ဒေါက်တာလွဏ်းဆွေ (သို့မဟုတ်) ဆရာဝန်မလုပ်တဲ့ ဘလော့ဂါ

ရဲနွယ်မိုး (မောက္ခပညာရေးမဂ္ဂဇင်း) မေးမြန်းတင်ဆက်သည်
မေး ။

။ ကဲ … ဆရာလွဏ်းရေ ... ဗျူးတော့မယ်ဗျာ။ ဆရာတို့ ညီအစ်ကို လေးယောက်စလုံး ဆရာဝန်တွေလို့

သိရတယ်။ အဲတော့ ဆရာတို့ရဲ့ ငယ်စဉ်ပညာရေးက တော်တော့်ကို ကောင်းခဲ့ပုံပဲ။ ဘယ်လိုဆရာတွေ မိဘတွေနဲ့
ငယ်ငယ်က သင်ယူခဲ့ရသလဲ။ ငယ်စဉ်ပညာရေးနဲ့ ဆရာတို့ တောင်ငူမြို့လေးအကြောင်းရော အမှတ်တရ ပြောပြ
ပါလား။
ဖြေ ။

။ ညီအစ်ကို လေးယောက်စလုံး ဆေးကျောင်းရောက်ခဲ့ပါတယ်။ လေးယောက်စလုံးတော့ ဆရာဝန်မဖြစ်

ခဲ့ပါဘူး။ အစ်ကိုကြီးရယ်၊ ကျနော်ရယ်၊ အငယ်ဆုံး ညီလေးရယ် သုံးယောက်ပဲ ဆရာဝန်ဖြစ်ခဲ့ပါတယ်။ ကျနော့်
အောက်က ညီ (နို့ညှာ) က မန္တလေးဆေးကျောင်းတက်နေရင်း နောက်ဆုံးနှစ်အပိုင်း (ခ) မှာ နိုင်ငံရေးမှုနဲ့ ထောင်
၇ နှစ်ခွဲကျသွားခဲ့တယ်။ ပုဒ်မ ၅ (ည) နဲ့ပါ။ ထောင်က ပြန်လွတ်လာပြီးနောက်ပိုင်း ဆေးကျောင်းပြန်တက်ခွင့်ရ
ပေမယ့် သူက ကျူရှင်ပြတဲ့ အလုပ်နဲ့ အဆင်ပြေနေတာကြောင့် ကျောင်းပြန်မတက်ဖြစ်တော့ဘဲ ကျူရှင်ဆရာအ
ဖြစ်နဲ့ပဲ အသက်မွေးနေပါတယ်။
ညီအစ်ကို လေးယောက်စလုံး ဆေးကျောင်းရောက်တာ ငယ်စဉ်ပညာရေးကောင်းခဲ့တာကြောင့်လို့ ယူဆမယ်ဆို
ရင်တော့ အဲဒီရဲ့ အရင်းခံအကြောင်းတရားတွေထဲမှာ ကျနော့်အမေရဲ့ မောင်းနှင်မှုကျေးဇူးတရားက အဓိကကျ
တယ်လို့ ပြန်တွေးမိပါတယ်။ ငယ်စဉ်က ပညာရေးနဲ့ ပတ်သက်ရင် ကျနော့်အမေက စည်းကမ်းအရမ်းကြီးပါတယ်။
ကျနော်တို့ ညီအစ်ကို လေးယောက်စလုံး သူငယ်တန်းကနေ ၇ တန်းအထိ ကျောင်းက တနေ့တာ သင်ကြားလိုက်
တဲ့ ဘာသာရပ်တွေအားလုံးကို အမေ့ဆီမှာ အလွတ်ပြန်ဆိုပြပြီးမှ ညအိပ်ရာဝင်ရပါတယ်။ ၈ တန်းရောက်မှသာ
အမေက လွှတ်ပေးလိုက်ပြီး ကိုယ့်ဘာသာကိုယ် ကျက်မှတ်ခွင့်ပြုတာပါ။
ကျနော့်အဖေနဲ့ အမေက တောင်ငူမြို့မှာ သင်္ချာဘာသာရပ်ကို သင်ကြားပြသတဲ့ အလွတ်ကျူရှင်ဆရာတွေပါ (အ
စိုးရကျောင်းဆရာတွေ မဟုတ်ပါဘူး)။ အမေက ၅ တန်း၊ ၆ တန်း၊ ၇ တန်းကို သင်ပြပြီး အဖေက ၈ တန်း၊ ၉
တန်း၊ ၁၀ တန်းကို သင်ပါတယ်။ ကျနော့်အမေက တနာရီစာ ကျူရှင်ချိန်ကို တနေ့ မနက် ၂ ချိန်၊ ညနေ ၃ ချိန်
သင်ပါတယ်။ အဖေလည်း ထိုနည်းတူပါပဲ။ တချို့နှစ်တွေမှာတော့ အဖေက ညနေပိုင်း ၄ ချိန်အထိ သင်ရပါတယ်။
ကျနော်တို့ ညီအစ်ကိုတွေ အားလုံးလည်း သင်္ချာနဲ့ပတ်သက်ရင် အမေနဲ့ အဖေ့ဆီမှာပဲ ကျူရှင်တက်ရပါတယ်။

အမေက ညနေကျူရှင်ချိန်တွေပြီးလို့ ကျနော်တို့ မိသားစု စားသောက်ထားတဲ့ အိုးခွက်ပန်းကန်တွေအားလုံးကို
ဆေးကြော၊ အိမ်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ကျနော်တို့ ညီအစ်ကိုတွေ စာပြန်ခိုင်းတာပါပဲ။ ပြန်လို့မပြီးမချင်း သူ
လည်း မအိပ်ဘူး၊ ကျနော်တို့လည်း မအိပ်ရဘူး၊ အဲဒီလောက်ကို မောင်းတာ။ နောက်ပြီး စနေ၊ တနင်္ဂနွေ ကျောင်း
ပိတ်ရက်ကျရင်လည်း တပတ်စာ ဘာသာရပ်တွေကို အမေ့ဆီမှာ အလွတ်ပြန်ရပါတယ်။ လပတ်စာမေးပွဲတွေ၊ အ
စမ်းစာမေးပွဲတွေ၊ အတန်းတင်စာမေးပွဲတွေ နီးပြီးဆိုရင်တော့ သင်ပြီးသမျှ စာတွေအားလုံး အလွတ်ပြန်ပေတော့
ပဲ။
အဲဒါကြောင့်မို့ ငယ်ငယ်ကဆို ကလေးသဘာဝ ဆော့ချင်ပြုချင်တာတောင် စာမရသေးရင် မဆော့ရဲတာကြောင့်
ကျနော်တို့ ကလေးဘ၀မှာ ကစားချိန် နည်းပါးခဲ့တယ်လို့ ပြောရမယ်။ ပညာရေးနဲ့ပတ်သက်ပြီး အမေ့ကို ကြောက်
ရတဲ့စတ
ိကြောင့် စိတ်လတ
ွ်ကိုယ်လွတ် မကစားရဲ၊ မပျော်ရဲခဲ့တာပါ။ ပြီးတော့ ကျနော့်အဖေနဲ့ အမေက စာမရလို့
ပဲဖြစ်ဖြစ်၊ ညီအစ်ကိုချင်း ရန်ဖြစ်လို့ပဲဖြစ်ဖြစ် အမေရိုက်လို့ အဖေ့ဆီ ပြေးကပ်ရင် အဖေ ရိုက်တာကိုပါ ခံရတယ်။
အဲလိုပဲ အဖေရိုက်လို့ အမေ့ဆီ ပြေးကပ်ရင်လည်း အမေကပါ ရိုက်လွှတ်လိုက်တယ်။ တခါတရံ ညီအစ်ကိုချင်း
ရန်ဖြစ်လို့ စိတ်မထိန်းနိုင်ဘဲ ပါးစပ်ကနေ ဖရုဿဝါစာတွေ ဆဲဆိုမိတာကို အမေ ကြားသွားလို့ကတော့ လိမ်ဆွဲ
ချက်က ပါးပြတ်ထွက်မတတ်ဘဲ။
နောက်ပြီး ကျနော်တို့ ညီအစ်ကိုတွေ အခြားဘယ်သူနဲ့ပဲ ရန်ဖြစ်ဖြစ်၊ ကိုယ်က မှားမှား မှန်မှန် အဖေနဲ့ အမေ သိလို့
ကတော့ ရန်ဖြစ်တယ်ဆိုတဲ့ ပုဒ်မနဲ့ကို ကျနော်တို့ကို ဆော်ပလော်တီးတော့တာပဲ။ ပြောရရင် အဖေရော အမေ
ရော ကျနော်တို့ညီအစ်ကိုတွေကို လုံးဝအလိုမလိုက်ဘူး။ တချက်ကလေးမှ မျက်နှာသာမပေးဘူး။ သားယောက်ျား
လေးတွေချည်းမို့ ပျက်စီးကုန်မှာစိုးတာလည်း ပါမယ်ထင်တယ်။ ပညာရေးနဲ့ပတ်သက်ရင် ကျနော့်အမေက ဘယ်
လောက်အထိ စိတ်ကြီးသလဲဆို ကျောင်းက စာမေးပွဲ report card တွေ ပေးလိုက်လို့ ပထမအဆင့်ရတယ်ဆိုမှ
report card က အုပ်ထိန်းသူနေရာမှာ သူကိုယတ
ိုင် လက်မှတ်ထိုးပေးတယ်။ ပထမ မဟုတ်ဘဲ ဒုတိယ၊ တတိယ
ဆိုရင်တော့ သူ လုံးဝလက်မှတ်ထိုးမပေးဘူး။ အဲဒီအခါကျရင် report card ကျောင်းကို ပြန်အပ်ဖို့ အဖေ့ကို တိတ်
တိတ်ကလေး ချဉ်းကပ်ပြီးတော့ပဲ လက်မှတ်ထိုးခိုင်းရတယ်။
ကျောင်းသင်ပညာရေးနဲ့ ပတ်သက်လို့ ပြောရရင်တော့ ကျနော်တို့ ညီအစ်ကိုတွေအားလုံး သူငယ်တန်းကနေ ၎
တန်းအထိ တောင်ငူဆရာအတတ်သင်ကျောင်း (TTC) ရဲ့ တွဲဘက်မူလတန်းကျောင်းလေးမှာ ပညာသင်ကြားခဲ့
ပါတယ်။ ၅ တန်းကနေ ၁၀ တန်းအထိကိုတော့ တောင်ငူမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က ၁)
မှာ သင်ကြားခဲ့ပါတယ်။ ကျနော်တို့ခေတ် (၁၉၇၅-၈၅) မှာ မူလတန်းကနေ အထက်တန်းအထိ ပညာသင်ကြား
ပေးခဲ့တဲ့ ဆရာတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်လောက်က စည်းကမ်းပိုင်းရော စာအသင်အပြရော ကောင်းမွန်ကြပါ
တယ်။ ဆရာတွေအားလုံး ကိုယ်သင်ကြားတဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်နိုင်နင်းကြတယ်။
ဆရာတွေရတဲ့ လစာကလည်း အဲဒီခေတ် အဲဒီအခြေအနေမှာ မိသားစုစားဝတ်နေရေးအတွက် လောက်လောက်
ငင ရှိသေးတဲ့အခါကျတော့ စေတနာပါပါနဲ့ အပြည့်အ၀ အာရုံစိုက်သင်ကြားပေးတာကို ကျနော်တို့ ခံယူဆည်းပူး
ခွင့်ရခဲ့ပါတယ်။ အဲဒီခေတ်အခါက ပညာရေးလောကအတွင်းမှာ အကျင့်ပျက်ခြစားမှုတွေကလည်း မရှိသလောက်
နည်းပါးတော့ အောင်မြင်ခဲ့တဲ့ စာမေးပွဲရလဒ်တွေဟာလည်း စစ်မှန်တယ်လို့ ပြောလို့ရပါတယ်။
နောက်ပြီး ကျနော်တို့ တောင်ငူမြို့က ပညာရေးနဲ့ပတ်သက်ရင် ပြိုင်ဆိုင်မှုကြီးမားတဲ့ မြို့လို့ပြောရပါမယ်။ အထက်
တန်းကျောင်း ၇ ကျောင်းရှိပြီး၊ မြန်မာတနိုင်ငံလုံးမှာ ၆ ဘာသာဂုဏ်ထူးရှင်ဆိုတာ ရန်ကုန်မြို့မှာပဲ ထွက်ပေါ်သေး

တဲ့အချိန် ၁၉၈၂ နဲ့ ၁၉၈၃ ခုနှစ်မှာ တောင်ငူမြို့မှာ ခြောက်ဘာသာဂုဏ်ထူးရှင် ၂ ဦး နှစ်နှစ်ဆက်တိုက် ထွက်
ပေါ်ခဲ့ပါတယ်။ ၁၉၈၂ မှာ တောင်ငူ အ.ထ.က (၄) က ဘာသာစုံဂုဏ်ထူးရှင်တဦး ထွက်ပေါ်ပြီး ၁၉၈၃ မှာ
အ.ထ.က (၁) က ကျနော့်အစ်ကိုကြီး ဘာသာစုံဂုဏ်ထူးထွက်ပါတယ်။ ကျနော်တို့မြို့က ရန်ကုန်-မန္တလေး ရထား
လမ်း၊ ကားလမ်းပေါ်မှာ တည်ရှိပြီး ကရင်ပြည်နယ်ဘက်ကိုလည်း ကားလမ်းပေါက်တဲ့ လမ်းဆုံမြို့လိုဖြစ်နေတော့
စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေလည်း ကောင်းမွန်တဲ့မြို့လို့ ပြောလို့ရပါတယ်။

မေး ။

။ ငယ်ငယ်ကတည်းက ဆရာဝန်ဖြစ်ချင်တာလား။ တခြားညီအစ်ကိုနှစ်ယောက်ကော လက်ရှိ ဆရာဝန်

တွေ လုပ်နေကြသလား။ ဘယ်လိုကနေ စာဖတ်ဝါသနာပါခဲ့တာလဲ။
ဖြေ ။

။ ငယ်ငယ်က ကြီးလာရင် ဘာဖြစ်ချင်တယ်ဆိုတဲ့ စဉ်းစားချက်မျိုးတော့ မရှိခဲ့ပါဘူး။ ၁၀ တန်းအထိက

