ခံပြင်းခြင်းရဲ့ နောက်ကွယ်မှာ …

ကမ္ဘာမှာ စစ်ပွဲတွေအများကြီးထဲက အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံးကတော့ အီစရေး တွေရဲ့ အာရပ်ကမ္ဘာ
ကိုတိုက်နိုင်ခဲ့တဲ့ ခြောက်ရက် စစ်ပွဲတွေပဲ ဖြစ်ပါတယ်။ ခြောက်ရက် စစ်ပွဲအကြောင်း စာအုပ်တွေလဲ အများအပြား
ပုံနှိပ် ရောင်းချခဲ့ရပါတယ်။ စာအုပ်တိုင်းရဲ့ အာဘော်တွေလဲ မတူကြပါဘူး။ တချို့က ဦးဆောင်တဲ့
ခေါင်းဆောင်ပိုင်းကို ချီးမွမ်းထား သလို၊ တချို့လဲ ဘာသာရေးအရ ယုံကြည်ခြင်းကို ဖေါ်ကျူးကြပါတယ်။
အားလုံးရဲ့ သဘောထား တခုတူနေတာကတော့ လူအင်အားနဲ့ လက်နက်အင်အား မမျှတဲ့ ကြားက
နိုင်အောင်တိုက်ခဲ့ခြင်းပါပဲ။
သူတို့ဘယ်က စွမ်းအားတွေ ရရှိခဲ့ပါသလဲ။
အီစရေး (၀ါ) ရဟူဒီ လူမျိုးများဟာ အေဒီ ၇၀ ကတည်းက ရောမ အင်ပါယာ ကို စစ်ရှုံးခဲ့လို့ တရားဝင် နိုင်ငံ
ပျောက်နေခဲ့တာပါ။ ရောမ ရှင်ဘရ
ု င်တွေက ရဟူဒီ လူမျိုးများကို လူမျိုးတုန်းစီမံချက် အနေနဲ့ အစီအစဉ် ချမှတ်ပြီး
ဥရောပ တလွှား လူမျိုးခြားကြားထဲမှာ ပျံ့နှံ့သွားပြီး ပျောက်သွားအောင် ကျဲချခဲ့ပါတယ်။ သို့သော်လည်း
ပိုလို့တောင် များပြားလာတဲ့အပြင် ဥရောပ တခွင် စီးပွါးရေး အချက်အချာနေရာ အားလုံးနီးပါး ချုပ်ကိုင်
နိုင်ခဲ့ကြပါတယ်။ သူတို့ထားခဲ့တဲ့ ဇာတိမြေ တွေမှာတော့ အနီးအနား ပတ်ဝန်းကျင်နယ်မှ ပါလက်စတိုင်း နှင့်
အာရပ်လူမျိုးများက နေရာယူ နေထိုင်နေခဲ့တာ နှစ်ပေါင်း ရာစုနှစ် ၁၉ ခန့်ကြာခဲ့ပါတယ်။
ဒုတိယ ကမ္ဘာ စစ်မှာတော့ ဟစ်တလာ ဦးဆောင် တဲ့ နာဇီ ဂျာမဏီ စစ်အုပ်စုရဲ့ ရဟူဒီ လူသတ်မှု သမိုင်း
အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတော့ ရဟူဒီလူမျိုးများ နေစရာ နေရာပျောက်ပြီ၊ သူတို့ကိုယ်ပိုင်မြေနေရာ
လိုအပ်လာပြီ၊ သူတို့ရဲ့ သမိုင်းပေးတာဝန်ကို သူတို့ကိုယ်တိုင်ပဲ အကောင်အထည်ဖေါ်ဖို့ လိုလာပြီ ဆိုတော့
ရှိနေတဲ့နယ်ခံ အာရပ်တွေကို အစပိုင်း စီးပွါးရေးအရ အနိုင်ယူပြီး မြေနေရာများ ၀ယ်ယူတယ်။
နောက်ပိုင်းလူများလာတော့ သူတို့နိုင်ငံကို ယူအင် (United Nations) တောင် အသိအမှတ် မပြုသေးခင် နိုင်ငံရဲ့
လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။ အမေရိကန် တောင် အသိအမှတ်မပြုခင် ပထမ ဦးဆုံး အသိအမှတ်ပြု
သ၀ဏ်လွှာပေးပို့ တာကတော့ မြန်မာနိုင်ငံပဲ။ အဲတာကြောင့် အီစရေးက မြန်မာ ကို အခုထိ သံရောစဉ်
ရှိရှာပါတယ်။
နောက်ဆုံးတော့ နှစ်ပေါင်း နှစ်ထောင်လောက်အခြေချ ရှိနေပြီးသား နယ်ခံ အာရပ်တွေကို
မောင်းထုတ်လိုက်ပါတော့တယ်။ ဒီတော့ အာရပ်ကမ္ဘာ က ဒီတိုင်းကြည့်မနေပါဘူး။ အီစရေးလူမျိုးအားလုံးကို
မြေထဲပင်လယ်ထဲ မောင်းထုတ်လိုက်မယ် ဆိုပြီး စစ်ကြေညာပါတော့တယ်။ ဒီတော့၊ သူတို့ပြေးမဲ့နေရာလဲမရှိ၊
သွားမဲ့နေရာလဲ မရှိတော့ပါဘူး။ ခံပြင်းတဲ့စိတ်သာ သူတို့ရင်ဝယ်ပိုက်ပြီး အမျိုးသမီးများပါမကျန်
စစ်မှုထမ်းပါတော့တယ်။ နောက်ဆုံးရလတ်ကတော့ အခုထိ အောင်မြင်နေတဲ့ ကမ္ဘာသစ်တခု ရလိုက်ခြင်းပါပဲ။
အဲဒီ စစ်ပွဲမတိုင်ခင် ၀န်ကြီးချုပ် ဘင်ဂိုးရီးယန်း ပြောတာကတော့ "လက်မြောက် အရှုံးပေးခြင်းဟာ
ကနော်တို့လူမျိုးတွေအတွက် ရွေးချယ်စရာ မဟုတ်ဘူး...." တဲ့။ ရှုံးတာနဲ့တော့ အာရပ်လူမျိုးတွေက အရှင်ထားမှာ
မဟုတ်ဘူး ဆိုတာ သူတို့သိနေတယ်လေ။ ဒီလိုခံပြင်းတဲ့ စိတ်ဟာ သူတို့ကို အောင်မြင်မှုပေးခဲ့ပါတယ်။
ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး အခုတလော တက်လာတဲ့ သတင်းတခုအရ စာရေးသူလဲ အမှန် ဟုတ်မဟုတ်
စုံစမ်းခဲ့ပါသေးတယ်၊ အကြောင်းကတော့ တော်တော်လေး ဝတ္ထု ဆန်တဲ့ အဖြစ်မို့လို့ပါ။ ကေအိုင်အေ

