You are on page 1of 19
Unconventional Warfare ဆိုင်ရာ မှတ်စုများ ခင်မမမျိုး
Unconventional Warfare ဆိုင်ရာ မှတ်စုများ
ခင်မမမျိုး (မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်)
Unconventional Warfare (UW) ဆိုရာဝယ် ∑ Unconventional Warfare (UW) ဆိုတာ
Unconventional Warfare (UW) ဆိုရာဝယ်
∑ Unconventional
Warfare
(UW)
ဆိုတာ
လွတ်မြောက်ရေးလှုပ်ရှားမှုများနဲ့
တော်လှန်စစ်များမှာ
အခြေခံ
စစ်ရေးလက်နက်အဖြစ်အသုံးပြုတဲ့ စစ်ပွဲအမျိုးအစား ဖြစ်ပါတယ်။
∑ တော်လှန်ရေးအင်အားစုတွေက
အာဏာရှင်အစိုးရကို
ဖြုတ်ချပြီး၊
လူ့အဖွဲ့အစည်းအတွက်
အကျိုးရှိစေမယ့်
စနစ်တခုကို ဖော်ဆောင်ရာမှာ Unconventional Warfare ကို တော်လှန်ရေး အစိတ်အပိုင်း (component of
revolution) အနေနဲ့ အသုံးပြုလေ့ရှိပါတယ်။
∑ Unconventional Warfare ဟာ ရန်သူရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဒေါက်တိုင် ကွန်ယက်တွေကို
ဖြိုချရာမှာ အသုံးဝင်တဲ့ စစ်ရေးလက်နက်ဖြစ်ပါတယ်။
Unconventional Warfare နှင့် လှုပ်ရှားဒေသ ∑ Unconventional Warfare (UW) မှာ
Unconventional Warfare နှင့် လှုပ်ရှားဒေသ
∑ Unconventional
Warfare
(UW)
မှာ
အရေးကြီးဆုံး
အချက်ကတော့
လှုပ်ရှားဒေသ
(operational
environment) ပဲ ဖြစ်ပါတယ်။
∑ စစ်မဟာဗျူဟာ ချမှတ်သူများဟာ လှုပ်ရှားဒေသနဲ့ ပတ်သက်ပြီး လူဦးရေ၊ ဓလေ့ထုံးစံ၊ ယုံကြည်သက်ဝင်မှု၊
လူမျိုးစု၊ လူ့အဖွဲ့အစည်းအတွင်းမှ အတွေးအခေါ်၊ အယူအဆများ ပြောင်းလဲမှု စတဲ့ Internal factors တွေကို
ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
∑ External
factors
အနေနဲ့
မိမိအဖွဲ့အစည်း
(သို့မဟုတ်)
တပ်ပေါင်းစုရဲ့
နိုင်ငံရေး
ရည်ရွယ်ချက်၊
စစ်ရေးရည်မှန်းချက်၊
စစ်ရေးပဋ္ဋိပက္ခဖြစ်ပွားရာ
ဒေသမှာ
လူသားချင်းစာနာမှုဖြင့်
အကူအညီပေးဆောင်မှု
အော်ပရေးရှင်းများ
(Humanitarian
Relief
Operations)၊
မီဒီယာနဲ့
စာနယ်ဇင်း
ကဏ္ဍ
စတာတွေကိုလဲ
ထည့်သွင်းစဉ်းစားလေ့ ရှိကြပါတယ်။
Unconventional Warfare Planning ∑ Unconventional warfare (UW) အတွက်Warfare Planning မှာ phases
Unconventional Warfare Planning
∑ Unconventional warfare (UW) အတွက်Warfare Planning မှာ phases ခုနစ်ခု ချမှတ်လေ့ ရှိပါတယ်။
