အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့

အပိုင်း (၁)
ဒီတခေါက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာပြီးနောက်ပိုင်း ပြောဆိုချက်တွေ၊ ဆုံးဖြတ်
ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ရင်တထိတ်ထိတ် နားစွင့်ရင်း ကြည့်ရှုရင်း ကျနော့်ခေါင်းထဲမှာ ဒွိဟဖြစ်နေတဲ့
အမြင်တခုဟာ ကြာလေလေ ပိုရှင်းလေလေ ဆိုသလို ဖြစ်လာတယ်။ ဘယ်လိုအမြင်လဆ
ဲိုတော့ အဆုံးအရှုံး ကြီး
မားလွန်းပြီး ပေးဆပ်မှုသက်သက်နဲ့သာ အချိန်ကုန်ခဲ့ရတဲ့ နှမြောစရာ၊ ကြေကွဲစရာ (၂၃) နှစ်အတွင်းမှာ ကျနော်
တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ဒီမိုကရေစီရချင်ဇောနဲ့ “ဘောလုံးလည်း မကန်တတ်၊ သွေးပူလေ့ကျင့်ခန်း
တောင် မလုပ်ဖူးတဲ့သူကို အသင်းခေါင်းဆောင် လက်ပတ်ပေးပြီး ကွင်းထဲ အတင်းတွန်းပို့သလိုမျိုး ဖြစ်ခဲ့ပြီလား”
ဆိုတဲ့အမြင်ပါ။
ဒီလိုဖြစ်ခဲ့ရတာမှာလည်း ကျနော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့ မသိစိတ်မှာ ငြိတွယ်နေတဲ့ အစဉ်အလာကို အလွန်
အကျွံ ယုံကြည်ကိုးစားလွန်းတဲ့ အလေ့အထက အကြောင်းတချက်အနေနဲ့ ပါမယ်လို့ ထင်ပါတယ်။ ဘောလုံး
ကြိုက်တတ်တဲ့ ကျနော်တို့တတွေဟာ ကမ္ဘာ့ဘောလုံးလောကမှာ အဖေ ဆီဇာမယ်လ်ဒီနီ ဘောလုံးထူးချွန်သလို
သား ပေါ်လိုမယ်လ်ဒီနီလည်း ဘောလုံးထူးချွန်၊ အဖေ ဖရန့်ခ်ရစ်ချတ်ဂျော့ခ်ျလမ်းပတ် ဘောလုံးထူးချွန်သလို
သား ဖရန့်ခ်ဂျိမ်းစ်လမ်းပတ်လည်း ဘောလုံးထူးချွန်၊ အဖေ ဟယ်ရီရက်ဒ်နက်ပ် ဘောလုံးထူးချွန်သလို သား ဂျေမီ
ရက်ဒ်နက်ပ်လည်း ဘောလုံးထူးချွန်ဆိုတဲ့ အစဉ်အလာမျိုးတွေကို ခေါင်းထဲစွဲထားတတ်သလို အမေရိကန်သမ္မတ
ထဲမှာဆိုလည်း အဖေ ဂျော့အိပ်ခ်ျဒဗလျူဘုရှ်၊ သား ဂျော့ဒဗလျူဘုရှ် ဆိုတဲ့ အဖေသမ္မတ၊ သားသမ္မတ အစဉ်အ
လာမျိုးတွေ ရှိခဲ့လေတော့ ဘယ်နယ်ပယ်မှာမဆို မိဘတွေ ထူးချွန်ရင် သားသမီးလည်း ထူးချွန်မှာပဲဆိုတဲ့ အစဉ်
အလာကို အီကွေးရှင်းချတတ်ကြတဲ့ အလေ့အထတွေ မသိစိတ်မှာ စွဲကပ်နေခဲ့ကြတာမျိုးကို ဆိုချင်တာပါ။
ဒါကြောင့် ဗမာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်အောင်ဆန်းက ထူးချွန်ပြောင်မြောက်တဲ့ လုပ်ရပ်တွေနဲ့ လွတ်လပ်ရေးရ
အောင် စွမ်းဆောင်ပြခဲ့သလို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီမိုကရေစီရအောင် စွမ်းဆောင်နိုင်မှာပဲ
ဆိုတဲ့ စိတ်တွေနဲ့ (၂၃) နှစ်လုံးလုံး ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစားခဲ့ကြတယ်။ ယုံမှတ်လို့ ပုံအပ်ခဲ့ကြ
တယ် (ဒီလို အစပျိုးနေလို့ မောင်လွဏ်းဆွေကလေးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တွယ်တော့မှာပဲ ထင်ပြီး
“ဒေါ်စုထိ ဓားကြည့်” ဆိုသူများ စိတ်စောရင်မောတာတွေ၊ ဆဲချင်ဆိုချင်တဲ့ အကုသိုလ်စိတ်တွေ မဖြစ်ကြဖို့နဲ့ စိတ်
အေးအေးထားပြီး နိဂုံးပိုင်းအထိ ဆက်ဖတ်ကြဖို့ ကြိုတင်ပြီး မေတ္တာရပ်ခံချင်ပါတယ်)။
၈၈ အရေးတော်ပုံကြီးအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် တရားစဟောတာကိုမြင်တာနဲ့ မြန်မာပြည်သူလူထု ၀မ်း
သာအားတက်ဖြစ်ခဲ့ကြတယ်။ “မျှော်လင့်တုန်း ကြော့ဆုံးလာစေချင်” ဆိုတဲ့ သီချင်းလိုပါပဲ၊ မဆလ (၂၆) နှစ်လုံး
လုံး ခေါင်းဆောင်ငတ်ခဲ့တဲ့၊ ခေါင်းဆောင်ကို ငံ့လင့်နေတဲ့ မြန်မာပြည်သူလူထုဟာ သူတို့ကြည်ညိုလေးစားတဲ့ အ
မျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးလည်း ဆိုင်းမဆင့်ဗုံမဆင့် ဒီမိုကရေစီတိုက်ပွဲထဲ ဆင်းလာ
ရော ခေါင်းဆောင်မှုနေရာကို ၀မ်းသာအားရ အတင်းထိုးတင်ခဲ့ကြတယ် (ကျနော့်တဦးချင်းအမြင်အရတော့ ဒေါ်
အောင်ဆန်းစုကြည် တိုက်ပွဲထဲဝင်လာတဲ့အပေါ် ရှိနေတဲ့ လက်ကျန်နိုင်ငံရေးသမားတွေ၊ ကျောင်းသားခေါင်း
ဆောင်တွေရဲ့ အခန်းကဏ္ဍတွေ မှေးမှိန်လောက်အောင်ကိုပဲ ကျနော်တို့ပြည်သူလူထုက အားကိုးမှုပိုခဲ့ကြတယ်လို့
မြင်မိပါတယ်)။

မြန်မာပြည်သူလူထုက အဲဒီလို ယုံယုံကြည်ကြည်၊ အားကိုးတကြီးနဲ့ တာဝန်ပေးအပ်တာကို ဒေါ်အောင်ဆန်းစု
ကြည်ကလည်း ငြင်းပယ်ခြင်းမပြုခဲ့ပါဘူး။ တာဝန်ကျေပြွန်အောင် ထမ်းဆောင်ဖို့ လင်တကွဲ သားတကွဲနဲ့ မိသားစု
ဘ၀ကို အဆုံးရှုံးခံပေးဆပ်ပြီး (၂၃) နှစ်လုံးလုံး အားထုတ်ခဲ့တာကို တွေ့ရပါတယ်။ ရဟန်းရှင်လူ ကျောင်းသား
ပြည်သူအပေါင်းလည်း အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီး နောက်ကလိုက်ခဲ့ကြပါတယ်။ ဒါပေမယ့်
အားထုတ်စတေးခဲ့သလောက် အရာထင်ခဲ့သလား၊ မထင်ခဲ့ဘူးလားဆိုတာကတော့ ဒီကနေ့ ပြည်သူ့ချဉ်ဖတ် ကြံ့
ဖွံ့လွှတ်တော်နဲ့ ကြံ့ဖွံ့အစိုးရ ဆိုတာကြီးတွေ ပေါ်ပေါက်လာတာကို ကြည့်ရင် သိသာမြင်သာမယ်လို့ ထင်ပါတယ်။
အဲဒီလို ဒေါ်အောင်ဆန်းစုကြည်ရော၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများရော ပေးဆပ်အားထုတ်ခဲ့ပါလျက်နဲ့
မြန်မာ့ဒီမိုကရေစီအရေး ဘာကြောင့် မအောင်မြင်ခဲ့တာလဲ၊ ဘာ့ကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့တာလဲ ဆို
တာကို ဒီကနေ့လို အချိန်အခါမျိုးမှာတော့ ကျနော်တို့အနေနဲ့ (အားနာတာတွေ၊ အမုန်းခံရမှာ ကြောက်တာတွေ၊
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေကို ခ၀ါချ ဘေးချိတ်ပြီး) ခေါင်းအေးအေးထား စဉ်းစားသုံးသပ်ဖို့ လိုပြီလို့ ထင်ပါတယ်။ ဒီ
လို ခေါင်းအေးအေးထား စဉ်းစားသုံးသပ်စေချင်တာကလည်း ဒုက္ခပင်လယ်ဝေနေတဲ့ မြန်မာပြည်သူလူထုအကျိုး
အတွက်ပါ။ ပြီးခဲ့တဲ့ (၂၃) နှစ်တာ ကြုံတွေ့ခံစားခဲ့ရတဲ့ ဒုက္ခ၀ဋ်ဆင်းရဲမျိုးကနေ မြန်မာပြည်သူတွေ လွတ်မြောက်
အောင် ကြံဆကယ်တင်နိုင်မယ့် နည်းလမ်းကောင်းတွေ ထွက်ပေါ်လာစေချင်လို့ပါ။
ဒီလို အဖြေရှာသုံးသပ်ရာမှာ စစ်အာဏာရှင်တွေဘက်အပိုင်းကိုတော့ အထူးတလည် ဋီကာချဲ့တော့မှာမဟုတ်ပါ
ဘူး။ မြန်မာစစ်အာဏာရှင်တွေဟာ သူတို့အာဏာမြဲဖို့အတွက်ဆို ဘယ်သူ့ကိုမဆို ဖိနှိပ်မယ်၊ ရက်စက်မယ်၊ သတ်
ဖြတ်မယ်၊ ကောက်ကျစ်မယ်၊ လူကြီးလူကောင်းမဆန်ဘူး၊ ကတိမတည်ဘူး၊ အရှက်မရှိ မျက်နှာပြောင်တိုက်တဲ့
နေရာမှာ ကမ်းကုန်တယ်ဆိုတဲ့ အချက်တွေကို မြန်မာပြည်သူလူထုတရပ်လုံးတင်မက တကမ္ဘာလုံးကပါ အော်တို
မစ်တစ် သိနေကြပြီးသားမို့ အထူးတလည် ဋီကာမချဲ့ချင်တော့တာပါ။ ကျနော်တို့ အတိုက်အခံတွေဘက်က ချွတ်
ယွင်းအားနည်းခဲ့တာတွေကို ဆွေးနွေးအဖြေရှာခြင်းကသာ ပိုအကျိုးများမယ်လို့ ယုံကြည်တာကြောင့်လည်း တ
ကြောင်းပါ။ ဒါမှလည်း ရှေ့ဆက် ဘယ်ပုံဘယ်နည်း တိုက်ပွဲဝင်ရမယ်ဆိုတဲ့ နည်းလမ်းကောင်းတွေ ထွက်ပေါ်လာ
မယ်လို့ ယုံကြည်ပါတယ်။
တကယ်တော့ ပြီးခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကစလို့ ဒီကနေ့အထိ (၂၃) နှစ်တာကာလအတွင်းမှာ ကျ
နော်တို့ အတိုက်အခံဒီမိုကရေစီအင်အားစုတွေအနေနဲ့ စစ်အုပ်စုဘက်ကို အပိုင်ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးကြီး
(၃) ကြိမ်တိတိ ရရှိခဲ့ပါတယ်။ ဒါကို အကြိမ်တိုင်းမှာ ခေါင်းဆောင်မှုအပိုင်းက တာဝန်ရှိ တိုက်စစ်မှူးတွေ ဂိုးဝင်
အောင် မိမိရရ ပိုင်ပိုင်နိုင်နိုင် ကန်မသွင်းနိုင်ခဲ့လို့ ဒီကနေ့ ကြံ့ဖွံ့အစိုးရ ပေါ်လာရတဲ့ အခြေအနေကို ဆိုက်ခဲ့ရတာ
ပါ။ မထောက်မညှာ ပွင့်ပွင့်လင်းလင်း ပြောစတမ်းဆိုရင်တော့ အာဏာရှင် န၀တ/နအဖစစ်အုပ်စုဘက်က ညစ်
နည်းမျိုးစုံနဲ့ ညစ်တာက တပိုင်း၊ ကျနော်တို့ အတိုက်အခံခေါင်းဆောင်တွေရဲ့ ဦးဆောင်နိုင်မှုစွမ်းရည် အလွန့်အ
လွန် ချွတ်ယွင်းအားနည်းခဲ့မှုက တပိုင်းလို့ပဲ ပြောချင်ပါတော့တယ် (ဆဲလိုက အားရပါးရ ဆဲကြပါလေကုန်)။
အခုတလောမှာ ဒီမိုကရေစီအင်အားစုတွေရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေ အပ်
ကြောင်းထပ်အောင် မကြာခဏ ပြောဆိုနေတဲ့ “ဒီမိုကရေစီတိုက်ပွဲဝင်တွေအားလုံး စည်းလုံးညီညတ
ွ်မှုရှိဖို့ လို
တယ်၊ ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ဖို့ လိုတယ်” ဆိုတဲ့ ပွယောင်းယောင်း စကားတွေအရဆိုရင်တော့ ဒီမိုက
ရေစီ အောင်ပွဲမခံခြင်းဟာဘဲ အတိုက်အခံအင်အားစုတွေ ညီညတ
ွ်မှုမရှိလို့၊ ပြည်သူတွေ ပူးပေါင်းပါဝင်မှု အား
နည်းသေးလို့ ဆိုတဲ့သဘော အဓိပ္ပာယ်သက်ရောက်နေပါတယ်။
ကျနော်ကတော့ အဲသလိုမမြင်မိပါဘူး။ ကျနော် မြင်တာကတော့ (၂၃) နှစ် ပြည့်တော့မယ့်အချိန်အထိ အခွင့်အ

ရေးတွေ ရခဲ့ပါလျက်နဲ့ ကျနော်တို့ အောင်ပွဲမခံနိုင်ခြင်းဟာ ခေါင်းဆောင်တွေ ပြောနေသလို စည်းလုံးညီညတ
ွ်မှုမ
ရှိလို့လည်း မဟုတ်၊ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်မှု အားနည်းသေးလို့လည်း မဟုတ်ဘဲ ပွဲသိမ်းနိုင်တဲ့ အ
ခွင့်အရေးတွေ ဖြစ်တည်ခဲ့တဲ့ နိုင်ငံရေးအဆင့်တိုင်း အဆင့်တိုင်းမှာ ခေါင်းဆောင်မှုအပိုင်းက တာဝန်ရှိပဂ
္ဂိုလ်တွေ
ရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှု၊ ရောက်ရှိနေတဲ့ နိုင်ငံရေးအဆင့်ကို မှန်မှန်ကန်ကန် သုံးသပ်အကဲဖြတ်နိုင်ခြင်း မရှိမှု၊
အနာခံ တိုက်ပွဲမ၀င်ရဲမှုတွေကြောင့် နိုင်ငံတော်အာဏာကို လက်ဆုပ်လက်ကိုင်မိမိ ဖမ်းဆုပ်နိုင်ခဲ့ခြင်းမရှိဘဲ အခု
လို လုံးပါးပါးရတဲ့ ပရုပ်လုံးအခြေဆိုက်ခဲ့ရတာလို့ မြင်ပါတယ်။
ပထမဆုံးအကြိမ် အပိုင်ဂိုးသွင်းခွင့်ရခဲ့တဲ့ ၈၈ အရေးတော်ပုံအတွင်းမှာတော့ နိုင်ငံရေးကွင်းထဲဝင်လာကာစ ဒေါ်
အောင်ဆန်းစုကြည်၊ ၈၈ အရေးတော်ပုံကြီး ဖြစ်ပေါ်လာအောင် ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတိုက်စစ်
မှူးများနဲ့ အခြားနိုင်ငံရေးခေါင်းဆောင်များက ၀န်ကြီးချုပ်ဟောင်း ဦးနု အပိုင်ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ဂိုး
သွင်းရကောင်းမှန်း သိပုံမရကြဘဲ (တချို့လည်း သိကြမှာပါ) ခါးထောက်ပြီး ငေးကြောင်ကြည့်၊ ကိုယ်နဲ့မဆိုင်သ
လို နေလိုက်ကြရင်း ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။ ဒါကလည်း မဆလတခေတ်မှာ (၂၆) နှစ်ကျော် နိုင်ငံရေးမျိုး
ဆက်ပြတ်ခဲ့ပြီး နိုင်ငံရေးအကွက်မြင်မှု အားနည်းတာကြောင့်ရယ်၊ ဦးနုက ရောက်နေတဲ့ တိုက်ပွဲအဆင့်အရ (နိုင်ငံ
ရေးအကွက်မြင်သူပီပီ) ခြေမြန်လက်မြန် လက်ဦးမှုယူလိုက်တဲ့အပေါ် အုပ်စုစွဲ၊ ၀ါဒစွဲတွေနဲ့ ပွဲလန့်ဖျာခင်းတယ်လို့
မြင်ပြီး အုပ်စုမတူ၊ ၀ါဒမတူသူတွေက ဖျက်မြင်းလုပ်ကြတာရယ် … စတဲ့ အချက်တွေကြောင့် ပွဲသိမ်းနိုင်မယ့် အ
ခွင့်အရေးတခုကို လက်လွတ်ဆုံးရှုံးခဲ့ရတာပါ (ကိုယ်နိုင်ငံရေးအကွက်မမြင်တာ၊ ဖျက်မြင်းလုပ်ခဲ့တာကို ပွင့်ပင
ွ့်
လင်းလင်း ၀န်မခံချင်သူတွေကတော့ ဦးနုဘက်က စည်းရုံးတိုင်ပင်မှု အားနည်းခဲ့တယ်လို့ အရှက်ပြေ ဆင်ခြေပေး
ကြတာကိုလည်း ကြားရပါတယ်။ ထားလိုက်ပါတော့လေ)။
အဲဒီအချိန်က ဦးနု ရွှေ့တဲ့ နိုင်ငံရေးရွှေ့ကွက်ကို မြင်တဲ့သူတဦးကိုတော့ ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်။ သူက
တော့ မဆလ သမ္မတ ဒေါက်တာမောင်မောင်ပါပဲ။ ဒေါက်တာမောင်မောင်က ဦးနုအစိုးရကို ပြည်တွင်းကရော
ကမ္ဘာကပါ အလျင်အမြန် ၀ိုင်းထောက်ခံလိုက်ကြရင် သူတို့မဆလတွေ ခွေးဖြစ်ပြီဆိုတာကို ကောင်းကောင်းသ
ဘောပေါက်ခဲ့တယ်။ ဦးနုက (၆) လအတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့
ကြေညာထားတာကိုး။ အဲဒါကြောင့် သူကလည်း အားကျမခံ လွှတ်တော်ကိုယ်စားလှယ်တွေ မပါတဲ့ အရေးပေါ်
ညီလာခံကို ကမန်းကတန်း ကျင်းပပြီး ရုပ်မြင်သံကြားကနေ ကြေညာခဲ့တယ် (အရေးအခင်းအတွင်း လမ်းပန်း
ဆက်သွယ်ရေးတွေ ပြတ်တောက်နေလို့ ကိုယ်စားလှယ်တွေ မတက်ရောက်နိုင်တာပါ။ တီဗမ
ွှီာ အရင်ညီလာခံ
တွေတုန်းက ကိုယ်စားလှယ်တွေပုံနဲ့ ဒေါက်တာမောင်မောင် မိန့်ခွန်းအသစ် ပြောတဲ့ပုံကို ဖြတ်ဆက်ပြီး လွှင်ပြခဲ့ရ
တဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တယ်)။ (၃) လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးပါမယ်၊ ကျောင်းသားသမဂ္ဂ
ကြီးကိုလည်း ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြရအောင်ဆိုပြီး ပြူးပြူးပျာပျာနဲ့ မက်လုံးတွေ ပေးခဲ့တယ်။ ဒါပေ
မယ့် ကျနော်တို့လူတွေက မရတော့ဘူး၊ အရှိန်လွန်နေပြီ၊ မာန်တွေတက်နေပြီ၊ မလိုချင်ဘူး “ကြားဖြတ်အစိုးရဖွဲ့
ပေး၊ ညွန့်ပေါင်းအစိုးရဖွဲ့ပေး” လို့ ဘုံးဘုံးလဲနေတဲ့ မဆလအစိုးရဆီ တယောက်တမျိုး မရိုးနိုင်အောင် အော်ဟစ်
တောင်းနေရင်း စစ်အုပ်စု အာဏာသိမ်းတာကို ခံလိုကရ
် တော့တယ်။
ဒီလို ကိုယ့်ဘက်က ခေါင်းဆောင်လို့ ခံယူသူတွေရဲ့ Decision making အမှားတွေကြောင့် တိုက်ပွဲကို အဆုံးမ
သတ်နိုင်ဖြစ်ရပြီး န၀တစစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ဘက်က ရဲရဲတောက် ခေါင်းဆောင်တွေ
ထောင်ထဲမှာ အနှိပ်စက် အညှဉ်းပန်းခံရ၊ လူမသိသူမသိ သေဆုံးရ၊ နှစ်ရှည်ထောင်ဒဏ်တွေ အကျခံရတဲ့အထိ
ကော့နေအောင် ခံခဲ့ကြရတယ်။ နုနယ်ပျိုမျစ်ဆဲ ကျောင်းသားကျောင်းသူတွေ အတော်များများလည်း ပညာရေးခ
ရီး ဆုံးခန်းမတိုင်လိုက်ရဘဲ တောထဲရောက်ကုန်ကြရတယ်။ ဒါဟာကျနော့်တို့ဘက်က ခေါင်းဆောင်တွေ ဆုံးဖြတ်
ချက် မှန်မှန်ကန်ကန်နဲ့ လက်ဦးမှုယူ ပွဲမသိမ်းနိုင် (ဦးနုအစိုးရကိုလည်း မထောက်ခံ၊ ကိုယ်တိုင်လည်း အစိုးရမဖွဲ့

