ကရင်နယ်ခြားစောင့်တပ်အတွင်း ပုန်ကန်မှုဖြစ်

စောရန်နိုင် Saturday, 28 May 2011 18:59
ဒု ဗိုလ်မှူးကြီး ပိုဘီ ဦးဆောင်သည့် ကရင်ပြည်နယ် မြိုင်ကြီးငူအခြေစိုက် ကရင်နယ်ခြားစောင့် တပ်ရင်း ၁၀၁၂ သည် မြိုင်ကြီးငူဒေသ ကို ထိန်းချုပ်၍
ပုန်ကန်မှုပြုလုပ်နေကြောင်း သိရသည်။
ပိုဘီ ၏ တပ်သည် ဗိုလ်ချုပ် ကျော်သန်း အပါအ၀င်
နယ်ခြားစောင့် အရာရှိ ၇ ဦးကို ပြန်လည်
ပုန်ကန်ခြင်းဖြစ်သည်ဟု ဆိုသည်။
လတ်တလောတွင် မြိုင်ကြီးငူမှ မယ်သဝေါအထိ ဒု
ဗိုလ်မှူးကြီးပိုဘီ ၏ တပ်များ ချထားကြောင်း၊ ယင်း ပိုဘီ ၏ တပ်
အင်အားမှာ ၅၀၀ ခန့်ရှိကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ
ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် နီးစပ်သည့်
အသိုင်းအ၀ိုင်းက ပြောသည်။
မြိုင်ကြီးငူတွင်ရှိသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁ ကလည်း
ပိုဘီ အဖွဲ့နှင့် ပူးပေါင်းလိုက်ပြီး တခြားသော ကရင်နယ်ခြားစောင့်
တပ်များကမူ ပူးပေါင်းခြင်း မရှိသေးကြောင်း၊ ဗိုလ်မှူးကြီး
စောလားပွယ(် ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် DKBA
တပ်မဟာ ၅ မှ အင်အား ၁၀၀ ခန့် သွားရောက် ပူးပေါင်းကြောင်း
သိရသည်။
“ပိုဘီအဖွဲ့က အစိုးရဖွဲ့ပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် အကြံပေးအရာရှိ ၇ ဦးကို မကြိုက်လို့တဲ့၊ အဲဒီ ၇ ယောက်ကို ဖမ်းမယ် တဲ့”ဟု ကရင်အမျိုးသား
အစည်းအရုံး(KNU) တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။
၎င်း အကြံပေးအရာရှိ ၇ ဦးတွင် ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်ချစ်သူ၊ ဗိုလ်ဖားနွီး တို့ ပါဝင်ကြောင်း သိရသည်။
ပိုဘီ တပ်ဖွဲ့ သည် ပြီးခဲ့သည့်မေလ ၂၄ ရက်နေ့က ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းရန်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း၊ ၎င်းတို့ အဖွဲ့က နယ်ခြားစောင့်တပ်အဖြစ်
ဆက်လက်မလုပ်လိုကြောင်း နီးစပ်သူများက ဆိုသည်။
DKBA နှင့် နီးစပ်သူ တဦးဖြစ်သည့် စောထီးမူးကလည်း“သူတို့ လူကြီးကိုမကျေနပ်လို့တဲ့၊ သူတို့ကို ခိုင်းစားတယ်လို့ ခံစားရတာကြောင့် တဲ့၊ အခုကြားတာက
နယ်ခြားစောင့်ဖြစ်လာတဲ့ DKBA ကို အစိုးရက သိပ်မယုံတော့ဘူး၊ သူတို့လက်နက်ကို သိမ်းမယ်လို့ ကြားတယ်၊ သူတို့ကလည်း အဲဒါကို အဖြစ်မခံနိုင်ဘူး၊
စစ်ဖြစ်လာရင် KNU ကို အကူအညီ တောင်းထားတယ်လို့ သိရတယ်”ဟု ပြော သည်။
“နယ်ခြားစောင့်တပ်ကို ဆက်မလုပ်နိုင်တော့လို့ သူတို့ခေါင်းဆောင်ကို ပြန်ပြီး ပုန်ကန်တဲ့သဘောပေါ့”ဟု KNU မှ ဒု ဗိုလ်မှူးကြီး
စော ဖောဒို ကလည်း ပြောဆိုသည်။
မြိုင်ကြီးငူတွင် ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း သဘောထားမတူညီသည့် ကရင်နယ်ခြားစောင့်တပ်အချင်းချင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အစိုးရဘက် အရာရှိတချို့ ကရင်နယ်ခြားစောင့်တပ် အရာရှိများနှင့် လာရောက်တွေ့ဆုံနေပြီး အစိုးရက အနုနည်းနှင့် မဖြေရှင်း နိုင် ပါက ကြီးမားသည့် တိုက်ပွဲ
ဖြစ်ပွားလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။
ယင်း နယ်ခြားစောင့်တပ်မှ လစဉ်နီးပါး ထွက်ပြေးသည့် တပ်ပြေးများလည်း များပြားလာကြောင်း သိရသည်။
DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀
ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိကြောင်း DKBA နှင့် KNU တာဝန်ရှိသူများက ပြောဆိုသည်။
ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့သည် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်း ပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇
ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်း ရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေ ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် DKBA သည် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ် သည်။
အစိုးရ ကျောင်းတချို့ လာဘ်ယူနေဆဲ
ယုယမိုး Saturday, 28 May 2011 20:19
ကျောင်းအပ်ရာသီကာလ အစိုးရကျောင်းများတွင် သတ်မှတ်နှုန်းထားထက်ပို၍ အလှူငွေ ကောက်ခံခြင်းများ မပြုလုပ်ရန် ညွှန်ကြားထားသော်လည်း

အခြေခံပညာကျောင်းအချို့တွင် လာဘ်ယူမှုများ ရှိနေဆဲဖြစ်သည် ဟုသိရသည်။
မကြာသေးမီက ရန်ကုန်တိုင်း ဒေသကြီအတွင်းရှိအထင်ကရ
ကျောင်းများဖြစ်သော အထက(၂)မင်္ဂလာဒုံ၊ အထက(၁)ဒဂုံ၊
အထက(၂)ကမာရွတ်၊ အထက(၂)လသာ၊ အထက(၂)ဗဟန်း၊
ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (TTC) အစရှိသည့်
ကျောင်း ၁၉ ကျောင်းအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး
ဦးဉာဏ်ထွန်းဦးက ခေါ်ယူသတိပေးမှုများ ပြုလုပ်ခဲ့သည်။
ခေါ်ယူသတိပေးခြင်း ခံခဲ့ရသည့် ကျောင်းများက ရန်ပုံငွေ၊
အလှူငွေကြေးများ ကောက်ခံခြင်း မရှိသော်လည်း အဆိုပါ
နာမည်ရ ကျောင်းများသို့ ၀င်ခွင့်ရရှိစေရန် လာဘ်ပေးနေရမှုများ
ရှိနေသည် ဟု ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း
(TTC)မှ ကျေင်းသားမိဘ တစ်ဦးဖြစ်သူ မမျိုးမျိုးက
ဧရာဝတီကိုပြောသည်။
“ကျောင်းဝင်ခွင့်ရဖို့က သက်ဆိုင်ရာ ပညာရေးဌာနက

ရန်ကုန်မိဒဂုံအထက

(၁) ကောင်း(ဓာတ်ပုံ - yelwinoo.com)

ပါမောက္ခတွေ၊ စစ်တပ်က ရာထူးကြီး အရာရှိတွေရဲ့
လက်မှတ်တွေ ပါမှဖြစ်တာပါ၊ သူတို့လက်မှတ်တွေ ရဖို့အတွက်

ကြားထဲက ပွဲစားတွေကို လိုင်းကြေးသဘောမျိုးပေးရပါတယ် ဒီနှစ် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း( TTC) ကျောင်းဝင်ခွင့် ရဖို့ ကျောင်းသားသစ်
ဝင်ကြေးက ကျပ် ၁၀သိန်းကနေ ၁၅ သိန်းကြားရှိပါတယ်”ဟု သူကဆိုသည်။
ရန်ကုန်မြို့၏ နာမည်ရ ကျောင်းများ ဖြစ်သည့် ဒဂံ(ု ၁)နှင့် အထက(၂) ကမာရွတ(် စိန်အော်ဂတ်စတင်း) ကျောင်းများ၏ ကျောင်းသားသစ် ၀င်ကြေးမှာလည်း ကျပ်
နှစ်သိန်းမှ သုံးသိန်းကြား ရှိသည် ဟု ကမာရွတ်မြို့နယ်မှ အဋ္ဌမတန်း တတ်ရောက်မည့် ကျောင်းသားမိခင် တစ်ဦး ကပြောပြခဲ့သည်။
၂၀၁၁-၂၀၁၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး နေ့များကို မေလ၂၅ရက်မှ ၃၁ရက်အတွင်း တစ်နိုင်လုံးရှိ အခြေခံပညာကျောင်း တွင်ပြုလုပ်ရမည်ဟု ပညာရေး
ဝန်ကြီးဌာနက ညွှန်ကြားထားသည်။
ရန်ကုန်မြို့၏ အထင်ကရ ကျောင်းများတွင် သာမက အခြားမြို့နယ်ရှိ ကျောင်းများတွင်လည်း ၀င်ခွင့်ရရှိ စေရန် ကျောင်းအုပ်ကြီးများအား လာဘ်ပေးရမှုများ
ရှိနေပြီး ကျောင်းအပ်ရာသီ မရောက်ခင်ကပင် ကျောင်းအပ်လက်ခံကာ အမြတ်ထုတ်လျက် ရှိသည်ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမှ ကျောင်းသား မိဘတစ်ဦး
ကဆိုသည်။
“ အထက ၃ ဒဂုံမြို့သစ် မြောက်ပိုင်းက ကျောင်းအုပ်ကြီး တစ်ဦးဆိုရင် ကျောင်းအပ်ရာသီ ဖြစ်တဲ့ မေလ ၂၅ ရက်နေ့ မတိုင်ခင် ကတည်းက
ကျောင်းအပ်လက်ခံတာတွေ လုပ်နေပါတယ် သူနဲ့ခင်မင်ရင်းနှီးတဲ့သူတွေ အဆက်အသွယ်နဲ့လာတဲ့သူတွေဆိုရင် အလှူငွေအဖြစ် သုံးသောင်းကျပ် ကောက်ခံပြီး
အဆက်အသွယ်ကောင်းမရှိတဲ့ ကျောင်းသားကျောင်းသူတွေဆို ငါးသောင်း ပေးရပါတယ် အချို့ ပိုက်ဆံတတ်နိုင် သူတွေကိုဆို တစ်သိန်းနဲ့အထက် ကောက်ခံ ပြီး
အကျိုးအမြတ်ထုတ်နေပါတယ်” ဟုပြောပြသည်။
အဆိုပါ ကျောင်းအုပ်ကြီးသည် မိဘများကိုသာမက ကျောင်းရှိ ဆရာ၊ ဆရာမများ အပေါ်တွင်လည်း လာဘ်စားမှုများရှိနေသည် ဟု သူကဆိုသည်။
“အတန်းကောင်းကောင်း လိုချင်ရင် ဆရာမတွေဆီကနေ ကျပ်တစ်သိန်းကနေ တစ်သိန်းခွဲအထိ တောင်းပါတယ်၊ မပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေကို
အတန်းပိုင်ရာထူး မပေးပါဘူး၊ သူ့ကို လာဘ်ပေးပြီးတော့ မျက်နှာရအောင် လုပ်တဲ့သူတွေကိုပဲ အတန်းပိုင်တို့၊ အတန်းမှူးရာထူးတို့ပေးပါတယ်” ဟု၎င်းက
ပြောသည်။
အဆိုပါကျောင်းသည် ဒဂုံမြို့သစ် မြောက်ပိုင်း ဘုရင့်နောင်လမ်းမကြီး(ကျောင်းလမ်း)တွင်တည်ရှိပြီး ၃၅ရပ်ကွက်နှင့် ၃၆ရပ်ကွက် အကြားတည်ရှိသည်။
မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာဇံမြို့နယ်ရှိ မြို့နယ်ပညာရေးမှူး တစ်ဦးသည် ယခုလ ၂၄ရျက်နေ့က ကျောင်းအပ်နှံရေးနေ့ ရန်ပုံငွေ အဖြစ် ငွေကျပ်
တစ်သောင်း၊နှစ်သောင်း စသည်ဖြင့် မိဘများထံမှ ခွဲတမ်းဖြင့် ကောက်ခံရန် ချမ်းအေးသာဇံ မြို့နယ်ရှိ ကျောင်းအုပ်ကြီးများအား ညွှန်ကြားထားသောကြောင့်
ကျောင်းအပ်နှံရန်ပင် အဆင်မပြေသည့် မိဘများမှာ အခက်အခဲတွေ့နေရသည် ဟု မန္တလေးမြို့ အထက(၁၄)မှ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီကိုပြောသည်။
အခြေခံပညာကျောင်းများတွင် ကျောင်းသားမိဘများနှင့် ဆရာ၊ဆရာမများ အကြား ယင်းကဲ့သို့ လာဘ်ပေး လာဘ်ယူမှုများ ဖြစ်ပေါ်နေခြင်းသည် အစိုးရ၏
ပညာရေးဌာန အတွက် ဘတ်ဂျက် ချထားပေးမှု နည်းပါးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရန်ကုန်မှ ကျောင်းအုပ်ဆရာကြီးတစ်ဦးက သုံးသပ်ပြသည်။
အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနပေါင်း ၃၁ခု ရှိပြီး အခြား ၀န်ကြီးဌာနများနှင့်စာလျှင် ပညာရေးဝန်ကြီးဌာနသည် လာဘ်စားမှုအနည်းဆုံး ဌာန
တစ်ခုဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
အစိုးရ၏ ၀န်ကြီးဌာနများသို့ ချထားပေးသော ဘတ်ဂျတ် တန်ဖိုးများအရ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၁.၁၃ ရာခိုင်နှုန်း ဖြင့်အများဆုံး ရရှိကာ
ပညာရေးဝန်ကြီးဌာနသည် ၄.၉၇ ရာခိုင်နှုန်းခန့်သာ ရရှိသည်ကို ဧရာဝတီက ရရှိထားသော ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့က ထုတ်ပြန်ခဲ့သည့်
မြန်မာနိုင်ငံတော် ပြန်တမ်းအရ သိရသည်။
ယခု ပညာသင်နှစ် မှစတင်၍ ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာ သင်ယူနိုင်စေရန် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ငါးသန်းကျော်အတွက်
ငွေကျပ်သန်း ၂၄၀၀ တန်ဖိုးရှိ ကျောင်းသုံး စာအုပ်များ အခမဲ့ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမြအေး ပြောကြားချက်ကို မေလ
၂၆ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အခြေခံပညာ ကျောင်းပေါင်းလေးသောင်းရှစ်ရာ ကျော်ရှိပြီး အဆိုပါကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူဦးရေ
ရှစ်သန်းကျော် ရှိကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
http://www.irrawaddy.org/bur/

Saturday, May 28, 2011
ချင်းမိုင်မြို့က ဒီလို စားသောက်ဆိုင်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ပြီ၊ မြန်မာ အစားအစာ စားချင်တယ် ဆိုရင်တော့ သွားရမယ့် ဆိုင်တခုက "ဒီလ"ို မြန်မာစားသောက်ဆိုင် ဖြစ်ပါတယ်။ ဒီမနက်
ကျနော် ရောက်သွားတော့ လူရှင်းနေတယ်။ စောသေးလို့ စားသုံးသူတွေ မလာကြသေးတာ ဖြစ်နိုင်တယ်။ ဆိုင်က မနက် ၈း၀၀ နာရီဖွင့်တယ်လို့
ဆိုင်ကလူတယောက်က ပြောတယ်။
နေမြင့်လာတာနဲ့ ရွှေတွေ တဖြည်းဖြည်း ရောက်လာပါလိမ့်မယ်လို့ ရောက်ဖူးတဲ့ ဖောက်သည်တယောက်က ဆိုတယ်။
ချင်းမိုင်မှာ မြန်မာဆိုင်တွေ သုံးလေးဆိုင် ရှိတယ်။ ဒီဆိုင်ရဲ့ အားသာချက်တွေက ဘာလဲ လို့ ဧရာဝတီဝိုင်းတော်သား တယောက်ကို မေးတော့ မြန်မာရနံ့ရတယ် လို့
သူက ဆိုတယ်။
နောက်ထပ် အားသာချက်တွေက - ရွေးစရာ ဟင်းအမယ် များတယ်၊ ကိုယ်စားချင်တဲ့ပုံစံကို ချက်ပေးတယ် ဆိုပဲ။ စားဖိုမှူးများက မြန်မာပြည်ကလို့ သိရပါတယ်။
ပြီးတော့ အ၀ စားလို့ ရတယ် (ထမင်းကို အများကြီး လာထားပေးတာကို ပြောတာ)။ သူပြောတာတွေ ဟုတ်မဟုတ် နောက်နေ့တွေမှ ထပ်သွားရအုံးမယ်။
ဆိုင်က အကြီးကြီး မဟုတ်ပေမယ့် လူ ၅၀ တော့ တပြိုင်တည်း ထိုင်လို့ရနိုင်မှာပါ။

ယမကာ မျိုးစုံလည်း ရတယ်

စားသုံးသူများက သောကြာစနေညမျိုးတွေဆို သန်းခေါင်းအထိ စည်ကား သောက်စားတတ်။ မြန်မာယမကာဝိုင်းတွေက တခါတရံ ဒီလိုအချိန်ရောက်မှ
ပွဲသိမ်းတတ်ကြတာမို့ မထူးဆန်းပါဘူး။

မုန့်ဟင်းခါးက စနေ တနင်္ဂနွေတွေမှာပဲ ချက်ပါတယ် တဲ့
ဒီမနက် ဘာကြော်တွေ ရသလဲ မေးတော့ ဗူးသီးကြော်၊ ငါးဖယ်၊ ဘဲဥ လို့ ဆိုတယ်။ ဗူးနဲ့တပွဲ မှာတယ်။ ဘတ် ၃၀ (၁ ဒေါ်လာ) ပါ။
မုန့်ဟင်းခါးနဲ့အတူ ဟင်းရည် တပန်းကန် ရောက်လာတယ်။ သံပုရာသီး၊ ငရုတ်သီးမှုန့်၊ နံနံပင် နဲ့ ပဲသီး၊ ရေနွေးကြမ်း နဲ့ သောက်ရေလည်း ချပေးတယ်။

တွေ့ရတယ်

အချိုတည်းစရာ ထညက်ခဲ (ထန်းလျက်ခ)ဲ တပုလင်းလည်း

စားစရာ စာရင်းမှာ အသုတ်မျိုးစုံရှိတယ်
ကြိုးမဲ့အင်တာနက် (wifi) ကို အင်္ဂလိပ်ကော်ဖီဆိုင်တွေလို မဟုတ်ဘဲ အခမဲ့ ပေးသုံးတယ် ဆိုတဲ့ ဆိုင်းဘုတ်လည်း ချိတ်ထားတယ်။
ဆိုင်က ဘယ်မှာ ရှိသလဲ ဆိုတော့ Holiday Garden Hotel ရှေ့မှာ ရှိပါတယ်။ (အထူး မှတ်ချက် - Holiday Inn မဟုတ်ပါ)။
ဒီလို D Lo စားသောက်ဆိုင်ကို ကျော်ပြီးမှ ဟိုတယ်ကို ရောက်မှာပါ။
စားသောက်ဆိုင် facebook မှာ ရေးထားတဲ့ လိပ်စာက - 1 Huay Kaew Road, Ampur Muang, Chiang Mai, Thailand 50300

စာ+ဓာတ်ပ=
ုံ ဇာနည်ဝင်း

Saturday, May 28, 2011
ကာတွန်းဟန်လေးရဲ့ ပထမဆုံး နိုင်ငံရေးကာတွန်း

ကာတွန်းဟန်လေးရဲ့ ပထမဆုံး နိုင်ငံရေးကာတွန်း (Editorial Cartoon) မှာ ဇာတ်လိုက်ကျော်က ဗိုလ်ချုပ်မှူးကြီးစောမောင် ဖြစ်ပါတယ် တဲ့။
ချောက်ထဲရောက်တော့မယ့် တိုင်းပြည်ကို လက်မတင်လေး ကယ်တင်လိုက်ရတဲ့ ဗိုလ်ချုပ်ကြီးကို တကွက်ကာတွန်းနဲ့ သရုပ်ဖော်ထားတာပါ။ ၁၉၈၈ ခုနှစ်က
သူ့လက်ရာ။
ဒီအကြောင်းကို ကိုဟန်လေးက ဒီနေ့မနက် ကာတွန်းနှင့်အနုပညာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ CBO Resource Center စာပေဟောပြောပွဲ အစပိုင်းမှာ
ပြောပြသွားပါတယ်။
နိုင်ငံရေးကာတွန်း၊ ရုပ်စုံကာတွန်း၊ ဟာသကာတွန်း၊ ကွက်ဆက်ကာတွန်း၊ ရုပ်ပြောင်ကာတွန်း၊ ကာတွန်းရုပ်ရှင် ဆိုပြီး ကာတွန်းကို ခွဲခြားနိုင်ကြောင်း၊ ရေးဆွဲခဲ့တဲ့
ကာတွန်းတချို့၊ သူ ဖြတ်သန်းခဲ့ သူကြုံတွေ့ခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ပြောပြသွားပါတယ်။

သူဝတ်ထားတဲ့ ပုဆိုးက တန်ခိုးကြီး ဘုန်းကြီးမှ မြင်ရတာ လို့ ဆိုတဲ့ ဟာသပုံပြင်ထဲက ဘုရင် အကြောင်း ပြောပြနေတဲ့ ကာတွန်းဆရာ

ငါးကန် ကျကွဲတာ ကျနော်မလုပ်ပါဘူး၊ ကျနော့်အရိပ်က လုပ်တာပါ တဲ့။
ဒါက လက်သံပြောင်ခဲ့တဲ့ ဒီပဲယင်းလုပ်ကြံမှု အကြောင်း လို့ ဆိုတယ်။

ပန်းချီအကြောင်း ပြောတုန်းက ပြသခဲ့တဲ့ မိုနာလီဇာ နဲ့ ကာတွန်းဆရာ
http://www.irrawaddyblog.com/

ဇေယျာသော်၏ သူရဲကောင်း
ဖနိဒါ | စနေနေ့၊ မေလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၅ မိနစ်

Object 1

Object 2

Buzz
Object 3

ဟစ်ပ်ဟော့ပ် အဆိုတော် တူပက်ရှာကူး Tupac Shakur သည် ၁၉၉၆ ခုနှစ်၌ အမေရိကန်တွင် လူဆိုးဂိုဏ်းအချင်းချင်း ပစ်ခတ်ရာမှ သေနတ်ထိမှန်သေဆုံးခဲ့သည်။
ယင်းသည် မျှော်လင့်ချက်ကင်းမဲ့နေသည့် လူမည်းလမ်းသူရဲဂိုဏ်းများ၏ တကယ့်သရုပ်မှန်နှင့် သူလို ငွေကြယ်ပွင့်တို့အကြား ပဋိပက္ခ တနည်းအားဖြင့်
အာဖရိကန်နွယ်ဖွား အမေရိကန်လူမျိုး အဆိုတော် ကျင်လည်ရာ ငရဲဘုံ၏ အစိတ်အပိုင်း တရပ်လည်း ဖြစ်သည်။
ရှာကူး သေဆုံးစဉ်က ဇေယျာသော်မှာ ၁၅ နှစ်သားသာ ရှိသေးသည်။ သို့သော် ထိုအမေရိကန် ရက်ပါနှင့် သူ၏ ဟစ်ပ်ဟော့ပ် ဂီတအမျိုးအစားသည်
ကမ္ဘာ့တဖက်ခြမ်း ရန်ကုန်မြို့ရှိ လမ်းမများပေါ်တွင် ကျင်လည်ကျက်စားနေသော မြန်မာလူငယ်လေးအပေါ်လည်း ကြီးမားစွာ သြဇာသက်ရောက်ခဲ့သည်။
ယခုတော့ သူတို့တွင်လည်း ရက်ပ်ဂီတ ကြွပ်ဆတ်ဆတ်စာသား ထောင် စသည်တို့ လူမည့်ရက်ပ် အဆိုတော်လိုပင် တပေါင်းတစည်းတည်း တည်ရှိနေပြီဖြစ်သည်။
လူငယ် နိုင်ငံရေးအဖွဲ့အစည်းတခုတွင် ပါဝင်မှု၊ နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပြီး၊ ၂ နှစ်ခွဲခန့် ထောင်ထဲနေခဲ့ရပြီးနောက်
မေလ ၁၇ ရက်နေ့တွင် သူလွတ်လာခဲ့ကာ လွတ်လပ်မှုကို ပျော်ရွှင်မြူးတူးစွာ ခံစားနေခဲ့သည်။ သူ့သူရဲကောင်း ရှာကူးက လိင်မှုကိစ္စဖြင့် ထောင်ကျခဲ့သော်လည်း
သူကမူ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများက မြင့်မြတ်သည့် အရေးတော်ပုံဟု ယုံကြည်ကြသည့် စစ်အစိုးရ၏ အုပ်စိုးပိုင်ခွင့်ကို စိန်ခေါ်မှုဖြင့်
ထောင်ဒဏ်ကျခံခဲ့ရခြင်း ဖြစ်သည်။
ဇေယျာသော်သည် ထောင်မှ လွတ်လာပြီးနောက် သူ့မိသားစုနှင့် ပြန်လည်ဆုံဆည်းခဲ့သည်။ သူသည် မြန်မာအစိုးရ၏ `လွတ်ငြိမ်းချမ်းသာခွင´့် ဟု ခေါ်ဆိုသော
အမိန့်ဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။ အမှန်စင်စစ်မှု အဆိုပါအကျဉ်းသား ၁၄၆၀၀ သည် သူတို့ပြစ်ဒဏ်များမှ တနှစ်သာ လျှော့ပေါ့သက်သာခွင့် ရခဲ့ကြသည်။
လွန်ခဲ့သော ဆယ်စုနှစ်တခုကျော် သူ ရက်ပ်သီချင်းများ စဆိုစဉ်၊ လူငယ်များ၏ မကျေမနပ် သံစဉ်များကို ဖွဲ့ဆိုသီကျူးနေစဉ် ဤ အသက် ၃၀ အရွယ်ရှိ
အဆိုတော်သည် တနေ့တွင် သူလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ ယုံကြည်ချက်ကြောင့် အကျဥ်းချခံရသူများ ဆိုသည့် စာရင်းတွင် သူလည်း
ပါဝင်လာလိမ့်မည်ဟု သူမသိခဲ့ပေ။
အားလုံးသည် အပြစ်မဲ့စွာ ဖြစ်ပေါ်ခဲ့ခြင်းသာ ဖြစ်သည်။ `ကျနော့်အိပ်မက်တွေထဲက တခုက အဆိုတော် ဖြစ်ချင်တာပဲ´ ဟု ဇေယျာသော်က မဇ္ဈိမကို ပြောသည်။
`ကျနော် ငယ်ငယ်တုန်းက အဖေက ကျနော့်ကို စန္ဒရားသင်ခိုင်းတယ်။ ကျနော်လည်း သူငယ်ချင်းတွေနဲ့အတူ စိတ်မပါ့တပါနဲ့ တီးနေရတာပဲ။ နောက်တော့
တဖြည်းဖြည်းနဲ့ မတီးဖြစ်တော့ဘူး´ ဟု သူက ပြောသည်။ သို့သော် ကဗျာနှင့် အနုပညာလိုပင် ဂီတကို သူစွဲသွားခဲ့ပြီဖြစ်သည်။
ဆယ်ကျော်သက် အရွယ်ကတည်းက ဟစ်ပ်ဟော့ပ်ဂီတ၏ `ဖမ်းစား´ခြင်းကို ခံခဲ့ရသည်ဟု သူက ပြောသည်။ သူရသမျှ မုန့်ဖိုးလေးကို သီချင်းအယ်လ်ဘမ်များ၊
နိုင်ငံခြားဂီတ အယ်လ်ဘမ်များ ၀ယ်ယူရာတွင် သုံးစွဲခဲ့သည်။ `စာသားတွေကို နားမလည်ပေမယ့် ဒီ အယ်လ်ဘမ်တွေကို ကျနော်ကြိုက်တယ်´ဟု သူက ပြောသည်။

