P. 1
Burma's Weekly Political News Summary (078-2011)

Burma's Weekly Political News Summary (078-2011)

|Views: 3|Likes:
Published by Saw Nay Hsel

More info:

Published by: Saw Nay Hsel on Aug 31, 2011
Copyright:Attribution Non-commercial

Availability:

Read on Scribd mobile: iPhone, iPad and Android.
download as PDF, TXT or read online from Scribd
See more
See less

01/06/2014

pdf

text

original

NDD- rSwfwrf;wif ESifhokawoeXme

2011-Zlvdkifv wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf pmrsufESm - 1-

Network for Democracy and Development

Documentation and Research Department


P.O Box 179, Mae Sod, Tak, 63110, Thailand. Phone: +66 (0) 89 267 8417.
E-mail: ndddrd@csloxinfo.com; ndddrd07@gmail.com
Burma's Weekly Political News Summary
(078/2011)
wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf
(078§2011)


၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့မှ ၂၀၁၁ ခုနှစ် ဇူလို င်လ (၂၃) ရက်နေ့အထိ

ကြံ့ဖွံ့အစိုးရ

• အစိုးရမှ ဦးဆောင်ကျင်းပရန်ရှိသော ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်မည့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့
တက်ရောက်ရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားကြောင်း မြန်မာအစိုးရ အရာရှိတစ်ဦး
က AFP သတင်းဌာန ကို ဇူလိုင် ၁၇ ရက်နေ့က အတည်ပြု ပြောကြားလိုက်သည်။ (RFA 170711) Read More...
• ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍနှင့် အစိုးရသစ်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ ဖြစ်ပေါ်လာရေးသည်
ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာသာ ပိုပြီးမူတည်သည်ဟု သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်
က ဇူလိုင် ၁၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ (RFA 170711) Read More...
• မြန်မာနိုင်ငံတွင် အစိုးရသစ် ပြောင်းလဲ လာပြီးနောက် တရားစီရင်ရေးအာဏာနှင့် စီမံခန့်ခွဲမှုများ သတ်သတ်မှတ်မှတ် မစီစဉ်နိုင်
သေးသည့် အတွက် ရန်ကုန်တိုင်းအတွင်းရှိ တရားရုံးများတွင် အမှုများ မစစ်ဆေးနိုင်ဘဲ ရပ်ဆိုင်းထားရပြီး အမှုများတောင်ပုံရာပုံဖြစ်
နေသည်ဟု ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ ဥပဒေအကြံပေး အဖွဲ့တစ်ဖွဲ့မှ ရှေ့နေတစ်ဦးက ပြောသည်။ (RFA 170711)
Read More...
• မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်လူငယ်များက အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် မိဘမဲ့ကလေး
သူငယ်များအား ပညာဒါနနှင့် အစာအဟာရ ကျွေးမွေးလှူဒါန်းမည့် အစီအစဉ်ကို မြို့နယ်အာဏာပိုင်များက ပိတ်ပင်မှုများ ပြုလုပ်ခဲ့
ကြောင်း မန္တလေးတိုင်း အဖွဲ့ချုပ်လူငယ်တာဝန်ခံတစ်ဦးက ပြောသည်။ (DVB 180711) Read More...
• အစိုးရသစ် လက်ထက်တွင် ခရိုင်နှင့် မြို့နယ်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာကို တိုးမြှင့်ပေးခဲ့မှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိ
တရားရုံးများ၌ အမှုပေါင်းများစွာ ရှိနေပြီး စစ်ဆေးရန် ကြန့်ကြာနေသည့် အမှုပေါင်း အနည်းဆုံး ၂ဝဝဝ ခန့်ရှိမည်ဟု ဥပဒေ
အကျိုးဆောင်များက ပြောသည်။ (Mizzima 190711) Read More...
• သျှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်တပ်မတော်ဝမ်းဟိုင်းဌာနချုပ်ကို သိမ်းယူရန် မြန်မာအစိုးရ၏ လုံခြုံရေးကောင်စီက ဆုံးဖြတ်
ထားပြီး တစ်ပတ်အတွင်း ထိုးစစ်ဆင် သိမ်းပိုက်ရန် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ကို အမိန့်ပေး
ညွှန်ကြားထားကြောင်း ရှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလှက ပြောသည်။ (DVB 190711) Read More...,
VOA...
• လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဌအဖြစ် တာဝန်ယူမည်ဟု ပြောဆိုထားသည့် မြန်မာနိုင်ငံအပါအဝင် အရှေ့ တောင်အာရှ
နိုင်ငံများတွင် နယူးကလီးယား လက်နက်ပိုင်ဆိုင်ထားခြင်းမရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံ
NDD- rSwfwrf;wif ESifhokawoeXme

2011-Zlvdkifv wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf pmrsufESm - 2-

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက အတည်ပြု ပြောကြားလိုက်သည်။ (The Voice 210711) Read
More...
• မြန်မာအဆင့်မြင့် သံအရာရှိနှစ်ဦး နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ရခြင်းသည် အမေရိကန် အထက်လွှတ် တော်အမတ် ဂျွန်မက်ကိန်း
၏ ခရီးစဉ်နှင့်ပတ်သက်နေသည်ဟု နေပြည်တော်ရှိ အစိုးရအသိုင်းအ၀န်းက ပြောဆိုနေကြသည်။ (Irrawaddy 210711) Read
More...
• ပုဂ္ဂလိကစာသင်ကျောင်းများ ဖွင့်လှစ်ခွင့်ပေးရန်အတွက် လိုအပ်သည့်ဥပဒေများကို လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူသွား
ရန် ဆောင်ရွက်မည်ဖြစ်ပြီး ယခုအခါ ပုဂ္ဂလိကစာသင်ကျောင်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စမ်းသပ်ဖွင့်လှစ်ခွင့်ပေး
ထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။
(Myanmar Times Vol.27, No.527 22-280711) Read More...

ကြံ့ဖွံ့ပါတီ

• မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်နှင့် မကွေးမြို့နယ်အတွင်းမှ ကျေးရွာများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
USDP မြို့နယ်စည်းရုံးရေးမှူးများက ပွဲစားလုပ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရွာခံကြံ့ဖွံ့ပါတီဝင်များကိုသာ ရွေးချယ်ခန့်အပ်သည့်
အတွက် ဒေသခံများမကျေမနပ်ဖြစ်နေကြသည်။ (DVB 190711) Read More...
• ပင်စင်လစာ ထုတ်ယူရန် သွားလာရေး ခက်ခဲသူများနှင့် ကိုယ်တိုင် မထုတ်နိုင်သူများကို ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ USDP က ကူညီဆောင်ရွက်ပေးသွားမည်ဟု ပါတီတွဲဘက် အတွင်းရေးမှူး ဦးသာဝင်းက ပြောသည်။ (Mizzima
190711) Read More...
• စစ်ကိုင်းတိုင်းအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က အစိုးရ၀န်ထမ်းများနှင့် လွတ်တော်ကိုယ်စားလှယ်များ
အတွင်း လဒ်ပေးလဒ်ယူမှု ပြုလုပ်နေသူများရှိပါက တိုင်းပါတီဌာနချုပ်သို့ သတင်းပို့ကြရန် ဇွန်လ အတွင်း ပြည်သူလူထုအား
အကြောင်းကြားထားကြောင်း ကလေးမြို့မှ USDP ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။ (Khonumthung 200711) Read
More...
• ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်တိုင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ရုံးချုပ်၌ ကျင်းပသော ၎င်းတို့ပါတီနှင့် အခြား ၅ ပါတီမှ
လူငယ်များ ဂျပန်သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်း ရှင်းလင်းသည့် အခမ်းအနားတွင် USDP တိုင်းတာဝန်ခံ ဦးအောင်
သိန်းလင်းက ရန်ကုန်တိုင်းအတွင်း ကျပ်သိန်းပေါင်း တစ်သိန်းအား ထုတ်ချေးပေးခဲ့်ပြီး ချေးငွေယူလျှင် ပါတီဝင်ရမည်ဖြစ်ကြောင်း
ပြောသည်။ (Mizzima 220711) Read More...