စစ်သားတစ်ယောက်ထက
ဲ အစိုးရ စစ်စခန်း တခုကို သွားသိမ်းတဲ့ သတင်းပါ။ တကယ်လဲ ဟုတ်ပါသတဲ့။
ကေအိုင်အေ ဗဟိုကော်မီတီ ၀င်တွေ မချီးကျူးပဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါသတဲ့။
ဖြစ်ပုံကဒီလိုပါ ...။
မဟောအောင် ဆိုတဲ့ တပ်သားပါ။ စဒုန်းကပါ။ မိဘ နာမည်ကတော့ မထည့်တော့ပါဘူး။ သူက စစ်မဖြစ်ခင်
အရင်က ကေအိုင်အေမှာ ငါးနှစ် အမှုထမ်းဖူးတယ်၊ အဲဒီနောက် တရုတ်ပြည်ဖက်မှ အမျိုးတွေဆီမှာ
သုံးနှစ်လောက် တပ်ထဲက ထွက်ပြေးပြီး သွားနေခဲ့တယ်။ စစ်ပွဲစလာတော့ ကေအိုင်အေရင်း (၃) မှာ ပြန်လာပြီး
အမှုထမ်းတယ်။ တပ်ပြေးဆိုတော့ သူ နဲ့ အတူနေ သူငယ်ချင်းတွေက တပ်ပြေး၊ ငကြောက် ဆိုပြီး အမြဲ
ပြောင်နောက် လေ့ရှိတယ်။ အဲဒါကို သူက မခံမရပ်နိုင်ဖြစ်ပြီး၊ ဆွယ်မှူးကို သူနေခဲ့တဲ့ ရွာနားက ဂေါ့နန် ဆိုတဲ့
အစိုးရ တပ် စခန်း ကို တစ်ယောက်ထဲ သွားတိုက်မယ်၊ လို့ခွင့်တောင်းတော့ သူ့ ဆွယ်မှူးက ခွင့်မပေးဘူး။
အရူးအလုပ်ပေါ့။ တနေ့၊ အဲဒီ အရာရှိမရှိခိုက် သူ့ တပ်ကြပ်က "ကယ်... ခင်များ တစ်ယောက်ထဲ
ရန်သူစခန်းသွားသိမ်းမယ်ဆို... သွားလေ... ငါခွင့်ပေးတယ်.. " လို့ဆွပေးလိုက်တယ်။ သိပ်မကြာဘူး၊ လိုအပ်တဲ့
လက်နက် အပြည့်အစုံနဲ့ ထွက်သွားလိုက်တယ်။
တော်တော် ကြာတဲ့ထိ သေနတ်သံများ ကြားရပြီး၊ ရန်သူ့ စခန်းထဲမှ သေနတ် နှစ်လက်၊ ကျည်ဆန် ၁၀၀ ကျော်
နဲ့ စားစရာ နို့ဆီဗူး ၆ခု နှင့် ကြက်ခြောက် အများကြီးထမ်းပြီး စခန်းကို ပြန်လာမှ အားလုံး အံ့သြပြီး
သွားကြည့်ကြတော့ ရန်သူအလောင်း ခုနှစ်လောင်း တွေ့ပါသတဲ့။ တခြားလူတွေကတော့ အားလုံး
ထွက်ပြေးသွားကြပါသတဲ့။ အဲဒါကြောင့် ကေအိုင်အေ ဗဟိုမှ ငွေကျပ် ဆယ်သိန်းနဲ့အတူ တပ်ကြပ် ရာထူး
တိုးမြင့်ပေးထားတယ် လို့သိရပါတယ်။ (မယုံရင် ကိုယ့်ဟာကိုယ် စုံစမ်းနိုင်တယ်)
အလားတူပဲ၊ ဟိုလွန်ခဲ့တဲ့ ကိုးကန့် တရုတ်တွေကို ကေအိုင်အေ တွေ ထိုးစစ်ဆင်တုန်းက ရှမ်းပြည်မှာ
ကေအိုင်အေ တပ်စိပ် တစိပ်၊ ညအိပ်မောကျနေတဲ့ တရုတ် စခန်းတခုကို ကချင် ဓါးနဲ့ ၀င်လုံးပြီး သိမ်းခဲ့တဲ့
အဖြစ်လဲ ရှိခဲ့ဖူးပါတယ်။ အဲတာကလဲ မခံချင်တဲ့ စိတ်နဲ့ပါ။ တရုတ်တွေ အကျင့်ယုတ်တဲ့ အကြောင်း စခန်းအတွင်း
စကားအခြေအတင် ပြောကြဆိုကြရင်းနဲ့ တပ်စိပ်မှူးက သူ့တပ်သားတွေကို စိန်ခေါ်တယ်.. ဒီလောက်တောင်
ဖြစ်နေရင် ကြာတယ် ကဲ့.... ရဲတဲ့လူထွက်ခဲ့... ဒီည ငါနဲ့ တရုတ်တွေကို ဓါးနဲ့ ၀င်လုံးမယ်... ဆိုတော့
တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာပြီးစာရင်းပေးတယ်... ပြီးတော့ အဲဒီည သွားခုတ်ကြတယ်တဲ့လေ.....
နောက်ဆုံးတော့ ကိုးကန့်လဲ အစိုးရနဲ့ ငြိမ်းချမ်းရေးယူသွားတော့မှ ခံသာသွားတယ်။
မလိခရန် ၀လောင် ဆိုတဲ့ မေခ နဲ့ မေလိခ ကြားက ကေအိုင်အေ တပ်မဟာ (၁) မှ၊ တပ်ရင်း တခုက စစ်သား
တစ်ယောက်လဲ ရှိခဲ့ဖူးပါတယ်။ ၁၉၈၀ ကျော်တုန်းကပါ။ အဲဒီမတိုင်ခင်၊ မလိခရန်ဝလောင် ဒေသ မှာ ကြွက်ဘေး
ဒုက္ခ အကြီးအကျယ် ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၇၇ ခုနှစ် ၀န်းကျင်မှာပါ။ လူတော်တော်များများ က အဲဒီနေရာတွေမှာ
စားစရာ မရှိတော့လို့ မြစ်ကြီးနားကို ခြေချင် (လျှင်) လျှောက် ဆင်းလာခဲ့ရပါတယ်။ မြစ်ဆုံရွာမှာ စခန်းချထားတဲ့
စစ်တပ်က ဆင်းလာသမျှ ကချင်တောင်ပေါ်သားတွေကို ဥပဒေမဲ့ စစ်ဆေးပါတော့တယ်။ အများပိုင်းက ဗမာ
စကားမပြောတတ်တော့ ကြောက်တာပဲ သိတယ်။ တခါတလေမှာ ဟိုက ဘာမေးမှန်းမသိပဲ၊
ခေါင်းငုံ့ပေးလိုက်တော့မှ၊ အဖမ်းခံရတာတို့၊ တောင်ယာခုတ်စားတဲ့ လူတွေဆိုတော့ လက်ဖျံမှာ ပုစိန်ကိုင်တဲ့
အမာရွတ် ယောက်ျားတိုင်းမှာ ရှိတယ်။ ဒါကို သေနတ်ကိုင်တ့လ
ဲ က်ဆိုပြီး တချို့ဆိုရင် ကျက်ခိုးမှာ ကင်ပြီး
အစစ်ခံရတယ်။ တချို့က ဓါးနဲ့ မွန်းထားပြီး ဆားခတ်ပေးတာ ခံရတယ်။ တချို့က နေပူကျဲကျဲ ထဲမှာ လန်းတာ
ခံရပါတယ်။ ပိုနာမည်ကြီးတာကတော့ တိုင်မှာချည်ထားပြီး ရေပုံးမှာ ရေအပြည့်ထည့်၊
အပေါက်သေးသေးလေးဖေါက်ပြီး ရေ တစ်စက်ချင်း ကို ဦးခေါင်းထိပ်တည့်တည့်မှာ ချပေးတယ်၊ ရေဆိုလို့

ဘာဖြစ်မှာမို့လို့မထင်နဲ့ ခံရတဲ့လူတွေ ပြောစကားအရ ဆိုရင်တော့ မနက်မိုးလင်းခါနီးဆိုရင် ရေ
တစ်စက်စက်ကျတဲ့အသံဟာ မိုးချိန်းသံလို ကြားရပါသတဲ့။ သေတဲ့လူကသေ၊ မသေတဲ့လူတွေလဲ ထောင်ကျ၊
ဆိုတော့ တချို့က ကြောက်ပြီး မဆင်းရဲတော့ဘူး။ လူ သိန်းနဲ့ချီပြီး ငတ်သေခဲ့ဖူးပါတယ်။ ဒါကတော့ ကချင်တွေ
ခံရတဲ့ အဆိုးဆုံးအဖြစ်တခုပါပဲ။ (ဒီအကြောင်းအရာတွေက အစိုးရ သတင်းစာမှာ မပါဘူးနော်
ရှာဖတ်နေမှာစိုးလို့)
ဖြစ်ချင်တော့ အဲဒီ စစ်သားရဲ့ အဖေကလဲ ဒီလိုအသတ်ခံရတဲ့ အထဲမှာပါသွားတယ်။ သူက အရမ်းကို
နာကျည်းပြီးနေနေတဲ့အချိန် စစ်ကြောင်းထိုးလာတယ်။ ဒီတော့၊ သူက မခံမရပ်နိုင်ဖြစ်ပြီး သူ့ရင်းမှူးကို
ခွင့်တောင်းတယ်။ အဲဒီ စစ်ကြောင်းကို လိုက်တိုက်မဲ့အကြောင်းပေါ့။ သူ့ရင်းမှူးက လူအင်အား ဒီလောက်များတာ
ဘယ်လိုမှ မဖြစ်နိုင်တ့အ
ဲ တွက် ခွင့်မပေးဘူး။ ရှောင်နေလိုက်တာ ပိုကောင်းတယ်ပေါ့။ ဒီတော့ သူ့ဟာသူ
ခိုးထွက်ပြီး အဲဒီ စစ်ကြောင်းနောက်လိုက်တယ်၊ သူယူသွားတာ သေနတ်တလက်ထဲ၊ ကျည်ကပ်အပိုတွေထဲမှာ
ကျည် အပြည့်နဲ့ ထွက်သွားတယ်။ စစ်ကြောင်းနောက် လိုက်ပြီး နေ့တိုင်း အနောက်ကနေ လိုက်ပြီး ချောင်းချောင်း
ပစ်တယ်၊ ပစ်တိုင်းပစ်တိုင်းအသေအချာ မှန်အောင် ပစ်တယ်။ စပစ်ပြီဆိုတာနဲ့ စစ်ကြောင်းတခုလုံး
တောကြီးနက်ထဲ ၀ုန်းတိုင်းကြဲနေအောင် ပြန်ပစ်တာခံရပေမယ့် သေချာ အကာအကွယ်ယူပြီးနှပ်နေခဲ့တယ်၊
ဒီတော့ သူတစ်ယောက်ထဲက ဘယ်နေရာရှိမှန်းမသိ၊ ဘယ်နှစ်ယောက်လိုက်ပစ် နေမှန်းလဲမသိနဲ့ အခေါက်တိုင်း
နှစ်ယောက်၊ သုံးယောက် ကျကျသွားတယ်။ တပတ်လောက် ကြာလာတာနဲ့ စစ်ကြောင်းက လူတော်တော်
ကျသွားပြီး ကျည်ဆံကလဲ ကုန်သင့်သလောက်ကုန်ပြီ၊ ဒဏ်ရာ ရတဲ့လူနဲ့ ဆိုတော့ ရဟတ်ယာဉ်နဲ့တောင်
စစ်ကူလိုက်ပေးရတဲ့ အဆင့်ရောက်သွားပါသတဲ့။ သူလဲ ကျည်ကုန်လို့အိမ်ပြန်၊ စစ်ကြောင်းလဲ လိုရာမရောက်ပဲ
တပ်ခေါက်ခဲ့ရတဲ့ အဖြစ်တကယ်ရှိခဲ့တာပါ။ ခံပြင်းစိတ်ရဲ့ အစွမ်းပါပဲ။
တိုက်ပွဲတိုင်းမှာ သေနတ်ကိုင်နေတဲ့ စစ်သားတိုင်းက ရှေ့တက်ရဲတာ မဟုတ်ပါဘူး။ ဘယ်သူပဲ ဖြစ်ဖြစ် သေမှာ
ကြောက်တဲ့ လူတွေချည်းပါ။ ဒီတော့ အများပိုင်းက လက်သရမ်း ရှောက်ပစ်တာ ပိုများပါတယ်။ အဲဒီအထဲမှာ
သေမထူး နေမထူးလူပါလာပြီ ဆိုရင် လူအယောက် တော်တော်များများ ကို ထိန်းထားလို့ရပါတယ်။
လူဆိုတာ ခံပြင်းတဲ့ စိတ်ရှိလာရင် အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ ကေအိုင်အေ ဆိုတာ
လူထောင်ကဏန်းပဲ ရှိတယ် ဆိုပြီး အထင်သေးလို့မရပါဘူး။ သူတို့ဆီမှာ နာကျည်းမှုပေါင်းစုံနဲ့ပါ။ ဒီတော့
ငြိမ်းချမ်းရေး ဆိုတာ ချိန်းခြောက်လို့ ဖြစ်လာမဲ့အရာ မဟုတ်ပါဘူး။ လူအချင်းချင်း ရိုသေလေစားမှုရှိပြီး
တစ်ယောက်ခံစားချက် တစ်ယောက်နားလည်ပေးမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆိုတာ လက်တွေ့ဖြစ်လာမှာပါ။
လူကြားကောင်းအောင် တိုင်းရင်းသား စည်းလုံးညီညတ
ွ်ရေး တရားလိုက်ဟော နေရုံနဲ့ ဖြစ်လာမဲ့အရာလဲ
မဟုတ်ပါဘူး။ အရှိတရားကို လက်တွေ့ကျကျ ဆင်ခြင်နိုင်မှ အရာရာအားလုံးကို တွေ့မြင်ခံစားလို့ရမှာပါ။
ဒီလိုခံစားဖို့ကလဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စကားပြောဖို့လိုပါတယ်။ ရိုးသားပွင့်လင်းတဲ့
အခြေအတင် ငြင်းခုန်မှုမျိုးကို ခွင့်ပြုပေးသင့်ပါတယ်။ အမြင်မတူတာနဲ့ ဖမ်းချုပ်အရေးယူ၊ တိုင်းရင်းသား
စည်းလုံးညီညတ
ွ်ရေး ထိခိုက်တဲ့ စကားမပြောရ၊ မရေးရ ဆိုတာနဲ့ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညတ
ွ်ရေး
ရမှာမဟုတ်ပါဘူး။ အမြင်မတူမှုမျိုး ရှိလာရင်လဲ ရိုင်းပြတဲ့ဆဲဆိုမှုမျိုးနဲ့ မဟုတ်ပဲ၊ ပွင့်လင်းတဲ့တွေးခေါ်မှုမျိုးနဲ့
ဆွေးနွေးမှုမျိုးလိုအပ်ပါတယ်။ သူများတကာ မခံချင်အောင် ဆွပေးတာမျိုးက ဘယ်တော့မှ လိုရာ
ပန်းတိုင်ရောက်လာမှာမဟုတ်ပါ။ နောက်ဆုံးအနေနဲ့ဆွေးနွေးလိုတာက မြန်မာပြည်ရဲ့ စစ်မှန်တဲ့
ငြိမ်းချမ်းရေးအတွက် အန်တိမ (ultimate solution) အဖြေသည် ဖယ်ဒရယ် စနစ်သာ ဖြစ်ကြောင်းပါ ခင်များ။
Thursday, July 12, 2012

