V.I.

P Protection လက်စွဲ
ခင်မမမျိုး

မာတိကာ

(၁) အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း

(၂) Foot Protection အကြောင်း သိကောင်းစရာ

(၃) Venues Protection အကြောင်း သိကောင်းစရာ

(၄) မော်တော်ယာဉ်တန်း လုံခြုံရေးဆိုင်ရာ သိကောင်းစရာ

(၅) မော်တော်ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခံရခြင်း ဆိုင်ရာ လုံခြုံရေးအချက်အလက်များ

အရေးပါသော ပုဂ္ဂို လ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယေ
် စာင်ေ
့ ရှာက်ခြင်း
နိဒါန်း

ပဋိပက္ခဖြေရှင်းရေး၊

အကြမ်းဖက်မှု

နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ

သင်တန်းတွေမှာ

ကာကွယ်

စောင့်ရှောက်ခြင်းနဲ့

ပတ်သက်ပြီး ဘာသာရပ်နှစ်မျိုးကို သင်ကြားလေ့ရှိပါတယ်။ ပထမတမျိုးက Critical Infrastructure Protection ဖြစ်ပြီး၊
ဒုတိယတမျိုးကတော့

close

protection

ဖြစ်ပါတယ်။

လူတဦးတယောက်

(သို့မဟုတ်)

အုပ်စုတခုကို

အနီးကပ်

ကာကွယ်စောင့်ရှောက်ရတဲ့အခါမှာ စောင်ေ
့ ရှာက်ခံရသူ (သို့မဟုတ်) အုပ်စုတခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် (Very Important
Person-

VIP)

တွေ

ပါဝင်နေတတ်ပါတယ်။

ဒါကြောင့်လဲ

VIP/

Close

Protection

လို့

လုံခြုံရေးလောကမှာ

ခေါ်ဝေါ်သုံးနှုံးပါတယ်။

ယေဘုယျအားဖြင့်

လူသားတွေဟာ

ကိုယ့်ကိုကိုယ်

ကာကွယ်စောင့်ရှောက်

လေ့ရှိကြပါတယ်။

ဥပဒေရဲ့

ကာကွယ်စောင့်ရှောက်မှုကိုလဲ ခံယူလေ့ရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံတနိုင်ငရ
ဲံ့ အစိုးရအဖွဲ့ဝင်တွေနဲ့ အတိုက်အခံနိုင်ငံရေး
ခေါင်းဆောင်တွေကျတော့

ကိုယ့်ဘာသာကိုယ်

ကာကွယ်စောင့်ရှောက်ရုံနဲ့တင်

မလုံလောက်ပါဘူး။

အသက်အန္တရာယ်

လုံခြုံရေးကို အနီးကပ်ကာကွယ် စောင့်ရှောက်ပေးနိုင်သူတွေ၊ သက်တော်စောင့်တွေကို အနီးမှာ ထားရှိဖို့ လိုအပ်ပါတယ်။
အစိုးရအဖွဲ့ဝင်တွေကတော့
အသုံးပြုတတ်ကြပါတယ်။
စီးပွားရေးလုပ်ငန်းရှင်

အုပ်ချုပ်ရေး

ယန္တရားတွင်းမှာရှိတဲ့

အစိုးရအဖွဲ့ဝင်မဟုတ်တဲ့

ကြီးတွေကကျတော့

စစ်တပ်၊

ရဲ၊

ထောက်လှမ်းရေး

ထင်ပေါ်ကျော်ကြားသော

နီးစပ်ရာ

ပါတီဝင်၊

နိုင်ငံရေး

အဖွဲ့အစည်းဝင်တွေကိုပဲ

အဖွဲ့အစည်းတွေကို
ခေါင်းဆောင်တွေ၊
ဖြစ်ဖြစ်၊

ပရိုက်ဗိတ်

လုံခြုံရေးအရာရှိများကို ငှားရမ်းပြီးပဲဖြစ်ဖြစ် တာဝန်ပေးအပ်ရပါတယ်။ ဒီလိုတာဝန်ပေးအပ်လို့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပါတီဝင်၊
အဖွဲ့အစည်းဝင်များက မိမိတို့ဘာသာ အသိစိတ်နဲ့ပဲဖြစ်ဖြစ် အနီးကပ် ကာကွယ်စောင့်ရှောက်မှုကို ပြုလုပ်တဲ့အခါ VIP/
Close Protection နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်လေးတွေ ရှိပါတယ်။

လုပြ် ကံမှု သီအရ
ိုီ

လူတယောက်ကို အခြားလူတယောက်ကဖြစ်စေ၊ လူတစုကဖြစ်စေ သေစေလိုသော ရည်ရွယ်ချက်နဲ့ သတ်ဖြတ်လိုက်တဲ့အခါ
ဒါကို

သတ်ဖြတ်မှု

(murder)

တယောက်ဖြစ်နေခဲ့ရင်တော့

လို့

ဒါကို

ခေါ်ပါတယ်။
လုပ်ကြံမှု

သားကောင်ဟာ
(assassination)

ထင်ရှားကျော်ကြားတဲ့

နိင
ုငံရေးခေါင်းဆောင်

လို့

ဒီလိုလုပ်ကြံတဲ့အခါမှာ

ခေါ်ပါတယ်။

လုပ်ကြံသူတွေအနေနဲ့ ပထမဦးစွာ ပစ်မှတ်ကို ရွေးချယ်သတ်မှတ်ကြပါတယ် (subject selection)။ ပြီးရင် ပစ်မှတ်ရဲ့
လှုပ်ရှားမှုတွေကို

စောင့်ကြည့်

လေ့လာပါတယ်

(surveillance)။

ပစ်မှတ်သွားလာလေ့ရှိတဲ့

နေရာဒေသတွေရဲ့

ဝန်းကျင်အနေအထားတွေကို သုံးသပ်ပါတယ်။ ပစ်မှတ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပါတယ်
(intelligence gathering)။ ဒီအချက်တွေ ရပြီးတဲ့အခါမှာ လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်ကို ချမှတ်ပါတယ် (planning)။
ဒါတွေ အားလုံးပြီးမှ အမှန်တကယ် လုပ်ကြံမှု ကို ပြုလုပ်ပါတယ် (execution)။

ဒီလုပ်ကြံမှုဆိုင်ရာ

သီအိုရီသဘောတရားတွေကို

နားလည်ပြီးမှ

လုပ်ကြံသတ်ဖြတ်ခံရနိုင်တဲ့

risk

ရှိတဲ့

နိုင်ငံရေးခေါင်းဆောင်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် contra measures တွေကို ချမှတ်အသုံးပြုရမှာ ဖြစ်ပါတယ်။
ခေါင်းဆောင်ရဲ့ လုံခြုံရေးတာဝန်ယူထားသူများဟာ

(၁) ခေါင်းဆောင်ရဲ့ ၀န်းကျင်အခြေအနေကို သိရပါမယ်
(၂) ခေါင်းဆောင်ကို အန္တရာယ်ပြုနိုင်မယ့် ရန်သူအခြေအနေကို သိရပါမယ်
(၃) အန္တရာယ် အဆင့်ကို သိရပါမယ် (အသက်အန္တရာယ်၊ ထိခိုက်အနာတရဖြစ်စေမှု အန္တရာယ်၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု
အန္တရာယ်)
(၄) အန္တရာယ်ပြုနိုင်မယ့် လူ (သို့) အဖွဲ့အစည်းတွေကို ခွဲခြားသတ်မှတ်ရပါမယ်
(၅) လုပ်ကြံသတ်ဖြတ်မှု ပြုလုပ်နိုင်တဲ့ အလားအလာရှိသူများ ခေါင်းဆောင်အနီးကို ရောက်မလာစေဖို့ သတိပြုရပါမယ်။
အလားအလာရှိသူတွေထဲမှာ

အထီးကျန်သမားတွေ၊

ပြိုင်ဘက်တွေ၊

စိတ်ဖောက်ပြန်

နေသူတွေ၊

အစွန်းရောက်တွေ

ပါဝင်ပါတယ်။

ဒီလုပ်ငန်းဆောင်တာတွေကို

ထိထိရောက်ရောက်

လုပ်နိုင်ဖို့အတွက်

အရေးပါသောခေါင်းဆောင်ရဲ့

အနီးကပ်ကာကွယ်စောင့်ရှောက်ပေးရမယ့် close protection အဖွဲ့တခု ဖွဲ့စည်းထားရှိဖို့ လိုပါတယ်။

Close Protection အဖွဲ့

ဒီအဖွဲ့မှာ ယေဘုယျအားဖြင့် အဖွဲ့ငယ် ငါးမျိုးထပ်ခွဲလေ့ရှိပါတယ်။
(၁) personal escort team
(၂) advance team
(၃) ယာဉ်မောင်းအဖွဲ့
(၄) mobile support team
(၅) Command team

လုံခြုံရေးကို

(၁) personal escort team

ဒီအဖွဲ့ငယ်ဟာ အရေးပါ ပုဂ္ဂိုလ်က နေရာ အေကနေ နေရာ ဘီကို သွားတဲ့အခါ နေရာအေကို ပြန်ရောက်ချိန် အထိ အရေးပါ
ပုဂ္ဂိုလ်မှာ ဘယ်လိုထိခိုက်မှုမှ မရှိအောင် တာဝန်ယူရမယ့် အဖွဲ့ငယ် ဖြစ်ပါတယ်။ ဒီအဖွဲ့ငယ်မှာ အဖွဲ့ခေါင်းဆောင်၊
သက်တော်စောင့်၊

ရှေ့ကနေသွားရမယ့်သူ (point), နောက်မှလိုက်ပါမည့်သူ ( tail), ဗယ်တောင်ပံလူ (left flank),

ညာတောင်ပံလူ ( right flank) ပါဝင်ပါတယ်။

ဒီအဖွဲ့မှာပါတဲ့ အဖွဲ့ခေါင်းဆောင် (Team Leader) ဟာ တာဝန်အရှိဆုံးလူဖြစ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို
ထိခိုက်စေမယ့်

အရာအားလုံးကို

နားရှင်ရှင်၊

မျက်စိရှင်ရင
ှ်နဲ့

သုံးသပ်နိုင်ပြီး၊

လိုအပ်သလို

အလျင်အမြန်

တုံ့ပြန်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။ သက်တော်စောင့် (Body Guard) ဟာ အရေးပါ ပုဂ္ဂိုလ် အနီးမှာ အချိန်ပြည့်
ရှိနေရမယ့်သူ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးခေါင်းဆောင်ဖြစ်ခဲ့ရင် အမျိုးသမီး သက်တော်စောင့်ထားရှိသင့်ပါတယ်။ ပွိုင့်၊
တေးလ်၊ ဗယ်တောင်ပံ၊ ညာတောင်ပံ လူတွေပါ ထပ်ထည့်လိုက်ရင် ခြောက်ယောက်ဖြစ်ပါတယ်။ အရံလူတယောက် ပါ
ထပ်ထည့်ပြီး များသောအားဖြင့် ခုနစ်ယောက်ပါတဲ့ အဖွဲ့ငယ်လေးတွေကို ဖွဲ့လေ့ရှိပါတယ်။

