဝဝတို့ကို မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထား၍ (အခမဲ့) ကုသိုလ်ဖြစ် အအေးခန်း ထားပေးခြင်း၊
မီးသင်္ဂြိုဟ်ပေးခြင်းတို့ကို အလူမီနီယမ်ခေါင်း၊ မှန်ခေါင်း၊ ရဟန်းသံဃာတော်များအား စတီးလ်ကရဝိတ်ဖောင်၊ မှန်စီရွှေချခေါင်းများဖြင့် ကုသိုလ်ပြုလုပ်ငန်းများကို
ပေးဆပ်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆယ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ယခု ၂၀၁၁ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့အထိ နာရေးကူညီမှုပေါင်း ၉၉,၆၄၄ ဦးတို့ကို (အခမဲ)့ ကူညီခဲ့ပြီး ဖြစ်ပါသည်။ ယခုလာမည့် မတ်လ ၂၀/၂၁
ရက်နေ့ခန့်တွင် နာရေးကူညီမှုပေါင်း (၁၀၀,၀၀၀) တစ်သိန်းဦးရေ ပြည့်တော့မည်ဖြစ်သည်။
၂၀၀၇ ခုနှစ်မှစ၍ အသင်း၏ အထူးအစီအစဉ်တရပ်ဖြင့် ဘဝတပါးသို့ ကူးပြောင်းသွားသော ဆင်းရဲနွမ်းပါးလှသည့် နာရေးကိစ္စကို နိုင်ငံခြားမှတဆင့်
လှူဒါန်းထားသော နိုင်ငံခြားဖြစ်အခေါင်းနှင့် မီးသင်္ဂြိုဟ်ပေးခြင်း၊ ကျန်ရစ်သော နာရေးရှင်မိသားစုတို့အား ငွေလှူဒါန်းခြင်း (အသင်းသူ/သားများ၏
စုပေါင်းလှူဒါန်းငွေ) တစ်သိန်းအထက်နှင့် ရက်လည်ဆွမ်းကပ်အလှူဒါနအတွက် သင်္ကန်းပရိက္ခရာများ လှူဒါန်းပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်မှာ ယခုဆိုလျှင် ၅
ကြိမ်တိတိရှိပြီ ဖြစ်ပါသည်။
ယခု ၂၀၁၁ ခုနှစ်တွင် အသင်း၏ ထူးခြားမှု၊ လှုပ်ရှားမှုတရပ်အဖြစ် “ဘဝနိဂုံး အဆုံးပုံရိပ်” ဟူသော ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဓာတ်ပုံပြိုင်ပွဲကို
ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ နာရေးကူညီမှုအသင်း (ရန်ကုန)် သို့ လာရောက်၍ လုပ်အားပေးမည့် လူမှုရေးသမားများသည် နာရေးကူညီမှု၊ ဆေးကူညီမှု၊
ပညာရေး စသည့် သင်တန်းများကိုတက်ရောက်ပြီးမှ လုပ်အားပေးခွင့်ကို ရရှိမည်ဖြစ်သည်။ ယင်း သင်တန်းများတွင် “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်”
ဓာတ်ပုံသင်တန်းကိုလည်း ပို့ချခဲ့သည်။

ရည်ရွယ်ချက် ၁။

နာရေးကူညီမှုအသင်း(ရန်ကုန)် မှ သွားရောက်သယ်ဆောင် ကူညီပံ့ပိုးပေးသည့် နာရေး လမ်းကြောင်းများ၏ ထူးခြားချက်များ (ရေနစ်၊ ဆွဲကြိုးချ၊

ရထားကြိတ်၊ လမ်းဘေး သေဆုံးမှု စသည်)့ အခြားအခြားသော ဖြစ်စဉ်များအတွက် ဓာတ်ပုံမှတ်တမ်းများ လိုအပ်ခြင်း။
၂။

အချို့သော နာရေးရှင်များမှ မိမိတို့၏ နာရေးကိစ္စမှတ်တမ်းပုံများကို အမှတ်တရ တောင်းခံခြင်း။

၃။

အလှူရှင်တို့အား မှတ်တမ်းဓာတ်ပုံ ရိုက်ကူးပေးခြင်း။

၎။

နာရေးကူညီမှုအသင်း(ရန်ကုန)် ၏ သမိုင်းကြောင်းရာဇဝင်များကို မှတ်တမ်းတိတိကျကျ ဓာတ်ပုံများနှင့်တကွ မှတ်တမ်းပြုထားလိုခြင်း စသည့်

ရည်ရွယ်ချက်များကြောင့် အသင်းသူ/သားတိုင်း ဓာတ်ပုံရိုက်ကူးမှု အတတ်ပညာကို တတ်မြောက်ရမည်ဟူသော ခံယူချက်နှင့်အညီ ဓာတ်ပုံရိုက်သင်တန်းကို
သင်ကြားပေးခဲ့ပါသည်။
ယခင် ၂၀၀၉ ခုနှစ်အတွက် အသင်းမှ သင်္ဂြိုဟ်ပေးမှုအလောင်း (၁၀,၀၀၀) ပြည့်ကိုလည်း (၂၈.၉.၂၀၀၉) နေ့တွင် “ဘဝနိဂုံး အဆုံးပုံရိပ်” ဟူသော
မှတ်တမ်းတင်ဓာတ်ပုံပြိုင်ပွဲ ကျင်းပပေးခဲ့ရာ အသင်းသူ/သားများ တက်တက်ကြွကြွ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နာရေးရှင်တို့ကလည်း နောက်နေ့တွင် သူတို့၏
နာရေးမှတ်တမ်းပုံများကို မှတ်မှတ်ရရ လာရောက်တောင်းခံခဲ့ကြသည်။
ဤသည်မှာ . . . မိမိတို့၏ ပီတိပင်ဖြစ်တော့သည်။
ဓာတ်ပုံဆုပေးရာတွင် အဓိက - နာရေးရှင်တို့၏ ပတ်ဝန်းကျင်အနေအထား၊
နာရေးရှင်တို့၏ ခံစားချက်အနေအထား၊
ဓာတ်ပုံပညာရပ်၏ ကျွမ်းကျင်မှုအနေအထား၊
ဓာတ်ပုံပညာရပ်၏ ထူးခြားသော ပုံဖော်မှုတို့ကို အဓိကထား ရွေးချယ် ဆုံးဖြတ်ကြသည်။
ဤတွင် . . . ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု တို့ဖြစ်ကြသည်။

ယခု ၂၀၁၁ ခုနှစ်၊ မတ်လ (၂၀/၂၁) ရက်နေ့ခန့်တွင် နာရေးကူညီမှုပေါင်း (၁၀၀,၀၀၀) တစ်သိန်းပြည့်တော့မည့် နေ့ရက်တွင် အထူးခြားဆုံး
အစီအစဉ်တရပ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန)် ၏ ဓာတ်ပုံသင်တန်းဆင်း အသင်းသူ/သားများအား ဓာတ်ပုံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခွင့်မပြုဘဲ
စိတ်ပါဝင်စားသော ပြင်ပဓာတ်ပုံပညာရှင်များသာ ပါဝင်ရိုက်ကူးယှဉ်ပြိုင် ကုသိုလ်ယူမည့်ပွဲ ဖြစ်သည်။ အသင်းသူ/သားများ ပါဝင်ရိုက်ကူးခွင့် မပြုခြင်းမှာ နာရေးကူညီမှုအသင်း(ရန်ကုန)် ၏ နာရေးပို့ဆောင်မှု အင်အားလျော့ပါးခြင်း မရှိစေဘဲ စည်ကားသိုက်မြိုက်စွာ ဘဝတပါးသို့ ပြောင်းလဲသွားသော
လူသားတဦးအတွက် ထိရောက်စွာ ပေးဆပ်နိုင်ရန်အတွက် ဖြစ်သည်။
ထို့အပြင် ပြင်ပ ဓာတ်ပုံပညာရှင်များအနေဖြင့်လည်း မင်္ဂလာဆောင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဧည့်ခံပွဲများ၊ မွေးနေ့ပွဲများနှင့်သာ တင်းတိမ်ရောင့်ရဲမနေဘဲ
လူသားတဦး၏ နောက်ဆုံးကမာမြေပြင်မှ ထွက်ခွာသွားသော ပုံရိပ်လွှာများအား ကုသိုလ်လည်းရကာ မိမိတို့၏ ဓာတ်ပုံပညာရပ်ကိုလည်း တင်ပြနိုင်ခွင့်

ရစေမည်ဖြစ်သည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန)် မှ နာရေးကူညီမှုပေါင်း (၁၀၀,၀၀၀) တစ်သိန်းပြည့် အစီအစဉ်အတွက် အထူးကျင်းပမည်ဖြစ်သော “ဘဝနိဂုံး …
အဆုံးပုံရိပ်” ဓာတ်ပုံပြိုင်ပွဲအား စိတ်ဝင်စားသော ဓာတ်ပုံပညာရှင်များသည် ယခု မတ်လ (၁၈/၁၉) ရက်နေ့များတွင် နာရေးကူညီမှုအသင်း (ရန်ကုန)် အမှတ်
(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄၊ ၅၈၁၃၆၃၊ ၅၈၀၁၃၃ သို့လည်းကောင်း၊
တီဗီသက်မွန်နှင့်အဖွဲ့ အမှတ(် ၁၂၆)၊ ၃၃ လမ်း(အလယ်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း - ၀၉ ၅၀၄၄၄၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်း၍
ပြိုင်ပွဲဝင်လျှောက်လွှာများအား ထုတ်ယူဖြည့်စွက်ကာ တစ်သိန်းပြည့် ကုသိုလ်ယူပွဲကြီး၏ မှတ်တမ်းပုံများကို ပါဝင်ဆင်နွှဲကြပါရန် သတင်းပေးအပ်ပါသည်။
http://www.moemaka.com/

http://www.mongloi.org/burmese/

ရခိုင်ဆေးကျောင်းသားများနှင့် ဂီရိ ထောက်ပံ့ရေး ရံပုံငွေ ဂီတ ဖြေဖျော်ပွဲ ဂျပန်တွင် ပြုလုပ်
3/13/2011
Adjust font size:
ဂျပန်နိုင်ငံတွင် ငလျင်ဒဏ်ကြောင့် လူပေါင်း သောင်းချီ သေဆုံးပြီး တိုက်တာ အဆောက်အအုံများ ထောင်ချီပြိုကျခဲ့ရ သဖြင့် ၀မ်းနည်း ထိခိုက်ဖွယ်ရာ
အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသော်လည်း မူလ ကျင်းပရန် စီစဉ်ထားသည့် ဆေးကျောင်းသားများနှင့် ဂီရိ ရံပုံငွေ ဂီတ ဖြေဖျော်ပွဲကို တနင်္ဂနွေနေ့က
ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ဂီတ ရံပုံငွေကို ပွဲကို စီစဉ်ရာတွင် ပါဝင်သူ တစ်ဦး ဖြစ်သည့် ကိုကျော်သန်းလိုင်က “ ခုလို ငလျင်ကြောင့် ဂျပန်နိုင်ငံသာမက တကမ္ဘာလုံးက စိတ်အကြီးအကျယ်
ထိခိုက်နေချိန်မှာ ကျွန်တော်တို့ အနေနဲ့လည်း ပျော်ပွဲရွှင်ပွဲတွေကို မလုပ်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဖိတ်ခေါ်တဲ့ အနုပညာရှင်တွေနဲ့ အဆိုတော်တွေက
ငလျင် မလူပ်မှီ အချိန်ပိုင်းအတွင်းက ဂျပန်နိုင်ငံကို ရောက်ရှိနေကြပြီဆိုတော့ စီစဉ်ထားတဲ့ ပွဲစဉ်ကိုလည်း ရပ်လို့ မရ ဖြစ်သွားခဲ့ရတဲ့ အတွက် မူလ စီစဉ်ထားတဲ့
အတိုင်း ဂီတ ဖြေဖျော်ပွဲကို ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ၂၀၀ လာရောက်ကြည့်ရှု့ အားပေးခဲ့ကြပါတယ်” ဟု ပြောသည်။
အဆိုပါ ရံပုံငွေ ဂီတဖြေဖျော်ပွဲကို ငွေကြေး အမြောက်အမြား ကုန်ကျခံပြီး လွန်ခဲ့သော လအနည်းငယ်ကပင် စီစဉ်ထားခြင်း ဖြစ်ပြီး အဆိုပါ ရံပုံငွေ ရှာဖွေရေး ဂီတ
ပွဲတော်တွင် ဖြေဖျော်ရန် အဆိုတော်များ ရောက်ရှိပြီး အချိန်ပိုင်းအနည်းငယ်တွင် ဂျပန်နိုင်ငံတွင် ရစ်ချက်စတာ စကေး ၉ ထိ ပြင်းထန်သော ငလျင် လူပ်ခတ်ခဲ့ခြင်း
ဖြစ်သည်။

