ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး

မန်ကျည်ဒိန်ယိန်း

အပိုင်း (၁)
ဒေါ်စု လွှတ်တော်ထဲဝင်မယ်ဆိုတော့ ဒေါ်စုက ပွားနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုပြီး လိုတာထက် ပိုပြီး ဦးဝင်းတင်က
မြှောက်ပေးခဲ့တယ်။
တခါ ကျမ်းကျိန်စာသားနဲ့ ပတ်သက်ပြီး ဒေါ်စုတယောက် လွှတ်တော်တက်ရကောင်းနိုး မတက်ရကောင်းနိုး
ဝေခွဲမရ ဖြစ်နေချိန်မှာ လွှတ်တော်ထဲက တိုင်းရင်းသားပါတီတချို့က ဒေါ်စုကို လာသာလာပါဆိုပြီး ပင့်ကြတယ်။
ဒေါ်စုကို လိုတာထက်ပိုပြီး အထင်ကြီးတဲ့ တိုင်းရင်းသားပါတီတွေအဖို့တော့ ဒေါ်စုသာ လွှတ်တော်တက်ရင်
လွှတ်တော်အင်အား ချိန်ခွင်လျှာ ပြောင်းသွားမယ်လို့ ထင်ခဲ့ကြပုံရတယ်။
တကယ်တမ်း ဒေါ်စု လွှတ်တော်ထဲရောက်တော့ ဒေါ်စုတယောက် ထဘီ အကျီ စုံချပ၀ါတွေ ပွားနေတာကလွဲပြီး
နိုင်ငံရေးအရ ဘာမှ မပွားနိုင်တာကို မြန်မာပြည်သူတွေ ပြည်တွင်း သံဃာတော်တွေ သတိထားမိလာတာ
တွေ့ရပါတယ်။ ဒါပေမယ့် ဒေါ်စုကို အားနာတဲ့စိတ်နဲ့ ပွင့်ပွင့်လင်းလင်း မဝေန်ဖန်ဘဲ စောင့်ကြည့်နေတာ
ဖြစ်ပါတယ်။
အခြေခံဥပဒေ ပြင်ဆင်မယ်၊ စစ်တပ်ကို စည်းရုံးမယ်ဆိုတဲ့ ဒေါ်စုဟာ လွှတ်တော်ထဲက စစ်ဗိုလ်တယောက်တောင်
စကားပြောခွင့်ရရဲ့လားဆိုတာ မေးစရာပါ။
သေချာတာကတော့ ဒေါ်စုဟာ လွှတ်တော်တက်တဲ့ အချိန်ကနေ ဒီနေ့ထိ ပြည်သူအတွက် နိုင်ငံရေးပြုပြင်မှုတွေ
ရွေးကောက်ပွဲ ရည်မှန်းချက်တွေ ဘာမှ အကောင်အထည်မဖော်နိုင်တာ ထင်ရှားပါတယ်။

ပြည်သူအတွက် ဘာမှ မလုပ်နိုင်တဲ့ ဒေါ်စုဟာ ဦးသိန်းစိန်အစိုးရ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ
လူရာဝင်ရေးအတွက် ၂ ကြိမ်တိုင်တိုင် (ခုထိ) ပခုံးနဲ့ ထမ်းတင်ခဲ့တာ တွေ့ရပါတယ်။
ပထမအကြိမ်က အန်အယ်လ်ဒီပါတီ ပြန်မှတ်ပုံတင်၊ ဒေါ်စုက ရွေးကောက်ပွဲဝင်မယ်လို့
ကြေငြာတဲ့အချိန်ဖြစ်တယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲအပြီး စမ်းတ၀ါးဝါးနဲ့ ၂၀၁၄ အာဆီယံဥက္ကဌလုပ်ရေးမှာ
သိက္ခာမရှိဖြစ်နေတဲ့ အစိုးရကို ဒေါ်စုက ပခုံးနဲ့ ထမ်းတင်ပေးခဲ့တာဖြစ်တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ
ဒေါ်စုကိုယ်တိုင် အမတ်ဖြစ်လာပြီး အန်အယ်လ်ဒီအနိုင်ရချိန်မှာ ဒေါ်စု အရောင်တင်ပေးလိုက်လို့ သိန်းစိန်အစိုးရ
နိုင်ငံတကာအမြင်မှာ ကံဇာတာတက်လာချိန်လို့ ဆိုရမှာဖြစ်တယ်။
မကြာခင်က အမေရိကန်ခရီးစဉ်အတွင်းမှာ မြန်မာအပေါ် ဒဏ်ခတ်ထားတဲ့ ဆန်ရှင်တွေ ဖွင့်ပေးသင့်ပြီလို့ ဒေါ်စု
ပြောလိုက်ချိန်ဟာ သိန်းစိန်အစိုးရကို ဒုတိယအကြိမ် ခေါင်းပေါ်ရွက် မတင်ပေးလိုက်တာ ဖြစ်ပါတယ်။
နယူးရောက် အထွေထွေညီလာခံတက်ဖို့ သိန်းစိန် ရောက်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီမှာတင်
သိန်းစိန်ကနေ အခြေခံဥပဒေ နားမလည်သေ
ူ တွ ၀မ်းသာသွားအောင် ပြည်သူတွေ လိုလားရင် ဒေါ်စုလည်း
သမ္မတဖြစ်နိုင်ပါတယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။
သိန်းစိန်ဟာ အခြေခံဥပဒေ ၂၀၀၈ ဖြစ်လာအောင် နည်းအမျိုးမျိုးနဲ့ ညစ်ပတ်ခဲ့တဲ့ အမျိုးသားညီလာခံကို
ဥက္ကဌလုပ် ဦးဆောင်ခဲ့သူပါ။ အခြေခံဥပဒေ ၂၀၀၈ အရ ဒေါ်စု ဘယ်လိုနည်းနဲ့မှ သမ္မတ၊ ဒု-သမ္မတ
လုပ်လို့မရအောင် ကာကွယ်ထားတာ သိထားတဲ့အတွက် ပြည်သူတွေ လိုလားရင် ဒေါ်စုလည်း
သမ္မတဖြစ်နိုင်ပါတယ်လို့ တမင် ခပ်ထေ့ထေ့ ပြောလိုက်တာကို အခြေခံဥပဒေ နားမလည်တဲ့ လူညံ့တွေ ဒေါ်စုကို
မျက်စေ့မှိတ် ကြည်ညိုသူတွေက အဟုတ်မှတ်ပြီး ဘ၀င်လေဟပ် ကုန်ပါတယ်။
တကယ်တော့ ဒေါ်စုဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အများစုနဲ့ နိုင်ရင်တောင် ချက်ချင်း သမ္မတဖြစ်ဖို့
အခွင့်အလမ်း မရှိပါ။ ဒေါ်စု ကြည့်ရတာ လောလောဆယ် သိန်းစိန်အစိုးရကို အချိုသပ် လိုက်လျောရင်း ၂၀၁၅
မှာ အပြတ်နိုင်အောင် လုပ်ပြီး အစိုးရဖွဲ့နိုင်ရေးကို ဦးတည်နေပုံရပါတယ်။ ဒေါ်စု အနီးကပ် လူယုံတွေ၊ ဒေါ်စု
ထောက်ခံသူတွေ အတော်များများကလည်း ၂၀၁၅ အတွက် အန်အယလ်ဒီ အမတ်လောင်း ထောင်ကျော်ထဲမှာ
ပါနိုင်အောင် သူ့ထက်ငါ အစာမာန်ခုတ်ရင်း အားပြိုင်နေတာ ဒေါ်စုကိုယ်တိုင်ကတောင် လူပါးမ၀ကြနဲ့
ပြောယူရတဲ့ထိပါပဲ။ ဒါကြောင့် ဒေါ်စုရဲ့ လတ်တလော နိုင်ငံရေးမဟာဗျူဟာက သိန်းစိန်အစိုးရ
မျက်နှာညိုမဲ့စကား မပြောမိအောင်၊ မလုပ်မိအောင် ၀စီပိတ်တရား ကျင့်ရေးသာဖြစ်တယ်ဆိုတာ
ပေါ်လွင်နေတယ်။ ဒါဆိုရင် ရန်သူကို အတော်အထင်သေးရာ ကျသွားမှာဖြစ်တယ်။ သန်းရွှေက ရယ်လိမ့်မယ်။
ကလေးကွက်ဆိုပြီး …။
မြန်မာအစိုးရကို လာတွေ့တဲ့ နိုင်ငံတကာ ခေါင်းဆောင် အတော်များများဟာ သိန်းစိန်နဲ့ တွေ့ပြီးတိုင်း ဒေါ်စုကို
အိမ်လာတွေ့ သတင်းစာရှင်းပွဲတွေ လုပ်လေ့ရှိပါတယ်။ လာတဲ့ အနောက်အုပ်စု ခေါင်းဆောင်
အတော်များများဟာ ဒေါ်စုကို ချစ်ခင်လို့ လာတွေ့လာထက် သူတို့တိုင်းပြည်က ကုမ္မဏီတွေ၊ လုပ်ငန်းရှင်တွေ
မြန်မာဈေးကွက်ဝင်လာရင် ဒေါ်စုဘက်က မကန့်ကွက်အောင် မျက်နှာချိုသွေးဖို့ ဒေါ်စု ထောက်ခံချက်ရဖို့
ရည်ရွယ်တာ များပါတယ်။
အစိုးရဘက်ကကြည့်ရင် ဒေါ်စုအိမ်က သတင်းစာရှင်းပွဲတွေဟာ ရန်ကုန်မြို့ပေါ်က စင်ပြိုင်အစိုးရလေးလို့ မြင်မှာ
အမှန်ဖြစ်ပြီး အစိုးရသိက္ခာပါ ကျဆင်းစေတာမို့ ဒေါ်စုကို မျက်မုန်းကျိုးနေမှာဖြစ်တယ်။ တချိန်တည်းမှာပဲ

