NDD

-

rSwfwrf;wifESifhokawoeXme

Network for Democracy and Development
Documentation and Research Department
P.O Box 179, Mae Sod, Tak, 63110, Thailand. Phone: +66 (0) 89 267 8417.
E-mail: ndddrd@csloxinfo.com; ndddrd07@gmail.com

Burma's Weekly Political News Summary
(082/2011)

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf
(082§2011)
၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့မှ ၂၀၁၁ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့အထိ
ကြံ့ဖွံ့အစိုးရ

စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် စီးပွားရေး အသင်းအဖွဲ့များကို သမ္မတ ဦးသိန်းစိန်က စီးပွားရေးနှင့် ပတ်သက်သည့် လမ်းညွှန်
ချက်များပေးရန်ရှိသဖြင့် သြဂုတ် ၁၇ ရက်နေ့တွင် နေပြည်တော်သို့ လာရောက်ကြရန် မြန်မာနိုင်ငံ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် စီးပွားရေးအသင်းပေါင်း ၅၀ ကျော်ကို ဖိတ်ကြားထားသည်ဟု မြန်မာနိုင်ငံ ခရီးသွား
လုပ်ငန်း ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။ (Mizzima 160811) Read More...

အစိုးရသစ် သမ္မတ ဦးသိန်းစိန်က တိုင်းပြည်စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ လက်တွေ့အကောင်အထည်ဖော်မှုတွင် အားနည်းမှု
များရှိနေခြင်းကြောင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေးမူဝါဒများနှင့် လုပ်ငန်းကော်မတီများကို ထပ်မံဖွဲ့စည်းလုပ်
ဆောင်ရန် စီစဉ်နေကြောင်း စီးပွားရေးလုပ်ငန်ရှင် ဇေကမ္ဘာဦးခင်ရွှေက အတည်ပြု ပြောကြားလိုက်သည်။ (DVB 160811) Read
More...

ပြည်သူများအနေဖြင့် မိမိတို့တွင် နစ်နာမှုများရှိပါက ထိုနစ်နာမှုများအတွက် နိုင်ငံတော် အကြီးအကဲများ အပါအ၀င် သက်ဆိုင်ရာ
ဌာနများသို့ အကြောင်းကြား ပြောဆိုနိုင်ခွင့်ရှိကြောင်း၊ နိုင်ငံတော်သမ္မတရုံးသို့ ပြည်သူများ၏ နစ်နာချက်အမျိုးမျိုး တင်ပြမှု ၅၈၅
ခုရှိကြောင်းကို ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး
ဦးကျော်ဆန်းက သြဂုတ် ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။ (EMG 160811) Read More...

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၁၁ ဖြင့် ထုတ်ပြန်ခဲ့ပြီး
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများ၏ အပြီးသတ် ဆုံးဖြတ်ချက်ကို အများပြည်သူရှေ့မှောက်ခုံရုံးတွင် ပြည့်စုံစွာဖတ်
ကြား မည်ဖြစ်ပြီး ခုံရုံး၏ဆုံးဖြတ်ချက်ကို စီရင်ထုံးအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးက
ထုတ်ပြန်ကြေညာလိုကသ
် ည်။ (EMG 160811) Read More...

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများမှ မှတ်ပုံတင် ပြုလုပ်ပေးရာတွင် အခမဲ့နီးပါး (ကုန်ကျစရိတ် ၆ ကျပ်) ဟု
ကြေငြာထားသော်လည်း မွန်ပြည်နယ် မုဒုံမြို့နှင့် သံဖြူဇရပ်မြို့တို့တွင် ကျပ်ငွေ ၅၀၀၀ နှုန်းဖြင့် ပေးဆောင်ခဲ့ရကြောင်း မြို့ခံများနှင့်
မှတ်ပုံတင်သွားယူခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။ (IMNA 170811) Read More...

နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သောဆွေးနွေးပွဲတွင် စီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စား
လှယ်များအား ဦးသိန်းစိန်က ပြစ်မှုမကျူးလွန်သော ပြည်ပရောက်များကို ပြန်လာလျှင် ပြန်လည် လက်ခံမည်ဖြစ်ကြောင်းနှင့် တော
တွင်း လက်နက်ကိုင်များ လက်နက်ချရန် ကမ်းလှမ်းမှုကို သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၆ ရက်နေ့က ပြောသည်။ (Mizzima
170811) Read More...

2011-=o*kwfv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 1-

NDD•

rSwfwrf;wifESifhokawoeXme
နေပြည်တော်တွင် သြဂုတ် ၁၆ ရက်နေ့က ပြုလုပ်သော သမ္မတနှင့် လုပ်ငန်းရှင်များ၊ အသင်း အဖွဲ့များ တွေ့ဆုံမှုအတွင်း သမ္မတက
မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အခွန်ခများ လျှော့ကောက်မည်ဟု ပြောသွားကြောင်း အခမ်းအနား တက်ရောက်သူ
များက ပြောသည်။ (Mizzima 170811) Read More...

အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်ပွားသော ပဋိပက္ခများကို အလုပ်သမားဝန်ကြီးဌာနအပါအဝင် အခြားသော သက်ဆိုင်ရာ
ဌာနများမှ ချက်ချင်းဖြေရှင်းပေးရန် သက်ဆိုင်ရာဌာနများသို့ အစိုးရအဖွဲ့က သြဂုတ်လ ဒုတိယပတ်မှ စတင်ညွှန်ကြားထားကြောင်း
၎င်းဌာနများမှ ၀န်ထမ်းတစ်ဦးက ပြောသည်။ (Popular News 170811) Read More...

လွှတ်တော်ကိုယ်စားလှယမ
်ျား ဘတ်စ်ကား တိုးစီးနေရခြင်းကို စာနာထောက်ထားသည့်အတွက် စက်မှု ၂ ၀န်ကြီး က လွှတ်တော်
ကိုယ်စားလှယ် သုံးပုံတစ်ပုံခန့်ကို စက်မှု-၂ ထုတ် မြန်မာမီနီဆလွန်းကားများ ရောင်းချပေးနေပြီး ပြင်ပကို ပြန်လည်ရောင်းချခြင်း
မပြုရန်ကိုလည်း

မေတ္တာရပ်ခံစာ

တပါတည်းပေးအပ်ခဲ့သည်ဟု

ဝယ်ယူခွင့်ရခဲ့သည့်

ရန်ကုန်တိုင်း

အမျိုးသားလွှတ်တော်

ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။ (DVB 180811) Read More...

ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနတိုင်းတွင် ပြည်တွင်း၊ပြည်ပ မီဒီယာများအတွက် သတင်းအချက်အလက်များ ရယူ အတည်ပြုနိုင်
စေရန် ဆက်သွယ် မေးမြန်းနိုင်သည့် ၀န်ကြီးဌာနကိုယ်စား ဖြေကြားခွင့်ရပုဂ္ဂိုလ် (Contact person)များ ထားရှိပေးမည်ဟု ပြောရေး
ဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက 'သတင်းစာရှင်းလင်းပွဲ၊ နေပြည်တော်
၁/၂၀၁၁' တွင် ပြောကြားခဲ့သည်။ (Myanmar Times Vol.27, Vol. 531 19-250811) Read More...

သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့အတွင်း ပထမဆုံးအကြိမ် ပြည်ထောင်စုဝန်ကြီးပြောင်းလဲမှုအဖြစ် ယခင် အမှတ် (၁) စက်မှု
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင်အား သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီးအဖြစ် သြဂုတ် ၁၀ ရက်နေ့က ပြောင်းလဲခန့်
ထားလိုက်သည့်အတွက် လက်ရှိ သမ္မတရုံးဝန်ကြီး နှစ်ဦးဖြစ်သော ဦးသိန်းညွန့်နှင့် ဦးစိုးမောင်တို့နှင့်အတူ သုံးအထိ ခန့်အပ်ထား
သည်။ (Myanmar Times Vol.27, Vol. 531 19-250811) Read More...

နေပြည်တောင်တွင် သြဂုတ် ၁၉ ရက်နေ့မှ စတင်ကျင်းပနေသည့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲ
ရေးဆိုင်ရာ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်က ၄င်းအစိုးရအဖွဲ့ကို သန့်ရှင်းစင်ကြယ်သည့် အစိုးရ
ဖြစ်ရန်နှင့် လာဘ်ပေးလာဘ်ယမ
ှူုများ ပပျောက်သွားစေရန် တိုက်ဖျက်သွားမည်ဟု ဂတိပြုပြောကြားလိုက်သည်။ (VOA 190811)
Read More...

တပ်မတော်
(က) ရာထူးအာဏာခွဲဝေမှု

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝေလွင်နှင့် စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦးတို့
နှစ်ဦးကို လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုများနှင့် စုံစမ်းစစ်ဆေးလျက်ရှိပြီး လက်ရှိထမ်းဆောင်နေသော ရာထူး
တာဝန်များကို ခေတ္တဆိုင်းငံ့ထားကြောင်း စစ်ဘက်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (Irrawaddy 160811) Read
More...

တပ်သားသစ် စုဆောင်းရာတွင် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိ၍ အရေးယူခဲ့ရသူ အရာရှိ၊ စစ်သည် ၁၆၉
ဦးရှိခဲ့ကြောင်း ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဆန်းက သြဂုတ် ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။ (EMG 170811) Read More...

သျှမ်းပြည်တပ်မတော်နှင့် ထိုးစစ်ဆင်နေသောကာလအတွင်း မြန်မာစစ်တပ် ရပခနှင့် ရမခ အချင်းချင်းအကြား ပဋိပက္ခ ဖြစ်ပွါးရာ
စစ်ခုံရုံးသို့ ပို့ဆောင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း (တိုးချဲ့) အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ် သည့် အသိုင်းအဝိုင်းက
ပြောသည်။ (S.H.A.N 190811) Read More...

(ခ) စစ်ဆင်ရေးများ

မြန်မာစစ်တပ်၏ တားမြစ်စစ်ဆေးမေးမြန်းခြင်းခံရသော သျှမ်းပြည်တပ်မတော် SSPP/SSA တပ်သား (၂) ဦးသည် မြန်မာ
စစ်သားအား ဓားဖြင့်ခုတ်သတ် သေနတ်လုထွက်ပြေးပြီး မိနစ်ပိုင်းအကြာတွင် မြန်မာစစ်တပ်က ထိုအနီးရှိ ကျေးရွာအား လက်နက်
ကြီး အလုံး (၂၀) ကျော် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရဆုံးရှုံးမှုများရှိခဲ့ကြောင်း မိုင်းရယ်မြို့နေ SSPP/SSA သတင်းထောက် အသိုင်း
အဝိုင်းက ပြော သည်။ (S.H.A.N 150811) Read More…, DVB...

2011-=o*kwfv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 2-

NDD•

rSwfwrf;wifESifhokawoeXme
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ နှစ်ဘက်ကိုယ်စားလှယ်များ အပစ်ရပ်ရေးကိစ္စ တွေ့ဆုံဆွေးနွေးနေစဉ် သင်္ဘော
များဖြင့် မြန်မာစစ်တပ်များကို ဗန်းမော်မြို့သို့ တနင်္လာ၊ ကြာသာပတေး၊ စနေနေ့တိုင်း ပုံမှန်မပြတ် ပို့ဆောင်နေကြောင်း မျက်မြင်
ဆိပ်ကမ်း အလုပ်သမားတစ်ဦးက ပြောသည်။ (S.H.A.N 170811) Read More...

KNU တပ်မဟာ (၇) နယ်မြေအတွင်းရှိ အစိုးရစစ်တပ် စကခ (၁၂) လက်အောက်ခံတပ် (၅၄၈) နှင့် (၂၃၁) စစ်ကြောင်းများက
KNLA တပ်ရင်းတပ်ဖွဲ့များ ရှိနိုင်မည့်နေရာများသို့ မှန်းဆကာ ယခုရက်ပိုင်းတွင် လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်း KNLA
တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်စောဂျော်နီက ပြောသည်။ (KIC 200811) Read More...

(ဂ) လူ့အခွင့်အရေးချိုးဖေါက်မှုများ

စစ်ရထားရပ်ပြီး တပ်အပြောင်းအရွှေ့လုပ်ရန်အတွက် ကချင်ပြည်နယ် မြစ်ကြီးနား-မိုးကောင်း ရထားလမ်းပေါ်ရှိ နန့်ကျင်ချောင်း နှင့်
နန်းကွေ့ချောင်းအကြား အရှည် ၄ မိုင်ခန့် အကွာအဝေးရှိ သံလမ်းဘေး ဝဲယာတလျှောက် ချုံ၊ နွယ်၊ သစ်ပင်များကို မြောက်ပိုင်း
တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ ၃၇ က ဒေသခံများကို အခကြေးငွေမပေးဘဲ လုပ်အားပေးခိုင်းစေနေသည်ဟု စစ်တပ်နှင့်
နီးစပ်သူ မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောသည်။ (DVB 160811) Read More...

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်နေသည့်ဒေသများမှ နေအိမ်စွန့်ခွာ ထွက်ပြေး
လာကြသည့် ဒုက္ခသည်များကို ပြည်ပအဖွဲ့အစည်း၊ NGO အဖွဲ့များမှ အကူအညီမပေးနိုင်အောင် အစိုးရမှ တားဆီး ပိတ်ပင်
နေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးက ကြေညာချက်ထုတ်ပြန်လိုက်သည်။ (BBC 170811) Read
More..., Irrawaddy..., KIC…

မြန်မာစစ်တပ် ခလရ ၁၄၃ နှင့် သျှမ်းပြည်တပ်မတော် တပ်ရင်း ၇၂၆ တို့ဖြစ်ပွားသည့်တိုက်ပွဲတွင် မြန်မာစစ်တပ်မှ ဒု-တပ်ရင်းမှူး
အပါအဝင် ၄ ဦး သေဆုံးပြီး တပ်ပြန်ဆုတ်ရာတွင် ဒေသခံလူထု အယောက် ၃၀ ကိုဖမ်းဆီး ခေါ်ယူကာ ၎င်းတို့ အတွက် အကာ
အကွယ် လုပ်ပေးနေရသည်ဟု ကျေးသီးဒေသခံများနှင့် ဝမ့်ဟိုင်းဌာနချုပ်မှ သျှမ်းပြည် တပ်မတော် အရာရှိများက ပြောသည်။
(S.H.A.N 180811) Read More...