အဆိုပါ ရံပုံငွေ ဂီတပွဲတော်သို့ လာရောက် ဖြေဖျော်ကြသော အနုပညာရှင်များနှင့် အဆိုတော်များမှာ နာမည်ကျော် သရုပ်ဆောင် အကယ်ဒမီ နေတိုး၊
ရခိုင်အဆိုတော် ၀င်းကိုခိုင်၊ ရတနာမိုင်၊ မိုင်၊ ချောစုခင်၊ ဟန်ထွန်းတို့ ဖြစ်ကြသည်။
“ ကျွန်တော်တို့ ရခိုင်လူမူရေး အသင်း (ဂျပန်)က ဆင်းရဲနွမ်းပါးတဲ့ ရခိုင်ဆေးကျောင်းသားတွေကို နှစ်စဉ် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပါတယ်။
ခုနှစ်မှာလည်း အဲဒီ ဆေးကျောင်းသားတွေကို ပိုမို ထောက်ပံ့နိုင်အောင် ဂီတ ရံပုံငွေ ရှာဖွေရေးပွဲတော်ကို ပြုလုပ်တာ ဖြစ်ပါတယ်။ ပိုလျှံတဲ့ ငွေတွေကိုလည်း ဂီရိသင့်
ပြည်သူတွေကို လှူဒါန်းမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်” ဟု ကိုကျော်သန်းလိုင်က ပြောသည်။
အဆိုပါ ဂီတ ဖြေဖျော်ပွဲတော်ကို “ ဂစ္ဆပနဒီသံစဉ်လှိုင်း” ဟု အမည်ပေးထားပြီး တိုကျိုမြို့တွင် ညနေ ၄ နာရီမှ ၉ နာရီထိ ကျင်းပ ပြုလုပ်ခဲ့သည်။
ယခု ရံပုံငွေ ရှာဖွေရေး ပွဲတော်ကို စီစဉ် ပြုလုပ်ခဲ့သည့် ရခိုင်လူမှုရေးအသင်းမှာ နိုင်ငံရေး မပါဘဲ လူမှုရေး အကျိုးပြရန် သက်သက်ဖြင့် ဂျပန်ရောက် ရခိုင်များက
ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ပြီး ယခုအချိန်ထိ မြန်မာ ကျပ်သိန်း(၁၇၀)ခန့်ကို ဂီရိ လေဘေးသင့် ပြည်သူများသို့ ပေးပို့လူဒါန်းထားပြီ ဖြစ်ကြောင်း သိရသည်။
ရခိုင် လူမူရေး အသင်း (ဂျပန်)ကို ၁၉၉၃ခုနှစ်၊ဇွန်လ(၆)ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။
http://www.narinjara.com/burmese.asp

ပါတီထက် တိုင်းပြည်အနာဂတ်က ပိုအရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောဆို
2011-03-14
ပါတီရဲ့ အနာဂတ်ထက် တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ဒီမိုကရေစီ ရရှိရေးက ပိုပြီး အရေးကြီးတယ်လို့ မတ်လ ၁၄ ရက် ဒီကနေ့ မကွေးတိုင်း စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့

တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်များမှ လူငယ်များ
တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်း၊ ရွှေဂုံတိုင်လမ်းရှိ ဌာနချုပ်ရုံးတွင် ကျင်းပနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
ဒီကနေ့ မနက် ၁၀ နာရီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ NLD ပါတီ ဗဟို ကော်မတီဝင်တွေနဲ့ မကွေးတိုင်း တိုင်းစည်း
အဖွဲ့ဝင်တွေ ညနေ ၄နာရီအထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မနက်ပိုင်း အစည်းအဝေး ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားနဲ့ ပတ်သက်ပြီး
ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ခုလို RFA ကို ပြောပါတယ်။
“တချို့က စိုးရိမ် ပူပန်နေတဲ့ လူတွေလည်း ရှိတော့ ရှိတာပေါ့။ ကျွန်မတို့ကတော့ ဒါကို မစိုးရိမ်ပါဘူး။ အဓိကကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှု ရရှိနေရင်း
ပြည်သူနဲ့ တသားတည်း ဖြစ်နေနိုင်လို့ရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနာဂတ်အတွက် ကျွန်မတို့ ဘာမှ စိတ်ပူစရာ မရှိပါဘူး။ တကယ်တော့လည်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနာဂတ်က အဓိက မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ အဓိက ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ ရရှိရေးအတွက်သာ
အဓိက ဖြစ်ပါတယ်။ အဲဒါ ဦးတည်ပြီးတော့ ကျွန်မတို့ ပံ့ပိုးနိုင်တဲ့ အကူအညီတွေကို အကြံဉာဏ်ပေးပါလို့ ပန်ကြားချင်ပါတယ်လို့ အဲဒီလို အဖွင့်မိန့်ခွန်း
ပြောကြားပါတယ်။”
ဆွေးနွေးပွဲမှာ မကွေးတိုင်း၊ တိုင်းစည်းကိုယ်စား ဦးညွန့်လှိုင်က တင်ပြပြီး မြို့နယ် ၂၂ မြို့နယ်က ဖြစ်စဉ်တွေ၊ အခက်အခဲတွေကို မြို့နယ် စည်းကော်မတီဝင်တွေနဲ့
လူငယ်အဖွဲ့ဝင်တွေက ဆက်လက်တင်ပြခဲ့ကြရာမှာ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့ က ပြန်လည်ရှင်းလင်းခဲ့ကြပါတယ်။ ညနေ၄နာရီမှာ
အစည်းအဝေး သဘာပတိ ဦးတင်ဦးက ကမာမှာ အာဏာရှင်ခေတ် မှေးမှိန်နေပြီဖြစ်ကြောင်း ဥပမာတွေနဲ့ တင်ပြပြောဆိုပြီး အစည်းအဝေး ရုပ်သိမ်းလိုက်ပါတယ်။
ဦးတင်ဦးကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဆက်သွယ်မေးမြန်းချ
က်
အသံဖိုင်ယူရန်
လွှတ်တော်အမတ်များ၏ အဆိုပြုချက် မဲမခွဲရပဲ ပြန်ရုပ်သိမ်းရ
2011-03-14
မတ်လ ၁၄ ရက် ဒီနေ့ကျင်းပတဲ့ လွှတ်တော်နှစ်ရပ်လုံးမှာ ခါတိုင်းနေ့တွေလိုပဲ အမေးနဲ့ အဖြေ ကဏ္ဍတွေ ရှိခဲ့သလို၊ အမတ်တွေ တင်တဲ့အဆိုတွေကို
စစ်အစိုးရဝန်ကြီးတွေ ပြန်ဖြေပြီးတဲ့နောက်မှာ အချေအတင် ဆွေးနွေး မဲခွဲရမဲ့ အဆင့်တောင် မရောက်တော့ပဲ ပြန်လည် ရုပ်သိမ်းတာတွေ ရှိခဲ့ပါတယ်။

(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော
ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ လွှတ်တော်နှစ်ရပ်လုံးက အခြေအနေတွေကို RFA မှ ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
လွှတ်တော်နှစ်ရပ်အခြေအ
နေ
အသံဖိုင်ယူရန်
ရှေ့တန်းသို့ စစ်ပစ္စည်း ပို့ရာမှာ ပေါ်တာများ ပြန်သုံးနေ
2011-03-14
ကရင်ပြည်နယ် မြောက်ပိုင်းဒေသ ဖာပွန်ခရိုင်၊ တောင်ငူနဲ့ ညောင်လေးပင် အရှေ့ခြမ်းက ရှေ့တန်း စစ်စခန်းတွေဆီကို ရိက္ခာနဲ့ ခဲယမ်းမီးကျောက်တွေ
ပို့ဆောင်နေရာမှာ ပေါ်တာ ခေါ် အထမ်းသမားတွေနဲ့ မြင်းတွေ၊ လား တွေကို ပြောင်းလဲ အသုံးပြုနေတယ်လို့ သိရပါတယ်။

(Photo: Courtesy of Free Burma Rangers)
စစ်တပ်က အဓမ္မ ပေါ်တာဆွဲပြီး အထုပ်အပိုးများ ထမ်းခိုင်းသော ကရင် ရွာသူရွာသားများကို တိတ်တဆိတ် ချောင်းမြောင်း ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ပါသည်။
(Photo: Courtesy of Free Burma Rangers)
အရင်က စစ်ထရပ်ကားတွေနဲ့ ပို့ဆောင်နေရာက အခု ပုံစံပြောင်းပြီး တင်ပို့နေကြောင်း ဒေသခံ တဦးက ပြောပါတယ်။
“နအဖကတော့ ရိက္ခာ ပို့နေတုန်းပဲ။ ရိက္ခာပို့တဲ့ ကားတွေ အလုပ်မဖြစ်တော့ မြင်းတွေ လားတွေနဲ့ ပို့တယ်။ အဲဒီ မြင်းတွေ လားတွေကို ဒီက ပြောက်ကျားနဲ့
ပစ်တယ်။ တချို့နေရာကျတော့ လူကို သုံးတယ်၊ ပေါ်တာတွေ သိပ်သုံးတယ်။ အဲ တချို့တလေကျတော့ မြင်းတွေ လားတွေ သုံးတယ်။ တွဲသုံးတာပေါ့လေနော်။
မြင်းတွေ လားတွေ သွားလို့ အဆင်ပြေတဲ့ နေရာကျတော့လည်း သုံးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြင်းတွေ လားတွေ အပစ်ခံရတော့ မြင်းတွေ လားတွေ
သေတယ်ဗျ။ အဲ အဲလို ဖြစ်နေတာပဲ။”
“ဟို မိုးကုန်တာနဲ့ သူ့ရှေ့တန်းက တပ်တွေကို လိုအပ်တဲ့ လက်နက် ရိက္ခာတွေ ပြန်ပြီးတော့ ဖြည့်တယ်။ အဲဒါ နှစ်တိုင်း သူပို့တာပဲ။”
စစ်အစိုးရဟာ အရင်ကဆို မိုးကုန်ရာသီမှာ ဘူဒိုဇာတွေနဲ့ လမ်းတွေ ပြုပြင်ပြီး ရှေ့တန်းကို ထရပ်ကားတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ပို့ခဲ့ပေမဲ့ လွန်ခဲ့တဲ့
နှစ်နှစ်လောက်ကစပြီး ခုလို ပေါ်တာတွေနဲ့အတူ မြင်းတွေ၊ လားတွေကိုပါ အသုံးပြုလာတာလို့ သိရပါတယ်။ ဘူဒိုဇာတွေ အဖျက်ခံရတဲ့အတွက် အခုလို
အထမ်းသမား သုံးစွဲလာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“နောက်တန်းစခန်းတွေ မဟုတ်လည်း ရှေ့တန်းအခြေခံ စခန်းတွေကနေ နေပြီးတော့ ရှိတဲ့ အဲဒီမှာ ရွာတွေမှာ သွား စခန်းချထားတာကိုး။ အဲဒီ ရွာသားတွေကို
သူတို့ ပေါ်တာပဲ ခိုင်းတာပဲ။ သူက စခန်းချကတည်းကတော့ ရှေ့တန်းဆိုပေမဲ့လည်း ရွာတွေ ရှိနေကြတာပဲ။ တချို့တလေ ရွာတွေကတော့ ထွက်ပြေးသွားတာပေါ့။
နောက်တန်း မဟုတ်လည်း နောက်တန်းနဲ့ ရှေ့တန်းကြား အဲဒီလို ကြားနယ်မြေလို ဒေသမျိုးမှာကတော့ ရွာတွေမှာ သူတို့ အခြေခံချတဲ့ ရွာကြီးတွေ
ရွာကြီးတွေမှာတော့ အဲဒီအနီး အနားပတ်ဝန်းကျင်က ရွာသားတွေကို သူတို့ အဲဒါ ပေါ်တာခိုင်းတာပဲ။”
ပွင့်လင်းရာသီစတာနဲ့ ပေါ်တာတွေနဲ့ ရှေ့တန်းကို ထောက်ပံ့ရေး ပစ္စည်းပို့ဆောင်ပြီးလို့ ရိက္ခာနဲ့ လက်နက်ခဲယမ်း ပြည့်စုံသွားရင် ထိုးစစ်ဆင်နွှဲလေ့ ရှိတယ်လို့
ဒေသခံက ပြောပါတယ်။
KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၆ နဲ့ ၇ မှာ တိုက်ပွဲဖြစ်ပွားနေပြီး၊ သံတောင်မြို့နယ် တောင်ငူကြီးချောင်း ကားလမ်းမှာ KNU လက်အောက်ခံတပ်တွေက မတ်လ
၈ ရက်နေ့က ချုံခိုတိုက်ခိုက်ရာမှာ စစ်အစိုးရတပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ KIC ကရင် သတင်း ဌာနက ဖော်ပြထားပါတယ်။
ကပ်ဘေးသင့် ဂျပန်ရောက် မြန်မာများအတွက် သံရုံးအကူအညီ မရရှိ
2011-03-14
ပြီးခဲ့တဲ့သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ် ခံလိုက်ရတဲ့ ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးကနေ အခုချိန်ထိ
ဆက်သွယ် ကူညီတာမျိုး မလုပ်သေးဘူးလို့ သိရပါတယ်။

Photo: AFP
ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်က ငလျင်ကြီး၏ ဒဏ်နှင့် ဆုနာမိ ရေလှိုင်းဒဏ်များ ခံရပြီးနောက် ဆင်းဒိုင်မြို့ရှိ ခိုလှုံရေးစခန်းတခုတွင် ဒုက္ခသည်များကို
နေရာချထားပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒါဟာ သံရုံးကို နှစ်စဉ်အခွန်ငွေတွေ ပေးဆောင်နေတဲ့ မြန်မာနိုင်ငံသားတွေအပေါ် တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နေထိုင်တဲ့
ကိုဘုန်းမြင့်ထွန်းက ပြောပါတယ်။
“အဲ အခု ဒီမှာ ရှိနေတဲ့ ဗမာသံရုံးကတော့ ဘာမှ ဆက်သွယ်လာတာကို ကျွန်တော်တို့ မကြားသိရသေးဘူး။ နောက်ပြီးတော့ အဲဒီနယ်တွေမှာ တချို့နယ်တွေမှာ
ဆိုလို့ရှိရင်လည်း ငလျင်ဒဏ်တွေ ရှိတယ်ပေါ့နော်။ တောက်လျှောက် ငလျင်ဒဏ်တွေ ရှိနေသေးတယ်။ တချို့နယ်တွေမှာဆို ကျောင်းတက်နေတဲ့ ကျောင်းသူ
ကျောင်းသားတွေ ရှိတယ်။ သူတို့ အခွန်တွေ ပေးထားတဲ့ လူတွေကိုတောင်မှ သူတို့ ဘာမှ ထိထိရောက်ရောက် မဆက်သွယ်နိုင်သေးဘူး ဆိုလို့ရှိရင်တော့
ကျွန်တော်တို့လိုမျိုး ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ လူတွေဆိုရင် ပိုတောင်မှ ဝေးပါသေးတယ်။ သူတို့အနေနဲ့ ဆက်သွယ်လာဖို့ဆိုတာ။ လက်ရှိအစိုးရအနေနဲ့
ဂျပန်ရောက်နေတဲ့ ပြည်သူပြည်သားတွေကို ကာကွယ် ကူညီ စောင့်ရှောက်ဖို့ ဆိုတာ အင်မတန်မှ ဝေးနေသေးတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ တိုင်းပြည်ဟာ
တော်တော်လေးတော့ ရင်နာဖို့ ကောင်းပါတယ်ခင်ဗျ။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်ရေး အခက်အခဲကြောင့် အခုချိန်ထိ ဆက်သွယ်လို့
မရသေးပါဘူး။
လက်ရှိဂျပန်နိုင်ငံမှာ ကပ်ဘေးဒဏ်တွေအပြင် နျူကလီးယား ဓာတ်အားပေးစက်ရုံတွေက ပေါက်ကွဲမှုတွေကြောင့် အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပြီး
တနိုင်ငံလုံး အတိုင်းအတာနဲ့ တနေ့အတွက် လျှပ်စစ်မီး သုံးနာရီပဲ ရတယ်လို့ ကိုဖုန်းမြင့်ထွန်းက ပြောပါတယ်။
ဖူကူရှီးမား ဓာတ်အားပေးစက်ရုံမှာ မတ်လ ၁၁ ရက် သောကြာနေ့က လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အအေးပေးတဲ့ စနစ်ချို့ယွင်းလာပြီး ပေါက်ကွဲမှုတွေ
ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ နျုကလီးယားဆိုင်ရာ ပညာရှင်တွေက သတိပေးထားပါတယ်။

