You are on page 1of 14

နိုင်ငံတော်သစ် လေ့လာရေးစာစဉ်

လွတလ
် ပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှ မှု

စာစဉ် (၁)- နိုင်ငံရေးနှင့် လူသား

(၁၇၁၉) ခုနှစ်တွင် ရော်ဘင်ဆန်ခရူးဆိုး၏ ဘ၀နှင့် ထူးဆန်းသော စွန့်စားခန်းများ ဟူသော စာအုပ်ကို
ဒယ်နီရယ်ဒီဖိုး

ဆိုသူက

ကာလတွင်မူ

ရှေးယခင်ကလောက်

ကျွန်းတကျွန်းပေါ်တွင်

ရေးသားထုတ်ဝေခဲ့သည်။

ဤစာအုပ်ပါ

ကျော်ကြားတော့မည်

ရေမျောကမ်းတင်ဖြစ်နေသည့်

ဇာတ်လမ်းသည်

မဟုတ်သည့်

ယနေ့ခေတ်

လူသူကင်းမဲ့နေသော

အင်္ဂလိပ်လူမျိုးတယောက်၏

ဇာတ်ကြောင်း

ဖြစ်ပါသည်။

ကျွန်းပေါ်တွင် အထီးကျန်ဖြစ်နေသော ရော်ဘင်ဆန်ခရူးဆိုးသည် နှစ်ပေါင်း (၁၅)နှစ်ကြာအောင် ဘ၀ကို
ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း နေသားတကျဖြစ်အောင် လုပ်ယူခဲ့ရသည်။ သူ၏အဖော်မှာ သူ့နာမည်အား
ခေါ်ဆိုတတ်အောင် လေ့ကျင့်ပေးထားသည့် ကြက်တူရွေးတကောင်သာ ရှိလေသည်။ ထိုကဲ့သို့သော
အထီးကျန်ကာလအခြေအနေတွင် ကျွန်းပေါ်၌ နိုင်ငံရေးဆိုသည့် စကားလုံး ပျောက်ကွယ်နေသည်။
အဘယ်ကြောင့်ဆိုသော် ခရူးဆိုး၏ ကျွန်းပေါ်၌ အသံထွက်စကားပြောနိုင်သူမှာ ခရူးဆိုးတယောက်
သာရှိပြီး မည်သူနှင့်မျှ ဆက်စပ်ပတ်သက်ရန် အကြောင်းမရှိသောကြောင့် ဖြစ်သည်။

ထိုသို့နှစ်ပေါင်းများစွာ နေလာရာမှ တနေ့သောအခါ၌ ပင်လယ်ကမ်းစပ်တလျှောက်တွင် လမ်းလျှောက်
နေရင်း ခရူးဆိုးသည် လူသားခြေရာအစုံကို စတင် တွေ့ရှိခဲ့လေသည်။

“ကျွန်ုပ်သည် မိုးကြိုးပစ်ခံလိုက်ရသော လူတယောက်ကဲ့သို့ ရပ်နေမိသည်“ ဟူ၍ ခရူးဆိုးက ရေးခဲ့သည်။
ထိုတခဏမှ စတင်၍ နောင် (၁၃) နှစ်အကြာ ကျွန်းပေါ်မှ လွတ်မြောက်ချိန်အထိ ခရူးဆိုးတယောက်
နိုင်ငံရေး ပြဿနာမျိုးစုံကို ရင်ဆိုင်ရတော့သည်။ သူခြေရာတွေ့ရှိခဲ့သော လူသားတဦးသည် မည်သူနည်း။
မိတ်ဆွေဖြစ်မည်လား (သို့မဟုတ်) ရန်သူဖြစ်မည်လား။

ထိုတခဏတာကာလအထိ
ရပ်တည်ရေးသာဖြစ်သည်။

ခရူးဆိုး၏

အဓိကကျသော

အသက်ရှင်ရပ်တည်ရေးအတွက်

ပြဿနာအခက်အခဲမှာ
အစာရေစာဖူလုံရန်နှင့်

အသက်ရှင်
သဘာဝဘေး

အန္တရာယ်များမှ

ကာကွယ်ရန်သာဖြစ်သည်။

ယခုတော့

အခြားသက်ရှိလူသား

(သို့မဟုတ်)

လူသားများစွာသည် သူနေထိုင်ရာ ကျွန်းပေါ်တွင်ဖြစ်စေ (သို့မဟုတ်) သိပ်မဝေးလှသော အနီးအနားတွင်
ဖြစ်စေ ရှိနေကြလေပြီ။

ထိုအသိနှင့်အတူ သူ့ဘာသာသူ ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်သစ်များကို ဖန်တီးရတော့သည်။
ခရူးဆိုးပြုလုပ်ခဲ့သည်က ယနေ့ခေတ်အခေါ် လက်နက်တပ်ဆင်ရေး စီမံချက်ပင်ဖြစ်သည်။ ပထမဦးစွာ
သူနေထိုင်ရာနေရာကို

ခိုင်မာတောင့်တင်းအောင်

ပြောင်းချောသေနတ်များချထားရန်
အဆင်သင့်

ပြင်ထားသည်။

ထိုနည်းတူစွာပင်

အန္တရာယ်

နေရာများ

ပြုလုပ်သည်။
သတ်မှတ်သည်။

သူခြေရာတွေ့ရှိခဲ့သော
ရှိချင်လဲ

ရှိလာနိုင်သည်။

ထို့နောက်
ရန်သူကို

ပုန်းခိုရာနေရာများ၊
ရင်ဆိုင်တိုက်ခိုက်ရန်

လူသားသည်

အန္တရာယ်ရှိချင်မှရှိမည်။

အမြော်အမြင်နှင့်

ဆင်ခြင်တုံတရားသည်

ကာကွယ်ရေး မူဝါဒကို ပြဌာန်းသည်။

နောက်ပိုင်းတွင်

ခရူးဆိုးသည်

ကျွန်းပေါ်တွင်

လူသားတယောက်တည်းတင်မကပဲ

လူအများ

ရောက်ရှိလာခြင်းဖြစ်ကြောင်း သဲလွန်စရသွားသည်။ ထိသ
ုများမှာ လူသားစားလူရိုင်းများဖြစ်ကြောင်းလဲ
သိလိုက်ရပြီးနောက်ပိုင် ကိယ
ု့်ဘက်တင်သာမက အခြားတဘက်ကိုပါ စတင်မေးခွန်းထုတ်လာရသည်။
ခရူးဆိုး၏ ကာကွယ်ရေးမူဝါဒ အလုပ်ဖြစ်မည်၊ မဖြစ်မည်၊ ဖမ်းဆီးစားသောက်ခံရခြင်းမှ လွတ်မြောက်မည်၊
မလွတ်မြောက်မည် ကို သူကိုယ်တိုင်ပင် သေချာမသိပါ။ သို့ပေမယ့် အသက်ရှင်ရပ်တည်ရေးအတွက်
ကြိုးစားရန်