∑ ဒီ phases တွေမှာ Preparation, Initial contact, Infiltration, Organization, Build-up, Employment,
Transition စတာတွေ ပါဝင်ပါတယ်။
∑ ဒီphases တွေဟာ ရံဖန်ရံခါမှာ တပြိုင်တည်း ဖြစ်ပေါ်လာတဲ့ အဆင့်တွေရှိသလို၊ ရံဖန်ရံခါမှာလဲ အခြေအနေ အရ
ထည့်သွင်းစရာ မလိုအပ်တော့တာတွေလဲ ရှိပါတယ်။
∑ စစ်ရေး၊
နိုင်ငံရေးအရ
ပိုပြီး
ဦးစားပေးရတဲ့
phases
တွေလဲ
ရှိပါတယ်။
ဥပမာ-
ထိရောက်တဲ့
လက်နက်ကိုင်တော်လှန်ရေး
လှုပ်ရှားမှုတွေမှာ
ထောက်ပံ့ရေး
(logistical
support)
ဟာ
အောင်ပွဲရဲ့
အသက်သွေးကြော ဖြစ်တဲ့အတွက်organization ကို ဦးစားပေးဖို့ လိုအပ်ပါတယ်။
Phase 1 - Preparation ∑ Unconventional Warfare (UW) မှာ ပထမဦးစွာ
Phase 1 - Preparation
∑ Unconventional Warfare (UW) မှာ ပထမဦးစွာ စစ်ရေးလှုပ်ရှားဒေသ (သို့မဟုတ်) စစ်ဆင်ရေးနယ်မြေကို
ကြိုတင်ပြင်ဆင်သတ်မှတ်ဖို့ လိုအပ်ပါတယ်။
∑ လှုပ်ရှားဒေသဟာ နယ်မြေတခုထဲ မဟုတ်ပဲ နယ်မြေတွေကို ဖြန့်ကျက်ထားနိုင်ရင်ရန်သူရဲ့ တိုက်ခိုက်ရေး ပါဝါကို
ကျဆင်းအောင်လုပ်နိုင်ပါတယ်။
∑ ရန်သူရဲ့ စစ်ရေးလှုပ်ရှားမှုတွေက မြောက်ပိုင်းမှာ အားကောင်းနေဆဲမှာ တောင်ပိုင်းစစ်ရေး လှုပ်ရှားမှု ဒေသမှာ
ရန်သူနဲ့ထိတွေ့မှု
ဖြစ်တာ၊
အခြား
စစ်ရေးလှုပ်ရှားမှု
ဒေသတွေမှာ
ထိတွေ့မှု
ဖြစ်တာတွေဟာ
ရန်သူ့ရဲ့
စစ်ရေးမဟာဗျူဟာ
ခင်းကျင်းမှု၊
တပ်ဖြန့်မှု၊
နယ်မြေစိုးမိုးမှု
စတာတွေအပေါ်မှာ
တစုံတရာ
သက်ရောက်မှု
ရှိစေပါတယ်။
Phase 1 – Preparation (2) ∑ Unconventional Warfare (UW)
Phase 1 – Preparation (2)
∑ Unconventional Warfare (UW) အတွက်ကြိုတင်ပြင်ဆင်ရာမှာ အဆင့်သုံးဆင့်ပါတဲ့ Three-step process ကို
အကောင်အထည်ဖော်လေ့ရှိပါတယ်။
∑ ပထမအဆင့်ကတော့
လှုပ်ရှားဒေသနဲ့
ပတ်သက်တဲ့
သတင်းအချက်အလက်
စုဆောင်းခြင်း
(Intelligence
Preparation
of
the
Operational
Environment
(IPOE)
ဖြစ်ပါတယ်။
IPOE
မှာ
ဒေသခံ
လူဦးရေ၊
တော်လှန်ရေးအင်အားစုများရဲ့
အင်အား၊
စစ်ရေးအရ
အားသာချက်များ၊
စစ်ရေးအရအားနည်းချက်များ၊
ထောက်ပို့အခြေအနေ၊
နယ်မြေ
အ၀င်အထွက်
လမ်းကြောင်းများ၊
စစ်ရေးအတွေ့အကြုံ
အနေအထားနှင့်
လိုအပ်သော
လေ့ကျင့်မှုအခြေအနေများ၊
နိုင်ငံရေးနှင့်
စစ်ရေး
ရည်မှန်းချက်များ၊
လက်ရှိရန်သူတပ်
အနေအထားနှင့် ထပ်မံတိုးချဲ့လာနိုင်မည့် တပ်အင်အားအနေအထား စတာတွေ ကို သုံးသပ်ရပါမယ်။