ငလျင်နဲ့ ဆူနာမီဒဏ်ခံ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ နောက်ဆုံးအခြေအနေတွေ အကြောင်း RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
ဆက်သွယ်မေးမြန်းချ
က်
အသံဖိုင်ယူရန်
မန်မာဒုက္ခသည်များ ရေရှည်အကူအညီ လိုနေကြောင်း အီးယူ ပြောဆို
2011-03-14
ထိုင်းမြန်မာနယ်စပ်မှာ ခိုလှုံနေတဲ့ မြန်မာပြည်က ဒုက္ခသည်တွေအတွက် ရေရှည်ဖြေရှင်းပေးနိုင်မဲ့ အစီအစဉ်တွေ လိုအပ်နေကြောင်း ထိုင်းမြန်မာနယ်စပ်က
ဒုက္ခသည်တွေကို သွားရောက် လေ့လာခဲ့တဲ့ ဥရောပသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ မဟာမင်းကြီး မစ္စ ခရစ်တလီနာ ဂျော်ဂျီဗာက မတ်လ ၁၄ ရက် ဒီကနေ့
ဗန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

(Photo: AFP)
ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo:
AFP)
အီးယူ မဟာမင်းကြီးဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်း အပါအဝင် မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို
သွားရောက် လေ့လာခဲ့ပါတယ်။
သူ့ရဲ့ ခရီးစဉ်အတွင်း အဓိက အချက် ၃ ချက်ကို လေ့လာ တွေ့ရှိခဲ့တယ်လို့ မစ္စ ဂျော်ဂျီဗာက ပြောဆိုပါတယ်။
ပထမ တချက်ကတော့ ဒုက္ခသည်တွေဟာ သူတို့ရဲ့ရေရှည်ပြဿနာတွေကို ဖြေရှင်းပေးနိုင်မဲ့ အစီအစဉ်တွေကို မျှော်လင့်နေကြပါတယ်။ တတိယ နိုင်ငံတွေကို
သွားရောက် အခြေချနေထိုင်ရေး အစီအစဉ်တွေ အပြင် ထိုင်းနိုင်ငံအတွင်း နယ်စပ်ဒေသတွေမှာ အလုပ်လုပ်ကိုင်ခွင့် ရရှိဖို့နဲ့ အနာဂတ် တချိန်ချိန်မှာ မြန်မာပြည်က
အခြေအနေတွေ တိုးတက်ကောင်းမွန်လာရင် နေရပ်ကို ပြန်နိုင်ရေး စတဲ့ အစီအစဉ်တွေ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။
ဒုတိယအချက်အနေနဲ့ ၂၀၀၆ ခုနှစ်ကတည်းက ရပ်ဆိုင်းနေတဲ့ ဒုက္ခသည် စိစစ်ရေး အစီအစဉ်တွေ ပြန်လည် စတင်လာနိုင်တဲ့ အချက်ဖြစ်ပါတယ်။
တတိယအချက်ကတော့ သက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ကြားပို့ချပေးတာနဲ့ လိုအပ်တဲ့ အစားအစာ၊ အမိုးအကာတွေ ထောက်ပံ့ပေးတဲ့အပေါ်
ဒုက္ခသည်တွေက အထူးဝမ်းသာ ကျေးဇူးတင်ကြကြောင်း၊ ဒီလို သက်မွေးဝမ်းကျောင်း ပညာတွေ သင်ကြားနိုင်တဲ့အတွက် ဒုက္ခသည်စခန်းက ထွက်ပြီး
အလုပ်လုပ်နိုင်မှာ ဖြစ်ကြောင်း အီးယူ မဟာမင်းကြီး မစ္စ ဂျော်ဂျီဗာက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
အီးယူ မဟာမင်းကြီးဟာ ဒီကနေ့ ထိုင်းဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို တွေ့ဆုံခဲ့ပြီး သူ့ရဲ့ လေလာ တွေ့ရှိချက်တွေကို ပြောပြခဲ့ပါတယ်။
တရားဝင်စာရင်းတွေအရ မြန်မာပြည်က ပြည်တွင်းစစ်ကြောင့် ထိုင်းမြန်မာနယ်စပ်မှာ စစ်ပြေးဒုက္ခသည် ၁ သိန်းခွဲလောက် ခိုလှုံနေကြပါတယ်။
ငလျင်ဒဏ်သင့် ဂျပန်မှာ အနုမြူအန္တရာယ် အထူးစိုးရိမ်
2011-03-14
ဂျပန်နိုင်ငံမှာ ဒီလ ၁၁-ရက်နေ့က ငလျင်ဒဏ်နဲ့ နောက်ဆက်တွဲ ဆုနာမိ ဒီရေလှိုင်း ဒဏ်တွေကြောင့် နောက်တနေ့မှာ အနုမြူ ဓာတ်အားပေး စက်ရုံ အမှတ် ၁
ပေါက်ကွဲခဲ့အပြီး နောက်ထပ် ဓာတ်အားပေးစက်ရုံ အမှတ် ၂ နဲ့ ၃ တို့လည်း ပေါက်ကွဲနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေတဲ့ အတွက် ဂျပန် တနိုင်ငံလုံး
စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Photo: AFP / HO / NHK
ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်က အင်အား အလွန် ပြင်းသော ငလျင်ကြီးနှင့် ဆုနာမိ ရေလှိုင်းဒဏ်များ ခံထားရသည့် အနုမြူ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး
စက်ရုံများအနက်မှ ဖုကုရှီးမား အမှတ် (၁) စက်ရုံ၏ နံပါတ် ၃ ဓာတ်ပေါင်းဖို မတ်လ ၁၄ ရက်နေ့က ပေါက်ကွဲနေပုံ ဖြစ်ပါသည်။ (Photo: AFP / HO / NHK)
ငလျင်ဒဏ်ကြောင့် အနုမြူဓာတ်အားပေး စက်ရုံတွေကနေ ဓာတ်အား မထုတ်လုပ်နိုင်တော့တဲ့ အတွက် တိုကျိုမြို့မှာ လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်ပြီး
အလှည့်ကျ မီးပေးနေရတယ်လို့ သိရပါတယ်။
ဒါအပြင် နောက်ထပ် ငလျင်ကြီးတခု လှုပ်နိုင်သေးတယ်လို့ တရားဝင် သတိပေးချက် ထုတ်ပြန်ထားတဲ့အတွက် ဂျပန်မှာ ရှိတဲ့ မြန်မာတွေ အပါအဝင် လူတွေအားလုံး
တုန်လှုပ် ခြောက်ခြားနေကြတယ်လို့ ဂျပန်မှာ နေထိုင်တဲ့ မိုင်ကျော်ဦးက RFA ကို ပြောပါတယ်။
“ဂျပန်လူထုက တော်တော်လေး တုန်လှုပ်တယ်။ ဒီ ဂျပန်ကျွန်းမှာ ရှိနေတဲ့ ကျွန်တော်တို့ ဗမာတွေလည်း တော်တော် စိုးရိမ်ထိတ်လန့်နေတယ်။ ဘာဖြစ်လဲဆိုတော့
သုံးရက်အတွင်း ငလျင်ကြီး လာမယ်ဆိုတာလည်း တရားဝင် ပြောသားတဲ့ ကိစ္စရယ်၊ ဖြစ်နိုင်ခြေပေါ့၊ လှုပ်နိုင်တယ် ၇၀ ရာခိုင်နှုန်း၊ သူတို့ ခန့်မှန်းတယ်။ စလှုပ်တဲ့ ၁၁
ရက်နေ့ကနေပြီးတော့ ကျွန်တော်တို့ဆီမှာ ၁၀ နှစ်ခြား တကြိမ်လောက် လှုပ်နေတော့လေ။ ဒီကနေ့ထိဆိုရင် ကျွန်တော် ထင်တယ်၊ အကြိမ်
တထောင်ကျော်လောက် ရှိတယ်။ ငလျင် လှုပ်တယ်။ ကျွန်တော်တို့ တိုကျိုလည်း ဒီလို ခံစားရတယ်။ တွေ့နေရတယ်။ မနေ့ကတည်းကစပြီး သောက်ရေသန့်
ဝယ်လို့ မရဘူး။ ကျွန်တော်က တိုကျို တကဲ့ မြို့လယ်မှာ၊ ကျွန်တော့ ပတ်ဝန်းကျင်မှာတောင်မှ သောက်ရေ ထွက်ရှာတာ မတွေ့ဘူးဗျ။ တထိတ်တလန့်တော့
ဖြစ်တာတော့ အမှန်ပဲ။”

တိုကျိုမြို့မှာ အခုဆိုရင် လူအများဟာ မီးမသုံးရတဲ့ ပေါင်မုန့်၊ ကိတ်ခြောက် အပါအဝင် အလွယ်အသင့် စားလို့ရတဲ့ အစားအစာတွေကို ရသလောက်
ဝယ်ယူနေကြတယ်လို့ သိရပါတယ်။
ဖုန်းမော်နေ့အအထိမ်းအမှတ် အမေရိကန်မှာ လှုပ်ရှား
2011-03-14
ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးတဲ့ ၂၃ နှစ်ပြည့်နေ့နဲ့ မတ်လ ၁၆ ရက် တံတားနီနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် ပြည်ထောင်စု
ဝါရှင်တန်ဒီစီ၊ ဗာဂျီးနီးယားနဲ့ မေရီလန်းပြည်နယ်တွေက ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူ ၄၀ နီးပါး က မတ်လ ၁၃ ရက် မနေ့က
ဝါရှင်တန်ဒီစီမြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

