You are on page 1of 7

ကျွန်တော် မြန်မာလူမျိုးပါ

ဒီပို့စ်လေးဟာ ကျွန်တော့်ရဲ့ အမြင်၊ ကျွန်တော့်ရဲ့ အတွေးအမြင်လေးတစ်ခုမျှသာ ဖြစ်ပါ
တယ်။ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်ကို အခြေပြုပြီး ရေးထားခြင်းသာ ဖြစ်ပါတယ်။
ဒီပို့စ်လေးမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ရောယှက်ပါဝင်နေပါလိမ့်မယ်။
ဒါတွေဟာ ကျွန်တော့်အမြင်၊ ကျွန်တော့်အယူအဆမျှသာ ဖြစ်ပါတယ်။ မတူညီသော
ရှုဒေါင့်မှကြည့်မည် သူများကိုလည်း လွတ်လပ်စွာကွဲလွဲခွင့်ကလေး ပေးပါလို့ပဲ တောင်းဆို
လိုပါတယ်။ မှားတာ မှန်တာကို စာဖတ်သူ သိပါလိမ့်မယ် .. ကျွန်တော် ဘာမှမလိုချင်ပါဘူး..
လွတ်လပ်စွာကွဲလွဲခွင့်ကလေး သာ . . .

``ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကို ဆုံးဖြတ်
တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။´´ (ရပ်စကင်း)
ဒီစာသာလေးကို မြသန်းတင့်ရဲ့ လမင်းကို ထရံပေါက်မှ ကြည့်ခြင်း ဆိုတဲ့ စာအုပ်ထဲမှာ
ဖတ်ဖူးတာပါ။ ဒီအယူအဆလေးဟာ ကျွန်တော့်ရဲ့အမြင်နဲ့ ထပ်တူထပ်မျှဖြစ်နေလို့လည်း
စာအုပ်ထဲကနေကူးယူးထားမိတာပါ။ နောက်တစ်ခုက
``မေမေ အာဇာနည်နေ့ဆိုတာ အဆိုတော် Rဇာနည်ရဲ့ မွေးနေ့ကို ပြောတာလားဟင်၊
ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ရာဇ၀င်ထက
ဲ မဟော်သဓာတို့လိုမျိုးလားဟင်´´
ဒီမေးခွန်းလေးကို ကျွန်တော့်နားနဲ့ ဆက်ဆက်ကြားခဲ့ရတာပါ။ လှည်းတန်း TTC မှာ တက်
နေတဲ့ မူလတန်းအရွယ် ကျောင်းသူလေးက သူ့မိခင်ကို အမှတ်မထင် မေးလိုက်တဲ့ မေးခွန်း
လေးတစ်ခုပါ။ မူလတန်းအရွယ် ကျောင်းသူလေးဟာ အဲဒီတုန်းက (၃) တန်းကို တက်
ရောက်နေပါပြီ။ မိခင်လုပ်တဲ့သူကတော့ သူ့သမီးလေးကို မေးခွန်းကြောင့် အံ့သြတုန်လှုပ်
သွားခဲ့တာကိုကျွန်တော်သတိထားမိလိုက်ပါတယ်။
``မြန်မာနိုင်ငံမှာနေလို့ ငါတို့ဘ၀ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ မြန်မာလူမျိုး ဖြစ်ရတာ
ရှက်ဖို့တောင် ကောင်းသေးတယ်။ အခွင့်အရေးရရင် တခြားနိုင်ငံသား ခံယူနိုင်အောင် ကြိုးစား
မယ်၊ လိုအပ်ရင် Refugge ဖြစ်အောင်တော့ လုပ်ရမှာ။ အဲဒီကတစ်ဆင့် တတိယနိုင်ငံတစ်ခု
ရောက်အောင်သွားနိုင်အောင်ကြိုးစားမယ်´´
အဲဒီစကားလေးက တစ်ည အိမ်မှာ ကျွန်တော် CNN သတင်းကြည့်နေတုန်း ကျွန်တော့်
အနားမှာရှိတဲ့ သူငယ်ချင်းနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ပြောနေကြတဲ့
စကားများ ဖြစ်ပါတယ်။ သူတို့ရဲ့ စကားကြောင့် ကျွန်တော် အတော်စိတ်မကောင်း
ဖြစ်ခဲ့မိတယ်။
