ကဗျာကဏ္ဍ

တကယ်တန်ဖိုးရှိတဲ့လူ

မင်းသုည

ဘ၀တစ်ဆစ်ချိုးရဲ့ နိဒါန်း

မင်းဝေ

လွတ်မြောက်မှုဆီသို့

Sky Blue (ခေတ္တလူ့ပြည်)

လွတ်လပ်တဲ့ငါ

နေစကြာနိုင်

စိတ်မပျက်နဲ့

ရွှေညာမောင်

သတိ . . . သူတို့ညာနေသည်

ကိုကျော် (စိတ်ကူးသစ်)

သမိုင်းရဲ့သွေးသက်သေ

LC မင်းဥက္ကာ

မင်းနဲ့ငါနဲ့

သော်တာလွင်

ဟိုတစ်နေ့က နာဂစ်ဆီသို

ဆွေ(ကွမ်းခြံကုန်း)

ဒွိဟ၏တစ်ဖန်

ဉာဏ်ဝင်းအောင်

အလှဆင်ဖို

ကိုသက်(အညာမြေ)

နားခိုရာ

ပိုင်(ကျောက်တန်း)

လှောင်ချိုင့် ငှက်ငယ်

ဖြိုးမင်းခက်

ဆောင်းပါးကဏ္ဍ
ကြောက်စိတ်ကိုဖယ်ရှား၍လွတ်လပ်သောနိုင်ငံဆီသို့

မောင်မင်း

အညံ့ခံကာ နေကြတော့မှာလား အပိုင်း(၂)

မင်းသုည

ဂျင်းရှပ်နှင့်ပေါင်းစပ်ကြည့်ခြင်း

မင်းတိက္ခ

စူးမှစိုက်

နေစကြာနိုင်

ကမ္ဘာ့လူဦးရေနေ့နှင့် သန်း ၇ ထောင် ပြဿနာ

မောက္ခ နိုင်ငံတကာသတင်း

မေမေ့ကိုပေးပေးပါ

ဒိုလေး

အမှာစာ
“အဖြူရောင်လွင်ပြင်မှ အမှတ်တရစာစုများ” စာအုပ်ထုတ်ဝေရခြင်း၏ရည်ရွယ်ချက်မှာ ကလောင်သစ်များ
များများ မွေးထုတ်နိုင်ရေးဖြစ်သည်။ စာရေးသူငယ်ငယ်က မိမိရေးသားသည့် စာမူများကိုပို့ချင်သည် ဘယ်ကို
ပို့ရမှန်းမသိခဲ့။

မိမိရေးထားသည့်

စာရေးသူတို့မြို့မှာ

“မြို့နယ်မဂ္ဂဇင်းထွက်မည်၊

စာမူကိုပို့ကြည့်ခဲ့ဘူးသည်။

ဒါပေမဲ့

စာမူပို့နိုင်ပါသည်”ဟု

အရွေးမခံရ၊

တွေ့ရသည့်အတွက်

အပါယ်ခံခဲ့ရပါသည်။

မိမိကဗျာတွေ၊

ဆောင်းပါးတွေရေးခဲ့သည်။ ဘယ်နေရာမှ လက်လှမ်းမမှီသဖြင့် ဘယ်ကိုမှ မပို့ဖြစ်ခဲ့ပါ။ ဒီလိုနဲ့ အချိန်တွေများစွာ
ကြာခဲ့ရပါသည်။ ယောင်ချာချာဖြစ်ခဲ့ရ၍ စာရေးသူစဉ်းစားမိသည် မိမိလို စာတွေရေးချင်သည့် ကလောင်သစ်တွေ
မိမိလို

ယောင်ချာချာမဖြစ်ရအောင်

ကလောင်သစ်တွေ

မွေးဖွားရာ

စာစုလေးတစ်ခု

ထုတ်ဝေပေးနိုင်ရင်

ကောင်းမည်ဟု အိပ်မက်တွေမက်ခဲ့သည်။ မိမိမက်ခဲ့သည့် အိပ်မက်တွေကို အကောင်အထည်ဖော်သောအားဖြင့်
ပြည်တွင်းမှာနေစဉ် “အဖြူရောင်လွင်ပြင်မှ အမှတ်တရစာစုများ” စာစဉ်ကို ထုတ်ေ ၀ပေးနိုင်ခဲ့ပါသည်။

ထိုတာဝန်ကို
စာအုပ်ကို

ဆက်လက်ထမ်းဆောင်သောအားဖြင့်

ထုတ်ဝေရခြင်းဖြစ်ပါသည်။

ရှိနေပါမည်။

ထိုမိတ်ဆွေများကို

မိမိဝန်းကျင်တွင်

“အဖြူရောင်လွင်ပြင်မှ

မိမိတို့

မိမိကလောင်စွမ်းရည်များ

အမှတ်တရစာစုများ”

ကလောင်သွေးချင်ကြသော
မွေးဖွားလိုပါက

မိတ်တွေများ

“အဖြူရောင်လွင်ပြင်မှ

အမှတ်တရစာစုများ” စာစဉ်တွင် မွေးဖွားနိုင်ရေးကို တိုက်တွန်းပြောကြားပေးကြပါဟု ဆန္ဒပြုရင်း . . . .။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

*တကယ်တန်ဖိုးရှိတဲ့လ*

ပခုံးနှစ်ဖက်ကြားခေါင်းပေါက်ကာမျှလူ
မေထုန်မှီအိပ်စား
ပျော်ပါးကာနေတဲ့လူ--ကိုယ်အသက်ကိုမငဲ့ကွက်
တိုင်းပြည်အတွက်ပေးဆပ်ရဲတဲ့လူ--သင်ဟာဘယ်လိုလူလဲ?
ရရစားစားမောက်ကြွားကြွားနဲ့

ပေတေတေဂျလေလိုက်တဲ့လူ--ဘယ်သူသေသေငတေမာပြီးရော
ထင်ရာပြောပြီး
တိုင်းပြည်ဘဏ္ဍာထုတ်ယူခိုးသွား
ဝါးမျိုစားတဲ့လူ--လူချင်းတူပေမဲ့ တန်ဖိုးချင်းမတူတဲ့လူ--တိုင်းပြည်တော့နစ်မွန်းမခံ
ဒို့တွန်းလှန်မယ်ဆိုပြီး
အသက်ကိုပေးဆပ် ဘဝကိုတိုင်းပြည်အပ်
ကိုယ်ကျိုးမဖက်တဲ့လူ

လူတော့လူ သင်ဘယ်လိုလူလဲ?
ကိုယ့်ကိုကိုယ်သေချာစွာမေး
ငါဟာ ငါ့အတွက်တန်ဖိုးမဲ့တဲ့လူ
ငါဟာ ငါ့အတွက်တန်ဖိုးရှိတဲ့လူ

ငါဟာ ငါ့မိသားစုအတွက်တန်ဖိုးမဲ့တဲ့လူ
ငါဟာ ငါ့မိသားစုအတွက်တန်ဖိုးရှိတဲ့လူ
ငါဟာ ငါ့မြို့ ရွာအတွက်တန်ဖိုးမဲ့တဲ့လူ
ငါဟာ ငါ့မြို့ ရွာအတွက်တန်ဖိုးရှိတဲ့လူ
ငါဟာ ငါ့နိုင်ငံအတွက်တန်ဖိုးမဲ့တဲ့လူ

ငါဟာ ငါ့နိုင်ငံအတွက်တန်ဖိုးရှိတဲ့လူ
ဒါပေမဲ့လူတော့ လူ
ငါဟာ ဘယ်လိုလူလဲ

တကယ်တန်ဖိုးမဲ့တဲ့ လူ
တကယ်တန်ဖိုးရှိတဲ့ လူ
လူတော့လူဘယ်လိုလူလဲ?
ရဲရဲသာဖြေ----မလိမ်တန်းဖြေ-----

မညာတန်းဖြေ-----တွေဝေမနေနဲ့ ---ငါလိုချင်တဲ့အဖြေ မူ
လရေးနှစ်ချောင်းငင်လူ

တကယ်တန်ဖိုးရှိတဲ့လူ--------တိုင်းပြည်အတွက်အသက်ကိုပေးဆပ်၊ဘဝကိုတိုင်းပြည်အပ်၊
ထက်မြတ်တဲ့တန်ဖိုးရှိတဲ့လူများပေါ်ပေါက်နိုင်ကြပါစေ။
မင်းသုည (ကွမ်းခြံကုန်း)

*ဘ၀တစ်ဆစ်ချိုးရဲ့ နိဒါန်း*
ကောင်းကင်ပြာအောက်က လူတစ်စု
ကောင်းမှုကိုပြုကြလော့ ….။
ဖြစ်နေပျက်နေတတ်တဲ့ လောကဓမ္မတာတွေကို
သောကမာယာတွေနဲ့ အလှဆင်နေကြသလား….?
အလှမက်လို့ ညဘက်မှာ လထွက်ရန်ဝေးစွ….။
မြူမှုံအသိ လူအကုန်မရှိရလေအောင်
ကြိုးစားရင်း …..
ဘ၀တစ်ဆစ်ချိုးရဲ့ နိဒါန်းမှာ လောကဓမ္မတာတေးကို စိန်ခေါ်လို့
ချာတာတာ လောကဓမ္မတာ နှာဖားကြိုးကို
ဘ၀တစ်ဆစ်ချိုးရဲ့ နိဒါန်းမှာ တယောထိုးရင်း
Intro ၀င်မယ် ….။

မင်းဝေ
*လွတ်မြောက်မှုဆီသ*
ို့
မမျှော်လင့်ဘဲ ဆုံဆည်းတာ
မိတ်ဆွေကောင်းမှာပါ။
အနယ်နယ် အရပ်ရပ် ရောက်လာတာ
သွေးစည်းတို့ဗမာ။
န.အ.ဖကို

ဆန့်ကျင်ရေး

ငါတို့လာစုဝေး။
သူကိုယ်ကောင်းဆန်တဲ့ သူတို့စိတ်ဟာ
တို့ပြည်သူတွေ ဒုက္ခရောက်စေတာ
ဒီမိုကရေစီ မျှော်ကိုးရင်း
ပညာသင်ကြားရင်း။
ပညာစုံတဲ့ တစ်နေ့မှာ တို့တစ်တွေ
သပိတ်မှောက်မှာ။
စည်းလုံးမှုကိုအရင်းပြု
ဗိုလ်ချုပ်အောင်းဆန်းကို တို့အလေးပြု။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်ဟာ
ပြည်သူချစ်တဲ့ အမေစုပါ။
မြန်မာပြည်သူ လွတ်မြောက်ရေး
မေစု ကြိုးပမ်းပေး။
Sky Blue (ခေတ္တလူ့ပြည်)

‘လွတ်လပ်တဲ့ ငါ’
ငါ့ဘဝကို သူများဘောင်နဲ့ ခတ်မထားဘူး…….။
ငါ့အလှကို တုပမှုနဲ့ အရောင်မခြယ်ဘူး…….။
ငါ့စကားကို အများအကြိုက်နဲ့ ရောမလိုက်ဘူး…….။
ငါ့ဆန္ဒကို အကြောက်တရားနဲ့ မဖိနှိပ်ဘူး…….။
ငါ့ အကြားကို ၀ါဒမှိုင်းနဲ့ပိတ်မထားဘူး……..။

ငါ့စာကို သူ့အာဏာနဲ့ အဆိပ်မခတ်ဘူး…….။

ငါ့မွေးရာပါ အခွင့်အရေး………….
ဘယ်သူ မပေးပေး ငါ့အတွေးနဲ့
လောကကောင်းကျိုး နိုင်ငံအကျိုးကို
နိုင်ရာဝင်၍ထမ်း လွတ်လပ်စွာ………
ပျံသန်းလျှက်ပါ…..။
အပ္ပမာဒေါ အမတံ ပဒံ
နေစကြာနိုင်
၎.၇.၂၀၁၁
*** လွတ်လပ်စွာတွေး၍ ဘဝကိုစတေးကာ လွတ်လပ်မှုကို ပေးသွားသော ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့်

အာဇာနည်ပုဂ္ဂိုလ်ကြီးများကို ဤစာဖြင့် ဂါရဝပြုပါ၏။ အားလုံးလွတ်လပ်မှုကို တကယ်မြတ်နိုးနိုင်ကြပါစေ။
လွတ်လပ်မှုအတွတ် ကြိုးစားနိုင်ကြပါစေ။***

* စိတ်မပျက်န*
ဲ့
မပြောင်သေးခင်
ကလေးကလှောင်
ခွေးကဟောင်
ဟေ့ကောင် . . . ဒီအတွက်
စိတ်မပျက်နဲ့

မင်းလုပ်စရာရှိတာဆက်သာလုပ်။
ရွှေညာမောင်
*သတိ . . . သူတို့ညာနေသည်*
အို …ပြည်သူအပေါင်းတို့
ကျွန်ုပ်တို့ရဲ့ မြန်မာနိုင်ငံ စစ်ကျွန်ဖြစ်တော့မခံ
လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့
ဒီမိုကရေစီ အတွက် အသက်တွေပေးဆပ်
တိုက်ပွဲဝင်နေကြသည်မှာ

ယနေ့တိုင်ပင် မဟုတ်ပါလား။
စစ်အာဏာရှင် ပျောက်ပျက်ဖို့အရေး
ဒို့အရေးလို့ ဟစ်အော်ကာ
ရှစ်လေးလုံးမှာ တစ်ခေတ်သုံးကာ
သက်သေပြခဲ့ပြီပေါ့။

ဒါ့ကြောင့် ကိုးဆယ်ရွေးကောက်ပွဲကို
မလိုတမာအာဏာသုံးပြီး
သူတို့က တစ်မျိုးပယ်ခဲ့တာဗျ

ညီလာခံမှာ ပလီပလာဉာဏ်နဲ့
ညောင်နှစ်ပင်မှာလည်း မအောင်မြင်ပါဘူး။
ဒီလိုနဲ့ လနိုဝင်ဘာရောက်တော့

နှစ်ထောင့်တစ်ဆယ်မှာ မောက်မာန်ကာပြ
ခွေးကောက်ပွဲကို ရွေးကောက်ပွဲလို့ ပြောလို့ပြော
ပလီပလာစကားနဲ့ ပြည်သူများကိုညာ
အင်း….သတိထားကြ နွားအဖွဲ့ ညာနေသည်။
ကိုကျော် (စိတ်ကူးသစ်)

*သမိုင်းရဲ့သွေးသက်သေ*
သမိုင်းအစဉ် အဆက်ဆက်
အသက်သွေးချွေးတွေနဲ့ ရင်းခဲ့ရတဲ့
ဒိဘ
ို့းဘွားတွေရဲ့မြေ
ဒို့ပြည်ထောင်စု မြေပေါ်

အသိဉာဏ်မဲ့ စစ်မိစ္ဆာတွေကြောင့်
အပြစ်မဲ့ ဒို့ဘိုးဘွားတွေရဲ့ သွေးတွေ
ဒိ့ေ
ု မြပေါ် အကြိမ်ကြိမ် စွန့်ခဲ့ရပြီးပြီ။
ကမ္ဘာက ချီးမွမ်းလောက်တဲ့ သတ္တိခဲတို့

မျိုးချစ်အာဇာနည်တို့ သွေးချွေးတွေနဲ့ ရင်းခဲ့တဲ့မြေ
ဒို့မျိုးချစ်အာဇာနည်တို့ရဲ့မြေ
ဒို့ပြည်ထောင်စု မြေပေါ်
အဓိပ္ပါယ်မဲ့ အာဏာရူးတွေကြောင့်