(၂) advance team
အရေးပါပုဂ္ဂိုလ်

မရောက်ခင်မှာ

များသောအားဖြင့်

အဖွဲ့ဝင်

သူသွားမယ့်နေရာဒေသကို
ခြောက်ယောက်ခန့်

ကြိုတင်ရှင်းလင်းရေးလုပ်တဲ့

ပါဝင်လေ့ရှိပါတယ်။

အဖွဲ့ငယ်ဖြစ်ပါတယ်။

အရေးပါပုဂ္ဂိုလ်က

ဟိုတယ်တခုမှာ

ညစာစားပွဲသွားတဲ့အခါ ဒီအဖွဲ့ငယ်ဟာ ဟိုတယ်ရဲ့ ၀င်ပေါက်ထွက်ပေါက်၊ ဧည့်ကြိုနေရာ၊ လှေကား၊ ဓာတ်လှေကား၊
ဟိုတယ်ဝန်းကျင် စတာတွေမှာ လုံခြုံရေးအခြေအနေ စိတ်ချရမှု ရှိမရှိ ကြိုတင်လေ့လာ ရှင်းလင်းရေးလုပ်ဖို့ ဖြစ်ပါတယ်။
အရေးပါ ပုဂ္ဂိုလ်ရောက်လာချိန်မှာ ၀န်းကျင်လုံခြုံရေး၊ လူအ၀င်အထွက်အခြေအနေ၊ သတင်းထောက်တွေရဲ့ လှုပ်ရှားမှု
စတာတွေကို အကဲခတ်ပြီး၊ personal escort team နဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

(၃) ယာဉ်မောင်းအဖွဲ့

အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းတွေမှာ ပါဝင်တဲ့ ကားတွေကို မောင်းနှင်သူများ ဖြစ်ပါတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းစွာ
မောင်းနှင်နင
ိုသူများ၊ အသောက်အစား ကင်းသူများ ဖြစ်ရပါမယ်။ ယာဉ်တန်းကို တိုက်ခိုက်ခံရတဲ့အခါ အရေးပါပုဂ္ဂိုလ်ရဲ့
လုံခြုံရေးကို အဓိကထားပြီး၊ အန္တရာယ်ကြားကနေ ဆွဲထုတ်ရမယ့် အရေးကြီးဆုံး လူဖြစ်ပါတယ်။ အရေးပါ ပုဂ္ဂိုလ်မှာ
ကားအရေအတွက် များများ သုံးနိုင်ခဲ့ရင် အသွား၊ အပြန်မှာ ရှေ့ကား၊ နောက်ကားတွေ ပြောင်းလဲ စီးသင့်ပါတယ်။ အသွားမှာ
ဗယ်ဘက်ထိုင်ရင် အပြန်မှာ ညာဘက်ထိုင်တာမျိုးတွေ လုပ်သင့်ပါတယ်။ ဒီလိုလုံခြုံရေးလှည့်စားမှုတွေမှာ ယာဉ်မောင်းတွေရဲ့
အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကိုယ့်ကားပေါ်မှာ အရေးပါပုဂ္ဂိုလ် အမှန်တကယ် မပါပဲ ပါသယောင် မောင်းထွက်ပြီး၊

ရန်သူ့အာရုံကို

လှည့်စားရတာတွေလဲ

ရှိတတ်တာကြောင့်

ယာဉ်မောင်းအဖွဲ့မှာ

ပါမယ့်သူများကို

စနစ်တကျ

ရွေးချယ်ဖွဲ့စည်းရပါမယ်။

(၄) mobile support team
တိုက်ခိုက်ခံရမှုမှာ

လက်နက်ပစ္စည်းနဲ့

စက်ကိရိယာ

ပံပ
ို့းပေးတဲ့

အဖွဲ့ငယ်

ဖြစ်ပါတယ်။

များသောအားဖြင့်

အစိုးရအဖွဲ့ဝင်တွေကို ကာကွယ်စောင့်ရှောက်ရေးမှာပဲ အသုံးပြုလေ့ရှိပါတယ်။ ပရိုက်ဗစ်လုံခြုံရေးမှာတော့ အသုံးပြုလေ့
မရှိပါ။

(၅) Operation Commander and administrative team
ဒီအဖွဲ့ငယ်မှာတော့ အနီးကပ်လုံခြုံရေး အဖွဲ့တခုလုံးကို ကွပ်ကဲရတဲ့ ကွယ်ကဲရေးမှူးနဲ့ နည်းပညာအရ၊ လုပ်ထုံးလုပ်နည်းအရ
သူ့ကို ပံ့ပိုးပေးရမယ့် အုပ်ချုပ်ရေးလက်ထောက်များ ပါဝင်ပါတယ်။

Close Protection အဖွဲ့ ၀င်

အရေးပါတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ လုံခြုံရေးကို အနီးကပ်တာဝန်ယူရတဲ့ လုံခြုံရေးအဖွဲ့ဝင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့
အရည်အချင်းတွေနဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ အနီးကပ်လုံခြုံရေး အဖွဲ့ဝင်တွေဟာ သူတို့တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်နဲ့အတူ
အများပြည်သူအကြားကို ၀င်ထွက်သွားလာရမယ့် သူများဖြစ်ပါတယ်။ တနည်းဆိုရင် သူတို့ဟာ အရေးပါ ပုဂ္ဂိုလ်ရဲ့ public
image

ဖြစ်ပါတယ်။

ဒါကြောင့်

ဝတ်စားဆင်ယင်မှု၊

လူအများနဲ့

ဆက်ဆံမှုတွေမှာ

သတိရှိဖို့

လိုအပ်ပါတယ်။

သူတို့တတွေဟာ လူအများနဲ့ ဆက်ဆံရေးမှာ ရည်ရည်မွန်မွန် ဆက်ဆံတတ်သူများ ဖြစ်ရပါမယ်။ အရေးပါပုဂ္ဂိုလ်ဟာ
လူအများရဲ့

ဝန်းရံမှုကို

ရှေ့ဆက်သွားဖို့

ခံနေရတဲ့

အခါ

လမ်းပိတ်နေတယ်ဆိုရင်

(သို့မဟုတ်)
လူထုကို

သတင်းသမားတွေရဲ့

အေးဆေးစွာနဲ့ပဲ

ဓာတ်ပုံဝိုင်းရိုက်နေခြင်းကို

ဖယ်ရှားခိုင်း ဖို့

ကြိုးပမ်းရပါမယ်။

ခံရတဲ့အခါ
လူထုကို

တွန်းထုတ်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားဖို့ လိုပါတယ်။

နိုင်ငံတကာလုံခြုံရေးနဲ့ သံတမန် အသိုင်း အ၀ိုင်းမှာတော့ close protection အဖွဲ့ဝင်တယောက်မှာ PPSS ရှိရမယ်လို့
သတ်မှတ်ထားပါတယ်။
(၁) P- Personal
close protection အဖွဲ့ဝင်တယောက်ရဲ့ သွင်ပြင်လက္ခဏာဟာ ထက်မြက်တက်ကြွမှု ရှိရပါမယ်။ မိမိကိုယ်ကို ယုံကြည်မှု
ရှိရပါမယ်။ အပြုသဘောနဲ့ ရှုမြင်တတ်မှု လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထိန်းချုပ်နိုင်သူ ဖြစ်ရပါမယ်။
စူးစမ်းလေ့လာတတ်သူဖြစ်ပြီး၊

တာဝန်ယူတတ်သူ

ဖြစ်ရပါမယ်။

ဘယ်လောက်ပဲ

အခြေအနေမျိုးမှာမဆို တည်တည်ငြိမ်ငြိမန
်ဲ့ ရင်ဆိုင်ဖြေရှင်းတတ်သူ ဖြစ်ရပါမယ်။

စိတ်ရှုပ်ထွေးစရာကောင်းတဲ့

(၂) P- Physical
close

protection

အဖွဲ့ဝင်တယောက်ဟာ

ကျန်းမာသန်စွမ်းသူ

ဖြစ်ရပါမယ်။

သပ်သပ်ရပ်ရပ်၊

သန့်သန့်ရှင်းရှင်း

ဝတ်စားနေထိုင်တတ်သူ ဖြစ်ရပါမယ်။ သက်တော်စောင့်ဟာ အရေးပါပုဂ္ဂိုလ်နဲ့ အလုံးအရပ်တူသူ ဖြစ်သင့်ပါတယ်။

(၃) S- Social
close

protection

အဖွဲ့ဝင်တယောက်ဟာ

အရေးပါပုဂ္ဂိုလ်ရဲ့

public

image

ဖြစ်ပါတယ်။

လူအများကြားမှာ

သွားလာလှုပ်ရှားရမယ့်သူ ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေး ဗဟုသုတ ရှိသူဖြစ်သင့်ပါတယ်။ စကားကို ရှင်းရှင်းလင်းလင်း
ပြောတတ်ပြီး၊ လူအများနဲ့ ပြေလည်အောင် ဆက်ဆံနေထိုင်တတ်သူတွေ ဖြစ်ရပါမယ်။ အချိန်တိကျပြီး၊ ယုံကြည်စိတ်ချသင့်တဲ့
လူတွေ ဖြစ်ရပါမယ်။ လူအများနဲ့ ဆက်ဆံရာမှာ လမ်းဘေးစကားများ၊ ရိုင်း ပျသောစကားများကို အသုံးပြုမှုမှ ရှောင်ကြဉ်ခြင်း၊
အပြုံးနှင့် ဆက်ဆံခြင်း၊ ကျေးဇူးတင်စကားပြောခြင်း စတဲ့ Professional Courtesy ကို ကျင့်သုံးနိုင်သူများ ဖြစ်ရပါမယ်။
အရေးပါတဲ့

ဘယ်ပုဂ္ဂိုလ်က

ဘယ်အချိန်မှာ

အစည်းအဝေး တက်ရမှာလို့

ရှေ့ကနေ

လမ်းဖယ်ပေးပါ ဆိုတာထက်

လမ်းဖယ်ပေးလို့ ရနိုင်မလား ခင်ဗျာ ဆိုတဲ့ စကားလုံးက လူအများနဲ့ ဆက်ဆံရေးကို ပိေ
ု ကာင်းမွန်စေတတ်ပါတယ်။

(၄) S- Skills
ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများအား ခွဲခြားသိမြင်နိုင်မှု၊ လုပ်ကြံသတ်ဖြတ်မှု ဖြစ်စေနိုင်သည့် အခြေအနေများကို သိမြင်နိုင်မှု၊
အချိန်အခါနှင့်

အခြေအနေပေါ်

မူတည်ပြီး

လှုပ်ရှားတတ်မှု၊

ရှေးဦးသူနာ

ပြူစုမှု၊

လိုအပ်ပါက

အသုံးပြုနိုင်ရန်

ကိုယ်လုံပညာများ တတ်ကျွမ်းမှု စတာတွေ ဖြစ်ပါတယ်။

နိဂုးံ
ယခုဆောင်းပါးမှာ အရေးပါသော ပုဂ္ဂိုလ်များအား လုပ်ကြံသတ်ဖြတ်ခံရမှုမှ ကာကွယ်စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့ကို
စနစ်တကျဖွဲ့စည်း၍ အဖွဲ့ဝင်များကို တိကျသော တာဝန်ပေးအပ်မှုများ လိုအပ်ကြောင်းနှင့် အဖွဲ့ဝင်များတွင် ရှိသင့်သည့်
အရည်အချင်းလိုအပ်ချက်မျာကို

ဖော်ပြထားခြင်း

ဖြစ်ပါသည်။

VIP/

Close

Protection

နဲ့

ပတ်သက်ပြီး

အခြား

သိသင့်သိထိုက်တဲ့ venue protection ၊ foot protection ၊ motorcades protection၊ လမ်းကြောင်းတွင် တိုက်ခိုက်ခံရပါက
လုပ်ဆောင်ရမည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် အန္တရာယ်အငွေ့အသက်များ စသည်တို့ကို သီးခြားဆောင်းပါးများဖြင့်
ရေးသားဖော်ပြပါမည်။

ခင်မမမျိုး (၃၊ ၁၂၊ ၂၀၁၀)

