You are on page 1of 12

သာသနာနှင့်နိုင်ငံရေး

30,5,2008

ခုဆိုရင် စာရေးသူဟာ ကိုယ်ယုံကြည်ရာမျှော်လင့်ချက်တစ်ခုနဲ့ စာတွေရေးနေခဲ့တာ


လေးငါးပုဒ်ရှိပြီ ဖြစ်တယ်။ ဒီဆောင်းပါးကတော့ နားလည်မှုရှိထားသူတွေအတွက်
မရည်ရွယ်ပါဘူး။ န.အ.ဖခိုင်းစေသမျှ အ ဟုတ်မှတ်နေသူအချို့၊ န.အ.ဖ ဘာလုပ်လုပ်
“ကောင်းတယ်၊ ကောင်းတယ်”လုပ်နေသူအချို့၊ န.အ.ဖ ထိရင် တီကောင်ကို ဆားတို့ခံရသလို
ဖျပ်ဖျပ်လူးဖြစ်နေသူအချို့၊ န.အ.ဖ တိုက်ထားသော မှူးမှုန်မှိုင်းဝေနေတဲ့ လမ်းမ ထက်မှာ
အမှန်တရားကို မြင်နိုင်စွမ်း ချို့တဲ့နေသူအချို့……အချို့…။ ထိုအချို့များအတွက်
ဒီခေါင်းစဉ်တပ်ပြီးဒီစာကိုရေးပါတယ်။

သာသနာ့ဝန်ထမ်း၊ ရဟန်းတစ်ပါးဖြစ်တဲ့ စာရေးသူမှာလဲ တာဝန်ရှိတယ်လို့ ခံစားရတယ်။


“ဘာကြောင့် ဘုန်းကြီးတွေ နိုင်ငံရေးထဲ ၀င်ပါရသလဲ”။ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်သင့်,
မသင့်ကိုတော့ မဆွေးနွေးတော့ ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်တော့မှ
အဖြေတူမထွက်နိုင်တဲ့မေးခွန်း ဖြစ်လို့ပဲ။ ဒါပေမယ့် စာရေးသူ ပြောချင်တာကတော့
ဘုရားရှင်သော်မှ လိုအပ်ရင် နိုင်ငံရေးကိစ္စတွေထဲကို ၀င်လာလေ့ရှိခဲ့တယ် ဆိုတာပါပဲ။
စာရေးသူ ကိုယ်လိုရာဆွေ
ဲ ပြာတာ မဟုတပ
်ါဘူး။ လေ့လာကြည့်ကြစေလိုပါတယ်။
ဒီနေရာမှာတော့ အကျယ် မဆွေးနွေးတော့ပါဘူး။ စာရေးသူ တင်ထားတဲ့ ခေါင်းစီးကို
ပြန်သွားပါမယ်။ ဒီဆောင်းပါးဆုံးတာနဲ့ ဘုန်းကြီးတွေ နိုင်ငံရေးထဲ
ဘာကြောင့်ဝင်ပါရသလဲဆိုတာရှင်းသွားပါလိမ့်မယ်။

မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။


ထေရ၀ါဒရဟန်းတော်ပေါင်း ၅-သိန်းခန့်ကို ကျွေးမွေးလှူဒါန်းနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
တစ်နေ့ကို သံဃာတော်တစ်ပါးကို နို့ဆီဗူးနှစ်ဗူး နှုန်းဆိုရင် သံဃာတော်ငါးသိန်းခန့်အတွက်
တစ်နေ့တာ ဆွမ်းစရိတ်ဟာ ဆန်တင်းပေါင်း ၁-သောင်းခွဲကျော်မယ် ထင်ပါတယ်။
(မှားသွားရင်လဲ ခွင့်လွှတ်ပါ။ ခန့်မှန်းခြေဖြစ်ပါတယ်။) စာရေးသူဆိုလိုချင်တာက မြန်မာပြည်
သူတွေဟာ ဘယ်လောက်ပင် ဆင်းရဲကျပ်တည်းမှုများနှင့် ကြုံတွေ့နေရစေကာမူ
သာသနာတော်ကို အလုပ် အကျွေးပြုခဲ့ကြတယ်။ အလုပ်အကျွေးပြုနေကြဆဲပဲ။
ဒီလောက်များပြားတဲ့ သာသနာ့ဝန်ထမ်းရှင်ရဟန်းတွေ အတွက် ကျွေးမွေးထားနိုင်ဖို့ဆိုတာ
ဧရာမတာဝန်ကြီးတစ်ခုပါ။ ဒါကို ပြည်သူတွေဟာ မငြီးမငြူ ထမ်းဆောင် ထားနိုင်တယ်။

ဆိုတော့ ဒီပြည်သူတွေ ဒုက္ခရောက်နေတာကို စာရေးသူတို့ဟာ လက်ပိုက်ပြီး


ကြည့်နေတယ်ဆိုရင် လောကကြီးမှာ စာရေးသူတို့ ဗုဒ္ဓဘာသာရဟန်းတော်တွေလောက်
အသိတရားမရှိတာ ဘာရှိတော့မှာလဲ။ စာရေးသူတို့ လက်ပိုက်ကြည့်မနေခဲ့ပါဘူး။
လက်ပိုက်ကြည့်မနေပါဘူး။ နောင်ကိုလဲ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။

ပြည်သူတွေ ဘာလိုချင်နေတာလဲ။ ပြည်သူတွေအတွက် ရဟန်းတော်တွေက


ဘာဖြစ်စေချင်နေတာလဲ။ အဲဒီလို မေးလာခဲ့ရင် အားလုံးက တစ်ညီတစ်ညတ
ွ်တည်း
ဖြေလိမ့မ
် ယ်။ “တရားမျှတတဲ့ လူ့ဘောင်လောက တစ်ခု”။ ဒါပါပဲ။ မှန်ကန်သင့်တော်တဲ့စနစ်၊
မြန်မာနိုင်ငံအတွက်ရော နိုင်ငံသူနိုင်ငံသားတိုင်းအတွက်ပါ လွတ်လပ် ပြီး တရားမျှတတဲ့
စနစ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု။ ကမ္ဘာ့တစ်ခွင်လုံးက လူရိုသေရှင်ရိုသေ အစိုးရအဖွဲ့အစည်း
တစ်ခု။ ဒါကို စာရေးသူတို့ တစ်နိုင်ငံလုံးက အလိုရိေ
ှ နပါတယ်။

(မှတ်ချက်= တစ်နိုင်ငံလုံးဟု ဆိုရာတွင် န.အ.ဖ ခေါင်းဆောင်များနှင့်


စိတ်သဘောထားထပ်တူကျ သောသူများ မပါဝင်ပါ။
“စိတ်သဘောထားထပ်တူကျသောသူများ”လို့ သုံးတာဟာ အကြောင်းရှိပါတယ်။ တစ်ချို့က
အကြောင်းကြောင်းကြောင့် စစ်သားဖြစ်လာခဲ့ရပေမယ့် န.အ.ဖလုပ်ရပ်တွေကို
ရွံမုန်းနေတဲ့စစ်သား တွေ ရှိပါတယ်။ စစ်သားထိရင် မှားမှားမှန်မှန် ရန်တွေ့တတ်သူများ
နားလည်ပါလေ)။

