You are on page 1of 9

ETABS မှာသုံးတဲ့ Membrane, Plate and Shell နဲ့ ပတ်သက်ပြီး မေးတဲ့သူတွေအတွက်

အကျဉ်းလေးပြောပြမယ်နော်။

တကယ်တော့ ETABS မှာတင်မဟုတ်ပါဘူး finite element software တိုင်း concept ကအတူတူပါပဲ။

အတွင်းကျကျ သိချင်ရင်တော့ plate bending theory ကို ဖတ်ပါလို့ ပြောပါရစေ။ ကျွန်တော် သိသလောက်တော့

အကျဉ်း ချုံ့ ပြီးပြောပြပါမယ်။ လိုအပ်တဲ့သူတွေအတွက် အသုံးဝင်မယ်ထင်ပါတယ်။

ဒီလိုဗျ area objects တွေမှာ in-plane stiffness ရယ်၊ out of plane stiffness ရယ်ဆိုပြီးနှစမ
်ျိုး ရှိတယ်။ နောက်ပြီး

point တစ်ခုမှာ 3 translational degree of freedom (ux, uy, uz) နဲ့ 3 rotational degree of freedom (θx, θy,

θz)ဆိုတာရှိတယ်။

Degree of freedom ကို အရင်ပြောပြမယ်နော်၊ သိပြီးသားတွေဖြစ်မှာပါ။ 3 translational degree of freedom

ဆိုတာကတော့ object/ point တစ်ခုဟာ 3 dimensional (x-axis, y-axis, z-axis) မှာဆိုရင် x-direction အရွေ့.

ux၊ y-direction အရွေ့ uy၊ နဲ့ z-direction အရွေ့ uz ဆိုပြီး သုံးမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီအရွေ့ သုံးမျိုး ကို 3

translational degree of freedom လိ.ု ပြောတာပါ။?

3 rotational degree of freedom. ဆိုတာကတော့ object တစ်ခုဟာ 3 dimensional မှာ axis တစ်ခုကို ဗဟိုပြုပြီး

bend သွားပြီဆိုရင် ဘယ်လောက် rotate ဖြစ်သွားလည်းဆိုတာကိုဖော်ပြချင်ရင် အဲဒီ axis ကို ထောင့်မှန်ကျနေတဲ့

အခြား axis ကနေလှမ်းတိုင်းတဲ့ angle (θ) နဲ့ ပြောလိမ့ရ


ှ်ိပါတယ်၊ x-axis ကို ဗဟိုပြုပြီး bend သွားရင် y-axis

ကနေလှမ်းတိုင်းတဲ့ θx ပေါ့ဗျာ။ 3 dimensional မှာဆိုတော့ θx, θy, θz ဆိုပြီး သုံးမျိုးရှိမှာပေါ့၊ အဲဒီ rotation

သုံးမျိုးကို 3 rotational degree of freedom လို့ ပြောတာပါပဲ။

ကဲဒီတစ်ခါ stiffness, stiffness ဆိုရင် ဒီ equation လေးကို သတိထားမိမှာပါ (F = kΔ သိုမဟုတ် Δ = F/k),

F = Resistant

Δ = displacement

k = stiffness coefficient

stiffness (translational stiffness or rotational stiffness) များရင် displacement (translation or rotation) နဲ

မယ်ပေါ့ဗျာ ပြောင်းပြန် အချိုးကျနေပါတယ်။ နောက်ပြီး stiffness မရှိရင် ဘာ resistant မှ မရှဘ


ိုးပေါ.။

အပေါ်ကပြောတာလေးတွေ နားလည်ပြီဆိုရင် membrane အကြောင်းဆက်ပြောကြမယ်နော်၊ membrane ဆိုတာ

in-plane stiffness ပဲရှိတယ်လို ယူဆပါတယ်။ thickness to span ratio နဲ တဲ့ အတွက် ဆိုလိုတာက

ပါးလွန်းတဲ့အတွက် သူ့မှာ out of plane stiffness (bending stiffness) ဟာ မရှိသလောက်နဲပါတယ်။

နမူနာ တတိယပုံမှာပြထားသလို Section တစ်ခုမှာ compression နဲ့ tension ဆိုပြီး couple force နှစ်ခုရှိမယ် အဲဒီ
force နှစ်ခုကြား အကွာအဝေးကို moment arm လိ.ု ခေါ်ပြီး moment arm များရင် moment resistant