ဒီမိုကရေစီနှင့် မြန်မာကရေစီ ကွဲလွဲပုံ
သိပ်မကြာသေးခင်က အဆိုတခုကို ကျနော့ wall မှာ screenshot နဲ့ တင်လိုက်ပါတယ်။ ကြိုက်တဲ့လူတွေလဲ
ရှယ်သွားသလို၊ အတွန့်တက်ပြီး comment ပေးလာတဲ့ ရောင်းရင်းတွေလဲ ရှိလာပါတယ်။ အဲဒီအဆိုကတော့၊
Democracy အနက်အဓိပ္ပါယ် အကြောင်းပါ။ "Demo-ပြည်သူ၊ Cracy- အုပ်ချုပ်မှုစနစ်၊ စစ်တပ်ဆိုတာ
အဲဒီစနစ်ရဲ့ အစေခံ သာဖြစ်သည်၊ မိဘ မဟုတ်ပါ။" ဆိုပြီးတင်လိုကတ
်ာပါ။
ကျနော် ဆိုလိုတာက ဒီမိုကရေစီ စစ်စစ် ရဲ့ အဓိပ္ပါယ်ပါ။ ဒါပေမယ့် comment ပေးတဲ့ တော်တော်များများက
မြန်မာကရေစီ နဲ့ ရောသွားပုံရတယ်။ ပြည်သူ့အစိုးရ အောက်ရောက်သွားမှာလဲ တော်တော် ကြောက်နေပုံလဲ
ရပါတယ်။ အဲဒီထဲမှာ သာမှန်အရပ်သားတွေလဲ ပါသလို ခါးခါးသီးသီး ငြင်းတဲ့အထဲမှာတော့ စစ်တပ်ထဲက
ဖြစ်နိုင်ပါတယ်။ ဘောက်နူးဆိုတဲ့ ကချင်မလေးကတော့ ရိုးရိုးသားသားနဲ၊့ "အစေခံတော့ မဟုတ်ဘူးထင်တယ်"
တဲ့။ စစ်အာဏာရှင် ခေတ်မှာ မွေးလာတဲ့ လူ ငယ် တော်တော် များများတောင် တပ်မတော် ဆိုတာ ပြည်သူ့
အပေါ်စီးက အာဏာပိုင် အဖွဲ့အစည်းလို့ ထင်လာပါတော့တယ်။ ကျန်တဲ့အဖွဲ့တွေကတော့ အစိုးရနဲ့ စစ်တပ်
တခြားစီ၊ မရောနဲ့၊ တဲ့။ ပြီးတော့ နောက်တစ်ယောက်က နိုင်ငံရေးသမားတွေ စစ်တပ်ကို အမိန့်ပေးချင်ရင်
ဒေါ်စုလိုပံစ
ုံနဲ့တော့ လာမလုပ်နဲ့၊ တဲ့။ (comment အပြည့်အစုံကို sreenshot နဲ့ တင်ထားပါတယ်။)
ဒီတော့ ကျနော့ အရှုပ်ထုပ် ကို ကျနော်ကပဲ ရှင်းဖို့ ဖြစ်လာပါတယ်။
ကချင်လူမျိုးတွေလဲ တချိန်တုန်းက အင်္ဂလိပ် ခေတ်ကနေ မြန်မာပြည် လွတ်လပ်ရေးရတော့ ကချင်တပ်ရင်း
အင်အားအပြည့်၊ လက်နက် ကြီး ငယ် အပြည့်အစုံ၊ တင့်ကားတပ် အပါအ၀င် တပ်ရင်း ငါးရင်း တောင် ရှိခဲ့တာပါ။
ဒါဆို ဗိုလ်ချုပ်အောင်ဆန်း ကချင်ပြည်နယ် ကို ဘာလို့ အရင်တက်လာလဲ ဆိုတာလည်း နားလည်လောက်ပါပြီ။
ဗိုလ်ချုပ်တက်လာပြီး ကချင်ခေါင်းဆောင် တွေကို လွတ်လပ်ရေး အတူယူဖို့ ပြောတဲ့အခါ၊
ကချင်အရပ်သားခေါင်းဆောင် ဒူဝါကြီး တွေက အဲဒီ ကချင် တပ်မှူးတွေကို တိုင်ပင်တယ်။ သူတို့ပြောပုံက၊
"မင်းတို့ ဒူဝါကြီးတွေပဲ ကြည့်လုပ်ပါ၊ ကျနော်တို့ကတော့ မင်းတို့ခိုင်းတာ လုပ်မှာပဲ" ဆိုသတဲ့။
လွတ်လပ်ရေး ရပြီး ရောင်စုံသူပုန်အရင် စ ထ တာ အောက်မြန်မာပြည်မှာပါ။ KIO ဆိုတာ ၁၉၆၁ မှစတာပါ။
ကျနော့ အဖေက ကချင် (၁) တပ်ရင်း (ကသာ) က။ ရန်ကုန် အစိုးရလို့ပဲ နာမည်သွင်ခဲ့တဲ့ အချိန်၊ ဗမာ
တပ်ရင်းတွေ အများပိုင်း သူပုန်ထသွားတော့ အစိုးရမှာ စစ်အင်အားမရှိသလောက်ဖြစ်နေတဲ့ အချိန်၊
ပြည်ထောင်စု အစိုးရက ကောက်ကာ ငင်ကာ ဆမားဒူဝါ ဆင်ဝါးနောင် (ကချင်ဝန်ကြီး) ကို ကာကွယ်ရေးဝန်ကြီး
ခန့်တယ်၊ ဆမားဒူဝါခိုင်းတာနဲ့ ကချင်တပ်ရင်းများ သူပုန်လက်ထဲက သိမ်းခဲ့တာ တောင်ကြီး၊ မန္တလေး၊
ချောက်ရေနံမြေ၊ မေမြို့၊ မိတ်ထီလာ၊ နောက်ဆုံး အင်းစိန်နဲ့ မင်္ဂလာဒုံ ထိ ဆင်းသိမ်းခဲ့တာပါ။ (အဲတာ
စစ်သမိုင်းပြတိုက်မှာ မပြထားဘူး)။ အဲဒီတုန်းက ဦးဆောင်ခဲ့တဲ့ တပ်မှူးတွေမှာ နာမည်ကြီးတာကတော့
ဗိုလ်မှူးကြီး လဖိုင်ခွန်နောင် ဆိုတာ နောက်ပိုင်း မေမြို့ ဗိုလ်လောင်းကျောင်းမှာ တောင် ကျောင်းအုပ်
လုပ်သွားသေးတယ်။ သူ့အဖေ ကို ရည်စူးပြီးဆောက်ထားတဲ့ စိနလ
်ုံ က ဘုရားကျောင်း ကိုတော့ အခုတလောပဲ
ဖြစ်နေတဲ့ စစ်ပွဲကာလမှာ မြန်မာ စစ်သားတွေက လောလောလတ်လတ် သောင်းကျန်းပေးထားပါတယ်။ ၁၉၆၀
နောက်ပိုင်း အဲဒီ တပ်တွေလဲ အားလုံးရောလိုက်ပြီ။ အခုမရှိတော့ဘူး။
ကျနော့ အဖေ နဲ့ သူငယ်ချင်းတွေ တွေ့တိုင်း ပြောပြောတတ်တဲ့ စကားတခွန်းကျနော့နားထဲ ရှိနေစဲပါ။ သူတို့
လုပ်သက်ဘယ်လောက်ရှိကြောင်းကို အချင်းချင်းမေးကြတဲ့အခါ "Service" လို့သုံးကြပါတယ်။ 'Service"