ခုတော့ တစ်ချိန်က အရှေ့တောင်အာရှမှာ သာမက ကမ္ဘာမှာပါ တိုးတက်ဖို့


အလားအလာအကောင်း ဆုံးနဲ့ သယံဇာတတွေပေါများလှတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ
ကမ္ဘာအလယ်မှာ ဆင်းရဲနုံချာတဲ့နိုင်ငံတွေထဲ ပါဝင်နေရပြီ။ နည်းမျိုးစုံနဲ့
ရက်စက်မှုများနဲ့ဘက်ပေါင်းစုံမှာ ရှက်စရာဖြစ်နေခဲ့ရပြီ။ နေရင်းထိုင်ရင်း ဗုဒ္ဓဘာသာပါ
သိက္ခာကျနေခဲ့ရပြီ။ တရားမျှတတဲ့ လူ့ဘောင်လောကတစ်ခု တည်ဆောက်ဖို့ စာရေးသူတို့
သာသနာတော်သုံး ဝေါဟာရနဲ့ သုံးရရင် သူတော်ကောင်းတရား ထွန်းကားတဲ့
လူဘောင်လောကတစ်ခု တည်ထောင်ဖို့ ပါဝင်ဆောင် ရွက်ခြင်းဟာ မလုပ်သင့်မလုပ်ထိုက်တဲ့
အလုပ်ဖြစ်ပါသလား။

ခုချိန်ထိ “န.အ.ဖ”ဟာ တရားမျှတမှုဆိုတဲ့စကားလုံးကို တွင်တွင်ကြီး သုံးနေဆဲပဲ။


အဲဒီစကားလုံးက မြန်မာနိုင်ငံမှာ ဆိတ်သုဉ်းနေတာကြာပြီ။ လူ့အခွင့်အရေးတွေ
ပျောက်ဆုံးနေတာကြာပြီ။ လွတ်လပ်စွာသဘော ထားကွဲလွဲခွင့်ဆိုတာ ကဗျာလောကမှာပဲ
ကြားရတာ။ မြန်မာနိုင်ငံမှာက ခေတ်စကားနဲ့ပြောရရင် linear ဆိုတဲ့ ဒေါင်လိုက်စနစ်ပဲ
ရှိတယ်။ အထက်လူကြီးက “ဒါ”ဆိုရင် “ဒါ”ပဲ။ အမိန့်စနစ်ပဲ။ စစ်တပ်စနစ်ပဲ။ ဒေါင်လိုက် စနစ်
မှာ အထက်က လူတွေက အဓိကပဲ။ အထက်ကလူက ဘယ်လောက်ပဲဆိုးဆိုး
အောက်ကလူတွေဟာ ငုံ့ခံရုံက လွဲပြီး ဘာမှလုပ်လို့ မရဘူး။ ခက်တာက တစ်တိုင်းပြည်လုံးကို
ဒေါင်လိုက်စနစ်ထေ
ဲ ရာက်အောင် လက်နက်နဲ့ ခြိမ်းခြောက်ပြီး သွတ်သင
ွ်းထားတာ။
ဒေါင်လိုက်စနစ်ဟာ ခေတ်မမီတော့ပါဘူး။ ဘာကြောင့်လဆ
ဲိုတော့ လူ့လောကအတွက်
အန္တရာယ်များပါတယ်။

ဘာကြောင့်အန္တရာယ်များတာလဲ။
ဒေါင်လိုက်စနစ်မှာ အထက်လူကြီးက ကောင်းနေရင် သိပ်ကိစ္စမရှိဘူး။ ဆိုးဝါးနေပြီဆိုရင်
အောက်ကလူတွေ စိတ်မချမ်းသာပါဘူး။ ကျန်တဲ့အထက် ဗိုလ်တွေဆို ပြောမနေနဲ့။ ရွာမှာ
ရွာသူကြီးကိုတောင် ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြရတာ။ ဘာလို့ ကြောက်တာလဲ။
“ရွာသူကြီးဆိုတာ ရဲနဲ့ပိုင်တယ်ကွ”။ “ဟိုစခန်းမှူးကြီးဆို လာဘ်စားပြီး ဟို လူသတ်ကောင်ကို
ဘာအပြစ်မှ မပေးဘူး။ ဒါတောင် အထက်က သူ့ကို ဘာကြောင့်များ ဆက်ခန့်ထားသလဲ
မသိဘူး“။ “သူက တိုင်းမှူးနဲ့ပိုင်တယ်ကွ”။ ဒါတွေက ဘာတွေလဲ။ ဒါတွေက န.အ.ဖရဲ့
မူရင်းကျင့်ဝတ်တွေလား။ နိုင်ငံအုပ်ချုပ်ပုံစနစ်လား။ ဒါတွေက န.အ.ဖရဲ့
တရားမျှတမှုစံနှုန်းတွေလား။ ဒါ ဥပမာအနေနဲ့ပြောတာပဲ ရှိသေးတယ်။ တရားဥပဒေအပေါ်မှာ
မိန့်မိန့်ကြီး တက်ထိုင်နေတဲ့သူတွေက ပြည်ထောင်စုမြန်မာနိုင်ငေ
ံ တ်ာကြီးမှာ အများကြီး။
ဒါမျိုးရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ခြစားနေတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းကြီးကို စာရေးသူတို့
သာသနာ့ဝန်ထမ်းတွေအနေနဲ့ “ကောင်းတယ် ဒကာကြီး”လို့ ဘယ်တော့မှ မပြောနိုင်ပါဘူး။
သာသနာကို တကယ်ချစ်သူတိုင်း၊ မြန်မာကို တကယ်ချစ်သူတိုင်း မပြောပါဘူး။
“အရှင်ဘုရားတို့က လမ်းတွေဖောက်၊ တံတားတွေထိုး၊ ဘုရားတွေတည်နေတာကျတော့
ထည့်မစဉ်းစားတော့ဘူးလား”။

တစ်ချို့က အဲလို မေးချင်ကြတယ်။ စာရေးသူကတော့ အဲဒိလို မေးလာသူတိုင်းကို “သြော်


…တော်တော် နုံသေး အသေးတဲ့ ကလေးပါလား”လို့ပဲ ယူဆထားလိုက်တယ်။
ထင်သာမြင်သာဖြစ်စေမယ့် ဥပမာတစ်ခုထုတ်ပြလိုပါတယ်။ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဟာ
သူ့ကျောင်းတိုက်ထဲမှာ ကျောင်းဆောင်တွေ ပြုပြင်တာ၊ ဆောက်လုပ်တာ၊
ရေတွင်းရေကန်တူးတာ၊ ဘုရားတည်တာ၊ ကိုရင်လေးတွေကို ကျွေးမွေးတာ…။ ဒါတွေဟာ
ကျောင်းထိုင်ဘုန်းကြီးတစ်ပါးရဲ့မဖြစ်မနေလုပ်ရမယ့်အရာတွေပဲ။