(Photo: AFP)
မြန်မာတပြည်လုံး အုံကြွခဲ့သော ရှစ်လေးလုံး လူထု လှုပ်ရှားမှုကာလ ၁၉၈၈ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ဆန္ဒပြပွဲများတွင် သတ်ဖြတ်ခံခဲ့ရသူများ၏ ဓာတ်ပုံဖြင့်
မန္တ္တလေးမြို့တွင် ဆန္ဒပြနေသူများ ဖြစ်ပါသည်။ (Photo: AFP)
ဒီဆန္ဒပြပွဲမှာ မြန်မာစစ်အစိုးရရဲ့လူ အခွင့်အရေး ချိုးဖောက်နေမှုတွေ ရပ်တန့်ဖို့ အဓိကထား တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း ၈၈ မျိုးဆက် ကျောင်းသား
ကိုကျော်မြတ်ထူးက RFA ကို ပြောပါတယ်။
“အဓိကတော့ နအဖရဲ့ လူမဆန်စွာပေါ့နော်၊ ကျောင်းသားပြည်သူတွေ အပေါ်မှာ မတရား ဖမ်းဆီး သတ်ဖြတ်နေတာတွေ၊ တိုင်းရင်းသားတွေအပေါ်မှာ ထိုးစစ်
ဆင်ပြီးတော့ ဖြတ်လေးဖြတ်ပေါ့ဗျာ၊ အားလုံးကို အမျိုးပြုတ် သုတ်သင်ရေး လုပ်နေတာတွေနော်။ နောက် နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ထောင်တွင်းမှာ
ညှဉ်းပန်း နှိပ်စက်နေတာတွေ၊ ဒါတွေကို ရပ်တန်းက ရပ်ဖို့ပေါ့နော်၊ ကျွန်တော်တို့ ဒီနေရာကနေပြီးတော့ ပြင်းပြင်းထန်ထန် တောင်းဆိုနေတာ ဖြစ်ပါတယ်။
အဓိကတော့ ဒီ ရုပ်သေးအစိုးရကို အလိုမရှိ၊ ကြံ့ဖွံ့ ရုပ်သေးလွှတ်တော် ဆန့်ကျင်ကြ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ မတရားတဲ့ စစ်ဥပဒေမှန်သမျှ
တိုက်ဖျက်ကြပေါ့နော်။”
အလားတူပဲ အမေရိကန်နိုင်ငံ အင်ဒီးယားနားပြည်နယ် Fort Wayne မြို့က မြန်မာ့အရေး လှုပ်ရှားသူတွေက ကိုဖုန်းမော် နှစ်ပတ်လည်နေ့နဲ့ မြန်မာနိုင်ငံ
လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အနက်ရောင် ဝတ်ဆင်လှုပ်ရှားမှုတွေ မနေ့က ပြုလုပ်ခဲ့ကြတယ်လို့ စီစဉ်သူ တဦးဖြစ်တဲ့ ကိုအောင်မြင့်ထွန်းက
ပြောပြပါတယ်။
“ကျွန်တော်တို့ ဒီအမည်းရောင် သင်္ကေတလေးတွေ ဝတ်ဆင်ပြီးတော့ပေါ့နော်၊ လူထုတွေက အကြောက်တရားတွေ ကင်းအောင် မိမိတို့ရဲ့ အခွင့်အရေးတွေကို
မိမိတို့က လွတ်လပ်စွာ ငြိမ်းချမ်းစွာ ဖော်ထုတ်ရဲလာတဲ့ စိတ်ဓာတ်တွေ ပိုမိုပြီး ရှိလာအောင် မြန်မာနိုင်ငံမှာ ဒီ ၂၀၀၈ အခြေခံဥပဒေကို အခြေပြုပြီးတော့ ၂၀၁၀
ရွေးကောက်ပွဲနဲ့ ဖြစ်ပေါ်လာမဲ့ အစိုးရဟာလည်း ဒီအစိုးရပဲ ဖြစ်တယ်၊ ရုပ်သေးအစိုးရပဲ ဖြစ်လာပြီး စစ်အာဏာရှင်ကပဲ ဆက်လက်ပြီး ချုပ်ကိုင်သွားမှာ ဖြစ်တယ်။
ဒီလိုအစိုးရရဲ့ လက်အောက်မှာ ကျွန်တော်တို့ ကျောင်းသား ပြည်သူ ရဟန်းရှင်လူတွေက ဒီလိုပဲ လမ်းမအလယ်ခေါင်တွေ၊ လူမမြင်တဲ့ နေရာတွေမှာလည်း အဲလို
သတ်ဖြတ် ညှဉ်းပန်းနှိပ်စက် ဖိနှိပ်ခံနေကြရတယ်ဆိုတာကို ကျွန်တော်တို့ လူတွေ အားလုံးက ပြန်ပြီးတော့ သိရှိလာအောင်ပေါ့နော်၊ ရည်ရွယ်ပြီးတော့ ကျင်းပ
ပြုလုပ်တာ ဖြစ်ပါတယ်။”
ကိုဖုန်းမော်နဲ့ တကွ ၈၈ အရေးအခင်းမှာ ကျဆုံး ခဲ့ရသူတွေ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် Fort Wayne မြို့ရောက် ၈၈ မျိုးဆက် ကျောင်းသားတွေ ၊
တိုင်းရင်းသားတွေနဲ့ ဘာသာပေါင်းစုံ ပါဝင်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ စုစုပေါင်း ၅၀ နီးပါးခန့်က အနက်ရောင်ဝတ်စုံတွေ ဝင်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီအနက်ရောင်ဝတ်ဆင်လှုပ်ရှားမှုကို မြန်မာ့ဒီမိုကရေစီအင်အားစုတွေက အမေရိကန်နိုင်ငံ အပြင် ကနေဒါ ၊ ပြင်သစ် ၊ နော်ဝေ ၊ ဒိန်းမတ် ၊ နယ်သာလန်၊
ဘယ်လ်ဂျီယံ စတဲ့နိုင်ငံတွေမှာလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဧရာဝတီ အင်တာနက်မဂ္ဂဇင်း နောက်တကြိမ် တိုက်ခိုက်ခံရ
2011-03-13
ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ အင်တာနက် သတင်းမဂ္ဂဇင်း ဝက်ဆိုက် ကို ဘယ်သူဘယ်ဝါ မသိရသူတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အရင်ကလည်း အင်တာနက် ဝက်ဆိုက်တွေထဲကို ကွန်ပြူတာဗိုင်းရပ်စ် ခေါ် စနစ်တခု ပို့လွှတ်ပြီး ဝက်ဆိုက် ဖွင့်မရအောင် ဖျက်ဆီးတာမျိုး၊ Hacker ခေါ်
ကွန်ပြူတာအင်တာနက် ဝက်ဆိုက်တွေထဲကို ဖောက်ထွင်း ဝင်ရောက် မွှေနှောက်သွားတာတွေ ရှိခဲ့ပေမယ့် အခုတကြိမ်မှာတော့ ပရိသတ်တွေ အထင်အမြင်
လွဲစေမယ့် သတင်းဆောင်းပါး အမှားတွေ တင်ထားခဲ့ကြောင်း သိရပါတယ်။
ဧရာဝတီ အင်တာနက်သတင်း မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်က အာအက်အေကို ပြောပြရာမှာ
“ပထမသတင်းကတော့ NLD DVB နဲ့ ဧရာဝတီကို ရန်တိုက်ပေးတဲ့ ပုံစံမျိုး သတင်းအမှားတွေ ရေးထားတယ်။ ပြီးတော့ ဧရာဝတီ Funding အဖြတ်ခံရတဲ့ ကိစ္စတွေ၊
ဧရာဝတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြဿနာ ရှိတဲ့ ပုံစံမျိုး ရေးထားတယ်။ နံပတ်နှစ် ကတော့ အဆိုတော် ရုပ်ရှင်မင်းသမီး မေဆွိ ဆုံးသွားတယ်ဆိုတဲ့ သတင်း။
ကျနော်တို့ရဲ့ System ထဲကို Hacker က ဝင်ပြီးတော့ ဆောင်းပါးနှစ်ပုဒ်ကို သူတို့ တင်ခွင့်ရသွားတယ်”
ဧရာဝတီ အင်တာနက် သတင်းမဂ္ဂဇင်းဟာ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ရေးဆိုင်ရာ ဆက်သွယ် ဆောင်ရွက်နေပုံ ဓာတ်ပုံ
အထောက်အထားတွေကို ဖော်ပြခဲ့ပါတယ်။ အဲဒီနောက်မှာ အခုလို ကွန်ပြူတာ အင်တာနက်ဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့ ကြုံကြိုက်ခဲ့ရတာ ဖြစ်ပါတယ်။
ပေါ်လစီဆောင်းပါး ရေးမယ့်လူငယ်တွေ စုဆောင်းနေ
2011-03-13
စစ်အစိုးရ စာပေစိစစ်ရေးဟာသူတို့ စိတ်ကြိုက် ပေါ်လစီဆောင်းပါး ရေးပေးမယ့် လူငယ်တွေ လိုက်လံ စုဆောင်းနေတယ်လို့ ရန်ကုန်မြို့ စာပေအသိုင်းအဝိုင်း
အဆိုအရ သိရပါတယ်။

AFP
ရန်ကုန်မြို့တွင် စာစောင်များ လက်ပွေ့ရောင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။ (Photo: AFP)
တဘက်မှာလည်း အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က လူထုအုံကြွမှုသတင်း ဆိုရင် ထည့်ခွင့်မရဘူးလို့ ဆိုပါတယ်။ ပေါ်လစီဆောင်းပါး ရေးပေးမယ့်
လူငယ်တွေ လိုက်လံစုဆောင်းနေတယ် ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန် စာပေအသိုင်းအဝိုင်း အဆိုအရ ဂျာနယ်တိုက်တချို့က အသက်အစိတ် ဝန်းကျင်
လူငယ်တွေကို လိုက်ခေါ်နေတာ ဖြစ်တယ်လို့ ဂျာနယ်တိုက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မူဝါဒရေးရာ သတင်းနဲ့ ဆောင်းပါးတွေ ရေးခိုင်းပြီး ဂျာနယ်မှာ ထည့်ခိုင်းဖို့ ရည်ရွယ်ပုံရတယ်လို့ ဆိုပါတယ်။ ခုလည်း ဂျာနယ်တွေမှာ စာဖတ်သူတွေ
ကျော်ဖတ်သွားတဲ့ မထည့်မနေရ ပေါ်လစီဆောင်းပါးတွေ ထည့်နေရပြီး လူထု အမှန်တကယ် စိတ်ဝင်စားမယ့် အရှေ့အလယ်ပိုင်းက အုံကြွမှု သတင်းတွေတော့
ထည့်ခွင့် မရဘူးဆိုပါတယ်။
“အာဏာရှင်နိုင်ငံတွေက ဆန္ဒပြတဲ့ သတင်းတို့ဘာတို့ မထည့်ရဘူး။ ဖျော်ဖြေရေးနဲ့ ထူးဆန်းထွေလာ ဒါတွေပဲ ထည့်ရတယ်။ တချို့ဂျာနယ်တွေကျတော့ ပေးတယ်။
ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘာတို့အကြောင်း ဆိုရင် သူတို့နဲ့ အလွမ်းသင့်တဲ့ ဂျာနယ်တွေကို ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဆိုရင်လည်း
သူတို့နဲ့ အလွမ်းသင့်တဲ့ ဂျာနယ်တွေကို ပေးတယ်။ ပေးတာကလည်း မကောင်းတာတွေ သိက္ခာကျစေမယ့် ဟာတွေ ရေးရတယ်”
ပုံနှိပ်လောကမှာ အဲဒီလို ရှိနေချိန်မှာ ရုပ်မြင်သံကြားမှာတော့ နေပြည်တော်က လွှတ်တော်သတင်းကို ညနေ ၆ နာရီကတည်းက စပြီး ထုတ်လွှင့်တာ ည ၉ နာရီခွဲထိ
မပြီးနိုင်ဘူးလို့ ရန်ကုန် စာနယ်ဇင်းသမား တဦးက ပြောပါတယ်။
မဆလ ခေတ်ကတောင် လွှတ်တော်သတင်းကို တနာရီလောက်နဲ့ အပြီး ထုတ်လွှင့်ခဲ့တာလို့ ဆိုပါတယ်။ ရှည်ရှည်လျားလျား ထုတ်လွှင့်နေတဲ့ လွှတ်တော်သတင်းကို
လူထုက စိတ်မဝင်စားပေမယ့် လေ့လာသူတွေကတော့ စစ်အစိုးရဟာ သူလုပ်ခဲ့တာတွေကို နေပြည်တော်လွှတ်တော်ကနေ ပြန်ရှင်းပြနေတာမျိုး ဖြစ်နေတဲ့အတွက်
အံမဝင်ဘူးလို့ ဝေဖန်နေကြပါတယ်။
မြန်မာနိုင်ငံလူအခွင့်အရေးနေ့ ပြည်တွင်းမှာ လှုပ်ရှားမှုတွေရှိ
2011-03-13
စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တဲ့ ၂၃ နှစ်ပြည့်အဖြစ် ဒီနေ့ မတ်လ ၁၃ ရက်နေ့မနက်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေ
ဆွမ်းကျွေးအလှူဒါန ပြုလုပ်ခဲ့ကြသလို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကျောင်းသားတွေကလည်း ရန်ကုန်မြို့မှာ အနက်ရောင်
လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။

(Art Work by Ko Myoe)
မြန်မာ့သမိုင်းတွင် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ မီးပွားတစအဖြစ် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ရခြင်းကို အထိမ်းအမှတ်ပြု ဖြန့်ချိသည့်
ပိုစတာ တခုဖြစ်ပါသည်။ (Art Work by Ko Myoe)
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား မြန်အောင်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တဲ့ ဆွမ်းကျွေးအလှူနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့
ကိုတင့်ဆန်းက RFA ကိုအခုလို ပြောပါတယ်။
“ကျနော်တို့က ဒီနေ့ကို အမှတ်တရ အနေနဲ့ မပျောက်ပျက်အောင် လုပ်ကြတာပါ။ နောက် ဒီနေ့ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို သုံးသပ်ပြောဆိုကြတယ်။
ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရည်ဘဆွေ၊ ဒေါ်သန်းသန်းနု တို့တက်တယ်။ ကျနော်တို့ဘက်က ကျနော်ရယ် ကိုမျိုးရန်နောင်သိန်း၊
ကိုဖြိုးမင်းသိန်း၊ ကိုသိန်းဌေး တို့တက်တယ်။ နောက် ကမကထ လုပ်တာက ကိုဘိုဘိုကျော်နဲ့ ကိုအောင်နိုင်သူ။ အာဏာပိုင်တွေကတော့ စောင့်ကြည့်တာကလွဲလို့
အနှောက်အယှက်တော့ မပေးဘူး။ သူတို့လည်း ဝိုင်းထဲမှာ ဝင်ထိုင်ကြတယ်။ SB ရော၊ စရဖတွေရော အနည်းဆုံး ၁ဝ ယောက်လောက် ရှိမယ်”
၁၉၈၈ မတ်လ ၁၃ ရက်နေ့က ရန်ကုန် စက်မှုတက္ကသိုလ် RIT ကျောင်းရှေ့ ရပ်ကွက်လဘက်ရည်ဆိုင်မှာ ကျောင်းသားနဲ့ အရပ်သား ရန်ပွဲဖြစ်တဲ့အပေါ် မဆလ
အစိုးရက လုံထိန်းတပ်ဖွဲ့တွေ လွှတ်ပြီး ပစ်ခတ် နှိမ်နင်းတဲ့အတွက် RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
ကိုဘုန်းမော် နဲ့  ကိုစိုးနိုင် သေဆုံးရတာ ၂၃ နှစ် ရှိခဲ့ပေမယ့် အာဏာပိုင်တွေက ခုချိန်ထိ ဒီကိစ္စကို အရေးယူတာ၊ နစ်နာသူတွေအတွက် ပြန်လည်

ကုစားပေးတာတွေ မတွေ့ရသလို၊ ကျောင်းသားတွေကလည်း နှစ်စဉ် သူတို့အတွက် အောင့်မေ့ဘွယ် အခမ်းအနားနဲ့ အလှူဒါနတွေ ပြုလေ့ရှိတာ တွေ့ ရပါတယ်။
ဒီမိုကရေစီ အင်အားစုတွေကလည်း ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် ကျဆုံးတဲ့နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ပြီး နှစ်စဉ် လှုပ်ရှားမှု ပြုလုပ်လေ့
ရှိကြပါတယ်။
အလားတူ နိုင်ငံရေးအင်အားစုတွေကလည်း အောက်မေ့ဘွယ် အခမ်းအနားနဲ့ အလှူပွဲ ကျင်းပကြသလို၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်
အဖွဲ့ဝင် ကျောင်းသားတွေကလည်း ရန်ကုန်မြို့မှာ အနက်ရောင် လှုပ်ရှားမှုတခု ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
ဗကသများအဖွဲ့ ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က RFA ကို အခုလို ပြောပါတယ်။
“တာမွေ၊ တောင်ဥက္ကလာ၊ လှည်းတန်း၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း မှာ လုပ်ဖြစ်ပါတယ်။ ကိုဖုန်းမော် ပုံနဲ့ ခွပ်ဒေါင်းသွေးတို့ နီစွေးသည်၊ စစ်အာဏာရှင်စနစ်
မြေလှန်ပစ်ရမည်၊ စတဲ့ စာတွေပါတဲ့ ပို့စကဒ်တွေနဲ့ အနက်ရောင် ပိတ်စတွေ ဝေပါတယ်။ ကျနော်တို့က ကားတွေပေါ်မှာ ဝေပြီး ကားပေါ်က ပြန်ဆင်းတယ်၊
ဈေးထဲမှာ ဆိုင်ခန်းတွေကို ဝင်ပြီး ချက်ခြင်း ပြန်ထွက်တယ်။ အဲဒီလိုမျိုး ဆိုတော့ လောလောဆယ် အခုထိတော့ အဖမ်းအဆီး မရှိသေးဘူး”
ကျောင်းသားတွေဝေတဲ့ ပို့စ်ကဒ်နဲ့ အနက်ရောင်ပိတ်စတွေကို ပြည်သူတွေက လက်ခံကြသလိ ကျောင်းသားတွေကို အားပေးကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အခုတလော ကုန်ဈေးနှုန်းတွေ တက်လာနေတဲ့ အပေါ်မှာလည်း ရန်ကုန်မြို့က ပြည်သူတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်းအတွက် မြေယာသိမ်းဆည်း
2011-03-13
တနင်္သာရီကမ်းရိုးတန်း ထားဝယ် မြို့နယ်မှာ ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းကို စတင်နေရာမှာ အခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း
ဒေသခံတွေရဲ့ ရာဘာခြံနဲ့ သီဟိုဠ်ခြံ ဧက ၃ ရာကျော် ကို အာဏာပိုင်တွေက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