Foot Protection အကြောင်း သိကောင်းစရာ

အရေးပါပုဂ္ဂိုလ်များ၏

လုံခြုံရေးကို

လုပ်နည်းလုပ်ဟန်များကို

တာဝန်ယူသူများအနေဖြင့်

ကျွမ်းကျွမ်းကျင်ကျင်

Foot

လေ့လာသိရှိထားရန်

Protection

ဆိုင်ရာ

လိုအပ်ပါသည်။

အခြေခံစည်းမျဉ်းများ၊

အနီးကပ်လုံခြုံရေးအဖွဲ့တွင်

ပါဝင်သူများသည် အရေးပါ ပုဂ္ဂိုလ်၏ အသက်အန္တရာယ်လုံခြုံရေးကို အများပြည်သူရှေ့တွင် ကာကွယ်စောင့်ရှောက်ရသူများ
ဖြစ်သည့်အတွက် public image ကို မထိခိုက်စေရန် သတိပြုရမည် ဖြစ်သကဲ့သို့၊ အခြေအနေများ ရှုပ်ထွေးလာချိန်တွင်
သင့်လျော်သော ဆုံးဖြတ်ချက်များကို မြန်မြန် ဆန်ဆန် ချမှတ်လုပ်ဆောင်နိုင်သူများလဲ ဖြစ်ရပါမည်။

အခြေခံစည်းမျဉ်းများ

− လုံခြုံရေးတာဝန်ယူပေးရမည့်သူ (principal) နှင့် အသက်အန္တရာယ်ကို ခြိမ်းချောက်သူ (threat) အကြားတွင်
ကြားခံအဖြစ် တာဝန်ယူရန်

− အဖွဲ့ဝင်များအချင်းချင်း တာဝန်ခွဲဝေ၍ ပတ်ဝန်းကျင်ကို (၃၆၀ ဒီဂရီ) စဉ်ဆက်မပြတ်စောင့်ကြည့်ရန်
− Team parameter သတ်မှတ်၍ အရေးပါပုဂ္ဂိုလ်အနီးသို့ မည်သူမျှ ရုတ်ခြည်း ချဉ်းကပ်ခြင်း မပြုနိုင်အောင်
တာဝန်ယူရန်

− အရေးပါပုဂ္ဂိုလ်အား အန္တရာယ်ပြုနိုင်ချေရှိသည်ဟု သံသယဖြစ်ဖွယ် လူတွေ့ပါက အဖွဲ့ဝင်များအား alert လုပ်ရန်
− မည်သည့်နေရာသို့သွားသွား အ၀င်လမ်း၊ အထွက်လမ်းများကို လေ့လာရန်၊ အရေးပေါ် ပစ္စည်းများ (ရှေးဦးသူနာပြု၊
မီးသတ်ဆေးဗူးများ) ထားရှိသည့် နေရာများအား လေ့လာရန်

− အခြေအနေ ရှုပ်ထွေးမှုများ (ဥပမာ- ရန်ပွဲများ၊ ပစ်ခတ်မှုများ) ဖြစ်ပွားလာပါက အခင်းဖြစ်ပွားရာနေရာမှ အမြန်ဆုံး
ထွက်ခွာနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်

လုံခြုံရေးအဖွဲ့ခေါင်းဆောင်၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်

အရေးပါပုဂ္ဂိုလ်အား

အချို့လုံခြုံရေး

အဖွဲ့ဝင်များမှ

ဘေးကင်းရာသို့

ဆွဲထုတ်သွားချိန်တွင်

အချို့လုံခြုံရေး

အဖွဲ့ဝင်များက တိုက်ခိုက်လာသူအား အချိန်ဆွဲထားရန်

သံသယဖြစ်ဖယ
ွ ရ
်ာများ

ကုပ်အင်္ကျီရှည်ကြီးများအား အချိန်အခါနှင့် မကိုက်ညီပဲ ၀တ်ဆင်ထားသူများ

ပူအိုက်သောနေ့များတွင် အနွေးထည် ၀တ်ဆင်ထားသူများ

ပါဆယ်ထုပ် ကိုင်ဆောင်ထားသူများ

ပတ်ဝန်းကျင်တ၀ိုက်တွင် လမ်းသလားနေသူများ

သဘာဝမကျသော လှုပ်ရှားမှုများနှင့် အနေအထားများ

လက်များကို ၀ှက်ထားသူများ

အန္တရာယ်ကို ရှောင်ရှားရန် နည်းလမ်းများ

ပတ်ဝန်းကျင်တွင်

သဘာဝမကျသော

လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည်

လှုပ်ရှားမှုများ၊

မူလအစီအစဉ်မှ

အနေအထားများနှင့်

သွေဖည်သော

second

သံသယဖြစ်ဖွယ်လူများ
split

decision

ရှိနေပါက
ချမှတ်ပြီး၊

လုံခြုံရေးအဖွဲ့ဝင်များအား လိုအပ်သော ညွှန်ကြားချက်များ ပေးအပ်ရန် လိုသည်။

(၁) အရှိန်မြှင့်ရန်

လမ်းလျှောက်သည့် အရှိန်ကိုမြှင့်ပြီး သတ်မှတ်နေရာ (သို့မဟုတ်) လုံခြုံရာနေရာသို့ အမြန်ဆုံးရောက်အောင်သွားရမည်။
ယင်းသို့သွားရာလမ်းတလျှောက်တွင်

ပစ္စည်းသယ်ယူလာသူများ၊

မျက်နှာချင်းဆိုင်မှ

လမ်းလျှောက်လာသူများ၊

ကြားမှ

ဖြတ်ဝင်လာသူများနှင့် တိုးတိုက်မိခြင်း မရှိစေရန် ဂရုစိုက်ရမည်။ Team parameter အတွင်းသို့ အပြင်လူရောက်လာပြီး၊
လုံခြုံရေးအဖွဲ့ဝင်များနှင့် အရေးပါပုဂ္ဂိုလ်အကြားသို့ မရောက်သွားစေရန် အထူးဂရုစိုက်ရမည်။

(၂) လမ်းကြောင်းပြောင်းရန်

မူလ လျှောက်နေသော လမ်းကြောင်းအတိုင်းဆက်မသွားပဲ လမ်းကြောင်းပြောင်းပြီး၊ သံသယဖြစ်ဖွယ်ရာရှိသော ပတ်ဝန်း
ကျင်မှ ရှောင်ထွက်ရမည်။

(၃) ပုန်းအောင်းနေရာယူရန်၊ ၀ပ်နေရန်

ထွက်ပေါက်ပိတ်နေခြင်း၊

ပစ်ခတ်နေခြင်း၊

ကျည်ဆံများ

မည်သည့်နေရာမှ

ပေါ်ထွက်လာသည်ကို

မသိနိုင်သည့်

အခြေအနေများတွင် အရေးပါပုဂ္ဂိုလ်အား ထိခိုက်မှု ဖြစ်နိုင်ချေ အနည်းဆုံးဖြစ်စေရန်အတွက် ပုန်းအောင်ရမည့်နေရာများ၊
အကာအကွယ်များ ကို ရှာဖွေရမည်။ သတ်ကွင်းဖြစ်နိုင်မည့် နေရာများကို သတိပြုရမည်။

(၄) ထွက်ခွာရန်
အနီးဝန်းကျင်တွင် ယာဉ်၊ အဆောက်အဦးနှင့် လုံခြုံရေးအစီအမံကောင်းသော နေရာများ ရှိနေပါက အဆိုပါနေရာများသို့
အမြန်ဆုံး ထွက်ခွာသွားနိုင်ရန် ကြိုးပမ်းရမည်။

လုပန
် ည်းလုပဟ
် န်များ

အရေးပါပုဂ္ဂိုလ်၏

လုံခြုံရေးအဖွဲ့တွင်

အဖွဲ့ဝင်နှစ်ဦး

ပါဝင်ပါက

(သို့မဟုတ်)

အဖွဲ့ဝင်နှစ်ဦးသာ

ခေါ်ဆောင်သွားရန်

အခြေအနေဖြစ်ပါက အဆိုပါ အဖွဲ့ဝင်နှစ်ဦးသည် အရေးပါပုဂ္ဂိုလ်၏ ရှေ့ မှ နေသည့် (point) တာဝန် နှင့် နောက်မှ နေသည့်
(tail) တာဝန်များကို ယူရမည်ဖြစ်ပြီး၊ လိုအပ်လာပါက ဘယ်ဘက်နှင့် ညာဘက်တွင် နေရမည်။ လူအုပ်ထဲတွင် ဖြစ်ပါက
အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက်ခြမ်းတွင် တဦးနေ၍၊ နောက်ညာဘက်ခြမ်းတွင် တဦးနေရမည်ဖြစ်သည်။

လုံခြုံရေးအဖွဲ့တွင် အဖွဲ့ဝင်သုံးဦး ပါဝင်ပါက (သို့မဟုတ်) အဖွဲ့ဝင်သုံးဦးသာ ခေါ်ဆောင်သွားရန် အခြေအနေဖြစ်ပါက
တြိဂံသဏ္ဍာန် (Triangle Formation) (အရေးပါပုဂ္ဂိုလ်၏ ရှေ့တွင်တယောက်၊ နောက်ဗယ်ဘက်ခြမ်းတွင် တယောက်၊
နောက်ညာဘက်ခြမ်းတွင် တယောက်) နှင့် ပြောင်းပြန်တြိဂံသဏ္ဍာန် (Inverse Triangle Formation) (အရေးပါပုဂ္ဂိုလ်၏
ရှေ့ဗယ်ဘက်ခြမ်းတွင်

တယောက်၊

ရှေ့ညာဘက်ခြမ်းတွင်

တယောက်၊

နောက်ဘက်တွင်

တယောက် )

စသည့်

သဏ္ဍာန်များကို ပတ်ဝန်းကျင်အနေအထားပေါ် မူတည်၍ နေရာယူရမည်။

အဖွဲ့ဝင်သုံးဦးပါဝင်သော လုံခြုံရေး အဖွဲ့သည် ပံမ
ှုန်လှုပ်ရှားသွားလာမှုများ (ဥပမာ- ဈေးဝယ်ထွက်ခြင်း၊ စားသောက်ဆိုင်
သွားခြင်း၊ ချိန်းဆိုထားသော နေရာများသို့ သွားခြင်း ) စသည်များအတွက် သင့်လျော်သော အရေအတွက် ဖြစ်သည်။
အဆိုပါအဖွဲ့တွင် အဓိကလူ၊ ဒုတိယလူနှင့် တတိယလူ ဟူသည့် တာဝန်သတ်မှတ်ချက် သုံးရပ်ရှိရမည်။ အဓိကလူသည်
အရေးပါပုဂ္ဂိုလ်အနီးတွင်

အချိန်ပြည့်နေရမည်။

အရေးပေါ်အခြေအနေတွင်

လှုပ်ရှားရန်

လိုအပ်ပါက

ဒုတိယလူနှင့်

တတိယလူက တိုက်ခိုက်လာသူများကို အချိန်ဆွဲထားရမည်ဖြစ်ပြီး၊ အဓိကလူက အရေးပါပုဂ္ဂိုလ်အား ခေါ်ထုတ်သွားရမည်။

လုံခြုံရေးအဖွဲ့တွင်

အဖွဲ့ဝင်လေးဦးပါဝင်ပါက

diamond

formation

(အရေးပါပုဂ္ဂိုလ်၏

ရှေ့တွင်တယောက်၊

နောက်တွင်တယောက်၊

ညာဘက်ခြမ်းတွင်တယောက်၊

ဗယ်ဘက်တွင်တယောက် )

သဏ္ဍာန်ဖြင့်

အရေးပါပုဂ္ဂိုလ်အား

စောင့်ရှောက်ရမည်။ လိုအပ်လာပါက အဆိုပါ diamond formation မှ Box formation (အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက်
ခြမ်းတွင်တယောက်၊