လွန်ခဲ့တဲ့ ၄ နှစ်လောက်က ကျွန်တော် စာအုပ်တစ်အုပ် ဖတ်ခဲ့ရဖူးတယ်။ ဆရာ
သော်တာဆွေရေးထားတဲ့ ``ပုဂံသူရဲကောင်းများ´´ ဆိုတဲ့ စာအုပ်ပါ။ တကွဲတပြားစီ
ဖြစ်နေတဲ့ မြန်မာနိုင်ငံကို တစ်ပေါင်းတစ်စည်း ဖြစ်အောင် ကြိုးစားခဲ့တဲ့ ပထမဦးဆုံးသော
မြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ အနော်ရထာမင်းအကြောင်း ရေးထားတဲ့စာအုပ်လေးပါ။
အဲဒီစာအုပ်လေးကို အရမ်းနှစ်သက်မိတယ်။ အဲဒီတုန်းက စာအုပ်ဆိုင်ကနေ ငှားဖတ်ခဲ့ရတာပါ။
ဝယ်ပြီး သိမ်းထားချင်လို့ စာအုပ်ဆိုင်တွေ၊ အဟောင်းတန်းတွေမှာ လိုက်ရှာပေမယ့် အခုထိ
မရသေးပါဘူး။ အဲဒီစာအုပ်လေးဖတ်ပြီး မျိုးချစ်စိတ်ဓာတ် အရမ်းတက်ကြွခဲ့မိပါတယ်။
မြန်မာလူမျိုးတစ်ယောက်အနေနဲ့ လည်း သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ယူပီတိ
ဖြစ်ခဲ့မိပါတယ်။ ထိုနည်းတူ ဆရာသိန်းဖေမြင့်ရဲ့ ``အရှေ့မှ နေ၀န်းထွက်သည့်ပမာ´´
စာအုပ်လေး ဖတ်ရတော့လည်း စိတ်တက်ကြွခဲ့မိတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး
သမိုင်းကြောင်းမှာ တိုက်ပွဲဝင်ခဲ့သူတွေအကြောင်းနဲ့ သမိုင်းဖြစ်စဉ်ကို ရေးထားတာတွေကို
ဖတ်ရတာကိုး။ စာအုပ်တွေကြောင့် မြန်မာနိုင်ငံကို ချစ်တာလားလို့ မေးစရာရှိပေမယ့်
ကျွန်တော် မြန်မာနိုင်ငံကို ချစ်တယ်။ အသွေးအသားထဲကနေ ချစ်တယ်။ မြတ်နိုးတယ်။
မြန်မာနိုင်ငံ ဘယ်လောက်ပဲ ဒုက္ခရောက်နေပါစေ၊ ဘယ်လောက်ပဲ ချွတ်ခြုံကျနေပါစေ
ဘယ်တော့မှ မြန်မာနိုင်ငံ စွန့်ခွာပြီး တခြားနိုင်ငံသား ခံယူဖို့ စိတ်ကူး လုံးဝမရှိခဲ့ဘူး။
ကျွန်တော်တို့ လူမျိုး တိုးတက်ဖို့အတွက် ကျွန်တော်တို့ ဘာတွေ လုပ်ပေးကြရမလဲဆိုတာကို
အမြဲတမ်း စဉ်းစားနေမိတယ်။ လုပ်ပေးနိုင်သလောက်လည်း လုပ်ပေးကြည့်တယ်။
သူများနိုင်ငံတွေ ဘယ်လောက် တိုးတက်နေပါစေ၊ ဘယ်လောက်ပဲ ခေတ်မီနေပါစေ၊
လျှပ်စစ်မီးတွေ ဘယ်လောက်ပဲ ထိန်ထိန်လင်းနေပါစေ ကျွန်တော် အဲဒီနိုင်ငံတွေကို
မခင်တွယ်ပါဘူး။ လျှပ်စစ်မီး မရှိလို့ ဖယောင်းတိုင်လေးနဲ့ မီးထွန်းနေခဲ့ရတဲ့ မိသားစု
လေးဘ၀လေးကို တမ်းတမိတယ်။ ဆက္သြယေ
် ရးမကောင်းတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ
ရဲ့အဖြစ်ကို မချိတင်ကဲ ဖြစ်မိတယ်။ ပေါင်မုန့်နဲ့ ထောပတ်ကို မမက်မောပါဘူး။ ငပိရည်၊
တို့စရာနဲ့ ထမင်း ဆန်ကြမ်း စားရပါစေဦး မြန်မာနိုင်ငံကို ကျွန်တော် ချစ်တယ်။ မြတ်နိုးတယ်။
နိုင်ငံတကာအလယ်မှာ ကျွန်တော် ပြောရဲတယ်။ ``ကျွန်တော် မြန်မာလူမျိုးပါ´´

တစ်နေ့က ဧရာဝတီဝက်ဘ်ဆိုဒ်ထဲမှာ ရေးထားတဲ့ ဒေါက်တာဇာနည်ရဲ့ ``ဗမာတွေ ကိုယ်
