စတီဗင်ဟော့ကင်း

စတီဗင်ဝီလျှံ ဟော့ကင်း(stephen hawking) ကို ၁၉၄၂ ခုနှစ် ဇန်န၀ါရီလ ၈

ရက်နေ့ ( ဂယ်လီလီယို သေဆုံးပြီး နှစ်၃၀၀ ကြာတဲ့ အချိန်) မှာ အောက်စ်ဖို့  မြို့ 

အင်ဂလန်နိုင်ငံမှာ မွေးဖွားခဲ့တယ်..။သူရဲ့ မိဘအိမ်က လန်ဒန်မြောက်ပိုင်းမှာ ရှိပေမယ့်သူ့ကို
အောက်စ်ဖို့ မှာ မွေးရတာက ၊ ဒုတိယ ကမ္ဘာစစ်အတွင်း အောက်စ်ဖို့ ဟာကလေးတွေအတွက်
လုံခြုံတဲ့နေရာတစ်ခုဖြစ်လို့ ပဲ..။သူ အသက်၈ နှစ်ရောက်တဲ့ အချိန်မှာ သူမိသားစုက လန်ဒန်
မြောက်ပိုင်း မိုင် ၂၀လောက်ဝေးတဲ့ စိန့် အယ်လ်ဘန်မြို့ ကို သွားရောက်အခြေချတယ်..။
ဟော့ကင်းအသက်၁၁နှစ်ပြည့်တဲ့အချိန်မှာ စိန့အ
် ယ်လ်ဘန်ကျောင်းကို တက်တယ်
..နောက်ပိုင်းသူ့  အဖေရဲ့ ကျောင်းဖြစ်တဲ့ အောက်စ်ဖို့ ယူနီဗာစတီ ကောလိပ်မှာ
ပညာစီးပူးတယ်.။သူ့အဖေက ဟော့ကင်းကို ဆေးပညာ သင်ကြားစေချင်ပေမယ့် သူကတော့
သချာ်တွက်ဖို့လောက်သာ ၀ါသနာပါခဲ့သူပါ..။သို့ပေမယ့် သချာ်ဟာ ကျောင်းရဲ့

သင်ကြားပေးတဲ့ ဘာသာထဲမှာ မပါတဲ့အတွက် သူဟာ ရူပဗေဒ ဘာသာတွဲကို ယူခဲ့ရတယ်..။
ကျောင်းတက်လို့ ၃ နှစ်ကြာပြီးတဲ့ အခါမှာ ၊ ပင်ပင် ပန်းပန်း မကြိုးစားလိုက်ရပဲ ဟော့ကင်းဟာ
ပထမတန်းစား သဘာဝသိပံ ဘွဲ့ ကို ရရှိခဲ့ပါသည်.။
စတီဗင်ဟာ နောက်ပိုင်းမှာ ကိန်းဗရစ်ခ်ျ ကိုသွားပြီး အာကာသ ဗေဒကို
လေ့လာတယ်...၊ အဲဒီ အချိန်တုန်းက အောက်စ်ဖို့  မှာ ဒီဘာသာကို ဘယ်သူမှ မလေ့လာ
ခဲ့ကြသေးဘူးလေ.။သူဟာ ကိန်းဗရစ်ခ်ျမှာ အလုပ်လုပ်နေတဲ့ ဖရက်ဟွိုင်း အစား၊ ဒန်းနစ်
စီယာမား (denis sciama) ကိုပဲ သူ့ ရဲ့ ကြီးကြပ်တဲ့ ဆရာ အဖြစ်ရရှိခဲ့တယ်.။သူဟာ
ဒေါက်တာဘွဲ့  ရရှိပြီးမှာ စူးစမ်းလေ့လာသူအနေနဲ့ လုပ်ပြီး .၊နောက်ပိုင်းမှာ ပရော် ဖက်ဆာ
ရာထူးတွေကို ဂွန်ဗေးလ် (gonville) နဲ့  ကေးယပ်စ်( caius ) ယူနီတွေမှာ လုပ်ခဲ့သူပါ.။
အာကာသ ဋ္ဌာနမှ ထွက်ပြီး ၁၉၇၃ ရောက်တဲ့ အချိန်မှာ ဟော့ကင်းဟာ အသုံးချ သချာ် နှင့်
သီအိုရီ ရူပဗေဒ ဋ္ဌာနကို ပြောင်းလာခဲ့တယ်.။ ၁၉၇၉ က စပြီးတော့ သူဟာ သချာ်ဋ္ဌာန ရဲ့
လူကာစီယင် ပရော်ဖက်ဆာ (Lucasian Professor of Mathematics ) ရာထူးကို
ရယူခဲ့ပါသည်.။ အဲဒီ ရာထူးကို ဟင်နရီလူးကပ်စ်( ကောလိပ် ရဲ့ အဖွဲ့  ၀င်တဦး) ရဲ့ ကျန်ခဲ့တဲ့
ပိုက်ဆံတွေနဲ့ ၁၆၆၃ ခုနှစ်ကတည်းက တည်ထောင်ထားခဲ့တာပါ..။ အစပထမပိုင်းတုန်းက
အိုင်းစပ် ဘာရောက ရယူခဲ့ပြီး နောက်ပိုင်းမှာ ကမ္ဘာကျော် ပညာရှင်ကြီး အိုင်းစပ်
နယူတန်(isaac Newton) ရယူခဲ့တဲ့ နေရာပဲ ဖြစ်ပါတယ်.။
စတီဗင်ဟော့ကင်းဟာ အာကာသကို ထိန်းချူပ်တဲ့ အခြေခံ နိယမ
တွေအပေါ်မှာပဲ အလုပ်လုပ်သူပါ.။ရိုဂျာ ပန်းရိုစ် နဲ့ ပူးပေါင်းပြီးတော့ သူဟာ မဟာပေါက်ကွဲမှု (
big bang ) အစ နဲ့ black hole အဆုံးတို့မှာ အာကာသနဲ့ အချိန်ဆိုတာ ရှိနိုင်ကြောင်း

