You are on page 1of 6

၂၁ရာစု ဂူဂယ်လ်နဲ့ ပြောင်းလဲသွားသော အင်တာနက် စီးပွားရေးစနစ်ကို လေ့လာခြင်း

ကမ္ဘာတစ်ဝှန်းလုံးမှာ လူမှု ဆက်ဆံရေးနဲ့ စီးပွားရေး ပုံစံက ပြောင်းလဲနေပါပြီ။ အရင်က အင်တာနက် ဆိုတာကို လူတွေက
ဦးဆောင်တယ်။ အခု အင်တာနက်က လူတွေကို ဦးဆောင်တ့ေ
ဲ ခတ် ဖြစ်လို့နေပါပြီ။ အင်တာနက်မှာ နောက်ဆုံးပေါ်
နည်းပညာတွေ၊ တွေ့ရှိချက်တွေ၊ သတင်းတွေ မျိုးစုံ ရှိနေတယ်။ အင်တာနက်ရဲ့ အစွမ်းဟာ ကြောက်ခမန်းလိလိ တိုးတက်နေတယ်။
ဒီတိုးတက်နေတဲ့ အပေါ်မှာ ကျင်လည်နေကြတဲ့ လူတွေကလည်း ဒီအင်တာနက်ကြီးကို ကောင်းသထက်ကောင်းအောင်
ဖန်တီးနေကြပြန်တယ်။ စီးပွားရေး လုပ်ငန်းရှင်တွေဟာ အင်တာနက်ပေါ်မှာ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံလာကြတယ်။
အင်တာနက်ပေါ်မှာ ဂူဂယ်လ်လိုမျိုး Search Engine တစ်ခုကို အခြေခံပြီး ကြော်ငြာခပေးရတာ နဲနဲနောနော ပမာဏ မဟုတ်ပါဘူး။
အကျိုးအမြတ် မရှိဘူးဆိုရင် ဘယ်သူက ပိုက်ဆံတွေကို အလကား ဖြုန်းတီး ပစ်ပါ့မလဲ။ ဒါဆိုဘာကြောင့် အင်တာနက်ပေါ်ကို
စီးပွားရေး လုပ်ငန်းရှင်တွေ အလုံးအရင်းနဲ့ ၀င်ရောက်လာကြသလဲ။

ဒါကို လေ့လာဖို့ ပထမဆုံး ကျွန်တော်တို့ တစ်ကမ္ဘာလုံးမှာ ပြောင်းလဲလာတဲ့ လူနေမှု ပုံစံနဲ့ စီးပွားရေး သဘောတရားတွေ၊
နည်းပညာတွေကို နားလည်ထားဖို့ လိုပါလိမ့်မယ်။ အင်တာနက် ပေါ်လာတာ ဆယ်စုနှစ် အပိုင်းမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့်
ဒီအတောအတွင်းလေးမှာပဲ ကမ္ဘာတစ်ဝှန်းလုံးမှာ အင်တာနက် သုံးစွဲသူပေါင်း သန်းရာပေါင်းများစွာ ဖြစ်လာခဲ့တယ်။ အရင်က
အင်တာနက်ပေါ်မှာ အများဆုံး ကြီးစိုးထားတာ ရဟူး၊ အမ်အက်စ်အန်နဲ့ အေအိုအယ်လ်တို့ပါပဲ။ ဒါပေမယ့် စီးပွားရေးနဲ့ နည်းပညာ
တိုက်ကွက် အသစ်အပေါ်မှာ ကြိုတင်မပြင်ဆင်ထားတဲ့ အတွက် သူတို့အားလုံး ဂူဂယ်လ်ရဲ့ အလဲထိုးမှုကို ခံလိုက်ကြတယ်။
ဂူဂယ်လ်ဟာ ဘယ်သူ့ကိုမှ ထိပ်တိုက် တိုက်ခိုက်ခြင်း မရှိပါဘဲနဲ့ သူတို့ဆီကနေ အင်တာနက် သုံးစွဲသူ လူတွေကို တပြုံတမကြီး
ကဲ့ယူသွားခဲ့တယ်။ လဲကျသွားတဲ့အခါ ချက်ချင်း ပြန်ထဖို့ ခက်ခဲသလို သူတို့အားလုံးဟာ သူတို့ဆီမှာ ရခဲ့ဖူးတာကို
ပြန်လည်ဆွဲဆောင် ရရှိနိုင်ဖို့ အရှိန်အဟုန်နဲ့ ကြိုးစားကြပေမယ့် အခုအချိန်မှာတော့ ဘယ်သူမှ ဂူဂယ်လ်ကို မယှဉ်နိုင်တော့ပါဘူး။

စဉ်းစားကြည့်တဲ့အခါ ဂူဂယ်လ်ဟာ လူမှုရေးအခြေအနေတွေ အပေါ်ကို အခြေခံပြီး စီးပွားရေး နည်းလမ်းအသစ်တွေကို


