ဦးသိန်းဦးဖိုးစော သို့မဟုတ် မြန်မာ့ နျူကလီးယား ရေးရာ ပြောရေး
ဆိုခွင့်ရှိသူ
Friday, 13 July 2007 07:00
၁၉၉၃ ခုနှစ်မှစ၍ ပြတ်တောင်းပြတ်တောင်း ကျင်းပလာခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းရေးဆွဲရာ
အမျိုးသားညီလာခံတွင် မြန်မာနိုင်ငံ၏ နျူကလီးယား ရည်ရွယ်ချက်သည် အလေးအနက်ဆွေးနွေးကြရသော
အကြောင်းအရာတခု ဖြစ်လာခဲ့သည်။ ဤဆွေးနွေးမှုများကို ဦးဆောင်သူက အမေရိကန်နိုင်ငံတွင်
ပညာဆည်းပူးလာသည့် နျူကလီးယားသိပ္ပံပညာရှင် ဦးသိန်းဦးဖိုးစော ဖြစ်သည်။
ဦးသိန်းဦးဖိုးစောက ၁၉၅၀ ခုနှစ်များတွင် အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ် တက္ကသိုလ်တွင် နျူကလီးယား
အင်ဂျင်နီယာ မဟာဘွဲ့ကို ဆည်းပူးရရှိလာသူ ဖြစ်သည်။
သူက အစိုးရပညာတော်သင်အဖြစ် သွားရောက်လေ့လာခဲ့ရခြင်းဖြစ်ပြီး ကွယ်လွန်သူဝန်ကြီးချုပ်ဦးနုမှ
ပြည်ထောင်စုမြန်မာနိုင်ငံ အသုံးချသုတေသနသိပ္ပံ၊ အဏုမြူစွမ်းအင် အစီအစဉ်ဖြင့် တိုင်းတပါးသို့စေလွှတ်
ပညာသင်ကြားစေခဲ့သော ကျောင်းသားများထဲမှ တဦးဖြစ်သည်။ ဤပညာရှင်များအနက်
လက်ရှိစစ်အစိုးရအတွက် ဆက်လက်အလုပ်လုပ်ပေးနေဆဲ တဦးတည်းသော ပညာရှင်ပုဂ္ဂိုလ်မှာ
ဦးသိန်းဦးဖိုးစော ဖြစ်သည်။
ဦးသိန်းဦးဖိုးစော အမေရိကန်မှပြန်ရောက်ချိန်တွင် UBARI ခေါ် အဏုမြူစွမ်းအင်အစီအစဉ်မရှိတော့။
ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။ ထို့နောက်ပိုင်းတွင် သူက ၁၉၆၂ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ မေမြို့ကာကွယ်ရေး
စစ်တက္ကသိုလ် (ဒီအက်စ်အေ) ၏ ရူပဗေဒ ဌာနကို ဦးဆောင်ခဲ့သည်။ ဆက်လက်၍ သူက ယခုအခါ မြန်မာနိုင်ငံ
သိပ္ပံနှင့် နည်းပညာသုတေသနဌာနဟု ပြောင်းလဲ
ခေါ်ဝေါ်ခဲ့သော မြန်မာနိုင်ငံ ဗဟိုသုတေသနအဖွဲ့၏ သုတေသနဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ်
တာဝန်ယူခဲ့သူလည်း ဖြစ်သည်။
ဒီအက်စ်အေတွင် သိပ္ပံဘာသာရပ်လေ့လာခဲ့သော ယနေ့မြန်မာနိုင်ငံရှိ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများသည် သူ၏
ကျောင်းသားဟောင်းများဖြစ်ကြ၍ ဤအတွက်ကြောင့်ပင် သူ့ကိုယုံကြည်ကိုးစားမှုရသည်ဟုလည်း
ယူဆနိုင်ပါသည်။
ဦးသိန်းဦးဖိုးစောသည် စစ်အစိုးရ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အကြံပေးတဦးအဖြစ်
ထမ်းဆောင်နေသည့်အပြင် မြန်မာနည်းပညာတက္ကသိုလ်၏ ဥက္ကဋ္ဌအဖြစ်လည်း
တာဝန်ထမ်းဆောင်လျှက်ရှိသည်။ ၀န်ကြီးဌာနက သူ့အား အင်ဂျင်နီယာ ဘာသာရပ်အတွက် ဂုဏ်ထူးဆောင်