Phase 1 – Preparation (3) ∑ ဒုတိယအဆင့်ကတော့
Phase 1 – Preparation (3)
∑ ဒုတိယအဆင့်ကတော့
စစ်ဆင်ရေးစီမံချက်များ
ရေးဆွဲခြင်း
ဖြစ်ပါတယ်။
ခံစစ်အနေအထား
ခိုင်မာမှုနဲ့
ရေရှည်ခံစစ်
ထိန်းထားနိုင်မှုအခြေအနေပေါ်မှာ
မူတည်ပြီး
နယ်မြေစိုးမိုးရေး၊
ထိုးစစ်ဆင်ရေး၊
ခြေကုပ်ယူရေး
စတာတွေအတွက်
အခြေအနေနဲ့အညီ
လိုက်လျောညီထွေ
ရှိစေမယ့်
စစ်ဆင်ရေး
စီမံချက်များ
ကြိုတင်ရေးဆွဲထားဖို့ လိုအပ်ပါတယ်။ သို့မှသာ တပ်ပေါင်းစုအသွင်သဏ္ဍာန်နဲ့ ပူးတွဲစစ်ဆင်ရေး ပြုလုပ်တဲ့အခါမှာ
အဆင်ပြေချောမွေ့နိုင်မှာ ဖြစ်ပါတယ်။
∑ တတိယအဆင့်ကတော့ လက်ရှိတပ်ဖွဲ့စည်းပုံ အနေအထား၊ လေ့ကျင့်မှုအနေအထား စတာတွေအပေါ်မှာ စစ်ရေး
စီမံချက်များနဲ့အညီတပြေးတည်းရှိစေဖို့ ကြိုတင်ပြင်ဆင်လေ့ကျင့်တာ ဖြစ်ပါတယ်။
Phase 2- Initial Contact ∑ စစ်ရေးအရ လှုပ်ရှားဒေသဖြစ်တဲ့
Phase 2- Initial Contact
∑ စစ်ရေးအရ လှုပ်ရှားဒေသဖြစ်တဲ့ စစ်ဆင်ရေးနယ်မြေကို တဘက်ရန်သူထံ မပေါက်ကြားရေးအတွက် နယ်မြေခံ
တပ်မှူးများနဲ့ ကနဦး ထိတွေ့မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။
∑ ရ ရက်(စစ်ဆင်ရေး စတင်မည့် ရက်)၊ ထောက်ပို့ အခြေအနေ၊ စစ်ကြောင်းများ အသွင်ယူဆောင်မည့် သဏ္ဍာန်
စသည်များ၊ လုံခြုံရေး အခြေအနေ စတာတွေကို နယ်မြေခံ တပ်မှူးများ နဲ့ ညှိနှိုင်းဆွေးနွေးထားဖို့ လိုပါတယ်။
∑ အရေးကြီးတဲ့ စစ်ဆင်ရေးတွေမှာတော့ လှုပ်ရှားဒေသကို pilot team ကြိုပြီး လွှတ်လေ့ရှိကြပါတယ်။
∑ တော်လှန်ရေး တပ်ပေါင်းစုသဏ္ဍာန်ပူးတွဲစစ်ဆင်ရေးမှာတော့ ဒီအဆင့်က အလွန်အရေးကြီးပါတယ်။
Phase 3- Infiltration ∑ တပ်ပေါင်းစု
Phase 3- Infiltration
∑ တပ်ပေါင်းစု စစ်ကြောင်းများဖြစ်စေ၊ HQ မှ ပို့လွှတ်လိုက်သော စစ်ကြောင်းများဖြစ်စေ စစ်ဆင်ရေး နယ်မြေကို
ထိုးဖောက်ဝင်ရောက်ခြင်း ဖြစ်ပါတယ်။
∑ ကြားဖြတ်တိုက်ခိုက်ခြင်း
မခံရစေရန်၊
တပ်အချင်းချင်း
မှားယွင်းပစ်ခတ်မှုများ
မရှိစေရန်
လုံခြုံရေးနဲ့
ဆက်သွယ်ရေးစနစ်အထူးသတိပြုဖို့ လိုအပ်ပါတယ်။
∑ စစ်ကြောင်းအသွင်ထိုးဖောက်ဝင်ရောက်ခြင်း၊
အရပ်သားအသွင်
ထိုးဖောက်ဝင်ရောက်ခြင်း
ဆိုင်ရာ
နည်းလမ်း
အများအပြားရှိပြီး၊ အထိရောက်ဆုံး နည်းလမ်းများကို ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။
∑ အထိရောက်ဆုံး
နည်းလမ်းများကို
ရွေးချယ်ရာမှာ
