You are on page 1of 2

ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခန်း

ဘုရားတပည့်တော်သည် သံသရာအစမှ စ၍ ယနေ့တိုင်အောင် …

၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏ အပေါ်၌၊

၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါရှင်ကိုယ်တော်မြတ်ကြီးတို့၏ အပေါ်၌၊

၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့၏ အပေါ်၌၊

၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့၏ အပေါ်၌၊

၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့၏ အပေါ်၌၊

၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့၏ အပေါ်၌၊

၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌၊

၈။ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဖြည့်ကျင့်လျှက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊


အရိယာပုဂ္ဂိုလ်တို့၏ အပေါ်၌၊

၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမား တို့၏ အပေါ်၌၊

၁၀။ ထမင်းတစ်လုပ်၊ ရေတစ်မှုတ်မျှဖြစ်စေ ပေးကမ်း ချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တ၏


ို့ အပေါ်၌၊

ကာယကံ၊ ဝစီကံ၊ မနောကံ၊ သုံးပါးသော ကံတြို့ ဖင့် ပြစ်မှားမိသည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း
အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

ဤသို့ ရှိခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ


အန္တရာယ်အပေါင်းတို့မှ ကင်းဝေးစေပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို
ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။

လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း၊ တောင့်တတိုင်း၊ လွယ်ကူ လျှင်မြန်စွာ ပြည့်စုံလျှက်


နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား။
ဦးသက်နင
ှ်း ဆွေ (ပုပ္ပါး)
http://www.aungnamate.com
ကံခြေ ဆုတောင်း

ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဥာဏ်တော်အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တနှင့်


ပြည့်ဝဥဿုံ၊ ကမ္ဘာခြုံလျှက်၊ သုံးဘုံလောက၊ တုမရသား၊ လူ့အထွတ်ထား၊ အရှင်တော်မြတ်ဘုရား။

ဘုရားတပည့်တော်သည် ဘဝါဘဝ၊ လွန်လေပြီးသော အတိတ်ကာလ ဘဝပေါင်းများစွာတို့မှစ၍ ယခုပစ္စေက္ခကာလ


မျက်မှောက်ဘဝအထိ ဘုရားတပည့်တော်ကိုယ်၌က လိုလိုလားလားဆိုထားခဲ့ဘူးသော ကျိန်စာမှန်သမျှတို့သည်
လည်းကောင်း၊ တစ်ပါးသောသူတို့က ဘုရားတပည့်တော်အား တိုက်ရိုက်ပေးအပ်ထားခြင်း ပြုထားသော
ကျိန်စာမှန်သမျှတို့သည် လည်းကောင်း၊ ထိက
ျိုန်စာမှန်သမျှတို့သည် ယနေ့ယခု ဤအချိန် ဤအခါ ဤသမယမှစ၍
ဘုရားတပည့်တော်၏ ကိုယ်တွင်းကိုယ်ပနှစ်ဋ္ဌာနတို့မှ လုံးဝဥဿုံ ပဒုမ္မာရွက် ပိန်းကြာဖက်၌ ရေစက်နှင်းရည်
မတည်ခဏ ရွှေ့လျောကျသကဲ့သို့ ပျောက်ပကင်းကွာ စင်ကြယ်ရသည့်ကိုယ် ဖြစ်ရပါစေလို၏ အရှင်ဘုရား။

ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဥာဏ်တော်အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တနှင့်


ပြည့်ဝဥဿုံ၊ ကမ္ဘာခြုံလျှက်၊ သုံးဘုံလောက၊ တုမရသား၊ လူ့အထွတ်ထား၊ အရှင်တော်မြတ်ဘုရား။

ဘုရားတပည့်တော်သည် ဘဝါဘဝ၊ လွန်လေပြီးသော အတိတ်ကာလ ဘဝပေါင်းများစွာတို့မှစ၍ ယခုပစ္စေက္ခကာလ