ရှေ့ညာဘက်ခြမ်းတွင်တယောက်၊

နောက်ဗယ်ဘက်ခြမ်းတွင်တယောက်၊

နောက်ညာဘက်

ခြမ်းတွင်တယောက်) သဏ္ဍာန်သို့ ပြောင်းလဲရမည်။

လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် နောက်ဗယ်ဘက်ခြမ်း (သို့မဟုတ်) နောက်ညာဘက်ခြမ်း တာဝန်ကို ယူရမည်ဖြစ်သည်။
သို့မှသာ အဖွဲ့နှင့် အရေးပါပုဂ္ဂိုလ်ကို မျက်ချေမပြတ် စောင့်ကြည့်နင
ို မည်ဖြစ်ပြီး၊ ပတ်ဝန်းကျင်အခြေအနေ၊ အနေအထားကို
အကဲဖြတ်နိုင်မည်။

ဧည့်သည်တဦးတယောက်နှင့်
အခြေအနေတွင်မူ

တွေ့ဆုံရမည့်အခြေအနေ

ရှေ့ဗယ်ဘက်ခြမ်းတွင်တယောက်၊

(သို့မဟုတ်)

သတင်းထောက်များနှင့်

ရှေ့ညာဘက်ခြမ်းတွင်တယောက်၊

စကားပြောရမည့်

နောက်ညာဘက်ခြမ်းတွင်

တယောက်၊ နောက်ဘက် ခပ်လှမ်းလှမ်းတွင်တယောက် (အဖွဲ့ခေါင်းဆောင်) က တာဝန်ယူစောင်ေ
့ ရှာက်ရမည်။

လုံခြုံရေးအဖွဲ့တွင် ငါးဦးပါဝင်ပါက အရေးပေါ်အခြေအနေများအတွက် ပိုမိုစိတ်ချရသည်။ Box Formation (ရှေ့ဗယ်ဘက်
ခြမ်းတွင်တယောက်၊ ရှေ့ညာဘက်ခြမ်းတွင်တယောက်၊ အနီးကပ်နောက်ညာဘက်ခြမ်းတွင် တယောက်၊ ခပ်လှမ်းလှမ်းမှ
နောက်ဗက်ဘက်ခြမ်းတွင်တယောက်၊ နောက်ညာဘက်ခြမ်းတွင်တယောက်) သဏ္ဍာန်ဖြင့် တာဝန်ယူရမည်။ လိုအပ်လာပါက
Diamond Formation (ရှေ့တွင်တယောက်၊ နောက်တယောက်၊ ညာဘက်တွင်တယောက်၊ ဗယ်ဘက်တွင်တယောက်နှင့်
အနီးကပ် နောက်ညာဘက်ခြမ်းတွင်တယောက်) သဏ္ဍာန်ဖြင့် တာဝန်ယူရမည်။

တံခါးပေါက်တခုထဲသို့ ၀င်ပါက အဖွဲ့ဝင်နှစ်ယောက်မှ ကြိုတင်ဝင်ပြီး ဗယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း အခြေအနေကို
စောင့်ကြည့်ရမည်။

ပြီးမှ

အရေးပါပုဂ္ဂိုလ်နှင့်

အနီးကပ်နောက်ညာဘက်ခြမ်းမှ

တယောက်

ပူးတွဲဝင်၍

နောက်တွင်

ကျန်ခဲ့သူနှစ်ယောက်မှ အပြင်ဘက် ဗယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း အခြေအနေကို စောင့်ကြည့်ရမည်။

အခြေအနေ၊

အချိန်အခါအရ

လိုအပ်လာပါက

လုံခြုံရေးအဖွဲ့ဝင်

ခုနစ်ဦးအထိ

တိုးမြှင့်ပြီး

Circle

Formation

(အရေးပါပုဂ္ဂိုလ်နှင့် အနီးကပ်နောက်ညာဘက်ခြမ်းတွင် တယောက်ရှိပြီး၊ ကျန်လူခြောက်ဦးမှ ၀န်းရံပေးထားမှု ) သဏ္ဍာန်ဖြင့်
တာဝန်ယူရမည်။

အဆောက်အဦးနှစ်ခုအကြား

(သို့မဟုတ်)

လူသွားလမ်းကြားတခုအတွင်းသို့

သွားရမည်ဆိုပါက

တဘက်ထိပ်တွင်

နောက်ချန်အဖွဲ့ဝင်တယောက် ရှရ
ိ န်လိုအပ်ပြီး၊ အခြားတဘက်ထိပ်သို့ အဖွဲ့ဝင်တယောက်မှ ကြိုသွားကာ နေရာယူရမည်။
ပြီးလျှင်

အရေးပါပုဂ္ဂိုလ်၏

ရှေ့ဗယ်ဘက်ခြမ်းတွင်တယောက်၊

နောက်ညာဘက်ခြမ်းတွင်တယောက်၊

နောက်ဘက်

ခပ်လှမ်းလှမ်းမှ ဗယ်ဘက်ခြမ်းတွင်တယောက် (အဖွဲ့ခေါင်းဆောင်)က တာဝန်ယူ၍ သွားရမည်။

ရွေ့လျားစက်လှေကား

(escalators)

ဖြင့်

သွားရမည်ဆိုပါက

ရှေ့ဆုံးမှ

အဖွဲ့ဝင်သည်

စက်လှေကားဗယ်ဘက်ခြမ်း၊

သူ့နောက်မှ အဖွဲ့ဝင်က စက်လှေကား၏ ညာဘက်ခြမ်း၊ ပြီးလျှင် အရေးပါပုဂ္ဂိုလ်အားကြားညှပ်၍ နောက်ညာဘက်ခြမ်းမှ
အဖွဲ့ဝင်က ညာဘက်ခြမ်း၊ သူ့နောက်မှ ဗယ်ဘက်ခြမ်းတွင် ရပ်နေသော အဖွဲ့ဝင်က နောက်ဘက်အခြေအနေ စသည်ဖြင့်
မျက်ချေမပြတ် တာဝန်ယူစောင့်ရှောက်ရမည်။

လှေကား အတက်အဆင်းများတွင်လည်း ရှေ့ဆုံးမှ တယောက်၊ သူ့နောက်မှ အဖွဲ့ဝင်တယောက်၊ ပြီးလျှင် အရေးပါ
ပုဂ္ဂိုလ်အား

ကြားညှပ်၍

ဓာတ်လှေကားစီးပါက

နောက်ညာဘက်ခြမ်းမှ

လုံခြုံရေးအဖွဲ့ဝင်တဦးက

တယောက်၊

နောက်တွင်နှစ်ယောက်

ဓာတ်လှေကားဖြင့်

တာဝန်ယူစောင့်ရှောက်ရမည်။

အရေးပါပုဂ္ဂိုလ်သွားမည့်

အထပ်

(ပထမထပ်၊

ဒုတိယထပ်----------) ကို အရင်သွားရမည်။ ကျန်သူများက စောင့်ကြည့်ပြီး အခြေအနေကောင်းမှသာ ဓာတ်လှေကားတွင်းသို့
ပြန်ဝင်ရမည်။ ဓာတ်လှေကားအတွင်းတွင် အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက်ခြမ်းတွင် တယောက်၊ ရှေ့ညာဘက်ခြမ်းတွင်
တယောက်၊ အနီးကပ် ရှေ့ဗယ်ဘက်ခြမ်းတွင်တယောက်၊ နောက်ညာဘက်ခြမ်းတွင်တယောက်၊ နောက်ဗယ်ဘက်ခြမ်းတွင်
တယောက် တာဝန်ယူ စောင့်ရှောက်ရမည်။

လုပ်ကြံရန်ကြိုးစားသူများ၏ ပစ်ကွင်းသို့ ရောက်သွားသည့် အခြေအနေများတွင် ပထမဆုံးသေနတ်သံ ထွက်ပေါ်လာသည်နှင့်
အနီးကပ်တာဝန်ယူရသူသည် အရေးပါပုဂ္ဂိုလ်အား တွန်းလှဲချ၍ ကိုယ်ခန္ဓာဖြင့် အကာအကွယ်ပေးထားပြီး ခြေထောက်ဖြင့်
တွန်းရွှေ့ကာ

တရွေ့ရွေ့

ရွှေ့သွားပြီး

ပစ်ကွင်းမှ

လွတ်မြောက်ရန်

ကြိုးပမ်းရမည်။

ရှေ့ဆုံးမှ

တာဝန်ယူရသည့်

လုံခြုံရေးအဖွဲ့ဝင်သည် ကားဆီသို့ အမြန်ပြေးရမည်ဖြစ်ပြီး၊ ကျန်လူများမှာ အရေးပါပုဂ္ဂိုလ်အနီးတွင် မုဆိုးဒူးထောက်ထိုင်၍
အကာအကွယ်ပေးရမည်။

နိဂုးံ

လုံခြုံရေးအသိ၊

လုံခြုံရေးသတိ

ရှိရေးသည်

နိုင်ငံရေးရာ၊

စီးပွားရေးရာ

အရေးပါပုဂ္ဂိုလ်များ၏

အသက်အန္တရာယ်

လုံခြုံရေးအတွက် အလွန်ပင် အရေးကြီးပါသည်။ အန္တရာယ်ကို သတိမမူ၍ မရပါ။ မည်သည့်နည်းနှင့်မျှ ဆုံးရှုံး၍ မဖြစ်နိုင်သော
အစားထိုးမရနိုင်သည့် အရေးပါပုဂ္ဂိုလ်များ၏ အသက်အန္တရာယ်အတွက် လုံခြံရေးအသိ၊ လုံခြုံရေး သတိသည် အစဉ်မပြတ်
ရှိနေရမည့် အရာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

ခင်မမမျိုး (၂၆၊ ၇၊ ၂၀၁၁)

Venues Protection အကြောင်း သိကောင်းစရာ

အရေးပါပုဂ္ဂိုလ်တွေနဲ့ ခေါင်းဆောင်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့အခါ venues protection
အကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။ venues ဆိုတာမှာ နေထိုင်ရာ အဆောက်အဦး၊ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊
ညစာစားပွဲ၊ လူထုအစည်းအဝေး၊ အခမ်းအနား စတာတွေ ပါဝင်ပါတယ်။ venues ပေါ်မှာ အခြေပြုပြီး သက်ရောက်လာနိုင်တဲ့
အန္တရာယ်တွေကတော့ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်း၊ လူချင်းဝင်လုံးပြီး ဓားဖြင့်ထိုးခြင်း၊ စနိုက်ပါတပ်ဆင်ထားသော
သေနတ်ဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ မီးရှို့ခြင်း၊ ဓာတုပစ္စည်းများဖြင့် တိုက်ခိုက်ခြင်း၊ ဇီဝပိုးမွှားများဖြင့် တိုက်ခိုက်ခြင်း၊
လူထုအစည်းအဝေးပွဲများတွင် အဓိကရုဏ်း ဖြစ်အောင် ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဓိကရုဏ်းဖြစ်ပြီး ဖရိုဖရဲဖြစ်နေတဲ့
အခြေအနေဆိုတာ ခေါင်းဆောင်ရဲ့ အသက်ကို ရန်ရှာခံနိုင်ရမှု ရာခိုင်နှုန်း အမြင့်မားဆုံး အခြေအနေဖြစ်ပါတယ်။ ဒီအချိန်မှာ
ခေါင်းဆောင်ရဲ့ close protection အဖွဲ့ဟာ ဘေးကင်းရာကို ခေါင်းဆောင်ကို အမြန်ဆုံးဆွဲထုတ်သွားနိုင်ဖို့ လိုအပ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ လူထုခေါင်းဆောင်တွေဟာ အခင်းဖြစ်ပွားရာ နေရာဒေသကို မစွန့်ခွာလိုကြပါဘူး။ ဒါကြောင့်

close

protection အဖွဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာဖို့ထက် ခေါင်းဆောင်ရဲ့ အသက်အန္တရာယ်ကို
ဦးစားပေးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။

venues protection ဆိင
ု ရ
်ာ အခြေခံအချက်များ

စနစ်တကျ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရမည်

သွားရောက်မည့် နေရာ၏ အနီးဝန်းကျင် လုံခြုံရေးကို လေ့လာစုံစမ်းရမည်

လူထုအစည်းအဝေးများ၊
သတ်မှတ်ရမည်

အဖွဲ့အစည်း

အခမ်းအနားများတွင်

ဝင်ပေါက်၊

ထွက်ပေါက်များကို

စနစ်တကျ

close protection အဖွဲ့ဝင်မဟုတ်သော မည်သူမဆို ခေါင်းဆောင်အနီးသို့ ကပ်လာပါက သတိထားရမည်။

close protection အဖွဲ့ဝင် အချင်းချင်းသာ သိနိုင်သော သင်္ကေတများ ထားရှိရမည်

သတ်မှတ်ဝတ်စုံဝတ်ထားသော close protection အဖွဲ့ဝင်များအပြင် undercover အဖွဲ့ဝင်များလဲ ထားရှိရမည်