တွင်းက မကောင်းဆိုးဝါး´´ ဆိုတဲ့ ဆောင်းပါးကို ဖတ်ရတော့ စိတ်မကောင်း၊ စိတ်ပျက်
မိတယ်။ သူ့ဆောင်းပါးက အပြုသဘော ထက် ကျွန်တော့်အမြင်မှာ တိုင်းရင်းသားအချင်းချင်း
သပ်လျှိုသွေးခွဲနေသလို ဖြစ်နေလို့။ သူ ပြောနေတဲ့ အကြောင်းအရာတွေထဲမှာ ``ဗမာတွေ
ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်ပြီး တခြားတိုင်းရင်းသားတွေကိုကျတော့ လူရာမသွင်းချင် ဘူး၊
နှိမ်ချဆက်ဆံတယ်။ မောက်မာတယ်´´လို့ ပြောချင်တာတွေ အများကြီး ပါနေတယ်။ ကချင်၊
ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုတဲ့ တိုင်းရင်းသားအားလုံးဟာ မြန်မာလူမျိုး၊
မြန်မာနိုင်ငံသားတွေချည်းပါပဲ။ အဲဒါကို မင်းက ကချင်မို့လို့၊ မင်းက ကရင်မို့လို၊ မင်းက
ရှမ်းမို့လို့ဆိုတဲ့ ခွဲခြားဆက်ဆံမှုမျိုး တိုင်းရင်းသားတွေကြားထဲမှာ မရှိခဲ့ဖူးပါဘူး။ ဗိုလ်ချုပ်
အောင်ဆန်းကိုယ်တိုင်ကလည်း ပြောခဲ့ပြီးသားပဲ။ ``တောင်တန်းနဲ့ ပြည်မ တစ်ပေါင်း
တစ်စည်းထဲ ရှိရမယ်´´ လို့ဆိုတာလေ။ နိုင်ငံရေးသမားဟာ သူ့ဘာသာ နိုင်ငံရေးလုပ်တာကို
ဘာမှမပြောလိုပေမယ့် တိုင်းရင်းသားအချင်းချင်း သွေးခွဲတာကိုတော့ လက်မခံချင်ဘူး။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တိုင်းရင်းသားပေါင်းစုံ ရှိနေတာပဲ။ တစ်ယောက်ကို
တစ်ယောက် ညီအစ်ကိုလို ဆက်ဆံကြတယ်။ ခွဲခြားဆက်ဆံတယ်ဆိုတာ မရှိခဲ့ဖူးဘူး။

ကာလအခိုက်အတန့်တစ်ခုမှာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပညာရေး၊ စီးပွားရေး၊
အသိပညာ ဗဟုသုတတွေ နိမ့်ကျနေတယ်။ ကြည့်မြင်တိုင်က ကျွန်တော့်သူငယ်ချင်း
ပြောခဲ့ဖူးသလိုပဲ။ လူတစ်ယောက်က ရောဂါတစ်ခု ရလာပြီဆိုရင် နောက်ဆက်တွဲ
ရောဂါတွေဟာလည်း ဆက်စပ်ဖြစ်ပေါ်လာတာပဲတဲ့။ ဥပမာ လူတစ်ယောက်မှာ သွေးတိုးရောဂါ
ရှိလာရင် နောက်ပိုင်းတဖြည်းဖြည်းနဲ့ သူ့မှာ နှလုံးရောဂါလည်း ရှိလာတတ်တယ်။ တပြိုင်ထဲ မှာ
ဆီးချိုရောဂါလည်း ဖြစ်လာတတ်တယ်တဲ့။ သူက ဥပမာထား ပြောတာပါ။ အဲဒီတုန်းက သူက
ဆက်စပ်ပြီး ပြောသွားတာက အနုပညာသမားတစ်ယောက်က ဂီတကို နှစ်သက်လာရင်
သူဟာ ဂီတတစ်ခုထန
ဲ့တင် ရပ်တန့်မနေဘဲ စာပေကိုလည်း စိတ်ဝင်စားလာတယ်။
တခြားအနုပညာကိုလည်း စိတ်ဝင်စားလာတတ်တယ်တဲ့။ ကျွန်တော်က ဆက်စပ်ပြီး
ထပ်တွေးကြည့်တယ်။ ထိုနည်းတူပဲ။ နိုင်ငံတစ်နိုင်ငံအကြောင်း သိချင်တယ်၊ ပြောမယ်ဆိုရင်
တစ်ခုထဲကို ကွက်ပြောလို့ မရသလို တစ်ခုထက
ဲိုပဲ ကွက်ပြီး စဉ်းစားလို့ မရပြန်ဘူး။ အဲဒီနိုင်ငံရဲ့
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုကိုပါ ထည့်သွင်းစဉ်းစားရတယ်လို့