နိုင်၊ မဖွဲ့ရဲ) ခဲ့တဲ့အတွက် အာဏာသိမ်း စစ်အုပ်စုက သူ့တို့အလုပ်သူတို့ ပီပီပြင်ပြင် လုပ်သွားတာကို မရှုမလှ ခံ
လိုက်ရတာလို့ပဲ ကျနော်ကတော့ မြင်မိပါတယ် (ပွဲအစမို့ အကွက်မမြင်လိုက်လို့ပါဆိုလည်း အဲဒီရဲ့အကျိုးဆက်ကို
ခံလိုက်ရတဲ့ ပြည်သူလူထုခမျာတော့ ဒီကနေ့အထိ ကော့လို့ပါပဲ)။

အပိုင်း (၂)
နိုင်ငံရေးမှာ လူပေါင်းမှားရင် အောင်ပွဲနဲ့ လြွဲ ပီး ကိုယ်တင်မက တတိုင်းတပြည်လုံးပါ ဒုက္ခလှလှ တွေ့ရတတ်တယ်
ဆိုတဲ့ သင်ခန်းစာကတော့ ဝေးဝေးက သမိုင်းစာမျက်နှာတွေကို သွားလှန်ကြည့်စရာမလိုဘူး။ ကျနော်တို့ ဒီမိုက
ရေစီအင်အားစုတွေဘက်က ဒုတိယအကြိမ်နဲ့ တတိယအကြိမ် အပိုင်ဂိုးသွင်းခွင့်ရတာတွေကို အလဟဿ ဖြုန်း
တီးပစ်ခဲ့တဲ့ (ဂန္ဓီခန်းမအစည်းအဝေးနဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ခေါင်းဆောင်မှုအခန်းကဏ္ဍမှာ ရှိခဲ့တဲ့)
အန်အယ်လ်ဒီက မျိုးချစ်ရဲဘော်ဟောင်း ဗဟိုကော်မ၀တီဝင် (ဘောင်းဘီချွတ်) တွေရဲ့ လှုပ်ရှားမှုစာမျက်နှာတွေ
ကို ပြန်လှန်လိုက်ရုံနဲ့ တန်းကနဲ တွေ့နိုင်မယ်။ ဒီလို အပိုင်ဂိုးသွင်းခွင့် နှစ်ကြိမ် ထပ်မံဆုံးရှုံးရတာဟာ တနည်းအား
ဖြင့်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လူပေါင်းမှားခဲ့တာနဲ့ ဆိုင်တယ်လို့လည်း သွယ်ဝိုက်ပြောလို့ရတယ်။
သို့သော်လည်းပဲ လူပေါင်းမှားရကောင်းလားဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဖို့ချင်လို့တော့ မဖြစ်ချေဘူး။
“တိုင်းပြည်ရဲ့ကံကြမ္မာကိုက ဆိုးလွန်းလှပါတယ်ကွယ်” လို့ပဲ ငိုချင်းချရမယ့် အနေအထားပေါ့။ ဘာဖြစ်လို့လဲဆို
တော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံကို ပြန်ပြီး နိုင်ငံရေးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ပြင်ပြင်ဆင်ဆင် လုပ်ပြီး လာတာမှ မဟုတ်တာ။ ကျန်းမာရေးမကောင်းတဲ့ မိခင်ကို ပြုစုစောင့်ရှောက်ဖို့ ပြန်လာ
တုန်း ၈၈ အရေးတော်ပုံကြီးနဲ့ တည့်တည့်တိုးပြီး အခြေအနေ၊ အချိန်အခါရဲ့ တောင်းဆိုချက်အရ နိုင်ငံရေးလော
ကထဲ ဗြုန်းစားကြီး ခုန်ဆင်းလာတာဆိုတော့ သူ့နားလာကပ်တဲ့ ဘောင်းဘီချွတ်တွေဆိုတာ ဘယ်သူဘယ်ဝါတွေ
မှန်း သေသေချာချာ လေ့လာချိန်မရလိုက်ဘဲ NLD ကို ဖွဲ့ခဲ့ရတာကိုး။
တနည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွင်းထဲကို အသင်းခေါင်းဆောင်လက်ပတ် ပတ်ပြီး ၀ုန်းကနဲ ပြေး
ဝင်လာပေမယ့် ကိုယ်နဲ့ တွက
ဲ စားရမယ့် လူတွေရဲ့ အထာနဲ့ ခြေကို ကောင်းကောင်းမသိတော့ ကစားလို့ အတွဲမမိ
နိုင် ဖြစ်ရတော့တာပေါ့ (ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘောလုံးကစားတတ်လား၊ မကစားတတ် ဘူးလားဆို
တာကိုလည်း အဲဒီအချိန်တုန်းက ကျနော်ကိုယ်တိုင် မသိခဲ့ရိုးအမှန်ပါ။ “ဒို့ဗိုလ်ချုပ်သမီးကွ” ဆိုပြီးတော့ပဲ ၀မ်းသာ
အားရ စောင့်ကြည့်အားပေးခဲ့တာပါ)။ အတွဲမမိတာ ဘယ်မှာ စ,ပေါ်လဲဆိုတော့ ၁၉၈၉ အာဇာနည်နေ့ ချီတက်ပွဲ
လုပ်ဖို့ အခြေအတင် ဆွေးနွေးရာမှာ စ,ပေါ်တော့တာပဲ (ဒါကလည်း အပြင်ကို ပေါက်ထက
ွ်လာတဲ့ ခိုးဖမ်းထားတဲ့
အစည်းအဝေးတိတ်ခွေကို အသိတယောက်ဆီကတဆင့် နားထောင်လိုက်ရလို့ သိတာပါ)။ ခါးမှာ သေနတ်မရှိ
တော့တဲ့ အဲဒီဘောင်းဘီချွတ်ကြီးတွေက ကြောက်စရာရှိရင် သာမာန်ပြည်သူတွေထက် ပိုကြောက်တတ်တယ်ဆို
တာကို ဒေါ်အောင်ဆန်းစုကြည် သိခဲ့ပုံမရဘူးလို့ထင်မိရဲ့။
အဲဒီလိုနဲ့ အာဇာနည်နေ့ ချီတက်ဖို့ အကြိတ်အနယ် ငြင်းခုံဆွေးနွေးရင်း ချီတက်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစု
ကြည်က တဘက်၊ န၀တစစ်အုပ်စုက ခြောက်လှန့်အင်အားပြနေတာကို ကြောက်ဒူးတုန်နေကြတဲ့ ဘောင်းဘီ
ချွတ်ကြီးတွေက တဘက် ဖြစ်ကုန်တယ် (အသံတိတ်ခွေကို နားထောင်ရတာမို့ အဲဒီဆွေးနွေးပွဲမှာ ပုဂ္ဂိုလ်ရေးအရ
ကျနော် လေးစားသမှုရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ပါမပါတော့ သေချာမမှတ်မိတော့ပါ။ ပါတယ်ဆိုရင်လည်း
အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ “အန်ကယ်တို့ ဒီလောက်ကြောက်တတ်ရင် ထမီဝတ်ထား

ကြ” ဆိုတဲ့ စကားအတွက် မျက်နှာပူစရာ။ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးနဲ့ ပတ်သက်လို့လည်း ဦးနု အစိုးရကြေ
ညာချိန်မှာ ကာကွယ်ရေးဝန်ကြီးနေရာ ပေးထားတာကို ၀န်ကြီးအဖွဲ့ထဲကနေ အရင်ဆုံး နှုတ်ထွက်သွားတယ်လို့
ကြားရတော့ ကြောက်တတ်လို့ နှုတ်ထွက်သွားများတာလားဆိုပြီး ကျနော် စိတ်မကောင်းဖြစ်ရဖူးတယ်)။ အဲဒီအ
စည်းအဝေးမှာ ဘောင်းဘီချွတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို “ငယ်သေးတယ် ကလေးရယ် စားကြိုးစားဦး
ကွယ်၊ စစ်တပ်အကြောင်း ညည်းကလေး ဘာမှမသိသေးပါဘူး” ဆိုတဲ့ ခပ်ထေ့ထေ့ ရယ်သံမျိုးနဲ့ ၀ိုင်းဟားနေကြ
တဲ့ အသံတွေကို ကျနော့်နားထဲ အခုထိ ကြားယောင်နေတုန်း။
အဲဒီမှာတင် အာဇာနည်နေ့ ချီတက်ပွဲကို နီးမှ ကပ်ဖျက်လိုက်တော့ စောင့်စားနေတဲ့ အန်အယ်လ်ဒီသစ္စာခံ နောက်
လိုက်နောက်ပါတွေ ဒုက္ခလှလှ တွေ့ကုန်တော့တာပေါ့။ ပြေးသူပြေး၊ အဖမ်းခံရသူခံရ၊ ထောင်ထဲဝင်သူဝင်ရနဲ့ ဘဝ
ပျက်ကုန်ကြတော့တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ချီတက်မယ်လို့ကြေညာထားတဲ့ ‘ခေါင်းဆောင်ကတိ’ မ
တည်သလို ဖြစ်တာပေါ့။ အဲဒီနောက်ပိုင်းမှာ န၀တစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့
ထိန်းသိမ်းလိုက်ပြီး တတ်သိပညာရှင်အုပ်စုက လူတွေတော်တော်များများကိုလည်း အကြောင်းအမျိုးမျိုးပြ ဆွဲစေ့
လိုက်လေတော့ ကြောက်တတ်တဲ့ ဘောင်းဘီချွတ် ဗဟိုကော်မတီဝင်ကြီးများကသာ အန်အယ်လ်ဒီကို ဦးဆောင်
ခြယ်လှယ်ခွင့်ရခဲ့တော့တယ်။
ဒီလိုနဲ့ မမျှော်လင့်ဘဲ ၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လှိုင်းရိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဝက်ဝက်ကွဲ အနိုင်ရပါလေရော။ ဒါပေမယ့် အဲဒီအချိန် အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုအခန်းမှာရှိနေတဲ့ ဘောင်းဘီ
ချွတ်ကြီးတွေက နိုင်ငံရေးသမားတွေမဟုတ်တော့ စွန့်ရဲတဲ့ စိတ်ဓာတ်ကလည်းမရှိ၊ လက်နက်ရှိတဲ့ န၀တစစ်အုပ်စု
နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာကိုလည်း ကြောက်တဲ့သူတွေဖြစ်လေတော့ ရလာတဲ့ ၉၀ ရလဒ်ကြီးကို ကိုင်စွဲပြီး အစိုးရ
မဖွဲ့ရဲဘဲ န၀တ ဟောက်စားလုပ်တဲ့ ၁/၉၀ ကြေညာချက်အောက် ပြားပြားမှောက်လေတော့တယ်။ အဲဒီမှာတင် ကျ
နော်တို့ ဒီမိုကရေစီဘက်တော်သားတွေ ဒုတိယအကြိမ် အပိုင်ဂိုးသွင်းရမယ့် ဘောလုံးကြီးကို န၀တစစ်အုပ်စုက
ကောက်သိမ်းသွားပြီး သူတို့လုပ်မယ့် အမျိုးသားညီလာခံကိုသာ တက်ရောက်ဖို့ လမ်းညွှန်တာကို ခံရပါလေရော
ဆိုပါတော့။
ဟိုတလောလေးက အောင်ပွဲခံသွားတဲ့ အိုင်ဗရီကို့စ် အတိုက်အခံခေါင်းဆောင် ၀ါတာရာတို့များတော့ ဂန္ဓီခန်းမထဲ
က ဗဟိုကော်မတီဝင် ဘောင်းဘီချွတ်ကြီးတွေနဲ့ ကွာမှကွာ၊ သွက်မှသွက်၊ သတ္တိရှိမှရှိပဲလို့ ပြောရမယ်။ လောရင့်
ဘက်ဘိုက အာဏာမလွှဘ
ဲူးလည်းဆိုရော ခြေသွက်လက်သွက် အစိုးရဖွဲ့လိုက်ပြီး ယူအန်တပ်တွေကို အစောင့်အ
ရှောက် ခေါ်လိုက်တယ်။ နောက်ပိုင်း သူ့ဘက်ကို ထောက်ခံပြီး ပဲ့ထွက်လာတဲ့ တပ်တွေရယ်၊ ပြင်သစ်တပ်တွေ
ရယ်ပါ ၀င်တိုက်ပေးလေတော့ ဟော … လေးလလားပဲ ကြာလိုက်တယ်၊ လော့ရင့်ဘက်ဘိုကို အရှင်လတ်လတ်
ဖမ်းမိပြီး အောင်ပွဲခံပါလေရော။ ကိုယ်က တကယ်အစိုးရဖွဲ့ရဲရင် ကုလသမဂ္ဂနဲ့ နိုင်ငံကြီးတွေက တကယ်ဝင်တိုက်
ပေးတယ်၊ လက်တွေ့ကျကျ ကူညီတယ်ဆိုတာ အဲဒါလက်တွေ့ပဲပေါ့။ ကျနော်တို့ ပြည်သူတွေမှာတော့ ဘောင်းဘီ
ချွတ်ကြီးတွေရဲ့ ဂန္ဒီခန်းမသွေးကြောင်မှုကြောင့် ဒုတိယအကြိမ် အပိုင်ဂိုးသွင်းခွင့် ဆုံးရှုံးရပြန်ပြီး မဆုံးနိုင်တဲ့ ငိုချင်း
ရှည်ဇာတ်လမ်းတွဲကြီးကို ဆက်ကခဲ့ရတာ ကနေ့အထိပဲဆိုပါတော့လေ။

အပိုင်း (၃)
နေအိမ်အကျယ်ချုပ်က (၁၉၉၅ ဇူလိုင် ၁၀ နဲ့ ၂၀၀၂ မေ ၆) နှစ်ကြိမ်လွတ်မြောက်ပြီး ဒီပဲယင်းကိစ္စနဲ့ အထဲပြန်ဝင်
သွားရချိန်အထိ ဒေါ်အောင်ဆန်းစုကြည် လူပေါင်းဆက်မှားခဲ့ခြင်းဟာ ရွှေဝါရောင်တော်လှန်ရေးမှာ တတိယအ

ကြိမ် အပိုင်ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးကို ထပ်မံဆုံးရှုံးစေခဲ့ပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဝါရောင်တော်
လှန်ရေး အရှိန်ကောင်းနေချိန်မှာ ၉၀ ရွေးကောက်ပွဲအနိုင်ရ မန်းဒိတ်ရှိတဲ့ အန်အယ်လ်ဒီပါတီကသာ အစိုးရဖွဲ့ပြီး
ဦးဆောင်ရခ
ဲ့ရင် သိန်းချီဝန်းရံပေးမယ့် သံဃာထုအင်အားနဲ့တင် ပွဲသိမ်းနိုင်တဲ့ အနေအထား ရှိခဲ့လို့ပါ (သံဃာထု
အင်အားဆိုတာကိုက တမူထူးခြားတဲ့ ပါဝါရှိနေတယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါ)။
အန်အယ်လ်ဒီ အဲဒီလို ဦးဆောင်ခဲ့ရင် တပြည်လုံးမှာရှိတဲ့ ပြည်သူလူထုကလည်း နေမှာမဟုတ်ပါဘူး၊ လမ်းမတွေ
ပေါ် ဝေါကနဲ ဆင်းချလာပြီး သံဃာတွေနောက်ကို လိုက်လာမှာ အသေအချာပါ။ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်နဲ့ စစ်
တွေတို့က လူထုတွေတောင် သံဃာတွေနောက် တော်တော်များများ လိုက်ပါချီတက်နေကြပါပြီ (ကြုံလို့ ပြောရဦး
မယ်။ ရွှေဝါရောင်တုန်းက ပွဲပြီးသွားမှာကို ကြောက်လန့်နေခဲ့တဲ့ ဒီဘက်က ခေါင်းဆောင်ဆိုသူ လုပ်စားတချို့က
တော့ စစ်အုပ်စုရဲ့ ဖြိုခွဲမှုကို ခံရပြီးချိန်မှာ “ရွှေဝါရောင်က ၈၈ လို မကြီးကျယ်ခဲ့လို့ အန်အယ်လ်ဒီ အစိုးရဖွဲ့လည်း
မအောင်မြင်နိုင်ဘူး ” လို့ ရင်ဘတ်ဖိပြီး အလုံးကြီးကျသွားတဲ့ လေသံနဲ့ သုံးသပ်ပြောဆိုတာတွေ၊ လူထူထူမှာ သူ
တို့ကြောင့်ပဲ ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ခဲ့သယောင်ယောင် အရှက်တရားကင်းမဲ့စွာ ပြောဆိုတာတွေကို
လည်း ကြားလိုက်ရသေးရဲ့။ ဒါကတော့ ပြောချင်ရာပြော သူ့အရပ်နဲ့ သူ့ဇာတ်ပဲလေလို့ သဘောထားပြီး ပြုံးနေခဲ့မိ
ပါတယ်။ လွှမ်းမိုးသီချင်းလို ဟဲရရင်တော့ “ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်” ပေါ့)။
ဒါပေမယ့် မြန်မာပြည်သူတွေ ကံဆိုးချင်ပြန်တော့ ရွှေဝါရောင်တော်လှန်ရေးကြီး အရှိန်မြင့်လာပြီး ပွဲသိမ်းနိုင်တဲ့ အ
ခွင့်အရေးပေါ်ပေါက်ချိန်မှာ အန်အယ်လ်ဒီရဲ့ ဦးဆောင်ကဏ္ဍမှာ ကီးပလေယာအဖြစ် ရှိနေတဲ့သူနှစ်ဦးက ခေါင်း
ဆောင်နိုင်မှုအရည်အချင်း အလွန်အမင်း ညံ့ဖျင်းစုတ်ချာလွန်းပြီး အသက်အရွယ်အရလည်း တော်တော့်ကို အိုမင်း
နေတဲ့ ဘောင်းဘီချွတ် ဦးအောင်ရွှေ (ဥက္ကဌ) နဲ့ ဘောင်းဘီချွတ် ဦးလွင် (အတွင်းရေးမှူး) တို့ ဖြစ်နေခဲ့ပါတယ်။
အတွင်းရေးမှူး ဦးလွင်က သံဃာတွေ စီတန်းလမ်းလျှောက်နေတဲ့ အရေးကိစ္စကို NLD နဲ့ မဆိုင်သယောင် မီဒီယာ
တွေမှာ ဂဂျိုးဂဂျောင်တွေ လျှောက်ပြောနေခဲ့ပြီး ဥက္ကဌဆိုတဲ့ ဦးအောင်ရွှေကတော့ ဘယ်ကုတင်အောက် ၀င်ပုန်း
နေမှန်း မသိနိုင်လောက်အောင်ကိုပဲ အသံတိတ်နေခဲ့တာပါ။ နေပူမရှောင် မိုးရွာမရှောင် စီတန်းလမ်းလျှောက်နေ
တဲ့ သံဃာတွေနဲ့ ကျောင်းသားပြည်သူတွေကို အားပေးစကား ပြောသံလေးတောင် တခွန်းတလေ မကြားလိုက်ရ
ပါဘူး။
ဦးအောင်ရွှေ အသံမထွက်တာကတော့ သိပ်တော့မဆန်းဘူးလို့ပဲ ပြောရမယ်။ ဗိုလ်သန်းရွှေနဲ့ နင်လားငါလားပါပဲ။
(၂၃) နှစ်တာကာလမှာ မြန်မာပြည်သူတွေ အသံမကြားဖူးတဲ့ တေမိခေါင်းဆောင်ကြီးနှစ်ဦးကို ပြပါလို့ ဆိုရင်တော့
သူတို့နှစ်ဦးကို ပြရမှာပေါ့။ ဒါပေမယ့် အဲဒီ ‘သန်းရွှေနဲ့ အောင်ရွှေ’ ရွှေနှစ်ရွှေကပဲ ဒေါ်အောင်ဆန်းစုကြည်ကို ညှပ်
ကစားသွားတာကိုတော့ ဒီကနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သတိထားမိသေးရဲ့လားမသိ။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၅ ခုနှစ် ပထမအကြိမ် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာချိန်
မှာ ပါတီကို ကောင်းကျိုးမပေးဘဲ ဒုက္ခမျိုးစုံသာပေးနေတဲ့ အဲဒီလူညံ့ကြီးနှစ်ဦးကို ပါတီခေါင်းဆောင်နေရာကနေ
ဖယ်ရှားဖို့ မကြိုးစားခဲ့တာဟာ မဟာ့မဟာအမှားပါပဲ။ အဲဒီမြေအောင်းပွေး ဘောင်းဘီချွတ်ကြီးနှစ်ဦးဟာ ပါတီနဲ့ ဒီ
မိုကရေစီဘက်တော်သားတွေကို ဦးဆောင်ရာမှာ စုတ်ချာညံ့ဖျင်းသလောက် နအဖအလိုကျ အန်အယ်လ်ဒီပါတီ
ဝင်တွေကို ဖြုတ်ထုတ် နှိပ်ကွပ်တဲ့နေရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပါ အလွတ်မပေးလောက်အောင်ကိုပဲ
တက်ညီလက်ညီ ရှိခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေချိန်တွေမှာ
ဆို ပါတီတွင်းမှာ ခေါင်းတထောင်ထောင်နဲ့ ပါဝါအာဏာပြသလောက် ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်တွေ
မှာတော့ မခုတ်တတ်တဲ့ ကြောင်နှစ်ကောင်လို (ပါတီမပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေလို့ ကျေးဇူးပဲ
တင်ရမလို ပုံမျိုး) ကုပ်ကုပ်ကလေး နေတတ်ခဲ့ကြတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည် မသိတာဘဲလား၊ သိရက်နဲ့

ဗမာလူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း အားနာတာရယ်၊ အသက်အရွယ်ကြီးရင့်တာကို ငဲ့ညှာတာရယ်ကြောင့်
ပါတီမှာ ဆက်ထားခဲ့သလား ကိုယ်တိုင်မှ သိနိုင်မှာပါပဲ။ ဒါပေမယ့် အဲဒီမြေအောင်းပွေး ခေါင်းရှောင်လူညံ့ကြီးနှစ်
ဦးကို ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ပေါင်းသင်းခဲ့ခြင်းရဲ့ အကျိုးဆက်ကတော့ ရွှေဝါရောင်တော်လှန်ရေးကြီး
မှာ အန်အယ်လ်ဒီရဲ့အခန်းကဏ္ဍ၊ အန်အယ်လ်ဒီရဲ့သမိုင်း ရှက်ဖွယ်လိလိ ဖြစ်ခဲ့ရတာပါပဲ။
အဲဒီမြေအောင်းပွေး လူညံ့ကြီးနှစ်ဦးဟာ ဒေါ်အောင်ဆန်းစုကြည် အထဲရောက်နေချိန်မှာ နအဖ အလိုအတိုင်း ပါ
တီဝင်တွေ လှုပ်လို့ရှားလို့မရအောင် ကန့်သတ်လား ကန့်သတ်၊ အရည်အချင်းရှိ ထက်မြက်တဲ့ ပါတီဝင်တွေကို
ထုတ်ပယ်လား ထုတ်ပယ်၊ အတုအယောင် အမျိုးသားညီလာခံကို တက်လား တက်နဲ့ နည်းမျိုးစုံကို လူလည်ကျ
နေခဲ့တာပါ။ ကျနော်ကတော့ တထစ်ချ ပြောလိုက်ချင်ပါတယ်။ အောက်ခြေ အန်အယ်လ်ဒီပါတီဝင်တွေ ကြက်က
လေး ငှက်ကလေးတွေလို မရေမတွက်နိုင်အောင် အဖမ်းခံရပြီး ထောင်ကျတန်းကျနဲ့ ဘ၀ပျက်ကြရတာ၊ အန်
အယ်လ်ဒီကို ၉၀ အနိုင်ရ ဒေါင်ဒေါင်မြည်ပါတီကြီး အနေအထားကနေ သုံးစားမရတဲ့ ချိုကျိုးနား ရွက်ပဲ့ပါတီကြီး
ဖြစ်အောင် လုပ်ပစ်တာတွေရဲ့ နံပါတ်တစ် တရားခံတွေက ဗိုလ်သန်းရွှေနဲ့ နအဖစစ်အုပ်စုဆိုရင် နံပါတ်နှစ် တရား
ခံတွေကတော့ ဦးအောင်ရွှေ၊ ဦးလွင်နဲ့ မျိုးချစ်ရေ
ဲ ဘ်ာဟောင်း (ဦးတင်ဦး မပါ) တွေပါပဲ။

အပိုင်း (၄)
ဘောင်းဘီချွတ် ဦးအောင်ရွှေတို့၊ ဦးလွင်တို့ကို ကြည့်ပြီး ကျနော် သင်ခန်းစာရမိတာတခုရှိတယ်။ ဘာလဲဆိုတော့
‘နိုင်ငံရေး’ ဆိုတဲ့ မီးနဲ့ ကစားရသလိုမျိုး အန္တရာယ်အရမ်းများတဲ့ အရေးကိစ္စကြီးကို ကြောက်တတ်ရင်၊ မပြတ်သား
ရင်၊ စွန့်ရဲတဲ့စိတ်မရှိရင် အစကတည်းက လုံး၀၀င်မလုပ်တာ အကောင်းဆုံးပဲဆိုတဲ့ သင်ခန်းစာပါ (ကာယကံရှင်အ
တွက်လည်း ကောင်းတယ်၊ သူ့ရဲဘော်ရဲဘက်တွေနဲ့ အဖွဲ့အစည်းအတွက်လည်း ကောင်းတယ်။ တိုင်းပြည်အ
တွက်လည်း ကောင်းတယ်ပေါ့)။ ဦးအောင်ရွှေတို့၊ ဦးလွင်တို့ကို နဂိုကတည်းက စစ်အုပ်စု ထည့်ထားတဲ့ မြေ
အောင်းပွေးတွေလို့တော့ ကျနော် မထင်မိပါဘူး။ ဒါပေမယ့် ကြောက်တတ်တဲ့၊ မပြတ်သားတဲ့၊ မစွန့်ရဲတဲ့ စိတ်တွေ
ကြောင့် ဒေါ်အောင်ဆန်းစုကြည် မရှိတဲ့အချိန်မှာ အနိုင်ကျင့်လာတဲ့ စစ်အုပ်စုရဲ့အလိုကို ကြောက်ကြောက်နဲ့ အ
လျှော့ပေး အကြိုက်ဆောင်ရင်း ကိုယ့်တပ်ကိုယ်ချနင်းတဲ့ အလုပ်မျိုးတွေ လုပ်ဖြစ်ပြီး မြေအောင်းပွေးဘ၀ကို
ရောက်မှန်းမသိရောက်သွားရတာလို့ ထင်ပါတယ်။ တိုက်ပွဲကာလ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ အဲသလို
ကြောက်စိတ်ရှိတ့၊ဲ မပြတ်သားတဲ့၊ မစွန့်ရဲတဲ့လူတွေ ပါမလာဖို့ အရမ်းအရေးကြီးတယ်ဆိုတဲ့ တန်ဖိုးရှိတဲ့ သင်ခန်း
စာတခုကို ရလိုက်တဲ့အတွက်တော့ ဦးအောင်ရွှေနဲ့ ဦးလွင်ကို ကျနော် ကျေးဇူးတင်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှာတော့ အဲလိုကြောက်တတ်တဲ့စိတ်၊ မပြတ်သားတဲ့စိတ်၊ မစွန့်ရတ
ဲ့စိတ်တွေ လုံးဝမတွေ့
ရပါဘူး။ အခုအချိန်အထိ သူ ဖြတ်သန်းပြခဲ့တဲ့ သမိုင်းကြောင်းနဲ့ ယှဉ်ကြည့်ရင် ရှင်းရှင်းလင်းလင်း တွေ့ရမှာပါ။ ဒါ
ပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှာ ကျနော် သတိထားမိတာတခုက တိုက်ပွဲအခြေအနေကို မှန်မှန်ကန်ကန် သုံး
သပ်အကဲဖြတ်နိုင်မှု ပါရမီဓာတ်ခံ အားနည်းပြီး (ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဲဒီနေရာမှာ ကွာတာလို့ ကျနော် ထင်မိပါ
တယ်) ရောက်ရှိနေတဲ့ တိုက်ပွဲအဆင့်နဲ့ မလျော်ညီတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာ များခဲ့တယ်လို့ ကျ
နော် သုံးသပ်မိပါတယ်။
ဥပမာအနေနဲ့ပြောရရင် ၉၅ ခုနှစ် ဇူလိုင် (၁၀) ရက်မှာ ပထအကြိမ်အကျယ်ချုပ်က လွတ်လာရာကနေ ၂၀၀၀
ပြည့်နှစ် စက်တင်ဘာ (၂၃) မှာ ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ် ပြန်ဝင်ရတဲ့အချိန်အထိ ဒေါ်အောင်ဆန်းစု
ကြည် အပြင်မှာ အချိန် (၅) နှစ်ကျော်ကြာ နေခွင့်ရခဲ့ပါတယ်။ ဒါဟာ အရေးကြီးတဲ့ အလုပ်တွေကို မြန်မြန်သွက်

သွက် လုပ်စရာရှိတဲ့ လူတဦးအဖို့ နည်းနည်းနောနော အချိန်ကာလမဟုတ်ပါဘူး။ အဲဒီကာလမှာ ရွေးကောက်ပွဲကို
အပြတ်အသတ် အနိုင်ရထားတဲ့ အန်အယ်လ်ဒီပါတီရဲ့ အဓိက ဦးစားပေးလုပ်ငန်းစဉ်ဟာ (စစ်အုပ်စု ဘယ်လိုပဲ
ညစ်နေညစ်နေ၊ ဘယ်လောက်ပဲ ညစ်နေညစ်နေ) အစိုးရတရပ် မဖြစ်မနေ ဖွဲ့စည်းအကောင်အထည်ဖော်ရေးဆို
တဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်သင့်တယ်လို့ ကျနော်ထင်တယ် (ဘောလုံးစကားနဲ့ ရှင်းအောင်ပြောရရင် အဲဒီအချိန်ဟာ န
အဖကို ဘယ်ဘက် အယောင်ပြပြီး ညာဘက်ကို ကန်သင
ွ်းနိုင်အောင် ကြိတ်ပြီး ကြံစည်အားထုတ်ရမယ့်အချိန်လို့
ထင်မိပါတယ်။ ကိုယ်တိုင်လည်း အပြင်မှာရှိနေတုန်း၊ ၉၀ ရလဒ်လည်း ပူနွေးနိုင်သမျှ ပူနွေးနေတုန်း မဖြစ်မနေ အ
ကောင်အထည်ဖော်နိုင်အောင် ကြိုးစားရမယ့်အချိန်ပါ)။ ဘယ်လိုဖွဲ့စည်းမလဲ၊ ဘယ်လိုစွန့်စားမလဲဆိုတဲ့ အသေး
စိတ် အစီအစဉ်ကိုတော့ ကိုယ်ယုံကြည်စိတ်ချရတဲ့ ဗဟိုကော်မတီလောက်ပဲ တိုင်ပင်ပြီး အနာခံ စွန့်စားရဲတဲ့ အစိုး
ရတဖွဲ့စာ အမတ်တွေကို မြေအောင်းပွေး ဗဟိုကော်မတီဝင်တွေ မသိအောင် ကြိတ်ပြီး ရွေးချယ်ရမှာပါ။ ပြီးရင် မ
ထင်မှတ်တ့အ
ဲ ချိန်မှာ အစိုးရအဖွဲ့ကို ကောက်ကြေညာပစ်လိုက်ရမှာပါ။
အစိုးရအဖွဲ့ ကြေညာတာနဲ့ စစ်အုပ်စုကတော့ ဖမ်းမှာ အသေအချာပဲလေ။ ဖမ်းတာ သူတို့အလုပ်ပဲ၊ ဖမ်းပစေပေါ့
(အခုလည်း တခြားအကြောင်းတွေနဲ့ အသားလွတ် အဖမ်းခံခဲ့ရတာပဲမဟုတ်လား၊ ကျနော့်အထင်တော့ တခြားအ
ကြောင်းနဲ့ အဖမ်းခံမယ့်အစား အစိုးရအဖွဲ့ ကြေညာပြီးတော့ အဖမ်းခံရတာက ပိုပြီးအဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးခြေ
လှမ်းကို လှမ်းလိုက်တာနဲ့ တူတယ်လို့ ယူဆမိပါတယ်)။ ဖမ်းပြီးတာနဲ့ အဲဒီ Case ရှင်းဖို့ စစ်အုပ်စု ခေါင်းစားပေ
တော့ပဲ။ အစိုးရအဖွဲ့ဝင်တွေ အဖမ်းခံရပြီးရင် အဲဒီ Case ကို ပြည်တွင်းပြည်ပ တောင်းဆိုဆန္ဒပြမှုအား၊ ကုလသ
မဂ္ဂနဲ့ နိုင်ငံကြီးတွေရဲ့ လက်တွေ့ကျတဲ့ အကူအညီအားနဲ့ ၀ိုင်းရှင်းရင် အဲဒီ (၅) နှစ်အတွင်းမှာတောင် ပွဲကပြီး
လောက်ပြီလို့ ကျနော် ကျိန်းသေပေါက်ထင်မိပါတယ်။ အသေအပျောက် ဒဏ်ရာရမှုတွေနဲ့ အနည်းအကျဉ်း ရင်းရ
တာလောက်တော့ ရှိမှာပေါ့။ အခုလို (၂၃) နှစ်ကြာ ပေးဆပ်ရတာလောက်တော့ ဘယ်ဆိုးပါ့မလဲ (အိုင်ဗရီကို့စ် အ
တိုက်အခံခေါင်းဆောင် ၀ါတာရာ ဒီနည်းနဲ့ လက်ဦးမှုယူပြီး ခြေမြန်လက်မြန် လုပ်သွားလို့ လေးလအတွင်း အောင်
ပွဲခံသွားတာမဟုတ်လား)။ အခုကျတော့ ရွေးကောက်ပွဲနိုင်ပြီး အစိုးရမဖွဲ့ရဲတဲ့ အန်အယ်လ်ဒီကို နိုင်ငံတကာအ
သိုင်းအ၀ိုင်းက ဘယ်လို ထိထိရောက်ရောက် အကူအညီပေးရမှန်းမသိ၊ ဘာလုပ်ပေးရမှန်းမသိ ဖြစ်ခဲ့တယ်။ “ဒေါ်
အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ၊ လွှတ်ပေးပါ” ဆိုတာလောက်ကိုပဲ ပါးစပ်ညောင်းအောင် အော်ဟစ်ပေးရင်းနဲ့
အချိန်ကုန်ခဲ့ရတယ်။
ဒေါ်အောင်ဆန်းစုကြည်က အဲဒီ (၅) နှစ်ကျော်ကြာကာလမှာ လူထုစည်းရုံးရေး၊ လူထုနဲ့ ထိတွေ့ဆက်ဆံရေး
ဘက်ကို ပိုအားသန်နေခဲ့ပုံရပြီး ခြံရှေ့တရားပွဲတွေ၊ လူအုပ်ကြီးထဲဆင်းပြီး ဟောပြောမှုတွေ၊ လက်ပြနှုတ်ဆက်မှု
တွေ၊ လက်ခုပ်သံတွေကြားမှာ အချိန်တော်တော်များများ ကုန်ခဲ့တယ်လို့ ကျနော် ရိုးရိုးသားသား ရှုမြင်မိပါတယ်။
ပါတီခေါင်းဆောင်တဦးအနေနဲ့ လူထုစည်းရုံးရေးလုပ်ဖို့ လိုအပ်တာမှန်ပေမယ့် စည်းရုံးရေးလုပ်ငန်းက အဲဒီအချိန်
ကရောက်ရှိနေတဲ့ တိုက်ပွဲအဆင့်နဲ့ဆိုရင် အဓိက ဦးစားပေးလုပ်ငန်းမဟုတ်ဘူးလို့ ကျနော် သုံးသပ်မိလို့ပါ။ ကြည့်
ရတာ ၉၀ ရွေးကောက်ပွဲမှာ လူထုကြီးတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ အန်အယ်လ်ဒီပါတီကို
တခဲနက် မဲပေးခဲ့တာကို အဲဒီအချိန်တုန်းက အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်မမြင်
လိုက်ရလို့များ သူ့အနေနဲ့ “လူထုကို ငါမစည်းရုံးရသေးဘူး၊ တိုင်းပြည်တပတ် လှည့်ဦးမှ” လို့ တွေးပြီး စည်းရုံးရေး
ဆင်းဖို့ အားသန်ခဲ့တာလားတော့ မပြောတတ်ဘူး။ အမှန်က ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အ
ကျယ်ချုပ်ကနေ လွတ်တဲ့အချိန်က ရွေးကောက်ပွဲအပြီး အောင်ပွဲရထားတဲ့ အချိန်ဖြစ်လို့ စည်းရုံးရေးကာလကို
ကျော်ခဲ့ပါပြီ။ အစိုးရဖွဲ့နိုင်ရေးကိုပဲ အသည်းအသန် ကြိုးပမ်းအားထုတ်ရမယ့် အချိန်ပါ။ နိုင်ငံရေးအကွက်မြင်တဲ့၊
နိုင်ငံရေးသမားပီသတဲ့ ကမ္ဘာ့ဘယ်ဒေသက အတိုက်အခံခေါင်းဆောင်မဆို အဲဒီလိုအချိန်မျိုးမှာဆိုရင် ပြန်ဖမ်းခါမှ
ဖမ်း (‘အတိုက်အခံ’ ဆိုတဲ့ စကားအတိုင်း တိုက်လည်းတိုက်ရဲရမယ်၊ ခံလည်း ခံရဲရမယ်ဆိုတဲ့ စိတ်နဲ့) အစိုးရအဖွဲ့
ကို မဖြစ်မနေ ကြေညာကြမှာပဲလို့ ကျနော် လုံးဝဥဿုံ ယုံကြည်နေမိပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အပြင်မှာ အကြာဆုံး နေခွင့်လိုက်ရတဲ့ (တန်ဖိုးရှိတဲ့) (၅) နှစ်ကျော်
ကာလအတွင်း ၁၉၉၈ စက်တင်ဘာလ (၁၆) ရက်နေ့မှာ ‘ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ’ ဆိုတဲ့ လွှတ်
တော်လည်းမဟုတ်၊ အစိုးရအဖွဲ့လည်းမဟုတ်တဲ့ စကောစကကော်မတီ (ဒီကနေ့အထိလည်း အဲဒီအဆင့်ကနေ မ
တက်) လောက်ကိုသာ ဖွဲ့စည်းလိုက်ရပြီး နေအိမ်အကျယ်ချုပ်ထဲ ဒုတိယအကြိမ် ပြန်ဝင်သွားခဲ့ရ ပြန်လေတယ်။

အပိုင်း (၅)
သတ္တုချကြည့်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ (၂၃) နှစ်နီးပါး မြန်မာပြည်သူတွေအတွက် ရာနှုန်းပြည့်
စွန့်လွှတ်ပေးဆပ်အနစ်နာခံခဲ့တယ်ဆိုတာ ဘယ်သူမှငြင်းနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီကနေ့အထိ ဒေါ်အောင်
ဆန်းစုကြည် ရွှေ့လို့ ရွေ့တဲ့ နိုင်ငံရေးအရွေ့တော့ လုံးဝမရှိသေးဘူးလို့ ကျနော် သုံးသပ်မိပါတယ်။ ရူပဗေဒဘာ
သာရပ်မှာ သင်ရတဲ့ W=FxS ဆိုတဲ့ အီကွေးရှင်းမှာ အားစိုက်မှု (F) မည်မျှပဲရှိရှိ အရွေ့ (S) မရှိရင် အလုပ် (W)
က ဇီးရိုးပါပဲတဲ့။ နိုင်ငံရေးလုပ်တယ်ဆိုတာလည်း W=FxS အီကွေးရှင်းလိုပါပဲ။ “နိုင်ငံရေးလုပ်သည်ဟုမည်ခြင်း
(W) = စွန့်လွှတ်ပေးဆပ်အနစ်နာခံခြင်း (F) x နိုင်ငံရေးအရွေ့ (S)” လို့ပဲ ကျနော်ကတော့ ခံယူပါတယ်။ စွန့်လွှတ်
ပေးဆပ်အနစ်နာခံနိုင်တာသက်သက်ကို နိုင်ငံရေးလုပတ
် ယ်လို့ ပြောလို့မရပါဘူး။ စွန့်လွှတ်ပေးဆပ်အနစ်နာခံနိုင်
တဲ့အပြင် တိုက်ပွဲကာလမှာဆိုရင် တိုက်ပွဲကို ရှေ့တဆင့်တက်အောင် (၀ါ) တည်ဆောက်ရေးကာလမှာဆိုရင်
ကိုယ့်လူ့အဖွဲ့အစည်းကို ရှေ့ကိုပိုပိုပြီး ရွေ့သထက်ရွေ့အောင် ရွှေ့နိုင်တဲ့သူမျိုးကိုမှ နိုင်ငံရေးလုပ်တဲ့သူလို့ ပြော
နိုင်မှာပါ။ မဟုတ်ရင်တော့ နိုင်ငံရေးအရွေ့မရှိခဲ့တဲ့ စွန့်လွှတ်ပေးဆပ်အနစ် နာခံသူဘ၀နဲ့ပဲ သမိုင်းဇာတ်ခုံမှာ နိဂုံး
ချုပ်ရပါလိမ့်မယ် (ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးအ၀န်းအ၀ိုင်းမှာက တော့ အများစုက စွန့်လွှတ်ပေးဆပ်အနစ်
နာခံတာကိုပဲ နိုင်ငံရေးလုပ်တယ်လို့ မှားယွင်းစွာ ထင်မြင်ပြောဆို ဂုဏ်ယူဝင့်ကြွားနေကြတုန်းပါ)။
ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးမဖြစ်ခင် (၃) နှစ်နီးပါး ကာလအတွင်းမှာတော့ စွန့်လွှတ်ပေးဆပ်အနစ်နာခံခဲ့
သူတွေ ဖြစ်တဲ့အပြင် နိုင်ငံရေးအရွေ့ရှိအောင်လည်း လက်တွေ့ကျကျ ဦးဆောင်လုပ်ပြသွားခဲ့တဲ့ အစုအဖွဲ့တခုကို
အမိမြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ၀မ်းမြောက်အားတက်ဖွယ် တွေ့ရှိလိုက်ရပါတယ်။ အဲဒီအစုအဖွဲ့ကတော့ အခု
အခါမှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အမှူးပြုတဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များ အစုအဖွဲ့ပဲဖြစ်ပါတယ်။
(၁၅) နှစ်နီးပါး ထောင်တွေထဲမှာ ပေးဆပ်အနာခံခဲ့ပြီးတဲ့နောက် အပြင်ထွက်လာရတဲ့ (၃) နှစ်နီးပါး ကာလတို
လေးအတွင်းမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ညီညီညတ
ွ်
ညွတ် တဗိုလ်ဆင်းတဗိုလ်တက်နည်းဗျူဟာနဲ့ တိုက်ပွဲဝင်သွားခဲ့တယ်။ နအဖစစ်အုပ်စု မျက်ဖြူဆိုက်ရတဲ့ (နိုင်ငံ
ရေးအရ အရွေ့ဖြစ်စေခဲ့တဲ့) ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ပေါ်လာဖို့ ရှေ့ပြေးအင်အားတွေ၊ တိုက်ပွဲဝင်စိတ်
ဓာတ်တွေ ဖွဲ့တည်လာအောင် လက်တွေ့ကျကျ ဦးဆောင်ပြသွားခဲ့တယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်
တွေရဲ့ ညီညီညတ
ွ်ညတ
ွ် လှလှပပ တိုက်ပွဲဝင်သွားပုံကတော့ တင်စားပြီးပြောရရင် ဖလား (၆) လုံးရ စပိန်ဘာစီလို
နာအသင်းသားများ ဘောလုံးကစားတာကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေရသလို အရသာရှိမှရှိပါပဲ။ သူတို့
အစုအဖွဲ့နဲ့အတူ ကုန်ဈေးနှုန်းကျဆင်းရေး တိုက်ပွဲဝင်ခဲ့တဲ့ ကိုထင်ကျော်တို့အုပ်စုနဲ့ ထန်းမနိုင်ရွာသူလေး မစုစုနွေး
ကိုလည်း မျက်စိထဲ တပါတည်း တွဲမြင်လေးစားနေမိပါတယ်။
နိုင်ငံရေးသမားမျိုးဆက်ပြတ်ခဲ့ရတဲ့ မဆလခေတ်နောက်ပိုင်း (၂၃) နှစ်တာကာလမှာ ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင်တွေဟာ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ အဆင့်ကနေ နိုင်ငံရေးလုပ်တတ်တဲ့ နိုင်ငံရေးသမားအ

