Dutch Disease (ဒတ်ခ်ျရောဂါ) အကြောင်း သိကောင်းစရာ

နိဒါန်း

လူ့ကိုယ်ခန္ဓာမှာ ဖြစ်ပွားနေတဲ့ ရောဂါလက္ခဏာတွေ စတင်ပေါ်ထွက်လာတဲ့အခါ ဂရုတစိုက်စောင့်ကြပ်ကြည့်ရှုပြီး
ကျွမ်းကျင်သူတွေရဲ့ အကြံဥာဏ်တွေ၊ ကုထုံးတွေကို စနစ်တကျ ခံယူဖို့ လိုအပ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး
အခြေအနေတွေမှာလဲ

ရောဂါဝေဒနာတွေ

ဖြစ်ပွားလာတတ်တာကြောင့်၊

ကနဦးလက္ခဏာများ

စတင်

ပေါ်ထွက်လာစဉ် ကတည်းက သတိပြုမိပြီး၊ လိုအပ်သော ကုသမှုတွေ၊ ကာကွယ်မှုတွေ ပြုလုပ်ထားမယ်ဆိုရင်
ဝေဒနာဆိုးတွေကနေ သက်သာစေနိုင်ပါတယ်။

နိုင်ငံတနိုင်ရဲ့ စီးပွားရေးမူဝါဒတွေမှာ အကြမ်းဖျင်းအားဖြင့် internal objectives (စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊
အလုပ်လက်မဲ့ရာခိုင်နှုန်းနည်းပါးရေး၊ ငွေကြေးဖောင်းပွခြင်း လျော့နည်းရေးစသည်များ) ပါဝင်သလို၊ external
objectives (နိုင်ငံ၏ ငွေပေးငွေယူရှင်းတမ်း- balance of payments equilibrium ဖြစ်ရေး၊ နိုင်ငံတကာ
ကုန်သွယ်ရေး

လုပ်ငန်းဆောင်တာများအား

အားပေးဆောင်ရွက်ရေး၊

ငွေလဲလှယ်နှုန်းများ

အလွန်အကျွံ

အတက်အကျများမှုအား ကာကွယ်ရေး စသည်များ) လဲ ပါဝင်ပါတယ်။ ဒီလို internal objectives နဲ့ external
objectives တွေ အောင်မြင်ရေးအတွက် ငွေလဲလှယ်နှုန်း (exchange rate) က အရေးကြီးပါတယ်။

ငွေလဲလှယ်နှုန်းလျော့နည်းခြင်း (depreciation of exchange rate) ဖြစ်လာတဲ့အခါ ပြည်တွင်းသွင်းကုန်
တန်ဖိုးတွေ မြင့်မားလာပြီး၊ ငွေကြေးဖောင်းပွမှု (inflation) ဖြစ်လာပါတယ်။ စီးပွားရေးမှာ ပြည်ပပို့ကုန်ကဏ္ဍ
အားကောင်းလာပြီး၊

သွင်းကုန်တင်သွင်းမှု

လျော့နည်းလာပါတယ်။

ဒီလို

ပြည်ပပို့ကုန်ကဏ္ဍ

အားကောင်း

လာချိန်မှာ ပို့ကုန်တွေက သဘာဝသယံဇာတအရင်းအမြစ်များ (ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ
စသည်များ) ကို အခြေပြုထားခဲ့ရင်၊ ပြည်တွင်းကို နိုင်ငံခြားငွေ အများအပြား စီးဝင်လာပါတယ်။

တပြိုင်နက်တည်းမှာပဲ နိုင်ငံခြားမှ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကူညီထောက်ပံ့မှု (Overseas Development Aid)
တွေကနေ တဆင့် နိုင်ငံခြားငွေတွေ အများအပြား စီးဝင်လာပါတယ်။ ဒီအခါမှာ ပြည်တွင်းမှာ exchange rate
volatility ဖြစ်လာပါတယ်။ ငွေလဲလှယ်နှုန်း အဆမတန် မြင့်မားမှု (appreciation of exchange rate)
ဖြစ်လာရာကနေ၊

စိုက်ပျိုးရေးနဲ့

စက်မှုကဏ္ဍများမှ

ပြည်ပပို့ကုန်များရဲ့

ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအား

ကျဆင်းလာပြီး၊ ပြည်ပပို့ကုန်ကဏ္ဍကို ထိခိုက်လာစေ နိုင်ပါတယ်။ အကယ်၍ နိုင်ငံတနိုင်ငံမှာ သဘာဝသယံဇာတ
အရင်းအမြစ်များအား ပြည်ပသို့ ပို့ဆောင်မှု၊ ပြည်ပနိုင်ငံများအား ရောင်းချမှု စတာတွေကနေ နိုင်ငံခြားငွေ
အများအပြား ၀င်ရောက်နေပြီး၊ ပုံမှန်မဟုတ်တဲ့ ငွေလဲလှယ်နှုန်း တိုးတက်မြင့်မားလာခြင်းတွေလဲ ဖြစ်နေပြီဆိုရင်၊
တနည်းဆိုရင်