တပ်မတော်

(က) စစ်ဆင်ရေးများ
• ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နမ့်ဆန်ယန်နှင့် နားလုံရွာအကြား ကားလမ်းနှင့်တောင်ကြောတလျှောက်
တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၅၊တပ်ရင်း ၁၈ ၊ တပ်ရင်း ၂၃ တို့မှ တပ်ဖွဲ့ဝင်များနှင့် မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၁ တို့ အကြား ဇူလိုင် ၁၆ ရက်နေ့မှစတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရ ခလရ ၂၁ မှ ဗိုလ်ကြီး
တစ်ဦးအပါအ၀င် တပ်သား ၂ ဦးသည် ဇူလိုင် ၁၇ ရက်နေ့က လက်နက်ချခဲ့သည်ဟု KIA က ပြောသည်။ (BBC 180711) Read
More...
• သီတင်းတစ်ပတ်ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းသို့ မြန်မာစစ်တပ်က
အင်အားအလုံးအရင်းဖြင့် ရှမ်းပြည် တိုးတက်ရေးပါတီ ဝမ့်ဟိုင်းဌာနချုပ်ကို သိမ်းပိုက်ရန်အတွက် ဌာနချုပ်နှင့် ၅ မိုင်အကွာတွင်
ရောက်နေပြီဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်များက ပြောသည်။ (VOA 180711) Read More..., S.H.A.N...
• ယခုရက်ပိုင်းအတွင်း သျှမ်းပြည်တပ်မတော်နှင့် အစိုးရတပ်များအကြား တိုက်ပွဲကြီးကြီးမားမားမဖြစ်ပွားသေးသော်လည်း ဝမ့်ဟိုင်း
ဌာနချုပ်အား လက်နက်ကြီး ၁၂၀ မမ မော်တာ အနည်းဆုံး ၇ လက်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း အရှေ့အလယ်ပိုင်းတိုင်း
စစ်ဌာနချုပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (S.H.A.N 190711) Read More...
• ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ အား တိုက်ခိုက်သိမ်းပိုက် တော့မည်ဖြစ်ကြောင်း နယ်စပ်
တရုတ်အာဏာပိုင်များထံသို့ သက်ဆိုက်ရာမြန်မာအစိုးရအရာရှိများက ဇူလိုင် ၁၆ ရက်နေ့က ဆွေးနွေးအကြောင်းကြားသည်ဟု
နယ်စပ်သတင်းရပ်ကွက်က ပြောသည်။ (KNG 190711) Read More...
NDD- rSwfwrf;wif ESifhokawoeXme

2011-Zlvdkifv wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf pmrsufESm - 3-

• သျှမ်းပြည်တပ်မတော်နှင့် မြန်မာစစ်တပ်အကြား ၄ လကျော်ကြာ တိုက်ပွဲဖြစ်ပွားနေခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း ဝမ့်ဟိုင်းဌာန
ချုပ်အား သိမ်းပိုက်ရန်အတွက် မြန်မာစစ်တပ်၏ စစ်တိုင်း ၃ တိုင်းဖြစ်သော ရမခ၊ ရပခ နှင့် ရလခ တို့က တာဝန်ခွဲဝေ ယူ ကြ
ကြောင်း အမည် မဖော်လိုသည့် ရမခ တိုင်းလက်အောက်ခံ ပြည်သူ့စစ်အသိုင်းအဝိုင်းက ပြောသည်။ (S.H.A.N 200711) Read
More...
• သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာစစ်တပ်များအကြား တိုင်းပွဲများပြင်းထန်လာသည့် ယခုလဆန်းမှစ၍ ကျေးသီးမြို့ရှိ
လူထုကားများကို အရေးပေါ်အသုံးပြုနိုင်ရန်အတွက် ခလရ ၁၃၁ အတွင်း၌ အသင့်ပြင် စောင့်ဆိုင်းထားခိုင်းကြောင်း ကျေးသီး မြို့
ကားဆရာတစ်ဦးက ပြောသည်။ (S.H.A.N 200711) Read More...
• ကရင်ပြည်နယ် မြဝတီမြို့အရှေ့တောင်ဖက် ၃ မိုင်ခန့်အကွာရှိ ကျောက်တောင်ရွာအနီးတွင် ဇူလိုင် ၁၉ ရက်နေ့ ညနေပိုင်းမှ ဇူလိုင်
၂၀ ရက်နေ့ နံနက်ပိုင်းအထိ အစိုးရ တပ်ရင်း ၂၇၅ က တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA တပ်ဖွဲ့ဝင်
များကို အဝေးပစ်မော်တာများနှင့် ပစ်ခတ်မှုအပါအ၀င် နှစ်ဖက်အကြား တိုက်ပွဲများဖြစ်ခဲ့သည်ဟု မြ၀တီမြို့ခံများက ပြောသည်။
(BBC 200711) Read More...
• ကရင်ပြည်နယ် မြ၀တီမြို့နယ် မေတ္တာလင်းမြိုင်ရွာ အနီးရှိ မြန်မာအစိုးရတပ်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့များက တိုးတက်သော
ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို ဇူလိုင် ၂၁ ရက်နေ့ နံနက် (၅) နာရီခန့်တွင် လက်နက်ကြီးကျည်အလုံး ၂၀
ခန့်  ပစ်ခတ်ခဲ့သည်ဟု DKBA (၉၀၇) ဒု-တပ်ရင်းမှူး ဗိုလ်မှူးစောကော်ဒို့စိုးက ပြောသည်။ (KIC 210711) Read More..., DVB...
• ဇူလိုင် ၂၁ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်မှစ၍ ကချင်ပြည်လွတ် လပ်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့ကို ကာကွယ်
ရေးတာဝန်ယူထားသည့် KIA တပ်ရင်း ၂၄ ရှိရာ တောင်ကုန်းကို မြန်မာစစ်တပ်မှ အမြောက်လက်နက်ကြီးများနှင့် စတင်
ပစ်ခတ်ခဲ့ကြောင်း လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။ (DVB 220711) Read More...
• ရှမ်းပြည်တပ်မတော် SSA/SSPP ဝမ်ဟိုင်းဌာနချုပ်ကို အစိုးရတပ်များက ဗုံးကြဲတိုက်ခိုက်ရန်အတွက် ဇူလိုင် ၂၂ ရက်နေ့က်
နေပြည်တော်မှ တိုက်လေယာဉ် (၇) စီးသည် ရှမ်းပြည် နမ့်စမ်လေဆိပ်သို့ လာရောက်ဆီဖြည့်ရပ်နားခဲ့သည်ဟု SSA/SSPP
ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက ပြောသည်။ (DVB 220711) Read More...
• ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် အဓိကဗုံးဖောက်ခွဲမှုနှင့် ရှမ်းပြည်တပ်မတော် SSA တပ်ဖွဲ့ဝင်များ ၀င်ရောက်လာမည်ကို
စိုးရိမ်နေသောကြောင့် လုံခြုံရေးအကြောင်းပြပြီး ဒေသခံပြည်သူများအား နေ့စဉ် မြို့အ၀င်ဂိတ်တွင် တင်းကြပ်စွာ စစ်ဆေးနေခြင်း
ကြောင့် အခက်တွေ့ စိတ်အနှောင့်အယှက်ဖြစ်နေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ (Palaungland 2210711) Read
More...
• တပ်ရင်း ၁၄ ရင်း စစ်အင်အား ၁ ထောင်နီးပါးခန့်ရှိသည့် အစိုးရတပ်များသည် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/SSPP ၀မ့်ဟိုင်း
ဌာနချုပ်ကို ၅ မိုင်ခန့်အကွာမှ အနီးကပ် ၀ိုင်းထားပြီး လေးဘက်လေးတန်တွင် စုစုပေါင်း တပ်ရင်း ၄၀ ခန့် ချထားသည်ဟု SSA/
SSPP ပြောခွင့်ရသူ ဗိုလ်မှူး စိုင်လက ပြောသည်။ (RFA 220711) Read More..., VOA...