ဘယ်လောက်ရှိပြီလဲ၊ ဆိုရင် လုပ်သက် ဘယ်လောက်ရှိပြီလဲ၊ ဆိုတဲ့သဘောပါ။ ဒီတော့ အစေခံ ဆိုတာ အင်္ဂလိပ်
လို Servant တဲ့။ Servant ဆိုတာ Service ကနေလာတာပါ။ ကျနော်တို့ ခရစ်ယာန်တွေမှာ က အစေခံခြင်း
ဆိုတာ မွန်မြတ်တဲ့ အလုပ် အနေနဲ့ မြင်ကြပါတယ်။ ကျနော်တို့ လူငယ်တွေ ခရစ်ယာန် ပွဲလမ်းသဘင်ဆိုရင်
အစေခံ အဖွဲ့ထဲကို ၀မ်းပန်းတသာ ၀င်ကြပါတယ်။ အဲဒီ အစေခံ လုပ်သားတွေရဲ့ တာဝန်တွေကတော့
အိမ်သာဆေး၊ လုံခြုံရေး၊ တံခါးစောင့်၊ ဧည့်ကြို၊ သန့်ရှင်းရေး၊ စသည့်တာဝန်များ ခွဲလုပ်ကြရပါတယ်။ ဒါပေမယ့်
လူငယ်တွေ ကိုယ့်ကိုကိုယ် အောက်ကျတဲ့ အလုပ်လို့ ဘယ်သူမှ မခံယူ့ကြပါ။ အဲဒီ အစေခံ လူငယ်တွေကို ခိုင်းတဲ့
ပုဂ္ဂိုလ် တွေကတော့ ပွဲဖြစ်မြောက်ရေး ကော်မီတီ တာဝန်ရှိသူတွေပါပဲ။
၁၉၆၂ နောက်ပိုင်းတော့ မြန်မာပြည်လဲ တပ်မတော်သာလျှင်အမိ၊ တပ်မတော်သာလျှင် အဖ နေရာယူလိုက်ပြီး၊
အခုမြန်မာ့ကရေစီ ခေတ်သစ် စစ်ဗိုလ်တွေကတော့ အစေခံ ဆိုတာကြီးကို တော်တော် အောက်တန်းကျတယ် လို့
ထင်ထားပုံရပါတယ်။ ပြည်သူ့ အစိုးရ အောက်ရောက်သွားမှာတော်တော် ကြောက်နေပုံထောက်ရင်၊ ပြည်သူကို
အလုပ်အကျွေးပြုတဲ့ အလုပ်ကို မတသီပုံ ရပါတယ်။
ဒီတော့ ဒီမိုကရေစီ အစိုးရ ဆိုတဲ့ နေရာမှာ၊ အစိုးရကို ပြည်သူက အမှန်အကန် ရွေးထားတဲ့ လူ ပုဂ္ဂိုလ် တွေနဲ့
ဖွဲ့ထားတာပါ။ အဲဒီပုဂ္ဂိုလ် များဟာ အမျိုးသမီး ဖြစ်ကောင်းဖြစ်မယ်၊ လူငယ် ဖြစ်ကောင်းဖြစ်မယ်၊ အဆိုတော်
ဖြစ်ကောင်းဖြစ်မယ်၊ မင်းသား ဖြစ်ကောင်းဖြစ်မယ်၊ ဘယ်လိုလူမျိုးဖြစ်ဖြစ် ပြည်သူရွေးတဲ့ လူဟာ အာဏာပိုင်
ဖြစ်လာပါတယ်။ အဲဒီ ပြည်သူ့ အစိုးရ ကို အာဏာရှိအောင်၊ အဲဒီ အစိုးရက ပြဋ္ဌာန်းတဲ့ ဥပဒေတွေ လိုက်နာဖို့
ပြည်ထဲရေး လုပ်ငန်းမှာ ရဲ (police) ဆိုတဲ့ လက်နက်ကိုင် တပ်ဖွဲ့ရေ။ လိုအပ်လာရင် နိုင်ငံတော်ရဲ့ ပြည်ပရန်
ကာကွယ်ဖို့ ပိုအင်အားရှိတဲ့ စစ်တပ် (military) ကို ဖွဲ့ထားတာပါ။ ဆိုလိုချင်တာက စစ်တပ် ဆိုတာ အဲဒီ ပြည်သူ့
အစိုးရ အမိန့်ပေးတဲ့ လုပ်ငန်း တာဝန် လိုက်နာရတာပါ။ ပြည်သူ့ဝန်ထမ်း ဆိုရင်လဲ မမှားပါဘူး။ အမေရိကန်
နိုင်ငံမှာ သမ္မတ ကို ပြည်သူတွေ ရွေးကောက်တင်မြောက်ပြီး၊ စစ်တပ်ရဲ့ အာဏာ အမြင့်ဆုံး
စစ်သေနာပတိချုပ်ရာထူး ကိုလည်း ယူထားပါတယ်။ အဲဒီ သမ္မတ နဲ့ အစိုးရ အဖွဲ့ ပေးတဲ့အမိန့်ကို စစ်တပ်
(ကြည်းတပ်၊ လေတပ်၊ ရေတပ်) အားလုံး လိုက်နာရပါတယ်။ အဲဒီ စစ်တပ်ထဲမှာလဲ ပြည်သူရှိသလို၊
မဲပေးပိုင်ခွင့်လဲ ရှိပါတယ်။
မြန်မာကရေစီ မှာကတော့၊ စစ်တပ်က သူ့ဟာသူ အာဏာပိုင် ပုံစံဖြစ်နေပါတယ်။ အခြေခံ ဥပဒေမှာ ဖေါ်ပြထား
သလို တပ်မတော်သာလျှင် နိုင်ငံတော်လုံခြုံရေးနဲ့ အခြေခံ ဥပဒေ ကို ထိန်းသိမ်းကာကွယ်ဖို့ တာဝန်အရှိဆုံး လို့
ဆိုထားပါတယ်။ တကယ်တော့ ပြောင်းပြန်ဖြစ်နေပါတယ်။ အမှန်ဆို ပြည်သူနဲ့ နိုင်ငံတော် ကို ကာကွယ်ဖို့၊ ဥပဒေ
ပြဋ္ဌာန်းဖို့၊ ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ ဥပဒေကို လိုက်နာအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ပြည်သူက ရွေးထားတဲ့
အစိုးရမှာ သာ တာဝန်အရှိဆုံး ဖြစ်ရမှာပါ။ အဲဒီ အစိုးရ ရဲ့ လုပ်ငန်းစဉ်တွေမှာ ကျရာတာဝန် ထမ်းဖို့က စစ်တပ်ရဲ့
တာဝန်ပဲဖြစ်ပါတယ်။ ဆိုလိုတာက စစ်တပ် ဆိုတာ ပြည်သူရွေးထားတဲ့ အစိုးရ ရဲ့ အုပ်ချုပ်မှု ယန္တရား
ကောင်းကောင်းမွန်မွန် လည်ပတ် နိုင်အောင် အစိုးရ ရဲ့ လက်ကိုင် တုတ် သာဖြစ်ပါတယ်။ တနည်းပြောရရင်
အစေခံ ပေါ့ဗျာ။
ပြည်သူကို အခြေခံတဲ့ အစိုးရ တခုခု အောက်မှာ မရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ သောင်းကျန်းသူ
သူပုန်၊ သူမြ ပဲ ဖြစ်ပါတယ်။ KIA ဆိုတဲ့ ကချင်လက်နက်ကိုင် စစ်တပ်ဟာ KIO ဆိုတဲ့
ကချင်လွတ်မြောက်ရေးအဖွဲ့ အစည်း နဲ့ KIC ဆိုတဲ့ ကချင်အစိုးရ ရဲ့ ဆုံးဖြတ်ချက် အမိန့်ကို နာခံ ရသလို၊ KNLA
လို့ခေါ်တဲ့ ကရင်လက်နက်ကိုင် စစ်တပ်ဟာလဲ KNU ဆိုတဲ့ ကရင်အမျိုးသား အစည်းအရုံး ရဲ့ အစေခံ တပ်တွေ
ဖြစ်ပါတယ်။

ဒါကြောင့်လဲ နိုင်ငံတကာက၊ မြန်မာ စစ်အာဏာရှင် အဖွဲ့ကို အစိုးရ တခုအနေနဲ့ အသိအမှတ် မပြုပဲ စီးပွါးရေး
ပိတ်ဆို့ထား တာပါ။ အခုထိလဲ မြန်မာ့ကရေစီ ကို ဒီမိုကရေစီ အစိုးရလို့ အသိအမှတ် မပြုသေးပါဘူး။ ဒီမိုကရေစီ
လမ်းကြောင်းကို သွားနေတဲ့ ကာလ (transition period) လို့ပဲ သုံးကြပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ပြီးမှ
ဒီမိုကရေစီ နိုင်ငံ စစ်စစ် ဖြစ်လာမှာပါ။ အခုထိတော့ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာကရေစီ ပေါ့ဗျာ။
ဒီတော့ ပြည်သူ ကို အခြေခံတဲ့ အစိုးရမှာ အစေခံ တဲ့ စစ်တပ်မှာ စစ်ဗိုလ် မလုပ်ချင်ဘူး ဆိုရင်တော့
ကိုယ့်ကိုကိုယ် ဘယ်အဆင့် ဖြစ်သွားမယ် ဆိုတာ စဉ်းစားနိုင်မယ်လို့ ယုံကြည်ပါတယ်။
Thursday, June 28, 2012