ထွင်နိုင်ခ့တ
ဲာကို တွေ့ရပါတယ်။ ဂူဂယ်လ် ဘာတွေ လုပ်ခဲ့သလဲ။ ဂူဂယ်လ်ရဲ့ ပထမဆုံး ခြေလှမ်းဟာ Search Engine ပါ။
အဲဒီကာလမှာ အထက်က ရဟူး၊ အမ်အက်စ်အန်တို့ဟာ Search Engine Giants တွေပါ။ အင်တာနက်ကို အခြေခံပြီး
စီးပွားရေးကိုလည်း အခိုင်အမာ တည်ဆောက်ခဲ့ကြပြီး ဖြစ်ပါတယ်။ သူတို့ကို မှီခိုပြီး ကျင်လည်နေကြတဲ့ စီးပွားရေး
လုပ်ငန်းရှင်တွေလည်း အများအပြားရှိနေပါတယ်။ ဒီအချိန်မှာ ဂူဂယ်လ်ဟာ Pigeon လို့ခေါ်တဲ့ Search Engine နည်းပညာ
အသစ်နဲ့ ဒီလောကကို ၀င်ရောက်လာခဲ့တယ်။ www.google.com ကို ၀င်လိုက်တာနဲ့ အခြား ဘာကိုမှ တွေ့ရမှာ မဟုတ်ဘဲ
အဖြူရောက် နောက်ခံပေါ်မှာ Search Box လေး တစ်ခုကိုသာ တွေ့ရမှာပါ။ ဒါကိုက အများနဲ့ မတူတဲ့ နည်းလမ်းနဲ့ ဒီလောကက
အရင်ဆရာကြီးတွေကို စိန်ခေါ်လိုက်တာပါပဲ။

ဂူဂယ်လ်ဟာ တခဏအတွင်းမှာပဲ အင်တာနက် သုံးစွဲသူတွေကို လွှမ်းမိုးနိုင်ခ့တ


ဲ ယ်။ ယခင်က ရဟူး၊ အမ်အက်စ်အန်
သုံးစွဲသူတွေဟာ ဂူဂယ်လ်ဆီကို ဦးတည်လာကြပြီး သိပ်မကြာခင်မှာပဲ အားလုံးလိုလိုရဲ့ အင်တာနက် ပထမစာမျက်နှာ Home
Page ဟာ www.google.com ဖြစ်လာခဲ့ပါတယ်။ ဂူဂယ်လ်ရဲ့ ရှာဖွေပေးနိုင်မှုဟာ အခြား ရှာဖွေရေး အင်ဂျင်တွေထက်
သိသိသာသာ ထိရောက်မှု ရှိတာကြောင့် ပိုမိုထင်ရှားလာသလို ကုမ္ပဏီတည်ထောင်ပြီး ၈နှစ်အကြာ ၂၀၀၆မှာ ဂူဂယ်လ်ရဲ့
အသားတင်အမြတ်ငွေဟာ ဒေါ်လာ ၃.၀၇၇ ဘီလျံအထိ ဖြစ်လာခဲ့ပါတယ်။ ကုမ္ပဏီမှာ လုပ်သားပေါင်း ၁၆၀၀၀လောက်ကို ခန့်ထား
လည်ပတ်နိုင်စေခဲ့တယ်။

ဂူဂယ်လ်ရဲ့ ဒုတိယ အအောင်မြင်ဆုံးကတော့ မေးလ်စနစ်ပါပဲ။ အရင်က ရဟူးမေးလ်၊ ဟော့မေးလ်တွေဟာ ဂူဂယ်လ်မေးလ်ကြောင့်


သုံးစွဲသူ အများအပြား လက်လွှတခ
်ဲ့ကြရတယ်။ ယခင်က ရဟူးလ်၊ အမ်အက်စ်အန် စတဲ့ မေးလ်တွေဟာ အသုံးပြုသူကို ၂၅
မက်ဂါဘိုက်လောက်သာ ပေးထားပြီး အဲဒီထက်ပိုတဲ့ ပမာဏကို လိုချင်ရင် ပိုက်ဆံပေးဝယ်ရပါတယ်။ ဂူဂယ်လ်ကတော့
စလာကတည်းက သုံးစွဲသူကို ၁၀၀မက်ဂါဘိုက်နဲ့ အခမဲ့ သုံးစွခ
ွဲင့်ကို ပေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ ၁၀၀ကနေ ၂၅၀၊ အဲဒီကနေ
၁ဂစ်၊ ၂ဂစ်။ အခုဆိုရင် အကန့်အသတ်မရှိတဲ့ ပမာဏကိုတောင် ပေးထားပြီးဖြစ်ပါတယ်။ အဲဒီအခါကျမှ ယခင်ဆရာကြီးတွေဟာ
သူ့ထက်ငါ အလျင်အမြန် လိုက်ပြီး အလကား ပေးရတော့တယ်။ အရှိန်ကောင်းကောင်း၊ နည်းလမ်းကောင်းကောင်းနဲ့ အဆက်မပြတ်
ပြေးနေတဲ့ကားကို လိုက်မှီဖို့ ဆိုတာကတော့ တော်တော့ကို လိုပါလိမ့်ဦးမယ်။