ဒို့အနာဂတ် ခေါင်းဆောင်တွေရဲ့ သွေးတွေ
ဒို့မြေပေါ် အကြိမ်ကြိမ် စွန်းခဲ့ရပြီးပြီ။
မျိုးဆက်သစ် (၈၈)ကျောင်းသားခေါင်းဆောင်တွေ
မခံမရမ်နိုင် အနာဂတ်ကို ရှေးရှု့လို့
မိဘရဲ့အရိပ်အောက် ပညာတွေစွန့်ခွာလို့
ငြိမ်းချမ်းရေး သပိတ်ပွဲကြီးရဲ့ လက်ကိုင်ဒုတ်အောက်
အပြစ်မဲ့ အနာဂတ်ခေါင်းဆောင်တွေရဲ့ သွေးတွေ
ဒြို့ ပည်ထောင်စု မြေပေါ်
အကြိမ်ကြိမ်စွန်းခဲ့ရပြီးပြီ။

ဘုရားသားတော် သံဃာတော်တွေ
ပြည်သူလူထု အငတ်ဘေး ဖေးပလို့ကြံဆောင်
ဒုက္ခပေါင်းစုံနဲ့ အမျှဝေ ရှိခိုးတာတောင်

မိဆ္ဆကောင်တွေ စစ်ခွေးတွေရဲ့ လက်ကိုင်း ဒုတ်အောက်
ဒို့သံဃာတော်တွေရဲ့ သွေးတွေ
ဒြို့ ပည်ထောင်စု မြေပေါ်
အပြစ်ကင်းစွာ စွန်းခဲ့ရပြီးပြီ။
ပြည်ထောင်စုရဲ့ တိုင်းရင်းသားညီအကိုတွေ
တောတောင်မရှောင် လျှိုမြောင်မထား
အဓမ္မစစ်ခွေးကောင်တွေ အကြိမ်ကြိမ်သွေးခွဲ
အိမ်ကြက်ချင်း အိုးမဲတိုက်ခဲ့

မတရားစစ်ဆင်နွှဲ အဓမ္မစစ်စော်ကားမှုတွေကြောင့်
မိဘမဲ့သားသမီးတွေနဲ့ အမျိုးသမီးတွေ
အပြစ်မဲ့ တောသူတောင်သား ပြည်သူတို.ရဲ.အော်သံတွေ
ဒို့ပြည်ထောင်စု တဝှမ်းလုံး နားမဆန့်အောင်ကြားခဲ့ရပြီးပြီ။
ဟေ့..... တို့တိုင်းရင်းသားညီနောင်ပွားတို့
အရေးကြီးရင် သွေးနီးကြလို့
ဒိ့အ
ု နာဂတ်ကို ဒို့ကိုယ်တိုင်ပြင်ဆင်ကြစို့
ပြေးလေလိုက်လေဆိုတာ ခွေးသဘာဝမို့
ဒိ့တ
ု တွေ ဒီစစ်ခွေးတွေကို ရဲရဲရင့်ရင့်ကြံ့ကြံ့ခိုင်ခိုင်
ပြည်သူရဲ့ စည်းလုံးမှု ဒုတ်ကြီးကြီးနဲ့နောက်ထပ် ဒို့မြေသွေးမစွန်းရအောင်
အပြီးသပ်ချေမှုန်းကြစို့လား။
LC မင်းဥက္ကာ
*မင်းနဲင
့ါနဲ့*
မင်းနဲ့ငါ ပုခုံးဖက်ပေါင်းခဲ့
နှစ်တွေ အများကြီး တွဲခဲ့
ဒို့အတူ သွားခဲ့ စားခဲ့ နေခဲ့
ငတ်တလှည့် ပျက်တလှည့်
ဟော ........ဗြုန်းဆို
မင်းပြောင်းလဲခဲ့
နှင်းရည်ဆမ်းတဲ့အိပ်မက်ကို မက်မောခဲ့တဲ့ မင်း
အခုတော့
သွေးရည်ဆမ်းတဲ့အိပ်မက်နောက် လိုက်သွားခဲ့ပေါ့
အာဏာနဲ့သွေး ပေါင်းစပ်လိုက်တော့
မင်းဘ၀ ပြည့်စုံခဲ့ေ ပါ့
မင်းနဲ့ငါ အတူနေခဲ့တာတွေကို ထောက်ထား

ငါ့ကိုတချက်လှည့်ကြည့်လိုက်စမ်းပါ
ငါတို့မှာ စားစရာ ရှားပါးနေပြီ
ငါတို့မှာ ၀တ်စရာ ရှားပါးနေပြီ
ငါတို့မှာ နေစရာ မဲ့နေပြီ

ငါတို့ ကျောင်းမသွားနိုင်တော့ဘူး
ငါတို့ အခွင့်အရေးတွေ ဘယ်မှာမှ ရှာမရတော့ဘူး
ဒါတွေ အားလုံး မင်းကြောင့် မင်းကြောင့်
ဒါပေမဲ့ မင်းကတော့ အပြုံးမပျက်
မင်း တခုတော့ သိထားပါ

အချိုးခံထားရတဲ့တောင်ပံတွေနဲ့ ပျံသန်းပြီး ငါတို့မင်းကိုအနိုင်ယူပြမယ်
မင်းကို ငါတို့ ကမ္ဘာမကျေဘူးဟေ့။
သော်တာလွင်

*ဟိုတစ်နေ့က နာဂစ်ဆီသ*
ို့
၂၀၀၈ ဟိုတစ်နေ့က
ကျွန်တော်တို့ ဒေသတလွှား
ထူးထူးခြားခြား
ဘာဖြစ်ခဲ့ေ သးလဲလို့
မေးမေး မမေးမေး
ဖြေချင်ပြောချင်သူပါ။
လူ၊တိရစ္ဆာန်၊အဆောက်အဦ၊သစ်ပင်တွေကို
ရောသမ မွှေသွားတာ
နာဂစ် ဆိုက်ကလုံးမုန်တိုင်းပေပဲ။
တစ်နာရီလျှင် မိုင်၁၃၀နှုန်းတဲ့။
ဒါကြောင့်ပါပဲ
အိမ်တွေကို
သူ့လက်ဖနောင့်ကြီးတွေနဲ့
ဆောင့်ဆောင့်ပြီးတွန်းတော့
တောင့်တဲ့အိမ်ကတော့
အောင့်ခံတယ်
မတောင့်တဲ့ ကျွန်တော်တို့အိမ်စု

တစစီလွင့်
အစ ဘယ်ရှာရ မပ။
ဟ…ဟိုမှာကြည့်ပါဦး
အိမ်ရှေ့အိမ်ပြိုပြီ
အနားကအိမ်တွေ ဘယ်မတုန်း
တို့အိမ်ကော ဘာထူးတုန်း
ပြေးကြရအောင်
ဘယ်ပြေးမလဲ
အားကိုးစရာက ဘုန်းကြီးကျောင်း
ကောင်းပြီ။
ဘုန်းကြီးကျောင်းဆီကို…။
အလို…မုဒ်ဦးဘယ်နားမှာပါလိမ့်။
ပိတ်နေတဲ့ အပင်ကြီးတွေ
ကာနေတဲ့ အကိုင်းကြီးတွေ
”အမေရေ…ဒီဘက်ကလာ”
”ဝေ…ငါ့သားဘယ်မှာလဲ”
”ဗျာ..သားဒီမှာပါ”
ခေါ်သံထူးသံတွေက တညံညံ
သန်းခေါင် ကျော်လောက်တော့ရှိမယ်
တွယ်ကပ်စရာ ကျောင်းဝန်းထဲအရောက်
”ဝေါ … ဝေါ”
ဟော … ဘာသံပါလိမ့်
”ရေတွေ တက်လာပြီ”တဲ့
ခုမှသိတယ်၊ ဟုတ်ပေသားပဲ
ဒူးလောက်ထိရေတွေ
အမြန်ပင်ကျောင်းမပေါ်အရောက်သွား
ကံသီပေလို့
ကံမသီတဲ့ လူအများ
ကံစီမံရာဘဲ…။
သက်ကြီးအို၊ မိန်းမသားနှင့်ကလေး
အင်မတန် သနားစရာပေပ။
ကူးရင်း၊ခတ်ရင်း၊ တွယ်ရင်း၊ ကပ်ရင်း
သေလေကြသည် အတုံးအရုံးပဲ။
ဒါတင်မကသေးပါ…။

ဗလအင်အား၊ ကြီးမားတဲ့ယောက်ျား
ဖြစ်ပါစေဦးတော့
”လွတ်မြောက်အောင်ပြေးကွ
မလွတ်ရင်သေပြီမှတ်”ဟု ကြိမ်းမောင်း
သူ့ရဲ့မဟာမိတ် ဒီလှိုင်းလုံးကြီးတွေနဲ့
ခြင်္သေ့တစ်ကောင်လို ခုန်အုပ်ပြီး
မိကျောင်း တစ်ကောင်လို မျိုပြစ်သည်မှာ
မနုဿလူသားတွေခမျာ
ရေဇလာ အန္တရာယ်ကြောမှာ
ပက်လက်တင်မက၊ မှောက်ခုံကတစ်ဖုံ
အစုံအညီ မျောကြရပြီ။
သေကြရပြီ။
ဒုက္ခရောက်ကြရပြီ။
သြော် . . . သဘာဝအန္တရာယ်
လွန်ဆန်လို့မရလေတော့
သူ့လက်ခုပ်ထဲကရေပေါ့။
မတွေးချင်တော့ပါ
တွေးကြည့်ရင် …
ဟိုတစ်နေ့က အလား ထင်မှားမိတယ်။
ဆွေ(ကွမ်းခြံကုန်း)
၂၀၀၈ခုနှစ်၊ မေလ၂ရက်နှင့် ၃ရက်နေ့တွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မြစ်ဝကျွန်းပေါ်ဒေသများသို့
ဝင်ရောက်တိုက်ခက်ခဲ့သော နာဂစ် ဆိုက်ကလုံးမုန်တိုင်းသို့ ပြန်လည်လွမ်းဆွတ်ခြင်း။
*ဒွိဟ၏တစ်ဖန်*
*

“လေအလျင်”မှာလွင့်မျောရင်း
တိမ်လွှာတွေလို
လွတ်လပ်ချင်သောသူရယ် . . .။

*

“တေးငှက်လေး”တစ်ကောင်လို
တောင်ပံတွေ ညောင်းသွားရလောက်အောင်
မပျံသန်းပါနှင့် . . .။

*

သဲကန္တာရထဲက
သစ်ကျုတ်တစ်ကောင်လိုမျိုး
အပူပိုင်းဇုန်“ဘုရင်”မဖြစ်ချင်ပါနှင့် . . .။

*

မြောက်ဝင်ရိုးစွန်းက

“ပိုလာဝက်ဝံ”တစ်ကောင်လိုလည်း
အေးစက်စက်နဲ့ အမဲမလိုက်ချင်ပါနှင့် . . .။
*

ကမ္ဘာကြီးရဲ့
“မြေမျက်နှာပြင်”အကြောင်းကို
တရွေ့ရွေ့နားလည်ထားတဲ့
“လိပ်”တစ်ကောင်ရဲ့ “ဗဟုသုတ”ကို
လိုချင်နေသောသူဖြစ်ပေမဲ့ . . .။

*

ရေမျက်နှာပြင်မှာသာ
ကူးခတ်နိုင်စွမ်းရှိနေတဲ့
“ငါး”တစ်ကောင်ရဲ့ “ပင်ကိုယ်ဗီဇ”လို
“၀ါသနာ”ကိုတော့ မစွန့်လွှတ်လိုက်ပါနှင့် . . .။
ဉာဏ်ဝင်းအောင်

*အလှဆင်ဖို့ *
စိမ်းလန်းလပလွန်းခဲ့တဲ့သစ်ပင်ကြီးရေ
ဂိမာန်၊၀ဿန်၊ဟေမာန်ရယ်လို့
ဥတုရာသီ အလီလီပြောင်းလဲခဲ့ပေမယ့်
အချိန်နဲ့အခါကိုလိုက်ပြီး
ရွက်ဟောင်းကိုချွေ
ရွက်သစ်တွေတဝေေ၀နဲ့
မာလာတွေ ဖူးပွင့်ပြီးရင်
မျိုးဆက်အတွက်အသီးတွေချန်ထားခဲ့လေသေးရဲ့. . . ။
ဒါတင်မက
ထောင်သောင်းများစွာ
ကျေးငှက်သာရကာအပေါင်းရဲ့
နားခိုရာနေရာလဲဖြစ်ခဲ့လေရဲ့. . . ။
အခုတော့လဲ
ခက်ထန်ကြမ်းတမ်းလွန်းလှတဲ့ လောကရဲ့ဒဏ်ချက်တွေကြောင့်
ရာသီအလိုက် ဖူးပွင့်ချိန်တန်ပေမယ့်
ဖူးပွင့်ဝေဆာဖို့နေနေသာသာ

ဆင်မြန်းထားတဲ့ ဝေဆာဆာပန်းကလေးတွေကိုတောင်မှ
ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းတွေ
ကင်းဝေးနေခဲ့တာ အတော်ကြာသွားပြီ. . . ။
ကျေးငှက်သာရကာတွေကိုဆက်လာဖို့
ကမ်းလင့်နေမယ့်အစား
နားခိုဆဲ ငှက်ကလေးတွေတောင်မှ ဝေးလွင့်သွားကြပြီ။
ခြောက်သယောင်းဖြစ်နေတဲ့ သစ်ပင်ကြီး
ဆက်လက်စိမ်းစို၊ရှင်သန်၊ကမ်းလင့်နေဖို့
အင်အားတွေ အမြန်ပြန်လည်စုစည်းဖို့လိုအပ်နေပြီ
အားလုံး ၀ိုင်းဝန်းအားဖြည့်လိုက်ကြစို့လား . . .။
ကိုသက်(အညာမြေ)

*နားခိုရာ*
မိဘမွေးထုတ်ပြီးက
နားခိုခဲ့ရာ ပြည်မြန်မာအား
အိမ်ပမာ တင်ကာပြလျှင်
အိမ်တွင်တည်ရှိ မိသားစုသည်
ထိုအိမ်လှပ သန့်ရှင်းရေးရာ
ကိုယ်အားတနိုင် ပြုလုပ်ပါက
ထိုအိမ်သန့်ရှင်း လှပသင့်၏။
အိမ်ဦးခေါင်းဆောင် ချမှတ်စည်းကမ်း
သေသပ်ပြေပြစ် ထိုအိမ်တွင်းသည်
ရန်ဆိုးမည်မျှ တိုး၍၀င်သော်
ရမည်မဟုတ်. . .
ဖွံ့ဖြိုးတိုးတက် ထိအိမ်ဝန်းကျင်
နားခိုလိုချင် ဖြစ်လိုရာ၏။
စည်းကမ်းမူက မရှိရာအိမ်
လူနေတိတ်ဆိတ် ဇရပ်ကဲ့သို့
ဝိုင်းဝန်းပုတ်ထုတ် အဝေးရောက်နေ
ဒို့နားခိုရာ ပြည်ကြီမြန်မာ

ပြန်လည်တိုးတက် ဖွဲ့ဖြိုးသာယာလှဖို့
ဒို့တွေ အားလုံး ကြိုးစားစို့ . . .။
ပိုင်ပိုင်(ကျောက်တန်း)

