စာရေးသူ၏ စကား

ဤ အသွင်ကူးပြောင်းရေးကာလတဲ့လားနှင့် အခြားအင်တာနက်ဆောင်းပါးများ (၂)” စာစုသည် ကျနော်၏
‘ဒေါက်တာလွဏ်းဆွေ’ ဘလော့ဂ်တွင် ရေးသားဖြစ်ခဲ့သော သတင်းသုံးသပ်ချက်ဆောင်းပါးများ၊ နိုင်ငံရေးဝေဖန်
သုံးသပ်ချက်နှင့် ထင်မြင်ယူဆချက်ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်ပါသည်။ ဤစာစုတွင် မြန်မာ့နိုင်ငံရေး
ဖြစ်စဉ်များအပေါ် ချဉ်းကပ်ရေးသားထားသည့် ဆောင်းပါးများ အများစုပါဝင်သည့်အတွက် စီစဉ်ရာ၌ ရေးသားဖြစ်
ခဲ့သည့် နေ့စွဲအစဉ်အတိုင်း ဆောင်းပါးများကို နေရာချထားပါသည်။ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲနှင့် ပတ်သက်၍
ကျနော်၏ ဝေဖန်သုံးသပ်ချက်၊ ထင်မြင်ယူဆချက်များအပေါ် သဘောတူသူများ၊ ကွလ
ဲ သ
ွဲူများနှင့် မဖတ်ရသေး
သူများပါ တစုတစည်းတည်း ဖတ်ရှုနိုင်စေရန် အလို့ငှာ စီစဉ်တင်ဆက်လိုက်ရခြင်းဖြစ်ပါသည်။
အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

မာတိကာ
၁။ လက်ပံတောင်း ငြင်းဆန်မှု၊ စစ်ခေါင်းဆောင်ကြီးများ၏ ရှော့ခ်နှင့် မိတ္ထီလာအဓိကရုဏ်း
၂။ လူထုဆန္ဒဖော်ထုတ်ပွဲ (လူထုတိုက်ပွဲ) တွေ ဘာကြောင့် လိုအပ်နေသေးတာလဲ
၃။ ခေါင်းဆောင်အတွက် လူထုက လုပ်ပေးရမှာလား … လူထုအတွက် ခေါင်းဆောင်က လုပ်ပေးရမှာလား ...
၎။ ၂၀၁၅ ငါးစာနဲ့ မာယာလမ်းလွှဲ
၅။ ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုချက်
၆။ အကြောက်လွန်ရောဂါကို ကုစားနိုင်ရေး
၇။ အသွင်ကူးပြောင်းရေးကာလတဲ့လား …
၈။ ရေပေါ် အရုပ်ရေးသလိုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု
၉။ ဖျာစုတ် ဖျာဆွေးကြီးတချပ်ကို ဆွဲလှပ်လိုက်သလို ...
၁၀။ ကချင်အရေးနဲ့ ပတ်သက်ပြီး ကျနော် စိုးရိမ်မိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား
၁၁။ ဦးသိန်းစိန်တို့ ပြုံးပြုံးကြီး အမြတ်ထုတ် စတန့်လုပ်နေပုံများ …
၁၂။ ကီးဘုတ်တော်လှန်ရေးသမား၊ ဖာသည်နဲ့ ဒီမိုကရေစီပွဲကြည့်ပရိသတ်များ
၁၃။ ဆင်သွားတိုင်း လမ်းမဖြစ်ခဲ့သော် …
၁၄။ ထော့နဲ့ ထော့နဲ့ ဒီမိုကရေစီ (၀ါ) ဆူးကြီးနှစ်ချောင်းကို ဘယ်လိုထွင်မလဲ
၁၅။ ဒီ့ထက် ရှင်းတဲ့ သဘောထားတောင် ဒီလောက် ရှင်းမှာ မဟုတ်ဘူး
၁၆။ ဆန္ဒစောလွန်းပြီး လူကျွံဘော မကြာမကြာ မိမှာစိုးတယ်
၁၇။ ဟုတ်ယောင်ယောင် နိုင်ငံတော်အဆင့်
၁၈။ ပါးစပ်ကို တံတွေး ဆွတ်ကယ် ဆွတ်ကယ်နဲ့ ...
၁၉။ အိုင်းအနာကြီးပေါ်က အနာလေးကိစ္စ
၂၀။ တွေ့ဆုံဆွေးနွေးမှု ပိုအသက်ဝင်လာစေဖို့၊ ပိုပြီး အဓိပ္ပာယ်ရှိလာစေဖို့ …

လက်ပံတောင်း ငြင်းဆန်မှု၊ စစ်ခေါင်းဆောင်ကြီးများ၏ ရှော့ခ်နှင့်
မိတ္ထီလာအဓိကရုဏ်း
မတ်လ ၁၃ ရက်နေ့တွင် လက်ပံတောင်းအစီရင်ခံစာနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏
ရှင်းလင်းပြောပြမှုကို ဒေသခံများက လက်မခံ ငြင်းဆန်လိုက်ပြီးနောက် သိပ်မကြာမတင် မတ်လထဲမှာပင်
တုန်လှုပ်ချောက်ခြားဖွယ်ရာ မိတ္ထီလာအကြမ်းဖက်မှုကြီး ပေါ်ပေါက်လာသည်။
“ဦးပိုင်အကျိုးစီးပွား” အား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ပံတောင်းအစီရင်ခံစာဖြင့်
အကာအကွယ်ပေးသည်ကို ဒေသခံများက လက်မခံ ငြင်းဆန်လိုက်သည့်အပေါ် ကန့်လန့်ကာနောက်ကွယ်မှ
စစ်ခေါင်းဆောင်ကြီးများ ထိတ်လန့်တုန်လှုပ်သွားပုံပေါ်သည်။ အထူးသဖြင့် တရုတ်စီမံကိန်းများနှင့် ပတ်သက်၍
အကျိုးအမြတ်များ နင်းကန်ရယူထားပြီး စစ်တပ်ကိုလည်း ကြိုးကိုင်ထားနိုင်ဆဲဖြစ်သည့် စစ်ခေါင်းဆောင်ကြီးများ
ရှော့ခ်ရသွားပုံပေါ်သည်။
ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ပေးသည်ကိုပင် လူထုက လက်မခံ ငြင်းဆန်ပြီဆိုလျှင်
သူတို့အကျိုးစီးပွားအတွက် လက်နက်အားကိုးပြီး ကာကွယ်ရန်မှတပါး အခြား နိုင်ငံတကာအမြင်ကောင်းစေမည့်
အကာအကွယ် မရှိတော့၊ မကြာမတင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး
တောင်းဆိုလာကြမည့် လူထုနှင့် သူတို့ ထိပ်တိုက် တွေ့လာရဖို့သာ ရှိတော့မည်ဟု ကန့်လန့်ကာနောက်ကွယ်မှ
စစ်ခေါင်းဆောင်ကြီးများ စိတ်ဂဏှာမငြိမ် ဖြစ်လာပုံပေါ်သည်။
- လက်ပံတောင်းတောင်စီမံကိန်း လုံးဝဖျက်သိမ်းရေးမှသည် ရခိုင်-ကူမင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း
ဖျက်သိမ်းရေး ...
- ထိုမှသည် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများ ဖျက်သိမ်းရေး ...
- ထိုမှသည် ဦးပိုင် ဖျက်သိမ်းရေး ... အထိ မီးခိုးကြွက်လျှောက် လာတော့မည်ကို စစ်ခေါင်းဆောင်ကြီးများ
တွေးလန့်လာပုံရသည်။ အထက်ပါ စိုးရိမ်ပူပန်မှုများကြောင့် ကန့်လန့်ကာနောက်ကွယ်မှ စစ်ခေါင်းဆောင်ကြီးများ
စိတ်ဂဏှာမငြိမ် ဖြစ်လာပြီး သကာလ ..
- ကြောက်စိတ်နှင့်အတူ နိုင်ငံရေးမျက်လှည့်ပြ လမ်းလွှလ
ဲိုစိတ်များ၊
- တိုင်းသူပြည်သားများ သွေးပျက်ချောက်ခြားအောင် ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးပြီး

စစ်တပ်အာဏာပြန်သိမ်းတော့မလို အရိပ်အယောင်ပြလိုစိတ်များ ... တဖွားဖွား ပေါ်ပေါက်လာကာ
တုန်လှုပ်ချောက်ခြားဖွယ်ရာ မိတ္ထီလာအကြမ်းဖက်မှုကြီးနှင့် နောက်ဆက်တွဲ နေရာအနှံ့ အကြမ်းဖက်မည့်
ခြိမ်းခြောက်မှုများကို ဆိုင်းမဆင့်ဗုံမဆင့် ဖန်တီးခဲ့၊ ဖန်တီးနေသည်ဟု နိုင်ငံရေးသတိဖြင့်
ဆက်စပ်စဉ်းစားကြည့်မိပေ၏။
(၂၃-၃-၂၀၁၃)

လူထုဆန္ဒဖော်ထုတ်ပွဲ (လူထုတိုက်ပွဲ) တွေ ဘာကြောင့် လိုအပ်နေသေးတာလဲ
ကျနော့်အနေနဲ့ လက်ရှိအခြေအနေမှာ စစ်မှန်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို
ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်လှမ်းချင်တယ်ဆိုရင် လူထုဆန္ဒဖော်ထုတ်ပွဲတွေ (လူထုတိုက်ပွဲတွေ) နဲ့ ပွင့်အောင်
ဖွင့်ယူရဦးမယ့် ပြဿနာတွေ များစွာရှိသေးကြောင်း အကြံပြု ရေးသားခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်
အကြံပြုခဲ့တဲ့ လူထုတိုက်ပွဲလမ်းကြောင်းတွေထဲမှာ အမေရိကန်လေယာဉ်ကြီးတွေ မြန်မာ့ကောင်းကင်ယံမှာ
ဝဲပျံပြီး ချက်ချင်း ရောက်လာမယ်ဆိုတဲ့ စိတ်ကူးယဉ် အကြံပြုချက်မျိုး တခါမှ အကြံမပြုခဲ့ဖူးပါ။
လူထုတိုက်ပွဲလမ်းကြောင်းတွေကို အကြံပြုရာမှာတောင် ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ တက်မလာမီက အကြံပြုပုံနဲ့
တက်လာပြီးနောက်ပိုင်း အကြံပြုပုံတွေ ကွာပါတယ်။
ဦးသိန်းစိန်အစိုးရ တက်မလာမီ ကာလတုန်းကတော့ လူထတ
ိုက်ပွဲ လိုအပ်မှုနဲ့ ပတ်သက်ပြီး ရေးသားတဲ့အခါ
စစ်အာဏာရှင်အစိုးရ အလုံးစုံ ပြုတ်ကျရေးအပေါ် ဦးတည်တဲ့ အကြံပြုချက်တွေ အဓိကပါဝင်ပြီး
ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်းမှာတော့ သူတို့ မဖြစ်မနေ ဖွင့်ပေးလာရတဲ့ ဆန္ဒထုတ်ဖော်ခင
ွ့်နဲ့
မီဒီယာလွတ်လပ်ခွင့် မစို့မပို့ အနေအထားကို အားသာချက်အဖြစ် ရယူပြီး မပွင့်သေးတဲ့ အခြားအပေါက်တွေကို
လိုအပ်ရင် လူထုဆန္ဒဖော်ထုတ်ပွဲတွေနဲ့ တပေါက်ချင်း ဆက်တွန်းဖွင့်သွားဖို့ အကြံပြုရေးသားချက်တွေ အဓိက
ပါဝင်ပါတယ်။
ပြောရရင် လက်ရှိ ကျနော်တို့ မြန်မာပြည်မှာ ပိတ်ဆို့နေလို့ ဖြေရှင်းရမယ့် ကဏ္ဍအလိုက် ပြဿနာတွေကို
မျက်စိထဲမြင်အောင် မြင်ကြည့်မယ်ဆိုရင် ပျားအုံကြီးထဲက အကွက်တွေလို အကွက်တခုနဲ့ တခု (ပြဿနာတခုနဲ့
တခု) ဆက်စပ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာပြည်ပျားအုံကြီးရဲ့ အကွက်တွေထဲက အကွက်တကွက်ဟာ
ကဏ္ဍတခုဆိုရင် အဲဒီအကွက်တွေထဲ နကျယ်ကောင်တွေ အိမ်ဝင်ဆောက်ထားသလို ကဏ္ဍတိုင်းမှာ

ပြဿနာတွေနဲ့ ပိတ်ဆို့နေခဲ့တာပါ။ ဒီနေ့အချိန်မှာက ပျားအုံကြီးရဲ့ အကွက်အနည်းအကျဉ်းသာ ပွင့်သေးတယ်လို့
ပြောရပါမယ်။ ပြောရရင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခင
ွ်နဲ့ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်
(မီဒီယာလွတ်လပ်ခွင့်) အကွက်နှစ်ကွက်တောင် အလုံးစုံ ပွင့်ပြီလို့ ပြောမရသေးတဲ့ အနေအထားပါ။
ဒါပေမယ့် အဲဒီ မပွင့်တပွင့် ဆန္ဒဖော်ထုတ်ခင
ွ့်နဲ့ မီဒီယာလွတ်လပ်ခွင့် အားသာချက်တွေကို အမိအရယူပြီး
အိုင်တီနည်းပညာ အားသာချက် အကူအညီနဲ့ လူထုဆန္ဒဖော်ထုတ်ပွဲတွေ လုပ်ဆောင်ခဲ့ရာမှာ မြစ်ဆုံစီမံကိန်း
ရပ်ဆိုင်းရေးနဲ့ လျှပ်စစ်မီးရရှိရေး လူထုဆန္ဒဖော်ထုတ်ပွဲတွေမှာ အောင်မြင်မှုရခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေုးစီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲကတော့ စိုက်ထူခဲ့တဲ့ ငြိမ်းချမ်းရေးကျောက်တိုင်
ဖျက်ဆီးခံခဲ့ရတာကို ကြည့်ရင် မအောင်မြင်ခဲ့ဘူးလို့ ပြောလို့ရပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်
လူထူရဲ့ဆန္ဒ ဘယ်လိုရှိတယ် ဆိုတာကို လက်ရှိကြံ့ဖွံ့အစိုးရရော ကမ္ဘာကပါ သိအောင်
ဖော်ထုတ်ပြသနိုင်ခဲ့တဲ့အတွက် အမြတ်ရတယ်လို့ ဆိုရပါမယ်။ အခုနောက်ဆုံး လက်ပံတောင်းတောင်
အထွေထွေသပိတ် အကြမ်းဖက်ဖြိုခွဲမှု ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲတွေကတော့ နေရာအနှံ့မှာ
လုပ်ဆောင်နေကြဆဲမို့ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်တယ်ဆိုတာ သုံးသပ်ဖို့ စောပါသေးတယ်။
သေချာတာကတော့ စစ်အာဏာရှင်တွေ နောက်ကွယ်က ကြိုးကိုင်နေဆဲ ကြံ့ဖွံ့အစိုးရလက်ထက်မှာ
အနည်းအကျဉ်း ပွင့်လာတယ် ဆိုပေမယ့် ပြဿနာပျားအုံကွက်တွေ အများစုဟာ ပိတ်ဆို့နေဆဲပါ။ ပိတ်ဆို့နေတဲ့
အကွက်တွေအားလုံး အကုန်အစင် ပွင့်သွားမှသာ ကျနော်တို့နိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို
အားကောင်းမောင်းသန် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ ပိတ်ဆို့နေဆဲ ပြဿနာပျားအုံကွက်တွေ
အကုန်အစင် ပွင့်သွားစေရေး ကြိုးပမ်းရာမှာ လွှတ်တော်ထဲက တွန်းဖွင့်လို့ရတဲ့ ပြဿနာပျားအုံကွက်အချို့
ရှိနိုင်သလို လူထုဆန္ဒဖော်ထုတ်တောင်းဆိုပွဲ (လူထုတိုက်ပွဲ) ပုံစံအမျိုးမျိုးနဲ့ တွန်းဖွင့်မှရမယ့်
ပြဿနာပျားအုံကွက်အကြီးစားတွေ (ဥပမာ - အခြေခံဥပဒေပြင်ဆင်ရေး၊ လက်မဲကြီးတွေ ထွက်လာပြီး လူထုကို
အကြမ်းဖက်တတ်တဲ့ ကာလုံအဖွဲ့ ဖျက်သိမ်းရေး၊ စီးပွားရေးမှာ လက်ဝါးကြီးအုပ်ထားတဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ
ဖျက်သိမ်းရေးတွေ) လည်း ကျန်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။
အခုတလော ဒီမိုခေါင်းဆောင်ဆိုသူတွေရဲ့ ပါးစပ်ဖျားမှာ ခေတ်စားလာနေတဲ့ “ရနေတဲ့ ပွင့်လင်းမှုအခြေအနေမှာ
ရှိသမျှ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ ဥာဏ်ကြီးကြီးထားကာ ဆွေးနွေးညှိနှိုင်းအဖြေရှာရမယ်” ဆိုတဲ့ ၀ါးတားတား
လမ်းညွှန်မှုအတိုင်း အကောင်အထည်ပေါ်အောင် ဖော်ဆောင်နိုင်တဲ့ အနေအထားရှိပြီဆိုရင် ရခိုင်မှာဖြစ်ခဲ့တဲ့ ၁၀
လောင်းပြိုင် လူသတ်မှုကြီးလို ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြီးရဲ့ တရားခံဟာ ပေါ်တာ
ကြာလောက်ပါပြီ။ စုံစမ်းစစ်ဆေးရေးကော်မတီ ဖြွဲ့ ပီး စုံစမ်းစစ်ဆေးခဲ့ပါလျက် အခုအထိ လက်သည်တရားခံ
ပေါ်အောင် မဖော်ထုတ်နိုင်သေးဘူးဆိုတာကို ကြည့်ရင် လက်ရှိ ရနေသမျှ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်လောက်နဲ့
ဥာဏ်ကြီးကြီး စစ်ဆေးအဖြေရှာ ဖော်ထုတ်လို့ မရသေးတဲ့၊ ဖော်ထုတ်လို့ မရဲသေးတဲ့ အခြေအနေတွေ
ဖုံးလွှမ်းပိတ်ဆို့နေသေးလို့ ဆိုတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။
အဲဒီတော့ အခုအချိန်မှာ လက်ပံတောင်းတောင်သပိတ်စခန်း ဖြိုခွဲခံရတဲ့ကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင်
ဖွဲ့တာလည်း ဖွဲ့တာပဲရှိမယ်။ စုံစမ်းစစ်ဆေး အမှန်တရားကို ဖော်ထုတ်ပြီး လက်သည်တရားခံစစ်စစ်ကို
ဖော်ထုတ်အရေးယူနိုင်တဲ့ အခွင့်အရေး၊ အခြေအနေ မရှိသေးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
ပါလည်း ပါတာပဲရှိမယ်။ သူတို့အာဏာနဲ့ ပိုင်ဆိုင်မေ
ှု တွကို ထိပါးမယ့်အရေးဆိုရင် လက်မဲကြီးတွေ ထွက်လာပြီး
လူထုကို အကြမ်းဖက်တတ်တဲ့ ကာလုံအဖွဲ့ ဖျက်သိမ်းရေးကို မလုပ်ဆောင်နိုင်မချင်း စုံစမ်းစစ်ဆေး အရေးယူတဲ့
အလုပ်တွေဟာ အဆင့်တခုမှာ ရှေ့ဆက်လို့မရတော့ဘဲ ရပ်ဆိုင်းပြီး ရခိုင်စုံစမ်းရေးကော်မရှင်နည်းတူ

အီးယောင်ဝါး ဖြစ်သွားဖို့ပဲ များနေပါတယ်။ နောက်ကွယ်က လက်မဲကြီးတွေ ပါဝင်ပတ်သက်ခြင်းမရှိတဲ့
ပြဿနာတွေကိုသာ လွှတ်တော်ထဲမှာသော်လည်းကောင်း၊ စုံစမ်းရေးကော်မရှင်တွေအနေနဲ့သော်လည်းကောင်း
ဖြေရှင်းကောင်း ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
သေချာတာကတော့ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာရတဲ့ လွှတ်တော်ထဲမှာ ဖြေရှင်းလို့ မရနိုင်တဲ့၊
အမည်ခံ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ တတ်နိုင်စွမ်းမရှိတဲ့၊ အရင်စစ်အစိုးရလက်ထက် မတရား
လက်ဝါးကြီးအုပ် ဖိနှိပ်ရက်စက်ထားတဲ့ ပြဿနာတွေရဲ့ သက်ရောက်မှုတွေ ရှေ့လျှောက်မှာလည်း အများကြီး
ပေါ်ထွက် ထကြွလာစရာရှိသေးတာမို့ ၂၀၁၅ ကို မရောက်မီ လူထုဆန္ဒဖော်ထုတ်ပွဲ (လူထုတိုက်ပွဲ) တွေ
ဆက်တိုက်ဆိုသလို ပေါ်ထွက်လာနေဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီလို လူထုတိုက်ပွဲ
ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပိတ်ဆို့နေဆဲ လက်ကျန် အပေါက်အားလုံး ပွင့်ထွက်သွားအောင် ညီညီညတ
ွ်ညတ
ွ် ဆက်ပြီး
တွန်းဖွင့်သွားနိုင်မှ ရှေ့ခရီးမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အဟန့်အတားမရှိ
အားကောင်းမောင်းသန် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
(၁၁-၁၂-၂၀၁၂)

ခေါင်းဆောင်အတွက် လူထုက လုပ်ပေးရမှာလား …
လူထုအတွက် ခေါင်းဆောင်က လုပ်ပေးရမှာလား ...
ဘယ်အချိန်မှာ လူထု လမ်းပေါ်ထွက်တတ်တယ် ဆိုတာကို နားလည်ပုံမရဘဲ ခေါင်းဆောင်တွေအပေါ်
ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အတ္တကြီးကြပုံလေးတွေကို ဖတ်ရတဲ့အခါ ကရုဏာသက်ရမလိုလို ပြုံးရမလိုလိုပါပဲ။
ခေါင်းဆောင်တွေကို အချစ်ကြီးလွန်းကြတဲ့သူ တချို့တချို့ရဲ့ စဉ်းစားပုံတွေက “ခေါင်းဆောင်က လူထုအတွက်
ရှေ့ကနေ မားမားမတ်မတ် ဘယ်လို ဦးဆောင်တိုက်ပွဲဝင်မလဲ” ဆိုတဲ့ စဉ်းစားပုံမျိုးတွေ မဟုတ်ဘဲ
အကြောင်းတခုခုကြောင့် သွားရင်းဟန်လွဲ ခေါင်းဆောင်တွေ အတားအဆီး အနှောင့်အယှက်တခုခုနဲ့
ကြုံရတဲ့အခါဖြစ်စေ၊ လုပ်ရင်းကိုင်ရင်း ခေါင်းဆောင်တွေ ထိန်းသိမ်းခံရတဲ့အခါဖြစ်စေ လူထုက ဘာကြောင့်
လမ်းပေါ်မထွက်တာလဲဆိုတဲ့ မေးခွန်းတွေနဲ့ လူထုကို ပြန်လည် အပြစ်ပုံချချင်တဲ့ စဉ်းစားချက်တွေ ဖြစ်နေတာကို
တွေ့ရတယ်။

ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာပြည်သူလူထုခမျာ ဒီမိုကရေစီတိုက်ပွဲတလျှောက် ကိုယ့်အတွက်
ခေါင်းဆောင်တွေက ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို မျှော်လင့်ဖို့ နေနေသာသာ ပြီးခဲ့တဲ့ ၂၄ နှစ်လုံးလုံး
ပြည်ပရောက် မြန်မာတွေခမျာ ခေါင်းဆောင်တွေ အဖမ်းခံနေရလို့ ခေါင်းဆောင်တွေ လွတ်မြောက်ရေးအတွက်
သံရုံးတွေရှေ့မှာ ဖင်လိပ်ခေါင်းထွက်အောင် အော်နေခဲ့ရတာနဲ့ပဲ အချိန်ကုန်ခဲ့ရတယ် ဆိုတာကို အဲဒီလူတွေ
မေ့နေကြပုံပဲ။ အဲဒီလို တောက်လျှောက် အော်ဟစ်တောင်းဆိုခဲ့ကြလို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့
ပိတ်ဆို့မှုဖိအားဒဏ်ကို မခံနိုင်တ့အ
ဲ ဆုံး ခေါင်းဆောင်တွေ ပြန်လွတ်လာရတယ် ဆိုတာကိုလည်း အဲဒီလူတွေ
သိတတ်ကြပုံမပေါ်ဘူး။
ပြည်တွင်းမှာလည်း ဖိနှိပ်မှု အားကြီး၊ တယောက်နဲ့ တယောက် ဆက်သွယ်ဖို့ အားနည်း၊ ကိုယ့်ထမင်းကိုယ်
ခေါင်းမဖော်နိုင်အောင် ရှာစားနေကြရတဲ့ ကြားထဲက ခေါင်းဆောင်တွေ လွတ်မြောက်ရေးအတွက် အဖမ်းခံ
အဆီးခံရမှာ မကြောက်ဘဲ အင်္ဂါဆုတောင်းပွဲတွေလုပ်၊ တကိုယ်တော်ဆန္ဒပြပွဲတွေ လုပ်ပြီး
တိုက်ပွဲဝင်ပေးခဲ့ကြတာတွေကိုရော အဲဒီလူတွေ မသိချင်ယောင်ဆောင်နေကြပုံပဲ။ ဒီကြားထဲ မင်းကိုနိုင်
ထောင်ကျတုန်းက ဘယ်သူ ငါးခြောက်တဖတ် လာပေးဖူးလဲလို့ ကလေးကလား မေးခွန်းထုတ်တဲ့လူက
ထုတ်သေးတယ်။ နိုင်ငံရေးလုပ်တာ ပြည်သူလူထုအကျိုးအတွက် အဖမ်းအဆီးခံ ထောင်ကျခံနိုင်လို့ လုပ်တာပဲ၊
ကျနော်/ကျမတို့အတွက် အနစ်နာခံ လုပ်ပေးပါခင်ဗျာလို့ ပြည်သူလူထုအနေနဲ့ ဘယ်သူ့ကိုမှ
တောင်းဆိုမေတ္တာရပ်ခံခဲ့တာမှ မဟုတ်ဘဲ။ အဲဒီတော့ ကိုယ့်ဒုက္ခကိုယ်ဖြေရှင်းနေရတဲ့ ပြည်သူက ဘယ်သူ့ကို
ဘာလာပေးနေရဦးမှာလဲ။ အဲဒီလို ပြည်သူလူထုဆီက မျှော်လင့်တဲ့ စကားမျိုး ပြောတာကိုက
ရှက်စရာဆိုတာကိုလည်း အဲဒီလူတွေ သိပုံမရဘူး။
နောက်တချက်က လူထုတွေ လမ်းပေါ်ထွက်တယ်ဆိုတာက ခေါင်းဆောင်က လူထုရဲ့ နစ်နာချက်တွေအတွက်
ဘယ်လိုဘယ်ပုံ တိုက်ပွဲဝင်ကြမလဲဆိုတာကို စနစ်တကျ ဆော်သြစည်းရုံးလှုံ့ဆော်ပြီး
လုပ်ဆောင်တဲ့အခါမျိုးမှာရယ် (ဂန္ဒီလမ်းစဉ်ကို လေးစားလိုက်နာတယ် ဆိုတဲ့သူတွေ ဂန္ဒီကြီးတို့၊
မာတင်လူသာကင်းတို့ လူထုတိုက်ပွဲတွေ ဘယ်လိုဖော်ပြီး ဘယ်လိုခေါင်းဆောင်ခဲ့တယ် ဆိုတာကို
လေ့လာသင့်ကြပေသပေါ့)။ လူထုကိုယ်တိုင်က ကိုယ့်ခါးစည်းခံနေရတဲ့ ဒုက္ခအခက်အခဲတွေအတွက်
မခံမရပ်နိုင်တော့တဲ့အဆုံးမှာ ခေါင်းဆောင်မပါလည်းဘဲ လမ်းပေါ်ထွက်တတ်ကြတယ်ဆိုတာကို အဲဒီလူတွေ
မသိကြတာပဲ။
အဲဒီလို မသိနားမလည်မှုတွေကြောင့်ရယ်၊ ခေါင်းဆောင်ကို ချစ်တဲ့ဇောကြီးတဲ့ အတ္တအမှောင်တွေ
ပိတ်ဆို့ဖုံးကွယ်နေမှုတွေကြောင့်ရယ် အခုလို ပြည်သူလူထုကို ပြန်လည်လက်ညှိုးထိုး အပြစ်ပုံချချင်တဲ့
လေသံတွေ၊ အရေးအသားတွေ ပေါ်ထွက်လာတယ်လို့ ထင်မိတယ်။
(၁၉-၁၂-၂၀၁၂)

၂၀၁၅ ငါးစာနဲ့ မာယာလမ်းလွှဲ
ကြံ့ဖွံ့စစ်အုပ်စုက အတိုက်အခံခေါင်းဆောင်တွေကို ၂၀၁၅ ရွေးကောက်ပွဲဆိုတဲ့ ငါးစာပြပြီး ကချင်၊ ရခိုင်၊
လက်ပံတောင်းအရေးကိစ္စတွေမှာ သူတို့စစ်အုပ်စုရဲ့ ဖိနှိပ်ရက်စက်မှုတွေအပေါ် ဝေဖန်တိုက်ခိုက်တာတွေ
မလုပ်ရဲအောင်၊ ပြည်သူကို ရှေ့ကနေ မားမားမတ်မတ် ရပ်ပြီး အကာအကွယ် မပေးရဲအောင်
အမျိုးသားပြန်လည်သင့်မြတ်ရေးယောင်ယောင် မယောင်ရာဆီလူး အလုပ်တွေနဲ့ လမ်းလွှဲထားတာကို
တွေ့နေရတယ်။ (အတိုက်အခံတွေလည်း တက်ကြမယ်၊ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့လို သမ္မတ ဦးသိန်းစိန်ရဲ့
လူယုံတော်ကြီးများလည်း တက်ကြမယ်၊ အစိုးရအဖွဲ့ဝင် ရုပ်သေးဝန်ကြီးများလည်း တက်ကြမယ်။ ဆိုကြမယ်
ပျော်ကြမယ် ဟောကြမယ်၊ ပြောကြမယ်၊ ပျော်ပျော်ပါးပါးပေါ့ကွယ် ဆိုတဲ့ နည်းလမ်းပေါ့)။
အတိုက်အခံတွေ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ပွဲပေါင်းစုံ ဆူညံနေချိန်မှာ စစ်အုပ်စုက
ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး လက်ပံတောင်းအရေးကို မျက်လှည့်ပြဖို့ ကြံစည်နေတယ်။ ကချင်ကို
မဲတိုက်နေတယ်။ ရခိုင်-ကူမင်း သဘာဝပိုက်လိုင်းစီမံကိန်းကို တက်သုတ်ရိုက် ကြိတ်လုပ်နေတယ်။
ကချင်အရေးနဲ့ လက်ပံတောင်းအရေးမှာ သူတို့ အလျှော့ပေးလိုက်ရရင် ရခိုင်ကူမင်းသဘာဝဓာတ်ငွေ့ပိုက်လိုက်စီမံကိန်း ရပ်ဆိုင်းရေးဆီ လှည့်လာတော့မှာကို ၀ံပုလွေကြံ့ဖွံ့စစ်အုပ်စုက
ကောင်းကောင်းကြီး သဘောပေါက်ပေသကိုး။ အဲဒီကတဆင့် သူတို့ ဆုပ်ကိုင်ထားတဲ့ အာဏာကိုပါ
ပြည်သူ့အားနဲ့ ထိပါးလာတော့မယ် ဆိုတာကို သူတို့ ရိပ်စားမိကြပေသပေါ့။
အဲဒီအတွက် ၂၀၁၅ မတိုင်ခင် သူတို့ရဲ့အာဏာကို လူထုအားနဲ့ လာမထိပါးစေရေး စစ်အုပ်စုအနေနဲ့
အကြံအမျိုးမျိုးထုတ် လုပ်ဆောင်နေတာကို မြင်တတ်သူတွေ မြင်ကြမှာ။ သူတို့ အာဏာတည်မြဲရေးအတွက်
အတားအဆီးလို့ ထင်တဲ့ကိစ္စတွေကို ရှင်းလို့ မပြီးမချင်း၊ ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုက်စီမံကိန်း
မပြီးမချင်း (၂၀၁၃ နှစ်ကုန်မှာ ပြီးစီးအောင် ကြိုးစားနေတယ်လို့ သိရ) တော့ အတိုက်အခံတွေကို ၂၀၁၅
ငါးစာလေး ပြပြပြီး အခုလိုပဲ လျှော့တန်တာလျှော့၊ တင်းတန်တာတင်းနဲ့ စခန်းသွားနေဦးမယ်လို့ထင်တယ်။
ကိစ္စ၀ိစ္စတွေ ရှင်းအပြီး၊ ပိုက်လိုက်စီမံကိန်း ပြီးတာနဲ့ ၂၀၁၄ ကနေ ရွေးကောက်ပွဲမတိုင်ခင်ကြား ကြံ့ဖွံ့အုပ်စုရဲ့
ရွေးကောက်ပွဲအနိုင်ရရှိရေး ညစ်လုံးညစ်ကွက်တွေနဲ့ နှိပ်ကွပ်ခြေမှုန်းရေးအစီအစဉ်တွေအောက်မှာ
အတိုက်အခံတွေရဲ့ ကံကြမ္မာကတော့ (ခုခံတုံ့ပြန်ဖို့ စနစ်တကျ ပြင်ဆင်မထားရင်) မတွေးရဲစရာ ...။
စစ်အုပ်စုက အဲသလို ဥာဏ်နီဥာဏ်နက်တွေထုတ်ပြီး အတိုက်အခံတွေကို လမ်းလွှဲတန်လ၊ွှဲ နှုတ်ပိတ်တန်ပိတ်နဲ့
သူတို့အတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ကိစ္စတွေကို ကြိတ်ပြီး ကိုင်တွယ်ဖြေရှင်းနေချိန်မှာ ၂၀၁၅

ငါးစာလေး ပြုတ်ကျသွားမှာ၊ ကြံ့ဖွံ့စစ်အုပ်စု ငြိုငြင်မှာကို စိုးရိမ်နေကြတဲ့ အတိုက်အခံခေါင်းဆောင်တွေကတော့
(ကချင်အရေး ကန့်ကွက်ရှုတ်ချဖို့ ဝေးစွ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တက်ညီလက်ညီ
တောင်းဆိုဆန္ဒဖော်ထုတ်ဖို့ ဝေးစွ) စစ်အုပ်စု လမ်းလွှဲပေးထားတဲ့ နှပ်ကြောင်းအတိုင်း လက်ခုပ်သံမစဲ
အပွဲပွဲများကို နွှဲပျော်နေကြတုန်းပင် ရှိနေသေးပါကြောင်း ...။
(၂၉-၁၂-၂၀၁၃)

ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုချက်
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာကို အမှန်တကယ် ချုပ်ကိုင်ထားတဲ့ ကြံ့ဖွံ့အစိုးရ နောက်ကွယ်က
စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးညှိနှိုင်းခွင့် မရသရွေ့ (သူတို့ကို နောက်ကြောင်းပြန်
အရေးယူနိုင်တ့က
ဲိစ္စတွေအပေါ် စိုးရိမ်ကြောင့်ကြနေတဲ့ အကြောက်တရားအတွက် လုံခြုံတဲ့
ထွက်ပေါက်ပေးနိုင်ရေး အကြေအလည် ဆွေးနွေးခွင့်မရသရွေ့) ရှေ့လျှောက်မှာလည်း ရခိုင်အရေး
မီးမွှေးတဲ့ကိစလ
္စို၊ လက်ပံတောင်းသပိတ်ဖြိုခွဲတဲ့ကိစ္စလို ဘယ်သူ့လက်ချက်မှန်းမသိ အရူးလုပ်ခံရတဲ့
ဖြစ်ရပ်တွေကို လိုက်ဖြေရှင်းနေရတဲ့ အရှုပ်ထုပ်တွေနဲ့ ဆက်ပြီး သံသရာလည်နေဦးမယ်လို့ ထင်ပါတယ်။
ဦးသိန်းစိန်တို့လို ရှေ့ထွက်ရုပ်သေးခေါင်းဆောင်တွေနဲ့ပဲ ထိတွေ့ဆက်ဆံပြီး ယောင်ဝါးဝါး
ဆက်သွားနေမယ်ဆိုရင် (အခုအထိလည်း ကြားဖြတ်ရွေးကောက်ပွဲကတိတွေကို အကောင်အထည်ဖော်နိုင်ဖို့
နီးစပ်တဲ့အရိပ်အယောင် တခုမှ မတွေ့ရသေး) ကြာလာတာနဲ့အမျှ နောက်ကွယ်က ဆရာသမားတွေရဲ့
အရူးလုပ်ခံရမှုတွေရယ်၊ အားမလိုအားမရ ပိုပိုဖြစ်လာတဲ့ ပြည်သူလူထုရဲ့ငြိုငြင်မှုတွေရယ် ကြားမှာ ကြားညှပ်ပြီး
ပြားချပ်ဖို့ ရှိတယ်လို့ မြင်မိပါတယ်။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ကွယ်က အနှောက်အယှက်ပေးနေတဲ့ စစ်ခေါင်းဆောင်တွေနဲ့
ဆွေးနွေးခွင့်ရပြီး သူတို့ကို စိတ်ချရတဲ့ ထွက်ပေါက်ရစေမယ့်ကိစ္စကို (အမေရိကန်၊ အီးယူ၊ ကူလသမဂ္ဂတို့ရဲ့
အကူအညီတွေနဲ့) ဆွေးနွေးညှိနှိုင်းခွင့်ရအောင် ကြိုးစားဖို့ လိုမယ်လို့ အကြံပြုလိုပါတယ်။ အဲသလို
မကြိုးစားနိုင်ဘူးဆိုရင်တော့ ပြည်သူ့ဘက်က ပြတ်ပြတ်သားသား ရပ်ပြီး နောက်ကွယ်ကနေ ဖိနှိပ်ရက်စက်
အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို စေခိုင်းကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို အပြစ်ပေး အရေးယူနိုင်အောင်

ပြည်သူလူထုကို ရှေ့က မားမားမတ်မတ် ဦးဆောင်ပြီး ရဲရဲရင့်ရင့် တိုက်ပွဲဝင်ဖို့ပဲ ရှိတယ်လို့ မြင်ပါတယ်။
အခုအတိုင်းပဲ စစ်အုပ်စုနဲ့ ဆက်ဆံရေး ပျက်ပြားမှာစိုးလို့ စစ်အုပ်စုဘက်ကို ‘ကာ’ ပြောလေးပြောလိုက် ‘ဖာထေး’
ပြောဆိုပေးလိုက်နဲ့ ဆက်စခန်းသွားနေမယ်ဆိုရင်တော့ လူထုရဲ့ယုံကြည်မှု အကြီးအကျယ်
ကျဆင်းလာနိုင်တဲ့အပြင် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရလည်းပဲ
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ဖြောင့်ဖြောင့်ဖြူးဖြူး လုပ်နိုင်မှာမဟုတ်ဘဲ အခုလို
နောက်ကွယ်က လက်မဲကြီးတွေရဲ့ အနှောက်အယှက်ပြုမှုတွေနဲ့ ကြုံတွေ့နေရပြီး ဒုက္ခများစွာနဲ့
ဂျင်ဂလယ်ရိုက်နေရမယ့်ကိန်းရှိတယ်လို့ မြင်ပါတယ်။
(၉-၁၂-၂၀၁၂)

အကြောက်လွန်ရောဂါကို ကုစားနိုင်ရေး
(ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ စစ်ခေါင်းဆောင်ဟောင်းများ၊ သမ္မတ ဦးသိန်းစိန်နဲ့တကွ
ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်များသို့ စေတနာရှေ့ထား အကြံပြုချက်)
ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာပေါင်းစုံရဲ့ အဓိက ဇာစ်မြစ်ကတော့ ကန့်လန့်ကာ နောက်ကွယ်ကို
ဝင်သွားတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေ အကြောက်လွန်နေတဲ့ကိစ္စလို့ မြင်ပါတယ်။
အကြောက်လွန်နေတဲ့အတွက် စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ သူတို့ဆီ နောက်ကြောင်းပြန်လှည့်လာနိုင်တဲ့
ပြဿနာလို့ ထင်ရင် လက်မဲကြီးတွေ ဦးအောင် ထွက်ထွက်လာပြီး ဖမ်းဟဲ့ ဆီးဟဲ့ နှိမ်နင်းဟဲ့ သတ်ဖြတ်ဟဲ့
ဆိုတာမျိုးတွေ လုပ်နေတာလို့ ထင်ပါတယ်။
အဲဒီအကြောက်လွန်နေတဲ့ကိစ္စကို လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွဲပုံဖြိုခွဲနည်းအတိုင်း
ဆက်ဖြေရှင်းနေမယ်ဆိုရင် ပြဿနာတွေ၊ ပဋိပက္ခတွေဟာ ဘယ်တော့မှကို ဆုံးနိုင်တော့မှာ မဟုတ်ဘဲ
ပိုပိုများလာမှာသာ အသေအချာပါ။ ပြဿနာတွေကြားမှာ အရင်ဆုံး အထိနာတာ ပြည်သူတွေဖြစ်ပေမယ့်
မခံနိုင်တဲ့ အဆုံးတနေ့မှာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မလွဲမသွေ ခံစားရမှာကတော့

စစ်ခေါင်းဆောင်တွေဟောင်းတွေကိုယ်တိုင်ပါပဲ။ စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ ကံကောင်းထောက်မပြီး
စောစော ကွယ်လွန်သွားခဲ့ရင်လည်း သူတို့ရဲ့ဆွေစဉ်မျိုးဆက်တွေကတော့ မလွဲမသွေ ဒဏ်ခတ်ခံကြရမှာပါ။
သေချာပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ပြဿနာတွေကို ရုပ်သေးသမ္မတ ဦးသိန်းစိန်လည်း ဘယ်နည်းနဲ့မှ ရှင်းနိုင်မှာ
မဟုတ်ပါဘူး။ အတုအယောင် လွှတ်တော်မှာလည်း အဖြေရှာနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လို
စုံစမ်းစစ်ဆေးရေးကော်မတီမျိုးကမှလည်း အဖြေထွက်အောင် စုံစမ်းစစ်ဆေးနိုင်မှာ/ စစ်ဆေးရဲမှာ မဟုတ်ပါဘူး။
အဲဒီတော့ ပြည်သူလည်း မနာ၊ သူတို့လည်း မနာချင်ဘူးဆိုရင် လုပ်စရာနည်းက အဓိကအားဖြင့်
စစ်ခေါင်းဆောင်ဟောင်းတွေဘက်က စတင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြဿနာတွေအတွက်
နောက်ကြောင်းပြန် အရေးယူခံရမှာကို အကြောက်လွန်နေတဲ့ကိစ္စအတွက် စိတ်ချရမယ့်၊ မတော်မတရားလည်း
မဖြစ်မယ့် ကတိက၀တ်တွေကို ပြည်သူအပေါ် သြဇာတိက္ကမ ကြီးမားတဲ့ ဒီမိုခေါင်းဆောင်တွေ၊
တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ထွက်ပေါက်ယူဖို့ပဲ ဖြစ်ပါတယ်။
အဲလိုမှမဟုတ်ဘဲ အခုဖြေရှင်းပုံဖြေရှင်းနည်းတွေအတိုင်းပဲ ဆက်လုပ်ပြီး အာဏာတည်မြဲအောင်
နောက်ကွယ်ကနေ နည်းအမျိုးမျိုးနဲ့ ကလိန်ကကျစ်အလုပ်တွေ လုပ်နေဦးမယ်ဆိုရင် နောက်တနည်းကို
ပြည်သူဘက်က မလွဲမသွေ လုပ်ဆောင်လာစရာပဲ ရှိပါတော့တယ်။ အဲဒါကတော့ စစ်အာဏာရှင် အကြွင်းမဲ့
ဖြုတ်ချရေး လူထုတိုက်ပွဲနဲ့ ရင်ဆိုင်ရဖို့ပဲ ဖြစ်ပါတယ်။
အဲဒီနည်းနှစ်နည်းထဲက တနည်းနည်းနဲ့ ဖြေရှင်းပြီးသွားတဲ့အခါကျမှသာ ဒီကနေ့ ဖြစ်နေတဲ့ ပြဿနာအ၀၀
ဆုံးခန်းတိုင်သွားပြီး မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်ဆီကို အားကောင်းမောင်းသန်း လျှောက်လှမ်းလို့
ရနိုင်မှာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ ပထမနည်းနဲ့ ဖြေရှင်းမယ်ဆိုရင်တော့
စစ်ခေါင်းဆောင်ဟောင်းတွေလည်း မနာ၊ ပြည်သူလည်း မနာဘဲ အေးအေးချမ်းချမ်း ပြီးနိုင်တာပေါ့ခင်ဗျာ။
စစ်ခေါင်းဆောင်ဟောင်းတွေ လေးလေးနက်နက် စဉ်းစားကြည့်ဖို့ အကြံပြုရခြင်းဖြစ်ပါတယ်။
အရပ်စကားနဲ့ ပြောရရင်တော့ “ဦးလေးတို့လည်း နာမည်ပျက်ပေါင်း များလှပြီ၊ သေခါနီးလေး
အဖတ်ဆည်နိုင်သလောက် ဆည်သွားကြစေချင်ပါတယ်။ နိုင်ငံနဲ့ ပြည်သူလည်း ဦးလေးတို့ နှိပ်စက်ခဲ့တာ
ဖွတ်ဖွတ်ညက်ညက် ကြေနေပါပြီ။ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူးဗျာ” လို့ပဲ မေတ္တာရပ်ခံချင်တော့တာပါပဲ။
(၅-၁၂-၂၀၁၂)