ထိုအထဲမှ အယ်လ်ဘမ်တခုကို သူသဘောကျသွားသည်။ ထိုအယ်လ်ဘမ်တွင် သီချင်းကို ဆိုထားခြင်း မဟုတ်ဘဲ ရွတ်နေခြင်းသာ ဖြစ်သည်။

`ဒီလိုဂီတအမျိုးအစားကို ကျနော် အရမ်းခိုက်သွားတယ်။ ဒါနဲ့ သူငယ်ချင်းတွေကို မေးကြည့်တော့ ဒါရက်ပ်အမျိုးအစားလို့ ပြောကြတယ်။ ဒါနဲ့ပဲ ကျနော်
ရက်ပ်အယ်လ်ဘမ်တွေ ထုတ်ဖြစ်သွားတာပဲ။ တခြား ရက်ပ်အယ်လ်ဘမ်တွေကိုလည်း နားထောင်ဖြစ်သေးတယ်။ ကျနော်မှတ်မိသလောက် Niggaz With Attitude
နဲ့ Dr. Dre ရဲ့ The Chronic တို့ကို နားထောင်ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်တွေ နားထောင်ပြီး ကျနော်လည်း ရက်ပ်ဂီတအကြောင်း နားလည်သွားပါတယ်´ ဟု သူက
ပြောသည်။
ဇေယျာသော် ရှင်းပြသည့်အတိုင်းဆိုလျှင် သူ့ဟစ်ပ်ဟော့ပ်ဂီတသည် အာဖရိကနွယ်ဖွား အမေရိကန်လူမျိုး အသိုင်းအ၀ိုင်း၏ ၁၉၇၉ ခုနှစ်ကာလက ဂီတကို
အခြေခံပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။ `နီဂရိုး´ ဆိုသည့် စကားလုံးက စော်ကားသလို ဖြစ်နေသဖြင့် သူတို့က သူတို့ကိုယ်သူတို့ `နစ်ဂါ´ ဟု ခေါ်ကြသည်ဟု သူက
ပြောသည်။ သူတို့ကို နှိမ်ချစော်ကားသလို ဖြစ်နေသည့် စကားလုံးကို သူတို့အသိုင်းအ၀ိုင်းကို ရည်ညွှန်းသည့် စကားလုံးအဖြစ် ပြောင်းလဲခဲ့ကြသည်။
`ဟစ်ပ်ဟော့ပ်ဂီတဟာ သူတို့အပေါ် လူမျိုးရေးအရ ခွဲခြားနှိမ်ချတာကို ဒေါသထွက်နေတဲ့ လူမည်းလူငယ်တွေရဲ့ ဒေါသက အခြေခံပေါ်ထွက်လာတာပဲ။
ဟစ်ပ်ဟော့ပ်ဂီတရဲ့ အနှစ်သာရက အဖိနှိပ်ခံတွေရဲ့ ခံစားချက်တွေကို ဖော်ထုတ်တာပဲ။ စေတနာပါတဲ့ သဘောထားကြောင့် ဟစ်ပ်ဟော့ပ်ဂီတရဲ့
အရည်အသွေးဟာ တောက်ပြောင်လာတယ်လို့ ကျနော် ထင်ပါတယ်´ ဟု သူက ပြောသည်။
ရက်ပ်၊ ဟစ်ပ်ဟော့ပ်ဟု အပြန်အလှန် အမျိုးမျိုးခေါ်နေကြသော ဂီတသည် မြန်မာနိုင်ငံတွင် အစောပိုင်းက ပေါ်ပင်ဂီတအဖြစ်သာ ပေါ်လာခဲ့ပြီး၊ လူငယ်များ
နှစ်သက်စွဲလမ်းလာကြသော ဂ်ီတအမျိုးအစားလည်း ဖြစ်သည်။ အထူး ရေပန်းစားလာခဲ့သည်မှာ ၁၉၉၂-၉၃ ခုနှစ်တွင် ဖြစ်သည်ဟု သူက ပြောသည်။
`အဲဒီနှစ်တွေမှာ လူငယ်တွေက မနက်ပိုင်းမှာ ဟစ်ပ်ဟော့ပ်သီချင်းတွေ ဖွင့်ပြီး ဘရိတ်ဒန့်စ် ကကြတယ်။ တချို့ကတော့ ဟစ်ပ်ဟော့ပ်ဂီတက ပျင်းစရာ
ကောင်းတယ်ဆိုပြီး တခြား ဂီတအမျိုးအစားတွေကို ပြောင်းလဲသွားကြတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ ဟစ်ပ်ဟော့ပ် အမျိုးအစား ဂီတကိုပဲ စွဲစွဲမြဲမြဲ
ဆက်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ဟစ်ပ်ဟော့ပ် ဂီတရယ်လို့ မသိဘူး။ ရက်ပ်ဂီတလို့ပဲ သိနေတာ။ ကျနော့်သူငယ်ချင်း တချို့ကတော့
ဟဲဗီးရော့ခ်နဲ့ ဟဲဗီးမက်တဲလ် အမျိုးအစားတွေဘက်ကို လိုင်းပြောင်းသွားကြတယ်။ ကျနော်တို့ကတော့ ရက်ပ်ဂီတကိုပဲ စွဲစွဲမြဲမြဲ ဆက်လုပ်နေခဲ့ကြတယ်။
ရက်ပ်ဂီတတွေကို နားထောင်ရင်း ရက်ပ်သီချင်းတွေစပ်ဖို့ အာရရုံရလာခဲ့တယ်´ ဟု သူက ပြောသည်။
လူမည်း ရက်ပါနှင့် ရုပ်ရှင်မင်းသား တူးပက်ရှာကူးကို ကြည့်ပြီး ဇေယျာသော် ရက်ပ်ဂီတအတွက်
ဈာန်ဝင်သွားခဲ့သည်။ ရှာကူးက ဓာတ်ပြားချပ်ရေ ၇၅ သန်းကျော် ရောင်းချခဲ့ရသူဖြစ်သည်။ သူအမှတ်တရ
တင်ထားသည့် ၀ဘ်ဆိုဒ်တွင် သူ့ကို ကဗျာဆရာ၊ တဲ့တိုး ဘွင်းဘွင်းပြောတတ်သူ၊ ဥပက္ခာပြုခံထားရသူ
အမေရိကန်ဆင်းရဲသားများဘက်မှ အရေးဆို တိုက်ပွဲဝင်သူတဦးအဖြစ် ရေးသားဖော်ပြထားသည်။
ဇေယျာသော်မှာလည်း ကဗျာဓာတ်ခံနှင့် ဆက်ဆံရေး ပြေပြစ်ချောမွေ့သူ ဟူသည့် အရည်အချင်း ရှိသည်။
သို့သော် ရှာကူးကဲ့သို့ လူဆိုးဂိုဏ်းများနှင့် သေနတ်ချင်း ယှဉ်ပစ်ခြင်း၊ ပုလိပ်များနှင့် လိုက်တမ်းပြေးတမ်း
ကစားခြင်း၊ ညဥ့်နက်နက် ကားနှင့်ဝင်လာ သေနတ်နှင့် ပစ်သွားခြင်း ဆိုသည်များကို သူမလုပ်ခဲ့ပေ။
ဤအချက်များကြောင့်ပင် အထင်ကရ အမေရိကန် ရက်ပါတဦး အသက်ဆုံးရှုံးခဲ့ရသည်။
ဇေယျာသော်သည် ၂၀၀၀ ခုနှစ်နှောင်ပိုင်းတွင် အနဂ္ဂ၊ ဟိန်းဇော်၊ ယန်ယန်ချမ်းတို့နှင့် ပေါင်းပြီး မြန်မာပြည်၏
ပထမဆုံး ဟစ်ပ်ဟော့ပ် တေးဂီတအဖွဲ့ဖြစ်သည့် အက်ဆစ်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုနှစ်တွင်ပင်
ပထမဆုံး အယ်လ်ဘမ်ဖြစ်သည့် စတင်ခြင်း ကို ထုတ်ဝေခဲ့သည်။ မြန်မာဂီတဝေဖန်သူများ၏ အပြောအရ
ပေါက်သွားသော အခွေလည်း ဖြစ်သည်။ အရောင်းရဆုံး သီချင်းခွေစာရင်းတွင် ၂ လကျော်ခန့် နံပါတ် ၁ နေရာ
ချိတ်နိုင်ခဲ့သည်။
အက်ဆစ်အဖွဲ့လည်း တကယ်ပင် ပေါက်သွားခဲ့သည်။ သူက ရန်ကုန်ရှိ အခြား ရော့ခ်နှင့် ပေါ့ပ် အဖွဲ့များနှင့်မတူ
တမူကွဲပြားနေသည်။ အပေါ်ယံကြည့်လျှင်တော့ လူမည်း ရက်ပ်ဂီတသမားများလို ဘောင်းဘီပွ၊
တီရှပ်ပွပွကြီးတွေဝတ်၊ ခေါင်းပေါ်တွင် ဘေ့စ်ဘောလ် ဦးထုပ်ဆောင်းထား၊ နေကာမျက်မှန် တပ်ထားသည်ကို
တွေ့ရမည်။ အနောက်တိုင်း သတင်းစာများကမူ သူတို့ရက်ပ်ဂီတသည် စာသားအနေဖြင့် ဘာမှ မထူးခြား၊ သာမန်မျှသာ ဖြစ်ပါသည်ဟု
ပြောဆိုဝေဖန်ကြသော်လည်း မြန်မာပြည်တွင်တော့ မြန်မာပြည်သူများ ခံစားနေရသော ဆင်းရဲဒုက္ခတို့ကို မလွှဲမရှောင်သာ ရေးဖွဲ့စပ်ဆိုလာကြရသည်။
သည်တော့လည်း အဝေဖန်မခံနိုင်သည့် စစ်အစိုးရကြောင့် ဂီတသမားများလည်း အန္တရာယ်ရှိလာတော့သည်။ အက်ဆစ်အဖွဲ့က ပရိသတ်အများကြီးကို
ဖမ်းစားနိုင်ခဲ့သည်။ သည်လိုနှင့် နောက်ထပ် ဟစ်ပ်ဟော့ပ်အဖွဲ့များ ဟစ်ပ်ဟော့ပ်ဂီတသမားများ ပေါ်ထွက်လာခဲ့ပြီး သူတို့ကို ဟစ်ပ်ဟော့ပ် ပထမမျိုးဆက်ဟု
ခေါ်ကြသည်။
`ကျနော်က အဆိုတော်။ ဒီတော့ ကျနော့်ပရိသတ်နဲ့ ထိတွေ့နေရတာပဲ။ သူတို့ခံစားနေရတာတွေ သူတို့နာနာကျင်ကျင် ခံစားနေရတာတွေကိုလည်း
သိလာရတာပေါ့။ ဒါနဲ့ သူတို့အတွက် ကျနော် ဘာများ လုပ်ပေးနိုင်မလဲလို့ စဉ်းစားကြည့်တယ်။ ဒီလိုနဲ့ နိုင်ငံရေးထဲမှာ ကျနော်တတ်နိုင်သလောက် ၀င်လုပ်ခဲ့တာပဲ´
ဟု သူက ပြောသည်။
ထိုမြန်မာရက်ပါလေးသည် သူ့ပရိသတ်ထံ အရောက်သွားနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ `ကျနော်တို့လူငယ်တွေဟာ တရားမျှတမှုအတွက်
တောင်းဆိုတိုက်ပွဲဝင်တဲ့ နေရာမှာ ဦးဆောင်ပါဝင်သင့်တယ်။ ကျနော်ကတော့ တရားမျှတမှု မရှိတာကို မျက်နှာလွှဲခဲပစ် လုပ်နိုင်လောက်အောင် အသည်းမမာဘူး။
ဒါနဲ့ပဲ ကျနော် နိုင်ငံရေးထဲ ရောက်လာခဲ့တာပဘဲ။ ကျနော်ကိုယ်တိုင်လည်း မြန်မာပြည်သားတယောက် ဖြစ်နေတော့ သူတို့ခံစားချက်တွေ၊ သူတို့နာကျင်မှုတွေကို
အတော်ကြာကြာ စဉ်းစားခံစားနေမိတယ်။ ဒါပေမဲ့ နိုင်ငံရေးထဲ ပါဝင်လုပ်ကိုင်ဖို့ကျတော့ အတော်အချိန်ယူ စဉ်းစားရသေးတယ်။ ငါ
တကယ်စွန့်လွှတ်နိုင်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးနေရသေးတယ်´။
လူရွှင်တော်ဇာဂနာ လုပ်ကိုင်နေသည့် HIV ပိုးရှိ မိဘမဲ့ကလေးများအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် ကုသိုလ်ဖြစ် အဖွဲ့အစည်းတခုအတွက်
ဇေယျာသော်သည် ကဗျာဆရာ စောဝေ၊ အောင်ဝေးတို့နှင့်အတူ တွဲကာ ရံပုံငွေရှာဖွေပေးခဲ့သည်။ အခြားရက်ပ်ပါတဦးဖြစ်သည့် ငဲငဲနှင့်အတူ အဆိုပါကလေးများကို
အင်္ဂလိပ်စာ သွားသင်ပေးခဲ့သည်။ လူရွှင်တော်ဇာဂနာသည် ယခုအခါ ထောင်ဒဏ်ကျခံနေရသည်။
ဆူညံစွာ အော်ဟစ်အားပေးနေသည့် ပရိသတ်ကြီးကို ထိန်းထားရင်း ဇေယျာသော်အဖို့ ဓားသွားပေါ် လမ်းလျှောက်နေရသလို ဖြစ်နေသည်။ သူ့သီချင်းစာသားများ
ဆင်ဆာမှ လွတ်ပါ့မလားဟု ပူပန်နေရသည်။ သို့သော် သူလွတ်ခဲ့ပါသည်။
ထိုသို့သောအားဖြင့် စစ်အစိုးရကို သံဃာတော်များ ဦးဆောင်ကာ လမ်းမများပေါ် ထွက်ဆန္ဒပြခဲ့ကြသည့် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကာလ
ရောက်လာသည်။
သူသည် ဂီတပွဲများ၊ သီချင်းများမှတဆင့် ပြည်သူလူထုနှင့် ဆက်စပ်မိခဲ့သည်ဟု လူငယ်ရက်ပါ ငွေကြယ်ပွင့်လေးက ပြောသည်။ သို့သော် နိုင်ငံတော်

အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဆိုသည့် မြန်မာစစ်အစိုးရက လူထုဆန္ဒပြပွဲများ၊ လူထု၏ မျှော်လင့်တမ်းတချက်များကို ရက်စက်စွာ
ချေမှုန်းလိုက်သောအခါ စင်တင်ဂီတပွဲများတွင် တေးသီချင်း သီဆိုနေရုံမျှဖြင့် မရတော့ပါ။
အခြား တက်ကြွလှုပ်ရှားသူ ၃ ဦးနှင့်အတူ Generation Wave (GW) ဆိုသည့် အဖွဲ့ကို ဇေယျာသော်သည် ၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်း
ဖွဲ့စည်းထူထောင်ခဲ့သည်။ အပြောင်းအလဲအတွက် လှုံ့ဆော်စည်းရုံးသည့် လူငယ်လှုပ်ရှားမှုလေးတခု ဖြစ်သည်။ ကားများတွင် CNG စတစ်ကာများ ကပ်သည့်
လှုပ်ရှားမှုကို စတင်စည်းရုံးလှုံ့ဆော်ခဲ့သည်။ ခပ်ထေ့ထေ့ ပြောဆိုစည်းရုံးသည့် လှုပ်ရှားမှုတခုဖြစ်သည်။ သာမန်အားဖြင့် CNG ဆိုသည်မှာ ဖိသိပ်ထားသော
သဘာဝဓာတ်ငွေ့ဟု အဓိပ္ပာယ်ရသော်လည်း သူတို့ဆိုလိုသည်မှာမူ အစိုးရသစ် အပြောင်းအလဲ Change New Government ဟူ၍ ဖြစ်သည်။
ထိုအပြောင်းအလဲ တိုက်ပွဲအတွက် ရမ်ဘိုကိုလည်း သူတို့လှုပ်ရှားမှုထဲ ဆွဲသွင်းခဲ့သည်။ ရမ်ဘို ၄ အပါအ၀င် စစ်အစိုးရ ဆန့်ကျင်ရေး ဇာတ်ကားများကို
ကူးယူဖြန့်ချိခဲ့သည်။ ဤ ရမ်ဘို ၄ ဇာတ်ကားကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလအတွင်း ရုံတင်ခဲ့ပြီး၊ မင်းသားစတားလုံးက ကရင်ပြည်နယ်အတွင်း မြန်မာအစိုးရစစ်တပ်ကို
လိုက်လံတိုက်ခိုက်ပုံများ ရိုက်ကူးထားသည်။ မြန်မာအာဏာပိုင်များကမူ မြန်မာစစ်သားများကို ရက်စက်ကြမ်းကြုတ်သော လူသတ်သမားများ၊
မုဒိမ်းကောင်များအဖြစ် ပုံဖော်ရိုက်ကူးထားသည့် ထိုဇာတ်ကားအား ပြသခွင့်မပြုဘဲ ပိတ်ပင်ခဲ့သည်။ ထိုဇာတ်ကားသည် ကရင်များအကြားတွင် အထူး
လူကြိုက်များခဲ့သည်။ `ဘာမှမရဘဲ နေရတာထက်စာရင် တခုခုရအောင် တိုက်ရင်းသေမယ်´ ဆိုသည့် စကားကို အလွန်ခိုက်သွားခဲ့ကြသည်။
မြန်မာတပ်မတော်သားများကို ရမ်ဘိုက သဲသဲမဲမဲ ပစ်ခတ်နှိမ်နင်းပုံမှာ နောက်ဆုံး ကောက်ရိုးတမျှင် ဖြစ်နိုင်သည်။ ထိုကားမှောင်ခို ခိုးကူးခွေများ ဖြန့်ချိပြီး
သိပ်မကြာခင်ပင် ဇေယျာသော်လည်း ရန်ကုန်မြို့ စားသောက်ဆိုင်တဆိုင်အတွင်း ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ပွဲပြီးသွားပါပြီ။
ဘူးပေါ်သလို ပေါ်သွားပါပြီ။ သူက ပွင့်လင်းစွာ ထုတ်မပြောသော်လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကမူ စစ်ကြောရေးကာလအတွင်း
သူရိုက်နှက်ခံခဲ့ရသည်ဟု ဆိုသည်။
သူ့ကို စီရင်ချက်မချမီလေးတွင် `ကျနော် စိတ်မကောင်းဘူး။ စိတ်မကောင်းတာက ကျနော့်ကို ထောင်ချလို့ မဟုတ်ဘူး။ ဒီအကြောင်းတွေကို စဉ်းစားမိရင်
တိုင်းပြည်နဲ့လူထုရဲ့ အနာဂတ်ကို တွေးမိပြီး စိတ်မကောင်းဖြစ်တာ´ ဟု သတင်းထောက်များကို ပြောခဲ့သည်ဟု သတင်းများက ဆိုသည်။
`ကိုယ်မကြိုက်တာကို ကန့်ကွက်ပယ်ချရဲတဲ့ စိတ်ကို မွေးကြပါ။ မှန်တာကို ပွင့်ပွင့်လင်းလင်း မထောက်ခံရဲရင်တောင်မှ မှားနေတာကို မထောက်ခံကြပါနဲ´့ ဟု
လူထုထံ အမှာစကားကို သတင်းထောက်များမှတဆင့် သူပြောကြားခဲ့သည်။
သူ့ကို ထိုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဥပဒေအမှတ် ၆-၈၈ ဖြစ်သော အသင်းအဖွဲ့ ဥပဒေ၊ နိုင်ငံခြားငွေ ဥပဒေ ပုဒ်မ ၂၄ (၁) တို့ဖြင့် တရားစွဲတင်ခဲ့သည်။
ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခဲ့သည်။ နောင်တွင် အဆိုပါထောင်ဒဏ်ကို ၄ နှစ်သို့ လျှော့ချခဲ့သည်။ သူနှင့်အတူ အဖမ်းခံရသော အက်ဆစ်အဖွဲ့သား
ယန်ယန်ချမ်းလည်း ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။
ထောင်တွင်း အကျဉ်းသားဘ၀က ကြမ်းတမ်းသည်။ သူ့လို ဂီတဖြင့် ကြီးပြင်းလာသော လူငယ်အဆိုတော် တဦးအနေဖြင့် သီချင်းနားမထောင်ရဆိုသည့်
တားမြစ်ပိတ်ပင်ချက်သည် အလွန်ပြင်းထန်ကြမ်းတမ်းလှသည်။ `ကျနော်တို့က နိုင်ငံရေးအကျဉ်းသားဆိုတော့ အထူးဆောင်မှာ နေရတယ်။
တခြားအကျဉ်းသားတွေ TV ကြည့်လို့ရပေမယ့် ကျနော်တို့က မကြည့်ရဘူး´။
သို့သော် ထိုဂီတသမားလေးကို တိတ်တိတ်နေခိုင်း၍ မူမရပါ။ `ကျနော်ကတော့ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ဆိုတာပဲ။ ထောင်ထဲမှာ ကျနော်
ပြန်သုံးသပ်တာတွေ လုပ်တယ်။ ဘယ်သီချင်းကို ငါတကယ်ကြိုက်တာလဲ။ ဘယ်သီချင်းကို ငါအလွတ်ရလဲ။ ဘယ်သီချင်း စာသားကို ငါတကယ်နားလည်သလဲ
ဆိုတာတွေပေါ့´ ဟု သူက မဇ္ဈိမကို ပြောသည်။
ဇေယျာသော်က ထောင်တွင်းတွင် အချိန်ကို အကျိုးရှိစွာ အသုံးချသည်။ `ထောင်ထဲနေရတာ ကောင်းတာလည်း ရှိတယ်၊ ဆိုးတာလည်း ရှိတယ်။ ကျနော်က
အချက် ၃ ချက်ပါတဲ့ တောင်းဆိုမှုကို လုပ်ချင်တယ်။ အကျဉ်းထောင် အရာရှိတွေကို ကျနော်က ပွင့်ပွင့်လင်းလင်း ဆက်ဆံပါလို့ ပြောတယ်။ အကျဉ်းသားတွေကို
အပြန်အလှန် လေးစားမှုနဲ့ ဆက်ဆံပါ။ ဖြစ်လာတာတွေကိုလည်း တာဝန်ယူပါလို့ ကျနော် သူတို့ကို ပြောခဲ့တယ်။ ဒီတောင်းဆိုချက်တွေကို အကျဉ်းထောင်
အာဏာပိုင်တွေက ဖြည့်ဆီးပေးနိုင်ခဲ့မယ်ဆိုရင် အကျဉ်းထောင်အခြေအနေဟာ အခုထက်စာရင် အများကြီး ပိုကောင်းလာမှာပဲ´ ဟု သူက ပြောသည်။
ဒီနေ့တော့ မြန်မာရက်ပါ လူငယ်လေး လွတ်လာပါပြီ။ သို့သော် သူ့အတွေးများကတော့ အကျဉ်းထောင် သံတိုင်များ နောက်တွင် ကျန်ရစ်ခဲ့သော သူနှင့်ဘ၀တူ
နိုင်ငံရေးအကျဉ်းသားများထံ ရောက်နေသည်။ သူတို့ကျခံနေရသော ပြစ်ဒဏ်များကတော့ မကုန်ဆုံးသေးပေ။
http://www.mizzimaburmese.com/home.html

နေတိုးတပ် လစ်ဗျားမြို့တော်ကို နေ့ညမပြတ် ဗုံးကြဲ
By ဗွီအိုအေ (မြန်မာဌာန) စနေ, 28 မေ 2011
ထပ်ဆင့် ဖြန့်ဝေရန်





Digg
Facebook
StumbleUpon
Yahoo! Buzz
del.icio.us

နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ (Tripoli) မှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတွေ ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။
ဒါဟာ နေတိုးတပ်ဖွဲ့က နေ့ဘက်မှာ ရှားရှားပါးပါး တိုက်ခိုက်ခဲ့တာပါ။
လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) တခါတလေ နေတတ်တဲ့ မော်တော်ယာဉ် သိုလှောင်ရေး အဆောက်အဦးကို ပစ်မှတ်ထားပြီး