ဒါတွေကို လုပ်နေတာဟာ မထူးဆန်းပါဘူး။ ဒါတွေဟာ သတင်းမဟုတ်ပါဘူး။ ဒါတွေကို


သတင်းအနေ နဲ့တင်ပြရင် ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်
“အဲဒီဘုန်းကြီးက မိန်းကလေးတစ်ယောက်ရဲ့ လက်ကို သွားဆွဲသတဲ့”ဆိုရင်တော့ ဒါဟာ
သတင်းဖြစ်သွားပါပြီ။ မီဒီယာလောကမှာ စကားတစ်ခွန်းရှိ တယ်မဟုတ်လား “ခွေးက လူကို
ကိုက်ရင် သတင်းမဟုတ်ဘူး၊ လူက ခွေးကို ကိုက်မှ သတင်း” ဆိုတာမျိုးဖြစ်ပါတယ်။
ဒီလောက်ဆိုသဘောပေါက်လောက်မယ်ထင်ပါတယ်။

ပုဂ္ဂိုလ်တစ်ဦးချင်းပဲဖြစ်ဖြစ်၊အဖွဲ့အစည်းလိုက်ဖြစ်ဖြစ်၊တိုင်းပြည်တစ်ခုလုံးအတိုင်းအတာဖြစ်ဖြစ်
စည်းမျဉ်းစည်းကမ်းဆိုတာ ရှိပါတယ်။ အဲဒီထက
ဲ မှ လုံးဝကျူးလွန်လို့မရတဲ့၊ ချိုးဖောက်လို့မရတဲ့
စည်းကမ်းတွေရှိ ပါတယ်။ ရဟန်းအဖွဲ့အစည်းမှာဆိုရင် ပါရာဇိကလေးပါးစည်းကမ်းဥပဒေဟာ
ချိုးဖောက်တာနဲ့ လူဝတ်ကြောင် ဖြစ်သွားပါတယ်။ န.အ.ဖ ဟာ မကျူးလွန်သင့်၊
မကျူးလွန်ထိုက်တဲ့ အမှားတွေကို ဆက်တိုက်လုပ်ပါတယ်။ ကမ္ဘာသိလူသတ်ပွဲများဖြစ်တဲ့ ၈၈-
လူသတ်ပွဲ၊ ဒီပဲယင်းလူသတ်ပွဲ၊ ရွှေဝါရောင်ဘုန်းကြီးသတ်ပွဲ….။ ဒီအမှားတွေဟာ ဘယ်တော့မှ
ခွင့်လွှတ်လို့မရတဲ့အမှားတွေဖြစ်ပါတယ်။

န.အ.ဖ လုပ်သမျှ အကောင်းထင်နေသူအချို့ကို ထင်သာအောင်တစ်ခု ပြောပြမယ်။ “ခု


စစ်ဗိုလ် တွေဟာ တရားမျှတစွာ၊ မှန်ကန်ဖြောင့်မတ်စွာ အလုပ်လုပ်ကြပါရဲ့လား”ဆိုတာ
ပေါ်လွင်လာလိမ့်မယ်။ “နေ၀င်း သေတာ တစ်နိုင်ငံလုံး ဘယ်သူမှ ၀မ်းမနည်း”။
“စောမောင်သေတာ တစ်နိုင်ငံလုံး ဘယ်သူမှ မတုန်လှုပ်”။ “စိုးဝင်းသေတာ တစ်နိုင်ငံလုံး
ဝမ်းနည်းသံတစ်ချက်မှ မထွက်”။ တပ်မတော်အတွင်းမှာကော သူတို့သေတုန်းက
ဘယ်လောက်ထိဝမ်းနည်းပူဆွေးခဲ့ကြပါသလဲ။ စာရေးသူကတော့
တပ်ထဲအသွားအလာရှိတော့ သိပါတယ်။ ရုပ်ရှင်မင်းသား ဒွေး ဆုံးတုန်းက
ပြည်သူတွေအတော်များများ ပူဆွေးသောက ဖြစ်ကြရတယ်။ ကောင်းတာတွေ လုပ်ပြီး
ပြည်သူက ချစ်တဲ့သူတွေပါဆိုရင်…………..။ သိပ်ရှင်းပြစရာ မလိုတော့ဘူးထင်ပါတယ်။
ခေါင်းလေးနဲ့ စဉ်းစားရင် အဖြေထွက်ပါပြီ။ သူငယ်တန်းမေးခွန်းလောက်တောင်
ခေါင်းစားစရာမလိုပါဘူး။

(မှတ်ချက်။ ။စိုးဝင်းသေတုန်းက အဖြစ်အပျက်လေးနဲ့ ခွေးမလေးတစ်ကောင်သေတဲ့ အဖြစ်


အပျက်နှစ်ခုကို ယှဉ်ပြီးရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ရှိပါတယ်။ မဖတ်ရသေးသူများ
“လွင်ပြင်ရိုင်းရဲ့ ရိုးသားမှုနှင့်သမိုင်းတွင်ခြင်း”ဆိုတဲ့ဆောင်းပါးကို http://lanka-
msma.blogspot.com/2008/03/blog-post_6178.htmlမှာ ဖတ်ရှုနိုင်ပါတယ်။)
နောက်….ဟိုတုန်းက ခင်ညွန့်ထိ ဓားကြည့် ဆိုတဲ့ တပ်မတော်သားတွေ အများကြီးပဲ။
ဝင်းမြင့်ကို ဘုရား လို ကြည်ညိုတဲ့ တပ်မတော်သားတွေ အများကြီးပဲ။
….စသည်…..စသည်….။ ခုအချိန်မှာ သူတို့ဆောက်ခဲ့တဲ့ တံတားတွေက ကျောက်စာတောင်
အငြိမ်မနေရဘူး။ ပြုပြင်ခံလိုခံရ။ ကျောက်တော်ကြီးဘုရားမှာ ခင်ညွန့်ပုံ ကလဲ နေရင်းထိုင်ရင်း
အဖျက်ခရ
ံ ။ ဒါတွေက ဘာကို ပြနေသလဲဆိုတော့ တပ်မတော်အတွင်းမှာကိုပဲ အချင်း ချင်း
လေးစားမှုမရှိဘူးဆိုတာ ပြနေတာပဲ။ နောက်ပြီး တစ်ခုကောက်ချက်ချလို့ရတာက န.အ.ဖဟာ
မလိုရင် မလိုသလို သမိုင်းကို ဖျက်တတ်တယ်ဆိုတာပါပဲ။
ကျောင်းတိုက်တစ်ခုမှာ ခေါင်းရင်းက ဘုရားပုံတော်ကို ဖြုတ်ပြီး မတော်တရော်ပုံတင်ထားပြီး
ကိုးကွယ် ရင် အဆိုပါဘုန်းကြီးကို ဗုဒ္ဓဘာသာလို့ မခေါ်နိုင်တော့ဘူး။ တိုင်းပြည်တစ်ခုမှာ
နိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကို မြောင်းထဲပစ်ချပြီး သူ့နေရာမှ “တော်၏ မတော်၏”မစဉ်းစားဘဲ
ခပ်တည်တည်ဝင်ထိုင်နေသူဟာနိုင်ငံခေါင်းဆောင်မဟုတ်ဘူး။