အသွင်ကူးပြောင်းရေးကာလတဲ့လား …
ဒီကနေ့ကာလကို “အသွင်ကူးပြောင်းရေးကာလ” လို့ ပြောပြောနေတာတွေ ကြားကြားနေရတယ်။ အထင်ကရ
ဒီမိုကရေစီရေးလှုပ်ရှားသူ ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တချို့တချို့ရဲ့အမြင်မှာတောင် နယ်ပယ်အသီးသီးမှာ
ဒီမိုကရေစီအသွင်းကူးပြောင်းရေးတွေ စတင်နေပြီလို့ အထင်ရောက်နေကြတာကို သူတို့ရဲ့
ပြောဆိုဖြေကြားချက်တွေကတဆင့် သိနေရတယ်။
ကျနော်အနေနဲ့ ပြောရရင် … အင်း … အသွင်ကူးပြောင်းရေးကာလတော့ … အသွင်ကူးပြောင်းရေးကာလပဲ။
ဘယ်လို အသွင်ကူးပြောင်းရေးကာလလဲဆိုတော့ ကြံ့ဖွံ့စစ်အုပ်စုက မစို့မပို့ အလျှော့ပေး၊ ပြဿနာတွေ
ပိုရှုပ်ထွေးအောင်လုပ်၊ မျှော်လင့်ချက်အတုအယောင်တွေ ဖန်တီးလုပ်ဆောင် လမ်းလွှဲပေးပြီး သူတို့သွားချင်တဲ့
ဒီမိုကရေစီအရေခြုံ စစ်အာဏာရှင်ပုံစံသစ်တမျိုးဆီ ချီတက်ဖို့ အသွင်ကူးပြောင်းရေးလုပ်ဆောင်နေတဲ့
ကာလလို့ပဲ ရှင်းရှင်းလင်းလင်း မြင်မိကြောင်း ပြောလိုပါတယ်။
အဲဒီလို ကြံ့ဖွံ့စစ်အုပ်စု သွားနေတဲ့ အသွင်းကူးပြောင်းရေး လုပ်ဆောင်မှုကနေ ကျနော်တို့ ပြည်သူတွေ
အမှန်ကယ် လိုလားတဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေး လုပ်ဆောင်နိုင်တဲ့ ကာလကို
မရောက်နိုင်ဘူးလားဆိုတော့ ရောက်နိုင်ပါတယ်။ ရောက်ချင်တယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို မျှော်ရင်း
အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့မယ့် လူထုအရေးကိစ္စတွေကို ရှောင်လွှဲနေလို့ မရပါဘူး။ ၂၀၁၅
ရွေးကောက်ပွဲမတိုင်မီ ‘ကာလုံ’ ၊ ‘ဦးပိုင်’ ဖျက်သိမ်းရေးနဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်နိုင်ရေး … ဆိုတဲ့
ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဓိက အတားအဆီးတွေဖြစ်နေတဲ့ ထစ်ကြီး ၃ ထစ်ကို လူထုအားနဲ့
တိုက်ပွဲဝင်ဖို့ လိုကိုလိုပါမယ် (အသံထွက်အမှန်အတိုင်း ပြောရရင် ထစ်နေတဲ့ ‘ဒစ်’ တွေ ဖြုတ်ဖို့ လိုမယ်ပေါ့ဗျာ)။
လူထုတိုက်ပွဲလို့ ပြောလိုက်ရင် ခေါင်းဆောင်တချို့ အပါအ၀င် အများစုရဲ့အမြင်မှာ လမ်းမပေါ်ထွက်ပြီး သေနတ်နဲ့
တဒိုင်းဒိုင်း အပစ်ခံ၊ ဘက်နက်နဲ့ ထိုးပြီး အသေခံ၊ တင့်ကားနဲ့ အကြိတ်ခံ၊ လူတွေ တောင်ပုံရာပုံ
အသေခံရတာတွေကိုပဲ မျက်စိထဲ မြင်ယောင်ပြီး ထိတ်လန့်နေကြပုံပေါ်တယ်။ အဲသလို
ထိတ်လန့်နေတာကိုလည်း ဆိုးတယ်လို့ မဆိုသာပေဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အုပ်စုရဲ့
ဆိုက်ဝါးတွေကလည်း အဲဒီလိုပုံရိပ်တွေ မြင်ယောင်ပြီး လူထုတိုက်ပွဲ မဆင်နွှဲရေ
ဲ အာင် ၀ါဒဖြန့်တယ်။ ပြည်ပက
လူတွေက လူထုတိုက်ပွဲဆင်နဖ
ွှဲို့ အကြံပြုရင်လည်း မင်းတို့ကိုယ်တိုင် ၀င်မလုပ်ရတိုင်း
မြှောက်ပေးမနေနဲ့ဆိုတာမျိုး လူထုတိုက်ပွဲ လိုအပ်မှုရဲ့အနေအထားကို မသိနားမလည်သူတချို့က အရိုးခံ
တုံ့ပြန်ကြသလို စစ်အုပ်စု ဆိုက်ဝါးတွေကလည်း ကူပြီး ပြက်ရယ်ပြုပေးကြပေသကိုး။
ဒါပေမယ့် ဘယ်လိုပဲ ဆိုက်ဝါးလွှတ်လွှတ်၊ ဘယ်လိုပဲ ပြက်ရယ်ပြုပြု ပြည်သူလူထုဟာ အမှန်တကယ်
ဒုက္ခခံစားလာရပြီဆိုရင်တော့ မကြောက်တတ်ဘူး၊ ခေါင်းဆောင်တွေ ဦးမဆောင်လည်း လမ်းမတွေပေါ်

ထွက်ရဲတယ် ဆိုတာကို ပြီးခဲ့တဲ့ လျှပ်စစ်မီးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စီတန်းလမ်းလျှောက်ပွဲနဲ့ လတ်တလော
ဖြစ်ပွားနေတဲ့ အလုပ်သမား၊ လယ်သမားအရေး ဆန္ဒဖော်ထုတ်ပွဲတွေကို ကြည့်ရင် အထင်းသား
တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အထင်ကရ ခေါင်းဆောင်တွေက စနစ်တကျ ဦးဆောင်မှုပေးရင်
ပိုထိရောက်ပြီး လိုအပ်တဲ့ တောင်းဆိုမှုတွေ ပိုမြန်မြန်ရနိုင်ခြေရှိတာရယ်၊ ခေါင်းဆောင်တွေအနေနဲ့
လူထုတိုက်ပွဲကို မသိသလို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေရင် မထင်မှတ်ဘဲ လူထုတိုက်ပွဲတွေ
အရှိန်မြင့်လာတဲ့အခါမှာ အာဏာပိုင်တွေနဲ့ လူထုကြား ညပ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ
သမိုင်းကွေးကိန်းတွေ ရှိနေတာရယ်ကြောင့် တသက်လုံး ပေးဆပ်ခဲ့သမျှတွေ သဲထဲရေသွန် မဖြစ်စေရေး
အထင်ကရ ခေါင်းဆောင်တွေကို ဦးဆောင်မှုပေးဖို့ အကြံပြုနေရခြင်းဖြစ်ပါတယ်။
မြစ်ဆုံးစီမံကိန်း ရပ်ဆိုင်းရေး လုပ်ဆောင်တုန်းက လူထုတိုက်ပွဲအနေအထားကိုလည်း ကြည့်ပါ။ မြစ်ဆုံစီမံကိန်း
ရပ်ဆိုင်းရေး လုပ်ဆောင်တုန်းက ပြည်သူလူထုအလွှာအသီးသီးက ပါဝင်ပြောဆို ဆန္ဒဖော်ထုတ်လာအောင်
နည်းပညာအကူအညီနဲ့ မီဒီယာအသီးသီးကနေ လှုံ့ဆော်ဆောင်ရွက်ခဲ့တာလည်း သိမ်မွေ့တဲ့ လူထုတိုက်ပွဲ
အမျိုးအစားတခုလို့ပဲ မြင်ပါတယ်။ အောင်မြင်ခဲ့တာပဲ မဟုတ်လား။ အဲသလို လူထုတိုက်ပွဲ နည်းလမ်းမျိုးစုံနဲ့
နယ်ပယ်အသီးသီး၊ ပြည်သူလူထုအလွှာအသီးသီးက ပြည်သူတွေ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ပြီး ‘ကာလုံ’ ၊
‘ဦးပိုင်’ ဖျက်သိမ်းရေးနဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆိုတဲ့ ထစ်ကြီး ၃ ထစ်ကို အောင်အောင်မြင်မြင်
ချိုးဖျက် ကျော်ဖြတ်နိုင်မှသာ ၂၀၀၅ ရွေးကောက်ပွဲအပြီးမှာ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ
အသွင်းကူးပြောင်းရေးကာလ အစစ်အမှန်ကို ရောက်ရှိပြီး အသွင်းကူးပြောင်းရေး လုပ်ငန်းဆောင်တာတွေကို
ရှောရှောရှူရှူ အားကောင်းမောင်းသန် လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။
ခေါင်းဆောင်တွေအနေနဲ့ အဲဒီလို တိုက်ပွဲဝင်သင့်တဲ့ အရေးအရာတွေကို တိုက်ပွဲဝင်ဖို့ စိတ်မကူးဘဲ၊
တိုက်ပွဲဝင်နေတဲ့ အလုပ်သမား လယ်သမား ပြည်သူလူထုအလွှာအသီးသီးကို စနစ်တကျ ဦးဆောင်မှုပေးဖို့လည်း
စိတ်မကူးဘဲ ကြံ့ဖွံ့စစ်အုပ်စု ရွှေ့တဲ့ (ဟထားပေးတဲ့) ၂၀၁၅ ရွေးကောက်ပွဲအရောက် ချီတက်ရေးဆိုတဲ့
အကွက်နောက်ကိုပဲ ဖော်လိုလိုက်ပြီး လိုအပ်တဲ့ လူထုတိုက်ပွဲတွေကို ဆင်နဖ
ွှဲို့ အရှောင်အတိမ်း ဂျက်စီဂျိမ်း
လုပ်နေကြမယ်ဆိုရင်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီမှာ အတိုက်အခံတွေ ခြေမှုန်းခံရနိုင်ကိန်း ရှိနေသလို
၂၀၁၅ ကို ကျော်ဖြတ်နိုင်ခဲ့ရင်လည်း ‘ကာလုံ’ ၊ ‘ဦးပိုင်’ နဲ့ ၂၀၀၈ အခြေခံဥပဒေတွေကို
မဖြိုဖျက်နိုင်သေးတဲ့အတွက် အခုလို ကြံ့ဖွံ့စစ်အုပ်စုရဲ့ ကစားကွက်ထဲမှာပဲ ဖတ်သီဖတ်သီနဲ့
ဒုက္ခဆက်ခံနေရဦးမယ်လို့ မြင်မိပါကြောင်း …။
(၂၆-၁၁-၂၀၁၂)

ရေပေါ် အရုပ်ရေးသလိုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု
“အာဏာရှင်စနစ်ကို အမြစ်ကျွတ်အောင် မချွတ်နိုင်သေးဘဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပေဒစိုးမိုးရေးကို
ကြိုးပမ်းနေမှုတွေဟာ ရေပေါ် အရုပ်ရေးသလို အချည်းနှီး ဆောင်ရွက်မှုတွေသာ ဖြစ်ပါလိမ့်မယ်။”
ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအနေနဲ့
အပစ်အခတ်ရပ်စဲရေးကနေ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ တက်လှမ်းလိုတယ်ဆိုရင်
စစ်အာဏာရှင်တွေ ကြိုးကိုင်ထားဆဲ မြန်မာစစ်တပ်ကို အရပ်သားအစိုးရစစ်စစ်တရပ်ရဲ့ အုပ်ချုပ်မှုအောက်
အရောက်ပို့နိုင်ရေး ပြည်သူနဲ့အတူ အရင်ကြိုးပမ်းကြဖို့ လိုပါတယ်။ အလုံးစုံသော အာဏာပါဝါရှိတဲ့
အရပ်သားအစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုနဲ့မှသာ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်မှာ
ဖြစ်ပါတယ်။
အခုလို မြန်မာစစ်တပ်က အာဏာရှင်တစုရဲ့ ကြိုးကိုင်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ရုပ်သေးသမ္မတက
စစ်တပ်အပေါ် အာဏာသက်ရောက်မှုမရှိတဲ့ အချိန်အခါမျိုးမှာ ဦးအောင်မင်း ဦးဆောင်တဲ့
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ ဆွေးနွေးနေလို့ကတော့ အပစ်ရပ်ထားရင်လည်း ရပ်ထားတာပဲရှိမယ်။ စစ်မှန်တဲ့
နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာတဲ့အဆင့်အထိ ရောက်ရှိလာနိုင်မှာမဟုတ်ဘဲ ကြံ့ဖွံ့စစ်အုပ်စုရဲ့ အချိန်ဆွဲ
မက်လုံးပေး ဖြိုခွဲမှု နည်းဗျူဟာအောက်မှာ အခန့်မသင့်ရင် အဖွဲ့အစည်းအတွင်း ရှိရင်းစွဲ ညီညတ
ွ်မှုတွေ
ပြိုကွဲသွားနိုင်သလို ညီညတ
ွ်ရေး မပြိုကွဲရင်လည်း သာရင်သာသလို၊ အကျိုးစီးပွားပေါ်လာရင်ပေါ်လာသလို
ကတိက၀တ် ချိုးဖောက်တတ်မြဲဖြစ်တဲ့ အာဏာရှင်တွေ ကြိုးကိုင်ထားဆဲ စစ်တပ်နဲ့ တိုက်ပွဲပြန်ဖြစ်ဖို့ပဲ ရှိပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကတော့ ဝေလာဝေးလို့ပဲ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ …
ပထမအချက်က … ကြံ့ဖွံ့စစ်အုပ်စုဘက်က အပစ်အခတ်ရပ်စဲရေး လုပ်တဲ့ ရည်မှန်းချက်နဲ့
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဘက်က အပစ်အခတ်ရပ်စဲရေး လုပ်တဲ့ ရည်မှန်းချက်တွေက
ဖီလာဆန့်ကျင်နေတာကြောင့်ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ ရည်မှန်းချက်က အပစ်အခတ်ရပ်စဲရေးကနေ စစ်မှန်တဲ့
နိုင်ငံရေးဆွေးနွေးပွဲအထိ တက်လှမ်းပြီး ၂၀၀၈ အခြေခံဥပေဒ ပြင်ဆင်ရေး၊ ပြည်ထောင်စုတပ်မတော် စနစ်တကျ
ဖွဲ့စည်းရေးနဲ့ တန်းတူညီမျှ အခွင့်အရေးရတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပြီး
ကြံ့ဖွံ့စစ်အုပ်စုရဲ့ ရည်မှန်းချက်က အပစ်ရပ်အဖွဲ့တွေကို နိုင်ငံရေးပါတီ ထူထောင်စေပြီး ၂၀၀၈

အခြေခံဥပေဒအောက်ကို ဒူးထောက်အညံ့ခံစေရေးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို အာဏာရှင်တွေ
ကြိုးကိုင်ထားတဲ့ မြန်မာစစ်တပ်အောက်ကို နယ်ခြားစောင့်တပ်အသွင်လို ပုံစံတမျိုးမျိုးနဲ့ သွတ်သွင်းပြီး
ဒီမိုကရေစီမျက်နှာဖုံးစွပ်ထားတဲ့ အာဏာရှင်စနစ်သစ်ကို ထူထောင်ရေးဖြစ်နေတာကြောင့် ရည်မှန်းချက်ချင်း
ဖီလာဆန့်ကျင်နေတာဖြစ်ပါတယ်။
ဒုတိယအချက်က … ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အောင်မြင်မှုယူနိုင်သယောင်ယောင် သတင်းကြီးနေတဲ့
ဦးအောင်မင်းဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခွင့်အာဏာရှိသူ မဟုတ်တာကြောင့် ဖြစ်ပါတယ်။
ကြံ့ဖွံ့ရုပ်သေးအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို အဓိက ဦးဆောင်တဲ့ ဦးအောင်မင်းဟာ
ကြံ့ဖွံ့စစ်အုပ်စုရဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အခွင့်အာဏာရရှိထားသူ မဟုတ်ဘဲ ကြံ့ဖွံ့စစ်အုပ်စုရဲ့ ကြိုးဆွဲသမ္မတ
ဦးသိန်းစိန်ရဲ့ လူယုံ (ပွဲစား) အဆင့်လောက်သာရှိလို့ သူ့ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ
တိုင်းရင်းသားအင်အားစုတွေ လိုလားတဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်အထိ မရောက်နိုင်မှာ
လုံးဝသေချာနေတာ ဖြစ်ပါတယ်။ ကြံ့ဖွံ့အစိုးရနောက်ကယ
ွ်က စစ်အာဏာရှင်တွေရဲ့ ချောင်ထိုးမှုကို
ဦးအောင်သောင်း ခံခဲ့ရသလို ကချင်နဲ့ ဆွေးနွေးပွဲ ထူးခြားမလာရင် (လွယ်လွယ်နဲ့လည်း ထူးခြားဖို့မရှိ)
ဦးအောင်မင်းလည်း အချိန်မရွေး ချောင်ထိုးခံရနိုင်တာပါပဲ။ အဲသလို ချောင်ထိုးခံရရင် မူဝါဒ တိတိကျကျမရှိတဲ့
ကြံ့ဖွံ့အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ဆွေးနွေးထားတဲ့ ရလဒ်တွေ တမဟုတ်ချင်း ရေစုန်မျောပြီး
မြောင်းထဲရောက်သွားမှာ ဖြစ်ပါတယ်။ ဦးအောင်မင်းအနေနဲ့ အလွန်ဆုံး ကြိုးပမ်းပေးနိုင်မှာနဲ့ ကြိုးပမ်းခွင့်ရှိမှာက
ယာယီ အပစ်အခတ်ရပ်စဲရေး ရရှိရုံလောက်ပဲဖြစ်ပါတယ်။ နိုင်ငံရေးအရ အကြေအလည် ဆွေးနွေးဖို့ကို
နောက်ကွယ်က ဆရာကြီးတွေက အမှန်တကယ် ဆန္ဒမရှိတာကြောင့် အဲဒီကိစ္စအတွက် ဦးအောင်မင်း ဘာမှ
တတ်နိုင်မှာမဟုတ်တာ အသေအချာပါ။
ဦးအောင်မင်းမှ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကာချုပ်မင်းအောင်လှိုင်
ကိုယ်တိုင်လိုက်ပါခဲ့ရင်တောင် အမှန်တကယ် အဆုံးအဖြတ်ပေးနိုင် မပေးနိုင်ဆိုတာ မသေချာမရေရာတဲ့ကိစပ
ၥ ါ။
ကြံ့ဖွံ့စစ်အုပ်စုဘက်မှာက ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိကျရေရာတဲ့ မူဝါဒမရှိဘဲ နောက်ကွယ်က
ကြိုးကိုင်နေတဲ့ ဆရာကြီးတွေက အခြေအနေအရ မီးစင်ကြည့်ကတဲ့ မူဝါဒကို ကျင့်သုံးနေလို့ပါ။
လတ်တလောအနေအထားမှာ နောက်ကွယ်က ဆရာကြီးတွေ မျှော်လင့်ထားပုံက အပစ်အခတ်ရပ်ထားနိုင်တဲ့
လက်နက်ကိုင်အင်အားစုတွေကို ၂၀၀၈ အခြေခံဥပေဒအောက် ၀င်ရောက်ရေး မစည်းရုံးနိုင်သေးရင်တောင်
အပစ်အခတ်ရပ်စဲနိုင်တာလောက်ကို ပြည်တင
ွ်းငြိမ်းချမ်းရေးရပြီလို့ နိုင်ငံတကာကို ပြပြီး အမြတ်ထုတ်
လုပ်စားရေး ဖြစ်ပါတယ်။ အခုအချိန်မှာ အဲသလို ပြစားပြီး အမြတ်ထုတ်ဖို့ ကချင်ကိစ္စက သူတို့အတွက်
ဖင်ကြားခဲခုဖြစ်နေတာပါ။
စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ တက်လှမ်းရေးမှာ အဲဒီလိုအနေအထားတွေ ဖြစ်တည်နေတာကြောင့်
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအနေနဲ့ ယာယီအပစ်အခတ်ရပ်စဲထားရုံ ရှေ့မတိုးနောက်မဆုတ်
အနေအထားလောက်မှာ ငုတ်တုတ်မေ့နေရတာထက်စာရင် စစ်အာဏာရှင်တွေကို ပြိုင်တူဖိအားပေးနိုင်ဖို့
ကြိုးပမ်းတာက စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆီ ရောက်ရှိဖို့ ဖြစ်နိုင်ခြေပိုရှိမှာဖြစ်ပါတယ်။ ပြိုင်တူဖိအားပေးဖို့
မကြိုးစားဘဲ အာဖရိက မြင်းကျားတွေလို တကောင် အဆွခ
ဲံရချိန်မှာ ကျန်တဲ့အကောင်တွေ
မြက်စားမပျက်သလိုမျိုး ပြုမူကျင့်ကြံနေရင်တော့ ကြာလာတာနဲ့အမျှ စစ်အာဏာရှင်ရဲ့အစွယ်သစ်က
အင်အားစုတစုချင်းစီရဲ့ ဂုတ်ပိုးပေါ် လာခဲတာကို အလှည့်ကျ ပြန်ခံရဦးမှာ အသေအချာပဲဖြစ်ပါတယ်။

“အာဏာရှင်စနစ်ကို အမြစ်ကျွတ်အောင် မချွတ်နိုင်သေးဘဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပေဒစိုးမိုးရေးကို
ကြိုးပမ်းနေမှုတွေဟာ ရေပေါ် အရုပ်ရေးသလို အချည်းနှီး ဆောင်ရွက်မှုတွေသာ ဖြစ်ပါလိမ့်မယ်။”
(၃၁-၁၀-၂၀၁၂)

ဖျာစုတ် ဖျာဆွေးကြီးတချပ်ကို ဆွဲလှပ်လိုက်သလို ...
လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက နှစ်ပေါ် ၅၀ ကျော် မိုးထဲ ရေထဲ လေထဲမှာ မြေကြီးပေါ် ပစ်ထားခံခဲ့ရတဲ့
ဖျာစုတ် ဖျာဆွေးကြီးတချပ်ကို ဆွဲလှပ်လိုက်သလိုပါပဲ။ လှပ် လှပ်ချင်း ဖျာစုတ် ဖျာဆွေးကြီး ဖိထားတဲ့အောက်က
ပိုးမွှားပေါင်းစုံ ဝေါကနဲ တိုးထွက်လာသလို နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာရှင်စနစ်ဆိုးနှစ်ဆက်အာက်မှာ
ဖိနှိပ်ခံထားခဲ့ရတဲ့ ပြဿနာတွေ တမဟုတ်ချင်း ကြွထလာတဲ့ အခြေအနေပါပဲ။ တခုပြီး တခု ရှင်းလို့ကိုမနိုင်ဆိုတဲ့
အနေအထားပါပဲ။
ဒီအခြေအနေမှာ ဒီမိုကရေစီခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေရဲ့ အနေအထားကို ခန့်မှန်းရတာက
ပြဿနာတခုချင်းကို လိုက်မရှင်းတော့ဘဲ (ပြဿနာတွေကို ကိုယ်နဲ့မဆိုင်သလို နေထိုင်ပြုမူရင်း) အာဏာပိုင်တွေ
မငြိုငြင်အောင် ငြိမ်ငြိမ်လေးနေပြရင်း၊ အာဏာပိုင်နဲ့ ပူးပေါင်းဆောင်ရွက်ရင်း၊ ဘာမှန်းမသိ မရေရာ မသေချာတဲ့
၂၀၁၅ ရွေးကောက်ပွဲ ဆိုတာကြီးကို မျှော်လင့်ရင်း အနိုင်ရလို့ ရှင်းနိုင်တဲ့ အနေအထားရောက်မှ ရှင်းမယ်ဆိုတဲ့
စိတ်ကူးယဉ်မှုမျိုးနဲ့ မတုန်မလှုပ် တေမိလုပ်ပြီး စခန်းသွားနေကြပုံရတယ်လို့ ယူဆမိတယ်။
ဒါပေမယ့် လက်ငင်းအခြေအနေမှာ နှစ် ၅၀ ကျော်ကြာ ဖြစ်တည်လာခဲ့တဲ့ ပြဿနာတွေရဲ့ ဖိစီးမှုအ၀၀ကို
ကျောကော့အောင် ခံစားနေရတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူကတော့ ပြဿနာတခုချင်းအလိုက်
တောင်းဆိုတိုက်ပွဲဝင်ရင်း ဒီမိုကရေစီဘောင်ကို ရသလောက် တဆင့်ချင်း ချဲ့ထွင်သွားဖို့ တနေ့ပြီးတနေ့
တောင်းဆို တိုက်ပွဲဝင်နေကြတာကို တွေ့ရတယ်။
အဲဒီလို ခေါင်းဆောင်ပိုင်းနဲ့ ပြည်သူလူထုတွေရဲ့ တိုက်ပွဲဝင်မှုပုံစံ သိသိသာသာ ကွဲပြားခြားနားနေမှုဟာ ၂၀၁၅
ရောက်ဖို့ အချိန်ကာလအားဖြင့် ၃ နှစ်ကျော်ကြာ လိုနေသေးတဲ့ အချိန်ကာလအတွင်းမှာ အက်ရာတွေ
ပိုပိုဟလာမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ထိတ်စရာပါပဲ။