(ခ) လူ့ အခွင့်အရေးချိုးဖေါက်မှုများ
• KIO ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ပြန်လည် ဖြစ်ပွားလာသည့် စစ်ပွဲများကြောင့် မြန်မာ အစိုးရတပ်ဖွဲ့ဝင်များက လက်နက်
ရိက္ခာသယ်ယူ ရေးအတွက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများတွင် အရပ်သားများကို ပေါ်တာအထမ်းသမား
အဖြစ် အဓမ္မ ဖမ်းဆီးနေပြီး လမ်းတံတားလုံခြုံရေးအတွက်ဟုဆိုကာ ညစောင့်အဖြစ် အဓမ္မခိုင်းစေနေသည်ဟု ခရီးသွားလာခဲ့သည့်
ဒေသခံတစ် ဦးက ပြောသည်။ (RFA 170711) Read More...
• ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဒေါနိုးကူးကျေးရွာတွင် နေထိုင်သော အသက် ၄၀ ကျော် ရွာသားတစ်ဦးကို သူပုန်နှင့် ဆက်သွယ်မှု
ရှိသည်ဟုဆိုကာ ယခုလအစောပိုင်းက မြန်မာအစိုးရတပ် ခြေလျင် တပ်ရင်း ခလရ ၁၀၂ က ဖမ်းဆီးခဲ့သည်ဟု ကရင်နီပြည်ထဲရေး
ဌာနမှ ပြောခွင့်ရ ဗားမားနိုင်က ပြော သည်။ (KT 190711) Read More...
• ရန်ကုန်အနောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ဘောလယ်ကျွန်းမှ လသာကျေးရွာသားများဖြစ်သည့် မောင်စိုးအောင် (၂၃နှစ်) နှင့်
မောင်ဇော်တင် (၂၅နှစ်) တို့သည် လွန်ခဲ့သည့် မတ်လ ၁၉ ရက်နေ့က ၄င်း၏ ဆွေမျိုးရှိရာသို့ အလည် သွားစဉ် သာစည်ဘူတာ၌်
သာစည်အခြေစိုက် ခမရ ၄၂၀ က စစ်တပ်အတွင်း အတင်းသွတ်သွင်းပြီး ဈေးပိုပေးသူထံသို့  ရောင်းစားလိုက်သည်ဟု ဒေသခံ
တစ်ဦးက ပြောသည်။ (DVB 190711) Read More...
• ကချင်ပြည်နယ်တွင် မြန်မာအစိုးရနှင့် KIO ကြား ပြည်တွင်းစစ် စတင်လာချိန်မှစ၍ ကချင်အမျိုးသမီး ၃၂ ဦးကို မြန်မာအစိုးရ
စစ်သားများက အဓမ္မပြုကျင့်ပြီး ၎င်းတို့ထဲမှ ၁၃ ဦးအား သတ်ဖြတ်လိုက်သည်ဟု ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT)
က ဇူလိုင် ၁၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ကြောင်ုး KWAT ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရှယ်လီဆိုင်း (Shirley Seng)
ကပြောသည်။ (KNG 210711) Read More...
NDD- rSwfwrf;wif ESifhokawoeXme

2011-Zlvdkifv wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf pmrsufESm - 4-

• ကရင်ပြည်နယ်၊ သံတောင်မြို့ အရှေ့ဘက် ၄ မိုင်ကွာတွင် လှုပ်ရှားနေသော အစိုးရစစ်တပ် စကခ(၉) လက်အောက်ခံ ခမရ
(၃၇၄)တပ်ရင်းသည် ဒေသခံ ရွာသား ၂ ဦးဖြစ်သော စောအယ်ထူး (၄၈နှစ်) နှင့် စောကလယ်ဖေါ (၃၃နှစ်)တို့ကို ဇူလိုင်လ ၁၃
ရက်နေ့က ပေါ်တာအထမ်းသမားများအဖြစ် ရွာထဲမှဖမ်းဆီးခဲ့ပြီးနောက် အကြောင်းမဲ့သတ်ဖြတ်ခဲ့သည်ဟု ရွာသားတစ်ဦးက ပြော
သည်။ (KIC 220711) Read More...
• အသက် ၁၄ နှစ်အရွယ်တွင် စစ်တပ်ထဲ အဓမ္မ စုဆောင်းခံရသူ မောင်ဖြိုးစည်သူသည် ချင်းပြည်နယ်အတွင်း စစ်ဆင်းရေး၌ မိမိ
အထက်အရာရှိကို ပစ်သတ်ခဲ့သည့်အတွက် ကလေးမြို့ အမှတ် ၉၄၃ ထောက်ပံ့ရေးတပ် စစ်တရားရုံးမှ သေဒဏ်ချမှတ်လိုက်
သဖြင့် ယင်းပြစ်ဒဏ်ကို ကလေးဥပဒေပုဒ်မ ၄၆ အရ ပြစ်ဒဏ် လျှော့ပေါ့ပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်ဟု
မိခင်ဖြစ်သူ ဒေါ်သန်းသန်းရီက ပြောသည်။ (DVB 220711) Read More...