တိုက်ခိုက်ခဲ့တာလို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။ အဲဒီနေရာမှာ မီးခိုးဖြူတွေ ထွက်နေတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ သန်းခေါင်ကျော် အချိန်တွေမှာလည်း နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ထရီပိုလီမြို့မှာ ရှိခဲ့လို့ ညဘက် ကောင်းကင်မှာ ပေါက်ကွဲမှုတွေကို
မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
လစ်ဗျားရဲ့ ရေရှည် မဟာမိတ်ဖြစ်တဲ့ ရုရှားကတော့ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ အာဏာကို စွန့်ခွာဖို့အရေး ကြားဝင် ညှိနှိုင်းပေးမယ်လို့
ကမ်းလှမ်းထားပါတယ်။
မစ္စတာ ဂဒါဖီ ထွက်ပေးသင့်တယ်လို့ ရုရှားသမ္မတ ဒီမီထရီ မက်ဗီယဲဒဲ့ဖ် (Dmitry Medvedev) က ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ စက်မှုအင်အားကြီး ၈ နိုင်ငံ
ထိပ်သီးဆွေးနွေးပွဲအတွင်း မနေ့က ပြောခဲ့ပါတယ်။ ရုရှားဘက်က ကိုယ်စားလှယ် တဦးကို လစ်ဗျားအစိုးရ ဆန့်ကျင်ရေး သူပုန်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ဘန်ဂါဇီ
(Benghazi) မြို့ကို လွှတ်ထားတယ်လို့လည်း ရုရှားသမ္မတက ပြောပါတယ်။
အနောက်အင်အားကြီးနိုင်ငံ တော်တော်များများက လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီကို အာဏာစွန့်ဖို့ ပြောနေကြတာပါ။
သူပုန်တွေ ထိန်းချုပ်ထားတဲ့ လစ်ဗျားနိုင်ငံက တတိယ အကြီးဆုံး မီစ်ရာတာ (Misrata) မြို့ကို မစ္စတာ ဂဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ဖို့
မနေ့ကတခါ ကြိုးပမ်းခဲ့လို့ အပြန်အလှန် တိုက်ခိုက်မှုတွေ မြို့ရဲ့ နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပါတယ်။
နယ်ခြားစောင့် DKBA တပ်တွင်း ပစ်ခတ် ဖမ်းဆီးမှုများ ဖြစ်ပွား
By မအေးအေးမာ စနေ, 28 မေ 2011
ထပ်ဆင့် ဖြန့်ဝေရန်





Digg
Facebook
StumbleUpon
Yahoo! Buzz
del.icio.us

မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ် ၁၀၁၂ တပ်ရင်းမှူး ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ အရင် သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတွေကို မြိုင်ကြီးငူ ဌာနချုပ်မှာပဲ
အခုရက်ပိုင်းတွေအတွင်း ပစ်ခတ် ဖမ်းဆီးမှုတွေ လုပ်ခဲ့ရာမှာ DKBA ရဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးလိုက်ပါတယ်။
နယ်ခြားစောင့်တပ် ၁၀၁၂ ဟာ အရင် DKBA တပ်ဖွဲ့ ဖြစ်ပြီးတော့ နောက်ပိုင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို
ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
မြန်မာအစိုးရက DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ကို နယ်ခြားစောင့်တပ် လုပ်ခိုင်းရာကစလို့ DKBA တပ်ဖွဲ့ဝင်တွေ၊ ခေါင်းဆောင်ပိုင်းတွေကြားမှာ
သဘောထား ကွဲလွဲမှုတွေ ဖြစ်လာခဲ့ရတာပါ။ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ DKBA တပ်မှူးတွေဟာ ပြီးခဲ့တဲ့ ၂ ရက်ကစပြီး သူတို့ရဲ့ ခေါင်းဆောင်တွေကို
ပစ်ခတ် ဖမ်းဆီးမှုတွေ လုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် ကလိုထူးဘောဗျူဟာ ဌာနချုပ်က ဗိုလ်မှူး ရွှေဝကတော့ နယ်ခြားစောင့်တပ်က တပ်ရင်းမှူး ဗိုလ်ဘိ ဦးဆောင်ပြီး စစ်ဦးစီးချုပ်
ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ အခုလို ပြောပြပါတယ်။
“ကလိုထူးဘော တပ်ရင်းက တပ်ရင်းမှူး ဗိုလ်ဘိက ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းလိုက်ပြီ။”
ဗိုလ်ဘိဟာ အရင်က DKBA ၃၃၃ တပ်က တပ်ရင်းမှူးဖြစ်ပြီး အခုအခါမှာလည်း နယ်ခြားစောင့်တပ် ၁၀၁၂ တပ်ရင်းမှူးအဖြစ် တာဝန်ယူနေတဲ့သူ ဖြစ်တယ်လို့
ဆိုပါတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖောဒိုကတော့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို
ဖမ်းဆီးထားလိုက်ပြီဆိုတဲ့ သတင်းကို DKBA ဘက်ကနေ ရရှိကြောင်း အတည်ပြု ပြောကြားပါတယ်။
“ဗိုလ်ချုပ် ကျော်သန်းတို့ပေါ့၊ ဘယ်သူဖမ်းလဲဆိုတော့ DKBA တပ်ရင်း ၁၀၁၂ တပ်ရင်းမှူး ဗိုလ်ဘိက ဖမ်းထားတာ။ အာဏာသိမ်းတဲ့ သဘောမျိုးပေါ့နော်။ မြိုင်ကြီးငူ
ဌာနချုပ်မှာ သူတို့က စုနေကြတာပေါ့၊ ခေါင်းဆောင်ကြီးတွေက။”
ဗိုလ်ချုပ် ကျော်သန်းဟာ နယ်ခြားစောင့်တပ်ကို လုပ်ဖို့အတွက် ဗိုလ်ချုပ် နှုတ်ခမ်းမွေးနဲ့ ဗိုလ်မှူး ရွှေဝ တို့ကိုလည်း အတင်းအကျပ် လက်မှတ်ထိုးခိုင်းဖို့အတွက်
လုပ်ဆောင်ခဲ့သူလို့ ဆိုပါတယ်။
ဒီလို အောက်ခြေထု သဘောထား မပါဘဲ ဆောင်ရွက်နေခဲ့မှုတွေကြောင့် DKBA အောက်ခြေတပ်မှူးတွေနဲ့ အဆင်မပြေ တင်းမာမှုတွေ ဖြစ်ခဲ့ရတာလို့
ပြောသွားပါတယ်။ ဒါပေမဲ့လည်း နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကို လက်မခံတဲ့ ကရင်လက်နက်ကိုင် အချင်းချင်းကတော့ အရင်တုန်းက သဘောထား
ကွဲလွဲခဲ့မှုတွေ ရှိခဲ့ပေမဲ့ နယ်ခြားစောင့်တပ်ကို အစိုးရက အတင်းအကျပ် လုပ်ခိုင်းရာကစလို့ DKBA နဲ့ KNU ကြားမှာတော့ အချင်းချင်း နားလည်မှု
ပိုမိုရရှိလာခဲ့တယ်လို့ ဆိုရမှာပါ။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တွေဟာ စစ်ရေးအရ ပူပေါင်းဆောင်ရွက်မှုတွေ နောက်ပိုင်းမှာ လုပ်လာသလို
သူတို့ရဲ့ နယ်မြေတွေမှာလည်း တဘက်နဲ့တဘက် နားလည်မှုတွေနဲ့ ၀င်ထွက်သွားလာခွင့်တွေ ခွင့်ပြုပေးခဲ့ကြတာလည်း ရှိလာခဲ့ကြပါတယ်။
အခုအခါမှာတော့ နယ်ခြားစောင့်တပ်လုပ်ဖို့ ကျန်ခဲ့ကြတဲ့ DKBA တပ်ဖွဲ့ တချို့ကလည်း ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တပ်တွေဆီကို ကူးပြောင်းလာခဲ့သလို
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဆီကိုလည်း တဖြည်းဖြည်း ကူးပြောင်းလာမှုတွေ လုပ်လာခဲ့တာကြောင့် နယ်ခြားစောင့်တပ်ဟာ အင်အားနည်းလာခဲ့ပြီး
အတင်းအကျပ် လူသစ်စုဆောင်းမှုတွေ လုပ်လာခဲ့တာတွေလည်း ရှိပါတယ်။
၂၀၁၀ နှစ်ကုန်ပိုင်းကစပြီး ကရင်အမျိုးသား အချင်းချင်း တိုက်တဲ့ တိုက်ပွဲတွေ နည်းပါးလာခဲ့တာပါ။ အခုအခါမှာတော့ နယ်ခြားစောင့် တပ်တွင်းပြဿနာတွေ
ဖြစ်နေပြီး မြန်မာစစ်တပ်ဘက်က ၀င်ရောက် စွက်လာတာမျိုးတွေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ ၀င်ရောက်စွက်ဖက်မှုတွေ လုပ်လာမယ်ဆိုရင် ကရင်ဒေသတွင်း
ပစ်ခတ်မှုတွေ ထပ်ဖြစ်လာဦးမှာ ဖြစ်တယ်လို့ DKBA တွေကတော့ ပြောဆိုနေပါတယ်။
ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်မှု မူဘာရက်ကို ငွေဒဏ်ချမှတ်
By ဗွီအိုအေ (မြန်မာဌာန) စနေ, 28 မေ 2011
ထပ်ဆင့် ဖြန့်ဝေရန်

Digg




Facebook
StumbleUpon
Yahoo! Buzz
del.icio.us

ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ အီဂျစ်သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) နဲ့ သူ့ရဲ့ ၀န်ကြီးဟောင်း ၂ ယောက်ကို အီဂျစ်နိုင်ငံ လူထုအုံကြွမှုအတွင်း
လူထုဆက်သွယ်ရေး စနစ်တွေကို ဖြတ်တောက်ခဲ့တဲ့အတွက် အီဂျစ်တရားရုံးက ဒေါ်လာ သန်း ၉၀ ပေးလျော်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
အီဂျစ်နိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ အချိန်မှာ အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး စနစ်တွေကို ဖြတ်တောက်ခဲ့တဲ့အတွက်
အီဂျစ်နိုင်ငံရဲ့ စီးပွားရေးကို ပျက်စီးစေခဲ့လို့ သမ္မတ မူဘာရက်နဲ့ ၀န်ကြီးချုပ်ဟောင်း အာမက် နာဇစ် (Ahmed Nazif)၊ ပြည်ထဲရေးဝန်ကြီး အက်ဒ်လီ (Habib elAdly) တို့ကို ရုံးတော်က အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
မစ္စတာ မူဘာရက်က ဒေါ်လာ ၃၃ သန်း၊ မစ္စတာ နာဇစ်က ဒေါ်လာ ၇ သန်းနဲ့ မစ္စတာ အက်ဒ်လီက ဒေါ်လာ သန်း ၅၀ ကျော် ပေးလျော်ဖို့ အမိန့်ချမှတ်ခဲ့တာ
ဖြစ်ပါတယ်။
အီဂျစ်နိုင်ငံမှာ လုပ်ငန်း လုပ်ကိုင်ကြတဲ့ တခြား တယ်လီဖုန်းနဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေ အနေနဲ့ အစိုးရ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာပြီး
ဆန္ဒပြပွဲတွေနဲ့ လူထုအုံကြွမှု အရှိန်အဟုန် မြင့်နေချိန်မှာ ဆက်သွယ်ရေး စနစ်တွေကို ဖြတ်တောက်ခဲ့ရတယ်လို့ Vodafone ဆက်သွယ်ရေး လုပ်ငန်းက
တာဝန်ရှိသူက ပြောဆိုပါတယ်။
ဆန္ဒပြပွဲတွေ အတွင်းမှာ တက်ကြွလှုပ်ရှားသူတွေဟာ လူမှုဆက်သွယ်ရေး ကွန်ရက်တွေကတဆင့် လူထု ချီတက်ပွဲတွေကို စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။
မူဘာရက် အစိုးရဟာ ဆက်သွယ်ရေး စနစ်တွေကို ပထမဆုံးအကြိမ် အကြီးအကျယ် ဖြတ်တောက်ခဲ့ကြတယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ချပါတယ်။
တပ်မှူးတပ်သား ပြောစကား
၁၉၈၈ နောက်ပိုင်း တရုတ် - မြန်မာ ဆက်ဆံရေး ကစားပွဲ - အပိုင်း (၂)
By ရော်နီညိမ်း စနေ, 28 မေ 2011
ထပ်ဆင့် ဖြန့်ဝေရန်





Digg
Facebook
StumbleUpon
Yahoo! Buzz
del.icio.us

တပ်မှူးတပ်သား ပြောစကား (၀၆၂)
မြန်မာအစိုးရသစ်ရဲ့ သမ္မတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သမ္မတ ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် သုံးရက်ကြာခရီး
သွားရောက်ခဲ့ပါတယ်။ တရုတ-် မြန်မာဆက်ဆံရေးကို ဆွေမျိုး ပေါက်ဖေါ်ဆက်ဆံရေးအဖြစ် နှစ်ဘက်လုံးက လူသိရှင်ကြားပြောဆိုနေကြပေမယ့်၊ ကန့်လန့်ကာ
နောက်ကွယ် မှာ တဘက်နဲ့တဘက် မရိုးသားကြဘူးလို့၊ ထောက်လှမ်းရေးအရာရှိဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က
ပြောပြထားတာကို၊ ဒီသီတင်းပတ်ရဲ့“တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ “၁၉၈၈ နောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး ကစားပွဲ - အပိုင်း (၂) ခေါင်းစဉ်နဲ့
ဦးရော်နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ တရုတ်ကလည်း ဘယ်လောက်အထိ တွက်လဲဆိုတော့၊ သူရဲ့ ယူနန်ပြည်နယ် (Yunan Province) ပေါ့ဗျာ။ ယူနန်ပြည်နယ်ဆိုတာ

တရုတ်ပြည်ထဲမှာ အကြီးကြီးလည်း အကြီးကြီးပါ။ အရေး ကြီးတဲ့ ပြည်နယ်တခုပါ။ ယူနန်ပြည်နယ်ဆိုတာ ပင်လယ်ထွက်ပေါက် မရှိပါဘူး။ အဲဒီထွက်ပေါက်ကို
အိန္ဒိယ သမုဒ္ဒရာကနေ ထွက်ဖို့ အတွက်ကို ၂၀၀၁ခုနှစ်မှာ၊ မြန်မာအစိုးရဆီကနေ ဧရာဝတီမြစ်ကို ငှားပါတယ်။ ဧရာဝ တီမြစ်ထဲမှာ တရုတ်ရဲ့သင်္ဘောတွေကို
တရုတ်အလံထူပြီး သွားလာခွင့်ပေးဖို့ဆိုပြီး ငှားပါတယ်။ ဗန်းမော်မှာ ရေနက်ဆိပ်ကမ်းကို တရုတ်က ဆောက်ပေးမယ်၊ ဗန်းမော်ကနေ တရုတ်နယ်စပ်အထိ
ကားလမ်းကို တရုတ်က အကုန်အကျခံပြီး ဖေါက်ပေးမယ်၊ ဧရာဝတီမြစ်ထဲမှာ မဲခေါင်မြစ်လိုပဲ သင်္ဘောသွားလာလို့ ကောင်းအောင် ကျောက်ဆောင်တွေကို သူတို့
ရှင်းပေးမယ်၊ ဆိုတဲ့ project အကြီးကြီးကို သူတို့ တင်ခဲ့ပါတယ်။ ဒါကိုလည်း မြန်မာအစိုးရက မူအားဖြင့် သဘောတူတယ်။ တရုတ်ရဲ့သင်္ဘောတွေကို
ဧရာဝတီမြစ်ထဲမှာ သွားလာခွင့်ပေး မယ်လို့၊ မြန်မာအစိုးရက ပြောပြီးသားပါ။ ၂၀၀၁ခုနှစ်မှာ၊ တရုတ်သမ္မတကျန်ဇီမင်း မြန်မာနိုင်ငံကို လာတဲ့အခါ မှာလည်း၊
ဒီproject ကို၊ (သမ္မတကျန်ဇီမင်းနဲ)့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ရဲ့ ရှေ့မှောက်မှာ၊ သက်ဆိုင်ရာ တရုတ် - မြန်မာ အရာရှိတွေ လက်မှတ်ထိုးကြဖို့ဆိုတာကို၊ အားလုံး
ပြင်ဆင်ထားပြီးတဲ့ အချိန်အခါကျမှ၊ တရက်အလို ကျမှ၊ ဒီဥစ္စာကို သဘောမတူဘူး ဆိုပြီးတော့မှ၊ ကောက်လုပ်လိုက်တယ်။ သမ္မတကျန်ဇီမင်း တော်တော်ဒေါသ
ဖြစ်သွားတာပေါ့ ဗျာ။
ဦးရော်နီညိမ်း ။

။ ဘယ်သူက လုပ်လိုက်တာလဲ၊ သဘောမတူဘူး ဆိုပြီးတော့။

ဗိုလ်မှူးအောင်လင်းထွဋ်။

။ ဗိုလ်ချုပ်ကြီးသန်းရွှေပဲ အမိန့်ပေးလိုက်တာ ခင်ဗျ။ ဒီကိစ္စကို နိုင်ငံခြားရေးဝန် ကြီး ဦးဝင်းအောင်က သွားပြီးသတင်းပို့တဲ့အခါမှာ၊

ဗိုလ်ချုပ်ကြီးသန်းရွှေက ဒီဥစ္စာကိုတော့ ငါ သဘောမတူနိုင် ဘူးလို့၊ ပြောလိုက်တာ။
ဦးရော်နီညိမ်း ။

။ အဲဒီတော့၊ ဒီလောက်ကြီး တရုတ်ကိုလိုက်လျောရမယ့်ကိစ္စကို မလိုက်လျောနိုင်ဘူးဆိုတဲ့ သဘော ပေါ့။ ခုနပြောသလို တရုတ်တပည့်ချည့်ပဲ

ခံနေတယ် ဆိုတဲ့နေရာမှာ၊ နည်းနည်းမာမာတင်းတင်းတော့ တရုတ်ကို ပြန်လုပ်တဲ့ သဘောလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ မဟုတ်ဘူး ကိုရော်နီ။ အဲဒီအချိန်အခါမှာ ခင်ဗျား သတိထားမိလိမ့်မယ်။ (အမေ ရိကန်မှာ) ကလင်တန် (သမ္မတ Bill Clinton)

အစိုးရပြောင်းပြီးတော့၊ ဘွတ(် ရှ)် (သမ္မတ George W. Bush) အစိုးရ တက်တော့မယ်။ အဲဒီအချိန်မှာ ကျနော်တို့က ဒီမှာ (၀ါရှင်တန်ဒီစ)ီ ရောက်နေပြီ။
ကျနော်တို့ကိုလည်း (ဗိုလ်ချုပ်မှူးကြီးသန်းရွှေက) green light ပေးထားတာက၊ ဘွတ(် ရှ)် အစိုးရကို lobby လုပ်ဖို့ပေါ့ဗျာ။ ငွေကုန် ကြေးကျ အတော်ကို
အကုန်ခံပြီးတော့ D.C.I. လို lobby ကုမ္ပဏီကို ငှားပြီးလုပ်ကြတဲ့ အချိန်ကျတော့၊ ထင် ကြတာက၊ အမေရိကန်နဲ့ အဆင်ပြေလိမ့်မယ်လို့ သူတို့
(ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ )ထင်ကြတယ် ခင်ဗျ။
(D.C.I. = အမေရိကန် Republican ပါတီကို ထောက်ခံသည့် lobby အုပ်စု ဖြစ်သည်။ D.C.I.ကို ငှားရမ်းသူ များက မိမိတို့အကျိုးအတွက် Republican
ပါတီခေါင်းဆောင်များကို စည်းရုံးနိုင်ရန်၊ နိုင်ငံရေး သံတမန်ရေး စီးပွားရေးဆိုင်ရာ ထိတွေ့မှုများအဖြစ်၊ ငှားရမ်းသူများနှင့် Republican ပါတီခေါင်းဆောင်များကြား၊
ဆွေးနွေး ပွဲ စားပွဲသောက်ပွဲပါတီပွဲများ၊ ဖန်တီးစီစဉ်ပေးသည့် တရားဝင်ကြားပွဲစား lobby ကုမ္ပဏီကြီး ဖြစ်သည်။ သမ္မတ George W. Bush ၏ ဒုသမ္မတ Dick

Chaney ပါဝင်ပတ်သက်နေသည့် D.C.I.သည်၊ မြန်မာစစ် အ စိုးရ၏ ငှားရမ်းခံရမှုကြောင့် နံမည်ပျက်သွားခဲ့ကာ၊ မြန်မာစစ်အစိုးရအတွက် lobby လုပ်ခဲ့သော
D.C.I. ကို စတင်တည်ထောင်သူ Dough Davenport နှင့် D.C.I. ၏ CEO အမှုဆောင် အရာရှိကြီး Douglas Goodyear တို့ နှစ်ဦးမှာ၊၊ ၂၀၀၈
သမ္မတရွေးကောက်ပွဲတွင်၊Republican ပါတီ သမ္မတလောင်း John McCain ၏ စည်းရုံးရေးမှူးများအဖြစ်မှ နှုတ်ထွက်ပေးခဲ့ရသည်။ Ref: DCI Group:
Controversies: Myanmar Representation <http://en.wikipedia.org/wiki/DCI_Group>)
ဦးရော်နီညိမ်း ။

။ ဟုတ်ကဲ့၊ ခုနက တရုတ်ရဲ့ကဏ္ဍကို ပြန်ပြီးပြောရရင်၊ အမေရိကန်နဲ့ အဆင်ပြေသွားလို့ ရှိရင်၊ ခုနက တရုတ်ကို သွားပြီးတော့ အရမ်းကို ဒီလိုမျိုး

အလျှော့ပေး လိုက်လျောရတာတွေကို၊ လျှော့ချနိုင် လိမ့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့လား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ အဲဒါလည်း ပါပါတယ် ခင်ဗျ။ အမေရိကန်နဲ့ အဆင်ပြေလို့ရှိရင်၊ တရုတ်ကို သိပ် ပြီး ဂရုစိုက်စရာ မလိုဘူးပေါ့ ဗျာ။ သဘောကတော့

အမေရိကန်ရယ် တရုတ်ရယ် အိန္ဒိယရယ် အဲဒီနိုင်ငံကြီး တွေကြားမှာ နိုင်ငံရေးကစားမယ်ဆိုတဲ့ အကွက်ကို သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ထွင်တာပါပဲ။
ဦးရော်နီညိမ်း ။

။ ဒါပေမယ့်၊ ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စ ဖြစ်သွားတဲ့အခါမှာတော့၊ သူ့ကစားကွက်က ပျက် မသွားဘူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။

။ မှန်ပါတယ် ခင်ဗျ။ ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စ ဖြစ်သွားတဲ့အခါမှာ၊ အားလုံးသိ တဲ့အတိုင်း တကမ္ဘာလုံးရဲ့ဝိုင်းပြီးတော့

အဆူခံအဆဲခံဘ၀နဲ့ ဘယ်သူကမှ (မြန်မာစစ်အစိုးရကိ)ု အယုံအကြည် မရှိဘူးဆိုတဲ့ အနေအထားမျိုးတွေ ASEAN အပါအ၀င်မှာ အားလုံး ဖြစ်ကြတဲ့အခါမှာ၊
အရင်ဆုံး တရုတ်ဆီကို သွားပြီးတော့ သူတို့ (မြန်မာစစ်အစိုးရဘက်က)ို ရပ်ပေးဖို့ဆိုပြီး၊ ဒူးထောက်ခဲ့ရတဲ့ အနေအထားမျိုးက ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စ
ပြီးကတည်းက ဖြစ်လာခဲ့တယ်လို့၊ ဆိုရမှာပဲ။
ဦးရော်နီညိမ်း ။

။ အဲဒီတော့ ဒီပဲယင်းကိစ္စရဲ့ရလဒ်ကို ပြန်ကြည့်ရင်၊ အဲဒီတုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင်ဟောင်းတွေအတွက်က

အပေါင်း ဖြစ်မလာဘူး။ သူတို့မှာ အနှုတ်ပဲ ဖြစ်သွားတာပဲ။ ဒီပဲယင်းကိစ္စကနေ စပြီးတော့၊ တရုတ်ဘက်ကို ပိုပိုပြီး သွားသွားပြီး အရှုံးပေးနေရတယ့်
အနေအထားမျိုးကို ရောက်လာတာဟာ၊ အခုအချိန်အထိပဲလို့ ပြောရမှာပေါ့။ အဲဒီတော့ သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၊ တရုတ်ပြည်ကို
သမ္မတအနေနဲ့ သွားတဲ့အခါမှာလဲ၊ ဘာတွေများ ထပ်ပြီး အလျှော့ပေးလာခဲ့ရမယ် လို့၊ ဗိုလ်မှူး မြင်ပါလဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ မကြာသေးခင်ကပဲ တရုတ်က စစ်ရေးခေါင်းဆောင်နဲ့ နိုင်ငံရေးခေါင်းဆောင် တွေ၊ မြန်မာပြည်ကို လာလည်သွားတာ ရှိပါတယ်။

တရုတ်က အဓိက မြန်မာပြည်ရဲ့နိုင်ငံရေးတည်ငြိမ်မှုကို လိုချင်ပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုဆိုတဲ့ နေရမှာ၊ အထူးသဖြင့် နယ်စပ်ဒေသမှာ တည်ငြိမ်ဖို့ အတွက်ကို
(မြန်မာအစိုးရအနေနဲ)့ ကိုးကန့်တွေ “၀” တွေနဲ့ စစ်မဖြစ်ဖို့ကိစ္စ၊ အေးအေးချမ်းချမ်းဖြေရှင်းဖို့ ကိစ္စတွေကို၊ တရုတ်က အတော်လေး အလေးအနက် ထားတဲ့
အနေအထားမျိုး ရှိပါတယ်။
ဦးရော်နီညိမ်း ။

။ တခါဖြစ်ခဲ့ပြီးပြီ မဟုတ်လား။ တရုတ်ကနေ နယ်စပ်ဒေသတွေက တရုတ်သွေးပါနေတဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး၊