ဆင့်အထိ ပီပီပြင်ပြင် တက်လှမ်းလာတာကို တွေ့လိုက်ရတာက တိုင်းပြည်အတွက် တကယ့်ကို အားတက်စရာပါ
ပဲ။ အဲဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အားကုန်သွားခဲ့မယ်ဆိုရင်တောင် (သဘောပြောတာပါ။ အား
ကုန်မယ်လို့ မထင်မိသေးပါ) အမိမြန်မာနိုင်ငံအတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလို အားကိုး
အားထားပြုစရာ Second Line Leader စစ်စစ်တွေကို ရလိုက်ပြီမို့ ကျနော့်အနေနဲ့တော့ အားငယ်စိတ် အလျဉ်းမ
ဖြစ်မိဘဲ အလွန်အမင်း ၀မ်းမြောက်အားတက်နေမိတာအမှန်ပါပဲ။ သူတို့အားလုံး အပြင်မြန်မြန်ပြန်ရောက်အောင်
ဆွဲထုတ်နိုင်ဖို့အတွက်သာ ကျနော်တို့ တက်ညီလက်ညီ အားထုတ်ကြိုးပမ်းကြဖို့ လိုမှာပါ။
အညှာအတာကင်းတဲ့ သမိုင်းဇာတ်ဆရာဆိုသူ (ချောသလား၊ ရုပ်ဆိုးသလား အပြင်မှာ ကျနော် မမြင်ဖူးသေး) က
လည်း စွန့်လွှတ်ပေးဆပ် အနစ်နာခံနိုင်မှုထက် အလုပ်ဖြစ်မှု (၀ါ) နိုင်ငံရေးအရွေ့ရှိမှု(W)ကို ကြည့်ပြီးတော့ပဲ အဓိ
က မှတ်တမ်းတင်တာပါ။ သမိုင်းဇာတ်ဆရာက မောင်ဖြူ၊ မောင်မဲ၊ မနီ၊ မ၀ါဆိုပြီး ညှာတာနေမှာ မဟုတ်ပါဘူး။
ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ‘မင်ဒဲလား’ ရယ်လို့ ကြီးမြတ်စွာ ကဗ္ပည်းတင်နိုင်ခဲ့ခြင်းဟာ နှစ်ရှည်ထောင်ကျခံပြီး ပေး
ဆပ်အနစ်နာခံမှု တခုတည်းကြောင့်မဟုတ်ဘဲ အာဏာကို လက်ဝယ်ပိုင်ပိုင် ရယူတတ်ပြီး တောင်အာဖရိကဆိုတဲ့
လူ့အဖွဲ့အစည်းကြီးတခုကို ပိုမိုသာယာဝပြောတဲ့ အဆင့်တခုရောက်အောင် တွန်းတင်ပေးနိုင်ခဲ့လို့ ‘မင်ဒဲလား’ ရယ်
လို့ ခံ့ထည်စွာ သမိုင်းတွင်ခဲ့တာပါ။ တောင်ကိုရီးယားသမ္မတဟောင်း ‘ကင်ဒေးဂျုံ’ လည်း ထိုနည်းတူပါပဲ။ ဒေါ်
အောင်ဆန်းစုကြည်က မင်ဒဲလား၊ ကင်ဒေးဂျုံတို့နဲ့ လျှောက်ရာလမ်း တူတဲ့အပြင် ငြိမ်းချမ်းရေးနိုဗယ်ဆုရတာ၊ စွန့်
လွှတ်ပေးဆပ်အနစ်နာခံနိုင်တာမှာလည်း တူညီနေတာမို့ ကျနော်ကတော့ ကျနော်တို့ ပြည်သူတွေ အားကိုးခဲ့၊
အားကိုးဆဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံရေးအရွေ့ရှိအောင် လုပ်နိုင်တ့၊ဲ လုပ်တတ်တဲ့ ပြီးပြည့်စုံတဲ့ ဒေါ်
အောင်ဆန်းစုကြည်အဖြစ်နဲ့ပဲ ခံ့ခံ့ထည်ထည်၊ လှလှပပ ဇာတ်သိမ်းတာကို မြင်ချင်မိတာအမှန်ပါ။
ဒါပေမယ့် အခုနောက်ဆုံး အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်၊
လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်တွေမှာ ရှေ့နောက်မညီတာတွေ၊ မြန်မာလိုပြောတာကိုပဲ နောက်ဆက်တွဲ ရှင်း
လင်းနေရပြီး အဓိပ္ပာယ်ဖွင့်ဆိုပြနေရတာတွေ၊ တိုက်ပွဲလမ်းကြောင်းအရ လွဲချော်နေတဲ့ ဆုံးဖြတ်လုပေ
် ဆာင်ချက်
တွေ ပိုပိုပြီး တွေ့လာရတယ်ထင်လို့ (ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ သူမှန်တယ်ထင်လို့ လုပ်နေတာ
ဖြစ်မှာပါ) ကျနော်ကလည်း ကိုယ်မြင်တဲ့အမြင်လေးတွေကို တင်ပြအကြံပြုချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး အခု
လို ရှည်ရှည်ဝေးဝေး ရေးဖြစ်ခဲ့တာပါ။
ရေးဖြစ်ရတဲ့ နောက်အကြောင်းတရား (၃) ခု ရှိပါသေးတယ်။ လွန်ခဲ့တဲ့ (၂၃) နှစ်အတွင်း ဒေါ်အောင်ဆန်းစု
ကြည်ရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ မြန်မာပြည်သူလူထု သန်း (၆၀) ရဲ့ ကံကြမ္မာဖြစ်ခဲ့ရတဲ့အထိ အရှိန်အ၀ါကြီးခဲ့သ
လို လာမယ့်အနာဂတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အမှားအမှန်ဟာ မြန်မာပြည်သူလူထု
သန်း (၆၀) ရဲ့ ကံကြမ္မာအဆိုးအကောင်း ဖြစ်နေလိမ့်ဦးမယ်လို့ ယုံကြည်နေဆဲမို့ရယ်၊ ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင်လည်း အသစ်က ပြန်စသင့်ပြီလို့ ယူဆမိလို့ရယ်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် မောင်လဏ
ွ်းဆွေက
လေး ချစ်တဲ့အချစ်က ‘ဝေလေလေအချစ်’ မျိုး မဟုတ်တာရယ်ကြောင့် အခုလို မေတ္တာအပို့ခံ၊ အဆဲအဆိုခံပြီး ရေး
သားဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။
ဘယ်ပုံဘယ်နည်း အသစ်က ပြန်စရမှာလဲ ဆိုတာတော့ ရှေ့ဆက်ရေးမယ့် အပိုင်း (၆) မှာ ဒေါ်အောင်ဆန်းစု
ကြည်နဲ့ အန်အယ်လ်ဒီပါတီအပေါ် ကျနော် ဉာဏ်မီသလောက် စဉ်းစားမိတဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံ
စုံ အကြံပြုရေးသားတင်ပြမှာဖြစ်ပြီး အပိုင်း (၇) မှာတော့ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေဆဲ ပြည်တွင်း
ပြည်ပက ရဲဘော်ရဲဘက် ညီအစ်ကိုမောင်နှမများအားလုံးကို အကြံပြုတင်ပြချင်တာလေးတွေ (လက်တွေ့ကျကျ
လုပ်နိုင်မယ်လို့ ကျနော် စဉ်းစားမိတာလေးတွေ) ကို ရေးသားတင်ပြရင်း နိဂုံးချုပ်မှာဖြစ်ပါတယ် (လုပ်တာမလုပ်

တာကတော့ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေရဲ့ သဘောပါ။ ကျနော် စဉ်းစား
မိတဲ့ အချက်တွေကို ရှယ်တ့သ
ဲ ဘောပါပဲ)။
နိုင်ငံရေးတိုက်ပွဲတခုဆိုတာကလည်း ခရီးဆုံးမရောက်မီ တိုက်ပွဲဝင်နေဆဲကာလမှာတော့ အယူအဆရေးရာ ကွလ
ွဲ
မှုတွေ၊ တိုက်ပွဲဝင်ချင်တဲ့ လမ်းကြောင်းချင်း မတူတာတွေ ရှိမှာဖြစ်လို့ ဘယ်လမ်းကြောင်းက ပိုပြီးဖြစ်နိုင်တယ်၊ ပို
ပြီးမြန်ဆန်နိုင်တယ်ဆိုတာ ချက်ချင်းလက်ငင်း အဖြေထုတ်နိုင်မှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သွားနေ
တဲ့ လမ်းကြောင်းလည်း မှန်ချင်မှန်မှာပါပဲ (မှန်ရင် ကျနော်တို့ ပိုတောင်ဝမ်းသာရမှာပါ။ ဘာဖြစ်လို့လဆ
ဲိုတော့ ဒေါ်
အောင်ဆန်းစုကြည် ရွေးချယ်တာက လူထုမနာဘဲ ငြိမ်းချမ်းစွာ ပြောင်းလဲရေးဆိုတဲ့ နည်းလမ်းကိုး။ ဘယ်သူမ
ႀကိဳက္ဘေ
ဲ နပါ့မလဲ။ ဒါပေမယ့် “ငါတို့တိုင်းပြည်မှာတော့ ဒီနည်း မဖြစ်နိုင်လောက်ပါဘူး” လို့ ထင်မိလို့သာ ကျနော့်
အနေနဲ့ စဉ်းစားမိတာတွေကို တင်ပြရခြင်းဖြစ်ပါတယ်)။ ကျနော် တင်ပြမယ့် အချက်အလက်တွေလည်း ကြက်
ကန်းဆန်အိုးတိုးပြီး ဒီမိုကရေစီတိုက်ပွဲအတွက် အသုံးတည့်ချင်တည့်မှာပဲ။ ဘာမှတော့ ကံသေကံမ ပြောလို့မရ
ဘူးပေါ့။
တခုတော့ ကျနော် အစိုးအရိမ်ကြီး စိုးရိမ်နေမိတာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် သွားတဲ့လမ်းကြောင်း မှန်နေ
တာကို ဝေဖန်ရမလားဆိုပြီး (ဘာကောင်မှမဟုတ်တဲ့) ကျနော် မောင်လွဏ်းဆွေကလေးအပေါ် ဆဲဆို မေတ္တာပို့
နေကြမှုအပေါ် (ယုတ်စွအဆုံး တံတွေးခွက်ထဲ လိပ်ပြာကူးလေး ကူးနေရရင်တောင်) ကိုယ့်ကိုယ်ကိုယ် သနားတဲ့
စိတ် ဖြစ်ပေါ်မိမှာမဟုတ်ပေမယ့် ဆုတွေတလှေကြီးရထားပြီး မြန်မာပြည်သူတွေ အားကိုးတဲ့ ဒေါ်အောင်ဆန်းစု
ကြည်အနေနဲ့ အောက်မှာ နားဆင်ရမယ့် သီချင်းထဲကလို ဖြစ်မှာကိုတော့ ကျနော် အရမ်းအရမ်းကို စိုးရိမ်ပူပန်နေ
မိပါတယ် (ရှင်းအောင် ထပ်ပြောပါဦးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စိတ်ဆိုးတတ်ကြတဲ့ ကိုယ့်ဆရာ
သမားတချို့က စာကို ရှင်းအောင်မဖတ်ဘဲ တဆိတ်ရှိ ထစ်ကနဲ ဆဲဆိုနေကြရင်း အကုသိုလ်စိတ်တွေနဲ့ လေးပင်
နေမှာစိုးလို့ပါ။ အောက်မှာ နားဆင်ရမယ့် သီချင်းအတိုင်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေပါပြီလို့ ကျနော် ပြော
ဆိုခြင်းမဟုတ်ပါ။ ဖြစ်မှာကို ကျနော် စိုးရိမ်မိတာပါလို့ ပြောဆိုခြင်းသာဖြစ် ပါကြောင်း …)။
“သြော် သွားရှာပြီပေါ့ သနားစရာ နှင်းဆီ … ရှိုက်ကာငို လိုက်ကာချ ဇာတ်သိမ်းပြီ … သဘင်ဆန်ဆန် ဆန်းစစ်ပြန်
တော့ … အလွမ်းအသောမနိုင်ဘဲနဲ့ … သိပ်ကိုကချင်ရှာတဲ့ ကချေသည်မလေး နှင်းဆီ … (ပတ်ဝန်းကျင်မြှောက်
စားလို့ မောက်ကြွားလှတဲ့ အိုနှင်းဆီ …ခုမှပဲ သူ့ဘ၀လည်း ကုမရဘဲနဲ့ ကြွေရှာပါပြီ)၂ … သူ မျှော်မှန်းထားတဲ့ မော်
ခန်းနှင်းဆီဇာတ်ကို မကရဘဲနဲ့ မုန်းလည်း မုန်းစရာကောင်းတဲ့ … အပြုံးထဲက ချုံးပွဲချ ဇာတ်လမ်းနဲ့ သိမ်းရရှာပြီ …
ဟိုလူ ဟိုလူက မကြည့်ရက်နိုင်လို့ … ဟယ် အလွမ်းပြည်ဖုံးကားပိတ် တရှိုက်သာငို လိုက်ကာချ ဇာတ်သိမ်းပြီ …”
(ဆို/ လွှမ်းမိုး - မခင်နှင်းဆီရဲ့ ဇာတ်သိမ်း)

အပိုင်း (၆)
ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြန်တဲ့အခါမှာလည်း အစိုးရအ
ဖွဲ့ မဖွဲ့ရဲသေးရင်တောင် ဖွဲ့ထားပြီးဖြစ်တဲ့ ‘ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP)’ ကို လွှတ်တော်အ
ဆင့်၊ ထိုမှတဆင့် အစိုးရဖွဲ့တဲ့အဆင့်အထိရောက်အောင် ခြေသွက်လက်သွက် ဘယ်လိုအဆင့်မြှင့် အသက်သွင်း
မလဲဆိုတာကို ကျနော် စောင့်ကြည့်ဖြစ်ခဲ့တယ်။ ဒါပေမယ့် နအဖစစ်အုပ်စုထံ ပြည်သူ့လွှတ်တော်ခေါ်ပေးဖို့ ကြေ
ညာချက်ထုတ် တောင်းဆိုတာတွေ၊ စည်းရုံးရေးခရီးစဉ်တွေ၊ စစ်အုပ်စုရဲ့ တည်ဆောက်ပြုပြင် မြန်ပြည်တခွင် ခရီး
စဉ်ကို စစ်အစိုးရဧည့်သည်အနေနဲ့ လိုက်လံကြည့်ရှုတာတွေနဲ့ပဲ အချိန်ကုန်ခဲ့တာကို တွေ့ရပြန်ပါတယ်။

တကယ်ဆို ဒီပဲယင်းခရီးစဉ်ဟာ “ကံကောင်းလို့ မသေ၊ သံချောင်းတို့ အမေ” လို့ ပြောရမယ့်ခရီးစဉ်ပါ။ ဒေါ်အောင်
ဆန်းစုကြည်သာ အဲဒီအချိန်က ရောက်ရှိနေတဲ့ တိုက်ပွဲအဆင့်ကို မှန်မှန်ကန်ကန် ရှုမြင်နိုင်ခဲ့မယ်ဆိုရင် အဲဒီစည်း
ရုံးရေးခရီးစဉ်တွေကို သွားခဲ့လိမ့်မယ်မထင်ဘူး။ ရုံးထဲမှာပဲ အစိုးရဖွဲ့နိုင်ရေးကို ကြိတ်ပြီး ကြံစည်နေခဲ့လိမ့်မယ်လို့
ထင်တယ်။ အခုတော့ စည်းရုံးရေးဆင်းဖို့လိုတဲ့အချိန် မဟုတ်တော့ဘဲနဲ့ မလိုအပ်တဲ့ အရဲစွန့်မှုကို ဆက်လုပ်ခဲ့ပြန်
လို့ စစ်အုပ်စုရဲ့ အစီအစဉ်ရှိရှိ အကောက်ကြံမှုကို ခံရပြီး အန်အယ်လ်ဒီသစ္စာခံ နောက်လိုက်နောက်ပါတွေ သေ
ကြေဒဏ်ရာရခဲ့ကြတဲ့အဖြစ်ဆိုးနဲ့ တိုးခဲ့ရတာလို့ ကျနော် သုံးသပ်မိပါတယ် (ဘောလုံးက တဘက်အသင်း ဂိုးဧရိ
ယာထဲကို ရောက်နေပြီး ဘယ်လိုကန်သွင်းရမလဲဆိုတာကိုပဲ ကြိုးပမ်းအားထုတ်ရမယ့် အချိန်မှာ ကွင်းလယ်ကို
နောက်ပြန်ဆွဲပြေးပြီး မလိုအပ်တဲ့ လိမ်ခေါက်အလှပြမှုတွေနဲ့ အချိန်ဖြုန်း၊ ဘောဖြုန်း လုပ်နေခဲ့သလိုမျိုးပေါ့)။
အဲဒီလိုနဲ့ပဲ ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာချိန်မှာ အလုပ်သင့်ဆုံးဖြစ်တဲ့ အစိုးရဖွဲ့
စည်းရေးအလုပ်ကို မလုပ်ဖြစ်ခဲ့ပြန်ဘဲ ဒီပဲယင်းအမှုနဲ့ နေအိမ်အကျယ်ချုပ်ဘ၀ကို တတိယအကြိမ် ထပ်ဝင်ခဲ့ရပြန်
လေတယ် (ဒီပဲယင်းအမှုနဲ့မဟုတ်ဘဲ အစိုးရအဖွဲ့ကြေညာတဲ့ အမှုမျိုးနဲ့ ပြန်ဝင်ရတာဆို တိုက်ပွဲအတွက် ဘယ်
လောက်များ အကျိုးရှိလိုက်လေမလဲလို့ ပြန်စဉ်းစားမိလေတိုင်း ကျနော် ယူကျုံးမရဖြစ်နေမိတယ်)။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးအကြိမ် အကျယ်ချုပ်က ထွက်လာချိန်အထိလည်း အသင်းခေါင်း
ဆောင်လက်ပတ်နဲ့ ထိုက်ထိုက်တန်တန် ခြေစွမ်းပြလိမ့်ဦးမယ်လို့ ကျနော်မျှော်လင့်နေမိတုန်းပါပဲ။ ထွက်လာပြီး
ပြောဆိုချက်တွေ၊ ဆုံးဖြတ်ချက်တွေ၊ အမေးအဖြေတွေ၊ လုပ်ဆောင်ချက်တွေကို အသည်းတထိတ်ထိတ် ရင်တဖို
ဖို နားစွင့်ကြည့်ရှုလာရင်းနဲ့မှ “ငါ့နှယ် … သေလိုက်ပါတော့ကွာ” လို့ ကိုယ့်နဖူးကိုယ် လက်ဝါးနဲ့ ရိုက်ရတဲ့အဖြစ်ကို
ရောက်ခဲ့ရပြီး (၂၃) နှစ်လုံးလုံး အသင်းခေါင်းဆောင် ဘောလုံးကန်တတ်တယ်ထင်ပြီး အားပေးခဲ့မိတဲ့ ကိုယ့်ကိုယ်
ကိုယ် ကရုဏာသက်မိရောဆိုပါတော့။
အကျယ်ချုပ်က မလွတ်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ထဲကနေ “ပါတီမှတ်ပုံပြန်တင်ဖို့ မလို” လို့ အ
ဆုံးအဖြတ်ပေးလိုက်တာကို ကြားရတုန်းကတော့ “သြော် … ဒေါ်အောင်ဆန်းစုကြည် ဘောလုံးကန်တတ်ပါတယ်
ဟ” ဆိုပြီး သူမအပေါ် ဒွိဟစိတ်ဖြစ်နေတဲ့ ကျနော့်မှာ ၀မ်းသာပီတိ ဂွမ်းဆီထိလိုက်ရတဲ့ဖြစ်ခြင်း။ တိုင်းပြည်အရေး
နဲ့ ပါတီအရေးယှဉ်လာရင် ပါတီကို ဖျက်သင့်ရင် ဖျက်ရမယ်ဆိုတဲ့သဘောမျိုးလည်း တခါသားမှာ ဒေါ်အောင်ဆန်း
စုကြည် ပြောထားဖူးလေတော့ နိုဝင်ဘာ (၁၃) မှာ အပြင်ပြန်ထွက်လာရင်တော့ ပါတီဖျက်ရင် ဖျက်ရပစေ ပွဲသိမ်း
ကွက်နဲ့ အပြီးကိုင်တော့မယ်လို့ (စစ်တုရင်မှာဆိုရင်တော့ လိုအပ်ရင် ဘုရင်မကျွေးပြီးတော့တောင် ပွဲအပြီးသိမ်း
တော့လေမလားပေါ့) မျှော်လင့်ပြီး ဒေါ်အောင်ဆန်းစုကြည် အပြင်ပြန်ထက
ွ်အလာကို မျှော်တော်ဇောနဲ့ မောနေခဲ့
ရတယ်ဆိုပါတော့ (၂၀၁၀ ရွေးကောက်ပွဲအပြီး ကြံ့ဖွံ့လွှတ်တော်ကြီးမပေါ်မီမှာ ၉၀ ရလဒ်ကို အသက်သွင်းဖို့ ကြိုး
စားနိုင်တဲ့ အခွင့်အရေး ရှိနေသေးတာကိုး)။
လူထုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လောက်တောင်မှ မျှော်လင့်ခဲ့ကြသလဲဆိုတာ ခြံရှေ့မှာ
တရားဟောခဲ့တဲ့ နေ့လည်က ပရိသတ်အင်အားကို ခန့်မှန်းကြည့်ရင် သိနိုင်မယ်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစု
ကြည် ရှင်ဆိုရှင်၊ သေဆိုသေဆိုတဲ့ အနေအထားမျိုးနဲ့ လာရောက်စုရုံးအားပေးခဲ့ကြတာပါ။ ဒါပေမယ့် ခြံရှေ့မှာ ပ
ထမဆုံးပြောတဲ့ တရားပွဲမှာတင် စစချင်း ဟင်းကနဲ သက်ပြင်းချမိလောက်အောင်ပါပဲ “ကျွန်မတယောက်တည်း
လုပ်လို့မရပါဘူး၊ အားလုံးဝိုင်းလုပ်ရပါမယ်၊ အားလုံးပါဝင်ဖို့လိုပါတယ်၊ ညီညတ
ွ်မှုရှိဖို့လိုပါတယ်” လို့ အဓိပ္ပာယ်
ဆောင်တဲ့ ပြောနေကျ အားမရစရာ ယေဘုယျစကားတွေကိုသာ ပြောကြားရင်း နိဂုံးချုပ်သွားခဲ့တယ်။ အဲဒီနောက်
ပိုင်း ပြောဆိုချက်၊ ဆုံးဖြတ်ချက်၊ အမေးအဖြေတွေ၊ လုပ်ဆောင်ချက်တွေမှာတော့ ကျနော်နဲ့ သဘောထားကွဲလွဲ
တာတွေကို အတော်များများ တွေ့လာရတယ်ဆိုပါတော့။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကွဲလသ
ွဲ ည့် ကျနော်၏ သဘောထားအမြင်များ
ကွလ
ဲ မ
ွှဲု (၁) ။ ။ ထွက်လာပြီး နောက်တရက်အကြာမှာပဲ ၂၀၁၀ ရွေးကောက်ပွဲ မတရားမှုကို ကမ္ဘာသိအောင် အစီ
ရင်ခံစာ ထုတ်ပြန်ဖို့ ဆောင်ရွက်မယ်လို့ ပြောတာကို ကြားရတော့ ကျနော် တော်တော်အံ့သြသွားတယ် (အကျယ်
ချုပ် မလွတ်ခင် ရွေးကောက်ပွဲ မတရားမှုတွေကို စောင့်ကြည့်ကြဖို့ သတင်းစကားတွေ အမှာပါးနေခဲ့ကတည်းက
စိတ်က ခပ်ပျက်ပျက်ရယ်)။
ကျနော့်အမြင်အရတော့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံပြန်မတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်
ထားတဲ့၊ ကိုယ့်မှာလည်း ၉၀ အောင်ပွဲရလဒ် ကိုင်ထားဆဲ ပါတီတရပ်ရဲ့ ခေါင်းဆောင်အနေနဲ့ ၂၀၁၀ ဆိုတဲ့ အတု
အယောင် ရွေးကောက်ပွဲ ဆိုတာကြီးကို စကားထဲတောင် ထည့်ပြောနေစရာ အကြောင်းမရှိဘူးလို့ ထင်မိပါတယ်။
စကားထဲ ထည့်ပြောနေခြင်းဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို သွယ်ဝိုက်တ့သ
ဲ ဘောနဲ့ အသိအမှတ်ပြုရာရောက်တယ်
လို့ ထင်မိလို့ပါ။ ကျနော်က အန်အယ်လ်ဒီအနေနဲ့ ကြံ့ဖွံ့ရဲ့ ၂၀၁၀ အောင်ပွဲရလဒ်ကို ချေဖျက်ဖို့ သူ့ရဲ့ ၉၀ အောင်
ပွဲရလဒ်ကို ကိုင်စွဲပြီး အသေအကြေ နွှဲတော့မယ်လို့ မျှော်လင့်နေချိန်မှာ အဲဒီ “၂၀၁၀ ရွေး ကောက်ပွဲ မတရားမှုကို
ကမ္ဘာသိအောင် အစီရင်ခံစာထုတ်ပြန်ဖို့ ဆောင်ရွက်မယ်” ဆိုတဲ့စကားကို ကြားလိုက်ရတော့ ကိုယ့်နဖူးကိုယ်
လက်ဝါးနဲ့ စရိုက်မိတော့တာပါပဲ။
ပါတီမှတ်ပုံပြန်မတင်တဲ့အတွက် အန်အယ်လ်ဒီပါတီ တရားမ၀င်တော့ဘူးဆိုတဲ့ စစ်အုပ်စုရဲ့ ပြောဆိုချက်ကို တုန့်
ပြန်ရာမှာလည်း “ပြည်သူထောက်ခံနေသရွေ့ အန်အယ်လ်ဒီပါတီဆိုတာ ရှိနေမှာပဲ” လို့ တဘက်မှာ ပြောဆိုသ
လို တဘက်ကလည်း အန်အယ်လ်ဒီပါတီ တရားဝင် ရပ်တည်ခွင့်ရရေးအတွက် တရားရုံးကို ကိုယ်တိုင် သွား
လျှောက်နေတာမျိုး မပြတ်မသား လုပ်ဆောင်နေတာကိုလည်း စိတ်ပျက်စရာ တွေ့လာရပါတယ်။ တကယ်ဆို
ပြည်သူထောက်ခံနေသရွေ့ အန်အယ်လ်ဒီပါတီဆိုတာ ရှိနေမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်တယ်ဆိုရင် “မတရား
တဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” လို့ ဆော်သြထားဖူးတဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ဘာမ
ဆို မတရားသဖြင့် ဆုံးဖြတ်နေတဲ့ တရားရုံးကိုသွားပြီး အောက်ကျို့မနေဘဲ ကိုယ်ကစပြီး စံနမူနာအနေနဲ့ ဖီဆန်မှု
ပြုလုပ်ပြသင့်တယ်လို့ ကျနော် ယူဆပါတယ်။ မဟုတ်ရင် အပြောတမျိုး အလုပ်တမျိုး လုပ်သလိုဖြစ်ပြီး လူထု
ထောက်ခံမှုကျဆင်းစေနိုင်ပါတယ်။ (၂၃) နှစ်အတွင်း အန်အယ်လ်ဒီအပေါ် လူတွေ တဖြေးဖြေး စိတ်ပျက်လာရ
တဲ့ အကြောင်းတရားတွေထဲမှာ အဲဒီလို အပြောတခြား အလုပ်တခြား ဆိုသလို ဖြစ်ခဲ့တာတွေရယ်၊ ပြောပြီး မေ့မေ့
ပျောက်ပျောက်ဆိုသလို ဖြစ်ခဲ့တာတွေရယ်ကလည်း အကြောင်းတချက်အနေနဲ့ ပါဝင်ပါတယ်။
ကွလ
ဲ မ
ွှဲု (၂) ။ ။ နောက်ဆုံးအကြိမ် အကျယ်ချုပ်က ထွက်လာကာစမှာ ဒေါ်အောင်ဆန်းစုကြည်က NLD လူငယ်
တွေကို စစ်ဆေးရုံကို သွားပြီး သွေးလှူဒါန်းခိုင်းတာနဲ့ “တိုင်းပြည်အတွက် စေတနာ ရှိမယ်ဆို၊ စေတနာမှန်မှန်နဲ့
လာပူးပေါင်းချင်တယ်ဆို ကြံ့ဖွံ့ပါတီဆိုရင်တောင် ဘာမှငြင်းစရာမရှိဘူး” လို့ ပြောဆိုမှုတွေအပေါ်မှာလည်း သူမ
အပေါ် လူထုငြိုငြင်မှာ စိုးရိမ်မိပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆန္ဒစောလွန်းနေတယ်လို့ ကျနော် သဘော
ထားကွဲလွဲမိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်ထွက်လာတဲ့ ၂၀၁၀၊ နိုဝင်ဘာ (၁၃) ဆိုတာဟာ ရွှေဝါရောင်
တော်လှန်ရေးကြီးမှာ နအဖလက်ကိုင်တုတ် စစ်တပ်နဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေ နှိပ်ကွပ်ရက်စက်လို့ ရခဲ့တဲ့ ဒဏ်ရာ
အနာတရတွေ အနာဖေးတက်လောက်ချိန်တောင် မဟုတ်သေးပါဘူး။ အဲဒါကြောင့်မို့ အမျိုးသားပြန်လည်သင့်
မြတ်ရေးကို ရှေးရှုတဲ့အနေနဲ့ သဘောထားကြီးကြောင်း ပြသချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေတနာရည်ရွယ်