အမေ့ရဲ့ တရစပ်မောင်းနှင်မှုအောက်မှာ စာပြီးရင်း စာနေရတဲ့ အနေအထားနဲ့ ကြီးပြင်းခဲ့ရတယ်။ အားလပ်ချိန်
နည်းနည်းရရင်တော့ ညီအစ်ကိုချင်း ဆော့ကစားတာထက် အဖေ ၀ယ်လာပေးတဲ့ ရွှေသွေး၊ တေဇ၊ လှပ၊ တို့
ကျောင်းသား၊ မိုးသောက်ပန်း … စာစောင်တွေကို အလုအယက်ဖတ်ကြ၊ တခါတလေ ဦးဦးဖျားဖျား ဖတ်ရအောင်
လုယက်ကြရင်း ရန်ဖြစ်လို့ အရိုက်ခံရပေါ့။
၆ တန်း၊ ၇ တန်း လောက်ရောက်တဲ့အခါကျတော့ အဖေ လစဉ်ဝယ်သိမ်းထားတဲ့ မဂ္ဂဇင်းပုံကို ဖွပြီး ကိုယ်ဖတ်
ချင်တာ ရှာဖတ်တယ်။ အဓိကကတော့ မဂ္ဂဇင်းတွေမှာပါတဲ့ ကာတွန်းတွေကို ရှာဖတ်ကြတာပေါ့။ နည်းနည်းကြာ
လာတော့မှ ကဗျာတွေ၊ ၀တ္ထုတွေ စမ်းပြီး ဖတ်တတ်လာတယ်။ ၉ တန်း၊ ၁၀ တန်းလောက်မှာတော့ ဆောင်းပါး
တွေပါ ရှာဖတ်တတ်လာပြီး အဖေ့စာအုပ်စင်မှာရှိတဲ့ လူထုဒေါ်အမာ၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ သခင်မြ
သန်း၊ မြသန်းတင့်တို့ရဲ့ စာအုပ်တွေကို ဟိုမြည်းဒီစမ်းတဲ့အဆင့် ရောက်လာတယ်။
ငယ်ငယ်က ကျနော်တို့ မိသားစု ငှားနေတဲ့ ပျဉ်ထောင်အိမ်မှာ ဘုရားစင်ရှိပေမယ့် ဘုရားစင်မှာ ဘုရားမတွေ့ရဘဲ

အဖေ လစဉ်ဝယ်ပြီး စုဆောင်းထားတဲ့ မဂ္ဂဇင်းတွေ အထပ်လိုက် သိမ်းထားတာကိုပဲ တွေ့ရတယ်။ ကလေးဘ၀က
ကျောင်းပိတ်ရက်ဆို ဘုရားစင်ပေါ်တက် မဂ္ဂဇင်းပုံပေါ် ထိုင်ပြီး ကာတွန်းတွေ ရှာဖတ်တော့တာပဲ။ ဒီနေ့အထိ
လည်း ဘုရားစင်မှာ ဘုရားရုပ်တုထားပြီး ဘာဖြစ်လို့ မကိုးကွယ်တာလဲလို့ အဖေ့ကို ကျနော် တခါမှ မမေးဖြစ်ခဲ့
ဘူး။ ကျနော့်အဖေ ဘုရားရှိခိုးတာလည်း ကျနော် တခါမှမတွေ့ဖူးခဲ့ဘူး။ အဖေက သူ စုဆောင်းထားတဲ့ စာအုပ်
တွေကို ဘာဖတ်ပါ ညာဖတ်ပါဆိုပြီး ဂိုက်လိုင်းပေးတာမျိုးလည်း မရှိဘူး။ ကိုယ့်ဘာသာ ဖတ်ချင်တာ မွှေနှောက်
ရှာဖတ်ရင်းနဲ့ပဲ ပြင်ပစာပေဖတ်ရှုတာကို ၀ါသနာပါလာခဲ့တာ။ ဒါပေမယ့် ကျောင်းစာအပြင် ပြင်ပစာပေလေ့လာ
ဖတ်ရှုတာကို ၀ါသနာပါလာရတဲ့ အရင်းခံအကြောင်းတရားကို ပြောပါဆိုရင်တော့ အဓိက အဖေ့ကျေးဇူးကြောင့်
ပေါ့။
အဖေ့ရဲ့လောဘတကြီး စာအုပ်စုဆောင်းမှုကြောင့် ကျနော်တို့အိမ်က စာကြည့်တိုက်တခုလိုဖြစ်နေတယ်။ မဂ္ဂဇင်း
ဆိုရင် ၁၉၄၇ လောက်ကထုတ်တဲ့ ရှုမ၀လို မဂ္ဂဇင်းမျိုးကအစ မဆလခေတ်တလျှောက် ထုတ်ဝေခဲ့တဲ့ မြ၀တီ၊ ငွေ
တာရီ၊ သွေးသောက်၊ စန္ဒာ၊ မိုးဝေ၊ စစ်ပြန်၊ သပြေ၊ ပေဖူးလွှာ၊ ပန်၊ ချယ်ရီ၊ မဟေသီ၊ မြတ်လေး၊ ဒဂုန် … မဂ္ဂဇင်း
တွေဆို အိမ်မှာ စီးရီးလိုက်ကို ရှိတယ်။
သတင်းစာဆိုလည်း လူထု၊ ဟံသာဝတီ၊ ဗိုလ်တထောင်၊ သတင်းဂျာနယ်ကအစ မဆလခေတ်နှောင်းပိုင်းမှာထုတ်
တဲ့ ကြေးမုံ၊ လုပ်သားတို့အထိ အဖေက တလချင်းကို ပေါင်းချုပ်ပြီး သိမ်းထားတာ။ ၁၉၈၅ မှာ အိမ်အသစ်ကို
ပြောင်းပြီး စာအုပ်အရောင်းဆိုင်နဲ့ စာအုပ်အငှားဆိုင် ဖွင့်လိုက်တော့မှပဲ အဖေ့ရဲ့ သဲကြီးမဲကြီး စာအုပ်စုဆောင်းမှု
ရပ်ဆိုင်းသွားခဲ့တာ။
အဲသလို ပညာရေးနဲ့ ပတ်သက်ပြီး အမေ့ရဲ့ မောင်းနှင်မှု၊ ပြင်ပစာပေလေ့လာဖတ်ရှုမှုနဲ့ ပတ်သက်ပြီး အဖေ့ရဲ့ စာ
အုပ်ပုံတွေထဲမှာ ၀ဲလည်နေရင်း ၁၉၈၃ ခုနှစ်မှာ ဆယ်တန်းကျောင်းသား ကျနော့်အစ်ကိုကြီးက အတန်းတင်စာ
မေးပွဲမှာ ၆ ဘာသာဂုဏ်ထူးထွက်ပါလေရော။ အဲဒီနှစ်မှာ ၆ ဘာသာဂုဏ်ထူးရှင်က ရန်ကုန်မှာ ၈ ယောက်နဲ့ နယ်
အားလုံးမှာ အစ်ကိုကြီးတယောက်တည်း၊ စုစုပေါင်း ၉ ယောက်ပေါ့။ အစ်ကိုကြီးက အဲသလို ဘာသာစုံဂုဏ်ထူး
ထွက်ပြီး ဆေးကျောင်းရောက်သွားတဲ့အခါကျတော့ ကျနော့်အမေရဲ့ မောင်းနှင်မှုတွေက နောက်ကနေ နှစ်နှစ်ကြီး
နှစ်နှစ်ငယ် ကပ်ပါလာတဲ့ ကျနော့်အပေါ် စုပြုံရောက်လာတော့တာပေါ့။
ကျနော့်ကိုလည်း ဘာသာစုံဂုဏ်ထူးထွက်ရေး ဖိအားမျိုးစုံပေးတော့တာပေါ့။ ဒါပေမယ့် အလတ်ကောင်ဆိုတဲ့ အ
တိုင်း လစ်ရင်လစ်သလို လတ်လျားလတ်လျား ဟိုစပ်စပ် ဒီစပ်စပ်လုပ်တာကို ၀ါသနာပါတဲ့ ကျနော်ကတော့ အ
မေ ဘယ်လောက်ပဲ မောင်းမောင်း၊ ဘယ်လိုပဲ မောင်းမောင်း အစ်ကိုကြီးခြေရာကို ဆက်မနင်းနိုင်ဘဲ ဆယ်တန်း
အောင်စာရင်းထွက်တဲ့အခါမှာ ၅ ဘာသာဂုဏ်ထူးပဲပါခဲ့တယ်။ မြန်မာစာဂုဏ်ထူးမထွက်ခဲ့ဘူး။ ကျနော် ဆယ်တန်း
အောင်တဲ့နှစ်ကဆို တောင်ငူမှာတင် ၆ ဘာသာဂုဏ်ထူး ၄ ယောက်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ဘာ
သာစုံဂုဏ်ထူးရှင်တွေ တော်တော်များလာတဲ့ နှစ်ပေါ့။
ဒါပေမယ့် ကျနော်ရတဲ့ အမှတ်ကလည်း ဆေးတက္ကသိုလ်ဝင်ခွင့်ကို မီတဲ့အခါကျတော့ ကျနော်လည်း ငါ ဘာဝါသ
နာပါတာပါလိမ့်လို့ ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ ကျနော့်အစ်ကိုကြီး ရှေ့ကသွားနှင့်တဲ့အတိုင်း ဆေး
ကျောင်းကိုပဲ ခရီးနှင်ဖြစ်ခဲ့တော့တယ်။ အလိုက်သင့် မောင်ဘဦးလို့ပဲ ပြောရမလား၊ ရောရောယောင်ယောင်
မောင်ဘမောင်လို့ပဲ ကင်ပွန်းတပ်ရမလား ဆိုတဲ့အနေအထားပေါ့။
ဆရာဝန်ဘဲ့ရ
ွ ပြီးတဲ့အခါမှာတော့ ကျနော်က ဆရာဝန်အလုပ်ကို ဖင်ပူအောင် မလုပ်လိုက်ရဘဲ မဂ္ဂဇင်းအယ်ဒီတာ

ဘ၀ကို ရောက်သွားခဲ့တယ်။ ကျနော့်အစ်ကိုကြီးနဲ့ ညီအငယ်ဆုံးကတော့ အခုအချိန်အထိ အစိုးရအမှုထမ်းဘ၀နဲ့
ဆရာဝန်အလုပ်ကို ဆက်လုပ်နေကြတယ်။ အစ်ကိုကြီးက နှလုံးအထူးကုဆရာဝန်၊ ညီအငယ်ဆုံးက မေ့ဆေးဆ
ရာဝန်ပါ။
မေး ။

။ ဆရာ့ ဆေးကျောင်းသားဘ၀ အတွေ့အကြုံမှာ အမှတ်ရစရာတွေ ရှိမှာပေါ့။ ကျောင်းသားဘ၀ လှုပ်ရှား

မှုတွေ၊ အတန်းဖော်တွေနဲ့ ဆေးကျောင်းသားအချင်းချင်းကြားက ဆက်ဆံရေး၊ ဆရာတွေနဲ့ ကျောင်းသားတွေရဲ့
ဆက်ဆံရေးလေးတွေ ပြောပေးစေချင်တယ်။ နောက် ရန်ကုန်ဆေးတက္ကသိုလ်ရဲ့ ပညာသင်ကြားမှုအပေါ် ဆရာ့
ထင်မြင်ချက်၊ ဆရာဆရာမတွေရဲ့ အရည်အသွေး။ ဒီနေ့ နိုင်ငံရေးလုပ်နေသူတဦးအမြင်နဲ့ ကြည့်ရင် သူတို့ဟာ
လွတ်လွတ်လပ်လပ် တွေးခေါ်မှုရှိတဲ့ ဆရာတွေဖြစ်ရဲ့လား။ ပညာရပ်ကျွမ်းကျင်မှုပိုင်းရော။ ဆေးကျောင်းသား
တွေရဲ့ ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုကိုလည်း နည်းနည်းပြောပြစေချင်တယ်။
ဖြေ ။

။ ၁၉၈၅ နိုဝင်ဘာမှာ ကျနော် ဆေးကျောင်း စတက်ရတယ်။ ကျနော့်ရဲ့ ဆေးကျောင်းသားဘ၀မှာတော့

ဆေးပညာသင်ကြားမှုအပိုင်းထက် ပုဂ္ဂလိကနေထိုင်လှုပ်ရှားမှုအပိုင်းမှာ အမှတ်ရစရာတွေ ပိုများတယ်။ ဆေးပ
ညာ လေ့လာဆည်းပူးမှုနဲ့ ပတ်သက်လို့ ပြောရရင် ဆေးကျောင်းမှာက အတန်းစဉ် Final Exam ဖြေလို့ ကျရင် ကျ
တဲ့ ဘာသာရပ်ကိုပဲ ပြန်ဖြေရတဲ့ supplementary exam ဆိုတာရှိတယ်။ ဆေးကျောင်းအခေါ် ‘ဆပ်ပလီ ထိ
တယ်’ ခေါ်တာပေါ့။ ဆပ်ပလီကို ပြန်ဖြေလို့ အောင်ရင် ကိုယ့်အတန်းနဲ့ အမှီ ပြန်လိုက်တက်ပေါ့။ ထပ်ကျရင်တော့
အောက်အတန်းကို ဆင်းပေါ့။
အစကတည်းက သုံးဘာသာရှိတာ သုံးဘာသာစလုံး ကျရင်တော့ ဆပ်ပလီ ပြန်ဖြေခွင့်မရှိဘဲ တခါတည်း အောက်
အတန်းကို ဆင်းရတယ်။ ဒါပေမယ့် အရေးအခင်းမတိုင်မီ မဆလခေတ်က သင်ရတဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို
တော့ အကုန်လုံးနီးပါး အအောင်ပေးလို့ ဘာသာစုံကျတဲ့သူ နည်းတာပေါ့။ ကျနော်ကတော့ ထူးချွန်အောင်လည်း
မကြိုးစား၊ ဆပ်ပလီထိတဲ့ အနေအထားအထိလည်း မရောက်ခဲ့ဘဲ အတန်းစဉ် စာမေးပွဲအောင်ရုံလောက်ပဲ ပုံမှန်
ဖြတ်သန်းခဲ့တယ်လို့ ပြောရပါမယ်။
ကျနော်တို့အတန်းသားတွေက ခေတ်နှစ်ခုခွပြီး ဆေးကျောင်းတက်ခဲ့ရတယ်။ မဆလခေတ်နှောင်းပိုင်းနဲ့ န၀တ/ န
အဖခေတ်ပေါ့။ ကျနော်တို့ ဒုတိယနှစ် အမ်ဘီဘီအက်စ်သင်တန်း ဖိုင်နယ်စာမေးပွဲဖြေဖို့ လပိုင်းအလိုမှာပဲ ဖုန်း
မော်အရေးအခင်းကစလို့ အရေးအခင်းတွေ ဆက်တိုက်ဖြစ်ပွားပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးအထိ ကြီးထွား
သွားခဲ့တယ်။ ကျောင်းတွေ အတော်ကြာကြာ ပိတ်သွားခဲ့တယ်။ န၀တစစ်အုပ်စု အာဏာသိမ်းပြီး နောက်ပိုင်းမှာ
တော့ ကျနော်တို့ ဆေးတက္ကသိုလ်တွေ အရင်ဆုံး ပြန်ဖွင့်တယ်။ ပြန်ဖွင့်တော့ အရင် မင်္ဂလာဒုံ အဆောင်မှာနေရာ
က မြောက်ဥက္ကလာ အဆောင်သစ်ကို ပြောင်းနေရတယ်။ စာသင်တော့လည်း မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာ နှစ်နေ
ရာခွ သင်ရတယ်။
ဆေးကျောင်းတလျှောက် သင်ကြားမှုအပိုင်းမှာတော့ ဆရာတွေရဲ့ ကျွမ်းကျင်မှုနဲ့ ပို့ချမှုက လိုအပ်ချက် မရှိသ
လောက် ပြည့်စုံပါတယ်။ ဒါပေမယ့် စာမေးပွဲစစ်ဆေးမှုအပိုင်းမှာတော့ ၈၈ အရေးအခင်းပြီးနောက်ပိုင်း အများကြီး
လျှော့ပေါ့ပေးလာတယ်လို့ ထင်မိတယ်။ နိုင်ငံရေးအရ ကျောင်းသားတွေ ဆူဆူပူပူ မလုပ်ရင်ပြီးရော၊ ကျေနပ်
အောင် အလိုလိုက် အကြိုက်ဆောင်တဲ့သဘောပေါ့။ စစ်အစိုးရက လျှော့လျှော့ပေါ့ပေါ့ စစ်ဆေးဖို့ တမင် ညွှန်
ကြားထားတဲ့အတွက်ကြောင့်လို့ ကျနော် ယူဆတယ်။
ဥပမာတခုပြောရရင် အရေးအခင်းမဖြစ်ခင်က ကျနော်တို့အထက်က အတန်းဆို ဒုတိယနှစ်မှာ ဖြေရတဲ့ ခန္ဓာဗေဒ