ရည်မှန်းချက်တာဝန်၊
ရန်သူ၊
မြေပြင်ပကတိအနေအထား၊
တပ်အင်အား၊
အချိန်နဲ့
နယ်မြေခံ
လူထုအပေါ်
သက်ရောက်နိုင်မှု
စတာတွေကို
ထည့်သွင်းစဉ်းစားလေ့
ရှိကြပါတယ်။
Phase 4- Organization ∑
Phase 4- Organization
∑ လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲများ အပါအ၀င် စစ်ပွဲတိုင်း၊ စစ်ဆင်ရေးတိုင်းရဲ့ အသက်သွေးကြောဟာ စုဖွဲ့မှု
သဏ္ဍာန်ပဲ ဖြစ်ပါတယ်။
∑ စစ်မြေပြင်မှာ command and control ထိထိမိမိ မရှိရင် ဘယ်လောက်အင်အားကြီးတဲ့ အင်အားစုကို မဆို
ရန်သူက လွယ်လွယ်ကူကူချေမှုန်း နိုင်ပါတယ်။
∑ Unconventional
Warfare
မှာ
command
ကို
အခြား
စစ်ပွဲများမှာလို
military
ယူနစ်တွေပဲ
သီးခြားဖွဲ့စည်းထားရှိလို့ မရပါဘူး။ စစ်ဆင်ရေး နယ်မြေထဲမှာ တိုက်ခိုက်ရေးအင်အားတွေ ရှိသလို၊ ထောက်ပံ့ရေး၊
မြေအောက်လှုပ်ရှားမှု
စတာတွေပါ
ပါဝင်နေတဲ့အတွက်
စစ်ဆင်ရေး
နယ်မြေတခုလုံးရဲ့
Area
command
ထားရှိတာက ပိုပြီး ထိရောက်မှု ရှိပါတယ်။
Phase 4- Organization (2) ∑ ကဏ္ဍ တခုချင်းစီအလိုက်
Phase 4- Organization (2)
∑ ကဏ္ဍ တခုချင်းစီအလိုက် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ရန် sector command များ ထပ်မံထားရှိပြီး
သီးခြားစီလုပ်ဆောင်ခြင်းက အလုပ်များ မြန်ဆန်ဖို့ အတွက်ပိုပြီး ထောက်ကူပြုပါတယ်။ ဒီ sector command
များအတွင်း လုပ်ဆောင်မှုအခြေအနေများ ဟန်ချက်ညီရှိလာစေရေးကိုတော့ Area command က co-ordinate
လုပ်ပေးဖို့ လိုအပ်ပါတယ်။
∑ သက်ဆိုင်ရာ
စစ်ဆင်ရေး
နယ်မြေမှာရှိတဲ့
တော်လှန်ရေး
အင်အားစုတွေမှာ
တိုက်ခိုက်ရေး၊
ပံ့ပိုးကူညီရေးနဲ့
မြေအောက်ယူဂျီ ဆိုတဲ့ ကဏ္ဍ (၃) ပိုင်း ပါဝင်တာဖြစ်တဲ့အတွက် Area Command မှာ ဒီကဏ္ဍသုံးမျိုးလုံးက
ခေါင်းဆောင်တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။
∑ ဒီကဏ္ဍ
သုံးမျိုးလုံးဟာ
တော်လှန်ရေးတိုင်းမှာ
ရှိလေ့ရှိပေမယ့်
အချိုးအစား
မတူပါဘူး။
မြို့ပြမှာဆိုရင်တော့
တိုက်ခိုက်ရေးအင်အားက နည်းပြီး၊ စစ်ရေး လှု့ပ်ရှားနယ်မြေမှာတော့ မြေအောက်ယူဂျီအင်အားက နည်းပါတယ်။
Phase 4- Organization (3) ∑ တိုက်ခိုက်ရေး အင်အားစုတွေကတော့
Phase 4- Organization (3)
∑ တိုက်ခိုက်ရေး
အင်အားစုတွေကတော့
ရန်သူရဲ့
စစ်ကြောင်းတွေကို
ကြားဖြတ်တိုက်ခိုက်ခြင်း၊
စစ်ရေးအရ