ချက်ကို သဘောပေါက်မိပေမယ့် အချိန်ကာလအားဖြင့် ဆန္ဒစောလွန်းနေတယ်လို့ ကျနော့်အနေနဲ့ ရှုမြင်မိသလို
သူမအပေါ် လူထုစိတ်ကွက်သွားမှာကိုလည်း အထူးစိုးရိမ်ခဲ့မိပါတယ်။
ကွလ
ဲ မ
ွှဲု (၃) ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြန်လွတ်လာပြီးနောက်ပိုင်း လူငယ်အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေကို
တသုတ်ပြီးတသုတ် ခေါ်တွေ့ပေမယ့်လည်း ၉၀ ပြည့်နှစ် အနိုင်ရ လက်ကျန် အန်အယ်လ်ဒီအမတ်တွေအားလုံးကို
ခေါ်ယူတွေ့ဆုံတာမျိုး လုံးဝမတွေ့ရပါဘူး။
ကျနော့်အနေနဲ့ကတော့ ၉၀ ပြည့်နှစ် အနိုင်ရ လက်ကျန် အန်အယ်လ်ဒီအမတ်တွေအားလုံးကို ခေါ်ယူတွေ့ဆုံ
တာမျိုး လုပ်သင့်တယ်လို့ မြင်မိပါတယ်။ လုပ်ခြင်းအားဖြင့် တချို့တချို့သော နိုင်ငံရေးသမားပီသတဲ့ အမတ်တွေ
ဆီက တိုက်ပွဲနည်းနာကောင်းတွေ ရရှိနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုအပိုင်းကို ပိုမိုတောက်ပြောင်
စေနိုင်တယ်လို့ မြင်မိပါတယ်။ အခုလို မတွေ့ဆုံဘဲနေခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၉၀ ရလဒ်
ရဲ့ အရေးပါမှုနဲ့ တန်ဖိုးကြီးမှုကို မသိလို့များလား၊ စစ်အုပ်စုက တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းမလာမှာစိုးလို့ လျစ်
လျူရှုနေတာလား ဆိုတာမျိုး စဉ်းစားမိပါတယ်။ တကယ်ဆိုရင် အမတ်တွေအားလုံးနဲ့ တွေ့ဆုံပြီး (၂၃) နှစ်အတွင်း
(၉၀) ရလဒ်နဲ့ ပတ်သက်ပြီး ဖြစ်တည်ခဲ့တဲ့ အနေအထားတွေကို အပြန်ပြန်အလှန်လှန် သုံးသပ်သင့်ပါတယ်။ သင်
ခန်းစာယူစရာရှိတာယူပြီး နောင်အနာဂတ်မှာ အခွင့်အရေးထပ်ရလာရင် အခုလို လက်လွတ်ဆုံးရှုံးတာမျိုးမဖြစ်
အောင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာကို တိုင်ပင်ပြင်ဆင်သင့်တယ်လို့ ကျနော့်အနေနဲ့ မြင်မိပါတယ်။
ကွလ
ဲ မ
ွှဲု (၄) ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံးအကြိမ် အကျယ်ချုပ်က လွတ်မြောက်အပြီးမှာလည်း တွေ့
ဆုံဆွေးနွေးရေးနဲ့

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့

လုပ်ငန်းစဉ်တွေကိုပဲ

ရှေ့တန်းတင်မြဲတင်နေပြန်ပါ

တယ်။ ပိုပြီးထူးခြားလာတာကတော့ ဒုတိယပင်လုံညီလာခံကို ကျင်းပမယ်လို့ ပြောဆိုစည်းရုံးလာတာပါပဲ။ ဒါပေ
မယ့် အခုနောက်ပိုင်းမှာတော့ အဲဒီအသံတွေ ငြိမ်သလိုဖြစ်သွားပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီ
ပေးရေးလုပ်ငန်းစဉ်တွေ၊ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းစဉ်တွေ၊ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်
ရေးနဲ့ လွတ်မြောက်ရေးလုပ်ငန်းစဉ်တွေဘက် ဇောင်းပေးလုပ်ဆောင်လာတာကို တွေ့ရပြန်ပါတယ်။
ကျနော်အနေနဲ့ကတော့ ဒီကနေ့အချိန်ကာလအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီရဲ့ ဦးစားပေး လုပ်
ငန်းစဉ်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မဟုတ်ဘဲ “စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်
ရေး” လုပ်ငန်းစဉ်ပဲ ဖြစ်သင့်တယ်လို့ သဘောထားကွဲချင်မိပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒုတိယ
ပင်လုံညီလာခံခေါ်ယူရေးက အာဏာရှင်လက်အောက်က လွတ်မြောက်မှသာ လုပ်ဆောင်ရမယ့် ‘ဒေးတူး’ လုပ်
ငန်းစဉ်ဖြစ်ပါတယ်။ “စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး” ဆိုတဲ့ ‘ဒေးဝမ်း’ လုပ်ငန်းစဉ်အပြီး အာ
ဏာ ကိုယ့်လက်ထဲရောက်မှ စိတ်ရှိလက်ရှိ အကောင်အထည်ဖော်လို့ရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်တယ်လို့လည်း
မြင်မိပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်မကျွတ်သေးသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒုတိယပင်လုံညီ
လာခံ ခေါ်ယူရေးလုပ်ငန်းစဉ်ဟာ လုပ်ဆောင်လို့ရမယ့် အနေအထား လုံးဝ (လုံးဝ) မရှိဘူးလို့ ကျနော် ရှုမြင်မိလို့
ပါ။ ဒါပေမယ့် အရမ်းအရမ်းကို ထူးခြားနေတာက အခု နောက်ဆုံးအကျယ်ချုပ်က ပြန်ထွက်လာအပြီးမှာ ဒေါ်
အောင်ဆန်းစုကြည်ရဲ့ နှုတ်ဖျားက “စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး” ဆိုတဲ့ စကားလုံးကို လုံးဝ
မကြားရတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် နှုတ်ဖျားက “အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေး” ဆိုတဲ့ အပြော
မျိုးတွေသာ ကြားနေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းစဉ်တွေ၊ အရည်အသွေး
မြှင့်တင်ရေးလုပ်ငန်းတွေ လုပ်နေတာပဲ တွေ့ရတော့တယ်။ တကယ်တော့ ဦးသိန်းစိန်အစိုးရဆိုတာ အရပ်ဝတ်

ပြောင်းထားတဲ့ နအဖစစ်အုပ်စုပါပဲ။ ဒီလိုပဲ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။ အဲသလို ရှင်းရှင်းလင်းလင်း မြင်တတ်
ရင် စစ်အာဏာရှင်စနစ်အောက်က မလွတ်မြောက်သေးတဲ့အတွက် အသွင်ကူးပြောင်းရေးအဆင့်ကို ရောက်နေပြီ
လို့ ယူဆလို့မရသေးဘူးဆိုတာကို အလိုလို သဘောပေါက်မှာပါ။ ဗိုလ်သန်းရွှေတို့ နအဖစစ်အုပ်စု ရှိနေစဉ်ကနဲ့
အတူတူပါပဲ။ ဘာမှထူးထူးခြားခြား ပြောင်းလဲတာမရှိသေးပါဘူး။ ဖိနှိပ်ရေးယန္တရားမျိုးစုံ ရှိမြဲရှိနေဆဲပါ။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းစဉ်တွေ၊ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းတွေက
လတ်တလော လိုအပ်ချက်တွေဖြစ်လို့ လုပ်ဖို့လိုနေတာမှန်ပေမယ့် နိုင်ငံရေးပါတီကြီးတခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီကိုယ်တိုင် ဦးစီးလုပ်ဆောင်နေစရာမလိုဘူးလို့ ထင်ပါတယ်။ အဲဒီလို
လုပ်ငန်းစဉ်တွေကို ကိုကျော်သူတို့၊ မဖြူဖြူသင်းတို့လို လူမှုရေးလုပ်ငန်းပိုင်းမှာ အားကိုးရသူတွေကို လွှဲထားပြီး
အာဏာရှင်စနစ်အောက်က လွတ်မြောက်စေမယ့် နိုင်ငံရေးလုပ်ငန်းစဉ်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်
လ်ဒီက ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ မြင်မိပါတယ်။ အခုဟာက မိုးတွေ တရဟော ယိုနေတဲ့ အိမ်တလုံးမှာ
ခေါင်မိုးအသစ် တက်လဲဖို့ တာဝန်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီက ကြမ်းပြင်မှာ ရေ၀တ်တွေ
နဲ့ လိုက်သုတ်ဖို့ ကြိုးစားနေသလို ရယ်စရာဖြစ်နေတယ်လို့ မြင်မိပါတယ် (လုပ်စရာမရှိလို့ ရှိတာလုပ်နေရတာလား
တော့ မပြောတတ်ဘူး)။ အဲသလို လုပ်နေခြင်းဟာ အာဏာရှင်စနစ် အမြစ်မကျွတ်သရွေ့ အိတ်ပေါက်နဲ့ ဖား
ကောက်သလိုဖြစ်ပြီး လုပ်လို့ကို ဆုံးနိုင်မှာမဟုတ်ပါဘူး။ ရောဂါရဲ့အရင်းအမြစ်ကို ကုဖို့ မကြိုးစားဘဲ နာတဲ့နေရာ
ကိုပဲ ဆေးလိုက်လိမ်းပေးဖို့ ကြိုးစားသလို ဖြစ်နေလို့ပါ (နည်းနည်းလေးတော့ လွဲနေတယ် ဆိုတဲ့သီချင်းလိုပေါ့)။
ကွလ
ဲ မ
ွှဲု (၅) ။ ။ အိုင်ဗရီကို့စ်မှာ အာဏာရှင်သမ္မတဟောင်းကို ဖြုတ်ချနိုင်တဲ့ သတင်းနဲ့ပတ်သက်ပြီး အာရ်အက်ဖ်
အေ အမေးအဖြေကဏ္ဍက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်အပေါ်မှာလည်း ကျနော့်အနေနဲ့ သဘော
ထားကွဲမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “တကယ်ပဲ ကျမတို့နိုင်ငံမှာ ဒီလိုသွေးချောင်းစီးပြီး နိုင်ငံသားတွေ
အချင်းချင်း ကုစားလို့ ခက်မယ့် စိတ်ဝမ်းကွဲမှု ဒဏ်ရာတွေ ဖြစ်စေမယ့်နည်းနဲ့ ကျမတို့တတွေဟာ အစိုးရအ
ပြောင်းအလွဲ လိုချင်ကြတာလား ဆိုတာကိုတော့ စဉ်းစားစရာပါ။ အများပြည်သူတွေ လိုချင်တဲ့ အပြောင်းအလဲ
တွေကို ပြည်သူတွေ အနည်းဆုံး အထိနာစေမယ့် နည်းတွေရှာပြီး လုပ်ဆောင်ရပါလိမ့်မယ်လို့ ထင်ပါတယ်” လို့
ဖြေခဲ့တာကို သဘောထားကွဲလွဲမိသလို ဒိန်းမတ်ကျောင်းသားတဦးရေးတဲ့ ဆောင်းပါးမှာ “ကျမက တော်လှန်ရေး
တွေအတွက် ဆော်သြတိုက်တွန်းနေသူတော့ မဟုတ်ပါဘူး။ ဘာလို့လဆ
ဲိုတော့ သိပ်ရင်ခုန်စရာ မကောင်းလို့ပါ
ဘဲ” လို့ ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ကျနော် သဘောထားကွဲမိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အခု ကျနော်တို့တိုင်းပြည် ဖြတ်သန်းနေရတာက တော်လှန်ရေးကာလပါ။ ရန်သူက ဘာတ
ခုမှ အလျှော့မပေးတဲ့ ရန်သူပါ။ စစ်အာဏာရှင်စနစ်ရှိနေဆဲမို့ အဲဒီအောက်ကနေ လွတ်မြောက်အောင် လုပ်ဖို့အ
တွက် တော်လှန်ရေးကာလကို ရှောင်လွှဲချင်လို့ မရပါဘူး။ ရင်ခုန်ခုန် မခုန်ခုန် ဖြတ်သန်းကြရမှာပါ (အထူးသဖြင့်
ဒေါ်အောင်ဆန်းစုကြည်လို တိုက်ပွဲနဲ့အတူ ပေါ်လာခဲ့တဲ့ ခေါင်းဆောင်မျိုးက တိုက်ပွဲပြီးဆုံးတဲ့အထိ ထိပ်ဆုံးကနေ
ဦးဆောင်ဖြတ်သန်းရမှာပါ)။ နောက်တခုပြောချင်တာက တော်လှန်ရေးလုပ်နေကြသူတွေဟာလည်း အဲဒီလိုရှောင်
လွှလ
ဲို့မရတဲ့ အခြေအနေကို မဖြတ်သန်းလို့မဖြစ်လို့ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ရည်ရွယ်ပြီး ရင်ဆိုင်ဖြတ်
သန်းနေကြတာလို့ ထင်ပါတယ်။ ပျော်လို့ ရင်ခုန်လို့ တော်လှန်ရေးလုပ်နေကြတာတော့ ဟုတ်မယ်မထင်ပါဘူး။
“အနာခံမှာ အသာစံရ” ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ။ အနာမခံချင်ဘဲ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့၊ အာဏာ
ရှင်စနစ်အောက်က လွတ်မြောက်ဖို့ ဘယ်လို ဆေးကောင်းဝါးကောင်းတွေများ ဒေါ်အောင်ဆန်းစုကြည် တွေ့ထား
ပါလိမ့်လို့ ကျနော် ခေါင်းစားနေမိသလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲသလို ဖြေကြားခဲ့မှုတွေအပေါ်မှာလည်း
ကျနော် တော်တော် အံ့အားသင့်နေမိပါတယ်။