(ဃ) နယ်ခြားစောင့်တပ်ဖွဲ့များ၊ ပြည်သူ့စစ်တပ်ဖွဲ့များ

ကရင်ပြည်နယ်၊

လှိုင်းဘွဲမြို့နယ်တွင်

ယခုရက်ပိုင်းအတွင်း

အစိုးရစစ်တပ်နှင့်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်

(KNLA) တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်ဟု KNLA တပ်မဟာ (၇) ရုံးထိုင်မှူး ဗိုလ်မှူး စော
အယ်စဲစဲက ပြောသည်။ (KIC 150811) Read More…

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း နယ်ခြားစောင့်တပ်နယ် (၄) လက်အောက်ခံတပ်ရင်းများက နယ်မြေလုံခြုံရေးနှင့် ရဲဘက်
များအတွက် ကျေးရွာအကြီးအသေးအလိုက် တစ်ရွာလျှင် ကျပ်ငွေ ၅ သိန်းမှ ၁၀ သိန်းအထိ လွန်ခဲ့သည့် ဇူလိုင်လမှ စတင်ကာ်
ခြိမ်းခြောက် ကောက်ခံနေသည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ (DVB 170811) Read More...

သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် မုံးဟကျေးရွာ အခြေစိုက်ဌာနေ ပြည်သူ့စစ်အဖွဲ့၏ ရုံးခန်းတစ်ခုကို မူစယ်မြို့ ကောင်းမူး
လွယ်ရပ်ကွက်၌ သြဂုတ် ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ညနေ ၆ နာရီခန့်တွင် ရွှေနဂါး ဟိုတည်၌ ပြည်သူ့ စစ်အဖွဲ့ဝင်များနှင့်
ဒေသအာဏာပိုင်များ ညစာစားပွဲ ကျင်းပခဲ့သည်ဟု ၎င်းအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (S.H.A.N 180811) Read
More...

ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၃)တပ်နယ်ရှိ အမှတ်(၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀)တပ်ရင်းများက ၁ နှစ်မြောက်
တပ်နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ (၁၉) ရက်နေ့နံနက်တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကုက္ကိုမြိုင်
ကျေးရွာ၌ ကျင်း ပပြုလုပ်ခဲ့ကြသည်။ (KIC 200811) Read More…

ကရင်ပြည်နယ် ဖားအံမြို့နယ် မြိုင်ကြီးငူအခြေစိုက် နယ်ခြားစောင့်တပ်နှင့် ဒေသခံ အစိုးရတပ်ရင်းများသည် ဒေသခံများထံမှ
အထမ်းသမားပေါ်တာကြေးအဖြစ် တစ်ရွာလျှင် ကျပ်ငွေ (၅) သိန်းမှ (၁၀) သိန်းအထိ အဓမ္မငွေကြေးကောက်ခံနေကြောင်း ဒေသခံ
တစ်ဦးက ပြောသည်။ (RFA 200811) Read More…

2011-=o*kwfv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 3-

NDD-

rSwfwrf;wifESifhokawoeXme

အခြားနိုင်ငံရေးပါတီများ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့၏ ဒုတိယအကြိမ် တွေ့ဆုံမှုမှ
သဘောတူညီခဲ့ကြသည့် အပြုသဘော နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို လက်တွေ့အကောင် အထည်ဖော်ရန် လိုအပ်
ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေနှင့် ဒီမိုကရက်တစ် ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေ
တို့က ပြောကြားလိက
ု သ
် ည်။ (DVB 150811) Read More...

လူထုကြားတွင် ဖြစ်ပျက်နေသောအကြောင်းအရာများကို လူထုဆက်သွယ်ရေးစင်တာမှ လက်ခံ မှတ်တမ်းတင်ပြီး လွှတ်တော်တွင်
တင်ပြသင့်သော အကြောင်းအရာများဖြစ်ပါက လွှတ်တော် ကိုယ်စားလှယ်များထံ ပေးအပ်ပြီး လွှတ်တော် ထဲတွင် တင်ပြဆွေးနွေး
နိုင်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ
ဒုတိယ ဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောသည်။ (The Myanmar Post 150811) Read More...

ရေလုပ်သားများ အသက်အာမခံချက် ထားရှိခွင့်ရရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သြဂုတ်လ ၂၂ ရက်နေ့တွင်
စတင်မည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ကြံ့ဖွံ့ပါတီ
အမတ် ပြည်သ့လ
ွှူတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်က လွှတ်တော်တွင် အဆိုတရပ်အဖြစ် တင်သွင်းသွားရန် အစီအစဉ်ရှိကြောင်း
ပါတီ၏ ဖျာပုံမြို့နယ်အဆင့် တာဝန်ခံ တစ်ဦးက ပြောသည်။ (Mizzima 170811) Read More...

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) က လွန်ခဲ့သည့် သြဂုတ် ၁၂ ရက်နေ့ ဆွေးနွေးပွဲတွင် လာမည့်လွှတ်တော်၌် ပြောဆို
ဆွေးနွေးမည့် အကြောင်းအရာများ၊ အဆိုနှင့် မေးခွန်းများကို ပါတီကိုယ်စားလှယ်အချင်ချင်း ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အဆိုနှင့်
မေးခွန်းပေါင်း ၃ဝ ကျော် တင်သွင်းဆွေးနွေးသွား မည်ဖြစ်ကြောင်း NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။
(Popular News 170811) Read More...

တိုင်းရင်းသား ညီနောင် ၅ ပါတီ Brotherhood of Ethnic Parties ဟု ခေါ်သည့် ပါတီအစုအဖွဲ့မှ နှုတ်ထွက်ရန် မွန်ဒေသလုံး
ဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ဖိအားပေး ပြောဆိုမှုများရှိကြောင်း မွန်ဝန်ကြီး ၂ ဦးနှင့်
နီးစပ်သည့် ပါတီဝင်တစ်ဦးက ပြောသည်။ (IMNA 170811) Read More...

လာမည့် သြဂုတ် ၂၂ ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးတွင် အင်အားကြီးပါတီ ၂ ခု တို့နှင့်
အပြိုင် အင်အားတစ်ရပ်အဖြစ် ရပ်တည်မည့် မိတ်ဆွေပါတီများအဖွဲ့ဝင် မည်သည့်ပါတီတစ်ခုခုမှမဆို တင်သွင်းမည့် အဆိုများ၊
မေးခွန်းများနှင့် ဥပဒေကြမ်းများကို ကျန်မိတ်ဆွေပါတီများက ၀ိုင်းဝန်းစုပေါင်းထောက်ခံမည်ဖြစ်ကြောင်း မိတ်ဆွေ ပါတီများထဲမှ
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဥက္ကဌ ဒေါက်တာ သန်းငြိမ်းက ပြောသည်။ (The Voice 180811) Read More...