တိုက်ရိုက်ထိတွေ့ခြင်း၊ အခြေခံဒေသ တည်ဆောက်ခြင်း၊ ခြေကုပ်ယူခြင်း စတာတွေကို ပြုလုပ်ကြပါတယ်။
∑ မြေအောက်ယူဂျီတွေကတော့
ရန်သူ့သတင်းအချက်အလက်
စုဆောင်းခြင်း၊
လှုပ်ရှားမှုများအား
လျှို့ဝှက်
ပြုလုပ်ခြင်း၊
လူထုကြားတွင်
မြှုပ်နှံနေထိုင်၍
လူထုစည်းရုံးရေး
လုပ်ငန်းများ
လုပ်ဆောင်ခြင်း
စတာတွေ
ပြုလုပ်ကြပါတယ်။ မြေအောက်ယူဂျီလှုပ်ရှားသူတွေကို ပရော်ဖက်ရှင်နယ်တော်လှန်ရေးသမားတွေလို့ သတ်မှတ်
ခေါ်ဝေါ်ကြပါတယ်။ မြေအောက်ယူဂျီတွေဟာ လူ့အဖွဲ့အစည်းတွင်းမှာ ထင်ထင်ပေါ်ပေါ် နေထိုင်လေ့ မရှိပါဘူး။
အခြေအနေပေါ်မူတည်ပြီး
ရံဖန်ရံခါ
ID
အတုများနဲ့
နေထိုင်လေ့
ရှိကြပါတယ်။
တခါတရံမှာ
ရန်သူရဲ့
အဖွဲ့အစည်းတွေမှာ မြှုပ်နှံနေထိုင်ပြီး၊ ရန်သူ့သတင်းများကို စုဆောင်းခြင်း၊ ယူဂျီ တည်ဆောက်ခြင်း၊ ဖြိုခွဲခြင်း
စတာတွေကို ပြုလုပ်ကြပါတယ်။
Phase 4- Organization (4) ∑ ပံ့ပိုးကူညီသူများကတော့
Phase 4- Organization (4)
∑ ပံ့ပိုးကူညီသူများကတော့ ဘ၀နှစ်ခုမှာ နေထိုင်သူများ ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အမာခံတွေ ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းအတွင်းမှာလဲ
ထင်ထင်ပေါ်ပေါ်
နေထိုင်သူများ
ဖြစ်သလို၊
တော်လှန်ရေးမှာလဲ
လျှို့ဝှက်
ထောက်ခံအားပေးပြီး၊ ပံ့ပိုးကူညီနေသူများ ဖြစ်ပါတယ်။
∑ အမာခံတွေဟာ တော်လှန်ရေး ရှင်သန်ဖို့အတွက်အခရာ ကျပါတယ်။ လူသစ်စုဆောင်းခြင်း၊ ရိက္ခာထောက်ပံ့ခြင်း၊
ရန်သူ့နယ်မြေအ၀င်အထွက်
အခြေအနေကို
သတင်းပေးခြင်း၊
ရန်သူ့သတင်း
စုဆောင်းခြင်း၊
တော်လှန်ရေးသမားများအတွက်
ခိုလှုံရာ
နေရာထိုင်ခင်းများ
ဖန်တီးပေးခြင်း
စတာတွေကို
အမာခံတွေက
ပြုလုပ်ပေးပါတယ်။
∑ နေရာဒေသတခုချင်းစီအလိုက်
အမာခံ
အုပ်စု
ခေါင်းဆောင်များ
ထားရှိပြီး၊
Area
command
က
တိုက်ရိုက်ကိုင်တွယ်ခြင်းအားဖြင့်
အမာခံတွေရဲ့
လုံခြုံရေး၊
ရေရှည်
တော်လှန်ရေးကို
ပံ့ပိုးကူညီရေးအတွက်
အကျိုးရှိစေပါတယ်။ အမာခံ အိမ်တွေကို တိုက်ခိုက်ရေးအင်အားတွေက ပေါ်ပေါ်ထင်ထင် ၀င်ထွက်သွားလာခြင်း
မပြုလုပ်သင့်ပါဘူး။
Phase 4- Organization (5) ∑ တော်လှန်ရေး အင်အားစုများဟာ
Phase 4- Organization (5)
∑ တော်လှန်ရေး
အင်အားစုများဟာ
နိုင်ငံတခုရဲ့
စစ်တပ်မဟုတ်တဲ့အတွက်
စစ်တပ်ကဲ့သို့
ကွပ်ကဲမှု၊
အမိန့်အာဏာတည်မှု၊
ကျစ်လျစ်ခိုင်မာစွာ
ဖွဲ့စည်းမှု၊
လေ့ကျင့်သင်တန်းပေးမှု၊