(ဂ) နယ်ခြားစောင့်တပ်ဖွဲ့များ၊ ပြည်သူ့စစ်တပ်ဖွဲ့များ
• ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုခရိုင်ခေါင်လံဖူးမြို့နယ် တွင် တပ်ဖွဲ့ရွှေကွက်မှ ရွှေမထွက်သဖြင့်သောင်းကျန်းသူ ဆန့်ကျင်
ရေးတပ်ဖွဲ့ (Rebellion Resistance Army, RRF) ခေါ် ရ၀မ်ပြည်သူ့စစ် အဖွဲ့ဝင်များ ထွက်ပြေးနေကြကြောင်း ဒေသခံများက ပြော
သည်။ (KNG 180711) Read More...
• ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA အား နယ်ခြား
စောင့်တပ်နှင့်အစိုးရတပ်တို့ ပူးပေါင်းက ဇူလိုင် ၂၀ ရက်နေ့ကစ၍ ထိုးစစ်ဆင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ (DVB
210711) Read More...
• နယ်ခြားစောင့်တပ်မှ ခွဲထွက်သွားသည့် DKBA တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) ၏
တပ်ဖွဲ့ဝင်များအား DKBA ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ (ဗိုလ်ချစ်သူ)၏ တပ်ဖွဲ့ဝင်များက ဇူလိုင် ၂၂
ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်
မော်အေးက ပြောသည်။ (Irrawaddy 220711) Read More..., DVB...

ရဲ၊ လုံထိန်း တပ်ရင်းတပ်ဖွဲ့များ

• သျှမ်းပြည်တောင်ပိုင်း ကာလိ မြို့နယ်ခွဲ မြို့တွင်း ဈေးအနီးတွင် ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားရာ မြန်မာ
နိုင်ငံ ရဲတပ်ဖွဲ့ဝင် ရဲသားတစ်ဦးသေဆုံးသွားကြောင်း၊့ ပြစ်ခတ် မှုသည် ယွက်စစ်အဖွဲ့လက်ချက်ဖြစ်ကြောင်း ရဲအသိုင်းအ၀ိုင်းက
ပြောသည်ဟု ကာလိဈေး အနီးနေ ထိုင်သူအမျိုးသမီးတစ်ဦးက ပြောသည်။ (S.H.A.N 220711) Read More...
• မန္တလေးမြို့ ၈၈ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြား၊ သီရိမာလာရပ်ကွက်ရုံးရှေ့တွင် ဇူလိုင် ၁၉ ရက် နေ့ ည ၆ နာရီခွဲခန့်က ဓားနှင့်
ထိုးသတ်မှုဖြစ်ပွားခဲ့ကာ သတ်ဖြတ် သူသည် ဖြစ်ပွားမှုအပြီးတွင် ဖမ်းဆီးခံလိုက်ရသဖြင့် ၄င်းမှ ဖြောင့်ချက်ပေးရာတွင် (မန္တလေး
မြောက်ပိုင်းခရိုင် မူးယစ်အထူးရဲတပ်ဖွဲ့ဝင် ရဲအုပ်သန်းစိုးသည် ၄င်းအား ကွားရှင်းစရိတ်လာတောင်းသည့်အမျိုးသမီးတစ်ဦးကို
သတ်ဖြတ်ရန်အတွက် ငွေ ဆယ်သိန်းပေးပြီး လူသတ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟ)ု ဒေသခံတစ်ဦးက ပြောသည်။ (DVB 220711) Read
More...

လွှတ်တော်သတင်းများ

လွှတ်တော်အမြဲတမ်းကော်မတီများ
• ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တည်ဆဲ ၃၇ ပါတီမှ တစ်ပါတီကို ခေါင်းဆောင် ၂ ဦးကျစီ ဇူလိုင် ၂၇ ရက်နေ့တွင်
နေပြည်တော်သို့ မပျက်မကွက် လာရောက်ရန် ဖိတ်ကြားထားကြောင်းနှင့် တက်ရောက်မည့်သ၏ူ အမည်စာရင်းကို ဇူလိုင်လ ၂၂
ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန် ညွှန်ကြားထားကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ
အေးမောင်က ပြောသည်။ (RFA 210711) Read More...

အခြားနိုင်ငံရေးပါတီများ

NDD- rSwfwrf;wif ESifhokawoeXme

2011-Zlvdkifv wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf pmrsufESm - 5-

• ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တက်ရောက် ဂါရဝပြုရန် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများကို လွန်ခဲ့
သည့်နှစ်ကဲ့သို့ အသိအမှတ်ပြု ဖိတ်ကြားခြင်းမရှိဖြစ်နေသည်ဟု အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ၏ ခေါင်းဆောင်
တစ်ဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။(DVB 180711) Read More...
• သမ္မတ ဦးသိန်းစိန်၏ ရွေးကောက်ခံ မဲဆန္ဒနယ်မြေဟောင်း နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်၌ ကရင်အမျိုးသားရေး
အခြေခံသော နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီက ဝင်ပြိုင်သွားမည်ဟု အမတ်လောင်း ဦးစောဝင်း က
ပြောသည်။ (KIC 190711) Read More...
• ဒီမိုကရေစီ မိတ်ဆွေပါတီများ ၁၁ ပါတီ မဟာမိတ်အဖွဲ့က လွန်ခဲ့သည့် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မသမာမှုများအတွက်
ခုံရုံးဖွဲ့စည်းရန်နှင့် ၎င်းခုံရုံးမှ ရွေးကောက်ပွဲ ဥပဒေအတိုင်း စည်းကမ်းတကျ ဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေက ပြောသည်။ (RFA 210711) Read More...
• ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းမည်ဟု ၂ဝ၁၀ ရွေးကောက်ပွဲဝင် ၃၇
ပါတီအား ဇူလိုင် ၂၇ ရက်တွင် နေပြည်တော်သို့ လာရောက်ရန် ဖိတ်ကြားလိုက်ပြီးနောက် ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM
ဥက္ကဋ္ဌ ဦးသုဝေက ၃၇ ပါတီ သာမက ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖောက်ခဲ့သည့် မြို့နယ်နှင့် ရပ်ကွက်ကော်မရှင် အဆင့်
ဆင့်အား ပိုမိုရှင်းပြသင့်ကြောင်း ပြောသည်။ (Mizzima 220711) Read More...
• အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပြည်နယ်ရုံးချုပ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၃ ရက်နေ့ကမြစ်ကြီးနားမြို့တွင် ပြုလုပ်
ခဲ့ပြီး မြန်မာ-တရုတ်နယ်စပ်ရှိ ကချင်စစ်ပြေးဒုက္ခသည်များကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီပြည်နယ် အတွင်းရေးမှူး
ဦးမာခါးက ပြောသည်။ (KNG 230711) Read More...