အမိန့်နဲ့ လက်နက်နဲ့ ခြိမ်းခြောက်ထားလို့သာရယ်၊ တစ်ရက်တစ်လေများး လွတ်လပ်ခွင့်ရလို့


ကတော့ ကွာ” စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဘယ်သူမှ ကုသိုလ်မဖြစ်ပါဘူး။ စာရေးသူတို့
ရဟန်းတော်တွေဟာ “ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းမှာရှိကြတဲ့ အဖွဲ့အစည်းအားလုံး၊
လူမျိုးအားလုံး၊ ဒေသအားလုံး၊ လူကြီး၊ လူလတ်၊ လူငယ်၊ ကလေးအားလုံး” ကိုယ်စားပြုတဲ့
(ကိုယ်စားပြုနိုင်ခွင့် အတိုင်းအတာရှိတဲ့) အုပ်ချုပ်ရေးစနစ်တစ်ခုကို လိုလားပါတယ်။
အားလုံးဟာ တစ်သားထဲ တစ်ပြားထဲမှာရှိတဲ့ non-linear အလျားလိုက်စနစ်တစ်ခုဖြစ်ပါတယ်။
အဲဒီစနစ်ဟာ အကောင်းဆုံးစနစ်လို့ ရဟန်းတော်များ ယူဆထားတယ်။ ဒီမျှတတဲ့
စနစ်တစ်ခုကိုတည်ထောင်ဖို့စိတ်နှစ်ကြတာပါ။

နောက်ပြီး န.အ.ဖ၊ န.အ.ဖနဲ့စိတ်သဘောထားတူသူများကို စာရေးသူက ဦးဇင်းတစ်ပါးအနေနဲ့


စေတနာထားပြီး ပြောပါရစေ။ စာရေးသူတို့အပါအ၀င် တိုင်းသူပြည်သားတွေဟာ
မြန်မာနိုင်ငံကို လွတ်လပ်ရေး ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်
နိုင်ငံ့အာဇာနည်သူရဲကောင်းတွေကို လေးစား တယ်။ သူတို့ကို တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေလို့
ကျေးဇူးသိတဲ့ပုဂ္ဂိုလ်တိုင်းက ယူဆထားကြတယ်။ န.အ.ဖ လက်အောက်မှာ
ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးတဲ့စာအုပ်တွေကို တရားဝင်ထုတ်ဝေခွင့် ဖတ်ရှုခွင့်
ရရဲ့လား။ ဒီနိုင်ငံ့ကျေးဇူးရှင်တွေရဲ့ ပုံတွေကို လွတ်လွတ်လပ်လပ် ကိုင်ဆောင်ခွင့် ပြုသလား။
န.အ.ဖလက် အောက်မှာ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် တိုင်းသူပြည်သားတွေဟာ
ဗိုလ်ချုပ်အောင်ဆန်းပုံကိုတောင် ကိုယ့်အိမ်မှာ ချိတ်မထားရဲကြတော့ဘူး။ ဒါတွေကို
သေသေချာချာစဉ်းစားကြစေလိုပါတယ်။

ဆိုတော့ ပြည်သူထဲက ပြည်သူဖြစ်တဲ့ ရဟန်းတော်တွေဟာ အမိနိုင်ငံကို မတရားသဖြင့်


အုပ်ချုပ်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို အလိုမရှိကြောင်း ပြသနေရမှာပဲ။ ဒီလို ပြသတာဟာ
စာရေးသူတို့ ရဟန်းတော်တွေ အနေနဲ့ အမိတိုင်းပြည်ကို ပြည်လည်ကျေးဇူးဆပ်ခြင်းလို့
သဘောရပါတယ်။ မတရားသဖြင့် အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေကို အလိုမရှိကြောင်း၊
သဘောမကျကြောင်း ပြသတာဟာ သူတော်ကောင်းတည်စေဖို့ဖြစ်သလို
သာသနာအဓွန့်ရှည်ဖို့လုပ်ဆောင်ရာလဲကျပါတယ်။

စာရေးသူ နိဂုံးမသတ်သေးပါဘူး။ နောက် အလျဉ်းသင့်ရင် ဆက်ရေးပါအုံးမယ်။


စာရေးသူတို့ သာသနာရဲ့ဦးထိပ်မှာ မြတ်စွာဘုရားဟာ ရှိမြဲရှိနေမှာ ဖြစ်သလို
ပြည်ထောင်စုမြန်မာ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဦးထိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့
အာဇာနည်ခေါင်းဆောင်တွေဟာ ဘယ်သောအခါမှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။
ဒါကိုလဲ ဘယ်မိစ္ဆာကောင်များကမှ တားဆီးလို့ရမှာမဟုတ်ပါဘူး။

ပြည်ချစ်ဘုန်းဘုန်း
{MSMA}

---------------------------------------------------------------------------------------------------

သာသနာနှင့်နိုင်ငံရေး (၂)

25th,June,2008

ဒီအကြောင်းကို ဆက်မယ်ဆက်မယ်နဲ့ တန့်နေခဲ့တာ တော်တော်လေး ကြာသွားပြီ။


အကြောင်းအမျိုး မျိုးကြောင့် ဆက်မရေးဖြစ်တာ။ အခု အားလပ်ချိန်လေးရတုန်း
ဆက်ပြောပါရစေ။ စာရေးသူဟာ စာရေးလို့ရှိရင် ခံစားချက်နဲ့အတွေ့အကြုံကို အခြေခံပြီးရေးမှ
အားရှိပါတယ်။ ခံစားချက်မပါဘဲ အကြောင်းအရာအတွေ့အကြုံ ချည်းဆိုရင် လက်က
ရေးလို့မသွက်တော့ဘူး။ ဒီတစ်ခါတော့ မြန်မာနိုင်ငံ ကိုလိုနီခေတ်ကာလက သာသနာနဲ့
နိုင်ငံရေး ဆက်စပ်ခဲ့ပုံလေးကို အခြေခံပြီး တင်ပြသွားလိုပါတယ်။

စာရေးသူ အရင်အပတ်က “ဒီပြည်သူတွေ ဒုက္ခရောက်နေတာကို စာရေးသူတို့ဟာ


လက်ပိုက်ပြီး ကြည့်နေတယ်ဆိုရင် လောကကြီးမှာ စာရေးသူတို့
ဗုဒ္ဓဘာသာရဟန်းတော်တွေလောက် အသိတရားမရှိတာ ဘာရှိတော့မှာလဲ။ စာရေးသူတို့
လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ လက်ပိုက်ကြည့်မနေပါဘူး။ နောင်ကိုလဲ လက်ပိုက်ကြည့်နေမှာ
မဟုတ်ပါဘူး”လို့ ပြောခဲ့တယ်။ ဟုတ်ပါတယ်။ ဒီခေတ်ရဟန်းတော်တွေသာ မဟုတ်ဘူး။
အဲဒီခေတ်ကာလက ရဟန်းတော်တွေဟာလဲ ပြည်သူတွေ သူ့ကျွန်ဘ၀မှာ
အောက်ကျနောက်ကျ ဖြစ်နေတာကို လက်ပိုက်မကြည့်ခြဲ့ ကပါဘူး။