ဂူဂယ်လ်နောက်ထပ် ဘာတွေ လုပ်ခဲ့သလဲ။ သူများမလုပ်တာတွေ လုပ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ကမ္ဘာမြေပြင်ကို အနီးကပ်


ကြည့်လို့ရအောင်၊ ကိုယ့်အိမ် ကိုယ့်ခြံမြေကို အနီးကပ် ကြည့်လို့ရအောင် အဆင့်မြင့် မြေပုံစနစ် ပါဝင်တဲ့ Google Earth ကို
ဖန်တီးပေးခဲ့တယ်။ အရင်ကဆို ဒါမျိုးကြည့်ရဖို့ဆိုတာ ပိုက်ဆံအများကြီး အကုန်အကျ ခံရပါတယ်။ အခုတော့ ကွန်ပျူတာ
အင်တာနက် ရှိရုံနဲ့တင် အခမဲ့ ရရှိနေပါပြီ။ သူများတွေ ဓာတ်ပုံစီမံခန့်ခွဲတဲ့ ဆော့ဖ်ဝဲလ်တွေကို အခကြေးငွေ တော်တော်များများနဲ့
ရောင်းချနေချိန်မှာ ဂူဂယ်လ်က Picasa ကိုဝယ်ယူပြီး အခမဲ့ ပေးလိုက်ပြန်တယ်။ Writely လို့ခေါ်တဲ့ Online Word Processor
ကိုဝယ်ယူပြီး အခမဲ့ပေးပြန်တယ်။ ရိုးရှင်းပေါ့ပါးပြီး လွယ်ကူလျှင်မြန်တဲ့ Gtalk လို့ခေါ်တဲ့ Instant Messaging စနစ်ကိုလည်း အခမဲ့
ပေးပြန်တယ်။ SketchUp လို့ခေါ်တဲ့ အရမ်းလွယ်ကူတဲ့ 3D ပုံဆွဲတဲ့ ဆော့ဖ်ဝဲလ်ကို ဝယ်ယူပြီး အခမဲ့ ပေးသုံးပြန်တယ်။ Microsoft
ရဲ့ Internet Explorer ကိုယှဉ်ပြိုင်ဖို့ အစွမ်းထက်တဲ့ Firefox Browser နဲ့ ပူးပေါင်းလိုက်တယ်။ Blogspot ကိုဝယ်လိုက်ပြီး User
တွေကို Blog အလကား ပေးသုံးပြန်တယ်။ အများကြီး ကျန်ပါသေးတယ်။ ဂူဂယ်လ်ရဲ့ ပရောဒတ်တွေ အကြောင်း ပြောရင်တောင်
ကုန်နိုင်ဖွယ် မရှိပါဘူး။

ဒီတော့ စဉ်းစားဖို့ လိုလာတာက ဂူဂယ်လ်ဟာ သူများတွေ ပိုက်ဆယ


ူံနေတာကို ပိုက်ဆံ မယူဘဲနဲ့ ဘာလို့ အလကား
လိုက်ပေးနေတာလဲ ဆိုတာပါပဲ။ အဲဒါဟာ ဂူဂယ်လ်ကို အောင်မြင်စေခဲ့တဲ့ ၂၁ရာစုရဲ့ စီးပွားရေး နည်းပညာအသစ်လို့ ကျွန်တော်
ထင်ပါတယ်။ တကယ်တမ်းတော့ ဂူဂယ်လ်ဟာ အခမဲ့ ပေးတာတွေကနေ အသုံးပြုသူတွေကို စည်းရုံးပြီး တခြားတဖက်ကနေ
စီးပွားရေးလုပ်နေတာပါပဲ။ စဉ်းစားကြည့်ရအောင်။

ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ခြောက်ထောင်ကျော် ရှိတယ်။ အဲဒီအထဲက အင်တာနက် သုံးစွဲသူဦးရေဟာ သန်းပေါင်း ၁၀၀၀