နဲ့ ဇီဝကမ္မဗေဒ ဘာသာရပ်နှစ်ခုမှာ တဘာသာချင်း ဆပ်ပလီထိတဲ့သူရော နှစ်ဘာသာစလုံး ဆပ်ပလီထိတဲ့သူ
ရော ပေါင်းရင် ၁၀၀ မှာ ၆၀ ကျော်လောက်က ဆပ်ပလီထိကြတယ်။ နှစ်ဘာသာလုံး တခါတည်း အောင်တဲ့သူက
နည်းတယ်ပေါ့။ စာကများတော့ တော်ရုံတန်ရုံ အားထုတ်မှုနဲ့ တခါတည်း အောင်ဖို့ မလွယ်ဘူးပေါ့။ နိုင်ငံရေးသိပ္ပံ
ဘာသာရပ် ကယ်လို့သာ တခါတည်း အောက်အတန်းကို မဆင်းရတာပေါ့။
အရေးအခင်းအပြီးနောက်ပိုင်း ကျောင်းပြန်ဖွင့်လို့ ကျနော်တို့ ဒုတိယနှစ် အမ်ဘီဘီအက်စ်အတန်းကို စာမေးပွဲစစ်
တဲ့အခါမှာတော့ နိုင်ငံရေးသိပ္ပံဘာသာရပ် မရှိတော့တဲ့အတွက် နှစ်ဘာသာပဲ စာမေးပွဲဖြေရတယ်။ ကျောင်းသား
၁၅၀ ရှိတဲ့အထဲမှာ နှစ်ဘာသာစလုံး ဆပ်ပလီထိတဲ့သူ နှစ်ယောက်ကလွလ
ဲို့ ကျန်တဲ့သူအားလုံး တခါတည်း
အောင်ကြတယ်ဆိုတော့ အဲဒီ result ကို ကြည့်ရင် လျှော့ပေါ့ပေးမပေး မှန်းကြည့်လို့ရတယ်လေ။
ဒီလိုပြောလို့ ကျနော်နဲ့ အတန်းတူ သူငယ်ချင်းတွေ အရည်အသွေးမပြည့်ဘဲ အောင်ခဲ့ကြတာလို့ ဆိုလိုတာမဟုတ်
ပါဘူး။ တကယ်လေ့လာပြီး တကယ်ထူးချွန်တဲ့သူတွေက ကျနော်တို့အတန်းထဲမှာ အများစုပါ။ ကျနော် ဆိုလိုတာ
က လျှော့ပေါ့စစ်ဆေးပြီး ဆွမ်းကြီးလောင်းမှုတွေကြောင့် အရည်အချင်းမပြည့်မီဘဲ ဆရာဝန်ဖြစ်ကုန်ကြတဲ့သူတ
ချို့လည်း အရေးအခင်းအပြီး နောက်ပိုင်းမှာ ရှိနိုင်တယ်ဆိုတာကို ထောက်ပြတာပါ။
နောက်တခုက ကျနော်တို့ခေတ်မှာ တချို့ကျောင်းသားကျောင်းသူတွေ ကျောင်းက ဆရာတွေဆီမှာပဲ ကျူရှင်ပြန်
တက်ကြတာရှိတယ်။ ကျူရှင်တက်တဲ့သူ အများစုက စစ်အုပ်စုထဲက လူကြီးသားသမီးတွေနဲ့ ငွေကြေးတတ်နိုင်
သူတချို့ပေါ့။ သင်ကြားရေးလိုင်းက ဆရာတချို့လည်း ခေတ်အခြေအနေအရ ကျပ်တည်းလာပြီး ဆေးခန်းထိုင်
လို့ရတဲ့ ၀င်ငွေနဲ့လည်း မလောက်ငတဲ့အခါကျတော့ တဖက်တလမ်းကနေ အပိုဝင်ငွေရအောင် ကျူရှင်ပြကြရတဲ့
သဘော ဖြစ်မယ်ထင်တယ်။ အဲဒီကတဆင့် မေးခွန်းပေါက်ကြားမှုတွေဖြစ်ပြီး တပွဲတိုးစနစ်နဲ့ ဘွဲ့လက်မှတ်ရရုံ
လောက်ပဲ အားထုတ်သူတွေ ရှိလာတာကိုလည်း တွေ့လာရတယ်။
ဒါပေမယ့် အဲဒီလို ကျောင်းသားကတော့ အနည်းစုလို့ ပြောလို့ရပါတယ်။ ဒီဘက်နောက်ပိုင်း အဲသလို ဘွဲ့လက်
မှတ်ရရုံ အားထုတ်တဲ့ ကျောင်းသားအရေအတွက် ပိုများလာမလားတော့ မပြောတတ်ဘူး။ ပိုများလာတယ်ဆို
ရင်တော့ ဆေးလောကအတွက်ကော တိုင်းပြည်အတွက်ကော ၀မ်းနည်းကြေကွဲစရာပဲပေါ့။
ကျနော့်အနေနဲ့ ဆေးပညာဘက်မှာ ဘာဖြစ်လို့ မထူးချွန်ခဲ့သလဲဆိုရင် ကျနော့်မှာ ဆေးပညာသင်ယူနေချိန်နဲ့ တ
ပြိုင်နက်တည်း အခြားစိတ်ဝင်စားတဲအ
့ ရာတွေ ဟိုစပ်စပ် ဒီစပ်စပ် အားပြိုင်နေခဲ့လို့ဖြစ်မယ်။ ဥပမာပေါ့ ဆေးပ
ညာထက် ပြင်ပစာပေ အထူးသဖြင့် နိုင်ငံရေးနဲ့ နွှယ်တဲ့ စာအုပ်စာတန်းတွေကို လေ့လာဖတ်ရှုဖြစ်နေတာတို့၊ စစ်
အုပ်စုကို ဆန့်ကျင်စိတ်ထက်သန်တဲ့ သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့ဆွေးနွေး အမြင်ချင်းဖလှယ်ဖြစ်နေတာတို့၊ ဆေး
ကျောင်းသားတို့ တပ်အပ်တဲ့ တချပ်မှောက်ဖဲကစားနည်းကို စွဲစွဲလမ်းလမ်း ခုံမင်နေခဲ့တာတို့၊ ဂီတဘက်ကို တစိတ်
တပိုင်း ၀ါသနာထုံတာတို့၊ စိတ်တူ ကိုယ်တူ ၀ါသနာတူ ပေါင်းမိတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်တွေနဲ့ အ
သောက်အစား၊ အပျော်အပါးဘက်ကို ခုံမင်နေတာတို့ပေါ့။
အသောက်အစား အပျော်အပါးကို ခုံမင်ပေမယ့် တခုတော့ ကျနော် ကံကောင်းခဲ့တယ်။ ကျနော်က ဆေးလိပ်မ
သောက်တတ်ဘူး။ မသောက်တတ်တဲ့အတွက် ဆေးခြောက်နဲ့ ဘိန်းဖြူ ရှူတဲ့လိုင်းကို မရောက်ခဲ့ဘူး။ ကျနော်တို့
အဆောင်နေကာလမှာ ဆေးကျောင်းသားတွေ နိုင်ငံရေးဘက် ခြေဦးမလှည့်စေဖို့ စစ်အုပ်စု ထောင်ထားတဲ့ အ
ကြီးမားဆုံး ထောင်ချောက်ကြီးကတော့ ဆေးခြောက်နဲ့ ဘိန်းဖြူပဲ။ ဖဲနဲ့ အရက်လည်း ပါတော့ပါတာပေါ့။ ဒါပေမယ့်
ဆေးခြောက်နဲ့ ဘိန်းဖြူကြောင့် ဘ၀ပျက်တာက ပိုဆိုးတယ်။ ရောင်းဝယ်ဖောက်ကားသူတွေ အဆောင်ထဲအထိ

လက်ရဲဇက်ရဲ သယ်ယူပို့ဆောင်နေတာကို သက်ဆိုင်ရာက မသိကျိုးကျွံ ခွင့်ပြုထားခဲ့လို့ အသုံးအစွဲလွန်ပြီး ငယ်
ငယ်ရွယ်ရွယ်နဲ့ အညွန့်တုံးခဲ့တဲ့ ကျောင်းသားတချို့ကို မျက်မြင်ကိုယ်တွေ့ ကျနော် တွေ့ခဲ့ရတယ်။ တကယ့်ကို ၀မ်း
နည်းကြေကွဲစရာတွေပါပဲ။
အတန်းဖော်အချင်းချင်း ဆက်ဆံရေးနဲ့ ပတ်သက်လို့ ပြောရရင်တော့ ဆေးကျောင်းရောက်လာတဲ့သူ အများစုက
ကိုယ့်မြို့မှာ အမှတအ
် များဆုံး၊ ကျောင်းစာနဲ့ ပတ်သက်ပြီး အတော်ဆုံးလို့ အများက သတ်မှတ်သူတွေ ဖြစ်လေ
တော့ ဆေးကျောင်းရောက်ကာစ တယောက်နဲ့ တယောက် မရင်းနှီးသေးခင်မှာ ဘယ်သူ့ကိုမှ ဗိုလ်မထားဆိုတဲ့
စိတ်လေးတွေ၊ မာန်လေးတွေတော့ ကိုယ်စီရှိကြတာပေါ့။ တယောက်အကြောင်း တယောက်သိသွားကြတော့
လည်း ခင်မင်ကုန်ကြတာပါပဲ။ ကျောင်းတက်ရတဲ့ နှစ်ကာလကလည်း အကြာကြီးဆိုတော့ တချို့ဆို ညီအစ်ကို
အရင်းထက်ကို ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေ ဖြစ်ကုန်တာပေါ့။ ထူးထူးခြားခြား ဆုံတွေခဲ့ရတဲ့ သူငယ်ချင်းတ
ချို့အကြောင်းကိုတော့ အဆင်သင့်ရင် စာရေးဖို့ ကျနော် စိတ်ကူးထားတယ်။
နောက်ပြီး လူစုလူဝေးနဲ့ ပျော်ရရွှင်ရတာကို ၀ါသနာထုံတဲ့ ကျနော်က အတန်းသားအချင်းအချင်း တယောက်နဲ့
တယောက် ပိုရင်းနှီး ပိုခင်မင်မှုဖြစ်စေမယ့် ပျော်ပရ
ွှဲင်ပွဲတွေကို ဦးဆောင်ပြီး လုပ်ဖြစ်ခဲ့တယ်။ ဆေးကျောင်းမှာ
လုပ်လေ့လုပ်ထမရှိတဲ့ ကိုယ့်အတန်းသားတွေချည်းစုပြီး တိုက်ကြီး ဂျိုးဖြူကန်ကို ပျော်ပွဲစားထွက်ဖြစ်ခဲ့တယ်။
ကျောင်းရဲ့ ရန်ပုံငွေဈေးရောင်းပွဲမှာ ကျနော်တို့အတန်း အချိုရည်ရောင်းခွင့် မဲပေါက်တာကို ကျနော်က ပျော်စရာ
ကောင်းအောင်လို့ဆိုပြီး ဘီအီးအရက်နဲ့ အချိုရည်တွေ၊ ပန်းသီးတွေ၊ လိမ္မော်သီးတွေရောပြီး cocktail ဖျော်ရောင်း
တယ်။ ၀ယ်သောက်တဲ့ ကျောင်းသားတွေ မူးမူးနဲ့ အော်ဟစ်ကခုန်တာကို ပါမောက္ခချုပ် သိသွားပြီး အဆူခံထိတဲ့
အထိ ပျော်ဖြစ်ခဲ့တယ်။
နောက်ဆုံးနှစ် အပိုင်း (ခ) ပြီးခါနီးမှာ ‘နောက်ဆုံးအိပ်မက်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အတန်းသားအချင်းချင်း နှုတ်ဆက်
ပွဲကိုလည်း တီးဝိုင်းပစ္စည်းတွေ ငှားရမ်းပြီး အကြီးအကျယ် လုပ်ဖြစ်ခဲ့တယ်။ ကိုယ်တိုင်တီးဆိုကြ၊ လက်ဆောင်လဲ
ကြ၊ ဂိမ်းဆော့ကြ၊ အမှတ်တရစကားတွေ အပြန်အလှန်ရေးကြ၊ စကားရည်လုကြနဲ့ တနေကုန်နီးပါး ပျော်ခဲ့ကြ
တယ်။ အဲဒီပွဲတွေ ဖြစ်မြောက်ဖို့ အဆောင်နေသူငယ်ချင်းတွေကို တခန်းဝင် တခန်းထွက် စိတ်ရှည်ရှည်ထား စည်း
ရုံးခဲ့ရတယ်။ ဘယ်လိုနည်းနဲ့မှ လှည့်ပတ်စည်းရုံးလို့မရတဲ့၊ ကျောင်းစာကလွဲရင် ဘာကိုမှ စိတ်မ၀င်စားတဲ့ အတန်း
ဖော်သူငယ်ချင်း လေးငါးခြောက် ယောက်ကလွဲရင် အားလုံးနီးပါး ပါဝင်ဆင်နွှဲခဲ့ကြတယ်။ ပြန်တွေးဖြစ်တိုင်း ကျ
နော့်စိတ်ထဲ ကြည်နူးမိတဲ့ အမှတ်ရစရာတွေပေါ့။
နိုင်ငံရေးနဲ့ ပတ်သက်လို့ အမှတ်ရစရာကို ပြောရရင် ၈၈ ဖုန်းမော်အရေးအခင်းဖြစ်ချိန်မှာ အာရ်အိုင်တီ ကျောင်း
သား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေနတ်ထိမှန်ပြီး ကွယ်လန
ွ်ကုန်ပြီဆိုတဲ့သတင်းကို ကိုမင်းလွင် (အခု စာရေးဆ
ရာ နရီမင်း) က ကျနော်တို့ ထိုင်နေတဲ့ အဆောင်ရှေ့က ကန်တင်းကို သယ်လာတယ်။ အဲဒီသတင်းလည်း ကြား
ရော နေ့လည်စာ စားနေတဲ့ ကျနော်တို့ 2nd M.B ကလူတွေ ဒေါသထွက်ကုန်ကြတယ်။ ဒေါသထွက်ထွက်နဲ့ပဲ နေ့
လည်ပိုင်းမှာ လက်တွေ့ခွဲစိတ်ရမယ့် ခန္ဓာဗေဒခွစ
ဲိတ်ခန်းကို ပြန်လာခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့တတွေ လူ
သေအလောင်း ခွဲစိတ်ရမယ့်အထဲ စိတ်မရောက်ကြတော့ဘဲ ခွဲစိတ်ခန်းနဲ့ ကပ်ရက် Recreation Centre ဘက်
ထွက်ပြီး စုရုံးစုရုံးနဲ့ တိုင်ပင်ကြတယ်။ ကျဆုံးသွားတဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့အတွက် ဆုတောင်းပွဲလုပ်ကြမယ်
ပေါ့။
အဲဒီအကြောင်း လက်တွေ့ခွဲစိတ်နေကြတဲ့ သူငယ်ချင်းတွေကို လက်တို့လိုက်တော့ သူတို့လည်း ထွက်လာကြပြီး
Recreation Centre ထဲမှာပဲ ဆုတောင်းပွဲ လုပ်ဖြစ်သွားတယ်။ အားလုံး ဂျူတီကုတ်အဖြူတွေ ကိုယ်စီ ၀တ်ထား