အတိုက်အခံအင်အားစုများ (ပြည်တွင်း)

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
• ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုအခမ်းအနားအဖြစ် လှိုင်သာယာ
မြို့နယ်ရှိ ‘အမေ့အိမ်’ ပညာဒါနကျောင်းတွင် ဇူလိုင် ၁၇ ရက်နေ့က သံဃာ ၅ ပါးကို ဝါဆိုသင်္ကန်းနှင့် ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့
သည်ဟု ကျောင်းကော်မတီဝင် ကိုငယ်က ပြောသည်။ (RFA 170711) Read More...
• ၆၄ နှစ်မြောက် အာဇာနည်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်တွင် စုရပ်ထားပြီးလူဦးရေ အကန့်အသတ်နှင့်
အာဇာနည် ဗိမာန်သို့ ဇူလိုင် ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် ချီတက်ပြီး လွမ်းသူ့ ပန်းခွေ ချမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါ
အဝင် လူဦးရေ ၁၀၀ ခန့် ပါဝင်မည်ဟု အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။ (RFA 180711) Read More...
• အာဇာနည်နေ့ကို အလေးအနက် မထားခြင်းသည် အာဇာနည် စိတ်ဓာတ်ကို တန်ဖိုးမထားရာ ရောက်သကဲ့သို့ မြန်မာနိုင်ငံတွင်
အာဇာနည်သူရဲကောင်းများ ပေါ်ထွက်လာမည်ကို ကန့်သတ်ဖိနှိပ်မှုမျိုးလည်းဖြစ်သည်ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်
အောင်ဆန်းစုကြည်က ဇူလိုင် ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ (RFA 180711) Read More...
• အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ် များ၏ BG ခေါ် သွေးအကူအညီပေးရေးအဖွဲ့က မူလတန်း ကလေးများနှင့် မိဘမဲ့
လေလွင့်ကလေးများအတွက် အတတ်ပညာ ၉ ရပ်ပါ အသက်မွေးဝမ်းကျောင်း သင်တန်းကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း
တွင် ဇူလိုင် ၁၇ ရက်နေ့က ဖွင့်လှစ်လိုက်သည်ဟု ဦးဆောင်စီစဉ်သူ BG သွေးကူညီရေး တာဝန်ခံ ကိုညီညီက ပြောသည်။ (RFA
180711) Read More...
• ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၂၀၀၀ ကျော်တို့ ဇူလိုင် ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီ ခန့်က ရန်ကုန်မြို့
အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရ၀ပြုကြရာ အာဏာပိုင်များမှ လုံခြုံရေးများချထားသော်လည်း နှောင့်ယှက်မှုတစုံတရာ မရှိခဲ့
ကြောင်း NLD လူငယ် တာဝန်ခံတဦးဖြစ်သူ ကိုရာဇာက ပြောသည်။ (Irrawaddy 190711) Read More...
• ၆၄ နှစ်မြောက် အာဇာနည်နေ့ အစီအစဉ်များ အစအဆုံး ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် အာဏာ ပိုင်များကို ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်းနှင့် ဝမ်းသာ ကျေနပ်ကြောင်း ပြောကြားသည်ဟု ဦးဉာဏ်ဝင်းက
ပြောသည်။ (Mizzima 190711) Read More...
• အသက်နှင့်ရင်းပြီး လွတ်လပ်ရေး အရယူပေးခဲ့သည့် အာဇာနည်ကြီးများကို အခမ်းအနားများနှင့် ဂုဏ်ပြုနေရုံနှင့်မပြီးဘဲ အာဇာနည်
နိုင်ငံနှင့်ထိုက်တန်သည့် လူမျိုးများဖြစ်အောင် ကျင့်ကြံကြိုးစားနေထိုင်ကြရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်က ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် တိုက်တွန်းပြောကြားလိုက်သည်။ (VOA 190711) Read More...
• လွန်ခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့သည့် မကွေးတိုင်း ရေစကြိုမြို့နယ် ဂွေးဂုဏ်ကျေးရွာတွင် စာကြည့်တိုက်
ဆောက်လုပ် ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ဗဟိုက ပေးပို့လှူဒါန်းလိုက်သည့် ကျပ်ငွေဆယ်သိန်းကို မြို့နယ်အဖွဲ့ချုပ်စည်း
NDD- rSwfwrf;wif ESifhokawoeXme

2011-Zlvdkifv wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf pmrsufESm - 6-

အဖွဲ့ဝင်များ ဦးဆောင်ပြီး ဇူလိုင် ၁၇ ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည်ဟု ဦးဆောင်ပါဝင်ခဲ့သူ ဒေါက်တာ ဦးကျော်ငွေက
ပြောသည်။ (RFA 190711) Read More...
• အစိုးရသစ်လက်ထက် ပထမဆုံးကျရောက်သည့် ၆၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဒီမိုကရေစီအင်အားစုများနှင့်
ပထမဆုံးဂါရဝပြုခွင့်ရသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးမှုမှတဆင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် နမူနာ
ကောင်းရလဒ်အဖြစ် ပြောကြားလိုက်သည်။ (DVB 190711) Read More...
• ဇူလိုင် ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ၏ ၄၄ ကြိမ်မြောက် အစည်းအဝေးမှ
မြန်မာ့ဒီမိုကရေစီ ထွန်းကာလာစေရေး လုပ်ဆောင်မှုများ ထွက်ပေါ်လာရန် မျှော်လင့် မထားကြောင်းနှင့် မြန်မာနိုင်ငံမှ ၂၀၁၄ ခုနှစ်
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရန်ကိစ္စလည်း မဖြစ်နိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ
ဦးတင်ဦးက ပြောသည်။ (VOA 210711) Read More...
• အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ လုပ်ဆောင်နေသည့် ပါတီဝင်များ အရည်အချင်း မြှင့်တင်ရေးအစီအစဉ်တစ် ခုဖြစ်သည့်
အဆင့်မြင့် နိုင်ငံရေးသိပ္ပံသင်တန်းကို ဇူလိုင် ၂၂ ရက်နေ့တွင် စတင်လိုက်ပြီး တောင်ကိုရီးယားနိုင်ငံ အီဝါ အမျိုးသမီး တက္ကသိုလ်
(Ewha Woman’s University) မှ ပါမောက္ခနှစ်ဦးဖြစ်သော ဒေါက်တာ ဘရန်ဒန် ဟိုဝဲလ် နှင့် ဒေါက်တာ မက်သီရပ်စ် မားစ်တို့က
လာရောက်ပို့ချပေးနေသည်ဟု အဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။ (RFA 220711) Read More...

ပြည်သူနှင့်လူထုအခြေပြုအဖွဲ့အစည်းများ

မီဒီယာ
• ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၀န်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ တိုင်းလွှတ်တော် အဆောက်အုံ တွင်
ကျင်းပပြုလုပ်သည့် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပြည်တွင်းသတင်း မီဒီယာသမားများအနေဖြင့် ပြည်ပအခြေစိုက် သတင်းဌာန
များကို သတင်းမပို့ကြရန် ထပ်မံပိတ်ပင် ပြောကြားလိုက်သည်။ (DVB 170711) Read More...
• ရန်ကုန်တွင် ဇူလိုင် ၁၆ ရက်က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သတင်းမီဒီယာများတွေ့ဆုံပွဲတွင် ရပ်ကွက်
နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပတ်သက်၍ မမှန်မကန်ပြုလုပ်သည်ကိုတွေ့ရှိပါက တိုင်ကြားနိုင်ကြောင်း ရန်ကုန် တိုင်းဒေသ
ကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားလိုက်သည်။ (YMG 2210711) Read More...

