You are on page 1of 3

1

Burmese Muslim Youths For Human Rights and Justice
3248 Park Lane
Hawthorne, CA 90250
United States of America
Phone: +1 310 980 9111
E-mail: paletwa@yahoo.com, presidentbmyfhraj@gmail.com
Web: www.facebook.com/groups/loversforhumanrightsnjustice

PEOPLE
Our Love

သို့

ဒေါက်တာအေးမောင်
ဥက္ကဌ
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (ဌာနချုပ်)
အမှတ-် မဘ/၂၂၄၊ မင်းဘာကြီးလမ်း၊
ဘောက်သီးစုရပ်ကွက်၊ စစ်တွေမြို့၊
ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ။
Email: rndp.sittway@gmail.com
အကြောင်းအရာ ။

။ ရိုဟင်ဂျာတိုင်းရင်းသားများနှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာစကားစစ်ထိုးပွဲ (Debate) တစ်ပွဲအား

တက်ရောက်ဆင်နရ
ွှဲ န် ဖိတ်ကြားခြင်း။
လူကြီးမင်းတိ့၏
ု RNDP ပါတီအနေနှင့် ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာနိုင်ငံတွင် မည်သည့်အခါ၌မျှ မရှိခဲ့ကြောင်း သမိုင်း၏အရှိတရားကို
လျစ်လျူ၍ အမှန်တရားကို ငြင်းပယ်ကာ လူမျိုးအစွန်းရောက်ဝါဒနှင့် ဘာသာရေးအစွန်းရောက်ဝါဒတိ့က
ို အခြေခံ၍ ရိုဟင်ဂျာလူမျိုး၏
သမိုင်းအား ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ထြို့ ပင် လူကြီးမင်းတိ့၏
ု RNDP ပါတီအနေနှင့် ရိုဟင်ဂျာလူမျိုး
များသည် မြန်မာနိုင်ငံ၏တိုင်းရင်းသားလူမျိုးများအနက်မှ လူမျိုးအုပ်စု တစ်စုဖြစ်ကြောင်းကိုလည်း ထပ်မံ၍ ငြင်းဆန်ထားသည်ကို
လည်း လေ့လာသိရှိရပါသည်။ သိ့ပ
ုါ၍ လူကြီးမင်းတိ့၏

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)မှ ဥက္ကဌဖြစ်သူ ဒေါက်
တာအေးမောင်အပါအ၀င် မည်သူနှင့်မဆို ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာနိုင်ငံတွင်ရှိနေခဲ့သော လူမျိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တိုင်း
ရင်းသား လူမျိုးတစ်မျိုးဖြစ်ကြောင်းကို အထောက်အများနှင့်တကွ ဆွေးနွေး၍ သက်သေထူ တင်ပြပေးမည့် ပါရဂူဘ့ရ
ွဲ နိုင်ငံတကာ
သမိုင်းပညာရှင်ကြီးများဖြစ်ကြသော ပါမောက္ခ Dr Abid Bahar နှင့် ပါမောက္ခ Dr. Habib Siddiqui တိ့န
ှုစ်ဦးနှင့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ
စကားစစ်ထိုးပွဲ (Debate) တစ်ပအ
ွဲား ကျွန်ုပ်တ့၏
ို Burmese Muslim Youths For Human Rights and Justice အစည်းအရုံးမှ
တာဝန်ယူ၍ လူကြီးမင်းတို့ စိတ်ကြိုက် ရွေးချယ်မည့် မည်သည့် နိုင်ငံတကာစင်မြင့်တွင်မဆို တာဝန်ယူ ကျင်းပပေးသွားပေမည်။
အကယ်၍ လူကြီးမင်းတိ့က
ိုယ်တိုင် ထိုရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) သို့ မတက်ရောက်နိုင်ပါက လူကြီးမင်းတိ့၏

ပါတီမှ ရခိုင်သမိုင်းပညာရှင်ကိုယ်စားလှယ်အဖွဲ့ တစ်ဖ့က
ွဲို စေလွှတ်၍ တက်ရောက် ယှဉ်ပြိုင်လိုပါကလည်း ကြိုဆိုပါသည်။ ရိုဟင်ဂျာ
လူမျိုးများ၏ သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းပယ်ခြင်းသည် လူမျိုးတုန်းသတ်ဖြတ်မှု၏ စိုးရိမ်ဖွယ်ရာ လက္ခဏာတစ်ရပ်ဖြစ်ကြောင်းကို International Association of Genocide Scholars ၏ ဥက္ကဌဟောင်း Professor William Schabas မှ ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်၊ ဇန်ဝါရီလ (၁၁) ရက်