သူစိတ်ပိုင်းဖြတ်ထားသည်။

ထိုခိုင်မာသော

ဆုံးဖြတ်ချက်နှင့်အတူ

သူ့ဘာသာသူ

ကာကွယ်ရေးနည်းလမ်းများ တိုးတက်လာစေရန် အစွမ်းကုန်ကြိုးစားသည်။

ခရူးဆိုးမှာ

တယောက်တည်းဖြစ်ပြီး၊ လူသားစားလူရိုင်းများကတော့

အများနှင့်ဖြစ်သည်။ ခရူးဆိုး၏

ရပ်တည်ရေးမူမှာ တတ်နိုင်သမျှ ထိုသူတို့အား ရှောင်ရှားရန်ဖြစ်သည်။ ထိုသူများ၏ အခြေအနေကို
လေ့လာစူးစမ်းပြီး၊ မိမိတည်ရှိနေမှုကိုကား ဖုန်းကွယ်ထားရန်ဖြစ်သည်။ ထိုနည်းအားဖြင့် တိုက်ခိုက်
လာမည့် အန္တရာယ်အား ရှောင်ရှားနိုင်မည်ဖြစ်သည်။

သို့ရာတွင်

လေ့လာစူးစမ်းနေရင်း

သူ၏မူကို

ပြောင်းလဲရတော့မည်

အခြေအနေတခု

ဖြစ်ပွားလာ

လေသည်။ ယင်းကား လူသားစားလူရိုင်းများ၏ သားကောင်တယောက် အသတ်မခံရမီ လွတ်မြောက်
လာခြင်းဖြစ်သည်။

“ကျွန်ုပ်၏

အသိဥာဏ်များလင်းလက်သွားသည်။

ကျွန်ုပ်၌

အခိုင်းအစေတယောက်၊

ဖြစ်နိုင်လျှင်

အပေါင်းအဖော်တယောက်၊ လက်ထောက်တယောက် ရရှိရန် အချိန်ရောက်လာပြီဟု ယူဆလိုက်သည်။
ထိုယူဆချက်သည် သနားစရာကောင်းသော ထိုသူအား ကယ်ဆယ်ရန် စေ့ဆော်လိုက်သည်“ ဟူ၍
သူကဆိုခဲ့သည်။

ယင်းသို့စေ့ဆော်ချက်ရှိလာသည်နှင့်

ခရူးဆိုးသည်

လက်နက်စွဲကိုင်ပြီး

လိုက်လံဖမ်းဆီးသူများနှင့် အလိုက်ခံရသူကြားသို့ ၀င်ရောက်နေရာယူလိုက်သည်။ လူသားစားလူရိုင်း
တယောက်အား အလဲထိုးချလိုက်သောအခါ နောက်တယောက်က ခရူးဆိုးအား မြှားနှင့်ချိန်ရွယ်သဖြင့်
ထိုသူအား သတ်ပစ်လိုက်ရသည်။

အထက်ပါအဖြစ်အပျက်များ
လူ့အဖွဲ့အစည်းတရပ်ကို

ဖြစ်ပွားပြီးသည်နှင့်
ထူထောင်လိုက်သည်။

ခရူးဆိုးသည်

လူသားနှစ်ယောက်ပါသော

လူရိုင်းများလက်မှ

ကယ်တင်လာသောသူအား

ဖရိုင်းဒေးဟု အမည်ပေးလိုက်သည်။ သူက
ို့ သခင်ဟု ခေါ်ရန် ခရူးဆိုးက ဖရိုင်းဒေးအား သင်ထားသည်။
အစပိုင်းတွင် ဖရိုင်းဒေးအား စိတ်ချယုံကြည်မှု အပြည့်အ၀မရှိသေး။ ညအိပ်ရာတွင် ပိတ်ထားသော တံခါး
နောက်ကွယ်တွင်သာ သူအိပ်ပြီး၊ သူ့မျက်စိရှေ့တွင် ရှိနေချိန်မှလွဲ၍ ဖရိုင်းဒေးလက်ထဲတွင် လက်နက်များ
မရှိစေရန် သူသတိထားသည်။

ထိုသို့သော

အခြေအနေမှ

ယုံကြည်မှုများ

တဖြည်းဖြည်းချင်းသူတို့နှစ်ယောက်ကြားမှ

တိုးတက်လာသည်။

ဆက်ဆံရေးအခြေအနေမှာ

တဦးပေါ်တဦး

သခင်နှင့်

စိတ်ချ

ကျွန်ဆက်ဆံရေးပင်

ဖြစ်သော်လဲ အတူတကွ မိတ်ဆွေ၊ အပေါင်းအသင်းကဲ့သို့ နေထိုင်ရန် သူတို့ စတင်လေ့လာစပြုလာသည်။

မကြာမီအချိန်၍

လူသားနှစ်ဦးသာရှိသော

လူ့အဖွဲ့အစည်းအတွင်းသို့

အခြားလူသားနှစ်ဦး

ထပ်မံရောက်ရှိလာသည်။ လူသားစားလူရိုင်းများလက်မှ ထွက်ပြေးလွတ်မြောက်လာသူများပင် ဖြစ်သည်။

“ကျွန်ုပ်၏ ကျွန်းပေါ်၌ လူသားများ တိုးတက်လာသည်နှင့်အမျှ၊ ကျွန်ုပ်၌ တစတစ ပြီးပြည့်စုံလာသည်ဟု
ခံစားရသည်။ မိမိကိုယ်ကိုလဲ ရှင်ဘုရင်ကဲ့သို့ ထင်မြင်လာသည်။ ပထမဦးစွာ တိုင်းပြည်တခုလုံးအား
ကျွန်ုပ်ပိုင်ဆိုင်သည့်

ဥစ္စာပစ္စည်း

အာဏာတည်မြဲမည်ဖြစ်သည်။

အဖြစ်သို့
ထို့နောက်

သွတ်သွင်းရသည်။
ကျွန်ုပ်၏

သို့မှသာ

ကျွန်ုပ်၏

နိုင်ငံသားများအလုံးစုံ

အုပ်ချုပ်မှု

သစ္စာ

ခံစေရန်

ဆောင်ရွက်ရသည်။ ကျွန်ုပ်သည်သာ အရှင်သခင်၊ ဥပဒေပြုသူဖြစ်သည်။ ၄င်းတို့သည် အသက်နှင့်
ခန္ဓာကို ကျွန်ုပ်ထံ၌ ပေးလှူထားရပြီး၊ ကျွန်ုပ်သည်သာ သက်ဦးဆံပိုင်ဖြစ်သည်“ ဟူ၍ ခရူးဆိုးက
ရေးသားခဲ့သည်။