စည်းကမ်းထိန်းသိမ်းမှုတွေ
မလိုအပ်ဘူးလို့
အချို့
တော်လှန်ရေး
သမားများက
ယူဆလေ့ရှိကြပါတယ်။
သို့ပေမယ့်
Unconventional
Warfare
ကို
ဆင်နွှဲမယ့်
တော်လှန်ရေးတပ်များကတော့
မိမိထက်
အင်အားအဆမတန်
ပိုများတဲ့
ရန်သူကို
ရင်ဆိုင်ရမှာ
ဖြစ်တဲ့အတွက်
ရန်သူထက်ပိုပြီး
စစ်ရေးကျွမ်းကျင်မှု၊
စည်းကမ်းရှိမှု၊
ကွပ်ကဲမှုတွေ
ရှိဖို့
လိုအပ်ပါတယ်။
∑ Area
Command
တာဝန်ရှိသူများဟာ
တပ်ဖွဲ့အလိုက်
ပူးတွဲ
စစ်ဆင်ရေး
ဆောင်ရွက်နိုင်မှုအခြေအနေ၊
နိုင်ငံရေးအတွေးအခေါ်
အယူအဆ
ကွဲပြားမှု၊
ကွပ်ကဲမှု၊
လုံခြုံရေး
စတာများကို
စစ်ရေးလှုပ်ရှားဒေသထဲမှာ
အင်အားများ စုစည်းမိလာတဲ့ အချိန်မှာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
Phase 5- Build Up ∑ စစ်ဆင်ရေး စီမံချက်တွေပေါ်
Phase 5- Build Up
∑ စစ်ဆင်ရေး
စီမံချက်တွေပေါ်
မူတည်ပြီး
တိုက်ခိုက်ရေးအင်အားတွေကို
ယူနစ်တွေအဖြစ်
ပြန်လည်စုဖွဲ့
တည်ဆောက်တာ ဖြစ်ပါတယ်။ တပ်ပေါင်းစုတွေမှာ ဆိုရင်လဲ ရံဖန်ရံခါ သက်ဆိုင်ရာ အော်ပရေးရှင်းအလိုက်
တပ်ဖွဲ့
(အေ)
ဆီက
တပ်စုတစု၊
တပ်ဖွဲ့ဘီဆီက
တပ်စုတစု၊
တပ်ဖွဲ့
(စီ)
ဆီက
တပ်စုတစု
စသဖြင့်
ထုတ်နှုတ်ရတာတွေ ရှိပါတယ်။
∑ အော်ပရေးရှင်း တခုစီအလိုက် စွမ်းရည်(capacity)၊ အရွယ်အစား (size) နဲ့ ထင်သာမြင်သာရှိမှု (significance)
တွေကို ယူနစ်များ ပြန်လည်စုဖွဲ့ တည်ဆောက်မှုမှာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
∑ တချို့အော်ပရေးရှင်းတွေမှာက
လူနည်းနည်းနဲ့
လုပ်ဆောင်မှုတွေပေါ်
အခြေခံတာကြောင့်
စွမ်းရည်ကို
အလေးထားပြီး ရွေးချယ်ထုတ်နှုတ်ရတာတွေ ရှိသလို၊ တချို့ အော်ပရေးရှင်းတွေမှာကျတော့ လူအင်အားသုံးပြီး
ဖော်ဆောင်ရတာတွေ ဖြစ်ပါတယ်။
Phase 5- Build Up (2) ∑ သက်ဆိုင်ရာ အော်ပရေးရှင်းအလိုက်
Phase 5- Build Up (2)
∑ သက်ဆိုင်ရာ အော်ပရေးရှင်းအလိုက် တိုက်ခိုက်ရေးစစ်ကြောင်း၊ အကူစစ်ကြောင်း၊ တပ်ရေး၊ ထောက်လှမ်းရေး၊
ထောက်ပို့ စတာတွေကို စနစ်တကျ ခွဲဝေ တာဝန်ပေးအပ်ဖို့ လိုပါတယ်။
∑ ခေါင်းဆောင်တွေ
အနေနဲ့
ကနဦးမှာ
အောင်မြင်နိုင်ချေများပြီး၊
မိမိဘက်က
ထိခိုက်ကျဆုံးမှု
နည်းစေတဲ့
confidence targets တွေကို ရွေးချယ်သတ်မှတ်ဖို့ လိုအပ်ပါတယ်။
∑ ယူနစ် ခေါင်းဆောင်များ အတွက် လိုအပ်မယ့်
ကေဒါသင်တန်းများကိုလဲ အချိန်ပေါ် မူတည်ပြီး အရေးပေါ်