ပြည်တွင်းမှာ

သုံးစွဲတဲ့

ငွေက

ပုံမှန်မဟုတ်ပဲ

မာလာပြီဆိုရင်၊

Dutch

Disease

ရဲ့

ကနဦးရောဂါလက္ခဏာတွေ ပြသနေပြီလို့ ဆိုနိုင်ပါတယ်။

Dutch Disease ဆိရ
ုာဝယ်

မြောက်ပင်လယ် (North Sea) မှာ သဘာဝဓာတ်ငွေ့ တွေ့ရှိပြီးနောက်ပိုင်း၊ နယ်သာလန်နိုင်ငံရဲ့ စီးပွားရေး
အဆောက်အုံကို သက်ရောက်မှုတွေအကြောင်း လေ့လာဆန်းစစ်ထားတဲ့ ဆောင်းပါးတပုဒ်ကို (၁၉၇၇) ခုနှစ်မှာ
The Economist က ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးရဲ့ အမည်က “The Dutch Disease”

ဖြစ်ပါတယ်။

ဒီဆောင်းပါးထဲမှာ သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ရာကနေ နိုင်ငံခြားငွေ အများအပြား နိုင်ငံတွင်းသို့
စီးဝင်လာခြင်း၊

စိုက်ပျိုးရေးကဏ္ဍနှင့်

စက်မှုလက်မှုကဏ္ဍ

အရင်းအမြစ်များ

Booming

sector

သို့

ရွှေ့ပြောင်းသွားခြင်း စသည်များကြောင့် ဈေးနှုန်းနဲ့ ငွေလဲလှယ်နှုန်း ပြောင်းလဲသွားပုံတွေ၊ ငွေလဲလှယ်နှုန်း
မြင့်မားလာတဲ့အတွက် အခြားပို့ကုန်ကဏ္ဍမှာ ဈေးကွက်ရှယ်ယာလျော့နည်းလာပြီး၊ ပို့ကုန်ထုတ်လုပ်မှုကဏ္ဍကို
ထိခိုက်ပုံတွေကို မီးမောင်းထိုးပြထားခဲ့ပါတယ်။

(၁၉၅၉) ခုနှစ်က နယ်သာလန်နိုင်ငံမှာ သဘာဝဓာတ်ငွေ့ အရင်းအမြစ်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး natural
resource sector အခြေပြုတဲ့ ပို့ကုန်ဝင်ငွေ တိုးမြင့်လာပါတယ်။ စက်မှုလက်မှုကဏ္ဍ ရင်းနှီး မြှုပ်နှံမှုတွေမှာ
ကျဆင်းလာပြီး၊ (၁၉၇၀) ခုနှစ်တွေမှာ စက်မှုကဏ္ဍထဲမှာ လုပ်ကိုင်နေသူတွေ (၁၆) ရာခိုင်နှုန်း လျော့နည်း
သွားပါတယ်။ အလုပ်လက်မဲ့ရာခိုင်နှုန်းက (၁.၁) ရာခိုင်နှုန်းကနေ (၅.၁) ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။
တိုင်းပြည်ဝင်ငွေရဲ့ share of profits ဟာ (၁၉၆၀) ကာလတွေမှာ (၁၆.၈) ရာခိုင်နှုန်းရှိရာကနေ (၁၉၇၀)
ကာလတွေမှာ (၃.၅) ရာခိုင်နှုန်းအထိ ထိုးကျသွားပါတယ်။

(၁၉၇၀)