ဒေါက်တာဘွဲ့ကို ချီးမြှင့်ခဲ့ပြီး ရန်ကုန်စက်မှုတက္ကသိုလ်၏ ဘွဲ့လွန်သင်တန်းများတွင် ဆက်လက်
စာသင်ကြားပေးနေဆဲလည်း ဖြစ်သည်
မြန်မာနိုင်ငံရှိ အဏုမြူစွမ်းအင်ကော်မတီအား ပြန်လည်ထူထောင်ရန်နှင့် နိုင်ငံတကာ အဏုမြူစွမ်းအင်
အေဂျင်စီနှင့် ပြန်လည်ချိတ်ဆက်ခြင်း လုပ်ငန်းများတွင် သူသည် အရေးပါသော အခန်းကဏ္ဍမှနေ၍
ပါဝင်လှုပ်ရှားခဲ့သည်။ အာရှနှင့် ပစိဖိတ်ဒေသအတွင်း နျူကလီးယား သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသန
ဖြစ်ထွန်းတိုးတက်မှုနှင့် သင်တန်းများအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်
(RCA) ၌ ပါဝင်ရန်လည်း ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရသို့ အကြံပြုခဲ့သူလည်း ဖြစ်သည်။
၂၀၀၅ ခုနှစ်အစောပိုင်းမှစ၍ အမျိုးသားညီလာခံတွင်လည်း အရေးပါလာပြန်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏
ကာကွယ် ရေးနှင့် ဆက်နွယ်သော အခြေခံဥပဒေမူကြမ်း ဆွေးနွေးပွဲများတွင် သူနှင့်အတူ အသိပညာရှင်
လုပ်ဖော်ကိုင်ဖက်များက များစွာစိတ်ဝင်စားဖွယ်ကောင်းသော အကြံပြုဆွေးနွေးချက်များကို တင်ပြခဲ့ကြသည်။
၂၀၀၅ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဆွေးနွေးခဲ့သော ဖွဲ့စည်းပုံဆိုင်ရာ အခန်းတခုတွင် အမျိုးသားလုံခြုံရေးနှင့်
ပတ်သက်၍ အဓိကအချက် ၇ ချက်ကို ဆွေးနွေးခဲ့ကြပြီး ၎င်းတို့တွင် ဓာတုနှင့် ဇီဝလက်နက်များဆိုင်ရာ
ကိစ္စလည်း အပါအ၀င်ဖြစ်သည်။
ဤကဏ္ဍတွင် ဦးသိန်းဦးဖိုးစောက “အကြမ်းဖက်သမားများရန်နှင့် ဖိအားများမှ ကာကွယ်ခြင်း” ဟူသည့်
ခေါင်းစဉ်ကို ဖြည့်စွက်အကြံပြုတင်ပြခဲ့ပြီး “ပြည်ထောင်စုမြန်မာနိုင်ငံ၏ နယ်မြေအသီးသီးကို ကာကွယ်ခြင်းနှင့်
ကာကွယ်ရေးအစီအစဉ် တခု ပြင်ဆင်ခြင်း”နှင့် ပတ်သက်၍ ဥပဒေတခုပြဌာန်းသင့်ကြောင်း ဆွေးနွေး
အကြံပြုခဲ့သေးသည်။
ယင်းအစီအစဉ်တွင် ပါဝင်ဖွယ်ရှိသည့် အကြောင်းကိစ္စများနှင့် ပတ်သက်၍ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာက
ဖော်ပြခဲ့ ရာတွင် “သမားရိုးကျလက်နက်များ၊ ကျည်များ၊ ပေါက်ကွဲစေသော ပစ္စည်းများနှင့် သမားရိုးကျ
မဟုတ်သော ခေတ်မီ မဟာဗျူဟာမြောက် လက်နက်များ” သာမက “နျူကလီးယားစွမ်းအင်၊ နျူကလီးယား
လောင်စာနှင့် ရေဒီယို သတ္တိကြွ ပစ္စည်းများ၊ ၎င်းတို့ကို ထုတ်လုပ်နိုင်သည့် တွင်းထွက်ပစ္စည်း