ခေါင်းဆောင်ပိုင်းကပုဂ္ဂိုလ်တွ စိတ်ကူးယဉ်သလို ဖျာစုတ် ဖျာဆွေးကြီကို တဖြေးဖြေးချင်း လှဲကျင်းသွားရင်း
သန့်စင်အောင် လုပ်လို့ရနိုင်မလား၊ မီးရှို့ပစ်ပြီး အသစ်ခင်းကျင်းမှ အဆင်ပြေလေမလား ဆိုတာကတော့
လက်ငင်းအခြေအနေမှာ ဒုက္ခအ၀၀ကို ခါးစည်းခံနေရတဲ့ မြန်မာပြည်သူလူထု ဘယ်အချိန်ကာလအထိ
ဆက်သည်းခံနိုင်မလဲဆိုတဲ့အပေါ် မူတည်မယ်လို့ ထင်မိရဲ့။
(၂၂-၁၀-၂၀၁၂)

ကချင်အရေးနဲ့ ပတ်သက်ပြီး ကျနော် စိုးရိမ်မိတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား (သို့မဟုတ်)
စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အုပ်ချုပ်ရေးဘက်က လူတွေ
တာဝန်ပေးလာမှ ဆောင်ရွက်ရမယ့်ကိစ္စမျိုး မဟုတ်ပါ
တရက်မှာ ‘ဈာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အစ္စရေး-ပါလက်စတိုင်း သတင်းလေးတပုဒ် ဘာသာပြန်ပြီး
ဖော်ပြထားတာ ဖတ်ရတယ်။ သတင်းနဲ့ သတင်းဓာတ်ပုံကို ဖတ်ရှုကြည့်အပြီးမှာ တောင်အာဖရိက ဘုန်းတော်ကြီး
ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်တခုကို သွားအမှတ်ရမိသလို တပြိုင်နက်တည်းမှာ ဗီအိုအေ
ဦးကျော်ဇံသာနဲ့ ရုပ်သံအင်တာဗျူးမှာ ကချင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့တဲ့
အဖြေစကားကိုလည်း ပြန်ပြောင်းသတိရမိပါတယ်။
*******
အစ္စရေး-ပါလက်စတိုင်း သတင်းလေးကို ‘ဈာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့အတိုင်း
ဖတ်ကြည့်ရအောင် …
Israel အမျိုးသမီးတယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့လူသား
သန်းပေါင်းမြောက်မြားစွာကို အမြင်သစ် ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့
Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေးဆေးတခွက်လည်း ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့သော မေလ ၂၀၊ ၂၀၁၂ နေ့ ဂျေရုဆလင်နေ့မှာ ဖြစ်ခဲ့တာပါ။ အစ္စရေးတွေဟာ ဂျေရုဆလင်နေ့ (Jerusalem
day) အရမ်းကို အလေးအနက်ထားပါတယ်။ သူတို့ရဲ့ နေ့ထူးနေ့မြတ်အနေနဲ့ ကျင်းပတာပါ။ အဲဒီနေ့ရောက်တိုင်း
ပါလက်စတိုင်းလူမျိုးတွေရဲ့ လှုပ်ရှားမှု မှန်သမျှ လုံးဝ ခွင့်မပြုပါဘူး။ သူတို့ အစ္စရေးအလံတွေကို လွှင့်ထူပြီး
နိုင်ငံတော်သခ
ျီင်းများ ဆိုကြပါတယ်။
အဲဒီနေ့ မတိုင်ခင် နေ့များမှာ ပါလက်စတိုင်းလူမျိုးအချို့က အစ္စရေး တိုးချဲ့အိမ်ရာစီမံကိန်းများကို
သပိတ်မှောက်နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့မှာ ၁၀ နှစ်သားအရွယ် ပါလက်စတိုင်းကောင်လေးတယောက်ဟာ ပါလက်စတိုင်းအလံ ကိုင်လျက်
ပွဲကြည့်နေတုန်း၊ အစ္စရေး လူမျိုးရေးဝါဒီတယောက်က သူ့အလံကို လုယူပြေးခဲ့ပါတယ်။ ကောင်လေးက
ပြန်လုရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း နယ်ခြားစောင့်ရဲတယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ ကလေးကို
လိုက်ဖမ်းပါတယ်။
ကောင်လေးကို ခြေထောက်နဲ့ ကန်တယ်၊ မညှာမတာ လုပ်လာတဲ့အခါမှာ အနားမှာ ရှိနေခဲ့တဲ့ အသက် ၂၂
နှစ်အရွယ် အစ္စရေးတက္ကသိုလ်ကျောင်းသူတယောက်က အဆိုပါ ရဲကို ၀င်လုံးပြီး ကောင်လေးကို
ထွက်ပြေးစေခဲ့ပါတယ်။
အစ္စရေးလူမျိုးနဲ့ ပါလက်စတိုင်းလူမျိုးဆိုတာ ရာဇ၀င်လိုက်ပြီး ရန်ဖြစ်နေခဲ့တဲ့ လူမျိုးတွေပါ။ အခုလို အဖြစ်ကို
မြင်ရတော့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ လူမျိုးနှစ်မျိုးကြား ငြိမ်းချမ်းရေး ရလာတော့မလား ဆိုပြီးလည်း
ပြောဆိုလာကြပါတယ်။
သို့သော်လည်း သူ့လူမျိုး (အစ္စရေး) အချင်းချင်းတွေရဲ့ ဝေဖန်ကဲ့ရဲ့ခြင်းများကိုလည်း ခံရပါတယ်။ ဘာပဲဖြစ်ဖြစ်
ပါလက်စတိုင်းသားတွေရဲ့ facebook တွေမှာတော့ ဒီအမျိုးသမီးကို တော်တော် ချီးကျူးထားတာ တွေ့ရပါတယ်။
ဒါဟာ ပါလက်စတိုင်းတွေ အစ္စရေးတယောက်အပေါ် အကောင်းမြင်လာတဲ့ ရှားရှားပါးပါး ကောမ်မန့်လေးတွေပါ။
လူတဦးတယောက်ရဲ့ စိတ်ထားမှန်ကန်စွာ ပြုမူလိုက်ခြင်းဟာ လူအများအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ်
ဆိုတာ ဒီအဖြစ်က သက်သေပြနေပါတယ်။ မကောင်းမှုကို သိရက်နဲ့ ကိုယ့်အမျိုးမို့ အားပေးအားမြှောက်ပြုခြင်းကို
ကိုယ့်ဘာသာကိုယ်တော့ အမှားအမှန် မသိနိုင်ပေမယ့် အပြင်လူတယောက်အနေနဲ့ ကြည့်လိုက်မှ
မသင့်တော်မှန်း သိရတဲ့ အဖြစ်မျိုးတွေ ရှိကောင်းရှိမှာပါ။
ဘယ်နေရာမဆို အမှန်တရားဘက်က ရပ်တည်နိုင်တဲ့ စိတ်ထားဟာ လူတယောက်ရဲ့ တန်ဖိုးပါပဲ။
မူရင်း သတင်းလင့်ခ် - http://972mag.com/armed-border-officer-chases-10-year-old-palestinian-boyfor-holding-flag/46412/
*******

တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်

“If you are neutral in situations of injustice, you have chosen the side of the oppressor. If an
elephant has its foot on the tail of a mouse and you say that you are neutral, the mouse will not
appreciate your neutrality.”
“မတရားတဲ့ အခြေအနေတွေမှာ သင် ကြားနေတယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်ကို ရွေးချယ်လိုက်ခြင်းသာ
ဖြစ်တယ်။ ဆင်တကောင်က ကြွက်တကောင်ရဲ့အမြီးကို နင်းထားတာ တွေ့ရက်နဲ့ သင်က ကြားနေတယ်လို့
ပြောရင် ကြွက်က သင့်ရဲ့ကြားနေမှုကို အသိအမှတ်ပြုလိမ့်မယ်မဟုတ်ဘူး”
*******

ဗီအ
ွိုအေ ဦးကျော်ဇံသာနဲ့ အင်တာဗျူးမှာ ကချင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား
“ကျမ လန်ဒန်မှာတုန်းကပေါ့နော်။ အဲဒါကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ပါ။
ကချင်လူငယ်တယောက်က ကျမကို ထပြီးတော့ ဝေဖန်ပါတယ်။ ကျမက ဘာဖြစ်လို့ တပ်ကို Condemnation
ပေါ့နော်။ သူက အဲဒီလို သုံးတယ်။ ဘာဖြစ်လို့ မရှုတ်ချသလဲပေါ့နော်။ ကျမက ပြောတယ်။ ကျမတို့က
Condemnation အလုပ် လုပ်ချင်တာ မဟုတ်ဘူး။ Reconciliation အလုပ်ကို လုပ်ချင်တာ။ ပြန်လည်
ရင်ကြားစေ့ရေးအလုပ်ကို လုပ်ချင်တာ။ ဘယ်သူ့ကိုမှ ရှုတ်ချပြီးတော့ တိုက်ခိုက်တဲ့ အလုပ်ကို
လုပ်ချင်တာမဟုတ်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ပြန်လည်ရင်ကြားစေ့ရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒီအတိုင်းပဲ
ကျမတို့ကနေ နှစ်ဘက်စလုံးကို ကြည့်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေခံပြီးတော့
ကျမတို့ ကြည့်မယ်။
ဘယ်ဘက်ကိုမှ ကိုယ့်ရဲ့ နိုင်ငံရေးအကျိုးအမြတ်ထွက်ရေးအတွက် ဘက်လိုက်ပြီးတော့ ပြောတာမျိုး ကျမတို့
မလုပ်ဘူး။ ဒီလို ဘက်လိုက်ပြီး ပြောတာဟာ ပဋိပက္ခတွေကို ပြေငြိမ်းသွားစေမှာ မဟုတ်ဘူး။
နောက်ပြီးတော့လည်း အခု အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း မပြီးမြောက်သေးခင်ကို
ကျမတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျမတို့ ရည်ရွယ်ချက်မရှိဘူး။ ကျမတို့
ဘာလုပ်ပေးနိုင်တာရှိလဲ။ လုပ်ပေးနိုင်တာရှိရင် ကျမတို့ လုပ်ပေးမယ်။ ဒုက္ခသည်တွေကို ကျမတို့ တတ်နိုင်သမျှ
ကူညီပါတယ်။ NLD က သိတဲ့အတိုင်းပဲ။ သိပ်ပြီး ချမ်းသာတဲ့ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်
ဒုက္ခသည်တွေကို တတ်နိုင်သမျှ ကျမတို့ အကူအညီတွေ ပေးတယ်။ ဟိုဘက် ဒီဘက် မခွဲခြားဘဲနဲ့ ကျမတို့
အကူအညီပေးတယ်။ ကျမတို့ရဲ့ အကူအညီကို အုပ်ချုပ်ရေးဘက်ကပဲ တောင်းတောင်း၊ တခြား
အကူအညီတောင်းနိုင်တဲ့ဘက်က တောင်းလို့ ကျမတို့မှာ ပေးနိုင်တဲ့အနေအထားမှာရှိရင်တော့ ကျမတို့က
အဆင်သင့်ပါပဲ။” (VOA)
*******

ကျနော်၏ ထင်မြင်ယူဆချက်
အစ္စရေးအမျိုးသမီးရဲ့ ပြုမူဆောင်ရွက်ချက်ဟာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်နဲ့
ယှဉ်ထိုးကြည့်မယ်ဆိုရင် ထပ်တူကျတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတရားတဲ့
အခြေအနေမှာ သူမဟာ ကြားမနေဘဲ တနည်းအားဖြင့် ပြောမယ်ဆိုရင် သူမနဲ့ လူမျိုးတူ အင်အားကြီးတဲ့
အစ္စရေးနယ်ခြားစောင့်ရဲ (ဆင်) ဘက်ကမနေဘဲ အင်အားနည်းတဲ့၊ သူမနဲ့ ရန်ဘက်လူမျိုးဖြစ်တဲ့

ပါလက်စတိုင်းကလေးငယ် (ကြွက်) ဘက်က ရပ်တည်ကာကွယ်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကားကလည်း မတရားတဲ့ အခြေအနေမျိုးမှာ မဟုတ်ခဲ့ရင်တော့
လက်ခံနိုင်စရာပါပဲ။ ကချင်စစ်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘယ်ဘယ်က မှားတယ်၊
ဘယ်ဘက်က မှန်တယ်ဆိုတာကို သုံးသပ်နိုင်တဲ့ အခြေအနေမရှိလို့ ဆိုရင်လည်း ပြောနိုင်တာတခုကတော့
အခုဖြစ်နေတဲ့ ကချင်ပြည်တင
ွ်းစစ်ဟာ မတရားတဲ့ အခြေအနေမှာ ဖြစ်နေတယ်ဆိုတာ အသေအချာပါပဲ။
ဘာဖြစ်လို့ မတရားတဲ့ အခြေအနေလို့ ပြောရသလဲဆိုရင် မြန်မာအစိုးရစစ်တပ်နဲ့ ကချင်စစ်တပ်ဆိုတာ
ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ အဆိုအမိန့်အတိုင်း ဥပမာပေးရမယ်ဆိုရင် ဆင်နဲ့ ကြွက်လိုပါပဲ။
မြန်မာအစိုးရစစ်တပ် ဆိုတာက တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ လက်နက်အင်အား၊ စစ်သည်အင်အား
တောင့်တင်းပြည့်စုံတဲ့ အင်အားကြီး စစ်တပ်ဖြစ်ပြီး ကေအိုင်ကေကတော့ မြန်မာနိုင်ငံထဲက
တိုင်းရင်းသားလူမျိုးစုတစုဖြစ်တဲ့ ကချင်တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တခုမျှသာ ဖြစ်ပါတယ်။
ကေအိုင်အေမှာ လက်နက်တွေက ခေတ်မီတယ်ပဲပြောပြော၊ တိုက်ရည်ခိုက်ရည်တွေ ဘယ်လိုရှိတယ်ပဲပြောပြော
အင်အားချင်း ယှဉ်ထိုးကြည့်ရင် ဆင်နဲ့ ကြွက်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ နောက်တချက် ပြောစရာရှိတာ
မြန်မာအစိုးရစစ်တပ်ဘက်က တနည်းပြောရရင် စစ်အာဏာရှင်တွေ ချုပ်ကိုင်ထားဆဲ စစ်တပ်ဘက်က
(ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်သုံးနှုန်းတဲ့ အသုံးအနှုန်းအရဆိုရင် ‘အုပ်ချုပ်ရေးဘက်က’) ကချင်နယ်မြေထဲကို
သွားရောက်တိုက်ခိုက်တဲ့ ‘ထိုးစစ်’ ဖြစ်ပြီး ကေအိုင်အေဘက်က သူ့နယ်မြေထဲကို လာရောက်တိုက်ခိုက်တဲ့
မြန်မာစစ်တပ် (အုပ်ချုပ်ရေးဘက်က စစ်တပ်) ကို ပြန်လည်ခုခံတိုက်ခိုက်တဲ့ ‘ခုခံစစ်’ ဖြစ်နေတာပါပဲ။
အဲဒီတော့ အထက်မှာ ပြောခဲ့သလို မတရားတဲ့ အခြေအနေမျိုး (ဆင်နဲ့ ကြွက် အနေအထား) မှာ
ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ဘက်စစ်တပ်နှစ်ခုစလုံးရဲ့ ကြားမှာရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ
အရှိန်အ၀ါအကြီးဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆုတ
ိာ အကျယ်တ၀င့် ရှင်းပြနေစရာ လိုမယ်မထင်ပါဘူး။
အဲဒီအတွက်ကြောင့် အခုလို မတရားမှုအနေအထားမှာ ဖြစ်ပွားနေတဲ့ ကချင်ပြည်တွင်းစစ် ရပ်စဲရေးအတွက်
ဒေါ်အောင်ဆန်းစုကြည်ဟာ အင်အားကြီးတဲ့ မြန်မာစစ်တပ်ကို ရှုတ်ချပြောဆိုဖို့ ၀န်လေးနေရင်တောင်
ထိုးစစ်ဆင်တာ ရပ်စဲရေးအတွက် အထူးအလေးထား မေတ္တာရပ်ခံ ပြောဆိုဖို့၊ ပြောလို့မှ မထိရောက်ရင်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရပ်စဲရေး၊
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပွဲတွေ ဆင်နဖ
ွှဲို့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့
ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို အရှိန်အ၀ါအကြီးဆုံး မြန်မာနိုင်ငံသားတယောက်က ၀င်ပြောရင်
အခြားမြန်မာနိုင်ငံသား မည်သူမဆို ၀င်ရောက်ပြောဆိုတာထက် ပိုပြီးထိရောက်မှုရှိမှာ သေချာပါတယ်။
(တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရပ်စဲရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပွဲတွေ ဆင်နြွှဲ ပီဆိုရင်
ဒေါ်အောင်ဆန်းစုကြည်တင်မက မတရားမှုကို ဆန့်ကျင်တဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုအားလုံး၊
ငြိမ်းချမ်းရေးကို လိုလားတောင့်တတဲ့ ပြည်သူတွေအားလုံး ပါဝင်ဆင်နဖ
ွှဲို့ လိုမယ်လို့ ယူဆပါတယ်)
အခုလို လူသန်ကြီးနဲ့ လူဖလံလေးတို့ ထိုးကြိတ်နေတဲ့ ဖြစ်ရပ်မျိုး (မြန်မာစစ်တပ်နဲ့ ကချင်စစ်တပ် တိုက်ပွဲ) မှာ
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစ္စရေးအမျိုးသမီး ပြုမူသလို (မှားတာ မှန်တာ အသာထား) လူသန်ကြီးကို
အရင်ဆုံး တွန်းထုတ်ဖို့ တာဝန်ရှိတယ်လို့ ကျနော့်အနေနဲ့ အခိုင်အမာ ယူဆမိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ “အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း
မပြီးမြောက်သေးခင်ကို ကျမတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျမတို့
ရည်ရွယ်ချက်မရှိဘူး။” လို့ ပြောပါတယ်။ အဲသလို ပြောခြင်းဟာ ဥပမာအားဖြင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတဲ့ အနေအထားမျိုးမှာ

အာဏာပိုင်အဖွဲ့အစည်းက (အုပ်ချုပ်ရေးဘက်က) ကြားဝင်ဆောင်ရွက်ပေးနေခြင်းမျိုးဆိုရင် ကျနော်
ထောက်ခံပါတယ်။ အခုဟာက အုပ်ချုပ်ရေးဘက်က လူတွေရဲ့ စစ်တပ်ကိုယ်နှိုက်က သူတို့နဲ့ အင်အားချင်းမမျှတဲ့
တိုင်းရင်းသားလက်နက်ကိုင် တပ်တတပ်ကို ထိုးစစ်ဆင်ခြေမှုန်းနေတဲ့ ကိစ္စပါ။ အဲဒီတော့ အုပ်ချုပ်ရေးဘက်ကနေ
ကြိုးစားနေတဲ့ ကိစ္စတွေ ပြီးမြောက်တဲ့အထိ စောင့်နေမယ်ဆိုရင် ကချင်တိုင်းရင်းသားတွေအကုန်လုံး
ကျိုးကြေကုန်နိုင်တာမို့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မျှော်မှန်းလုပ်ဆောင်နေတဲ့
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အုပ်ချုပ်ရေးဘက်က လူတွေနဲ့ ပလဲနံပပိုသင့်ပြီး ပြေလည်မှု
ပိုရကောင်းရနိုင်ပေမယ့် ထိုးစစ်ဆင်ခြေမှုန်းခံရတဲ့ ကေအိုင်အေနဲ့တကွ ကချင်လူမျိုးတွေနဲ့တော့ ပိုပိုပြီး
အလှမ်းဝေးကွာသွားနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်သွားမှာကို အထူးစိုးရိမ်ရပါတယ်။
နောက်ဆုံးပြောချင်တဲ့ တချက်က စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဆိုတာမျိုးက အုပ်ချုပ်ရေးဘက်က
လူတွေ တာဝန်ပေးလာမှ လုပ်ဆောင်ရမယ့် အလုပ်မျိုးမဟုတ်ဘဲ (အုပ်ချုပ်ရေးဘက်က လူတွေကလည်း
သူတို့ကိုယ်တိုင်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တော့ ဘယ်တော့မှ တာဝန်ပေးမည်မထင်ပါ။
တာဝန်ပေးခဲ့ရင်လည်း သူတို့လိုချင်တဲ့ ဂိုက်လိုင်းအောက်ကပဲ ဆောင်ရွက်ခိုင်းမှာမို့ နာမည်ပျက်ဖို့ပဲ ရှိမှာပါ)၊
နိုင်သလောက် အကူအညီလေးပေးရုံနဲ့ ကိုယ့်တာဝန်ကျေပြီလို့ မယူဆသင့်ဘဲ စစ်ရပ်စဲရေး၊
ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားတောင့်တတဲ့ ပြည်သူတွေနဲ့ လက်တြွဲ ပီး အသိရှိရှိ
ပူးပေါင်းလှုပ်ရှားဆောင်ရွက်ရမယ့် အရေးကိစ္စလို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လေးလေးနက်နက်
ပြန်စဉ်းစားကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
(၁၉-၁၀-၂၀၁၂)