မျက်မှောက်ဘဝအထိ ဘုရားတပည့်တော် အမှတ်တမဲ့ ပြောမိမှားခဲ့သော၊ ဘုရားတပည့်တော် အမှတ်တမဲ့
ဆိုမိမှားခဲ့သော၊ ဘုရားတပည့်တော် အမှတ်တမဲ့ ပြောဆိုမိမှားခဲ့သော အပြစ်ဒေါသနှင့်ယှဉ်သော မကောင်းသော
စကား အနိဋ္ဌာရုံ အမှားများသင့်ခြင်း အားလုံးသည် ယနေ့ယခု ဤအချိန် ဤအခါ ဤသမယမှစ၍
ဘုရားတပည့်တော်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဋ္ဌာနတို့မှ လုံးဝဥဿုံ ပဒုမ္မာရွက် ပိန်းကြာဖက်၌ ရေစက်နှင်းရည်
မတည်ခဏ ရွှေ့လျောကျသကဲ့သို့ ပျောက်ပကင်းကွာ စင်ကြယ်ရသည့်ကိုယ် ဖြစ်ရပါစေလို၏ အရှင်ဘုရား။

ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဥာဏ်တော်အနန္တ စကြာဝဠာကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တနှင့်


ပြည့်ဝဥဿုံ၊ ကမ္ဘာခြုံလျှက်၊ သုံးဘုံလောက၊ တုမရသား၊ လူ့အထွတ်ထား၊ အရှင်တော်မြတ်ဘုရား။

ဘုရားတပည့်တော်သည် ဘဝါဘဝ၊ လွန်လေပြီးသော အတိတ်ကာလ ဘဝပေါင်းများစွာတို့မှစ၍ ယခုပစ္စေက္ခကာလ


မျက်မှောက်ဘဝအထိ ဘုရားတပည့်တော် မသိမိုက်မဲ၍ ရတနာမြတ်သုံးပါး၊ မိဘနှင့် ဆရာသမားဟူသော
အနန္တောအနန္တငါးပါးတို့အား လည်းကောင်း၊ အနန္တဂုဏ်တော်ရှင်တို့အား လည်းကောင်း၊ ခင်ပွန်းကြီးဆယ်ပါးတို့အား
လည်းကောင်း၊ ထေရီထေရာ မြတ်သံဃာတို့အား လည်းကောင်း၊ ရသေ့သူတော်စင် သူတော်ကောင်းတို့အား
လည်းကောင်း၊ ပရဗိုဇ်များနှင့်တကွ ရသေ့မဟုတ် သူတော်စင် သူတော်ကောင်း ပရိဗိုဇ်မနှင့် သီလရှင်အစရှိသော
ပုဂ္ဂိုလ်အပေါင်း သူတော်ကောင်းတို့အား လည်းကောင်း၊ အဘိုးအဘွား လူကြီးသူမတို့အား လည်းကောင်း၊
မိကြီးမိထွေး၊ ဦးကြီးဦးလေး၊ ဘကြီးဘထွေး၊ အစ်ကိုကြီး၊ အစ်ကိုလတ်၊ အစ်ကိုလေး၊ အစ်မကြီး၊ အစ်မလတ်၊
အစ်မလေး အစရှိသော ပုဂ္ဂိုလ်အပေါင်းတို့အား လည်းကောင်း၊ ဗြဟ္မာမင်း၊ သိကြားမင်း၊ နတ်မင်းကြီးများနှင့်တကွ
အဋ္ဌာရသ သိပ္ပအရာ၌ တတ်မြောက်တော်မူကြပေကုန်သော ဆရာကြီးများနှင့် ဝိဇ္ဇာဇော်ဂျီတပသီ ပုဂ္ဂိုလ်အပေါင်း
ဆရာကောင်းတို့အား ကာယကံဖြင့် လည်းကောင်း၊ ဝစီကံဖြင့် လည်းကောင်း၊ မနောကံဖြင့် လည်းကောင်း၊
ပြစ်မှားမိပါက ၎င်းအပြစ်ဒေသဟူသမျှတို့ကို ဘုရားတပည့်တော် ရိုသေစွာ တောင်းပန်ပါ၏။ ထိုအပြစ်တို့မှ
ဘုရားတပည့်တော်အား သည်းခံကျေအေး အခွင့်ပေးတော်မူကြပါကုန် ဘုရား။

ယနေ့ယခု ဤအချိန် ဤအခါ ဤသမယမှစ၍ ဘုရားတပည့်တော်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဋ္ဌာနတို့မှ လုံးဝဥဿုံ


ပဒုမ္မာရွက် ပိန်းကြာဖက်၌ ရေစက်နှင်းရည် မတည်ခဏ ရွှေ့လျောကျသကဲ့သို့ ပျောက်ပကင်းကွာ
စင်ကြယ်ရသည့်ကိုယ် ဖြစ်ရပါစေလို၏ အရှင်ဘုရား။