အမေရိကန်အစိုးရက ဒေါ်စုပြောတာ အကုန်ထောက်ခံပြီး ဒေါ်စုနဲ့ စည်းဝါးကိုက်လုပ်နေတာမို့ ဒေါ်စုဟာ
စစ်အစိုးရတဖြစ်လဲ သိန်းစိန်အစိုးရအတွက် အသားထဲက ဆူးညောင့်တခုလို့ လက်ရှိအစိုးရက
မြင်မှာဖြစ်ပါတယ်။
ဒီကြားထဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်မှာ ဒေါ်စုအပေါ် လူထုထောက်ခံမှုကို မြင်လိုက်ချိန်မှာ ဒေါ်စုကို ၂၀၁၅
မတိုင်ခင် ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ ဖယ်ရှားမလဲဆိုတာ ကြံ့ဖွံ့ပါတီဘက်က စဉ်းစားထားပြီး
ဖြစ်ဖို့များပါတယ်။
အစိုးရဘက်ကိုကြည့်ရင်လည်း အကျပ်အတည်း ဖြစ်ပါတယ်။ ဒေါ်စုကို အခြေခံဥပဒေ ၂၀၀၈ ဂွင်ထဲကနေ
တဖြည်းဖြည်း ကြပ်ပေးရင်း နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ၀င်ဆံ့နိုင်အောင် သိက္ခာတက်လာပေမယ့် အစိုးရတွင်း
အုပ်စုတိုက်ပွဲတွေ ရှင်းနေရဆဲဖြစ်ပါတယ်။
အထင်ရှားဆုံးဖြစ်ရပ်ကတော့ ဒု-သမ္မတ တင်အောင်မြင်ဦး ပြုတ်သွားအောင် သိန်းစိန်ကို တွန်းခဲ့တယ်လို့
ပြန်ကြားရေးဝန်ကြီး (ဟောင်း) ကျော်ဆန်း စွပ်စွဲခဲ့သူတွေထဲမှာပါတဲ့ ၀န်ကြီးစိုးသိန်း၊ ၀န်ကြီးအောင်မင်း …
စတဲ့သူတွေကို သမ္မတရုံးကို ဆွဲထုတ် kick upstair လုပ်ပြီး ချောင်ထိုးခဲ့ပါတယ်။ တင်အောင်မြင်ဦးနဲ့
မဟာမိတ်ဖြစ်တဲ့ ၀န်ကြီးကျော်ဆန်းကိုလည်း ပြန်ကြားရေးကနေ သမ၀ါယမ၀န်ကြီးဌာနကိုပြောင်း
ချောင်ထိုးခဲ့ပါတယ်။
ဝန်ကြီးအောင်မင်းဆိုရင် တင်အောင်မြင်ဦးကို ဆန့်ကျင်ခဲ့ရုံမက ထိုင်း-မြန်မာနယ်စပ်က ကေအန်ယူကို ၂
ခြမ်းကွဲအောင် စည်းရုံးနိုင်ခဲ့သူ မဲဆောက်အခြေစိုက် အတိုက်အခံအဖွဲ့တွေကို စည်းရုံးနိုင်ခဲ့သူဖြစ်လို့
လက်မထောင်ပြီး တစင်မထောင်နိုင်ခင် minister without portfolio အနေနဲ့ သန်းရွှေက လက်ဦးအောင်
ချောင်ထိုးခဲ့တာဖြစ်ပါတယ်။ ၀န်ကြီးကျော်ဆန်းကိုတော့ တင်အောင်မြင်ဦးဂိုဏ်းသားအနေနဲ့ ဖြိုခွဲရုံသာမက
ဝါဒဖြန့်နိုင်ငံရေး ခေတ်ကုန်ပြီ အသုံးချစရာမလိုတော့ဆိုတဲ့သဘောနဲ့ သမ၀န်ကြီးပေး
ချောင်ထိုးခဲ့တာဖြစ်ပါတယ်။
တချိန်ထဲမှာပဲ တင်အောင်မြင်ဦးအစား ဘယ်သူ့ကို စစ်တပ်က ဒု-သမ္မတလောင်း တင်မြှောက်မလဲဆိုတဲ့
ပြဿနာဝင်လာပါတယ်။ တင်အောင်မြင်ဦးဟာ ဒု-သမ္မတ ၂ ဦးအနက် စစ်တပ်က ရွေးချယ်တင်မြှောက်ခဲ့သူ
ဖြစ်တယ်။ စိုင်းမောက်ခမ်းကတော့ အရပ်သားဖြစ်ပြီး ကြံ့ဖွံ့ပါတီဝင် ဖြစ်နေတာတောင် အရပ်သားဆိုတဲ့
အမြင်ကြောင့် သိန်းစိန်အစိုးရက မယုံကြည်ခဲ့ပါဘူး။ ဒါကြောင့် တင်အောင်မြင်ဦး ရှိနေချိန်မှာ အခမ်းအနားတက်
ဒု-သမ္မတအဖြစ်သာ ဘာတာဝန်မှမပေးပဲ ချောင်ထိုးထားတာဖြစ်တယ်။
တင်အောင်မြင်ဦးကိုတော့ စစ်ဗိုလ်ချုပ်ဖြစ်ရုံမက စစ်တပ်က တင်မြှောက်တဲ့ ဒု-သမ္မတဖြစ်တာမို့
ဝန်ကြီးဌာနတွေကို ထိန်းချုပ်ရင်း သမ္မတကိုယ်စား အရေးကြီးတဲ့ Administrative Functions တွေကို ကိုင်ခိုင်းလို့
အရှိန်အ၀ါ အာဏာကြီးထွားလာရုံမက ၀န်ကြီးတွေက ကြောက်လာရတဲ့ အခြေအနေဖြစ်ခဲ့တယ်။ ဒီမှာတင်
တင်အောင်မြင်ဦးကို ၀န်ကြီးအောင်မင်း ခေါင်းဆောင်တဲ့ ၄ ဦးဂိုဏ်းက တွန်းချတိုကခ
်ဲ့တာပါ။
ဒီအတွေ့အကြုံအရ တင်အောင်မြင်ဦးအစား ဥာဏ်ထွန်းကို ဒု-သမ္မတ ခန့်တဲ့အခါ သိန်းစိန်အစိုးရမှာ ပြဿနာ ၂
ခု ၀င်လာပါတယ်။ တခုက ဥာဏ်ထွန်းကို တင်အောင်မြင်ဦးလို အုပ်ချုပ်ရေးအာဏာပေးပြီး ၀န်ကြီးဌာနတွေ
အကိုင်ခိုင်းရမလား၊ သမ္မတ ဦးသိန်းစိန် နိုင်ငံခြားသွားရင် ဥာဏ်ထွန်းကို ခေတ္တသမ္မတ ပေးလို့ရမလားဆိုတဲ့
ပြဿနာပါ။

အခြေခံဥပဒေအရ ဒု-သမ္မတ ၂ ဦးအနက် မဲအများဆုံးရသူကိုသာ ခေတ္တသမ္မတ ပေးရမယ်လို့ ဆိုထားပါတယ်။
တင်အောင်မြင်ဦးက ၂၀၁၀ ရွေးကောက်ပွဲမှာ စိုင်းမောက်ခမ်းထက် မဲများလို့ တာဝန်ကြီးကြီးပေးပြီး ခေတ္တသမ္မတ
ပေးနိုင်ပေမယ့် ဥာဏ်ထွန်းကတော့ ကြားဖြတ်ရွေးထားတဲ့ ဒု-သမ္မတဖြစ်တာမို့ စိုင်းမောက်ခမ်း ရတဲ့မဲနဲ့
ယှဉ်ခွင့်ရှိသလားဆိုတာ အခြေခံဥပဒေ ၂၀၀၈ မှာ ရှင်းရှင်းလင်းလင်း ရေးမထားတာ တွေ့ရပါတယ်။
အစိုးရကလည်း သူတို့ ၂ ဦး ဘယ်သူက မဲသာသလဲ မကြေငြာရဲ ဖြစ်နေတယ်။ ဒါကြောင့် ဥာဏ်ထွန်းကို
ခေတ္တသမ္မတ ပေးရင် အခြေခံဥပဒေနဲ့ ဆန့်ကျင်နေမှာဖြစ်ပါတယ်။
ဥာဏ်ထွန်းကို ၀န်ကြီးဌာနတွေ ကိုင်ခိုင်းပြီး အုပ်ချုပ်ရေးအာဏာပေးရင်လည်း စိုင်းမောက်ခမ်းအပေါ် သိန်းစိန်
မတရားလုပ်တာ ထင်ရှားမယ်။ ဒါကြောင့် ဥာဏ်ထွန်းကို ဒု-သမ္မတ မရွေးခင် စိုင်းမောက်ခမ်းကို အရေးမပါတဲ့
ခရီးစဉ်တွေနဲ့ နိုင်ငံခြားလွှတ်ပြီး လူထုကို အာရုံပြောင်းထားခဲ့တာပါ။
ဒီလို သိန်းစိန်အစိုးရ အကျပ်အတည်းအမျိုးမျိုး ဖြစ်နေချိန်မှာ ဒေါ်စု ကယ်တင်ရှင်လုပ်ပြီး ဆန်ရှင်တွေ ဖွင့်ပေးဖို့
အမေရိကန်ကို တိုက်တွန်းလို့ သိန်းစိန်အစိုးရ ထွက်ပေါက်ရသွားပါတယ်။
ပြည်သူတွေကို ကြည့်ရင် ၂၀၀၇ သံဃာ့အရေးအခင်း ပြီးကထဲက စီးပွားရေး ဆက်တိုက်ကျလာလိုက်တာ
ခုဆိုရင် မနက်အလုပ်မသွားခင် ထမင်းဝယ်မစားနိုင်လို့ ကျပ် ၃၀၀ တန် ခေါက်ဆွဲသုတ်ကို (လိုက်ပွဲမမှာနိုင်ဘဲ)
ထမင်းအဖြူ တပွဲနဲ့ တွဲစားနေသူတွေ ရန်ကုန်၊ မှော်ဘီစတဲ့ မြို့ကြီးတွေ ရန်ကုန်မြို့သစ်တွေမှာ တွေ့ရတာ
ဝမ်းနည်းစရာပါ။ တဘီသစ်တွေ၊ အကျီသစ်တွေ တရွှမ်းရွှမ်းနဲ့ စတိုင်ကျနေတဲ့ ဒေါ်စုကို
အဲဒီခေါက်ဆွဲသုတ်ဆိုင်တွေမှာ ပြည်သူတွေ ထမင်းဖြူနဲ့ ဘာလို့ ရောစားနေရသလဲ သွားလေ့လာစေချင်ပါတယ်။
ဒါမှလဲ ၃၉ ဗိုက်ပူကြီးလို ဂျုံးဂျုံးကျနေတဲ့ မြန်မာ့နိုင်ငံရေးကို ဒေါ်စု နားလည်သွားမှာ ဖြစ်ပါတယ်။
(၃၉ ဗိုက်ပူသီချင်းကို နားဆင်လိုသူတွေအတွက် http://www.youtube.com/watch?v=8fXePEwmdS8
လင့်မှာ နားဆင်ကြပါ)