အကြမ်းမဘက်ဖို့ဆိုပြီး၊ လာပြီး မေတ္တာရပ်ခံတဲ့သဘောမျိုး ပြောပြီးတဲ့ နောက်မှာတောင်မှပဲ၊ ၂၀၀၉ခုနှစ်က ကိုးကန့်တွေနဲ့ ဖြစ်လိုက်တာ၊ မြန်မာပြည်ထဲကနေ
တရုတ်ပြည်ထဲ တခါမှ မပြေးဘူးတဲ့ ဒုက္ခသည်တွေ သုံးသောင်းလောက် ပြေးသွားခဲ့ကြရတယ်။ အဲဒါတွေ ဖြစ်လာတဲ့အခါမှာ၊ တရုတ် ဘက်က မြန်မာအစိုးရကို
ဘယ်လို ထိတွေ့အရေးယူဆောင်ရွက်နေတဲ့ သဘောရှိလဲ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ အဲဒီကိုးကန့်ကိစ္စ မဖြစ်ခင်၊ ၂၀၀၈ခုနှစ် နှစ်ကုန်ပိုင်းမှာ၊ တရုတ်နိုင်ငံခြားရေးဝန် ကြီး မြန်မာနိုင်ငံကို လာပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့အဖွဲ့နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အဖွဲ့နဲ့၊ အစည်းအဝေးခန်းမှာ တွေ့ကြပါတယ်။ အဲဒီအစည်းအဝေးခန်းမှာ ဖြစ်ခဲ့တဲ့
ကိစ္စလေးတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ၂၀၀၇ခုနှစ် သံဃာ့အရေးအခင်း၊ နောက်မကြာခင်မှာပဲ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့၊
ကုလသမဂ္ဂကိုယ်တိုင်ကပင် ကြေညာချက်ထုတ်ပြီး မြန်မာအစိုးရကို ပြောရဆိုရတဲ့ အနေအထားတွေ ရှိခဲ့ပါတယ်။ တရုတ်လည်း ငပွကြီးမြန်မာစစ်အစိုးရကို
လိုက်ပြီး အကာအကွယ်ပေးနေရ တော့၊ မျက်နှာပူပုံပေါ်ပါတယ်။ ကုလသမဂ္ဂရဲ့ထုတ်ပြန်ကြေညာချက်အတိုင်း၊ လိုက်နာဖို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးကိုယ်တိုင်
ပြောတဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးသန်းရွှေက သူ့ကို အဲဒီလို ပြောရပါ့မလားဆိုပြီး၊ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးကို လုံးဝစကားပြန်မပြောတော့ဘူးလို့၊ ကျနော်တို့
သိရပါတယ်။ ဒီအစည်းအဝေးက နည်းနည်း ဆူဆူပူပူလေး အနေအထားမျိုး ဖြစ်သွားတယ်။ အဲဒီနောက်ပိုင်း အဲဒီအစည်းအဝေးရဲ့နောက်မှာ၊ ၂၀၀၉ခုနှစ် က
ကိုးကန့်အရေးအခင်းက ဖြစ်လာခဲ့တယ်။ “မလုပ်ပါနဲ့” လို့၊ တရုတ်က မေတ္တာရပ်ခံနေတဲ့ ကြားထဲက၊ ဒီလို လုပ်လိုက်တဲ့အခါမှာ၊ ခုန ကိုရော်နီပြောတဲ့ ဖြစ်စဉ်တွေ
ဖြစ်လာခဲ့တာပေါ့ ဗျာ။ ဒီအပေါ်မှာ တရုတ်က အခုချိန် ထိ သံသယက ရှိနေတယ်။ မြန်မာအစိုးရကို မယုံဘူး။ မယုံလို့လဲ၊ အခု ထပ်ခါထပ်ခါ လာပြီးတော့၊ သတိပေး
နေတဲ့ အနေအထားမျိုးရှိနေတယ်လို့၊ ကျနော်တို့ ပြောလို့ရတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။

။ အဲဒီတုန်းက ကိုးကန့်အရေးအခင်း ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ၊ စစ်ခေါင်းဆောင်အနေနဲ့ဆို ညှိကွပ် (တပ်မတော် ကြည်း-ရေ-လေ

ညှိနှိုင်းကွပ်ကဲရေးမှူး) ဗိုလ်ချုပ်ကြီးသူရရွှေမန်း တရုတ်ပြည်ကို သွားခဲ့ တယ်။ မကြာဘူး။ (ဒုတိယ) ဗိုလ်ချုပ်မှူးကြီးမောင်အေးပါ တရုတ်ပြည်ကို သွားတယ်။
ဒီလောက်တောင် စိပ်စိပ် ကလေး တရုတ်ပြည်ကို သွားနေခဲ့ရတာ၊ ကိုးကန့်အရေးအခင်းနဲ့ ဘယ်လို ဆက်နွယ်နေလို့လဲ။ နောက်တခု သတိထားမိတာက၊ သူတို့တွေ
အဲဒီလိုတွေ သွားပြီးတော့မှ၊ တရုတ်နဲ့သဘောတူစာချုပ်တွေ နားလည်မှုစာချွန် လွှာ (MOU – Memorandum of Understanding) တွေ၊ မြန်မာပြည်မှာ တရုတ်က
စီးပွားရေးလုပ်မယ့်ကိစ္စ တွေ အများကြီးကို၊ မြန်မာဘက်က လက်မှတ်ထိုးပေးခဲ့ရတာတွေ ရှိတယ်။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ မှန်ပါတယ်ခင်ဗျ။ ကိုးကန့်ကိစ္စ ဖြစ်တဲ့အခါကျတော့၊ ချက်ချင်းဆိုသလိုပဲ၊ ဗိုလ် ချုပ်ကြီးရွှေမန်းက သွားပြီးရှင်းပြတာ။

တရုတ်ခေါင်းဆောင်တွေက တော်တော်ဒေါသဖြစ်တယ်။ ဗိုလ်ချုပ်ကြီး ရွှေမန်းသွားတာ နိုင်ငံတော်အဆင့်ခေါင်းဆောင် တယောက်အနေနဲ့ သွားတာပဲဗျာ။
ဒါပေမယ့်၊ တရုတ်ဘက်က “မင်းထက်ကြီးတဲ့ကောင် လာခဲ့” ဆိုတဲ့ပုံစံမျိုး ပြောပြီးနှင်ထုတ်လိုက်တယ်။ အဲဒီမှာ ရက်ပိုင်းအတွင်းမှာပဲ၊ ဗိုလ် ချုပ်ကြီးမောင်အေး
တရုတ်ပြည်ကို သွားရတယ်။ အားလုံး သတိထားမိပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီးမောင်အေး တရုတ်ပြည်ရောက်တဲ့အချိန်မှာမှ၊ တရုတ်က လိုချင်နေတဲ့ ကျောက်ဖြူကနေ
တရုတ်ပြည် (ယူနန်ပြည်နယ်) ထဲကို ရေနံပိုက်လိုင်း သွယ်ယူခွင့်၊ တရုတ်ကို ဓါတ်ငွေ့ရောင်းဖို့၊ အခု နံမည်ကြီးနေတဲ့ ဧရာဝတီမြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း၊
ဒါတွေ တော်တော်များများ စီမံကိန်း ခြေက်ခု ခုနစ်ခုလောက်ကို၊ ဗိုလ်ချုပ်ကြီးမောင်အေးက အဲဒီမှာ MOU တွေ၊ လက်မှတ်ထိုးပေးခဲ့ရတယ်။
ဦးရော်နီညိမ်း ။

။ အခု ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန် တရုတ်ပြည်ကို သွားတဲ့အခါမှာကော၊ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်သေးလဲ။

တယောက်နဲ့တယောက်ကလည်း ရိုးရိုးသားသားမဟုတ်ဘူး၊ တရုတ် ကလည်း မြန်မာကို အမြတ်ထုတ်ဖို့ ကြည့်နေတာ၊ မြန်မာကလည်း မီးနဲ့ကစားသလို တရုတ်ကို
သွားပြီးတော့ အမေရိကန်နဲ့ ကစားပြလိုက်၊ အိန္ဒိယနဲ့ ကစားပြလိုက် လုပ်နေတဲ့ဟာမှာ၊ သူတို့ပြောနေသလို တကယ်တမ်း ချစ်ခင်ရင်းနှီးတဲ့ ဆွေမျိုးပေါက်ဖေါ်
ဆက်ဆံရေး မဟုတ်ပဲနဲ့၊ တယောက်နဲ့တယောက် အလစ်ချောင်းနေကြတဲ့ မိတ်ဆွေလိုလို ရန်သူလိုလို၊ ရန်သူမကျမိတ်ဆွေမကျတဲ့ အဲဒီကြားထဲက
ဆက်ဆံရေးမျိုးဖြစ်နေတဲ့ အနေအ ထားဟာ၊ ဘယ်အထိ ပေါက်ကွဲသွားနိုင်သလဲ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ တရုတ်ကလည်း၊ နယ်စပ်မှာရှိတဲ့ “၀” တို့

ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေတို့ကို သူတို့ရဲ့လက်နက်တခုလို ကိုင်ထားတာပဲ။ တရုတ်က စိုးရိမ်နေ တာက မြန်မာပြည်ထဲက တရုတ်လူမျိုးတွေ၊
တရုတ်ရဲ့ရင်းနှီးမြှုပ်နှံထားတဲ့ အကျိုးစီးပွား တွေကိုပါ။ ဒါတွေကို မြန်မာအစိုးရအနေနဲ့ အကာအကွယ်ပေးဖို့ဆိုတဲ့ အာမခံချက်က၊ တရုတ်က အလိုချင်ဆုံး ပါ။
(တစ်) အဲဒီအာမခံချက်ကို အခုသွားတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်က မဖြစ်မနေ ပေးခဲ့ရမှာပါ။ (နှစ)် က နယ်စပ် ဒေသကိစ္စ။ အခု တရုတ်စစ်ကောက်မရှင်ရဲ့ ဒုဥက္ကဌ
ရောက်လာပြီးတဲ့နောက်၊ တရုတ-် မြန်မာနယ်စပ်မှာ ရှိတဲ့ နှစ်နိုင်ငံစစ်တပ်တွေ အောက်ခြေက တပ်တွေမှာ၊ အပြန်အလှန် အစည်းအဝေးလုပ်ကြဖို့
အဆက်အသွယ်လုပ် ကြဖို့ ဆိုတာတွေကို၊ မြန်မာဘက်က သဘောတူပေးခဲ့ရ တာတွေ ရှိပါတယ်။ အခု ဒါကို ထပ်ပြီး သဘောတူခဲ့ရ မှာပါ။ အရင်တုန်းက
ဒါမျိုးတွေက မရှိခဲ့ဘူး။
ဦးရော်နီညိမ်း ။

။ ဟုတ်ကဲ့။ အခု ပြည်သူလူထုဘက်က အပိုင်းကို ပြန်ကြည့်ကြရအောင်။ ရှေ့ကနေပြီး တော့မှ တိုင်းပြည်ကိုအုပ်ချုပ်နေကြတဲ့ ဒီပုဂ္ဂိုလ်တွေက၊

အခုလို မီးနဲ့ကစားသလို၊ တရုတ်နဲ့သွားသွားပြီးကစား တဲ့အခါ၊ ဟိုဟာဖြစ်လိုက် ဖြစ်လိုက်၊ ကိုယ့်ထက်အားကြီးတဲ့လူနဲ့ သွားကစားတိုင်းမှာ ကိုယ့်မှာက အရှုံးပဲပြပြ
လာ။ တရုတ်က မြန်မာပြည်ထဲမှာ နိုင်ငံရေးစီးပွားရေးကို လာပြီးတဖြည်းဖြည်းချုပ်ကိုင်လာ။ အဲဒီတော့ လူထု ရဲ့ဒေါသက၊ မြန်မာအစိုးရအပြင် တရုတ်ဘက်ကို
လှည့်မသွားနိုင်ဘူးလား။ အဲဒီအခါကျရင် မြန်မာအစိုးရက ဘယ်လိုထိန်းမလဲ။ အခု နေရာတကာမှာ တရုတ်ကို အကုန် ဦးစားပေးနေရတယ်။ သွားပြီး

မီးနဲ့ကစားတိုင်း၊ မနိုင်တဲ့ ဇာတ်လမ်းတွေက ဖြစ်ဖြစ်လာနေတော့၊ အဲဒီအခြေအနေမျိုးမှာ၊ ပြည်သူလူထုရဲ့ အနေအထားက ဘယ်လို ဖြစ်မလဲ။ တရုတ်နဲ့
ပတ်သက်ပြီးတော့။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ ပြောရရင်တော့၊ တရုတ်လို အမေရိကန်လို အိန္ဒိယလို အင်အားကြီးနိုင်ငံကြီး တွေကို၊ သွားသွားပြီးတော့ နိုင်ငံရေးကစားနေတာက၊

ခုချိန်ထိ ဗိုလ်ချုပ်ကြီးသန်းရွှေပဲ ဒါတွေ လုပ်နေတာ။ သူ့ကိုယ်သူ လည်လှပြီ၊ နိုင်ငံရေးနားလည်လှပြီ ထင်နေတာ။ ဟိုလူတွေက ပိုပြီး လည်တယ်၊ သူ့ထက်ပိုပြီး
ပညာရှိတယ်။ အခုအတိုင်း ဆက်သွားရင်၊ မြန်မာပြည်က စစ်ခေါင်းဆောင်တွေကို ပြန်ကြည့်လိုက်ပါ။ သူတို့ကို တရုတ်အပါအ၀င် ဘယ်နိုင်ငံကမှ အယုံအကြည်
မရှိပါဘူး။
ဦးရော်နီညိမ်း ။

။ ဟုတ်ကဲ့။ မြန်မာပြည်က စစ်ခေါင်းဆောင်အဟောင်းတွေရဲ့ အဆက်ဆက် ဖြစ်လာခဲ့တာ တွေမှာ၊ အခု စစ်ခေါင်းဆောင်အသစ်တွေ၊

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က စလို့ အောက်ကိုကြည့်လိုက်ရင်၊ သူတို့တွေက အသစ်တွေပဲ။ သူတို့တွေက ဒါတွေကို ရှေ့ကဆိုးမွေတွေကို၊ သူတို့က
ဖယ်ရှားပြီးတော့၊ သူတို့ လက်ထက်မှာ တကယ့် အမှန်အကန်ဖြစ်အောင်၊ တိုင်းပြည်မှာ အေးချမ်းသာယာငြိမ်းချမ်းတဲ့ အပြောင်းအလဲ ဖြစ်အောင်၊ အခုလို တရုတ်ကို
သွားပြီး ကစားလိုက် အမေရိကန်ကို ဟိုလိုလှည့်လိုက် ဒီလိုပတ်လိုက်၊ တခါ အိန္ဒိယကိုပါ ကစားကြည့်လိုက်၊ အဲဒါမျိုးတွေ မလုပ်ပဲနဲ့၊ တကယ့်ကို သမာသမတ်
လူရိုသေရှင်ရိုသေ အုပ်ချုပ် ရေးစနစ်မျိုး မြန်မာပြည်မှာရှိလာအောင်၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဦးစီးတဲ့ အခု စစ်ခေါင်းဆောင်တွေက၊ မလုပ်နိုင်ဘူးလား။ လုပ်ဖို့
မစဉ်းစားသင့်ဘူးလား။ သူတို့က အခုအချိန်မှာ သန့်ရှင်းနေကြသေးတယ်။ ဗိုလ်မှူး ဘယ်လိုမြင်လဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ အများကြီး လုပ်နိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တို့ဆိုရင်၊ တိတိပပ လက်ညှိုး ထိုးပြီးတော့မှ ပြောစရာအပြစ်တစုံတရာ

မရှိသေးပါဘူး။ လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အများ ကြီးလုပ်နိုင်တဲ့အနေ အထားမျိုးတွေ ရှိပါတယ်။ သူတို့ကိုယ်တိုင်၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကိုယ်တိုင်၊
တရုတ်ကို လက်ခံချင်တဲ့လူမျိုး မဟုတ်ဘူး။ အားလုံးသိတဲ့အတိုင်း တရုတ်က မြန်မာပြည်မှာ လူမျိုးရော စာပေ ယဉ်ကျေးမှုကော၊ အကုန် လွှမ်းလာပြီ ခင်ဗျ။
အဲဒါတွေကို လူထုက မခံနိုင်တဲ့အခါမှာ ၁၉၆၇ ခုနှစ်ကဖြစ်တဲ့ တရုတ-် မြန်မာအရေးအခင်းထက် ကြီးတဲ့၊ အရေးအခင်းမျိုးကြီး မဖြစ်ဘူးလို့၊ မပြောနိုင်ဘူး။
ဦးရော်နီညိမ်း ။

။ လူထုတင် မကဘူး။ ဒီအခု စစ်ခေါင်းဆောင်တွေမှာလည်း မကြိုက်တဲ့လူတွေ ရှိနေမှာပဲ။ တရုတ်က မြန်မာပြည်ကို ခွစီးလာနေတယ်လို့

မြင်နေတဲ့လူတွေ ရှိနေမှာပဲ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ အားလုံး ဗျ။ အားလုံးပဲ။ ကျနော်သိသလောက် တပ်ထဲမှာက ကျနော်တို့ရှိစဉ် ကတည်းက၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပါအ၀င်၊

ရဲဘော်လေးအထိ မေးကြည့်ပါ။ တရုတ်ကို ကြိုက်လား လို့ မေးရင်၊ ဘယ်သူမှ မကြိုက်ပါဘူး။ ရှမ်းပြည်နယ်မှာ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် အစပ်တွေမှာ၊ တရုတ်
ရဲ့ပယောဂကြောင့်၊ တရုတ်ရဲ့(ဗမာပြည်ကွန်မြူနစ်ပါတီတပ်တွေက)ို အားပေးမှုကြောင့်၊ စစ်သည်အများအပြား ကျဆုံးခဲ့ရတာတွေ ရှိခဲ့ပါတယ်။
တပ်မတော်သားတွေအနေနဲ့ တရုတ်အပေါ်မှာ အထင်လည်း မကြီးဘူး။ အခု ဒါ၊ အမေရိကန်ကို ကိုလိုနီလက်သစ် ဘာညာပြောနေတာ။ တကယ်တော့
ကိုလိုနီလုပ်နေတာက တရုတ်နိုင်ငံ ဖြစ်ပါတယ် ခင်ဗျ။ တရုတ်နဲ့ ပတ်သက်ပြီး တော့ ၊ မြန်မာစစ်တပ်ထဲမှာ ဒီလိုပဲ ခံယူထားကြတာပါ ခင်ဗျ။
ဦးရော်နီညိမ်း ။

။ လက်ရှိ တရုတ-် မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့၊ ထောက်လှမ်းရေးအရာရှိ ဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း

ဦးအောင်လင်းထွဋ်နဲ့၊ ဆက်သွယ်မေးမြန်းပြီး တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။
၁၉၈၈ နောက်ပိုင်း တရုတ် - မြန်မာ ဆက်ဆံရေး ကစားပွဲ - အပိုင်း (၁)
By ရော်နီညိမ်း စနေ, 21 မေ 2011
ထပ်ဆင့် ဖြန့်ဝေရန်





Digg
Facebook
StumbleUpon
Yahoo! Buzz
del.icio.us

တပ်မှူးတပ်သား ပြောစကား (၀၆၁)
လာမယ့် မေလ (၂၆) ရက်နေ့မှာ၊ မြန်မာအစိုးရသစ်ရဲ့ သမ္မတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သမ္မတဖြစ်ပြီး
ပထမဆုံးအကြိမ် သွားရောက်တော့မှာ ဖြစ်ပါတယ်။ တရုတ-် မြန်မာ ဆက်ဆံရေးကို ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေးအဖြစ် နှစ်ဘက်လုံးက လူသိရှင်ကြား
ပြောဆိုနေကြပေ မယ့်၊ ကန့်လန့်ကာ နောက်ကွယ်မှာ တဘက်နဲ့တဘက် မရိုးသားကြဘူးလို့၊ ထောက်လှမ်းရေးအရာရှိဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း
ဦးအောင်လင်းထွဋ်က ပြောပြထားတာကို၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်
ဦးရော်နီညိမ်း ။

။ ဦးအောင်လင်းထွဋ် ခင်ဗျား၊ တရုတ်နိုင်ငံကို မြန်မာနိုင်ငံက သမ္မတသစ် ဦးသိန်းစိန် မကြာခင်မှာ သွားတော့မယ်။ အရင်ကလည်း သူဟာ

ဝန်ကြီးချုပ်ဘ၀နဲ့ ခဏခဏ သွားဘူးပါတယ်။ ကျနော်တို့ က ပြန်ကြည့်တဲ့အခါမှာ၊ တရုတ-် မြန်မာ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ်အတွင်း၊ ၁၉၉၀
ရွေးကောက်ပွဲ မှာတုန်းကတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိသွားတာကို လာပြီးတော့ ပထမဆုံး အားပေးချီးကျူး စကားပြောခဲ့သူဟာ
တရုတ်သံအမတ်ကြီး ဖြစ်တယ်ဆိုတာကို၊ မြန်မာ့နိုင်ငံရေးလောကတခုလုံးက ခုထက်ထိ မမေ့နိုင်ကြသေးဘူး။ အဲဒီအနေအထားကနေ ဘယ်လိုတွေ
အပြောင်းအလဲတွေ ဆက်တိုက်ဆက်တိုက်၊ တရုတ-် မြန်မာ ဆက်ဆံရေးမှာ ဖြစ်လာခဲ့သလဲ ဆိုတာကို၊ ဗိုလ်မှူးက အဲဒီအချိန်က ကကလှမ်း (ကာကွယ်ရေး
ဝန်ကြီးဌာန၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး) ကကကြည်း(ကာကွယ်ရေးဦးစီးချုပ်-ကြည်း ရုံး) မှာ ရှိနေခဲ့တာကြောင့်၊ အဲဒီအချိန်မှာ ဗိုလ်မှူးတို့
ဘယ်လိုမြင်လဲ ခင်ဗျ၊ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးကစား ကွက်ကို။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ တရုတ်ကတော့ အဓိက ကတော့၊ စီးပွားရေးမျက်စေ့နဲ့ ကြည့်တာပါပဲ။ တကယ် ပဲ၊ ရွေးကောက်ပွဲမှာ နိုင်တဲ့ပါတီကို

အာဏာလွှဲပေးမယ် ဆိုပြီးတော့မှ၊ ခေါင်းဆောင်လုပ်တဲ့ ဗိုလ်ချုပ်ကြီးစော မောင်ကိုယ်တိုင်က၊ ပြောခဲ့တာပဲ ဗျာ။ ကျနော် ဒီဘက်(၀ါရှင်တန်ဒီစီမှ မြန်မာသံရုံး)
ရောက်တဲ့အခါမှာ၊ ၂၀၀၁ ခုနှစ်လောက်မှာ အဲဒီအချိန်က ဟူကျင်းတောင်က တရုတ်ဒုသမ္မတအနေနဲ့ အမေရိကားကို လာလည်တာ ရှိပါ တယ်။ သူ့တပည့်တွေနဲ့
ကျနော်တို့နဲ့ တွေ့တဲ့အခါမှာ၊ သူတို့သဘောထားတွေကို တီးခေါက်ကြည့်တဲ့အခါမှာ၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ၊ နိုင်ငံရေးတည်ငြိမ်ပြီးတော့
အေးအေးချမ်းချမ်းနဲ့ စီးပွားရေးလုပ်ဖို့ပဲ စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရပဲ တက်တက်၊ ဘယ်ပါတီပဲ တက်တက် တရုတ်က လက်ခံမယ်၊
လို့ပြောကြပါတယ်။ ကျနော်က မေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ ဘယ်လိုမြင်လဲလို့ ဆိုတဲ့ အခါကျတော့၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း
သူတို့က အကောင်းမြင်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ကို ဝေဖန်တာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် တက်လာရင်လည်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နဲ့
လုပ်နိုင်ကိုင်နိုင်တယ် ဆိုတဲ့ အနေအထားမျိုးတွေ ပြောခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒုသမ္မတ ဟူကျင်းတောင်နဲ့ ပါ လာတဲ့ကိုယ်စားလှယ်အဖွဲ့နဲ့၊ ကျနော်တို့နဲ့
(မြန်မာ)သံအမတ်ကြီးအိမ်မှာ တခါ တွေ့ခဲ့ကြတာ ရှိပါတယ်။ နောက် တခါ ၀ါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးမှာ ထောက်လှမ်းရေးလို အဖွဲ့အစည်းမျိုး၊ ကျနော်တို့လို
အဖွဲ့တွေ ရှိပါ တယ်။ သူတို့နဲ့ နှစ်ခါသုံးခါလောက် ဟော်တယ်တွေမှာ တွေ့ပြီး၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး စကားစမြည် ပြောခဲ့ ဘူးလို့၊ အခု ဒါကို ကျနော်
ပြန်ပြောနိုင်တာပါ။
ဦးရော်နီညိမ်း ။

။ နောက်တခုက ရေဒီယိုအင်တာဗျူးတခုမှာ ကျနော်တို့ကို ပြောပြဘူးတာ ရှိပါတယ်။ ၁၉၉၀ ကျော် လာတဲ့အခါမှာ၊ တကြိမ်တခါမှာ၊ ဗိုလ်မှူးတို့က

ထိုင်ဝမ်ထောက်လှမ်းရေးအဖွဲ့ကို မိလိုက်တယ်။ နည်းနည်းနောနော ပိုက်ကွန်အဖွဲ့ကြီး မဟုတ်ဘူး။ ဒါပေမယ့်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့၊ ဘာမှ မလုပ်ပဲ

ဒီအတိုင်းထားရတယ်၊ ဆိုတာ။ အဲဒါကို အခု နောက်တခေါက် ပြန်ပြီး ပြောပြပေးပါလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ ဟုတ်ပါတယ် ခင်ဗျ။ အဲဒါကလည်း၊ ခုနကကိစ္စတွေနဲ့ ပြန်ဆက်ပြီးပြောရရင်၊ ၁၉၉၀ ရွေးကောက်ပွဲနိုင်သူတွေကို

အာဏာလွှဲမပေးတော့ဘူးဆိုတဲ့အချိန်အခါမှာ၊ တရုတ်က မြန်မာအစိုးရ အပေါ်မှာ၊ အခြေအနေ စောင့်ကြည့်တဲ့ အနေအထားမျိုးတွေ ရှိလာပါတယ်။ နောက်ပိုင်းမှာ၊
အားလုံးသိတဲ့အ တိုင်းပဲ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာကတည်းကိုက၊ တရုတ်နဲ့ ပတ်သက်ပြီးတော့ရော အမေရိကန်နဲ့ ပတ် သက်ပြီးတော့ရော၊ သူက
ကြွေးကြော်ခဲ့တာက၊ တရုတ်ဆိုရင်လည်း “ငါတို့ တရုတ်ကိုချစ်လို့ ပေါင်းနေတာ မဟုတ်ဘူး။ မလွှဲသာလို့ ပေါင်းနေတာကွ” ဆိုတာ ပါ။ အဲဒီလို
ကြွေးကြော်သံမျိုးတွေ ရှိခဲ့ပါတယ်။ တရုတ်ဆန့် ကျင်ရေးပေါ့။ သူ ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာ တပ်မမှူး (အမှတ် (၈၈) ခြေမြန်တပ်မ) ဖြစ်တဲ့အချိန်ထိ ကို၊
တရုတ်က ထောက်ခံနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတပ်တွေနဲ့ တိုက်ခဲ့ရတာကိုး။ သူတင် မဟုတ်ပါဘူး။ ဗိုလ်ချုပ်ကြီးမောင်အေးရော၊ နှစ်ယောက်စလုံးပါ။
ဦးရော်နီညိမ်း ။

။ အရှေ့မြောက်ခြမ်းတို့ အရှေ့ဘက်ခြမ်းတို့မှာ၊ တိုက်ပွဲတွေ ၀င်ခဲ့ဘူးတဲ့၊ မြန်မာ့တပ်မ တော်သား အကုန်လုံးမှာ၊ တရုတ်နဲ့ ပတ်သက်လို့၊