ကာလတွေမှာ

ဗြိတိန်နိုင်ငံမှာလဲ

အလားတူ

စီးပွားရေးအခြေအနေတွေ

ဖြစ်ပွားခဲ့ပါတယ်။

ရေနံဈေးနှုန်းတွေ လေးဆလောက်တက်နေချိန်မှာ စကော့တလန်ကမ်းခြေအနီးမှာ ရေနံရှာဖွေလာနိုင်တဲ့အတွက်
ဗြိတိန်နိုင်ငံဟာ ရေနံတင်ပို့တဲ့ နိုင်ငံဖြစ်လာပါတယ်။ ဒီလို natural resource sector ကို အလေးပေး
ဆောင်ရွက်တဲ့အခါ စတာလင်ပေါင် ငွေလဲနှုန်း မြင့်တက်လာပါတယ်။ သို့ပေမယ့် ဗြိတိန် အလုပ်သမားတွေရဲ့
လုပ်ခတိုးမြင့်တောင်းဆိုမှုတွေ ထွက်ပေါ်လာပြီး၊ အခြားပို့ကုန်တွေကလဲ uncompetitive ဖြစ်လာတဲ့အတွက်
ဗြိတိန်မှာ recession ဖြစ်သွားပါတယ်။ ဒါဟာ Dutch Disease ရဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ Angola,
Nigeria, Sudan , Venezuela, Sierra Leone, Liberia နဲ့ Congo အပါအ၀င် သဘာဝသယံဇာတ အရင်းအမြစ်
ပို့ကုန်ကနေ ရရှိလာတဲ့ နိုင်ငံခြားငွေကြောင့် ငွေလဲနှုန်းတိုးတက်လာတဲ့ နိုင်ငံတွေမှာ Dutch Disease ကို
ခံစားနေကြရပါတယ်။

အကျိုးသက်ရောက်မှုများ

Dutch Disease ရဲ့ အကျိုးသက်ရောက်ပုံတွေနဲ့ ပတ်သက်ပြီး၊ သဘာဝသယံဇာတ အရင်းအမြစ် အမျိုးအစား
တမျိုးဖြစ်တဲ့

ရေနံရဲ့

ဝင်ငွေတွေကလဲ

အကျိုးသက်ရောက်ပုံကို

ဥပမာပေး

စီးပွားရေးအဆောက်အအုံကို

လွှမ်း မိုးမှု

မြင့်တက်လာပြီး၊ လူနေမှုစရိတ်စကတွေ တက်လာပါတယ်။
စိုက်ပျိုးရေးကဏ္ဍ၊

စက်မှုလက်မှုကဏ္ဍတွေမှာ

တင်ပြလိုပါတယ်။
ရှိလာတဲ့အခါ
ဒီအချိန်မှာ

ရင်းနှီးမြှုပ်နှံမှုတွေ

ရေနံက

ရရှိတဲ့

တိုင်းပြည်

ငွေကြေးဖောင်းပွမှုနှုန်းတွေ

တခြားစီးပွားရေးကဏ္ဍတွေ ဖြစ်တဲ့

လျော့နည်းလာပြီး၊

စီးပွားရေးပြိုင်ဆိုင်မှု

(economic competition) ကိုပါ ထိခိုက်စေပါတယ်။

အဲဒီအခါမှာ အစိုး ရဟာ ရေနံက ရရှိတဲ့ အကျိုးအမြတ်တွေကို

ခံစားရလာတာနဲ့အမျှ လာဘ်စားမှုတွေနဲ့

ဖြုန်းတီးမှုတွေ ဖြစ်လာပြီး၊ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာပါတယ်။ ရေနံက
ရရှိလာတဲ့ အကျိုးအမြတ်တွေကို တိုင်းပြည်တွင်းမှာ ပြန်လည် ရင်းနှီးမြှုပ်နှံမှု မလုပ်ပဲ၊ ကိုယ်ပိုင် အကျိုးစီးပွား
အတွက် နိုင်ငံခြားဘဏ်တွေမှာ အပ်နှံတာ၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ ဖြစ်လာပြီး၊
တိုင်းပြည်ရဲ့စီးပွားရေးမှာ

ပြန်လည်

ရင်းနှီး မြှုပ်နှံခြင်း

မရှိတဲ့အခါ

အခြေအနေတွေက

ဆိုးသထက်ပိုပြီး

ဆိုးလာနိုင်ပါတယ်။

Dutch Disease ရဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာကြတဲ့အခါ ဘောဂဗေဒပညာရှင် Corden နဲ့ Neary
တို့ ရေးဆွဲခဲ့တဲ့ core model ကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီ model အရ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးကဏ္ဍများကို
သဘာဝအရင်းအမြစ်ကဏ္ဍ (natural resource sector)၊ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုလက်မှုကဏ္ဍ စသော
သဘာဝအရင်းအမြစ် မဟုတ်သည့် ကုန်သွယ်မှုကဏ္ဍ

(non-resource tradables sector)

နှင့် ပြည်ပ

ကုန်သွယ်ရေးတွင် အသုံးမပြုသော ကုန်စည်များ၊ ၀န်ဆောင်မှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ ပါဝင်သော
ကုန်သွယ်ရေးမဟုတ်သည့်ကဏ္ဍ (non-tradables sector) ဆိုပြီး ကဏ္ဍသုံးမျိုး ခွဲခြားနိုင်ပါတယ်။