ဦးသိန်းစိန်တို့ ပြုံးပြုံးကြီး အမြတ်ထုတ် စတန့်လုပ်နေပုံများ …
လူထုမကြိုက်မယ့် (ဆန္ဒပြလာရင်လည်း အစိုးရကို မထိခိုက်လောက်တ့)ဲ အလုပ်မျိုးကို ရွေးလုပ်၊ အရိုးခံလူထုက
ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တော့ လူထုစကား နားထောင်တဲ့ အစိုးရအနေနဲ့ လူထုမကြိုက်တာ
မလုပ်တော့ပါဘူးဆိုပြီး OIC ကိစ္စကို ခုတုံးလုပ်၊ တချက်ခုတ် နှစ်ချက်ပြတ် အမြတ်ထုတ်လိုက်တဲ့ ဦးသိန်းစိန်တို့
အခုလောက်ဆို ကွယ်ရာမှာ ပြုံးပြုံးကြီး လုပ်နေပြန်ဦးမှာပေါ့လေလို့ တွေးနေမိရဲ့။
တချက်ခုတ် နှစ်ချက်ပြတ်ဆိုတာက ဦးသိန်းစိန်အစိုးရအနေနဲ့ နိုင်ငံတကာအမြင်မှာ လူထုကို လွတ်လပ်စွာ
ဆန္ဒထုတ်ဖော်ခွင့်ပေးထားတယ်လို့ အမြင်ရောက်စေတဲ့ အမြတ်တခုရပြီး ဆန္ဒထုတ်ဖော်တဲ့ အရိုးခံလူထုရဲ့
အမြင်မှာတော့ ဦးသိန်းစိန်အစိုးရ ငါတို့စကား နားထောင်တယ်ဆိုတဲ့ အမှတ်ပေးမှု နောက်အမြတ်တခုကို
ရလိုက်တာပဲပေါ့။ ဟဲ ဟဲ … ပြောရရင် ဦးသိန်းစိန်တို့ ၂၀၁၅ အတွက်များ ကြိုမဲဆွယ်နေသလားပေါ့လေ။
အမြတ်ထုတ်ခံလိုက်ရသူတွေကတော့ အရှိန်တက်နေဆဲမို့ အခုအထိ ခံလို့ခံရမှန်း သိချင်မှ သိကြပေဦးမယ်။
သွေးအေးသွားတဲ့အခါ ပြန်စဉ်းစားကြည့်စေချင်တာက ပြည်တွင်းစစ်ရပ်စဲရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲ၊
လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်း လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲ၊ ကိုင်းတန်းဈေး ဆန္ဒဖော်ထုတ်ပ၊ွဲ
လက်ပံတောင်းတောင်သူတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲတွေတုန်းကကျတော့ အစိုးရက အခုလို တရားဝင်
ဆန္ဒထုတ်ဖော်ခွင့်မပြုခဲ့ဘဲ ခေါင်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို မေ့လောက်ပြီဆိုမှ ဘာလို့ တရားစွဲတာလဲ
ဆိုတာကိုပါ (စေ့စေ့တွေး ရေးရေးတော့ပေါ်မှာပါလေ)။
အရင်တခါကလည်း ၀န်ကြီးများရုံးကို ဟိုတယ်လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် ငှားရမ်းမယ်ဆိုတဲ့ အသံလွှင့်လိုက်ပြီး
ပြည်သူက ဆန္ဒတောင်မထုတ်ဖော်ရသေးခင် ပြည်သူ့အသံကို နားထောင်တဲ့ အစိုးရအနေနဲ့ အဲဒီအစီအစဉ်ကို
မလုပ်တော့ပါဘူးဆိုပြီး မဟောက်ခင်က ကြောက်ချင်ယောင်ဆောင်ပြတဲ့ ဇာတ်လမ်းမျိုးကို ဖန်တီးခဲ့ဖူးသေးတယ်။
ဦးသိန်းစိန်တို့ အဲဒီလို ကလေးကွက်နဲ့ အမြတ်ထုတ်နေပုံကို ကြည့်ပြီး စာရေးဆရာ မောင်သာချို ပြောပြဖူးတဲ့
သူ့မိတ်ဆွေ ကဗျာဆရာဇနီးမောင်နှံရဲ့ ဖြစ်အင်ကို သွားသတိရမိတယ်။ သူတို့ဇနီးမောင်နှံက ကိုယ့်အလုပ်ကိုယ်
တက်ညီလက်ညီ လုပ်ကိုင်စားသောက်ရင်း အေးအေးလူလူ နေထိုင်ကြသတဲ့။ လင်နဲ့မယား လျှာနဲ့သွားဆိုသလို
ရန်တွေဘာတွေ ဖြစ်တာမျိုးလည်း တခါမှမရှိဘူးတဲ့။ ကြာတော့ ဒါကို ယောက်ျားလုပ်တဲ့ ကဗျာဆရာက
ပျင်းသလိုလို ခံစားလာရသတဲ့။

အဲဒါနဲ့ တနေ့မှာ သူ့မိန်းမကို စိတ်ဆိုးအောင် တမင်လုပ်ပြီး စိတ်ဆိုးမှ ပြန်ချော့မယ်ဆိုတဲ့ စိတ်ကူးနဲ့
အရက်လုံးဝမသောက်တတ်တဲ့ ကဗျာဆရာဟာ အပြင်ကနေ အာဆွတ်ရုံ၊ အနံ့ထွက်ရုံ အရက်နည်းနည်းလေး
သောက်လာသတဲ့။ အိမ်ရောက်တာနဲ့ လွယ်အိတ်ကို ပစ်ချပြီး သူ့မိန်းမနားကို သွားကပ်ထိုင်သတဲ့။ သူ
ကပ်ထိုင်ပေမယ့် မိန်းမလုပ်သူက စာဖတ်တောင်မပျက်ဘူးတဲ့။
အဲဒါနဲ့ ကဗျာဆရာက ကြံရာမရဖြစ်ပြီး “မိန်းမရေ မိန်းမ ... မင်း ဒီနေ့ ကိုယ့်ဆီက ဘာအနံ့မှ မရဘူးလားကွာ” လို့
မအောင့်နိုင်မအီးနိုင် မေးလိုက်သတဲ့။ အဲဒီအခါမှာ ကဗျာဆရာ့မိန်းမက “အရက်နံ့ ရသားပဲ၊ အဲဒါ ဘာဖြစ်လဲ” လို့
စာဖတ်မပျက် အေးတိအေးစက် ပြန်ပြောသတဲ့။
အဲဒီမှာတင် မိန်းမကို အရမ်းချော့ချင်နေတဲ့ ကဗျာဆရာက “မိန်းမရယ် ကိုယ် အရက်သောက်လာတာကို
မင်းမကြိုက်ဘူးမဟုတ်လား၊ မကြိုက်ရင် နောက် ကိုယ်ဘယ်တော့မှ မသောက်တော့ပါဘူးကွာ၊ စိတ်မဆိုးပါနဲ့၊
ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်ကို အဲသလို စကားမပြောဘဲတော့ မနေပါနဲ့” လို့ ငိုမဲ့မဲ့ မျက်နှာပေးနဲ့ မိန်းမကို
ချော့ဖို့ ဖက်မယ်အလုပ်မှာ မိန်းမက သူ့ကို ကပျာကယာ တွန်းထုတ်လိုက်ပြီး “ဖယ်စမ်းပါ၊ တော် ဘာတွေ
အရူးထနေတာလဲ၊ ဘာကို စိတ်ဆိုးရမှာလဲ၊ ဒီမှာ ဇာတ်လမ်းကောင်းနေရတဲ့အထဲ၊ သွား သွား ရေသွားချိုးချေ။
ပြီးရင် ထမင်းစားကြမယ်” လို့ စာဆက်ဖတ်နေရင်း ပြန်ပြောလိုက်ပုံကြောင့် ချော့ချင်လွန်းတဲ့ ကဗျာဆရာ
ဘယ်လိုချော့ရမှန်း မသိတော့ဘဲ ခေါင်းလေးကုတ်ပြီးသကာလ ရေချိုးဖို့ ထွက်ခဲ့ရသတဲ့။
အခုလည်း ပြည်သူ့အသံကို နားထောင်ကြောင်း အမှတ်ယူချင်လွန်းနေတဲ့ ဦးသိန်းစိန်အစိုးရ အင်ထုနေပုံတွေက
အထက်မှာ ပြောပြခဲ့တဲ့ ကဗျာဆရာ့အထာလို ရယ်စရာပါပဲ။ သူ့ဘာသာသူ အကွက်ဆင် လုပ်ဇာတ်ထင
ွ်ပြီး
“ကိုယ် နောက်မလုပ်တော့ပါဘူးကွာ” လို့ ပြည်သူကို ဇွတ်အတင်းကြီး ချော့နေသလို …။
အင်း … ကဗျာဆရာ့မိန်းမက စိတ်မဆိုးတတ်ပေမယ့် တချီချီမှာ အမှန်တကယ် ရေမရောစတမ်း
စိတ်ဆိုးဒေါသထွက်နေတဲ့ ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့ပြီး ဦးသိန်းစိန်အစိုးရ ဖနောင့်နဲ့ တင်ပါး
တသားတည်းဖြစ်အောင် ပြေးနေရမှဖြင့် စိတ်မကောင်းစရာများ ဖြစ်နေမလားပဲနော်။
(၁၆-၁၀-၂၀၁၂)

ကီးဘုတ်တော်လှန်ရေးသမား၊ ဖာသည်နဲ့ ဒီမိုကရေစီပွဲကြည့်ပရိသတ်များ
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဂငယ်ကွေ့ ကွေ့ပြီးနောက်ပိုင်း အရင်က ဒေါ်အောင်ဆန်းစုကြည်နောက်မှာ
တစုတစည်းတည်း ရပ်တည်ညီညတ
ွ်ခဲ့ကြတဲ့ မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်အင်အားစုတွေအတွင်းမှာ
အုပ်စုနှစ်စု သိသိသာသာ ကွဲထွက်သွားတယ်။ အထူးသဖြင့် အခုနောက်ပိုင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ
ပိုသိသာလာတယ်။
ပထမအုပ်စုက လူတွေက ကိုယ့်ခေါင်းဆောင်ရဲ့ နိုင်ငံရေးစွမ်းဆောင်ရည် ပိုကောင်းသထက်ကောင်းအောင်၊
အပြစ်အနာအဆာ ကင်းသထက်ကင်းအောင်၊ စစ်အုပ်စုကြောင်ဖားကြီးတွေရဲ့ မာယာပရိယာယ်နဲ့
လှည့်ဖြားမှုတွေအောက်မှာ ကိုယ့်ခေါင်းဆောင် ပြားပြားမှောက်မသွားရလေအောင်၊ မြန်မာ့ဒီမိုကရေစီရေး
ရေတိမ်မနစ်ရလေအောင် … ဆိုတဲ့ စိတ်စေတနာတွေနဲ့ သူတို့ မြင်တာကို မြင်တဲ့အတိုင်း၊ သူတို့ စိုးရိမ်တာကို
စိုးရိမ်မိတ့အ
ဲ တိုင်း (ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မပါဘဲ) ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်ကြတယ်။ ဒါကို
အမြင်မတူတဲ့၊ ကိုယ့်ခေါင်းဆောင်ကို ဝေဖန်ရမလားဆိုပြီး ကျွဲမြီးတိုတဲ့ ဒုတိယအုပ်စုက လူတွေက
‘ကီးဘုတ်တော်လှန်ရေးသမား’ တွေလို့ တံဆိပ်ကပ်ကြတယ်။ (ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုပါတဲ့ ဝေဖန်စာရေးသားသူ
မည်သူကိုမဆို ဒီပထမအုပ်စုမှာ ထည့်သွင်းခြင်း အလျဉ်းမရှိပါ။ အများအားဖြင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုပါတဲ့
ဝေဖန်စာတွေကို စစ်အုပ်စုဘက်တော်သားတွေကသာ ရေးတတ်ကြပါတယ်။)
ဒုတိယအုပ်စုမှာကတော့ ကိုယ့်ခေါင်းဆောင်ကို ကြည်ညိုရင်းစွဲ၊ ချစ်ခင်ရင်းစွဲ၊ လေးစားရင်းစွဲ
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေနဲ့ ခေါင်းဆောင်အပေါ် ဝေဖန်သမျှကို ဆတ်ဆတ်ထိမခံဘဲ ရိုးရိုးသားသား လိုက်လံ
ဖာထေးပြီး ကာကွယ်ရေးသားနေကြတဲ့ သူတွေပါသလို ခေါင်းဆောင်ဆီက အကျိုးမျှော်တာရယ်၊
ခေါင်းဆောင်နား ကပ်ခွင့်ရလေမလားဆိုတဲ့ အကြံအစည်တွေနဲ့ရယ် ခေါင်းဆောင်အပေါ် ဝေဖန်သမျှကို
ဖားချင်ဇောနဲ့ ဖာထေးဖော့ဖွရေးသားပြီး အကောင်းမြင်သမားလိုလို၊ မျှတတဲ့ အမြင်ရှိတဲ့
နိုင်ငံရေးပုရောဟိတ်လိုလို၊ ရွှေပြည်အေးဆရာလိုလို ဂိုက်ဖမ်းနေတဲ့သူတွေလည်း ပါတယ်။ ဒါကို အမြင်မတူတဲ့
ပထမအုပ်စုက လူတွေက ‘ဖာသည်’ တွေလို့ ကင်ပွန်းတပ်ကြတယ်။ (မှတ်ချက် - ‘ဖာသည်’ ဆိုတာ
ပြည့်တန်ဆာနဲ့ ထန်းခေါက်ဖာရောင်းသူကို ဆိုလိုခြင်း လုံးဝမဟုတ်ပါ။ ‘သည်’ ကို ‘သယ်’ လို့ အသံထွက်မဖတ်ဘဲ
‘သီ’ လို့သာ အသံထွက်ဖတ်စေလိုပါတယ်။)
ဒါပေမယ့် အများစုသော ဒီမိုကရေစီအင်အားစုကြီးကတော့ အဲဒီ ကီးဘုတ်တော်လှန်ရေးသမားလို့
တံဆိပ်ကပ်ခံကြရသူတွေနဲ့ ဖာသည်လို့ ကင်ပွန်းတပ်ခံရတဲ့သူတွေကြား ပွဲကြည့်ပရိသတ်လို ဘယ်သူတွေ

မှန်မလဲလို့ ငြိမ်ကြည့်ပြီး ဖတ်ရှုတွေးတောနေကြတာကို တွေ့ရပါတယ်။
ကျနော့်အမြင်ကတော့ ကီးဘုတ်တော်လှန်ရေးသမားတွေပဲ မှန်မှန်၊ ဖာသည်တွေပဲ မှန်မှန် အားလုံးဟာ
ဒေါ်အောင်ဆန်းစုကြည် ဂငယ်ကွေ့ မကွေ့ခင်က ဒေါ်အောင်ဆန်းစုကြည်နောက်မှာ တစုတစည်းတည်း
ရပ်တည်ခဲ့ကြတဲ့ ဒီမိုကရေစီဘက်တော်သားတွေအချင်းချင်းမို့ ဘယ်သူ မှန်တယ်၊ ဘယ်သူ မှားတယ်ဆိုတာက
အရေးမကြီးလှဘဲ မြန်မာပြည်သူတွေ စစ်အာဏာရှင်တွေလက်အောက်က စစ်စစ်မှန်မှန် လွတ်မြောက်တဲ့
ဒီမိုကရေစီစနစ်ဆီ မြန်မြန်ရောက်ရှိနိုင်ရေးသာ အဓိကဖြစ်တယ်လို့ မြင်မိကြောင်းပါခင်ဗျား။
(၂-၁၀-၂၀၁၂)

ဆင်သွားတိုင်း လမ်းမဖြစ်ခဲ့သော် …
အခုဆိုရင် ကြံ့ဖွံ့စစ်အုပ်စု (ဦးသိန်းစိန်ရုပ်သေးအစိုးရ+ကာလုံ) ရဲ့ ထိုးခွဲမှုတွေက ဘယ်လောက်အထိ
ခရီးပေါက်နေပြီလဲဆိုရင် ...
(၁) “နောက်ပြန်လှည့်မှာ စိုးရတယ်” ... ဆိုတဲ့ အကြောင်းပြချက်အောက်မှာ ပြားပြားမှောက်နေတဲ့ အထင်ကရ
အတိုက်အခံခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုစားပွဲဝိုင်းကို ကြံ့ဖွံ့စစ်အုပ်စုခေါင်းဆောင်တွေ
မဖြစ်မနေ ရောက်လာဖို့ လိုအပ်တဲ့ တိုက်ပွဲတွေ (မြစ်ဆုံတို့၊ မီးကိစ္စတို့လို တိုက်ပွဲပုံစံတွေ) နဲ့
ဆက်တိုက်ရဦးမယ်လို့ ယုံကြည်နေတဲ့ နောက်လိုက်တွေကြား သိသိသာသာ သဘောထားတွေ ကွဲနေပါပြီ။
ပြောရရင် ကြံ့ဖွံ့စစ်အုပ်စုက နောက်ပြန်လှည့်လိုက်မယ်ဆိုတဲ့ ‘သပ်’ ကြီးကြီးတချောင်းနဲ့ ဒီမိုကရေစီအင်အားစု
ရထားတြွဲ ကီးရဲ့ ခေါင်းတွဲနဲ့ ကိုယ်ထည်ကို သီးခြားစီဖြစ်အောင် ခွဲထုတ်နေသည်ပေါ့။ အဲဒီလို
နောက်ပြန်လှည့်မှာစိုးတဲ့ စိုးရိမ်ချက်ကြောင့်ပဲ ကြံ့ဖွံ့စစ်အုပ်စုနဲ့ ထိပ်တိုက်တွေ့ရနိုင်တဲ့ ဆန္ဒပြပွဲ၊ တောင်းပွဲ၊
တိုက်ပွဲ၊ ဆန္ဒဖော်ထုတ်ပွဲတွေဆို အထင်ကရ ခေါင်းဆောင်တွေ ရောက်မလာတတ်ကြဘဲ အကြောင်းပြချက်မျိုးစုံနဲ့
သက်တောင့်သက်သာဇုန် (Comfort Zone) ထဲကသာ အသံတိတ် နားစွင့်နေတတ်ကြတာကို
သတိထားမိကြမှာပါ။ လက်ပံတောင်းတောင်ဆန္ဒပြပွဲ အရှိန်မြင့်နေစဉ်မှာ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ နောက်ကျမှ လာရောက်ဖြေရှင်းခဲ့တာ ရှိသော်ငြား နစ်နာတဲ့
တောင်သူတွေရဲ့ တောင်းဆိုချက်တွေ မပြည့်ဝဘဲ အီလည်လည် ဇာတ်သိမ်းခဲ့ရတာမျိုးကလည်း သတိတရ

ရှိစရာပါ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ စေတနာကို အသိအမှတ်မပြုလို့
ပြောခြင်းမဟုတ်ပါ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ နောက်ပြန်လှည့်မှာ အစိုးရိမ်ကြီးနေတဲ့ စိတ်နဲ့
ဖြေရှင်းမှုပုံစံကို သတိရမိလို့ ပြောခြင်းဖြစ်ပါတယ်။
(၂) ကြံ့ဖွံ့စစ်အုပ်စုဟာ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေနဲ့
ပြည်တွင်းဒီမိုကရေစီအင်အားစုတွေကြားကိုလည်း စိတ်ဝမ်းကွဲအောင် နည်းအမျိုးမျိုးနဲ့ ထိုးခွဲနေတာ
မြင်တတ်သူတွေ မြင်ကြမယ်ထင်ပါတယ်။ အခုဆို ပြည်ပရောက်တွေ နေရာယူဖို့ ဖျာခင်းဖို့ ပြန်လာကြပြီတို့၊
ပြည်ပရောက်တွေ တို့မီးရှို့မီး မလုပ်ကြနဲ့တို့ ... ဆိုတဲ့ အသံတွေ ညံစီနေတယ်။ တကယ်ဆိုရင် ပြည်တွင်းက
အထင်ကရ ခေါင်းဆောင်တွေ အခုလို အထင်ကရ ဖြစ်လာအောင် (သူတို့ကိုယ်တိုင်ရဲ့ ပေးဆပ်မှုတွေ
ကြီးမားကြသလို) ပြည်တွင်းမှာ အမှောင်ကျပြီး လှုပ်မရတဲ့ အချိန်ကာလတွေတုန်းက ပြည်ပရောက်တွေ ငွေကုန်
သံပြာ ဖင်လိပ်ခေါင်းထွက်အောင် အော်ခဲ့ကြလို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ကျယ်ကျယ်လောင်လောင်
ကြားခွင့် သိခွင့်ရခဲ့တယ်ဆိုတာကို သိတတ်သူတွေ သိတတ်နားလည်နိုင်ကြမယ် ထင်ပါတယ်။
ပြည်ပရောက်တွေထဲမှာလည်း ခေါင်းစဉ်အမျိုးမျိုးပြပြီး လုပ်စားခဲ့သူတွေ၊ လုပ်စားနေသူတွေ ရှိခဲ့ ရှိနေလင့်ကစား
ငွေကုန် သံပြာ ဖင်လိပ်ခေါင်းထွက်အောင် အော်ခဲ့ကြသူတွေအားလုံး လုပ်စားတွေ မဟုတ်ဘူးဆိုတာကိုတော့
ခွဲခြားသိမြင်တတ်သူတွေ ခွဲခြားသိမြင်နားလည်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
(၃) တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအဖွဲ့တွေအကြား အချိန်ဆွဲတဲ့ နည်းဗျူဟာ၊
စီးပွားရေးမက်လုံးပေးတဲ့ နည်းဗျူဟာတွေနဲ့ ထိုးခွဲရေးကိုလည်း ကြံ့ဖွံ့စစ်အုပ်စုက လုပ်ဆောင်နေပါတယ်။ ဒါဟာ
စစ်အုပ်စု တလျှောက်လုံး ကျင့်သုံးလာတဲ့ နည်းဗျူဟာပါ။ အဲဒီနည်းဗျူဟာဟောင်းကိုပဲ ကြံ့ဖွံ့စစ်အုပ်စု
ကျင့်သုံးနေမှန်း သိသိကြီးနဲ့ကို အခုဆို အဓိက တိုင်းရင်းသားတော်လှန်ရေးအင်အားစုကြီးတခုဖြစ်တဲ့ KNU (ဗဟို)
နဲ့ KNLA (တပ်) အကြား အက်သံတွေ ကြားနေရတာ ၀မ်းနည်းကြေကွဲစရာ …။
ကြံ့ဖွံ့စစ်အုပ်စုက မဖြစ်စလောက် လွတ်လပ်ခွင့်နဲ့ မဖြစ်စလောက် အပြောင်းအလဲတွေ လုပ်ပြနေတဲ့အပေါ်မှာ
ခေါင်းဆောင်ပိုင်းနဲ့ နောက်လိုက်တွေအကြား အမြင်တွေ ပိုပိုဟလာပြီး အက်ရာတွေ ပိုပိုကြီးလာတဲ့အပေါ် (ပိုပိုပြီး
ထိုးခွဲခံလာရတဲ့အပေါ်) ခေါင်းဆောင်ပိုင်းတွေအနေနဲ့ (ဆင်သွားရင် လမ်းဖြစ်မယ်၊ အသံတိတ်
လိုက်သာလိုက်ခဲ့ကြ ဆိုတဲ့သဘောမျိုး မဟုတ်ဘဲ) သေသေချာချာ ပြန်လည်သုံးသပ် အဖြေရှာသင့်ပြီး မှန်ကန်တဲ့
နိုင်ငံရေးလမ်းကြောင်းပေါ်ကနေ ဦးဆောင်မှုပေးကြဖို့ လိုပြီလို့ ထင်ပါတယ်။ မဟုတ်ရင်တော့ နှစ်ပေါင်း ၅၀ ကျော်
ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ ဘ၀တွေ၊ အသက် သွေး ချွေးတွေနဲ့ ရင်းနှီးပေးဆပ်လာခဲ့တဲ့
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုဟာ (တချိန်က သတင်းမီဒီယာတွေမှာ ထင်ရှားခဲ့တဲ့ ကမ္ဘောဒီးယားက
အတိုက်အခံလောကသားတွေ အာဏာရှင် ဟွန်ဆန်ရဲ့ နှိပ်ကွပ်ထိုးခွဲမှုအောက်မှာ
မှေးမှိန်ပျောက်ကွယ်ကုန်ကြသလိုမျိုး) ရေစုန်မျောသွားမှာ စိုးရိမ်ရပါတယ်။
ဆင်သွားရင် လမ်းဖြစ်တာမျိုး ရှိပေမယ့် လမ်းမဖြစ်ဘဲ ဗွက်တွေ ထပြီး နောက်လိုက်တွေ ဆက်လျှောက်လို့ မရတဲ့
ကမောက်ကမအဖြစ်မျိုးနဲ့လည်း တိုးမှာ စိုးရလို့ တကူးတက အကြံပြုရခြင်းဖြစ်ပါတယ်။ အချိန်မီပါသေးတယ်။
(၂၈-၉-၂၀၁၂)