Burma လော … မြန်မာလော
အခုတလော ဒေါ်စု ဆန့်ကျင်ရေး အုပ်စုတွေက ဒေါ်စု နိုင်ငံတကာ အင်္ဂလိပ်စကားပြောမိန့်ခွန်း တွေမှာ
ထည့်သုံးတဲ့ Burma ဆိုတဲ့ အခေါ်အဝေါ် ကို ရေးကြီးခွင်ကျယ်လုပ်ပြီး ကြံဖန်အပြစ် တင်နေကြပါတယ်။
တချို့ကလဲ ဂဒါဖီလေသံနဲ့တမျိုး၊ ကင်မ်ဂျူံ အီး လေသံနဲ့ တဖုံ၊ မျိုးချစ်ဝါဒတွေ ဖေါဖေါသီသီ သုံးလို့
ဟစ်ကြွေးနေတာ သတိထားမိပါတယ်။
မြန်မာ ပဲမှန်တယ်ပေါ့... ဘားမား က နယ်ချဲ့အခေါ်အဝေါ် ပါတဲ့။ မှန်ပါတယ် ... သို့သော်....
မရမ္မာ ဆိုပြီးသုံးလာတဲ့ ပုဂံခေတ်ကနေ မြန်မာ ဖြစ်လာတဲ့ ခေတ်ကာလထိ ဗမာပြည်ကို ကျူးကျော်တဲ့ နယ်ချဲ့
သမားများဆိုတာ ဗြိတိသျှ အစိုးရ ပဲ မဟုတ်ပါ။ မွန်ဂို၊ တရုတ်၊ Dutch, ဗြိတိန်၊ ဂျပန်၊ ဆိုတာတွေပါ။
ဒီတော့ သူတို့သုံးခဲ့တဲ့ အခေါ်အဝေါ်လေးတွေ ကြည့်ရအောင်ပါ။
ပုဂံကို သိမ်းခဲ့တဲ့ မွန်ဂို လူမျိုးတွေက မဲာန် လို့ခေါ်တာတဲ့၊ ကချင်တွေခေါ်တဲ့ လေသံနဲ့ ခတ်ဆင်ဆင်ပါ။ တရုတ်
က တော့ တရုတ်စကားနဲ့ မိန်ဒဲန် (Mian dian,

) လို့သုံးပါတယ်။ အခုထိလဲ တရုတ်အစိုးရ

သတင်းမီဒီယာတွေမှာ ဒီအခေါ်အဝေါ်သုံးပါတယ်။ ဒီတော့ ဒေါ်စုလဲ တရုတ်စကားတတ်လို့ တရုတ်လိုပြောရင်
တော့ ဒီအခေါ်အဝေါ်ပဲ သုံးဖို့ များပါတယ်။
Dutch တွေဝင်လာတော့ Birma လို့သုံးပြန်ပါတယ်။ အခုထိလဲ မပြောင်းသေးပါဘူး။ သူတို့ရဲ့
တရားဝင်မှတ်တမ်း တွေမှာလဲ ဒီအခေါ်အဝေါ်ပါ။
ဗြိတိန်ဝင်တော့ Burma ဆိုပြီး၊ အားလုံးအသုံးများတဲ့ အခေါ်ရလာတယ်။ Burma ဆိုတာ အင်္ဂလိပ်စကားပါ။
နောက်တော့ လွတ်လပ်ရေး မရခင် ၁၉၄၇ အခြေခံဥပဒေမှာ အင်္ဂလိပ်လို Burma, ဗမာလို မြန်မာ ဖြစ်လာတယ်။
၁၉၇၄ အခြေခံ ဥပဒေမှာလဲ ဒီလိပ
ဲု သုံးထားပါတယ်။ တကယ်လို့ အခြေခံ ဥပဒေ ကို တရုတ်လိုပါ
ဘာသာပြန်ထားရင်တော့ မေဲန်ဒဲန် လို့ပဲ တရုတ်စာနဲ့ ပြန်ဖြစ်မှာပါ။

ဂျပန် တွေဝင်လာတယ်၊ ဂျပန်တွေက သူတို့စကားနဲ့ ဘီရူမာ

ဆိုပြီးခေါ်ပြန်တယ်။ ဂျပန်စကားပြော

သတင်း မီဒီယာတွေမှာ မြန်မာပြည်နဲ့ ဆိုင်တဲ့ သတင်းတွေမှာ အခုထိ ဒီအခေါ်ပဲ သုံးပါတယ်။ အဲ အင်္ဂလိပ်
စကားပြောတဲ့ ဂျပန် မီဒီယာ တွေမှာ တော့ Burma (Myanmar) ဆိုပြီးသုံးလာတယ်။
ထိုင်းတွေက ဖမား လို့ခေါ်တယ်။ သူတို့ရဲ့ တရားဝင် အသုံးအနှုန်းတွေပါ။
ကချင်လူမျိုးတွေမှာလဲ ကိုယ့်အခေါ်အဝေါ်နဲ့ ကိုယ်ရှိကြတယ်။ ကချင်လူမျိုးတွေက ကိုယ့်ကိုကိုယ် ကချင်လို့
ဘယ်သူမှ မပြောဘူး၊ ဗမာလိုပြောမှ ကျနော်က ကချင်ပါ၊ လို့ပြောတတ်ကြပါတယ်။ ကချင်လူမျိုးတွေကြတော့
မြန်မာပြည်ကို Myen Mung လို့ခေါ်တယ်။ ကချင်တစ်ယောက်က ကချင်စကားပြောရင် Myen Mung
လို့ပြောတတ်ပေမယ့်၊ ဗမာ စကားပြောရင်တော့ မြန်မာပြည် ပြန်ဖြစ်သွားတယ်။ ထို့နည်းလည်းကောင်း၊ ကချင်
စကားပြော ဗမာ လူမျိုး တစ်ယောက်လဲ ကချင်လိုပြောရင် Myen Mung လို့ပဲ ထွက်မှာပါ။
ဒီလိုကွဲပြားတဲ့ အချက်ကို တချို့က ဗမာ ကို အထင်သေးလို့ခေါ်တယ်ဆိုပြီး ကြံဖန်တွေးတတ်ကြပါတယ်။
ဗမာ စကားမှာလဲ France ကို ပြင်သစ်၊ ထိုင်းကို ယိုးဒယား၊ China ကို တရုတ်၊ Arakan ကို ရခိုင်၊ Siam ကို ရှမ်း
လို့သုံးခြင်းသည်၊ အဲဒီလူမျိုးကို အထင်သေးလို့မဟုတ်၊ ကိုယ့်အခေါ်အဝေါ်နဲ့ ကိုယ်သာ ဖြစ်တယ်။ တရုတ်တွေက
သူတို့ကိုယ်သူတို့ ကျူံးဂေါ့ လို့ပဲခေါ်လို့ ဗမာသတင်းစာတွေမှာ ကျူံးဂေါ့ လို့ပဲရေးရမယ် ဆိုတာ မရှိသလို။
ဂျပန်တွေက သူတို့ကိုယ် သူတို့ နီဟောန်း (Nihon) လို့သုံးခြင်းကြောင့် အင်္ဂလိပ် သတင်းစာတွေမှာ Japan
လို့သုံးတာကို အတွန့်မတက်ပါ။ ဂျပန်လူမျိုးလဲ အင်္ဂလိပ် စကားပြောရင် Japan လို့ပဲသုံးပေမဲ့လို့
ဂျပန်စကားပြောရင်တော့ Nihon ဖြစ်သွားတယ်။
ဒီလိုပါပဲ... ဒေါ်စုက အင်္ဂလိပ်လိုပြောတဲ့အခါမှာ သူတို့ရဲ့ ဘာသာစကားအရ သုံးရမဲ့ Burma အသုံးအနုန်း
ကိုသုံးခြင်းသာ ဖြစ်ပါတယ်။ ဥပဒေ ကြောင်း အရလဲ မှန်နေပါသေးတယ်။ ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ-၄၄၆ မှာ
ရှိပြီးသား တည်ဆဲ ဥပဒေ များသည် ပြည်ထောင်စုလွတ်တော် က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ
ကာလထိ အတည်ဖြစ်သည်။ လို့ အသိအလင်း ဖေါ်ပြထားလေတော့ အခုထိ လွတ်တော်မှာ ဒီအကြာင်း
ဆွေးနွေးတာ မရှိသေးပါ။ ထို့ကြောင့် အင်္ဂလိပ် ဘာသာစကား သုံးတဲ့ နယ်ပယ်မှာ Burma ဆိုတဲ့ ဝေါဟာရကို
တရားဝင် ဟောကြားခြင်း၊ ရေးသားခြင်း၊ ပြောဆိုခြင်း ပြုနိုင်သေး၏ လို့မြင်ပါတယ်။ ဒေါ်စု ထိုင်းကိုသွားတုန်းက
ထိုင်းစကားများတတ်ရင်တော့ဖြင့် ဖမား လို့ပဲပြောဖြစ်မှာ သေချာပါတယ်။ ဒါပေမယ့်၊ ဗမာစကားပြောတဲ့
မိန့်ခွန်းတွေမှာ ဘားမားနိုင်ငံ ဆိုတာတော့ မကြားဖူးပါ။ မြန်မာနိုင်ငံ၊ မြန်မာ ပြည်သူများ ဆိုတာပဲ
ကြားဖူးပါကြောင်းပါ ခင်ဗျား။
ဒီတော့ “Burma လော မြန်မာလော” ဆိုတဲ့ နေရာမှာ လူမျိုးခြားဘာသာစကား အရ ကြွဲ ပီးပြောဆိုတယ် ဆိုရင်
မှားတဲ့ အခေါ်အဝေါ်တော့ မဟုတ်ပါ။
မြန်မာပြည်နဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်မှာ ကချင်လူမျိုးတွေရဲ့ အမြင်မှာတော့ ဗမာပြည်လို့ပဲ ပြောပြော၊
မြန်မာပြည်လို့ပဲ ပြောပြော၊ ဒီလူမျိုး.. ဒီဘာသာစကား... ဒီယဉ်ကျေးမှု.... ဒီစာပေ သာ အဓိကကျတဲ့ အတွက်
အတူတူလို့ပဲ မြင်ကြပါတယ်။ ဗမာပြည်ဆိုတဲ့ ပြည်နယ် တခု သတ်သတ် မှတ်မှတ် ရှိလာရင်တော့
အမြင်တမျိုးရှိကောင်း ရှိလာနိုင်စရာ ရှိပါတယ်။ အားလုံးငြိမ်းချမ်းကြပါစေ။
Tuesday, June 26, 2012