*လှောင်ချိုင့် ငှက်ငယ်*
ဥခွံအတွင်းက အက်ကွဲ ပေါက်ထွက်လာခဲ့ရတဲ့ငှက်ကလေး
အတောင်တွေပေါက်လို့
မခင်ငှက်မနဲ့အတူ
သူ့ဘရပ်တည်ရာကို
အစပျိုး အပျံသင်ဆဲမှာ
ငှက်ဖမ်းသမားရဲ့ လက်မှာ
မလူးသာ မလွန့်သာပါသွားရလေတော့
ငှက်ဖမ်းသမားရဲ့
မ၀ရေစာ စားနေရတဲ့ဘ၀ကို ကျေနပ်နေရှာပေါ့ . . .။
ငှက်ဖမ်းသမားရဲ့ဘ၀ဆိုတာ
ငှက်ကလေးတွေကို လူအုပ်ကြားမှာ အလှပြပြီး
သူ့ရဲ့ ၀မ်းရေးဖြေရှင်းနေရသမို့
ငှက်ကလေးရဲ့ လွတ်လပ်ရာနေရာကို
စဉ်းစားဖို့ဆိုတာ မဖြစ်နိုင်လောက်တဲ့ အနေအထားလေ . . . ။
ငှက်ကလေးရဲ့ ကျီကျီကျာကျာ ဘာသာဘာဝ
သီကြတာကို
ကြင်နာစိတ်ယိုဖိတ်လို့ လှောင်ချိုင့်ကလွတ်စေတော့ရယ်လို့
ငှက်သမားဆီ သင့်တင့်ဈေးနှုန်းနဲ့ ၀ယ်ယူ
လွတ်လွတ်လပ်လပ် ဝေဟင်မှာ ပျံသန်းနိုင်ဖို့
လွှတ်သော်ငြားလည်း
ငှက်သမားရဲ့ မ၀ရေစာပေးကျွေးတာကို
ခင်တွယ်မိလေတော့
ဟိုး. . . အဝေးကို ပျံသန်းမသွား
လှောင်ချိုင့်မှာပဲ ခိုနားဆဲ. . .။

ဖြိုးမင်းခက်
ကြောက်စိတ်ကိုဖယ်ရှား၍လွတ်လပ်သောနိုင်ငံဆီသို့
မိတ်ဆွေတဘ
ို့ာတွေလုပ်နေကြလဲ?

ဒီပအ
ုံ တိုင်း သာဆိုရင်

ဒီထက်မွဲတေတဲ့

နိုငင
်ံတကာကနှိမ်တဲ့

ဗမာတွေဖြစ်နေဦးမယ်လို့ထင်တယ် ကမ္ဘာမှာဗမာလူမျိုးဆိုတာ ပျောက်ဘို့ အချိန်သိပ်မလိုတော့ဘူး။ လူမျိုးပျောက်ပြီဆိုရင်
ပြီးပြီပေါ့ဗျာ။ အဲဒီနေ့ကမ
ျိုား စောင့်နေကြလေသလား။ ပြည်သူကို အမျိုးမျိုးနှိပ်စက်၊နှုင
ိးယှဉ်စရာမရှိအောင်ယုတ်မာ၊ ဒါတွေကို
သိလျက်နဲ့ငခ
ုံ့နေကြတော့မှာလား။ ဒို့တွေရဲ့ စိတ်ဓါတ် ခွန်အားတွေ နည်းပါးလာအောင် လုပ်နေကြလို့ ဒိလ
ု့မျိုးတွေ ရင်ထဲမှာ
အကြောက်တရားတွေ

ကိန်း အောင်းနေကြပြီ၊

ပြည်သူတွေရဲ့စိတ်ဓါတ်တွေကို

အဆင့်အတန်း

မကြောက်ကြပါနဲ့
နိမ့်အောင်

ခဏခဏမသေချင်ကြပါနဲ့

ကြောက်တတ်အောင်

တစ်ခါဘဲအသေခံကြပါ။

သူတို့ကတော့

လုပ်ကြမှာဘဲ

ဒါကသူတို့အလုပ်ဘ။ဲ ဒါမှ ပြည်သူတွေမစည်းလုံးမှ သူတို့ နှိပ်ကွပရ
် တာလွယ်မှာကိုး တစ်ချိန်က ကမ္ဘာမှာ ဗမာလူမျိုးဆိုပြီး
ထင်ရှားခဲ့တာ ဘာကြောင့်လဲ ဘာကြောင့်လဲ ဘာကြောင့်လဲဗျာ. . .?

ဒို့တွေလည်း လုပ်ရင်ဖြစ်ပါတယ်၊ ဖြစ်တာမှ ပိုတောင်ဖြစ်သေးတယ်။ ခုခေတ်မှာ နည်းပညာတွေ အထောက်အကူပြု

ပစ္စည်းတွေ

အောလဘုံပြီးတော့

ဆက်သွယ်ရေးပစ္စည်း

ဘာလိုချင်လဲ

ဖုန်းလား

ကွန်ပြူတာလား

အင်တာနက်လား

(Ready)ရယ်ဒီပါဘဲဗျာ။ ဒို့တွေတကယ်လုပ်ကြမယ်ဆရ
ို င် ဗိုလ်ချုပ်တို့ခေတ်က လုပ်ခဲ့တာထက်တောင် ပိုပြီးအဆင်ပြေ
နေရဦး မှာ ဘာတွေကို စဉ်းစားပြီးတွေးကြောက်နေကြမှာလဲ။

ဒို့ပြည်သူတွေဟာ သူတို့ကိုဘယ်တော့မှ လက်မခံပါဘူးဆိုတဲ့သဘောထားကို ပြကြပါ၊ အားလုံး ညီညီညွတ်ညတ
ွ်နဲ့

ကိုယ်တတ်နင
ိုတဲ့ တာဝန်ကိုယူကြဖို့ဘဲလိုပါတယ်။ ဒီလိုချိန်မှာ မဟုတ်တာတွေစဉ်းစားပြီး တစ်ယောက်ကိုတစ်ယောက်
အကြောက်တရားတွေဖြစ်တည်လာအောင်
မသေခင်စဉ်းစားကြပါ

သေခါနီးမှဆိုရင်

နောက်မိမသ
ိုငယ်ချင်း

မိတ်ဆွေ

မသိနိုင်ပါဘူး

ဒါကြောင့်ကြိုစဉ်း စားထား

မပြောမိကြဖို့လိုပါတယ်။

စဉ်းစားဖြစ်မှာမဟုတ်ဘူး။

ပထမ

ကျွန်တော်တို့အားလုံး တစ်နေ့

ကိုယ်ဘယ်တော့သေမယ်ဆိုတာလဲ

မိမိအတွက်ဘာလုပ်ပြီးပြီလဲ၊ ဒုတိယ

ပါတ်ဝန်းကျင်အတွက်

သေကြရမှာဘဲ

မလုပ်ခဲ့ဖူးသေးဘူးဆိုရင်

မိဘ၊

ဘယ်သူမှ

မိသားစုအတွက်ရော

ဘာကြောင့်လ၊ဲ

မလုပ်ခဲ့တာလား

မလုပ်နိုင်ခဲ့တာလား အဲဒီလိုစဉ်းစားကြည့်မှသိရမယ်။ လုပ်ချင်ရဲ့သားနဲ့မလုပ်ဖြစ်တာဆိုရင် ဥပမာ မလုပ်တတ်လို့ ဒီလိုမျိုးပေါ့
အဖြေရလာမယ် အချိန်မနှောင်း သေးပါဘူး။ လက်လှမ်းမှီရာ ဗဟုသုတရှိသတ
ူ စ်ယောက်ယောက်ရှာပြီး ဆည်းပူးသင်ယူပါ
ဘာဘဲလုပ်လုပ် အသိပညာ အတတ်ပညာ ဆိုတာရှိရမယ်။ မရှိရင် အချည်းအနှီးဖြစ်မယ် တစ်ဘက်လူက ကိုယ့်ကိုဂရုစိုက်မှာ
မဟုတ်ဘူး။

ရယ်နေမှာ

သူတို့က

ကိုယ်တွေကအ
ို စဉ်အဆက်နှိပ်ကွပ်လာတာ

နှိပ်ကွပ်ပုံနှိပ်ကွပ်နည်းတွေကောင်းကောင်း ကျွမ်းကျင်လာပြီ။
ဖြစ်မနေသင့်ဘူးလား

အဲတော့

တော်တော်အသားကျလာပြီ။

ကိုယ်တွေဘက်ကလဲ

အရည်အချင်းရှိတဲ့သူတွေ

သူတို့မှာကသူတို့လူမိုက်မျိုးဆက်သစ်အတွက် တရားဝင် အပြည့်အ၀ထောက်ပံ့တွေမြှောက်စားပြီး

အရည်သွေးပြည်ဝ
့ တဲ့လူယုတ်မာတွေ

မွေး ထုတ်ခွင့်ရှိနေခဲ့တယ်

တို့တွေဘက်မှာကျတော့

ခိုး ပြီး လုပ်ရတယ်

သူတို့လို

မပြည့်စုံဘူး။ ဒါပေမယ့်ဘာဖြစ်လဲ အခြေအနေအရဘဲ ဒို့ကတော့သူတို့ထက်နှစ်ဆ သုံး ဆ လောက်တော့ပိုလုပ်ရမှာပေါ့ဗျာ

အရည်အချင်းရှိသူချင်းမှ ယှဉ်ပြိုင်လို့ကောင်းတာ ကိုယ့်မှာဘာအရည်အချင်း မှမရှိရင်တော့ စစ်ဘီလူးတွေက သနားတယ်လို့
ပြောကြမှာဘဲ

ကဲအဲဒီတော့ဘာလုပ်ကြမလဲ

ပါးစပ်ကတော့လှတပတတွေလျှောက်ပြောပြီး
အားလုံးကိုအားနာသင့်ပါတယ်

စဉ်း စားကြပါ

နေချင်သလိုနေနေကြတာ

လုပ်ကြပါ

စည်းလုံးကြပါ။

အချိန်ဖြုန်းနေသလိုဖြစ်နေပါတယ်ဗျာ

အလုပ်တစ်ခုကိုအောင်မြင်ပြီးမြောက်စေချင်ရင်တော့

အချိန်မဖြုန်းဘဲ

အချိန်နဲ့တပြေးညီဆောင်ရွက်နိုင်ရမယ်။ ရည်မှန်းချက် ရည်ရွယ်ချက်မရှိသူဟာ လမ်း ပျောက်သောသူနဲ့တူသည်ဆိုသကဲ့သို့
ရည်မှန်းချက်

ရည်ရွယ်ချက်မြင့်မြင့်မားမားထားကြပါ။တစ်နေ့တည်း

တစ်လတည်း

မဟုတ်ဘဲ

ဘယ်လောက်ကြာကြာပြီးဆုံးသည်အထိ ဇွဲ၊ လုံ့လ၊ ၀ိရိယ၊ ရဲစွမ်းသတ္တိ တွေနဲ့ အဲဒီရည်မှန်း ချက်ကိုရောက်တဲ့အထိလုပ်ကြပါ
မိမိပတ်ဝန်းကျင်က အောင်မြင်ပြီးသူများကို အတုယူ-နမူနာထားကြပြီး သူတို့ထက်သာအောင် ကြိုးစားရမှာပေါ့ ပြီးတော့

ပတ်ဝန်းကျင်ကောင်းနှင့်ပေါင်း အပေါင်းအသင်းက မိမိရည်ရွယ်ချက်တွေကို ပျက်အောင်လုပ်တတ်တယ် ဗဟုသုတတွေနဲ့လဲ
အဆက်မပြတ်စေနဲ့ပေါ့ဗျာ

အဲဒီလိုသန္ဒိဌာန်ချပြီး

မိမိတို့ရည်ရွယ်ချက်တွေပြည့်စုံကြမှာပါ။
ခုကျွန်တော်တို့မှာ

ဒီလိုဖြစ်နေတယ်

မဖြစ်မနေဆောင်ရွက်ရင်

ခုလိုအီးခေတ်ကြီးမှာ

မြန်မြန်ဆန်ဆန်နဲ့

အဖေကလဲပြောခဲ့တယ်

သားရေဒီအစိုးရကို

တို့သူငယ်ချင်းတွေ

သံဃာတွေရဲ့ သွေးတွေနဲ့ တိုက်ခဲ့တာကွတဲ့ နောက်အစ်ကိုတွေလက်ထက်ကျတော့လဲ ညီလေးရေ ငါတု့သ
ိုငယ်ချင်းတွေ

ပြည်သူတွေသံဃာတွေရဲ့သွေး တွေနဲ့ တိုက်ခဲ့ကြတာကွတ။ဲ့ ခု ၂၀၀၇ ရောက်တော့ ကျွန်တော်တို့ခေတ်တွေ့ပြီ ဆော်ပြီ
ပြေးရပြန်ပြီ

Why?

ဘာကြောင့်လဲ

ဘာကြောင့်လ?ဲ

နောက်

ကျွန်တော်တို့က

ကျွန်တော်တို့ရဲ့မျိုးဆက်

တွေကိုပြန်ပြောကြအုန်းမယ် သားရေသမီးရေ ဘာညာကွိကွပေါ့။ ကဲအဲဒီတော့ ဘယ်ဂျင်နရေးရှင်းထိတိုက်နေကြမှာလဲ
တိုက်နေချင်တာလဲ?
လုပ်လာကြတယ်။

ကြာလေကြာလေ

မကောင်းပါဘူးဆိုသလို

အမျိုးမျိုးသောဥပဒေဆိုတဲ့ဟာတွေ

သူတို့လုပ်ချင်တာတွေကို
အကျင့်စာရိတ္တတွေကို
မတွေးရဲတော့ဘူး။

ဒါတွေဟာ

ပေါ်ပေါ်တင်တင်

နည်းအမျိုးမျိုးနဲ့

ရေးဆွဲကြတယ်။

လူမိုက်ဆန်ဆန်

ယုတ်မာစွာ

အဖေ့တုန်း ကလဲတိုက်လာတယ်

ကြာလာတာနဲ့အမျှ

သူတို့လုပ်ချင်သလို

အဲဒီဥပဒေတွေအတွင်းကရော

လုပ်လာကြတယ်

ဖျက်ဆီးခဲ့ကြတယ်။

အပြင်ကပါ

ပြည်သူတွေရဲ့ စိတ်ဓါတ်တွေ

နောက်ဘယ်လိုဖြစ်ကြအုန်းမလဲဆိုတာ

အစ်ကိုကြီး တွေကလဲချလာတယ်

ကျွန်တော်တို့လဲ

ကိုငတ
်ာဘဲ။

ဒါပေမယ့် ဟိုကောင်တွေကအေးရာအေးကြောင်းဘဲ။ အဲဒီတော့ ဘာလဲကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေ ဆက်တိုက်ဖို့
မရှိမှာစိုးလို့ အပြတ်မဖြတ်ကြတာလား အပြတ်ကိုင်သင့်ပြီ။ ကျွန်တော်တို့အကြွေးတွေကို ကျွန်တော်တို့ခေတ်မှာ အကြေ
ဆပ်လိုက်ကြပါ