ထော့နဲ့ ထော့နဲ့ ဒီမိုကရေစီ (၀ါ) ဆူးကြီးနှစ်ချောင်းကို ဘယ်လိုထွင်မလဲ
လက်ရှိအခြေအနေမှာ ဗိုလ်သန်းရွှေတို့ စစ်အုပ်စု မတတ်သာလို့ ခွင့်ပြုထားရတဲ့ လွတ်လပ်ခွင့်အချို့နဲ့
မဖြစ်စလောက် အပြောင်းအလဲ ဆိုတာတွေကို ဒီမိုကရေစီလို့ အမည်သိပ်တပ်ချင်သပဆိုရင် “ထော့နဲ့ ထော့နဲ့
ဒီမိုကရေစီ” (၀ါ) စိတ်ရှိသလောက် အားကောင်းမောင်းသန် လှမ်းလျှောက်လို့ မရတဲ့ ဒီမိုကရေစီလို့ပဲ
ကင်ပွန်းတပ်ရပေလိမ့်မယ်။ ဘာလို့ အဲသလို ထော့နဲ့ ထော့နဲ့ ဖြစ်နေရသလဲ။ အဖြေက ရှင်းပါတယ်။
နိုင်ငံတော်စစ်တပ်နဲ့ ရဲဌာနကို ကြိုးကိုင်ခြယ်လှယ်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို
အနှောင့်အယှက်ပေးနေတဲ့ ‘ကာလုံ’ ဆိုတဲ့ ဆူးနဲ့ တိုင်းပြည်စီးပွားရေးကဏ္ဍမှာ လက်ဝါးကြီးအုပ် မောင်ပိုင်စီး
လုပ်ဆောင်နေတဲ့ ‘ဦးပိုင်’ ဆိုတဲ့ ဆူး … အဲဒီဆူးကြီးနှစ်ချောင်း စူးနေသေးလို့ ထော့နဲ့ ထော့နဲ့ ဒီမိုကရေစီ
ဖြစ်နေရတာပါ။ ပြဿနာပေါင်း မရေမတွက်နိုင်အောင် တက်နေရတာပါ။ ဆက်လည်း တက်နေဦးမှာပါ။
အဲဒီတော့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းဖို့ဆိုရင် အဲဒီစူးနေဆဲ ဆူးကြီးနှစ်ချောင်းကို ထွင်ဖို့
လိုပါတယ်။ အဲသလို ထွင်ပြီးမှသာ ပြဿနာအတော်များများ ပြေငြိမ်းပြီး အခြေခံဥပဒေကို
ပြင်ဆင်သင့်တာပြင်ဆင် ဒါမှမဟုတ် အသစ်ရေးဆွဲတန်ဆက
ွဲာ စစ်တပ်ကို စစ်တန်းလျား ပြန်ပို့နိုင်မှာ ဖြစ်ပါတယ်။
ဆူးကြီးနှစ်ချောင်းကို ထွင်ဖို့ဆိုတာကတော့ လက်ရှိ အခြေခံဥပဒေဘောင်နဲ့ လွှတ်တော်ထဲကနေ စိတ်ကူးယဉ်လို့
မရမှန်း ကလေးကအစ သိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ကျော်ဖြတ်ပြီးလို့ အန်အယ်လ်ဒီ
ဝက်ဝက်ကွဲနိုင်ပြန်ပြီး ဦးသိန်းစိန်အစိုးရက ရှောရှောရှူရှူ အာဏာလွှဲပြောင်းပေးတယ်ပဲ ထားဦး၊
ဆူးကြီးနှစ်ချောင်းကို မထွင်နိုင်သရွေ့ကတော့ အလုပ်မဖြစ်တဲ့ ထော့နဲ့ ထော့နဲ့ ဒီမိုကရေစီနဲ့ပဲ
ဆက်နှစ်ပါးသွားနေရမှာပါပဲ။ ပြဿနာတွေလည်း တက်ပြီးရင်း ဆက်တက်နေမှာပါပဲ။ အဲဒီတော့
အဲဒီဆူးကြီးနှစ်ချောင်းကို ဘယ်လိုထွင်နိုင်မလဲ စဉ်းစားကြည့်တဲ့အခါမှာ ကျနော့်အနေနဲ့ အောက်မှာ ဖော်ပြမယ့်
နည်း (၃) နည်းကို ဦးစားပေး စဉ်းစားမိတယ်။

ပထမနည်း - အာဏာဆုပ်ကိုင်ထားဆဲ စစ်ခေါင်းဆောင်တွေထံ ပေါ်တင် (ဗြောင်) ကမ်းလှမ်း ညှိနှိုင်းတဲ့နည်း
ဒီနည်းက ကျနော်တို့ အတိုက်အခံတွေဘက်က တခါမှ မလုပ်ဆောင်ဖူးသေးပါဘူး။ ဘယ်လိုလဲဆိုတော့ လက်ရှိ
ပြည်သူလူထု လက်ခံတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး စုပေါင်းစုံညီ
ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ပြီး ဦးသိန်းစိန်ရုပ်သေးအစိုးရမှတဆင့် အာဏာစွန့်ရမှာကို စိုးရိမ်မှုကြီးနေတဲ့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အဓိက စစ်ခေါင်းဆောင်တွေထံ သူတို့လိုချင်တဲ့ ဘ၀အာမခံချက်တွေကို
ပေးမယ်၊ ‘ကာလုံ’ နဲ့ ‘ဦးပိုင်’ ကို ဖျက်သိမ်းပေးပါလို့ ကမ္ဘာသိ တရားဝင် ကြေညာကမ်းလှမ်းပြီး အမှန်တကယ်
အာဏာစွန့်စေမယ့်နည်းပါ။ ကမ်းလှမ်းမှုကို စစ်ခေါင်းဆောင်တွေဘက်က လက်ခံရင် …

- သူတို့ အာမခံစေချင်တဲ့ အချက်အလက်တွေကို စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဒါမှမဟုတ်
သူတို့ရဲ့ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံကိုယ်စားလှယ်တွေ အကြေအလည် ဆွေးနွေးညှိနှိုင်းခြင်း၊
- စစ်သားတမတ်သား မပါဝင်တော့မယ့် ရွေးကောက်ပွဲအသစ်ကို ပြန်လည်ကျင်းပပြီး ၁၀၀ % သော
ပြည်သူလူထု ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက စစ်ခေါင်းဆောင်တွေ ဒါမှမဟုတ်
သူတို့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူညီပြီးသား အချက်တွေကို လွှတ်တော်မှာ တရားဝင်
အတည်ပြုပေးခြင်း၊
- အဆိုပါလွှတ်တော်မှ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း၊
- စစ်တပ်ကို စစ်တန်းလျားကို ပြန်စေပြီး ပြည်ထောင်စုတပ်မတော်ကို စနစ်တကျ ဖွဲ့စည်းခြင်း၊
ဒီနည်းက တခါမှ မလုပ်ဖူးသေးတဲ့နည်းမို့ စိတ်ကူးယဉ်ဆန်ကောင်းဆန်နေပေမယ့် အရှိန်အ၀ါရှိတဲ့
ဒီမိုကရေစီခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ သေချာညှိနှိုင်းပြီး ကမ်းလှမ်းမှုကို ကိုယ့်ဘက်က
စတင်လုပ်ဆောင်ရင် ဖြစ်နိုင်ချေ ရှိကောင်းရှိနိုင်တယ်လို့ ယူဆမိလို့ ကျနော့်အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။
အဲသလိုမျိုး ပေါ်တင် (ဗြောင်) ကမ်းလှမ်းချက်ကိုမှ စစ်ခေါင်းဆောင်တွေဘက်က မတုံ့ပြန် (၀ါ) လက်မခံဘဲ
လက်ရှိအခြေခံဥပဒေ၊ လက်ရှိလွှတ်တော်၊ လက်ရှိအစိုးရနဲ့ပဲ ရှင်းကြပါဆိုရင်တော့ သူတို့ အာဏာမစွန့်ချင်တာ
သေချာတယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ အဲဒါဆိုရင် အောက်က နည်းနှစ်နည်းပဲ ရှိတော့တယ်လို့ မြင်ပါတယ်။

ဒုတိယနည်း - စစ်တပ်တွင်းမှ ဒီမိုကရေစီကို အမှန်တကယ်လိုလား ဖော်ဆောင်လိုတဲ့ ပြည်သူ့ဘက်တော်သား
စစ်ခေါင်းဆောင်တွေ နိုင်ငံတော်အာဏာကို ခေတ္တသိမ်းပိုက်ရယူပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ
ပြန်လည်ကျင်းပပေးကာ ပြည်သူလူထုထံ အာဏာလွှဲပြောင်းပေးအပ်တဲ့နည်း
တတိယနည်း - လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ တပြိုင်နက်တည်း ဖိအားပေးပြီး စစ်တပ်ကို
တဖြေးဖြေး ပူးပေါင်းလာစေတဲ့နည်း (ဆေးခါးကြီး သောက်ရတဲ့နည်း)
ဒုတိယနည်းနဲ့ တတိယနည်းကတော့ ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံတွေမှာ ဖြစ်ခဲ့ဖူးပြီးသား နည်းတွေပေါ့။
ကျနော်တို့ဆီက အတိုက်အခံတွေအတွက်တော့ ဒုတိယနည်းကလည်း ဖြစ်ကာမှသာဖြစ်
မျှော်လင့်လို့ရကောင်းတဲ့ အရာမဟုတ်တော့ နောက်ဆုံးကျရင် အာဏာရှင်လက်အောက်က လွတ်မြောက်လာတဲ့
နိုင်ငံတွေ အတော်များများ ကျင့်သုံးခဲ့ တတိယနည်း (ဆေးခါးကြီးကို မသောက်ချင်လည်း သောက်ရတဲ့နည်း) နဲ့ပဲ
တိုက်ပွဲဝင်ရဖို့ ဖြစ်လာမယ်လို့ ထင်မိပါတယ်။
‘ဆူး’ ဆိုတာမျိုးကလည်း ထွင်ရင် နာတတ်ပြီး နာပြီးမှလည်း ထွက်တတ်တဲ့အမျိုးဆိုတော့ ‘ကာလုံ’ နဲ့ ‘ဦးပိုင်’
ဆိုတဲ့ ဆူးကြီးနှစ်ချောင်း ကျွတ်ဖို့အရေးကတော့ …။ ။
(၂၅-၉-၂၀၁၂)

ဒီ့ထက် ရှင်းတဲ့ သဘောထားတောင် ဒီလောက် ရှင်းမှာ မဟုတ်ဘူး
မြန်မာပြည်သူတွေက စစ်ပွဲတွေအားလုံး ရပ်စဲပြီး ငြိမ်းချမ်းရေးရဲ့ အရသာကို ခံစားချင်လွန်းလို့ စက်တင်ဘာလ
၂၁ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့) မှာ ဆန္ဒဖော်ထုတ် စီတန်းလမ်းလျှောက်ကြတယ်။
အင်းလျားကန်ဘောင်မှာ ငြိမ်းချမ်းရေးကျောက်တိုင်ကို အမှတ်တရ စိုက်ထူကြတယ်။ ဘယ်လောက်လှတဲ့
ဘယ်လောက် ချစ်စရာကောင်းတဲ့ စိတက
်ူးစိတ်သန်းလဲ။ မြန်မာပြည်ကြီးကို ဘယ်လောက် ချစ်မြတ်နိုးကြတယ်
ဆိုတာကို အလိုက်တသိ ပြသလိုက်ကြတာပါပဲ။
အဲဒီလုပ်ရပ်ကို ဦးသိန်းစိန်ရဲ့ ကြံ့ဖွတ်စစ်အစိုးရက အကြိုက်မတွေ့ သဘောမတူတဲ့အတွက် ဆန္ဒဖော်ထုတ်ဖို့
ကြိုးစားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲမယ်လို့ အသံဟစ်တယ်။ လုပ်လည်းလုပ်ဆောင်နေတယ်။
အမှတ်တရ စိုက်ထူးထားတဲ့ ငြိမ်း ချမ်းရေးကျောက်တိုင်ကို နယ်မြေခံ အာဏာပိုင်တွေ လာပြီး
ဖယ်ရှားဖျက်ဆီးတယ်ဆိုတော့ ငြိမ်းချမ်းရေးကို မလိုချင်ဘူး … ဆိုတဲ့ သူတို့ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း
ပြသလိုက်တာပဲပေါ့။ ဒီထက်ရှင်းတဲ့ လုပ်ရပ် ဘာရှိဦးမလဲ။ ဘယ်လောက် မိုက်မဲတဲ့ လုပ်ရပ်လဲ။
ဟုတ်တော့ ဟုတ်ပါတယ်လေ။ အာဏာရှင်စစ်အုပ်စုကို အရေခွံလဲထားတဲ့ ဦးသိန်းစိန်နဲ့တကွ အစိုးရမင်းများနဲ့
နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်နေတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေက ငြိမ်းချမ်းရေးကို
ဘယ်ကြိုက်ကြပါ့မလဲ။ ပြည်တွင်းစစ်ကို အရင်းတည် အောင်သေအောင်သား စားပြီး နှစ်ပေါင်း ၅၀
ကိုယ်ကျိုးစီးပွားရှာခဲ့ကြသူတွေဆိုတော့ ပြည်တွင်းစစ် မရပ်ချင်တဲ့ သူတို့ရဲ့သဘောထားကို အပြစ်တင်ရင်
အပြစ်တင်တဲ့သူသာ မှားပါပေတယ် ဖြစ်တော့မပေါ့။ နောက်ပြီး ပြည်တွင်းစစ်ကို ရပ်ဆိုင်းအောင် လုပ်လိုက်ရင်
ရှေ့နေသားအဖ ဥပမာလို တမလွန်က အာဏာရှင် ဗိုလ်နေ၀င်းက ဗိုလ်သန်းရွှေနဲ့ အပေါင်းအပါတွေကို
“မိုက်ပါ့ကွာ ၊ မင်းတို့ကို ငါ ကျွေးမွေးစောင့်ရှောက် ပြုစုပျိုးထောင်ခဲ့တာ အဲဒီပြည်တွင်းစစ်နဲ့ကွ” လို့
အပြစ်တင်ခံရမှာ စိုးလို့နေမှာပေါ့။
အဲဒီတော့ ‘သမ္မတကြီး’ ‘သမ္မတကြီး’ နဲ့ နှုတ်ဖျားက မချချင်သူတွေ၊ ဒေါက်တာသိန်းစိန် (မိတ်အင်ချိုင်းနား) ကို
ယုံမှတ်ပြီး ပုံအပ်ချင်တဲ့ ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေ သတိသာထားကြပေတော့။ ဘာကြောင့်လဲဆိုတော့
ငြိမ်းချမ်းရေးကျောက်တိုင်ကို ဖယ်ရှားတဲ့ လုပ်ရပ်ကို ကြည့်ရင် ဦးသိန်းစိန် ကြံ့ဖွံ့စစ်အစိုးရရဲ့ငြိမ်းချမ်းရေးနဲ့
ပတ်သက်တဲ့ သဘောထားဟာ ဒီ့ထက် ရှင်းတာတောင် ဒီလောက် ရှင်းမှာ မဟုတ်ဘူး ဆိုသလို ဖြစ်နေပြီမို့ပါ။

အဲဒီတော့ လိုအပ်တဲ့ တိုက်ပွဲတွေ ဆက်မ၀င်ချင်တော့ဘဲ ပူးပေါင်းဆောင်ရွက်ချင်သူတွေ၊ ပူးသတ်ချင်သူတွေ
ပူးပေါင်းကြပါ။ ပူးသတ်ကြပါ။ နောင်မှ ရူးမတတ် မခံစားကြရပါစေနဲ့ ...။
(၂၃-၉-၂၀၁၂)

ဆန္ဒစောလွန်းပြီး လူကျွံဘော မကြာမကြာ မိမှာစိုးတယ်
ကျနော့်အမြင် … ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
ကြံ့ဖွံ့စစ်အစိုးရအာဏာပိုင်တွေနဲ့ ပြေလည်ချင်ဇောအားကြီးပြီး ကြံ့ဖွံ့အစိုးရ၀န်ကြီးတွေနဲ့ လုံးထွေး၊ ၈
လေးလုံးနှစ်ပတ်လည် အခမ်းအနားအတွက် အလှူငွေတွေ လက်ခံ၊ ၀န်ကြီးနှစ်ပါးကို ‘စေတနာဝသန်’
စတိတ်ရှိုးကို ဖိတ်ခေါ် ကြည့်ရှုခိုင်း၊ ဂစ်တာ လေလံတင်ပြီး ခရိုနီတွေရဲ့ ငွေတွေကို လက်ခံနဲ့ …
ခရီးဆက်လာခဲ့တာ အခုတော့ ကြံ့ဖွတ်စစ်အစိုးရ အာဏာပိုင်တွေနဲ့ အတိဒုက္ခရောက်နေတဲ့
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ပြည်သူတွေအကြား ရွှေပြည်အေးတရား အဟောလွန်ပြီး
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ရတဲ့ကိန်းဆိုက်ခဲ့ပါပြီ။
ဒီကနေ့ဆို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်ရေး လှုပ်ရှားနေတဲ့ ဒေသခံ တောင်သူတွေက
ခေါင်းတလားတခုရဲ့ ရှေ့မှာ “ဦးပိုင်လူ (၈၈) နှစ်”၊ နံဘေးမှာ “ဦးနှမ်းဖြူး (စေ့စပ်ညှိနှိုင်းရေးမှူးကြီး) အသက်
(၈၈) နှစ်” လို့ ရေုးပြီး မီးရှို့ဆန္ဒပြခံရတဲ့အဆင့်အထိ ဖြစ်သွားခဲ့ပြီ။ ဖျက်လို့မရတဲ့ သမိုင်းတခုဖြစ်သွားခဲ့ပါပြီ။
ဒီကနေ့ ဖြစ်ရပ်ကိုကြည့်ပြီး အမှန်အတိုင်း ၀န်ခံရရင် ကျနော် လေးစားတန်ဖိုး ထားခဲ့ရတဲ့ ၈၈ မျိုးဆက်
အစ်ကိုတော်တွေ၊ ရွယ်တူ ညီအစ်ကိုအတွက် အတော့်ကို ၀မ်းနည်းစိတ်မကောင်း ဖြစ်မိပါတယ်။
ဒီလိုဖြစ်ခဲ့တဲ့အပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ စုဆုံပြီး ဖြစ်ရပ်အစ-အဆုံးအပေါ်
ခေါင်းအေးအေးထား သုံးသပ်အဖြေရှာကြစေလိုပါတယ်။ (ကို) ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း) လည်း
“ဖွတ်ဒေါင်းရဲ့ စွတ်ကြောင်း” ဆိုပြီး အကျယ်တ၀င့် သုံးသပ်ဝေဖန်ထားတာကို (စိတ်မဆိုး၊ ဒေါသမထွက်ဘဲ)
ဖတ်ကြည့်ပြီး အဖြေရှာကြည့်လို့ ရပါပြီ။
အဖြေရှာတဲ့အခါမှာ ... ပုထုဇဉ်သဘာဝ မာနတွေ ခေါင်းထောင်လာပြီး ဘာပဲဖြစ်ဖြစ် ဆင်သွားရင်
လမ်းဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ အဖြေမရှာဘဲ၊ နောက်တချက်က ကျနော်တို့ မြန်မာ့နိုင်ငံရေးလောကမှာ

စစ်အုပ်စုဘက်ကရော အတိုက်အခံအချင်းချင်းကြားမှာပါ ကိုယ်နဲ့မတူရင် အလွယ်တကူ
တံဆိပ်ကောက်တပ်ပေးလေ့ရှိတဲ့ အလေ့အထအတိုင်း ဒီကိစ္စကတော့ အကျိုးဆောင်ကွန်ရက်ကလူတွေ
မြှောက်ပေးတာ ဖြစ်မှာ၊ ‘ဗကသ’ မြှောက်ပေးတာ ဖြစ်မှာ၊ ‘ဗကသ’ နောက်မှာ ‘ဗကပ’ ရှိနေမှာပဲဆိုတဲ့
ရယ်စရာကောင်းတဲ့ ခေတ်ဟောင်းက စွပ်စွဲနည်းကားတွေနဲ့ အဖြေမရှာဘဲ ဓမ္မဓိဌာန်ကျကျ အဖြေထုတ်နိုင်စေဖို့
မျှော်လင့်ပါတယ်။
အဓိက အဖြေရှာရမှာကတော့ ဒီကနေ့ ဒီအချိန်အခါမှာ ပြည်သူလူထု (တကယ့် ‘ထု’) ရဲ့ စိတ်အခံက
ဘယ်လိုရှိနေသလဲ၊ တကယ့် ‘ထု’ ထဲမှာ ဘာတွေဖြစ်ပြီး ဘယ်လိုတွေ ခံစားနေရသလဲ ဆိုတာကို မှန်မှန်ကန်ကန်
စေ့ငုဖို့ လိုသလို၊ ဒီကနေ့ ဒီအချိန်အခါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အာဏာပိုင်ကို
အတင်းလိုက်ပြီး မျက်နှာချိုသွေး စေ့စပ်ရမယ့်အချိန်လား၊ အာဏာပိုင်တွေဘက်က
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မဖြစ်မနေ စေ့စပ်ရေးလုပ်ချင်လာအောင် (မြစ်ဆုံကိစ္စ၊ မီးကိစ္စ
ဆန္ဒဖော်ထုတ်ပွဲတွေတုန်းကလို) လိုအပ်တဲ့ တိုက်ပွဲတွေဆက်ဝင်ပြီး ဖိအားပေးရမယ့်အချိန်လား ဆိုတာကို
မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်ကြဖို့လည်း လိုတယ်လို့ ကျနော့်အနေနဲ့ ထင်မြင်မိပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအားလုံး မြန်မာပြည်၊ မြန်မာလူထုအကျိုးအတွက် အမှန်တကယ်
စေတနာထား လုပ်ဆောင်နေသူတွေဆိုတာကို ကျနော့်အနေနဲ့ အကြွင်းမဲ့ ယုံကြည်ပြီးသားပါ။ နောင်တော်၊
ညီအစ်ကိုတော်တွေရဲ့ ခေါင်းတွေအားလုံး စုဆုံ အဖြေရှာပြီး ရှေ့ခရီးမှာ ပြည်သူလူထုကို မှန်ကန်တဲ့
နိုင်ငံရေးလမ်းကြောင်းပေါ်ကနေ ဆက်လက် ဦးဆောင်မှုပေးနိုင်လိမ့်ဦးမယ်လို့ ကျနော့်အနေနဲ့
မျှော်လင့်ယုံကြည်နေဆဲပါ။
(၁၆-၉-၂၀၁၂)