ထိုမှတဖန်

အသစ်ဖြစ်ပွားလာသော

ခရူးဆိုးလွတ်မြောက်ပြီး

အဆိုပါကျွန်းလေး၏

အင်္ဂလန်သို့

နောက်တဆင့်

ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံရေးကြောင့်

သည်တကြိမ်

ကျွန်းပေါ်သို့

ထပ်မံရောက်လာသူများမှာကား အင်္ဂလိပ်သင်္ဘောသားများဖြစ်သည်။ လူသားစားလူရိုင်းများ နည်းတူပင်
သင်္ဘောသားများသည်လည်း နှစ်အုပ်စုကွဲနေသည်။ စားမည့်သူနှင့် အစားခံရမည့်သူများကားမဟုတ်။
ပုန်ကန်ဖီဆန်သူများနှင့် သူတို့၏ ဓားစားခံဖြစ်နေသော အရာရှိနှစ်ဦးနှင့် ခရီးသည်များ အုပ်စုနှစ်စု
ကွဲနေခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေတွင် ခရူးဆိုးသည် အရေးနိမ့်သူများဘက်မှ ကူညီရန်
ဆုံးဖြတ်လိုက်သည်။

ယင်းဆုံးဖြတ်ချက်နှင့်အညီ

ပုန်ကန်သူသင်္ဘောသားများ

အရာရှိအုပ်စုသို့ သူချဉ်းကပ်ကာ သူ၏
ကမ်းလှမ်းချက်နှစ်ရပ်ကို
အကူအညီပေးမည်

စူးစမ်းလေ့လာနေခိုက်

အဆိုပြုချက်ကို တင်သွင်းသည်။ သူ၏

လိုက်လျောပါက

ဟူ၍ဖြစ်သည်။

ကျွန်းပေါ်တွင်

ယင်းတို့အား

ကမ်းလှမ်းချက်

ရန်သူလက်မှ

အမှတ်(၁)မှာ

အဆိုပြုချက်မှာ
လွတ်မြောက်ရန်

ကျွန်းပေါ်တွင်

နေထိုင်စဉ်

ကာလတလျှောက် သူ၏အာဏာအား လှည့်ဖြားခြင်း မပြုရန်ဖြစ်ပြီး၊ ကမ်းလှမ်းချက် (၂)မှာ သင်္ဘောအား
ပြန်လည်ရယူနိုင်ပါက ခရူးဆိုးနှင့် သူ့လူများအား အင်္ဂလိပ်ရေလက်ကြားသို့ ပို့ဆောင်ပေးရန်ဖြစ်သည်။

ကမ်းလှမ်းချက်ကို
ပုန်ကန်သူများအား

လက်ခံသဖြင့်
အတူတကွ

ခရူးဆိုးသည်

ဝိုင်းဝန်းနှိမ်နင်းကာ

ထိုသူများအား

လက်နက်တပ်ဆင်ပေးပြီး

ခေါင်းဆောင်အား

ကြိုးပေးသတ်လိုက်သည်။

ငယ်သားများအား

လက်နက်ဖြုတ်သိမ်းပြီး

ကျွန်းပေါ်တွင်

နေရစ်ခဲ့မည်လား

(သို့မဟုတ်)

သံခြေကျင်းခတ်ကာ အင်္ဂလန်သို့ ခေါ်ဆောင်ပြီး ကြိုးပေးရမည်လား ဆိုသည်ကို ရွေးချယ်ခိုင်းသည်။
အသက်ရှင်မှုကို ရွေးချယ်ကြသဖြင့် ထိုသူများအား ကျွန်းပေါ်တွင် ထားရစ်ခဲ့ကာ ခရူးဆိုးနှင့် သူ၏
မဟာမိတ်များသည် အင်္ဂလန်သို့ ချောမောစွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

စာရေးဆရာ ဒယ်နီရယ်ဒီဖိုး ဖန်တီးထားသော ရောဘင်ဆန်ခရူးဆိုး၏ အထက်ပါ အတွေ့အကြုံများသည်
ကျွန်ုပ်တို့အား

နိုင်ငံရေးဆိုသည်ကို

နိုင်ငံရေးဟူသည်

တစိတ်တပိုင်း

လူတို့နေထိုင်အသက်ရှင်

မီးမောင်းတိုးပြထားခြင်းသာ

လုပ်ကိုင်စားသောက်မှုဆိုင်ရာ

ဖြစ်သည်။
အခြေအနေ

သဘောတူညီချက်များကို ဖော်ထုတ်တွေ့ရှိခြင်း၊ ပြဌာန်းခြင်း စသည်တို့နှင့် ပတ်သက်ဆက်စပ်သည့်
အရာပင် ဖြစ်သည်။ ခရူးဆိုး၊ ဖရိုင်းဒေး၊ ပေါ်တူဂီသင်္ဘောသား၊ ဖရိုင်းဒေး၏ဖခင်၊ အင်္ဂလိပ်ကက်ပတိန်၊
သူ့အစေခံနှင့် ခရီးသည်များ အားလုံးတွင် ရေတိုအကျိုးစီးပွား တခုရှိနေကြင်္ပြး၊ ယင်း အချက်ကပင်
ခရူးဆိုးအား ဘုရင်နှင့် အာဏာပိုင်ကဲ့သို့ ထင်မှတ်စေခဲ့သည်။ ထိုသို့သော အကျိုးတူစီးပွားစိတ်မျိုးသည်
ရန်သူများရှိနေစဉ်ကာလတွင် ပေါ်ပေါက်လာတတ်သည်။

ခရူးဆိုး၏

ကိုယ်တွေ့အဖြစ်အပျက်များကို

ရှင်သန်ရပ်တည်နိုင်မှု၊

ကြည့်ခြင်းဖြင့်

လူသူမရှိ

ထွက်ပြေးလွတ်မြောက်နိုင်မှုများကို

ကျွန်းပေါ်တွင်

သူ၏ကိုယ်တွင်းတွင်

သူဤကဲ့သို့
ရှိနေသော

စိတ်အင်အား၊ လိမ္မာပါးနပ်မှုနှင့် ကောင်းမွန်သော ကံကြမ္မာများက ပံ့ပိုးပေးခဲ့ကြောင်း တွေ့မြင်ရသည်။
ဤမျှမကသေး။