ကလေးတွေအတွက်မထားခဲ့ကြပါနဲ့။

စဉ်း စားကြည့်ကြပါ

မတရားပါဘူး။

သူတို့တွေဘ၀ကျရင်

အေးအေးချမ်းချမ်း နဲ့ နေနိုင်ကြရအောင် ကျွန်တော်တို့ပြဿနာကျွန်တော်တို့အပြတ်ရှင်းသွားကြပါ။ နောင်အနာဂါတ်အတွက်
နောင်မြန်မာပြည်ခေါင်းဆောင်တွေဖြစ်ဖို့အတွက်
သူတို့တွေ

ပညာတတ်မှ

သူတို့ပညာသင်ကြပါစေ။

အသိဉာဏ်ဗဟုသုတတွေရှိမှဖြစ်မှာ

သူတို့ခေတ်မှာ

ပညာရှိမှယှဉ်ပြိုင်နိုင်မှာ

ဒီလိုအစိုး ရမျိုးမတွေရ
့ အောင်

ပညာရှိမှ

ဗဟုတုသတွေရှိမှ

ကိုယ့်ကိုသူများလာလိမ်တာ လာစည်းရုံးတာ သိမှာ ကိုယ့်ကက
ိုယ်ကာကွယ်နိုင်မှာ။

ခုအာရပ်မှာကြည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ (၁၇) ရက် - ကျူနီးရှားနိုင်ငံမှာ အာဏာရှင် လက်ပါးစေတယောက်ရဲ့

နှိပ်စက်မှုတွေကို

မခံနိုင်တော့တဲ့အဆုံး

ဘွဲ့ရအလုပ်လက်မဲ့

ဟင်း ရွက်စုံတွန်းလှည်းသမားလေး

မိုဟာမက်ဘွာဇီဇီဟာ

ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ရာကနေ ကျူနီး ရှားတော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး (၂၈) ရက်အကြာ ၂၀၁၁ ခုနှစ်
ဇန်နဝါရီလ

(၁၄)

ရက်မှာ

အာဏာရှင်

သမ္မတ

ဘင်အလီ

ထွက်ပြေးသွားတဲ့အတွက်

ဒီမိုကရေစီလိုလားသူတွေ

အောင်ပွဲရသွားခဲ့ပါတယ်။ ဒီလူထု တိုက်ပွဲအတွင်း လူ (၂၀၀) ကျော် ပစ်သတ်ခံခဲ့ရတယ်။ တစ်သတ်လုံး အာဏာရှင်တွေနဲ့
သက်ဦး ဆံပိုင်ပဒေသရာဇ်တွေကြီးစိုး တဲ့

အာရပ်ကမ္ဘာ၊

အကြမ်းဖက်ဝါဒ

အားပေးတယ်ဆိုတဲ့

အစ္စလမ်အာရပ်ကမ္ဘာမှာ

ဒီမိုကရေစီတော်လှန်ရေးတခု အောင်ပွဲခံသွားတာဟာ အားကျစရာကောင်းလှပါတယ်ဗျာ။ ကျွန်တော်တို့က စဉ်း စားကြရမယ်
သူတို့ဘာလို့

အောင်မြင်တာလဲ။

သူတို့မျိုးဆက်တွေအတွက်
ကျွန်တော်တို့တွေကျတော့

ကျွန်တော်တို့ဘာလို့မအောင်မြင်သေးတာလဲ။

ထားမသွားကြဘူး

သေရဲကြတယ်။

သေရဲတဲ့အတွက်

ကြာလာတာနဲ့အမျှကြောက်တတ်လာကြတော့

သူတို့ရဲ့တော်လှန်ရေးကို

လူ(၂၀၀)လောက်နဲ့ပြတ်သွားတယ်

ပိုသေရတယ်

ခဏခဏသေနေရတယ်။

အဲဒါပိုဆိုးပါတယ် ရှင်လျက်နဲ့ သေနေရတဲ့ ဘ၀ကပိုဆိုး ပါတယ်။ ဒု့တ
ိုင်းပြည်ဘာတွေလိုအပ်နေလဲ ဒါတွေကို
တောင်း ဆိုကြရမယ်။ လိုချင်တာကို ရဲရဝ
ဲ င်ဝ
့ င့် ထုတ်ဖော်ပြောဆုတ
ိာပါ

တို့တွေ

ကိုယ့အ
ိမ်ထဲမှာကိုနေ၊ ဖြစ်သမျှကို ညည်းညူ ၊

ကံတရားကို ပုံချနေလို့ မရပါဘူး။

တို့တိုင်းပြည်အတွက် အရာရာကို လက်လတ
ွှ်အဆုံးရှုံးခံ ထောင်ထဲမှာ ရောက်နေတဲသ
ူ့ရဲကောင်း တွေကို

တို့တတ်နင
ိုတဲ့ဘက်က

ပြန်ပြီးဂုဏ်ပြုကြရမယ်။

ဗိုလ်ချုပ်အောင်ဆန်းက

ဒို့တိုင်းပြည်လအ
ို ပ်နေတဲ့

လွတ်လပ်ရေးကို

တိုင်း ပြည် ကောင်း စားရေးအတွက် ရယူပေးခဲတ
့ာ၊

ခု ဒီကောင်တွေအတွက်ဖြစ်နေတာ ရင်နာဖို့ကောင်းပါတယ် ဒို့တွေကို

တိုင်း ပြည်ကောင်းစားရေးပဲဖြစ်ရမယ်။

နောက်လိုက်ကောင်း ဖြစ်အောင်ကြိုးစားရမယ်။

ဦး ဆောင်မယ့်

ခေါင်းဆောင်ကောင်းတွေကို

တင်မြှောက်နိုင်ရမယ်။

ဒို့တွေကလဲ

ဘယ်သူပဲခေါင်း ဆောင်လုပ်လုပ်

ဖြစ်ဖူးမှ ခေါင်းဆောင်ကောင်းဖြစ်ကြတာကိုး။ အားလုံး မကြောက်မရွံ့ နောက်မတွန့်ပဲ

ဦးတည်ချက်က

နောက်လိုက်ကောင်း

ဒုတ
ို့င်း ပြည်မှာ လိုအပ်နေတဲ့

အရာတွေကို တောင်းဆိုကြရမယ်၊ အဲဒီလိုလုပ်တဲ့အခါမှာ အခက်အခဲအမျိုးမျိုးတွေ့ကြမှာဘဲ ကန့်လန့်သမားတွေကြုံကြမှာဘဲ
ဆက်လုပ်ပါ။ ပြီးတဲ့အထိဆက်လုပ်ကြပါ။

If you do good, people will accuse you of selfish ulterior motives. Do Good Anyway.
လူတွေသည်

ကောင်းသောအမှု

သင်မည်မျှပြုသော်လည်း

ဦး မည်.....။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။

မရိုးမသား

ကိုယ့်အကျိုးစီးပွားအတွက်ပါဟု

The good you do today will be forgotten tomorrow. Do Good Anyway.

စွပ်စွဲကြလိမ့်

သင် ယနေ့ပြုသည့်ကောင်း မှုကုသိုလ်ကို မနက်ဖြန် သူတို့ မေ့လျှော့ကောင်း မေ့လျှော့ကြလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ
ကောင်း သောအမှုကို ပြုမြဲပြုပါ။

အဲလိုမျိုး ကိုယ့်ယုံကြည်ချက်ကို ကိုယ်လုပ်ရမယ့်အလုပ်ကို ဘယ်သူဘာပြောပြော ပြီးအောင်လုပ်ကြရမယ်

လုပ်ကြပါ။ အထင်ကရခေါင်းဆောင်ကြီးတွေမှန်သမျှ အလုပ်အရမ်းလုပ်ခဲ့ကြရပါတယ် အနစ်နာအရမ်း ခံခဲ့ကြရပါတယ်။ ပါးစပ်

ကလေးနဲ့တိုက်သွား တွန်းလှန်သွားတဲ့ခေါင်းဆောင်တွေမရှိခဲ့ပါဘူး ဘာမဟုတ်တဲ့ သာယာမှုတွေ အဆောင်ယောင်တွေကို
စွဲမက်ပြီးအဓိကရည်ရွယ်ချက်ကြီးကိုလစ်လျူရှု့မထားကြပါနဲ။့

ဗိုလ်ချုပ် ဦးဆောင်ပြီး တိုင်းရင်သားခေါင်းဆောင်တွေနဲ့ လက်မှတ်ရေးထိုး ခဲ့ကြတဲပ
့ င်လုံစာချုပ်ကို ပြည်လည်

အမှတ်ရစေလိုပါတယ်။ ပြည်နယ် ပြည်မ မခွဲခြားရေးနှင့် တိုင်းပြည်အတူတကွ စည်းလုံး ညီညွတ်ရေးကို ရရှိရန် သဘောတူညီ
လက်မှတ်ထိုး ခဲ့ကြသည်မှာ

ခေါင်းဆောင်များဖြစ်ပါသည်။

ခင်ဗျားတို့ကျွန်တော်တို့

အင်မတန်မှ

ယနေ့ဒီအချိန်သည်

တိုင်း ပြည်ကတ
ိုးတက်ကောင်း မွန်ရန်အတွက်
ဖိတ်ခေါ်အပ်ပါသည်။

လေးစားကြသော

ပင်လုံစာချုပ်ပါ

အတူတကွ

ခင်ဗျားတို့ကျွန်တော်တ၏
ို့

အချက်အလက်များအကောင်အထည်ဖော်ရန်

လုပ်ကိုင်ဆောင်ရွက်ကြရန်

သင်တို့ကို

လေးစားစွာ

အရည်အချင်းပြည်ဝ
့ ကြတဲ့ခေါင်းဆောင်ကောင်းတွေဦးဆောင်နိုင်ကြတဲ့ပဂ
ိုလ်တွေရှိကြပါတယ် ကြည့်ကြည့်ပါ

အမျိုးသမီး

ဆိုပေမယ့်

တစ်ကမ္ဘာလုံးက

လေးစားကြတဲ့

ဗိုလ်ချုပ်အောင်ဆန်းရဲ့

သွေး

မျိုးဆက်

ဒေါ်အောင်ဆန်းဆုကြည်

အသက်ကြီးပေမယ့်စိတ်ဓါတ်မကြဘဲ တိုင်းပြည်ကောင်းစားရေးအတွက် လုပ်နေတဲ့ ဟံသာဝတီ ဘဘ ဦးဝင်းတင်။

တိုင်း ပြည်ကောင်းစားရေးအတွက် ဘ၀နှင့်ရင်းနှီးမြှပ်နှံခဲ့တဲ့ အငြိမ်း စား စစ်ဦးစီးချုပ် ဘဘဦးတင်ဦး

ဗမာလူမျိုးတွေရဲ့အားနည်းချက်တွေကိုထောက်ပြပြီး တစ်နိုင်ငံလုံး မကြောက်တရား လှည့်လည် ဟောကြားနေတဲ့
ဒယ်အိုးဆရာတော်၊ ရွှေည၀ါဆရာတော် နှင့် ဗဟုသုတနှင့်ပြည့်စုံတဲ့ ရွှေဝါရောင်ခေါင်းဆောင် ဆရာတော်တွေ

နိုင်ငံကျော်တွေ ဖြစ်ပေမယ့် ပြည်သူတွေကို ကူညီဖို့ ဘ၀ကိုရင်းနှီးမြုပ်နှံထားတဲ့ ကိုကျော်သ.ူ . ကိုဇဂနာ

ဒို့ ကျောင်းသားတွေထဲက တိုင်းပြည်အတွက်အသက်ပေးထားတဲ့ ကိုမင်း ကိုနိုင် နှင့်တစ်ကွ
ကျောင်းသားခေါင်းဆောင်များ

မြန်မာစစ်အစိုးရက စနစ်တစ်ကျ ဒုက္ခပေးသည်ကို မခံနိုင်၍ တုင
ိးတစ်ပါးတွင် ခေတ္တတိမ်းရှောင်နေရသောသူများ

သူတို့တွေအခုချိန်ထိ သက်ရှိထင်ရှားရှိနေကြသေးတယ်။ တိုင်းပြည်အကျိုးကို ရဲရဝ
ဲံ့ဝံ့ လုပ်ဆောင်နေကြပါတယ်။
အားလုံးသောရဟန်းရှင်လူပြည်သားများ၊

အကြိမ်ကြိမ်သေစေခြင်း ဘဲဖြစ်ပါတယ်

ကျောင်းသားများ

ကျွန်တော်တို့

နောက်မကြာတော့မဲ့အချိန်ကာလတစ်ခုမှာ

ခင်ဗျား

ကြောက်ရွံ့ နေခြင်းဟာ

တွေဝေနေခြင်းရဲ့

မိမိကိုယ်ကို

အကျိုးဆက်တွေဟာ

ဘယ်လောက်ထိဆုံးရှူံးမှုတွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာ

မခန့်မှန်းနိုင်ပါဘူး

လူမျိုးသော်လည်းကောင်းပျောက်မလား နိုင်ငံသော်လည်းကောင်းပျောက်မလား ဒီအချိန်မှာ ဘေးကလက်ပက
ိုကြည့်နေတဲ့
ပရိတ်သတ်တွေကတော့

ဖျာဝင်ခင်းကြမှာဘဲ

တစ်ချိန်တုန်းကဗုဒ္ဒဘာသာနိုင်ငံတွေပါ
ဗိုလ်ချုပ်အောင်ဆန်း

ကဲအဲဒီတော့

ပြောကြားခဲ့တဲ့

မလေးရှား

အင်ဒိုနီး ရှားစတဲ့နိုင်ငံတွေဟာ

မိမိနိုင်ရာတာဝန်ကို

တရားမျှတ၍

လွတ်လပ်စွာ

ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်ရေးကိဝ
ိုင်း ၀န်း ကြိုးစားကြပါလို့ ဆန္ဒပြုရင်း . . . .။

ထမ်းဆောင်ပြီး

ဒို့တိုင်း ပြည်ရဲ့ဖခင်

တိုင်းပြည်ကို

တိုးတက်စေနိုင်သာ

မောင်မင်း

*အညံ့ခံကာ နေကြတော့မှာလား အပိုင်း(၂)*
ပြည်သူအပေါင်းတို့ ယနေ့ မြန်မာနိုင်ငံအစိုးရသစ်သည် ဒီမိုကရေစီစနစ်ကိုသွားနေပါသည်ဟု သူတို့ဝါဒဖြန့်ရာ
သတင်းစာ၊ ဂျာနယ်၊ TV၊ FM Radio စသည်တို့တွင် တွင်တွင်ကျယ်ကျယ် ဟောပြောရေးပြ စည်းရုံးနေကြ
ပါသည်။

သူတို့တစ်တွေသည်

အရှက်တရားရှိသူများသာဆိုလျှင်

အရှက်တရားမရှသ
ိ ည့်အတွက်သာ
ဒီလိုပြောရဲမည်မဟုတ်ပါ။

ဒီမိုကရေစီရဲ့

ဒီလိုပြောနေကြခြင်းသာဖြစ်ပါသည်။
အနှစ်သာရဖြစ်တဲ့

လွတ်လပ်စွာ

ဟောပြောခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာတွေးခေါ်ယူဆခွင့်ဆိုတဲ့ အခြေခံ

အချက်ကြီးလေးချက် ဘာတစ်ခုမှ ယနေ့ထက်ထိ မတွေ့ရသေးလို့ပဲ ဖြစ်ပါတယ်။ ပါလီမန်ထဲပါခွင့်ရရင်တော့
ဒီမိုကရေစီသဘောတရားလေးတွေ ပြောပြလို့တင်ပြလို့ ရမယ်ဆိုပြီးဝင်သွားကြတဲ့ ပုဂ္ဂိုလ်ကြီးတွေ ပြောခွင့်ရဖို့
ဆိုတာဝေးစွ