တဲ့ အဲဒီဆုတောင်းပွဲမှာ “မတ်လ (၁၃) ရက်နေ့က ကျဆုံးသွားခဲ့တဲ့ အာရ်အိုင်တီကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုး
နိုင်တို့အား အလေးပြု” ဆိုတာကို ကျနော်က အော်ပေးရတယ်။ ကျနော်လည်း သတ္တိရှိလှလို့တော့မဟုတ်ဘူး။ ဒေါ
သထွက်နေတာရယ်၊ သူငယ်ချင်းတွေရဲ့ တွန်းပို့မှုကြောင့်ရယ် အော်ဖြစ်သွားတာ။ အော်တာတောင် ရှေ့ကို ထွက်
မအော်ရဲလို့ လူအုပ်ကြားထဲကပဲ အော်ပေးလိုက်တာ။
သုံးကြိမ်အော်ပြီးလို့ ဆုတောင်းပွဲလည်းပြီးရော Recreation Centre ခန်းမအပြင်ဘက်မှာ ပါမောက္ခချုပ်၊ အ
ဆောင်မှူးနဲ့ မော်ကွန်းထိန်းတို့အုပ်စု စောင့်ကြည့်နေကြတာကို တွေ့ရတယ်။ ကျနော်တို့က လက်တွေ့ခွဲစိတ်မှု
ဆက်မလုပ်တော့ဘဲ

ဆန္ဒပြတဲ့အနေနဲ့

ကျောင်းဝင်းထဲကနေ

အဆောင်ဘက်ကို

စီတန်းလမ်းလျှောက်ကြဖို့

ယောက်ျားလေးတွေချည်းပဲ သုံးယောက်တတွဲ တန်းစီကြတယ်။ ကျနော်က ရှေ့ဆုံးက သုံးယောက်မှာ ဘယ်
ဘက် အစွန်ကနေ လျှောက်တယ်။
လျှောက်နေတုန်းမှာ မင်္ဂလာဒုံစစ်ဆေးရုံမှာ လက်တွေ့ပိုင်း သင်ကြားနေတဲ့ အတန်းကြီးက အစ်ကိုတွေ ဘယ်က
ဘယ်လို သတင်းကြားသွားတယ်မသိ၊ အပြေးအလွှား ရောက်လာကြပြီး စီးတန်းလမ်းလျှောက်တဲ့အထဲ ၀င်ရောက်
ပူးပေါင်းတယ်။ အဆောင်မှူး ဒေါက်တာ ဦးဦးကျော်က နောက်ဆုံးကနေ လိုက်လာတယ်။ အဲဒီနေ့က ကျနော်တို့
ဆန္ဒပြပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်ပေါ့။ ညဘက် အဆောင်မှာ ဆုတောင်းပွဲ ထပ်လုပ်ဖို့ စုရုံးကြပေမယ့် အ
ဆောင်မှူးက နေ့ခင်းက ဆုတောင်းပွဲနဲ့ပဲ ကျေနပ်ကြဖို့ မေတ္တာရပ်ခံလို့ အထမမြောက်ခဲ့ပါဘူး။
နောက်ရက်လည်းကျရော ကျနော်တို့ အဆောင်မှာနေပြီး ကျောင်းမတက်ဘဲ သပိတ်ဆက်မှောက်နေချိန်မှာ လူ
တယောက် ကျနော့်နာမည်ကို အော်ခေါ်တယ်။ ဘာကိစ္စလဲမေးတော့ ခန္ဓာဗေဒဌာနမှူး ပါမောက္ခ ဒေါက်တာဦး
ကိုလေးက ကျနော့်ကို တွေ့ချင်လို့ ခေါ်ခိုင်းတယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်လည်း မုဒုံသား သူငယ်ချင်းတ
ယောက်ကို အဖော်ခေါ်ပြီး ပါမောက္ခဆီ ချက်ချင်းသွားတွေ့တယ်။ အဲဒီတော့မှ ဒေါက်တာဦးကိုလေးက ပါမောက္ခ
ချုပ် ဦးမျိုးသွယ်ရဲ့အမိန့်နဲ့ ခေါ်တွေ့တယ်ဆိုတာ သိရတယ်။ ဆရာဦးကိုလေး ပြောပြမှ သိရတာက ဟိုတနေ့က
ဆုတောင်းပွဲနဲ့ စီတန်းလမ်းလျှောက်ရာမှာ ဦးဆောင်တဲ့သူတွေကို ထောက်လှမ်းရေးက ဓာတ်ပုံနဲ့တကွ လာ
တောင်းနေတယ်တဲ့။ အဲဒါ ပါမောက္ခချုပ် ဦးမျိုးသွယ်က သူ့တပည့်တွေ သူ ကြည့်ဆုံးမမယ်၊ မင်းတို့ပြန်တော့လို့
ပြောလွှတ်လိုက်လို့ ပြန်သွားကြတယ်တဲ့။
ပါမောက္ခချုပ် ဦးမျိုးသွယ်က အဲဒီတုန်းက မဆလပါတီဥက္ကဌ ဦးနေ၀င်း (အာဏာရှင် ဗိုလ်နေ၀င်း) ရဲ့ သားမက်ဆို
တော့ ထောက်လှမ်းရေးတွေလည်း ရှိန်ပြီး ပြန်သွားကြပုံပေါ်တယ်။ ဆရာဦးကိုလေးက ကျနော့်ကို အထုပ်သိမ်း
ပြီး နယ်ကို မြန်မြန်ပြန်ဖို့ ခေါ်ပြောတာလို့ ဆက်ပြောတာနဲ့ ကျနော်လည်း တောင်ငူကို အမြန်ဆုံးနည်းနဲ့ ပန်းကန်
လုံးစီးခဲ့ရတော့တယ်။ ပါမောက္ခချုပ် ဦးမျိုးသွယ်လည်း မကယ်၊ ထောင်ဇာတာလည်း ပါတယ်ဆိုရင်တော့ ကျ
နော်လည်း အဲဒီကတည်းက အင်းစိန်ထောင်ကို စောစောစီးစီး မြန်းခဲ့ရမယ်နဲ့တူတယ်။ ကံသီပေလို့ပေါ့။
အဲဒီနောက် ဇွန်မှာ ကျောင်းတွေ ပြန်ဖွင့်တော့ ကျနော်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတချို့ ဆက်လှုပ်ရှားဖြစ်
တယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ဟောပြောပွဲတွေ အရှိန်မြင့်နေတယ်ကြားလို့ ပတ်ဘလစ်ကာ နှစ်စီးငှားပြီး ကျ
နော်တို့ သွားအားပေးကြတယ်။ အတန်းထဲက အမျိုးသမီးသူငယ်ချင်းတချို့တောင် လိုက်လာကြတယ်။ ရန်ကုန်
တက္ကသိုလ်ထဲမှာ လူတွေက ဖွေးဖွေးလှုပ် တိုးကြိတ်နေကြတယ်။ ကိုမင်းကိုနိုင်တို့ ကိုမိုးသီးဇွန်တို့ တရားဟောနေ
ကြတာကို တွေ့ရတယ်။ ကျနော်တို့ ဆေးတက္ကသိုလ် (၂) အဖွဲ့ နဖူးစီးစာတန်းကိုင်ပြီး ၀င်သွားတော့ အားလုံး
လက်ခုပ်သြဘာပေးကြတာ ဆူညံသွားတယ်။ အပြန်မှာ လမ်းတွေ ပိတ်နေလို့ အင်းစိန်ဘက်ကနေ လှည့်ပြီး အ
ဆောင်ကို ခဲရာခဲဆစ် ပြန်ခဲ့ရတယ်။ ညလည်းကျရော ကျောင်းတွေ ပိတ်လိုက်တ့အ
ဲ ကြောင်း ရေဒီယိုက ကြေညာ

တယ်။
နောက်နေ့မနက် အိမ်က လာခေါ်မယ်ဆိုလို့ ကျနော် ပစ္စည်းတွေ သိမ်းနေချိန်မှာ ကျနော့်အခန်းတံခါးကို အတန်း
ကြီးက အစ်ကိုတယောက် လာခေါက်တယ်။ သူ့ကိုယ်သူ ဇော်ထွန်းလို့ မိတ်ဆက်တယ်။ အဲဒီမတိုင်ခင် အဆောင်
မှာ ဆုတောင်းပွဲထပ်လုပ်ဖို့ ကြိုးစားတဲ့ညက သူ့ကို မျက်မှန်းတန်းမိဖူးတယ်။ သူက ကျနော်နဲ့ စိတ်ချင်းနီးစပ်မယ့်
သူ့အစ်ကို ဒေါက်တာဇော်မင်းနဲ့ မိတ်ဆက်ပေးချင်လို့ အချိန်ရရင် လိုက်ခဲ့ပေးဖို့ ပြောတယ်။ ကျနော်က အိမ်က
လာခေါ်မယ်လို့ ဖုန်းဆက်ထားလို့ ကျောင်းပြန်ဖွင့်မှပဲ လိုက်တွေ့တော့မယ် အစ်ကိုလို့ သူ့ကို ပြောပြတာနဲ့ သူပြန်
သွားတယ်။
အဲဒီနောက်ပိုင်း ၈၈ အရေးအခင်းကြီး ဖြစ်ခဲ့တယ်။ ကျနော်လည်း တောင်ငူက ဆန္ဒပြပွဲတွေထဲမှာပဲ တတ်နိုင်သ
လောက် ၀င်ပါဖြစ်ခဲ့တယ်။ န၀တစစ်အုပ်စုက အာဏာသိမ်းပြီး ကျောင်းပြန်ဖွင့်တဲ့အချိန်အထိ မိဘတွေရဲ့ မျက်စိ
အောက် တောင်ငူမှာပဲ သောင်တင်နေခဲ့တော့တယ်။ ကိုမင်းလွင်နဲ့ ကိုဇော်ထွန်းကတော့ ၈၈ အာဏာသိမ်းအပြီး
မှာ တောခိုသွားပြီး ကိုဇော်ထွန်းက တောထဲမှာ ကွယ်လန
ွ်သွားခဲ့တယ်လို့ နောက်ပိုင်း မှာ သိရတယ်။ ကိုမင်းလွင်
ကတော့ ပြည်တွင်း ပြန်ဝင်လာပြီး အခုတော့ စာရေးဆရာ နရီမင်းအဖြစ် အောင်မြင်နေတယ်။
မေး ။

။ ဘာကြောင့် ဆရာဝန်မလုပ်တာလဲ။ ဘယ်လောက်ကြာကြာ လုပ်ခဲ့သေးလဲ။

ဖြေ ။

။ ကျနော် ဆရာဝန်အလုပ်ကို မလုပ်ဖြစ်တာ အကြောင်း (၂) ချက် ရှိပါတယ်။ ပထမတချက်ကတော့ ကျ

နော့်ဘ၀မှာ အိပ်မက်မက်မထားတဲ့ အယ်ဒီတာထိုင်ခုံ ဖင်ကပ်ပါလာတာရယ်၊ ဒုတိယတချက်က ဆရာဝန်အလုပ်
နဲ့ အသက်မွေးရင် ကျနော် နေချင်တဲ့၊ နေပျော်တဲ့ဘ၀ကို ရမှာမဟုတ်ဘူးလို့ အလုပ်သင်ဆရာဝန်ဘ၀မှာထဲက
တွေးမိခဲ့တာရယ်ကြောင့် မလုပ်ဖြစ်တာလို့ ပြောရပါမယ်။
ဘာ့ကြောင့် ကျနော့်ဘ၀မှာ အယ်ဒီတာထိုင်ခုံ ဖင်ကပ်ပါလာတာလဲဆိုတာကို ပြောရရင် ၁၉၉၁ မှာ ကျနော့်အဖေ
က မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းကို စပြီး ထောင်တယ်။ န၀တစစ်အုပ်စုက အာဏာသိမ်းပြီးကာစမှာ ကမ္ဘာကို စာ
နယ်ဇင်းလွတ်လပ်ခွင့် ပေးထားတဲ့အကြောင်း ပြချင်လို့လားမသိဘူး၊ မဆလခေတ်က သာမန်ပြည်သူတွေ စိတ်
ကူးယဉ်ခွင့်မရှိတဲ့ မဂ္ဂဇင်းထုတ်ဝေခွင့်တွေကို ဖောဖောသီသီ ချပေးတယ်။ မဆလခေတ်တုန်းကဆို မဂ္ဂဇင်းထုတ်
ဝေခွင့်ဆိုတာ သာမန်လူတွေ အိပ်မက်မက်ခွင့်မရှိဘူး။ စစ်မျိုး စစ်နွယ် စစ်ထွက် စစ်ပြန်စစ်မှုထမ်းဟောင်း ပုဂ္ဂိုလ်
မျိုးတွေကိုသာ ထုတ်ဝေခွင့်ပေးခဲ့တာ များတယ်။ အဲဒီမှာတင် အခွင့်အရေးရတုန်း ကျနော့်အဖေက သူ့ရဲ့အိပ်မက်
ကို အလျင်အမြန် အကောင်အထည်ဖော်တော့တာပဲ။
အရေးအခင်းအပြီး ဆေးတက္ကသိုလ်တွေ ပြန်ဖွင့်စမှာ ၁၉၉၁ ခုနှစ် ဧပြီလထုတ်အနေနဲ့ မြားနတ်မောင်မင်္ဂလာ
မဂ္ဂဇင်း အမှတ် (၁) စထွက်တယ်။ ကျနော် ဒုတိယနှစ် အမ်ဘီဘီအက်စ်သင်တန်း တက်နေတဲ့အချိန်ပေါ့။ အဖေ
က အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ပေမယ့် တောင်ငူမှာပဲ အနေများတယ်။ သူ ပုံဖော်ချင်သလို မဂ္ဂဇင်းကို လိုင်း
ချ၊ အခန်းကဏ္ဍတွေ ခွဲပေးပြီး တလတခါ ရန်ကုန်တက်၊ လိုအပ်တာ ဖြည့်ဆည်းပေး အဲသလောက်ပဲလုပ်နိုင်
တယ်။ အဓိက သူနဲ့ ညီအစ်ကိုအရင်းလို ခင်တွယ်တဲ့ စာရေးဆရာ ခင်မောင်တိုး (မိုးမိတ်) ကို တာဝန်ခံအယ်ဒီ
တာအဖြစ် ခန့်ပြီး မဂ္ဂဇင်းကို လည်ပတ်စေတယ်။
အဲဒီအချိန်မှာ ကျနော်က ကျောင်းတက်နေပေမယ့် ကိုယ့်အဖေလုပ်တဲ့ မဂ္ဂဇင်းမို့ စိတ်ဝင်စားတာရယ်၊ စာတိုပေစ
ရေးတာတွေလည်း ၀ါသနာပါတာရယ်ကြောင့် ကျောင်းအားတဲ့အချိန်တွေမှာ သွားကူဖြစ်တယ်။ ကူလုပ်ရင်း