အပိုင်း (၂)
ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်စုအိမ်တော်ကြီးကို ကြည့်လိုက်တော့ ဧရာမ မဟာအုတ်ရိုးကြီးနဲ့ ၀င်းတံခါး
အနီကြီးနဲ့ဆိုတော့ အိမ်မှ ဟုတ်ရဲ့လားတောင် အောက်မေ့မိပါတယ်။ ဒေါ်စုအိမ်တော်ကြီးထဲက အခြွေအရံတွေနဲ့
အိမ်တော်စရိတ်ကို ဘယ်သူတွေက ထောက်ပံ့ပေးနေသလဲဆိုတာတောင် မတွေးဝံ့ပါ။
ဒေါ်စု ကံကောင်းပါတယ်။ တချိန်တုန်းက အကျယ်ချုပ်ဘ၀တုန်းကလည်း စားစရိတ၊် အိမ်စရိတ် မပူပင်ခဲ့ရပါ။
အဲဒီအကျယ်ချုပ်ကာ သူစားခဲ့တဲ့ ထမင်းစရိတ်ကို ဘယ်ကရတဲ့ ငွေတွေနဲ့ စားခဲ့သလဲဆိုတာ ခုထိ ဒေါ်စု သိမှာ
မဟုတ်ပါ။ ဒီငွေတွေ ဘယ်ကလာသလဲ ဒေါ်စု မသိပေမယ့် သိသူတွေက တနေ့ ဖော်ထုတ်ကြမှာ မြင်နေပါတယ်။
ကနေ့အချိန်မတော့ ဒေါ်စုတယောက် မော်ဒယ်ဂဲရှုံးအောင် ဖက်ရှင်ဆန်းတွေ အမျိုးမျိုးဝတ်၊ စိန်နားကပ်ရောင်
တပြောင်ပြောင် ဖြစ်နေချိန်မှာ ရန်ကုန်ပြည်သူတွေကတော့ ထမင်းတောင် ၀အောင် မစားနိုင်တာ ဒေါ်စု သိပါစ။
သမ္မတကြီး ဦးသိန်းစိန်ကို ယုံကြည်ကြောင်း မစားရ၀ခမန်း ဒေါ်စုက ချီးမွမ်းခန်းဖွင့်နေချိန်မှာ အောက်ခြေ
ပြည်သူအများစုအတွက် ထမင်းအ၀စားဆိုင်တွေ ရန်ကုန်မှာ ပျောက်သလောက်ဖြစ်သွားပါပြီ။

ရန်ကုန် မြို့သစ်တွေနဲ့ ရန်ကုန်တ၀ိုက်မြို့တွေမှာ ထိုင်းမှာလို ထမင်းတခါပြင်ဆိုင်တွေ မှိုလိုပေါက်အောင်
များလာတာ တွေ့ရပြီး (အလုပ်သမားစား) ထမင်းတပွဲကို ၇၀၀ ကျပ်ကနေ ၁,၀၀၀ ကျပ် ၀န်းကျင်ထိ
ရောင်းကြပါတယ်။ ဆန်ထွက်တဲ့ မွန်ပြည်နယ်က မြို့တွေမှာ ထမင်းလိုက်ပွဲတပွက
ဲို ၂၀၀ ကျပ်ကနေ ၃၀၀ ကျပ်ထိ
ယူနေလို့ လိုက်ပွဲမစားနိုငသ
်ူတွေကိုလည်း စိတ်မကောင်းစွာ မြင်ရပါတယ်။
ဝက်သားဈေးက တပိသာ ၆ ထောင်ကျပ်၊ အမဲသားဈေးက တပိသာ ၆ ထောင်ကျပ် ကြက်သားဈေးက တပိသာ
၎ ထောင်ကျပ်ဝန်းကျင် ရှိနေချိန်မှာ ပဲပြုတ်ဈေးကတောင် ရန်ကုန်မှာ တဆယ်သား ၂၀၀ကျပ် ကျော်နေတာမို့
ပဲပြုတ်တောင် မစားနိုင်သူတွေ ရန်ကုန်မှာ အများကြီးပါ။ တနေ့ ၂ နပ် ရှာမစားနိုင်သူတွေကလည်း နီးစပ်ရာ
ဘုန်းကြီးကျောင်းတွေမှာ ဝေယျာဝစ္စလုပ်ပေးရင်း ညစာ သွားစားနေသူတွေလည်း မနည်းပါ။
အံ့သြစရာ အကောင်းဆုံးက ခေါက်ဆွဲကျော်ရောင်းတဲ့ တရုတ်ဆိုင်က စားနေတုန်း ထမင်းလိုက်ပွဲယူမလားလို့
အမေးခံရတာပါ။ မှော်ဘီဈေးရှေ့က တရုတ်ခေါက်ဆွဲဆိုင်ပါ။ ခေါက်ဆွဲကျော်ကို စားကြည့်လို့ မ၀မှန်းသိတော့မှ
လိုက်ပွဲမရှိတဲ့ ခေါက်ဆွဲကျော်အစား ထမင်းဖြူလိုက်ပွဲစားမလား ကြိုမေးတာလို့ သဘောပေါက်မိပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ က မြန်မာနိုင်ငံမှာ ဘယ်ဆိုင်စားစား ခေါက်ဆွဲကျော်တပွဲဟာ ဗိုက်ပြည့်အောင်မဟုတ်တောင်
တင်းတိမ်အောင်တော့ စားနိုင်လောက်အောင် များပါတယ်။ ခေါက်ဆွဲကျော်စားရတာ မ၀လို့ ဆိုတဲ့အသံတွေ
မကြားဘူးပါ။ ခုတော့ ၁,၈၀၀ ကျပ်ပေးထားရတဲ့ ခေါက်ဆွဲကျော်ဟာ အရင်ကလို လူတယောက် တင်းတိမ်အောင်
များများမကြော်နိုင်တာ မြငိ့တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီမှာတင် ရောင်းသူလည်း
အဆင်ပြေ စားသူလည်း အဆင်ပြေအောင် တရုတ်ဆိုင်က ခေါက်ဆွဲကျော်စားသူတွေကို ထမင်းလိုက်ပွဲနဲ့
အာသာဖြေတဲ့ ယဉ်ကျေးမှုကို ရောင်းသူနဲ့ စားသုံးသူ စာချုပ်စရာမလိုဘဲ လက်ခံကျင့်သုံးခဲ့ကြတာ
ဖြစ်ပုံရပါတယ်။
ခေါက်ဆွဲကျော် မစားနိုင်လို့ လမ်းဘေးခေါက်ဆွဲသုတ်ဆိုင် စားပြန်တော့လည်း ခေါက်ဆွဲသုတ်ဆိုင်
အတော်များများမှာ ထမင်းဖြူနဲ့ တွဲရောင်းတာ စားနေကြရတာကြည့်ရင် မြန်မာတွေ ထမင်းတောင်
ဝအောင်မစားနိုင်တာ မျက်စိရှေ့မှာ မြင်နေရတော့ တိုင်းပြည်အာဏာကို လောဘတကြီး ယူခဲ့ ယူနေဆဲ
စစ်ဗိုလ်ချုပ်တွေကို ပိုစိတ်နာမိလာတယ်။ ဒီလူတွေကြောင့် တို့ပြည်သူတွေ ထမင်းမ၀တဲ့အဖြစ်
ရောက်ရပါလားဆိုပြီး ရင်ထဲလဲ ပိုပြီး အော်ဂလီဆန်လာတယ်။
ခေါက်ဆွဲသုတ်ကို ထမင်းဖြူ လိုက်ပွဲနဲ့ စားနေတာ ဘယ်လောက်ကြာပလဲလို့ စားသုံးသူတွေကို
မေးမြန်းကြည့်တော့ ၂၀၀၇ သံဃာ့အရေးအခင်း ပြီးကတည်းကလို့ ပြောတာမို့ ၅ နှစ်ကျော်ခဲ့ပါပြီ။ ဆိုလိုတာက
၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းမှာ တိုင်းပြည်စီးပွားရေး သိသိသာသာ ကျဆင်းလာပြီး ပြည်သူတွေလည်း
ထမင်းဝအောင် မစားနိုင်တာ ကနေ့ထိ ဆိုတဲ့သဘောပါ။
ခေါက်ဆွဲကျော်ဆိုင်တွေ ခေါက်ဆွဲသုတ်ဆိင
ုတွေမှာ ဗိုက်ပြည့်အောင် ထမင်းဖြူလိုက်ပွဲကို ရောင်းသူ စားသူ
သဘောတူလို့ စားနေတာကို သူတို့ကိုယ်တိုင် သတိမထားမိပေမယ့် အလုပ်အကိုင်ကို နိုင်ငံရေးသမားလို့
အမည်တပ်ရင်း ဆီဦးထောပတ်စား ခြွေရံများစွာနဲ့ နေတဲ့ ဒေါ်စုလို နိုင်ငံရေးသမားတွေနဲ့ အခြေခံ
ပြည်သူတွေကြား ၀င်ငွေကွာဟမှု income disparity ဘယ်လောက် ကြီးမားနေလဲဆိုတာ ပြနေတဲ့ စီးပွားရေး
ညွှန်းကိန်းလို ဖြစ်နေတာ ထင်ရှားပါတယ်။