အီးတောင်ကျယ်ကျယ်မပေါက်ရဲကြပါဘူး ။

လေးတွေဝတ်ပြီး

ယောက်ျားရင့်မာကြီးတွေကနေ

သနားစရာကောင်းလိုက်တာ။
နွားတွေလို

ဘာမှပြန်မပြောရဲတဲ့

ဝတ်ခိုင်းထားတဲ့

ဂန်ထူးဘ၀ကို

ဆရာကြီးဦးဝင်းတင်ပြောတဲ့စကားနဲ့ပြောရမယ်ဆိုရင်

လည်စင်းပေးနေကြရပြီ”။

အပြောနှင့်အလုပ်

ဗိုလ်စုတ်မှူးကြီးသန်းရွှေ

သူတို့သာတကယ်

ညီစွာလုပ်ပြနိုင်ရပေမည်။

ယောက်ျားပီသကြမည်

ချိတ်ထမီ

ရောက်သွားကြတာ

“နွားသတ်ရုံအပို့ခံရတဲ့
သတ္တရ
ှိကြမည်ဆိုလျှင်

အခုတော့အပြောတခြားအလုပ်တခြား

ဖြစ်နေကြပေပြီ။

လွတ်လပ်စွာဟောပြောခွင့်ကို ပြည်သူတွေရဖို့ဝေးစွ ပြည်သူတွေကိုးကွယ်အလေးအမြတ်ပြု ယုံကြည်အားထားရာ
ဖြစ်တဲ့ သံဃာတော်များပင်လျှင် မရကြပေ။ ရွှေည၀ါဆရာတော်သည် သာသနာတော်အတွက် ကျေးဇူးများသော

ဆရာတော်တစ်ပါးဖြစ်ပါသည်။ နှစ်စဉ် သံဃာတော် အပါးတစ်ထောင်ကျော်ကို ဆရာတော်ရဲ့ကျောင်းတိုက်မှာ
ယမိုက်၊ ပဋ္ဌာန်း၊ ဓမ္မာစရိယ စာဝါများကို ပို့ချသင်ကြားပေးနေသည်။ သံဃာတော်အပါးငါးရာကျော်ကို အဆင့်မြင့်
ဗုဒ္ဓတက္ကသိုလ်ဆိုင်ရာကျမ်းစာများကို

သင်ကြားပြသပေးလျက်ရှိပါသည်။

ဆရာတော်ကဲ့သို့

သာသနာတော်

အတွက် ကျေးဇူးများသော ထင်ရှားကျော်ကြားသော ဆရာတော်တစ်ပါးကိုပင် ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်များ
ဟောပြောခွင့်မရှိလို့ပိတ်ပင်ထားခြင်းသည် လွတ်လပ်စွာဟောပြောခွင့်၊
ချိုးဖေါက်ထားခြင်းဖြစ်ပေသည်။

မိမိတက
ို့းကွယ်ပူဇော်ရာ

လွတ်လပ်စွာကိုးကွယ်ခွင့်များကို လုံးဝ

သံဃာတော်များကို

ဗုဒ္ဓဘုရားရှင်ရဲ့တရားတော်များ

ဟောပြောခွင့်မရှိလို့ ပိတ်ပင်ထားခြင်းသည် ဘယ်သံဃာ၊ ဘယ် မ ဟ န ဆရာတော်၊ ဘယ်ပြည်သူ ဘယ်သူ့ကိုမှ
ဂရုစိုက်စရာမလို ဟုစော်ကားပြလိုက်ခြင်းပင်ဖြစ်ပေသည်။

ပြည်သူလူထုများဆင်းရဲဒုက္ခရောက်နေခြင်းမှလွတ်မြောက်ပါစေဆိုပြီး

မေတ္တာသုတ်ရွတ်ကာ

မေတ္တာပို့

ကြတဲ့ သံဃာတော်များ ၀ါးရင်းဒုတ်နှင့်ရိုက်သတ်ခံရ၊ သေနတ်နှင့်ပတ်သတ်ခံခဲ့ကြရသည်။ ကျောင်းတိုက်တွေ
သူပုန်စခန်းစီးသလို အစီးခံအဖမ်းခံခဲ့ကြရသည်။ သံဃာတော်အပါး ၂၆၅ပါး၊ သီလရှင် ၁၀ပါး၊ ၂၀၀၇ ခုနှစ်
စက်တင်ဘာလမှစလို့ ယနေ့အထိအကျဉ်းကျခံနေရဆဲ၊ နှိပ်စက်ညင
ှ်းပန်းခံနေရဆဲဖြစ်ပါသည်။ သံဃာတော်များ
လွတ်မြောက်ရေး

သံဃာတော်များအားလုံးနှင့်

ပြည်သူလူထုတစ်ရပ်လုံးမှာ

တာဝန်ရှိသည်။

လစ်လျူရှု့မနေ

ကြပါနှင့်။ တာဝန်မဲ့ လစ်လျူရှု့ခြင်းသည် လူယုတ်မာတို့၏လမ်းစဉ်သာဖြစ်သည်။
ပြည်သူအပေါင်းတို့….မိမိတို့ရဲ့လွတ်လပ်ရေးမိမိတို့ကိုယ်တိုင်ပါဝင်တိုက်ပွဲဝင်မှ ရနိုင်မည်။ အညံ့ခံမနေကြပါနှင့်။

အားလုံးလက်တွဲညီညီသစ္စာရှိရှိဖြင့် တစ်နိုင်ငံလုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပူးပေါင်းပါဝင်တိုက်ပွဲဝင်
ကြဖို့အချိန်ကြရောက်နေပါပြီ။ မိမိတို့ရပ်ကွက် ကျေးရွာ မြို့နယ် အတွင်းစည်းရုံးရေးဆင်းကြပါ။ ကြောက်မနေ
ကြပါနှင့်။ အစိုးရသစ်ရဲ့ လုပ်ငန်းမှန်သမျှကို ၀ိုင်းဝန်းဆန့်ကျင်တော်လှန်ကြပါ။ သံဃာ့သပိတ်၊ ကျောင်းသား
သပိတ်၊ တောင်သူလယ်သမားသပိတ်၊ အလုပ်သမားသပိတ် သပိတ်စုံနိုင်အောင် ၀ိုင်းဝန်း စည်းရုံးကြပါ။ အားလုံး

ညီညာမှ ပြည်သာမည်ဖြစ်ပါသည်။ တာဝန်သိသိ သစ္စာရှိရှိဖြင့် တိုင်းပြည်အတွက် ပေးဆပ်ဝံ့ေ သာ အာဇာနည်
သူရဲကောင်းများဖြစ်နိုင်ကြပါစေဟုဆန္ဒပြုရင်း ………
တော်လှန်ရေးသစ္စာဖြင့်
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ဝေဖန်အကြံပြုစာများရေးပို့မည်ဆိုလျှင် ကြိုဆိုလျက်….king.issariya@gmail.com

*ဂျင်းရှပ်နှင့်ပေါင်းစပ်ကြည့်ခြင်း*
ရှုပ်ထွေးပွေလီလှသည့်
အတွင်း

မြန်မာသမိုင်းကြောင်းထဲမှရှညလ
်ျှားထွေပြားလှသည့်

ရေတွက်ရန်မစွမ်းနှိုင်တော့သည့်

အသက်ကိုစတေးခဲ့ကြသူများ။

တော်လှန်ရေးတိုက်ပွဲ

ခြေလက်ကိုယ်အင်္ဂါတို့အား

ဖြတ်တောက်၍လှူဒါန်းခဲ့ကြသူများ။ တချို့ကမျက်စိ၊ တချို့ကနားတရွက် ဖြင့် ပါရမီဖြည့်စွက်ခဲ့ကြသူများ။
ခြောက်တိုက်မှာလောက်ကိုက်ခံရသူတွေနှင့်အကျဉ်းတိုက်မှာရိုက်နှက်ခံရသူများ။

ကိုယ့်အိုးကိုယ့်အိမ်တွေကို

စွန့်၍ ဒုက္ခသည်ဘ၀ကိုမျှဝေခံစားနေကြရသူတွေ။ဤအခြေအနေသည်ကား ကျနော်တို့၏အားနည်းချက်လော။
တော်လှန်ရေး၏ ကျရှုံးခြင်းလော။ အခွင့်ထူးခံသက်ဦးဆံပိုင် ဘုရင်ဧကရာဇ်တို့၏ရက်စက် ကြေကွဲဘွယ်ရာ
အမိန့်အာဏာများနှင့်ပရမ်းပတာ
သုတ်သင်ဖယ်ရှား၍

အလွဲသုံးစားကိုယ်ကျိုးရှာသူ

မူးမတ်ဗိုလ်ပါနောက်လိုက်

ပြည်သူအများ၏မဲဆန္ဒဖြင့်ရွေးကောက်တင်မြှောက်သော

တစုတို့အား

ဒီမိုကရေစီအခြေခံ

အုဠ်မြစ်ကြီးကို မြင့်မြတ်သည့် ဂရိစစ်သူကြီး ပယ်ရီကလီမှ BC 600 ခန့်ကတည်းက ချမှတ်အကောင်အထည်
ဖေါ်ခဲ့သော်လည်း ယနေ့အထိ မတွေ့မမြင်ရသေးသည်မှာ ကျနော်တို့၏ လုံ့လမဲ့မှုလော။ အစဉ်အဆက်တို့၏
တာဝန်မဲ့မှုလော။
၁၉၄၈ ခုနှစ် ဒီဇင်္ဘာလ ၁၀ နေ့ကတည်းက နိုင်ငံပေါင်း (၄၈)နိုင်ငံက ထောက်ခံမဲပေးပြီး ကြားနေမဲ
(၈)နိုင်ငံ

နှင့်

ကန့်ကွက်မဲမရှိဘဲ

အတည်ပြုပြဌာန်းခဲ့သည့်

ပြင်သစ်နိုင်ငံ

ပဲရစ်မြို့၌

ကမ္ဘာ့ကုလသမဂ္ဂ

အထွေထွေညီလာခံမှ

လူအ
့ ခွင့်အရေးတို့သည်အဘယ်နည်း။တချို့ကသိသယောင်။

များမြောင်လှသော

လူတွေကလုံးဝနားမလည်။ ကိုယ့်ကိုကိုယ်လူရည်လည်ထင်နေသူများကိုမေးကြည့်တော့ သိစရာမလိုပါဘူးလို့
ဖြေကြတယ်။

ဤကဲ့သို့သောအနေအထားကား

ကျွန်တော်တို့တော်လှန်ရေးအင်အားစုတို့၏

နမော်နမဲ့

နိုင်မှုလော။ သို့မဟုတ် တော်လှန်ရေးအင်အားစုတို့၏ ကျရှုံးရခြင်းအကြောင်းလော။
ယနေ့မြန်မာပြည်တွင်းရှိပြည်သူတချို့တို့သည်
တချို့ပြည်သူတွေက
အာဏာဆိုသည်မှာ

ကိုယ့်သခင်တို့ကိုတမ်းတလျှက်၊

အကြွင်းမဲ့အာဏာရှင်စစ်ဘီလူးကြီးတွေကိုယုယလျှက်၊
သေနတ်ပြောင်းဝကလာတယ်လို့

တော်လှန်ရေးအင်အားစုတို့၏
စုစည်းမှုအင်အား၏

ကိုယ့်အရှင်

ယုံကြည်နေကြလျှက်ရှိခြင်းကား

လမ်းညွှန်မှုအားနည်းချက်ကြောင့်ပေလော။

ချို့ယွင်းချက်ကြောင့်လော။

အတော်များများကတော့
သို့မဟုတ်

ကျွန်တော်တို့
တော်လှန်းရေး

လွတ်လပ်ရေးအတွက်စွန့်လွှတ်သူ။ဒီမိုကရေစီရေးအတွက်

အနစ်နာခံသူ။ လူ့အခွင့်အရေးအတွက်စတေးခံသူ အမျိုးသားရေးအတွက်ပေးဆပ်နေသူ။ ကောင်းမြတ်သော
အမှုကိစ္စအ၀၀တို့၌

ရဲရင့်စွာတိုက်ပွဲဝ င်ခြဲ့ ကသူရဟန်းရှင်နှင့်

ကျောင်းသားပြည်သူတို့၏သမိုင်းအစဉ်ကို

မှတ်တမ်းတင်ဖို့နေနေသာသာ ရေတွက်ရန်ပင်လွန်စွာခဲယဉ်းပါ၏။ သို့သော် လူ့အခွင့်အရေးကို အာမခံသည့်
ဒီမိုကရေစီနှင့် လွပ်လပ်ရေးကားအဘယ်မှာနည်း။တော်လှန်ရေး၏ပင်မအချက် အဂ္ဂဗျူဟာ၏ အားနည်းချက်
လော။

မောင်းနှင်သူမဲ့သည့်မဟာဗျူဟာ၏

ဆိုသည့်ကဗျာသည်

ကျနော်၏

ပရမ်းပတာကျမှုလော။

ဆရာတဆူပင်ဖြစ်၍လာပါတော့သည်။

ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်
ပြဿနာတရပ်ကိုချဉ်းကပ်ရန်

လမ်းညွှန်မှု ပြုထားသည့် ဤ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် ကဗျာထဲမှ (why)ပေါင်းမြောက်များစွာက
ကျနော်၏ခေါင်းထဲမှာခြာခြာလည်နေခဲ့တာကလည်းကြာခဲ့ပြီ။
အန်ထုတ်လိုက်ရခြင်းဖြစ်သည်။
နိုင်ငံတကာမှ

ဒီတခါမှာတော့

အဖြေသည်ကားများလှပါ၏။

ကယ်တင်ရှင်တို့အား

သို့သော်

မျှော်မှန်းတမ်းတနေသူ။

စာရွက်တွေပေါ်မှာ

ရှုပ်ထွေးနေဆဲပင်ဖြစ်သည်။

အခြေအနေအားလေ့လာသုံးသပ်နေသူ။

ဒီမိုကရေစီအား ညှိုးနွမ်းစေသူ။ လူ့အခွင့်အရေးတို့အား အကြီးတန်စေသူ။ တော်လှန်ရေးအား ဂုဏ်နိမ့်စေသူ။
အစဉ်အလာသမိုင်းရခေါင်းငုံ့နေသူ။

ကိုယ်ကျိုးစီးပွါးအားထားနေသူ။

အပြစ်ဒါဏ်ပေးခြင်းအား

ကြောက်အားသန်သူ။ သူတော်ကောင်းတရားပွါးများနေသူ။ သူခိုးတို့အားဓါးရိုးကမ်းပေးနေသူ။ မိမိကိုယ်မိမိ
ယုံကြည်စိတ်တွေပျောက်ဆုံးနေသူ။

စသည့်ဤအစဉ်အလာတို့သည်ကား

အာဏာရှင်တို့အား

တန်ခိုးထွား

စေသည့်မူလအကြောင်းရင်းများဖြစ်သလို တော်လှန်ရေးအင်အားစုတို့၏ ကျရှုံးခြင်းအကြောင်းရင်းပင်ဖြစ်ပေ၏။
ဤစာစုသည်ကျနော်ဖြတ်သန်းခဲ့ဘူးသော