သင်တန်းများ ပို့ချပေးဖို့ လိုအပ်ပါတယ်။
Phase 6- Employment ∑ စစ်ရေး၊ နိုင်ငံရေးအရ
Phase 6- Employment
∑ စစ်ရေး၊ နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်နေတဲ့ အာဏာပိုင်အဖွဲ့အစည်းများရဲ့ တပ်များကို ချေမှုန်းတိုက်ခိုက်ရေး
အော်ပရေးရှင်းများ ဆင်နွှဲရာမှာ ရန်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာ ဆုံးရှုံးမှု ဖြစ်စေရေး၊
အာဏာရှင်
ဒေါက်တိုင်များကို
ဖြိုချနိုင်ရေး
စတာတွေအတွက်
လိုအပ်မယ့်
ခြုံခို
တိုက်ပွဲ၊
မြို့သိမ်းတိုက်ပွဲ၊
စခန်းသိမ်းတိုက်ပွဲ၊
အကူစစ်ကြောင်းများအား
ဖြတ်တောက်တိုက်ခိုက်ခြင်း၊
စစ်ရေးအရ
ရန်သူအတွက်
အထောက်အကူဖြစ်စေသော infrastructure များအား ဖြိုဖျက်ခြင်း စတဲ့ လုပ်ငန်းဆောင်တာများကို ဟန်ချက်ညီ
လုပ်ဆောင်လေ့ ရှိကြပါတယ်။
∑ နယ်မြေစိုးမိုးရေးနဲ့
ခြေကုပ်ယူနိုင်ရေး၊
အမာခံ
နယ်မြေ
တည်ဆောက်ရေး
စတာတွေအတွက်
ထောက်ကူဖြစ်စေမယ့်
အော်ပရေးရှင်းများ
ထည့်သွင်းထားခြင်းဖြင့်
လိုအပ်လာချိန်မှာ
ခွာစစ်အတွက်
အကျိုးရှိစေတတ်ပါတယ်။
Phase 7- Transition ∑ အာဏာရှင်တွေကို
Phase 7- Transition
∑ အာဏာရှင်တွေကို လက်နက်ကိုင်တော်လှန်ရေးနဲ့ စစ်ဆင်ရေးများ ဆင်နွှဲပြီး၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲချိန်မှာ
တပြိုင်နက်တည်းမှာပဲ
လူထုတိုက်ပွဲများ၊
မြို့ပြသူပုန်ထမှုများ၊
အာဏာရှင်ဆန့်ကျင်ရေး
လှုပ်ရှားမှုများကိုလဲ
အရှိန်မြှင့် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
∑ အစိုးရရဲ့
အုပ်ချုပ်ရေး
ယန္တရားများကို
ယိုင်လဲသွားအောင်
နည်းမျိုးစုံနဲ့
ချိုးဖဲ့ဖို့
လိုပါတယ်။
အာဏာရှင်
ဒေါက်တိုင်များကို စည်းရုံးရေး၊ တော်လှန်ရေးသမားများဘက်သို့ ဘက်ပြောင်းရေး လုပ်ငန်းစဉ်များ ချမှတ်ပြီး၊
ဒေါက်တိုင်များ ပြိုလဲအောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
∑ တပြိုင်တည်းမှာပဲ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး၊ အသွင်ကူးပြောင်းကာလ အုပ်ချုပ်ရေး၊ အသွင်ကူးပြောင်းကာလ
တရားဥပဒေ စိုးမိုးရေး စတာတွေအတွက်နိုင်ငံရေးခေါင်းဆောင်များက ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးနှင့်
လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲများ
ဟန်ချက်ညီပေါင်းစပ်မှုမှသည်-----------
အောင်ပွဲဆီသို့။