တကယ်တမ်း တော်လှန်ရေးဆိုတာက ပြည်မှည့်နေတဲ့ အနာကိုတခုကို အနာခံပြီး ညှစ်ရသလိုပါပဲ။ နာမှာ
ကြောက်လို့ မညှစ်ဘဲ မောရိယမန်းဆေးလောက်ပဲ အုံပေးဖို့ စဉ်းစားနေမယ်ဆိုရင် အနာမပျောက်ဘဲ တဖြေးဖြေး
လှိုက်စားပြီး ခြေဖျားမှာဖြစ်တဲ့ ပြည်တည်နာကနေ ဆေးမတိုးတော့တဲ့ အိုင်းအနာဆွေးကြီးအဆင့်၊ အဲဒီကနေ ပိုပို
ဆိုးလာပြီး နောက်ဆုံးမှာ ခြေထောက်ပါ ဖြတ်ရတဲ့ကိန်မျိုးဆိုက်လိမ့်မယ်လို့ ကျနော်တော့ မြင်မိပါတယ်။ အနာကို
ပြည်ညှစ်မှတော့ နာသင့်သလောက်နာမှာဖြစ်သလို အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ဖို့ တော်လှန်ရေး
ကို ဆင်နွှဲတဲ့အခါမှာလည်း ကံဆိုးတဲ့သူတွေတော့ တိုင်းပြည်ကောင်းကျိုးအတွက် သေကြေအနာတရဖြစ်စွာနဲ့
ပေးဆပ်ကြရစမြဲပါပဲ။ ပေးဆပ်ရသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဖြစ်နိုင်သလို ကျနော်အပါ
အ၀င် အခြားသော ပြည်သူတဦးတယောက်လည်း ဖြစ်နိုင်တာပါပဲ။ ကျနော်တို့လည်း ပြည်ပမှာ နေတယ်ဆိုပေ
မယ့် လုံခြုံရေးအနေအထားအရ ပြည်တွင်းဝင်ပြီး ပြန်လှုပ်ရှားလို့ရတဲ့ အခြေအနေ၊ အချိန်အခါကိုရောက်ရင် (အီ
ဂျစ်မှာ တော်လှန်ရေးဖြစ်တုန်းက ပြည်ပရောက်တွေ ပြန်ဝင်ပြီး နွှဲကြသလို) ပြန်ဝင်ပြီး ချကြမှာပါပဲ။ အဲဒီအတွက်
တော့ လုံးဝမပူပါနဲ့။ အခုအချိန်မှာက အပြင်ကနေ စောင့်ရင်း နိုင်သလောက်လုပ်နေကြတဲ့ သဘောပါ)။ အဲဒီလို
တော်လှန်ရေးနည်းကို ဒေါ်အောင်ဆန်းစုကြည် တွေးကြောက်နေရင်တော့ အထက်မှာပြောခဲ့သလို ခြေထောက်ပါ
ဖြတ်ရတဲ့ကိန်းမျိုးဆိုက်လိမ့်မယ်လို့ပဲ ကျနော်ကတော့ ယူဆမိပါတယ်။
အိုင်ဗရီကို့စ် အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေကြားတဲ့ “တကယ်ပဲ ကျမတို့ နိုင်ငံမှာ ဒီ
လိုသွေးချောင်းစီးပြီး နိုင်ငံသားတွေအချင်းချင်း ကုစားလို့ ခက်မယ့် စိတ်ဝမ်းကွဲမှု ဒဏ်ရာတွေ ဖြစ်စေမယ့်နည်းနဲ့
ကျမတို့တတွေဟာ အစိုးရအပြောင်းအလွဲ လိုချင်ကြတာလား ဆိုတာကိုတော့ စဉ်းစားစရာပါ။ အများပြည်သူတွေ
လိုချင်တဲ့ အပြောင်းအလဲတွေကို ပြည်သူတွေ အနည်းဆုံး အထိနာစေမယ့် နည်းတွေရှာပြီး လုပ်ဆောင်ရပါလိမ့်
မယ်လို့ ထင်ပါတယ်” ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းပြန်
လှန် စဉ်းစားစေချင်တာလေးတခုရှိပါတယ်။ ဘယ်လိုလဲဆိုတော့ “သြော် … သွေးချောင်းစီးပြီး ပြည်သူနာမှာစိုးလို့
ငါတို့ အန်အယ်လ်ဒီ အစိုးရမဖွဲ့ဖြစ်ခဲ့တာ အခုတော့ သွေးချောင်းစီးတာထက် ပိုဆိုးနေပါ့ပေါ့လား။ (၂၃) နှစ်လုံးလုံး
ပြည်သူတွေ ဒုက္ခဆင်းရဲကြီးစွာနဲ့ မျက်ရည်ပင်လယ်ဝေနေကြရတာ၊ နိုင်ငံရေးအကျဉ်းသားတွေဘ၀နဲ့ ထောင်နဲ့
စစ်ကြောရေးစခန်းတွေမှာ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခံနေကြရတာ၊ သူများတိုင်းပြည်တွေမှာ ကျွန်ခံပြီး အနုတ်
စုတ်ဂုတ်စုတ်ဘ၀တွေ ရောက်နေကြရတာ၊ နာဂစ်မှာ သိန်းချီ သေကြရတာ၊ ရွှေဝါရောင်မှာ ဘုန်းကြီးတွေ အ
သတ်အဖြတ် အညှဉ်းဆဲခံခဲ့ရတာ၊ ဂီရိနဲ့ တာလေမှာ သေခဲ့ရတာတွေဟာ တကယ်ဆို ငါနဲ့ ငါတို့အန်အယ်လ်ဒီ
မှာလည်း တာဝန်ရှိတယ်။ ငါတို့သာ ပြည်သူတွေ မန်းဒိတ်ပေးတုန်းက မြန်မြန်ထက်ထက် အစိုးရဖွဲ့ခဲ့ရင် အ
ကောင်းသား၊ ငါတို့အစိုးရလက်ထက်မှာသာဆို အခုလို အဖြစ်ဆိုးတွေနဲ့ ပြည်သူတွေ တိုးကြရမှာမဟုတ်ဘူး” ဆို
တဲ့ စဉ်းစားချက်ပါ။ ဒေါ်အောင်ဆန်းစုကြည် အလေးအနက်ထား စဉ်းစားပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
ကွလ
ဲ မ
ွှဲု (၆) ။ ။ ဒီကေဘီအေ ခွဲထွက်အဖွဲ့က ဗိုလ်မှူးစောလားဘွယ် မေးတဲ့ “ခုတက်လာတဲ့ စစ်အစိုးရတွေက
ပြည်သူလူထုကို မပြောနဲ့၊ သူတို့ ရှိခိုးကန်တော့တဲ့ ဘုန်းကြီးတောင်မှ သူတို့ ဆဲပြီး၊ ရိုက် တက်နင်း သတ်ဖြတ်တာ
တို့၊ ဒါကြောင့်မို့ ဒီကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်ထောင်စုတိုင်းရင်းသားတွေ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကို
ဘယ်နည်းဘယ်လမ်းနဲ့ လုပ်ရမလဲ” လို့ မေးတဲ့ မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ဖြေတဲ့ “ကျွန်မတို့က
တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဖို့ ကြိုးပမ်းတဲ့နေရာမှာ အကြမ်းမဖက်ဘဲလုပ်မယ်လို့ သန္နိဌာန်ချထားပါ
တယ်။ ဒါက အကြမ်းမဖက်တဲ့ လမ်းက လွယ်ကူလို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေကို
အကြမ်းဖက်တဲ့နည်း၊ လက်နက်နည်းနဲ့ လုပ်မြှ ဖစ်မယ်ဆိုတဲ့အမြင်ကို ပြောင်းလဲချင်လို့ပါ။ ဆွေးနွေးညှိနှိုင်းပြီး နိုင်ငံ
ရေးအဖြေရှာတဲ့ အစဉ်အလာကို ဒီတိုင်းပြည်မှာ ခိုင်မာသွားစေချင်လို့ပါ။ ဒီလိုအစဉ်အလာ ခိုင်မာသွားမယ်ဆိုလို့
ရှိရင် အုပ်ချုပ်တဲ့သူတွေဘက်ကပဲ ဖြစ်ဖြစ်၊ ပြည်သူတွေဘက်ကပဲ ဖြစ်ဖြစ်၊ ဘယ်လိုမကျေနပ်မှုတွေပဲ ရှိရှိ သွေး

ထွက်သံယိုမှုမပါဘဲ ပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ” ဆိုတဲ့ အဖြေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော် သဘော
ထားကွဲမိတာရှိပါတယ်။
ကျနော့်အနေနဲ့တော့ ဗိုလ်မှူးစောလားဘွယ်လည်း ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဆွေးနွေးအဖြေရှာ ညှိနှိုင်းတဲ့
နည်းကို မနှစ်သက်ဘဲနေမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီလို ဆွေးနွေးအဖြေရှာ ညှိနှိုင်းတဲ့အဆင့်ကို ရောက်ဖို့
အတွက် လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့ နအဖစစ်အုပ်စုကို ဖိအားပေးတဲ့အနေနဲ့ (မတတ်သာလွန်းလို့
သာ) သေနတ်ကိုင်နေကြတာလို့ ကျနော် မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီက ကျနော် မျှော်လင့်မိတာက
“ကျွန်မကတော့ အကြမ်းမဖက်တဲ့ နည်းနာကိုပဲ ကိုင်စွဲပြီး တိုက်ပွဲဝင်နေပါတယ်။ ဒါပေမယ့် တခြားနည်းနာပေါင်းစုံ
နဲ့ တိုက်ပွဲဝင်နေကြသူတွေဟာလည်း အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင် ကြိုးစားနေကြသူတွေပဲ
ဖြစ်လို့ တချိန်ချိန်မှာတော့ ပန်းတိုင်တခုတည်းမှာ စုဆုံနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်” ဆိုတဲ့ အဖြေမျိုးဆို တိုက်
ပွဲဝင်နေရတဲ့ ဗိုလ်မှူးစောလားဘွယ်နဲ့တကွ သူ့နည်းတူ လက်နက်ကိုင်လမ်းစဉ်နဲ့ တိုက်ပွဲနေကြသူတွေအားလုံး ပို
ပြီး အားတက်ကြလိမ့်မယ်လို့ မျှော်လင့်မိတာပါ။
ကွလ
ဲ မ
ွှဲု (၇) ။ ။ ဗီအ
ွိုအေ၀က်ဘ်ဆိုက်မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ တိုင်းပြည်အာဏာရရေး
အတွက်မဟုတ်ဘဲ ဒီမိုကရေစီတည်ဆောက်ပေးရေးအတွက် ကြိုးစားနေတဲ့ ပါတီသာဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေ
စီရရှိရေးအတွက် NLD ပါတီထက် ပိုပြီးလုပ်နိုင်တဲ့ အဖွဲ့အစည်းပေါ်လာရင် ဒီအဖွဲ့ကို ၀ိုင်းရံကြရမယ်လို့ မြန်မာ့ဒီမို
ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်” လို့ ဖတ်လိုက်ရတုန်းကလည်း ကျနော်အနေနဲ့ အံ့
အားတသင့်ဖြစ်မိပါတယ်။
အထက်ပါ သတင်းစကားထဲက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ တိုင်းပြည်အာဏာရရေးအတွက်မ
ဟုတ်” ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်လို ဟဲဗီးဝိတ်ဖြစ်နေဆဲ ခေါင်းဆောင်မျိုးက ပြောပေလို့သာ …။ ဒေါ်
အောင်ဆန်းစုကြည်မှအပ အန်အယ်လ်ဒီပါတီထဲက အခြားပုဂ္ဂိုလ်တယောက်ယောက်ကများ ပြောလို့ကတော့ “အ
ရူးကွက် နင်းတာလား” ဆိုပြီး ကျီးကန်းတွေလို ၀ိုင်းအာလိုက်ကြမယ့်အမျိုး …။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီသ
တင်းစကားရဲ့ ဆိုလိုချက်က ချဲပေါက်ချင်လို့ ချဲထိုးခဲ့ပြီး အလျော်ရကိန်းမမြင်တဲ့ အခြေဆိုက်မှ “ဟီး ဟီး အဲဒီတုန်း
က ငါ ချဲထိုးခဲ့တာ ပိုက်ဆံလိုချင်လို့ မဟုတ်ပါဘူး၊ အပျင်းပြေ ကံစမ်းကြည့်ခဲ့တာပါ။ အလျော်မရလည်း ငါ့အတွက်
အရေးမကြီးပါဘူး” လို့ အရှက်ပြေ ပြောသလို ဖြစ်နေလို့ပါ။
အဲဒီသဘောထားက ဒေါ်အောင်ဆန်းစုကြည် တဦးတည်းရဲ့ သဘောထားလား၊ အန်အယ်လ်ဒီပါတီရဲ့ သဘော
ထားလား ဆိုတာတော့ မကွဲပြားပါဘူး။ ဒါပေမယ့် အဲဒီသတင်းစကားနဲ့ ပတ်သက်ပြီး စာရေးသူလိုပဲ ၉၀ ရွေး
ကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူတွေအနေနဲ့လည်း မေးစရာမေးခွန်းတွေ တန်းစီနေမယ်လို့ ထင်ပါ
တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားပဲဖြစ်ဖြစ်၊ ပါတီရဲ့သဘောထားပဲဖြစ်ဖြစ် အန်အယ်လ်ဒီပါတီအ
နေနဲ့ အာဏာရရေးအတွက် မဟုတ်ရင် န၀တစစ်အုပ်စုက ကျင်းပပေးခဲ့တဲ့ ၉၀ ရွေးကောက်ပွဲကို ဘာဖြစ်လို့ ၀င်
ပြိုင်ခဲ့တာပါလဲ၊ ဘာဖြစ်လို့ ၉၀ ရွေးကောက်ပွဲအကြိုကာလမှာ “စုနိုင်မှ ချမ်းသာမည်” လို့ ပြည်သူတွေကို စည်းရုံး
ပြီး မဲထည့်ခိုင်းခဲ့တာပါလဲ ဆိုတဲ့မေးခွန်းတွေက ရှေ့ဆုံးကနေ တန်းစီနေလိမ့်မယ်ထင်ပါတယ် (အဲဒီအချိန်တုန်းက
ကျမက အကျယ်ချုပ်ခံနေရချိန်ပါဆိုတဲ့ အဖြေမျိုးလောက်နဲ့တော့ မသင့်တော်ပေဘူးလို့ ကြိုတင်မေတ္တာရပ်ခံပါရ
စေ)။
သတင်းစကားထဲမှာပါတဲ့ “ဒီမိုကရေစီတည်ဆောက်ပေးရေးအတွက် ကြိုးစားနေတဲ့ ပါတီသာဖြစ်” ဆိုတဲ့ သဘော
ထားနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းပြည်အာဏာကို ရအောင်မယူဘဲ အရာရာကို လက်နက်အားကိုးနဲ့ ချုပ်ကိုင်

ထားတဲ့ စစ်အာဏာရှင်တွေလက်အောက်မှာ ဒီမိုကရေစီကို ဘယ်လိုတည်ဆောက်ပေးနိုင်မှာလဲ၊ အာဏာလက်
ကိုင်မရှိဘဲ ‘ဒုတိယပင်လုံ’ လို့ ပြောတဲ့ (တိုင်းရင်းသားလူမျိုးစုအသီးသီးက သူတို့အသိအမှတ်ပြု လက်ခံထားတဲ့
သူတို့ရဲ့ခေါင်းဆောင်စစ်စစ်တွေ ပါဝင်တက်ရောက်ဖို့လိုတ့)ဲ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ ညီလာခံကြီး
ကို လက်တွေ့ကျကျ ဘယ်လို ဖော်ဆောင်ကျင်းပနိုင်မှာလဲဆိုတဲ့ မေးခွန်းတွေ ရှေ့ကတန်းစီနေမယ်လို့ ထင်ပါ
တယ်။
သတင်းစကားပါ နောက်ဆုံးအချက်ဖြစ်တဲ့ “မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် NLD ပါတီထက် ပိုပြီးလုပ်နိုင်
တဲ့ အဖွဲ့အစည်းပေါ်လာရင် ဒီအဖွဲ့ကို ၀ိုင်းရံကြရမယ်” ဆိုတဲ့ သဘောထားအပေါ်မှာတော့ ကျန်တဲ့ ပြည်သူတွေ
မေးစရာ ရှိမရှိ ကျနော်မသိ၊ ကျနော့်အနေနဲ့တော့ မေးစရာ မေးခွန်းမရှိပါဘူး။ NLD ပါတီထက် ပိုပြီးလုပ်နိုင်တဲ့
အဖွဲ့အစည်းပေါ်လာရင်တော့ လူထုကလည်း အဲဒီအဖွဲ့အစည်းနောက်ကိုပဲ လိုက်ပါဝန်းရံတော့မှာ အသေအချာပါ
ပဲ။ ၉၀ ရလဒ်လို အားကြီးတဲ့ တိုက်ပွဲလက်နက်ကြီးကိုတောင် ဖင်ခုထိုင်ပြီး သုံးစားမရအောင် လုပ်ပစ်ခဲ့တဲ့ ပါတီ
ကြီးထက် အားကိုးရမယ့် အဖွဲ့အစည်းကို ပြည်သူတွေလည်း မျှော်နေမှာ အသေအချာပါပဲ။ ရွှေဝါရောင်တော်လှန်
ရေးမတိုင်မီက အန်အယ်လ်ဒီပါတီထက် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အမှူးပြုတဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များ အစုအဖွဲ့ရဲ့ ဦးဆောင်မှုနောက်ကို ပြည်သူတွေနဲ့ အန်အယ်လ်ဒီပါတီဝင်တွေ လိုက်
ပါဝန်းရံခဲ့ကြသလိုမျိုးပေါ့။ နိုင်ငံရေးဆိုတာကတော့ ဦးဆောင်မှုပေးနိုင်တဲ့ အဖွဲ့အစည်းနောက်ကို ပြည်သူတွေ
လိုက်ပါမှာ၊ ၀န်းရံမှာက ဗေဒင်မေးစရာလိုတဲ့ ကိစ္စမဟုတ်လို့ အဲဒီနောက်ဆုံးအချက်နဲ့ ပတ်သက်လို့တော့ ကျနော့်
အနေနဲ့ မေးခွန်းထုတ်စရာမရှိပါဘူး။
အဲဒီတော့ အပေါ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားကို ပြန်ပြီးဆန်းစစ်ရရင် အန်အယ်လ်ဒီပါတီဟာ တ
ကယ်ပဲ အာဏာရရေးအတွက် တည်ထောင်ခဲ့တာမဟုတ်ဘူးလား ဆိုတာပါ။ တကယ်တော့ အန်အယ်လ်ဒီပါတီ
ဟာ တိုင်းပြည်အာဏာရယူဖို့အတွက် တည်ထောင်ခဲ့တာ ဖြစ်တယ်ဆိုတာ ၉၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ခဲ့တဲ့ တ
ချက်တည်းနဲ့ကို ရှင်းနေတာပါ။ နိုင်ငံရေးပါတီတရပ်ကို တည်ထောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၉၀ ရ
လဒ် သုံးမရတော့တဲ့ အချိန်ကျမှ အခုလိုပြောတာဟာ လက်လွတ်စပယ် ပြောလွန်းရာကျပြီး လူရယ်စရာလည်း
ဖြစ်နေပါတယ်။ တော်နေကြာ “အဲလိုဆိုလည်း ၈၈ အာဏာသိမ်းပြီးစ ပါတီတွေ ထောင်ခွင့်ပေးတုန်းက အန်အယ်
လ်ဒီကို နိုင်ငံရေးပါတီအနေနဲ့ မှတ်ပုံမတင်ဘဲ လူမှုရေးအသင်းအဖွဲ့အနေနဲ့ မှတ်ပုံတင်ခဲ့ပါတော့လား” ဆိုပြီး စောဒ
ကတွေ တက်လာမှဖြင့် …။
အဲဒီတော့ ဗီအ
ွိုအေ၀က်ဘ်ဆိုက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားနဲ့ ပတ်သက်ပြီး ပြန်ချုပ်ရရင် ချဲ
ပေါက်သူ ချဲအလျော်မရတာက ပြဿနာမဟုတ်ပေမယ့် အန်အယ်လ်ဒီပါတီ ၉၀ ရွေးကောက်ပွဲကို တခဲနက်မဲနဲ့
အနိုင်ရပြီး အာဏာကို လက်ဝယ်ပိုင်ပိုင် ရအောင် မယူတတ်ခဲ့တာကတော့ တိုင်းပြည်ကို ပြဿနာတွေ တသီတ
တန်းကြီး တက်စေခဲ့သလို တိုင်းသူပြည်သားတွေကိုလည်း ဒုက္ခပင်လယ်ဝေစေခဲ့တယ်လို့ ကျနော့်အနေနဲ့ မှတ်
ချက်ပြုချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီသို့ အကြံပြုချက်များ
အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကွဲလွဲမှုတွေအကြောင်း ဆွေးနွေးရင်း အကြံပြုချက်တချို့လည်း တွဲပါသွားခဲ့
ပါပြီ။ အခု ရေးမယ့်ဟာကတော့ သီးသန့်ထပ်ပြီး အကြံပြုတဲ့သဘောပေါ့။
၁။ အန်အယ်လ်ဒီပါတီအနေနှင့် ၉၀ ရလဒ်ကို ဆက်လက်ကိုင်စွဲထားတုန်းလား၊ မကိုင်စွဲတော့ဘူးလား။ ကိုင်စွဲ

ထားသည်ဆိုလျှင် ဘာကြောင့် ကိုင်စွဲထားခြင်းဖြစ်ပြီး စွန့်လွှတ်လိုက်ပြီဆိုလျှင်လည်း ဘာကြောင့် စွန့်လွှတ်ရ
သည်ဆိုသည်ကို တခဲနက် မဲပေးခဲ့သည့် ပြည်သူလူထုအား လေးစားသည့်အနေနှင့် သုံးသပ်ချက်စစ်တမ်းတ
စောင် ထုတ်ပြန်ပေးစေလိုပါသည်။
၂။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အန်အယ်လ်ဒီဗဟိုကော်မတီကို ထက်မြက်သွက်လက်ပြီး တိုက်ပွဲဝင်လိုစိတ်
ရှိသည့် (အသက်အပိုင်းအခြားအားဖြင့် ၄၅ နဲ့ ၇၀ ကြား) လူသစ်များနှင့် ပြင်ဆင်ဖွဲ့စည်းစေလိုပါသည်။ ယခုလက်
ရှိ အသက်အရွယ်ကြီးလွန်းသည့် ဗဟိုကော်မတီဝင်များကို ထုတ်ပယ်ရန် ဆန္ဒမရှိလျှင်လည်း ဦးတင်ဦး၊ ဦးဝင်း
တင်တို့မှအစ သဘာပတိ (အကြံပေး) အဖွဲ့ဝင်များအနေဖြင့်သာ ထားသင့်ပါတော့သည်။ ထုတ်ပယ်ခဲ့သည့် အဖွဲ့
ဝင်များကိုလည်း ပြန်လည်စိစစ်ပြီး လက်ခံသင့်ပါသည်။
၃။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အနာဂတ်တွင် ပါတီအတွက် အားကိုးနိုင်လောက်မည့် ဒုတိယတန်းစားခေါင်း
ဆောင် (Second Line Leader) များကို သေသေချာချာ ရွေးချယ်ပြီး ယခုအချိန်မှ စတင်၍ အတူတြွဲ ပီး ပွဲထုတ်
သင့်ပါသည် (မဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည် အပြင်မှာမရှိသည်နှင့် အန်အယ်လ်ဒီပါတီသည် အသေကောင်
လို ပြန်ဖြစ်ဦးမည်ထင်ပါသည်)။
၎။ အန်အယ်လ်ဒီပါတီ၏ ရပ်တည်ခွင့်ကို အနှောင့်အယှက်ပြု ဟန့်တားလာပါက ပြည်သူလူထုနှင့်အတူ မည်သို့
မည်ပုံ ခုခံတိုက်ပွဲဝင်မည်ကို ဗဟိုကော်မတီဝင်များ စဉ်းစားအဖြေရှာထားစေလိုပါသည်။
၅။ အာရ်အက်ဖ်အေ အသံလွှင့်ဌာနမှ ထုတ်လွှင့်နေသည့် အမေးအဖြေ အစီအစဉ်ကို ရပ်ဆိုင်းသင့်ပြီဟု အကြံပြု
လိုပါသည်။ အပ်ကြောင်းထပ်မှုများ၊ အငြင်းပွားဖွယ်ရာများ၊ ဒီမိုကရေစီရေးတိုက်ပွဲဝင်များအတွက် အားတက်စရာ
နည်းပြီး အားပျက်စရာ ယေဘုယျဖြေကြားမှုများကိုသာ နားဆင်နေရသည့်အတွက် ဂုဏ်သိက္ခာညှိုးနွမ်းမည်ကို စိုး
ရိမ်ပြီး ပွင့်ပွင့်လင်းလင်း အကြံပြုရခြင်းဖြစ်ပါသည်။
၆။ အန်အယ်လ်ဒီ၏ လတ်တလော ဦးစားပေးလုပ်ငန်းစဉ်သည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး
သာဖြစ်သင့်ပြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လမ်းကြောင်းမှတဆင့် တိုက်ပွဲစဖော်သင့်ပါသည်။
လက်မှတ်ရေးထိုးတောင်းဆိုသည့်အဆင့်လောက်နှင့် အလုပ်မဖြစ်နိုင်သည့်အတွက် တိုက်ပွဲဖော်ရန် အကြံပြုရ
ခြင်းဖြစ်ပါသည်။
၇။ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင်များအနေနှင့် လယ်သမားများကို အရည်အ
သွေးမြှင့်တင်ခြင်းကဲ့သို့သော လုပ်ငန်းမျိုးထက် မိမိတို့ကိုယ်တိုင် နောင်လူထုအုံကြွမှုဖြစ်ပေါ်က အစိုးရတရပ်အ
နေနှင့် ဖွဲ့စည်းဦးဆောင်နိုင်လောက်သည့် အရည်အသွေးမျိုး အဆင်သင့်ရှိနေအောင် အရည်အသွေးမြှင့်တင်ထား
ကြဖို့ အကြံပြုလိုပါသည်။ မဟုတ်ပါက အောင်ပွဲနှင့် အကြိမ်ကြိမ် လွဲချော်ရဦးမည်ကို စိုးရိမ်မိ၍ အကြံပြုရခြင်းဖြစ်
ပါသည်။
ရှေ့လာမည့် အပိုင်း (၇) နိဂုံးပိုင်းတွင် ငွေကြေးကုန်ကျစရာ အကြောင်းမရှိ၊ အဖမ်းအဆီးခံရမည်ကို ကြောက်ရွံ့
စိုးရိမ်စရာမရှိ၊ မည်သူ့ကိုမျှ အဖော်စပ်စရာမလို၊ “အပြင်ကနေ မြှောက်ပေးမနေနဲ့၊ သတ္တိရှိရင် ပြည်တွင်းထဲ ၀င်
လုပ်ပါလား” ဟု ဖိတ်ခေါ်ရလောက်အောင်လည်း စွန့်စားစရာမလိုသည့် “အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” ဟူ
သော “နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး” ကျနော့်စဉ်းစားချက် တိုက်ပွဲနည်းနာများကို ဒေါ်အောင်ဆန်း
စုကြည်၊ အန်အယ်လ်ဒီနှင့် ပြည်တွင်းပြည်ပမှ ဒီမိုကရေစီတိုက်ပွဲဝင် ညီအစ်ကိုမောင်နှမများ၊ စစ်အာဏာရှင်စနစ်