ပို၍အရေးကြီးသော

အရာကား

သတ္တိနှင့်

အသက်ရှင်ရပ်တည်ချင်သော

စိတ်ဆန္ဒပင်ဖြစ်သည်။

ခရူးဆိုးကား လွတ်လပ်သူတယောက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အထီးကျန်ဖြစ်ပြီး၊
သူဘာလုပ်လုပ် သူ့အား လိုက်လံကြည့်ရှုနေသူတယောက်မျှ မရှိသောကြောင့်ပင်ဖြစ်သည်။ အခြား
တဘက်မှ

ကြည့်ပြန်လျှင်လဲ

သူ့ဘ၀တွင်

ကျေနပ်ဖွယ်ရာ

မရှိဟု

ဆိုနိုင်ပြန်သည်။

သူ့တွက်

သူ့အင်အားနှင့် အသိဥာဏ်ကို အသုံးချ၍ ရုန်းကန်ရှာဖွေရမည့် အစားအစာ၊ ခိုလှုံရာ အမိုးအကာ၊
တိရစ္ဆာန်များနှင့် လူသားစား လူရိုင်းများရန်မှ လုံခြုံရေးရာဆိုင်ရာ လိုအပ်ချက်များ ရှိနေပြန်လေသည်။

ထိုလိုအပ်ချက်များ ပြည့်စုံရန် ကြိုးစားရင်း ခရူးဆိုးသည် လွတ်လပ်မှု၊ အေးချမ်းမှု၊ လုံခြုံမှုများကို
ရုန်းကန်လှုပ်ရှား အလုပ်လုပ်ခြင်းဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။

ကံကောင်းသည့်အချက်မှာ

သူ၏ကျွန်းပေါ်တွင်

အမျိုးသမီးတယောက်မျှမရှိခြင်း၊

ကျွန်းပေါ်သို့

ထပ်မံရောက်ရှိလာသူများမှာလဲအမျိုးသမီးတယောက်မျှ မပါခြင်းတို့ကြောင့် မျိုးပွားခြင်း၊ မျိုးဆက်များအား
ပြုစုပျိုးထောင်ခြင်းဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်များအား ရင်ဆိုင်ဖြေရှင်းရန်လည်း မလိုတော့ပေ။
ကျွန်းပေါ်မှ သူ၏အချိန်အများစုတွင် အလုပ်နှင့် ပတ်သက်၍သော်လည်းကောင်း၊ သဘာဝသယံဇာတများ
သုံးစွဲခြင်းနှင့် ပတ်သက်၍သော်လည်းကောင်း၊ မည်သည့် ပြဿနာများကိုမှ မတွေ့ရပါ။ မည်သူမျှ
မရှိခြင်းကြောင်း ကိုယ်လိုရာကိုယ်ရယူနိုင်လေသည်။

“နိုင်ငံရေးဆိုတာဘာလဲ“ ဟူသည့် မေးခွန်း၏ အခြေကို ရှာဖွေရာတွင် အဘယ်ကြောင့် စိတ်ကူးယဉ်
ကျွန်းပေါ်မှ စိတ်ကူးယဉ်ဇာတ်ကောင်ဖြင့် စတင်ရသနည်း။ ဂျူဒီယို ခရစ်ယာန် ဘာသာ၏ မူလအစအား
ဖော်ပြရာတွင် အေဒင်ပန်းခြံအတွင်းမှ အာဒန်နှင့် ဧ၀အကြောင်းတို့ဖြင့် စတင်သကဲ့သို့ ဖြစ်ပါသည်။
နိုင်ငံရေးဟူသော စကားလုံး၏ အနက်ကို ဖော်ဆောင်ရန် လူသားတို့၏ အခြေခံလိုအပ်ချက်များကို
ဖော်ကျူးမည့် ရိုးရှင်းသော လူမှုစီးပွား အခြေအနေများကို နားလည်ရန် လိုအပ်သောကြောင့်ပင်ဖြစ်သည်။

ခရူးဆိုး၏

ပုံပြင်ကို

ကြည့်ခြင်းဖြင့်

လူသားအားလုံးနှင့်

ဆက်စပ်သော

အခြေအနေတခုကို

ကောက်ချက်ဆွဲ၍ ရသည်မှာကား မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အခြေအနေမျိုးတွင်မဆို
လူသားသည်

လူ့ဘောင်အဖွဲ့အစည်းတခု

တည်ထောင်ရန်

အားထုတ်သည်ဆိုခြင်းပင်ဖြစ်သည်။

လူ့ဘောင်အဖွဲ့အစည်းများ အဘယ်ကြောင့် လိုအပ်ပါသနည်း။ အဓိကအချက်လေးချက်ရှိပါသည်။

ပထမအချက်မှာ အစားအစာနှင့် အမိုးအကာ လိုအပ်ချက်ဖြစ်သည်။ ဒုတိယကား မျိုးဆက်ပျံ့ပွားရန်နှင့်
မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ရန် လိုအပ်ချက်ဖြစ်သည်။ တတိယအချက်မှာကား ပထမအချက်
နှစ်ရပ် ပြည့်စုံဖူလုစေရေးအတွက် အလုပ်လုပ်ရန် လိုအပ်ချက်ဖြစ်သည်။ နောက်ဆုံးအချက်မှာကား
တယောက်နှင့်တယောက် ညီညွတ်မျှတစွာ နေထိုင်ရန် လိုအပ်ချက်ဖြစ်သည်။

လူသားသမိုင်းတွင် မည်သည့်အချိန်မှစတင်၍ မျိုးဆက်ပြန့်ပွားမှု စတင်ခဲ့သည်ကို မသိနိုင်ပါ။ သို့ပေမယ့်
ကျွန်ုပ်တို့သိသည်ကား ဆယ့်ကိုးရာစု မတိုင်ခင်အထိ လူသားသမိုင်းအဆက်ဆက်တွင် အရေးကြီးဆုံး
တာဝန်ကား အစားအစာနှင့်အမိုးအကာ လုံလောက်ရေးအတွက်ပင်ဖြစ်ပြီး၊ လူသားမျိုးနွယ် အများစုသည်
ထိုအရေးကိုသာ အာရုံစိုက်ခဲ့ကြသည်။ မြို့ပြများ တည်ရှိမှုကို ကြည့်ခြင်းအားဖြင့် လူအများသည်
သူတို့နေထိုင်ရာ