Image: RFA
ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် ထားဝယ်မြိ (Tavoy) တည်နေရာကိုမန်မာူပည်ေူမပုံပေတငြ် ခရမ်းရောင် စက်ဝိုင်ူးဖင့်ူပထားပသည်။ (Image: RFA)
အဲဒီလို သိမ်းဆည်းလိုက်တဲ့ နေရာဟာ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဖောင်းတော ကျေးရွာတဝိုက်က မြေနေရာတွေ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။
“တတိယမြောက် ဓာတ်ငွေ့ပိုက်လိုင်းကို ထိုင်းနိုင်ငံ ကန်ချနဘူရီကို သွယ်တန်းတဲ့နေရာ အစပေါ့။ အဲဒီပိုက်လိုင်းကလည်း ရေနက်ဆိပ်ကမ်း စီးပွားရေးဇုံရဲ့
အစိတ်အပိုင်းတခုပဲ။ အဲဒီအတွက် သိမ်းတာ။ လျော်ကြေး ပေးတယ် ဒါပေမယ့် တဧကကို ၃ သောင်းပဲ။ အမှန်တကယ် ပေါက်ဈေးက ၂ သိန်းခွဲ ၃ သိန်းလောက်
ရှိတယ်”
အရင်က စစ်အစိုးရရဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ မြေနေရာလိုအပ်လာရင် မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ မြေစာရင်း ဦးစီးဌာနက လာရောက်

သိမ်းဆည်းတာ ဖြစ်ပေမယ့် အခု ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကျေးရွာဥက္ကဋ္ဌတွေကို ညွှန်ကြားပြီး သိမ်းဆည်းခိုင်းခဲ့တယ်လို့ သိရပါတယ်။
သိမ်းဆည်းထားတဲ့ မြေတွေအတွက် လျော်ကြေး ပြန်ပေးနေတယ် ဆိုပေမယ့် မြေပိုင်ရှင် အားလုံးကို ပြန်မလျော်သေးဘူးလို့ သိရပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား သဘောတူညီချက်ကို ၂ဝဝ၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်း ပြီးစီးသွားရင်
အနောက်နိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းက တင်ပို့မယ့် ကုန်ပစ္စည်းတွေကို ထားဝယ် ရေနက်ဆိပ်ကမ်းကတဆင့် မြန်မာပြည် ကုန်းတွင်းပိုင်းကို ဖြတ်ပြီး ထိုင်းနဲ့
တရုတ်နိုင်ငံတွေကို တင်ပို့ဖို့ လျာထားတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/
လွင်မိုး ဘယ်သူတွေနဲ့ ပေါင်းနေသလဲ
Posted by admin on March 14, 2011 0 Comment

လွင်မိုးဟာ ကြံ့ဖွံ့ပါတီကို လိုလို လားလား ရက်ရက်ရောရောနဲ့ တကူးတက လေယာဉ်စီးပြီး မြိတ်မြို့က ကြံ့ဖွတ်ကို မဲ သွားထည့်ခဲ့သူ ဖြစ်ပါတယ်။
နအဖတို့ ရဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလတွေမှာ လွင်မိုးဟာ ကမာရွတ်မြို့နယ်၊ မြကန်သာ ၂ လမ်း WA MINN Co., Ltd (Export &
Import) မှာ Vice Chairman အဖြစ် လုပ်ကိုင်နေပြီး ဇေကမ္ဘာ ဦးခင်ရွှေ (နအဖ သန်းရွှေတို့နှင့် အလွန်နီးစပ်သူ) နဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို လိုက်ပါခဲ့ပါတယ်။
လွင်မိုးဟာ ကြံ့ဖွံ့ပါတီကနေ ၀င်အရွေးခံတဲ့ ယုဇန ဦးဌေးမြင့်ရှိရာ မြိတ်ကိုသွားကာ မဲပေးခဲ့ပြီး သူရဲ့ဇနီးသည်နဲ့ အတူ မေသန်းနု၊ ဇူးဇူးမောင် တို့ပါ
ခေါ်သွားခဲ့ပါတယ်။
လွင်မိုးရဲ့ ဒီ ကြံ့ဖွတ်ပါတီကို မဲပေးခဲ့မှုတွေ ကြံ့ဖွတ်ပါတီရဲ့ မဲဆွယ်စည်းရုံးမှုကို လိုက်ပါခဲ့တာတွေနဲ့ပတ်သက်ပြီး ပြော စကားတွေကတော့ – “ကျနော်တို့
ဦးဌေးမြင့်ကို လာအားပေးတာ။ ဒီမြို့က ကျနော့် ဇာတိပဲလေ။ ပြည်ထောင်စု ကြံ့ခိုင် ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အင်အားကြီးပဲလေ။ နိုင်မယ်ဆိုတာ သိပြီးသား
အဲဒါကြောင့် ရန်ကုန်ကနေ ဒီ မြိတ်ကို ပြောင်းပြီး ဆန္ဒမဲ လာပေးတာ” ဟူသော လွင်မိုး က ပြောခဲ့ပါတယ်။ ဒီအပြင် ကိုယ့်ဘာသာ လုပ်ပိုင်ခွင့်ရှိတယ်။ အခုအချိန်မှာ
လွင် မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ် ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာ ပေါ့လေ” ဟု ပြောကြားခဲ့ပါသေးတယ်။
မင်းသားဘ၀ကနေ စီးပွားရေးဘက် ပြောင်းလဲခဲ့သူ လွင်မိုး ဟာ ပြည်သူက သူရဲ့ အနုပညာအောင်မြင်မှုအတွက် အား ပေးပေးခဲ့ကြတာတွေ ပြည်သူကအားပေးလို့ 
အောင်မြင်ခဲ့ရတဲ့ အနုပညာရှင်တယောက်ကနေ ကျေးဇူးရှင် ပြည်သူ ပရိတ်သတ်ကို ကျောခိုင်းရုံသာမက၊ ရဟန်းရှင်လူ ပြည်သူတရပ်လုံးကို
ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်နေတဲ့ နအဖဘက်ကို ပြောင်ပြောင်တင်းတင်း လိုက်ပါပြတာ ထောက်ခံအားပေးပြောဆိုပြလိုက်တာတွေဟာ ပြည်သူအပေါ်
ကျေးစွပ်လိုက်တဲ့ အပြင် နအဖအာဏာရူးတွေရဲ့ လက်ကိုင်ဒုတ်ဘ၀ကို လွင်မိုး ကိုယ်တိုင်က လိုလိုလားလား ခံယူလိုက်တယ်ဆိုတာ ပေါ် လွင်သွားပါတယ်။
လွင်မိုးရဲ့ အကြောင်းကို နအဖရွေးကောက်ပွဲ ကြံ့ဖွတ်ပါတီ မဲဆွယ်စည်းရုံးတာ လိုက်ပါခဲ့တဲ့အချိန်နဲ့  ကြံ့ဖွတ်ပါတီကို မဲ ပေးခဲ့မှသာ သိကြရပြီး လွင်မိုး ကိုယ်တိုင်
ထုတ်ဖေါ်ပြောဆိုတဲ့အခါမှာ လွင်မိုးဟာ နအဖဘက် လိုက်ပါနေသူဆိုတာ တိ တိကျကျ သိလိုက်ကြပါတယ်။
နအဖ သန်းရွှေ တို့နဲ့ လွင်မိုး ဘယ်လောက်နီးနီကပ်ကပ် ပေါင်းဖက်နေပြီလဲဆိုတာကို ထပ်မံတွေ့ရှိရတဲ့ အခြေအနေတွေ က ပြောနေပါတယ်။
နအဖသန်းရွှေ တို့နဲ့ နီးစပ်သူ ဇေကမ္ဘာ ခင်ရွှေ တို့ ယုဇနဌေးမြင့် တို့လို ကြံ့ဖွတ်အကြီးစားတွေနဲ့ လွင်မိုး တွဲဘက်နေရုံ တင်မက မကြာသေးခင်ကမှ သန်းရွှေ
အတွက် နှင်းတောင်ပေါ်မှာ နတ်ရေကန်သွားရှာတဲ့ (ရဟတ်ယာဉ်ပျက်လို့ ငရဲမင်း ကတောင် လက်မခံရဲလို့ ထိုင်းကကယ်လိုက်တဲ့ အသက်လေး ဖုတ်လိုက်
ဖုတ်လိုက်နဲ့ ပြန်ရောက်လာတဲ)့ တေဇ တို့နဲ့ပါ လည်ပင်းဖက်ပေါင်းနေတာ တွေ့ရပါတယ်။
အောက်ဖေါ်ပြပါ ပုံတွေ ကြည့်ရင် အနုပညာလိုင်းကနေ စီးပွားရေးလိုင်းပြောင်းပြီး ကျေးဇူးရှင်ပြည်သူတွေကို စော်ကားခဲ့ တဲ့ လွင်မိုးနဲ့
မူးယစ်သောင်းကျန်းကဲနေကြတဲ့ တေဇနဲ့ သူ့သားတွေ အတူတကွ သောက်လိုက်စားလိုက် ထိုးလိုက် သွင်းလိုက်နဲ့ ကမြင်းကြောထနေကြတာကို တွေ့ရပါလိမ့်မယ်။
အောက်ဆုံးပုံကတော့ လွင်မိုး စီးပွားရေးလုပ်ငန်းတွေ သွားလုပ်တဲ့အခါမှာ လိုက်လံစောင့်ရှောက်ပေးနေတဲ့ နအဖစစ်သားတွေကိုပါ တွေ့မြင်ရပါတယ်။

ပြည်သူကို စော်ကားဆန့်ကျင်တဲ့ ကြံ့ဖွတ်မင်းသား စီးပွားရေးသမား လွင်မိုး၊ တိုင်းပြည်သယံဇာတတွေကို ခိုးယူမောင်ပိုင် စီးနေတဲ့ သူခိုးကြီးတေဇနဲ့ အဖေခြေရာ
ထပ်တူထပ်မျှ နင်းနေတဲ့ ပြည့်ဖြိုးတေဇ တို့ မျိုးပျက်သားအဖတွေကို နအဖ သန်းရွှေ တို့က ချီးမြှောက်ထားတာမို့ တိုင်းပြည်ပျက်ရတဲ့အထဲ
တိုင်းပြည်ဖျက်တဲ့အထဲမှာ အခုတော့ လွင်မိုးလည်း တဦး အပါအ၀င် ဖြစ်ပါပြီ။
(ပေးပို့လာတဲ့ ကိုဂါမဏိအား ကျေးဇူးတင်ရှိပါသည်။ ထို့အတူ ပို့စ်ရေးသားမှုအား တက်ညီလက်ညီ အတူတကွဖေါ်ပြတဲ့ ဒီမိုဝေယံအားလည်း ကျေးဇူးတင်ရှိပါသည်)
နစ်နေမင်း ဘလော့ခ်မှ ကူးယူဖေါ်ပြသည်
ဝေါ်လေဒေသက စေတီတွေကို နအဖ စစ်တပ်မှ ဖြိုဖျက်ပစ်နေ
Posted by admin on March 14, 2011 11 Comments

ချောင့်ခက်၊ ဘလဲဒို့၊ တနဲအုကလိုး နေရာတွေမှာရှိတဲ့ စေတီပုထိုးတွေကို ဒီဒေသမှာရှိနေတဲ့ နအဖ တပ်တွေဟာ မတ်လ ၁၁ ရက်နေ့က ဖြိုဖျက် တူးဖေါ်နေတယ်လို့
သတင်းရရှိပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မိုင် ၂၀ လောက်မှာရှိတဲ့ ဝေါ်လေအနီးက ချောင့်ခက်၊ ဘလဲဒို့၊ တနဲအုကလိုး နေရာ ၃ နေရာမှာ ဒီကေဘီအေနဲ့ နအဖ
အပစ်ရပ်ကာလတွေအတွင်း ဒီကေဘီကေအဖွဲ့က ဦးစီးတည်ထားခဲ့တဲ့ စေတီ တွေကို အခုတော့ နအဖ နဲ့ အပစ်ရပ်ဆဲတာတွေပျက်ကာ ၂
ဖက်တိုက်ပွဲတွေဖြစ်နေတဲ ဒေသတွေက စေတီတွေကို ဖြို ဖျက်ပစ်ကာ အဘိုးတန်ပစ္စည်းတွေကို တူးဖေါ်ရှာဖွေယူနေတယ်လို့လဲ သိရှိရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်က အခုလို ပြောပါတယ် ….
“အဲဒီ စေတီတွေကို ဖျက်ဆီးတူးဖေါ်နေတာ ကျနော်တို့ ဒီလ ၁၁ ရက်နေ့က စသိရတယ်။ ဝေါ်လေ၊ ချောင့်ခက်မှာ ရှိနေ တဲ့ နအဖ တပ်တွေလုပ်နေကြတာ
စေတီတွေကိုဖျက်ပြီး တန်ဘိုးရှိတဲ့ ပစ္စည်းတွေ ရှာယူနေကြတယ်။ ခုလည်း သေပေါ ပိုးနားက တောင်နီရွာမှာ လူနေအိမ်က သစ်တွေကို မီးသွေးဖုတ်ပြီး
ရောင်းပစ်နေကြတယ်။ တောင်နီရွာက အိမ်ခြေ ၅၀ လောက်ရှိတယ်။ တိုက်ပွဲတွေ ဖြစ်နေကတည်းက သေ့ပေါပိုး ဟိုဘက်ကမ်း မော်လီချိုင်းရွာမှာ
သွားခိုနေကြတာလေ။ ဒီ နအဖ စစ် အာဏာရှင်က သူတို့နဲ့ မတည့်တော့ဘူးဆိုရင် ဘာသာ သာဿနာတောင် အလွတ်မပေးဘူး အားလုံးကို ရှင်း ပစ်မယ်