မြန်မာနိုင်ငံဟာ ဘကြီးတော်ဘုရားလက်ထက်၊ မြန်မာသက္ကရာဇ် ၁၁၈၈-ခုနှစ်၊ ခရစ်နှစ်


၁၈၆၂-ခုနှစ်မှာ အင်္ဂလိပ်တွေနဲ့စစ်ဖြစ်ပြီး တနင်္သာရီ၊ ရခိုင်…စသည်တို့ကို လက်လွှတ်ခဲ့ရတယ်။
နောက် ပုဂံမင်းလက်ထက်၊ မြန်မာသက္ကရာဇ် ၁၂၁၃- ခုနှစ်၊ ခရစ်နှစ် ၁၈၅၂-ခုနှစ်မှာ
အောက်မြန်မာပြည်ကို လက်လွှတ်ခဲ့ရတယ်။ နောက် မြန်မာသက္ကရာဇ် ၁၂၄၇-ခုနှစ်၊ ခရစ်နှစ်
၁၈၈၄-ခုနှစ်မှာ မြန်မာနိုင်ငံဟာ သူ့ကျွန်ဘ၀ကို လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ရပါတယ်။
မြန်မာတွေဟာ သူ့ကျွန်ဘ၀ရောက်ခဲ့ရပေမယ့် စုပေါင်းလုပ်ဆောင်ခြင်းအလေ့အထ မှာ
အားနည်းတဲ့အတွက် အင်္ဂလိပ်တွေကို ထိထိရောက်ရောက် ထိုးစစ်ဆင်တာမျိုး မရှိခဲ့ပါဘူး။
သမိုင်း ကြောင်း တွေအရ သူပုန်ထတဲ့အဆင့်လောက်သာ ရှိခဲ့တယ်။ အင်္ဂလိပ်တွေအတွက်
လွယ်လင့်တကူ သုတ်သင်ပစ်နိုင် ခဲ့တာက များပါတယ်။
စာရေးသူ ဒါတွေကို ပြန်ပြောရတာ အကြောင်းရှိပါတယ်။ ကိုလိုနီခေတ် သာသနာနဲ့နိုင်ငံရေး
ဆက်သွယ်မှုကို ပြောပြချင်လို့ပါ။
မြန်မာနိုင်ငံလွတ်လပ်ရေးပြန်ရလာခြင်းရဲ့အကြောင်းတွေထမ
ှဲာ ရဟန်းတော် များ
သာသနာရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ပေးခဲ့တာဟာလဲ ဘယ်လိုမှ ငြင်းဆိုလို့မရတဲ့
အရှိတရားတစ်ခု ဖြစ်ခဲ့တာကို တွေ့ရမယ်။ သူ့ကျွန်ဘ၀ရောက်နေပေမယ့် မြန်မာတွေဟာ
လွတ်လပ်ရေးရဲ့အရသာကို မသိခဲ့ ကြဘူး။ အဲဒီခေတ်က အချို့ကလဲ သူပုန်ထပြီး တိုက်ရုံနဲ့
လွတ်လပ်ရေးကြီး ရလာလိမ့်မယ်လို့ ထင်ကြတယ်။ (မျိုးချစ်စိတ်အပြည့်ဖြင့် တောခို၍
တိုင်းပြည်အတွက် အသက်ပေးတိုက်ခိုက်ခဲ့သော ရှေးမြန်မာတို့အား အထင်သေးစိတြ် ဖင့်
ရေးသားခြင်း မဟုတ်ပါ။ ထိုမျှဖြင့် လွတ်လပ်ရေး မရရှိနိုင်ပုံကို မီးမောင်းထိုးပြလိုရင်းသာ
ဖြစ်တယ်)။ သူပုန်ထပြီး တိုက်ခိုက်သူတွေဟာ များသောအားဖြင့် အဖမ်းအဆီးခံရပြီး
အသတ်ခံရတာများတော့ လွတ်လပ်ရေးအတွက် ဆောင်ရက
ွ်သူတွေဟာ ရှားပါးလာခဲ့တယ်။

