စုန်းတစ်ကောင်ရဲ့ သေတမ်းစာ (နေတော်သတိုး) (ရာဇ၀င်) အမေကသားကို မွေးတယ် အမေ့သားက အမေမကြိုက်တဲ့ ကဗျာကို ဆက်မွေးတယ် ကျနော့် ကဗျာလေးတစ်ပုဒ်ထဲက စာပိုဒ်လေးတစ်ပိုဒ်ကိုဖတ်ပြီး အမေကပြုံးတယ်..

။ “သား ဘယ်နှစ်, နှစ်ခံမလဲ အမေကြည့်မယ်၊ နောက်တော့မှ နောင်တရပြီး ၀မ်းမနည်းနဲ့ .။ ဘ၀ဆိုတာ စိတ်ကူးယဉ်လို့ ရတာမဟုတ်ဘူးနော်” …တဲ့။ ……………………………………………….

အနမ်းစိမ်းတွေ အုံ့ ဝေရိုင်းစိုင်းတဲ့ တောငွေ့ ပြာပြာလေးရယ် နှုတ်ခမ်းသေတွေ ၀ိုင်းဝန်းကိုက် ဖျက်တဲ့ နာကြည်းရူးသွပ်မှုတွေရယ်ကြောင့်…ဒီ ဒဏ်ရာ (၆)ခုကို ရေးဖြစ်ခဲ့ပါတယ်..။ *** (၁/၂၀၀၂) ကောင်မလေးတစ်ယောက်ကို ပထမဆုံးတစိုက်မက်မက် ငေးမောကြည့်နေတတ်တဲ့ အရွယ်ဟာကျနော် အသက်၁၄နှစ်ပြည့်ပြီး တတိယပတ်မြောက်တဲ့နေ့ .။ကမ္ဘာမြေရဲ့ ပန်းပွင့်တွေအားလုံး ကြွေကျ မွှေးပျံ့နေတဲ့နေရာလေးမှာပေါ့..။ ”ဟိုးနောက်ကကောင် ၊စာသင်နေတာ ဘယ်ကို ငေးကြည့်နေတာလဲ ” ကျနော်တုန်လှုပ်သွားမိတယ်။ အားလုံးဝိုင်းကြည့်လာတဲ့ကြားက သိပ်လှတဲ့ အကြည့်လေးတစ်စုံကို ပဲ ကျနော် ယူဆောင်ထားခဲ့ပါတယ်..။ဒီနေ့ထိမမေ့တဲ့မျက်လွှာလေးက ကျနော့်ဘ၀ကို အသိမ်မွေ့ ဆုံးပြောင်းလဲစေခဲ့တာပါ။ ***