မည်သည့်နေရာသို့သွားသည်ဖြစ်စေ အရေးပေါ်အခြေအနေအတွက် ကြိုတင်စဉ်းစား ပြင်ဆင်ထားရမည်

close protection အဖွဲ့ဝင်များ အချင်းချင်း အရေးပေါ်အခြေအနေ ထွက်ပေါက်ကို သတ်မှတ်ထားရှိရမည်

အရေးပါပုဂ္ဂိုလ်နှင့် ခေါင်းဆောင်များအား ဖရိုဖရဲအခြေအနေများကြားမှ ဆွဲထုတ်ခေါ်သွားနိုင်မည့် safe haven
သတ်မှတ်ချက် ရှိရမည်။

Outer perimeter protection

venues protection မှာ နေရာသတ်မှတ်ချက် နှစ်ခုရှိပါတယ်။ ပထမတခုက သက်ဆိုင်ရာ နေရာရဲ့ ပြင်ပ နဲ့ ၀င်ပေါက်နေရာ
(outer perimeter) ဖြစ်ပြီး၊ ဒုတိယတခုက သက်ဆိုင်ရာ နေရာ၊ အဆောက်အဦးအတွင်း (inner perimeter) မှာ ဖြစ်ပါတယ်။

Outer perimeter protection ကို များသောအားဖြင့် advanced team ကို တာဝန်ယူခိုင်းလေ့ရှိပါတယ်။

ဒီတာဝန်ကို

ထမ်းဆောင်တဲ့ အဖွဲ့ဝင်များအနေနဲ့

အရေးပါပုဂ္ဂိုလ်သွားမယ့်နေရာကို ကြိုတင်ရောက်ရှိပြီး ၀န်းကျင်အနေအထားကို လေ့လာရပါမယ်

ကားရပ်မည့်နေရာကို သေချာကြည့်ရှုဖို့ လိုအပ်ပါတယ်

အရေးပါပုဂ္ဂိုလ်စီးနင်းလိုက်ပါတဲ့ ကားရဲ့ ယာဉ်မောင်းကို ကားအနီးမှာ အချိန်ပြည့်ရှိစေရပါမယ်။ ယာဉ်မောင်းက
တခြားတနေရာကို သွားဖို့ လိုလာရင် တခြားအဖွဲ့ဝင်တယောက်ယောက်က ကားအနီးမှာ သွားနေရပါမယ်

လူအ၀င်အထွက်ကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုရပါမယ်

စောင့်ကြည့်လေ့လာတဲ့နေရာ (observation posts) များ သတ်မှတ်ရပါမယ်

အရေးပါပုဂ္ဂိုလ် ပြန်လည်ထွက်ခွာမယ့် ထွက်ပေါက်နဲ့ အနီးဝန်းကျင်လုံခြုံရေးကို သတိပြုရမယ်

မီဒီယာ သတင်းထောက်တွေရဲ့ သတင်းထောက် အိုင်ဒီကတ်တွေကို စစ်ဆေးရပါမယ်

ကင်မင်ရာ၊ ဗီဒ
ွီယိုစတဲ့ media equipment တွေကို လိုအပ်ရင် ကြည့်ရှုစစ်ဆေးရပါမယ်

အရေးကြီးတဲ့ strategic points တွေအားလုံးမှာ ကိုယ့်ဘက်တော်သားတွေပဲ ရှိနေဖို့ ပြင်ဆင်တာဝန်ပေးရပါမယ်။

Inner perimeter protection

Inner

perimeter

တာဝန်ရှိသူများဟာ

protection

နဲ့

ပတ်သက်ပြီး

personal

escort

အဖွဲ့ငယ်ကို

တာဝန်ပေးလေ့ရှိပါတယ်။

အိမ်၊ ရံုး အဆောက်အဦး (သို့မဟုတ်) အခမ်းအနားကျင်းပရာ ကွင်းပြင်အတွင်းရဲ့ လုံခြုံရေးကို ဂရုစိုက်ရပါမယ်

အရေးပါပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရပါမယ်။ သို့ပေမယ့် တကောက်ကောက် ဘေးမှာ လိုက်နေရမှာကို
ဆိုလိုတာ မဟုတ်ပါ။ အရေးပါပုဂ္ဂိုလ်နဲ့ မိတ်ဆွေများရဲ့ လွတ်လပ်စွာ လှုပ်ရှားမှုကို အနှောင့်အယှက်ပေးသည်အထိ
မပြုလုပ်ရပါ

undercover (covert) လုံခြုံရေးတာဝန်ယူသူများကို တာဝန်ပေးဖို့ လိုအပ်ပါတယ်

အဆောက်အဦးအတွင်းမှာ safe haven နေရာ သတ်မှတ်ချက် ရှိရပါမယ်

အဆောက်အဦးအား ရှာဖွေခြင်း

လုံခြုံရေးအတွက် အဆောက်အဦးကို ရှာဖွေတဲ့အခါမှာ အပြင်မှ အတွင်းသို့ ရှာဖွေခြင်း၊ အောက်မှ အထက်သို့ ရှာဖွေခြင်း၊
ပုန်းအောင်နိုင်ဖွယ်ရာ နေရာများအား ရှာဖွေခြင်းဆိုပြီး နည်းလမ်း သုံးမျိုး ရှိပါတယ်။ ဒီလိုရှာဖွေတဲ့အခါမှာ ရှာဖွေရေးအဖွဲ့ရဲ့
လူအင်အား လေးပုံတပုံက ပြင်ပမှာ ရှာဖွေရပါမယ်၊ လူအင်အားလေးပုံတပုံက အများပြည်သူတွေ ၀င်ထွက်သွားလာလေ့ရှိတဲ့
နေရာတွေကို ရှာဖွေပြီး၊ ကျန်အင်အားတ၀က်က အဆောက်အဦးမှာ ရှိတဲ့ အခန်းများကို ပတ်စိပ်တိုက်ရှာဖွေရပါမယ်။

ပြင်ပရှာဖွေခြင်း

(external

searching)

ပြုလုပ်တဲ့အခါ

အဆောက်အဦးရဲ့

၂၅

မီတာဝန်းကျင်ကို

ရှာဖွေရပါမယ်။

ဒီလိုရှာဖွေတဲ့အခါ ground level အနေနဲ့ အမှိုက်စွန့်ပစ်ရာ နေရာများ၊ ပန်းအိုး များ၊ ရေပန်းများ၊ ရပိုက်များနဲ့ အနီးမှာ
ရပ်ထားတဲ့ ကားများကိုပါ စောင့်ကြည့်ရပါမယ်။ ပြီးတဲ့အခါ ground to roof level အနေနဲ့ ပြတင်းပေါက်ဘောင်များ၊
လေအေးပေးစက်များ၊ မီးကြိုးများနဲ့ ခေါင်းမိုးကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေပြီးတာနဲ့ အရေးကြီးနေရာများမှာ လူအ၀င်အထွက်
ထပ်မံပြုလုပ်ခြင်းကို တားဆီးခြင်း၊ အစောင့်ချထားခြင်း ပြုလုပ်ရပါမယ်။

အများပြည်သူဝင်ထွက်သွားလာမယ့်နေရာများအား ရှာဖွေခြင်း

(searching for public places) ကို ပြုလုပ်တဲ့အခါ

ဧည့်ခန်းဆောင်၊ လျှပ်စီးမီး၊ ပန်းအိုး၊ ကုလားထိုင်၊ စားပွဲ၊ မီးသတ်ဗူး၊ ဓာတ်လှေကား၊ ရေအိမ်များ၊ ဗွီဒိုများ၊ စတိုခန်းနဲ့
လျှပ်စစ်သုံးစက်ကိရိယာများကို ရှာဖွေရပါမယ်။

တခန်းဝင်တခန်းထွက် ရှာဖွေခြင်း (room to room searching) ကို ပြုလုပ်တဲ့အခါ ပထမဦးဆုံး အမြင်အာရုံကို အသုံးပြုပြီး
လှည့်ပတ်ကြည့်ရပါမယ်။
ဒီလိုလုပ်ခြင်းအားဖြင့်

ပြီးတဲ့အခါ

အခန်းထဲမှာ

လျှောက်ကြည့်ပြီး

မူမှန်မဟုတ်တဲ့

အသံတွေကို

ကြားရနိုင်ပါတယ်။

ခေတ္တခဏရပ်ခြင်းကို
အခန်းကို

အခါခါပြုလုပ်ရပါမယ်။

ရှာဖွေတဲ့အခါ

searching

level

လေးဆင့်ရှိပါတယ်။ ပထမတဆင့်က floor to hip level ပါ။ ဒီအဆင့်မှာ ကော်ဇော၊ ကုလားထိုင်၊ စားပွဲ၊ ဗွီဒိုအသေး၊ မီးခလုတ်
စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်က hip to eye level ပါ။ ဒီအဆင့်မှာ ဗွီဒိုကြီး၊ မီးခလုတ်၊ လေအေးပေးစက်၊

မီးခလုတ်နဲ့ စာအုပ်စင်စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်ကတော့ eye level to the ceiling ဖြစ်ပါတယ်။ ဒီအဆင့်မှာ
အမြင့်မှာတပ်ဆင်ထားတဲ့
နောက်ဆုံးတဆင့်ကတော့

လေအေးပေးစက်၊
ceiling

အသံချဲ့စက်၊

ဖြစ်ပါတယ်။

ပန်ကာ၊

ceiling

မှာ

မီးကြိုးများ
ရေးထားတဲ့

စတာတွေ

ပါဝင်ပါတယ်။

စာတွေအပါအ၀င်

ရှိသမျှကို

ကြည့်ရှုစစ်ဆေးရပါမယ်။

ရုးံ ခန်းလြုံ ခုံရေး
venues protection မှာ အရေးပါပုဂ္ဂိုလ် ရံုး ထိုင်တဲ့ ရုံးခန်းဟာလဲ အလွန်အရေးကြီးပါတယ်။ ရုံးခန်းဟာ အောက်ဆုံးအထပ်မှာ
မရှိသင့်ပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ရုံးခန်းကို သွားမယ်ဆိုရင် အခြားရုံးခန်းတွေရှေ့က (သို့မဟုတ်) ရုံးသူရုံးသားအများရှိနေသော
စားပွဲများရှေ့က

ဖြတ်သွားမှသာ ရောက်နိုင်ရပါမယ်။ ရုံးခန်းမှာ ပြတင်းပေါက်တွေရှိရင် ခန်းဆီးများတပ်ရပါမယ်။ အရေးပါ