ဟုတ်ယောင်ယောင် နိုင်ငံတော်အဆင့်
နိုင်ငံခြားသားဧည့်သည်တွေနဲ့ အတွေ့အပြု များလာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့
ဓာတ်ပုံတွေကို ကြည့်ပြီး ပြောချင်တာလေးတွေ အနည်းအကျဉ်း ရှိလာတယ်။ တချိန်တုန်းကများဆို
ဒီမိုကရေစီရေးလှုပ်ရှားသူတွေအနေနဲ့ နိုင်ငံခြားသားတယောက်ယောက်နဲ့ စကားပြောဖို့အရေး
စစ်အစိုးရလက်ကိုင်တုတ်တွေရဲ့ စောင့်ကြည့်စက်ကွင်း လွတ်မလွတ်ကို ကျီးကြည့်ကြောင်ကြည့်
ချက်ကင်လုပ်ရတာအမော။ ဒေါ်အောင်ဆန်းစုကြည် ခြံထဲ သံရုံးကား ဘယ်နှစီး ၀င်တာက အစ၊ သံရုံးနဲ့
ဆက်သွယ်တာ အလယ်၊ ဒီမိုကရေစီတိုက်ပွဲဝင်တဦး လမ်းဘေး သေးပန်းတာအဆုံး မှတ်တမ်းတင်နေခဲ့တဲ့
ကာလတုန်းကပေါ့။
အခုတော့ အဲလိုမဟုတ်တော့ဘူး။ ဦးသန်းရွှေကြီးက ဗျူဟာပြောင်း၊ ကစားကွက်ပြောင်းလိုက်တယ်။
ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို နိုင်ငံခြားသားဧည့်သည်တွေ၊ သတင်းထောက်တွေ လွတ်လွတ်လပ်လပ်
ဝင်ခွင့်ပေးလိုက်ရုံမက နိုင်ငံတော်အဆင့် အလည်အပတ်လာတဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ပါ
ဆွေးနွေးခွင့်၊ သတင်းစာရှင်းလင်းပွဲလုပ်ခွင့်၊ ခြံထဲ လမ်းလျှောက် စကားပြောဆိုခွင့်တွေပါ ခွင့်ပြုလိုက်တယ်။
နိုင်ငံခြားသားဧည့်သည်တွေ၊ သတင်းထောက်တွေ၊ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်အဖွဲ့တွေနဲ့
ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်၊ ဆုံခွင့်၊ သတင်းစာရှင်းလင်းခွင့်တွေ ရပြီးနောက်ပိုင်းမှာ နှစ်ဆန်းပိုင်းကမှ
အကျဉ်းထောင်တွေက လွတ်မြောက်လာကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကိုလည်း
နိုင်ငံခြားသားဧည့်သည်တွေ၊ ကိုယ်စားလှယ်အဖွဲ့တွေက တွေ့ကြ၊ ဆုံကြ၊ မေးမြန်းကြ ဆိုတာမျိုးတွေ ခပ်စိပ်စိပ်
တွေ့လာရတယ်။ အခုလို လွတ်လွတ်လပ်လပ် တွေ့ခွင့်၊ ဆုံခွင့်၊ မေးမြန်းဆွေးနွေးခွင့်တွေ ရလာတာဟာ
အရင်ကထက်စာရင် ပိုမိုပွင့်လင်းလာမှုအဖြစ် အကောင်းဘက်က ကြိုဆိုရမှာပါ။
ဒါပေမယ့် ခက်တာက ... ဘာ ‘အာဏာ’ မှ မရှိသေးဘဲ ပေးဆပ်ခဲ့မှုတွေအတွက် ထင်ပေါ်ကျော်ကြားမှု၊
ပြည်သူလူထုက ကြည်ညိုလေးစားတဲ့အတွက် အရှိန်အ၀ါကြီးမှုဆိုတဲ့ ‘သြဇာ’ လောက်သာ ရှိသေးတဲ့
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီတိုက်ပွဲဝင် ခေါင်းဆောင်တွေဟာ နိုင်ငံခြားသားဧည့်သည်တွေနဲ့
တွေ့နေရတဲ့ အချိန်တွေ ပိုပိုများလာပြီး ကိုယ့်လူထုနဲ့ ထိတွေ့တဲ့အချိန် ပိုပိုနည်းလာသလို တွေ့မြင်လာရတယ်။
ဒါသည်ပင်လျှင် ဦးသန်းရွှေကြီးရဲ့ ဗျူဟာအသစ်များလားလို့ ကျနော် တွေးနေမိတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်
ခေါင်းဆောင်တွေနဲ့ အောက်ခြေလူထု ထိတွေ့ဆက်ဆံချိန် နည်းသထက်နည်းအောင် ကွင်းဆက်ဖြတ်တဲ့
နိဿရည်းသစ်တခုပေါ့။

အဲသလို နိုင်ငံခြားဧည့်သည်တွေ၊ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ မကြာခဏ ထိတွေ့ဆက်ဆံ
စကားပြောလာရတော့ ဒီမိုကရေစီတိုက်ပွဲဝင် ခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာ မပြီးဆုံးသေးတဲ့
တိုက်ပွဲဆိုတာကြီးကို မေ့လျော့သွားပြီး အာဏာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ စဉ်းစားပုံ စဉ်းစားနည်းကားတွေနဲ့
အချိန်ကုန်နေမှာကို စိုးတာပါ။ နောက်တချက်က ကိုယ့်ကိုယ်ကိုယ် နိုင်ငံတော်အဆင့်ဆိုတဲ့ စိတ်ကြီးဝင်မှုတွေ
ပိုပိုများလာပြီး တကယ်ဒုက္ခရောက်နေတဲ့ အောက်ခြေလူထုနဲ့ ထိတွေ့ဆက်ဆံရမှာကို မေ့လျော့ကုန်မှာ စိုးတာပါ။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီတိုက်ပွဲခေါင်းဆောင်တွေအပေါ် ဦးသန်းရွှေကြီး
စမ်းသပ်လျှောက်လှမ်းခွင့်ပေးထားတဲ့ ဗျူဟာသစ်က လက်တွေ့ ဘာအာဏာမှ မရှိ၊ ဘာလုပ်ပိုင်ခွင့်မှ မရှိတဲ့
“ဟုတ်ယောင်ယောင် နိုင်ငံတော်အဆင့်” ပါ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီတိုက်ပွဲက မပြီးဆုံးသေးပါ။ အဲဒီ
မပြီးဆုံးသေးတဲ့ တိုက်ပွဲကို ခေါင်းဆောင်တွေနဲ့ လူထုတွေ တက်ညီလက်ညီ ရှေ့ဆက်နေမှာစိုးလို့
ခေါင်းဆောင်တွေ အဲသလို ဟုတ်ယောင်ယောင် နိုင်ငံတော်အဆင့်မှာ သာယာနေကြအောင်များ
ဦးသန်းရွှေကြီးက ဂွင်ဆင်ပေးထားလေသလားလို့ စဉ်းစားနေမိတာပါ။ အဲဒါကြောင့်မို့လည်း “ခေါင်းဆောင်ဆိုတာ
ဆန္ဒပြတဲ့ နေရာတိုင်း သွားဖို့ မလိုတော့ဘူး” ဆိုတဲ့ အပြောမျိုးတွေ၊ “မိုးထိမိုးမိနဲ့ ဆားလင်းကြီးကို မသွားနိုင်တာ
နိုင်ငံခြားဧည့်တွေနဲ့ အလုပ်အရမ်းရှုပ်နေလို့” ဆိုတဲ့ ဆင်ခြေမျိုးတွေ၊ “အခုအချိန်က ‘ခွပ်’ ရမယ့်အချိန်
မဟုတ်တော့ဘူး၊ ‘က’ ရမယ့်အချိန်” ဆိုတဲ့ သုံးသပ်ချက်မျိုးတွေ ထွက်ပေါ်လာတာလို့ ထင်မိတယ်။
လွန်တာရှိ ၀န္ဒာမိပါ။
(၁၄-၉-၂၀၁၂)

ပါးစပ်ကို တံတွေး ဆွတ်ကယ် ဆွတ်ကယ်နဲ့ ...
ပြီးခဲ့တဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ ကိုမင်းကိုနိုင်က “လွန်ခဲ့တဲ့ ၂၄ နှစ်ကို ပြန်ကြည့်ရင်
ကျနော်တို့ ပေါက်ကွဲသံတွေနဲ့ တက်ခေါက်သံတွေနဲ့ ဒို့အရေးသံတွေနဲ့ ပဲ့တင်ထပ်ခဲ့တာ။ ဒီနေ့တော့
ပြန်လည်သင့်မြတ်ရေးဆိုတဲ့ တေးကို ကျနော်တို့ ကြိုးညှိနေကြပြီ” လို့ အကောင်းမြင်စိတ်နဲ့ အမှတ်တရစကား
ပြောကြားသွားတာ နားထောင်လိုကရ
် ပါတယ်။ ကိုမင်းကိုနိုင် ပြောသလို တကယ်ပဲ
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးညှိနေချိန်ဆို အတိုင်းမသိ ၀မ်းမြောက်စရာပါ။ ကိုမင်းကိုနိုင်က
ဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့လို သမ္မတရုံးဝန်ကြီးတွေနဲ့ အနီးကပ် ထိတွေ့ဆက်ဆံခွင့်ရနေသူဖြစ်လို့
ဦးသိန်းစိန်တို့ဘက်က ကတိစကားတခုခု ရထားလို့များ ဒီလိုအကောင်းမြင်စကား ပြောတာလားတော့
မသိနိုငဘ
်ူးပေါ့။
ကျနော်တို့လို အဝေးမြင်မှာကတော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ကိုမင်းကိုနိုင်တို့လို အထင်ကရ အတိုက်အခံ
ခေါင်းဆောင်တွေဘက်ကသာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တဖက်သတ် အလျှော့ပေး
ကြိုးညှိနေတာတွေ့ရပြီး ဦးသိန်းစိန်အစိုးရနဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ စစ်အုပ်စုဘက်ကတော့ ကြိုးညှိဖို့
နေနေသာသာ ရခိုင်အဓိကရုဏ်းကို ဖန်တီး၊ ကချင်ထိုးစစ်ကို မရပ်၊ အပစ်အခတ်ရပ်ထားတဲ့ ရှမ်း/မြောက်
တပ်မတော်ကိုလည်း ပြန်တိုက်၊ ပလောင် (တအောင်း) မှာလည်း ထိုးစစ်တွေ ပြင်းထန်၊ မိုးထိမိုးမိနဲ့
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာလည်း လုံထိန်းတွေ ဖွေးဖွေးလှုပ်၊ အလုပ်သမား၊ လယ်သမား
အကူအညီပေးရေး ပြည်သူ့အကျိုးဆောင်ကွန်ရက်တွေက ပုဂ္ဂိုလ်တွေကိုလည်း
ကြံ့ဖွံ့အစိုးရလက်ကိုင်တုတ်တွေက ခွေးဆွဲသလို အလစ်အငိုက် ဖမ်းဆီး … စတဲ့ ကျူးကျော်ဖိနှိပ်တဲ့
လုပ်ရပ်တွေကိုပဲ စက်ဆုပ်ဖွယ်ကောင်းလောက်အောင် တရစပ် လုပ်ဆောင်နေတာ တွေ့နေရတယ်။
ပြောရရင် မတရားမှုတွေ တင်းကျမ်းပေါ်ထွက်လာတဲ့ အခုလို အချိန်အခါမျိုးမှာမှ “နောက်ကြောင်းပြန်လှည့်မှာ
စိုးလို့” ဆိုတဲ့ အကြောင်းပြချက်နဲ့ အရင်က ရဲရဲတောက်ခဲ့တဲ့ နိုငင
်ံတကာသိ နာမည်ကျော် အတိုက်အခံ
ပုဂ္ဂိုလ်တွေရဲ့ ပင်ကိုယ်စရိုက်လက္ခဏာတွေ ပျောက်ဆုံးနေကြတာဟာဖြင့် တော်တော့်ကို ၀မ်းနည်းဖို့
ကောင်းပါတယ် (ဒါကို “နိုင်ငံရေးအမြော်အမြင်ရှိလို့ ဒီလိုနေကြတာဟေ့” လို့ ကြံဖန်ဂုဏ်ယူနေကြရင်ဖြင့် …
မကြာမတင်အချိန်ကာလမှာ အဖြေပေါ်လာမှာမို့ နေကြပေါ့လေလို့ပဲ ပြောရုံမှတပါး ...)။ ခေါင်းဆောင်တွေ
ပင်ကိုယ်စရိုက်လက္ခဏာ ပျောက်ဆုံးနေကြသလို ပြည်သူအားလုံးကပါ လိုက်ပြီး ကိုယ်ပိုင်စရိုက်လက္ခဏာတွေ
ပျောက်ဆုံးကုန်မှဖြင့် မြန်မာပြည်ကြီးအတွက်တော့ မတွေးရဲစရာ …။

အားမနာတမ်းပြောရရင်တော့ အခုအချိန်ဟာ ကြံ့ဖွံ့စစ်အစိုးရက နိုင်ငံတကာသိ အတိုက်အခံပုဂ္ဂိုလ်တွေ၊
အဖွဲ့အစည်းတွေကို ‘မျက်နှာကြီးရာ ဟင်းဖတ်ပါ’ ဆိုတဲ့ ဒီမိုကရေစီအမျိုးအစား သီးသန့်ချီးမြှင့်ထားပြီး
ဒီမိုကရေစီဆုတံဆိပ်တွေရ နိုင်ငံတကာသိ အတိုက်အခံပုဂ္ဂိုလ်တွေဘက်ကတော့ ဦးသိန်းစိန်တို့ ပေးအပ်ထားတဲ့
အခွင့်ထူးခံ ဒီမိုကရေစီအတွက် ‘တေမိ’ အပြုအမူနဲ့ ပြန်လည်ကျေးဇူးဆပ်နေကြတဲ့ အချိန်လို့ ပြောရမှာပဲ။
တနည်းပြောရရင် ဦးသိန်းစိန်အစိုးရက ပြည်တွင်းနဲ့ ပြည်ပအတိုက်အခံတွေကြား၊ မျက်နှာကြီးနဲ့ မျက်နှာမွဲ
ပြည်တွင်းအတိုက်အခံအချင်းချင်းကြား လှလှပပ သွေးခွဲသပ်လျှိုဖြိုခွဲနေတဲ့ အချိန်ပေါ့။ နိုင်ငံရေးဆိုတာ
ကြိုတင်ခန့်မှန်းလို့ မရတဲ့အမျိုးမို့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ပိတ်ကားပေါ်မှာ ဆက်ပြီး
စောင့်ကြည့်ရမှာပေါ့လေ။
ဒါပေမယ့် ကျနော့်အထင်ကတော့ အခုအချိန်ဟာ ကိုမင်းကိုနိုင် ပြောသလို
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမှန်တကယ် ကြိုးညှိနေချိန်လို့ အကောင်းမြင်ဖို့ထက် တရုတ်နဲ့ ရခိုင်ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းအပြီး၊ ကျွန်းဆွယ်ပွဲ လက်ခံကျင်းပအပြီး၊ အာဆီယံဥက္ကဌ
လုပ်အပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကာလမှာ အတိုက်အခံတွေကို ပယ်ပယ်နယ်နယ် တီးဖို့
ဦးသိန်းစိန်တို့ဘက်က ပါးစပ်ကို တံတွေး ဆွတ်ကယ် ဆွတ်ကယ်နဲ့ ပတ်စာ အတိုးအလျှော့ လုပ်နေတဲ့
အချိန်ကာလဖြစ်ဖို့ ပိုများတယ်လို့ ထင်မြင်မိကြောင်းပါ။ ဘာဖြစ်လို့ ပယ်ပယ်နယ်နယ် တီးမှာလဲဆိုတော့ အဓိက
က ကြံ့ဖွတ်အစိုးရနဲ့ နောက်ကွယ်က စစ်အုပ်စု (ကာလုံ) အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်လိုမျိုး
ထပ်အဖြစ်ခံနိုင်မှာ မဟုတ်ဘူးလို့ ယူဆမိလို့ပါပဲ။ (အဆိုးမြင်လွန်းတယ်လို့ ထင်ရင်လည်း အဆိုးတွေပဲ
မြင်ရတာက ပိုများနေလို့ပါလို့ လျှောက်လှဲပါရစေ)။
အဲဒါကြောင့်မို့ ကျနော့်အနေနဲ့ အကြံပြုချင်တာကတော့ ကိုမင်းကိုနိုင် ပြောတဲ့ အကောင်းကို နည်းနည်းပဲ
မျှော်လင့်သင့်ပြီး (ပူးတွဲပါ ကာတွန်းလေးထဲကလို) သူတို့ဘက်က ကြိုးမညှိဘဲ ကြိုးပြန်တင်းတဲ့အခါမှာ
ဘယ်လိုခံနိုင်ရည်မျိုးနဲ့ တတိုင်းတပြည်လုံး တုံ့ပြန်ကြမလဲဆိုတာကိုလည်း ခေါင်းဆောင်တွေအနေနဲ့
လေးလေးနက်နက် စဉ်းစားပြင်ဆင်ထားဖို့ လိုမယ်လို့ ထင်မြင်မိပါကြောင်း … ။ ။
(၆-၉-၂၀၁၂)

အိုင်းအနာကြီးပေါ်က အနာလေးကိစ္စ
တကယ်တော့ စစ်အာဏာရှင်စနစ်ဆိုတာက မြန်မာနိုင်ငံဆိုတဲ့ ခန္ဓာကိုယ်ကြီးပေါ်မှာ နှစ်ပေါင်း ၅၀ ကျော်
အမြစ်တွယ် ဒုက္ခပေးလာတဲ့ အိုင်းအနာကြီးပါ (အခုအထိလည်း ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ စစ်အုပ်စုက
စစ်အာဏာရှင်စနစ်ကို ပုံစံသစ်တမျိုးနဲ့ ခေတ်မီမီ အသက်သွင်းနိုင်အောင် အားသွန်ခွန်စိုက် ကြိုးစားနေဆဲ
ဆိုတာကို မြင်တတ်သူတွေ တွေ့နိုင်မှာပါ)။
တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ ဘင်္ဂလီအရေး၊ တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ တရုတ်လူမျိုးများအရေး …
ဆိုတာတွေက မှားယွင်းအုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ သက်ဆိုင်ရာ ၀န်ထမ်းတွေ အူမ မတောင့်
သီလမစောင့်နိုင်ကြဘဲ အကျင့်ပျက်ခြစားခဲ့မှုတွေကြောင့် ဖြစ်တည်လာရတဲ့ ဆင့်ပွားအနာတခုပါ။
ပြောရရင် အိုင်းအနာကြီးကို အမြစ်ပြတ်ပျောက်ကင်းအောင် အလျင်အမြန် မကုသနိုင်ခဲ့တဲ့အတွက်
နောက်ဆက်တွဲ ဖြစ်လာရတဲ့ ဆင့်ပွားအနာပါ။ သူ့ချည်းပဲဆို ‘အနာလေး’ လို့ မဆိုသာပေမယ့် အိုင်းအနာကြီးနဲ့
ယှဉ်လိုက်ရင်တော့ အနာကြီးပေါ် အနာလေး ဆင့်လာခြင်းပါပဲ။ မြန်မာနိုင်ငံတော်ကြီး အရှည်သဖြင့်
တည်တံ့ထွန်းကားရေးအတွက်ဆို ဒီအနာလေးကိုလည်း ပျောက်ကင်းအောင် ကုသရမှာ အမှန်ပါပဲ။
ဒါပေမယ့် အိုင်းအနာကြီးပေါ်မှာ ဆင့်နေတဲ့ အနာလေးဖြစ်တဲ့အတွက် အိုင်းအနာကြီးကို အမြစ်ပြတ်
ပျောက်ကင်းအောင် မကုသနိုင်ဘဲ ဒီအနာလေးကို ပျောက်ကင်းအောင် ကုနိုင်မှာ မဟုတ်ပါဘူး။
ကချင်အရေး၊ လယ်သမားအရေး၊ အလုပ်သမားအရေး တိုက်ပွဲဝင်မှု … ဆိုတာတွေက မြန်မာပြည်သူတွေ
လျစ်လျူရှုခဲ့လို့ အရေးနိမ့်ခဲ့ရင် စစ်အာဏာရှင်နစ်ဆိုတဲ့ အိုင်းအနာကြီးကို ပိုပြီးရင်း ပိုပြီးကြီးထွားလာစေမှာ
ဖြစ်သလို အောင်မြင်တဲ့အထိ ညီညီညတ
ွ်ညတ
ွ် စုစုစည်းစည်း တိုက်ပွဲဝင်နိုင်ခဲ့ရင် စစ်အာဏာရှင်စနစ်ဆိုတဲ့
အိုင်းအနာကြီးကို လုံးဝ အမြစ်ပြတ်ပျောက်ကင်းသွားစေတဲ့အထိ တက်လှမ်းသွားနိုင်မယ့်
ပြည်သူ့အရေးကိစ္စတွေပါ။
အဲဒါကြောင့် အိုင်းအနာကြီးပေါ်က အနာလေး ပျောက်ကင်းရေးအပေါ် လတ်တလော တိမ်းညွတ်နေကြသူတွေကို
စစ်အာဏာရှင်စနစ်ဆိုတဲ့ အိုင်းအနာကြီးကို လုံးဝ အမြစ်ပြတ်ပျောက်ကင်းအောင် အရင်ကုသရေး
ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းချင်ပါတယ်။

အိုင်းအနာကြီး အမြစ်ပြတ်ပျောက်ကင်းမှသာ တဖြေးဖြေး သေးကျုံ့လာမယ့် တရားမ၀င် လူမျိုးခြားအရေး
အနာကို အမာရွတ်ပါ မကျန်အောင် လူသားဆန်တဲ့ နည်းတွေနဲ့ ကျနော်တို့ ဆက်လက်ကုစားကြပါစို့လို့
တိုက်တွန်းပါရစေခင်ဗျား။
(၅-၉-၂၀၁၂)

တွေ့ဆုံဆွေးနွေးမှု ပိုအသက်ဝင်လာစေဖို့၊ ပိုပြီး အဓိပ္ပာယ်ရှိလာစေဖို့ …
ကျနော် နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေ ရေးဖြစ်ခဲ့တယ်ဆိုတာက မြန်မာ့အရေးကျွမ်းကျင်သယောင်ယောင်၊
ဘာအကဲခတ်၊ ညာအကဲခတ်ယောင်ယောင် ယောင်ခြောက်ဆယ် ဆရာကြီးအထာနဲ့ ရေးသားခြင်းမျိုး
မဟုတ်ရပါ။ ဇာတ်ပွဲတပွဲကို စင်ရှေ့က ကြည့်ဖြစ်တဲ့ သာမန်ပွဲကြည့်ပရိသတ်တယောက်ရဲ့ အမြင်မျိုးနဲ့သာ
ရေးသားခြင်းဖြစ်ပါတယ်။ တနည်းပြောရရင် အမိမြန်မာပြည်ကြီး ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းတာကို
မြင်တွေ့လိုတဲ့ သာမန်ပြည်သူတယောက်က ကိုယ့်တိုင်းပြည်ရဲ့ ကောင်းကျိုးအထွေထွေအတွက် ရည်မျှော်ပြီး
ကိုယ်မြင်တာကို မြင်တဲ့အတိုင်း မထောက်မညှာ ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်ရေးသားခြင်းမျှရယ်သာ
ဖြစ်ပါတယ်။ ဇာတ်စင်ရှေ့ကနေ (အလကားကြည့်ရတယ် ဆိုဦး၊ အနည်းဆုံး အိပ်ရေးအပျက်ခံပြီး) အားပေးတဲ့
ပွဲကြည့်ပရိသတ်တယောက်မှာ ကိုယ်ကြည့်ရတဲ့ ပြဇာတ်၊ နှစ်ပါးခွင် ကောင်းရင် ဘာကြောင့် ကောင်းတယ်၊
မကောင်းရင် ဘာကြောင့် မကောင်းဘူးဆိုတဲ့ အကျိုးသင့် အကြောင်းသင့် ပြောဆိုဝေဖန် အကြံပေးနိုင်တဲ့
အခွင့်အရေးမျိုး ရှိတယ်လို့ ယူဆတာကလည်း တကြောင်းပေါ့လေ။
အဲဒီလို ဝေဖန်သုံးသပ်ရေးသားရာမှာ ကိုယ်ကြည့်ရတဲ့ ပြဇာတ်၊ နှစ်ပါးခွင်ကို ကောင်းလိုက်တာ၊ မိုက်လိုက်တာ၊
အနုပညာမြောက်လိုက်တာလို့ ၀မ်းသာအားရ ချီးကျူးထောမနာပြု ရေးသားမိတဲ့အခါမျိုး ရှိနိုင်သလို ညံ့လိုက်တာ၊
မမိုက်ပါဘူး၊ ချာတူးလန်နေတာပဲကွာလို့ သာမန်ပရိသတ် (၀ါ) သာမန်ပြည်သူတယောက်ရဲ့
စေတနာဒေါသောစိတ်နဲ့ ဝေဖန်ရေးသားမိတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲဒီလို စေတနာဒေါသောနဲ့
ရေးသားမိတဲ့အခါမျိုးမှာ “ဟဲ့ အကောင်၊ နင်ဘာသိလို့လဲ၊ ဒီနေ့ ပြဇာတ်မကောင်းတာ မင်းသမီး သူ့ရည်းစားနဲ့
စိတ်ကောက်နေလို့ဟဲ့” “နှစ်ပါးခွင် မကောင်းတာက မင်းသမီး ကလေးနို့တုက
ိနေရင်း ကမန်းကတန်း
ထွက်ကရလို့ပါဟဲ့၊ ဒါလေးတောင် မသိဘဲ လျှောက်ရေးနေရလား” ဆိုတဲ့ ဆင်ခြေဆင်လက်မျိုးတွေနဲ့ သတ်မယ်၊
ဖြတ်မယ်ဆိုတဲ့အထိ ဆူပူကြိမ်းမောင်း မာန်မဲခံရတာမျိုးတွေလည်း ကြုံရတတ်လေရဲ့။ ကျနော်ကလည်း
ကျနော်ပါပဲလေလို့ပဲ ပြောရမယ်ထင်တယ်။ ကိုယ်က ပြဇာတ်၊ နှစ်ပါးခွင် ကောင်းမကောင်းကိစ္စလောက်ပဲ
စိတ်ဝင်စားပြီး သူတို့လို မင်းသား၊ မင်းသမီးရဲ့ ပုဂ္ဂိုလ်ရေးကိစ္စ၀ိစ္စတွေကို စိတ်မှမ၀င်စားတာပဲကိုး
(စိတ်ဝင်စားချင်တယ်ဆိုရင်လည်း ကျနော်က ထိုထိုသော သူတို့လို အနားတောင်သီခွင့်မရခဲ့သူ ဆိုပါတော့လေ။