လူ့ဘောင်တွင်

လယ်ယာစိုက်ပျိုးခြင်းကို

လုပ်ကိုင်ရန်

မလိုပဲ

စားနပ်ရိက္ခာ

ဖူလုံမှုရှိနေသည် ဟု ဆိုနိုင်သည်။

နှောင်းပိုင်းကာလများတွင်ကား ကျေးလက်လူနေမှု ဘ၀၊ ကျေးလက်စိုက်ပျိုးရေး လုပ်ငန်းများ၊ ကျွဲနွား
ကျောင်းခြင်းများ

ပိုမိုကျယ်ပြန့်လာခဲ့သည်။

(၁၉၂၀)

ကျေးလက်နေပြည်သူများက

မြို့ပြနေပြည်သူများထက်

ဗြိတိန်နှင့်

နိုင်ငံများကတော့

ဘယ်လဂျီယံ

ထိုကာလများ၌

အဆိုပါနိုင်ငံများတွင်

နှောင်းပိုင်း
ပိုမို

ကာလ

များပြားလေသည်။

ခြွင်းချက်ပင်ဖြစ်သည်။

မြို့ပြနေသူများက

အမေရိကန်နိုင်ငံတွင်
(၁၉၀၀)ပြည့်နှစ်

အဘယ်ကြောင့်ဆိုသော်

ကျေးလက်ထက်

ပိုမိုများပြား

ဖော်ပြနေခြင်းမှာ

ကျွန်ုပ်တို့၏

သောကြောင့်ဖြစ်သည်။

ယင်းကဲ့သို့

အစားအစာ

ထုတ်လုပ်မှုကို

အဓိကထား

ရှေးဘိုးစဉ်ဘောင်ဆက်တို့သည် မည်မျှရိုးရှင်းသော ဘ၀များတွင် နေထိုင်ခဲ့ကြသည်ကို ဖော်ကျူးလို၍
ဖြစ်သည်။ သူတ၏
ို့
သဘာဝ တရား၏ ပြဌာန်းချက်များအတိုင်းသာ နေထိုင်ခဲ့ကြသည်။ ရိုးရှင်းသော
ကိရိယာတန်ဆာပလာများဖြင့်သာ ဘ၀ကို တည်ဆောက်ခဲ့ကြသည်။ ရိုးရှင်းသော ကိရိယာတန်ဆာ
ပလာများဖြင့်သာ ဘ၀ကို တည်ဆောက်ခဲ့ကြသည်။ ရှေးယခင်က ဆောက်လုပ်ခဲ့သော ကျောင်းတော်ရာ
များ၊ စက်အင်ဂျင်များ၊ ကရိန်းများ စသည်တို့မှာ အလွန်ပင် ရိုးရှင်းပါသည်။

ယခုကျွန်ုပ်တို့ နေထိုင်ရသော ခေတ်ကာလ အခြေအနေများသည်ကား ဘိုးစဉ်ဘောင်ဆက်က ဘဝ
အခြေအနေတို့နှင့် သိသာစွာ ကွဲပြားလာလေသည်။ အဘယ်ကြောင့်ဆိုသော် ဘ၀အတွက် လိုအပ်သော
အစားအစာ၊

အမိုးအကာ၊

အ၀တ်အစား၊

ဆက်သွယ်ရေး၊

သယ်ယူပို့ဆောင်ရေး၊

ဖျော်ဖြေရေး

စသည်တို့ကို

ရှာဖွေသည့်

ထိုကိရိယာများကြောင့်

ကိရိယာတန်ဆာများ

လူသားတို့၏

တစတစ

ထုတလ
်ုပ်မှုများ

တိုးတက်များပြားလာ၍

တိုးပွားလာကာ

နေထိုင်မှု

ဖြစ်သည်။
ဘ၀များလဲ

ချဲ့ကားလာကြသည်။

သို့ဖြစ်ရာ နည်းပညာနှင့် နိုင်ငံရေးတို့အကြား ဆက်နွယ်မှုကို လျစ်လျူရှု၍ မရပါ။ ခေတ်သစ်နိုင်ငံရေး
သိပ္ပံတွင် နည်းပညာ တိုးတက်မှုများ၏ အကျိုးဆက်များသည် ဗဟိုချက်မအဖြစ်နေရာယူလာသည်မှာ
ခရူးဆိုးနှင့် သူ့လူများသာသိလျှင် အံ့မခန်း ဖြစ်ကြပေလိမ့်မည်။

ဤသို့နှယ် သဘာဝလောကကြီးအား သိပ္ပံနည်းကျ လေ့လာစူးစမ်းမှုများ တစတစ တိုးတက်များပြား
လာသည်နှင့်အမျှ

တိုးတက်ဖွံ့ဖြိုးမှုများသည်

လူသားတို့အတွက်

ကြီးစွာသော

ကောင်းကျိုးကို

ဖြစ်လာစေခဲ့သည်။ ကျွန်ုပ်တို့ လူ့ဘ၀များတွင် အခက်အခဲ ကြမ်းတမ်းမှုများ များစွာရှိနေလင့်ကစား၊
သက်တမ်းရှည်ရှည် နေရသူများ ပိုမိုများပြားလာသည်။

ကမ္ဘာ့အဆင်းရဲဆုံး

နိုင်ငံများတွင်ပင်

လူ့သက်တမ်းပိုရှည်လာကြောင်း
နိုင်ငံများတွင်မှာကား

လွန်ခဲ့သော

တွေ့ရှိရသည်။

ရာစုနှစ်တ၀က်အတွင်း

နှစ်ပေါင်းငါးဆယ်ခန့်ကာလနှင့်

ဖွံ့ဖြိုးတိုးတက်မှုနှုန်း
လူ့သက်တမ်းသည်

နှိုင်းယှဉ်ပါက

အလွန်မြန်သော
နှစ်ဆမက

ဂျပန်ကဲ့သို့

ပိုရှည်လာသည်။

နောက်ဆုံးလူဦးရေ ထိန်းချုပ်မှုကို ကြောက်မက်ဖွယ် နည်းလမ်းများဖြင့် အကောင်အထည်ဖော်နေသော
တရုတ်ပြည်တွင်ပင် လူဦးရေ ပေါက်ကွဲမှုနှုန်း အလွန်ပင် များပြားလျက်ရှိလေသည်။

ဆယ့်ရှစ်ရာစုနှောင်းပိုင်းကာလမှ စတင်၍ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းတွင် အရှိန်ပိုမြင့်လာသော လူဦးရေ
တိုးတက်များပြားလာမှုများ၏