”နင့်ကို ငါချစ်တယ်” ”……………………” အဖြေရတဲ့နေ့က သူ့စကားလေး ကြားအပြီးမှာ လူသားတစ်ယောက်ခံနိုင်ရည်ရှိတာထက်ပိုပြီး နာကျင်သေဆုံးစေတဲ့ခံစားချက်တစ်မျိုးကို ကျနော်ဘာလို့ အဲဒိအရွယ်ထဲက ရခွင့်ရှိခဲ့တာလဲ..။ သူပေးတဲ့ အဖြေက ”နင့်ကို ငါမချစ်ဘူး ” တဲ…..။့  *** အဲသည်လိုနဲ့ (၂၀၀၂ခုနှစ်) ၉တန်းဆောင်းရာသီ တစ်လျှောက်လုံး ဟန်ဆောင်မကောင်းတဲ့ ကမ္ဘာမြေက နှင်းစက်တွေရွာချတယ်။ ကျနော်ကလည်း သူ့လို့ပါပဲ..။ မမြိုသိပ်ထားနိုင်တဲ့ အလွမ်းတွေအကြောင်း….ခပ်ညံ့ညံ့ကဗျာလေးတွေနဲ့ဆီခယကြေကွဲတယ်။ ကျနော့ကဗျာလေးတွေ ဖတ်ပါများလာတော့ တစတစ သူမကျနော့ကိုအံသြလာတယ်.။ မယုံသလိုမျက်လုံးလေးတွေနဲ့  မကြာမကြာကြည့်လာတယ်..။ဒီလိုနဲ့ နောက်ဆုံးတွေ့ ဖြစ်တဲ့ စာသင်ခုံတန်းလေးတစ်ခုရဲ့ရှေ့မှာ…သူမနောက်ဆုံးပြောသွားတဲ့ စကားတခွန်းက ကျနော့်ဘ၀ကို (ဒီနေ့ ထိ) စွံ့ အသွားစေနိုင်တော့တာပါ..။ ”နင့်ကဗျာတွေက ရူးကြောင်ကြောင်နဲ့ ။ ရူးများနေတာလား ထက်ပိုင်အောင် ” အိုကောင်မလေးရယ်..။ ငါလေ…..။ (၂/၂၀၀၃) ကျနော်က လမ်းပေါ်မှာလျှောက်တဲ့ တေလေလေးလိုနေတတ်ချင်တာ.။မိုးတွေရွာနေရင် အမြဲတမ်း ထီးဆောင်းလေ့ဆောင်းထမရှိတာရယ်၊ ညနက်ပိုင်း လမ်း(၅၀)ထိပ်က ဗန်ဒါပင်ကြီး တစ်ပင်ရဲ့အောက်မှာ တယောက်ထဲ ထိုင်နေတတ်တာရယ် ၊ အဲဒိအမှတ်အသားလေး နှစ်ခုကိုပဲ လူတွေက စုန်း တစ်ကောင်လို့  ခေါ်ဆိုနှုတ်ဆက်လာကြတယ်။ ခဏခဏ အိမ်ပေါ်ကဆင်း ပြီး ခဏခဏ ကဗျာလေးတွေရေးတဲ့ ဒိုင်ယာရီတစ်အုပ်လုံးကို လမ်းပေါ်မှာပဲ လွှင့်ကျဲလိုက်တယ်.။ တစ်ချို့ တွေ.. ကောက်ယူဖတ် ပြီး ‘ နားမလည်ဘူး’ ဆိုတဲ့ကြက်ခြေခတ်ဖန် အိမ်လေးမှာ မီးရှုးမီးပန်းတွေနဲ့ ဖြာဝေ လင်းပခဲ့ပါတယ်။ ***

“ အသက်ရှင်သန်မှုဟာ မြေပုံထဲက မြစ်တစ်စင်းများလား “ ဘုရားရေ…ကယ်တော်မူပါ..။ အဲဒိ့အဖြေကို စဉ်းစားရင်းနဲ့ ပဲ ကျနော် လူတစ်ယောက်ကိုသွားတွေ့ မိတယ်..။သူကရုရှား ပြည်သား ‘ မာယာကော့ဗ်စကီး ‘ဆိုတဲ့လူ။ ကမ္ဘာကျော်တယ်။ သေသွားခဲ့တာတော့ကြာပါပြီ။ အဲဒီ့မှာ သူနဲ့တွေ့ တော့ …သူကကျနော့အကြောင်းမေးတယ်.။သူအကြာကြီးကြာအောင် ငြိမ်သက်နေပြီးမှ သက်ပြင်းတစ်ချက်နဲ့  အတူ စကားတစ်ခွန်းကို အကြိမ်ကြိမ် ထပ်ပြောတယ်။ တစ်ယောက်အတွက် အသုံးအမဲ့ဆုံး နိမိတ်ပုံတစ်ခုပေါ့..။ ထပ်ပြောမယ်….လူဆိုတာ ကိုယ်ကို ဘုရားက ဘာပေးလိုက်လဲ သိဖို့ ပဲလိုတယ်..။ အဲဒီ့ အသိဟာ စီးဆင်းနေတဲ့ အသက်ရှင်ခြင်းပဲ..” အို…ကျနော့်ကို ဘုရားဘာပေးလိုက်လဲ။ အို…ကျနော့်ကို ဘုရားဘာပေးလိုက်လဲ။ အဲဒိနောက်ပိုင်း…. ကဗျာလေးတွေ ဆက်ရေးပါတယ်။နားမလည်ဘူး ဆက်ပြောကြပါတယ်.။ ကောင်မလေးလည်း တစတစ ကြည့်မရဖြစ်လာပါတယ်။ “ရူးကြောင်ကြောင်”ဆိုတဲ့ သတင်းစကားလဲ မကြာမကြာ ကြားလာရပါတော့တယ်။ *** လေတွေ ၊မိုးတွေကြားမှာ ကျနော်ထိုင်နေကျ ဗန်ဒါပင်လေးချမ်းလို့ နေပါတယ်။ ခပ်ညံ့ညံ့ အို…ကျနော့်ကို ဘုရားဘာပေးလိုက်လဲ။ “လူနဲ့ မတူတဲ့လူလို့  လူတွေက ငါ့ကို ပြောခဲ့ကြတာပါပဲ..။ကဗျာဆရာ