ထိုကာလတွေမှာ အမေရိကန်နဲ့အိုင်ယာလန်နိုင်ငံတွေဟာ အင်္ဂလိပ်လက်အောက်မှ


လွတ်မြောက်ခြင်း၊ ဟန်ဂေရီနိုင်ငံဟာ သြစတြီးယားနိုင်ငံလက်အောက်မှ လွတ်မြောက်ခြင်း၊
အီတလီလတ
ွ်လပ်ရေးရခြင်း….. စသည့်သတင်းတွေဟာ အချို့မြန်မာတို့၏စိတ်ကို
လှုပ်နှိုးပေးခဲ့တယ်။ နောက် အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ် အစိုးရအား ပုန်ကန်ခြားနားမှုများက
အိပ်မောကျနေသော မြန်မာတို့အား နှိုးပေးခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်က မြန်မာတွေဟာ
ရှေးပဝေသဏီကတဲက လူစွမ်းကောင်းမျှော်တတ်တဲဓ
့ လေ့ကြောင့် တော်လှန်လိုစိတ်ရှိပေမယ့်
လဲ လူစွမ်းကောင်းကို စောင့်နေခဲ့ကြတယ်။ “အင်း ဟင်္သာဆင်းလိမ့်မည်၊ ဟင်္သာ
မုဆိုးလေးနှင့်ခွင်းလိမ့်မည်၊ မုဆိုး ထီးရိုးရိုက်လိမ့်မည်၊ ထီးရိုး မိုးကြိုးပစ်လိမ့်မည်”…စတဲ့
သိုက်တွေတဘောင်တွေနဲ့ ကယ်တင်ရှင် သူရဲကောင်းကို တစ်နေ့ပေါ်လာနိုးနိုး
စောင့်မျှော်နေခဲ့ကြတယ်။
အသင်းအဖွဲ့တွေနဲ့ လှုပ်ရှားမှုဟာ (စာရေးသူ လက်လှမ်း မှီသလောက်) ၀ိုင်.အမ်.ဘီ.အေ
ခေတ်ကျမှ စ,ပါတယ်။ ဒါတောင်မှ ဒီအသင်းကြီးဟာ (အစက) နိုင်ငံရေးနဲ့ပတ်သတ်ပြီး
လုံးဝမပြောဆိုရဲတဲ့အသင်းကြီး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက်၊
တိုင်းပြည်ပညာရေးအတွက် အထိုက်အလျောက် အကျိုးရလဒ်များ ရရှိအောင်
စွမ်းဆောင်နိုင်ခဲ့ပေမယ့် “သူ့ကျွန်ဘ၀မှာ ပျော်တဲ့အကြောင်း၊ ကျေနပ်တဲ့အကြောင်း၊
အင်္ဂလိပ်အရှင် သခင်တို့ရဲ့လက်အောက်မှာ ကျွန်တော်မျိုးတို့ သစ္စာစောင့်သိ
ရိုသေပါမည့်အကြောင်း” ပြောခဲ့ကြတာတွေကို တွေ့ရတာကတော့
တော်တော်စိတ်မကောင်းစရာ ဖြစ်ပါတယ်။
ခုချိန်ထိ သာသနာနဲ့နိုင်ငံရေး ခေါင်းစဉ်ကို ရောက်မလာသေးဘူး၊ ဒါပေမယ့် ဆက်စပ်မှုက
ရှိနေတော့ ဆက်ပြောပါအုံးမယ်။ ဒီအသင်းကြီးကို
စတင်တည်ထောင်ခဲ့တဲ့လူကြီးတွေအများစုဟာ နောက်ပိုင်းတော့ နိုင်ငံရေးစားဖားကြီးတွေ
ဖြစ်လာကြတာတွေ့ရတယ်။ အစည်းအဝေးမှာ သူတို့ တင်သွင်းခဲ့တဲ့ အဆိုတစ်ခုကို
နမူနာအဖြစ် ပြောပြချင်တယ်။
“နိုင်ငံလုံးရှိ ၀ိုင်အမ်ဘီအေ အသင်းသားများနှင့် ၄င်းအလားတူ။ အသင်းများ
စည်းဝေးကြသော။ ဤပွဲကြီးသို့ ကြွရောက်လာကြသော ပရိသာတ်တို့က။
ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော။ ဧကရာဇ် မင်းတရားကြီးနှင့်တကွ။
ဗြိတိသျှအင်ပိုင်ရာနိုင်ငံတော်ကြီးကို ဘုန်းတော်ဘုရား၏ ကိုယ်ခွဲပြုလုပ်၍ စီမံအုပ်
ချုပ်ကြပေသော ကိုယ်စားလှယ်အရာရှိမင်းတို့အား။ များစွာ နှစ်သက်လေးမြတ်လျက်။
သစ္စာတော်ကို။ မယိုင်း မယိုင် ကျောက်စာတိုင်ကဲ့သို့ စောင့်သိရိုသေကြကြောင်း”။
အထက်ပါ အဆိုတင်သွင်းတော့ ဦးရွှေဇံအောင်က ထောက်ခံခဲ့သည်ဟု ဆိုပါသည်။
အခြားအဆို များမှာလဲ နောက်ပိုင်း လူငယ်တွေ ၀ံသာနုစိတ်ဓာတ်များ ကိန်းဝပ်မလာခင်အထိ
အင်္ဂလိပ်သဘောကျအောင် ပြောထားသော စကားများသာ အများဆုံး တွေ့ရပါတယ်။
(တိုင်းသူပြည်သားများအတွက် အကျိုးလိုလားသော ရည်ရယ
ွ်ချက်နှင့်အဆိုများလဲ ရှိပါတယ်)။
ဥပမာ ဘုရားဝတ္တကမြေပေါ်မှာ ဖိနပ်စီးခြင်းကို တားမြစ်ဖို့ တင်သင
ွ်း တဲ့အဆို၊ ကျောင်းတိုင်းမှာ
မင်္ဂလသုတ်ထည့်သွင်းပြဓာန်းဖို့ တင်သွင်းတဲ့အဆိုများ ဖြစ်ပါတယ်။
……..။ ဒီလိုနဲ့ မြန်မာ့လတ
ွ်လပ်ရေးဟာ ဦးဆောင်သူလဲ မရှိ။ ပြည်သူတွေကလဲ အသိပညာ
ဗဟုသုတ နည်းပါး။ ပညာတတ်များကလဲ ကိုယ်ကျိုးရှာသမားတွေ။ (အများစုကို ဆိုလိုရင်း
ဖြစ်ပါတယ်။) အချို့ပညာတတ် များကတော့ အနောက်နိုင်ငံတွေက ပညာတွေသင်လာပြီး
မျက်စိပွင့်လာခဲ့ကြတယ်။ ဒါပေမယ့် အနည်းစုဖြစ်တဲ့ အတွက် လွတ်လပ်ရေးအတွက်
လောက်လောက်လားလား အားရစရာ ဘာမျှမရှိခဲ့သေးဘူး။
၁၂၈၀-ခုနှစ်မှာ ဆရာတော်ဦးဥတ္တမဟာ ဥရောပ၊ အမေရိကနဲ့ ဂျပန်နိုင်ငံတွေကနေ ပြန်ကြွလာ
ခဲ့ပါတယ်။ ဆရာတော်ဟာ သူသိခဲ့တဲ့ အသိပညာတွေကို မိမိအမျိုးသားတွေကို ဖြန့်ဝေဖို့
အစဉ်တစိုက် ကြိုးစား ခဲ့ပါတယ်။ ၀ိုင်.အမ်.ဘီ.အေ အသင်းကြီးကို ၀င်ပြီး
ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဆရာတော်ဟာ တိုင်းတစ်ပါး သားတွေရဲ့ လက်အောက်မှာ
နေရတဲ့ပြည်သူတွေကို လွတ်လပ်ရေးအရသာအကြောင်း အမျိုးမျိုး ဟောပြောခဲ့ ပါတယ်။