ကျော် ရှိတယ်၊ ၂၀၁၅မှာ ၂၀၀၀ကျော် ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီအထဲက ငါးပုံတစ်ပုံလောက်ကသာ
အင်တာနက်နဲ့ စီးပွားရေး လုပ်နေကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ နည်းပညာရှင်တွေပါ။ ကျန်တဲ့ သန်း၈၀၀ လောက်က သုံးစွဲသူ
သက်သက်သာ ဖြစ်ပါတယ်။ ဂူဂယ်လ်က အဲဒီ သန်း၈၀၀ အပေါ်မှာ ပိုက်ဆံယူဖို့ မကြိုးစားဘဲ ကျန်တဲ့ သန်း၂၀၀ စီကနေသာ
ပိုက်ဆံယူဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ အဲဒီ သန်း၂၀၀မှာ တစ်ယောက်စီကနေ ဒေါ်လာ ၁၀၀ ရရင်ကိုပဲ ဂူဂယ်လ်ဟာ ဒေါ်လာ
၂၀ဘီလျံ ရမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၁၀၀ဆိုတာ မြန်မာငွေ ၁သိန်းလောက်ပဲ ရှိပါတယ်။ စီးပွားရေး သမားတွေ အတွက်ဆိုရင်
ကြော်ငြာကဏ္ဍမှာ ဒီငွေပမာဏဟာ ကလေးကစားစရာငွေလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ဈေးကွက်က စားသုံးသူတွေဟာ
အင်တာနက်နဲ့ ပတ်သတ်ရင် ဂူဂယ်လ်နဲ့ ပတ်သတ်နေတယ် ဆိုတာချည်းပဲဆိုတဲ့ ပြယုဂ် ဖြစ်လာမှသာ သူ့ကို စီးပွားရေး
သမားတွေက အဲဒီငွေကို ပေးမှာပါ။ ဒါကြောင့် စီးပွားရေး သမားတွေက သူ့ကို အာရုံစိုက်လာအောင် လူတွေကို စည်းရုံးဖို့
လိုအပ်လာပါတယ်။ အဲဒီမှာပဲ Knowledge Era သုတဥာဏ်ခေတ်ဆိုတဲ့ စကားရယ်၊ အခမဲ့ပေးရင် ဘယ်သူမဆို
စိတ်ဝင်စားတယ်ဆိုတဲ့ အခြေခံ နည်းဗျူဟာကို ပူးတွဲပြီး ဂူဂယ်လ်က ဒီလမ်းစဉ်ကို ဖော်ဆောင်ခဲ့တာပါ။ အောင်မြင်တယ်
မအောင်မြင်ဘူး ဆိုတာကတော့ မျက်မြင်ပဲ ဖြစ်ပါတယ်။ အခုဆိုရင် အင်တာနက် သုံးစွဲသူတိုင်း ဂူဂယ်လ်ဆိုတာ မသိသူမရှိပါဘူး၊
မသုံးစွဲဖူးသူ မရှိဘူးဆိုတဲ့ အခြေအနေကိုတောင် ရောက်သွားပြီ ဖြစ်ပါတယ်။

ဂူဂယ်လ်က အခမဲ့ ပေးသုံးထားတယ် ဆိုပေမယ့် တိတိကျကျ ပြောရရင် အားလုံးကို အကုန်လုံး အခမဲ့ ဆိုတာမျိုးတော့
မဟုတ်သေးပါဘူး။ ဥပမာ- Google Earth ကို အခမဲ့ သုံးစွဲသူဟာ တစ်ကမ္ဘာလုံးကို စိတ်ကြိုက် အခမဲ့ ကြည့်လို့ရပေမယ့်
ရုပ်ပုံအနေနဲ့ အရည်အသွေး မြင့်မြင့်မားမား ထုတ်ယူလို့ မရပါဘူး။ တကယ်လို့များ အဲဒီလို ထုတ်ယူချင်တယ်ဆိုရင်တော့ သူတို့ရဲ့
Premium Version ကို သုံးစွရ
ဲ မှာ ဖြစ်ပါတယ်။ ဒါမျိုးကို Value Added လို့ခေါ်မယ်ဆိုရင် မှန်ပါလိမ့်မယ်။ နောက်တစ်ခုက
ဂူဂယ်လ်ဟာ အရာအားလုံးကို တစ်ကစဖို့ မကြိုးစားဘဲ အောင်မြင်ပြီးသား အကောင်းဆုံး အရာတွေကို တန်ဖိုးကြီးကြီးမားမား
ပေးဝယ်ပြီး ကိုယ်ပုင
ိလုပ်ပစ်လိုက်တာပါပဲ။ ဥပမာအားဖြင့် Blogger, You Tube, Writely, SketchUp စတာတွေပါ။
အဲဒီဟာတွေက အရင်ထဲကလည်း အားလုံးလိုလို အခမဲ့နီးပါး ပေးထားတဲ့ အရာတွေပါ။ ဒါတွေကို ဂူဂယ်လ်က ဝယ်ပြီးတော့
အရင်ပေးထားတဲ့ အခွင့်အရေးတွေအပြင် သူတတ်နိုင်တာတွေပါ ပိုပိုသာသာ ထပ်ဆောင်း ပေးလိုက်တ့အ
ဲ ခါ နဂို Application
တွေရဲ့ မူရင်း ဂုဏ်သတ္တိ ရည်ရွယ်ချက် မပျောက်တ့အ
ဲ ပြင် ပိုပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ အရာတွေအဖြစ် ပြောင်းလဲသွားပြီး
လူအများရဲ့ စိတ်ကျေနပ်မှုကို ပိုမို ပေးစွမ်းနိုင်တာ တွေ့ရပါတယ်။ ပြီးတော့ ဂူဂယ်လ်က အဲဒီအရာတွေကို ဝယ်ယူတဲ့ နေရာမှာလည်း
ကောင်းတိုင်း ဝယ်ယူတာမျိုး မဟုတ်ပါဘူး။ ဆက်စပ်မှုရှိရှိ ဝယ်ယူတာမျိုးပါ။ ဥပမာ Picasa ကနေ ဓာတ်ပုံတွေကို Blogger
မှာတင်လို့ရတယ်၊ Google Earth မှာ Geotag လုပ်လို့ရတယ်။ Sketchup မှာ ပုံဆွဲပြီး Google Earth မှာတင်လို့ရတယ်။ You
Tube က ဗွီဒီယိုတွေကို Blogger ပေါ်မှာ တင်လို့ရတယ်။ အများကြီးပါပဲ။