များမယ်ပေါ့ဗျာ။ membrane တွေဟာ ပါးလွန်းတဲ့ အတွက် moment arm တွေဟာ မရှိသလောက်နဲ့ပြီး out of

plane bending stiffness တွေဟာ neglectable ပါ။ ဒါကြောင့်သူ.အပေါ်သက်ရောက်တဲ့ tranverse direction က

အားတွေကို in-plane stresses တွေကနေတဆင့် supports တွေကို ပို.ပေးပါတယ်၊

ဉပမာ အ၀တ်လှမ်းတဲ့ ကြိုးတန်းလိုပေါ့ဗျာ။ အဲဒီကြိုးတန်းမှာ ဘာ bending stiffness (out of plane stiffness) မှ

မရှိပါဘူး၊သူ.ရဲ့ axis တစ်လျောက်မှာရှိတဲ့ axial stiffness (inplane stiffness) တစ်ခုတည်းနဲ့ အဝတ်တွေကို

ထမ်းထားတာပါ။ membrane မှာ inplane stiffness ပဲရှိတဲ့အတွက် 3 degree of freedom ဖြစ်တဲ့ ux, uy, နဲ့ θz

ပဲရှိပါတယ်။ ပထမ ပုံလေးထဲမှာပြထားပါတယ်။

Plate ဆိုတာကတော့ out of plane stiffness ပဲရှိပါတယ်။ သူ့ရဲ့ thickness to span ratio များတဲ့အတွက်

ဆိုလိုတာက ထူတ့အ
ဲ တွက် သိုမဟုတ် moment arm များတဲအ
့ တွက် သူရဲ့ out of plane bending stiffness က

များမယ်ပေါ့ဗျာ။ ဒါ့ကြောင့် သူအပေါ်သက်ရောက်တဲ့ transverse direction က အားတွေကို out of plane bending

stiffnesses တွေကနေတဆင့် support တွေ ကိုပို.ပေးပါတယ်။ plate တွေမှာ out of plane stiffness ပဲ ရှိတယ်လ.ို

ယူဆတဲ့အတွက် သူ.မှာ 3 degree of freedom, θx, θy, uz ပဲရှိပါမယ်။ ပထမ ပုံလေးထဲမှာ တွေ.နိုင်ပါတယ်။

Shell… shell ဆိုတာ membrane နဲ့ plate action နှစ်ခုကို ပေါင်းထားတာပါ။ ဒါကြောင့် သူ.မှာ 6 degree of

freedom ရှိနေပါမယ်။ 3 translational degree of freedom,ux, uy, uz နဲ့ 3 rotational degree of freedom θx,

θy, θz ဆိုတာရှိမယ်။

နောက်ပြီး shell မှာ thin နဲ thick ဆိုပြီး ထပ်ခွဲထားပါတယ်၊ thick ဆိုတာက shear deformation ကို ထည့်သွင်း

စဉ်းစားထားတာပါ။ shear deformation အကြောင်းနောင်မှ ရေးပါအုံးမယ်၊ ခုနော့စာရှည်နေပြီ။

အနှစ်ချုပ်လိုက်ရင်

1. Membrane = only inplane stiffness, ux, uy, နဲ့ θz ( ပုံမှန် slab beam system တွေမှာ သုံးနိုင်ပါတယ်)

2. Shell-thin = both in-plane and out of plane stiffness, ux, uy, uz, θx, θy, θz (bending predomeinant

area objects such as flat slabs, walls တွေမှာ သုံးနိုင်ပါတယ်)

3. Shell-thick = both in-plane and out of plane stiffness, ux, uy, uz, θx, θy, θz and additional shear

deformation (shear predomeinant area objects like footing တွေမှာ သုံးနိုင်ပါတယ်)

Note… shell သုံးမယ်ဆိုရင် 6 degree of freedom ကို solving လုပ်ရတဲ့အတွက် analysis

လုပ်ချိန်ကြာမယ်ပေါ့ဗျာ။
ဒီလောက်ဆို နည်းနည်တော့ တီးမိခေါက်မိ ရှိသွားမယ်လ.ို ယုံကြည်ပါတယ်။ ပုံလေးတွေက ETABS ထဲမှာ run

ထားတဲ့ membrane နဲ့ shell analysis result လေးတွေပါ။ တစ်ခုချင်းစီ နိှုင်ယှဉ်ပြီးကြည့်သွားနော် ကွာခြားချက်တွေ

တွေ.မှာပါ။

ပညာပြည့်ဝ နှလုံးလှကြပါစေ

ကိုလှနိုင်