ဖယ်ဒရယ်ဒီမိုကရေစီ (Federal Democracy) ဆိုသည်မှာ
လူနည်းစု တိုင်းရင်းသားများအတွက် သီးသန့်မဟုတ်ပါ
ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး မငြိမ်းနိုင်ခြင်းသည်၊ ခေတ်အဆက်ဆက်အရိုးစွဲနေပြီ ဖြစ်သော
ပြည်ထောင်စု မပြိုကွဲရေး ကို ဖယ်ဒရယ် နှင့် ဆန့်ကျင်ဖက် သဘောထား ဆောင်သော အမြင်ကြောင့် ဖြစ်သည်။
စစ်အာဏာရှင်များ အာဏာ လက်လွှတ် ဆုံးရှုံး ရမှာကို ကြောက်ရွံ့ခြင်းကြောင့် ဖယ်ဒရယ် သည်
ပြည်ထောင်စုကို ဖြိုခွဲခြင်း ဖြစ်သည်ဟု ရှုမြင်နေခြင်းနှင့် အတူ ပြည်ထောင်စုမပြိုကွဲရေး အတွက် စစ်တပ်သာလျှင်
အဓိက ဖြစ်သည်ဟု ရိုက်သွင်းထားခံရ သော ဗမာ တိုင်းရင်းသား လူများစု များ အတွက် ဖယ်ဒရယ် သည်လဲ
ဗမာ့ ရန်သူ ဖြစ်လာသည်။
အမှန်တကယ် ရိုးရိုးသားသား ခံယူထား သော စစ်ဗိုလ်များလည်း ရှိကောင်း ရှိနိင
ုသည်။ ထို့နည်းတူ
ဖယ်ဒရယ်ပြည်ထောင်စုမူ သည်လည်း ပြည်ထောင်စုမပြိုကွဲရေး မူ ဧ။် ဆန့်ကျင့်ဘက်
သဘောထင်မြင်လာကြသည်။ အာဏာရှင် စနစ် (၀ါ) ဗဟိုချုပ်ကိုင်မှုစနစ် တည်မြဲရေး အတွက် ပြည်ထောင်စု
တစ်ခုလုံး လုံခြုံရေး ဆိုသော အမည်နာမ ကိုဆွဲကိုင်ထားခြင်း ဖြစ်သည်။
အမှန်မှာ ဖယ်ဒရယ်ပြည်ထောင်စု ဆိုသည်မှာ ပြည်ထောင်စု ပြိုကွဲခြင်း မဟုတ်ပါ၊ ပြည်ထောင်စု အစဉ်ထာရဝ
တည်မြဲဖို့ရန် စစ်မှန်တဲ့ စည်းလုံးခြင်းသာ ဖြစ်သည်။ အမေရိကန် နိုင်ငံ၊ ဥရောပ နိုင်ငံများအစ၊ စီးပွါးရေး
တိုးတက်နေသော အာရှ နိုင်ငံများ အဆုံး ဖယ်ဒရယ် (၀ါ) ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော (Decentralization)
နိုင်ငံများ ဖြစ်သည်။ တရုတ် နိုငင
်ံပင်လျှင် တစ်ပါတီ စနစ် ဖြစ်သော်လဲ ဗဟိုချုပ်ကိုင်မှု ကို လျှော့ချထားသည့်
အချိန်မှစ၍ ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင် နိုင်ငံ ဖြစ်လာသည်။ ဟောင်ကောင်၊ မကာအူ ဒေသများသည်
သီးခြား စနစ် (သီးခြားအုပ်ချုပ်ရေးဥပဒေ နှင့် ငွေကြေးစနစ်) ဖြစ် အုပ်ချုပ်သော တရုတ်နိုင်ငံထဲမှ တိုင်း၊ ဒေသ
နိုင်ငံငယ်များ ဖြစ်သည်။
ဒီနေ့ဒီချိန် တိုင်းရင်းသား များ တောင်းဆိုနေသော ဖယ်ဒရယ်မူ သည် တိုင်းရင်းသား လူနည်းစု အတွက် သီးသန့်
အကျိုးဖြစ်ထွန်း ရေး မဟုတ်၊ မြန်မာနိုင်ငံသား အားလုံးအတွက်ဖြစ်သည်။ သို့သော်၊ အာဏာရှင် စနစ် (၀ါ)
ဗဟိုချုပ်ကိုင်မှုစနစ် နှင့် ဆန့်ကျင်ဖက်မူ ဖြစ်နေတာတော့ အမှန်ပင်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာသည်
အာဏာရှင် စနစ် (၀ါ) ဗဟိုချုပ်ကိုင်မှုစနစ် ဖြစ်သည်။ ဖယ်ဒရယ် မူသည် အာဏာရှင် စနစ် ကို မလွဲဧကန်
ချုပ်ငြိမ်း ရမည့် သဘော ဆောင်နေ သော ကြောင့်၊ ခေတ် အဆက်ဆက် အာဏာရှင် များ ဧ။် ရန်သူသဖွယ်
ဖြစ်နေရ ခြင်းသာ ဖြစ်သည်။ တစ်နည်းဆိုရသော်၊ အာဏာ ရှင် စနစ် ရှင်သန် ရေး အတွက် သူတို့ ဧ။် ရန်သူ
သဖွယ် ဖြစ်နေ သော ဖယ်ဒရယ် ပြည်ထောင်စု မူ ကို တိုင်းပြည်တခုလုံးအတိုင်းအတာ ဘုံရန်သူ အဖြစ် သမုတ်၍
အာရုံသွင်းထားခြင်း ဖြစ် သည်။ ဗမာတိုင်းရင်းသား အများစု သည်လည်း ဒီ အာရုံသွန်းထားခြင်း အပေါ်
အမှန်တရား ဟုပင် မှတ်ယူနေကြ သည်မှာ ၀မ်းနည်းစရာ ကောင်းလှပေသည်။ အချို့သော ဗမာနိုင်ငံရေး
သမားများ နိုင်ငံရပ်ခြားတွင် ဒီမိုကရေစီအရေး လှုပ်ရှားနေလျှက်ပင် ဖယ်ဒရယ်မူကို တိုင်းရင်းသား လူနည်းစု
အရေး ဟုသာ ရှုမြင် နေကြသည်။ အမှန်မှာ၊ ဖယ်ဒရယ် မူ ဟူသည် အာဏာရှင် စနစ် ပ ပျောက် ရေး မူ ပင် ဖြစ်
သည်။ အာဏာရှင် စနစ် ချုပ်ငြိမ်း မှသာ လျှင် ဒီမိုကရေစီ စစ် စစ် ကို ရ ပါ မည်၊ တိုင်းပြည် တိုးတက် မည်၊
နိုင်ငံသား အား လုံး ရဲ့ ဘ၀ အာမခံ ချက် များ ဖေါ်ဆောင် နိုင် မည် ဖြစ် သည်။