စီးပွားရေး လုပ်ငန်းရှင်တွေကရော ဘာလို့ အင်တာနက် အပေါ်မှာ အာရုံစိုက်ပြီး ရင်းနှီးမြှုပ်နှံမှုပြုနေကြသလဲ ဆိုတာကိုလည်း


စဉ်းစားကြည့် ရပါမယ်။ ဒီလောက် လူအများကြီး ရှိနေတဲ့ ရပ်ဝန်းမှာ ကြော်ငြာခြင်း ရင်းနှီးလုပ်ကိုင်ခြင်းဟာ ပိုမိုထိရောက်မှု
ရှိလို့ပါပဲ။ တီဗွီတွေ၊ ရုပ်ရှင်တွေမှာ ကြေငြာတာဟာ နယ်ပယ် အကန့်အသတ် ရှိနေသေးတယ်။ အင်တာနက်ကတော့ ချက်ချင်းဆို
ဆိုသလို ကမ္ဘာအနှံ့ ပြန့်နှံ့သွားနိုင်တာမို့ သူတို့ကလည်း ဒီစီးပွားရေး ရပ်ဝန်းကို စိတ်ဝင်စားကြတာပါ။ ဒါကြောင့်လည်း
အင်တာနက်ပေါ်မှာ ဘယ်နိုင်ငံတွေက အင်တာနက် သုံးစွဲသူ ဘယ်လောက်ရှိတယ်။ နည်းပညာ ဖွံ့ဖြိုးမှု ဘယ်လောက်ရှိတယ်။
ဘယ်နိုင်ငံမှာ အင်တာနက် အမြန်နှုန်း ဘယ်လောက်ရှိတယ် စတာတွေကို အမြဲလေ့လာနေတဲ့ အဖွဲ့အစည်းတွေ ရှိနေပါတယ်။
သူတို့က ဒီရလာဒ်တွေ အပေါ်မှာ သုံးသပ်ပြီး ဘယ်နိုင်ငံ ဘယ်ဒေသမှာတော့ ဒီလို စီးပွားရေး လုပ်ရင် ဖွံ့ဖြိုးနိုင်မယ်ဆိုတာ
ဆုံးဖြတ်ပြီး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

သုံးသပ်ကြည့်မယ်ဆိုရင် သူတို့သွားတဲ့ စီးပွားရေး လမ်းကြောင်းဟာ လုပ်ငန်းရှင်နဲ့ စားသုံးသူကြား သာမက သုံးဦးသုံးဖလှယ်


အကျိုးရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ စားသုံးသူက ဂူဂယ်လ်ဆီကနေ အခမဲ့နည်းပညာတွေ အခွင့်အလမ်းတွေ ရတယ်။
ဂူဂယ်လ်က သာမန်လူတွေဆီကနေ အမြတ်မထုတ်ဘဲ စီးပွားရေးသမား လူကုံထံတွေ ဆီကနေပဲ ပိုက်ဆံယူတယ်။ စီးပွားရေး
သမားတွေကလည်း ဒီလို ဂူဂယ်လ် လုပ်ပေးထားလို့ လူသန်းပေါင်းများစွာ စုဝေးနေတဲ့ နေရာကြီး တစ်ခုမှာ သူ့စီးပွားရေးကို
တိုးချဲ့ခွင့်တွေ ရနေတယ်။ အဲဒီမှာ ဘာအကျိုးအမြတ် ရလာသလဲဆိုတော့ အခမဲ့ Knowledge Sharing ကြောင့်
သာမန်လူတွေဟာ အသိပညာတွေ အတတ်ပညာတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် တတ်ကျွမ်းလာကြတယ်။ သူတစ်ပါးကို
အားကိုးအားထား ပြုနေရတာတွေ လျော့နည်းလာတယ်။ မီဒီယာရဲ့ အခန်းကဏ္ဍဟာလည်း တဟုန်ထိုး ဖွံ့ဖြိုးလာတယ်။ အဲဒီအခါ
လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အရည်အသွေးတွေ၊ အရည်အချင်းတွေ ပိုမိုတောက်ပြောင်လာပြီး အရည်အသွေး မြင့်မားတဲ့
နိုင်ငံသားတွေ ဖြစ်လာပါတယ်။ အဲဒီအခါ ပိုမို တိုးတက်ကောင်းမွန်တဲ့ စီးပွားရေး လူမှုရေး စနစ်တစ်ခုအဖြစ် ပြောင်းလဲ ဖြစ်ပေါ်
လာပါလိမ့်မယ်။