သမ္မတ ဦးသိန်းစိန်၏ ပြန်လည်သင့်မြတ်ရေးမိန့်ခွန်းပြောဆိုမှုနှင့်ပတ်သက်၍ အစိုးရ သတင်းဌာနများမှ သြဂုတ် ၁၈ ရက်နေ့ တွင်
ဖေါ်ပြထားမှုအပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ ဦးအေးမောင်က
တိုင်းးရင်းသား လက်နက်ကိုင်အဖွဲ့မျာ်း ငြိမ်းချမ်းရေး တရားဝင်ကမ်းလှမ်းမည်ဆိုပါက တိုင်းရင်းသား အရေးကို အဓိကဆုံးဖြတ်
နိုင်သူများပါဝင်သော တစ်ပြည်လုံးအတိုင်းအတာဆောင်သည့် ဆွေးနွေးမှုမျိုးဖြင့် ဖြေရှင်းသင့်သည်ဟု ပြောသည်။ (VOA 180811)
Read More...

ဒီမိုကရေစီမိတ်ဆွေများပါတီနှင့် အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ ဂျွန်ကယ်ရီ၏ အကြံပေးအရာရှိ
အက်ဒ်မန်ထရီဘာတီတို့ သြဂုတ်လ ၁၇ ရက်နေ့ကတွေ့ဆုံခဲ့ရာ မြန်မာအစိုးရအားတိုက်တွန်းချက်များ၊ အမေရိကန် အစိုးရအား
တိုက်တွန်းချက်များနှင့် ဥရောပသမဂ္ဂ (အီးယူ)အပေါ် တောင်းဆိုချက်များပါဝင်သည့် စာတမ်းတစ်စောင် ပေးအပ်ခဲ့ကြောင်း
မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။ (KIC 180811)

နေပြည်တော်တွင် ကျင်းပမည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ပတ်သက်ပြီး ပွင့်လင်း
မြင်သာရှိမှုနှင့်

ဗဟိုချုပ်ကိုင်မှုစနစ်

လျှော့ချရေးကိစ္စများကို

တင်ပြဆွေးနွေးသွားမည်ဟု

ချင်းအမျိုးသားပါတီက

ပြောသည်။

(Khonumthung 180811) Read More...

အမေရိကန် အထက်လွတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ ဂျွန်ကယ်ရီ၏အကြံပေးအဖွဲ့သည် သြဂုတ် ၁၇ ရက်နေ့က
မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နိုင်ငံရေးပါတီ ၁၀ ပါတီနှင့်တွေ့ဆုံချိန်တွင် ဒီမိုကရေစီမိတ်ဆွေပါတီများက ၂၀၁၀ ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော

နိုင်ငံရေးပါတီများ၏

လှုပ်ရှားမှုများကိုလည်းအသိအမှတ်ပြု

အလေးထားစေလိုကြောင်

ချင်း

အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး (၁) ကိုငယ်ပီးက ပြောသည်။ (Khonumthung 180811) Read More...

လာမည့် သြဂုတ်လ ၂၂ ရက်နေ့တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးစရာ ဥပဒေမူကြမ်းများ
ရှိသကဲ့သို့ မေးခွန်းနှင့်အဆိုများလည်းရှိကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ

လွှတ်တော်ကိုယ်စားလှယ် ဦးမန်း

မောင်မောင်ဉာဏ်က ပြောသည်။ (BBC 200811)

2011-=o*kwfv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 4-

NDD-

rSwfwrf;wifESifhokawoeXme

အတိုက်အခံအင်အားစုများ (ပြည်တွင်း)
(က) ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အစိုးရ၀န်ကြီး ဦးအောင်ကြည်နှင့် မိမိတွေ့ဆုံခဲ့သည့် ကိစ္စများကို အသေးစိတ်ထုတ်ပြန်ရန် အချိန်မတန်သေးကြောင်း မြန်မာ့

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် (၁၄) ရက်နေ့ ပဲခူးခရီးစဉ်အတွင်း ထောင်နှင့်ချီသော

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ (RFA 140811) Read More…
ပြည်သလ
ူထုကို စည်းလုံးညီညွတ်ရေးရှိရန်နှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးအတူတကွ လက်တွဲလုပ်ဆောင်ရန်
လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုက်သည်။ (RFA 140811) Read More…, Irrawaddy…, Mizzima…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

NLD

အထွေထွေအတွင်းရေးမှူး

ဒေါ်အောင်ဆန်းစုကြည်က

အစိုးရ

ပြည်ထောင်စု

ဝန်ကြီး

ဦးအောင်ကြည်နှင့် လွန်ခဲ့သော ဇူလိုင်လ ၂၅ ရက်နေ့နှင့် သြဂုတ် ၁၂ ရက်နေ့ တွေ့ဆုံဆွေးနွေးခဲ့မှုများကို သြဂုတ် ၁၅ ရက်နေ့တင
ွ်
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ ပြန်လည်ရှင်းပြခဲ့ပြီးနောက် နှစ်ဖက်ထုတ်ပြန်ခဲ့သည့် သဘောတူညီချက်များကို NLD က
ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ (BBC 150811) Read More...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပဲခူးမြို့ခရီးစဉ်အတွင်း အဘက်ဘက်မှ ပံပိုးကူညီခဲ့ကြသည့်
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အသီးသီးနှင့် လူမှုအဖွဲ့အစည်းများအပါအ၀င် ပြည်သူလူထု တစ်ရပ်လုံးကို အထူးကျေးဇူး
တင်ကြောင်း သြဂုတ်လ ၁၅ ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ပြောကြားလိုကသ
် ည်။ (RFA 150811) Read More...

ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ၁၄ ရက်နေ့ ပဲခူးမြို့ ခရီးစဉ်အတွင်း ရေဘေးဒုက္ခသည်အများစု ရောက်ရှိနေသည့် ရွှေနံ့သာ
ကျောင်းတိုကသ
ို့ သွားရောက်ခဲ့စဉ် အလှူငွေ ကျပ်တစ်သိန်း လှူဒါန်းခဲ့ကြောင်းနှင့် နောက်ထပ် ဓမ္မာရုံ ပြုပြင်ရန်အတွက် အလှူငွေ
ကျပ် ၅ သိန်း ထပ်မံ လှူဒါန်းလိုက်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပဲခူးတိုင်းတာဝန်ခံ ဦးစိုးဝင်းက ပြောသည်။ (RFA
160811) Read More...

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနှင့်
မော်နီတာဂျာနယ်တို့ကို တရားရုံးအား မထီမဲ့မြင်ပြုမှုနှင့် တရားစွဲဆိုထားရာ အမှုနံပါတ် ပေါ်လာပြီး နောက် တရားရုံးမှ ဆင့်
ခေါ်လာမည့် ရုံးချိန်းကို စောင့်ဆိုင်းနေသည်ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။ (DVB 160811) Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီဝင်လူငယ် ၁၄ ဦးကို နိုင်ငံရေးသင်တန်းတစ်ခုဖြစ်သော ထိုင်းနိုင်ငံ ဘန်ကောက်
မြို့တွင် ပြုလုပ်သည့် ပြည်ပရောက် မြန်မာနိုင်ငံသား ပညာရှင်များ ဖွဲ့စည်းထားသည့် ပညာရေးကွန်ရက်၏အစီအစဉ်ဖြင့်ပို့ချသည့်
သင်တန်းကို သြဂုတ် ၇ ရက်နေ့မှ ၁၅ ရက်နေ့အထိ တက်ရောက်ပြီးဆုံးခဲ့သည်ဟု အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က
ပြောသည်။ (DVB 170811) Read More...