နှစ် ၂၀ အတွင်း ပြောင်းလဲသွားတဲ့ လူမှုစီးပွားအပြောင်းအလဲတွေထဲမှာ အသိသာဆုံးက ရန်ကုန်နဲ့
တခြားမြို့ကြီးတွေက သံဃာတော်တွေ ဖြစ်ပါတယ်။
သံဃာတော်တွေ ဆွမ်းခံထွက်ပြီဆိုရင် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က မြန်မာရိုးရာ ဆွမ်းဟင်းခွက်လေးတွေနဲ့
ဆွမ်းခံထွက်လို့ မြင်ရတာ အလွန်ကျက်သရေရှိပါတယ်။ ဆရာတော် သံဃာတော်တွေ ဆွမ်းစားတော့လည်း
ဆွမ်းဟင်းခွက်လေးတွေသာ သုံးပါတယ်။ ခုတော့ ရိုးရာ ဆွမ်းဟင်းခွက်တွေပျောက်ပြီး စတီး ၄ ဆင့်ချိုင့်တွေ
တဘက်က ကိုင်၊ သပိတ်တဘက်နဲ့ သံဃာတော်တွေကို ရန်ကုန်နဲ့ တခြားမြိုတွေမှာမြင်ရတာ မျက်စိထဲ
ထူးဆန်းနေသလို ဖြစ်နေပါတယ်။
ဘုန်းကြီးတွေ ဘာကြောင့်ခုလို စတီး ၄ ဆင့်ချိုင့်တွေ ပြောင်းကိုင်သလဲဆိုတာ လိုက်မေးကြည့်တော့ ဘယ်သူမှ
ရေရေရာရာ မဖြေနိုင်ပါ။ ဘုန်းကြီးကျောင်းတွေကို ကိုယ်တိုင်သွားလေ့လာကြည့်တော့ အရင်ကထက် ဆွမ်းဟင်း
ပိုများလာပေမယ့် ချက်ထားတဲ့ ဆွမ်းအမျိုးအစားက ဘာမှတိုးတက်မလာဘဲ လွန်ခဲ့တဲ့ နှစ် ၂၀ က
အတိုင်းဖြစ်နေတာ တွေ့ရပါတယ်။ တချို့ရပ်ကွက်တွေမှာ သံဃာတွေ တန်ဆွမ်းကြွလာရင် သပိတ်နဲ့မက
လောင်းနေလို့ ပိုတဲ့ ဆွမ်းတွေ ဆွမ်းဟင်းတွေသယ်ဖို့ လက်တွန်းလှည်း အသေးစားတွေတောင်
တီထွင်သုံးလာတာ တွေ့ရပါတယ်။
ဒီအခြေအနေတွေ ချုပ်ကြည့်ရင် ရန်ကုန်နဲ့ တခြာမြို့တွေ အတော်များများမှာ လွန်တဲ့ နှစ် ၂၀ အတွင်း လူဦးရေ
သိသိသာသာ တိုးလာတာ ထင်ရှားနေတယ်။ မြို့တွေမှာ urbanization စီမံကိန်းတွေကြောင့် စက်ရုံတွေ
ဆောက်လုပ်ရေးလုပ်ငန်းတွေ များလာမယ်။ ကျေးလက်တွေမှာ အလုပ်အကိုင်ရှားပါးလာတဲ့အတွက် လူတွေ
မြို့ကို ပြောင်းရွှေ့တာ များလာမယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ရန်ကုန်မြို့ပေါ် ပြောင်းရွှေလာမှုကိုက ၄၀ %
အထက် ရှိနိုင်မယ်ဆိုတာ တိုးလာတဲ့ မြို့သစ်တွေနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။
ရန်ကုန်မှာ လူဦးရေပိုများလာတော့ သံဃာတွေကို ဆွမ်းဟင်းနဲ့ ဆွမ်းလောင်းသူတွေ ပိုများလာမယ်။ ဒါကြောင့်
ဆွမ်းဟင်းကို ခံယူရာမှာ သမရိုးကျ ဆွမ်းဟင်းခွက်နဲ့ မလုံလောက်လို့ စတီး ၄ ဆင့်ချိုင့်တွေ
သုံးလာရတာဖြစ်မယ်။ ဒါပေမယ့် ဆွမ်းလောင်းသူ အများစုက ၀င်ငွေနည်းသူတွေဆိုတော့ ဆွမ်းဟင်းခွက်သာ
တိုးလာပေမယ့် ဆွမ်းအရည်အသွေးက လွန်ခဲ့တဲ့ နှစ် ၂၀ ထက်ပိုပြီး တိုးတက်မလာတာ ဖြစ်မယ်လို့
တွေးမိပါတယ်။
သေချာတာကတော့ သံဃာတော်တွေ ခုလို ဆွမ်းခွက်များများ ဘုန်းပေးရတော့ အများစုက မသန့်တဲ့
စားဆီတွေနဲ့ ချက်ထားတာမို့ ငယ်ငယ်နဲ့ သွေးတိုး ဆီးချိုစတဲ့ ခေတ်မီရောဂါတွေ အဖြစ်များနေတာလည်း
သတိပြုမိပါတယ်။

အပိုင်း (၃)
သိန်းစိန်အစိုးရရဲ့ အသွင်ကူးပြောင်းရေးကာလမှာ သမ္မတကို ဒေါ်စုက အရောင်တင်ပေးလိုက် သိန်းစိန်က
မိန့်ခွန်းစာသားတွေနဲ့ ပြည်သူကို မှိုင်းတိုက်လိုက်လုပ်ပြီး ကျီးဘုတ်မြှောက် ဘုတ်ကို ကျီးမြှောက်လုပ်နေချိန်မှာ
ပြည်သူတွေရဲ့ ဆင်းရဲမှုက တိုးလာတာသာ တွေ့နေရပါတယ်။
အစိုးရက ကုလသမဂ္ဂအကြိုက် ဆင်းရဲမွဲတေမှု ပပျောက်ရေး ကြွေးကြော်နေချိန်မှာ ပြည်သူတွေက နှစ်လုံး
သုံးလုံး ချဲလောင်းကစားနည်းတွေကိုသာ ပိုအားထားလာတာ တွေ့ရပါတယ်။

အစိုးရနဲ့ ပေါင်းနေတဲ့ ခရိုနီတွေက တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့အတွက် လှည့်ပတ်ငွေတွေက
သူတို့လက်မှာသာ စုနေတယ်။ ခရိုနီတွေလုပ်တာ စီးပွားရေးမဟုတ်ဘဲ စစ်အစိုးရဆီက လုပ်ပိုင်ခွင့် rights
ရေးထားတဲ့ စာရွက်ကို ရအောင်ယူပြီး ကားသွင်းမလား ကန်ထရိုက်လုပ်ခွင့် ရောင်းစားမလား
နည်းမျိုးစုံလုပ်နိုင်တာမို့ ငွေရအလွယ်ဆုံး နည်းတွေဖြစ်ပါတယ်။
ဥပမာ - ပြုတ်သွားတဲ့ ဒု-သမ္မတ တင်အောင်မြင်ဦးဆိုရင် ငွေတွေ များလွန်းတော့ သူ့ PA ကတဆင့် ရန်ကုန်
အောင်သိဒ္ဓိရိပ်သာထဲမှာ (တင်အောင်မြင်ဦးကိုယ်တိုင် အောင်သိဒ္ဓိရိပ်သာထဲမှာ နေပါတယ်) ရှိသမျှ
မြေကွက်တွေ လိုက်ဝယ်ထားတာ ကြောက်ခမန်းလိလိ ဖြစ်တယ်။ တခြားအိမ်မြေတွေလည်း မတန်တဆ
ဝယ်ထားတယ်လို့ သိရပါတယ်။
တင်အောင်မြင်ဦးအိမက
ို Asia World ကုမ္မဏီက ကန်ဖို့ပြီး ဆောက်ပေးထားသလို တင်အောင်မြင်ဦးအိမ်ကို
ဝင်တဲ့ လမ်းကိုလည်း Asia World ကပဲ ကွန်ကရစ်လမ်း အကောင်းစား ခင်းပေးထားတယ်။ ဒီလမ်းထဲမှာ
(ရန်ကုန် အောင်သိဒ္ဓိရိပ်သာ ၃ လမ်း) တင်အောင်မြင်ဦး၊ သူ့အဖေအိမ်နဲ့ သူ့ညီ အင်ဂျင်နီယာဘွဲ့ရ
အရက်ချက်စက်ရုံ ဆောက်နေသူ စိန်သောင်းဦးတို့ပါ နေတယ်။ တင်အောင်မြင်ဦးမိသားစုလမ်းလို့တောင်
ခေါ်နိုင်တယ်။
ဒီလိုလူတွေများနေတော့ သာမန်လူတွေက သမရိုးကျနည်းနဲ့ စီးပွားရှာစားဖို့ ခက်ကုန်တယ်။ ဒီမှာတင် နှစ်လုံး
သုံးလုံး ချဲလောင်းကစားနည်းတွေက အောက်ခြေလူထုအတွက် ထွက်ပေါက်လို ဖြစ်လာတယ်။ ဒါပေမယ့် နှစ်လုံး
သုံးလုံး ချဲလောင်းကစားနည်းကြောင့် ချမ်းသာသွားတဲ့ ထိုးသား မတွေ့ရဘဲ ဒိုင်တွေသာ ရွှေတွဲလဲ ငွေတွဲလဲ
ဖြစ်ကုန်တယ်။ ရန်ကုန်က တချို့ဒိုင်တွေဆိုရင် အပြင်မှာ လုပ်ရတာ စိတ်မချတဲ့နေ့တွေမှာ ပတ်သက်ရာ
ဘုန်းကြီးကျောင်းတွေ သွားပြီး တယ်လီဖုန်း ၃ လုံးလောက်နဲ့ ချဲကစားတယ်။
ဒကာ ဒကာမတွေဆီက အလှူအတန်း နည်းလာချိန်မှာ တချို့ဘုန်းကြီးတွေက ချဲနံပတ် ပေးတဲ့နည်းနဲ့
စီးပွားရှာလာပါတယ်။ ဥပမာ - မှော်ဘီမြို့စွန်က စမတစ်ထောင်ဆရာတော်၊ ဒါထိုးဆရာတော်၊
ပေါက်ဆိန်ဆရာတော်၊ သင်တောရိုးဆရာတော် … စတဲ့ ဘုန်းကြီးတွေဟာ ချဲပေးတဲ့ ဘုန်းကြီးတွေအဖြစ်
ထင်ရှားပါတယ်။ သင်တောရိုးဆရာတော်ကျောင်းက လယ်ကက
ွ်ထဲက အသစ်စက်စက်
ရွှေည၀ါဆရာတော်ကျောင်းနဲ့ သိပ်မဝေးပါ။
စမတစ်ထောင် ဆရာတော်ဆိုရင် မှော်ဘီ စုပေါင်းရုံး ကားဂိတ်နားက ၀ါးတလူ အမည်ပေးထားတဲ့
လဖက်ရည်ဆိုင်နဲ့ စည်ဘယ
ီာဆိုင်ကို ပိုင်သူဖြစ်ပြီး စီးပွားတဘက် သာသနာတဘက် လုပ်ကိုင်နေတဲ့
ဘုန်းကြီးဆိုတာ အဲဒီဒေသက လူတိုင်းသိပါတယ်။
ရန်ကုန် လှိုင်သာယာမြို့နယ်ထဲမှာဆိုရင် ချဲဒိုင်ကိုင်ရုံမက အပြင်မှာ ငွေတိုးပေး စီးပွားရှာစားနေတဲ့
ကျောင်းထိုင်ဆရာတော်မျိုးတွေပါ ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။ ကား ၂-၃ စီးထိ ရှိပါတယ်။ ရင်းနှီးတဲ့
ဒကာ ဒကာမတွေကတဆင့် ချဲဒိုင်ကိုင်ဖို့ ငွေထုတ်ပေးထားသလို စိတ်ချရတဲ့ ဒကာ ဒကာမတွေကတဆင့်
သိန်းရာနဲ့ချီပြီး ငွေတိုးပေးစားနေတွေ ရှိတယ်လို့ ရန်ကုန် ကျောင်းထိုင်ဆရာတော်တပါးအတွက် တချိန်က
ချဲဒိုင်ကိုင်ပေးခဲ့သူတဦးက ပြောပြပါတယ်။
တချို့ ရန်ကုန်က တရားရိပ်သာတွေဆိုရင်လည်း စိတ်ချရတဲ့ ဒကာ ဒကာမတွေကတဆင့် သိန်းရာထောင်ချီ
ငွေတိုးပေးစားရင်း စီးပွားရှာနေတာတွေ ရှိတယ်လို့ တိုက်အုပ်ဆရာတော်ကြီးတပါးက အမိန့်ရှိပါတယ်။ ခုလို