ကျွန်တော်တို့ အရှေ့တောင်အာရှ နိုင်ငံများထဲမှာ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်၊ မလေးရှား စတဲ့ နိုင်ငံတွေဟာ ဒီစနစ်ကို
နားလည်သုံးစွဲနေကြပါပြီ။ နည်းပညာတွေကို အခမဲ့ ဖြန့်ဝေပေးတာမျိုးကိုလည်း ဂရုတစိုက် လုပ်လာကြပါပြီ။ သူတို့ဟာ အခြေခံ
ရှေးရိုးစွဲ စီးပွားရေး ပုံစံကို ပြောင်းလဲပြီး ဗဟုသုတနဲ့ နည်းပညာကို သာမန်လူတွေအတွက် အခမဲ့ပေး၊ ပြီးတော့မှ အဲဒီအပေါ်မှာ
Value Added ဆိုတဲ့ Service ကိုအခြေတည်ပြီး လုပ်ကိုင်တဲ့ စီးပွားရေး စနစ်မျိုးကို ပြောင်းလဲလာတာပါ။ ဗဟုသုတကို
ကိုယ်တတ်ရင် ကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်တယ် သိမ်းထားတယ်ဆိုတဲ့ ခေတ်ဟောင်း အယူအဆတွေလည်း
ပြောင်းလဲကုန်ပါပြီ။ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်တဲ့ အလုပ်တွေထက် အများသူငါ ပါဝင်လုပ်ကိုင်လို့ရတဲ့ Social
Network တွေ Open Source ကဏ္ဍတွေလည်း တဟုန်ထိုး ဖွံ့ဖြိုးနေပါပြီ။ မြင်သာအောင် ပြောရမယ် ဆိုရင်တော့ သာမန်လူတွေကို
အမြတ်ထုတ်ဖို့ မကြိုးစားဘဲ အဆင့်မြင့် စီးပွားရေးသမားတွေ၊ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ အပေါ်မှာသာ စီးပွားရှာတဲ့
အလုပ်မျိုးပါ။ ကတုံးပေါ် ထိပ်ကွက် ဆိုတာမျိုး ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာလည်း အဲဒီလိုမျိုး အခြေအနေတွေ ဖြစ်လာဖို့ နည်းလမ်းတွေ ရှိနေပါတယ်။ ပထမဆုံး ကွန်ပျူတာကို


လူတိုင်းနီးပါး သုံးနိုင်ရပါမယ်။ ဒုတိယ အင်တာနက်ကို လွယ်လွယ်ကူကူ ဈေးပေါပေါနဲ့ အသုံးပြုနိုင်ဖို့ လိုပါတယ်။ တတိယ
လူသန်းပေါင်း ၆၀လောက်ရှိတဲ့ မြန်မာနိုင်ငံအတွက် မြန်မာဘာသာစကားနဲ့ ရေးသားတဲ့ အင်တာနက် ဝဘ်ဆိုဒ်တွေ၊ ဘလော့ဂ်တွေ
ရှိလာရပါမယ်။ စတုတ္ထအနေနဲ့ အခြေခံအဆင့် သုံးစွဲသူတွေကို အမြတ်မထုတ်တဲ့ နည်းပညာ ဖြန့်ဝေမှုတွေ ရှိရပါမယ်။ ပဉ္စမအနေနဲ့
ကိုယ့်မှာရှိတဲ့ ဗဟုသုတတွေ၊ အရင်းအမြစ်တွေကို အများသူငါအတွက်ပါ မျှဝေသုံးစွဲစေမယ်ဆိုတဲ့ Free Knowledge and
Resource Sharing နေရာတွေ ရှိလာရပါမယ်။ ဆဋ္ဌမ အနေနဲ့ လူတွေ တစ်ယောက်နဲ့ တစ်ယောက် အမြဲထိတွေ့ ဆက်ဆံနိုင်တဲ့
Social Networking Site တွေလည်း လိုအပ်ပါတယ်။ သတ္တမ အနေနဲ့ကတော့ စီးပွားရေး လုပ်ငန်းရှင်တွေက
ဒီအင်တာနက်အပေါ်မှာ စိတ်ဝင်စားလာဖို့ ဖြစ်ပါတယ်။ အင်တာနက်ရဲ့ အကျိုးရှိပုံ၊ ဒီအပေါ်မှာ ခြားနားတဲ့ စီးပွားရေး
လုပ်ငန်းမျိုးတွေ ဖော်ဆောင်လို့ ရနိုင်တယ် ဆိုတာမျိုးတွေကို သူတို့သိလာအောင် ကျွန်တော်တို့ ကြိုးစားရပါမယ်။ ဒါမှသာ
ကျွန်တော်တို့ တိုင်းပြည်မှာလည်း ဒီလို စီးပွားရေး စနစ်မျိုး တည်ထောင်နိုင်မှာပါ။