မဂ္ဂဇင်းတအုပ်ကို စာမူဘ၀ကနေ ဖြန့်ချိတဲ့အထိ လုပ်ဆောင်ရတဲ့ အဆင့်အားလုံးကို ကျနော် နားလည်သွား
တယ်။ နားလည်သွားပေမယ့် အဲဒီအချိန်ထိလည်း ငါ ကျောင်းပြီးရင် အယ်ဒီတာလုပ်မယ်ဆိုတဲ့ စိတ်ကူး လုံးဝမရှိ
ခဲ့ပါဘူး။
ဒါပေမယ့် ဖြစ်ချင်တော့ ကျနော် အလုပ်သင်ဆရာဝန် လုပ်နေတဲ့အချိန်မှာ မြားနတ်မောင်မဂ္ဂဇင်းကို စာပေစိစစ်
ရေးက ထုတ်ဝေခွင့် (၆) လ ရပ်ဆိုင်းတဲ့ ပြစ်ဒဏ်ပေးထားတယ်။ အဲဒီပြစ်ဒဏ်က ကျနော် အလုပ်သင်ဆရာဝန်
ပြီးတဲ့အချိန်မှာ စေ့တယ်။ ပြစ်ဒဏ်စေ့ပြီး မဂ္ဂဇင်း ပြန်ထုတ်ခွင့်ရတဲ့ အချိန်ကျတော့ အဖေက အယ်ဒီတာအဖွဲ့ကို
အပြောင်းအလဲလုပ်ချင်ပုံပေါ်တယ်။ ကျနော်ကလည်း မဂ္ဂဇင်းလုပ်တဲ့ အဆင့်တွေကို နားလည်တတ်ကျွမ်းနေမှန်း
သိတော့ တရက်မှာ ကျနော့်ကို “မင်း တာဝန်ယူ လုပ်နိုင်မလား” လို့ အဖေက မေးတယ်။ အဖေ ဘယ်လိုယုံ
ကြည်မှုတွေနဲ့ မေးမှန်းတော့ ကျနော်မသိ။ အဲဒီအချိန်က အယ်ဒီတာအတွေ့အကြုံဆိုလို့ ကျနော့်မှာ ၁၉၉၃-၉၄ ခု
နှစ်ထုတ် ဆေးတက္ကသိုလ် (၂) နှစ်လည်မဂ္ဂဇင်းကို မဂ္ဂဇင်းကော်မတီ အတွင်းရေးမှူးအဖြစ်နဲ့ လုပ်ကိုင်ခဲ့တာ
လောက်ပဲရှိတယ်။ ကျနော် တပတ်လောက် ခေါင်းကိုက်သွားတယ်။ တာဝန်ကြီးတဲ့ အလုပ်မှန်းသိလို့ ချီတုံချတုံ
ဖြစ်တာလည်းပါမယ်။
တဘက်မှာကလည်း ဒုတိယအချက်ဖြစ်တဲ့ ဆရာဝန်အလုပ်နဲ့ အသက်မွေးရင် ကျနော် နေချင်တဲ့၊ နေပျော်တဲ့ ဘ
ဝကို ရမှာမဟုတ်ဘူးဆိုတဲ့ စဉ်းစားချက်ရှိတယ်။ ကျနော် ဆေးကုသရတဲ့ အလုပ်ကို ၀ါသနာပါပါတယ်။ လူနာတ
ယောက် ကိုယ်ကသ
ု ပေးလိုက်လို့ ရောဂါဝေဒနာ သက်သာပျောက်ကင်းသွားတယ်ဆိုပြီး ကြားရတဲ့ ဖီလင်မျိုးက
ဘာနဲ့မှမတူတဲ့ ကြည်နူးစရာ ဖီလင်မျိုးပဲလေ။
ဒါပေမယ့် နေပျော်တဲ့ဘ၀ကို ရမှာမဟုတ်ဘူးဆိုတဲ့ စဉ်းစားချက်က အလုပ်သင်ဆရာဝန်ဘ၀မှာ ကျနော် တွေ့ကြုံ
ရတဲ့ ကုသရေးပိုင်းဆိုင်ရာ အတွေ့အကြုံတွေကနေ ပေါ်လာတာပါ။ အလုပ်သင်ဆရာဝန်ဘ၀မှာတင် ဆေးရုံကို
လာပြတဲ့ လူနာတွေမှာ အဓိက ဘာရောဂါ အဖြစ်များနေတာလဲဆိုတာကို ကျနော် သုံးသပ်ကြည့်တယ်။ ဘာရော
ဂါ အဖြစ်များသလဲဆိုတော့ လူနာ (၁၀၀) မှာ (၉၀) လောက်က ဆင်းရဲတဲ့ ရောဂါဆိုးကြီးကြောင့် ဖြစ်ရတဲ့ လက်
တက်ပွား ရောဂါဝေဒနာတွေကို ခံစားနေရတာလို့ ကျနော် သုံးသပ်မိတယ်။
ခေတ်ကလည်း လူနာတယောက် ဆေးရုံလာတက်ရင် အရက်ပျံနဲ့ ဂွမ်းလောက်ကအစ အပြင်မှာ ၀ယ်ခိုင်းနေရတဲ့
ခေတ်။ ဆေးရုံမှာ ရှိတာဆိုလို့ ဆရာဝန်ရယ်၊ ကုတင်ရယ်၊ လူနာရယ်လို့ပဲ ပြောရမယ့် အနေအထား။ လူနာအများ
စုကြီးက ဆင်းရဲ၊ ကျနော်ကလည်း ဘီလျံနာကြီး ဘီလ်ဂိတ်ရဲ့သား မဟုတ်လေတော့ ရှေရည် အိတ်စိုက်ကုမပေး
နိုင်၊ အဲသလိုနဲ့ လက်ပိုက်ကြည့်နေရတဲ့ စိတ်ဆင်းရဲစရာအဖြစ်တွေ တွေ့ရဖန်များလာတော့ ဆေးကုသတဲ့ ၀န်း
ကျင်မှာ နေပျော်မယ်မဟုတ်မှန်း ကျနော် သိလာတယ်။
လွတ်ရာကျွတ်ရာကို ထွက်ပြေးချင်တာလည်း မဟုတ်ပါဘူး၊ ကြီးကြီးကျယ်ကျယ် လျှောက်ပြောတာလည်း မ
ဟုတ်ပါဘူး၊ ကျနော့်စိတ်ထဲ ဘယ်လိုဖြစ်လာလဲဆိုတော့ ဆင်းရဲတဲ့ ရောဂါဆိုးကြီးကို အရင်ကုသချင်တဲ့ စိတ်တွေ
ပိုကဲလာတယ်။ ဆင်းရဲတဲ့ ရောဂါဆိုးကြီး အမြစ်ပြတ်ပျောက်ကင်းမှပဲ ပုံမှန်ဆေးကုသတဲ့ ၀န်းကျင်မှာ ကျနော်
ပျော်မွေ့နိုင်မယ်ဆိုတာကို သိလာတယ်။ ကျောင်းသားဘ၀ထဲက နိုင်ငံရေးစိတ်ကလေးကလည်း အညှောင့်ထွက်
နေလေတော့ ဆင်းရဲတဲ့ ရောဂါဆိုးကြီးကို ကုသချင်ရင် မှားယွင်းနေတဲ့ နိုင်ငံရေးစနစ်ကြီးတခုလုံးကို ပြောင်း
လဲအောင်လုပ်နိုင်မှဖြစ်မယ်၊ အဲဒီအတွက် နိုင်ငံရေးကို လုပ်ကိုလုပ်မှဖြစ်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ကို အလုပ်သင်
ဆရာဝန်ဘ၀မှာ ကျနော် ယတိပြတ်ချဖြစ်ခဲ့တယ်။

အဲဒီ နိုင်ငံရေး လုပ်ကိုလုပ်မှဖြစ်မယ်လို့ ပိုင်းဖြတ်ချက်ချဖြစ်ခဲ့တဲ့အထဲမှာ နောက်ဆုံးနှစ် အပိုင်း (ခ) စာမေးပွဲအပြီး
အားလပ်နေချိန်မှာ ကျနော် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တခုကလည်း တွန်းအားတခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။ တ
ရက်မှာ ကျနော် အစ်ကိုနဲ့ ညီရှိတဲ့ မန္တလေးဆေးတက္ကသိုလ်ကို အလည်သွားဖို့ ရထားစီးရင်း ကူမဲနဲ့ မြစ်သားဘူ
တာအကြားမှာ တမိုင်မက ရှည်လျားတဲ့ လူတန်းကြီးကို ရထားပေါ်ကနေ တွေ့လိုက်ရတယ်။ အဲဒီနားကို ရောက်
တာနဲ့ ရထားက အရှိန်လျှော့ပြီး ဖြေးဖြေးခုတ်ပေးတယ်။ လူတန်းကြီးထဲမှာ ကလေးငယ်တွေက အစ အပျို၊ လူပျို
အရွယ်အလယ်၊ အဘိုးအို အဘွားအိုတွေအဆုံး အရွယ်အကုန်လုံး တွေ့ရတယ်။ ပါးစပ်တွေကနေ ကယ်ပါ ယူပါ
တစာစာနဲ့ အော်ဟစ်တောင်းရမ်းနေကြတယ်။ ရထားပေါ်က ခရီးသည်တွေက ပိုက်ဆံတွေ၊ မုန့်တွေ ပစ်ချပေး
တယ်။ သူတို့အားလုံး မရှက်အားဘဲ နေပူကြီးထဲမှာ အလုအယက် ကောက်ကြတယ်။ နိုင်ငံခြားသားခရီးသည်
တွေက အပေါ်စီးကနေ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်ကြတယ်။
အဲဒီ လူတန်းရှည်ကြီးကို ကြည့်ငေးရင်း၊ စိတ်ထဲမှာလည်း ငါတို့နိုင်ငံသား အပျို လူပျိုအရွယ်တွေပါ မရှက်မ
ကြောက် တောင်းရမ်းနေရလေခြင်းဆိုတဲ့ ၀မ်းနည်းစိတ်ဖြစ်မိပြီး ကျနော် စိတ်မထိန်းနိုင်ဘဲ မျက်ရည်တွေ ပေါက်
ပေါက်ပေါက်ပေါက် ကျမိတယ်။ နိုင်ငံခြားသားတွေ တဖျတ်ဖျတ် ဓာတ်ပုံရိုက်နေကြတာကို ကြည့်ပြီးတော့လည်း
ဘယ်လိုဖြစ်မှန်းမသိ ကျနော် ဒေါသထွက်နေမိတယ်။ ဒီနေ့အထိ အဲဒီမြင်ကွင်းကို ကျနော် မမေ့နိုင်သေးဘူး။
အဲသလို စနစ်ပြောင်းမယ့် နိုင်ငံရေးကို လုပ်ကိုလုပ်မှဖြစ်မယ်လို့ ပိုင်းဖြတ်ထားတာကြောင့် ဆရာဝန်အလုပ်ကို ပစ်
ချပြီး ကျနော့်အဖေ ကမ်းလှမ်းတဲ့ အယ်ဒီတာအလုပ်ကို လက်ခံဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ကျနော့် အသက်
(၂၆) နှစ်ကျော် (၂၇) နှစ်ထဲမှာပေါ့။ အဲဒါဆို အန်အယ်လ်ဒီလို ပါတီကြီး ရှိနေတာပဲ၊ ဘာဖြစ်လို့ နိုင်ငံရေးလောက
ထဲ တန်းမ၀င်တာလဲလို့ မေးစရာရှိတာပေါ့။ ကျနော်က နိုင်ငံရေးလုပ်ဖို့ ပိုင်းဖြတ်ချက် ချထားပေမယ့် နိုင်ငံရေးဆို
တာ မီးနဲ့ ကစားရမယ့် အလုပ်မျိုးလို့ သိထားတော့ အရွယ်ငယ်တုန်းမှာ စိတ်လိုက်မာန်ပါ လျှောက်လုပ်လို့ မဖြစ်
သေးဘူးဆိုတာကို တွေးမိတယ်။ နောက်ပြီး ပါတီနိုင်ငံရေးထဲ ၀င်လုပ်ဖို့လည်း ကျနော့်ကိုယ်ကျနော် အဆင်သင့်
မဖြစ်သေးဘူးလို့ သုံးသပ်မိတယ်။ အဲဒါကြောင့် နိုင်ငံရေးစစ်မျက်နှာကို အကူအပံ့ဖြစ်စေမယ့် ယဉ်ကျေးမှုစစ်မျက်
နှာကနေ အရင်စပြီး အားယူမယ်လို့ ဆုံးဖြတ်ဖြစ်ခဲ့တယ်။ ပလက်ဖောင်းတခုကို နင်းပြီး ခြေကုပ်ယူတ့သ
ဲ ဘောပေါ့။
အဲဒီဆုံးဖြတ်ချက်နဲ့ပဲ အယ်ဒီတာဘ၀ကို ခြေချဖြစ်ခဲ့တာပါ။
ဆရာဝန်အလုပ်ကိုတော့ အလုပ်သင်ဆရာဝန်ဘ၀ ပြီးကာစမှာ ရတဲ့ဘွဲ့လေးကို သံယောဇဉ် အမျှင်မပြတ်သေး
တာနဲ့ မဂ္ဂဇင်းလုပ်ရင်းတဘက် တောင်ဥက္ကလာ ကန်ဘဲ့က မိုးကောင်းဘုရားရှေ့မှာ အခန်းငှားပြီး ၆ လလောက်
အပြင်ဆေးခန်း ထိုင်ဖြစ်ခဲ့ပါသေးတယ်။ ကျနော် ဆေးခန်းထိုင်တဲ့ အကြောင်းလည်း ခေတ်ပြိုင်အင်တာနက်မှာ
“မြောက်ဥက္ကလာ၊ ကန်ဘဲ့မှသည် ၂၇ လမ်းသို့ …” (အင်တာဗျူးအဆုံးတွင် ဖတ်ရှုပါ) ဆိုတဲ့ အက်ဆေးတပုဒ် ရေး
ဖြစ်ခဲ့တယ်။ ဆေးခန်းစာချုပ် (၆) လပြည့်တဲ့နောက်ပိုင်းမှာတော့ လှေနံနှစ်ဘက်နင်းမနေတော့ဘဲ စာပေလောက
ကိုပဲ ကျနော် ခြေစုံပစ်နင်းချလိုက်တော့တယ်။
မေး ။

။ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း အယ်ဒီတာအတွေ့အကြုံတွေ ဆက်ပြောပါဦး။ ဘယ်နှစ်အုပ်ကိုင်ခဲ့သလဲ။

စာရေးသူ၊ စာပေဝေဖန်သူ၊ စာပေပရိသတ်တို့နဲ့ ထူးထူးခြားခြား ကြုံခဲ့ရတဲ့ ဖြစ်ရပ်လေးတွေရော ...။
ဖြေ ။

။ ကျနော် တာဝန်ခံအယ်ဒီတာအဖြစ်နဲ့ ၁၉၉၆၊ နိုဝင်ဘာလထုတ်ကနေ ၂၀၀၅ ဇွန်လထုတ်အထိ မြား

နတ်မောင်မင်္ဂလာမဂ္ဂဇင်း စုစုပေါင်း (၁၀၁) အုပ်ကို တာဝန်ယူ ထုတ်ဝေခဲ့ပါတယ်။ အယ်ဒီတာဘ၀ အတွေ့အ ကြုံ
တွေကတော့ စာပေစိစစ်ရေးကို ဖြတ်သန်းရတဲ့ အပိုင်း၊ စာရေးသူတွေ၊ အနုပညာရှင်တွေနဲ့ ဆက်ဆံပေါင်း သင်းရ
တဲ့အပိုင်း၊ စာဖတ်ပရိသတ်တွေနဲ့ ထိတွေ့ရတဲ့အပိုင်း၊ စာအုပ်ဖြစ်မြောက်ဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ ထိတွေ့