အောက်မှ လွတ်မြောက်လိုသူ မြန်မာပြည်သူပြည်သားအားလုံး (စစ်သား၊ ရဲ၊ မီးသတ်၊ လုံထိန်း၊ ကြံ့ဖွံ့၊ အမျိုးသမီး
ရေးရာနှင့် စွမ်းအားရှင်များပါမကျန်) လိုက်ပါလုပ်ဆောင်နိုင်ရန် ရေးသားတင်ဆက်ရင်း နိဂုံးချုပ်မည်ဖြစ်ပါကြောင်း
ကြိုတင်အသိပေးကြေညာအပ်ပါသည်။

အပိုင်း (၇)
ဤနိဂုံးပိုင်းမှာ ကျနော် ဉာဏ်မီသလောက် စဉ်းစားမိတဲ့ “အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” ဆိုတဲ့ လူထုတိုက်ပွဲ
နည်းနာ အကြံပြုစဉ်းစားချက်တွေကို တင်ပြမှာဖြစ်ပါတယ်။ မတင်ပြမီ အခြေအနေအရပ်ရပ်ကို ပြန်ပြီးသုံးသပ်ရ
ရင်ဖြင့် ဒီကနေ့အချိန်ကာလမှာ မျက်စိပသာဒပိုင်းအရ အရင်ကနဲ့မတူ တမူထူးခြားတာလေးတော့ အနည်းငယ်ရှိ
လာတယ်လို့ ပြောရပါမယ်။ ဘာထူးခြားတာလဲဆိုတော့ (၂၃) နှစ်ကြာ “ပြည်သူ့မေတ္တာခံယူတဲ့ သားတွေပါခင်ဗျ”
လို့ ဆလံသရမယ့် ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့နှစ်ယောက် စစ်အာဏာရှင်ဇာတ်ခုံကြီး ကန့်လန့်ကာနောက်
ထဲ ၀င်ပုန်းသွားကြပြီး ကန့်လန့်ကာရှေ့မှာ ကျန်ခဲ့တဲ့ ဗိုလ်သိန်းစိန်တို့တသိုက် ကြံ့ဖွံ့ပုဆိုးနဲ့တိုက်ပုံ လဲဝတ်လိုက်
ကြတဲ့ ထူးခြားမှုပါပဲ။ ဒါပေမယ့် စစ်အာဏာရှင်ဇာတ်ခုံကြီးနဲ့ အဆောက်အအုံကြီးက ရှိမြဲအတိုင်းရှိနေပြီး ဗိုလ်သန်း
ရွှေတို့ ကန့်လန့်ကာနောက်ကွယ်က ကြိုးဆွဲတဲ့အတိုင်း ဇာတ်ခုံပေါ်ကျန်ခဲ့တဲ့ ဘောင်းဘီချွတ် ကြံ့ဖွံ့မောင်တွေက
နေကြရဆဲ၊ ကနေကြရဦးမယ်ဆိုတာကိုတော့ နိုင်ငံရေးအကင်းပါးသူတိုင်း ရိပ်မိသိရှိကြမှာအမှန်ပါ။
ဦးသိန်းစိန်တို့ မအူမလည်တသိုက် အဲသလို ဆက်မိုက်ကြဖို့ ပြင်နေကြချိန်မှာပဲ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ဒီမို
ကရေစီလိမ်ဆင်ပြဇာတ်တော်ကြီးမှာ ကပြအသုံးတော်ခံခွင့်ရမယ်အထင်နဲ့ (စစ်အာဏာရှင်ဇာတ်ခုံဟောင်းကို ဒီမို
ကရေစီဇာတ်ခုံအထင်နဲ့) ပါတီထောင်ခဲ့ကြသူတွေအားလုံးလည်း ၂၀၀၈ အတုအယောင်အခြေခံဥပဒေမှာ ဗိုလ်
သန်းရွှေ ဇာတ်ညွှန်းခွဲပေးထားတဲ့အတိုင်း ခေါင်းညိတ်၊ ခေါင်းခါ၊ အမြီးနှန့်ကကွက်တွေနဲ့သာ တသဝေမသိမ်း ကပြ
အသုံးတော်ခံခဲ့ကြရတာကိုလည်း အာလုံးမြင်တွေ့ခဲ့ကြရပြီမဟုတ်ပါလား။ ပြောရရင် ပါတီထောင်ခဲ့ကြသူတွေအား
လုံး အမည်ခံ ‘ပါတီ’ တေးနဲ့ ‘ပါပီ’ ကလေးတွေ ဖြစ်ခဲ့ကြရတယ်ပေါ့ခင်ဗျာ (နောက် ၅ နှစ်အကြာမှာ ပါပီကလေး
တွေအဆင့်ကနေ ကြွက်စုတ်ကလေးတွေအဆင့်လောက် ရှိနေသေးရင် ကံကောင်းတယ်လို့ ပြောရမှာပေါ့)။
နောက်ပြီး ‘ဦးသိန်းစိန်အစိုးရသစ်’ ဆိုတာကြီးသာ ပေါ်လာတယ်၊ နအဖစစ်အစိုးရလက်ထက်က ဖမ်းထားတဲ့ နိုင်ငံ
ရေးအကျဉ်းသား (၂,၀၀၀) ကျော်ကိုလည်း မလွှတ်ရဲ၊ စာနယ်ဇင်းလွတ်လပ်ခွင့်လည်း မပေးရဲဘဲ ဖိနှိပ်ရေးယန္တရား
တွေကို တိုးချဲ့ဖို့သာ အကွက်စိစိ လုပ်ဆောင်နေတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးနည်းနဲ့
ဆွေးနွေးအဖြေရှာဖို့ မစဉ်းစားဘဲ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာတွေကိုသာ တွေ့နေရလို့ စစ်အာဏာရှင်စနစ်ကြီး
အမြစ်ယိုင်နဲ့ခြင်းမရှိသေးဘဲ ရှိမြဲအတိုင်း အမြစ်တွယ်နေဆဲဆိုတာ သိသာထင်ရှားလွန်းနေပါတယ်။ အဲဒီတော့ အ
စိုးရသစ်ဆိုတာကြီး ဘယ်လိုပဲ ပေါ်လာပေါ်လာ ဒီကနေ့အချိန်ကာလဟာ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် အ
မြစ်ကျွတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် တော်လှန်ရဦးမယ့် အချိန်ကာလ (တော်လှန်ရေးကာလ) ပဲဖြစ်တယ်
ဆိုတာကို ကျနော်တို့ နိုင်ငံသူနိုငင
်ံသားအားလုံး ရှင်းရှင်းလင်းလင်း မြင်ကြပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဒါပေမယ့် အခုတလောမှာ ဆက်လက်တိုက်ပွဲဝင်တော်လှန်ကြရဦးမယ့် ကျနော်တို့တတွေအတွက် စိတ်ဓာတ်ရေး
ရာအရ အားပျက်ေ၀၀ါးချင်စရာ သြ၀ါဒအမှာစကားတချို့ ထွက်ပေါ်လာနေတာမို့ အဲဒါတွေနဲ့ ပတ်သက်ပြီး စိတ်
ဓာတ်မကျ၊ စိတ်ဝမ်းမကွဲစေဖို့ ကျနော့်အနေနဲ့ အကြံပြုချင်စိတ်ဖြစ်ပေါ်နေမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျ
နော်တို့ ကြားလာရတဲ့ စိတ်ဓာတ်ရေးရာအရ အားပျက်ေ၀၀ါးချင်စရာ သြ၀ါဒအမှာစကားတချို့က (၂၃) နှစ်နီးပါး
ဒီမိုကရေစီတိုက်ပွဲအတွက် ယုံကြည်ကိုးစားခဲ့တဲ့ ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆီက ထွက်
ပေါ်လာတဲ့ စကားတွေ ဖြစ်နေလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်းက ဒီမိုကရေစီအင်အားစုတွေအ

ကြား အတော်ကလေး တာသွားလွန်းလှတာမို့ ဆက်လက်တိုက်ပွဲဝင်ရဦးမယ့် တော်လှန်ရေးကာလမှာ တိုက်ပွဲဝင်
ချင်သူတွေ စိတ်ဓာတ်ကျဆင်းကုန်မှာ၊ ဒီမိုကရေစီပန်းတိုင်ကို ချီတက်နေကြသူချင်း ဒေါ်အောင်ဆန်းစုကြည်နဲ့
တိုက်ပွဲဝင်ရဦးမယ်လို့ ယုံကြည်သူတွေကြား ကွာဟမှု ပိုကြီးလာမှာကို ကျနော့်အနေနဲ့ အထူးစိုးရိမ်နေမိတာပါ။
အဓိကကတော့ နောက်ဆုံးအကြိမ် အကျယ်ချုပ်က ပြန်ထွက်လာပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ တိုင်းပြည်အာဏာရရေးအတွက် မဟုတ်” လို့ ပြောဆိုလာတာမျိုး
တွေ၊ “ကျမက တော်လှန်ရေးတွေအတွက် ဆော်သြတိုက်တွန်းနေသူတော့ မဟုတ်ပါဘူး။ ဘာလို့လဆ
ဲိုတော့ သိပ်
ရင်ခုန်စရာ မကောင်းလို့ပါဘဲ” လို့ ဖြေကြားလာတာမျိုးတွေ၊ “အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ အသွင်ကူး
ပြောင်းရေးကိုပဲ လုပ်ဆောင်မယ်” လို့ ပြောဆိုလာတာမျိုးတွေကြောင့် အခြားနည်းနာပေါင်းစုံနဲ့ တိုက်ပွဲဝင်မှ ဖြစ်ဦး
မယ်လို့ ယုံကြည်နေသူတွေအကြားမှာ တိုက်ပွဲဝင်ချင်စိတ်တွေ လျော့ပါးကုန်မှာစိုးတာရယ်၊ ဒေါ်အောင်ဆန်းစု
ကြည်နဲ့ တိုက်ပွဲနည်းနာပေါင်းစုံအသုံးချရေးကို ယုံကြည်သူတွေအကြား စိတ်ဝမ်းကွဲကုန်မှာကို စိုးရိမ်မိတာရယ်ပါ။
ဘယ်လို သဘောထားကွဲစရာတွေ ရှိတယ်ဆိုတာကို အပိုင်း (၆) မှာ ကျနော် အသေးစိတ် ဆွေးနွေးခဲ့ပြီးပါပြီ။
ကျနော် အကြံပြုချင်တာက ဒီလိုပါ။ ကျနော်တို့ ခေါင်းဆောင်တင်ခဲ့ပြီးသား ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့
၂၃ နှစ်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် ရာနှုန်းပြည့်ပေးဆပ်ခဲ့တာ သေချာလွန်းလှတာရယ်မို့ အသင်းခေါင်းဆောင်
လက်ပတ်နဲ့ ဆက်လက်ရှိနေစေပြီး (ကွင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေသေးတာကိုကလည်း စိတ်ဓာတ်
ရေးရာအရ အားဖြစ်စေတာမို့) တော်လှန်ရေးကာလကို တိုက်ပွဲနည်းနာပေါင်းစုံနဲ့ ဖြတ်သန်းဖို့ လိုအပ်နေသေး
တယ်လို့ ယုံကြည်တဲ့သူတွေကသာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဆက်လက်တိုက်ပွဲဝင်ကြဖို့ အကြံပြုချင်တာပါ။
အဲဒီလို တော်လှန်တိုက်ပွဲဝင်ကြရင်း စစ်အာဏာရှင်စနစ် အမြစ်ကျွတ်သွားတဲ့တနေ့မှာ တဖြေးဖြေးချင်း ငြိမ်းချမ်း
စွာပြောင်းလဲရေးကို ဦးတည်လျှောက်လှမ်းနေသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ နည်းနာပေါင်းစုံအသုံးချတိုက်ပွဲဝင်သူ
တွေ ပြန်လည်ချိတ်ဆက်မိကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီအခါကျရင်သာ ကျနော့်တို့အားလုံး ဒေါ်အောင်ဆန်း
စုကြည်ရဲ့ အမြော်အမြင်ကြီးတဲ့ ဦးဆောင်မှုအောက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်မှုကာလ၊
တိုင်းပြည်ပြန်လည်ထူထောင်ရေးကာလတွေကို တက်ညီလက်ညီ ဖြတ်သန်းကြဖို့ တိုက်တွန်းလိုပါတယ်။
အခုအချိန်မှာတော့ တိုက်ပွဲဝင်ဦးမှဖြစ်မယ်လို့ ယုံကြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ကျွတ်ရေးအ
တွက် စတင်လုပ်ဆောင်ရမယ့် ဦးစားပေးလုပ်ငန်းစဉ်က နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး လုပ်
ငန်းစဉ်ပဲ ဖြစ်တယ်လို့ ထင်မိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ပါမှ ရွှေဝါရောင်မတိုင်မီမှာ
ကျနော်တို့ရဲ့တိုက်ပွဲကို ထင်သာမြင်သာတဲ့ အရွေ့ရှိအောင် ဦးဆောင်မှုပေးခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်း
ဆောင်တွေ၊ ရွှေဝါရောင်မတိုင်မီ ရွှေဝါရောင်အပြီးနဲ့ နာဂစ်သင့်ကာလတွေမှာ မြန်မာပြည်သူတွေကို အားဆေး
တိုက်ကျွေးခဲ့တဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာနဲ့ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားကြီးတွေဖြစ်တဲ့ ရှမ်းတိုင်း
ရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့လည်း တပါတည်း လွတ်မြောက်နိုင်မှာပါ။ သူတို့တတွေ အပြင်ကို ပြန်
ရောက်လာမှ သူတို့တွေရဲ့ ဦးဆောင်မှုနဲ့ စစ်အာဏာရှင်စနစ် အမြစ်ကျွတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်နိုင်မယ်
လို့ ယုံကြည်ပါတယ် (ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ချိတ်ဆက်မိရင် ပိုမို
အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်လာပြီး တိုက်ပွဲကို မြန်မြန်အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ထားတာလည်း ရှိ
ပါတယ်)။
လူမှုရေးလုပ်ငန်းတွေ၊ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရင်း၊ NLD နဲ့ ဦးသိန်းစိန်အစိုးရ ကြား
(NLD ဟာ အာဏာလိုချင်လို့ မဟုတ်ပါဘူးလို့ ဦးသိန်းစိန်အစိုးရက မြင်လာတဲ့အထိ) ယုံကြည်မှု ဖြစ်တည်လာ
အောင် လုပ်ဆောင်ပြရင်း တွေ့ဆုံဆွေးနွေးရေးအဆင့်ထိ တက်လှမ်းလာမယ်လို့ မျှော်လင့်နေပုံရတဲ့ ဒေါ်အောင်

ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုကလည်း လမ်းကြောင်းတခုအနေနဲ့တော့ သူ့ဟာသူရှိနေမှာပေါ့။ ကျနော့် တဦးချင်းအ
မြင်အရတော့ လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ … စတဲ့ ဖိအားပေါင်းစုံ ပေးနိုင်မှသာ ဦး
သိန်းစိန် ဦးဆောင်တဲ့ အရပ်သားအရေခြုံ စစ်အစိုးရ အကျပ်အတည်းဆိုက်လာမယ်၊ အကျပ်အတည်းဆိုက်လာ
မှသာ တွေ့ဆုံဆွေးနွေးရေးဆိုတာကို ကမ်းလှမ်းလာမယ်လို့ ထင်ပါတယ်။ မဟုတ်လို့ကတော့ စောင့်ရင်းနဲ့သာ တ
မလွန်ကို မြန်းရမယ့်ကိန်းလို့ပဲ မြင်မိပါတယ်။
အဲဒီတော့ အခုအချိန်မှာ နုနယ်ပျိုမျစ်ဆဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အခြားနိုင်ငံရေးအကျဉ်း
သားတွေ လွတ်မြောက်ဖို့က အလွန့်အလွန်ကို အရေးကြီးနေပါတယ်။ အဲဒီလို လွတ်မြောက်ဖို့ကတော့ လူထုတိုက်
ပွဲနည်းနာနဲ့ ဆွဲထုတ်မှ ရမယ်လို့ မြင်ပါတယ် (ဦးသိန်းစိန်ရဲ့ အရပ်သားအရေခြုံ စစ်အစိုးရသစ်ကြီးက သဘော
ထားကြီးစွာနဲ့ အသာတကြည် လွတ်ပေးလိမ့်မယ်လို့ လုံးဝမထင်လို့ပါ)။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဒေါ်
အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်း
စစ် ချုပ်ငြိမ်းရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရေးအတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှု စတင်
နေတာ တွေ့ရပါတယ်။ အရှိန်ကောင်းလာတာ တွေ့ရလို့လည်း အားတက်ဝမ်းမြောက်မိပါတယ်။
ဒါပေမယ့် လက်မှတ်ထိုးတဲ့ လှုပ်ရှားမှုလောက်ကိုတော့ နအဖစစ်အစိုးရလက်ထက်ကတည်းက မျက်နှာပြောင်
တာ ကျင့်သားရနေပြီးသားဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ဆိုသူကြီးက မဖြုံရေးချမဖြုံလို့ မြင်မိပါတယ်။ လက်မှတ်ရေး
ထိုးတောင်းဆိုတဲ့အဆင့်ကနေ လူထုတိုက်ပွဲမျိုးနဲ့ ဖိအားပေးတောင်းဆိုတဲ့အဆင့်အထိ တက်လှမ်းတိုက်ပွဲဝင်နိုင်
မှသာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို ဦးသိန်းစိန်စစ်အစိုးရက စဉ်းစားလာလိမ့်မယ်လို့ ထင်ပါ
တယ် (ဒီကြားထဲမှာတော့ ဦးသိန်းစိန်အစိုးရက သူတို့ အသက်ရှူချောင်ဖို့ နိုင်ငံရေးကစားတဲ့အနေနဲ့ နိုင်ငံရေးအ
ကျဉ်းသား တချို့တလေလောက်ကိုပဲ လွှတ်ပေးမှာပါ)။ တပြိုင်နက်တည်းမှာ သံတမန်ရေးနည်း၊ စစ်ရေးနည်းတွေ
နဲ့ပါ ၀ိုင်းပြီး ဖိအားပေးနိုင်ရင်တော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်
မျှော်လင့်နေတဲ့ တွေ့ဆုံဆွေးနွေးရေးအဆင့်အထိပါ တက်လှမ်းလာနိုင်မယ်လို့ မျှော်လင့်မိပါတယ် (မောင်လွဏ်း
ဆွေကလေး ပြောတာတွေလောက်တော့ ငါတို့လည်း မစဉ်းစားဘဲနေပါ့မလား၊ ဖြေးဖြေးပေါ့ လာမှာပေါ့ ဆိုရင်
လည်း ဆန္ဒစောပြီး ပြောနေမိတဲ့ ကျနော်မျိုးကြီး လေးဖြူမဟုတ်ကို ခွင့်လွှတ်ပါပေါ့လေ)။
အဲဒီလို လူထုတိုက်ပွဲနဲ့ ဖိအားပေးတောင်းဆိုမှသာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်မယ်လို့ ယုံကြည်
တာကြောင့် ကျနော်စဉ်းစားမိတဲ့ တိုက်ပွဲနည်းနာတချို့ကို တင်ပြချင်မိခြင်းဖြစ်ပါတယ်။ အခုအချိန်မှာ “အာရပ်ဒီမို
ကရေစီလှိုင်း” ကလည်း အကြီးအကျယ် ရိုက်ခတ်နေဆဲမို့ အဲဒီအာရပ်လှိုင်းကို အချိန်မီ လိုက်စီးနိုင်ရင်ဖြင့် နှစ်ရှည်
လများ ထောင်တွေထဲမှာ ပေးဆပ်နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ လွတ်မြောက်နိုင်ကောင်းရဲ့လို့ စဉ်းစား
မိတာကလည်း နောက်အကြောင်းတချက်မို့ အခုလို အရဲစွန့် တင်ပြမိခြင်းဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲ
တွေကို ဖြစ်ပေါ်စေတဲ့ လှိုင်းလုံးဆိုတာမျိုးကလည်း အနှစ်နှစ်ဆယ်ကျော် အစိတ်နီးပါး ကြာမှ တခါ ရိုက်ခတ်တတ်
တာမို့ ဒီတခါ ရိုက်ခတ်တဲ့ အာရပ်ဒီမိုကရေစီလှိုင်းကို အမီလိုက်မစီးရင်ဖြင့် ကျနော်တို့ အားကိုးတဲ့ ကိုမင်းကိုနိုင်
တို့၊ ကိုကိုကြီးတို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း ဆံဖြူသွားကျိုးအရွယ်ကျမှသာ လွတ်မြောက်
မယ့်ကိန်းပါပဲ။ အဲဒီလို မတွေးရဲ၊ မတွေးဝံ့စရာ အခြေအနေတွေ ရှိနေတာမို့ ကျနော်တို့ပြည်သူတွေအားလုံး အာ
ရပ်လှိုင်းကို အမီလိုက်စီးကြစေချင်တာပါ။
ကျနော် အကြံပြုတင်ပြမယ့် တိုက်ပွဲနည်းနာကတော့ ရွှေဝါရောင်မတိုင်မီမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်း
ဆောင်တွေ ကိုယ်တိုင်ကျင့်သုံးသွားခဲ့တဲ့ လမ်းလျှောက်ခြင်းနည်းနာနဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်
ရေးအတွက် ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့အဖွဲ့ ပြုလုပ်သွားခဲ့တဲ့ အပတ်စဉ် အင်္ဂါဝတ်ပြုဆုတောင်းပွဲ နည်းနာနှစ်
ခုကို ပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။ အဆိုပါနည်းနာနှစ်ခုစလုံးဟာ သာမာန်ပြည်သူတွေအတွက် ငွေကုန် ကြေး