ဘုန်းကြီးတွေ ရိပ်သာတွေအတွက် ငွေတိုးပေးစားနေတာတွေဟာ ဘုန်းကြီးအတွက်ရော ကိုယ့်အတွက်ပါ
တွက်ခြေကိုက်လာမှန်းသိတဲ့ စီးပွားရေးသမားတွေကလည်း ရန်ကုန်အနီးတ၀ိုက်က ငွေရှိမယ်ထင်တဲ့
ဘုန်းကြီးကျောင်းတွေကို ချဉ်းကပ်ပြီး ငွေတိုးပေးချင်ရင် လုပ်ကိုင်ပေးမှာဖြစ်ကြောင်း လာရောက်
ဆွယ်တာမျိုးတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ဆရာတော်တပါး အမိန့်ရှိပါတယ်။
သိန်းစိန်အစိုးရလက်ထက်မှာ လောဘဇောတိုက်နေတဲ့ ဘုန်းကြီးမျိုးတွေ ပေါ်ပေါက်လာသလို ဘုန်းကြီးအပေါ်
ထိပ်ကွက်ပြီး ငွေတိုးပေးစားရင်း ကိုယ်တွက်ကျန်အောင် စီးပွားရှာစားနေသူမျိုးတွေ ပေါ်ပေါက်လာတာဟာ
တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျရုံမက သာသနာပါ ပျက်စီးစပြုနေတာ ၀မ်းနည်းစရာဖြစ်တယ်။
တချို့ဘုန်းကြီးကျောင်းတွေဆိုရင် နေပြည်တော် လွှတ်တော်အမတ်တချို့ကို ဘီယာဆိုင်ထောင်ဖို့
ငွေထုတေ
် ပးထားတာတောင် ရှိတယ်လို့ သိရတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးအခြေအနေမှန်ကို ပန်းခင်းကို မြင်းစီးလျှောက်ကြည့်တာမျိုးနဲ့ သဘောပေါက်ဖို့
ခက်ပါတယ်။ ဒါကြောင့်လဲ သမ္မတရုံးဝက်ဆိုက်က သတင်းဖတ်၊ အနောက်မီဒီယာတွေ ရေးတာဖတ်၊ ဒေါ်စုနဲ့
သမ္မတ သိန်းစိန် ပြောတာတွေသာ ဖတ်ပြီး မြန်မာပြည်မှာ ရတနာမိုးရွာနေတယ် ထင်နေသူ ပြည်ပရောက်
မြန်မာတွေ၊ ပြည်ပရောက် နိုင်ငံရေးသမားတွေ အတော်များပါတယ်။ အောက်ခြေက ပြည်သူတွေထိ ဆင်းကြည့်မှ
တွက်ရေးနဲ့ စက်သူဌေး ကိုက်မကိုက် သိကြမှာပါ။
ဒီကြားထဲ သိန်းစိန်ကလည်း ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ ဖိတ်ခေါ်၊ ဒေါ်စုကလည်း လွှတ်တော်ထဲမှာ
ဖက်ရှင်ဆန်းတွေ အမျိုးမျိုးနဲ့ တက်ပြနေတော့ မြန်မာပြည်သူတွေ ပန်းခင်းတဲ့လမ်းကို လျှောက်နေကြပလားလို့
ပြည်ပရောက်နေသူတွေ ထင်စရာရှိပါတယ်။
အောက်ခြေပြည်သူတွေအဖို့ကတော့ စောစောကပြောသလို စားဝတ်နေရေး ကျပ်တည်းနေတာနဲ့တင်
သိန်းစိန်အစိုးရကို စိတ်မ၀င်စားနိုင်သလို ဒေါ်စုကိုလည်း ဘာဝတ်ထားသလဲဆိုတာသာ
လူငယ်အမျိုးသမီးအများစုက စိတ်ဝင်စားကြပါတယ်။
သံဃာထုအများစုက ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း အန်အယ်လ်ဒီကို သိသိသာသာ ထောက်ခံလာသလို
သူတို့ကိုင်တဲ့ လက်ကိုင်ဖုန်းတွေမှာတောင် အန်အယ်လ်ဒီ တံဆိပ်ကပ်ထားတဲ့ ဘုန်းကြီးတွေလည်း
မြင်ရပါတယ်။
အထူးသဖြင့် အသက် ၄၀ အောက် ရန်ကုန် သံဃာအသိုင်းအ၀ိုင်းကြား လက်ကိုင်ဖုန်းကိုင်တဲ့ အလေ့
ခေတ်စားလာသလို လက်ကိုင်ဖုန်းကို အင်တာနက်ချိန်ခပေးပြီး (GSM အတွက် တမိနစ် ၂ ကျပ်။ CDMA အတွက်
တမိနစ် ၄ ကျပ်) အင်တာနက်ချိတ်ပြီး အချင်းချင်း ကြွားနေကြတာ ယဉ်ကျေးမှုတခုလို ဖြစ်နေပါတယ်။
အမှန်တော့ လက်ကိုင်ဖုန်း အင်တာနက်နဲ့ အင်္ဂလိပ်လို မဖတ်တတ်သူ သံဃာတွေက အများစုဖြစ်တာမို့
သစ်ထူးလွင် သတင်းဘလော့က ရန်ကုန်မှာ ရေပန်းစားနေတာ သတိထားမိပါတယ်။ မွန်ပြည်နယ်က
အင်တာနက်ဆိုင်တွေနဲ့ ရန်ကုန်တ၀ိုက်က အင်တာနက်ဆိုင်တွေမှာလည်း သစ်ထူးလွင် သတင်းဘလော့ဆိုက်ကို
စက်တိုင်းရဲ့ Bookmarks toolbar ထဲမှာ ထည့်ပေးတာမျိုးထိ တွေ့ရတယ်။
ရန်ကုန်က အင်တာနက်ဆိုင်အတော်များများဆိုရင် speed က နှေးလွန်းတဲ့အတွက် Gmail inbox ရောက်အောင်
login လုပ်ရတာ နာရီဝက်နီးပါး ကြာတတ်သလို အခန့်မသင့်ရင် နာရီဝက်ကြာပြီးမှ error ဖြစ်ပြီး

အီးမေးပျောက်သွားတာလည်း ကြုံရပါတယ်။ ဥပမာ - ဒေါက်တာလွဏ်းဆွေဘလော့က သတင်းတခု ဖတ်ဖို့
ထပ်ဖွင့်ရင် မပွင့်တော့တာမျိုး ပွင့်ဖို့ အချိန်ကြာကြာ စောင့်နေရာတာမျိုးတွေ မကြာခဏ ကြုံရတော့
စိတ်ပျက်စရာပါ။ ဒီတော့ လူငယ်အများစုက အင်တာနက်အစား game ဆော့ကြတာများပါတယ်။
ထူးခြားတာက ရန်ကုန်က အင်တာနက်ဆိုင်တွေ အဲလို ကသိကအောက် ဖြစ်နေပေမယ့် နယ်မြို့တွေက
အင်တာနက်က မျှော်လင့်ထားတာထက် အဆများစွာ မြန်နေတာ အံ့သြစရာပါ။ သုံးတဲ့သူ နည်းလို့လားတော့
မသိပါ။ သိသာတာကတော့ လျင်မြန်စွာ ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်လောကကို အမီလိုက်ချင်တဲ့
မြန်မာလူငယ်တွေဟာ မြန်မာနိုင်ငံက အင်တာနက် speed နဲ့ အမီလိုက်ဖို့ဆိုတာ
အတော်ကြိုးစားရဦးမှာဖြစ်တယ်။

