You are on page 1of 2

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) မှ ဦးစီးကျင်းပမည့် ဇူလိုင် (၇) ရက် အရေးတော်ပုံနေ့ နှစ်ငါးဆယ်ပြည့် အောက်မေ့ဘွယ် အခမ်းအနား သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မိ မကဒတ) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ)၊

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တို့မှ ပူးတွဲ ပေးပို့သော သဝဏ်လွှာ

နေ့စွဲ။

။ ၇ ရက်၊ ၇ လ၊ ၂၀၁၂ ခုနှစ်

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်မှ ဦးစီးကာ ဗမာပြည် အရပ်ရပ်တွင် ကျင်းပ ပြုလုပ်မည့် ဇူလိုင် (၇) ရက် နှစ်ငါးဆယ်ပြည့် အောက်မေ့ဘွယ် အခမ်းအနားများသို့ မိမိတို့ ညီနောင် အဖွဲ့အစည်းများမှ သဝဏ်လွှာ ပေးပို့အပ်ပါသည်။ ယခုနှစ် ကျရောက်သည့် သမိုင်းဝင် ဇူလိုင် (၇) ရက် အရေးတော်ပုံနေ့သည် နှစ် ၅၀ တိုင်ခဲ့ပြီ ဖြစ်သည်။ ဒီနေ့သည် သမိုင်းဝင် တကသ အဆောက်အဦ ဖြိုခွဲဖျက်ဆီး ခံခဲ့ရသောနေ့၊ ကျောင်းသား အခွင့်အရေးများ ဆုံးရှုံးသွားခဲ့ရသောနေ့၊ ဒီမိုကရေစီပညာရေး ဆိတ်သုန်း သွားခဲ့ရသောနေ့ ဖြစ်သည်။ စစ်အာဏာရှင်စနစ် သရုပ်သဏ္ဌာန် အစစ်အမှန်ကို ပွင့်ကျသွားစေခဲ့သောနေ့၊ ချွတ်ပြခဲ့သောနေ့ ဖြစ်သည်။ ယခု နှစ်ပေါင်း ၅၀ တိုင် ခဲ့သည့်တိုင် ဒီမိုကရေစီစနစ်သို့ ဦးတည်နေပါသည်ဟု ပြောဆိုနေသော လက်ရှိ အစိုးရ လက်အောက်တွင် စစ်အာဏာရှင်စနစ်၏ အငွေ့အသက်များ ကုန်ဆုံးခြင်း မရှိသေးဘဲ သမဂ္ဂများ၏ ရပ်တည်မှုများသည် ယခင်ကာလများနီးပါး ဆက်လက် ခြိမ်းခြောက် ခံနေရဆဲဖြစ်သည်။ ယနေ့ လက်ရှိ ဗမာပြည်နိုင်ငံရေး ဖြစ်စဉ်သည် အချိုးအကွေ့ ကာလတခု အတွက် ဖြစ်ပြီး၊ လူထုအခြေပြု ဖြစ်သည်။

အဖွဲ့အစည်းများ အားကောင်းမောင်းသန် ဖြစ်ရေးနှင့် သမဂ္ဂများ လွတ်လပ်စွာ ရပ်တည်ခွင့်ရှိရေး တို့သည် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများ ဆန်းစစ်ချက်တခု ကျောင်းသားသမဂ္ဂများ တရားဝင်ရပ်တည်မှုကို အကဲစမ်းနေသော ကာလလည်း ဖြစ်သည်။

လက်ရှိ

ဗကသများအဖွဲ့ချုပ်

ပေါ်ပေါက်ရေးအတွက်

လုပ်ဆောင်နေကြသော

ကျောင်းသား၊

လူငယ်များ၏ ဗကသ မူ (၅) ချက်ကို ဆက်လက် ကိုင်စွဲထားမှု၊ နိုင်ငံနှင့်အဝှန်း သမဂ္ဂများ ပေါ်ပေါက်ရေး အတွက် ဆောင်ရွက် နေမှု၊ မှတ်ပုံမတင်ရေးမူ အပေါ် ကြံ့ကြံ့ခံ ရပ်တည်နေမှုများ အပေါ် မိမိတို့ အဖွဲ့အစည်း များ အနေဖြင့် အထူးပင် အားရဂုဏ်ယူမိကြောင်း ယခု သဝဏ်လွှာတွင် မှတ်တမ်းတင်အပ်ပါသည်။ ယနေ့နှစ်ပေါင်း (၅၀) ပြည့်မြောက်သော ဇူလိုင် (၇) ရက် အရေးတော်ပုံနေ့တွင် လက်ရှိ ဗကသများ အဖွဲ့ချုပ်မှ လုပ်ဆောင်နေသော လုပ်ငန်းများ ဖြစ်သည့် − − နယ်မြေဒေသအလိုက် ကျောင်းသားသမဂ္ဂများ နိုင်ငံနှင့်အဝှမ်း ပေါ်ပေါက်လာရေး၊ စစ်မှန်သော ကျောင်းသားညီလာခံတရပ် ကျင်းပပြီး၊ ဗကသများအဖွဲ့ချုပ်ကို အခိုင်အမာ ဖွဲ့စည်းပြီး ကျောင်းသားထုအားဖြင့် တရားဝင်ရပ်တည်ရေး၊ − ကျောင်းသားသမဂ္ဂအဆောက်အဦ ထောက်ခံအပ်ပေသည်။ ဗမာပြည် ဖြစ်ထွန်းလာစေရေး ဒီမိုကရေစီရေး၊ အတွက် မိမိတို့ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အဖွဲ့အစည်းများမှ ဒီမိုကရေစီပညာရေး ပြန်လည်ဖွံ့ဖြိုး အလေးအနက် ပြန်လည်တည်ဆောက်ရေးများကို အထူးအလေးအနက်ထား

ပါဝင်လုပ်ဆောင်သွားမည်ဟု

သန္နိဋ္ဌာန်ပြုအပ်ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) မကဒတ) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)

You might also like