အိုင်းစတိုင်း ရဲ့ ရေဘူယျ ရီလေတေဗတီ သီအိုရီကို အခြေခံ ပြီး သက်သေပြခဲ့သူလဲဖြစ်တယ်.။
အဲဒီရဲ့ ရလဒ်ကတော့ ၂၀ ရာစု သိပံ ပညာ လောကရဲ့ ထူးခြားတဲ့ တိုးတက်မှုဖြစ်တဲ့ ကွမ်တမ်

သီအိုရီနဲ့ အထွေထွေ ရီလေတေဗတီ သီအိုရီ တို့ ကို ပေါင်စပ်နိုင်ခဲ့ပါတယ်.။သူရှာဖွေတွေ့ 
ရှိခဲ့တဲ့ ဒီပေါင်းစပ်မှု စဥ့်ကဲ ဖြစ်စဉ်တွေကတော့ black hole တွေက ပြီးပြည့်ဆုံသော အမဲ
ရောင်မဟုတ်ကြောင်း .၊ ရောင်ခြည်တွေကို ထုတ်လွှတ်နိုင်ကြောင်း ..၊ အငွေ့  ပျံကာ
ပြောက်ကွယ်သွားနိုင်ကြောင်းတွေပင် ပါခဲ့ပါတယ်.။နောက်တခုအနေ နဲ့ကတော့

အနန္တစကြာဝဠာ ကြီးဟာ အနားသတ်မျဉ်းတွေ အဆုံးတွေ မရှိဘူးဆိုတဲ့ အချက်ပါပဲ..။
အဲတာက ဘာကို ဖော်ပြနေသလဲ ဆိုရင် စကြာဝဠာကြီးရဲ့ အစဟာ သိပံပညာရဲ့ အခြေခံတွေနဲ့
ဖြစ်တည်နေတယ်ဆိုတာပဲဖြစ်တယ်..။
သူရဲ့ များပြားလှတဲ့ စာအုပ်ထုတ်ဝေမှုတွေထဲမှာ ဂျီ အက်ဖ် အာ်

အယ်လစ်စ် နဲ့ရေးတဲ့ The large scale structure of spacetime ၊ W Israel နဲ့ရေးတဲ့
An Einstein centenary survey , 300 years of gravity တွေအပြင် သူ့ ရဲ့
ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ A brief history of time တို့လဲ အပါအ၀င်ဖြစ်ပါတယ်.။
ပရော်ဖက်ဆာ ဟော့ကင်းမှာ ဂုဏ်ထူးဆောင် ဘွဲ့  ပေါင်း ၁၂

ခုရှိပါတယ်.။ CBE ဘွဲ့  ကို ၁၉၈၂ ခုနှစ်နဲ့ Companion of Honour ကို ၁၉၈၉ ခုနှစ်မှာ
ရရှိခဲ့ပြန်တယ်.။ဟော့ကင်းမှာ တခြား ဆုတွေ အမြောက်အများရှိပါတယ် .၊ အမေရိကန်ရဲ့
နိုင်ငံတော်သိပံ အကယ်ဒမီရဲ့ အဖွဲ့  ၀င် တဦးအဖြစ်လဲ ဂုဏ်ပြုခံရသူပါ..။
စတီဗင်ဟော့ကင်းဟာ သူ့ရဲ့ မိသားစုဘ၀ကိုလဲ ပေါင်းစပ်နေသူပါ..။သူမှာ
ကလေး ၃ယောက်နဲ့ မြေးတစ်ယောက်လဲ ရှိပါတယ်..။ သူရဲ့ သီအိုရီ ရူပဗေဒ စူးစမ်းရှာဖွေရေး
လုပ်ငန်းတွေအပြင် နိုင်ငံထကာလှည့်လည်ကာ ဟောပြောပို့ချနေသူတဦးဖြစ်ကြောင်း..
ေ၇းသားလိုက်ရပါတော့တယ်..။
မောင်ဟိုသင်း
၁၉၊၄၊၂၀၀၈

( www.hawking.org.uk မှဆောင်းပါကို စီလျှော်အောင်ဘာသာပြန်သည်)