ကျွန်တော် ယူဆတယ်။ နိုင်ငံတစ်နိုင်ငံဆိုတာက လည်း မိသားစုတစ်စုကနေ အခြေခံ
လာတာပဲ။ မိသားစုတစ်စု သူတို့ရဲ့ လူနေမှုဘ၀ နိမ့်ကျတယ်၊ မြင့်မားတယ်ဆိုတာကလည်း
သူတိ့ရ
ဲု့ စီးပွားရေး၊ ပညာရေး၊ မိသားစုတွင်း ယဉ်ကျေးမှုအပေါ် အခြေခံပြီးမှ ဖြစ်ပေါ်
လာတာပဲလေ။ ပြီးတော့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်ရည်ပေါ်လည်း
အများကြီးမူတည်နေတာပဲ။ အိမ်ထောင်ဦးစီးကောင်းတစ်ယာက်ဟာ သူ့မိသားစုအပေါ်
ဘာတွေများ ပြောင်းလဲပေးနိုင်စွမ်း ရှိသလဲ။

ပညာသင်ကြားသင့်တဲ့အရွယ်မှာ လမ်းဘေးမှာ ဈေးရောင်းနေရတဲ့ကလေးငယ်တွေ နေ့စဉ်နဲ့
အမျှ တွေ့နေရတယ်။ မိဘမဲ့လို့ ယူဆရတဲ့ ကလေးငယ်တွေ တောင်းရမ်းစားသောက်နေတာ
နေ့စဉ်နှင့်အမျှ တွေ့နေရတယ်။ အထက်တန်းပညာသင်ကြားရမယ့်အချိန်၊ တက္ကသိုလ်ပညာ
ဆည်းပူးရမယ့်အရွယ်တွေမှာ အရွယ်မရောက်သေးတဲ့လူငယ်တွေ ပြည်ပကို နေ့စဉ်နှင့်အမျှ
ထွက်ပြီး အလုပ်လုပ်နေကြရတယ်။ အခုလက်ရှိ ကျွန်တော့် ပတ်ဝန်းကျင်မှာ တင် အသက် ၁၈
ကျော်ကျော်ပဲ ရှိသေးတဲ့ လူငယ်တစ်ချို့ ပြည်ပကို ထွက်လာပြီး အလုပ်လုပ်နေကြပြီ။
ထို့နည်းတူပဲ မူလတန်းပညာကိုတောင် ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရတဲ့ အရွယ်
ရောက်နေတဲ့ လူငယ်တစ်ချို့ ပြည်ပမှာ အလုပ်ထက
ွ်လုပ်နေကြတယ်။ ပြည်တွင်းမှာရှိတဲ့
အချို့သော ကလေးသူငယ်များနှင့် လူငယ်များဟာ အကြောင်းအမျိုးမျိုးကြောင့် ပညာရေး
ရပ်တန့်ခဲ့ကြရတယ်။ တစ်ချိန်ထဲမှာပဲ တက္ကသိုလ်ဘွဲ့လက်မှတ်တွေကို တစ်စောင်ပြီး တစ်
စောင် ရိုက်ထုတ်နေကြတယ်။ ပညာမတတ် ဘွဲ့ရလူငယ်တွေ မြန်မာနိုင်ငံမှာ အများကြီး
ဖြစ်လာတာကိုလည်း တွေ့နေရတယ်။ ဘာလင်တံတိုင်းကြီးကို ဖြိုချနိုင်အောင် စွမ်းဆောင်
နိုင်ခဲ့တဲ့ Pink Flyod တေးဂီအဖွဲ့ရဲ့ တေးစီးရီးထဲ ကလို ဘွဲ့ရ ပညာမတတ်တဲ့သူတွေကို စက်နဲ့
ရိုက်ထုတ်နေသလိုပါပဲ။

ပညာရေးဆိုတာ လူတစ်ယောက်အတွက် အရေးကြီးသလို နိုင်ငံတစ်နိုင်ငံအတွက်လည်း
အရေးကြီးတာပါပဲ။ ပညာရေး နိမ့်ကျလာတာနဲ့အမျှ အသိအမြင်၊ အတွေးအခေါ်တွေလည်း
နိမ့်ကျလာပါမှာပဲ။ အသိအမြင်ဗဟုသုတ အတွေးအခေါ်တွေ နိမ့်ကျလာတာနဲ့အမျှ စီးပွားရေး၊
ယဉ်ကျေးမှုတွေဟာလည်း တဖြည်းဖြည်းနဲ့ နိမ့်ကျလာတာပါပဲ။ ပညာတတ်တွေ နည်းလာပြီး
ဝိသမလောဘ စီးပွားရေးသမားတွေ များလာတာနဲ့အမျှ အဲဒီနိုင်ငံရဲ့ အနာဂတ်ဟာ လည်း
ဘယ်လိုမှ ကောင်းလာနိုင်စရာ မရှိပါဘူး။ အစမှာ ကျွန်တော် ရေးခဲ့သလိုပါပဲ။ အာဇာ
နည်နေ့ဆိုတာ ဘာနေ့လဲဆိုတာ မသိတဲ့ ကလေးတွေ တော်တော်များလာပါပြီ။ ဗိုလ်ချုပ်