(၃/၂၀၀၄) ပထမဆုံး…… ကဗျာလေးတစ်ပုဒ်မဂ္ဂဇင်းမှာ စပါတဲ့နေ့ က..ကျနော်ပျော်တယ်.။ (ဗြောင်းဆန်အောင်ဆိုတဲ့ ကြိယာဝိသေသနထက် ပျော်တာကို ပိုအထူးပြုနိုင်တဲ့ စကားလုံးရှလျှင် ထည့်အသုံးပြု့ ပေးကြပါ..။)အဲဒါနဲ့ အဲဒီ့ကဗျာလေးကို ကျနော်ကိ သူငယ်ချင်းတွေကို ကြွားရတာပေါ့..။သူတို့က ကဗျာကို စိတ်မ၀င်စားကြဘူး..။သူတို့စိတ်ဝင်စာ တဲ့မေးခွန်းတစ်ခုကို မေးတယ်….။ “စာမူခ ဘယ်လောက်ရလဲ ”တဲ့။ ”တစ်ထောင်” ”ဟား !....ဟား ! …..ဟား! …..ဟား !” အဲဒီ့အရပ်ကကျနော် အမြန်ဆုံးထွက်ခွာလာခဲ့ပါတော့တယ်..။

သူငယ်ချင်းတစ်ယောက်အိမ်ကို ခဏရောက်တော့ သူ့ မိဘတွေကမေးတယ်။ ”သား ဘာတွေလုပ်နေလဲ” ”ကျနော်…….” လိမ်လိုက်တယ်။အဆင်ပြေဆုံးဖြစ်မယ့် အရာတစ်ခုကိုသုံးတယ်..။ ဆိုပါတော့…. ”အဖေ့အလုပ်မှာလုပ်တယ်.”၊ ”…. သင်တန်းတက်နေတယ်” စသဖြင့်။ အဲတာနဲ့ ကျနော် အိမ်ပြန်လာတဲ့ လမ်းလေးမှာစဉ်းစားတယ်။ **** ”ကျနော်ကဗျာရေးနေပါတယ် ” လို့ဘာကြောင့်များ မဖြေဖြစ်ခဲ့ရတာလဲ..။ ဆယ်တန်းမြန်မာစာ ဖြေတဲ့နေ့ က စာဖြေစားပွဲပေါ်ကျလာတဲ့ မေးခွန်းစာရွက်လေး ကို မှိုင်တွေငေးမော..။ကဗျာတစ်ပုဒ်ကို အဓိပါယ်တွေ တူးဆွဖို့ စဉ်းစားနေမိတယ်။ ချွန်မြကောက်ကျစ်တဲ့ ရင်ခွဲဓားတွေအောက်မှာ ကဗျာတစ်ပုဒ်ရဲ့ ဖွာကျဲညည်ညူနေတဲ့ အသံ…။ သူ့ ကိုယ်ပေါ်က တလွှာချင်းကာထားတဲ့ အရေလွှာတွေရဲ့ စုတ်ပြဲနာကျင်မှု….။ ”ဆရာ ကျနော် ကဗျာ မဖြေလာခဲ့ဘူး” ”မင်း……………………………………..” ဟုတ်ကဲ့ပါ..။ ကျနော် ရူးနေပါပြီ..။ *** (၄/၂၀၀၅) ချစ်သူ….။ညီမလေး ကြာဖြူ….။ ကျနော်တွေးမိပါတယ်။