ကျခြင်းလည်းမရှိ၊ အဖမ်းအဆီးခံရမယ့် အန္တရာယ်လည်းမရှိဘဲ လွယ်လွယ်ကူကူ လိုက်ပါလုပ်ဆောင်နိုင်တဲ့ နည်း
နာတွေဖြစ်လို့ ကျနော့်အနေနဲ့ ယုံကြည်ကိုးစားစွာ အကြံပြုမိခြင်းဖြစ်ပါတယ်။
ပြည်ပရောက် ညီအစ်ကိုမောင်နှမများထဲကလည်း တိုင်းပြည်နဲ့လူမျိုးအတွက် တိုက်ပွဲဝင်ချင်စိတ်ရှိသူတွေအနေနဲ့
ပြည်တွင်းပြန်ဝင်လို့ အန္တရာယ်တစုံတရာမရှိသူမှန်သမျှ (ပြန်ဝင်လို့ အန္တရာယ်ရှိမရှိဆိုတာ ကိုယ့်လိပ်ပြာ ကိုယ်အ
သိဆုံး ဖြစ်မှာပါ။ ကိုယ့်ကိုယ်ကို မလိမ်ညာမိဖို့ အရေးကြီးပါတယ်) ပြန်ဝင်ပြီး တိုက်ပွဲဝင်ကြဖို့ ကျနော့်အနေနဲ့
မေတ္တာရပ်ခံပန်ကြားလိုပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသား (၅) သန်းလောက်ထဲက ငါးသောင်းလောက်ပဲ
ပြန်ဝင်ပြီး တိုက်ပွဲဝင်ဦး နည်းနည်းနောနောအားမဟုတ်ပါ။ ကျနော့်အနေနဲ့လည်း လုံခြုံရေးအခြေအနေအရ ပြန်
ဝင်လှုပ်ရှားလို့ရပြီဆိုတာနဲ့ ပြန်ဝင်လှုပ်ရှားမှာဖြစ်တဲ့အကြောင်း အပိုင်း (၆) မှာ ပြောခဲ့ပြီးဖြစ်ပါတယ်။ ပြည်ပကနေ
လိပ်ခေါင်းထွက်အောင် အော်ဟစ် ကြေညာချက်ထုတ်နေတာလောက်ကို ဦးသိန်းစိန်အစိုးရက ယားတယ်လို့ ခါး
တွန့်မှာ မဟုတ်လို့ အမှန်တကယ် မျိုးချစ်စိတ်ရှိသူတွေကို ကျနော့်အနေနဲ့ တိုက်တွန်းနေရခြင်းဖြစ်ပါတယ် (ပြန်
ဝင်ဖို့ အခြေအနေမပေးသေးတဲ့ ပြည်ပရောက် ဒီမိုကရေစီတိုက်ပွဲဝင်တွေအနေနဲ့ကတော့ နိုင်ငံရေးကို စီးပွားဖြစ်
လုပ်စားနေတဲ့ ဘာတပ်ပေါင်းစု၊ ညာတပ်ပေါင်းစု ဆိုတာတွေအစား အောက်ခြေထုက စစ်စစ်မှန်မှန် ရွေးချယ်
တင်မြှောက်တဲ့၊ ထိရောက်အားကောင်းတဲ့ အဝေးရောက် ပြည်သူ့အစိုးရသစ်တရပ် ပေါ်ပေါက်လာဖို့ ၀ိုင်းဝန်းကြိုး
စားသင့်တယ်လို့ ကြားဖြတ်အကြံပြုလိုပါတယ်)။
ကျနော် အကြံပြုတင်ပြမယ့် ပြည်တွင်းလူထုတိုက်ပွဲနည်းနာကတော့ အာဏာရှင်မှန်ရင် ကြောက်တတ်စမြဲဖြစ်တဲ့
လူထုလှိုင်းနဲ့ အင်အားပြမယ့် နည်းနာပါ။ ဦးသိန်းစိန်းအစိုးရဟာ ဒီမိုကရေစီကို ဖော်ဆောင်မယ့် အစိုးရလား၊ အာ
ဏာရှင်အစိုးရပဲလား ဆိုတာကို တဖြေးဖြေးချင်း စမ်းသပ်မယ့် တချက်ခုတ် နှစ်ချက်ပြတ် တိုက်ပွဲနည်းနာလည်း
ဖြစ်ပါတယ်။ အသေးစိတ်ကို အောက်မှာ တင်ပြပါမယ်။

“အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” လူထုတိုက်ပွဲနည်းနာများ
ရည်ရွယ်ချက် ။ ။ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးမှသည် စစ်မှန်
သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအထိ ရည်ရွယ်သည်။
အဓိဌာန် ။ ။ ငါသည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေးအတွက် အကျဉ်းထောင်
အသီးသီးတွင် ပေးဆပ်တိုက်ပွဲဝင်နေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်လာသည်အထိ အ
ပတ်စဉ် မပျက်မကွက် တိုက်ပွဲဝင်ပါမည်။ ငါ၏ မဆုတ်မနစ်သော ဇွ၊ဲ လုံ့လ၊ ၀ီရိယတို့ဖြင့် တိုက်ပွဲဝင်မှုကြောင့် နိုင်
ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ပြီး ပြည်တွင်းစစ် အပြီးတိုင် ချုပ်ငြိမ်းပါစေသား၊ စစ်မှန်သည့်
ဒီမိုကရေစီစနစ် ပေါ်ထွန်းပါစေသား (တိုက်ပွဲဝင်ရန် ပိုင်းဖြတ်သူတိုင်း အဓိဌာန်ပြု ရွတ်ဆိုရန်)။
တိုက်ပွဲဝင်ရမည့်ရက် ။ ။ စနေနေ့နှင့် တနင်္ဂနွေနေ့ (စနေနေ့ကို “နိုင်ငံရေးအကျဉ်းသားများနှင့် ပြည်တွင်းစစ်ဒဏ်
ခံနေရသည့် တိုင်းရင်းသားပြည်သူများအတွက် ၀တ်ပြုဆုတောင်းရေးနေ့” အဖြစ် သတ်မှတ်ပြီး တနင်္ဂနွေနေ့ကို
“နိုင်ငံရေးအကျဉ်းသားများအတွက် နွေးထွေးမှုပေးရေးနေ့” အဖြစ် သတ်မှတ်သည်။ ပြည်သူအများစု လိုက်ပါလုပ်
ဆောင်နိုင်မည့် အားလပ်ရက်နှစ်ရက်ကို ရွေးချယ်ခြင်းဖြစ်သည်)။
စနေနေ့တွင် လုပ်ဆောင်ရန် ။ ။ မိမိနေထိုင်ရာအရပ်နှင့် အနီးဆုံးရှိ ဘုရားသို့ တက်ရောက်၍ နိုင်ငံရေးအကျဉ်း
သားများနှင့် ပြည်တွင်းစစ်ဒဏ်ခံနေရသည့် တိုင်းရင်းသားပြည်သူများအတွက် ၀တ်ပြုဆုတောင်းပါ။ ဘုရားပေါ်
တွင် အချိန်ပေးနိုင်သမျှ ကြာကြာနေပြီး ဆုတောင်းပေးပါ။ ဘုရားသို့ သွားရာတွင် တဦးချင်း (သို့မဟုတ်) လေးဦး

ထက်မပိုဘဲ သွားရောက်ပါ။ တူညီဝတ်စုံ ၀တ်ဆင်ရန် မလိုပါ (အခြားဘာသာဝင်များဖြစ်လျှင်လည်း မိမိတို့ ကိုး
ကွယ်ရာ ဘာသာအလိုက် ဘုရားရှိခိုးကျောင်း၊ ဗလီ … အစရှိသည်များသို့ သွားရောက်၍ ၀တ်ပြုဆုတောင်းပါ)။
တနင်္ဂနွေနေ့တွင် လုပ်ဆောင်ရန် ။ ။ မိမိနေထိုင်ရာ မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ထားရှိရာ အကျဉ်းထောင်ဆီ
သို့ နီးနိုငသ
် မျှ အနီးဆုံးအထိ ချဉ်းကပ်သွားရောက်ပြီး အပေါ်မှ အဓိဌာန်ကို ရွတ်ဆိုဆုတောင်းပါ။ တဦးချင်း (သို့မ
ဟုတ်) လေးဦးထက်မပိုဘဲ သွားရောက်ပါ။ တူညီဝတ်စုံ ၀တ်ဆင်ရန် မလိုပါ။ ထောင်ဆီသို့ မျက်နှာမူကာ မတ်
တပ်ရပ်ပြီး ရွတ်ဆိုဆုတောင်းပါ။ လုံခြုံရေးအခြေအနေကြောင့် မတ်တပ်ရပ်ပြီး ရွတ်ဆိုဆုတောင်းခွင့်မရလျှင်
ထောင်နှင့် အနီးဆုံးနေရာမှ လမ်းဖြတ်လျှောက်ရင်း ရွတ်ဆိုဆုတောင်းပါ။ လမ်းဖြတ်လျှောက်ရန်ပင် အခက်အခဲရှိ
လာပါက စက်ဘီး၊ ဆိုက္ကားကဲ့သို့သော ယာဉ်များကို ဖြေးညင်းစွာ စီးနင်း၍ ရွတ်ဆိုဆုတောင်းပါ (အကျဉ်းထောင်
မရှိသော မြို့ရွာနေ ပြည်သူများအနေနှင့်မူ စနေနေ့လုပ်ငန်းစဉ်အတိုင်းသာ မပျက်မကွက် ဆောင်ရွက်ပါ)။
ဤ စနေနှင့် တနင်္ဂနွေနေ့များတွင် လုပ်ဆောင်ရန်များသည် လူထုတိုက်ပွဲ၏ ပထမအဆင့် နည်းနာများဖြစ်သည်။
တစ်ယောက်မှ တစ်ရာ၊ တစ်ရာမှ တစ်ထောင်၊ တစ်ထောင်မှ တစ်သောင်း၊ တစ်သောင်းမှ တသိန်း၊ တသိန်းမှ တ
တိုင်းတပြည်လုံး ပါဝင်ဆင်နွှဲလာသည်အထိ တိုက်ပွဲနည်းနာကို လက်ဆင့်ကမ်းပါ၊ မျှဝေပါ၊ အပတ်စဉ် မပျက်မ
ကွက် အချိန်ပေးဆောင်ရွက်အောင် တိုက်တွန်းနှိုးဆော်ပါ။ တတိုင်းတပြည်လုံး ပါဝင်လာသည်အထိ (၆) လ ကြာ
ချင်ကြာမည်။ (၁) နှစ် ကြာချင်ကြာမည်၊ ဇွဲရှိရှိ ဆောင်ရွက်ပါ (ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဝင်များပါ ပါဝင်လုပ်ဆောင်ကြမည်ဆိုလျှင် အတိုင်းအထက်အလွန်ဖြစ်ပြီး လူထုတိုက်ပွဲ လျင်လျင်မြန်မြန်
အရှိန်မြင့်တက်လာမည်ဖြစ်သည်)။
မီဒီယာများ၊ စီတီဇင်ဂျာနယ်လစ်များသို့ မေတ္တာရပ်ခံချက် ။ ။ လူထုလှုပ်ရှားမှု အရှိန်မြှင့်လာသည်နှင့်အမျှ နည်းမျိုး
စုံဖြင့် မှတ်တမ်းတင်ပြီး နိုင်ငံတကာမီဒီယာများသို့ တင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်ပေးပါ။
ပထမအဆင့်တွင် သတိပြုရန်အချက်များ ။ ။ အထက်ပါ ပထမအဆင့် တိုက်ပွဲနည်းနာနှစ်ခုတွင် အောက်ပါအ
ချက်များကို သတိပြုပါ။
ဘုရားဖူးသွားရောက်ရာတွင်ဖြစ်စေ၊ အကျဉ်းထောင်အနီးသို့ ချဉ်းကပ်ရာတွင်ဖြစ်စေ အချိန်ကြာမြင့်လာပြီး လိုက်
ပါဆောင်ရွက်သူ များလာသည်နှင့်အမျှ စစ်တပ်၊ ရဲ လုံခြုံရေးချထားမှု၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့၏ စောင့်ကြည့်ခံရမှု
လည်း ပိုများလာမည်ဖြစ်သည်။ ရှေ့ဆက်မသွားရ ဆိုသည်မျိုး တားမြစ်ပိတ်ဆို့လာမှုများ ကြုံတွေ့လာရမည်ဖြစ်
သည်။ ထိုအခါမျိုးတွင် လုံခြုံရေးများ၊ စောင့်ကြည့်သူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုမပြုဘဲ ဘုရားနှင့် အကျဉ်းထောင်
ကို အနီးဆုံးချဉ်းကပ်၍ရသည့် နေရာအထိသာ ချဉ်းကပ်ပြီး အပတ်စဉ် မပျက်မကွက် လမ်းလျှောက် အဓိဌာန်ပြု
ဆုတောင်းပါ။ ယုတ်စွအဆုံး လုံခြုံရေးများ တမြို့လုံးနီးပါး ချလာလျှင်လည်း ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ
လျှောက်လို့ရသည့် နေရာတွင် ဆက်လျှောက်ကာ အသံတိတ် အဓိဌာန်ပြုဆုတောင်းပါ။
တိုက်ပွဲဒုတိယအဆင့် ။ ။ လိုက်ပါဆောင်ရွက်သည့် ပြည်သူများ တဖြေးဖြေး များပြားလာပြီး လူအင်အား သိသိ
သာသာ တိုးများလာချိန်တွင် တိုက်ပွဲကို ရှေ့ဆောင်မည့်သူများ (တိုက်ပွဲဖော်မည့်သူများ) မုချပေါ်လာမည်ဖြစ်
သည်။ ကြွေးကြော်သံ တိုင်ပေးမည့်သူများ ပေါ်လာမည်ဖြစ်သည်။ ဆိုင်းဘုတ်ထောင်၊ အလံကိုင်ရဲမည့်သူများ
ပေါ်လာမည်ဖြစ်သည်။ ဤအဆင့်တွင် …
“နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး … ဒို့အရေး ဒို့အရေး”
“ပြည်တင
ွ်းစစ် ချုပ်ငြိမ်းရေး … ဒို့အရေး ဒို့အရေး” တို့ကို အစပြု တောင်းဆိုရင်း တိုက်ပွဲဝင်သင့်သည်။

ဤနေရာတွင် အထူးသတိထားရမည်မှာ တိုက်ပွဲဖော်သည့်သူများသည် အတုအယောင် စစ်အုပ်စုဒလန်တွေလား၊
မိမိတို့ကို အမှန်တကယ် ဦးဆောင်မှုပေးမည့်သူများလား ဆိုသည်ကို သေချာစွာ အကဲခတ်လေ့လာပါ။ မိမိတို့ကို
အမှန်တကယ် ဦးဆောင်မှုပေးမည့်သူများ သေချာသည်ဆိုလျှင် စနေ၊ တနင်္ဂနွေတိုက်ပွဲဝင်များထဲမှ လိုက်ပါရဲသူ
များအနေနှင့် လုံခြုံရေးအနေအထားကို သတိကြီးကြီး၊ အကင်းပါးပါး၊ မျက်စိရှင်ရှင်ဖြင့် လိုက်ပါအားပေး တိုက်ပွဲ
ဝင်ပါ။ လိုက်ပါရန် စိုးရွံ့သေးသူများအနေနှင့် မိမိတို့ လုပ်ဆောင်နေသည့် တိုက်ပွဲပထမအဆင့်ကိုသာ မပျက်မ
ကွက် လုပ်မြဲအတိုင်း ဆက်လက်လုပ်ဆောင်ပါ။
တိုက်ပွဲတတိယအဆင့် ။ ။ ဤအဆင့်တွင် ဦးသိန်းစိန်အစိုးရ မင်းသားခေါင်းစွပ် ကွာကျပြီး ဘီလူးဆိုင်း တီးလာ
နိုင်သည်။ ဤအဆင့်ကို ဆက်လက်လိုက်ပါ တိုက်ပွဲဝင်ရဲသူများအနေနှင့် ရွှေဝါရောင်သံဃာ့အရေးအခင်းတုန်းက
ကဲ့သို့ “နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ” လောက်နှင့် မရတော့ဘဲ …
“နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး … ဒို့အရေး ဒို့အရေး”
“ပြည်တင
ွ်းစစ် ချုပ်ငြိမ်းရေး … ဒို့အရေး ဒို့အရေး”
“၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး … ဒို့အရေး ဒို့အရေး”
“စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး … ဒို့အရေး ဒို့အရေး”
… စသည်များအထိ တိုးချဲ့တောင်းဆို တိုက်ပွဲဝင်သင့်သည်။ အကြမ်းအရမ်း နည်းနာပေါင်းစုံကို သုံး၍ တိုက်ပွဲဝင်
ရန် ကြိုးစားသင့်သည် (အာရပ်လူထု၏ တိုက်ပွဲဝင်ပုံကို လေ့လာပါ)။ စစ်အုပ်စု၏ အကျိုးစီးပွားများနှင့် ဒေါက်တိုင်
များ (အဆောက်အအုံ၊ ယာဉ်၊ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသူများ) ကို အဓိကပစ်မှတ်ထားပြီး မိမိ
တို့ဉာဏ်စွမ်းရှိသမျှ တဦးချင်းသော်လည်းကောင်း၊ ယုံကြည်စိတ်ချရသည့် ရဲဘော်ရဲဘက်ချင်း ချိတ်ဆက်၍သော်
လည်းကောင်း နေ့ရောညပါ လက်ဦးမှုရှိရှိ ဖြိုချတိုက်ပွဲဝင်သင့်သည်။ အစိုးရယန္တရားပေါင်းစုံ ရပ်ဆိုင်းသည်အထိ
ရည်ရွယ်လုပ်ဆောင်သင့်သည်။ ဤအဆင့်အထိ လိုက်ပါဆောင်ရွက်ရန် စိုးရွံ့သူများအနေနှင့်မူ မိမိတို့လုပ်ဆောင်
နေသည့် ပထမအဆင့်ကို လုပ်၍ရသည့်နေရာတွင် မပျက်မကွက် ဆက်လက်လုပ်ဆောင် အင်အားပြပါ။
အဓိကမှာ တိုက်ပွဲအရှိန်မြင့်သထက်မြင့်လာပြီး မိမိတို့ တောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်
ရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးများကို ဦးသိန်းစိန်အစိုးရမှ
လိုက်လျောလုပ်ဆောင်ပေးလာသည်အထိ (ယုတ်စွအဆုံး ဦးသိန်းစိန်အစိုးရ ပြုတ်ကျပြီး မိမိတို့ ခေါင်းဆောင်များ
ဦးဆောင်သည့် ကြားဖြတ်အစိုးရ ပေါ်လာသည်အထိ) တိုက်ပွဲအရှိန်ကို လျှော့ချမပစ်ဘဲ နေ့စဉ်ရက်ဆက် လမ်း
ပေါ်ထွက်၍ (ထွက်လို့ရသည့် နေရာသို့ ထွက်၍) ဇွဲရှိရှိ၊ သတ္တိရှိရှိ၊ အကင်းပါးပါး လုပ်ဆောင်ရန်ပင်ဖြစ်သည် (ရွှေ
ဝါရောင်တုန်းကကဲ့သို့ တွေ့ဆုံဆွေးနွေးရေးအသံကြားသည်နှင့် တိုက်ပွဲအရှိန်ကို လျှော့ချမပစ်ဘဲ မိမိတို့လိုလား
ချက်များ အမှန်တကယ် ရရှိသည်အထိ တိုက်ပွဲဝင်ရန်ပင်ဖြစ်သည်)။
ဤတွင် ကျနော်၏ “အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” လူထုတိုက်ပွဲနည်းနာအကြံပြုချက် ပြီးပါပြီ။
*******
စစ်အာဏာရှင်စနစ်အောက်မှ အမှန်တကယ် လွတ်မြောက်လိုသူ ပြည်တွင်းပြည်ပမှ တိုကပ
်ွဲဝင် ညီအစ်ကိုမောင်
နှမများအနေနဲ့ အထက်ပါ တိုက်ပွဲနည်းနာများကို ယုံကြည်ပါက ဖတ်ရှုပြီးချိန်ကစပြီး မည်သူ့ကိုမှ တိုင်ပင်စရာမ
လိုဘဲ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ တိုက်ပွဲနည်းနာတွေကို ပြည်သူလူထုထံ အမြန်

ဆုံး ပျံ့နှံ့ရောက်ရှိအောင်လည်း လက်ဆင့်ကမ်း ပို့ဆောင်ပေးကြစေလိုပါတယ်။ လိုက်ပါဆောင်ရွက်လာအောင်
လည်း လူသတင်းလူချင်းဆောင်ပြီး စည်းရုံးလှုံ့ဆော်ပေးကြစေလိုပါတယ်။
မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်မှ အမှန်တကယ် လွတ်မြောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်း
လာတာကို မြင်တွေ့လိုတဲ့ မီဒီယာများအနေနဲ့လည်း “အာရပ်လှိုင်းကို အမီလုက
ိစီးကြစို့” ဆိုတဲ့ အထက်ပါ လူထု
တိုက်ပွဲနည်းနာများကို ပြည်သူများထံသို့ ပိုမိုရောက်ရှိအောင် ထုတ်လွှင့်တင်ဆက်ပေးကြဖို့ အနူးအညွတ် မေတ္တာ
ရပ်ခံပန်ကြားအပ်ပါတယ်။

“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်လွတ်မြောက်မည်”
ဒေါက်တာလွဏ်းဆွေ

Sign up to vote on this title
UsefulNot useful