www.internetworldstat.com ရဲ့ မြန်မာနိုင်ငံရဲ့ အင်တာနက် စစ်တမ်းကို လေ့လာကြည့်မယ်ဆိုရင် သက္ကရာဇ် ၂၀၀၀ကနေ


၂၀၀၇ခုနှစ်အတွင်းမှာ အင်တာနက် သုံးစွဲသူဦးရေ သုံးသိန်းခန့် ရှိလာပြီး သုံးစွဲလာမှု ရာခိုင်နှုန်းဟာ ၃၀၀၀၀% ဖြစ်နေတာ
တွေ့ရပါတယ်။ ဒါဟာ ကြောက်ခမန်းလိလိ တိုးတက်မှု ပမာဏ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံဟာ Non English
Country ဖြစ်နေတဲ့ အတွက်ကြောင့် နိုင်ငံတကာ စီးပွားရေး သမားများရဲ့ စိတ်ဝင်စားမှုမှာတော့ လျော့နည်းနေတာ
တွေ့ရပြန်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော်ရဲ့ GDP လူဦးရေ တိုးတက်မှုနှုန်း၊ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေ စတာတွေကိုလည်း
ထည့်သွင်း စဉ်းစား ခံရပါတယ်။
ရှေးရိုး စီးပွားရေး အမြင်တွေနဲ့ အဓိက ရင်းမြစ်ဖြစ်တဲ့ အခြေခံ လူတန်းစား အပေါ်မှာပါ ပိုက်ဆံယူဖို့ စဉ်းစားနေကြဆဲ
ဖြစ်မယ်ဆိုရင်တော့ ဒီစီးပွားရေး အပြောင်းအလဲက လွယ်လွယ်နဲ့ ဖြစ်ထွန်းလာဖို့ မလွယ်ကူပါဘူး။ Knowledge Sharing
အတွက်ကလည်း ကျောရိုးဖြစ်တဲ့ စာကြည့်တိုက်လို အဓိက နေရာတွေကနေ အရင်းအမြစ် Resource ကောင်းကောင်းတွေကို
အများပြည်သူ လွယ်လင့်တကူ ဖြန့်ဖြူးပေးဖို့ ဆိုတာတွေလည်း လိုအပ်ပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ကလည်း
အခြားနေရာတွေမှာသာ သိန်းပေါင်းများစွာ အကုန်ခံပြီး ရင်းနှီးမြှုပ်နှံသလို အင်တာနက်ပေါ်မှာလည်း စိတ်ဝင်တစား ရှိလာကြဖို့
လိုအပ်ပါတယ်။

၂၀၀၅လောက်တုန်းက လက်ချိုးရေလို့ရတဲ့ မြန်မာစာအသုံးပြု ၀ဘ်ဆိုဒ်တွေ၊ ဘလော့ဂ်တွေဟာ အခု ၂၀၀၇မှာ တဟုန်ထိုး