အာဏာရှင်စနစ် နှင့် ဗဟိုချုပ်ကိုင်မှု စနစ် ဆိုသည်မှာ လည်း ခွဲခြား ၍ မရနိုင်ပါ။ အာဏာရှင် စနစ် ရှိတိုင်း
ဗဟိုချုပ်ကိုင်မှု စနစ် ရှိ စမြဲပင်။ ဗဟိုအစိုးရ ၏ ချုပ်ကိုင်မှု တင်းကြပ်လွန်းတာကြောင့် အောက်
ခြေလူတန်းစားများ ဒုက္ခရောက် ကြရသည်။ အစစ အရာရာ ဗဟို ကပဲ ဆုံးဖြတ်သော ကြောင့် အောက်ခြေ လူထု
(grassroot) များ ကတောင်း ကနင်း ဖြစ် ရ သည်။ ဗဟိုအစိုးရ နှင့် ကျွမ်းဝင်သော လူနည်းစု သာလျှင်
အကျိုးခံစား ခွင့် ရ လာသည်။ ဗဟိုအစိုးရ အကြီးအကဲ များ ၏ အကူအညီ နှင့်ပင် အောက်ခြေ လူတန်းစားများ
၏ မြေနေရာ နှင့် ရပိုင်ခွင့်များ ကို တရားဝင် သိမ်းယူသည်။ တရားဝင်ခြင်း၊ မ၀င်ခြင်း ဆိုသည်မှာလည်း
ဗဟိုအာဏာပိုင် များတွင်သာ ဆုံးဖြတ် ပိုင်ခွင့် ရှိနေသည်။ ထို့ ကြောင့်၊ ဗဟိုအာဏာပိုင် များနှင့် လက်လှန်းမမှီ
နိုင် သော ဆင်းရဲသား အောက်ခြေလူတန်းစားများ အတွက် ပြောပိုင်ခွင့်၊ ရပိုင်ခွင့် အားလုံး စိတ်သုန်းခဲ့ရသည်။
ငွေကြေးချမ်းသာသူ၊ ဗဟိုအာဏာပိုင်များ နှင့် ထိတွေ့ နိုင်သူများ၊ နိုငင
်ံခြားသား (တရုတ်အပါအ၀င်) များ
အတွက် နိုင်ငံသား အားလုံး ကျွန်ခံ ရမည့်ကိန်း ဆိုက်လာသည်။
မြေယာ သိမ်းမှု ပြဿနာ၊ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာ၊ အဂတိလိုက်စားမှု ပြဿနာ၊
နိုင်ငံသားများ၏ မူလရပိုင်ခွင့် ချိုးဖောက်ခံရမှု ပြဿနာ၊ အခွင့်အရေးမညီမျှမှု ပြဿနာ၊
လုပ်ငန်းခွင်အကျိုးခံစားခွင့်မညီမျှမှု ပြဿနာ၊ ဥပဒေ စိုးမိုးရေး မရှိခြင်း၊ ဤလိုပြဿနာများမှာ
တိုင်းရင်းသားလူနည်းစု များ နေထိုင်ရာ အရပ်ဒေသ များ အတွင်းသာ ဖြစ်နေ သည် မဟုတ်ပါ၊ လက်ရှိ
မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာ တွင် ဖြစ်ပျက် နေ သော ဘုံပြဿနာ သာ ဖြစ်သည်။
ဒီလိုဖြစ်နေခြင်းသည် ဗဟိုချုပ်ကိုင်မှုစနစ်ကြောင့် ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ် ကို လျှော့ချ နိုင်မှသာလျှင်
နိုင်ငံသား အားလုံး ဘေးကင်း လုံခြုံ စိတ်ချ စွာ နေထိုင် နိုင်မည်ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ် ကို
လျှော့ချနိုင်မှသာ ဥပဒေ စိုးမိုးရေး အကောင်အထည် ဖေါ်နိုင်မည်ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ် ကို လျှော့ချသော
စနစ် သည် ဒီနေ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီး တောင်းဆို နေ သော ဖယ်ဒရယ် ဒီမိုကရေစီ
စနစ် ပင်ဖြစ်သည်။
လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေ သည်လဲ ဗဟိုချုပ်ကိုမှုစနစ်သာဖြစ်သည်။ နိုင်ငံတော် သမ္မတ နှင့် တပ်ချုပ်သည်
အရာအားလုံး အတွက် အရေးကြီးသော ဆုံးဖြတ်ပိုင်ခွင့်အာဏာ ရှိသူများ ဖြစ်သည်။ ပြည်နယ်၊ တိုင်း၊ ဒေသ
ဆိုင်ရာ အာဏာပိုင်များမှာ ရုပ်ပြ မျှသာ ဖြစ်သည်။ လုပ်ပိုင်ခွင့် အာဏာ လုံးဝ မရှိပါ။ ရခိုင်မှာ ဖြစ်နေသော
ပြဿနာ သမ္မတ ထိ စာတင် တိုင်ကြား နေရသည်။ ကော့သောင်း က ပြဿနာ သမ္မတ ကို တိုင်နေရသည်။
ကချင်ပြည်က ပြဿနာ သမ္မတ နှင့် တပ်ချုပ် က ဆုံးဖြတ်မှ ရသည်။ လူတစ်ယောက်ထဲ (၀ါ) တစုထဲ တွင်
လုပ်ပိုင်ခွင့် အာဏာ အဆမတန် ယူထားခြင်းသည် လက်တွေ့ အလုပ်မဖြစ်ပါ။ လက်ရှိ ပြည်သူများက
ရွေးကောက် တင်မြောက်ထားသော လွတ်တော်အမတ်များသည်လဲ သူတို့၏ မဲဆန္ဒ နယ်မှာ လုပ်ပိုင်ခွင့် အာဏာ
မရှိပါ။
အမှန်တကယ် ပြည်သူများ ရွေးကောက်တင်မြောက်သင့်သော လူ ပုဂ္ဂိုလ်များမှာ နိုင်ငံတော် သမ္မတ က အစ၊
သူတို့နေထိုင်ရာ မြို့၊ ခရိုင်၊ ပြည်နယ်၊ တိုင်း၊ ဒေသ များ၏ အုပ်ချုပ်ရေး အာဏာပိုင်များ ဖြစ်သင့်သည်။ အဲဒီ
ပြည်သူက ရွေးကောက်တဲ့ အာဏာပိုင်များ ကိုယ်တိုင်ပင် ဗဟို အစိုးရ နှင့် တိုက်ရိုက် စကားပြောနိုင်သော
လွတ်တော် ကိုယ်စားလှယ်များ ဖြစ်လာရမည်။ ထိုမှသာ စစ်မှန်တဲ့ ပြည်သူ့ အစိုးရ ဖြစ်လာမည်ဖြစ်သည်။ အဲဒီ
ပြည်သူ့ အစိုးရ (အစုအဖွဲ့) သာလျှင် ဥပဒေပြုခွင့် နှင့် အတူ စစ်တပ် နှင့် နိုင်ငံတော် လုံခြုံရေး၊ ပြည်ထဲရေး
လုပ်ငန်းများ ကို အမိန့်ပေး နိုင်သော အာဏာ ရှိရမည်။
ထို့ကြောင့် ဖယ်ဒရယ် ဒီမိုကရေစီ (federal democracy) ဆိုသည်မှာ တိုင်ရင်းသား အတွက် သီးသန့် အရေး
မဟုတ်ပါ။ မြန်မာ နိုင်ငံသား အားလုံး အတွက် ဘ၀လုံခြုံရေး ပေးမည့် နိုင်ငံရေး လမ်းစဉ်ဖြစ်သည်။ ဖယ်ဒရယ်

ပြည်ထောင်စုသာလျှင် ငြိမ်းချမ်းရေး ၏ လဏ္ခာ အစစ်အမှန်ဖြစ်သည်။ ဖယ်ဒရယ် ရ ရင် စစ်တိုက်စရာ
မလိုတော့ပါ။ တိုင်းပြည် ၏ ဘဏ္ဍာ ငွေထမ
ှဲ စစ် အသုံးစရိတ် များ အစား လူထုအတွက် ပညာရေး၊ ကျန်းမာရေး
နှင့် အခြား လူမှုရေး ကိစ္စ အ၀၀ တွင် သုံးဆွဲလာနိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော လူနေမှု အဆင့်အတန်း
ရလာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံကို ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ လမ်းစဉ်ပေါ် တွန်းပို့ နိုင် ရေး သည်၊ တိုင်းရင်းသား
လူနည်းစု များ ဧ။် အင်အား နှင့် သာ မလုံလောက်ပါ။ မြန်မာပြည်သူ/သား အားလုံး တစ်စိတ် တစ်ကိုယ်
တည်းသွား ရ ပါမည်။

ဤသို့ သွားနိုင်ရန် အတွက် အခြေခံအားဖြင့် ပင်လုံစိတ်ဓါတ် အစစ် အမှန် ကို

ပြန်သွား ရ ပါမည်။ ဖယ်ဒရယ် ဒီမိုကရေစီ စနစ် ကို ဖေါ်ဆောင် နိုင် မှ သာ လျှင် မြန်မာနိုင်ငံ သည် ကမ္ဘာ မှာ
အပျော်ဆုံး စံပြ နိုင်ငံ ဖြစ်လာ မှာ မလွှဲ ဧကန်ပင်။ ဖယ်ဒရယ် ဒီမိုကရေစီ ဆိုတာ လူနည်းစု တိုင်းရင်းသား
အတွက် သီးသန့် မဟုတ်ပါ။
June 24, 2012

အကြမ်းဖက်ဝါဒ၏ သားကောင်များ
ရခိုင်ကိစ္စဟာ တော်တော်လေး လူပြောများတဲ့ အဖြစ်အပျက် (issue) ဖြစ်ပြီး အသိမ်းအစောင်း မခံတဲ့ပြဿနာ
လို့မြင်ပါသည်။ တင်ထားသမျှ သတင်း၊ ဓါတ်ပုံတိုင်းကို ဖတ်ပြီး comment များကိုဆက်ဖတ်ဖြစ်ပါသည်။
ဘင်္ဂလီိလူမျိုးများ အပေါ် မကျေနပ်သံ နှင့် ဘင်္ဂလီိဖက်မှ တုံ့ပြန်သံများ နှစ်ဖက်စလုံးက အားလုံးလိုလို
သတ်ဟေ့၊ ဖြတ်ဟေ့၊ ချဟေ့၊ ဆိုတဲ့ ညာသံပေး နေတာ ကို တွေ့တော့ ငယ်ငယ်တုန်းက အဖြစ်လေးတွေ
မြင်ယောင်နေမိသည်။ ကျနော်တို့ ရွာနားမှာ စစ်ဖြစ်တော့ ဗမာ စစ်သားတွေ ရွာထဲဝင်တာနဲ့ တစ်ယောက်နဲ့
တစ်ယောက် ညာသံပေးကြတယ်။ "ငါလိုးမသားတွေ ချ ချကွာ. အလွတ်မထားနဲ့... အားလုံး သတ်ပစ်ကွာ...
ရှုပ်တယ်..." ဆိုပြီးကျနော်တို့ရဲ့လူကြီးသူမတွေ... လူလတ်ပိုင်းတွေကို စုထားပြီး ကျိန်းမောင်းနေတဲ့ အသံ နားထဲ
ကြားနေရသလို ခံစားရသည်။
အထူး သဖြင့် NLD ရဲ့ 'ရှဥ့်လဲ လျှောက်သာ ပျားလဲစွဲသာ' သဘာထား ထုတ်ပြန်ချက် အပေါ် အားမလို အားမရ
ဖြစ်နေတာ ကိုလဲ တွေ့ရသည်။ တချို့ဆိုရင် NLD ကို တောက်လျှောက် အားပေးနေတဲ့ ပုဂ္ဂိုလ်များ
ဒီတခါမှာတော့ NLD ကို အပြစ်တင်ကြသည်။ ဘင်္ဂလီိများ ကို ပြတ်ပြတ်သားသား မဆန့်ကျင်ဘူးဆိုတဲ့ သဘောနဲ့
ဝေဖန်နေကြခြင်းဖြစ်သည်။ တချို့ဆို ပညာတတ်လူတန်းစားများဖြစ်သည်၊ များသောအားဖြင့် နိုင်ငံရပ်ခြား မှာ
အလုပ်လုပ်နေသူများ၊ ပညာစည်းပူးနေသူများ ဖြစ်ကြသည်။ ခြုံပြီးပြောရရင်၊ မြန်မာ နိုင်ငံသား
(ကျနော်အပါအ၀င်) အများပိုင်းသည် လူလူချင်း အကြမ်းဖက်လုပ်ရပ်အပေါ် တုံ့ပြန်တဲ့နေရာ မှာ ပြန်ပြီး
အကြမ်းဖက်တဲ့နည်းနဲ့ တုံ့ပြန်ရန် ပိုအားသန်သည်။ လူကိုယတ
ိုင် မပါချင်တောင်မှ အနဲဆုံး အားပေးအားမြောက်
လုပ်ချင်တဲ့ စိတ်ဓါတ်ပြင်းပြတတ်တာတွေ့ရသည်။
ဒီနေရာမှာ မြန်မာပြည်က ဒဿနိကဗေဒ ပါမောက္ခ ဆရာ တစ်ပါး နီတိ ဆိုင်ရာ အတွေးအခေါ်ပိုင်း ပို့ချ ချိန်မှာ
သူ့အတွေ့အကြုံ ဖေါက်သည် ချပြတာ သတိရသည်။