ဒီကဏ္ဍသုံးမျိုးအနက် natural resource sector နဲ့ non-resource tradables sector တွေမှာ ပါဝင်တဲ့ ရွှေ၊ ငွေ၊
ကျောက်မျက်ရတနာ၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဆန်စပါး၊ စက်မှုထွက်ကုန် စသည်များရဲ့ ဈေးနှုန်းတွေကို
ကမ္ဘာ့ဈေးကွက်က သတ်မှတ်ပြီး၊ non-tradables sector က ကုန်စည်များနဲ့ ၀န်ဆောင်မှုများရဲ့ ဈေးနှုန်းတွေ
ကိုတော့ ပြည်တွင်းဈေးကွက်က သတ်မှတ်ပါတယ်။ non- tradables တွေရဲ့ ဈေးနှုန်းနဲ့ tradables တွေရဲ့
ဈေးနှုန်းကို အချိုးချပြီး real exchange rate ကို တွက်ချက်နိုင်ပါတယ်။ အကယ်၍ non- tradables တွေမှာ
ဝယ်လိုအား မြင့်တက်လာတဲ့အခါ ငွေလဲလှယ်နှုန်းတိုးတက်မှု (appreciation of real exchange rate)
ဖြစ်လာနိုင်ပါတယ်။

နိုင်ငံတနိုင်ငံမှာ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍတွေ တိုးတက်လာတဲ့အခါ ထုတ်လုပ်မှု၊ ထုတ်ကုန်နဲ့ ၀င်ငွေ
တိုးတက်မြင့်မားလာပြီး၊

ငွေလဲလှယ်နှုန်းတွေပါ တိုးတက်လာပါတယ်။ ဒီအခါမှာ ငွေလဲလှယ်နှုန်း တိုးတက်မှုက

ရေရှည်တည်တံ့ခိုင်မြဲပြီး၊ ၀င်ငွေမြင့်မားမှု၊ consumption မြင့်မားမှုတွေကြောင့် တိုင်းသူပြည်သူများရဲ့ လူနေမှုဘဝ
အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒီလိုမဟုတ်ပဲ

ငွေလဲလှယ်နှုန်းတိုးတက်မှုက

သဘာဝအရင်းအမြစ်

သယံဇာတပစ္စည်းများအား

ပြည်ပသို့

တင်ပို့ခြင်း၊ ပြည်ပနိုင်ငံများသို့ ရောင်းချခြင်း အပေါ်မှာ တည်မှီပြီး ဖြစ်ပေါ်လာတာ ဆိုရင်တော့ အခြားစိုက်ပျိုးရေး
ကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍများရဲ့ ပြည်ပပို့ကုန် တင်ပို့မှုကို ထိခိုက်နှောင့်နှေးစေပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးနဲ့
စက်မှုလက်မှုကဏ္ဍတွေကို

နောက်ကျကျန်ရစ်ခဲ့သော

ကဏ္ဍများ

(lagging

sector)

လို့

သတ်မှတ်

ခေါ်ဝေါ်ကြပါတယ်။

Corden နဲ့ Neary တို့ ရေးဆွဲခဲ့တဲ့ core model ကနေ Dutch Disease ရဲ့ အကျိုးသက်ရောက်ပုံ နှစ်မျိုးကို
ခွဲခြားသတ်မှတ်နိုင်ပါတယ်။ natural resource sector က စန်းပွင့်လာတဲ့အခါ တခြားကဏ္ဍတွေမှာရှိတဲ့ capital
နဲ့ labour တွေက ဒီလိုစန်းပွင့်သော ကဏ္ဍ (booming sector) ထဲကို ရောက်ရှိသွားကြပါတယ်။ ဒီအခါမှာ
စီးပွားရေးအဆောက်အအုံထဲက
sector မှာ

တခြားကဏ္ဍတွေမှာ

ထုတ်လုပ်မှု

လျော့နည်းလာပါတယ်။

non-tradables

ဒီလို လျော့နည်းလာတဲ့အခါ ပို့ကုန် မဟုတ်တဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။

ဥပမာ- မြေဈေး၊ အိမ်ဈေးတွေလဲ အတိုင်းအဆမရှိ ခုန်တက်သွားတတ်ပါတယ်။ ဒီလို ပြည်တွင်းဈေးကွက်က
ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်း မြင့်တက်လာတဲ့ ရာခိုင်နှုန်းတွေနဲ့အညီ tradables sector ရဲ့ နှုန်းတွေက လိုက်ပြီး
မမြင့်တက်နိုင်ပါဘူး။

tradables

sector

က

ကုန်ပစ္စည်းတွေကကျတော့

အထက်မှာ

ဆိုခဲ့တဲ့အတိုင်း

ကမ္ဘာ့ဈေးကွက်က သတ်မှတ်တာတွေ ဖြစ်ပါတယ်။ ဒီအခါမှာ ငွေလဲလှယ်နှုန်း တိုးတက်မှု (appreciation of real
exchange rate) ဖြစ်လာတော့တာပါပဲ။ ဘောဂဗေဒ ပညာရှင်တွေက ဒါကို အရင်းအမြစ်ရွေ့လျားမှုဆိုင်ရာ
အကျိုးသက်ရောက်မှု (resource-movement effect) လို့ သတ်မှတ်ကြပါတယ်။