ကံဆိုးလေစွပေါ့)။
ဒါပေမယ့် ကျနော့်အနေနဲ့က ကိုယ်ကြည့်ရတဲ့ မင်းသား၊ မင်းသမီး (၀ါ) နိုင်ငံရေးဇာတ်ခုံပေါ်က
ခေါင်းဆောင်တွေကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်ဝေဖန်ခြင်းမျိုးမဟုတ်ဘဲ သူတို့ ပါဝင်ကပြနေတဲ့ ပြဇာတ်၊
နှစ်ပါးခွင်ကောင်းကောင်းကို ကြည့်ချင်တဲ့စိတ် (၀ါ) အမိမြန်မာပြည်ကြီးရဲ့ကောင်းကျိုးချမ်းသာအတွက်သာ
ရည်မျှော်ပြီး ဝေဖန်ရေးသားခြင်းမျိုးဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်သလို ဆူပူကြိမ်းမောင်း
မာန်မဲတတ်သူတွေကိုလည်း အပြစ်မမြင်မိရိုးအမှန်ပါ။ သြော် … သူတို့လည်း ပုထုဇဉ်တွေမို့ ပုဂ္ဂိုလ်ရေးအရ
သူတို့ချစ်ခင်နှစ်သက်တဲ့ မင်းသား၊ မင်းသမီး (၀ါ) သူတို့လေးစားကြည်ညိုတဲ့ (ကျနော်လည်း
ထိုနည်း၎င်းပါပဲခင်ဗျာ) ခေါင်းဆောင်ကို အထိမခံ ကြွေပန်းကန်စိတ်နဲ့ ယမ်းပုံမီးကျတာနေမှာပဲလေ ဆိုပြီး
အသင့်အတင့် နှလုံးသွင်းတတ်ခဲ့လို့ အခုလို အနေမှန်၊ အစားမှန်၊ အအိပ်မှန်နဲ့ ကျန်းမာဝဖြိုး
အလှတိုးနေခြင်းပါတကားလို့ ကိုယ့်ကိုယ်ကိုယ် မုဒိတာပွားနေမိပြန်ရဲ့။
အခုလည်း မြန်မာ့နိုင်ငံရေးဇာတ်ခုံကြီးပေါ်မှာ (လောလောလတ်လတ် အဟော့ဆုံး အစ်ရှူးဖြစ်နေတဲ့)
ဒီမိုကရေစီဘက်တော်သားတွေရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ကြံ့ဖွံ့အစိုးရဘက်က
ကိုယ်စားလှယ်တော် ဦးအောင်ကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို မြင်တွေ့နေရလေရဲ့။ သူတို့နှစ်ဦး တကယ်ပဲ
စိတ်ပါလက်ပါ တွေ့ဆုံနေကြတာလား၊ ‘အင်’ ကြီးလား ဆိုတာကို (၂၃ နှစ်တာ ပလုံစွပ်ဖြစ်ခဲ့ပြီးကြတဲ့)
ဒီမိုကရေစီဘက်တော်သားများ၊ နိုင်ငံရေးစိတ်ဝင်စားသူများ ပါးစပ်အဟောင်းသား (သံသယစိတ်) နဲ့ ငေးမောရင်း
တီးတိုး တီးတိုး၊ ပွစိ ပွစိ သုံးသပ်နေကြလေရဲ့။
အဲဒီလို ပါးစပ်အဟောင်းသား ငေးမောနေမိတဲ့အထဲမှာ ကျနော်လည်း ပါလေသပေါ့။ ဒါပေမယ့် ကျနော်က
ပါနေရုံ၊ တီးတိုးပွစိ ပြောနေရရုံနဲ့ အားမရနိုင်ဘဲ ထုံးစံအတိုင်း (အမိမြန်မာပြည်ကြီးရဲ့
ကောင်းကျိုးချမ်းသာအတွက် ရည်မျှော်ပြီး) ကိုယ်မြင်တာလေးကို မြင်တဲ့အတိုင်း ပြောချင်တဲ့စိတ်ကလေး
ရွပိုးထိုးလာပြန်တယ်ဆိုပါတော့။ အဲဒီတော့ အခုလို မနေနိုင်မထိုင်နိုင် ရေးမိပြန်လေပြီပေါ့လေ။
ကျနော့်အနေနဲ့ ထင်မြင်မိတာတွေကတော့ …
ထင်မြင်ချက် (၁) ။ ။ အခု လောလောလတ်လတ် ၂ ကြိမ် တွေ့ဆုံမှုဟာ အရင် ၉ ကြိမ်တွေ့ဆုံမှုနဲ့ အနည်းငယ်
ကွဲပြားတယ်လို့ မြင်မိပါတယ်။ အခု ၂ ကြိမ် တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည် ပြင်ပမှာ လွတ်လွတ်လပ်လပ်
နေထိုင်တွေးတောခွင့်ရှိနေချိန်၊ အများပြည်သူနဲ့ ထိတွေ့ဆက်ဆံခွင့်ရနေချိန်မှာ တွေ့ဆုံတာမျိုးဖြစ်လို့
အရင်အကျယ်ချုပ်ကျနေချိန် ၉ ကြိမ် တွေ့ဆုံမှုနဲ့ အနည်းငယ် ကွာဟထူးခြားတယ်လို့ မြင်မိတာပါ။
ဘယ်လိုထူးခြားတာလဲဆိုတော့ အရင် ၉ ကြိမ်မှာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ တယောက်တည်း စဉ်းစားဆုံးဖြတ်
တွေ့ဆုံနေရပြီး အခုတွေ့ဆုံမှုတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ အပါအ၀င် မြန်မာနိုင်ငံတော်ကြီး
ကောင်းကျိုးချမ်းသာဖြစ်ထွန်းတာကို မြင်တွေ့လိုတဲ့ ပြည်တွင်းပြည်ပက ပုဂ္ဂိုလ်အားလုံးနဲ့
တိုင်ပင်ဆွေးနွေးခွင့်ရနေတာမို့ ဒီမိုကရေစီဘက်တော်သားတွေဘက်က အခွင့်အရေး အနည်းငယ်ပိုရလာတဲ့
သဘောမျိုး ထူးခြားမှုပါ (အကြံကောင်း ဉာဏ်ကောင်းတွေ တပုံတပင်နဲ့ ဆွေးနွေးနိုင်တဲ့ အခွင့်အရေးမျိုး
ရလာတဲ့သဘောပေါ့)။
ထင်မြင်ချက် (၂) ။ ။ တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘယ်လိုအချိန်အခါမျိုးမှာမဆို သွေးရိုးသားရိုး
ရှိပြီးသားဆိုတာကို ယုံမှားသံသယဖြစ်စရာမရှိပေမယ့် ဦးအောင်ကြည်ဘက်က တွေ့ဆုံလာရင်းကိစ္စကတော့

သွေးရိုးသားရိုးမရှိတာကို လတ်တလော နိုင်ငံရေးဖြစ်စဉ်တွေက ထင်ဟပ်ပြနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
နအဖစစ်အုပ်စုလက်ထက်က ခန့်အပ်ထားခဲ့တဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် ဆိုတာကို အခု ဦးသိန်းစိန်တို့
အစိုးရလက်ထက်မှာ တရားဝင် ဆက်လက်ခန့်အပ်တယ်လို့ ဆွေးနွေးပွဲမတိုင်ခင် ကြေညာခြင်း
မရှိခဲ့တာကတကြောင်း (အရင်စစ်အစိုးရနဲ့ အခုကြံ့ဖွံ့အစိုးရနဲ့ အတူတပ
ဲူလို့ သဘောထားလို့လားမသိ)၊
ဂျွန်မက်ကိန်း လာစဉ်တုန်းက ဒု-သမ္မတ ဦးတင်အောင်မြင့်ဦးကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို သာမာန်
ပြည်သူတယောက်လိုပဲ သဘောထားတယ်လို့ ပြောခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်သာ
သာမန်ပြည်သူတယောက်ဆိုရင် ဦးအောင်ကြည်က အခုလို ဆိုင်းမဆင့်ဗုံမဆင့် ကောက်ခါငင်ကာ လာခေါ်ပြီး
ဗြုန်းစားကြီး တွေ့ဆုံစရာမရှိတာကတကြောင်းကြောင့် သွေးရိုးသားရိုးမဟုတ်ဘူးလို့ သုံးသပ်မိတာပါ။
အဲသလို သွေးရိုးသားရိုးမရှိမှုကတော့ နအဖစစ်အုပ်စုလက်ထက်ကတည်းက ၉ ကြိမ် တွေ့ဆုံခဲ့မှုမှာလည်း
ထိုနည်း၎င်းလို့ပဲ ပြောရမှာပါ။ ဒါပေမယ့် အခု ၂ ကြိမ်တွေ့ဆုံမှုနဲ့ အရင် ၉ ကြိမ်တွေ့ဆုံမှုမှာ
ဦးအောင်ကြည်ဘက်က သွေးရိုးသားရိုးမရှိပုံချင်းတော့ မတူဘူးလို့ ကျနော် မြင်မိတယ်။
နအဖစစ်အုပစ
်ုလက်ထက် သွေးရိုးသားရိုး မရှိမှုက ရွှေဝါရောင်တော်လှန်ရေးနဲ့ ထိုစဉ်က ၂၀၁၀ ရွေးကောက်ပွဲ
အောင်မြင်ဖြစ်မြောက်ရေး အပါအ၀င် နိုင်ငံရေးအကျပ်တည်းအချို့ကို လွန်မြောက်ချင်လို့
နေအိမ်အကျယ်ချုပ်ထဲက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ရှိုးပြီး လွတ်လမ်းရှာတဲ့ သွေးရိုးသားရိုးမရှိမှုဖြစ်ပြီး
အခု ၂ ခေါက်မှာ သွေးရိုးသားရိုးမရှိမှုကတော့ နိုင်ငံရေးအကျပ်အတည်းဆိုတာထက် နိုင်ငံတကာဆက်ဆံရေးမှာ
လူရာပိုဝင်ပြီး (အာဆီယံဥက္ကဌနေရာ ရချင်တာမျိုး) သူတို့အပေါ် နအဖစစ်အုပ်စုလက်ထက်ကအတိုင်း
ဆက်လက်အရေးယူထားတဲ့ ပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေးအောင် သဘောထားပျော့ပျောင်းချင်ယောင်ဆောင်တဲ့
သွေးရိုးသားရိုးမရှိမှုလို့ ကျနော်မြင်ပါတယ်။ အာရပ် ကမ္ဘာမှာ ရိုက်ခတ်နေတဲ့ ဒီမိုကရေစီလှိုင်းတွေ မြန်မာပြည်ကို
ရိုက်ခတ်လာမှာကြောက်ပြီး တွေ့ဆုံဆွေးနွေးမှုနဲ့ ပြည်သူ့ဆန္ဒအစစ်အမှန်ကို အကောင်အထည်ဖော်တော့မယောင်
ကြိုကာတဲ့သဘော လုပ်ပြတဲ့ သွေးရိုးသား ရိုးမရှိမှုလည်း ပါနိုင်ပါတယ်။ အဲဒါတွေအပြင် ပိုထူးခြားတဲ့
သွေးရိုးသားရိုးမရှိမှုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အန်အယ်လ်ဒီပါတီနဲ့ သီးခြားစီ ဖဲ့ထုတ်ချင်တဲ့သဘောမျိုး
(အခုတခေါက် တွေ့ဆုံဆွေးနွေးနေချိန် ကာလ၀န်းကျင်မှာ ကြံ့ဖွံ့ပါတီက အန်အယ်လ်ဒီမပါ
ဒေါ်အောင်ဆန်းစုကြည်တဦးတည်းနဲ့ တွေ့ဆုံမယ်ဆိုတာမျိုး၊ နေပြည်တော်မှာ လုပ်မယ့် စီးပွားရေးဖိုရမ်ကို
အန်အယ်လ်ဒီမပါ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်း ဖိတ်မယ်ဆိုတာမျိုး) လေသံပစ်လာတာမျိုးတွေကို
ကြားလာရတာပါပဲ။
အဲဒီလို ဦးအောင်ကြည်တို့ဘက်က သွေးရိုးသားရိုးမရှိမှုတွေကတော့ စဉ်းစားလေ ထွက်လာလေဆိုသလိုပဲ
နေမှာပါ။ အဲဒီအထဲမှာမှ ကြောက်စရာအကောင်းဆုံး သွေးရိုးသားရိုးမရှိမှုကတော့ ဒေါ်အောင်ဆန်းစုကြည်
ရောက်ရှိနေတဲ့ အသက်အရွယ်နဲ့ ချိန်ထိုးပြီး အိုစာမယ့်အချိန်အထိ အချိန်ဆွဲကစားမယ့် နည်းဗျူဟာပါပဲ။
အချိန်ဆွဲကစားတဲ့ဗျူဟာရဲ့ နောက်ဆက်တွဲအနေနဲ့ ရလဒ်ကောင်းဖြစ်ထန
ွ်းမလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
ဒီမိုကရေစီအင်အားစုတွေအမြင်မှာ တန်ဖိုးမရှိတဲ့ ခေါင်းဆောင်အဖြစ် မြင်သွားအောင် အမြတ်ထုတ်မှာဖြစ်သလို
တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏလုပ်ပြရင်း ၂၀၁၅ ရွေးကောက်ပွဲအချိန်အထိ အချိန်ဆွဲလာမယ်၊ နီးမှ
ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ၂၀၀၈ အခြေခံဥပဒေနဲ့အညီ မဖြစ်မနေ ပါတီမှတ်ပုံတင်ရမယ့်
အကျပ်အတည်းထဲကို တွန်းပို့မယ့်ဗျူဟာပေါ့ (အခုတောင် အငိုနှပ်ထွက် မင်းသားလေး မောင်ကျော်ဆန်းက
နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီ မှတ်ပုံတင်ဖို့ လေသံပစ်နေပြီမဟုတ်လား)။
ဦးအောင်ကြည်ဘက်က သွေးရိုးသားရိုးမရှိမှုတွေကို မီးခိုးကြွက်လျှောက် ဆက်သုံးသပ်ရရင်တော့ အဆုံးမှာ
ကန့်လန့်ကာနောက်ကွယ်ကို ၀င်ရောက်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါ

ကျားငစဉ်းလဲတသိုက်က ရုပ်ပြမဆိုးရှာတဲ့ ဦးသိန်းစိန်တို့၊ ဦးအောင်ကြည်တို့ကို ဆက်လက်ပွဲထုတ်ပြီး
သူတို့စစ်အုပ်စုမိသားစု ၀င်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အနေချောင် အစားချောင်အောင် ဆက်လက်
ကြိုးကိုင်နေမြဲဆိုတာကို တွေးသိနိုင်မှာဖြစ်ပါတယ်။
ထင်မြင်ချက် (၃) ။ ။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံဆွေးနွေးလာမှုမှာ ထင်မြင်ချက်
(၁) ဖြစ်တဲ့ ဒီမိုကရေစီအင်အားစုတွေဘက်က အခွင့်အရေး အနည်းငယ်ပိုရလာမှုနဲ့ ထင်မြင်ချက် (၂) ဖြစ်တဲ့
ဦးအောင်ကြည်ဘက်က သွေးရိုးသားရိုးမရှိမှုများကို ကျနော့်အနေနဲ့ ချိန်ထိုးစဉ်းစားကြည့်မိပါတယ်။
စဉ်းစားကြည့်တဲ့အခါ ဦးအောင်ကြည်တို့ဘက်က ဘယ်လိုပဲ ဘယ်လောက်ပဲ မရိုးသားမှုတွေ ရှိနေပါစေ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်အကြား တွေ့ဆုံဆွေးနွေးမှုတွေ ပိုအဓိပ္ပာယ်ရှိလာအောင်၊
ဒီမိုကရေစီအင်အားစုတွေဘက်က လိုချင်တာတွေ ရလာတဲ့အထိ တွေ့ဆုံဆွေးနွေးမှု ပိုအသက်ဝင်လာအောင်
တွန်းအားပေးနိုင်တဲ့ အနေအထားတွေ အခုအချိန်မှာ ဖြစ်တည်နေတယ်လို့ မြင်မိပါတယ်။
တွန်းအားပေးရမယ့် နည်းဗျူဟာကတော့ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား
လက်နက်ကိုင်အင်အားစု (အပစ်ရပ်ရော၊ အပစ်မရပ်ရော) တွေက လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို
ပြိုင်တူဆင်နြွှဲ ပီး တက်ညီလက်ညီ ထထကြွကြွ ၀ိုင်းရံပေးကြရမယ့် ဗျူဟာပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့ကတော့ ဖြစ်တည်လက်စ တွေ့ဆုံဆွေးနွေးပွဲပျက်မှာကို မလိုလားတာကတကြောင်း၊
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်နေတာကတကြောင်း၊ အကြမ်းမဖက်ရေးနည်းကိုပဲ ကိုင်စွဲမယ်လို့ တရားဝင်
ကြေညာထားတာကတကြောင်း၊ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ မလှုပ်နိုင်မရှားနိုင် ပြန်ဖြစ်မှာကို
စိုးရိမ်တာကတကြောင်း .. စတဲ့ အကြောင်းကြောင်းတွေကြောင့် “လူထုတွေ လမ်းပေါ်ထွက်ကြပါ၊
တိုင်းရင်းသားလက်နက်ကိုင်တွေ ဆက်လက်တိုက်ပွဲဝင်ကြပါ” လို့ ပြောထွက်လာမှာ မဟုတ်ပါဘူး။ ဒါကို
ပြည်တွင်းပြည်ပဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု (အပစ်ရပ်ရော၊
အပစ်မရပ်ရော) တွေက အော်တိုမစ်တစ် သဘောပေါက်ပြီး မိမိတို့ဘာသာ ထထကြွကြွ တက်ညီလက်ညီ
ဝိုင်းရံပေးကြရမှာပါ။
အခုအခါမှာ ကရင်၊ ကချင်၊ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ကြံ့ဖွံ့အစိုးရစစ်တပ်အကြားမှာ
တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဦးသိန်းစိန်အစိုးရနဲ့ နောက်ကွယ်က ကျားငစဉ်းလဲ စစ်အုပ်စုအပေါ် ဖိအားတွေ
ကျရောက်နေသလို မြို့ပြတွေမှာလည်း ငြိမ်းချမ်းစွာ ဆိုင်းဘုတ်ကိုင် ဆန္ဒပြပွဲတွေ ဆင်နွှဲရင်း ဆက်လက်
ဖိအားပေးကြရမှာပါ။ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေ ဆင်နဖ
ွှဲို့အတွက်လည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊
ပြည်တွင်းစစ်ရပ်စဲရေး၊ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းရေး၊ တရုတ်သို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း
သွယ်တန်းမှုရပ်ဆိုင်းရေး အစ်ရှူးတွေ အဆင်သင့်ရှိနေတာပါ။ ပြောရမယ်ဆိုရင် ကျန်တဲ့ လက်နက်ကိုင်အဖွဲ့တွေ
တိုက်ပွဲထဲ ဆက်လက်ပါဝင်လာဖို့လိုသလို ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေကလည်း ငြိမ်းချမ်းစွာ
ဆိုင်းဘုတ်ကိုင် ဆန္ဒပြပွဲတွေနဲ့ ထထကြွကြွ ၀ိုင်းရံဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အဲသလိုသာ
ဝိုင်းရံကြမယ်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို Decision Maker မဟုတ်တဲ့ ဦးအောင်ကြည်လို
အဆင့်မျိုးနဲ့ တွေ့ဆုံရင်း အချိန်ကုန်နေရမယ့်အစား စစ်အုပ်စုဘက်က တကယ်တမ်း အဆုံးအဖြတ်ပေးနိုင်တဲ့
ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်တဲ့အဆင့်အထိ တက်လှမ်းလာမှာ အမှန်ပါ။ အဲဒါကြောင့်
တက်ညီလက်ညီ မြန်မြန်သွက်သွက် ၀ိုင်းရံကြပါလို့ အတိုက်အခံအင်အားစုအားလုံးကို အလေးအနက်
တိုက်တွန်းလိုပါတယ်။
အဲသလိုမဟုတ်ဘဲ အလိုက်တသိ ၀ိုင်းရံရမယ့် တာဝန်တွေ ပျက်ကွက်ခဲ့ရင်တော့ အယောင်ပြ ဆွေနွေးမှုတွေနဲ့

အမြတ်ထုတ်ဖို့ ကြံစည်နေတဲ့ ဦးသိန်းစိန်အစိုးရနဲ့တကွ နောက်ကွယ်က ကျားငစဉ်းလဲ စစ်အုပ်စုရဲ့
အာဆီယံဥက္ကဌကုလားထိုင်ရရှိရေးစီမံကိန်း၊ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း၊
တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ် တန်းမှုစီမံကိန်းတွေ အောင်မြင်သွားပြီး
နိုင်ငံရေးအကျဉ်းသားအားလုံးလည်း ထောင်ထဲမှာ အရိုးထုတ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း ထက်ထက်မိုးဦး၊
အိန္ဒြာကျော်ဇင်တို့လို လူအုပ်ကြား လက်ပြနှုတ်ဆက်တဲ့ အဆင့်လောက်နဲ့သာ နိဂုံးချုပ်ကာ
မြန်မာပြည်သူတွေလည်း စစ်ဖိနပ်အောက်သာမက တရုတ်ဖိနပ်အောက်ပါ ရာသက်ပန်
ပြားပြားမှောက်ရမယ့်ကိန်း ရှိနေပါကြောင်း သတိပေးခေါင်းလောင်းထိုးလိုက်ရပါတယ်။ ။
ဖြည့်စွက်ချက် ။ ။ ဤဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့တကွ
နောက်ကွယ်က ကျားငစဉ်းလဲ စစ်ဗိုလ်ချုပ်ကြီးများပါ သဘောထားပျော့ပျောင်းလာပြီး စိတ်ကောင်းနှလုံးကောင်း
ဝင်လာအောင်၊ စစ်မှန်တ့အ
ဲ ပြောင်းအလဲလုပ်ချင်လာအောင်၊ ပူးပေါင်းဆောင်ရွက်ချင်လာအောင်
တွေ့ဆုံဆွေးနွေးမှုတွေကဆင့် စည်းရုံးနိုင်ကောင်းရဲ့ဆိုတဲ့ အာဘော်မျိုး ထည့်သွင်းရေးသားထားခြင်း
အလျဉ်းမရှိပါကြောင်း..။
(၁၆-၈-၂၀၁၁)
ဒေါက်တာလွဏ်းဆွေ

Sign up to vote on this title
UsefulNot useful