နေပြည်တော်၌် သြဂုတ် ၁၉ ရက်နေ့တွင် စတင်ပြုလုပ်မည့် နိုင်ငံတော်အဆင့် ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်
ရန် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ ကျင်းပရေး ဦးစီးကော်မတီက တရားဝင်
ဖိတ်ကြားထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင် က ပြောသည်။ (VOA 180811)
Read More..., Irrawaddy..., Mizzima…

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏ ဖိတ်ကြားချက်အရ နေပြည်တွင် ပြုလုပ်မည့် နိုင်ငံတော်
စီးပွားရေး ဖွံဖြိုးမှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ရန် သြဂုတ် ၁၈
ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာသွားပြီဖြစ်သည်ဟု NLD ပါတီဝင်တစ်ဦးက ပြောသည်။ (Irrawaddy 180811) Read More...

မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ နိုင်ငံရေး လှုပ်ရှားသူ Anna Hazare ၏ အိန္ဒိယ နိုင်ငံအတွင်း
အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ (Mizzima 190811) Read More..., RFA...

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးတော့မည်ဟု မျှော်လင့်ကြောင်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် NLD ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ပြောလိုက်သည်။ (Irrawaddy 190811) Read
More...

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ သြဂုတ် ၁၉ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံ
သည့်

တစ်နာရီကြာ

သီးသန့်ဆွေးနွေးမှုတွင်

ပေါ့ပေါ့ပါးပါး နွေးနွေးထွေးထွေးရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ

နေပြည်တော်သို့ လိုက်ပါသွားသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးခွန်သာမြင့်က ပြော
သည်။ (DVB 190811) Read More...

2011-=o*kwfv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 5-

NDD•

rSwfwrf;wifESifhokawoeXme
နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်အစိုးရသစ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသား
အဆင့် အလုပ်ရုံဆွေးနွေးပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ယခု
ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း NLD အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သည့် ဦးခွန်သာမြင့်က ပြောသည်။ (DVB
200811) Read More…, Mizzima…

ကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်များက ကလေးမြို့ အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများကို
အဝတ်အထည်နှင့် အစားအစာများ သြဂုတ်လ (၁၉) ရက်နေ့က သွားရောက် လှူဒါန်းခဲ့ကြကြောင်း ကလေးမြို့နယ် NLD အဖွဲ့ဝင်
ဦးမောင်လှက ပြောသည်။ (RFA 200811) Read More…

(ခ) အခြားတက်ကြွလှုပ်ရှားသူအင်အားစုများ

တစ်နိုင်ငံလုံး

အဓိကအားထားနေရသည့်

ဧရာဝတီမြစ်ကြီး

တိမ်ကောမသွားစေရေးနှင့်

ထာဝရရှင်သန်ရေးအတွက်

လက်ရှိ

လုပ်ဆောင်နေသည့် မြစ်ဆုံစီမံကိန်း အပါအဝင် အခြားဆည်တည်ဆောက်ရေးများကို ချက်ချင်းရပ်ဆိုင်းပေးရန် ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့က သမ္မတ ဦးသိန်းစိန် အစိုးရထံ တောင်းဆိုလိုက်သည်။ (VOA 150811) Read More...

ဧရာဝတီမြစ် ထာဝရ ရှင်သန်လိုသူများ အမည်ခံ လူထုလူတန်းစားပေါင်းစုံက ဧရာဝတီမြစ် ထာဝရရှင်သန်ရေး ၀ိုင်းဝန်း ဆောင်ရွက်
ကြရန်အတွက် သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး တင်ပြသည့်လှုပ်ရှားမှုတစ်ခုကို သြဂုတ် ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၌စတင်
လိုက်ပြီး လူထုဘက်မှ စိတ်ပါဝင်စားမှုများတွေ့ရသည်ဟု စည်းရုံးရေးမှူးတစ်ဦးဖြစ်သည့် ကိုမြတ်သူက ပြောသည်။ (RFA 160811)
Read More...

မြန်မာနိုင်ငံသို့ လာရောက်မည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား
အား နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် စစ်မက်ဖြစ်ပွားရာ ဒေသများတွင် လူ့အခွင့်အရေး ချိုးဖေါက်ခံရသည့် ဒုက္ခသည်
များကို ကူညီပံ့ပိုးရန် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သျှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရ ပုဂ္ဂိုလ်
ဦးစိုင်းလိတ်က ပြောသည်။ (BBC 200811) Read More…

ပြည်သူနှင့်လူထုအခြေပြုအဖွဲ့အစည်းများ
မီဒီယာ

အစိုးရ သတင်းစာများတွင် နေ့စဉ်ဖော်ပြနေခဲ့သည့် ပြည်ပအသံလွှင့် သတင်းဌာနများဖြစ်ကြသော VOA, BBC, RFA, DVB
သတင်းဌာနများအပေါ် ပုတ်ခတ်ရေးသားသည့် ဆောင်ပုဒ်များကို သြဂုတ် ၁၆ ရက်နေ့ထုတ် သတင်းစာများတွင် စတင်ဖြုတ်လိုက်
ခြင်းသည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး သဘောထားအဖြစ် ရှုမြင်သည်ဟု သတင်းဂျာနယ် အယ်ဒီတာတစ်ဦးဖြစ်သည့်
စာရေးဆရာ မောင်ဝံသက ပြောသည်။ (VOA 160811) Read More..., RFA…

မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြနေခဲ့သည့် ပြင်ပသတင်း ဌာနများအပေါ် ပုပ်ခတ်ရေးသားထားသည့် ဆောင်ပုဒ် အား
သြဂုတ် ၁၆ ရက်နေ့က ဖြုတ်လိုက်ခြင်းသည် အစိုးရသစ်၏ အပြောင်းအလဲတစ်ရပ်ဖြစ်သော်လည်း အသွင်သဏ္ဍာန် အရ
ပြောင်းလဲမှု သာဖြစ်ကြောင်း ပြည်တွင်းပြည်ပ မြန်မာသတင်းသမားများက ဝေဖန်ပြောဆိုနေကြသည်။ (KIC 170811) Read
More...

မြန်မာနိုင်ငံအတွင်း

သတင်းစာလောက

ဖွံ့ဖြိုးတိုးတက်စေရေး

အထောက်အကူပြုရန်နှင့်

ထူးချွနသ
် ည့်သတင်းသမားများကို

ထိုက်ထိုက်တန်တန် အားပေးဂုဏ်ပြုနိုင်ရန်အတွက် National Press Award ခေါ် အမျိုးသားသတင်းဆုကော်မတီ တစ်ရပ်ကို
မြန်မာစာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာ ပုဂ္ဂလိကစာနယ်ဇင်းဆရာများက ဦးဆောင်စည်းဝေးပြီး သြဂုတ် ၁၈
ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။ (RFA 180811) Read More...
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း တပ်စခန်းချနေသည့် ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း SSA-N တပ်ရင်း ၂ ရင်းနှင့်
အစိုးရတပ်များအကြား လွန်ခဲ့သည့် သီတင်းပတ်ကုန်က တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိသည်ဟု
SSA-N ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ပြောသည်။ (Mizzima 150811) Read More…, S.H.A.N…

2011-=o*kwfv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 6-

NDD•

rSwfwrf;wifESifhokawoeXme
ကချင်ပြည်နယ် မိုးကောင်းဘက်မှ ဖားကန့်မြို့သို့ ကား ၂ စီးနှင့် ချီတက်လာသည့် စစ်သားများကို ကချင်လွတ်လပ်ရေး တပ်မတော်
KIA တပ်မဟာ ၂ လက်အောက်ခံတပ်ရင်း ၆ မှ တံတားညီနောင်ကျေးရွာအတွင်း ဩဂုတ် ၁၄ ရက်နေ့ နေ့လည် ၂ နာရီက
ချုံခိုတိုက်ခိုက်ခဲ့ရာ ညမိုးချုပ်သည့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (DVB 150811)
Read More...

သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ် မြေအတွင်း ဝင်ရောက်လှုပ်ရှားနေသည့် မြန်မာအစိုးရတပ် ခလရ ၁၄၃ အင်အား
၆၀ ခန့်နှင့် သျှမ်းပြည်တပ်မတော် ဗိုလ်ကြီးစိုင်းယုံ ဦးဆောင်သည့် အမှတ် ၇၆၉ တပ်ရင်းသည် သြဂုတ် ၁၄၊ ၁၅ ရက်နေ့တွင်
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်မှ ဒုတပ်ရင်းမှူး တစ်ဦးသေဆုံးသွားသည်ဟု သျှမ်းပြည်တပ်မတော် သတင်းရပ်
ကွက်က ပြောသည်။ (S.H.A.N 160811) Read More..., NMG…

တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ်အနီးရှိ မြန်မာအစိုးရ ဝန်ထမ်းပေါင်းစုံ စစ်ဆေးရေးဂိတ်အား သြဂုတ် ၁၅ ရက်နေ့ ညနေ ၅ နာရီ
ခန့်တွင် KIA နှင့် SSA ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းခဲ့ရာ တာဝန်ကျဝန်ထမ်းများ တရုတ်ဘက်ခြမ်းသို့ ထွက်ပြေးသွားကြောင်း
၎င်းလက်နက်ကိုင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (S.H.A.N 160811) Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပြီး
နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု သဘောထားထုတ်ပြန်ထားသော်လည်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာရန် မျှော်လင့်ချက်
နည်းသည်ဟု အတိုက်အခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြောဆိုလိုက်သည်။ (KIC 160811) Read More...

အစိုးရသစ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအား သောင်းကျန်းသူအဖြစ် တဖက်သတ် စွပ်စွဲပြော ဆိုနေမည့်
အစား အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်းတပ်ဖွဲ့
SSA-S က သြဂုတ် ၁၅ ရက်နေ့တွင် ကြေငြာချက် ထုတ်ပြန်လိုက်သည်။ (NMG 160811) Read More...

အစိုးရသစ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နှစ်ဘက် ပူးပေါင်းဆောင်ရွက်မည့် အလားအလာ ပေါ်ပေါက် နေသော်လည်း
ယင်းလုပ်ငန်းစဉ်မှ တိုင်းရင်းသားများအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးတို့အတွက် အကျိုးရလဒ် တစုံတရာ ရှိလာနိုင်သည့်
မျှော်လင့်ချက်မရှိကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။ (IMNA 170811) Read More...

အမျိုးသားရေးအတွက် ရှေးရှု၍ တော်လှန်ရေးကို ကူညီပံ့ပိုးကြရန် သြဂုတ် ၁၇ ရက်နေ့တွင် ကျရောက်သော ၆၃ နှစ်မြောက်
ကရင်နီပြည် တပ်မတော်နေ့တွင် ကရင်နီပြည်သူများအား ကရင်နီအမျိုးသား တိုးတက်ရေးပါတီ-KNPP အထွေထွေအတွင်းရေးမှူး
ခူဦးရယ်က တိုက်တွန်ပြောကြားလိုက်သည်။ (KIC 170811) Read More ...

ကရင်ပြည်နယ်အတွင်း အစိုးရတပ်၏ စစ်ရေးလှုပ်ရှားမှု ပိုမိုများပြားလာဖွယ်ရှိသဖြင့် ပြောက်ကျား စစ်ဆင်ရေးအတွက် ပြင်ဆင်ထား
ကြရန်လိုနေပြီဟု ကရင်လက်နက်ကိုင် အဖွဲ့များက ပြောသည်။ (Irrawaddy 170811) Read More...

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုများကို သောင်းကျန်းသူ၊ အကြမ်းဖက်
အဖွဲ့အစည်းများဟု သမ္မတ ဦးသိန်းစိန်၏ ပြောဆိုသုံးနှုန်းမှုကို ကန့်ကွက်ကြောင်း KIO က သြဂုတ် ၁၇ ရက်နေ့ တွင် ကြေညာချက်
ထုတ်ပြန်လိုက်သည်။ (RFA 170811) Read More...

ရှမ်းပြည်တပ်မတော် SSA (၀မ်းဟိုင်း) အဖွဲ့က လူစည်ကားရာ မန်စန့်ဈေးထဲသို့ ၄၀ မမ ဗုံး ၆ လုံးနှင့် အပြစ်မဲ့ပြည်သူများကို
ပစ်ခတ်ခဲ့ကြောင်း သြဂုတ် ၁၇ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာက စွပ်စွဲချက်သည် မဟုတ်မှန်ကြောင်း ဝမ့်ဟိုင်းအခြေစိုက် ရှမ်း
ပြည်တိုးတက်ရေးပါတီ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက ငြင်းဆိုလိုက်သည်။ (DVB 170811) Read More... (Mizzima 170811)
Read More...

အစိုးရသစ်၏

သြဂုတ်

၁၈

ရက်နေ့တွင်

ထုတ်ပြန်လိုက်သည့်

ငြိမ်းချမ်းရေးကမ်းလှမ်းချက်သည်

ယခင်စစ်အစိုးရခေတ်မှ

မူဝါဒအတိုင်း တိုင်းရင်းသားအဖွဲ့များကို တစ်ဖွဲ့ချင်းစီခွဲခြား ဆွေးနွေးမှုသာဖြစ်ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေး
ကို ဦးတည်နိုင်မှာ မဟုတ်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဒု-ဥက္ကဌ စောဒေးဗစ် သာကပေါက ပြောသည်။ (BBC 180811)
Read More...

တိုင်းရင်းသား လက်နက်ကိုင်များအရေးကို ပြည်နယ်အဆင့် အုပ်ချုပ်သူများဖြင့်သာ ဆွေးနွေးလိုခြင်းသည် နိုင်ငံရေး နည်းဖြင့်
ဖြေရှင်းရန် မလိုလားသည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်ဆိုင်းရေးကိုလည်း မလိုလားသည့် သဘောသက်
ရောက်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောကြားလိုက်သည်။ (Mizzima
180811) Read More..., KIC..., KNG…

မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၃၊ တပ်ရင်း ၁၅ သည် ကချင်ပြည်နယ် ဗန်းမော် ခရိုင်၊
ဝါ၀မ်ကွမ်ဘန်ရွာတွင် သြဂုတ်လ ၁၈ ရက် နံနက် ၇ နာရီနှင့် ၈ နာရီကြား အချိန်တို တိုက်ပွဲငယ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦး
ကပြောသည်။ (KNG 180811) Read More...