ပုဂ္ဂိုလ် ရံုး ထိုင်နေတာကို ပြင်ပကနေ အလွယ်တကူ မြင်နိုင်ခြင်း မရှိစေရပါဘူး။

ဧည့်သည်များနဲ့

တွေ့ဆုံတဲ့အခါ

ကြိုတင်ပြီး

appointment

ယူခိုင်းရပါမယ်။

အရေးပါပုဂ္ဂိုလ်ရဲ့

ရုံးခန်းအတွင်းကို

ဝင်ရောက်စေတာထက် အများနဲ့ တွေ့ဆုံရမယ့် outside office ဖန်တီးထားသင့်ပါတယ်။ အဲဒီမှာ အရေးပေါ်ခေါင်းလောင်း
တပ်ဆင်ထားသင့်ပါတယ်။ ရုံးအ၀င်အထွက် နေရာများနဲ့ ရုံးတွင်းက အရေးကြီးတဲ့ နေရာများ၊ အချိုးအကွေ့နေရာများမှာ
CCTV

များ

တပ်ဆင်ထားသင့်ပါတယ်။

ရုံးခန်းတံခါးတွေမှာ

အမည်များ၊

ရာထူးများ

သတ်မှတ်ရေးသားထားတာရှိရင်

ဖယ်ရှားပြီး နံပါတ်များနဲ့ အစားထိုးရပါမယ်။ စတိုခန်းနဲ့ ရေအိမ်များမှာ လုံခြုံရေး ခလုတ်များနဲ့ ဖွင့်ရမယ့် တံခါးများ
ရှိသင့်ပါတယ်။ ဧည့်သည်များနဲ့ အများပြည်သူသုံး ရေအိမ်ကို သီးခြားထားသင့်ပါတယ်။ ရုံးအတွင်းမှာ အရေးပေါ်အချိန်မှာ
နေထိုင်ရမယ့် safe room ထားရှိပြီး ဆက်သွယ်ရေးကိရိယာများ၊ အစားအစာနဲ့ ဆေးဝါးများကို အဆင်သင့်ထားရှိပါမယ်။

နိဂုးံ

ကမ္ဘာတ၀ှမ်းက အရေးပါပုဂ္ဂိုလ်တွေကို လုပ်ကြံခံရမှုတွေမှာ ရံုး ခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ အစည်းအဝေးခန်းမ၊
လူထုအစည်းအဝေး တွေရဲ့ လုံခြုံရေးအခြေအနေ အားနည်းချက်တွေက အဓိက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် venues
protection ဆိုင်ရာ အခြေခံအချက်အလက်များကို အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို တာဝန်ယူရမယ့်သူများနဲ့ အခြေအနေက
တောင်းဆိုလို့

အရေးပေါ်တာဝန်

ယူလိုက်ရမယ့်

သူများအနေနဲ့

သိရှိနားလည်ထားဖို့

လိုအပ်ပါကြောင်း

ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၈၊ ၁၂၊ ၂၀၁၀)

မော်တော်ယာဉ်တန်း လြုံ ခုံရေး ဆိင
ု ရ
်ာ သိကောင်းစရာ

အရေးပါတဲ့ ခေါင်းဆောင်တွေရဲ့
သွားလာရေးတွေမှာ

ပြည်တွင်းစည်းရုံးရေး ခရီးစဉ်၊ နိုင်ငံခြား သံတမန်ရေးရာ ခရီးစဉ်တွေနဲ့ မြို့တွင်း

မော်တော်ယာဉ်တန်းလုံခြုံရေး

(motorcade

protection)

ဟာ

အလွန်အရေးကြီးပါတယ်။

မော်တော်ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးသွားခဲ့ရတဲ့ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးရာ
ခေါင်းဆောင်တွေ ကမ္ဘာမှာ အများအပြား ရှိပါတယ်။

မော်တော်ယာဉ်တန်း လြုံ ခုံရေးဆိင
ုရာ အခြေခံစည်းမျဉ်းများ

မော်တော်ယာဉ်တန်းလုံခြုံရေး အခြေခံစည်းမျဉ်းအရ အရေးပါပုဂ္ဂိုလ်များ လိုက်နာစီးနင်းမယ့် principal vehicle တွေနဲ့
escort vehicle တွေကို မောင်းနှင်သူများဟာ ယာဉ်မောင်းကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။

ယာဉ်တွေကို အသုံးမပြုချိန်မှာ

သော့ပိတ်ထားပြီး၊ ခေတ္တရပ်နားချိန်တွေမှာ အစောင့်ထားရှိဖို့ လိုအပ်ပါတယ်။

မော်တော်ယာဉ်တန်းမထွက်ခင်မှာ သံသယဖြစ်ဖွယ် ပစ္စည်းတွေ၊ ခိုးယူနားထောင်တဲ့ ကိရိယာတွေနဲ့ စက်ချို့ယွင်းမှုတွေ ရှိမရှိ
စစ်ဆေးဖို့ လိုအပ်သလို မော်တော်ယာဉ်တန်း သွားလာလှုပ်ရှားနေချိန်မှာ ဆက်သွယ်ရေး ကိရိယာများကို သေချာစစ်ဆေးဖို့
လိုအပ်ပါတယ်။

လေ၊ ရေနဲ့ တာယာဖိအားတွေကို ဂရုတစိုက် စစ်ဆေးဖို့ လိုအပ်သလို၊ ဓာတ်ဆီ (သို့မဟုတ်) ဒီဇယ်ဆီ တိုင်ကီတွေကို
တ၀က်ထက်လျော့လာတာနဲ့ ပြန်ဖြည့်ရပါမယ်။ အရေးပေါ် အခြေအနေဖြစ်လာခဲ့ရင် ဆီတိုင်ကီမှာ ဆီအလုံအလောက်ရှိနေဖို့
လိုပါတယ်။

ပြင်ပကနေ အန္တရာယ်ရှိတဲ့ ပစ္စည်း တွေနဲ့ ပစ်ပေါက်တာတွေ၊ ကားတံခါးကို ဆွဲဖွင့်တာတွေ မရှိအောင် ကားတံခါးနဲ့
ကားမှန်တွေကို

မော်တော်ယာဉ်တန်းသွားလာနေစဉ်မှာ

စီးနင်းလိုက်ပါသူများအားလုံးဟာ

ခါးပတ်ပတ်ထားဖို့

ပိတ်ထားရပါမယ်။
လိုပါတယ်။

ယာဉ်မောင်းသူ

ယာဉ်ရပ်နား

အပါအ၀င်

နေချိန်မှာ တောင်

ယာဉ်ပေါ်မှာ

ကားတစီးကနေ

ရုတ်ခြည်းဝင်ရောက် တိုက်လိုက်တာမျိုး ရှိလာတတ်တဲ့အတွက် ကားပေါ်မှာ ထိုင်နေချိန်မှာပါ သတိရှိဖို့ လိုအပ်ပါတယ်။

သတ်မှတ်နေရာကို

ရောက်ချိန်မှာ

မော်တော်ယာဉ်တန်းရပ်နားတဲ့အခါ

ကားစက်ကို

မသပ်ရပါဘူး။

လုံခြုံရေးအဖွဲ့

ခေါင်းဆောင်က debus လုပ်ဖို့ အမိန့်ပေးချိန်ကျမှ main bodyguard က အရေးပါခေါင်းဆောင်ရဲ့ ကားတံခါးကို ဖွင့်ပေးရမှာ
ဖြစ်ပါတယ်။ သတ်မှတ်နေရာကနေ မော်တော်ယာဉ်တန်းဆီကို အရေးပါခေါင်းဆောင် ပြန်လာချိန်မှာ လဲ ဒီလိုပါပဲ။ ကားစက်ကို
ကြိုတင်နှိုးထားဖို့ လိုအပ်ပါတယ်။

မော်တော်ယာဉ်တန်းလြုံ ခုံရေးသဏ္ဍာန်

ပထမဦးစွာ သတ်မှတ်နေရာကို ပထမဦးဆုံးသွားရမယ့် ယာဉ်က advanced vehicle ဖြစ်ပါတယ်။ သတ်မှတ်နေရာရဲ့
လုံခြုံရေးအတွက်

တာဝန်ရှိသူများကို

ကြိုတင်ပို့ဆောင်ရေး၊

သတ်မှတ်နေရာကို

ယာယီ

အော်ပရေးရှင်စင်တာအဖြစ်

အသွင်ယူရေးတို့အတွက် တာဝန်ရှိတဲ့ ယာဉ်ဖြစ်ပါတယ်။

ဒုတိယအနေနဲ့

လမ်းကြောင်းရှင်းဖို့အတွက်

လမ်းကြောင်းအခြေအနေကို

Reconnaissance

လေ့လာဖို့အတွက်

သွားဖို့

vehicle

လိုအပ်ပါတယ်။

က

သတ်မှတ်နေရာကို
Reconnaissance

မရောက်ခင်
vehicle

နဲ့

လိုက်ပါသွားသူတွေဟာ လမ်းကြောင်းတလျှောက်က အန္တရာယ် ဖြစ်နိုင်ဖွယ်ရှိတဲ့ အခြေအနေတွေကို စနစ်တကျ လေ့လာဖို့
လိုအပ်သလို၊ အဓိကယာဉ်တန်းက လုံခြုံရေးခေါင်းဆောင်တွေဆီကို ဆက်သွယ်ရေးကိရိယာ အသုံးပြုပြီး၊ ပြန်လည်တင်ပြဖို့
လိုပါတယ်။ အချိန်ကာလ မည်မျှကြာအောင် အဆက်အသွယ် ပြတ်သွားခဲ့ရင် အန္တရာယ်တစုံတရာ ရှိနေပြီဆိုတဲ့ signal
ပေးနိုင်အောင် သတ်မှတ်ချိန်တခု ရှိထားရပါမယ်။

တတိယအနေနဲ့

အရေးပါပုဂ္ဂိုလ်

လိုက်ပါစီးနင်းမယ့်

ယာဉ်

(principal

vehicle)

ရဲ့

ရှေ့မှာ

Lead

escort

vehicle ထားရှိရပါမယ်။ ဒီကားဟာ principal vehicles တွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူရမှာ ဖြစ်ပြီး၊ အရေးကြုံလာချိန်မှာ
principal vehicles တွေ ပျက်စီးသွားခဲ့ရင် အစားထိုး အသုံးပြုတာတွေ လုပ်လို့ ရနိုင်ပါတယ်။ escort vehicles တွေဟာ
အော်တိုဂီယာသုံး rear-wheel drive တွေ ဆိုရင် ပိုကောင်းပါတယ်။

စတုတ္ထအနေနဲ့ principal vehicle ဟာလဲ အော်တိုဂီယာသုံး rear-wheel drive (သို့မဟုတ်) four-wheel drive တွေ
ဖြစ်သင့်ပါတယ်။ run-flat tyre system ဆိုရင် ပိေ
ု ကာင်းပါတယ်။ principal vehicle နောက်မှာတော့ ပဉ္စမ အနေနဲ့ follow-

up escort vehicle လိုက်ရမှာဖြစ်ပြီး၊ အားလုံးရဲ့နောက်မှာ tail vehicle လိုက်ရမှာ ဖြစ်ပါတယ်။

မော်တော်ယာဉ်တန်းတွင် လိအ
ု ပ်သော ပစ္စည်း ကိရယ
ိာများ

ရှေးဦးသူနာပြုသေတ္တာ

မီးသတ်ဆေးဗူး

multi-channel two-way radio;

မြေပုံများ

ရေဗူး

ကားအပိုပစ္စည်းများ

spotlights and flashlights;