အပိုင်း (၄)
သိန်းစိန်အစိုးရ လှည့်ကွက်တွေထဲမှာ အပြောင်မြောက်ဆုံးနဲ့ အထိရောက်ဆုံးအချက်က ပြည်ပရောက်
မြန်မာတွေ ပြန်လာဖို့ တိုက်တန
ွ်းခဲ့တဲ့ အချက်ပါ။ ဒီအချက်ဟာ ပြည်ပရောက် မြန်မာအတိုက်အခံတွေကို
ဆွဲကိုင်လှုပ်လိုက်သလို ဂယက်ရိုက်စေခဲ့ပါတယ်။
ပြည်ပအတိုက်အခံအဖွဲ့တွေကို နှစ် ၂၀ ကျော် ငွေထောက်ပံ့ခဲ့တဲ့ NGO တွေက ငွေဖြတ်လိုက်တ့အ
ဲ ချိန်၊
ငွေမရှိတော့လို့ စားဝတ်နေရေး အခက်တွေ့နေချိန်၊ ဒေါ်စုက လွှတ်တော်ထဲ ခိုင်လုံတ့အ
ဲ ကြောင်းပြချက်
ဦးတည်ချက်မရှိဘဲ ဇွတ်ခုန်ဝင်သွားလို့ နိုင်ငံရေးလမ်းပျောက်နေချိန်မျိုးမှာ သိန်းစိန်က ပြည်ပက မြန်မာတွေ
ပြန်လာကြပါဆိုတော့ မင်းမြှောက်တန်ဆာ ၅ ပါးနဲ့ ကြိုတော့မယ်ထင်ပြီး စိတ်ကြီးဝင်တဲ့သူတွေ ၀င်ကုန်ပါတယ်။
ဒီမှာတင် ထိုင်းနယ်စပ်ဖြတ်လာတဲ့ ၀န်ကြီးအောင်မင်းကို ဖော်လံဖားသူတွေ အလျှိုအလျှို ပေါ်လာပါတယ်။
ဒုတိယအဆင့်အနေနဲ့ သိန်းစိန်အစိုးရက တချိန်က စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ABSDF
လက်နက်ကိုင်အဖွဲ့ဝင်တွေကို ဖြိုခွဲဖို့အတွက် တချိန်က ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ခုအခါ NGO ထောင်
ကြီးပွားနေသူ ဇော်ဦး (ဒေါက်တာ) ကို လှလှပပ အသုံးချခဲ့ပါတယ်။
ဇော်ဦးဟာ တချိန်က စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းတို့ ထောင်ထားတဲ့ Burma Fund အဖွဲ့ကို
တာဝန်ယူခဲ့သူဖြစ်ပါတယ်။ Burma Fund ဆိုတာ ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရကို
အနောက်နိုင်ငံအဖွဲ့အစည်းပေါင်းစုံက ပေးတဲ့ ငွေကြေးတွေကို လက်ခံဖို့ ဖွဲ့ထားတာပါ။ ဒီငွေတွေကိုမှာ
စင်ပြိုင်အစိုးရ၀န်ကြီးတွေ အစိုးရအသုံးစရိတ်တွေအပြင် ထိုင်း-မြန်မာနယ်စပ်က လက်နက်ကိုင်အဖွဲ့တွေကို
ခွဲဝေသုံးနေကြတာပါ။
နောက်ပိုင်း Burma Fund ကို ဒေါက်တာစိန်ဝင်းနဲ့ ရင်းနှီးသူ ဒေါက်တာသောင်းထွန်းကို Executive Director
ပေးလိုက်တော့ ဇော်ဦးက ဒေါက်တာစိန်ဝင်းကို အာခံပြီး ဗဟု NGO ထောင်ပြီး ထိုင်းနိုင်ငံမှာ capacity building
သင်တန်းတွေ ပို့ချပေးခဲ့တာပါ။ ချင်းမိုင်တက္ကသိုလ်နဲ့ ဘန်ကောက်မှာ သင်တန်းကျောင်းတွေဖွင့်၊ ရန်ကုန်က
စစ်အစိုးရလက်ထက် စစ်ဗိုလ်ကတော်တွေ အပါအ၀င် တခြားသင်တန်းသားတွေကို စရိတ်ခံ ထိုင်းကိုခေါ်ပြီး
သင်တန်းတွေပေးရင်း ငွေပေးတဲ့ ဒိုနာတွေအကြိုက် လုပ်နေခဲ့သူဖြစ်ပါတယ်။

တကယ်တော့ ဇော်ဦးဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်ထဲက ရန်ကုန်နဲ့ နေပြည်တော်ကို တိတ်တဆိတ်သွားပြီး
ပြည်တွင်းမှာ သူပိုင် ဗဟု NGO ဖွင့်နိုင်ဖို့ စစ်အစိုးရ၀န်ကြီးတွေ စစ်ခေါင်းဆောင်တွေကို အမျိုးမျိုး ချဉ်းကပ်နေသူ
ဖြစ်ပါတယ်။
ဒီအခြေအနေတွေကို နားလည်တဲ့ သိန်းစိန်ဟာ ဇော်ဦးကို နိုင်ငံရေး ချိုးတည်ကြက်လုပ်ပြီး အသုံးချဖို့အတွက်
သမ္မတရဲ့ လူမှုစီးပွားအကြံပေးအဖွဲ့မှာ ဟန်ဆောင်ထည့်ပေးလိုက်ပါတယ်။
အမေရိကန် passport ကိုကိုင် အမေရိကန်နိုင်ငံသား ခံယူထားတဲ့ တခိျန်က ABSDF လက်နက်ကိုင်ဟောင်း
ဇော်ဦးကို သမ္မတသိန်းစိန်နဲ့တွဲပြီး လူမှုစီးပွားအကြံပေးအဖွဲ့ဝင်တွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို
သတင်းစာမျက်နှာဖုံးတွေမှာ ဖော်ပြလိုက်ချိန်မှာ မိုးသီးဇွန် (ABSDF) ထိုင်းနယ်စပ် မဲဆောက်က
ဒေါက်တာနိုင်အောင် (ABSDF) တို့အပြင် နိုင်ငံတကာက ABSDF ဟောင်းတွေပါ ဆွေ့ဆွေ့ခုန်သွားပြီး
ပြည်တွင်းပြန်ပြေးခဲ့ပါတယ်။ ဇော်ဦးတောင် သမ္မတအကြံပေး ဖြစ်သွားပြီ တို့လည်း ရာထူးတခုခုတော့
ရအောင်လုပ်မှပဲဆိုပြီး မနာလိုစိတ်တွေ ဖြစ်ကုန်ပါတယ်။ ဒီအချက်ဟာ သိန်းစိန်အစိုးရ လိုချင်တဲ့အချက်ပါ။
မြန်မာတွေဟာ အတော်အမှတ်သညာ နည်းသူတွေဖြစ်ပြီး တော်လှန်လို့မနိုင်ရင် ခြေထောက်ဖက်
အညံ့ခံမယ်ဆိုသူတွေ မရှားတာ သတိပြုမိပါတယ်။ ဥပမာ - ဇော်ဦး NGO မှာ အမာခံလုပ်နေပြီး တချိန်က
စစ်အစိုးရကို ၂ ပြားမတန်အောင် ဝေဖန်ပြောဆိုခဲ့ပြီး ခုမှ စစ်ဗိုလ်ချုပ်တွေနဲ့ တွဲလုပ်ချင်ပြီလို့ ကြွေးကြော်နေတဲ့
သင့်ဘ၀ ဒေါက်တာတင်မောင်သန်းလည်း ပါဝင်ပါတယ်။ သိန်းစိန်ရဲ့ လူမှုစီးပွားအကြံပေးအဖွဲ့မှာ
ဦးတင်မောင်သန်းဆိုတာ ပါလာတော့ ဘယ်က တင်မောင်သန်းမှန်း မစူးစမ်းဘဲ တို့သူငယ်ချင်း
တင်မောင်သန်းပဲဆိုပြီး ဂုဏ်ယူနေတဲ့ မုံရွာသားတွေလည်း မနည်းလှဘူးလို့ သိရပါတယ်။
အမှန်တော့ သိန်းစိန်ရဲ့ လူမှုစီးပွားအကြံပေးအဖွဲ့ဝင် ဦးတင်မောင်သန်းဆိုတာ စစ်အစိုးရ ယုံကြည်စိတ်ချတဲ့
Myanmar Egress NGO အဖွဲ့ဝင်သာ ဖြစ်ပါတယ်။
တကယ်တော့ စစ်ဗိုလ်ချုပ်ဟာ အာဃာတကြီးမားသူတွေဆိုတာ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ ထင်ထင်ရှားရှား မြင်ခဲ့ရတဲ့
သာဓကတွေ အများအပြားပါ။ တချိန်က စစ်အစိုးရကို စွာစွာလန် ရန်လုပ်ခဲ့ပြီး ကနေ့ လွှတ်တော်ထဲမှာ
ခြေသုတ်ပုဆိုး မြွေစွယ်က်ျိုးလို ဖြစ်နေရုံမက သမ္မတကို ယုံပါတယ် ဂါထာ တစာစာ ရွတ်နေသူ ဒေါ်စုကိုတောင်
ခုထိမယုံဘဲ ရန်သူလို သဘောထားနေတာ အသိသာကြီးပါ။
ဒါကြောင့် ခု ရန်ကုန် ပြန်လာပြီး တချိန်က သိန်းစိန် နယူးရောက်လာတုန်းက စီးတဲ့ ဖိနပ်နဲ့ သိန်းစိန်ကိုပေါက်ပြီး
ဆန္ဒပြခဲ့တဲ့ မိုးသီးဇွန်လိုလူမျိုးကို နေရာပေးဖို့ စဉ်းစားမှာမဟုတ်တာ သေချာနေပါတယ်။
ဒေါက်တာနိုင်အောင်နဲ့ မိုးသီးဇွန်တို့ ရန်ကုန်ရောက်ပြီး မကြာခင် တိုက်ဆိုင်တ့အ
ဲ ချက်က တချိန်က
ကချင်မြောက်ပိုင်း ABSDF အဖွဲ့ဝင်တွေ အသတ်ခံရမှုနဲ့ စွဲချက်တင်ဖို့အတွက် စိုးလင်း … စတဲ့သူတွေက
သတင်းစာရှင်းပွဲတွေ လုပ်လာတာကို ရင်ဆိုင်ရတဲ့အချက် ဖြစ်ပါတယ်။ ရန်ကုန်ဂျာနယ်တချိုကလည်း
မီးလောင်ရာလေပင့် လုပ်လာပါတယ်။ ဒီတော့မှာ အစာငမ်းပြီး လိုက်လာရင်း ထောင်ချောက်ထဲ
ဝင်တောမှာမြင်တဲ့ ဒေါက်တာနိုင်အောင်နဲ့ တခြားသူတွေ ရန်ကုန်က တိတ်တိတ် ပြန်ပြေးကုန်ပါတယ်။
မိုးသီးဇွန်နဲအတူ မရှေးမနှောင်း ပြန်လာတဲ့ ပြည်ပအတိုက်အခံအများစုက အမေရိကန်နိုင်ငံသားတွေဖြစ်ပြီး
အမေရိကန် passport ကိုင်ထားသူတွေပါ။ ဒါတွေမြင်လို့ တခြားနိုင်ငံသားခံထားသူတွေမှန်သမျှ မြန်မာပြည်