အောင်ဆန်းကိုတော့ အထိုက်အလျောက်တော့ သိကြပါသေးတယ်လို့ ယူဆနိုင်ပါတယ်။
အမျိုးသားနေ့ဆိုတာလည်း ပျောက်ကွယ်လုနီးပါးပါပဲ။ လွတ်လပ်ရေးနေ့ဆိုတာကိုတောင်
အစိုးရရုံးပိတ်ရက်နေ့အဖြစ်လောက်သာ သတ်မှတ်နေကြတဲ့ လူအတော်များများ
ရှိနေကြတာဟာ သိပ်ပြီးတော့ အံ့သြစရာ မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံရှိတဲ့ လူတစ်
ယောက်အတွက် ရုတ်တရက် မေးကြည့်ပါ။ ``ငါတို့နိုင်ငံကို လွတ်လပ်ရေး ရယူပေးခဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ပြောပြစမ်းကွာ´´ ဆိုရင် ဟိုတိုးဝါးတား လူ အတော်
များများ ရှိနေကြပါပြီ။ ``ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်မွေးနေ့ပါ´´ ဆိုတဲ့ ကဗျာ
လေးကိုတောင် မသိကြတဲ့သူတွေ အတော်များများ ရှိလာနေတာဟာ မြန်မာနိုင်ငံရဲ့
အနာဂတ်အတွက် မကောင်းတဲ့လက္ခဏာတွေပါပဲ။ တစ်ခါက အွန်လိုင်းမှာရှိတဲ့ သူငယ်ချင်း
မိန်းကလေးတစ်ယောက်က သူ နတ်မောက်ရောက်တုန်း ဗိုလ်ချုပ် နေခဲ့တဲ့ အိမ်ရှေ့မှာ
ဓာတ်ပုံရိုက်ချင်တာ ရိုက်လို့မရလို့ ခိုးရိုက်တာ ၅ ရက်လောက် ကြိုးစားခဲ့ရတယ်တဲ့။
အဲဒီဓာတ်ပုံကိုလည်း ကျွန်တော်ဆီ ပို့ပေးခဲ့ပါတယ်။ ဒါတွေဟာ ဘာကြောင့် ဖြစ်ပေါ်လာသလဲ။
အစိုးရ ကောင်းတာ၊ မကောင်းတာကို ကျွန်တော် ဘာမှ မပြောလိုဘူး။ ကျွန်တော်တို့
ကိုယ်တိုင်ကရော ဘာတွေ လုပ်နေကြသလဲဆိုတာ အရင်ဆုံးစဉ်းစားကြ ရလိမ့်မယ်။

ကျွန်တော် ဒဂုံမှာ တက္ကသိုလ်တက်တော့ ကျွန်တော့်ပတ်ဝန်းကျင်မှာ တွေ့ခဲ့ရတဲ့ တက္ကသိုလ်
ကျောင်းသား ကျောင်းသူအတော်များများဟာ တက္ကသိုလ်မှာ ပညာလာသင်ကြတာထက်
ဟေလားဝါးလား လာလုပ်နေကြတဲ့သူ တွေ အတော်များနေတာကို တွေ့နေရတယ်။
ပညာသင်ကြားရမယ့်အရွယ်မှာ ပညာရေးကို စိတ်မ၀င်စားကြတော့ဘဲ တစ်နှစ်တစ်
တန်းအောင်ရင် ငါ့တာဝန်ကျေပြီလို့ ယူဆသူတွေ မြန်မာနိုင်ငံမှာ မနည်းတော့ဘူး။ ပညာရေး
နိမ့်ကျလာတယ်၊ ကန့်သတ်ချက်တွေ များလာတယ်ဆိုပြီး သူများယောင်လို့ လိုက်ယောင်
နေကြတဲ့သူ တော်တော်များများဟာ ကျောင်းက သင်ကြားပေးလိုက်တဲ့ တစ်ပုဒ်ကို ဘယ်
လောက်များ ဖြန့်ကျက်တွေးမိကြသလဲ။ ကကြီး ခခွေးကို ၏သည်မရွေး ကျက်ပြီး ဖြေခဲ့ကြတဲ့
ကျောင်းသားတွေ အများကြီးပါပဲ။ ဒါဟာ စာသင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်း
သူတွေရဲ့ အပြစ်တစ်ခုထဲ မဟုတ်သလို သင်ကြားပေးနေကြတဲ့ ကျောင်းဆရာ၊ ဆရာမ
များဘက်က လည်း လိုအပ်ချက်တစ်ခုအနေနဲ့ ရှိနေခဲ့ကြပါတယ်။ ရပ်စကင်း ပြောခဲ့သလိုပါပဲ
``ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကို ဆုံးဖြတ်
တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်´´ ပညာတတ်ဆိုတာကလည်း
အမှားအမှန် ခွဲခြားတတ်ဖို့၊ တရားမှု မတရားမှုကို ခွဲခြားတတ်ဖို့နဲ့ တွေးခေါ် မြော်မြင်
တတ်တဲ့သူကိုပဲ ခေါ်တာပါ။ သင်ကြားပေးတဲ့သူများဘက်ကလည်း ကိုယ် သင်ကြား
ပေးလိုက်တဲ့သူတွေကို နားလည် တတ်သိအောင်၊ တွေးခေါ်တတ်အောင် သင်ကြားပေးရမှာ
အဓိကတာဝန်ပါပဲ။ ဟိုက ကန့်သတ်ထားလို့၊ ဒီက ကန့်သတ်ထားလို့ပါဆိုပြီး သူများကိုသာ
လက်ညှိုးထားနေခဲ့မယ်ဆိုရင် ကိုယ့်ကို လက်ညှိုးထိုးမယ့်သူတွေ နည်းမှာ မဟုတ်ပါဘူး။
သမိုင်းဘာသာရပ်ကို သင်တဲ့ဆရာဟာ ကျောင်းသားတွေကို ၀တ္တရားကျေ သင်ခဲ့တဲ့အတွက်
``ဗိုလ်ချုပ်အောင်ဆန်းဟာ ရာဇ၀င်ထက
ဲ လူလားလို့´´ မေးခဲ့တဲ့ မူလတန်းအရွယ်
ကလေးသူငယ်တွေ အများကြီး ထွက်ပေါ် လာတာဟာ မဆန်းပါဘူး။ အေးဂျင့်တစ်ခုမှာ
အလုပ်လုပ်နေတုန်းက ပြည်ပထွက်မယ့်သူတွေကို နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်စကား
ပြောတတ်ဆိုတတ် ရေးတတ်အောင် သင်ပေးနေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့
ညည်းညူမှုကြောင့် ကျွန်တော် အံ့သြခဲ့ရတာလည်း ရှိတယ်။ မူလတန်း (၄) အောင်ပြီးပြီ။
အေဘီစီဒီကို အကြီးအသေး ခွဲရေးရင် မသိတော့ဘူး။ ပေါင်းနှုတ်မြှောက်စား သင်္ကေတတွေကို
သေချာမသိဘူးတဲ့။ ကဲ.. အဲဒီလိုမျိုး လူတွေ မြန်မာနိုင်ငံမှာ အများကြီး ဖြစ်လာရင် သူတို့
သူတို့တွေကနေ ပေါက်ဖွားလာမယ့် မျိုးဆက်သစ်တွေအတွက် ဘယ်သူက တာဝန်ယူမှာလဲ။
တစ်ည ကုတင်ပေါ်မှာ လှဲပြီး စာဖတ်နေတုန်း ဘွဲ့ရ သူငယ်ချင်း အခန်းဖော်တစ်ယောက်က
နိုဝင်ဘာလနဲ့ ဒီဇင်ဘာလကို အင်္ဂလိပ်လို ဘယ်လိုစာလုံးပေါင်းသလဲလို့ မေးတာ တော်တော်
စိတ်ပျက်သွားတယ်။ ကျွန်တော် ပြန်မေးမိတယ်။ ``မင်း ဘယ်လို ဘွဲ့ရလာတာလဲ´´ လို့။

နောက်အမြင်တစ်ခုပေါ့။ မိဘတွေကလည်း ဆုံးမကြပါတယ်။ သား၊ သမီးတို့ တစ်နှစ်တစ်တန်း
မှန်မှန်အောင်အောင် ကြိုးစားကြနော်။ အခုခေတ်မှာ ကျောင်းထားရတာ မလွယ်ဘူး၊
ကျောင်းစရိတ်၊ ကျူရှင်စရိတ် စတဲ့ အထွေထွေစရိတ်တွေက အရမ်းအကုန်အကျ များတယ်။
တစ်နှစ်ကျသွားလို့ နောက်တစ်နှစ်ထပ်တက်ရင် ပိုက်ဆံထပ်ကုန်တယ် ဆိုတာမျိုးလေးတွေ
မကြာခဏ ကြားကြားနေရတတ်ပါတယ်။ ပိုက်ဆံတတ်နိုင်တဲ့၊ ပိုက်ဆံ ချမ်းသာတဲ့ အသိုင်း
အ၀န်းအနေနဲ့ ကိုယ့်သားသမီး စာမေးပွဲတစ်နှစ်ကျလို့ နောက်တစ်နှစ် ထပ်ထားရတာ
သူတို့အတွက် ဘာမှ မသိသာပေမယ့် လူလတ်တန်းစား အခြေခံလူတန်းစားတွေအတွက်တော့
အများကြီး ထိခိုက်မှု ရှိလာပါတယ်။ မိဘ တွေဟာ ကိုယ့်သားသမီးလေးတွေကို ပညာတတ်