ဆက်ဆံရတဲ့အပိုင်း လေးပိုင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေက အများကြီးပဲဆိုတော့ ပြောမယ်ဆို ရှည်လျားပေ
များနေလိမ့်မယ်။
နောက်ပြီး စနစ်ဆိုး ခေတ်ဆိုးအောက်မှာ အယ်ဒီတာ လုပ်ခဲ့ရတာဆိုတော့ ပြောရရင် စာပေစိစစ်ရေးအကြောင်းနဲ့
တင် စိတ်လည်းညစ် မိုးလည်းလင်းဆိုသလို ဖြစ်မှာစိုးရတယ်။ အချိန်အားရှိမှ မှတ်မိသလောက် အသေးစိတ် ပြန်
ရေးဖို့ အစီအစဉ်ရှိပါတယ်။ အခုတော့ ကြုံတွေ့ခဲ့ရတဲ့အထဲက ထူးခြားဖြစ်စဉ်တွေထဲက တခုကိုပဲ အကျယ်တ၀င့်
ပြောပြပါရစေ။
ကျနော့်အရင် တာဝန်ခံအယ်ဒီတာဖြစ်တဲ့ ဆရာခင်မောင်တိုး (မိုးမိတ်) လက်ထက်က မြားနတ်မောင်မဂ္ဂဇင်းကို
ပေါ့ပ် (၆၀) %၊ စာ (၄၀) % အချိုးအစားနဲ့ ချီတက်ခဲ့တယ်လို့ ကျနော် သုံးသပ်မိတယ်။ ‘ပေါ့ပ်’ ဆိုတာကတော့
မဂ္ဂဇင်း ဈေးကွက်ဝင်ဖို့၊ ပရိသတ်ကို ဆွဲဆောင်ဖို့အတွက် ရုပ်ရှင်၊ ဂီတ အနုပညာလောကသားတွေရဲ့ သတင်းပ
လင်း၊ အင်တာဗျူးတွေကို ဖော်ပြတဲ့အပိုင်းပေါ့။ ‘စာ’ ဆိုတာကတော့ ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ အက်ဆေးတွေ
ဖော်ပြတဲ့ အပိုင်းပေါ့။
အဲဒီအချိန် မြန်မာပြည်မှာက ရသစာပေမဂ္ဂဇင်းတစောင်ကို ထုတ်ဝေချင်တယ်ဆိုရင် ပေါ့ပ်နဲ့ တွဲမှ ကြာကြာရပ်
တည်နိုငမ
် ယ့် အနေအထားရှိတယ်။ ရသစာပေချည်းပဲ ဖော်ပြထုတ်ဝေချင်ရင် အရှုံးပေါ်ပြီး စောစောစီးစီး ရပ်ဆိုင်း
ရကိန်းရှိတယ်။
ဒါပေမယ့် မြားနတ်မောင်ကို ကျနော်ကိုင်တော့ ကျနော်က ပေါ့ပ်နဲ့ စာကို (၃၀/၇၀) အချိုးကို ပြောင်းပစ်တယ်။
ပေါ့ပ်ကို လျှော့လိုက်ပေမယ့် ပရိသတ် စိတ်ဝင်စားစေမယ့်၊ စူးစူးရှရှရှိမယ့် ပရိသတ်ရဲ့အသံ (ဂီတ)၊ ပရိသတ်ရဲ့
အသံ (ဗီဒ
ွီယို) နဲ့ ပရိသတ်ရဲ့အသံ (ရုပ်ရှင်) ဆိုတဲ့ ဝေဖန်ရေးကဏ္ဍသုံးခုကို အသစ်ဖွင့်ခဲ့တယ်။ ဖွင့်တော့ ပရိ
သတ်ရဲ့အသံ (ဂီတ) အခန်းကဏ္ဍမှာ ရေးတဲ့ ညီညီတင် (မြောင်းမြ) ရဲ့ ဝေဖန်စာတပုဒ်နဲ့ ပတ်သက်ပြီး စိန်ခေါ်
မှုတခုကို ရင်ဆိုင်ခဲ့ရတယ်။
တရက်မှာ ကျနော့်မဂ္ဂဇင်းတိုက်ပေါ် အဆိုတော် မျိုးမျိုး (အဆိုတော် နွဲ့ယဉ်ဝင်းရဲ့ သားကြီး) တက်လာတယ်။ သူ
နဲ့ ကျနော် လူချင်းလည်း ဆုံဖူးထားတော့ သူက ကျနော့်ကို တွေ့တွေ့ချင်း အံ့အားသင့်သွားပြီး “ဟာ မြားနတ်
မောင်အယ်ဒီတာက အစ်ကိုလား၊ အစ်ကိုရာ ကျနော်တို့ လူချင်းလည်း သိရဲ့သားနဲ့ ဘာဖြစ်လို့ ကျနော်တို့ကို ဝေ
ဖန်ထားတဲ့ ဆောင်းပါး အစ်ကို့မဂ္ဂဇင်းမှာ ထည့်ရတာလဲ” ဆိုပြီး ဒေါသသံနဲ့ ပြောလည်းပြော လက်ထက
ဲ မြားနတ်
မောင်မဂ္ဂဇင်းကိုလည်း ကျနော့်အယ်ဒီတာစားပွဲပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ မဂ္ဂဇင်းကို လှန်ပြ ဖတ်ပြရင်း ရှူး
ရှူးရှရ
ှဲ ဆက်ဖြစ်နေတော့တယ်။ ကျနော်က သူ့ကို အပြစ်မမြင်မိဘဲ သူပြောတာ ရပ်တဲ့အထိ အေးအေးဆေးဆေး
နားထောင်နေလိုက်တယ်။
သူက အရင်လထုတ် မြားနတ်မောင်မှာပါတဲ့ ညီညီတင် (မြောင်းမြ) ရဲ့ ဝေဖန်စာအပေါ် မကျေလည်လို့ တောင်း
ပန်စာ ထည့်ခိုင်းမလို့ တိုက်ပေါ်တက်လာတာပါ။ ဆောင်းပါးရှင်က အဆိုတော် အဲလက်စ်ရဲ့ ‘နေ့သစ်များကို ကြို
ဆိုခြင်း’ ဆိုတဲ့ သီချင်းခွေကို ဝေဖန်ထားတာပါ။ ဝေဖန်တဲ့အခါမှာ စာသားပိုင်း၊ သီဆိုမှုအပိုင်းအပြင် အဲဒီစီးရီးကို
တီးခတ်တဲ့ မျိုးမျိုးတို့ရဲ့ Ghost Rider Band ရဲ့ တီးခတ်မှုအပိုင်းကိုလည်း တပါတည်း ဝေဖန်ထားတယ်။
သူ့စကားဆုံးတော့ ကျနော်က ဆောင်းပါးရှင်အနေနဲ့ လူပုဂ္ဂိုလ်ကို ဝေဖန်ထိုးနှက်တာမဟုတ်ဘဲ ဂီတပညာပိုင်း
ဆိုင်ရာကိုပဲ ဝေဖန်ထားတာဖြစ်လို့ မဂ္ဂဇင်းမှာ တောင်းပန်စာ ထည့်ပေးဖို့တော့ မဖြစ်နိုင်ဘူး၊ ဆောင်းပါးကို မကျေ

လည်ဘူးဆိုရင် ပြန်ပြီးတုံ့ပြန်ရေးသားပါ၊ အချက်အလက် အကျိုးအကြောင်း ဆီလျော်ရင် မဂ္ဂဇင်းမှာ ဖော်ပြပေး
မယ်လို့ သူ့ကို အေးအေးဆေးဆေး ပြောပြတယ်။
ဒါပေမယ့် သူက ပြန်မရေးချင်ဘူးလို့ ပြောတယ်။ အဲဒါနဲ့ ကျနော်က ဆက်ပြောတယ်။ ပြန်မရေးချင်ဘူး၊ အသရေ
ဖျက်မှုနဲ့ တရားစွဲချင်တယ်ဆိုရင်လည်း လူချင်း ရင်းနှီးတာကို အားမနာနဲ့၊ တရားစွဲစရာရှိတာ စွဲပါ။ ပုဂ္ဂိုလ်ရေးခင်
မင်မှု မပျက်ပြားစေရဘဲ ဥပေဒကြောင်းအရ လိုက်ပြီး ဖြေရှင်းပေးမယ်လို့ ကျနော် သူ့ကို ရှည်ရှည်ဝေးဝေး ဆက်
ရှင်းပြတယ်။
သူက တရားစွဲမယ်လည်း မပြောဘဲ စာရေးဆရာရဲ့ လိပ်စာကို သိချင်တယ်လို့ ကျနော့်ကို တောင်းဆိုပြန်တယ်။
တကယ်တော့ စာရေးဆရာရဲ့ လိပ်စာဆိုတာ အယ်ဒီတာတို့ စောင့်စည်းရမယ့် ၀တ္တရားအရ ကာယကံရှင်က ခွင့်
ပြုမှသာ ပြောရမှာပါ။ ဒါပေမယ့် အဆင်ပြေချင်တော့ အဲဒီဆောင်းပါးရှင်ပါတဲ့ ကဏ္ဍက ပရိသတ်ရဲ့အသံ (ဂီတ)
ဖြစ်တဲ့အတွက် ကျနော်က ရေးသားသူ ပရိသတ်ရဲ့ လိပ်စာကို ဆောင်းပါးအောက်ဆုံးမှာ ဖော်ပြပေးထားတယ်။
ဆောင်းပါးရှင်က သူ့ရဲ့လိပ်စာမှာ မူဆယ်တဘက်ကမ်း တရုတ်ပြည် ရွှေလီက နိုက်ကလပ်မှာ ဒရမ်တီးသူအဖြစ်ပါ
ဖော်ပြထားတယ်။
အဲဒါနဲ့ ဆောင်းပါးရှင်ကို တွေ့ချင်တယ်ဆိုရင် အဲဒီလိပ်စာအတိုင်း လိုက်သွားဖို့ပဲ ကျနော်က မျိုးမျိုးကို အကြံပြု
လိုက်တယ်။ အဲဒီလိပ်စာကို မျိုးမျိုးလည်း မဂ္ဂဇင်းထဲမှာ ဖတ်မိပြီးသားဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် ဆောင်း
ပါးရှင်နေတဲ့နေရာက ဝေးလို့လားမသိဘူး၊ မျိုးမျိုးက ဒီလူ ရန်ကုန်မှာ ရှိလို့ကတော့ ကားနဲ့ပဲ တိုက်သတ်ချင်တယ်
လို့ ဆက်ပေါက်ကွဲပြန်တယ်။ ကျနော် အံ့အားသင့်သွားတယ်။
အဲဒါနဲ့ ကျနော်က “ညီရယ် စိတ်လျှော့ပါ။ အဲလိုစိတ်မျိုးတော့ မထားပါနဲ့။ အစ်ကို ပြောပြသလို ပြန်ရေးချင်တယ်
ဆိုလည်း ရေးပါ။ ဒါမှမဟုတ် ကိုယ်တိုင်မရေးချင်ဘူး၊ တခြားရေးတတ်တဲ့သူ ရှိတယ်ဆိုရင်လည်း သူ့ကို ညီက အ
ချက်အလက်ပြောပြပြီး ရေးခိုင်း၊ အချက်အလက် အကျိုးအကြောင်း ဆီလျော်ရင် မဂ္ဂဇင်းမှာ ဖော်ပြပေးပါမယ်။ အဲ
လောက်နဲ့တင် မကျေနပ်လို့ စာရေးသူကိုရော အယ်ဒီတာကိုပါ တရားစွဲချင်တယ်ဆိုလည်း စွဲပါ၊ အစ်ကိုတို့ ရင်
ဆိုင်ပေးပါမယ်။ အဲဒီအတွက် ညီနဲ့ အစ်ကို့ကြားမှာ အခင်အမင် မပျက်စေရပါဘူး” ဆိုတဲ့သဘော နှစ်သိမ့်စကား
ပြောမိတယ်။
နောက်ဆုံးတော့ သူ့ဘက်က ဘာလုပ်မယ်ဆိုတာကိုလည်း မပြောဘဲ ကျနော့်ကို နှုတ်ဆက်ပြီး သုန်သုန်မှုန်မှုန်နဲ့
တိုက်ပေါ်က ပြန်ဆင်းသွားတယ်။ နောက်တရက်မှာ သူ တိုက်ပေါ် ထပ်တက်လာပြန်တယ်။ သူက တောင်းပန်စာ
မထည့်ပေးနိုင်ရင်လည်း ဒီဆောင်းပါးကို ထည့်သွင်းဖော်ပြတာဟာ Ghost Rider Music Band ကို ထိခိုက်နစ်နာ
စေလိုတဲ့ ဆန္ဒမရှိပါဘူးဆိုတဲ့ စာသားရေးပြီး မဂ္ဂဇင်းမှာ ဖော်ပြပေးဖို့ တောင်းဆိုတယ်။ ကျနော်က အဲဒါလည်း
ဘယ်လိုမှ မဖြစ်နိုင်တ့အ
ဲ ကြောင်း သူ ကျေလည်အောင် ရှင်းပြပြီး ဟိုတနေ့က ပြောပြပြတဲ့အတိုင်းပဲ ဆောင်ရွက်
ပေးနိုင်မယ့်အကြောင်း ထပ်ပြောပြတော့ သူ ဆက်မတောင်းဆိုတော့ဘဲ ပြန်ဆင်းသွားတယ်။ မဂ္ဂဇင်းတိုက်ပေါ်
နှစ်ခါတက်လာအပြီးမှာ သူ ထပ်ပေါ်မလာတော့ဘူး။ နောက်ပိုင်း လမ်းမှာတွေ့တော့လည်း သူ စိတ်ပြေသွားလို့
လားမသိဘူး ၊ အပြုံးမပျက် နှုတ်ဆက်ဖြစ်လျက်ပါပဲ။
နောက်တခါ မြားနတ်မောင်မှာပါတဲ့ ‘ဦးဦးမြားနတ်မောင် ဖြေပါ’ ကဏ္ဍက အဖြေတခုကို မကျေလည်လို့ လူရွှင်
တော် သရဲလေးကောင်က တရားစွဲမယ်ဆိုပြီး နို့တစ်စာပို့တာ၊ ပေါ်ပြူလာဂျာနယ်က အယ်ဒီတာ အမျိုးသမီးငယ်
တဦးက ကျနော်ရေးတဲ့ စာနယ်ဇင်းသမားတွေနဲ့ သက်ဆိုင်တဲ့ အယ်ဒီတာ့အာဘော်ကို မကျေလည်လို့ တရားစွဲ