အပြီင်္းပြန်လာချင်ရင် တခြားနိုင်ငံသားကို အရင်စွန့်ရမယ်၊ ပြီးမှ မြန်မာပြည်က လက်ခံရေး လက်မခံရေးကို case
by case စဉ်းစားမယ်လို့ သိန်းစိန်အစိုးရက ဥပဒေထုတ်ခဲ့တာပါ။
ခုချိန်ထိ မြန်မာနိုင်ငံကို အပြီးပြန်လာတဲ့ နိုင်ငံရေးသမားဆိုလို့ စင်ပြိုင်အစိုးရအဖွဲ့ဝင်ဟောင်း ပီတာလင်းပင်
တဦးသာ ရှိပါတယ်။ အများစုက ဗီဇာနဲ့ ၀င်လိုက်ထွက်လိုကလ
်ုပ်ရင်း စားကွက်ချောင်းနေသူတွေက များပါတယ်။
တကယ်တော့ သမ္မတ လူမှုစီးပွားအကြံပေးအဖွဲ့ဝင် ဒေါက်တာဇော်ဦးကိုတောင် သိန်းစိန်က ယုံတာမဟုတ်ဘူး
ဆိုတာ Egress အဖွဲ့ဝင်တွေ အားလုံးသိကြပါတယ်။ အမှန်တော့ ABSDF နဲ့ တခြားပြည်ပအတိုက်အခံတွေကို
မနာလိုစိတ်ဖြစ်ပြီး ပြည်တွင်းပြန်လာအောင် သိန်းစိန်က ဇော်ဦးကို တည်ကြက်အနေနဲ့ တမင်
ထည့်ပေးထားတာသာဖြစ်ပါတယ်။ သမ္မတ လူမှုစီးပွားအကြံပေးအဖွဲ့ဝင် အများစုက သိန်းစိန်အစိုးရ ယုံကြည်တဲ့
Egress အဖွဲ့ဝင်တွေသာဖြစ်ပါတယ်။
တွက်ကြည့်ရင် သိန်းစိန်အစိုးရဟာ ပြည်ပက မြန်မာတွေ ဖိတ်ခေါ်တယ်ဆိုရာမှာ ပြည်ပမှာ ပိုက်ဆံချမ်းသာပြီး
မြန်မာပြည်ပြန် အရင်းအနှီးလုပ်ချင်တဲ့ မြန်မာတွေနဲ့ West-trained Technocrats နည်းနည်းပါးပါးသာ
ပြန်လာစေချင်တာဖြစ်ပါတယ်။ ပြည်ပက အတိုက်အခံတွေကို ပြန်လာစေချင်တာ မဟုတ်ပါ။
ဒါပေမယ့် နိုင်ငံတကာ အမြင်ကောင်းအောင် ပြည်ပရောက် မြန်မာတွေအားလုံး ပြန်လာနိုင်တယ်ဆိုပြီး
လုပ်ဇာတ်ခင်းလိုက်တော့ ရန်သူကို အထင်သေးတဲ့ အတိုက်အခံတွေ အဟုတ်မှတ်ပြီး မြန်မာသံရုံးတွေဆက်
မြန်မာပြည်ကို ပြန်လေ့လာမယ်တွေ ဘာတွေ ဖြစ်ကုန်တာပါ။
သိန်းစိန်အစိုးရဟာ အင်မတန်ကောက်ကျစ်တဲ့ စစ်အစိုးရ အရေခွဲလဲထားသူတွေဆိုတာ
ပြည်ပမြန်မာအတိုက်အခံတွေ မေ့ကုန်ပါတယ်။ ဒီမှာတင် ပြည်ပကနိုင်ငံရေးသမားတွေ ရန်ကုန်ပြန်ဖို့
မြန်မာသံရုံးတွေကို ဆက်သွယ်ပြီဆိုတာနဲ့ ဒီလူတွေ ရန်ကုန်လေဆိပ်ကို ဘယ်လေယာဉ်နဲ့ လာမယ်ဆိုတာ သံရုံး
အသီးသီးကနေ ရန်ကုန် ဂျာနယ်လောကကို လက်တို့ထားလိုက်ပါတယ်။
သဘောကတော့ ပြည်ပအတိုက်အခံတွေ ပြန်လာရင် ရန်ကုန်လေဆိပ်မှာတင် ဂျာနယ်တွေနဲ့ ပေးတွေ့ပြီး
အလစ်ခံရအောင် စကားအမှားကို စောင်ဖမ်းဖို့ လုပ်ထားတဲ့ သိန်းစိန်အစိုးရ ညစ်ကွက်တခု ဖြစ်ပါတယ်။

အပိုင်း (၅)
ဒေါ်စုရဲ့ လွှတ်တော်နိုင်ငံရေး တဆစ်ချိုးအကွေ့ ဘ၀ပျက်သွားသူ ပြည်ပရောက် အတိုက်အခံတွေထဲမှာ ၉၀ ခုနှစ်
ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီအမတ်ဟောင်းတွေလဲ ပါပါတယ်။
ဒီအမတ်တွေဟာ စားဘို့အတွက်လည်း ထောက်ပံ့ငွေမရ၊ ဦးဆောင်နေတဲ့ ထိုင်းမြန်မာနယ်စပ် KNU ကလည်း
သိန်းစိန်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဆိုတော့ နိုင်ငံရေးလမ်းပါ ပျောက်သွားပါတယ်။
ပြင်ပအတိုက်အခံအများစုကလည်း အသက် ၅၀-၆၀ ၀န်းကျင်တန်းတွေဆိုတော့ ဒီလူတွေသာ မြန်မာနိုင်ငံ
ပြန်လာရင် သိန်းစိန်အစိုးရကလည်း နေရာမပေးနိုင်၊ အန်အယ်လ်ဒီမှာလည်း လူသစ်တွေက
လက်ဝါးကြီးအုပ်ထားလို့ နေရာမရှိ၊ တခြားအလုပ်အကိုင် လုပ်ကိုင်စားသောက်ဖို့ကလည်း အသက်တွေ
ကြီးကုန်ပြီမို့ ဘယ်သူမှ သုံးမှာ မဟုတ်ပါ။

ဒါကြောင့် ပြည်ပအတိုက်အခံအများစုက မြန်မာပြည် ပြန်လာလာ ပြည်ပမှာပဲနေနေ တနေ့ထမင်း ၂ နပ်
မှန်အောင် စားနိုင်ဖို့အတွက် ဘေးကျပ်နံကျပ် ဖြစ်နေပါတယ်။
ဒါကြောင့်လည်း ဒေါ်စု အမေရိကန်ရောက်နေစဉ် ဆွေမျိုးရင်းချာဖြစ်တဲ့ တချိန်က စင်ပြိုင်အစိုးရ
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းလို လူမျိုးကိုတောင် မြန်မာပြည်ပြန်လာပြီး အန်အယ်ဒီနဲ့ လက်တွဲလပ
ုပါလို့
ဒေါ်စုက ရဲရတ
ဲ င်းတင်း မဖိတ်ခေါ်ရဲခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ ဒေါ်စုကိုယ်တိုင်ကလည်း အခြေခံဥပဒေ ၂၀၀၈ မှာ ပြဌာန်းထားတဲ့ စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီကို လက်မခံနိုင်သူဖြစ်သလို အခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခြင်းမခံရဘဲ
လွတ်တော်ကိုယ်စားလှယ်လုပ်နေတဲ့ စစ်ဗိုလ် ၂၅% နိုင်ငံရေးမှာ ပါနေတာကိုပါ ဒီမိုကရေစီနည်းမကျဘူးလို့
ယုံကြည်ထားသူဖြစ်ပါတယ်။
ဒါပေမယ့် ဒေါ်စုဟာ လွှတ်တော်နိုင်ငံရေး စလုပ်ချိန်ကနေ ကနေ့ထိ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်က
ကြေညာခဲ့တဲ့ ရွေးကောက်ပွဲရည်မှန်းချက်တွေကို ဘာမှ မကောင်အထည်မဖော်နိုင်ဘဲ ပျောက်သောလမ်းမှာ
စမ်းတ၀ါး ဖြစ်နေပါတယ်။ ကိုယ်ကိုယ်တိုင် ပျောက်သောလမ်းမှာ စမ်းတ၀ါးဖြစ်နေတာကို ဒေါ်စုက ၀န်မခံဘဲ
အကြံပေးတဲ့သူတွေ ... ဝေဖန်သူတွေ များလွန်းနေလို့ မလိုပါ ... ပြည်တွင်းလာပြီး သူတို့နဲ့
လက်တွဲလုပ်မယ့်သူတွေသာ လိုတယ်လို့ မကြာခဏ ပြောပြန်ပါတယ်။
တကယ်တော့ အန်အယ်လ်ဒီနဲ့ ဒေါ်စုကို ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့တာ ပြည်သူကိုယ်စား စစ်မှန်တဲ့
ဒီမိုကရေစီရအောင် ကျုပ်တို့ ကျမတို့ ကိုယ်စားလုပ်ပေးပါဆိုပြီး ရွေးချယ်ခဲ့တာ။ ခုတော့ လုပ်နိုင်သူတွေ
လာခဲ့ပါဆိုတော့ အချောင်စကား ပြောသလိုဖြစ်နေတယ်။ ကိုယ့်မဲဆန္ဒရှင်တွေကို စော်ကားသလို ပြောနေတယ်။
လွှတ်တော်ထဲကို ကျမ ၀င်တာ စစ်မှန်တဲ့ ဒီမိုကရေစီရအောင် လုပ်ဖို့ နည်းလမ်းမရှိတဲ့အတွက် စစ်ဗိုလ်တွေ
ကြံ့ဖွံတွေနဲ့ ပေါင်းပီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကိုပန်းတိုင်ကို ရောက်အောင် လုပ်နေတာပါလို့
ရိုးရိုးသားသား ၀န်ခံရင် အကြောင်းမဟုတ်ပါ။ ဒေါ်စု လမ်းပြောင်းသွားပြီ ဂငယ်ကွေ့ ကွေ့သွားပြီလို့ပဲ
မှတ်ယူကြမှာပါ။ ခုတော့ ပြည်သူကို မလိမ့်တပတ်စကားတွေ ရောက်ရာနိုင်ငံတွေမှာ လျှောက်ပြောနေတာ
မသတီစရာ ကောင်းပါတယ်။
လက်မခံနိုင်တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရစီကနေ လက်ခံနိုင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရောက်အောင်
ဘာလုပ်ရမလဲဆိုတာ လူထုကို ဒေါ်စုရှင်းအောင် မပြောနိုင်ခဲ့ပါ။ အလားတူပဲ စစ်တပ် ၂၅% ကို နိုင်ငံရေးကနေ
ဘာကြောင့် ဖယ်ရှားသင့်တယ် ဘယ်လို ဖယ်ရှားသင့်တယ်ဆိုတာကိုလည်း ခုထိ ဒေါ်စုက လူထုကို
ပြောမပြနိုင်ပါ။ ဒါတွေ ပြည်သူကို မပြောနိုင်ဘဲ မလိမ့်တပတ် ပြောနေတာတွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို
အခြေခံဥပဒေ ၂၀၀၈ ဘောင်ထဲက သွားလို့ ရသယောင် ဒေါ်စုက လူထုက လိမ်နေသလို ခံစားသူတွေက
ခံစားနေရတာ တွေ့ရပါတယ်။ အထူးသဖြင့် ဒေါ်စု လွှတ်တော်နိုင်ငံရေးကို သဘောမတူတဲ့ ရန်ကုန်က
နိုင်ငံရေးသမားတွေလည်း အပါအ၀င်ဖြစ်ပါတယ်။
လွှတ်တော်ထဲကို ဒေါ်စုရောက်တဲ့အချိန်ကနေ ကနေ့ထိ သိန်းစိန်အစိုးရ ရလိုက်တဲ့ အကျိုးအမြတ်တွေ
များပြားလှတဲ့အထဲမှာ အမေရိကန် ဆန်ရှင်တွေ ဖွင့်ပေးဖို့ ဒေါ်စုက အမေရိကန်အစိုးရက တရားဝင်
တောင်းဆိုလိုက်တဲ့ အချက်က သိန်းစိန်အစိုးရ အလိုချင်ဆုံး အချက်ဖြစ်ပါတယ်။