တော်လှန်ရေးဖြစ်စဉ်တို့းအားအခြေပြု၍

ကျနော်လေ့လာ

သင်ယူခဲ့ဘူးသော(Gene Sharp) ဂျင်းရှပ်၏ နိုင်ငံရေးအံတုမှုဖြစ်စဉ်တိုင်းတွင် အကြမ်းမဖက်လှုပ်ရှားမှုတို့ဖြင့်
တိုက်ပွဲဝင်သည့်ဘာသာရပ်ဖြင့်

ပေါင်းစပ်သုံးသပ်ထားခြင်းဖြစ်ပါသည်။

ရည်ရွယ်ချက်၏အဓိကပစ်မှတ်သည်

ကျနော်ကဲ့သို့သော အညတြတော်လှန်ရေးသမားများအတွက် မိမိကိုယ်မိမိယုံကြည်စိတ်ချစွာ မောင်းနှင်နိုင်မည့်
ပင်ကိုယ်စွမ်းရည်မြင့်မားရေးနှင့်
သဘောသဘာဝကို

မဟာခေါင်းဆောင်ကြီးများမှ

ရှင်းလင်းစွာသိထားရေးတို့ပင်ဖြစ်ပါသည်။

ခရီးဆက်နေသ၊ူချီတက်နေသူ၊

ဦးဆောင်နေသူ၊

ညီအကိုမောင်နှစ်များသည်လည်း
သဘောထားတို့အား

မိမိ၏အမှား။

ပြန်လည်သုံးသပ်၍

အညတြတော်လှန်ရေးသမားတို့၏
ကျနော့နည်းတူ

နောက်လိုက်လိုသူ

ရဟန်းကျောင်းသားနှင့်တိုင်းရင်းသား

မိမိ၏အားနည်းချက်။

ဖွင့်ဟပြောဆိုခြင်း။

ယုံကြည်ချက်ဖြင့်

မိမိတို့၏အယူအဆ။

ရေးသားတင်ပြခြင်း။

မိမိတို့၏

ဝိုင်းဖွဲ့ဆွေးနွေးခြင်း။

အခြားသူတို့အမြင် သဘောထားကိုကြိုဆိုခြင်း။ အပြန်အလှန်လေးစားခြင်းတို့ဖြင့် တော်လှန်ရေးကိုစတင်နိုင်ရန်
ကျနော်တတ်အားသမျှ ဝေငှခြင်းပင်ဖြစ်ပါ၏။
ဤစာစုတွင်

အားနည်းချို့ယွင်းချက်များပါရှိပါက

သင်ကြားညွှန်ပြပေးထားသူဆရာများနှင့်

ကျနော်၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။

လုံးဝမသက်ဆိုင်ပါကြောင်းကိုလည်း

ကျနော်အား

ဝန်ခံထားရပေမည်။Gene

Sharp ရေးသားပြုစုသည့် “WAGING NONVIOLENT STRUGGLE”စာအုပ်သည် တော်လှန်ရေး၏အင်အား။
တော်လှန်ရေး၏နည်းနာ။

သွက်လက်ဖျတ်လတ်သောလှုပ်ရှားမှု။

လူတိုင်းအားအလွယ်တကူပါဝင်လာနိုင်မှု။

ပေါ့ပေါ့ပါးပါးပျော်ရွှင်စရာစွန့်စားခန်းများနှင့်

အများ၏ယုံကြည်လေးစားမှု။

စည်းစနစ်မှန်ကန်မှုနှင့်တာဝန်ယူမှု။

အရင်အနှီးနှင့်ပေးဆပ်မှုအနည်းပါးဆုံး တော်လှန်ရေးမှသည် ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး
ဆီသို့

ဦးတည်ထားခြင်းဖြစ်သည်။

သင်ယူပြီးနောက်

အမှန်တိုင်းဆိုရပါလျှင်

ကျနော်၏လှုပ်ရှားမှုတိုင်းသည်

ဤအကြမ်းမဖက်တော်လှန်ရေးဘာသာရပ်အား

ထိရောက်သည်။

သွက်လက်သည်။

အချိတ်အဆက်

အ၀င်အထွက်တိကျသည်။ ပစ်မှတ်တွေကိုအလွယ်တကူ ရွေးချယ်နိုင်သည်။ တည့်တည့်မတ်မတ် ပစ်ခတ်
နိုင်သည်။ စိတ်ဝင်စားဘွယ်စွန့်စားခန်းတွေတသီတတန်းကြီးကို အေးအေးဆေးဆေးဖြတ် ကျော်နိုင်ခဲ့သည်။
တိုက်ပွဲထဲမှထွက်ပေါ်လာသည့်
အောင်ပွဲနှင့်ကားလွဲခဲ့ရသည်။

သူရဲကောင်းများစွာတို့နှင့်သစ္စာရှိရှိတိုက်ပွဲ

ဝင်ခဲ့ဘူးပါပြီ။

ပန်းတိုင်သည်ကားအလှမ်းဝေးနေဆဲပင်ဖြစ်သည်။

(why)ပေါင်းမြောက်များစွာတို့ဖြင့်အဖြေရှာရင်းမှ

အလင်းတန်းတချက်က

သို့သော်

အဘယ်ကြောင့်နည်း။

ဖြတ်ခနဲခေါင်းထဲပေါ်လာသည်။

ကေသရာဇာ

ခြင်္သေ့ကိုဖမ်းဖို့ဆိုလျှင်တောကျွမ်းရပေမည်။

အားသာချက်အားနည်းချက်ကိုရှာ၍
ဖြစ်ပေသည်။

ထို့အတူ

သူတို့၏အမူအကျင့်နှင့်စရိုက်ကိုလေ့လာရမည်။

သူတို့၏အကြိုက်နှင့်သူတို့၏အငိုက်ကိုလည်း

အာဏာရှင်စနစ်ကို

တိုက်ဖျက်ပစ်လိုပါက

တွက်ချက်နိုင်ရမည်

အာဏာ၏သဘောသဘောဝကို

သိထားရပေမည်။ အာဏာ၏ရေသောက်မြစ်တွေက အဘယ်အရပ်မှာ အမြစ်တွယ်လေ့ရှိသနည်း။ အာဏာကို
ရှင်သန်စေသည့်

မြေဆီမြေနှစ်တွေကဘယ်လိုအမျိုးအစားတွေဖြစ်လေသနည်း။

နေရလေသနည်း။

သစ်တုံး၏အကြောအမျှင်ကိုသိသော

အစိတ်စိတ်အမွှာအမွှာကွဲထွက်သွားရဘိသကဲ့သို့
ရှာဖွေ

ပစ်ခတ်ဖြိုခွင်းနိုင်စွမ်းရှိသော

အထွေထွေဗဟုသုတတို့အား

ပါးနပ်လိမ္မာသူသည်

(why)ဘာကြောင့်ရှင်သန်
ပေါက်ဆိန်တချက်တိုင်းမှာ

အာဏာရှင်၏အားနည်းချက်တွေကို

(Gene Sharp)ဂျင်းရှပ်၏

ကျနော်ကဲ့သို့သော

တိတိကျကျရွေးချယ်

အကြမ်းမဖက်တော်လှန်ရေးနည်းနာများနှင့်

အညတြတော်လှန်ရေးသမားတိုင်း

စနစ်တကျ

သင်ယူ

တတ်မြောက်စေချင်လှပါ၏။
မပြီးပြတ်သေးသည့်တော်လှန်ရေး၊ ဂဃနဏမရှိသေးသည့်အဂ္ဂဗျူဟာ၊ စည်းချက်ဝါးချက် မညက်ညော
သေးသည့်မဟာဗျုဟာနှင့် စည်းလုံးမှုလျှော့ရဲနေသည့်လူမျိုးရေး သံယောဇဉ်ကြိုးများဖြင့် တိုက်ပဝ
ွဲ င်နေကြသည့်
ရဲဘော်ရဲဘက်အပေါင်းတို့သည်မိမိကိုယ်ကိုမိမိအပြည့်အ၀ယုံကြည်မှု
အားလျှော်စွာ

ကိုယ်တိုင်မဟာဗျူဟာချမှတ်၍

ဖြစ်ပေါ်လာရေးနှင့်

တော်သင့်မှန်ကန်သော

အချိန်အခါ

နည်းဗျူဟာ(tactis)ကိုရွေးချယ်ပြီး

အကြမ်းမဖက်သော လုပ်ရှားမှုနည်းနာ(Mothods of action)တွေကို စွန့်စားမှုနည်းပါးသောလှုပ်ရှားမှု(Low risk
action)တို့ဖြင့်
stractigy)

ကို

မိမိပတ်ဝ န်းကျင်ကို

ဦးဆောင်နိုင်ကြမည်ဟုလည်းယုံကြည်ပါသည်။

ကိုင်တွယ်ဖို့ဆိုတာကတော့

အညတြတယောက်

အဂ္ဂဗျူဟာ(Green

အတွက်မဖြစ်နိုင်သေးဘူးလို့ယူဆပြီး

တိုင်းရင်းသားပြည်သူတရပ်လုံး၏ ယုံကြည်အားထားခံရသူတို့သာ ဖန်တီးနိုင်တဲ့ဗျူဟာဖြစ်တဲ့အတွက် အကျယ်
မချဲ့လိုတော့ပါ။
ဂျင်းရှပ်၏ အကြမ်းမဖက်တော်လှန်ရေးဘာသာရပ်အား (တရပ်တရွာမှာတယောက်) ကျွမ်းကျင်စွာတတ်
မြောက်သောနေ့သည် အာဏာရှင်တို့၏နောက်ဆုံးနေ့ဖြစ်သည်။ စစ်မှန်သောဒီမိုကရေစီနှင့် လု့အခွင့်အရေး
တို့အားအာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို ငြိမ်းချမ်းသာယာစွာ တည်ထောင်နိုင်သောနေ့ဖြစ်မည်ဟု
ကျနော်လေးလေးနက်နက် ယုံကြည်လျှက်ရှိပါ၏။ အဘယ့်ကြောင့်ဆိုသော် ---------------ရှေ့လမှဆက်ပါဦးမည်
မင်းတိက္ခ
*စူးမှစိုက*

လူတို့တွင် ထူးခြားဆန်းကြယ်သော အရာတစ်ခုရှိ၏။ ထိုအရာသည် လူတို့ကိုယ်တိုင်ပင် မျက်စိဖြင့်
မမြင်နိုင်သော သဘာဝအလျှောက်ဖြစ်တည်လျက် ရှိသည့်အရာတစ်ခုပင် ဖြစ်၏။ ထိုအရာကြောင့်ပင် လူဆိုသော
သတ္တ၀ါသည်

တိရစ္ဆာန်များနှင့်ထာဝစဉ်ခြားနားလျှက်

ကွဲပြားသွားလေတော့၏။

ထိုအရာသည်ကား

တွေးတောထင်မြင် တတ်သောစိတ်ပင်ဖြစ်လေသည်။
ဤကမ္ဘာလောက၌ မျက်စိဖြင့်မြင်နိုင်သော ကြီးကျယ်ခမ်းနားမှုများသည်လည်းကောင်း၊ အချိန်နှင့်အမျှ
တိုးတတ်ပြောင်းလဲလာသောအရာအားလုံးတို့သည်လည်းကောင်း
မှပင်စတင်ခဲ့ခြင်း
မပေါ်မီက

ဖြစ်လေသည်။

ယခုလူသားအားလုံးတို့

တစ်စုံတစ်ယောက်၏စိတ်တွင်

ထိုအရာသည်

လူတို့၏တွေးတောထင်မြင်တတ်သောစိတ်

အသုံးပြုနေကြသော
ပေါ်ပေါက်ခဲ့ပြီး

အင်တာနက်ဆိုသောအရာ

ဖြစ်လေသည်။

ထို့နောက်

သူ၏စိတ်မှသာစတင်မြစ်ဖျားခံခဲ့သော

ထိုအရာကို

လက်တွေ့အဖြစ်

ပြင်ပလောကတွင်

အသုံးပြုနိုင်

လောက်အောင် ၎င်း၏စိတ်၌ပင် စူးစိုက်စွဲမြဲစွာ ထင်မြင်ကြံစည်ခဲ့ခြင်းကြောင့် မရှိသောအရာ တစ်ခုမှ ရှိသော
အရာတစ်ခုအဖြစ်

လောကကြီးအတွင်းသို့

ဝင်ရောက်လာလေတော့၏။

ထို့ကြောင့်

စူးစိုက်စွဲမြဲတတ်သော

စိတ်သည် လူ၌ ဘာမဆို ဖြစ်စေနိုင်သော လက်နက်တစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။

တိရစ္ဆာန်များတွင် ထိုသတ္တိသည် ထင်ရှားစွာ မဖြစ်ပေါ်ပေ။ သို့ရာတွင် တိရစ္ဆာန်များ၌ ထင်မြင်တတ်သော
စိတ်သည်

သဘာဝအလျှောက်

အချိန်အကန့်အသတ်အလိုက်

ကောင်းစွာဖြစ်ပေါ်လေ့ရှိ၏။

စာကလေး

ငှက်တို့သည် မိုးဦးကျခါနီးမှသာ ဥတုနှင့်အပူ အအေး အခိုး အငွေ့၊ အနံ့ အသက်တို့၏ လှုံ့ဆော်မှုကြောင့်
အသိုက်ကို ထင်မြင်၏။ ထိုကဲ့သို့သောစိတ်သည် တိရစ္ဆာန်များ၌ အချိန်အခါနီးကပ်၍ လာမှသာ ပေါ်ပေါက်၍
လာလေသည်။ လူတို့တွင်ကား အဆုံးအစမရှိ အကန့်အသက်မရှိဘဲ အလိုအလျှောက်ထင်မြင်နိုင်စွမ်းရှိလေ၏။

သို့ရာတွင် လူတို့မှာ စိတ်နှင့် ပတ်သက်သော သဘာဝနှစ်မျိုးရှိနေလေသည်။ တစ်မျိုးနှင့် တစ်မျိုးမှာ
ဆန့်ကျင်ဘက်ဖြစ်ကြလေ၏။ ပထမတစ်မျိုးမှာ အဖြစ်စိတ် ဖြစ်၏။ နောက်တစ်မျိုးကာ အပျက်စိတ်ဖြစ်လေ၏။
အဖြစ်စိတ်

ဆိုသည်မှာ

ဖြစ်မြောက်စေမည့်အကြံအစည်

တစ်စုံတစ်ခုကို

စိတ်ကူးများမှ

ဖြစ်မြောက်အောင်
တစ်ပါး

ဆုပ်ကိုင်နိုင်အောင်

အခြားအပိုစိတ်ကူးများကို

လုပ်လိုသည့်အခါ

ထည့်သွင်းထားခြင်း

မရှိသည့်စိတပ
် င် ဖြစ်၏။ ထိုစိတ်သည် မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ရပ်ပေး၏။ ၀ီရိယကို ဖြစ်စေ၏။ ဇွဲကို
သန်စေ၏။ မိမိလုပ်လိုသောအရာကို ဆုပ်ကိုင်နိုင်စေရန်အတွက် ချိန်ဆတတ်အောင် သင်ပေးခြင်း ၊ အောင်မြင်
စေရန်အတွက်

အထောက်အကူဖြစ်စေမည့်

သေချာပြတ်သားစွာ

တွေးတောကြံစည်မှုကို

သင်ပေးခြင်း၊

အကျိုးအဖြစ်ကို ဝေဖန်တတ်ခြင်း စသည်တို့ကို ဖြစ်စေနိုင်စွမ်း ရှိ၏။ ထိုအတူ မျှော်လင့်ချက် ခိုင်မာခြင်း၊ ရဲရင့်ခြင်း၊
စိတ်အားထက်သန်ခြင်း၊ ဆုံးဖြတ်ချက် ခိုင်မာစွာ ချတတ်ခြင်း၊ ဖြောင့်မှန်မှုရှိခြင်း၊ သတ္တိကောင်းခြင်း တို့သည်လည်း