မယ်ဆိုပြီး နို့တစ်စာပို့တာတွေကိုလည်း ဖြေရှင်းခဲ့ရပါတယ်။ အဲဒါတွေကိုတော့ ရှည်နေမှာစိုးလို့ အကျယ်တ၀င့်
မပြောတော့ပါဘူး။
အယ်ဒီတာဘ၀ကို ချုပ်ပြောရရင်တော့ လုပ်ကိုင်ခဲ့တဲ့ (၁၀) နှစ်တာကာလအတွင်းမှာ စိန်ခေါ်မှုတွေ၊ ပြဿနာအ
ခက်အခဲတွေ တပုံတခေါင်းပါပဲ။ ပျော်စရာ၊ ကြည်နူးပီတိဖြစ်စရာ၊ လွမ်းမောစရာတွေလည်း အများကြီးပါပဲ။ ဒါပေ
မယ့် ကျနော်က မြားနတ်မောင်မဂ္ဂဇင်းကို နိုင်ငံရေးအခြေခံစိတ်နဲ့ ပုံဖော်ခဲ့တဲ့အပေါ်မှာ ဆရာမကြီး လူထုဒေါ်အ
မာ၊ ဆရာကြီး ဒဂုန်တာရာ၊ ဆရာကြီး ပါရဂူတို့လို အရှိန်အ၀ါကြီးတဲ့ ပုဂ္ဂိုလ်တွေကအစ မြားနတ်မောင်ကနေ စင်
တင်ပေးနိုင်ခဲ့တဲ့ ကလောင်ရှင်တွေအဆုံး စိတ်တူကိုယ်တူ၊ ရပ်တည်ချက်တူ၊ ရင်ဘတ်ချင်းတူတဲ့သူတွေနဲ့ တွေ့ကြုံ
ဆုံစည်းခွင့်ရခဲ့လို့ စိန်ခေါ်မှုတွေ၊ ပြဿနာအခက်အခဲတွေ ဘယ်လောက်ပဲ ရှိခဲ့ရှိခဲ့ပေါ့နော်၊ နေပျော်တဲ့ဘ၀တခုကို
ကာလအတိုင်းအတာတခု ပိုင်ဆိုင်ခွင့်ရခဲ့တယ်လို့ ကျနော် ခံယူမိပါတယ်။ ကျနော့်ရဲ့ ရှေ့ဆက်ရမယ့်ခရီးအတွက်
အားတွေလည်း အများကြီးရစေခဲ့တယ်လို့ ယူဆမိပါတယ်။ နောင်တချိန်မှာလည်း အဲဒီလူတွေနဲ့ ပြန်လည်လက်တွဲ
ပြီး အလုပ်လုပ်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။
မေး ။

။ ဘယ်အချိန်က နယ်စပ်စရောက်ခဲ့သလဲ။ ဆရာ့ဘလော့ဂ်ကို ဘယ်အချိန်က စလုပ်ခဲ့သလဲ။ မဂ္ဂဇင်း

အယ်ဒီတာ ဘ၀နဲ့ ဘလော့ဂါသမားဘ၀ ဘယ်လိုကွာခြားချက်ရှိတယ်လို့ ထင်သလဲ။
ဖြေ ။

။ ကျနော် ၂၀၀၅ ခုနှစ် ဇူလိုင် (၁) ရက်နေ့မှာ နယ်စပ်ကို စရောက်ခဲ့ပါ တယ်။ ဘလော့ဂ်ကိုတော့ ၂၀၀၇

ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမတိုင်မီမှာ ABSDF ရဲဘော် ကိုဇင်မိုး (ကိုဈာန်) က ဆောက်ပေးခဲ့တာပါ။ မှတ်မှတ်
ရရ ရန်ကုန်မှာ သံဃာတော်တွေ စပြီး စီတန်းလမ်းလျှောက်တဲ့ စက်တင်ဘာလ (၁၈) ရက်နေ့မှာ ဘလော့ဂ်ကို
လွှင့်တင်ဖြစ်ခဲ့ပါတယ်။ စလုပ်တုန်းကတော့ ကိုယ်ရေးဖြစ်ခဲ့တဲ့ ပို့စ်လေးတွေကို ဖတ်ချင်သူတွေ တစုတစည်း
တည်း ဖတ်ရရုံလောက် တင်ထားဖို့ပဲ စိတ်ကူးရှိခဲ့တာပါ။ လုပ်ရင်းလုပ်ရင်းနဲ့မှ ဘလော့ဂ်ရဲ့ အာနိသင်ကို ပိုသိလာ
ပြီး အခုအခြေအနေထိ ရောက်လာ တာပါ။
မဂ္ဂဇင်းအယ်ဒီတာဘ၀နဲ့ ဘလော့ဂါဘ၀က တော်တော်လေး ကွာပါတယ်။ ကျနော် ပြည်တွင်းမှာ အယ်ဒီတာလုပ်
ခဲ့တာက တလတခါထုတ်တဲ့ ရသမဂ္ဂဇင်းဆိုတော့ စာမူတွေကို အေးအေးလူလူ ဖတ်၊ စိမ်ပြေနပြေ ရွေးချယ်လို့ရ
တဲ့ အခွင့်အလမ်းရှိတယ်။ ဒါပေမယ့် စာပေစိစစ်ရေးဆိုတဲ့ ဧရာမ အတားအဆီးကြီးကို စိတ်ညစ်စရာ ကောင်း
လောက်အောင် ကျော်ဖြတ်ရတာကြောင့် နှောင့်နှေးကြန့်ကြာတာတွေ၊ ပျက်စီးဆုံးရှုံးတာတွေ အရမ်းများပါတယ်။
စာပေစိစစ်ရေးနဲ့ ဆက်ဆံရတာက အရူးလင်လုပ်ရသလိုပါပဲ။ ဘလော့ဂ်ကျတော့ နေ့စဉ် နိုင်ငံရေးသတင်းလင့်ခ်
တွေ ချိတ်ဆက်ပေးဖြစ်တယ်၊ နိုင်ငံရေးဆောင်းပါးတွေ၊ ဗွီဒီယိုတွေ၊ အသံဖိုင်တွေကို ဦးစားပေးတင်ဖြစ်တယ်။
speed က အရမ်းမြန်ပြီး ဘာအတားအဆီးမှမရှိတော့ ကိုယ်အိုင်ဒီယာရှိရင်ရှိသလို စိတ်သွားတိုင်း ကိုယပ
်ါတယ်
ပေါ့။ မဂ္ဂဇင်းတုန်းကလို စုဖွဲ့လုပ်ဆောင်တာမျိုးမဟုတ်ဘဲ တယောက်တည်း ရွေးချယ်၊ တယောက်တည်း ဆုံးဖြတ်
လုပ်ဆောင်ရတာဆိုတော့ အလုပ်ပိုတွင်သလို တာဝန်ပိုကြီး၊ အန္တရာယ်လည်း ပိုများတယ်လို့ မြင်ပါတယ်။
မေး ။

။ ဆရာ့ဘလော့ဂ်က လူကြည့်အများဆုံး ဘလော့ဂ်ပါ။ တနေ့ ပျှမ်းမျှဝင်ကြည့်သူ ဘယ်လောက်လောက်

ရှိသလဲ။ ဘာကြောင့် ဘလော့ဂ်အောင်မြင်တယ်လို့ ထင်သလဲ။ အဲဒီအတွက် နေ့စဉ် အချိန်ဘယ်လောက်ပေးရ
သလဲ။
ဖြေ ။ ။ တနေ့ပျှမ်းမျှ ၀င်ကြည့်နှုန်းက visitors ၈,၀၀၀ ကနေ ၁၀,၀၀၀ ကြားလောက်ရှိမယ်ထင်ပါတယ်။ page
views အနေနဲ့ဆိုရင်တော့ တနေ့ ၂၅,၀၀၀ နဲ့ ၃၀,၀၀၀ ကြားလောက် ဖတ်ရှုနေတာကို တွေ့ရပါတယ်။ ဘလော့ဂ်

တခု အောင်မြင်တယ်ဆိုတာကို ဘယ်လိုစံနှုန်းနဲ့ တိုင်းတာလဲဆိုတာ ကျနော် မသိပါဘူး။ စာဖတ်သူတွေ အဓိက
လာဖတ်ကြတာကတော့ သတင်းလင့်ခ်တွေ ချိတ်ဆက်ပေးတာ ပုံမှန်နီးပါးဖြစ်လို့ရယ်၊ တခြားမီဒီယာသမားတွေ၊
ဘ၀တူ ဘလော့ဂါတွေ တင်လေ့တင်ထသိပ်မရှိတဲ့ (ဆူဆဲတာ၊ မုန်းတီးတာ ခံရတတ်တဲ့) ပို့စ်မျိုးတွေ တခါတရံ
ကျနော့်ဘလော့ဂ်မှာ ဖတ်ရလေ့ရှိလို့ ဖြစ်မယ်ထင်တယ်။ ကျနော် သေချာတော့ မစဉ်းစားကြည့်မိပါဘူး။
ကျနော်က ကိုယ်လုပ်ချင်တာလေးကို လုပ်ခွင့်သာတုန်း အရူးအမူး လျှောက်လုပ်နေရတာကိုပဲ ကျေနပ်နေမိ တာ
ပါ။ နေ့စဉ် မနက်ပိုင်း (၂) နာရီဝန်းကျင်၊ ညပိုင်းဆို (၃) နာရီဝန်းကျင်လောက်တော့ အနည်းဆုံး အချိန်ပေးဖြစ်ပါ
တယ်။ တင်စရာ ပို့စ်များရင် များသလို အချိန်ပိုယူရတာမျိုးလည်း ရှိပါတယ်။
မေး ။

။ ဘလော့ဂ်အတွက် အဖွဲ့အစည်းတခုခုကများ ငွေကြေးထောက်ပံ့မှု ပေးတာရှိလား။ ဘာရည်ရွယ်ချက်နဲ့

ဒီလို စိုက်လိုက်မတ်တတ် ဘလော့ဂ်ကို လုပ်နေတာလဲ။
ဖြေ ။

။ ဘလော့ဂ်လုပ်ဖို့အတွက် ဘယ်အဖွဲ့အစည်းကမှ ငွေကြေးထောက်ပံ့တာ မရှိပါဘူး။ တချို့ကတော့ ကျ

နော် အချိန်ပြည့်နီးပါး ဘလော့ဂ်လုပ်နေတယ်ထင်လို့လားမသိဘူး။ ကျနော် ဘယ်လိုဝင်ငွေနဲ့ နေထိုင်စားသောက်
နေလဲဆိုတာကို ရင်းနှီးသူတချို့က ပွင့်ပွင့်လင်းလင်း မေးမြန်းကြတာရှိပါတယ်။ အဲလို မေးလာသူတွေကိုတော့
“ကျနော်က အဓိက စာရေးတာရယ်၊ အယ်ဒီတာလုပ်တာရယ်၊ ဆေးစာနဲ့ ပတ်သက်ပြီး ဘာသာပြန်လေး နည်း
နည်းပါးပါး လုပ်ပေးတာရယ်က ရတဲ့ ငွေစကြေးစလေးနဲ့ နေထိုင်စားသောက်နေပါတယ်” လို့ ပြန်ဖြေဖြစ်ပါတယ်။
ဘာဖြစ်လို့ ဘလော့ဂ်ကို စိုက်လိုက်မတ်တပ် လုပ်ဖြစ်နေတာလဲဆိုတော့ …
နံပါတ် (၁) အချက်က ကျနော် လုပ်ချင်တဲ့၊ ကျနော့်ဝါသနာဗီဇနဲ့ ကိုက်ညီတဲ့ အလုပ်မို့ မပျင်းမရိ လုပ်ဖြစ်နေတာ
လို့ ထင်ပါတယ်။ ကျနော့်အနေနဲ့တော့ ဘလော့ဂ်လုပ်ရတာ meditation လုပ်ရသလိုပဲ ခံစားရပါတယ်။ အာရုံပျံ့
လွင့်မှုနည်းတော့ စိတ်ငြိမ်းချမ်းမှုကိုလည်း တပါတည်း ဖြစ်ပေါ်စေပါတယ်။
နံပါတ် (၂) အချက်ကတော့ နိုင်ငံတကာမှာ ရောက်ရှိပြီး အချိန်လု အလုပ်လုပ်ကိုင်နေရတဲ့ ကျနော်တို့ မြန်မာ နိုင်
ငံသားတွေ အချိန်သပ
ိမကုန်ဘဲ သတင်းတွေ တစုတစည်းတည်း ဖတ်ဖြစ်စေချင်တာရယ်၊ ဒီမိုကရေစီရေး သွေး
အေးမသွားအောင် ကျနော့်ဘလော့ဂ်မှာ ဆုံရပ်တခုလိုမျိုး ဖြစ်စေချင်တာကြောင့် အချိန်မှန် လုပ်ချင်တဲ့စိတ် ဖြစ်
ပေါ်နေတာပါ။
နံပါတ် (၃) အချက်ကတော့ လုပ်ရင်းလုပ်ရင်း ဘလော့ဂ်ရဲ့ အာနိသင်ကို ကျနော် ပိုသဘောပေါက်လာတယ်။ ပို
သဘောပေါက်လာတဲ့အခါကျတော့ ဘလော့ဂ်ဆိုတာ အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်တွေကို ၀ိုင်းပြီးဖြိုဖျက်ရာမှာ
တချို့သော ဒေါက်တိုင်တွေကို တတိတိ လှီးဖြတ်ပေးနိုင်မယ့် လွှတစင်းလို့ အလေးအနက် ယုံကြည်လာတာ
ကြောင့်လည်း ကျနော် အားတက်သရော လုပ်ဖြစ်နေတာပါ။
မေး ။

။ ထိုင်း-မြန်မာနယ်စပ်မှာ ဘလော့ဂါသမားတယောက် ရင်ဆိုင်ရတဲ့ အခက်အခဲတွေရှိလား။ လုံခြုံရေးက

အစပေါ့။ နိုင်ငံရေးသမားတွေ တော်လှန်ရေးသမားတွေကကော ဘလော့ဂ်ကို ကြိုဆိုကြရဲ့လား။
ဖြေ ။

။ အခုအထိတော့ ရင်ဆိုင်ရတဲ့ အခက်အခဲ ကြီးကြီးမားမား မရှိပါဘူး။ တင်တဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး

ကျနော့်အပေါ် နားလည်မှုလွဲတာမျိုး၊ အဓိပ္ပါယ်ကောက်လွဲပြီး ကျွဲမြီးတိုကြသူတွေက ကျနော့်ကို ပုဂ္ဂိုလ်ရေး ထိုး

နှက်တိုက်ခိုက်တာမျိုး၊ ရိုက်မယ်နှက်မယ်လို့ ကြိမ်းဝါးတာကို တဆင့်ပြန်ကြားရတာမျိုးတွေတော့ မကြာမကြာ ရှိပါ
တယ်။ ဟိုတလောလေးကပဲ PVA အဖွဲ့ခေါင်းဆောင် မိတ်ဆွေကြီး ကိုသိန်းဆန်း ကျနော့်အပေါ် နားလည်မှုလြွဲ ပီး
စိတ်မချမ်းမမြေ့ ဖြစ်နေတယ်ကြားလို့ လူချင်းဆုံပြီး ရှင်းပြဖြစ်ခဲ့တာမျိုး တကြိမ်ရှိခဲ့ပါတယ်။ ရှင်းပြလိုက်တော့
လည်း နားလည်မလ
ွှုဲနေတဲ့ အကြိတ်အခဲတွေ ပြေပျောက်ပြီး အိုကေသွားတာပါပဲ။
ကျနော်က ဘယ်သူ့ကိုမှ သာစေနာစေဆိုတဲ့ စိတ်မျိုး၊ အချစ်အမုန်းထားတဲ့ စိတ်မျိုးနဲ့ လုပ်နေတာမဟုတ်ပါဘူး။
ကိုယ့်တိုင်းပြည် အာဏာရှင်စနစ်အောက်က အမြန်လွတ်မြောက်ချင်တဲ့ စိတ်တခုတည်းနဲ့ လိပ်ပြာသန့်သန့် လုပ်
နေတာမို့ လုံခြုံရေးဆိုတဲ့ကိစ္စကို ကျနော် မစဉ်းစားမိပါဘူး။ ရင်းနှီးသူတချို့ကတော့ ကျနော့်ကို သံခမောက် မ
ဆောင်းသေးဘူးလားလို့ နောက်ကြတယ်။ အဲဒီလို နောက်တဲ့သူတွေကိုတော့ “ဘာကောင်မှမဟုတ်တဲ့ ကျနော့်ကို
ဘယ်သူက လက်အညောင်းခံပြီး လာရိုက်မှာလဲ” လို့ပဲ ကျနော် ဟာသနှောဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေက ကျနော့်ဘလော့ဂ်ကို ကြိုဆိုသလား မကြိုဆိုဘူးလား ဆိုတာ
တော့ ကျနော် မသိပါဘူး။ နားလည်းမစွင့်မပ
ိါဘူး။ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ပြောရရင် ကိုရဲနွယ်မိုးက ဘယ်လို
ပုဂ္ဂိုလ်တွေကို နိုင်ငံရေးသမား၊ တော်လှန်ရေးသမားလို့ အသိအမှတ်ပြုထားသလဲ၊ ကိုရဲနွယ်မိုး အသိအမှတ်ပြု
ထားတဲ့ ပုဂ္ဂိုလ်တွေရှိရင် သူတို့ကို သွားမေးကြည့်တာ ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
မေး ။