ဒီခံစားချက်မျိုး ရှိမယ် ထင်ပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ မှန်ပါတယ် ခင်ဗျ။ ဒီ ခံစားချက်တွေ ရှိပါတယ်။ (ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်ဖွဲ့များ ဖြစ်ခဲ့သည့် ‘၀’ တပ်၊ ကိုးကန့် တပ်များနှင)့်

ငြိမ်းချမ်းရေးလုပ်ဖို့ ကိစ္စမှာလည်း၊ ဒီလိုပဲ၊ အဲဒီအချိန် တုန်းက ဗိုလ်ချုပ်စောမောင်တို့၊ ဗိုလ်ချုပ်ခင်ညွန့်တို့၊ သူတို့ ဦးနေ၀င်းကို ပြောပြီးတော့၊ ဦးနေ၀င်းဆီကgreen
light ရလို့၊ သူတို့ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်လိုက်ကြတာကိုး။ အဲဒီလိုမျိုး အခြေခံစိတ်ဓါတ်ရှိတဲ့အတွက် ကြောင့်၊ ၁၉၉၄ခုနှစ်မှာ ဖြစ်ခဲ့တာတခုက၊ အဲဒီအချိန်က
လားရှိုးထောက်လှမ်းရေး(၉) တပ်မှူးက၊ ဗိုလ်မှူးတင် မောင်ဋ္ဌေးပါ။ အဲဒီအချိန်မှာ လားရှိုးက AD ဂိတ်မှာ၊ တရုတ်လူမျိုးတယောက်ကို ဆက်သွယ်ရေးစက်တွေနဲ့
အတူ ဖမ်းမိလိုက်တာ ရှိပါတယ်။ သူလျှိုတွေသုံးတဲ့ ဆက်သွယ်ရေးစက်မျိုးနဲ့ ဖမ်းမိလိုက်တယ်။ အဲဒီတရုတ် ဟာ ဒီလို ပစ္စည်းတွေ ပါလာတယ်ဆိုပြီး၊ ကကလှမ်းကို
သတင်းပို့တယ်၊ ရန်ကုန်ကို ပို့လိုက်ဆိုပြီး၊ ကကလှမ်း က ထောက်လှမ်းရေး(၉)ကို ညွှန်ကြားလိုက်ပါတယ်။ အဲဒီတရုတ်ကို ရန်ကုန် ရောက်တဲ့အခါ interrogation
(စစ်ကြောရေး) လုပ်လိုက်တဲ့အခါ၊ သူတို့ဟာ ထိုင်ဝမ်ထောက်လှမ်းရေးရဲ့ spy ပေါ့ဗျာ၊ သူလျှိုတယောက်ဖြစ် ပြီးတော့၊ တရုတ်နိုင်ငံရဲ့သတင်းတွေကို
ယူနေတဲ့ကောင်တွေ ဖြစ်ပါတယ်။ သူ့ကို ဆက်ပြီး ဖေါ်ထုတ်လိုက်တဲ့ အခါမှာ မန္တလေးမှာ ဆက်ဖမ်းလို့ ရတယ်။ လားရှိုးဘက်မှာ ဆက်ဖမ်းလို့ ရတယ်။ ဟိုဘက်
ကွတ်ခိုင် ဘက်မှာ ဆက်ဖမ်းလို့ ရတယ်။ အားလုံးအတွဲလိုက် (၉) ယောက်လောက်၊ ကွန်ယက်တခု ပိုက်ကွန်တခုကို ကျနော်တို့ ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။
အကြီးဆုံးကောင်က ရန်ကုန်ကဗျ။ အဲဒီအချိန်မှာ ဒီကောင်က၊ သမိုင်းလမ်းဆုံနားမှာ နေတယ်။ အယောင်ပြထားတာက၊ electronic ဆိုင်မျိုးကို၊ ဒီကောင်က
ဖွင့်ထားတယ်။ ထိုင်ဝမ်ထောက်လှမ်း ရေးက ပေးထားတဲ့ သူ့ရဲ့အဆင့်က၊ Colonel ဖြစ်ပါတယ်။ သူ့နံမည် တရုတ်လိုတော့၊ ကျနော် မေ့နေပြီ။ မြန်မာနံမည်က
ဝင်းနိုင်။ ဆိုတော့၊ ထိုင်ဝမ်ထောက်လှမ်းရေးရဲ့ ဗိုလ်မှူးကြီးဝင်းနိုင် ပေါ့။ အဲဒီအချိန်တုန်းက၊ သူက မကြာမကြာ ထိုင်ဝမ်နဲ့ သွားသွားလာလာ လုပ်နေတဲ့ လူပါ။
ဦးရော်နီညိမ်း ။

။ ဟုတ်ကဲ့၊ ဒီကိစ္စကို ဘယ်လို ဆက်ပြီး အရေးယူလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။

။ သူတို့က မြန်မာပြည်နဲ့ မြန်မာအစိုးရနဲ့ ပတ်သက်ပြီး၊ ဘာမှ သတင်း ထောက် လှမ်းတာ မရှိဘူး ခင်ဗျ။ အထူးသဖြင့် တရုတ်နိုင်ငံ

ယူနန်ပြည်နယ်တ၀ိုက်က သတင်းတွေကို၊ ထိုင်ဝမ်ကို သူ တို့ ပြန်ပို့ပေးရတဲ့ အနေအထားမျိုး ရှိတယ်။ ဒီလို စစ်ကြောရရှိချက်တွေကို ကျနော်တို့က အထက်ကို
တင်ပြ တယ်။ ဗိုလ်ချုပ်ခင်ညွန့်က ဗိုလ်ချုပ်ကြီးသန်းရွှေကို ဆက်ပြီး တင်ပြတယ်။ အဲဒီအခါကျ၊ ကျနော်တောင် အံ့သြ သွားတယ်။ ဘာဖြစ်လို့လဲ အံ့သြသွားလဲ
ဆိုတော့၊ ကျနော်တို့ကို အများက ထင်ကြတယ်၊ ကျနော်တို့ကို တရုတ်ရဲ့တပည့် တရုတ်ရဲ့ သြဇာခံလို့၊ ပြောနေကြတာကိုး။ အဲဒီအချိန်မှာ
ဗိုလ်ချုပ်ကြီးသန်းရွှေဆီက မှတ် ချက်ကို ကျနော်တို့ ပြန်သိရတာက၊ သူပြောတာက “ဒီ ထိုင်ဝမ်ကောင်တွေက၊ ငါတို့ကို ဒုက္ခပေးတာ မဟုတ် ဘူး၊ သူတို့ကို
ပြန်လွှတ်ပေးလိုက်၊ ပြီးတော့ သူတို့ရတဲ့ တရုတ် ပြည်မကြီးရဲ့ သတင်းကို၊ ငါတို့ကိုလည်း ပေး ခိုင်း” ဆိုပြီးတော့မှ၊ ကျနော်တို့ ထောက်လှမ်းရေးသဘောနဲ့ ပြောရင်
double agent (နှစ်ဘက်ချွန်သူလျှို) လုပ်ခိုင်းတဲ့၊ မှတ်ချက်ကို ချခဲ့တယ် ခင်ဗျ။
ဦးရော်နီညိမ်း ။

။ ဟုတ်ကဲ့၊ တရုတ်အစိုးရရဲ့ ထောက်လှမ်းရေး မဟုတ်တောင်မှ၊ သူတို့ကို သတင်းပေးနေ တဲ့ လူတွေ၊ မြန်မာပြည်ထဲမှာ အများကြီး ရှိနေတာပဲ။

ထိုင်ဝမ်ထောက်လှမ်းရေးအဖွဲ့ တဖွဲ့ကို၊ မြန်မာအစိုးရက မိသွားခဲ့တာ ကို၊ တရုတ်အစိုးရဘက်က တနည်းတနည်းနဲ့ မသိနိုင်ဘူးလား၊ မသိသွားဘူးလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ မသိနိုင်ဘူး ခင်ဗျ။ ဒီကိစ္စက ကျနော်တို့ ကကလှမ်းမှာ၊ လူတိုင်း မသိဘူး ခင် ဗျ။ အဲဒီအချိန် အဲဒီအခါက ဒီကိစ္စကို လုပ်နေတဲ့သူ

တယောက်နှစ်ယောက်လောက် သိတယ်ဗျာ။ မှတ်မှတ်ရရ ဗျာ၊ ကျနော်သတိ ထားမိတာက၊ အဲဒီအချိန်က Colonel (G.S.) စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း)က၊ အခု
သမ္မတ ကြီးလုပ်နေတဲ့ ဦးသိန်းစိန် ခင်ဗျ။
ဦးရော်နီညိမ်း ။

။ ဒါဆိုရင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ အဲဒီအချိန်က စစ်အစိုးရက၊ ထိုင်ဝမ် ထောက်လှမ်းရေးတွေကို ထပ်ဆင့် အသုံးချပြီး၊ တရုတ်ပြည်

ယူနန်ပြည်နယ်ထဲမှာ တရုတ်အစိုးရ ဘာတွေလုပ် နေသလဲ ဆိုတာကို၊ ထပ်ဆင့်ထောက်လှမ်းနေတဲ့ အလုပ်ကို၊ ဗိုလ်မှူးတို့က လုပ်နေကြတဲ့ သဘောပေါ့။
ဗိုလ်မှူးအောင်လင်းထွဋ်။
ဦးရော်နီညိမ်း ။

။ မှန်ပါတယ် ခင်ဗျ။

။ အဲဒီတော့၊ ဒီလို ပြောလို့ မရဘူးလား။ မြန်မာအစိုးရနဲ့တရုတ်အစိုးရတို့က တကယ်တမ်း လည်ပင်းဖက် ပုခုံးဖက်ထားကြတာက၊

ဟန်ပြကောင်းရုံပဲ၊ တကယ်တမ်းက တယောက်နဲ့တယောက် သူ့အိပ် ထဲမှာ ဘာရှိလဲ၊ ကိုယ့်အိပ်ထဲမှာ ဘာရှိလဲ၊ ချောင်းနေကြတဲ့ သဘော၊ ရှိမနေဘူးလား။
ဗိုလ်မှူးအောင်လင်းထွဋ်။
ဦးရော်နီညိမ်း ။

။ အဲဒီအချိန် အဲဒီအခါက၊ အဲဒီလို ရှိနေတာကတော့၊ အမှန်ပါပဲ ခင်ဗျ။ တရုတ်ကလည်း….

။ အခုကော၊ ဒီအတိုင်းပဲ ဖြစ်မနေဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။

။ အခုလည်းပဲ ဒီအတိုင်း ဖြစ်တော့ဖြစ်တယ်၊ ဒါပေမယ့် မြန်မာအစိုးရက တရုတ် အစိုးရရဲ့ အောက်မှာ၊ အတော်လေးကို ခံနေရပြီ ခင်ဗျ။

တရုတ်ကို သွားသွားကစားရင်းနဲ့ မြန်မာက ခံနေရ တာ။ တရုတ်ကလည်း သူတို့ အကြောင်းကို သိသွားပြီလေဗျာ။
ဦးရော်နီညိမ်း ။

။ အဲဒီတော့၊ ခုနက ထိုင်ဝမ်ထောက်လှမ်းရေးတွေက၊ နောက်ဆုံး ဘယ်လို ဖြစ်သွားလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။

။ နောက်ပိုင်း တောက်လျှောက်မှာ၊ အဲဒီ ၀င်းနိုင်ဆိုတဲ့ ပုဂ္ဂိုလ်ကို၊ အဲဒီအဲဒီအခါ တုန်းက တပ်မတော်ထောက်လှမ်းရေး အကူတပ်က၊

သူတို့က ထိန်းထားတယ် ခင်ဗျ။ ကျနော် အမေရိကားကို ထွက်လာတဲ့ အထိ၊ သူ့ရဲ့ ဖိုင်တွေရော၊ report (အစီရင်ခံစာ) တွေရော၊ ကျနော်တို့ (ကကလှမ်း) ရုံးမှာ
ကျန်ခဲ့ ပါတယ်။
ဦးရော်နီညိမ်း ။

။ လူတွေက ရော။

ဗိုလ်မှူးအောင်လင်းထွဋ်။
ဦးရော်နီညိမ်း ။

။ အဲဒီလိုတော့ ဖြစ်ခဲ့တယ်ပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။
ဦးရော်နီညိမ်း ။

။ လူတွေလည်း၊ နောက်ပိုင်းမှာ ဘယ်လိုဆက်ဖြစ်လဲ ကျနော် မပြောတတ်ဘူး။ ကျနော်တို့ အဖွဲ့တွေ ပြုတ်သွားပြီးတဲ့ နောက်ပိုင်းမှာပေါ့။

။ အဲဒီလို ဖြစ်ခဲ့တာကိုတော့၊ ကျနော်ကိုယ်တိုင် ဒီကိစ္စမှာ ကိုင်တွယ်ပါဝင်ခဲ့ရလို့၊ ကျနော် ပြောတာပါ။

။ ဒါဆို တယောက်နဲ့တယောက် ဟန်ပြပြောနေသလို ဆွေမျိုးပေါက်ဖေါ် ရင်းနှီးချစ်ကြည် မှု မဟုတ်ပဲနဲ့၊ ဖြစ်နေကြတာပေါ့။ အဲဒီတော့

မြန်မာအစိုးရက ခံနေရတဲ့ ဘက်ကို၊ ဘယ်လို ရောက်လာလဲ ခင် ဗျ။ ကိုယ်က သွားပြီး ကစားပေမယ့်၊ တဖြည်းဖြည်း ကိုယ်က ခံလာရတဲ့ အနေအထားကို၊
ဘယ်လိုရောက်လာ ပါသလဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ အဲဒီလိုမျိုးတွေ တရုတ်ကို သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) က၊ သွားသွားလုပ် တယ် ခင်ဗျ။ အဲဒီအချိန် အဲဒီအခါတုန်းကတော့၊

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်က သူ့ကိုယ်သူ ဟုတ်လှပြီ၊ လည်လှပြီလို့ ထင်နေတာပေါ့ ခင်ဗျာ။ အဲဒီလောက်အထိကို သူ့ကိုယ်သူ ဘ၀င်တွေမြင့်ခဲ့တဲ့
အနေအထားမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ကလည်း အချဉ်တော့ မဟုတ်ဘူး။ မြန်မာပြည်မှာ အဲ့ဒီအချိန်က ဘာ income (၀င်ငွေ) မှ မရှိသေးဘူး။
မူးယစ်ဆေးဝါးပိုက်ဆံ (လက်နက်ကိုင် မူးယစ်ဆေးဝါးရာဇာများ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေအစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး၊ မူးယစ်ဆေးဝါးမှ ရရှိနေသောငွေများနှင့်

ကုမ္ပဏီကြီးများ၊ ဘဏ်ကြီးများ၊ လေကြောင်းလိုင်းများ မြန်မာနိုင်ငံတွင် တရားဝင်ထူ ထောင်ကြပြီး၊ ငွေမည်းများကို ငွေဖြူအဖြစ် လျှော်ဖွပ်ကြ ရာမှ၊
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရထံလည်း အခွန်ငွေ၊ ၄င်းတို့၏ လုပ်ငန်းလည်ပတ်ငွေများ အဖြစ် ၀င်လာ ကြသည့်၊ ငွေဖြူများ) ကို မှီခိုရတာ ရှိတယ်။ သစ်ရောင်းလို့
ရတာ ရှိတယ်။ ကျန်တဲ့ ငါးတို့ ရေထွက်ပစ္စည်းတို့ ရောင်းလို့ရတာတွေ ၀င်ငွေ နည်းနည်းပါးပါးပဲ ရှိတယ်။ အဲဒီအချိန်မှာမှ၊ ဗိုလ်ချုပ်ကြီးစောမောင်လက်ထက်က၊
စစ်ပစ္စည်းတွေ (အမေရိကန်ဒေါ်လာ) two billions (သန်းပေါင်းနှစ်ထောင်) ဖိုး ၀ယ်ထားခဲ့တာတွေကို၊ တရုတ် က အကြွေးတောင်းတယ် ခင်ဗျ။ အားလုံးကို
မဆပ်ခိုင်းပေမယ့်၊ အတိုးကို ဆပ်ခိုင်းတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ အဲဒီအချိန်က အတိုးလည်း မပေးနိုင်ဘူး။ တရုတ်ဆိုတာကလည်း၊ စီးပွားရေးသမား
ဆိုတော့၊ အတိုးတောင် မပေးနိုင်တဲ့ အခါကျတော့၊ ကဂျီကဂျောင် ကျရော ခင်ဗျ။ ပူညံပူညံ ဖြစ်တာတွေ၊ အဲဒီအချိန်က ရှိခဲ့ပါတယ်။ တရုတ်ဆီက စစ်ပစ္စည်း two
billions ဖိုး ၀ယ်လိုက်တဲ့ ဟာတွေကလည်း၊ အစုတ်တွေချည့်ပဲ။ လေယာဉ်ပျံတွေကော၊ တင့်ကားတွေကော၊ တော်တော်အျားများက အစုတ်တွေချည့်ပါပဲ။
ဦးရော်နီညိမ်း ။

။ မြန်မာပြည်ကို တရုတ်သမ္မတကျန်ဇီမင်း ရောက်လာခဲ့တယ်။ အဲဒီတုန်းက စပြီး၊ မြန်မာ အစိုးရနဲ့ တရုတ်အစိုးရတို့ သဘောတူညီမှုတွေ၊ MOU

(memorandum of understanding - နားလည်မှုစာ ချွန်လွှာ) တွေ၊ အရေအတွက် တော်တော်များများ စပြီး၊ လက်မှတ်တွေ ထိုးလာခဲ့တယ်၊ ၁၉၈၈ ခုနှစ် နောက်
ပိုင်းမှာ။ အဲဒါတွေလည်း ကျနော်တို့ တွေ့ခဲ့ရပါတယ်။ အဲဒီ အချိန်အခါရော၊ ဗိုလ်မှူးက မှီလိုက်လား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ မှန်ပါတယ် ခင်ဗျ။ အဲဒီဇာတ်လမ်းကို ကျနော်ပြောရရင်၊ ၁၉၉၆ခုနှစ်မှာ ဒီဇာတ် လမ်းက စခဲ့ပါတယ်။ ၁၉၉၆ ပြီးတော့ ၁၉၉၇မှာ၊

အမေရိကန်အပါအ၀င် အနောက်ဥရောပနိုင်ငံတွေ အပါအ ၀င်၊ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖြစ်လာတာ ရှိတယ်။ နောက်တခု သတိထားမိပါလိမ့်မယ်။
အဲဒီ အချိန်ကျမှ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး၊ လူ့အခွင့်အရေးတို့၊ forced labor (အဓမ္မလုပ်အားပေးခိုင်းစေခြင်း) တို့၊ ကလေးစစ်သားကိစ္စတို့ ဆိုတာတွေ က၊ အဲဒီ
၂၀၀၀ ခုနှစ် မတိုင်ခင်လောက်အတွင်းမှာမှ ကုလသမဂ္ဂမှာ ပြဿနာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါတွေ ဖြစ်လာတဲ့အခါကျတော့၊ အနောက်နိုင်ငံတွေထဲကလည်း သူ့
(ဗိုလ်ချုပ် မှူးကြီးသန်းရွှေ) ကို၊ ကယ်မယ့်လူ မရှိတော့ဘူး။ ဘာလို့လဲ ဆိုတော့၊ စီးပွားရေးပိတ်ဆို့တာတို့၊ ၀ိုင်းပြီး pressure (ဖိအား) ပေးတာ တို့တွေ ရှိလာပြီ။
အဲဒီအချိန်အခါမှာ၊ သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) တရုတ်ကို ပြေးပြီး ကပ်ရတဲ့၊ အနေအထားမျိုး ရောက်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ၊ အားလုံး သိကြပါတယ်၊
မြန်မာ နိုင်ငံကို ASEAN ထဲ ၀င်ဖို့ ဘာတို့ ကိစ္စတွေမှာ၊ တရုတ်ရဲ့ အကြံပေးချက်တွေလည်း တစိပ်တပိုင်း ပါပါတယ်။
ဦးရော်နီညိမ်း ။

။ အဲဒီ ၁၉၉၇ ခုနှစ်နောက်ပိုင်း နိုင်ငံတကာက အနောက်အုပ်စုက၊ ပြင်းပြင်းထန်ထန် အရေးယူပိတ် ဆို့ဒဏ်ခတ်တာတွေ လုပ်လိုက်တဲ့အခါမှာ၊

တရုတ်ဘက်ကို ပိုပြီးရွေ့သွားတဲ့ တရုတ်ကို အား ကိုးလာရတဲ့ သဘောကို၊ စလာတာလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ အဲဒီအချိန်အခါမှာ၊ ကျနော်တို့ အဖွဲ့ (ထောက်လှမ်းရေးအဖဲ)ွ့ တွေ အနေနဲ့ သိ လိုက်ပြီ။ သူ ဒီလိုလုပ်နေရင်၊ အနောက်အုပ်စုကလည်း

ဖိအားတွေ တောက်လျှောက်ပေးလာတဲ့ အခါမှာ၊ တရုတ်ဘက်ကို ရောက်သွားမယ် ဆိုတာ။ ဒါက မှန်ပါတယ်။
ဦးရော်နီညိမ်း ။

။ အဲဒီအခါကျတော့၊ ဒီ အမေရိကန်တို့ တရုတ်တို့ အိန္ဒိယတို့ ကြားမှာ၊ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အစိုးရက၊

သွားသွားပြီး ကစားနေတာဟာ၊ နောက်ဆုံးရလဒ်က ဘယ်လို ဖြစ်လာလဲ ခင်ဗျ။ အခုလက်ရှိ စစ်ခေါင်းဆောင်တွေအတွက် ဘယ်လို သင်ခန်းစာယူစရာ ဖြစ်နေပါလဲ
ခင်ဗျ။ အခု စစ်ခေါင်းဆောင်တွေက၊ ပြောမယ်ဆိုရင်တော့၊ အခုအချိန်ထိ နိုင်ငံရေးနဲ့ ပတ်သက်လို့ သံတမန် ရေးနဲ့ ပတ်သက်လို့၊ ရှေ့က လူဟောင်းတွေ
လုပ်သွားသမျှ၊ သူတို့က ခံရမယ့် သဘောမှာ ရှိနေတယ်။ သူတို့ ကတော့ လောလောဆယ်မှာ၊ ပြစ်မျိုးမှည့်မထင် အနေအထားမှာပဲ ရှိသေးတယ်။ ဒါပေမယ့် အခု
သူတို့ တချက် မှားသွားရင်တော့၊ ရှေ့ကလူတွေ လုပ်သွားတဲ့ဟာတွေက၊ သူတို့ရဲ့ အမှား ဖြစ်သွားမယ့် အနေအထား လည်း ရှိနေတယ်။ အဲဒီတော့ ဒါတွေကို
ဗိုလ်မှူး ဘယ်လိုမြင်လဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။

။ ရှေ့က ဖြစ်ခဲ့တဲ့ ဥစ္စာတွေကို၊ အခု လက်ရှိစစ်ခေါင်းဆောင်တွေ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအ၀င်၊ ကျန်တဲ့ အောက်က

စစ်ခေါင်းဆောင်တွေအနေနဲ့၊ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ဗိုလ် ချုပ်ကြီးမောင်အေးတို့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့၊ နောက် ဗိုလ်ချုပ်ကြီးရွှေမန်းတို့ အဖွဲ့တွေ၊
ဘာတွေလုပ်ခဲ့ကြ တယ် ဆိုတာကို၊ သူတို့ ဂဃနဏ သိပုံ မပေါ်ပါဘူး။ တရုတ်နဲ့ပတ်သက်ပြီး ကျနော်ဆက်ပြောချင်တာက၊ ခုန ၂၀၀၁ ခုနှစ်မှာ ကိုရော်နီပြောတဲ့
တရုတ် သမ္မတ ကျန်ဇီမင်းက မြန်မာပြည်လာတယ်။ လာတဲ့အခါမှာ၊ ရေအား လျှပ်စစ်တို့ စီမံကိန်းတွေ အပြင်မှာ၊ တော်တော် များများ သူတို့ (စစ်အစိုးရ)
လက်မှတ်ရေးထိုး ပေးလိုက်ရတာ တွေ ရှိတယ်။ ပထမ အမေရိကန်က ယူနိုကော်လ် (UNOCAL ရေနံကုမ္ပဏ)ီ တို့၊ ပြင်သစ်က တိုတယ်လ် (TOTAL ရေနံကုမ္ပဏ)ီ
တို့က တူးလို့ရတဲ့ gas (သဘာဝဓါတ် ငွေ့)ကို ယိုးဒယားကို ရောင်းခဲ့တယ် ဗျာ။ ဒါတွေ ကနေ ပိုက်ဆံရတာကို မျှော်ကိုးပြီးတော့မှ၊ ကျန်ဇီမင်း လာတဲ့အချိန်မှာ
တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက၊ အဲဒီ အချိန်အခါကျမှ မြန်မာနိုင်ငံထဲမှာ စတင်ရတဲ့ အနေအထားမျိုး ရှိပါတယ်။
ဦးရော်နီညိမ်း ။

။ လက်ရှိ တရုတ-် မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့၊ ထောက်လှမ်းရေးအရာရှိ ဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း

ဦးအောင်လင်းထွဋ်နဲ့၊ ဆက်သွယ်မေးမြန်းပြီး တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ ရှေ့သီတင်း ပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ၊ “တပ်မှူးတပ်သား ပြောစကား”
အပတ်စဉ် ကဏ္ဍမှာ ဦးအောင်လင်းထွဋ်နဲ့ ပြောစကားတွေကို ဆက်ပြီး တင်ဆက်ပေးသွားပါမယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။
http://www.voanews.com/burmese/news/

ဂျပန်ရောက် မြန်မာတို့ ကြံ့ဖွံ့အစိုးရကို ဆန္ဒပြ
ဓာတ်ပုံသတင်း
မေ ၂၈၊ ၂၀၁၁

ယမန်နေ့က တိုကျိုမြို့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန ရှေ့တွင်
ဆန္ဒပြနေသော မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ (AP photos)
A man walks past a group of Myanmar's pro-democracy activists and their supporters staging a protest with portraits of de facto opposition

leader Aung San Suu Kyi in front of Japan's Foreign Ministry in Tokyo Friday, May 27, 2011. The group claimed the military would continue to
hold supreme political power in the country's first civilian government since 1962 that took control in March. Suu Kyi's National League for
Democracy, which won the last elections in 1988 but was blocked from taking power by the military, boycotted the poll last November,
claiming it was held under unfair conditions.