အခြေခံအကြောင်းရင်းမှာ

အစားအစာ

ထုတ်လုပ်မှုနှင့်

ကျန်းမာရေး

စောင့်ရှောက်မှုများတွင် ကြီးစွာသော ဖွံ့ဖြိုးတိုးတက်မှုများကြောင့် ဖြစ်သည်။ ယနေ့ခေတ်ကာလများ၌
အစာရေစာရှားပါးမှုပြဿနာမှာ
လူ့အဖွဲ့အစည်းများတွင်

ရှေးယခင်ကာလများလောက်

ယင်းပြဿနာ

ကြုံရသည်

မဆိုးဝါးတော့ပါ။

ဆိုခြင်းမှာလည်း

ကမ္ဘာကြီး၌

အချို့သော
အစာရေစာ

ရှားပါးခြင်းကြောင့် မဟုတ်ပဲ အဆိုပါ လူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ

ယိုင်နဲ့မှုများကြောင့်သာ ဖြစ်သည်။ သို့ရာတွင် နေရာတနေရာ၌ အစာရေစာ ရှားပါးမှု ဖြစ်ပွားသည့်
အခါတိုင်း အခြားပေါများသော နေရာမှ အစာရေစာများကို နည်းမျိုးစုံဖြင့် သယ်ယူပို့ဆောင်ဝေငှမှုများ
ရှိလာခဲ့လေပြီ။

ရောဂါဘယများနှင့် ပတ်သက်လျှ င်လဲ ထိုနည်းတူပင် ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်များတွင်
လူသားများ သေဆုံးမှုများသည် အသက်ကြောင့်သော်လည်းကောင်း၊ မျိုးရိုးဗီဇဆိုင်ရာ၊ ဆဲလ်ဆိုင်ရာ
ရောဂါများကြောင့်သာ

အဖြစ်များလေသည်။

တချိန်က

လူသားများစွာ၏

အသက်ဇီဝိန်ကို

ချုပ်ငြိမ်းစေခဲ့သော ကျောက်ရောဂါကဲ့သို့ ရောဂါမျိုးမှာ ကမ္ဘာပေါ်မှ ပျောက်ကွယ်ခဲ့ရုံမက လူသန်းပေါင်း
များစွာကို သေကြေပျက်စီးစေခဲ့သော ၀မ်းရောဂါ၊ အဆုတ်နာစသော ရောဂါများမှာလဲ အချို့သော
နိုင်ငံများမှအပ နေရာတော်တော်များများတွင် ဖြစ်ပွားမှုနှုန်း နည်းပါးလာခဲ့သည်။

နှစ်ဆယ်ရာစုအတွင်းတွင် အများဆုံးဖြစ်ပွားခဲ့သည့် ရောဂါကား နိုင်ငံရေးရောဂါများဖြစ်သည့် စစ်ပွဲများ၊
လူမျိုးရေး မုန်းတီးမှု အဓိကရုန်းများ စသည်တို့ကြောင့် ဖြစ်သည်။ သို့ရာတွင် အဆိုပါရောဂါများသည်
ကမ္ဘာ့လူဦးရေ တိုးပွားမှုနှုန်းကိုကား မတားဆီးနိုင်ခဲ့ပေ။

လူဦးရေတိုးပွားလာသည်နှင့်အမျှ ကုန်စည်နှင့် ၀န်ဆောင်မှုများကို စားသုံးမှုနှုန်းများမှာလဲ တစတစ
ကြီးထွားလာသည်။

ယင်းကဲ့သို့

စားသောက်နေထိုင်ခွင့်၊

ကမ္ဘာအနှံ့

ခရီးသွားလာနိုင်ခွင့်အခွင့်အလမ်းများ

ရပိုင်ခွင့်များ

မတူသည်နှင့်အမျှ

လူသားများ၏

ဥစ္စာပစ္စည်း

ပိုင်ဆိုင်ခွင့်၊

ပိုမိုများပြားလာသော်လည်း
ရုပ်ဝတ္ထုနောက်သို့

လိုက်ပါသော

စည်းစိမ်ခံခွင့်၊
လူတဦးနှင့်တဦး
စိတ်များသည်

ကျွန်ုပ်တို့၏ ဘိုးဘွားများ လက်ထက်ကထက် ပိုမိုမြင့်မားလာသည်။

ဆက်သွယ်ရေးနည်းစနစ်များ တိုးတက်လာခြင်းကြောင့် ကမ္ဘာကြီးသည် ရွာကြီးသဖွယ် ဖြစ်သွားကာ
တနေရာတွင် ဖြစ်ပေါ်နေသော အဖြစ်အပျက် အကြောင်းအရာများသည် မိုင်ပေါင်းများစွာ ဝေးကွာသော
နောက်တနေရာမှ လူသားများဆီသို့ စက္ကန့်ပိုင်းအတွင်း သတင်းရောက်သွားသည်။အကယ်၍ ထိုသို့သော
အကြောင်း အချက်များကို သိပ္ပံနှင့် နည်းပညာ၏ ကောင်းကျိုးများအဖြစ် ကျွန်ုပ်တို့ ယူဆသည်ဆိုပါက

အခြားတဘက်မှ ဆိုးကျိုးများအဖြစ် ကျွန်ုပ်တို့ ယူဆသည်ဆိုပါက အခြားတဘက်မှ ဆိုးကျိုးများကိုလဲ
ကျွန်ုပ်တို့ တွေ့မြင်တတ်ရပေမည်။

စစ်ပွဲများကို

နိုင်ငံရေးရောဂါများအဖြစ်

ကြည့်မြင်လိုက်သည်နှင့်

ထုတ်လုပ်ထားသည့်

လက်နက်ခဲယမ်းများ၏

စဉ်းစားရပေမည်။

အသေအချာလေ့လာကြည့်မည်ဆိုပါက

လက်နက်များ

ထုတ်လုပ်မှု၊

အစာရေစာရှားပါးမှု၊

ရောဂါတခုကဲ့သို့

ရန်သူ့တပ်များအား

ပလိပ်ရောဂါ

တိုးတက်သော

သတ်ဖြတ်နိုင်မှုအားကို
နူးကလီးယားဗုံးများ

နာရီပိုင်းအတွင်း

စသည်များထက်

နည်းပညာဖြင့်

ချေမှန်းနိုင်မှု

လူ့အသက်ဇီဝိန်ကို

ထည့်သွင်း
ထုတလ
်ုပ်မှု၊

စသည်များသည်

နှုတ်ယူနိုင်မှု

စွမ်းအား

ပိုမိုမြင့်မားပါသည်။

ထို့အပြင်

နည်းပညာပြောင်းလဲမှုများသည်

လူ့အဖွဲ့အစည်းအား

မတည်ငြိမ်ရှုပ်ထွေးမှုများ

ဖြစ်ပွား

စေခဲ့သည်။ လူသားများ၏ စွမ်းအားနေရာတွင် စက်စွမ်းအားများက နေရာယူလာသည်။ လျှပ်စစ်ပစ္စည်း
ကိရိယာများသည်