နောက်ထပ် အကျိုးသက်ရောက်မှုတခုကတော့ သံုး စွဲမှုဆိုင်ရာ အကျိုးသက်ရောက်မှု (spending effect) ပဲ
ဖြစ်ပါတယ်။

natural resource sector စန်းပွင့်လာတဲ့အခါ ၀ယ်လိုအားတွေ မြင့်တက်လာပါတယ်။ non-

tradables ကဏ္ဍမှာ ၀ယ်လိုအား မြင့်တက်လာတဲ့ အခါမှာ ပြည်တွင်းဈေးကွက်ကို မူတည်တဲ့ non-tradables
တွေရဲ့

ဈေးနှုန်းက

မြင့်တက်လာပါတယ်။

non-resource

tradables

တွေကတော့

ပြည်ပဈေးကွက်ကို

မူတည်တာဖြစ်တဲ့အတွက် ဈေးနှုန်းကို မြှင့်ချင်တိုင်းမြှင့်လို့ မဖြစ်နိုင်ပါဘူး။ ဒီအခါမှာ ငွေလဲနှုန်းက တိုး တက်လာ
ပါတော့တယ်။

ဒီလို ငွေလဲနှုန်း တိုးတက်လာတာနဲ့အမျှ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှုကဏ္ဍကို အခြေပြုတဲ့ ပြည်ပပို့ကုန်
လုပ်ငန်းများကို
ငွေအပေါ်မှာ

ထိခိုက်လာပါတယ်။
မှီခိုနေရတဲ့

ပြည်ပနိုင်ငံမှာ

အိမ်ထောင်စုတွေရဲ့

အလုပ်လုပ်နေသူတွေဆီကနေ

ရပ်တည်ရေးကိုလဲ

ပြည်တွင်းကို

ထိခိုက်လာနိုင်ပါတယ်။

ပြန်ပို့တဲ့

တနည်းဆိုရင်

လူလတ်တန်းစားတွေကို အများဆုံးထိခိုက်စေပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူလတ်တန်းစား
(middle

class)

ဆင်းရဲနွမ်းပါးတဲ့

ရာခိုင်နှုန်း

များလာဖို့

အခြေခံလူတန်းစား

လိုအပ်ပါတယ်။

ရာခိုင်နှုန်း

လူလတ်တန်းစားရာခိုင်နှုန်း

မြင့်မားလာခြင်း၊

ရေပေါ်ဆီ

လျော့နည်းလာပြီး

လူတန်းစားတွေဖြစ်တဲ့

အုပ်ချုပ်သူများနဲ့ လုပ်ငန်းရှင်များဆီမှာသာ တိုင်းပြည်ရဲ့ ဓနဥစ္စာများကို ရယူသုံးစွဲခံစားပိုင်ခွင့် များပြားနေခြင်း
စတာတွေဟာ စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။

Dutch Disease အား ကုစားခြင်း

Dutch Disease ရဲ့ ရောဂါလက္ခဏာတွေကို ကုစားနိုင်တဲ့ ဆေးမြီးတို နည်းလမ်းတွေ အများအပြားရှိပါတယ်။
ဒါပေမယ့်

ရောဂါအန္တရာယ်

ပိုပြီး

မဆိုးရွားစေရန်

ကာကွယ်ခြင်း၊

ကုသခြင်းတွေကို

ထိထိရောက်ရောက်

လုပ်နိုင်ဖို့အတွက် macroeconomic polices (fiscal policy, monetary policy, structural policies) တွေရဲ့
အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

(၁) Fiscal Policy

ဒတ်ခ်ျရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လျော့နည်းစေဖို့အတွက် fiscal policy ကို main instrument တခု
အနေနဲ့

အသုံးပြုလေ့ရှိကြပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ

spending

effect

ရဲ့

သက်ရောက်မှုက

ပိုပြီးဆိုးရွားပါတယ်။ ဒါကြောင့် အသုံးစရိတ်များ ထိရောက်ချောမွေ့စေခြင်း (smoothing of spending) ဖြင့်
volatility