ဆိုတာကို သူတို့ လုပ်ပြနေတာ ဖြစ်တယ်။
မြန်မာပြည်မှာ နအဖ စစ်အာဏာရှင်တွေဟာ သူတို့ တိုင်းပြည်အာဏာကို ရယူထားတလျောက်လုံး သူတို့ မကြည်ဖြူ တော့ဘူးဆိုရင် ဘယ်လိုပင်
သမိုင်းဝင်အဆောက်အဦ ဖြစ်နေပါစေ ဖျောက်ဖျက်ရှင်းလင်း ပစ်ခဲ့တာချည်း ဖြစ်ပါတယ်။
http://www.naytthit.net

မြန်မာဒုက္ခသည်များ မိမိကိုယ်ကို ရပ်တည်နိုင်ရန် ပိုမိုကူညီမည်ဟု EU ပြော
Submitted by Karen Information Center on Monday, 14 March 2011No Comment

Object 3

မတ်လ ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စ)ီ

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များကို သူတပါးအပေါ် မှီခိုရသည်ထက် မိမိကိုယ်ကို ရပ်တည်နိုင်အောင် အသက်မွေး ၀မ်းကျောင်းပညာရပ်များ
ပိုမိုကူညီသွားမည်ဟု ဥရောပသမဂ္ဂ၏ လူသားချင်း ကူညီထောက်ပံ့မှုဆိုင်ရာ ကော်မရှင်(အီးယူ)က ပြောသည်။
အီးယူ ကော်မရှင်နာမင်းကြီး ခရစ္စတာလီးနား ဂျော်ဂျီဗား(Kristalina Georgieva.)သည် ယခုလ မတ်လ ၁၃ရက်နေ့တွင် ထိုင်း နိုင်ငံ၊ မဲဆောက်မြို့မြောက်ဘက်
၄၅ကီလိုမီတာအကွာရှိ မယ်လဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ရာတွင် ထိုကဲ့သို့ ပြောဆိုလိုက် ခြင်းဖြစ်ကြောင်း စခန်းဥက္ကဌ စောထွန်းထွန်းက ကေအိုင်စီကို
ပြောသည်။
၎င်းက “လစဉ်ထောက်ပံ့နေတဲ့ အရေးပေါ်အကူအညီတွေအစား ဒုက္ခသည်တွေ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင် မယ့် အသက်မွေးဝမ်းကျောင်း
ပညာတွေကို ပိုပြီးတော့ ကူညီသွားဖို့ သူတို့တွေ သဘောထားရှိတယ်လို့ပြောတယ်။”ဟု ဆို သည်။

မြန်မာဒုက္ခသည်များသည် မြန်မာနိုင်ငံကို လွယ်ကူစွာဖြင့် ပြန်နိုင်မည့်
အခြေအနေမျိုးမရှိသည့်အတွက် ရေရှည်ရပ်တည်နိုင် ရေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း မစ္စစ်ဂျော်ဂျီဗားက ထည့်သွင်းပြောကြားသွားသည်ဟုလည်း
ပြောကြားသွား သည်ဟု စောထွန်းထွန်းက ဆက်လက် ပြောဆိုသည်။
အီးယူသည် ၎င်းတို့ ပုံမှန် ကူညီပေးနေသည့် ထောက်ပံ့ငွေများကို လက်ရှိ အခြေအနေတွင် နဂိုအတိုင်း ဆက်လက် ပေးသွား မည်ဖြစ်သော်လည်း ရှေ့ဆက်
တဖြည်းဖြည်းချင်း လျှော့ချပြီး ဒုက္ခသည်များ ကိုယ်တိုင် ရပ်တည်သွားနိုင်မည့် အစီအစဉ်ကို ပို၍ အကူအညီ ပေးသွားမည်ဟု မစ္စစ်ဂျော်ဂျီဗားက
စခန်းတာဝန်ရှိသူများကို ပြောခဲ့သည်ဟု သိရသည်။
အဆိုပါ အီးယူကော်မရှင်နာမင်းကြီး ခရစ္စတာလီးနား ဂျော်ဂျီဗားသည် ပြီးခဲ့သည့် မတ်လ ၁၂ရက်နေ့က ထိုင်းနိုင်ငံကို ရောက် လာကာ ယမန်နေ့က
မယ်လဒုက္ခသည်စခန်းနှင့် မဲဆောက်မြို့ရှိ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို သွားရောက်ကြည့်ရှုခဲ့ သည်။

ဘီဘီစီ မြန်မာပိုင်း၏ သတင်းဖော်ပြချက်အရ ထိုင်းနယ်စပ်ရှိ
မြန်မာဒုက္ခသည်များအတွက် ပညာရေးအကူအညီများ၊ လေ့ကျင့် သင်တန်းပေးရေး အကူအညီများ၊ လုပ်ငန်းဆိုင်ရာ အရည်အသွေးများ တည်ဆောက်ပေးမည့်
အကူအညီများ ဆောင်ရွက်နိုင် ရန်အတွက် အီးယူအနေဖြင့် ထိုင်းဝန်ကြီးချုပ်နှင့် ယနေ့ တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။
ဥရောပသမဂ္ဂ၏ လူသားချင်း ကူညီထောက်ပံ့မှုဆိုင်ရာ ကော်မရှင်(အီးယူ)သည် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ခုကို ငွေကြေးအများဆုံး
ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့တဖွဲ့ ဖြစ်သည်။

တိုက်ပွဲနည်းလာသော်လည်း နအဖတပ်ဖွဲ့ဝင်များ ဆက်လက် မိုင်းထိမှန်နေ
Submitted by Karen Information Center on Monday, 14 March 2011No Comment

Object 4

မတ်လ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စ)ီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးလာသော် လည်း ယခုရက်ပိုင်းအတွင်း
မြေမြှုပ်မိုင်းကြောင့် နအဖ တပ်ဖွဲ့ဝင်များ ထိခိုက်မှုများ ဆက်လက် ရှိနေဆဲဖြစ်သည်ဟု သိရ သည်။
ကရင်ပြည်နယ်အတွင်း နအဖ လှုပ်ရှားတပ်ဖြစ်သည့် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂)လက်အောက်ခံ ခမရ(၅၄၆)တပ် ရင်းသည် မတ်လ ၁၁ရက်နှင့်
၁၂ရက်နေ့၌ လှိုင်းဘွဲမြို့နယ်၊ ကလို့ယိုချောင်း အနောက်ဘက်ခြမ်း ကလို့ယိုထာ့တွင် ကရင် အမျိုးသားအစည်းအရုံး(KNU)၏ မြေမြှုပ်မိုင်းထိမှန်၍ ၄ဦး
ဒဏ်ရာရရှိခဲ့သည်ဟု KNU တပ်မဟာ(၇)ရုံးထိုင်မှူး ဗိုလ်မှူးစော အဲ့ဆဲဆဲက ကေအိုင်စီကို ယခုလို ပြောသည်။
“နအဖတပ်တွေ မတ်လ ၁၁ရက်နေ့က ကျနော်တို့ ဗုံးနဲ့ ၂ယောက်ထိတယ်။ တပ်ကြပ်တယောက်ပါတယ်။ တပ်ကြပ်က တော့ ခြေနှစ်ဖက်စလုံး ပြတ်သွားတယ်။
၁၂ရက်နေ့မှာ ၂ယောက် ထပ်ထိတယ်။ ဗိုလ်တယောက် ပါတယ်။ ရဲဘော် ၁ ယောက် ပါတယ်။”ဟု ပြောသည်။
ထိုဒေသရှိ နအဖ လှုပ်ရှားတပ်များသည် ၎င်းတို့နောက်လိုက်နေသည့် BGF တပ်များ၏ရှေ့မှ လမ်းပြအဖြစ် သွားခဲ့သည့်အ တွက် ယခုလို မိုင်းထိမှန်ကာ
ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း နယ်ခြားစောင့်တပ်-BGF နှင့် နီးစပ်သူတဦးက ပြောသည်။
“အဲဒီနယ်မှာ လက်ရှိ လှုပ်ရှားနေတဲ့ စစ်တပ်က နယ်ခြားစောင့်တွေကို ရှေ့ပြေးလမ်းပြခိုင်းတယ်။ ဒါပေမဲ့ သွားမဲ့သူမရှိလို့ သူတို့ပဲသွားတော့ မိုင်းထိတာပေါ့။”ဟု
ဆိုသည်။
ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ(၆)၌လည်း မတ်လ ၁၀ရက်နေ့က ဝေါ်လေဒေသရှိ ကနဲလေးစခန်းအနီးတွင် နအဖ တပ်ဖွဲ့ဝင်များနှင့်
ကရင်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ဒုဗိုလ်တဦး အပါအဝင် ၅ဦးသေ ဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်။
မန်မာနိုင်ငံရှိ ရေကာတာစီမံကိန်း များ ရပ်တန့်ပေးရန် BRN က တောင်းဆို
Submitted by Karen Information Center on Monday, 14 March 2011No Comment

Object 5

မတ်လ ၁၄ရက်။ နန်းထူးစံ(ကေအိုင်စ)ီ

မြန်မာနိုင်ငံတွင် လက်ရှိ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ရှိသည့်
ရေကာတာစီမံကိန်းများကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံ မြစ် ချောင်းများဆိုင်ရာကွန်ယက်(BRN)က မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူများအား ယနေ့
ကျရောက်လာသည့် နိုင်ငံ တကာ ရေကာတာဆန့်ကျင်ရေးနေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
ရေကာတာစီမံကိန်းများကြောင့် ဖြစ်ပေါ်လာသည့် နေရာပြောင်းရွှေ့မှု၊ လုပ်အားခိုင်းစေမှုများကို ဒေသခံလူထုက ရင်ဆိုင်ခံစားနေ ရပြီး
ရေကာတာတည်ဆောက်မည့်ဒေသများတွင် စစ်မက်ဖြစ်ပွားမှုများ ရှိနေသည့်အတွက်ကြောင့် ရင်းနီးမြှပ်နှံသူများအနေဖြင့် ၎င်းတို့၏ စီမံကိန်းများကို ရပ်တန့်ပေးရန်
တောင်းဆိုရခြင်းဖြစ်သည်ဟု BRN အဖွဲ့မှ အားနန်က ပြောသည်။
“အဓိက ပြောချင်တာက ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ စစ်အစိုးရဘက်က ရေကာတာ တည်ဆောက်တာ တွေ့ရ တယ်။ ရေကာတာကြောင့်
ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးဖြစ်တဲ့ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာတို့ကို ပြည်သူလူထုတွေ ခံစားနေရပါ တယ်။ ရွေးကောက်ပွဲပြီးတဲ့နောက်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အစိုးရကြားမှာလည်း တင်းမာလာမှုတွေ တွေ့မြင်ရ တယ်။ အဲဒီအတွက်ကြောင့် သံလွင်မြစ်ချောင်းက ကရင်ဒေသတွေဆို
တိုက်ပွဲဖြစ်ပွားတဲ့အတွက်ကြောင့် ဒေသခံလူထုတွေ အများ အပြား ထိုင်းဘက်ကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့် ရင်းနှီးမြှုပ်နှံသူတွေဖြစ်တဲ့ တရုတ်၊
အိန္ဒိယ၊ ထိုင်း ကုမ္ပဏီတွေ ကို အဲဒီစီမံကိန်းတွေ ရပ်တန့်ဖို့ တောင်းဆိုရတာဖြစ်တယ်။”ဟု သူမက ကေအိုင်စီကို ပြောသည်။
မြန်မာနိုင်ငံတွင် တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ရှိသည့် ရေကာတာစီမံကိန်းပေါင်း (၂၅)ခုရှိပြီး အဆိုပါစီမံကိန်း အများစု သည် တိုင်းရင်းသားဒေသများတွင်
တည်ရှိသည်။
၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ကရင်ပြည်နယ်ရှိ နယ်စပ်ဒေသများတွင် စစ်အစိုးရနှင့် ကရင်လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားသည့်အတွက်
သံလွင်မြစ် ဟတ်ကြီးရေကာတာ တည်ဆောက်မည့်နေရာတ၀ိုက်ရှိ သောင်းနှင့်ချီသော ဒုက္ခ သည်များ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

(ယမန်နှစ်က သံလွင်မြစ်ကမ်းတွင် ဒေသခံများ ရေကာတာဆန့်ကျင်ရေး ၀တ်ပြုဆုတောင်းနေကြစဉ်)
၎င်းအပြင် အခြား သျှမ်း၊ ကချင်နှင့် ကရင်နီဒေသများတွင် ရေကာတာစီမံကိန်းများ တည်ဆောက်လျှက်ရှိနေပြီး အဆိုပါဒေသများ တွင် စစ်အစိုးရက ထိုးစစ်များ
အသစ်ဆင်နွဲရန် ပြင်ဆင်မှုများ ရှိနေသည်ဟု ယနေ့ ထုတ်ပြန်သည့် BRN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ကရင်ပြည်နယ်မြောက်ပိုင်း သံလွင်မြစ်တလျှောက်ရှိ ဟတ်ကြီးရေကာတာတည်ဆောက်မည့် ဒေသတ၀ိုက်ရှိ ဒေသခံ လူထုများ စုစည်းကာ
ရေကာတာစီမံကိန်း ရပ်တန့်ရေးအတွက် ၎င်းတို့ကိုးကွယ်ယုံကြည်ရာ ဘာသာများဖြင့် ဆုတောင်းပွဲများ ယနေ့ ပြုလုပ်ခဲ့ကြသည်။
http://www.kicnews.org