အဖြစ်စိတ်များပင် ဖြစ်ကြလေ၏။ စင်စစ်အားဖြင့် မိမိစိတ်ကို တစ်ခုခုကို ဖြစ်မြောက်ရရှိပိုင်နိုင်စေရေးအတွက်
စူးစိုက်စွဲမြဲစွာ

အာရုံသွင်းခြင်းပင်ဖြစ်လေ၏။

ထိုကြောင့်

အဖြစ်စိတ်

ဟူသည်

စူးစိုက်စွဲမြဲသောစိတ်ရှိမှ

ပေါ်ပေါက်လာခြင်း ဖြစ်လေသည်။
အပျက်စိတ်သည်ကား
စိတ်အားငယ်ခြင်း၊

ကိုယ့်ကိုကိုယ်

ဆုတ်ယုတ်ခြင်း၊

သံသယဖြစ်ခြင်း၊

ကြောင့်ကြခြင်း၊

မတည်ငြိမ်ခြင်း၊

ပူပန်ကြောက်ရွံ့ခြင်း

စိတ်လွင့်ပါးခြင်း၊

အတွေးအခေါ်မကြည်မလင်

မပြတ်သားမှုတို့ပင် ဖြစ်လေ၏။ “ငါဘာကောင်မှ မဟုတ်ဘူး” ဆိုသော အတွေးမျိုးသည် လူတိုင်း၏စိတ်၌ပင်
ဖြစ်တတ်လေ့ရှိ၏။ ထိုကဲ့သို့သော စိတ်ကို ဒဿန ပညာရှင် ဂျွန်ဟောင်လေးက Nemo ဟုအမည်ပေ၏။ ဂရိ
စကားမှလာလေသောကြောင့် Nobodiness ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်၏။ ထိုစိတ်မျိုးသည် လူများတွင်သာ ဖြစ်ပေါ်၏။
အခြားသတ္တ၀ါများတွင် မဖြစ်ပေါ်ပေ။ ထိုကြောင့် အပျက်စိတ်သည် Nemo ဟုဆိုအပ်သော စိတ်အမျိုးအစားမျိုးပင်
ဖြစ်လေ၏။
လူ၏ ကိုယ်တွင် ရေဓါတ်ဟု ခေါ်သည့် အာပေါ ဓာတ်အား ကြီး၏။ အာပေါသည် အသက်ဓာတ်၊
အကျဓာတ်ပင် ဖြစ်လေ၏။ ထိုအတူ ၎င်းနှင့် မိတ်ဖက်ဖြစ်သော မြေ `ဟုခေါ်သည့် ပထ၀ီဓါတ်သည်လည်း
ဆွဲအားရှိသောကြောင့် အောက်သို့သာ ဆွဲချလေတော့၏။ ထိုကြောင့် လူသည် သဘာဝအားဖြင့် အလိုအလျှောက်
စိတ်သည် အကျဘက်၌သာ ပို၍ဖြစ်တတ်ကြလေ၏။

ထိုအခါ မိမိဖြစ်လိုသည့်အရာ တစ်ခုတည်း၌ စူးစိုက် စွဲမြဲသောစိတ်ဖြင့် စိတ်ဝင်တစားလုပ်ရလေ၏။
ထိုစူးစိုက်သောစိတ်သည်သာ
အပျက်သဘော

ရှိစေကာမူ

အပျက်စိတ်ကို

တွန်းလှန်နိုင်လေ၏။

မိမိအလိုရှိသောအရာကို

ဖြစ်စေ၊

အဘယ်ကြောင့်ဆိုသော်

သိလိုသောအရာကို

ဖြစ်စေ၊

မည်မျှပင်
စူးစိုက်စွဲမြဲစွာ

ကြံစည်ဆောင်ရွက်လျှင် ပေါ်ပေါက်ရရှိမြဲ ဖြစ်လေသည်။ စူးစိုက်သော စိတ်ရှိမှ ထွင်းဖောက်နိုင်လေ၏။ လောက၌
မကြီးပွားသူ၊ မထက်မြတ်သူများသည်မှာ စူးစိုက်သော စိတ်ရှိခြင်း နည်းခြင်းကြောင့်ပင် ဖြစ်လေ၏။

စာကိုဖတ်ရာတွင် စာထဲ၌သာ စူးစိုက်ထား၍ ပတ်ဝန်းကျင်၏ဆွဲဆောင်ရာသို့ စိတ်ကို မရောက်သွားအောင်
ထိန်းထားဖို့လိုလေသည်။ စားလျှင်စားခြင်း၌သာစိတ်ကိုသွင်း၍ စူးစိုက်လျှက် အခြားအရာများအား မတွေးတော

သင့်ပေ။ အိပ်ရာဝင်သည်အ
့ ခါ အိပ်မည်ဟူသော စိတ်ကို သာထား၍အိပ်လျှင် လျင်မြန်စွာအိပ်ပျော်နိုင်လေသည်။
စာကျက်ရာ၌ ၊ တွက်ချက်ရာ၌ စူးစိုက်စွာကျက်လျှင်၊ ကြံလျှင် အရလွန်စွာမြန်လေ၏။ အဘယ်မျှပင် ဥာဏ်ထိုင်း
စေကာမှု စူးစိုက်စွာကြံလျှင် ဥာဏ်သည် ပွင့်လင်းလာလေတော့၏။ စူးစိုက်သောစိတ်သည် မိမိအလိုရှိသော
အရာကို

ညှို့ယူနိုင်စွမ်းရှိ၏။

တိရစ္ဆာန်များတွင်လည်း

ထိုညှို့ယူနိုင်စွမ်း

အစာကိုစောင့်သောဗျိုင်း၊ ကြွက်ကိုစောင့်သော ကြောင်ကဲ့သို့

ရှိခြင်းကြောင့်

စပါးကြီးမြွေများ၊

၎င်းတို့၏အစာသည်နောက်ဆုံးတွင် သူတို့၏

ခံတွင်းဝသို့ ရောက်ရှိလာလေတော့၏။ ထို့ကြောင့် မိမိဖြစ်လိုသောအရာတစ်ခု၌သာ စူးစိုက်စွာထင်မြင်လျက်
နည်းလမ်းရှိသလောက် အစွမ်းကုန် ကြိုးစားလျှင် အောင်မြင်နိုင်လေသည်။
“စိတ္တေန

နိယျတေလောကော”

ဟု

ဆိုသည့်အတိုင်း

စိတ်မှ

လိုချင်၊

ဖြစ်ချင်

သည့်အရာကို

စူးစိုက်စွဲမြဲစွာလုပ်ဆောင်လျှင် ဘာမဆို ဖြစ်မြောက်အောင်မြင်စွာ ရရှိနိုင်လေသည်။ စူးစိုက်စွဲမြဲသောစိတ်သည်
လူတို့အတွက်

အမြုတေကဲ့သို့ပင်

ထိန်းချုပ်နိုင်လျှင်

ဖြစ်လေ၏။

ဈာန်အဘိညာဉ်

မိမိအလိရ
ှိုသည့်အရာတစ်ခု၌သာ

ရှင်းလင်းစွာ

စူးစိက
ုစွဲမြဲအောင်လုပ်နိုင်လျှင်၊

ရနိုင်လေသည်။

ဘ၀အသင်္ချေ

ဘုရားအဖြစ်ကိုပင်

တစ်ခုတည်း၌သာ စူးစိုက်စွဲမြဲလျှက်

တစ်ခုတည်း၌သာ

တန်းခိုးများပင်

စူးစိုက်စွဲမြဲ၍

လောကသုံးပါး၏အမြတ်ဆုံးသော

စိတ်ကို

ရနိုင်လေ၏။

ထားလျှင်

အနန္တ

ထို့အပြင်
ကျင့်နိုင်၊

ထို့ကြောင့်

အလုပ်သည်လည်း

စိတ်ကို

ရှင်း၏။

စိတ်ကို

ထိန်းချုပ်နိုင်ပါက

မိမိအလိုရှိရာ

စိတ်မရှင်းသဖြင့်

တွေဝေခြင်း၊ စိတ်ပျံ့လွင့်ခြင်း၊ စိတ်များခြင်း ဖြစ်၍ နေသူမှာ အလုပ်မရှင်း၊ အလုပ်တွင်ကျယ်ခြင်းလည်းရှိမည်
မဟုတ်ပေ။
“The contented man, though poor, is happy ; the discontented man, though rich, is sad”

ဆိုသော

တရုတ်စကားပုံ

တစ်ခုရှိ၏။

အဓိပ္ပါယ်ကား

ရောင့်ရဲတတ်သောသူသည်

ဆင်ရဲသော်ငြားလည်း

စိတ်ချမ်းသာသည်။ မရောင့်ရဲတတ်သောသူသည် ချမ်းသာသော်ငြားလည်း စိတ်ဆင်းရဲသည်။ ထိုစကားပုံသည်
ယျေဘူယျအားဖြင့်

မှန်သလိုရှိ၏။

စင်စစ်အားဖြင့်

ဘ၀၌ ကြီးပွားအောင်မြင် တိုးတက်လိုသော သူအဖို့မူ

ထိုစကားပုံသည် အလျှော့ပေး၊ အရှုံးပေး ရသလောက်ကလေးနှင့် ကျေနပ်နေမည့် မိမိစိတ်ကို အညွန့်တုံးစေမည့်
အဓိပ္ပါယ် မျိုးဖြစ်လေ၏။ လောက၌ လူလုပ်ခြင်းသည် မိမိတစ်ဦးတည်း စိတ်ရောင့်ရနေဖို့ တစ်ခုတည်းအတွက်
မဟုတ်နိုင်ပေ။ မိမိ၏ ရသလောက်ဖြင့် ရောင့်ရဲမလွယ်တတ်ခြင်းနှင့် စူးစိုက်သောစိတ်ဖြင့် ကြိုးစားအားထုတ်မှုတို့
ကြောင့်ဖြစ်ပေါ်လာသည့် ကြီးပွားတိုးတက်မှု နှင့်အတူ ရရှိလာမည့် စီးပွား ဥစ္စာများသည် များစွာသော ကောင်းမှုကို
ပြုနိုင်လေသည်။ ဥစ္စာ တည်းဟူသော လက်နက်ဖြင့် တိုင်ပြည်နှင့် လူမျိုးအကျိုးကိုလည်းများစွာထမ်းဆောင်
နိုင်လေသည်။

“A man with changeable spirit is not successful “ ဟုဆိုသည့် ဂျပန် စကားပုံအတိုင်း တစ်စုံတစ်ခု၌

စူးစိုက်စွဲမြဲသောစိတ်မရှိဘဲ ပြောင်းလဲတတ်သည့် စိတ်ရှိသူသည် အောင်မြင်မှုကို မရနိုင်ပေ။ မိမိဖြစ်လိုသောအရာ
ပိုင်ဆိုင်လိုသောအရာကို

ရနိုင်စေမည့်

အကောင်းဆုံးနည်းလမ်းသည်

ထိုအရာတစ်ခုတည်း၌

စိတ်ကို

အကုန်သွင်းပြီး စူးစိုက်စွဲမြဲစွာ ပေါက်ရောက်အောင် ထိထိရောက်ရောက် လုပ်ဆောင်ခြင်းပင် ဖြစ်လေသည်။
“ဖြစ်ပြီးလျှင် ပျက် “ဟူသော လောကနိယာမ သဘောအတိုင်း အပျက်သဘောက ပို၍ ကြီးမားလျှက် ရှိသည်ဖြစ်ရာ
ထိုအရာအား

ဖောက်ထွက်နိုင်မှသာလျှင်

မုချအောင်မြင်မည့်လူ

ဖြစ်နိုင်လေ၏။

အရာဝတ္ထုတစ်ခုသည်

စူးရှထက်မြတ်မှု ရှိမှ တစ်စုံတစ်ခုအပေါ် စိုက်နိုင်စွမ်းရှိသလို ချွန်ထက်စူးမြသောအရာသည်လည်း တစ်စုံတစ်ခုကို
ထိုးဖောက်နိုင်စွမ်းရှိလေ၏။ ထို့အတွက် အောင်မြင်ခြင်းသို့ ဖောက်ထွက်နိုင်ရန် စူးစိုက်သော စိတ်ရှိဖို့လိုလေ၏။
ထို့ကြောင့်

စိတ်တုံးကြီးဖြင့်

ခက်ခဲလှသည့်အတွက်
စူးစိက
ုသောစိတ်ဖြင့်

မည်မျှပင်

“စူးမှစိုက”်

ကြိုးစားသော်လည်း

ဆိုသကဲ့သို့

လုပ်ဆောင်မှသာလျှင်

ဖြစ်နိုင်ချေသည်တကား……။

လောကတွင်

မိမိလိုချင်သော

လောက၌

ပန်းတိုင်ကို

အောင်မြင်နိုင်ရန်
မရောက်

ဖောက်ထွက်နိုင်သော

လွန်စွာမှ

ရောက်အောင်

သူတစ်ယောက်

အပ္ပမာဒေါ အမတံ ပဒံ

နေစကြာနိုင်
၁.၅.၂၀၁၁

*ကမ္ဘာ့လူဦးရေနေ့နှင့် သန်း ၇ ထောင် ပြဿနာ *
၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်း ငါးထောင် ပြည့်ခဲ့ပြီးနောက်၊ ကုလသမဂ္ဂက ထိုနေ့ကို

‘Five Billion Day’ ဟု ကြေငြာခဲ့သည်။ နောက်နှစ်နှစ်အကြာမှာ ၄င်း ဇူလိုင် ၁၁ ရက်နေ့ကို ‘ကမ္ဘာ့ လူဦးရေနေ့’
အဖြစ် နှစ်စဉ် သတ်မှတ်သွားမည့်အကြောင်း ထပ်မံကြေငြာခဲ့သည်။
ကမ္ဘာ့လူဦးရေနေ့ ကို အသိအမှတ်ပြုရခြင်းမှာ မိသားစု စီမံကိန်း၊ ကျားမ တန်းတူညီမျှရေး၊ ဆင်းရဲမွဲတေမှု၊
မိခင်နှင့်ကလေး ကျန်းမာရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု စတဲ့ အရေးကြီးတဲ့ ပြဿနာများအပေါ်
လူအများသတိပြု ဖြေရှင်းကြဖို့ နှိုးဆော်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ ခန့်မှန်းချက်အရ ယခု ၂၀၁၁ အောက်တိုဘာ ၃၀ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်း ၇ ထောင် (၇
ဘီလီယံ) ပြည့်မည်ဖြစ်သည်။ နှစ် ၂၀ အတွင်း ၄၀ ရာခိုင်နှုန်း တိုးပွားလာပြီး၊ ၁၉၆၈ ခုနှစ် ကထက် လူဦးရေ
နှစ်ဆ ကမ္ဘာဂြိုဟ်ပေါ်တွင် နေထိုင်လာခြင်း ဖြစ်သည်။
၁၈၀၄ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ၁ ဘီလီယံ သာ ရှိခဲ့သည်။ နောက် ၁၂၃ နှစ် ကြာသောအခါ ၂ ဘီလီယံ အထိ
တက်ခဲ့သည်။
လူဦးရေ ကျွမ်းကျင်ပညာရှင်များ အဆိုအရ ကမ္ဘာအနှံ့ မွေးဖွားနှုန်း ကျဆင်းနေသော်လည်း၊ ယခု ၂၁ ရာစု