ကို

လျော့နည်းစေနိုင်ပါတယ်။

ဒီလိုပြုလုပ်ဖို့အတွက်

သဘာဝသယံဇာတပစ္စည်းများ

(ရေနံ၊

သဘာဝဓာတ်ငွေ့၊ သစ်၊ ကျောက်မျက်ရတနာ စသည်များ) ကနေ ရရှိတဲ့ ၀င်ငွေတွေကို စုဆောင်းခြင်း၊
ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း ပြုလုပ်ဖို့အတွက် natural resource fund တခု ရှိဖို့လိုအပ်ပါတယ်။ volatility
လျှော့ချခြင်း၊ အနာဂတ်ဖွံ့ဖြိုးရေးအတွက် ရင်းနှီး မြှုပ်နှံခြင်း စတဲ့ ရည်ရွယ်ချက်တွေပေါ်မှာ မူတည်ပြီး fund
အမျိုးအစား (saving fund, stabilization fund, investment fund) စတာတွေကတော့ ကွဲပြားနိုင်ပါတယ်။

ဝင်ငွေတွေရဲ့

မည်၍မည်မျှသော

ရာခိုင်နှုန်းကို

အစိုးရအသုံးစရိတ်အတွက်အသုံးပြုပြီး၊

မည်၍မည်မျှသော

ရာခိုင်နှုန်းကို

natural resource fund မှာ ထည့်သွင်းထားရှိရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ fiscal rules တွေ

ချမှတ်ဖို့ လိုအပ်ကြောင်း ဘောဂဗေဒ ပညာရှင်များက အကြံပြုထားကြပါတယ်။ အစိုးရအသုံးစရိတ်တွေနဲ့
ပတ်သက်ပြီး medium-term expenditure framework ပေါ်ထွက်လာဖို့အတွက် စီးပွားရေးပညာရှင်များနဲ့
နိုင်ငံရေးသမားများက

ဝိုင်း ၀န်းကြိုးပမ်းကြမယ်

ဆိုရင်

ပိုပြီးအသုံးဝင်နိုင်ပါတယ်။

ဒီလို

ပြုလုပ်ခြင်းအားဖြင့်

တိုင်းပြည်ဝင်ငွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု (transparency) ကို အားကောင်းစေရုံသာမက
လာဘ်ပေးလာဘ်ယူမှု (corruption)များနဲ့ တိုင်းပြည်ဘဏ္ဍာကို အာဏာအသုံးပြု၍ အလွဲသုံးစားပြုမှုများ ကိုလဲ
တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။

ဒတ်ခ်ျရောဂါကို ကုစားဖို့အတွက် fiscal policy ကို အသုံးပြုရာမှာ ပုံမှန်ဝင်ငွေ သတ်မှတ်ချက်နည်းလမ်း
(permanent

income

approach)

ကို

အသုံးပြုလေ့ရှိကြပါတယ်။

ဒီနည်းလမ်းအရ

သဘာဝသယံဇာတ

ပစ္စည်းတွေကနေ ရရှိလာမယ့် natural resource revenues ကို ကနဦးတွက်ချက်ပြီး၊ အစိုးရအသုံးစရိတ်အတွက်
သင့်လျော်တဲ့ ပမာဏတခု ချမှတ်ပြီးတဲ့အခါ၊ ကျန်ဝင်ငွေများကို တိုင်းပြည်ဥစ္စာဓန (sovereign wealth) အဖြစ်
ပြည်ပမှာ ရင်းနှီး မြှုပ်နှံထားတာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းအားဖြင့် အကယ်၍ တချိန်မှာ တိုင်းပြည်ရဲ့
သယံဇာတပစ္စည်းတွေ လျော့နည်းပျောက်ကွယ်လာတဲ့အခါ တိုင်းပြည်ရဲ့ ဥစ္စာဓနတွေကို ပြန်လည်အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။

ဘောဂဗေဒပညာရှင် Collier ဦးဆောင်တဲ့ ပညာရှင်တွေ ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပိုပြီးအသုံးဝင်နိုင်တဲ့
“optimal” fiscal rule

နည်းလမ်းကို ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီနည်းလမ်းအရ သဘာဝသယံဇာတကနေ

ရရှိလာတဲ့ resource revenues တွေကို ကနဦးအစမှာ ရာခိုင်နှုန်းအနည်းငယ်သာ စုဆောင်းရင်းနှီးမှုတွေ
ပြုလုပ်ပြီး၊ တိုင်းပြည်ရဲ့ စီးပွားရေးအဆောက်အအုံမှာ ရင်းနှီး မြှုပ်နှံမှုတွေ အများအပြား ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ဒီနည်းလမ်းဟာ

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်

ရင်းနှီးမြှုပ်နှံတာ

မဟုတ်ပဲ

လျော်ကန်ပေမယ့်

စစ်အသံုး စရိတ်များကြီးမားလာမှုနဲ့

စီးပွားရေးအဆောက်အအုံမှာ
အလွဲသုံးစားလုပ်မှုများကို

ပြန်လည်

မည်သို့မည်ပုံ

ကာကွယ်နိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကိုပါ တွဲစပ်အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ တင်းကြပ်တဲ့ fiscal discipline
မရှိပဲ ဒီနည်းလမ်းကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။