Democracy

| Human Rights

| Justice | Freedom

စာအမှတ-် ၃/၂၀၁၃

2

သိ့ပ
ုါ၍ လူကြီးမင်းတိ့သ
ု ည် သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းဆန်နေသူများ မဟုတ်ကြောင်း၊ လူကြီးမင်းတိ့၏
ု ယုံကြည်ယူဆချက်ဖြစ်သည့်
ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာ့သမိုင်းတွင် မည်သည့်အခါကမျှ မရှိခဲ့ကြောင်းနှင့် ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား
လူမျိုးအုပ်စု တစ်စု မဖြစ်ကြောင်းကို လူကြီးမင်းတိ့မ
ှု အခိုင်အမာ သက်သေပြရန် ကျွန်ုပ်တို့ အစည်းအရုံးမှ တာဝန်ယူ စီစဉ်ကျင်းပပေး
မည့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွ(ဲ Debate)သို့ တက်ရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားလိုက်ပါသည်။
ကျွန်ုပ်တ့၏
ို ဤဖိတ်ကြားချက်အား လူကြီးမင်းတိ့အ
ု နေနှင့် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဤဖိတ်ကြားစာအား လက်ခံရရှိ
သည့်အချိန်မှစ၍ သုံးရက်အတွင်း ကျွန်ုပ်တ့ထ
ိုံသို့ Letterhead တွင်ပါရှိသည့် ကျွန်ုပ်တ့၏
ို အီးမေးလ်များသို့ အကြောင်းပြန်ကြားစေ
လိုပါသည်။ ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံတော်၏ ပြည်သူပြည်သားများအားလုံး အကြမ်းဖက်မှု ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေး၍ ကိုယ်၊
စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်။

လေးစားစွာဖြင့်

ဦးမောင်မောင်လှ
အထွေထွေ အတွင်းရေးမှူး
လူ့အခွင့်အရေးနှင့် တရားမျှတမှုကို
ချစ်မြတ်နိုးသော ဗမာမွတ်စလင်မ်လူငယ်များ အစည်းအရုံး

၂၀၁၃ ခုနှစ်၊ ဇန်ဝါရီလ (၁၁) ရက်

Democracy

| Human Rights

| Justice | Freedom

စာအမှတ-် ၃/၂၀၁၃

3

သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Historcial Debate) အား
တာဝန်ယူစီစဉ်ပေးရခြင်း၏ ရည်ရွယ်ချက်များ
၁။ ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံတွင် အမှန်တကယ် တည်ရှိခဲ့သော လူမျိုး တစ်မျိုး ဟုတ်၊ မဟုတ်ဆိုသည့်အချက်အား ကမ္ဘာ့နိုင်ငံ
အသီးသီးနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံး သိရှိစေရန်။
၂။ “ရိုဟင်ဂျာလူမျိုးများ မရှိဟု ပြောဆိုနေသူများသည် လူလိမ်များဖြစ်သလော” (သိ့မ
ု ဟုတ်) “ရိုဟင်ဂျာလူမျိုးများ ရှိသည်ဟု အခိုင်
အမာပြောဆိုနေသူများသည် လူလိမ်များဖြစ်ပါသလား”ဆိုသည့်အချက်ကို လူသားထုတစ်ရပ်လုံး ကွက်ကွက်ကွင်းကွင်း သိရှိစေရန်။
၃။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်၍ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏
အရေးကိစ္စဖြစ်သည်ဟု လက်ရှိ နိုင်ငံရေးခေါင်းဆောင်များမှ လက်ခံထားပေသည်။ သိ့ပ
ုါ၍ ထိုကဲ့သို့ မြန်မာတစ်နိုင်ငံလုံးနှင့်ပတ်
သက်နေသည့် အရေးတော်ပုံကြီး၏ မူလအကြောင်းအရင်းများတွင် သမိုင်းဆိုင်ရာရှုပ်ထွေးမှုသည် အဓိကကျသော အကြောင်းအရာ
တစ်ရပ် ဖြစ်ပေသည်။ ထိ့ေ
ု ကြာင့် သမိုင်းမှန် ပေါ်ပေါက်ခြင်းဖြင့် ရခိုင်ပြည်နယ်တွင် ဘာသာမတူ၊ လူမျိုးကြွဲ ပားသော နိုင်ငံသူ၊ နိုင်ငံ
သားများ ငြိမ်းချမ်းစွာ အတူယှဉ်တေ
ွဲ နထိုင်ရေးကို အထောက်အကူ ပြုစေရန်။
၎။ သမိုင်းစစ်၊ သမိုင်းမှန်ကို ဖော်ထုတ်ပေးခြင်းဖြင့် အပြစ်မဲ့ လူသားများ၏ အသက်၊ သွေး၊ အိုးအိမ်၊ စည်းစိမ်၊ ဂုဏ်သိက္ခာများကို အကာ
အကွယ်ပေးရန်။
၅။ ရခိုင်ပြည်နယ်အရေးကြောင့် ကျွန်ုပ်တ့၏
ို
အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာသည် နိုင်ငံတကာ မျက်နှာစာတွင် အလွန်အမင်း
ကျဆင်းလျက်ရှိရာ သမိုင်းစစ်၊ သမိုင်းမှန်အား ဖော်ထုတ်ခြင်းဖြင့် အမုန်းတရားများကို အတိုင်းတစ်ခုအထိ ငြိမ်းသတ်နိုင်မည်ဖြစ်ရာ
ကျွန်ုပ်တ့၏
ို အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာအား နိုင်ငံတကာ မျက်နှာစာတွင် ပြန်လည်၍ မြင့်တင်ပေးရန်။

၂၀၁၃ ခုနှစ်၊ ဇန်ဝါရီလ (၁၁) ရက်

Democracy

| Human Rights

| Justice | Freedom

စာအမှတ-် ၃/၂၀၁၃