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ

• အစိုးရတပ်များနှင့် ၇ ရက်တိုင်တိုင် တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် မြောက်ဘက် နမ့်ကိုင်ဖတ်
ဒေသ စစ်မျက်နှာကို အစိုးရတပ်ဘက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသဖြင့် ၄င်းပစ်ခတ်မှုဒဏ်ကို SSA/SSPP
ခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့များက တောင့် မခံနိုင်သဖြင့် ဇူလိုင် ၁၇ ရက်နေ့တွင် ဆုတ်ခွာလိုက်ရပြီး ပြောက်ကျား
စနစ်ဖြင့် ဆက်လက်ခုခံတိုက်ခိုက်သွားမည်ဟု SSA/SSPP ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ပြောသည်။
(VOA 170711) Read More...
• လွန်ခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အစိုးရစစ်သည် ၂၈ ဦးခန့် ကျဆုံးသွားကြောင်း
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ရှေ့တန်း တပ်မှူးများက ပြောသည်။ (Irrawaddy 180711) Read More...
• မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက်တွင် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့များ အကြား ၃
ရက်မြောက်တိုက်ပွဲဆက်အဖြစ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံတပ်များက ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်
ကျေးရွာမှ စစ်ကြောင်း (၂) ကြောင်းခွဲပြီး ချီတက်လာရာ KIA တပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့သည်ဟု KIA နှင့်နီးစပ်သူတစ်ဦးက
ပြောသည်။ (DVB 180711) Read More...
• ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မြန်မာစစ်တပ်အကြား ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ ဗိုလ်ကြီး
တစ်ဦးအပါအဝင် စစ်သည် ၅ ဦးကို KIA က ဇူလိုင် ၁၇ ရက်နေ့က ဖမ်းဆီးရမိထားကြောင်း KIA တပ်ဖွဲ့များနှင့် နီးစပ်သူ တစ်ဦးက
ပြောသည်။ (DVB 180711) Read More...
• မြန်မာစစ်တပ်ကို ဆက်လက်ပြီး လက်နက်ကိုင် တော်လှန်တိုက်ခိုက်ရန် ကချင်ပြည်သူများက သဘောတူသဖြင့် KIA ဌာနချုပ်မှ
တာဝန် ရှိသူများက အပစ်ခတ်ရပ်စဲရေး မလုပ်တော့ရန် ဇူလိုင် ၁၆ ရက်နေ့က နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (KNG 180711) Read More...
NDD- rSwfwrf;wif ESifhokawoeXme

2011-Zlvdkifv wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf pmrsufESm - 7-

• မြန်မာစစ်သား အပြည့်တင်ဆောင်လာသည့် စစ်ကား ၂ စီးပါ စစ်ယာဉ်တန်းကို သျှမ်းပြည်တပ်မတော် SSA က ဇူလိုင် ၁၇ ရက်နေ့
တွင် လားရှိုးမြို့အနီး၌် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးသွားကြောင်း သျှမ်းတပ်မတော်က ပြောသည်။ (S.H.A.N 180711)
Read More...
• သျှမ်းပြည်တပ်မတော်အား မြန်မာစစ်အစိုးရတပ်မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် ဝ နယ်မြေအတွင်း လူအဝင်
အထွက်များကို လုံခြုံရေးအရ ဝ အာဏာပိုင်များက အထူးတင်းကြပ်စစ်ဆေးနေကြောင်းနှင့် စစ်သားသစ်များ စုဆောင်းနေ ကြောင်း
ဝ အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (S.H.A.N 190711) Read More...
• ကချင်ပြည်နယ်အရှေ့တောင်ဘက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာဌာနချုပ်အနီး ခယာ (Hka Ya) ဒေသတွင် ဖြစ်ပွား
သည့် စစ်ပွဲတွင် မြန်မာစစ်တပ် ခလရ ၂၁မှ ဗိုလ်ကြီး ၁ ဦးအပါအ၀င် စစ်သား ၇ ဦးအား အရှင် ဖမ်းဆီးရမိပြီး လက်နက်ငယ် ၁၇ ခု၊
စက်လက် ၂ ခု၊ ၆၀ မမ မော်တာ တစ်ခုနှင့် ဆက်သွယ်ရေးစက်ကြီးတစ်ခု ရရှိခဲ့သည်ဟု KIA အရာရှိများကပြောသည်။ (KNG
190711) Read More...
• သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှစပြီး ကျေးသီးမြို့ အတွင်းရှိ စာသင်ကျောင်းများ
အားလုံး ဇူလိုင် ၁၉ ရက်နေ့မှစ၍ ပိတ်ထားလိုက်သည်ဟု SSA ဗဟိုကော်မတီဝင်လည်းဖြစ် အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့်
ဗိုလ်မှူးစိုင်းလှက ပြောသည်။ (S.H.A.N 190711) Read More...
• ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA အနေဖြင့် ၎င်းတို့ဌာနချုပ် လိုင်ဇာမြို့အား မြန်မာစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက် လာပါ
က ၎င်း၏မဟာမိတ် လက်နက်ကိုင် အဖွဲ့များနှင့်အတူ ပြန်လည်တိုက်ခိုက်သွားမည်ဟု KIA နှင့်အတူ တိုက်ပွဲဝင်မည့် ကျောင်းသား
တပ်မတော် သတင်းရပ်ကွက်က ပြောသည်။ (S.H.A.N 190711) Read More...
• ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် မြန်မာစစ်တပ် ခလရ ၂၁ တို့ ဇူလိုင် ၁၆ ရက်နေ့က လိုင်ဇာ ဌာန ချူပ်အနီး မဒီးယန် (Madi
Yang) နှင့် ခယာ (Hka Ya) ကြားတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် KIA ဘက်မှ ဖမ်းဆီးရမိထားသော မြန်မာ ဗိုလ်ကြီး ၂
ဦးအပါအ၀င် တပ်သား ၁၁ ဦး ကို ဆေးကုသပေးပြီး ပြန်လည်လွှတ်ပေးမည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။ (KNG 190711)
Read More...
• ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ လွန်ခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့က ဗန်းမော်-မြစ်ကြီးနားကားလမ်းပေါ်ရှိ မိုးမောက်
မြို့နယ်အတွင်း အစိုးရတပ် ခလရ ၂၁ နှင့် တိုက်ပွဲဖြစ်ပွားရာဒေသအား နယ်မြေရှင်းလင်းရေးများလုပ်သည့်အခါ စက်လတ် ၆၀ မမ
မော်တာအပါအ၀င် လက်နက်ငယ် အတော်များများ သိမ်းဆည်းရမိခဲ့သည်ဟု KIA နှင့်နီးစပ်သူများက ပြောသည်။ (DVB 190711)
Read More...
• ကချင်ပြည်နယ်တောင်ပိုင်း မန်မော် (ဗန်းမော်)ခရိုင် မန်ဂျေ (မံစီ) မြို့နယ်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ရင်း
၁၂ နှင့် မြန်မာအစိုးရတပ် ခမရ ၃၄၈တို့ ဇူလိုင် ၁၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရဘက်မှ တပ်ရင်းမှူး ၁ ဦး နှင့်
တပ်သား ၃ ဦး ကျဆုံးသည်ဟု ကချင်လွတ်မြောက် ရေး တပ်ဖွဲ့  KIA အရာရှိများက ပြောသည်။ (KNG 200711) Read More...,
RFA...
• ကချင် လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ် လိုင်ဇာဒေသကို အစိုးတပ်များက ယခုရက်ပိုင်း အတွင်း ၀င်ရောက်တိုက်ခိုက်မည်
ဆိုသည့်သတင်း ထွက်ပေါ်နေသောကြောင့် KIA တပ်ဖွဲ့များ စစ်ရေး ပြင်ဆင်ထားသည်ဟု လိုင်ဇာမြို့ အုပ်ချုပ်ရေးမှူး ဦးနော်
အောင်က ပြောသည်။ (Irrawaddy 200711) Read More...
• သျှမ်းပြည်တောင်ပိုင်း သံလွင်မြစ်အနောက်ဘက်ကမ်းရှိ မြန်မာတပ်စခန်းတစ်ခုအား ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ခေါင်းဆောင်သည့်
သျှမ်းပြည်တပ်မတော် RCSS/ SSA မှ တပ်ဖွဲ့တစ်ဖွဲ့က ဇူလိုင် ၁၈ ရက် နေ့တွင် အလစ်ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သောကြောင့်
အစိုးရတပ်ဖက်မှ ၈ ယောက်ထက် မနည်း သေဆုံးသွားခဲ့သည်ဟု မိုင်းပန်မြို့ခံတစ်ဦးက ပြောသည်။ (S.H.A.N 200711) Read
More...
• သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့၌ မြန်မာစစ်တပ် အရာရှိတစ်ဦး၏ အသုဘအား သျှမ်းပြည်တပ်မတော် SSA က ဇူလိုင် ၁၉
ရက်နေ့တွင် ချုံခိုတိုက်ခိုက်ခဲ့ရာ သေကြေဒဏ်ရာရသူများပြားသည် ဟု SSPP/SSA အရာရှိတစ်ဦးက ပြောသည်။ (S.H.A.N
200711) Read More...
• သျှမ်းပြည်တပ်မတော် SSA ဌာနချုပ်ဝမ်ဟိုင်းအား မြန်မာစစ်တပ်မှ ထိုးစစ်ဆင်နေချိန်တွင် SSA က တန်ပြန်တိုက်ခိုက် သည့်
အနေဖြင့် မြန်မာ စစ်တပ်၏ နောက်ကျောကို ဇူလိုင် ၁၉ ရက်နေ့က နှစ်ကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သျှမ်းတပ်အရာရှိ
တစ်ဦးက ပြောသည်။ (S.H.A.N 200711) Read More..., BBC...
• မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ မြစ်ကြီးနားမှ ၃၆ မိုင်အကွာ ဂါးရာယန်(Gara Yang)နှင့် ကဇူး(Kasu) ကြားရှိ ပေ ၄၀ ကျော်ရှည်
သည့် သံကူကွန်ကရစ် ပုံမွေခ (Pung Mwi Hka) ချောင်းတံတားကို ဇူလိုင် ၂၀ ရက်နေ့က KIAမှ ဗုံးခွဲမှုကြောင့် ကျိုးကျပျက်
စီးသွားသည်ဟု ဒေသခံ မျက်မြင်များက ပြောသည်။ (KNG 210711) Read More..., DVB...
NDD- rSwfwrf;wif ESifhokawoeXme