လက်နှိပ်ဓာတ်မီး

မော်တော်ယာဉ်တန်း လှုပ်ရှားမှု

မော်တော်ယာဉ်တန်းလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး Phases ငါးခု ခွဲခြားနိုင်ပါတယ်။ ပထမဆုံးက ယာဉ်တန်း မထွက်ခွာမီ predeparture phase ဖြစ်ပါတယ်။ မော်တော်ယာဉ်တန်း မထွက်ခွာချိန်မှာ ယာဉ်နဲ့ စက်တွေကို စနစ်တကျ စစ်ဆေးရပါမယ်။
အရေးပါ ပုဂ္ဂိုလ်ကို ကြိုဆိုရမယ့် အချိန်နီးမှ သတ်မှတ်နေရာမှာ

ရပ်ထားသင့်ပါတယ်။

အရေးပါပုဂ္ဂိုလ် ကားပေါ်တက်တဲ့

နေရာဟာ လုံခြုံစိတ်ချရတဲ့ ဧရိယာအတွင်းမှာ ဖြစ်ဖို့ လိုအပ်ပါတယ်။ ကားစက်ကို ကြိုနှိုးထားရပါမယ်။ ကားမောင်းသမားက
ကားထဲမှာ အဆင်သင့် ရှိနေရပါမယ်။ ကားတံခါးတွေအားလုံးကို ကြိုပြီး မဖွင့်ထားရပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ ပွိုင့်ကသာ
ကားတံခါးကို ဖွင့်ပေးရမှာ ဖြစ်ပါတယ်။

ဒုတိယ phase ဖြစ်တဲ့ ယာဉ်တန်းထွက်ခွာချိန် (Departure phase) ကတော့ အရေးကြီးဆုံးပါပဲ။ ဒီအဆင့်က risk
အကြီးဆုံးလဲ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ရီဂင် နဲ့ နိုင်ငံခေါင်းဆောင်အများအပြား တိုက်ခိုက်ခံရတာက Departure
phase မှာ ဖြစ်ပါတယ်။ အရေးပါပုဂ္ဂိုလ် ကားထဲမှာ စထိုင်လိုက်တာနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက သတ်မှတ်ထိုင်ခုံတွေမှာ
ဝင်ရောက်နေရာယူပြီး၊ အချိန်မဆိုင်းပဲ မော်တော်ယာဉ်တန်းက ချက်ချင်း ထွက်ခွာဖို့ လိုအပ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့
ကားထဲကို လူအားလုံး ၀င်ထိုင်ပြီးတာနဲ့ ကားတံခါးတွေကို ချက်ချင်း ပိတ်ရပါမယ်။

တတိယ phase ဖြစ်တဲ့ ယာဉ်တန်းသွားလာချိန်

(Transit phase) မှာတော့ ယာဉ်တန်းထဲက လုံခြုံရေး အဖွဲ့ရဲ့

ဆက်သွယ်ရေးစနစ်က

အတားအဆီး၊

ယာဉ်စည်းကမ်း၊

အလွန်အရေးကြီးပါတယ်။

လမ်းစည်းကမ်းများကို

စနစ်တကျ

အနှောင့်အယှက်၊

လိုက်နာရပါမယ်။

အခက်အခဲများ

မီးပွိုင့်ရပ်နားချိန်တွေ၊

မဖြစ်အောင်

လမ်းကျဉ်းတွင်းမှာ

သွားလာရချိန်တွေ၊ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေချိန်တွေမှာ အရေးပါပုဂ္ဂိုလ်အပါအ၀င် လုံခြုံရေးအဖွဲ့တဖွဲ့လုံး သတိရှိဖို့
လိုအပ်ပါတယ်။

ရပ်နားနေချိန်၊

နှေးကွေးစွာ

သွားလာနေချိန်တွေမှာ

တဘက်ရန်သူအတွက်

အခွင့်အရေးတွေ

ရသွားတတ်ပါတယ်။

ယာဉ်တန်းသွားလာချိန်မှာ
လမ်းဆုံလမ်းခွများ၊

သတိပြုသင့်တဲ့

ရပ်နားထားသော

အရာများကတော့

ကားများ၊

တံတားများ၊

နှေးကွေးစွာ

ဆောက်လုပ်ရေး

သွားလာနေသော

ကားများ၊

လုပ်ငန်းခွင်များ၊၊

မော်တော်ယာဉ်တန်းကို

ကျော်ရန်ကြိုးစားနေသော ကားများ၊ ယာဉ်တန်းအနီးတွင် ရုတ်တရက်ရပ်တန့်နှေးကွေးသွားသော ကားများ၊ ကားလမ်းမပေါ်မှ
ယာဉ်တန်းကို

လှမ်းတားနေမှုများ၊

ယာဉ်တိုက်မှုများ၊

လူအများ

လျှောက်လေ့လျှောက်ထ

မရှိသော

နေရာများတွင်

လမ်းလျှောက်နေသူများ၊ သတ်ကွင်းဖြစ်တတ်သော နေရာများ စတာတွေမှာ ဖြစ်ပါတယ်။ ယာဉ်တန်းသွားလာနေတုန်းမှာ
တတ်နိုင်သမျှ အစာစားခြင်း၊ ရေသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မလိုအပ်ပဲ
စကားပြောနေတာတွေကိုလဲ လျှော့သင့်ပါတယ်။ ဒါတွေဟာ တုန့်ပြန်မှုနှုန်းနဲ့ အာရုံစိုက်မှုကို လျော့ကျစေနိုင်ပါတယ်။

ဆိုက်ရောက်ချိန် (arrival phase) မှာ လုံခြုံရေးအဖွဲ့တဖွဲ့လုံးက အဆင်သင့်အနေအထား ရှိဖို့ လိုအပ်ပါတယ်။ ယာဉ်ကို
မရပ်နားခင်မှာ

ပတ်ဝန်းကျင်အခြေအနေကို

စနစ်တကျ

လေ့လာဖို့

လိုအပ်ပါတယ်။

ရှေ့ပြေးလွှတ်ထားရင်

ဆက်သွယ်ရေးစက်နဲ့ အခြေအနေကို ကြိုတင်မေးမြန်းထား ရပါမယ်။ ကားမောင်းသမားတွေက ယာဉ်မောင်းထိုင်ခုံတွေမှာ
အဆင်သင့်ရှိနေပြီး၊ ကားစက်ကိုလဲ မသပ်ရပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ ကားတံခါးက ပိတ်ထားရပါမယ်။ လုံခြုံရေးအဖွဲ့
နေရာယူပြီးမှ အရေးပါပုဂ္ဂိုလ်ရဲ့ ကိုယ်ရံတော်က ကားထဲက ထွက်ပြီး၊ လုံခြုံရေးအခြေအနေ စိတ်ချရမှု ရှိမရှိ ကြည့်ပြီးမှ
ကာားတံခါးကို ဖွင့်ပေးရပါမယ်။ လုံခြုံရေးအဖွဲ့ဟာ ဒီအချိန်မှာ အရေးပါပုဂ္ဂိုလ်ကို ၀န်းရံစောင့်ရှောက်ဖို့ လိုပါတယ်။ ဒါပေမယ့်
အရေးပါပုဂ္ဂိုလ်ဆီမှာ မျက်လုံးတွေကို ထားရမှာ မဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်နဲ့ ပရိသတ်ကို ကြည့်ရမှာ ဖြစ်ပါတယ်။

ဆိုက်ရောက်ပြီးအချိန်

(post-arrival

phase)

ကလဲ

လုံခြုံရေးအတွက်

အရေးကြီးပါတယ်။

သတ်မှတ်နေရာမှာ

အရေးပါပုဂ္ဂိုလ်ရောက်ပြီးတာနဲ့ လုံခြုံတဲ့ နေရာမှာ ကားကို သွားရပ်ရမှာ ဖြစ်ပါတယ်။ ယာဉ်မောင်းတွေဟာ ကားနဲ့အတူ
ရှိနေရမှာ ဖြစ်ပြီး၊ ကားကနေ ခေတ္တခွာမယ်ဆိုရင် အခြားလုံခြုံရေး အဖွဲ့ဝင်ကို လူစားထိုးပြီးမှ ခွာသွားရမှာ ဖြစ်ပါတယ်။
ကားအင်ဂျင်နဲ့ တာယာတွေကို စစ်ဆေးဖို့ လိုအပ်ပြီး၊ အချိန်မရွေးပြန်လည်ထွက်ခွာဖို့ အဆင်သင့် ရှိနေရန် လိုအပ်ပါတယ်။

မော်တော်ယာဉ်တန်း ယာဉ်မောင်းအရည်အချင်းများ

တာဝန်ယူမှု

ဆုံးဖြတ်နိုင်စွမ်းရှိမှု

သွေးအေးမှု

မတွေဝေမှု

ဖြတ်ထိုးဥာဏ်ရှိမှု

စတီယာရင် နိင
ုနင်းမှု

လမ်းကျွမ်းကျင်မှု

လုံခြုံရေး အတွေ့အကြုံရှိမှု

အရေးပေါ်အချိန်တွင်

မိမိရည်ရွယ်ချက်ကို

အခြားအဖွဲ့ဝင်များထံ

အချက်ပြဆက်သွယ်

ပေးနိုင်မှုနှင့်

ပူးပေါင်းဆောင်ရွက်တတ်မှု

DEFENSIVE, OFFENSIVE, EVASIVE DRIVING Skills များကို ကျွမ်းကျင်ပိုင်နိုင်မှု

နိဂုးံ

မော်တော်ယာဉ်တန်း လုံခြုံရေးဟာ အရေးပါပုဂ္ဂိုလ်တွေရဲ့ မြို့တွင်းအသွားအလာ၊ ပြည်တွင်းစည်းရုံးရေး ခရီးစဉ် စတာတွေမှာ
အလွန်အရေးကြီးပါတယ်။
လွတ်သွားတာကြောင့်

အသိဥာဏ်ပညာ၊

ဆင်ခြင်တုံတရားတွေ

အသက်ပေးလိုက်ရတဲ့

မော်တော်ယာဉ်တန်းလုံခြုံရေးကို

ဘယ်လောက်ပဲ

ရှိပေမယ့်၊

သတိတချက်

ဖြစ်ရပ်တွေ

ကမ္ဘာမှာ

အများအပြား

ရှိပါတယ်။

ဒါကြောင့်

အရေးပါပုဂ္ဂိုလ်များအပါအ၀င်၊

လုံခြုံရေး

တာဝန်ရှိသူများမှ

အသိရှိရှိ၊

သတိရှိရှိနဲ့

အာရုံထားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

နောက်ဆက်တွဲ

မော်တော်ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခံရသည့်
ကာကွယ်ရမည့်

အချက်များကို

static ambush, mobile ambush

မော်တော်ယာဉ်တန်းအား

များနှင့် မည်သို့မည်ပုံ

ကြားဖြတ်တိုက်ခိုက်ခံရခြင်း

ဆောင်းပါးတွင်

ဆက်လက်ရေးသားဖော်ပြမည် ဖြစ်ပါသည်။

ခင်မမမျိုး (၁၊ ၆၊ ၂၀၁၁)

ယာဉ်တန်းအား ကြားဖြတ်တုက
ိ ခ
် က
ို ခ
် ရ
ံ ခြင်း

စစ်မြေပြင်မှာ စစ်ကြောင်းတွေကို ကြားဖြတ်ပြီး ခြုံခိုတိုက်ခိုက်ခံရတာတွေ ရှိတတ်ပါတယ်။ ဒါကို စစ်သုံးစကားအနေနဲ့
ambush