(၂) Monetary Policy
Monetary policy ဆိုရာမှာ supply of money ကို ထိန်းချုပ်ခြင်း၊ အတိုးနှုန်းများကို ထိန်းချုပ်ခြင်း စတာတွေနဲ့
သက်ဆိုင်ပါတယ်။ ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ တိုင်းပြည်တွင်းမှာ နိုင်ငံခြားငွေ အမြောက်အမြား

စီးဝင်လာတဲ့အခါ nominal exchange rate ကို တရားသေ သတ်မှတ်ထားတဲ့ monetary policy ကို
ကျင့်သုံးနေရင်

ဒတ်ခ်ျရောဂါရဲ့

လိုက်လျောညီထွေရှိတဲ့

ဆိုးကျိုးသက်ရောက်မှုများနိုင်ပါတယ်။

Taylor

interest

rate

rule

နဲ့

nominal exchange rate flexibilityပေါ်မှာ အခြေခံတဲ့ monetary policy ကို

ကျင့်သုံးမယ်ဆိုရင် ဒတ်ခ်ျရောဂါရဲ့ ဆိုး ကျိုးများကို လျှော့ချနိုင်ပါတယ်။

အတိုးနှုန်းများကို ထိန်းချုပ်မှုဆိုရာမှာလဲ ဘဏ်လုပ်ငန်းများရဲ့ တည်ငြိမ်မှု (stability) နဲ့ ထိရောက်အားကောင်းမှု
(efficiency) တို့ကို သုံးသပ်ပြီး စနစ်တကျ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ bank failure မဖြစ်သွားဖို့အတွက်
အလွန်အရေးကြီးပါတယ်။

ဘဏ်လုပ်ငန်းတခုမှာ

failure

ဖြစ်တာနဲ့

အများပြည်သူရဲ့

ယုံကြည်မှုကို

လှုပ်ခါသွားစေနိုင်ပြီး၊ တခြားဘဏ်လုပ်ငန်းတွေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဗဟိုဘဏ်ဟာ
အစိုးရရဲ့ လက်အောက်မှာ မရှိပဲ independent central bank ဖြစ်လာခဲ့ရင် monetary policy ရေးရာတွေကို
ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါတယ်။

(၃) Structural Policies
ဒတ်ခ်ျရောဂါကို ကုစားနိုင်မယ့် နောက်ထပ်မူဝါဒတခုကတော့ trade liberalization ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို
ပြုလုပ်ခြင်းအားဖြင့် non-tradables sector မှာ ဖြစ်ပွားနေတဲ့ demand pressure ကို လျှော့ချနိုင်ပါတယ်။
နောက်ထပ်မူဝါဒတခုကတော့

အစိုးရအသုံးစရိတ်တွေကို

လမ်းပန်းဆက်သွယ်မှု

တိုး တက်ကောင်းမွန်ရေး၊

ကုန်စီးဆင်းမှုချောမွေ့စေသော infrastructure များ ဖွံ့ဖြိုးလာရေး၊ ပညာရေးနှင့် အရည်အချင်းတိုးမြှင့်ရေး
စတာတွေမှာ အသံုး ပြုခြင်းဖြစ်ပါတယ်။

အစိုးရအသုံးစရိတ်တွေကို

များများစားစား

အသုံးပြုစရာ

မလိုတဲ့

အခြားမူဝါဒတွေကိုလဲ

ချမှတ်ဆောင်ရွက်

နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းများနဲ့ဆိုင်တဲ့ ဥပဒေများ၊ နည်းဥပဒေများ ပြဌာန်းခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊
ပို့ကုန်သွင်းကုန် လိုင်စင်လိုအပ်ချက်များ ပယ်ဖျက်ခြင်း၊ ကြိုးနီစနစ်ကျင့်သုံးမှုများအား လျှော့ချခြင်း၊ monopolistic
barriers များ လျော့နည်းစေခြင်း စတာတွေ ဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment)
များကို ဖိတ်ခေါ်ခြင်းအားဖြင့်လဲ spillover effects တွေကနေ တဆင့် conditions for learning by doing ကို
ဖန်တီးနိုင်ပါတယ်။