ဆရာတော်ဦးဥတ္တမနှင့်ဦးဝိစာရ

ဆရာတော်ရဲ့ စကားတွေကို လူတွေဟာ အထူးအဆန်းဖြစ်နေကြဆဲပဲ။ လွတ်လပ်ရေးဆိုတာ


ငါတို့ လုပ်လို့ရတဲ့အရာ မဟုတ်ဘူးလို့ ခံယူထားသလို ဖြစ်နေခဲ့ကြတယ်။ နောက်ပိုင်း
သတင်းစာတွေကနေ ဆရာတော်ပြောတာမှန်ကြောင်း ထောက်ခံရေးသားပေးမှ
ပြည်သူတွေဟာ နိုင်ငံရေးအသိအမြင်တွေ တိုးပွား လာခဲ့ကြရတယ်။ နိုင်ငံရေးမျက်စိ
ပွင့်လာကြတယ်။ ဆရာတော်ရဲ့တရားပွမ
ျဲားမှာ လူတွေတဖြည်းဖြည်း များလာ ခဲ့တယ်။
(စာရေးသူ လိုရာဆွဲပြောတယ်ဟု မယူဆစေလိုပါ။ သမိုင်းကို ချဉ်းကပ်တဲ့နေရာမှာ
ရှုထောင့်အမျိုးမျိုးရှိပါတယ်)။
ဆရာတော်ရဲ့ စကားတစ်ခွန်းက ပြည်သူတွေကို အထူးသဖြင့် သာသနာတွင်းရှိ
ရဟန်းတော်တွေကို လှုပ်ကိုင်ဆွဲရမ်းလိုက်သလို ဖြစ်သွားခဲ့တယ်။
“သံဃာတော်တွေကလဲ ကျောင်းမှာပဲ ကျိန်းမနေကြပါနဲ့။ တိုင်းပြည်သည် ကျွန်ဘ၀တွင်
ရောက်၍နေ သောအခါ တိုင်းသူပြည်သားများမှာ ကျွန်များဖြစ်၍ ကျွန်များ
ကိုးကွယ်သောဘာသာသည်လည်း ကျွန်ဘာသာ နှင့်ကျွန်သာသနာပင် ဖြစ်မည်။ ကျွန်ဘ၀မှ
လွတ်မြောက်မှသာလျှင် သာသနာကြီးပွားထွန်းကားနိုင်မည်ဖြစ် သောကြောင့်
ကျောင်းများတွင် ကျိန်း၍ချည်း နေခြင်းငှါ မသင့်ပါဘူး။ သံဃသမဂ္ဂီများ ဖွဲ့စည်းခါ
လွတ်လပ်ရေး ကို ကြိုးစားသင့်ကြပါတယ်”
ဆိုတဲ့ ဆရာတော့်စကားဟာ ပြည်သူတွေထက
ဲ ပြည်သူတွေဖြစ်တဲ့ရဟန်းတော်တွေကို
တိုင်းပြည် အတွက် ဆောင်ရွက်ပေးဖို့ တွန်းအားပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
ဆရာတော်ဟာ ကျွန်ဘ၀ရဲ့ဆိုးရွားနိမ့်ကျလှပုံ၊ အုပ်ချုပ်သူလူတန်းစားတွေနဲ့
အဆင့်အတန်းကွာခြားပုံ၊ ပြည်သူများ အောက်ကျနောက်ကျဖြစ်နေပုံ၊
အများအထင်ကြီးတဲ့အင်္ဂလိပ်ဟာ ပညာသင်ပေးပေမယ့် သူတို့ပေး တဲ့ပညာဟာ
ကျွန်ပညာသာဖြစ်ပုံ၊ တိုင်းပြည်တစ်ခုလုံး သစ်ရွက်ခြောက်တွေလို ညှိုးနွမ်းသွေ့ခြောက်နေရပုံ၊
ဆင်းရဲကျပ်တည်းစွာ အသက်မွေးနေရပုံ၊ ….စသည်တို့ကို ကွက်ကက
ွ်ကွင်းကွင်း မြင်အောင်
ဟောကြားခဲ့ပါ တယ်။ တဖြည်းဖြည်းနဲ့ ပြည်သူတွေဟာ ဆရာတော်ပြောတာ မှန်ကြောင်း
စဉ်းစာလာမိကြတယ်။
၁၂၈၃-ခုနှစ်၊ ဒေးဒရဲ၊ ဆူးကလပ်ရွာမှာ အချုပ်အခြာအာဏာကို အသရေညှိုးနွမ်းစေမှုနဲ့
ဖမ်းဆီးခံခဲ့ရပါ တယ်။ ပြည်သူတွေဟာ ဘုန်းကြီးထိရင် မခံဘူးဆိုတာ ၂၀၀၇၊
စက်တင်ဘာမှာမှ မဟုတ်ဘူး။ ဆရာတော် ဦးဥတ္တမ အဖမ်းခံရတော့မှ တစ်တိုင်းပြည်လုံး
လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့တယ်။ မခံမရပ်နိုင်ဖြစ်သွားခဲ့ကြတယ်။ တိုင်းပြည်ဟာ
လွတ်လပ်ရေးအတွက် ဆာလောင်လာခဲ့ပြီ။ ငိုက်စိုက်ကျနေတဲ့ ဦးခေါင်းတွေ
ထောင်မတ်လို့လာခဲ့ပြီ။
သံဃာများလဲ နိုးလာခဲ့ပြီ။ ဆရာတော် အကြံပေးတဲ့အတိုင်း “သံဃသမဂ္ဂီအသင်း”များကို
ဖွဲ့စည်းပြီး တိုင်းပြည်အရေးကို ဆောင်ရွက်လာခဲ့ကြတယ်။ မရှေးမနှောင်းမှာပဲ
သံဃသမဂ္ဂီအသင်းပေါင်း (၃၇)သင်းထိ ဖြစ်လာခဲ့တယ်။ အစက သံဃာအငယ်တွေပဲ။
နောက်ပိုင်းမှာ အလယ်တောရဆရာတော်၊ စလင်းဆရာတော်၊
ဝေဠုဝန်ဆရာတော်ဘုရားကြီး….စတဲ့ ဆရာတော်ကြီးများကိုယ်တိုင်
ဝင်ရောက်လုပ်ကိုင်ခဲ့ကြတာတွေ့ရတယ်။ ဆရာတော်သံဃာတော်တွေဟာ
တိုင်းသူပြည်သားများအရေးအတွက် တရားများဟောကြားလာခဲ့ကြတယ်။
မြန်မာ့သမိုင်းမှာ အဲဒီခေတ်ကာလကို နိုင်ငံရေးအသိအမြင်များ နိုးကြားလာတဲ့ခေတ်လို့
သုံးသပ်ကြပါ တယ်။ ဆရာတော်ဦးဝိစာရ၊ ဆရာတော်ဦးဝိသုဒ္ဓ၊ ဦးစန္ဒောဘာသ၊
ဗားကရာတိုက်ဆရာတော်၊ သာဓုတိုက် ဆရာတော်၊ မိုးတားတိုက်ဆရာတော်၊ ဆင်ပေါင်ဝဲ
ကျောက်ဆောင်းဆရာတော်၊ မုံရွာရွှေပုလဆ
ဲ ရာတော်….စတဲ့ ဆရာတော်တွေဟာ ထိုခေတ်က
နာမည်ကြီး ဆရာတော်များ ဖြစ်ပါတယ်။ အောက်မြန်မာပြည်က အကြောင်း တွေသိတော့
အထက်မြန်မာပြည်မှာလဲ သံဃသမဂ္ဂီအသင်းများ ဖွဲ့လာကြတယ်။ ပျဉ်းမနားက ဘေးမဲ့ဆရာ
တော်ကြီးမှူးပြီး နိုင်ငံ့အရေးကို အားတက်သရော ထမ်းဆောင်ခဲ့ကြပါတယ်။
ဆရာတော်တွေဟာ တိုင်းသူပြည်သားတွေဆင်းရဲဒုက္ခရောက်နေတာ၊
မတရားဖိနှိပ်ခံနေရတာတွေကို လက်ပိုက်ကြည့်မနေခဲ့ကြပါဘူး။ အဆိုပါဆရာတော်တွေထဲက
ဆရာတော်ဦးဝိစာရဆိုလျှင် သူ့အကြောင်း တွေးမိသူတိုင်း ဦးခေါင်းတွေ အလိုလို