လုပ်တယ်လို့

အရေးပါပုဂ္ဂိုလ်တွေရဲ့

ခေါ်ဝေါ်သုံးစွဲကြပါတယ်။
ယာဉ်တန်းတွေကို

စစ်မြေပြင်မှာ

ခြုံခိုတိုက်ခိုက်

ခံရသလိုပဲ

ကြားဖြတ်တိုက်ခိုက်ခံရတာတွေလဲ

နိုင်ငံရေးမှာလဲ

ရှိတတ်ပါတယ်။

ဒီလို

ကြားဖြတ်တိုက်ခိုက်မှုတွေမှာ တိုက်ခိုက်သူတွေ အဓိကသုံးတဲ့ လက်နက်ကတော့ Surprise ပါပဲ။ မထင်မှတ်ထားတဲ့ အချိန်၊
မထင်မှတ်ထားတဲ့ နေရာမှာ ပေါ်ထွက်လာတတ်တဲ့ ရန်သူတွေက လက်တကမ်းမှာ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ရန်သူတွေထက်
ပိုပြီး အန္တရာယ်ကြီးပါတယ်။ ယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ သဏ္ဍာန်နှစ်မျိုးရှိပါတယ်။ Static ambush နဲ့
mobile ambush တို့ ဖြစ်ပါတယ်။

Static ambush

အရေးပါ

ပုဂ္ဂိုလ်တွေရဲ့

ယာဉ်တန်း

ရပ်တန့်သွားအောင်

လမ်းမပေါ်မှာ

တစုံတရာနဲ့

ပိတ်ဆို့တားဆီးပြီး

ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်တတ်ကြပါတယ်။ ပိတ်ဆို့တားဆီးလေ့ရှိတဲ့ နည်းလမ်းတွေကတော့ အရေးပါပုဂ္ဂိုလ်ရဲ့
ယာဉ်တန်းရှေ့မှာ မောင်းနှင်နေသောကားမှ ရုတ်တရက် ဘရိတ်အုပ် ရပ်တန့်ခြင်း၊ ကျောက်တုံးနှင့် သစ်ကိုင်းကျိုးများ
လမ်းမပေါ်တွင် ရှိနေခြင်း၊ မိုင်းထောင်ထားခြင်း စတာတွေ ဖြစ်ပါတယ်။

Static ambush နဲ့ တိုက်ခိုက်ခံရချိန်မှာ ယာဉ်မောင်းသူတွေရဲ့ အခန်းကဏ္ဍက အလွန် အရေးကြီးပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့
ယာဉ်တန်းမှာ follow-up car ပါလာခဲ့ရင် ဒီကားက principal vehicle ကို ကျော်သွားပြီး၊

ကြားဖြတ်တိုက်ခိုက်ခံရမှု

ဖြစ်ပွားရာနေရာနဲ့ မီတာ

(၂၀)အကွာမှာ defence position

ယူဖို့လိုအပ်ပါတယ်။ escort ကားကတော့ လမ်းရဲ့

အခြားတဘက် မီတာ (၂၀) အကွာမှာ ရပ်ပြီး cover ယူရပါမယ်။ ဒီအချိနမ
ှ်ာ principal vehicle ယာဉ်မောင်းက
မောင်းထွက်ဖို့ ကြိုးစားရပါမယ်။ ဖြစ်နိုင်မယ်ဆိုရင် reverse gear နဲ့ ကားကို ၁၈၀ ဒီဂရီ လှည့်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။
လမ်းကြောင်း

အနည်းငယ်ရှင်းရင်တော့

U

turn

(သို့မဟုတ်)

Y

turn

လုပ်နိုင်ပါတယ်။

အရေးကြီးဆုံးက

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ နေရာကနေ အမြန်ဆုံး ခွာနိုင်ဖို့ပါပဲ။

ယာဉ်တန်းမှာ ပါဝင်တဲ့ ကားတွေရဲ့ ယာဉ်မောင်းသူတွေဟာ ရှေ့ကကားရဲ့ ရှည်လျားမှုအတိုင်းအတာ တ၀က်ခန့်ရှိတဲ့
အကွာအဝေးကို ချိန်ဆပြီးမှ ကားကို ရပ်နားသင့်ပါတယ်။ ခရီးစဉ်တလျှောက်က escape routes တွေကို ကျွမ်းကျွမ်းကျင်ကျင်
သိနားလည်ထားသင့်ပါတယ်။

Mobile ambush

Mobile ambush မှာ တိုက်ခိုက်နည်းမျိုးစုံကို ကြုံတွေ့ရနိုင်ပါတယ်။ ပထမနည်းကတော့ Pincer attack ဖြစ်ပါတယ်။ pincer
attack

မှာ

ကားတစီးက

အရေးပါပုဂ္ဂိုလ်စီးနင်းလိုက်ပါလာတဲ့

ကားကို

ဘေးကနေ

ယှဉ်မောင်းရင်း

ကားရှေ့မှာ

ပိတ်ရပ်လိုက်ပြီး၊ နောက်ထပ်ကားတစီးကတော့ နောက်ကနေ ပိတ်ရပ်လိုက်တာ ဖြစ်ပါတယ်။ နောက်တနည်းကတော့ Side
street attack ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ရာမှာ လမ်းဘေးမှာ ရပ်နားထားတဲ့ကားက အရေးပါပုဂ္ဂိုလ် စီးနင်းလိုက်ပါလာတဲ့
ကားရှေ့ကို

ရုတ်ခြည်းဖြတ်ဝင်လိုက်တာ

ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ

နောက်ထပ်ကားတစီးကလဲ

နောက်ကနေ

ဝင်ရပ်လိုက်ပြီး ကားကို ရပ်တန့်စေတာ ဖြစ်ပါတယ်။

နောက်တနည်းကတော့

Side

attack

ဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်ရမှာ

ယာဉ်တန်း

(သို့မဟုတ်)

အရေးပါပုဂ္ဂိုလ်

လိုက်ပါစီးနင်းလာတဲ့ ကားကို နောက်ကနေ ၀င်ရောက်တိုက်ခိုက်တာ၊ ဘေးတဘက် တချက်ကနေ တိုက်ခိုက်တာတွေ
ဖြစ်ပါတယ်။

နောက်တနည်းကတော့

Motorbike

attack

ဖြစ်ပါတယ်။

မော်တော်ဆိုင်ကယ်သမားတွေက

ယာဉ်တန်းဘေးမှာ ကပ်လိုက်လာပြီး မီးပွိုင့် (သို့မဟုတ်) ယာဉ်တန်းရပ်တန့်ချိန်မှာ အရေးပါပုဂ္ဂိုလ်ရဲ့ အသက်ကို ရန်ရှာ တာ
ဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်ခံရမှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ Pincer attack နဲ့ တိုက်ခိုက်ခံရတဲ့အခါ
ဘရိတ်ဆောင့်ဆွဲပြီး၊ မောင်းထွက်နိုင်ဖို့ ကြိုးစားရပါမယ်။ Side street attack
တိုက်ချပြီးဖြစ်စေ၊

နောက်ဆုတ်ဖို့

အကျယ်အ၀န်းရှိရင်

နောက်ဆုတ်ပြီးဖြစ်စေ

နဲ့ တိုက်ခိုက်ခံရတဲ့အခါ ရှေ့က ကားကို
ပိတ်ဆို့ခံထားရတဲ့

အခြေအနေကနေ

လွတ်မြောက်သွားနိုင်ဖို့ ကြိုးစားရပါမယ်။Side attack နဲ့ တိုက်ခိုက်ခံရရင် ဘရိတ်ဆွဲရပ်တန့်ပြီး ဂငယ်ကွေ့ ကွေ့ထွက်နိုင်ဖို့
ကြိုးစားရပါမယ်။

အရေးကြီးဆုံးကတော့ visual contact ကို ဖြတ်တောက်ပစ်ဖို့ လိုပါတယ်။ မော်တော်ဆိုင်ကယ်နဲ့ တိုက်ခိုက်ခံရမှုကို
ကာကွယ်နိုင်မယ့် နည်းလမ်းကတော့ စဉ်ဆက်မပြတ် သတိရှိနေဖို့နဲ့ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းတတ်ဖို့ပဲ ဖြစ်ပါတယ်။
escort vehicle တွေဟာ မော်တော်ဆိုင်ကယ်တွေ principal vehicle နားမကပ်နိုင်အောင် သတိထားပေးဖို့ လိုအပ်ပါတယ်။

လမ်းကြောင်း ကြိုတင်ပြင်ဆင်ခြင်း

အရေးပါပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်ထွက်ချိန်တွေနဲ့ မြို့တွင်းသွားလာချိန် လမ်းခရီးမှာ ကြားဖြတ် တိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်ဖို့
လုံခြုံရေးအဖွဲ့က

သင့်လျော်ရာ

လမ်းကြောင်းကြိုတင်ပြင်ဆင်မှုတွေ

လုပ်ဖို့

လိုအပ်ပါတယ်။

အရေးပါပုဂ္ဂိုလ်ဟာ

နေရာနှစ်ခအ
ု ကြား (ဥပမာ- ရုံးနဲ့ အိမ်) မှာ ပုံမှန်သွားလာတတ်လို့ ရှိရင် လုံခြုံရေးအဖွဲ့အနေနဲ့ သွားလို့ရနိုင်မယ့်
လမ်းကြောင်းမျိုးစုံကို ကြိုတင်ပြင်ဆင်ရပါမယ်။ နေ့စဉ် လမ်းကြောင်းတွေကို ပြောင်းလဲ အသုံးပြုခြင်းအားဖြင့် ကြိုတင်
တိုက်ခိုက်ခံရမှုကို

ကာကွယ်နိုင်ပါတယ်။

ဆိုက်ရောက်ချိန်နဲ့

ထွက်ခွာချိန်တွေကိုလဲ

ပုံသေသတ်မှတ်ချက်

မရှိတာကောင်းပါတယ်။

အထူးသဖြင့်

ယာဉ်ပေါ်

အတက်အဆင်း

လုပ်ရမယ့်

နေရာတွေကို

ဂရုစိုက်ဖို့

လိုအပ်ပါတယ်။

ခရီးတိုမှာဖြစ်စေ၊

ခရီးရှည်မှာ ဖြစ်စေ black spots နဲ့ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို သတိထားရပါမယ်။ အမြဲတမ်း အဆိုးဆုံး အတွက်
ပြင်ဆင်ထားပြီး အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။

နိဂုးံ

မော်တော်ယာဉ်တန်းတွေကို

ambush

လုပ်ပြီး၊

အရေးပါ

ပုဂ္ဂိုလ်တွေရဲ့

အသက်အန္တရာယ်ကို

ရန်ရှာမှုတွေဟာ

ကမ္ဘာနဲ့အ၀ှမ်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် မြို့တွင်းခရီးနဲ့ နယ်စည်းရုံးရေး ခရီးစဉ်တွေမှာ မော်တော်ယာဉ်တန်းလုံခြုံရေးနဲ့
ambush

ကြိုတင်ကာကွယ်ရေး၊

ambush

ဖြစ်လာခဲ့ရင်

ရင်ဆိုင်ကျော်လွှားနိုင်ရေး

စတာတွေကို

လုံခြုံရေး

တာဝန်ယူထားသူများက ကျွမ်းကျင်စွာ စီမံထားဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၅၊ ၆၊ ၂၀၁၁)

အသိဥာဏ်ပညာ၊ ဆင်ခြင်တုံတရားတွေ
ဘယ်လောက်ပဲ ရှိပေမယ်၊့
သတိတချက် လွတ်သွားတာကြောင့်
အသက်ပေးလိုက်ရတဲ့ ဖြစ်ရပ်တွေ
ကမ္ဘာမှာ အများအပြား ရှိပါတယ်။
လုံခြုံရေးအသိနဲ့ လုံခြုံရေးသတိတို့
အစဉ်အမြဲ ရှိနေဖို့ လိုအပ်ပါတယ်။

Related Interests