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် - ၃၈၂
ခြေတော်ရာ
မာမာအေး
မေ ၂၈၊ ၂၀၁၁
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ..
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ မာအေးလေ ဆရာကြီးပါရဂူအကြောင်းတွေ ပြောဖြစ်နေတော့ ပုဂံမှာ တရားအား ထုတ်တာေ တွရော၊ ဗုဒ္ဓဂါယာမှာ
မြတ်ဘုရားရဲ့ခြေတော်ရာကောက်ပြီး လျှောက်ဖူးလာတာတွေပါ သတိရနေရောဘဲ၊ အဲ ... ခြေတော်ရာဆိုတာ ကြားလာရပြန်တော့ တခုသော
ခြေတော်ရာပွဲကလေးကို အမှတ်ရမိတာနဲ့ ပြောပါဦးမယ်။
ခြေတော်ရာကို အမှူးထားကျင်းပတဲ့ ပွဲတော်ကြီးကတော့ မကွေးမြို့ရဲ့တဖက်ကမ်း ဧရာဝတီမြစ် အနောက် ဖက်ခြမ်းက မင်းဘူးမြို့ကို ဖြတ်သွားရတဲ့
ရွှေစက်တော်ဘုရားပွဲပါဘဲ။
စက်တော်ရာဘုရား ဦးဆုံးသွားတုန်းကတော့ မူလတောလမ်းမှ တောလမ်းသက်သက်၊ အတက်အဆင်းတောင် သိပ်မညက်သေးပါဘူး၊
ရွှေစက်တော်တောင်ခြေအရောက် ကွေ့ကောက်ရစ်ခွေ ကြည်လင်နေတဲ့ မန်းချောင်း စမ်းရေ ခပ်စပ်စပ်မှာဖြတ်ရလို့ နားနေတဲ့အခါ နနွင်းဝါ၀င်း
ဝါးကပ်ပေါ်ခင်းထားတဲ့ ငါးပေါင်းကျော်တွေဝယ်စား တအားပျော်စရာ စမ်းအိုင်ဝနာနားမှာ ပေါ့။
ရွှေစက်တော်ဘုရား တောင်ခြေအသွားမှာ မန်းချောင်းခေါ်တဲ့ စမ်းပေါက်ချောင်း ကို နှစ်ကြိမ်ဖြတ်ပြီး မှ ရောက် ပါတယ်။ ပွဲခင်းကြီးကကျယ်မှ ကျယ်၊ အနယ်နယ်က
ဆယ့်နှစ်ရာသီဈေးသည်တွေနဲ့၊ ချင်းတောင်ပေါ် က ယော နယ်ဆောနယ်က ဈေးလာရောင်းကြ ဈေးလာဝယ်ကြတဲ့ ပြည်နယ်သားတွေလည်း အစုံတွေ့ရပါတယ်။
ဘယဆေးဘက်ဝင် သစ်ဥသစ်ဖုသစ်မြစ်တွေ၊ မုဆိုးတွေ တောလိုက်ပြီး ကိုယ်တိုင်လာရောင်းတဲ့ ကျားရိုးကျား စွယ်၊ သင်းခွေဂျပ်အခွံ၊ တောင်ဆိတ်ဂျို...
ဆိုတာတွေ၊ ညှို့တန်အပြီးပါတဲ့ စပါးကြီးသည်းခြေတွေ တွေ့ရ တယ်။ ယောမည်းအစစ်နဲ့ အရောင်ဆိုးပြီးယက်တဲ့ ယောလုံ ချည်အစစ်ဟာ ဒီလိုပွဲမှာမှ
ဝယ်လို့ရနိုင်တာတဲ့။ မြို့ကသွားကြသူတွေမို့ တောဟာအသစ်အဆန်း ဖြစ်နေတာပေါ့ရှင်။ တောထဲက ဘုရား တနှစ်တခါ ဖူးနိုင်ကြပါ တယ်။
ဗုဒ္ဓစာပေမှာတော့ သီဟိုကျွန်း “သမန္တကုဋ္ဋတောင်ထိပ်”တွင် “မဏိအက္ခိကနဂါးမင်း” တောင်းပန်၍တဆူ ဇမ္ဗူဒီပါ ကျွန်းမှာ “နမန္တာနဂါး မင်း”တောင်းပန်၍
“နမ္မဒါမြစ်”နားတွင်တဆူ၊ “သဗ္ဗဗန္ဓမထောရ်မြတ်” တောင်းပန်၍ “သဗ္ဗဗန္ဓတောင်ထိပ်” တွင် တဆူရယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ခြေတော်ရာ
ချထားတော်မူခဲ့တာ သုံးဆူသာ တွေ့ရကြောင်းပါရှင်။ ကျန်တာတွေက ပွားထားတာ .. ထားတာပေမယ့် ဗုဒ္ဓကို ကြည်ညိုသဒ္ဒါနဲ့ ပူဇော်ကြတာဆိုရင်
ကုသိုလ်ဖြစ်မှာချည်းပါဘဲ။

မာအေးက ဘုရားပွဲတွေလည်း သီချင်းလိုက်ဆိုခဲ့တာ မဟုတ်လား၊ ဆင်ဖြူကျွန်းမြို့အနီး “ချောင်းထဲ”ခေါ်တဲ့ရွာ က ခြေတော်ရာဘုရားပွဲလည်း ပါတယ်ရှင့်။
ဒါကြောင့် ဗုဒ္ဓခြေတော်ရာ ကောက်ကြောင်းရှာမိတာပါရှင်။ ပွဲကြီး ခင်းထားတာမျိုး ဇာတ်တွေဘာတွေလည်း ရုံသွင်းပါတယ်။ ရွာတောင်ပိုင်းနဲ့မြောက်ပိုင်း
“ခြေတော်ရာ အတု - အစစ်”နဲ့ ပွဲလုခင်းတာတွေလည်း ရှိခဲ့သတဲ့ရှင့်။ မာအေးဘယ်ရွာဖက်အပိုင်းကို ရောက်ခဲ့တာလည်းလို့တောင် မမှတ်မိတော့ပါဘူး။
ဆင်ဖြူကျွန်းကလည်း ဧရာဝတီမြစ် အနောက်ဖက်ခြမ်းမှာဘဲ။ ပစ္စည်းသယ်တဲ့ သုံးတန်ကားကြီးတစီးဘဲ ချိုင့်ေ တွ ကျင်း တွေကြား ခရီးသွား နေရတာဆိုလို့
ပွင့်ဖြူမြို့ မြေကျေးရှင်းက မိတ်ဆွေတယောက်ရဲ့ ပစ်ကပ်ကားက လာကြိုပေးပါတယ်။ မာအေး သီချင်းကျောင်းဖွင့်ထားချိန်ဆိုတော့ (၁၉၇၆) နောက်ပိုင်းပေါ့လေ၊
မိဘစိတ်ချတဲ့ သင်တန်းသူတွေကို လက်တွေ့မြင်အောင် ခရီးသွားရင် ခေါ်သွားဖြစ်ပါတယ်။ နယ်က ကျောင်းဆင်းပြီးတဲ့ တပည့်တွေကလည်း
မာအေးလာမယ်ကြားရင် နီးလို့ကတော့ ဘယ်နေမလဲ ရောက်လာကြတာဘဲ။ ရန်ကုန်ပွဲဆို အကုန်လိုက်ခဲ့ကြတာလေ၊ အဲဒါတွေ လွမ်းနေရတာပေါ့။
ချောင်းထဲပွဲတုန်းက ချိုချိုသန်းရယ် တွံတေးက ၀င်းလဲ့လဲ့စိမ်းရယ် အတူပါသွားတာ၊ သီချင်းဆိုပြီး ပြန်အလာ တာရိုးပေါ် မြင်းလှည်းမတက်နိုင်လို့ ပြုတ်ပျက်ကျတော့
ချောင်းထဲမှာ ရွှံ့တွေဗလပွနဲ့ မထနိုင်လည်း တ၀ါးဝါး ဘဲ။ မာအေးတွဲခဲ့ရတာ စာပေ လောကထဲက ကိုယဉ်ကျော်စုစည်းလာတဲ့ ရုပ်ရှင်ဂီတအဖွဲ့ပါ။ မင်းသမီး မဖြစ်
တတ်ဖြစ်တတ် “ကလီယိုမင်းမင်း” ဆိုတာရယ် ကျွန်းဆွယ်အားကစားမယ်လေး စမ်းစမ်းအေးရယ် အဲဒါဘဲ မှတ်မိတော့တယ်။
မြင်းလှည်းပေါ်ကကျလို့ မထနိုင်တဲ့အခါ အနှိပ်သည်ရှာဘို့ ပြောရပါတယ်။ သူတို့ဆီမှာ အနှိပ်သည်မရှိဘူး။ အနင်းသည် ဘဲရှိတယ်ဆိုပြီး ခေါ်လာပေးတာ ခပ်ပိန်ပိန်
အဒေါ်ကြီးတယောက်ပါ။ တကယ်အံ့ဩစရာ ဘဲ။ အောက်အကြေမှာ အနင်းသည်ဆိုတာ ကြားမှမကြား ဖူးတာဘဲနော။ ခြေမကလေး နဲ့ ခြေဖနောင့် ကိုဘဲသုံး ပြီး
နင်းပေးတာမျိုးပါ။ ကိုယ့်ကိုယ်ပေါ်မှာ လူတယောက်ရှိနေတာတောင် မသိနိုင်အောင် ကုတင်ဘောင်ကိုင်ပြီး ကိုယ်ဖော့နင်းရှာတာ အံ့စရာပါ။ နာရီဝက်သာသာ
တနာရီနီးပါး နင်းပေးပြီးတဲ့အခါ နာတာက်ဥ္တာေ တြေ လ်ာ့ ထော့နဲ့ ထော့နဲ့ မဖြစ်တော့ဘူး။ ဒါကြောင့် အထူးအဆန်း မှတ်တမ်းဝင်ထားခဲ့တာပေါ့။
မာအေးလည်း ကိုယ့်တာဝန်ကျေအောင် လုပ်ရတာနဲ့ မြင်းလှည်းပေါ်ကကျလို့ ခြေနာခဲ့တာနဲ့မို့ လာရင်း အကြောင်းခံ ပွဲခင်းတဲ့ “ခြေတော် ရာ”ကိုဖူးဘို့ရန်
အပြန်လမ်းကျမှ ၀င်သွားမိတော့ကာ ရွာကသဒ္ဒါကို ပိုအံ့ဩ လာရပါတယ်။ ဖူးတွေ့နေကျ တခြားခြေတော်ရာပုံများလို ကျောက်သားမှာ ထုဆစ်ထားတဲ့
ပုံတော်မဟုတ်ဖဲ သဲနဲ့ဘိလပ်မြေပေါင်း ပုံလောင်းထားတဲ့ မီးခိုးရောင် ခြေတော်ရာမျိုးတွေ့လိုက်သလားလို့ ပါ။ မနက်မှုန်ရီမှုန်ဝါးမှာ မျက်စေ့မှားတာလား ...
မသိတော့ပါဘူးရှင်။ ယာယီမဏ္ဍပ် ကလေးဆင်ထားတဲ့ ချောင်းခြောက်သဲပြင်ပေါ်မှာ ဒီအတိုင်းလေး ပူဇော်ထားတာလေ။ ဒီခြေတော်ရာလေးလောက်ကိုတောင်မှ
လုပြီး လှူကြ ပွဲခင်းကြလို့ ရန်စတောင်ပွားခဲ့ကြတယ်ဆိုရင် ဘုရားရှင်စင်စစ်များ ကြွခဲ့လို့ကတော့ ပြောမဖြစ်နိုင်တဲ့ သဒ္ဒါထူးရှင်ေ တွ ပေါ်ဦး မှာလို့ ဗုဒ္ဓကိုရည်မှန်း
ကိုယ့်ပြန်လမ်းမှာ မြည်တမ်းသာဓု ခေါ်ခဲ့ရပါတယ်ရှင်။
** (ဂေါတမ မြတ်ဘုရားဂုဏ်မှ )
ဂေါတမ မြတ်ဘုရားဂုဏ်၊ အဟောဝတအံ့ဩမကုန်၊ အင်္ဂီရဿ အယုတ်အလတ်အမြတ်ပိုင်းခြား သုံးပါးဆယ်လီ ပါရမီတော်အဟုန် xxx ခြောက်ရောင်ကွန့်မြူး
အံ့ကြူးခန့်ခိုင် ဘက်ပြိုင်နှိုင်းမရ ဂေါတမ မြတ်ဘုရားဂုဏ် xx မျက်မှောင်နှစ်သွယ် အလယ်ဗဟို၊ နုဖြူထွားထွား ကောင်းစွာပေါက်ဖွား ဆွဲ၍ဆန့် လျှင် နှစ်တောင်
ခန့်ပင် ရှည် လျား စိန်သားနှစ်သွင် ငွေနန်းချည်မျှင် ဖြူစင်ဝင်းသစ် လင်္ကျာရစ်ခွေ တည်နေ တော်မူပုံ xxx မွေရှ င်တော် အငုံ အဟောဝတ ဂေါတမမြတ်ဘုရားဂုဏ်
xxx
ဘီဘီတွင် အသံလွှင့်ခဲ့သည့်ဆောင်းပါးအား ပြန်လည်ကူးယူဖော်ပြပါသည်။
လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၂၃)
ဖြူဖြူသင်း
မေ ၂၈၊ ၂၀၁၁

လူထုခေါင်းဆောင် လွတ်မြောက်လာပြီးနောက် အတွင်ကျယ်ဆုံး စကားလုံးကတော့ ‘ကွန်ယက်’ ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။ ‘ကွန်ယက်’ဆိုတာက
လူ့အဖွဲ့စည်းမှာက အထူးဆန်းမဟုတ်ပေမယ့် ‘ကွန်ယက်’ကို ဘယ်လိုဖွဲ့တည်မလဲဆိုတာကတော့ အနည်းငယ်ပြောစရာလို ဖြစ်နေတာပါ။
တူရာတူရာ အုပ်စုတွေ အလုပ်တူရာတူရာတွေ ပေါင်းစပ်မှုကို ‘ကွန်ယက်’လို့ အလွယ်ပြောလို့ရမယ် ထင်ပါတယ်။ ဒါပေမယ့် မတူရာတွေပေါင်းစပ်ဖို့
ကြိုးစားလာကြတာကလည်း

‘ကွန်ယက်

ဖွဲ့တယ်’

ဆိုကြပါတယ်။

ဒီလိုဖွဲ့စည်းရာမှာ

လူအများက

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က

ဦးဆောင်မယ်လို့

ထင်မှတ်နေကြတာ ဖြစ်ပါတယ်။ အမှန်တကယ်တမ်းကတော့ လူထုခေါင်းဆောင် မျှော်လင့်ထားတာက ဦးဆောင်သူရယ် မထားရှိဘဲနဲ့ လုပ်နိုင်စွမ်းရှိသူတွေ၊
လက်တွဲသင့်တယ်ထင်တဲ့လူတွေကို ပူးပေါင်း ဆောင်ရွက်ခိုင်းတာသာ ဖြစ်ပါတယ်။
နောက်တခုက

အများစုကြီး

သတိမထားမိတာက

လူမှုရေးလုပ်ငန်းတွေ၊

နိုင်ငံရေးလုပ်ငန်းတွေ

လုပ်ကိုင်နေကြရာမှာ

ပူးပေါင်းဆောင်ရွက်မှု

အနည်းနဲ့အများဆိုသလို ရှိကြတာချည်းပါပဲ။ ဒါပေမယ့်လို့ ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲဆိုတာနဲ့ ဘာတွေကို လက်တွေ့ကျကျ ဆောင်ရွက်နေသလဲ
ဆိုတာပေါ်မှာ

တည်မှီနေတာပါ။

အစရှိတာတွေက

ရှိနှင့်ပြီးသား

လူမှုရေးလှုပ်ရှားနေသူများက
အဖွဲ့စည်းတွေပါ။

ဒါတွေကို

လူမှုရေးကွန်ယက်၊

လူ့အခွင့်ရေးဆောင်ရွက်နေသူများက

ထပ်ပြီးတိုးမြှင့်လုပ်ဆောင်ဖို့

လိုအပ်နေတာ

ဖြစ်ပါတယ်။

လူ့အခွင့်အရေးကွန်ယက်
လူငယ်တွေကြားထဲမှာလည်း

လူချင်းမတွေ့ဆုံနိုင်ပေမယ့် အွန်လိုင်း ချက်တင်တွေကနေပြီးတော့ စကားပြောဆိုနေကြတာလည်း တနည်းအားဖြင့် ကွန်ယက်တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒီလိုကွန်ယက်တွေရဲ့

အားသာမှုတခုကတော့

သတင်းစီးဆင်းမှု

မြန်ဆန်လာတာကိုကြည့်ယုံနဲ့

သိသာလှပါတယ်။

ခုကမ္ဘာပေါ်မှာ

အဖြစ်ပျက်တခုဖြစ်တိုင်း အချိန်နဲ့အမျှဆိုသလို သိရှိကြပြီးတော့ ဒီ ကောင်းမွေ၊ ဆိုးမွေတွေကလည်း တမဟုတ်ချင်းဆိုသလို ပြန့်နှံ့သွားတာပဲဖြစ်ပါတယ်။
ဒီလိုအားသာချက်တွေ

အများကြီးတည်ရှိနေတဲ့အတွက်

မတူညီတဲ့လူတွေဖြစ်နေတော့
တူတာတွေလုပ်နေချိန်မှာ

သဘောထားကြီးပြီး

မတူတာတွေကို

ကွန်ယက်တည်ဆောက်ဖို့ဆိုတာ

အမြော်အမြင်ရှိဖို့

မပြတ်ညှိနှိုင်းနေနိုင်ပြီးတော့

လိုအပ်ပါတယ်။

လွယ်လည်း
နောက်

သဘောထားတူပြီဆိုတာနဲ့

လွယ်ကူလာပါတယ်။

အရေးကြီးတာက

အပြန်လှန်ထိန်းညှိပေးပြီးသားလည်း
ပူးပေါင်းဆောင်ရွက်လိုက်ဖို့ပဲရှိတော့

ဖြစ်သွားမှာပါ။
လုပ်ငန်းတွေ

ပိုမိုမြန်ဆန်လာမှာလည်း ဖြစ်ပါတယ်။
ဒီလို ကွန်ယက်နဲ့ပတ်သက်ပြီး လူငယ်ကွန်ယက်တခုဟာလည်း ပေါ်ပေါက်လာအုံးမှာ ဖြစ်ပါတယ်။ လူငယ်တွေကို ကွန်ယက်ဖွဲ့စည်းမယ်ဆိုရင်တော့
ပိုမိုအားကောင်း မြန်ဆန်လာမှာလည်း ဖြစ်ပါတယ်။ ဒီလို လူငယ်ကွန်ယက်နဲ့ပတ်သက်ပြီးတော့ လူငယ်တယောက်က …
“ကျနော့်အမြင် ပြောရရင်တော့ဗျာ ဒီလိုကွန်ယက်ဖွဲ့တာ အရင်ကတည်းက လုပ်သင့်တာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ကွန်ယက်ဖွဲ့စည်းပြီးလုပ်တာဟာ
တဦးချင်းတဖွဲ့ချင်းလုပ်တာထက်

ပိုပြီးမြန်ဆန်ပြီး

ထိရောက်ပါတယ်။

အခုဆိုရင်

ကျနော်တို့ဆီကလူငယ်တွေဟာ

လွန်ခဲ့တဲ့လေးငါးနှစ်ကထက်စာရင်

ဆက်သွယ်ရေးနည်းပညာတွေကို တွင်တွင်ကျယ်ကျယ် သုံးနေ ကြပြီ။ ဒီလို တိုးတက်လာတဲ့ နည်းပညာတွေနဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအကျိုးကိုသာ
တဦးချင်းမှသည် အဖွဲ့အစည်းများအထိ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ ဆက်သွယ်ဆောင်ရွက်နိုင်မယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် သေချာ
ဖော်ဆောင်နိုင်မယ်လို့ မြင်ပါတယ်။
ဥပမာအနေနဲ့ပြောရရင်တော့ အရင် ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ကြိုးစားတဲ့နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တခုထဲကိုပဲ အားထားနေရတယ်။
အခုလိုမျိုး ကွန်ယက်တွေဖွဲ့ပြီး ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ လူတိုင်းဟာ မိမိတို့ကြုံတွေ့နေကြတဲ့ နေ့စဉ်ဘဝတွေကို အချိန်နဲ့တပြေးညီ အခြားသူများ သိအောင်၊
ပြည်သူများ သိအောင် ဆောင်ရွက်လာနိုင်မှာပါ။ အခု ဒီလိုမျိုးလုပ်ရင်းနဲ့ တဦးနဲ့တဦး နားလည်မှုတွေ ရလာမယ်၊ နောက်ဆုံး ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီ
နိုင်ငံတော်သစ်ကို ထူထောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”
ဒီကနေ့ လူငယ်တွေအနေနဲ့ ဆက်သွယ်ရေး နည်းပညာအသစ်တွေနဲ့ ဆက်သွယ်နေကြတာ အားရစရာ ကောင်းလှပါတယ်။ တဦးတယောက်ထက်ပိုတဲ့
ကိစ္စရပ်တွေ လုပ်ဆောင်နေတာလည်း ကြားရ မြင်နေရပါတယ်။ ဖေ့စ်ဘွတ်ကတော့ လူသုံးအများဆုံး နည်းပညာဖြစ်နေတော့ ဒီလို အင်တာနက် အွန်လိုင်းတွေ
သုံးကြဖို့လည်း လိုအပ်လှပါတယ်။
နည်းပညာသုံးပြီးတော့ ကိုယ်ယုံကြည်ရာ ဒါမှမဟုတ် တိုင်းပြည်ကောင်းဖို့ အားလုံးနဲ့ ချိတ်ဆက်မိသွားရင် ကိုယ့်ပန်းတိုင်ကိုမြင်ရမှာ ဖြစ်ပါတယ်။
တိုင်းပြည်မှာ ဒီမိုကရေစီ အစစ်အမှန် ထွန်းကားအောင် လုပ်ဆောင်ကြပါ။ ဆက်သွယ်ရေးလမ်းကြောင်းသစ်တွေ ရှာဖွေပြီးကောင်းမွန်တဲ့ အိုင်ဒီယာတွေနဲ့
ပြည်သူတွေကို အလုပ်အကျွေးပြုကြပါစို့လို့ တိုက်တွန်းနှိုးဆော်ပါရစေ။
ကျမ မဖြူဖြူသင်းပါ။

(လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုအစီအစဉ်ကို ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)
သရုပ်ဖော် ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်

ကာတွန်း စောငို - ဆွေပြ မျိုးပြ

မေ ၂၈၊ ၂၀၁၁

နာရေးကူညီမှုအသင်း (ရန်ကုန)် ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
မေ ၂၈၊ ၂၀၁၁

သမီးလေး ရယ်နိုင်ပြီ
နာရေးကူညီမှုအသင်း(ရန်ကုန)် ရှိ
ကုသပေးလျှက်ရှိရာ

နေ့စဉ်

လူနာစုစုပေါင်း

သုခကုသိုလ်ဖြစ်ဆေးခန်းတွင်
၂၀၀

ကျော်ကို

အခမဲ့

လူမျိုးဘာသာ၊

ဆင်းရဲချမ်းသာ

ကုသပေးလျှက်ရှိသည်။

မရွေးတို့၏

ရောဂါဝေဒနာများကို

သုခကုသိုလ်ဖြစ်ဆေးခန်းသည်

အခမဲ့

ဆေးခန်းသန့်ရှင်းရေး၊

ပိုးမွှားများသန့်စင်ရေး အတွက် လကုန်ရက် ၁ ရက်တည်းသာ ပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး စေတနာရှင် ဆရာဝန်ကြီးများ ၅၀ ဦးခန့်ဖြင့် အခမဲ့
ကုသပေးလျှက်ရှိသည်။

ထိုသို့ကုသပေးရာတွင် မျက်စိ၊ အရိုး အကြော၊ နား နှာခေါင်း လည်ချောင်း၊ မီးယပ်သားဖွား၊ အပ်စိုက်၊ အရေပြား၊ ကလေးအထူးကု၊ အထွေထွေရောဂါ၊ အသေးစား
ခွဲစိတ်မှုများ၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ E.C.G၊ U.S.Gနှင့် မကြာမီ ရက်ပိုင်းအတွင်း မျက်စိခွဲစိတ်ခန်းကိုပါ ဖွင့်လှစ်နိုင်တော့မည် ဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းမှ ကိုယ်တိုင်ကိုယ်ကျ ကုသမှုမပေးနိုင်သော ဝေဒနာရှင်များအား သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်၍ ကုသစားရိတ်အား

သတ်မှတ်ချက်ဖြင့် အကုန်အကျခံကာ ကူညီကုသပေးလျှက်ရှိရာ ၂၀၁၁ ခုနှစ်၊ မတ်လအတွင်း၌ ဧရာဝတီတိုင်းနေ မနှင်းနုဇော် အသက် ၁၄ နှစ် အရွယ်ရှိ ၇
တန်းကျောင်းသူ မိန်းကလေးငယ်သည် ငယ်စဉ်အရွယ်က နေအိမ်ရှိ မီးဖိုခန်းအတွင်း ရေနွေးအိုးပေါ်သို့ မှောက်လျက်လဲမိရာမှ မေးရိုး၊ ရင်ဘတ်နှင့် ပေါင်တံတို့တွင်
ရေနွေးပူလောင်ကျွမ်းကာ အရေပြားများ ပျက်စီးသွားခဲ့သည်။