မြောက်မြားစွာသော

ခေတ်မှီနည်းပညာရပ်များတွင်
လုပ်သားများဖြစ်လာပြီင်္း

စာရေးစာချီ

ဝန်ထမ်းများအား

ကျွမ်းကျင်သူများကသာ

ပညာရေးချို့တဲ့သူများ၊

အစားထိုးလိုက်သည်။

လူ့အဖွဲ့အစည်းအတွက်

ခေတ်နှင့်အညီ

ပြောင်းလဲရန်

အဓိက
ထက်မြက်မှု

မရှိသူများအတွက်ကား တစတစ နောက်ကျန်နေရစ်ခဲ့ရတော့သည်။

အခြားအရေးကြီးသော အချက်မှာကား လွန်ခဲ့သော အနှစ်နှစ်ရာကာလအတွင်း ကျွန်ုပ်တို့လူသားများ
ကမ္ဘာကြီးပေါ်မှ ထုတ်ယူသုံးစွဲခဲ့သည့် ရေနံ၊ သဘာဝဓာတ်ငွေ့များနှင့် စပ်ဆိုင်သည့် အကြောင်းအရာ
များဖြစ်သည်။

အဆိုပါတွင်းထွက်ပစ္စည်းများအား

လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊

မော်တော်ကား၊

လေယာဉ်များ၏ လောင်စာဆီများအတွက် မြောက်မြားစွာ သုံးခဲ့ကြသည်။ ယင်း၏ အကျိုးဆက်ကား
ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ပြောင်းလဲမှုများ အဆမတန် များပြားလာခြင်းဖြစ်သည်။ အကယ်၍
ဘုရားသခင်သာ လူသာူတို့ ဆုံးဖြတ်လုပ်ကိုင်လည်ပတ်နေသော ကမ္ဘာ့ယန္တရားကြီးအား ကြည့်ရှုနေမည်
ဆိုပါက လူသားတို့ ကြာရှည်စွာ အသက်ရှင်ရပ်တည်ရေး ရနိုင်ပါဦးမည်လား ဟု တွေးနေပေလိမ့်မည်။

သို့ဖြစ်ရာ အသက်ရှင် ရပ်တည်ရေး ပြဿနာကား ကျွန်ုပ်တို့၏ အဓိကပြဿနာပင် ဖြစ်နေပေသေးသည်။
သို့ရာတွင် ရောဘင်ဆန်ခရူးဆိုး ကျွန်းပေါ်တွင် ကြုံတွေ့ခဲ့သည့် ရိုးရှင်းသော အသက်ရှင်ရပ်တည်ရေး
နိုင်ငံရေးကြားတွင်ကား

မဟုတ်။

ကျယ်ပြန့်နက်နဲလှသော

ကမ္ဘာလောကကြီး၏

ရှုပ်ထွေးသော

နိုင်ငံရေးအကြားတွင်ဖြစ်သည်။ မည်သို့ဆိုစေ ရှေးယခင် ဘိုးဘွားများလက်ထက်က ပြုလုပ်ခဲ့ရသည့်
ရွေးချယ်မှု၊ ဆုံးဖြတ်မှုဆိုင်ရာ အချက်ကြီးနှစ်ခုကိုတော့ ရှောင်လွှဲ၍ မရပါ။ ဤသည်ကား

(၁) ငါတိဘ
ု့ာလုပ်ကြမှာလဲ
(၂) ငါတိဘ
ု့ ယ်လို လုပ်ကြမှာလဲ

ဆိုသည့် အချက်နှစ်ရပ်ဖြစ်ပြီး၊ ထိုအချက်နှစ်ရပ်ကပင် ကျွန်ုပ်တို့ပြောနေသော နိုင်ငံရေး ဆိုတာပင်
ဖြစ်တော့သည်။

နိုင်ငံရေးဟူသည် လွှတ်တော်များ၊ ပါတီများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ၊ ဆန္ဒမဲပေးမှုများ၊
သံတမန်ရေးရာများ၊ အာဏာခွဲဝေမှုများ၊ နိုင်ငံရေးခံယူချက်များ၊ အတွေးအခေါ်များကိုသာ ခေါ်ဆိုသည်
မဟုတ်ပါ။

ထိုအရာများသည်

နိုင်ငံရေး၏

ရှုထောင့်မျိုးစုံသာ

ဖြစ်ပါသည်။

ဥပမာအားဖြင့်

လွှတ်တော်ဟူသည် လေ့လာစရာ၊ အလည်သွားစရာ နေရာလောက်မျှတင်မဟုတ်ပါ။

ကမ္ဘာ့ကုလသမဂ္ဂဆိုသည်မှာလဲ
ဇာတ်စင်တခု

မဟုတ်ပါ။

နိုင်ငံများနှင့်

လွှတ်တော်များ၊

ခေါင်းဆောင်များ
ပါတီညီလာခံများ၊

ကပြအသုံးတော်

ခံနေသည့်

ကမ္ဘာ့ကုလသမဂ္ဂစသည်များသည်

ရွေးချယ်မှုများ ပြုလုပ်ဆုံးဖြတ်ရာ နေရာများသာ ဖြစ်သည်။ ရွေးချယ်မှုများသည် အလွန်သေးငယ်သော
အကြောင်းအရာများနှင့်ပင် ပတ်သက်နေစေကာမူ သန်းပေါင်းများစွာသော လူထုကြီး၏ ကံကြမ္မာကို
အဆုံးအဖြတ် ပေးမည့် အရာများ ဖြစ်ပါသည်။

သို့ဖြစ်ရာ လူသားတို့၏ နိုင်ငံရေး၊ လူမှုရေး ပြဿနာများဟူသည် အစဉ်တစိုက် လူ့ဘောင်လောကတွင်
တည်ရှိနေသည့် အရာများဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က ဆိုကရေးတီး၊ ပလေတို၊

အရစ်တိုတယ်တို့ ဆွေးနွေးခဲ့ကြသည့် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူရည်မျှမှု အနှစ်သာရများအား
ယနေ့ခေတ်အထိ လေ့လာဆွေးနွေးနေကြရဆဲ ဖြစ်လေသည်။