2011-Zlvdkifv wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf pmrsufESm - 8-

• ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ ထီးပယ်ရွာအနီးတွင် နယ်ခြားစောင့်တပ် BGF တပ်ရင်း (၁၀၁၅) နှင့် ကရင်အမျိုးသား
လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ (၇) တပ်ရင်း (၂၁) (၂၂) တပ်ဖွဲ့ဝင်များအကြား ဇူလိုင် ၂၀ ရက်နေ့က တိုက်ပွဲ
ဖြစ်ပွားခဲ့ရာ BGF ဘက်မှ ၁ ဦး ကျဆုံးကာ လက်နက်ခဲယမ်းအချို့ကို KNU ဘက်မှ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဖားအံခရိုင်
ဥက္ကဌ ပဒို စောအောင်မော်အေးက ပြောသည်။ (KIC 210711) Read More...
• ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းသို့ ဇူလိုင် ၂၀ ရက်နေ့က ပေါ်တာများနှင့်ဝင်ရောက်လာသည့် အစိုးရတပ် မပခ လက်
အောက်ခံ စစ်ကြောင်းတစ်ခုအား ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃) အဖွဲ့ဝင်များမှ ချုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရ
တပ်ဖက်မှ ၄ ဦးကျဆုံးပြီး သေနတ် (၂) လက်သိမ်းဆည်းရမိခဲ့ကြောင်း KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (DVB 210711)
Read More...
• သျှမ်းပြည်တပ်မတော် ဗဟိုဌာနချုပ်အား သိမ်းပိုက်ရန် မြန်မာအစိုးရတပ်မှ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် လူသတ်မှု၊
မုဒိန်းကျင့်မှု၊ ပစ္စည်းလုယက်မှုနှင့် ခိုးယူမှုများကျူးလွန်နေသောကြောင့် သျှမ်းကေဒါတပ်သားထုတစ်ရပ်လုံးအနေဖြင့် မြန်မာအစိုးရ
ကဲ့သို့ မပြုလုပ်ရန် SSPP/SSA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှာ့က အမိန့်ထုတ်ပြန်လိုက်သည်။ (S.H.A.N 220711) Read More...

အတိုက်အခံအင်အားစုများ (ပြည်ပ)

• မြန်မာစစ်အစိုးရ၏ စေခိုင်းမှုနှင့်အစိုးရအတိုက်အခံများကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီလိုလားဆန္ဒပြမှုတွင် လူ ၁၀၀ ကျော်ကို သတ်
ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုများ၌ ကျူးလွန်ခဲ့သည်ဟု စစ်ထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်ခဲ့သူ သြစတြေးလျရောက် မြန်မာ့အရေး
လှုပ်ရှားနေသူ ဦးထူးထူးဟန်က ဝန်ခံပြောကြားခဲ့ကြောင်း The Sydney Morning Herald သတင်းစာကြီးနှင့် ABC သတင်းဌာန
တို့က ရေးသားဖော်ပြထားသည်။ (BBC 180711) Read More...
• မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးညွှန့်ပေါင်းအဖွဲ့  (JACDB) မှ ဦးဆောင်၍ မြန်မာပြည်တွင် ကျင်းပခဲ့သည့် လွှတ်တော်အပြီး နိုင်ငံရေး
အခြေအနေ၊ နိုင်ငံတကာနှင့် မြန်မာ့အရေး လှုပ်ရှားသူများ၏ အခြေ အနေ၊ တိုင်းရင်းသားများအရေးနှင့်ပတ်သက်၍ လူထုနှီးနှော
ဖလှယ်ပွဲတစ်ရပ်ကို သြစတြေးလျားနိုင်ငံ၊ နယူးဆောသ့်ဝေးပြည် နယ် ဆစ်ဒနီမြို့တွင် ဇူလိုင်လ ၁၆ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။
(KIC 180711) Read More...
• နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းများတွင် သုံးလအတွင်း လူနှစ်သောင်းကျော် အလုပ်လက်မဲ့ ဖြစ်သွားရခြင်းသည်
မြန်မာနိုင်ငံတွင် ဘဏ္ဍာရေး ပြဿနာ ပေါ်ပေါက်နေမှုအဖြစ် ညွှန်ပြနေကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ
NCUB က ကြေညာချက်ထုတ်ပြန် ထောက်ပြလိုက်သည်။ (RFA 190711) Read More...
• ပြည်ထောင်စု အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရက ၆၄ နှစ်မြောက် အာဇာနည်နေ့၌ ကြေညာချက်တစ်စောင် ထုတ်ပြန်ရာ
တွင် နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကို လွှတ်ပေးရန်နှင့် တိုင်းရင်းသာများအပေါ်တွင် မတရား ထိုးစစ်ဆင်မှုများ ရပ်တန့်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်အတူ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန်တို့ကို တောင်းဆိုတိုက်တွန်းလိုက်သည်။ (RFA
190711) Read More...
• မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး ပိုမိုအလေးထား ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက် နေသော လူ့အခွင့်အရေး
ချိုးဖောက်မှု အခြေအနေများကို ရေငုံနှုတ်ပိတ်မနေပဲ ထုတ်ဖော်ပြောဆိုရန် အိန္ဒိယအစိုးရတွင် တာဝန်ရှိကြောင်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဇူလိုင် ၂၀ ရက်နေ့က တိုက်တွန်းပြောဆိုချက်ကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ
အင်အားစုများက ကြိုဆို ထောက်ခံလိုက်ကြသည်။ (Khonumthung 210711) Read More..., Irrawaddy..., Mizzima...
• အိန္ဒိယအစိုးရအနေဖြင့် မြန်မာအစိုးရကို စစ်လက်နက်ပစ္စည်း ထောက်ပံ့နေမှုများ ရပ်တန့်ပေးရန် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ
အင်အားစုများက ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းတွင် နယူးဒေလီမြို့ရှိ ဂျန်တားမန်တားပန်းခြံအနီးတွင် သွားရောက် ဆန္ဒပြတောင်း
ဆိုခဲ့ကြသည်ဟု ပါဝင်ခဲ့သူ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိအဖွဲ့ဝင် မသင်းသင်းအောင်က ပြောသည်။ (RFA
220711) Read More..., Mizzima...