ကိုင်းညွတ်သွားခဲ့တယ်။ ဦးဝိစာရ ဘ၀မှာ အဖမ်းခံရတာလဲ ခဏခဏပါပဲ။ ဒါပေမယ့်
ဆရာတော်ဟာ အမျိုးသားရေးအတွက် ဘယ်တော့မှ ဦးမညွှတ်ခဲ့ပါဘူး။ ၁၂၉၁-ခုနှစ်မှာ
ဆရာတော် ဟာ အစိုးရအကြည်ညိုဖျက်မှုနဲ့တရားစွဲပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆-နှစ်
ကျခံခဲ့ရတယ်။
ဆရာတော်ဟာ ထောင်ထဲမှာ (တိပိဋကဓရဆရာတော်ဦးသုမင်္ဂလာလင်္ကာရ…စတဲ့
ဆရာတော်တွေလို) ပိတ်ဖြူစည်းခံရပါတယ်။ ဒါနဲ့ ထောင်ထဲမှာ ဆက်လက်ပြီး အစာအငတ်ခံ
ဆန္ဒပြခဲ့ပါတယ်။ မစားမသောက်နေ ရင်း ၁၆၆-ရက်မြောက်နေ့မှာ အာဇာနည်ပီပီ
တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ပါတယ်။ …………………။
နောက်ပိုင်းမှာလဲ ဦးဝိစာရလောက် မစွန့်လွှတ်ခဲ့ကြပေမယ့် တိုင်းပြည်အရေးမှာ စွမ်းစွမ်းတမံ
ဆောင်ရွက်ခဲ့ကြလို့ ထောင်ချခံခဲ့ရတဲ့ ဆရာတော်တွေ အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ၉-
ထောင်စံ ဦးဃောသ၊ ကြည့်မြင်တိုင်ဆရာတော် ဦးကေတု၊ မလှိုင်ဦးဒေ၀ိန္ဒ၊
သရက်မြို့ဦးဝိမလဗုဒ္ဓိ၊ အာလံဦးလာဘ၊ ဦးနာဂိန္ဒ၊ ဦးစန္ဒိမာ၊ သာယာဝတီဦးဉေယျ၊
မန္တလာဦးကေလာ၊ ဆင်ဖြူကျွန်းစိန်ရောင်ချည် ဦးအာစာရ၊ ဦးအာလောက။ ဦးအာသဖ၊
ဦးက၀ိန္ဒာ ဓိပတိ၊ ရွှေမျက်မှန်ဦးဝိဇယျ၊ ကြို့ပင်ကောက် ဦးဝိမလာစာရ၊ သာယာဝတီမယ်
ဇလီတန်းဆရာတော်ဦးအာဒိစ္စ၊ ရှင်အရိယ၊ အုဋ္ဌ်ဖိုမှန်ကျောင်းဆရာတော်ဦးအရိယ၀ံသ၊
ဦးဓမ္မဓရ….စသော ရဟန်းတော်တွေဟာ ပြည်သူ့ အရေးပါဝင်ဆောင်ရွက်လို့
ထောင်တန်းအကျခံခဲ့ကြရပါတယ်။
စာရေးသူ အခု တင်ပြခဲ့တာတွေဟာ ကိုလိုနီခေတ် သာသနာနဲ့နိုင်ငံရေး
ဆက်စပ်ပတ်သတ်ခဲ့ပုံတွေကို အကျဉ်းမျှ လေ့လာတင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဒီလို
ရေးသားတင်ပြခဲ့တဲ့နေရာမှာ “ဦးဘခိုင်ရဲ့ မြန်မာပြည် နိုင်ငံ ရေးရာဇ၀င်” ဆိုတဲ့ စာအုပ်ကို
အခြေခံပြီး အခြားမှတ်စုများကို ကိုးကား၍ ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ သမိုင်းကြောင်းတွေကို လိုက်လံဖုံးကွယ်နေတဲ့အဖြစ်ဟာ တွေးကြည့်ရင်
အတော်ရင် လေးစရာကောင်းပါတယ်။ စာရေးသူတို့ မြန်မာတွေဟာ
ကိုယ့်နိုင်ငလ
ံ တ
ွ်လပ်ရေးရအောင် ဆောင်ရွက်ခဲ့တဲ့ သူတွေရဲ့အကြောင်းတွေကို
လွတ်လတ
ွ်လပ်လပ် ရေးသားခွင့် မရှိခဲ့ပါဘူး။ ခုလဲ ရှိမနေပါဘူး။ လူငယ်တွေဟာ
ကိုယ့်နိုင်ငံလတ
ွ်လပ်ရေးကာလက သမိုင်းကြောင်းတွေကို သိချင်ရင်
စာအုပ်အဟောင်းဆိုင်တွေကို ပြေးရပါတယ်။ ခိုးကြောင်ခိုးဝှက် ဖတ်ကြရတယ်။
မြန်မာ့သမိုင်းမှာ သုတေသနပြုသင့်တဲ့ အကြောင်း အရာတွေ အများကြီး။
ဒါပေမယ့် စစ်အာဏာရှင်တွေဟာ “မြန်မာအစ၊ န.အ.ဖ က”လို့ သမိုင်းတွင်အောင်
လုပ်ချင်နေသူ တွေဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ရဲ့လွတ်လပ်ရေးဖခင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့စာတွေကိုတောင် ကျောင်းသုံးစာအုပ်တွေထဲက ထုတ်ပယ်လိုက်ပြီ။
တစ်တိုင်းပြည်လုံးက လေးစားရတဲ့ ဆရာကြီးသခင်ကိုယ် တော်မှိုင်းရဲ့ လက်ရာတွေကိုလဲ
ဖြုတ်ပယ်လိုက်ပြီ။ သာမာန်လောက် စဉ်းစားဥာဏ်ရှိတဲ့သူတွေတောင် န.အ.ဖ ရဲ့
ယခုလုပ်ရပ်ဟာ ဘယ်လောက်အောက်တန်းကျပြီး စိတ်ယုတ်မာများရှိနေတယ်ဆိုတာကို
သိနိုင်ပါတယ်။
ဒီဆောင်းပါးလေးကို သာသနာ့ညီတော်၊ နောင်တော်တို့အတွက် အဓိက ရည်ညွှန်းပါတယ်။
ဆရာတော် ဦးဥတ္တမမိန့်ကြားခဲ့သလို အမှုမဲ့အမှတ် မနေသင့်ကြတော့ပါဘူး။
တိုင်းပြည်ရဲ့သယံဇာတတွေလဲ ကုန်ပြီ။ ပြည်သူ ပြည်သားတွေရဲ့ စာရိတ္တမဏ္ဍိုင်တွေလဲ
စစ်အစိုးရရဲ့ဖိနှိပ်မှုအောက်မှာ အားလုံးပြိုလဲသွားကြပြီ။ တိုင်းသူပြည် သားတွေ
စာရိတ္တပျက်ပြားရင် သူတို့ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာရဲ့သာသနာတော်ဟာ အလိုလိုနေရင်း
သိက္ခာကျ ရော့မယ်။ စာရေးသူ ဒီစာကို ရေးလို့ ဘာအကျိုးအမြတ်မှ မရပါ။ စေတနာဖြင့်
တိုက်တွန်းလိုက်ခြင်းပါ။ အားလုံး ညီညွတ်ကြမယ်ဆိုရင် လွတ်လပ်တဲ့မြန်မာပြည်ဟာ
မဝေးတဲ့အနာဂတ်မှာထွန်းလင်းလာတော့မယ်။
ပြည်ချစ်ဘုန်းဘုန်း
၂၄၊ ၀၆၊ ၂၀၀၈

(သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ ဘလော့ဂ်မှ စုစည်းပူဇော်ပါသည်။ )