ဆန်ရှင်နဲ့ ပတ်သက်ပြီး ခုလို ပြောဆိုလိုက်လို့ ဒေါ်စု ပေးဆပ်ရတဲ့ အရင်းအနှီးကလည်း မသေးလှပါ။
မြန်မာအပေါ် ဒဏ်ခတ်ထားတဲ့ အနောက်ဆန်ရှင်တွေဟာ ဒေါ်စု တောင်းဆိုခဲ့လို့သာ ဖြစ်တဲ့အတွက်
ဒီဆန်ရှင်တွေ ပြန်ရုပ်သိမ်းအောင် ဒေါ်စုကပဲ ပြန်တောင်းဆိုပေးရမယ်လို့ စစ်အစိုးရလက်ထက် တလျှောက်လုံး
စွပ်စွဲခဲ့ပါတယ်။
ခုတော့ ကျမတောင်းဆိုခဲ့တဲ့ ဆန်ရှင်တွေကို ပြန်ရုပ်သိမ်းပေးဖို့ ကျမကိုယ်တိုင် မေတ္တာရပ်ခံခဲ့ပါပြီလို့ တချိန်က
စစ်ခေါင်းဆောင်တွေကို အချက်ပြပေးလိုက်တာနဲ့ အတူတူ ဖြစ်နေပါတယ်။ ဒီမှာတင် သိန်းစိန်အစိုးရက
အလွန်သဘောကျပြီး ဒေါ်စုအမေရိကန်သတင်းကို မြန်မာအစိုးရမီဒီယာတွေမှာ ဖော်ပြပေးတဲ့နည်းနဲ့
ကျောသပ်ပြီး ဆုလာဘ်ပေးသနားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ကို ဆန်ရှင်တွေ ပြန်ဖွင့်ပေးဖို့ ဒေါ်စု တောင်းဆိုခဲ့တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ပြန်ကြည့်ရင်
(၁) တချိန်က အနောက်နိုင်ငံဆန်ရှင်တွေ ဖြစ်လာအောင် ဒေါ်စု တောင်းဆိုခဲ့တယ်လို့ စစ်အစိုးရ စွပ်စွဲချက်ကို
မှန်ပါတယ်လို့ ၀န်ခံလိုက်သလို ဖြစ်သွားပါတယ်။
(၂) ဒါပေမယ့် NLD နဲ့ ဒေါ်စုဟာ စစ်အစိုးရအပေါ် ဆန်ရှင်လုပ်ဖို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ပါဘူးလို့
တခ်ျိန်က အန်အယ်ဒီက statement ထုတ်ပြန်ခဲ့တာကိုလည်း ပြောင်းပြန်ဖြစ်အောင် ဒေါ်စုက လုပ်လိုက်သလို
ဖြစ်သွားပါတယ်။
ဆန်ရှင်ဖွင့်ပေးဖို့ အမေရိကန်ကို မေတ္တာရပ်ခံတဲ့အချက်ကြောင့် သိန်းစိန်အစိုးရနဲ့ ဒေါ်စု ဆက်ဆံရေး
အတိုင်းအတာ တခုထိ တိုးတက်လာစရာတော့ ရှိပါတယ်။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲထိ ဒေါ်စု ရှိနေရင်
ကြံ့ဖွံပါတီ အခြေမလှ ရှုံးနိုင်တယ် ဆိုတာကို သိန်းစိန်အစိုးရဘက်က လျှော့တွက်ထားမှာ မဟုတ်ပါ။ ဒါကြောင့်
ဒေါ်စုကို ကြံ့ဖွံပါတီရဲ့ နံပတ်တစ် ရန်သူအဖြစ် ဆက်ပြီး သတ်မှတ်ထားမှာ ဖြစ်ပါတယ်။
အမေရိကန်ကို ဆန်ရှင်ပြန်ဖွင့်ပေးဖို့ ဒေါ်စုက မေတ္တာရပ်ခံတဲ့နေရာမှာ ကာကွယ်ရေးလက်နက်ပစ္စည်းတွေ
ဒဏ်ခတ်တာကိုပါ ပြန်ဖွင့်ပေးဖို့ အကျုံးဝင် မ၀င်ဆိုတာကိုတော့ အတိအကျ မသိရပါ။ တကယ်လို့
မြန်မာစစ်တပ်အပေါ် အမေရိကန်ဒဏ်ခတ်ထားတာကို ဆက်ထားဦးမယ်ဆိုရင် ဒေါ်စုနဲ့ မြန်မာစစ်တပ်
ဆက်ဆံရေး ပိုပြီးတင်းမာလာစရာ ရှိပါတယ်။
အထူးသဖြင့် အခြေခံဥပဒေ ၂၀၀၈ မှာ စစ်တပ်ကို လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားတယ်လို့ ဒေါ်စုက
အမေရိကန်ကို အချက်ပြထားပြီးဖြစ်တဲ့အတွက် ဒေါ်စုကသာ မီးစိမ်းမပြရင် အမေရိကန်က မြန်မာစစ်တပ်အပေါ်
ဆန်ရှင်ရုပ်သိမ်းရေး ကြံန့်ကြာနေဦးမှာဖြစ်ပါတယ်။
စစ်တပ်အပေါ် ဆန်ရှင်ရုပ်သိမ်းရေး အမေရိကန်ဘက်က ကြန့်ကြာလေ ဒေါ်စုနဲ့ စစ်တပ်ဆက်ဆံရေး ပိုပြီး
အစေးမကပ်လေ ဖြစ်မှာပါ။ ဒေါ်စုနဲ့ စစ်တပ်ဆက်ဆံရေး အဆင်မပြေလေ အခြေခံဥပေဒပြင်ဆင်ရေး ဒေါ်စုရဲ့
ရွေးကောက်ပွဲရည်မှန်းချက် အောင်မြင်ဖို့ နှောင့်နှေးလေဖြစ်ပါတယ်။ ဒီအချိန်ဟာ နိုင်ငံရေးမှာ စစ်တပ် ၂၅%
မပါသင့်တဲ့အကြောင်း စစ်တပ်ကို တိုက်ရိုက်ပြောဖို့ မလွယ်ရင် တတိုင်းပြည်လုံးက ပြည်သူတွေကို နိုင်ငံရေးမှာ
စစ်တပ် ၂၅% မပါသင့်တဲ့အကြောင်း အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းက အချိန်ယူ ဟောပြောရမယ်။
အန်အယ်လ်ဒီသာ အဲလိုဟောပြောခဲ့ရင် ဒီလက်ချာတွေဟာ တချိန်မှာ အဖိုးတန်တဲ့ စာအုပ်အဖြစ်
ထွက်ပေါ်လာနိုင်ပါတယ်။

ခြံကြည့်မယ်ဆိုရင် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပန်းတိုင်ကို သွားနေတဲ့ အခြေခံဥပဒေ ၂၀၀၈ ဘောင်ထဲက
ဒေါ်စုရဲ့ နိုင်ငံရေးစပေ့စ်က မလှုပ်သာမရှားသာဖြစ်နေတာ ထင်ရှားပါတယ်။ ဒေါ်စုရဲ့ နိုင်ငံရေးစပေ့စ် နည်းလေ
၃၉ ဗိုက်ပူကြီးလို ဂျုံးဂျုံးကျနေတဲ့ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဒဏ်ခံနေရတဲ့ ပြည်သူတွေ လိုချင်တဲ့ ရည်မှန်းချက်နဲ့
ဒေါ်စုနဲ့ အလှမ်းဝေးနေမှာသာ ဖြစ်ပါတယ်။
မန်ကျည်ဒိန်ယိန်း

Sign up to vote on this title
UsefulNot useful