ဘာရိန်းတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ
Sunday, 13 March 2011 11:37 Editor
ဘာရိန်းတက္ကသိုလ်ဝင်းထဲတွင် ဆန္ဒပြနေသူကျောင်းသား ငါးထောင်အား ဘုရင်သစ္စာခံများက ခြိမ်းခြောက်လျက် ရှိနေသည်။ ဘုရင့်ဘက်တော်သား ၁၅၀ ခန့်
တက္ကသိုလ် ၀င်းထဲ ၀င်ရောက်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာ ရသူများ ရှိနေသည်။
မည်မျှဆိုးဝါးသည်ကိုမူ သတင်းအတိအကျ မရရှိသေးပါ။
လုံခြုံရေးများက ၀င်ရောက်လာသူများအား တားဆီးရန် ကြိုးပမ်းခဲ့ကြသည်။ အထဲကသူများကို အပြင်ထွက်ခွင့်ကိုမူ ပေးထားသည်။
တနင်္ဂနွေနေ့က ဤနိုင်ငံငယ်လေးတွင် ဆန္ဒပြပွဲ ၃ ကြိမ် ဖြစ်ပွားမှုမှာ တူနီးရှားနှင့် အီဂျစ်တို့တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများနှင့် အစိုးရများကို ဖြုတ်ချနိုင်ခဲ့ခြင်း
ဖြစ်စဉ်များ၏ ရိုက်ခတ်မှုပင်ဖြစ်၏။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက “ဘာရိန်းဘုရင်နှင့် ခေါင်းဆောင်များ အနေဖြင့် အစစ်အမှန် ပြောင်းလဲခြင်းတို့ လုပ်ဆောင်ရန် ပြင်းပြသော ဆန္ဒ” ရှိနေသည်ဟု
ပြောဆိုခဲ့ပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြောင်းလဲမှု အလျင်အမြန် လုပ်ဆောင်ရန်လည်း တိုက်တွန်းပြောဆိုခဲ့သည်။
ပါရှန်ပင်လယ်ကွေ့တွင် တည်ရှိနေသော ဘာရိန်းနိုင်ငံငယ်တွင် အမေရိကန် ရေတပ်မတော် အမှတ် (၅) က အခြေစိုက် စခန်းဖြင့် တပ်စွဲထားသည်။
လူနည်းစု ဆူနီမွတ်ဆလင်များက ဘာရိန်းအစိုးရ အဖွဲ့ကို ကြီးစိုးထားသည်။
ရှိဟိုက်မွတ်ဆလင် အများစုမှာမူ ခွဲခြားဆက်ဆံခံရခြင်း၊ အလုပ်လက်မဲ့ ပြဿနာနှင့် အဂတိတရားလိုက်စားမှုတို့ကြောင့် ပြီးခဲ့သည့် နှစ်များက ဆန့်ကျင်
ဆန္ဒပြခဲ့ကြသည်။
ပြီးခဲ့သည့် အပတ်က ဘာရိန်းဘုရင်က ကတ်ဘိနက်ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။ “အမျိုးသား တွေ့ဆုံဆွေးနွေးရေး” ကို ကမ်းလှမ်းထားခဲ့သည်။

မောက္ခနိုင်ငံတကာသတင်း
Source: CNN

‘ကလေးအားလုံး ကျောင်းနေနိုင်ရေး’ဆောင်ပုဒ် တံငါကလေးများ အတွက် မဟုတ်
Saturday, 12 March 2011 04:43 အောင်မြင်

ယခုလဆန်းပိုင်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် မူလတန်း၊ အလယ်တန်း စာမေးပွဲများ ပြီးဆုံးသွားခဲ့ပြီး မိဘ အများစုက မိမိတို့ သားသမီးများ နွေရာသီ သင်တန်း များ
တက်ရောက်နိုင်ရေး စီစဉ်နေကြသည်။ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် နိုင်ငံတကာ အဆင့်မှီ နွေရာသီ အင်္ဂလိပ်စာ သင်တန်းများ စတင်ဖွင့်လှစ် နေပြီ
ဖြစ်သည်။ စီးပွားရေးတောင့်တင်း ခိုင်မာသော မိဘများကတော့ သူတို့ သားသမီးတွေကို စင်္ကာပူနှင့် အနောက်နိုင်ငံ များမှာ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး
ငယ်စဉ်ကတည်းက အင်္ဂလိပ်စာအခြေခံ ကောင်းမွန် တတ်ကျွမ်းစေရန် အတွက် ကြိုတင်ပြင်ဆင် နေကြခြင်းဖြစ်သည်။
လူလတ်တန်းစား မိဘများကတော့ သူတို့ကကလေးတွေကို ဘုန်းတော်ကြီးကျောင်းများ၊ ကိုကျော်သူ ရဲ့ နာရေးကူညီမှု အသင်းက ဖွင့်လှစ်ထားတဲ့ နွေရာသီ
အင်္ဂလိပ်စာ သင်တန်းနဲ့ ဘွဲ့ရလူငယ်အချို့ စုပေါင်းဖွင့်ထားတဲ့ စေတနာ သင်တန်း ကျောင်းများကို တက်ရောက်ခိုင်းကြသည်။
မန္တလေးမြို့တွင်တော့ နွေရာသီကလေးငယ်များ အခြေခံအင်္ဂလိပ်စာ သင်တန်းသာမက အခြေခံ တရုပ်စာ အရေးအဖတ်၊ တရုပ်စကားပြော သင်တန်းများ
ဖွင့်လှစ်လျက်ရှိကြောင်း မန္တလေးမြို့ခံ တစ်ဦးက ပြောပြသည်။
“မန္တလေးကဗျာ ဟိုးအရင်က မင်းနေပြည်တော်ဟောင်း၊ ခေတ်အဆက်ဆက် မန္တလေးယဉ်ကျေးမှု အမွေအနှစ်တွေ ထိမ်းသိမ်းဂုဏ်ယူလာခဲ့ကြတာ။ အခုတော့
ယူနန်ပြည်ရဲ့အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတာ ဆယ်စုနှစ် နှစ်စုနီးပါး ရှိနေပြီလေ၊ ဒါကြောင့် ကလေးငယ်တွေ နွေရာသီကျောင်းပိတ်ရက်မှာ အခြေခံတရုပ်စာ၊
စကားပြောသင်တန်းတွေ တက်နေကြရပြီ။ တရုပ်စာက မန္တလေးမှာ အရောင်းအဝယ်၊ အလုပ်အကိုင် ကောင်းမွန်ရေးအတွက် မရှိမဖြစ် လိုအပ်သလို ဖြစ်နေပြီ” လို့
ကျနော့်ကို ပြောပြခဲ့သည်။
မူလတန်း၊ အလယ်တန်း စာမေးပွဲဖြေဆိုပြီးသွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေက နွေရာသီ အချိန်ပိုင်း သင်တန်းများ တက်ရောက်နေကြသလို၊ လာမယ့်
ကျောင်းဖွင့်ချိန် စာသင်နှစ်မှာ ကျောင်းစာသင်ခန်းများထဲ ပြန်မသွားနိုင်ကြတော့ဘဲ မိဘလုပ်ငန်းခွင် ၀င်ရောက် လုပ်ကိုင်ကြရမယ့် ကလေးငယ်များလည်း
ရှိနေသည်။

ရန်ကုန်တိုင်း တောင်ဒဂုန်မြို့နယ် အမှတ် (၉၂) ရပ်ကွက် အစွန်တွင် ပဲခူးမြစ်ကမ်းဘေးတွင် တံငါရွာလေး တစ်ရွာရှိသည်။ အိမ်ခြေ ၂၀ ခန့်ရှိပြီး ကျောင်းနေအရွယ်

ကျောင်းသား ၄၀ကျော်က (၉၂) ရပ်ကွက် အထက်တန်းကျောင်းတွင် ပညာသင်ကြားနေကြသည်။ သူတို့ဖခင်များက တံငါသည်အလုပ် လုပ်ကြပြီး၊ မိခင်တွေက
လင်ယောက်က်ျား ဖမ်းမိလာတဲ့ ငါးတွေကို အနီးအနားရှိ ဈေးများတွင် ရောင်းချကြသည်။ ထိုတံငါရွာလေးမှ ကျောင်းသူကျောင်းသားများမှာ မူလတန်း အဆင့်
လေးတန်း အောင်မြင်ပြီးလျှင် အလယ်တန်း၊ အထက်တန်း ဆက်လက် ပညာမသင်ယူနိုင်တော့ဘဲ၊ မိဘတွေရဲ့ အလုပ်ထဲ ၀င်ရောက်ကြရတော့မည်။
တံငါရွာမှာ နေထိုင်တဲ့ ကိုမြင့်တင်ကို ကလေးငယ်တွေရဲ့ပညာရေးနဲ့ပတ်သက်ပြီး ကျနော် မေးကြည့်မိတော့
“ကျနော်တို့က တံငါသည်မျိုးရိုးပါ။ နေ့စဉ် တစ်နေ့ကို ညတစ်ကြိမ်၊ မနက်တစ်ကြိမ် ငါးပိုက်ဆွဲရတယ်။ ရလာတဲ့ငါးကို မိန်းမက ဒီအနီးအနား ဈေးတွေမှာ
သွားရောင်းတယ်၊ တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေပါဗျာ။ တစ်ခါတလေမှာ ငါးမရတဲ့ နေ့တွေရှိတယ်၊ နောက် မြစ်တွင်း လူကြီးလမ်းကြောင်းရှိလို့ ငါးမဖမ်းရတဲ့
ရက်တွေရှိတယ်။ အဲလို ရက်တွေမှာ ဆိပ်ကမ်းသွားပြီး ကျောက်စရစ် သဘောင်္တွေမှာ ကျောက်သွားထမ်းရတယ်။ ကျနော်တို့ ရွာမှာက သူကြီးရှိတယ်၊ သူကနေပြီး
တံငါသည်တွေဆီကနေ တနှစ်စာ အခွန် ကျပ် ၇၀၀၀ ပေးဆောင်ရတယ်။ ရေလုပ်ငန်း ဦးစီးဌာနက လာကောက်တာပါ။ သူတို့က လူကြီးလမ်းကြောင်းရှိတယ်ဆိုရင်
အကြောင်းကြားတယ်။ အဲဒီရက်တွေမှာ ငါးဖမ်းလို့မရဘူး”

“ကျနော်မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိပါတယ်။ သမီးကြီးက မနှစ်က ၄တန်း အောင်တယ်။ ကျောင်းဆက် မထားနိုင်တော့ဘူး။ သမီးကို
ကျောင်းထားချင်လို့ကျောင်းသွားအပ်တော့ ကျောင်းကနေ ကောက်တဲ့ စာအုပ်ဖိုး၊ ကျောင်းရံပုံငွေ ဘာညာစရိတ်တွေက များတယ်။ ကျနော်က မတတ်နိုင်တော့
ဆရာမကြီးကို တောင်းပန်သေး တယ်။ မရပါဘူးဗျာ။ ဒါနဲ့ သမီးကြီးက ကျောင်းဆက် မတက်တော့ဘဲ ရွာထဲမှာ ငါးဖမ်းပိုက်ယက်တာတို့ ပိုက်ဖာတာတို့ အလုပ်တွေ
လုပ်နေတယ်”
“သားက ဒီနှစ် ၂တန်း ဖြေပြီးသွားပြီ။ သူ့ကို ကျောင်းဆက်ထားနိုင်အောင် ကျနော် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျနော့် ရွာမှာက ၄တန်းအောင်ပြီးတဲ့
မိန်းကလေးဆိုရင် ရွာထဲမှာ ငါဖမ်းပိုက်ယက်၊ ပိုက်ဖာလုပ်တယ်။ အဖေတွေ ဖမ်းလာတဲ့ ငါးတွေကို သူတို့ အမေတွေနဲ့ သွားရောင်းကြတယ်။
ယောက်က်ျားလေးတွေ ကတော့ အဖေ့လှေပေါ်တက်ပြီး တံငါ ပညာဆက်သင်ကြရတာပေါ့ဗျာ”

“ကျနော်တို့ ရွာကလေးက သီးသန့်လေးလို ဖြစ်နေတယ်။ တကယ်က ရန်ကုန်နဲ့ ဘာမှ ဝေးတာတော့ မဟုတ်ဘူး။ နေထိုင်မကောင်းတဲ့ခါ ဟိုတိုက်တန်းတွေမှာ
ဖွင့်ထားတဲ့ ကုန်စုံဆိုင်ကလေးတွေမှာ ဆေးလေးဝယ်သောက်တာဘဲ။ ဘယ်ဆေးခန်းမှ မသွားကြပါဘူး။ ရန်ကုန်မြို့ထဲလည်း သိပ်မသွားဖြစ်ကြဘူး။ မြစ်ထဲမှာပဲ
အချိန်ကုန်ကြရတာ။ တချို့ကလေးတွေဆို ရန်ကုန်မြို့ထဲကိုတောင် မရောက်ဘူးကြဘူး။ ရွာထဲမှာဘာတီဗီမှမရှိပါဘူး။ အရပ်လူကြီးအိမ်မှာပဲ ရေဒီယို
တစ်လုံးရှိတယ်”
“တစ်နှစ်တစ်ခါ အားလုံး သွားဖြစ်ကြတာကတော့ ကျိုက်ခေါက်ဘုရားပွဲပဲ။ အိမ်အတွက်၊ လုပ်ငန်းအတွက် သွားဝယ် ကြရတာလေ။ တစ်နေ့တစ်နေ့
အလုပ်လုပ်နိုင်မှ အားလုံး ထမင်းစားဖို့ အဆင်ပြေတာ… ဆန်ဈေးတွေကလည်း ကြီးဆိုတော့ ကျနော်တို့ ရွာသားတွေ တော်တော် ရုန်းနေကြရတယ်။ နောက်နှစ်
ကျောင်းဖွင့်ချိန် ကလေးတွေ ကျောင်းအပ် နိုင်ပါ့မလား တွေးပူနေကြရတာ တစ်ရွာလုံးပေါ့ဗျာ။ ကုန်ဈေးနှုန်းတက်သလို ကျောင်အပ်တဲ့ စရိတ်တွေ တက်ရရင်တော့
ကလေးတွေကို ကျောင်းဆက်ထားနိုင်မဟုတ်တော့ဘူး”