အရင်းအမြစ်များပါဝင်ပြီး ၎င်းတို့မှ ထုတ်လုပ်သော အထူး လျှို့ဝှက်အပ်သည့် ပစ္စည်းများ၊ အရာဝထ္ထုများ၊
နေရာဒေသများ၊ နည်းပညာများ၊ သုတေသနလုပ်ငန်းများ၊ သတင်းအချက် အလက်များနှင့်
အထူးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင်၊ အထူးလျှို့ဝှက်အပ် သောလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေ
ကြသူများနှင့် ပတ်သက်သော မတော်တဆ ဖြစ်မှုများနှင့် ယင်းမတော် တဆဖြစ်မှုများ ဖြစ်ပွားခဲ့ပါက
၎င်းတို့အတွက် လျော်ကြေးဆိုင်ရာကိစ္စများ၊ အာမခံချက်များ”လည်း ပါဝင်သေးသည်။
ညီလာခံကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအောင်တိုးကပင် ဖွဲ့စည်းပုံ၏ ကာကွယ်ရေးနှင့်
လုံခြုံရေးဆိုင်ရာအခန်းတွင် ၎င်းနျူကလီးယားအစီအစဉ်ကိုသာ ထည့်သွင်းပါက နိုင်ငံတကာဝေဖန်မှုများ
ခံရနိုင်သည်ဟု တုံ့ပြန်ဖြေကြားခဲ့သည်။
ဦးအောင်တိုးက အခြားရွေးချယ်စရာ နည်းလမ်းတခုကို တင်ပြခဲ့သည်။ “ထို့အတွက်ကြောင့် ယင်းကိစ္စရပ်အား
ကာကွယ် ရေးနှင့် လုံခြုံရေးအခန်းကဏ္ဍတွင် ထည့်သွင်းမည့်အစား စွမ်းအင်၊ လျှပ်စစ်၊ သတ္တုတွင်းနှင့်
သစ်တောဆိုင်ရာ အခန်းကဏ္ဍ တွင် ထည့်သွင်းသင့်ကြောင်း” ဦးအောင်တိုးက ညီလာခံတက်ရောက်လာသူ
ကိုယ်စားလှယ်များကို ပြန်လည်ဖြေကြား ခဲ့သည်။
“ကာကွယ်ရေးနှင့် လုံခြုံရေးအခန်းပါ နျူကလီးယား စွမ်းအင်၊ နျူကလီးယားလောင်စာ၊ ရေဒီယိုဓာတ်သတ္တိကြွ
ပစ္စည်း များနှင့် ၎င်းတို့ကိုထုတ်လုပ်နိုင်သော တွင်းထွက်အရင်းအမြစ်များသည် နောင်အနာဂတ်တွင်
လိုအပ်ချက်အရ ပြည်ထောင်စု မြန်မာနိုင်ငံ ဥပဒေပြုသင့်သောစာရင်းတွင် ရှိသင့်သော ကိစ္စကြောင်းရပ်များ
ဖြစ်သည်။ ကာကွယ်ရေးအခန်းတွင် ထည့်သွင်း ဖေါ်ပြခြင်းအားဖြင့် စစ်ရေးအရ အသုံးပြုခြင်းတခုတည်းအတွက်
ယူဆ၍ မရနိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ နျူကလီးယားစွမ်းအင်နှင့် လောင်စာအား
လူသားအကျိုးဖြစ်ထွန်းမှုအတွက်အသုံးပြုရန်ကိစ္စများအတွက်လည်း ရည်ရွယ်ခြင်း ဖြစ်သည်” ဟု
ဦးအောင်တိုးက အမျိုးသားညီလာခံတွင် ပြန်လည်ဖြေကြားခဲ့လေသည်။ [Top]
၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ အောင်ဇော်ရေးသားသော Thein Oo Po Saw: Burma’s
Spokesperson for Nuclear Power ကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။
Much more than documents.
Discover everything Scribd has to offer, including books and audiobooks from major publishers.
Cancel anytime.