တိုးတက် များပြားလာတာကတော့ အားရှိစရာပါ။ ဒါကလည်း အထက်မှာ တင်ပြခဲ့တဲ့ ဂူဂယ်လ်နဲ့တကွ အခြားသော ကုမ္ပဏီတွေ၊
နိုင်ငံတကာက ပညာရှင်တွေ၊ မြန်မာလူငယ်တွေရဲ့ အားထုတ်မှု အကျိုးဆက်ပါပဲ။ ဒါပေမယ့် တော်တော်များများဟာ Resource
Centre တစ်ခုရဲ့ အနေအထားမျိုး မရှိသေးပါဘူး။ Raw Data အနေအထားမျိုးမှာပဲ ရှိနေပါသေးတယ်။ ဒါတွေကို
ပြောင်းလဲပစ်ရပါလိမ့်မယ်။ ၂၀၀၆-၂၀၀၇ ကာလမှာ မြန်မာနိုင်ငံအတွင်း ငွေရေးကြေးရေးကို ကိုယ်စားမပြုတဲ့ လူမှုရေး
အသင်းအဖွဲ့တွေ၊ အများအကျိုး ဆောင်ရွက်လိုသူတွေ အများအပြား ပေါ်ပေါက်လာတာဟာလည်း Knowledge Sharing
ကဏ္ဍအတွက် ရှေ့ပြေး အလင်းရောင် တစ်ချက်လို့ ကျွန်တော် ယုံကြည်မိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ
ကိုယ်တတ်နိုင်သလောက် ဒီအသိပညာကို ဖြန့်ဖြူးပေးဖို့ လိုပါတယ်။ ဒါမှသာ တစ်ကမ္ဘာလုံးမှာ အောင်မြင်နေတဲ့ နည်းပညာနဲ့
အတွေ့အကြုံတွေ၊ စီးပွားရေး ဈေးကွက်တွေကို ကျွန်တော်တို့ လိုက်မှီမှာပါ။ အလကား ရနေတဲ့ အရာတွေကိုလည်း အကျိုးရှိစွာ
အသုံးချသင့်ပါတယ်။ ခိုငခ
ိုင်မာမာလည်းရှိ၊ ကောင်းလည်းကောင်း အခမဲ့လည်းရ ဆိုတဲ့ဟာမျိုးတွေကို အခမဲ့ မသုံးစွဲဘဲ
ပိုက်ဆံပေးပြီး နည်းပညာ အသိချို့တဲ့လို့ မကောင်းတဲ့ဟာတွေကိုပဲ သုံးစွဲရမယ်ဆိုရင် တိုင်းပြည်ဘဏ္ဍာငွေကို ထိခိုက်စေသလို
နည်းပညာခေတ်မှာ ကိုယ်က နောက်ကျကျန်နေခဲ့နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ခေတ်ကို၊ နည်းပညာကို၊ စီးပွားရေး ဗျူဟာတွေကို
မျက်ခြေမပြတ်သင့်ပါဘူး။ အမြဲထိတွေ့ စမ်းသပ်ပြီး ပြုပြင်ပြောင်းလဲကြသင့်ပါတယ်။

အချုပ်ဆိုရရင်တော့ မြန်မာပြည်မှာ ဒီလိုဖြစ်လာဖို့ အဓိကအနေနဲ့ အင်တာနက် အသုံးပြုသူ၊ အသုံးချသူတွေ သိန်းနဲ့ချီ၊ သန်းနဲ့ချီ


ရှိလာဖို့ လိုအပ်ပါတယ်။ မြန်မာစာနဲ့ ရေးသားတဲ့ ဝဘ်ဆိုဒ်တွေ၊ အင်တာနက် စာမျက်နှာတွေ အများကြီး လိုအပ်ပါတယ်။
ဒါကြောင့်မို့ ကိုယ့်ဘေးက လူတစ်ယောက် အင်တာနက် မသုံးတတ်သေးဘူးဆိုရင် ကိုယ်က သင်ပေးလိုက်ပါ။ သာမန် အင်တာနက်
သုံးစွဲသူကို အဆင့်မြင့် ကျွမ်းကျင် အင်တာနက် သုံးစွဲတတ်သူ တစ်ယောက် ဖြစ်လာအောင် သိသင့်တာတွေကို လမ်းညွှန်ပြပေးပါ။
အသစ်အသစ်သော နည်းပညာတွေ၊ ပစ္စည်းကိရိယာတွေကို စမ်းသပ် သုံးစွပ
ဲါ။ လေ့လာပါ။ သူများတွေ လုပ်နေတာကို
မျက်ခြေမပြတ် စောင့်ကြည့်ပါ။ ကိုယ်သာဆိုရင် ဘယ်လိုလုပ်မယ်ဆိုတာ ကြိုတွေးပြီး ပြင်ဆင်ထားပါ။ ကိုယ့်မှာ ရှိနေတဲ့
ဗဟုသုတတွေကို မနှမြော မတွန့်တိုဘဲ အခြားသူတွေကို ဝေငှပါ။ အခြားသူတွေကို ကိုယ့်ရဲ့ ပုခုံးထက်က ကျော်ကြည့်နိုင်ဖို့
လမ်းခင်းပေးထားပါ။ ကိုယ်ကလည်း အခြားသူများရဲ့ ပုခုံးပေါ်က ကျော်ကြည့်နိုင်အောင် ကြိုးစားပါ။ ဒါမှသာ ကျွန်တော်တို့ဟာ
ကျွန်တော်တို့ ရာစုနှစ်မှာ အခြားနိုင်ငံများ၊ အခြားနိုင်ငံသားများနဲ့တန်းတူ ဖြစ်လာနိုင်မှာ ဖြစ်ပါတယ် ခင်ဗျား။

ညီလင်းဆက်
ကိုးကား

http://www.comscore.com
http://startup.partnerup.com
http://www.internettrafficreport.com/main.htm
http://www.internetworldstats.com/stats.htm
http://en.wikipedia.org/wiki/Google