“ကျနော့်သားကို ပညာတတ်ကြီး အရမ်းဖြစ်စေချင်တာဗျ၊ ကျနော့်အဖေက တံငါသည်.. ကျနော်လည်း တံငါသည်ပဲ။ သားလေး ကိုတော့ပညာလေးသင်
ပြီးတခြားအလုပ်ကိုလုပ်စေချင်တယ်… ကံတရား ပေါ့ဗျာ၊ သားရဲ့ကံပေါ့။ ကျောင်းမထား နိုင်ရင်လည်း တံငါသည်ပဲ ဆက်လုပ်ရမှာပဲလေ” ဟု မြစ်ထဲ ငေးကြည့်ရင်း
ပြောပြသည်။
လက်ရှိ မြန်မာစစ်အစိုးရက ကျောင်းနေအရွယ် ကျောင်းနေနိုင်ရေး ဆောင်ပုဒ်နဲ့ ကြွေးကြော်နေသလို အစိုးရထုတ် သတင်း စာများတွင် ပညာရေးစီမံကိန်းများကို
အောက်ပါအတိုင်း အမြဲဖေါ်ပြလျက်ရှိသည်။
‘မြန်မာ့ပညာရေး နှစ် ၃၀ စီမံကိန်းကို ၂၀၀၁-၂၀၀၂ ပညာသင်နှစ် များတွင် စတင်ခဲ့ရာ ယခုအခါ ဒုတိယမြောက် ၅ နှစ်စီမံကိန်၏ နောက်ဆုံးနှစ်သို့ ရောက်လာပြီ
ဖြစ်သည်။ နှစ်သုံးဆယ် စီမံကိန်းအရ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်ရမည်၊ နိုင်ငံသားတိုင်း အခြေခံပညာရပ်များကို တက်မြောက်ရမည်’
စသဖြင့် ချက်မှတ်ထားသော ရည်မှန်းချက်များကို အထမြောက် အောင်မြင်နိုင်ရန် အတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ကျောင်းသားမိဘများ၊
လူမှုရေးအဖွဲ့အစည်းများရဲ့ အကူအညီနဲ့ ပူးပေါင်း ဆောင်ရွက်နေသည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြလေ့ရှိသည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ကြီးနှင့် မဝေးလှသော တံငါရွာလေးမှ ကလေးများကဲ့သို့ ကျောင်း မနေနိုင်ဘဲ ငါးဖမ်း၊ ကျောက်စရစ်ထမ်း နေကြရသော
ကလေး အများအပြားရှိနေသည်ကို တင်ပြလိုက်ရ ပါသည်။
အောင်မြင်
http://www.maukkha.org/
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ မှာ အနာဂတ်ကိုပိုင်ဆိုင်ကြမည့်၊ အနာဂတ်ကို ဦးဆောင်ကြမည့် မြန်မာကလေးငယ်များ၏ မွေးရာပါ အခွင့်အရေးများအတွက်
တိုက်ပွဲဝင်ကြပါ။
(We Fight We Win)
၁၉၄၈ ခုနှစ်၊ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အတည်ပြု၍
ကြေညာလိုက်ရာထိုကြေညာစာတမ်းကြီး၏ စာသားသည်နောက်စာမျက်နှာ များတွင် အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ရာဇ၀င်တင်မည့် ကြေညာချက်ကို
ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကိုအများပြည်သူတို့
ကြားသိစေရန် ကြေညာပါမည့်အကြောင်းကို လည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း
မပြုဘဲအဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင်
ပြသထားစေရန်၊ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်း ဖော်ပြစေရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့် လည်းကောင်း ဆင့်ဆို လိုက်သည်။
စကားချီး
လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ် ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊
ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် လည်းကောင်း၊ လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို
ချိုးဖောက် ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမှုများကို ဖြစ်ပေါ်စေခဲ့သော ကြောင့်လည်းကောင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု
လွတ်လပ်စွာ သက်ဝင် ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု
ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ်
သောကြောင့်လည်းကောင်း၊ လူခပ်သိမ်းတို့သည်၊ တရားလက်လွတ် နှိပ်စက်က လူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီး ညှဉ်းပန်းမှု တို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ
လက်နက် စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူအခွင့်ရေး များကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ် ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံ
အချင်းချင်း ချစ်ခင် ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်တို့သည်
မူလလူ့အခွင့် ရေးများကို လည်းကောင်း၊ လူ၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း၊
လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြု ပြီးသည့်ပြင်၊ လူမှုကြီးပွား တိုးတက်ရေးနှင့်တကွ ပိုမို လွတ်လပ် ကောင်းမွန်သော လူ့ဘဝ
အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဌာန်ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည်ကုလသမဂ္ဂအဖွဲ့နှင့်ပူပေါင်း၍
လူအခွင့်အရေးများကိုလည်ကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာ့တ၀ှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို
အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်းကောင်း၊ ထိုကြောင့် အထွေထွေညီလာခံ က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို လူတိုင်း
အဖွဲ့ အစည်းတိုင်းသည် အစဉ် နှလုံးသွင်းလျက် ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမ
သွန်သင်ခြင်းဖြင့် အားထုတ် ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သား
များအား အဆိုပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ
တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေး များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို
နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက် နိုင်ကြစိမ့်သော ငှာ ယခုထုတ်ပြန် ကြေညာလိုက်သည်။
အပိုဒ် ၁
လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများ ဖြစ်သည်။
ထိုသူတို့၌ ပိုင်းခြား ဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။
အပိုဒ် ၂
လူတိုင်းသည် လူ့အခွင့် အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင် ခံစားခွင့်ရှိသည်။
လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင်အားဖြင့် ဖြစ်စေ၊ ကျား၊ မ၊ သဘာဝအားဖြင့် ဖြစ်စေ၊ ဘာသာစကာားအားဖြင့် ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့်
ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ်
အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြား အဆင့်အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။
ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေ စီရင်ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း
ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊
သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ်တဒေသလောက်သာ

ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။
အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။
အပိုဒ် ၎
မည်သူကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန်သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ်
ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။
အပိုဒ် ၅
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ်
ပေးခြင်းမပြုရ။
အပိုဒ် ၆
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။
အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာ စာတမ်းပါ
သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာအကွယ်ကို တူညီစွာ
ခံစားပိုင်ခွင့် ရှိသည်။
အပိုဒ် ၈
ဖွဲ့စည်းပုံ အခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက်
ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖောက်ဖျက်ဆီး သော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက် အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင်
ထိရောက်စွာ သက်သာခွင့် ရှိနိုင်စေရမည်။
အပိုဒ် ၉
မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။
အပိုဒ် ၁၀
အခွင့်အရေးများနှင့် တာဝန် ၀တ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆိုစီရင် ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည်
လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစား ပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၁
(၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှား စီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည်
အပြစ်မဲ့သူဟူ၍ ယူဆ ခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော
အခွင့်အရေးများကို ထိုသူအား ပေးပြီး ဖြစ်စေရမည်။
(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဖြစ်စေ၊ ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ
ဆွဲဆိုပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။
အပိုဒ် ၁၂
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အ၀န်းကို
သော်လည်းကောင်း၊ စာပေးစာယူကို သော်လည်းကောင်း၊ ဥပဒေအရ မဟုတ်သော ၀င်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာ ကိုလည်း
အထက်ပါ အတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ၀င်ရောက်စွက်ဖက်ခြင်းမှ သော်လည်းကောင်း ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ
ကာကွယ် ပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၃
(၁) လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင်၊မိမိ၏ တိုင်းပြည်သို့ ပြန်လာ
ပိုင်ခွင့်လည်းရှိသည်။
အပိုဒ် ၁၄
(၁) လူတိုင်းသည် ညှဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည် များ၌ အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။

(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှ သော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘောတရား မှုများကို ဖီဆန်သော အမှုများမှ
သော်လည်းကောင်း၊ အမှန် ပေါ်ပေါက် လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှုအခင်းများတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။
အပိုဒ် ၁၅
(၁) လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သောအခွင့်အရေးကို လည်း ငြင်းပယ်ခြင်း
မခံစေရ။
အပိုဒ် ၁၆
(၁) အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံသား အဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို
သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစုထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည်
လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ်
ပေါင်းသင်း အိမ်ထောင်
ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။
(၂) သတို့သား နှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။
(၃) မိသားစု တစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်၊ ထိုမိသားစုသည် လူ့ အဖွဲ့အစည်းနှင့် အစိုးရတို့၏
ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။
အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦး ချင်းသော်လည်းကောင်း ၊ အခြားသူများနှင့် ဖက်စပ်၍ သော်လည်းကောင်း၊ ပစ္စည်းဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရ
မဟုတ်လျှင်၊ မည်သူမျှ မိမိ၏ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။
အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌
မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိတစ်ယောက် ချင်းဖြစ်စေ၊
အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင် သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ် ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော
ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ် စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း
ပါဝင်သည်။
အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့် အယှက်မရှိဘဲ လွတ်လပ်စွာ
ထင်မြင်ယူဆနိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်း ဖြင့်
လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။
အပိုဒ် ၂၀
(၁) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့် နှင့် ဖွဲ့စည်းနိုင်ခွင့် တို့ ရှိသည်။
(၂) မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ၀င်စေရန် အတင်းအကျပ်မပြုရ။
အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့်
ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ၀န်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့်
ထင်ရှားစေရမည်။ ရွေးကောက် ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့်အပြင် ၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊
အလားတူ လွတ်လပ်သော မဲပေးစနစ် ဖြင့်ဖြစ်စေ၊ ကျင်းပရမည်။
အပိုဒ် ၂၂
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူပိုင့်ခွင့်ရှိသည့် အပြင်နိုင်ငံရေး ကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာ
ပူပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတ အင်အားနှင့်လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ
လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။
အပိုဒ် ၂၃
(၁) လူတိုင်းတွင် အလုပ်လုပ် ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန် လည်းကောင်း၊ တရားမျှတ၍

လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ် ရရှိရန် လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရိုင်ခွင့်ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊ တရား
မျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင်အခြား နည်းလမ်းများမှ လူမှုရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရိုင်ခွင့် ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်။
အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ် ထားသည့် အလုပ်
အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစားပိုင်ခွင့် ရှိသည်။
အပိုဒ် ၂၅
(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အစာအဟာရ၊ အ၀တ်အထည် နေအိမ်၊
ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူခံစားခွင့် ရှိသည်။ ထို့ပြင်
အလုပ်လက်မဲ့ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မကျန်းမမာ ဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန်ဖြစ်သော အခါ၌
သော်လည်းကောင်း၊ မုဆိုးမဖြစ်သော်အခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော
အကြောင်းကြောင့် ၀မ်းစာ ရှာမှီးနိုင်သော နည်းလမ်း မရှိသော အခါ၌ သော်လည်းကောင်း၊ နေထိုင်စားသောက်ရေးအတွက် လြုံခုံစိတ်ချရမှု အခွင့်အရေးရှိသည်။
(၂) သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ အခြား
နည်းဖြင့် ဖြစ်စေ မွေးဖွားသော ကလေးအားလုံး သည် တူညီသော လူမှု ကာကွယ် စောင့်ရှောက်ရေးကို ရယူ ခံစားကြရမည်။
အပိုဒ် ၂၆
(၁) လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်၊ အနည်းဆုံးမူလတန်းနှင့် အခြေခံ အဆင့် အတန်းများတွင် ပညာ သင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။
မူလတန်းပညာသည် မသင်မနေရ ပညာ ဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှု ပညာများကို ယေဘူယျအားဖြင့် သင်ကြားရယူ နိုင်စေရမည်။ ထို့ပြင်
အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိစေရမည်။
(၂) ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာအပြည့်အ၀တိုးတက်မှု အပြင်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို
ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြား စေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစုများ တွင်လည်းကောင်း၊
ဘာသာရေးအသင်းအဖွဲ့များတွင် လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံ မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင်
ဆောင်ရွက်ရန် အလို့ငှါ၊ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်။
(၃) မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့်ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦး အခွင့်အရေးရှိသည်။
အပိုဒ် ၂၇
(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမပညာရပ် များကိုလွတ်လပ်စွာလိုက်စား မွေ့လျော်နိုင်ခွင့်၊ သိပံ္ပ
ပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ်စွာ ၀င်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် သိပံ္ပမှ ဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှ ဖြစ်စေ၊ မိမိကိုယ်ပိုင်ဥာဏ်ဖြင့်ကြံစည် ဖန်းတီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေး
အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေး အတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေး ရှိသည်။
အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံ ရယူနိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့်
အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။
အပိုဒ် ၂၉
(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အ၀န်း အတွက်လူတိုင်း၌ တာဝန် ရှိသည်။
(၂) မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည်၊ အခြားသူများ၏ အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကိုအသိအမှတ်ပြု၍
ရိုသေလေးစားစေရန်အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင်ကိုယ်ကျင့်တရားအပြင်၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့ အကျိုး
စီးပွား ဖြစ်ထွန်းရေးတို့ အတွက်၊ တရားမျှတစွာကျင့် ဆောင်ရန် အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်
လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။
အပိုဒ် ၃၀
ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍၊ နိုင်ငံတစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စုအတွက်
ဖြစ်စေ၊ လူတစ်ဦးတစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည်
ဟုသော်လည်းကောင်းအဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်း မရှိစေရ။
http://komoethee.blogspot.com/

http://burmese.dvb.no/

Sign up to vote on this title
UsefulNot useful