နိုင်ငံတကာ

(က) ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ
• အာစီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအား ပေးသင့် မပေးသင့်နှင့်ပတ်သက်ပြီး နိုင်ငံတကာ အစိုးရ
များ၏ သဘောထားများကို အာစီယံအဖွဲ့အနေဖြင့် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း အာစီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်
NDD- rSwfwrf;wif ESifhokawoeXme

2011-Zlvdkifv wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf pmrsufESm - 9-

ဆူဝမ်ကို ကိုးကားပြီး ဇူလိုင် ၁၇ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံထုတ် ဂျာကာတာပို့စ် သတင်းစာက ရေးသားဖော်ပြလိုက်သည်။ (RFA
170711) Read More...
• မြန်မာ့အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) က မြန်မာနိုင်ငံမှ အဆိုပြုထားသည့် ၂၀၁၄ ခုနှစ် အာဆီယံ
အလှည့်ကျ ဥက္ကဋ္ဌ နေရာပေးရေးကိစ္စကို အာဆီယံခေါင်းဆောင်များအနေဖြင့် လက်မခံရန် AIPMC အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် အမျိုး
သမီး အာဂွန်း ပူထရီ အာဆွိက တိုက်တွန်း ပြောဆိုလိုက်သည်။ (VOA 180711) Read More...

(ခ) အစိုးရ
• မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများ ဆက်လက်ဆိုးဝါးနေဆဲဖြစ်သဖြင့် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာ အာဏာပိုင်များ
ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးဖြစ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်
ပေးရေး တိုက်တွန်းမှုများကို ဖိအားပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ၄င်း၏
အိန္ဒိယခရီးစဉ်အတွင်း တိုက်တွန်းပြောဆိုလိုက်သည်။ (VOA 200711) Read More...
• မြန်မာနိုင်ငံတွင် လူ့ အခွင့်အရေး ချိုးဖေါက်မှုများနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ မဖေါ်ထုတ်သည့်အတွက် အမေရိကန်
အစိုးရက လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှ စတင်ပြီး ချမှတ်ထားသည့် စီးပွါးရေး ပိတ်ဆို့မှုများကို ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းတွင်
အမေရိကန်အောက်လွှတ်တော်က ထပ်မံသက်တမ်း တိုးမြှင့်လိုက်သည်။ (RFA 200711) Read More...
• မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးရေးကို ငြင်း
ဆန်နေမည်ဆိုလျှင် အာစီယံအဖွဲ့ကြီး၏ စည်းလုံးညီညွတ်မှုကို ထိခိုက်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ
ကလင်တန်က ဇူလိုင် ၂၂ ရက်နေ့တွင် သတိပေးပြောဆိုလိုက်သည်။ (RFA 220711) Read More..., Irrawaddy...
• "လက်ရှိ မြန်မာအစိုးရ အနေဖြင့် အရပ်သားအစိုးရ အစစ်အမှန် ဖြစ်အောင် လုပ်မှာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အရေခြုံ စစ်အစိုးရ
ဆိုတဲ့ လမ်းဟောင်းအတိုင်း လိုက်မှာလား ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ဖို့အတွက် လမ်းဆုံလမ်းခွကို ရောက်ရှိနေ
ပါပြီ" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဇူလိုင် ၂၃ ရက်နေ့က ပြောကြားလိုက်သည်။ (RFA 230711)
Read More...
• မြန်မာနိုင်ငံက သူ့နိုင်ငံအခြေအနေအရ ရွေးချယ်သည့်လမ်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လေးစားသင့်ကြောင်း ARF
အာဆီယံဒေသတွင်း လုံခြုံရေးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီ (Yang Jiechi) က
ပြောကြားခဲ့သည်။ (VOA 230711) Read More...

(ဂ) အစိုးရမဟုတ်သောအဖွဲ့အစည်းများ
• မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများတွင် ဖြစ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအ ကြား
စိတ်ဝင်စားမှု နည်းပါးသည့်အတွက် စိတ်ပျက်မိကြောင်း ဥရောပတိုက်တွင် မြန်မာ့အရေး လှုပ်ရှားနေသည့် ဗြိတိန်အခြေ စိုက်
Burma Campaign-UK အဖွဲ့က ပြောကြားလိုက်ကြောင်း BCUK လှုံ့ဆော်ရေးမှူး နမ့်ဇိုယာဖန်းက ပြောသည်။ (KIC 200711)
Read More...
• အာဆီယံ အဖွဲ့ကို ဖိအားပေးမှုအဖြစ် မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာသည့်နောက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ
ဆက်ဖြစ်နေမှုများကို စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင်တရပ် လိုအပ်နေသည် ဟု
ယှဉ်ပြိုင်အာဆီယံ (Alternative ASEAN) အဖွဲ့၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။ (DVB 200711) Read More...

End of report/ Saturday, July 23, 2011
'Drdkua&pDESifhzGH‹òzd;wdk;wufa&;tiftm;pk/ rSwfwrf;wifESifhokawoeXmerS xkwfa0jzef‹csdonf?
Documentation and Research Department (NDD)

You're Reading a Free Preview

Download
scribd
/*********** DO NOT ALTER ANYTHING BELOW THIS LINE ! ************/ var s_code=s.t();if(s_code)document.write(s_code)//-->