အလယ်အထိ ကမ္ဘာ့လူဦးရေ ဆက်တိုးပွားနေဦးမည်ဟု ခန့်မှန်းထားသည်။ အဆက်မပြတ် တိုးပွားနေမှာက
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်သည်။ လူ ၁၀၀ မွေးတိုင်း ၉၇ ယောက် မှာ စားဝတ်နေမှု၊ မညီမျှမှု ပြဿနာပေါင်းစုံ
အမြဲတက်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်။ ၂၁၀၀ ခုနှစ် ယခု ရာစုနှစ်အဆုံးတွင် ကမ္ဘာ့လူဦးရေ ၁၀ ဘီလီယံ
(သန်း ၁ သောင်း) ထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။

ဆင်းရဲမွဲတေမှု ကိန်းဂဏန်းများ
-ယနေ့ ကမ္ဘာ့ လူဦးရေ ၇ ဘီလီယံ ပြည်က
့ာနီးချိန်တွင် အငတ်ဘေးကြုံနေရသူ ၁ ဘီလီယံ (သန်း တစ်ထောင်)
ရှိသည်။
-ကမ္ဘာဂြိုဟ်ပေါ်တွင် နေ့စဉ် လူ ၁ ဘီလီယံ ဆာလောင်မွတ်သိပ်နေပြီး၊ ဗိုက်ဟောင်းလောင်းဖြင့် ညများကို
ဖြတ်သန်းနေရသည်။

-လူ ၂ ဘီလီယံက တစ်နေ့ ၂ ဒေါ်လာ အောက် ၀င်ငွေဖြင့် နေထိုင်ရသည်။-၁ ဘီလီယံက သောက်သုံးရေသန့်
မရရှိသေး။

-နေ့စဉ် မိခင် ၁၀၀၀ မှာ ကိုယ်ဝ န်ဆောင်ရင်း၊ ကလေးမီးဖွားရင်းဖြင့် သေဆုံးနေသည်။
-ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီး ၂၁၅ သန်းတွင် ထိရောက်သည့် မိသားစုစီမံကိန်း မရှိသေး။
-အသက် ၂၅ နှစ်အောက် မှာ တစ်ကမ္ဘာလုံးတွင် ၃ ဘီလီယံ ရှိပြီး၊ ကမ္ဘာ့လူဦးရေရဲ့ ၄၃ ရာခိုင်နှုန်း ဖြစ်သည်။
၎င်းတို့အနက် ၆၀ ရာခိုင်နှုန်းက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသည်။
၇ ဘီလီယံအတွက် ဖြေရှင်းရေး
ယနေ့ ၂၀၁၁ ခုနှစ် ကမ္ဘာ့လူဦးရေနေ့တွင် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က လူ ၇ ဘီလီယံ ကိစ္စ
ဖြေရှင်းရေးအတွက် ကြေငြာချက် မက်ဆေ့ခ်ျ ထုတ်ခဲ့သည်။ ၄င်းထဲတွင်
-လူဦးရေနှုန်း လျှော့ချရေး ၀ိုင်းဝန်းဆောင်ရွက်ကြဖို့၊

-ဆင်းရဲမွဲတေမှုနှင့် မညီမျှမှု အဆိုးသံသရာကနေ ဖောက်ထွက်ဖို့၊
-ဂလိုဘယ် နိုင်ငံရေးနှင့် ယဉ်ကျေးမှု ပြောင်းလဲရေးမှာ လူငယ်တွေ အဓိက ပါဝင်လာအောင် ဆောင်ရွက်ဖို့၊
-မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ကာကွယ်ဖို့၊ ကလေးမွေးဖွားရာမှာ လုံခြုံမှုရှိစေဖို့၊ မွေးဖွားလာသည့်
ကလေးတိုင်းကို ၀ိုင်းဝန်းစောင့်ရှောက်ဖို့နှင့် အခွင့်အရေးရစေဖို့၊

-နောက်ထပ် မွေးဖွားလာမည့် ၂ ဘီလီယံမှာ မြို့ကြီးများမှ ဖြစ်တဲ့အတွက်၊ မြို့ပြစီမံကိန်းများ
တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့။
-သက်ကြီးရွယ်အိုများအတွက် စီမံကိန်းများ ချမှတ်ဖို့ စတဲ့အချက်များ ပါဝင်သည်။

၂၀၅၀ နှင့် ၂၁၀၀ ခုနှစ်အတွက် ခန့်မှန်းချက်
နိုင်ငံအချို့အတွက် လက်ရှိ လူဦးရေ၊ ၂၀၅၀ နှင့် ၂၁၀၀ ခုနှစ် လူဦးရေ ခန့်မှန်းချက်တို့မှာ အောက်ပါအတိုင်း
ဖြစ်သည်။
-လက်ရှိ အမေရိကန် လူဦးရေ သန်း ၃၁၀ က ၂၀၅၀ ခုနှစ်တွင် သန်း ၄၀၀ ဖြစ်ပြီး၊ ၂၁၀၀ ခုနှစ်တွင် သန်း ၄၇၈
အထိ မြင့်တက်လာမည်။

-လက်ရှိ ရုရှား လူဦးရေက သန်း ၁၄၂ ရှိပြီး၊ ၂၁၀၀ တွင် သန်း ၁၁၁ အထိ ကျဆင်းသွားမည်။
-ယခု အာဖဂန်နစ္စတန် သန်း ၃၀ ကျော်က ၂၁၀၀ တွင် သန်း ၁၁၁ (ယခု ရုရှားလူဦးရေ) အထိ တက်လာမည်။
-နိုက်ဂျီးရီးယား လူဦးရေ သန်း ၁၅၀ က ၂၁၀၀ တွင် သန်း ၇၆၀ အထိ တက်လာမည်။
-လက်ရှိ ဆဘ် ဆာဟာရ အာဖရိကရဲ့ လူဦးရေ သန်း ၈၅၆ (ဥရောပထက် အနည်းငယ်များပြီး၊ အာရှရဲ့

ငါးပုံတစ်ပုံ) က ၂၁၀၀ ခုနှစ်တွင် ဥရောပထက် သုံးဆများလာပြီး၊ အာရှ သုံးပုံတစ်ပုံစာ ရှိမည်။ (လက်ရှိ အာရှ
လူဦးရေ သန်း ၄ ထောင်)။ အာဖရိကတိုက်တွင် လူဦးရေ အမြန်ဆုံး တိုးပွားနေသည်။
-တရုတ် လူဦးရေမှာ လက်ရှိ လူဦးရေ ၁၃၄၀ သန်းကနေ ၂၀၁၀ နှင့် ၂၁၀၀ ခုနှစ်ကြားတွင် သန်း ၄၀၀ ကျော်
လျော့ကျသွားဖွယ် ရှိသည်။
မောက္ခ နိုင်ငံတကာသတင်း
Source: Economist & UNFPA

http://www.maukkha.org/index.php?option=com_content&view=article&id=1608:2011-07-11-04-5433&catid=120:2010-10-11-07-37-22&Itemid=374

* မေမေ့ကိုပေးပေးပါ*
အမေ့မျက်နှာ အမေ့အသံလေး မကြားရ၊ မတွေ့ရတာ ဒီနေ့နဲ့ဆို၂နှစ်နဲ့ ခြောက်ရက်ရှိပြီနော်အမေ။
အမေပေးခဲ့တဲ့ အသက်ရှုသံတိုင်းမှာ အမေ့ကို သမီးသတိရတယ်၊ အမေ အဆင်ပြေရဲ့လားမသိဘူး၊ အမေ့အနားမှ
အမေချစ်တဲ့

သားကြီး၊

သမီးကြီးတွေရှိနေပေမယ့်

အမေ့ရှေ့ကရပ်ပြီး

ကာကွယ်ပေးယ့်

အမေ့ကိုအမြဲတမ်း

စိတ်ပူမှုတွေပေးတတ်တဲ့ သမီးဆိုးလေး အမေ့အနားမှာ မရှိဘူးလေ။ အမေရော သမီးကိုသတိရနေလား....?
သားသမီးဆိုးကို

မိဘက

ပြစ်ရိုးထုံးစံ

မရှိဘူးဆိုတဲ့စကားက

မလုံလောက်ပါဘူးအမေ။

အမြဲပဲ

ခွင့်လွှတ်

နားလည်နေတတ်ပါတယ်။
သမီးကို အမေခဏခဏပြောဖူးတယ်။ ဒီနေ့အထိကြားနေဆဲပါအမေ "အငယ်လေးရယ် ဘာလို့ အရမ်းဆိုး
ရတာလဲ အမေ့ကို မသနားဘူးလား " တကယ်ပါအမေရယ် သမီးမဆိုးပါဘူး။
အမေ့ရဲ့အချစ်တွေကို

ဘယ်သူမှ မပေးချင်လို့အတ္တကြီးခဲ့တာပါ။

မှတ်မိပါသေးတယ်အမေ။

သူငယ်ချင်းတွေနဲ့ေ လျှာက်လည်တာ

မလိမ္မာပေမယ့် မဆိုးခဲ့ပါဘူး။

သမီးဘ၀အားလုံးထဲမှာ
မိုးချုပ်သွားလို့

အမေ့ကိုချစ်တယ်။

အမေသမီးကို

အရမ်းရိုက်ခဲ့

တယ်လေ။ ပြောစကားနားမထောင်လို့ ဒဏ်ပေးခံရတာတွေကလဲ အကြိမ်ကြိမ်ပါ။ အဲဒီတုန်းကလေ သမီးအမေ့ကို
မုန်းမိတယ်အမေ။ သမီးတကယ်ပဲဆိုးခဲ့တာလားဟင်? သမီးသင်္ကြန်မှာ ဒဏ်ရာရတော့ အမေ စိုးရိမ်ပူပန်မှုများစွာနဲ့
အရူးမီးဝိုင်းဖြစ်ခဲ့တယ်။ သမီးဆေးရုံတက်ရတော့လဲ နေ့ရော ညပါ သမီးအနားမှာအားပေးခဲ့တယ်။ ဒါတွေကို
အမေနဲ့ဝေးရတော့မှ

နားလည်ခဲ့ရတယ်အမေ။

သမီးလေ

အမေ့ကိုအရမ်းလွမ်းတယ်။

ဒီနှစ်သင်္ကြန်မှာလဲ

သမီးဒါဏ်ရာသေးသေးလေးတခုရတယ်အမေ။ နာကျင်မှုနဲ့အတူ တပြိုင်တည်းသတိရလိုက်တာ အမေပါ။ အမေ
ခလုတ်ထိမှ

အမိတတတ်တဲ့

ကြိတ်ငိုခဲ့ရတယ်အမေ။
အမေ့ရင်ခွင်က

သမီးလေ။

အမေ့ကိုသတိရလို့

တယောက်တည်းငိုတက်တဲ့

စထွက်ခွါတဲ့နေ့မှာ

အကျင့်ကို

ဘယ်သူမှမသိအောင်

တိတ်တိတ်လေး

ဘာလို့သမီးကိုသင်ပေးခဲ့ရတာလဲအမရယ်။

သမီးတိုးတိုးလေးပျော်ခဲ့တယ်အမေ။

လောကကြီးရဲ့ကောင်းကင်ကို

အတောင်ဖြန့်သွားတော့မယ့် အပျံသင်စ ငှက်တစ်ကောင်လိုပေါ့ ။ ဒါပေမဲ့ အခုသမီးမပျော်တော့ဘူးအမ။ သမီး
မပျော်နိုင်တော့ဘူး။ အမေ့ရဲ့ ရင်ခွင်သေးသေးလေးလောက် ဘယ်ကမ္ဘာကြီးကမှ လုံခြုံနွေးထွေးမှုကို မပေးနိုင်ဘူး
အမေ။ အမေ့ရဲ့ရင်ခွင်ကမှ သမီးကိုလွတ်လပ်စွာနဲ့ လုံခြုံစေတာပါအမေ။
လောကကြီးမှာ
ဂုဏ်သိက္ခာတွေနဲ့

အရာအားလုံးက

မာယာတွေ။

သေးသိမ်တဲ့စိတ်ဓာတ်တွေက

အဆောင်အယောင်တွေ၊

ဖုံးလွှမ်းနေတယ်အမေ။

ဟန်ဆောင်မှုတွေ၊

လူတစ်ယောက်ရဲ့ခံစားချက်ကို

တန်ဖိုးမထားတတ်ကြဖူးအမေ။ သမီးလေ ဒုက္ခရောက်လေ ၀မ်းနည်းရလေ စိတ်ညစ်ရလေ စိတ်ဓာတ်ကျလေ
အမေ့ကို သတိရလေပါပဲအမေ။ သမီးလိုသားသမီးတွေ ဒီကမ္ဘာမှာ အများကြီးရှိမယ်အမေ။ သူတို့လဲ သမီးလိုပဲ
အမေနဲ့ဝေးမှ

အမေ့ရဲ့

စေတနာ၊ကရုဏာ၊

ယုယကြင်နာမှု၊

နွေးထွေးစွာအားပေးမှုတွေကို

ခံစားနားလည်တတ်ရတယ်ဆိုရင် အမေယုံမှာလားဟင်....။ အမေ့ကို သမီးမတွေ့ရတာ ကြာပြီအမေ။ ဒါပေမဲ့

အမေ့ရဲ့မျက်နှာ၊

အမေ့ရဲ့အသံ၊

အမေ့ရဲ့အပြုံး၊

အမေ့ရဲ့ခြေသည်းလက်သည်းလေးတွေကအစ

သမီး

အမေ့ရဲ့ပုံရိပ်၊

အမေ့ရဲ့

အမှတ်တရရှိနေသေးတယ်အမေ။

မျက်ရည်၊

အမေ့ရဲ့

မေတ္တာ၊

စိုးရိမ်ဂရုစိုက်မှုတွေကို ငါ့ကိုမချစ်လို့ဆူတယ်လို့ထင်မှတ်ပြီး အမေ့ရင်ကိုအရောင်ထင်စေခဲ့တဲ့ အမေ့ရဲ့သမီးလေ။
အခုတော့

မျက်ရည်နဲ့ပဲကြေကွဲနေရတယ်။

အမေ့ရဲ့အသံလေးကြားရခွင့်
သမီးပြန်လာမှာပါအမေရယ်။

အခုချိန်

သမီးမှာမရှိတော့ဘူးအမေ။
ပြန်လာခဲ့မှာပါ။

အမေနေကောင်းရဲ့လားလို့
အမေ့ကိုသမီးချစ်တယ်။

ဘယ်တော့လဲ

ဆိုတာကိုတော့

မေးချင်တာတောင်
အရမ်းချစ်တယ်။
သမီးမပြောပါရစေနဲ့။

သမီးချစ်တဲ့မိသားစုကို သမီးတသက်လုံးခွဲပြီး မနေနိုင်ပါဘူးအမေ။ အဲဒီမသေချာတဲ့ နေ့ရက်တွေကို လက်ချိုး
ရေရင်းနဲ့ပအ
ဲ မေ့ကဝ
ို န်ချတောင်းပန်ကန်တော့လိုက်ပါတယ်..။
နောင်တများစွာနဲ့
အမေ့ရဲ့ သမီးငယ်

ဒိုလေး

Sign up to vote on this title
UsefulNot useful