ယင်း ဒဏ်ရာဒဏ်ချက်သည် ငယ်စဉ်အရွယ်၌ မိဘများက သတိမထားမိသော်လည်း ယခု ၇ တန်း ကျောင်းသူအရွယ်သို့ ရောက်ရှိသောအချိန်တွင်
ထိုမီးလောင်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာသော အမာရွတ်ဆိုးကြီးသည် ကလေးငယ်၏ ဘဝရှင်သန်မှုအား အကြီးမားဆုံး အနှောင့်အယှက် ဖြစ်စေတော့သည်။
စာသင်ကျောင်းသို့ သွားရာတွင် သူငယ်ချင်း အပေါင်းအသင်းများမှ မခေါ်မပြော ပြုလုပ်ခြင်း၊ အိမ်နီးပတ်ဝန်းကျင်တွင်လည်း ကစားဖော်မရှိခြင်းတို့ကြောင့်
ကလေးငယ်မှာ စိတ်ခံစားမှုများ ဖြစ်ပေါ်လာတော့သည်။ ထို့ကြောင့် မိဘများမှ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်နေ ဦးဋ္ဌေးလွင်မှတဆင့် သုခကုသိုလ်ဖြစ်ဆေးခန်း
(ရန်ကုန)် သို့ ဆက်သွယ်ကာ ကလေးငယ်၏ မေးစေ့အသားအရေမှ ရင်ညွန့်အထိ တွဲကပ်နေသော ရေနွေးပူလောင် အရေပြားကြီးအား ကလေးငယ်၏
ဘဝရှေ့ရေးအတွက် လာရောက်အကူအညီတောင်းခဲ့ကြသည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန)် မှ သုခကုသိုလ်ဖြစ်ဆေးခန်းမှတဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်၍ ခွဲစိတ်ခန်းခဖိုးငွေ ပေးအပ်ကာ
ကလေးငယ်၏ အနာဂတ်ရေးအား ရှေးရှုကာ ကူညီဖေးမမှုကို ပြုလုပ်နိုင်ခဲ့သည်။ ခွဲစိတ်ပြီးသည့်နောက် ကလေးငယ်နှင့် အုပ်ထိန်းသူမိဘများမှ နေရပ်ဖြစ်သော
ဧရာဝတီတိုင်းသို့မပြန်မီ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကာ ကျေးဇူးတင် ဝမ်းသာစကားကို ပြောကြားခဲ့ကြသည်။ ယခုမူ မနှင်းနုဇော် တယောက် ရယ်နိုင်၊
ပြုံးနိုင်၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် လက်ချင်းတွဲကာ လူ့ဘဝခရီးလမ်းကြောင်းပေါ်တွင် အနိုင်မခံ အရှုံးမပေး၊ မားမားမတ်မတ် လျှောက်လှမ်းနိုင်တော့မည်
ဖြစ်ပါသည်။

သင်တန်းဆင်းပွဲ
နာရေးကူညီမှုအသင်း(ရန်ကုန)် တွင် မျိုးဆက်သစ်ကလေးငယ်များအား နွေရာသီ အခြေခံ အင်္ဂလိပ်စာသင်တန်းအား ၂၀၁၁ ခုနှစ်၌ ဒုတိယအကြိမ်အဖြစ်
၅.၃.၂၀၁၁ နေ့တွင် Levels အလိုက် ခွဲခြားရန် စမ်းသပ်ဖြေဆိုမှုများကို စတင်ဖြေဆိုခဲ့ပြီး ၁၄.၃.၂၀၁၁ (တနင်္လာ)နေ့မှစ၍ မျိုးဆက်သစ် ကလေးငယ် အယောက်
၅၀၀ ကျော်တို့အား လုပ်အားပေး ဆရာ/မ ၁၄ ဦးတို့မှ တပါတ်လျှင် ၆ ရက်၊ Group ၄ ခုနှင့် Section ၁၅ ခုခွဲ၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

မျိုးဆက်သစ်ကလေးငယ်များအတွက် အင်္ဂလိပ်စာသင်တန်းသည် မရှိမဖြစ် မတတ်မဖြစ်သော ပညာရပ် ဘာသာရပ်တခုဖြစ်သည်။ ကမာ့နိုင်ငံအသီးသီးတွင်
စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့် ကဏ္ဍနယ်ပယ်များတွင် အင်္ဂလိပ်စာ ဘာသာရပ်ဖြင့် လူမျိုးအသီးသီးတို့က ပြောဆို၊ သုံးနှုန်း၊ ရေးသား၊
ဖတ်ကြားခြင်းများကို

အဓိကထားနေချိန်တွင်

ကျွန်တော်တို့

မြန်မာ့မျိုးဆက်သစ်

ကလေးငယ်များလည်း

ကမာနှင့်

ရင်ဘောင်တန်းနိုင်စေရန်ရည်ရွယ်၍

နာရေးကူညီမှုအသင်း(ရန်ကုန)် တွင် ပညာဒါနအဖြစ် (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချပေးခြင်းဖြစ်သည်။

ယနေ့ ၂၇.၅.၂၀၁၁ (သောကြာ)နေ့တွင် မျိုးဆက်သစ်ကလေးငယ်များအား နွေရာသီ အခြေခံ အင်္ဂလိပ်စာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားအား
ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်လှစ် ပို့ချခဲ့ရာတွင် မျိုးဆက်သစ်ကလေးငယ် ၅၀၀ ကျော်အနက် ပျက်ရက်မရှိ (100%)အပြည့် တက်ရောက်ခဲ့သည့် ကျောင်းသား/သူ ၆၈
ဦး၊ ကျောင်းခေါ်ချိန် (75%)ပြည့် ကျောင်းသား/သူ ၁၈၂ ဦးနှင့် Group ၄ ခုနှင့် Section ၁၅ ခုမှ ထူးချွန်သည့် ကျောင်းသား/သူ ၃၄ ဦးတို့အား
သင်တန်းဆရာ/မများတို့မှ အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန)် ၏ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ)
ရွှေဇီးကွက်မှ မျိုးဆက်သစ်ကလေးငယ်တို့အတွက် အားပေးစကားပြောကြားခဲ့ပြီး မျိုးဆက်သစ်ကလေးငယ်များတို့မှလည်း ပြန်လည်၍ ကျေးဇူးတင်စကားများ
ပြောကြားပြီးနောက် တနှစ်ပါတ်လုံး စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သည့် ပုံမှန်သင်တန်းဖြစ်သော တက္ကသိုလ်ဝင်တန်းအောင်မှစပြီး 4 Skill သင်တန်းများ

ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေကြပြီဖြစ်ပါသည်။

http://www.moemaka.com/

News Date:5/28/2011
လူနေကျေးရွာသို့ ခိုအောင်းလာသော တောဆင်ရိုင်းများ အသတ်ခံရ
Font size:
-------စံလင်း
-------စားကျက်နည်းပါးလာသဖြင့် တောင်ကုတ်မြို့နယ်မှ လူနေ ကျေးရွာများ အနီး ခိုအောင်းလာသော ဆင်အုပ် တစ်ခုထဲမှ ဆင်များ အသတ်ခံခဲ့ရကြောင်း
ကျယ်ကျယ်ပြန့်ပြန့် သတင်း ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ ဆင်အုပ်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ တရဘ ကျေးရွာအုပ်စုနှင့် ပေါက်ပြင်ကျေးရွာအုပ်စု ရွာအနီးအနား အတွင်း ခိုအောင်းလာသော ဆင်အုပ်
ဖြစ်ကြောင်း သိရသည်။
"ဒီဆင်အုပ်က ဆင် ၁၂ကောင်ရှိတာ။ ခုတော့ ငါးကောင်ပဲ ကျန်တော့တယ်။ ဆင်ကလေးတွေပဲ ကျန်ပြီး ဆင်ကြီးက တစ်ကောင်တည်း ပါတယ်။
တခြားဆင်ကြီးတွေ အသတ်ခံလိုက်ရတယ်လို့ ကြားရတယ်။ ဆင်စွယ်လိုက်နေတဲ့ မုဆိုးတွေ ဖြစ်ဖို့များတယ်" ဟု တရဘရွာ အနီးဘုန်းတော်ကြီးကျောင်း တစ်ခုမှ
သံဃာတစ်ပါးက မိန့်ကြား သည်။
ဆင်ရိုင်း ၁၂ ကောင် ပါသော အဆိုပါ ဆင်အုပ်သည် ကျေးရွာသားများ စိုက်ပျိုးထားသော ငှက်ပျောခင်းများ၊ နာနတ်ခင်းများအား ၀င်ရောက်လာပြီး
စားသောက်ဖျက်ဆီးကြပြီး နောက်ပိုင်း အခုအခါ အဆိုပါ ဆင်အုပ်တွင် ဆင်ကလေးများနှင့် ဆင် (၇) ကောင်သာ ပါတော့ကြောင်း သိရသည်။
" ရွာနားက ဥယျာဉ်ထဲမှာ ဆင်တွေ ၀င်လာပြီး ညဆိုရင်ရွာစပ်က ငှက်ပျောခင်းကို ဝင်စားတယ်။ ဥယျာဉ်တွေထဲက နာနတ်သီးတွေကိုလည်း စားတယ်။ အခုတော့
ဆင်စားလို့ ငှက်ပျော ခိုင်တွေရော နာနတ်သီးတွေပါ ကုန်ပြီ။ တစ်ခါ တစ်ခါ ဥယျာဉ်ထဲက တဲတွေ၊ ရွာစွန်က တဲတွေကို တောင် လာဖျက်တယ်လေ" ဟု
ရွာခံတစ်ဦးကပြောသည်။
တောဆင်ရိုင်းများကြောင့် ဥယျာဉ်များ ပျက်စီးနေသဖြင့် ဒေသခံများ စီးပွားပျက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ရခိုင်ရိုးမှာ တောဆင်ရိုင်းများ ကျက်စားရာ နာမည်ကြီး ရိုးမ တစ်ခု ဖြစ်ပြီး အခုအခါ ဒေသအတွင်းမှ စစ်အရာရှိများမှ စီးပွားရေး သမားများနှင့် ပူးပေါင်းက
သစ်များကို မဆင်မခြင် ထုတ်လုပ်နေသဖြင့် သစ်တောများ အကြီးအကျယ် ပြုန်းတီးနေကြောင်း သိရသည်။ သို့အတွက် ဆင်ကျက်စားများ ဆုတ်ယုတ်
နည်းပါးလာသဖြင့် လူတို့၏ စိုက်ခင်းများသို့ ရွှေ့ပြောင်း ကျက်စား လာခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းပြင် ဆင်မုဆိုးများနှင့် စစ်တပ် တပ်ရင်း တချို့မှ တရားမ၀င် ဆင်များကို လိုက်လံ သတ်ဖြတ်မူများ ရှိနေပြီး ရရှိလာသော ဆင်စွယ်များကို သူတို့
အဆက်အသွယ်ဖြင့် တရုတ်ပြည်ထိတင်ပို့ ကြကြောင်း သိရသည်။

News Date:5/28/2011

မူးယစ်ဆးဝါး သယ်ဆောင်သူ အမျိုးသမီးနှင့် ကားဒရိုင်ဘာ မောင်တောတွင် ဖမ်းဆီးခံရ
Font size:
-----------တာကလူး
-----------အမျိုးသမီး တစ်ဦးနှင့် ကားဒရိုင်ဘာ တစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မှောင်ခို တင်သွင်းလာသည့် ဖန်ဆီဒိုင်း၊ မော်ဖိန်းများနှင့် အတူ သောကြာနေ့က ရဲမှ
မောင်တောမြို့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးရမိသော အိန္ဒိယမှ ဖန်စီဒိုင်းများကို မြေညှိစက်ဖြင့် ဖျက်ဆီးပစ်ရန် စီစဉ် နေစဉ်။
" သူတို့ ဆီက ဖမ်းဆီး ရမိတာက ဖန်ဆီဒိုင် အလုံး ၅၀နဲ့ မှော်ဖိန်း အလုံး ၃၀ ဖြစ်ပါတယ်။ သောကြာနေ့ နံနက်မှာ နယ်စပ်မြို့ မောင်တောကနေ စစ်တွေကို
သွားမလို့ လုပ်နေတုန်း ဒေသခံရဲတွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်" ဟု ရဲနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ နှစ်ဦးမှာ မောင်တောမြို့နယ် အောင်ဗလကျေးရွာမှ ဒေါ်သန်းမြိုင်နှင့် ဟိုင်းလက်စ်ကား ဒရိုင်ဘာ ဦးဝင်းမြင့်တို့ ဖြစ်ကြသည်ဟု သိရသည်။
" ဒေါ်သန်းမြိုင်က မူးယစ်ဆေးဝါးတွေကို ယူဆောင်ပြီး စစ်တွေကို သွားဖို့ အောင်ဗလ ကျေးရွာက အထွက် ရွှေဇားတံတား အနီးမှာ အဖမ်းခံရတာ ဖြစ်ပါတယ်။
မနက်ပိုင်း ၅ နာရီ ခန့်မှာ သူမက ဘူးသီးတောင်-စစ်တွေ သင်္ဘောအမှီ ကားနဲ့ သွားတာမှာ ဒရိုင်ဘာနဲ့ အတူ အဖမ်းခံရတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။
ရဲက သတင်းအရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး သူတို့နှစ်ဦးကို ယခုအခါ မောင်တော ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သိရသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ့ နိုင်ငံအကြား မူးယစ်ဆေးဝါး မှောင်ခို ကူးသန်းရောင်းဝယ်ရေးမှာ အမြတ်အစွန်းကောင်းသဖြင့် အထူး တွင်ကျယ်နေသော
စီးပွါးရေးဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားနေသူများသည် မြန်မာဘက်မှ ယာဘစိတ်ကြွဆေးများကို ဘင်္ဂလားဒေခ်ျ့ဘက်သို့
တင်ပို့နေကြပြီး၊ ဘင်္ဂလာဒေခ်ျ့ဘက်မှ ဖန်ဆီဒိုင်လ်၊ မော်ဖိန်းနှင့် ဆေးခြောက်တို့ကို မြန်မာဘက်သို့ အပြန်အလှန် တင်ပို့နေကြသည်ဟု နယ်စပ် သတင်း
ရပ်ကွက်များက ဆိုသည်။
ရခိုင်ပြည်နယ် သံတွဲ ငပလီ ကမ်းခြေမှာ သောက်သုံးရေ ရရှိရေး အတွက် မိုးရေလှောင် ဆည်တစ်ခုကို တည်ဆောက်သွားဖို့ အာဏာပိုင်တွေက စီစဉ်နေတယ်လို့
သိရပါတယ်။ ငပလီကမ်းခြေ ဇီးဖြူကုန်း ကျေးရွာ အနောက်ဘက်ရှိ လျှိုမြောင်နဲ့ လယ်မြေများပေါ်တွင် တည်ဆောက်သွားမှာ ဖြစ်တဲ့ အတွက် ငပလီ၊ ဇီးဖြူကုန်းနဲ့
မဇင် စတဲ့ ကျေးရွာတွေက လယ်သမားတွေကတော့ လျော်ကြေး မပေးဘဲ လယ်မြေတွေ သိမ်းခံရမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

လွှတ်ငြိမ်းချမ်းသာခွင့်ပြီးနောက် စစ်တွေမှာ သူခိုးတွေ အထူး သောင်းကျန်းနေတယ်လို့ ပြောပါတယ်။ ဦးသိန်းစိန်ရဲ့ လွှတ်ငြိမ်း ချမ်းသာခွင့်ကြောင့်
စစ်တွေထောင်က လွှတ်လာတဲ့ ထောင်သားတွေ အထဲမှာ သူခိုး အကျဉ်းသား ၅၀ နဲ့ ၆၀ အကြားမှာ ပါဝင်ပြီး အခုအခါ ဂိုဏ်းဖွဲ့ ကျူးလွန်နေကြတယ်လို့
ဆိုပါတယ်။ လွန်ခဲ့တဲ့ ကြာသပတေးနေ့ ညဥ့်မှာ စစ်တွေ လမ်းမကြီးက သတင်းစာ ကိုယ်စားလှယ် ဦးသိန်းမောင် ဆိုင်ခန်းကို ဖေါက်ထွင်းသွားတယ်လို့
သိရပါတယ်။

ယခုတလော စစ်တွေမှာ ရေပန်းစားနေတဲ့ သတင်းကတော့ ကြံ့ဖွံ့ ပါတီ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးကျော်ရင် သူများသားမယားကို ကြာကူလီရိုက်တဲ့
သတင်းဘဲ ဖြစ်ပါတယ်။ ခုလို သူများမိန်းမကို အိုးတန်းရပ်ကွက်က အိမ်တစ်ခုမှာ ကြာကူလီ ရိုက်နေတုန်း အိမ်က မိန်းမဖြစ်သူမှ လက်ပူး လက်ကြပ်မိတဲ့ အတွက်
မိန်းမ နှစ်ဦး ထွေးလုံးရိုက်ပုတ်ကြတာက တရုတ်သိုင်းကားတွေလောက် ကြည့်မကောင်းပေမယ့် လောလောဆယ်မှာတော့ စစ်တွေမှာ လူတွေ စိတ်ဝင်တစားနဲ့
အပြောအများဆုံး သတင်း ဖြစ်နေတယ်လို့ သိရပါတယ်။

ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
2011-05-28
နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့နဲ့ တိုးတက်ဖို့ဆိုရင် အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ လိုအပ်ကြောင်း မေလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၁၉၉ဝ
ရွေးကောက်ပွဲ နှစ်ပတ်လည် နေ့ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀ဝ၂ ခုနှစ် ဒီဇင်ဘာလ စည်းရုံးရေးခရီးစဉ်တခုအတွင်း မိန့်ခွန်းပြောကြားစဉ် တက်ရောက်လာသော လူထု တစိတ်တဒေသကို
တွေ့မြင်ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
“၁၉၈၈ ခုနှစ် ပြည်သူလူထုရဲ့ အုံကြွမှုကြီးကနေ ပေါက်ဖွားလာတဲ့ အဲဒီရွေးကောက်ပွဲကို ကျင်းပစဉ် အခါတုန်းက ကျမတို့ကို ပေးခဲ့တဲ့ကတိတွေ၊ အဲဒီတုန်းက နဝတ
ပေါ့နော်။ ပေးခဲ့တဲ့ကတိ ဆိုတာဟာ ပြည်သူလူထုကို ပေးခဲ့တဲ့ကတိတွေ။ ပြီးတော့ နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့၊ နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့ ဆိုတာဟာ
အခြေခံအားဖြင့် ပြည်သူလူထုကို လေးစားရမယ်။ ပြည်သူလူထုကို လေးစားရမယ်ဆိုတာ ပြည်သူလူထုကို မလှည့်ဖျားရဘူး။ ပြည်သူလူထုကို အခု
စကားတမျိုးပြောပြီး နောက် စကားတမျိုး မပြောရဘူး။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုတာကို ကျမတို့ အမြဲ
ကန့်ကွက်တယ်။ အမြဲ ကန့်ကွက်တဲ့အကြောင်းက NLD ကို အာဏာ မလွှဲလို့ မဟုတ်ဘူး၊ ပြည်သူလူထုကို မလေးစားလို့”
ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ပါတီဌာနချုပ်မှာ မနေ့က ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုခဲ့တာပါ။
ဒါ့အပြင် NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရဲရဲဝံ့ဝံ့ ပါဝင်
လက်မှတ်ရေးထိုးကြဖို့ အခမ်းအနားမှာ ဖိတ်ခေါ် ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ လုံးပမ်းမှာပဲ။ ဥပဒေနည်းအရလည်း လုံးပမ်းမှာပဲ။ ငြိမ်းချမ်းသောနည်းအားဖြင့် လုံးပမ်းမှာပဲ။ အခုလည်း လက်မှတ်တွေ ထိုးခိုင်းနေတယ်။
လက်မှတ်တွေ ထိုးကြပါ။ အခုကြားတယ်၊ ရွံ့သလိုလို ကြောက်သလိုလို ဘာညာနဲ့။ ဘာ ရွံ့သလို ကြောက်သလို ဖြစ်နေရမှာလဲ။ အခုက သူတို့ကိုယ်သူတို့
စစ်အစိုးရ မဟုတ်ဘူးလို့ ပြောနေတယ်၊ အရပ်သားအစိုးရလို့ ပြောတယ်။ အဲဒီအရပ်သား အစိုးရ တကယ် ဟုတ်မဟုတ်၊ သူတို့ စိတ်ဓာတ် အမှန် ရှိမရှိ ကျနော်တို့
စမ်းသပ်တဲ့အနေနဲ့ လက်မှတ်တွေ ထိုးပါလို့ ကျနော်တို့ ပြောချင်တယ်”
၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ နဝတ/ နအဖ
စစ်အစိုးရ အဆက်ဆက်က ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ (၂၁) နှစ်ပြည့် အခမ်းအနားမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြောစကားတွေကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က
ကောက်နှုတ် တင်ပြထားပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျ၏ မိခင် ကွယ်လွန်
2011-05-28
လားရှိုးအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျရဲ့ အသက် (၇၉) နှစ် အရွယ် မိခင်ဖြစ်သူ
သောကြာနေ့ညက ကွယ်လွန် အနိစ္စရောက် သွားခဲ့ပါတယ်။

AFP
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ၂၀ဝ၆ခုနှစ် ဇူလိုင် ၁၉ရက် အာဇာနည်နေ့က အာဇာနည် ဗိမာန်သို့ အလေးပြုရန် စုဝေး သွားရောက်နေသည့်
မှတ်တမ်းပုံ ဖြစ်ပါသည်။ (ရှေ့တန်း ဝဲမှယာ) ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုမင်းကိုနိုင်။ (Photo: AFP)
မိခင်ဖြစ်သူရဲ့ ဈာပနကို ကိုမင်းဇေယျ နောက်ဆုံး ဂါဝရ ပြုခွင့်ရရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က သမ္မတသစ် ဦးသိန်းစိန် အစိုးရထံ ဒီကနေ့
မေတ္တာရပ်ခံလိုက်တယ်လို့ အာအက်ဖ်အေက စုံစမ်း သိရှိရပါတယ်။
ဒီအကြောင်း အသေးစိတ်ကို အာအက်ဖ်အေ သတင်းထောက် ကိုမိုးကျော်က သတင်းပေးပို့ထားပါတယ်။

ဆေးရုံပေါ်က ဦးဝင်းတင် ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး
2011-05-28
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှတော်ဝင် အထူးကုဆေးရုံမှာ တက်ရောက်ပြီး ဆေးကုသမှု ခံယူနေတဲ့ NLD အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဒီကနေ့ သွားရောက်တွေ့ဆုံပြီး အားပေး သတင်းမေးခဲ့ပါတယ်။

Photo: AFP
စစ်အစိုးရက ၁၉ နှစ်ကြာ ဖမ်းဆီးထားခဲ့သည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (ဝဲ) ၂၀ဝ၈ စက်တင်ဘာ ၂၃ရက်နေ့က ထောင်မှ လွတ်လာခဲ့ပြီးနောက်
သူနေထိုင်မည့် အင်းစိန်ရှိ မိတ်ဆွေ၏ အိမ်သို့ ရောက်ရှိလာစဉ် ဝမ်းသာလှိုက်လှဲစွာ ဆီးကြိုနှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်းလွဲ ၃ နာရီလောက်မှာ ဆေးရုံကို ရောက်ရှိလာပြီး ဦးဝင်းတင်နဲ့ တွေ့ဆုံသွားတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က
ပြောပါတယ်။
အရေပြားနာ မပျောက်ကင်းနိုင်တာကြောင့် ကျန်းမာရေး စစ်ဆေးဖို့ ကြာသပတေးနေ့က ဆေးရုံ စ,တက်ရပြီး အခုတော့ ကျန်းမာရေး အခြေအနေ
ကောင်းမွန်လာပါပြီလို့ ဦးဝင်းတင်က အာအက်ဖ်အေကို ပြောပါတယ်။
“ကျန်းမာရေး အခြေအနေကတော့ ကောင်းတယ်လို့ ပြောရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ခြေထောက်မှာပေါက်တဲ့ ရေယုန်အနာတွေက
တော်တော်နာပြီး လမ်းမလျှောက်နိုင်ဘူး။ လူတယောက် နှစ်ယောက် အကူအညီ မရှိဘဲနဲ့ လျှောက်လို့မရတဲ့ အခြေအနေ၊ ဒါတခုပဲ။ ကျန်တဲ့ ကျန်းမာရေး
အခြေအနေက တော်တော်ကောင်းတယ်။ ကျနော် ဆေးရုံရောက်တော့ အသည်းတို့၊ နှလုံးတို့၊ ကျောက်ကပ်တို့ ဆိုတဲ့ဟာတွေ Ultra Sound တွေ ရိုက်ပြီးတော့
စစ်ဆေးဖို့လိုတယ် ဆိုလို့ စစ်ဆေးပါတယ်။ အဲဒါတွေ အကုန်လုံးက ကောင်းတယ်လို့ ပြောပါတယ်”
ကျန်းမာရေး အခြေအနေ တိုးတက်လာတဲ့အတွက် ဒီ တရက် နှစ်ရက်အတွင်း ဆေးရုံက ဆင်းခွင့် ရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးဝင်းတင်က
ပြောပါတယ်။
ဆရာဦးဝင်းတင်ဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ နှစ်ပတ်လည် အခမ်းအနားနေ့ကို တက်ရောက်ဖို့ အားခဲထားခဲ့ပေမယ့် မတက်ရောက်နိုင်ခဲ့ပါဘူး။ မေလ ၂၆
ရက်နေ့က ရေချိုးခန်းထဲမှာ ချော်လဲခဲ့ပြီးနောက် အကြီးအကျယ် ထိခိုက်ဒဏ်ရာ မရရှိပေမယ့် ဆေးစစ်ခံယူဖို့ မိသားစုဆရာဝန်က ညွှန်ကြားတဲ့အတိုင်း ဆေးရုံ
တက်လိုက်ရတာ ဖြစ်ပါတယ်။
အမေရိကန်အမတ် John McCain ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည်
2011-05-28
အမေရိကန် အထက်လွှတ်တော် အမတ် John McCain ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇွန်လ ၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့ NLD
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
Mr. John McCain ဟာ ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ် ရှိတယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

Mr. McCain ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးသလို သမ္မတသစ် ဦးသိန်းစိန်
အပါအဝင် အစိုးရ အဆင့်မြင့် တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့မတွေ့လည်း မသိရသေးပါဘူး။
မဇ္ဈိမ အွန်လိုင်းသတင်းမှာတော့ Mr. McCain ဟာ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အာဏာပိုင်တွေနဲ့
တွေ့ဆုံဖွယ် ရှိတယ်လို့ သံတမန် သတင်းရပ်ကွက်ကို ကိုးကား ဖော်ပြထားပါတယ်။