2011-=o*kwfv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 7-

NDD•

rSwfwrf;wifESifhokawoeXme
ပင်လုံစာချုပ်အတိုင်း ဆောင်ရွက်မှု မရှိပါက မြန်မာနိုင်ငံလူထု လူ့အခွင့်အရေးချိုးဖောက် ခံနေရသည့် ပြဿနာကို ဖြေရှင်း နိုင်မည်
မဟုတ်ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြည်ပ ဆက်ဆံရေးဌာနမှ စိုင်းရှဲန်ဝမ်းက အစီရင်ခံစာတစ်
စောင် ထုတ်ပြန်လိုက်သည်။ (S.H.A.N 180811) Read More...

သမ္မတ ဦးသိန်းစိန်သည် တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ချင်းအလိုက် ပြည်နယ်အစိုးရများနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး
ရန် ဖိတ်ခေါ်လိုက်ခြင်းသည် တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှုကို ဖြိုခွဲရန် ကြံစည်ခြင်းသာဖြစ်ကြောင်း ကရင်အမျိုးသား
အစည်းအရုံး ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက ပြောသည်။ (Mizzima 190811) Read More..., IMNA…

သြဂုတ် ၁၈ ရက်နေ့က မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊
ဝါဝမ်ကွမ်ဘန် တွင်ဖြစ်သောတိုက်ပွဲတွင် အစိုးရစစ်သား ၇ ဦးကျပြီး KIA စစ်သားတစ်ဦး ဒဏ်ရာရရှိကြောင်း KIA အရာရှိများက
ပြောသည်။ (KNG 190811) Read More...

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရန်နှင့် နှစ်ဖက်ငြိမ်းချမ်းရေး တည်ဆောက်ကြရန် ဒေသတွင်းပြည်
သူများထံမှ နိုင်ငံတော် သမ္မတနှင့် KIO အဖွဲ့ထံ လိပ်မူပေးပို့သည့်စာများသည် အစိုးရကတမင် ဖန်တီး လုပ်ဆောင်နေခြင်းသာ
ဖြစ်သည်ဟု အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။ (NMG 190811) Read More...

အစိုးရကို ဆန့်ကျင်နေသည့် မည်သည့်လက်နက်ကိုင်အဖွဲ့မဆို ငြိမ်းချမ်းရေး ရယူလိုသည့် ဆန္ဒရှိပါက သက်ဆိုင်ရာ ပြည်နယ်
အစိုးရနှင့် ဆွေးနွေးနိုင်သည်” ဆိုသည့် သမ္မတ ဦးသိန်းစိန်၏ သြဂုတ် ၁၇ ရက်နေ့ ပြောကြားချက်သည် တရားဝင် လုပ်ထုံး
လုပ်နည်းများနှင့် မကိုက်ညီသည့်အတွက် အသိအမှတ် မပြုနိုင်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်း
ရေးမှူး ၁ ခူဦးရယ်က ပြောသည်။ (KT 190811) Read More...

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ဝါဝမ်ကျေးရွာအနီး ၁၃ မိုင်၌ ဗန်းမော်-မြစ်ကြီးနား ကားလမ်း လုံခြုံရေးယူ
ထားသော မပခ လက်အောက်ခံ ခလရ ၄၇ မှ တပ်ဖွဲ့တစ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ သြဂုတ် ၁၇ ရက်နေ့ နံနက် ၇ နာရီက ပစ်ခတ်မှု
ဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက်မှ ၂ ဦးကျဆုံးသွားသည်ဟု ဒေသခံ ကားသမားတစ်ဦးက ပြောသည်။ (S.H.A.N 190811) Read
More...

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ALP ဗဟိုဌာနချုပ်အား မြန်မာစစ်တပ်မှ ၀င်ရောက် တိုက်ခိုက်ခဲ့သည် ဆိုသော သတင်းသည်
မဟုတ်မမှန်ကြောင်း ALP တွဲဘက် အတွင်းရေးမှူး (၂) ခိုင်သုခက ပြောသည်။ (Narinjara 200811) Read More...

မြန်မာအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်သည့်အပေါ် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC နှင့်
နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ကြောင်း UNFC အထွေထွေအတွင်းရေးမှူး
နိုင်ဟံသာက ပြောသည်။ (BBC 200811) Read More…

အတိုက်အခံအင်အားစုများ (ပြည်ပ)

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူသားထု တရပ်လုံးအပေါ် ကျူးလွနသ
် ည့် ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ်မှုများကို ကုလသမဂ္ဂ
စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ ဖွဲ့စည်းစစ်ဆေးနိုင်ရေးကို Forum of Burmese in Europe ခေါ် ဥရောပရောက် မြန်မာ
များအဖွဲ့က ထောက်ခံလိုက်ကြောင်း FBE အဖွဲ့ဝင် ဂျာမနီနိုင်ငံမှ ကိုယ်စားလှယ် ဦးနွယ်အောင်က ပြောသည်။ (RFA 150811)
Read More...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ်တွင် ကူညီပေးခဲ့သည့် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များကို
မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUB က ကျေးဇူးတင်ကြောင်း သြဂုတ် ၁၆ ရက်နေ့တွင် ကြေညာချက်တစ်စောင်
ထုတ်ပြန်လိုက်သည်။ (RFA 160811) Read More...

သမ္မတ ဦးသိန်းစိန် ကြေညာသွားသည့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ
အားလုံးကို ပြန်လာခွင့်ပြုလိုက်ခြင်းအပေါ် မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစု (FDB)

အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ

နိုင်အောင်က ပြည်ပရောက် အတိုက်အခံ လှုပ်ရှားသူများအနေဖြင့် လွတ်လပ်သည့် နိုင်ငံရေး နောက်ခံ၊ အခင်းအကျင်းနှင့်
လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားခွင့်ရှိရန် လိုအပ်သည်ဟု ပြောသည်။ (VOA 170811) Read More...

သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် မြန်မာနိုင်ငံသာများ ပြန်လာရန် ပြောဆိုမှုနှင့်ပတ်သက်ပြီး အဝေးရောက် အမျိုးသား
ညွန့ေ
် ပါင်းအစိုးရအဖွဲ့ NUGUB မှ နိုင်ငံခြားရေး ဝန်ကြီး ဦးဘိုလှတင့်က လက်တွေ့၌ ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ဦးစွာ
လွှတ်ပေးရန်နှင့် အစိုးရနှင့် နိုင်ငံရေးအယူအဆမတူကြသည့် ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူများကို ရာဇ၀တ်မှု ကျူးလွန်သူ
များအဖြစ် မသတ်မှတ်ရန်လိုသည်ဟုပြောဆိုလိုက်သည်။ (BBC 170811) Read More...