လေးတွေ ဖြစ်စေချင်လို့ စီးပွားရေး အဆင်ပြေသည် ဖြစ်စေ၊ အဆင်မပြေသည်ဖြစ်စေ
ကျောင်းထားပေးနိုင်အောင် ကြိုးစားကြပါတယ်။ ဒါပေမယ့် အထွေထွေကုန်ကျစရိတ်
ကြီးမြင့်လာတာနဲ့အမျှ အချို့သော မိဘတွေရဲ့ ပညာရေးအပေါ် အမြင်ကလည်း ပြောင်းလဲ
လာပါတယ်။ ရေးတတ်ဖတ်တတ်ရုံလောက်ပဲ ပညာသင်ကြားစေလိုပြီး နောက်ပိုင်းမှာ
ပညာရေးကို ရပ်တန့်ပစ်လိုက်ကြတဲ့သူ အတော်များများ ရှိလာပါပြီ။ နယ်မြို့လေးတွေမှာ
မပြောနဲ့၊ ရန်ကုန်လို မြို့ကြီးမှာတောင် အဲဒီလိုမိသားစုတွေ အတော်များများ ရှိလာနေတာ
အနာဂတ်အတွက် မြန်မာနိုင်ငံအတွက် မကောင်းတဲ့အလားအလာတွေပါပဲ။ တစ်နေ့အတွက်
ထမင်းတစ်လုပ် စားရဖို့ ရုန်းကန်ကြိုးစားနေကြရတဲ့ မိသားစုအဖို့ သူတို့အတွက် ပညာရေး
ထက် တစ်နေ့ တစ်နေ့ ထမင်းနပ်မှန်အောင် စားရဖို့က ပိုအရေးကြီးလာတာကိုး။ လက်မှု
ပညာရေးတစ်ခုလောက် တတ်ထားရင် တော်ပြီဆိုတဲ့ လူတွေ တော် တော်များနေပါပြီ။
ဒါပေမယ့် သူတို့တွေ မစဉ်းစားခဲ့မိတဲ့အချက်တစ်ခုက ငါတို့တွေ ပညာမတတ် ခဲ့လို့ အခုလို
ရုန်းကန်နေရတာပါလားဆိုတာပါပဲ။ ပညာတတ်နည်းတဲ့နိုင်ငံဟာ ဘယ်တော့မှ တိုးတက်
လာမှာ မဟုတ်ပါဘူး။ ပြည်တင
ွ်းပြည်ပ စီးပွားရေးသမားတော်တော်များများကလည်း
သူတို့လုပ်ငန်းအတွက် ပညာတတ်တွေ အများကြီးကို အလိုမရှိကြတာဟာ အံ့သြစရာ
ကောင်းပါတယ်။ အခြေခံပညာနိမ့်တဲ့သူတွေကို သူတို့လုပ်ငန်းမှာ ခေါ်သုံးတာဟာ
သူတို့အတွက် သာမန်အားဖြင့် အဆင်ပြေနေလို့ပါပဲ။ အချို့အချို့သော လူနည်းစု လုပ်ငန်း
ရှင်တွေကပဲ ပညာတတ် လူငယ်တွေကို မြေတောင်မြှောက်ပေးတာမျိုးပဲ ရှိပါတယ်။ ဒါဟာ
အင်မတန့် အင်မတန် နည်းလွန်းလှပါတယ်။ အခု လက်ရှိ ရန်ကုန်မြို့ပေါ်မှာရှိတဲ့
စီးပွားရေးလုပ်ငန်းရှင်အတော်များများဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ အလွန်နည်းပြီး
မြန်မာနိုင်ငံသား တရုတ်နဲ့ တခြားလူမျိုးတွေကသာ ကြီးစိုးနေကြတာဟာ လူမျိုးတစ်မျိုးရဲ့
စီးပွားရေးကို ၀ါးမျိုးခံနေရသလိုပါပဲ။ သူတို့ကို ဝေဖန်ပုတ်ခတ်တာ မဟုတ်ပေမယ့်
သူတို့လူမျိုးစု ကြီးပွားတိုးတက်ဖို့အတွက် သူတို့ ကြိုးစားကြပေမယ့် မြန်မာနိုင်ငံသား
တိုင်းရင်းသားများဟာ အသုံးခံဖြစ်နေရတာဟာ ရာစုနှစ်နဲ့ချီပြီ ကြာမြင့်ခဲ့ပါပြီ။

နိုင်ငံတစ်ခုရဲ့ စီးပွားရေးဟာ မိသားစုတစ်စုရဲ့ စီးပွားရေး ထပ်တူကျပါတယ်။ မိသားစုတစ်စုမှာ
ဦးဆောင်သူ မကောင်းရင် အဲဒီမိသားစုရဲ့ စီးပွားရေးဟာလည်း ပျက်ယင
ွ်းဆုတ်ယုတ်သလို
နိုင်ငံတစ်နိုင်ငံမှာလည်း ထိုနည်း တူပါပဲ။ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဟာ သူ့မိသားစု