သူအမေရိက မှာ ပညာတော်သင်သွားနေတဲ့အချိန်ဖြစ်တယ်။ တနေ့တော့ သူတို့ ကျောင်းသား အဖွဲ့ တွေ
အုပ်စုဖွဲ့ ပြီး ပင်လယ်ကမ်းခြေကို သွားပျော်ကြပါသတဲ့။ ညနေစောင်း နေ၀င်ချိန်၊ မှောင်ရိပ်သန်းလာတော့၊
သူတို့တည်းခိုတဲ့ နေရာ အသီးသီးပြန်ကြတယ်။ အဲဒီချိန်မှာ အမျိုးသမီး တစ်ယောက် ပြဿနာ တက်နေတယ်၊
အခန်းသော့နဲ့ ပိုက်ဆံအိပပ
်ါ အကုန် လုယက်သူ တစ်ယောက် လက်ထဲပါသွားပြီ၊ ဆိုတော့ သူလဲ
ဖြစ်ကြောင်းကုန်စင် သတင်းမေးရအောင် သူ့ဆီသွားတယ် (သူတို့နဲ့ အတန်းတူထဲကမို့ ခင်တာလဲပါတယ်)။
လူမည်း တစ်ယောက်က ပြေးလာပြီး သူ့လက်ထဲက လုသွားတယ်၊ လို့ သူ့ကို ပြောပြတော့ သူက မြန်မာပီပီ၊
ဟာ.... ဟိုလိုမလုပ်လိုက်ဘူးလား... ဒီလိုမလုပ်လိုက်ဘူး လား... ဒါမျိုး (လက်နက်) မဆောင်ထားဘူးလား....
ငါသာဆို ဒီလိုလုပ်လိုက်ပြီ... ဆိုပြီး အားရ ပါးရ ပညာပေးတော့... အဲဒီအမျိုးသမီးရဲ့... စကားတခွန်းထဲနဲ့ သူလဲ
ရှက်ရှက်နဲ့ ခေါက်ပြန်ခဲ့ပါ သတဲ့။ အဲဒီ အမျိုးသမီးပြောတာက "ကျမ တခါမှ ဒါမျိုး ပြန်ချဲဘို့ တိုက်တွန်းတာ မခံရ
ဖူးတော့ ပြန်ချဲလိုက်ရကောင်းမှန်း မသိလိုက်ဘူး" တဲ့။
ကျနော်တို့ မြန်မာနိုင်ငံမှာက ငယ်စဉ်ကတည်းက အတန်းထဲမှာ ဖိုက်တင် ချမယ်ဆိုရင် အတန်းဖေါ်တွေ
မြောက်ပေးတယ်။ ကြောက်သလား... အလကားလူ... ငကြောင်... ဆိုတာမျိုးနဲ့ပဲ ကြီးလာတော့... ချမယ်..
ထိုးမယ်... ကြိတ်မယ်..... ဆိုပြီး ပြောနိုင်တဲ့လူမှ၊ သတ္တိ ရှိ၊ လူစင်မီတဲ့ယောက်ျား၊ လူလားမြောက်တ့အ
ဲ လား
ထင်တတ်ကြသည်။ ကျောင်းနေ ကလေးများ ဒီလို စိတ်ထား မွေးရခြင်းကလဲ ပတ်ဝန်းကျင် ရဲ့ သွန်သင်မှု
တစိတ်တပိုင်းဖြစ်နိုင်သည်။
ညတိုင်းညတိုင်း TV ထဲမှ စစ်ချီတေး၊ စစ်သည်တေး ထုတ်လွင့်ချက်သည်ပင်လျှင်၊ ကလေးများကို တိုက်ရဲ
ခိုက်ရဲတဲ့လူ ဖြစ်အောင် (၀ါ) အကြမ်းဖက်ရဲအောင် သင်ပြနေခြင်းဖြစ်သည်။ သူများနိုင်ငံတွေမှာ မြို့ထဲ
စစ်ဝတ်စုံဝတ် စစ်သားတွေ ကားစီးပြီး သွားရင် လူမမြင်အောင် တကားလုံး ဖုံးပြီးမှ သွားရပါတယ်။ ဥပဒေကို
ပြဋ္ဌာန်းထားတာပါ။ မြန်မာပြည်မှာတော့ သေနတ်ကြီး ရှေ့က တကားကားနဲ့ လာတမျှကားတွေ အကုန်ရပ်ပေး၊
ကျောင်းရှေ့မရှောင်၊ ကလေးများ အားကျအောင် လုပ်ပြလေ့ရှိတော့ စစ်ဗိုလ်လုပ်ချင်တဲ့
ကလေးတွေများလာတယ်။ တိုင်းပြည်ချစ်လို့ စစ်ထဲဝင်တယ် ဆိုတာထက် သနတ်လေး တကားကားနဲ့
လူတကာထုတ်ပြရတာ အားကျလို့ဝင်တာ ပိုများပါတယ်။ ဒီထက်ပိုဆိုးတာက စစ်ဗိုလ်လုပ်ရင်
ကြီးပွါးတာမြင်လို့ပဲ။ တကယ်တော့ စိတ်ဓါတ်အခြေခံ (Moral Quality) ကျဆင်းနေခြင်းဖြစ်တယ် ဆိုတာ
မည်သူကမှ သတိထားမိဟန်မတူ။ ရိုင်းစိုင်းသော စိတ်ဓါတ်နှင့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း
တည်ဆောက်လို့မရပါ။ ဂျာမဏီ လူမျိုးများ ဘယ်လောက်ပင် သိပ္ပံ အတတ်ပညာ တိုးတက် နေစေကာမူ၊
ဂျူးလူမျိုးခြောက်သန်းကျော် သတ်လိုက်ခြင်းသည် ဒီနေ့ထိ ဂျာမန်လူမျိုးများ အမှန်တကယ် ယဉ်ကျေးပါရဲ့လား
ဆိုတဲ့ မေခွန်း အထုတ်ခံနေရဆဲ ဖြစ်သည်။ အဲဒီလူမျိုးရဲ့ ဘာသာ တရား၊ ယဉ်ကျေးမှု ဘယ်လောက်
ကောင်းကြောင်း ထုတ်ကြွားနေစေကာမူ၊ လူတစ်ယောက်ရဲ့ အမူအကျင့်သည် သူ့ရဲ့ လူမှုဝန်းကျင် ကို
ကိုယ်စားပြုနေသည်။ ကျနော်တို့ ကိုယ်တိုင် အကြမ်းဖက်ဝါဒ ကို အလိုလို သွန်သင်ခြင်း ခံထားရတဲ့
သားကောင်များ ဖြစ်နေပြီလား။
ဒါကြောင့်၊ ဒေါ်အောင်ဆန်းစုကြည် ပြောတာမှန်သည်၊ "ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့
လုပ်စေချင်တယ်။" ဒီနေရာမှာ "သိက္ခာ" ဆိုတဲ့ ဝေါဟာရ အဓိပ္ပါယ်ဖွင့်ဆိုချက် အရေးကြီးလာသည်။
ဒေါ်စုပြောသော "သိက္ခာ" နဲ့ စစ်အုပ်စု ပြောပြောနေတဲ့ နိုင်ငံ့ ဂုဏ် "သိက္ခာ" မှာ ကွဲပြားတဲ့ အမြင်သဘောထား
ရှိနိုင်သည်။ ဒေါ်စု ပြောချင်တာက "လူသားဆန်တဲ့ သိက္ခာ"၊ စစ်အုပ်စု ပြောနေတာ "တိုက်ရဲ ခိုက်ရဲ (၀ါ)
သတ်ရဲတဲ့ သိက္ခာ"။

ဒီနေရာမှာ နောက်ဆုံးအနေနဲ့ နာမည်ကျော်စာရေးဆရာ နဲ့ ခရစ်ယာန် သင်းအုပ် ဆရာကြီး တစ်ပါးဖြစ်တဲ့ Ralph
W. Sockman ရဲ့ အဆိုအမိန့် တခုနဲ့ နိဂုံးချုပ် ပါရစေ။
"ဇွဲသတ္တိ စမ်းသပ်ခြင်းဟာ ကျနော်တို့ လူနည်းစုဖြစ်တဲ့အချိန်မှာ လာတယ်၊ စိတ်ရှည်သီးခံခြင်း ကို
စမ်းသပ်ခြင်းဟာ ကျနော်တို့ လူများစု ဖြစ်တဲ့အချိန်မှာ လာတယ်။"
“The test of courage comes when we are in the minority. The test of tolerance comes when we
are in the majority.”
Monday, June 11, 2012
Duwa Kachin (kachinduwa@gmail.com)

Sign up to vote on this title
UsefulNot useful