နိဂုးံ

လူ့ကိုယ်ခန္ဓာမှာ

ရောဂါလက္ခဏာတွေ

ပြလာတဲ့အခါ

ကျွမ်းကျင်တဲ့

ဆေးပညာရှင်တွေရဲ့

အကူအညီနဲ့

အကြံဥာဏ်တွေကို ရယူဖို့ လိုအပ်ပါတယ်။ တိုင်းပြည်တခုရဲ့ စီးပွားရေးကဏ္ဍမှာလဲ ပျက်စီးယိုယွင်းစေမယ့်
ရောဂါလက္ခဏာတွေ ပြလာတဲ့အခါ ကျွမ်းကျင်တဲ့ စီးပွားရေးပညာရှင်တွေရဲ့ အကူအညီနဲ့ အကြံဥာဏ်တွေကို
ရယူဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆေးပညာရှင်ဆိုရာမှာလဲ ကဏ္ဍတိုင်း မှာ အလုံးစုံကျွမ်းကျင်နေသူတွေဆိုတာ
မရှိတာကြောင့် ခွဲစိတ်ဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန် စသဖြင့်
အထူးကုဆရာဝန်များစွာနဲ့ ယူနစ်များစွာ ဆေးရုံတွေမှာ ထားရှိကြရပါတယ်။

ဒီလိုပါပဲ။ စီးပွားရေးပညာရှင် ဆိုရာမှာလဲ ကဏ္ဍတိုင်းမှာ အလုံးစုံကျွမ်းကျင်နေသူတွေ မရှိနိုင်ပါဘူး။ Development
Economics, Financial Economics, Labour Economics, Health Economics, Environmental Economics,
Economic Growth အစရှိတဲ့ ကဏ္ဍတွေမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ရာလိမ္မာကြတာ ဖြစ်ပါတယ်။
ဒါကြောင့်လဲ တိုင်းပြည်တွေမှာ Government Economic Services, Institute of Public Policy စတာတွေ
တည်ထောင်ထားရှိခြင်း၊

တက္ကသိုလ်ဌာနများရဲ့

သုတေသနလုပ်ငန်းဆောင်တာများ

ဖွံ့ဖြိုးတိုးတက်လာစေရန်

ဆောင်ရွက်ခြင်း၊ ပညာရပ်ဆိုင်ရာ ဖိုရမ်များ ကျင်းပခြင်း စတာတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။

လူ့စွမ်းအားအရင်းအမြစ်များ
ပိုမိုဆိုးရွားမသွားစေရန်

ချို့တဲ့သော

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့

ကာကွယ်ဆောင်ရွက်ရေးအတွက်

ဒတ်ခ်ျရောဂါကို

Macroeconomic

ကုစားနိုင်ရေး၊

policies

ကဏ္ဍကို

ပိုင်နိုင်ကျွမ်းကျင်သော ကမ္ဘာ့အဆင့်မှီ ပညာရှင်များ ( ဥပမာ- ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာအဆင့်မှီတက္ကသိုလ်များ၊
အပြည်ပြည်ငွေကြေးရံပုံငွေအဖွဲ့ စသည်တို့မှ သုတေသီများ) ရဲ့ အကူအညီနဲ့ အကြံဥာဏ်များကို ရယူနိုင်ဖို့
လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၆၊ ၈၊ ၂၀၁၁)

(စာရေးသူသည်

ယူကေနိုင်ငံ၊

Aberdeen

တက္ကသိုလ်၊

ဘောဂဗေဒ မဟာဝိဇ္ဇာ ဘွဲ့ ရရှိထားသူ ဖြစ်ပါသည်)

ဘုရင့်ကောလိပ်မှ

နိုင်ငံရေးဘောဂဗေဒ

အထူးပြု

ရည်ညန
ွှ်းကိုးကား။ ။

Brahmbhatt, M., O. Canuto and E. Vostroknutova (2010). Dealing with Dutch disease, Economic
Premise 16, World Bank, Washington, D.C.

Collier, P., F. van der Ploeg, M. Spence and A.J. Venables (2010). Managing resource revenues in
developing economies, IMF Staff Papers, 57, 1, 84-118

Corden, W.M. and J.P. Neary (1982). Booming sector and de-industrialisation in a small open economy,
Economic Journal, 92, 825-848.

Corden, W.M. (1984). Booming sector and Dutch Disease economics: Survey and consolidation, Oxford
Economic Papers, 36, 359-380.

Giavazzi, F., J. R. Sheen, and C. Wyplosz. (1988). “The Real Exchange Rate and the Fiscal Aspects of a
Natural Resource Discovery.” Oxford Economic Papers 40 (3): 427–50.

Ismail, K. (2010). “The Structural Manifestation of the ‘Dutch Disease’: The Case of Oil Exporting
Countries.” Working Paper 10/103. International Monetary Fund, Washington, DC.

Morshed, A.K.M. and S.J. Turnovsky (2004). Sectoral adjustment costs and real exchange rate dynamics
in a two-sector dependent economy, Journal of International Economics, 62, 147-177.

Torvik, R. (2001). Learning by doing and the Dutch Disease, European Economic Review, 45, 285-306.

Williamson, J. 2008. “Exchange Rate Economics.” Working Paper 2. Commission on Growth and
Development, Washington, DC.