လူသားတို့၏

သဘာဝ

လိုအပ်ချက်များသည်

အစဉ်အမြဲ

ရှိနေမည်ဖြစ်ပြီး၊

လွတ်လပ်မှုအား

ကန့်သတ်ချက်ဆိုသည်မှာလဲ အနည်းနှင့်အများ ရှိနေမည်သာဖြစ်ပါသည်။ ပမာဆိုရသော် ဘောလုံးပွဲ
တခုတွင် တဦးချင်းအလိုက်၊ အသင်းအလိုက် လိုက်နာရမည့် စည်းကမ်းများ ရှိနေသကဲ့သို့ပင် ဖြစ်သည်။

သို့ရာတွင် နိုင်ငံရေးဟူသည် ကစားပွဲတခု မဟုတ်ပါ။ လူသားတို့သည် ဘောလုံးပွဲစည်းကမ်းကဲ့သို့သော
စည်းကမ်းနည်းလမ်းများကို သတ်မှတ်ခဲ့ကြပြီး ထိုစည်းကမ်းချက်များကပင် ကစားပွဲများ ကျင်းပရာတွင်
ပြဌာန်းချက်များ

ဖြစ်လာခြင်းဖြစ်သည်။

ပြဌာန်းချက်များသည်

လူများက

ပြဌာန်းထားခြင်းသာ

ဖြစ်လေသည်။

နိုင်ငံရေး၌မူကား

နိုင်ငံရေး၏

ဖန်တီးထားသည့်အရာများ
အဆိုပါ

အခြေခံသဘောတရားများ၊

မဟုတ်ပါ။

ပြဌာန်းချက်များသည်

ပျက်စီး

သဘာဝတရားက
ကျိုးပဲ့တတ်ပြီး

ထိုပျက်စီးမှုများ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းလှသော အကျိုးဆက်များက လိုက်ပါတတ်
လေသည်။

လူသားများသည်

သဘာဝတရားကို

နားလည်ကြသော်လည်း

သဘာဝတရားကို

ထိန်းချုပ်နိုင်စွမ်း မရှိကြပါ။ ထိုအမှန်တရားသည်လည်း နိုင်ငံရေး၏ အစပင်ဖြစ်သည်။

နိုင်ငံရေးဟူသည်

ကစားပွဲတခုမဟုတ်ပါ။

သို့ရာတွင်

ကစားပွဲတခုကဲ့သို့

ပြောင်းလဲနိုင်ရန်

အားထုတ်ခြင်းသည် လူသားတို့၏ မျှော်လင့်ချက်ပင်ဖြစ်သည်။ လှုပ်ရှားဆောင်ရွက်မှုများ၌ ပြဌာန်းချက်
များရှိသင့်သည်။

ဤအချက်သည်

လူသားများ

ရှေးယခင်

အစဉ်အဆက်မှစ၍

ကြိုးပမ်း

ဖော်ထုတ်ခဲ့ကြသည့် အဓိကအချက်ဖြစ်ပြီး၊ လူသားများသာမက သက်ရှိသတ္တ၀ါလောကတွင် ပါမကျန်
ဖော်ထုတ်ခဲ့ကြသည်။ သက်ရှိသတ္တ၀ါများ အားလုံးသည် အလုပ်များ ပူးပေါင်းဆောင်ရွက်မှု၊ မျိုးပွားမှု၊
မျိုးဆက်များအား စောင့်ရှောက်ပညာပေးမှု၊ သဘာဝသယံဇာတပစ္စည်းများအား ထိန်းသိမ်းမှု၊ တိုးချဲ့မှု
စသည်တို့နှင့် ပတ်သက်သော ဥပဒေများ၊ ဓလေ့ထုံးစံများကို ဖန်တီးတီထွင်ခဲ့ကြသည်။

ဥပဒေနှင့် ဓလေ့ထုံးစံများသည် အပြုသဘောအားဖြင့် ကောင်းမွန်သော်လည်း တခါတရံ ဖန်တီးသူပေါ်

မူတည်၍ အဆင်မပြေမှုများလည်း ဖြစ်ပေါ်စေတတ်သည်။ ရူပဗေဒပညာရှင် အဲလဘတ်အိုင်းစတိုင်း၏
တွေ့ရှိချက်များသည် ခေတ်သစ်သိပ္ပံဖွံ့ဖြိုး တိုးတက်မှု အတွက် များစွာအထောက်အကူ ပြုခဲ့သည်မှာ
မှန်သော်လည်း

နိုင်ငံရေးဆိုသည်ကား

ပညာရပ်တခုဖြစ်ကြောင်း

ရူပဗေဒ

ပညာရှင်တယောက်က

ဘာသာရပ်ထက်
ဆိုခဲ့ပါသည်။

များစွာ

ခက်ခဲနက်နဲသော

သူ၏အဆိုကား

မှန်ကန်ပါသည်။

နိုင်ငံရေးဟူသော ပညာရပ်သည် ဥာဏ်ပညာ၊ ဆင်ခြင်တွေးခေါ်နိုင်စွမ်း တစုတည်းတွင်ပင် ရူပဗေဒ
ပညာရပ်ထက်

ပိုမိုလက်ဝင်သည်

မဟုတ်။

အကျင့်စာရိတ္တ၊

ကိုယ်ကျင့်တရားနှင့်ပါ

ပတ်သက်စပ်ဆိုင်သောကြောင့် ဖြစ်ပါသည်။ နိုင်ငံရေးဟူသည် တဦးနှင့်တဦး အပြုအမူ၊ အကျင့်အကြံ၊
စိတ်ဆန္ဒလုံးဝမတူညီသော

လူသားတို့အား

နားလည်စေရန်

လေ့လာရသော

ပညာရပ်ဖြစ်သဖြင့်၊

ဒြပ်စင်များအား လေ့လာသည်ထက် ပိုမို ရှုပ်ထွေးနက်နဲမည်ကတော့ အသေအချာပင် ဖြစ်ပါသည်။

ရည်ညန
ွှ်း

Aristotle (1962[350BC]) The Politics, Middlesex, Penguin Books
Bentham, J. (1789) An Introduction to the Principles of Morals and Legislation, Oxford, Clarendon Press
Ferns, H.S. & Watkins, K. W. (1985) 'Politics is about People' in What Politics is about, London, Sherwood
Fukuyama, F. (2002) Our Posthuman Future: Consequences of the Biotechnology Revolution, London, Profile
McKibben, B. (2003) Enough: Staying Human in an Engineered Age, New York, Times Books

ရေးသားတင်ပြသူ
ထုတ်ဝေသည့်ရက်စွဲ

- ခင်မမမျိုး
- ဒီဇင်ဘာလ၊ ၂၀၁၀ ခုနှစ်