တိုးတက်ကြီးပွားဖို့အတွက် သူ့ရဲ့ စီမံခန့်ခွဲမှုအပေါ် များစွာမူတည်နေပါတယ်။ သူ့ရဲ့အတွေး
အခေါ် အမျှော်အမြင်ဟာလည်း များစွာအရေးကြီးပါတယ်။ သူ့ရဲ့ စီမခ
ံ န့်ခွဲမှု ကောင်းရင်၊
အတွေးအခေါ် အမျှော်အမြင်ကောင်းရင် မိသားစုရဲ့ အနာဂတ်ဟာ တိုးတက်လာနိုင်သလို
စီမံခန့်ခွဲမှုညံ့ဖျင်းခဲ့ရင် တွေးခေါ်မျှော်မြင်မှုမရှိခဲ့ရင်လည်း မိသားစုရဲ့ အနာဂတ်ဟာ ဆုတ်
ယုတ်သွားမှာပဲ။ နိုင်ငံတစ်ခုအနေနဲ့ဆို ဒီထက်မက ကျယ်ပြန့်လာပါတယ်။ မိသားစုရဲ့
အိမ်ထောင်ဦးစီးဟာ သူ့လက်အောက်မှာရှိတဲ့ သားသမီးများရဲ့ ပညာရေး၊ ကျန်းမာရေး၊
ယဉ်ကျေးမှုများကို တာဝန်ယူရသလို သူ့မိသားစုရဲ့ စီးပွားရေးကိုလည်း တာဝန်ယူရတာပါပဲ။
ဒါတွေဟာ သူ တစ်ဦးထဲမှာ တာဝန်ယူရှိတာမဟုတ်ပေမယ့် သူ့မိသားစုရဲ့ ကြိုးစားအား
ထုတ်မှုအပေါ်မှာလည်း အများကြီး မူတည်နေတတ်ပါတယ်။ သူ့ရဲ့ သားသမီးများကို
အသိပညာ ပွင့်လင်းတိုးတက်အောင် လုပ်နိုင်စွမ်းရှိဖို့အတွက် သူကိုယ်တိုင်ကလည်း အသိ
ပညာ ဗဟုသုတ အတွေးအခေါ် ရှိနေရမှာပါ။ သူ့ မိသားစုကို လွတ်လပ်စွာ
တွေးခေါ်စဉ်းစားတတ်အောင် သင်ပေးနိုင်စွမ်းရှိဖို့လည်း လိုအပ်ပါတယ်။ နိုင်ငံတစ်ခုဟာ
မိသားစုပေါင်း မြောက်မြားစွာနဲ့ ဖွဲ့စည်း တည်ဆောက်ထားတာပါ။ မိသားစုပုံစံမျိုးစုံကို
တွေ့နိုင်သလို အနာဂတ်အတွက် အလားအလာရှိတဲ့ မိသားစုပေါင်း မြောက်မြားစွာ
ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် လိုအပ်နေပါတယ်။

ဒါကြောင့် ကျွန်တော်တို့နိုင်ငံအတွက် တကယ်တတ်တဲ့ ပညာတတ်တွေ အများကြီး
လိုအပ်နေပါတယ်။ ပညာတတ်တွေ ထွက်ပေါ်လာဖို့အတွက် မိသားစုများစွာဟာလည်း စီးပွား
ရေး အခက်အခဲ အကျပ်အတည်းတွေကနေ ရုန်းထွက်နိုင်ဖို့ လိုအပ်နေပါတယ်။ စီးပွားရေး
အကျပ်အတည်းတွေ ပြေလည်နိုင်ဖို့အတွက် နိုင်ငံရေး တည်ငြိမ်မှုနဲ့ အုပ်ချုပ်သူလူ
တန်းစားများရဲ့ တွေးခေါ်မြော်မြင်မှုများဟာလည်း လိုအပ်နေပါတယ်။ အုပ်ချုပ်သူ လူတန်းစား
ဟာလည်း အသိပညာရှင်၊ အတတ်ပညာရှင်တွေ ဖြစ်နေဖို့တော့ လိုအပ်ပါသေးတယ်။
ငါ့အတွက်ဆိုတာထက် အများအတွက်ကို ကြည့်ပြီး လုပ်ကြမယ်ဆိုရင် အနာဂတ်ဟာလည်း
သာယာစိုပြေလာနိုင်မှာပါ။

မြန်မာနိုင်ငံကို ချစ်သော မြန်မာလူမျိုးများ များများပေါ်ထွက်လာပါစေ။ ကျွန်တော်
နိုင်ငံရေးသမား မဟုတ်ပါ။ နိုင်ငံတကာရဲ့အရေးကိစ္စများကိုတော့ စိတ်ဝင်စားမိပါတယ်။
ကျွန်တော့်နိုင်ငံ တိုးတက်လာဖို့အတွက်လည်း အများကြီး မျှော်လင့်နေမိပါတယ်။

လေးစားစွာဖြင့်
ဇေယျာဦး