2011-=o*kwfv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 8-

NDD•

rSwfwrf;wifESifhokawoeXme
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ သြဂုတ် ၁၉ ရက်နေ့ တွေ့ဆုံပွဲသည် စစ်မှန်
သည့် တွေ့ဆုံဆွေးနွေးပွဲအတွက် စတင်သည့်အဆင့်ဖြစ်ရန် မမျှော်မှန်းသေးကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက်
ညွန့ေ
် ပါင်းအစိုးရမှ ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်းက ပြောသည်။ (BBC 200811) Read More...

နိုင်ငံတကာ
(က) ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်သည်

နေအိမ်အကျယ်ချုပ်မှ

လွတ်မြောက်လာပြီးနောက်

ပထမဆုံး

နိုင်ငံရေး ခရီစဉ်းဖြစ်သည့် ပဲခူးခရီးစဉ်သည် လွတ်လပ်စွာ သွားခွင့်ရခဲ့သော ခရီးစဉ်ဖြစ်ပြီး အောင်မြင်မှု ရလဒ်ကို ကုလသမဂ္ဂ UN
အနေဖြင့် ကြိုဆိုလိုက်ကြောင်း UN အတွင်းရေးမှုးချုပ်ရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဖါရင်ဟတ်မှ သြဂုတ် ၁၄ ရက်နေ့က ပြောကြားလိုက်
သည်။ (RFA 150811) Read More...

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက မြန်မာနိုင်ငံကို သြဂုတ်လ တတိယ
ပတ်အတွင်း သွားရောက်ရန် ဗီဇာရရှိထားပြီဖြစ်ကြောင်းနှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆရ
ုံ န်
ရည်ရွယ်ထားကြောင်း သြဂုတ် ၁၅ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်သည်။ (RFA 150811) Read More...

အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာအစိုးရမှ နျူကလီးယားလက်နက်များ လျှို့ဝှက်ထုတ်လုပ်ရန် ဆောင်ရွက်နေသည်ဟု မယုံကြည်
ကြောင်းနှင့် အထောက်အထားတစ်စုံတစ်ရာလည်း မရှိကြောင်း အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဆူ ရင်ပစ် ဆူဝမ်
က ဇူလိုင်လ ၂၀ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ပြောကြားခဲ့သည်။ (Myanmar Times Vol.27, No.531 12-180811)
Read More...

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး မစ္စတာ သောမတ်အိုဟေး ကင်တားနား သည်
သြဂုတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နှင့်လည်း
တွေ့ဆုံမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောသည်။ (Irrawaddy 170811) Read More...

သမ္မတ ဦးသိန်းစိန်မှ ပြည်ပရောက်မြန်မာများ ပြည်တော်ပြန်ရေး ကမ်းလှမ်းခဲ့သော်လည်း မြန်မာနိုင်ငံမှ ထွက်ခွာလာကာ ဒုက္ခသည်
အဖြစ် လျှောက်ထားလာသူများကို လက်ခံနေဦးမည်ဟု အိန္ဒိယအခြေစိုက် ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး UNHCR ၏
Chief of Mission ဖြစ်သူ မစ္စစ် Montserrat Feixas Vihe က ပြောသည်။ (Mizzima 190811) Read More...

မြန်မာနိုင်ငံသို့ သြဂုတ် ၂၁ ရက်နေ့တွင် လာရောက်မည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်
မစ္စတာ ကင်တားနားက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအပါအ၀င် မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် လာမည့်သီတင်းပတ်အတွင်း တွေ့ဆုံရန်ရှိကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း
က သြဂုတ် ၁၉ ရက်နေ့တွင် အတည်ပြုပြောကြားလိုက်သည်။ (RFA 190811) Read More...

(ခ) အစိုးရ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်၏

ပဲခူးနှင့်သနပ်ပင်မြို့တို့သို့

နိုင်ငံရေးခရီးစဉ်အဖြစ်သွားရောက်ခဲ့ပြီး

ထောက်ခံသမ
ျူားနှင့် တွေ့ဆုံစကားပြောရန် မြန်မာအစိုးရမှ ခွင့်ပြုလိုက်သည့်အပေါ် အမေရိကန်နိုင်ငံက ကြိုဆိုလိုက်ကြောင်း
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဗစ်တိုးရီးယား နူလန် (Victoria Nuland) က သြဂုတ် ၁၅ ရက်နေ့တွင်
ပြောဆိုလိုက်သည်။ (VOA 150811) Read More...

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက

မြန်မာအစိုးရသစ်၏

ထင်သာမြင်သာရှိသော

တိုးတက်ပြောင်းလဲမှုများ

လုပ်ဆောင်ပြ

လာစေရန် မူဝါဒအရ စောင့်ကြည့်နေပါကြောင်း အမေရိကန်အထက် လွှတ်တော်အမတ် နိုင်ငံခြားရေးရာကော်မတီ၊ အရှေ့အာရှ
နှင့် ပစိဖိတ်ရေးရာ ကော်မတီဥက္ကဌ Mr. Jim Webb က သြဂုတ်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သတင်းစာ
ရှင်းလင်းပွဲတစ်ခု၌ ပြောဆိုလိုက်သည်။ (RFA 150811) Read More...

မြန်မာနိုင်ငံမှ ဖြစ်ပေါ်တိုးတက်မှုများသည် စိတ်အားတက်စရာများဖြစ်သော်လည်း လက်တွေ့လုပ်ရပ်များနှင့်သာ ဆုံးဖြတ်မည်ဖြစ်
ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူလန်းဒ် (Victoria Nuland) က သြဂုတ် ၁၇
ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာ၏ ပုံမှန်လုပ်နေကျ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။ (VOA 170811) Read More...

2011-=o*kwfv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 9-

NDD•

rSwfwrf;wifESifhokawoeXme
မြန်မာနိုင်ငံကို ရောက်ရှိလာသည့် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဂျွန်ကယ်ရီ၏ အကြံပေး
မစ္စတာ အက်ဒ်မန်က သံရုံးတာဝန်ခံ ၂ ဦးနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့်
သြဂုတ် ၁၇ ရက်နေ့ တွေ့ဆုံမှုတွင် အဖွဲ့ချုပ်၏ ဆက်လက်ရပ်တည်နေမှုနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ်အကြောင်း
များကို မေးမြန်းခဲ့သည်ဟု အဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။ (VOA 170811) Read More..., BBC…

(ဂ) အစိုးရမဟုတ်သော အဖွဲ့အစည်းများ

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် စက်တင်ဘာလက ပဲခူးမြို့တွင် ဗုံးပေါက်ကွဲခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရသူ အရပ်
သား (၁၁) ဦးလုံးသည် မတရားထိန်းသိမ်း ခံရခြင်းဖြစ်ကြောင်းနှင့် အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ စစ်ဆေးချက် များ၌လည်း
လုပ်ထုံးလုပ်နည်းနှင့်အညီမတွေ့ရဟု ယင်းအမှုကို လေ့လာစောင့်ကြည့်နေသည့် ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး
ကော်မရှင် AHRC က သြဂုတ် ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ (RFA 190811) Read More...

End of report/ Saturday, August 20, 2011

'Drdkua&pDESifhzGH‹òzd;wdk;wufa&;tiftm;pk/ rSwfwrf;wifESifhokawoeXmerS xkwfa0jzef‹csdonf?
Documentation and Research Department (NDD)

2011-=o*kwfv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 10-

Sign up to vote on this title
UsefulNot useful