Mr. John McCain ဟာ ၁၉၈၈ ခုနှစ်ကစပြီး ၂ဝ၁ဝ ထိ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တဲ့ မြန်မာ စစ်အစိုးရကို အဝေဖန်ဆုံး အမေရိကန် အထက်လွှတ်တော်
အမတ်တဦး ဖြစ်ပါတယ်။ ၂ဝဝ၈ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Republican ပါတီ သမ္မတလောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒီမိုကရက်ပါတီက
သမ္မတလောင်း အိုဘားမားကို အရေးနိမ့်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် အမေရိကန် ပြည်ထောင်စုက အဆင့်မြင့် ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံကို လာရောက်ခဲ့ကြရာမှာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဒုတိယအကြိမ် ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့အပြင်
နိုင်ငံခြားရေး ဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာအစိုးရအပေါ် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ဖို့ မစဉ်းစားခင် ထင်ရှားသိသာတဲ့
အပြောင်းအလဲတွေ မြင်တွေ့လိုကြောင်း ပြောဆိုခဲ့ပါတယ်။
KIA နဲ့ မြန်မာအစိုးရ တိုက်ပွဲဖြစ်ပွား
2011-05-28
ကချင် လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တို့ မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၂၇) နဲ့ မန်စီမြို့အနီးမှာ နှစ်ဘက်တပ်တွေ ထိပ်တိုက် ရင်ဆိုင်တွေ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း တရုတ်မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။
“မနေ့က မနက် ၁ဝ နာရီ ၄၅ လောက်မှာ ဖြစ်တာ။ ပွဲကတော့ ပက်ပင်းဖြစ်တာပါ။ တိုက်ပွဲကြီး ဖြစ်တယ်တော့ မဟုတ်ဘူး။ KIA တပ်မဟာ (၃) နဲ့ တပ်ရင်း (၂၇) က
တပ်စုတစုနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ခလရ (၁ဝ၅) တပ်ခွဲတခွဲနဲ့ ဖြစ်တာ။ နာရီဝက်လောက် အပြန်အလှန် ပစ်ကြတာ။ KIA ဘက်ကလည်း
ဆုတ်သွားတယ်။ ညနေပိုင်းမှာ နှစ်ဘက်တပ်ဖြည့်တယ်။ ဗမာစစ်တပ်ဘက်မှာလည်း ခမရ (၃၉) လာဖြည့်တယ်။ KIA ကလည်း သူ့တပ်ကို အင်အားဖြည့်ပြီးတော့
ဆိုင်နေကြတာ အခုထက်ထိတော့ သေနတ်သံ ထပ်မကြားရသေးဘူး”
ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ KIA တပ်စခန်းတွေအနီးမှာရှိတဲ့ အစိုးရတပ်တွေကို မေလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ KIA က
ရာဇသံ ပေးပြီးနောက် နှစ်ရက်အကြာမှာ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
KIA အဖွဲ့ဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး တောင်းဆိုချက်ကို
ငြင်းဆန်ခဲ့အတွက် နှစ်ဘက် အခြေအနေ တင်းမာခဲ့ပါတယ်။
http://www.rfa.org/burmese

မုန်တိုင်းမိလို့ ပင်လယ်ထဲမျောပါပျောက်ဆုံးသွားသည့် ရေလုပ်သားများရဲ့ ဇနီးသည်တွေ မိမိတို့လင်သားလုပ်အားခနဲ့ နစ်နာကြေးမရ
ပြီးခဲ့သည့် မတ်လလယ်မှာ လေပြင်းမုန်တိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားသည့် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်မှ ရေလုပ်သား (၈၀၀) ခန့်၏ ကျန်ရစ်သည့်
ဇနီးသည်များမှာ ၎င်းတို့၏ယောက်ျားများသတင်း ယခုအချိန်ထိ တိတိကျမသိရသည့်အပြင် လုပ်အားခနှင့် နစ်နာ ကြေးငွေလည်းမရကြသည့်အတွက်
ဒုက္ခတွေ့နေရကြောင်း ရေလုပ်သားအရေး ကူညီလုပ်ဆောင်နေသူများက ပြောသည်။
ယခုချိန်ထိ ပျောက်ဆုံးနေသည့် ရေလုပ်သား အတော်များများရှိနေပြီး ကျန်ရစ်သည့် မိသားစုဝင်များမှတဆင့် သိရှိရသည့် စာရင်းများအရ ယခုမေလထဲမှာပင်
နောက်ထပ် ရေလုပ်သား (၃၀၀) ကျော် ပျောက်ဆုံးစာရင်းရရှိကြောင်းနှင့် ယခင်က (၄၀၀)ကျော်စာရင်းရရှိထားသည့်အတွက် ရေလုပ်သား ၈၀၀ ခန့်
ပျောက်ဆုံးစာရင်း ကောက်ခံရရှိကြောင်း ဖျာပုံခရိုင်နှင့် ဘိုကလေးဒေသတွင်းက ရေလုပ်သားအရေးကူညီ လုပ်ဆောင်ပေးနေသူများက ပြောသည်။
“မုန်တိုင်းတိုက်ပြီးတော့ ဧပြီလအတွင်းမှာဘဲ ပျောက်ဆုံးရေလုပ်သား (၄၀၀)ကျော်စာရင်းကောက်ခံရတယ်။ အခု မတ်လထဲမှာ (၃၀၀)ကျော်ကောက်ခံရတယ်ဗျာ။
အဲဒါက ဖျာပုံနဲ့ ဘိုကလေးပိုင်ဒေသတွင်းက ရေလုပ်သားစာရင်းတွေပါ၊ အများစုက ၀ါးဖောင်လိုက်တယ် ဝါးဖောင်က အစိုးရကို တရားဝင်လိုင်စင်တင်လုပ်တဲ့
ဖောင်မဟုတ်ဘူး ခိုးလုပ်တဲ့ဝါးဖောင်ဖြစ်နေတော့ အဲဒီမှာလုပ်တဲ့ ရေလုပ်သားစာရင်းက တဖြည်းတဖြည်းနဲ့မှသိရ တာမျိုးပေါ့” ဟုပြောသည်။
မုန်တိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားကြသည့် ရေလုပ်သားများမှာ ဖျာပုံနှင့်ဘိုကလေးဒေသတွင်းက ဒေါ်ညိမ်း၊ ကဗျက်၊ ကမံတာ၊ ဖိုးညို၊ ဘုန်းကြီးသောင်၊
ကုလားထိပ်၊ နောင်မီးစသည့် ကျေးရွာများမှ ဖြစ်ကြသည်။
အဆိုပါ ရေလုပ်သားများသည် ဝါးဖောင်လိုက်ကြရသည့်သူအများစုဖြစ်ပြီး ၎င်းတို့မှာ ထက်ယံ၊ မင်းရွှေစင်၊ ပြည့်စုံကျော်၊ နိုင်အောင်ကျော်၊ စိန်ဇင်ယော်၊ မာန်သစ်၊
နေ၀င်း၊ စိန်မင်္ဂလာ၊ တိုးတက်ကျော်နှင့် ချီးသဲကြီးအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်သည်။
မုန်တိုင်းတိုက်ခတ်ခံရပြီး ပင်လယ်ထဲမျောပါသွားသည်မှာ (၂) လကျော်အထိ သတင်းအစအနမရသည့် ရေလုပ်သားများ၏ ဇနီးသည်များက လုပ်ငန်းရှင်များထံ
၎င်းတို့၏ ယောင်္ကျားများအား မည်သည့်နေရာတွင် ရောက်ရှိနေပြီး မည်ကဲ့သို့ ဆက်သွယ်ရမည်ကို သွားရောက်စုံစမ်းမှုများ ယနေ့အထိရှိနေသေးကြောင်း
ဖျာပုံခရိုင်တွင်း ရေလုပ်သားအရေး အကူအညီလုပ်ဆောင်ပေးနေသူတဦးက ပြောသည်။
“ဒေါ်စန်းမြင့်ဆိုတဲ့ အမျိုးသမီးက ဒေါ်ညိမ်းကျေးရွာက၊ နောက်တယောက်က မလှလှဝေဆိုတာ ဖိုးညိုရွာက သူတို့လင်သားတွေရဲ့သတင်း ဘာမှမသိရသေးတော့
သူတို့လင်သားတွေကို တွေ့ချင်ကြောင်းနဲ့ ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို ကဗျက်ရွာမှာနေတဲ့ လုပ်ငန်းရှင်ဆီ မနေ့က သွားမေးတယ်။ ပြီးတော့
သူတို့ယောက်ျားတွေရဲ့ လုပ်အားခတွေ သွားတောင်းတယ်။ လုပ်ငန်းရှင်က စာရင်းရှင်းမပေးဘူး သူတို့ယောင်္ကျားတွေရှိနေသေးတယ်ပေါ့ ပြန်လာမှ
ရှင်းပေးမယ်အဲလိုပြောတာ။ ဒါကလိမ်တာ အခု (၂)လကျော်နေပြီ ဘယ်လို အသက်ရှင်မှာလဲ သဘောကတော့ တာဝန်မယူတော့ဘူးပေါ့ဗျာ”ဟု ပြောသည်။
ဝါးဖောင်လုပ်ငန်းရှင်အများစုသည် ၎င်းတို့ဝါးဖောင် (၁၀၀)ထွက်ခွာမည်ဆိုလျှင် အစိုးရထံ ၄၀ သာစာရင်းတင် တရားဝင်ထွက်ခွာခြင်းဖြစ်ပြီး အခြားဖောင်များမှာ
ခိုးဖောင်အဖြစ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
မုန်တိုင်းကြောင့် မျောပါခဲ့သည့် ဖောင်အများစုမှာ ခိုးဖောင်များဖြစ်ပြီး ရေလုပ်သားအများစုလိုက်ပါ အလုပ်လုပ်ကိုင်ခဲ့သည့် ဖောင်များဖြစ်နေသည့်အတွက်
ရေလုပ်သားအများစု၏ ကျန်ရစ်သည့် မိသားစုများမှာ လုပ်အားခ ခံစားခွင့်အပါအ၀င် နစ်နာကြေး စသည့် ရပိုင်ခွင့်များ ဆုံးရှုံးနေရပြီး လင်လည်းဆုံး
လုပ်အားခလည်း ဆုံးရှုံးရသည့်အဖြစ်နှင့် ရင်ဆိုင်နေကြရသည့် မိသားစုဝင်အတော်များများရှိနေကြောင်း ဖျာပုံခရိုင် ရေလုပ်သားများအရေးကူညီ
လုပ်ကိုင်နေသူများက ပြောသည်။
ဖျာပုံမြို့နယ် ကျားဖမ်းပိုက်အသင်း ဥက္ကဌ ဦးသံချောင်းက မတ်လ (၃၀)ရက်နေ့အထိ ရေလုပ်သား (၁၂၀၀၀) ကယ်ဆယ်ရရှိခဲ့ပြီး ရေလုပ်သား (၆၀၀)ခန့်
ပျောက်ဆုံးနေကြောင်းနှင့် မုန်တိုင်းကြောင့် မျောပါခဲ့ရသည့် ကျားဖောင်နှင့် ငါးဖမ်းပိုက်များအပါအ၀င် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း

(၆၀၀၀)ကျော်ရှိကြောင်း ဧပြီလအတွင်းက ပြောကြားခဲ့သည်။
အဆိုပါ မုန်တိုင်းမိ ရေလုပ်သမားအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ ပြည်သူ့လွှတ်တော်အမတ် ဗိုလ်ချုပ်ဟောင်း
ဦးစိုးနိုင်က ဧပြီလ (၇)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ နောင်မီးရွာမှ ရေလုပ်သား (၁၈၀၀)အတွက် ငွေကျပ် တစ်သောင်းနှုန်း လှူဒါန်းခဲ့သည်။ အဆိုပါ
နောင်မီးကျေးရွာတွင် ရေလုပ်သား (၃)ထောင်ကျော်ရှိနေသည့်အတွက် အချို့သာ အလှူငွေရရှိခဲ့သည်။
မတ်လ(၁၅) ရက်နေ့က တိုက်ခိုက်ခဲ့သည့် မုန်တိုင်းကြောင့် ဖျားပုံခရိုင်တွင်းမှ ပင်လယ်ပြင်ရေလုပ်သား တစ်သောင်းမှနှစ်သောင်းအထိ မျောပါခဲ့ကြောင်း
ရေလုပ်ငန်းတာဝန်ရှိသူများက ပြောသည်။ ရေလုပ်သား (၅၀၀) နီးပါးခန့်ကို ထိုင်းငါးဖမ်းလှေများက ကယ်ဆယ်နိုင်ခဲ့ပြီး အချို့ရေလုပ်သားများမှာ
အိမ်နီးနိုင်ငံများအထိ ရောက်ရှိနေသည်များလည်းရှိသည်။ အဆိုပါ မုန်တိုင်းမိရေလုပ်သားများအရေးကို အစိုးရတာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက်
ကူညီဖြေရှင်းပေးနိုင်ခြင်း ယခုအချိန်ထိ မရှိသေးကြောင်း ရေလုပ်သားအများအရေး ကူညီလုပ်ကိုင်နေသူများ ပြောကြားခဲ့သည်။
သတင်း | May 27th, 2011 | စာရေးသူ - ဖြိုးကြီး
ထောင်ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ် ကလေးထောင်အကျဉ်းသားများ ခံစားနေရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးအကျဉ်းထောင်တွင်းရှိ အကျဉ်းသားများမှာ ထောင်ပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ကျန်းမာရေးထိခိုက်မှုများ
ကြုံတွေ့နေရသည်ဟု ထောင်ဝင်စာသွားတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က ပြောသည်။
“ကလေးထောင် အပြင်ဘက်မှာက ဝက်တွေမွေးထားတယ်၊ အဲဒီဝက်တွေရဲ့ ချေးနံ့၊ သေးနံ့တွေက နေ့တိုင်းနံနေတယ်၊ ထောင်အထဲမှာကလည်း
အဲဒီဝက်မိလ္လာအနံ့က တောက်လျှောက်နံနေတယ်၊ အကျဉ်းသားတွေက နေ့တိုင်း အဲဒီညစ်ညမ်းတဲ့အနံ့ကို ရူနေရတယ်” ဟု ပြောသည်။
ထို့အပြင် အကျဉ်းထောင်အတွင်းရှိ သစ်ခွဲစက်မှ နေ့စဉ်ထွက်သည့် မီးခိုးငွေ့များမှာလည်း အလွန်ဆိုးဝါးပြီး ကျန်းမာရေးထိခိုက်မှုရှိနေကြောင်း ၎င်းက
ဆက်ပြောသည်။
“သစ်ခွဲစက်က မီးခိုးငွေ့ကို အကျဉ်းသားတွေက နေ့တိုင်းရူနေရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုက မရှိတဲ့အခါကြတော့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးဟာ
အသက်အန္တရာယ်တောင် စိုးရိမ်နေရတယ်” ဟု ထောင်ဝင်စာသွားတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က ဆက်လက်ပြောသည်။
ယင်းကဲ့သို့ အခြေအနေများကြောင့် ကလေးအကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုနှင့်အခြား
အကျဉ်းသားအခွင့်အရေးများ ရရှိရန်အတွက် လက်မှတ်ထိုးတောင်းဆိုမှုများပြုလုပ်ထားသည်။
ယခုလ(၁၁) ရက်နေ့တွင် အရှင်ဂန္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားလေးဦးက လက်မှတ်ထိုးတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး (၁၈) ရက်နေ့တွင် နောက်ထပ်
နိုင်ငံရေးအကျဉ်းသား ရှစ်ဦးက ထပ်မံလက်မှတ်ထိုး တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်ဝင်စာတွေ့ရန်လာသည့် မိသားစုဝင်များနှင့် လွတ်လပ်စွာ စကားပြောဆိုခွင့်၊ အဝေးမှ မိသားစုများနှင့် (၁၅)ရက် တကြိမ်
ဆယ်မိနစ်ဖုန်းဆက်သွယ်ခွင့် ရရှိရေး၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားလွတ်လပ်စွာ ကြည့်ရှု နားထောင်ခွင့်နှင့် အကျဉ်းထောင် လက်စွဲဥပဒေပါ လူ့အခွင့်အရေးများ၊
နောက်ဆက်တွဲ ညွှန်ကြားချက်များပါ အခွင့်အရေးများအတိုင်း တသွေမတိမ်း ရရှိခံစားခွင့်တို့ကို တောင်းဆိုထားသည်။
ယင်းတောင်းဆိုချက်များကို ယခုလ (၁၈) ရက်နေ့ ရက်စွဲဖြင့် တောင်ကုတ်မြို့နယ် NLD အဖွဲ့ဝင် ကိုမင်းအောင်၊ ကိုနေလင်းအောင်၊ ကိုမြင့်လှိုင်၊ ကိုလှိုင်မျိုး (ခေါ်)
မျိုးကြီး၊ ကိုအောင်အောင်၊ ဦးသိန်းလွင်ဦး၊ ကိုရန်ရွှေနဲ့ ဦးအေးချိုတို့က လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတကြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)၊
ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ် (ICRC)နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့ (ILO) ရန်ကုန်သို့ တင်ပြတောင်းဆိုထားသည်။
သတင်း | May 27th, 2011 | စာရေးသူ - ရိုးမ ၃
ဦးမြင့်အေး အသဲကြီးရောဂါ ခံစားနေရပြီး အသက်အန္တရာယ် စိုးရိမ်နေရ
ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်တွင်း ထောင်ဒဏ်နှစ်ရှည်ကျခံနေရသည့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် ခေါင်းဆောင် ဦးမြင့်အေး
အသဲကြီးရောဂါ ခံစားနေရပြီး အသက်အန္တရာယ်အတွက် စိုးရိမ်ရကြောင်း ထောင်ဝင်စာသွားတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က ပြောသည်။

ဦးမြင့်အေး
ယခုလ (၈) ရက်နေ့ ဓါတ်မှန်အဖြေအရ အသဲကြီးရောဂါဖြစ်ပွားနေပြီး အခြားရောဂါများလည်း ခံစားနေရကြောင်း ၎င်းက ပြောသည်။
“ဦးမြင့်အေးက လေးလပိုင်း လောက်ကတည်းက တနေ့ကို ဆေး (၁၀) မျိုးကျော်လောက် နေ့စဉ်သုံးစွဲနေရတာ၊ အခုဓါတ်မှန် အဖြေရတော့ အဲဒီအခြေအနေကို
အပြင်မှာရှိတဲ့ သူ့မိတ်ဆွေ ဆရာဝန်ကို ပြောပြတော့ ဒါဟာ အသက်အန္တရာယ်စိုးရိမ် ရတယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။
ဦးမြင့်အေးသည် ယခင်ကတည်းက ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ အခံရှိကြောင်း အဆိုပါ ထောင်ဝင်စာသွားတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး၏
မိသားစုဝင်က ဆက်ပြောသည်။
ဦးမြင့်အေး၏ ကျန်းမာရေးအခြေအနေအရ လိုအပ်လျှင် ထောင်ပြောင်း ဆေးကုသခွင့်တင်ပြီး အခြားကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း
၎င်းက ဆက်ပြောသည်။

ဦးမြင့်အေးကို ၂၀၀၈ ခုနှစ်အတွင်း အင်းစိန်တရားရုံးက ဖောက်ခွဲမှုပုဒ်မ (၃/၆)၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုတို့ဖြင့်
တသက်တကျွန်းနှင့် ထောင်ဒဏ် (၈) နှစ်ချမှတ်ကာ မိသားစုဝင်များနှင့်ဝေးသည့် လွိုင်ကော်ထောင်သို့ ပို့ဆောင်ခံထားရသည်။
ဦးမြင့်အေးသည် ၂၀၀၁ ခုနှစ်ကတည်းက စတင်ကာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) ကို တည်ထောင်ခဲ့သူဖြစ်ပြီး လူ့အခွင့်အရေး
ပညာပေးမှုများကို မြန်မာပြည်အနှံ့ဆောင်ရွက်ခဲ့သူဖြစ်သည်။
http://www.yoma3.org/

Saturday, 28 May 2011
စောဘဦးကြီး မူ ၄ ချက်ကို ကားပါမစ်နှင့် လဲစားသူများ မြိုင်ကြီးငူ ဆရာတော် ကြိမ်းမောင်း
မြိုင်ကြီး ငူဆရာတော်မှာ ကြံဖွတ်အစိုးရကို သစ္စာခံ နေသော ဗိုလ်ကျော်သန်း၊ ဗိုလ်ချစ်သူ နှင့်ဖါးနွီးတို့ အား
ပြည်သူလူထုအပေါ်သစ္စာရှိရန်၊ ဒီကေဘီအေ နှင့်ကေအင်ယူတို့ နှင့် ပြန်လည်ပေါင်းစည်းရန် ရာဇာသံပေးထားကြောင်း ထပ်မံသတင်းရရှိပါတယ်။ ဆရာတော်က
မောင်ချစ်သူအား မင်း စောဘဦးကြီးမူ ၄ ချက်ကို ကားပါမစ်နဲ့ လဲစားတဲ့ကောင် ငါ့ ကျောင်းကို မလာနဲ့  မင်း မျက်နှာမကြည့်ချင်ဘူး ဟု အေပြီလ က
ဆူပူကြိမ်းမောင်းထားဘူးကြောင်း ဒီကေဘီအေ သတင်းရပ်ကွက်က ဆိုပါတယ်။
ကိုမင်းဇေယျာ မိခင်ကြီးကွယ်လွန်ခြင်း
လားရှိုးအကျဉ်းထောင်

၆၅နှစ်

ဒေါ်(မိ)ချစ်ဖွား(၇၆)နှစ်သည်

၆လ

မွန်ပြည်နယ်၊မုဒုံမြို

ပြစ်ဒဏ်စီရင်ခြင်းခံထားရသော

ကိုမင်းဇေယျ

့နယ်၊ကမာဝက်ကျေးရွာနေအိမ်တွင်လူကြီးရောဂါဖြင့်

မိခင်ကြီး

၂၇.၅.၂၀၁၁ခုနှစ်

ညး

၁၁နာရီ၂၀မိနစ်တွင်ကွယ်လွန်သွားခဲ့ပါသည်။ကွယ်လွန်ချိန်တွင် ခင်ပွန်း-နိုင်ဘရင်နှင့်သားသမီး(၈)ဦး ကျန်ရစ်ခဲ့ပါသည်။
အသုဘဈာပနအစီအစဉ်မှာ...
၂၉.၅.၂၀၁၁

ခုနှစ်နေ

့လည်(၁)နာရီ

မွန်ပြည်နယ်၊မုဒုံမြို

့နယ်၊ကမာဝက်ကျေးရွာသုဿန်တွင်ဂူသွင်းသင်္ဂြိုလ်မည်ဖြစ်ပါသည်။

၃.၆.၂၀၁၁ ခုနှစ် တွင်ရက်လည်ဆွေးကျွေးပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။
သိန်းစိန်တရုပ်ကနေ ငွေ ချေးတာရလာတယ်။ ပြန်ဆပ်ဖို့ အစီအစဉ်ရှိမရှိဟုသိရ။

သိန်းစိန်ကိုတရုပ်က ကူညီငွေ ယူရို ငွေ ၅၄၀ ပေးလိုက်တယ်။ ဒေါ်လာနဲ့ ဆိုရင်သန်း ၇၆၅ ခန့် ရှိမယ်။ ဒီငွေက
လူထုနဲ့ တပ်မတော်သားတွေအတွက်သိပ်သုံးမယ်မထင်ဘူး။ သူတို့  အိပ်ကပ်ထဲကို ပဲရောက်ဦးမှာဖြစ်တယ်။ ဒါပေမဲ့

ဒီငွေ ကို နောင်တချိန်မှာ လူထုအစိုးရ

ကတရုပ်အစိုးရကို ပြန်ဆပ်ရမဲ့သဘောရှိတယ်။ တရုပ်က အမေရိကန်ကို ဂရုမစိုက်တဲ့သဘောကိုလည်းပြသလိုက်တာပေါ့။ ဒီထက်ပိုပြီးလေးနက်တာကတော့
တရုပ်က သန်းရွှေ အုပ်စုကို စိတ်ကုန်နေတယ်။အခွင့်အရေးရလို့ ပေါင်းနေတာပါ။ သန်းရွှေခေတ်က မှာတရုပ်က မြန်မာ ကြောင့် အရှက်တကွဲ
ဖြစ်ခဲ့ရတာတွေရှိနေတယ်။ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ပြုပြင်ပြောင်းလဲမှု တွေကို တရုပ်တို့ မြင်ခြင်တယ်။ သိန်းစိန်သွားတဲ့အခါမှာ ငွေ ကိုကူညီလိုက်တယ်ဆိုတော့
သိန်းစိန်ကို မျက်နာသာပေးလိုက်တဲ့သဘောလည်းရှိပါတယ်။
ဂျွန်မက်ကိန်း မဲဆောက်ကိုလာမည်ဟု သတင်းရ

ဂျွန်မက်ကိန်း မဲဆောက်ကိုလာမည်။ မဲဆောက်ရှိ မြန်မာဒုက္ခသည်များ စုစည်းပြီးသွားရောက်တွေ့ ဆုံသင့်တယ်။ သူက ရန်ကုန်ကိုလဲသွားမယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်။
http://komoethee.blogspot.com/

မူစယ် ၁၀၅ မိုင်တွင် ကယ်ရီထော်လာဂျီများ အဖမ်းခံရ
Friday, 27 May 2011 23:50 သျမ်းသံထတာ်ဆင့်
တရုတ်နယ်စပ် ကျယ်ထဂါင်မြို့မှထမေသြဇာနှင့်ဘိလပ် ထမေအိတ်များ သယ်ထဆာင်လာသည့် ထော်လာဂျီယာဉ် ၁၀ စီးထကျာ် ကို ယခုလ ၂၄ ရက်ထန့က
မူစယ် ၁၀၅ မိုင်ကုန်သွယ်ထရးဇုန် စစ်ထဆးထရးဂိတ်တွင်ဖမ်းဆီး ေားရာ ယထန့အေိ ပေန်လည် လွတ်ထပးခေင်းမရှိထသး ထကြာင်း သိရသည် ။
ယခင်က ၎င်းကုန်များ သယ်ထဆာင်ရာတွင် မူစယ် ၁၀၅ မိုင်ဇုန် စစ်ထဆးထရးဂိတ်မှ ကင်းလွတ်ခွင့်ပေုခဲ့ပြီး ေို ထန့က ရုတ်တရက်ဖမ်းဆီးလိုက်ခေင်း

ဖေစ်ထကြာင်း မူစယ်ထေသခံ ထော်လာဂျီသမား တစ်ဦးကသျမ်းသံထတာ်ဆင့် သို့ ထပောသည်။
“အရင်ကဆိုရင် မစစ်ထဆးဘူး။ ညှိစရာလည်းမလိုဘူး၊ စစ်ထဆးထရးဂိတ် ထရာက်တာနဲ့ ထော်လာဂျီ တစ်စီး ကျပ် ၃၀၀၀ စီထပးပြီးသွားလိုက်ရုံပဲ အခုက
မရထတာ့ဘူး မူစယ် ၁၀၅ မိုင်မှာ တစ်ခါတည်းဖမ်းေားလိုက်တာ ေီထန့အေိ ပေန်မလွတ် ထသးဘူး” ဟု သူက ဆိုသည်။
ထော်လာဂျီသမားများမှာ မူစယ်ထေသခံများဖေစ်ပြီး ကုန်သည်များေံမှ အခထကြးထငွယူ၍ အငှားလိုက်ခေင်း ဖေစ်ထကြာင်း သိရသည် ။
အဆိုပါထမေသြဇာနှင့် ဘိလပ်ထမေများကို မူစယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်ထရးဇုန်အထကျာ် နမ့်အွန်ရွာအေိ သယ်ယူပြီး ေိုမှတဆင့် လားရိူးဘက်သို့
သယ်ယူခေင်းဖေစ်ထကြာင်း သိရသည် ။