။ ဆရာ့စီဘောက်ကလည်း အံ့ဩစရာနော်။ အဲဒီစီဘောက်ကိုပဲ စောင့်ဖတ်နေကြသူတွေ ရှိတယ်။ စီ

ဘောက် အတွေ့အကြုံလည်း ပြောမှ ပြည့်စုံပါမယ်။
ဖြေ ။

။ ကျနော့်စီဘောက်က တခြားမီဒီယာတွေ၊ ဘလော်ဂါတွေဆီမှာရှိတဲ့ စီဘောက်တွေထက် အတိုင်းအ

တာ တခုအထိ လွတ်လွတ်လပ်လပ် ရေးသားခွင့်၊ ဝေဖန်ခွင့် ပေးထားလို့ စိတ်ဝင်စားမှုပိုကြတာလို့ ထင်မိပါတယ်။
ဒါပေမယ့် လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး အများစိတ်အနှောင့်အယှက်ဖြစ်စရာ အရေးအသားမျိုးတွေ၊ ရုန့်
ရင်းကြမ်းတမ်းစွာ ဆဲဆိုနေတာမျိုးတွေ တွေ့ရလို့ ထိန်းချုပ်ကန့်သတ်ပေးရတာတွေ ရှိပါတယ်။ နအဖစစ်အုပ်စု
ဘက်က လူတွေရော၊ ဒီမိုကရေစီအင်အားစုဘက်က လူတွေရော၊ ဘယ်ဘက်ကမှ ဟုတ်ပုံမရဘဲ အပျော်ဝင်
နောက်နေကြသူတွေရော လူပေါင်းစုံ ၀င်ရေးနေကြတာကိုး။
ဒါပေမယ့် ကျနော် ယုံကြည်တာတခုက ကျနော်တို့ ဒီမိုကရေစီဘက်တော်သား စီဘောက်အသုံးချသူတွေရဲ့ ပ
ညာရေးရေချိန်၊ ယဉ်ကျေးမှုရေချိန်၊ နိုင်ငံရေးရေချိန် ပိုမြင့်လာတာနဲ့အမျှ ကိုယ့်အချင်းချင်း တိုက်ခိုက်မှုတွေ လျော့
နည်းလာမယ်။ အာဏာရှင်စနစ်ရဲ့ အားနည်းချက်တွေကို ထိထိရောက်ရောက် ထောက်ပြဝေဖန် ဆွေးနွေးရေး
သားလာကြမယ်ဆိုရင် စီဘောက်မှာ နအဖစစ်အုပ်စုဘက်တော်သားတွေ ၀င်ရောက်နှောင့်ယှက်တာ၊ အပျော်ဝင်
နောက်တာမျိုးတွေ နည်းသွားမယ်။ စီဘောက်ရဲ့အနေအထားက အာဏာရှင်စနစ်ကို တိုက်ဖျက်ရာမှာ ထိရောက်
တဲ့ လက်နက်တခု၊ ပြည်သူ့ဟစ်တိုင်တခုလို အားကိုးရတဲ့ အဆင့်မျိုးအထိ တက်လှမ်းလာမယ်လို့ ကျနော် ယုံ
ကြည်ပါတယ်။ အဲဒီအဆင့်အထိရောက်ဖို့ နည်းနည်းတော့ စိတ်ရှည်သည်းခံရပါမယ်၊ အချိန်စောင့်ရမယ်လို့ ထင်ပါ
တယ်။
မေး ။

။ စာတွေ ဆက်ရေးနေတာလည်း တွေ့ရတယ်။ စာအုပ်ကလေးတွေလည်း တွေ့ရတယ်။ လုပ် ပါဦး အဲဒီ

အကြောင်း …။
ဖြေ ။

။ စာတွေကတော့ ရေးဖြစ်ပါတယ်။ အဓိကကတော့ ဒီမိုကရေစီတိုက်ပွဲ ပြီးမြောက်အောင်မြင်ဖို့အတွက်

ကိုယ်မြင်တဲ့ အိုင်ဒီယာလေးတွေကို အကြံပြုတဲ့သဘော ရေးဖြစ်တာများပါတယ်။ တခါတခါလည်း စိတ်ကူးပေါ်
ရင်ပေါ်သလို ရသနွှယ်တဲ့ ဆောင်းပါးလေး၊ အက်ဆေးလေး၊ ကဗျာလေး၊ ဟာသလေးတွေ ရေးဖြစ်ပါတယ်။ ရေး
ဖြစ်သမျှလေးတွေကို ဖတ်ချင်သူတွေ တစုတစည်းတည်း ဖတ်လို့လွယ်အောင် ပီဒီအက်ဖ်ဖိုင်လေးတွေ လုပ်ပြီး
ဘလော့ဂ်မှာ တင်ထားဖြစ်ပါတယ်။ ဒီလောက်ပါပဲ။
မေး ။ ။ ရှေ့ ဆရာ ဘာတွေဆက်လုပ်မလဲ။ ဘလော့ဂါသမားပဲလား။ နိုင်ငံရေးသမား လုပ်တော့မှာလား။
ဖြေ ။

။ ဘလော့ဂ်အလုပ်ကိုတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ဆက်လုပ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုး

စားသွားမှာပါ။ ဘလော့ဂ်လုပ်ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အခွင့်သင့်တုန်း ဘလော့ဂ်ကို တည်ဆောက်ပေးခဲ့တဲ့ ကို
ဇင်မိုး (ကိုဈာန်) ကို ကျေးဇူးစကား ပြောကြားလိုသလို နည်းပညာပိုင်း အကူအညီလိုတ့အ
ဲ ခါ မဆိုင်းမတွ အကူအ
ညီပေးတတ်ကြတဲ့ စောလင်းကျော် (နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ်)၊ ကိုထော်ကြီး (နေ့သစ်မီဒီယာ) နဲ့ ကို
သန်းထွဋ် (ဒေါင်းမာန်ဟုန်ဘလော့ဂ်) တို့ကိုလည်း ကျေးဇူးစကား ပြောကြားလိုပါတယ်။ ဒါ့အပြင် မေတ္တာနဲ့ စာမူ
ရေးသားချီးမြှင့်ကြတဲ့ စာရေးသူတွေအားလုံး၊ ဖတ်ရှုအားပေးတဲ့ စာဖတ်ပရိသတ်အားလုံးကိုလည်း မမေ့မလျော့
ကျေးဇူးစကား ပြောကြားလိုပါတယ်။
နိုင်ငံရေးသမားလုပမ
ှ်ာလားဆိုတဲ့ နောက်ဆုံးမေးခွန်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ကျနော့်မှာ နိုင်ငံရေးကို လုပ်
ကိုလုပ်မှဖြစ်မယ်ဆိုတဲ့ ပိုင်းဖြတ်ထားချက်ရှိပါတယ်။ နောက်ပြီး တော်တဲ့ ထက်မြက်တဲ့ နိုင်ငံရေးသမား ကောင်း
တွေကို ကျနော် အားကျတယ်၊ လေးစားတယ်။ ဘာဖြစ်လို့ အားကျတာလဲ၊ ဘာဖြစ်လို့ လေးစားတာလဲဆိုတော့
သူတို့က သူတို့လူ့အဖွဲ့အစည်း တိုးတက်မြင့်မားဖို့အတွက် ထိရောက်တဲ့အလုပ်တွေ အများကြီး လုပ်ပေးသွားနိုင်ခဲ့
ကြတာကို တွေ့ရလို့ အားကျတာပါ။ လေးစားတာပါ။
နောက်ပြီး စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးတဲ့ ဆောင်းပါးတပုဒ်ထဲက စကားတခွန်းကိုလည်း ကျနော် သ
ဘောကျမိတယ်။ “ကိုယ်က အများအတွက် လုပ်ပေးချင်တယ်ဆိုရင် အာဏာကို တရားတဲ့နည်းနဲ့ ရအောင် ယူ
တတ်ရမယ်။ အာဏာရှိမှ ထိထိရောက်ရောက် ပိုလုပ်ပေးနိုင်မယ်” ဆိုတဲ့ စကားလေးပါ (စကားလုံးအတိအကျ
တော့ မဟုတ်ပါဘူး)။
ဒါပေမယ့် ကျနော် ဘယ်လိုပဲ ပိုင်းဖြတ် ပိုင်းဖြတ်၊ ဘယ်သူ့ကိုပဲ အားကျ အားကျ၊ လေးစား လေးစား၊ ဘ၀ဆိုတာ
က ဆရာဦးသုခ ဆိုခဲ့သလို “ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ” ဆိုတာမျိုး
လည်း ရှိတတ်တော့ နိုင်ငံရေးသမားလုပ်မှာလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ငွေရောင်ပိတ်ကားပေါ်မှာပဲ ဆက်
လက်ရှုစားပါလို့ ဖြေကြားလိုက်ပါရစေလား ကိုရဲနွယ်မိုးရေ …။ ကျေးဇူးပါနော်။ ။
ကျေးဇူးပါပဲဆရာ။
(မောက္ခပညာရေးမဂ္ဂဇင်းဝက်ဘ်ဆိုက်မှ ...)

မြောက်ဥက္ကလာပ၊ ကန်ဘဲ့မှသည် ၂၇ လမ်းသို့ …
ဒေါက်တာလွဏ်းဆွေ
မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးတွင် အလုပ်သင်ဆရာဝန်အဖြစ် ကျနော် တာဝန်ထမ်းဆောင်
ကာစ ၁၉၉၅ ခုနှစ် မိုးတွင်းပိုင်းလောက်က ဖြစ်သည်။ တညနေတွင် အလုပ်သင်ဆရာဝန်များ နေထိုင်သည့် အ
ဆောင်အောက်ထပ်ရှိ ကျနော့်အခန်းသို့ စီနီယာတန်းမှ အစ်ကိုတယောက် ပေါက်ချလာသည်။ သူက ကျနော်နှင့်
ဆေးတက္ကသိုလ် (၂) မဂ္ဂဇင်း အတူတူလုပ်ခဲ့ကြရင်း ရင်းနှီးနေသူဖြစ်သည်။ သူက ခန်းဆီးစကို လှပ်၍ အခန်းထဲ
ခေါင်းပြူကြည့်ကာ “ဟာ ဗိုလ်လွဏ်း စာဖတ်နေတာလား” ဟုမေးရင်း ကျနော့်ကို အားနာသည့် အကြည့်နှင့် နှုတ်
ဆက်သည်။ ကျနော်က ပက်လက်ကုလားထိုင်မှ ကြွလိုက်ရင်း “အထွေအထူးမဟုတ်ပါဘူး။ ငှားထားတဲ့ မဂ္ဂဇင်း
တွေ ထိုင်ဖတ်နေတာ။ ကဲ … အစ်ကို ဘာကိစ္စရှိလို့လဲ ပြော။ ကျနော် ဘာအကူအညီပေးရမလဲ” ဟု ပြန်မေးလိုက်
သည်။ သူက “ဒီနေ့ ဂျူတီကျနေလို့ ကိုယ့်ဆေးခန်းကို ဗိုလ်လွဏ်း ရလီဗင် သွားပေးနိုင်မလား” ဟု ကျနော့်ကို
မေးသည်။ ကျနော်က “ရပါတယ်၊ အစ်ကို့ဆေးခန်းက ဘယ်နားမှာလဲ” ဟု ပြန်မေးမှ သူက ၀မ်းသာသွားသည့်
ဟန်နှင့် အခန်းထဲ ၀င်လာကာ သူ ဖွင့်ထားသည့် ဆေးခန်းနေရာကို မြေပုံဆွဲပြသည်။ ထို့နောက် မနေ့က သူ့ဆေး
ခန်းကို လာပြသည့် လူနာတချို့အကြောင်းနှင့် စမ်းသပ်ခ၊ ဆေးဖိုးယူပုံယူနည်းကို ကျနော့်အား ပြောပြသည်။ ပြီး
သည်နှင့် ကျနော့်ကို ဆေးခန်းသော့ ပေးပြီး “ကျေးဇူးပဲကွာ” ဟုပြော ကာ သူ ထွက်သွားတော့သည်။
အမှန်စင်စစ်မူ အလုပ်သင်ဆရာဝန်ဘ၀တွင် ဆေးကုသခွင့်လိုင်စင် မရှိသေးသဖြင့် ဆေးခန်းဖွင့်ခွင့်မရှိပါ။ သို့
သော် အခြေအနေအရ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မှ ဖြစ်မည့်သူများနှင့် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချ
ချင်သူများကတော့ နားလည်မှုဖြင့် ထိုသို့ ဆေးခန်းဖွင့်လှစ်ကာ လုပ်ကိုင်ခြင်းမျိုး၊ တယောက် မအားပါက တ
ယောက်က အစားသွားပြီး ဆေးခန်းထိုင်ပေးခြင်းမျိုး ကျနော်တို့ အလုပ်သင်ဆရာဝန်ဘ၀တွင် ရှိပါသည်။ ကျ နော်
ကမူ ကိုယ်ပုင
ိဆေးခန်းမဖွင့်ဘဲ အလုပ်သင်ဆရာဝန်လစာနှင့် အိမ်ကပို့သည့် ငွေကို ပေါင်းပြီး ကျောင်းသားဘဝ
ကလိုပင် အခန့်သင့်သုံးကာ အားလပ်ချိန်အများစုကို စာဖတ်ခြင်း၊ တခါတရံ သူငယ်ချင်းများနှင့်အတူ ပိုကာဆွဲ
ခြင်း၊ တချပ်မှောက်ကစားခြင်း၊ ယမကာမှီဝဲခြင်းတို့ဖြင့် အချိန်ဖြုန်းကာ ဖြတ်သန်းခဲ့ပါသည်။
ဆေးခန်းသို့ ကျနော်ရောက်သွားချိန် မှောင်ရီေ၀၀ိုးတ၀ါး၌ မိုးဖွဲဖွဲအောက်တွင် လူရှစ်ဦး၊ ကိုးဦးခန့် ထီးဆောင်းသူ
ဆောင်း မိုးကာချုံသူချုံကာ ရပ်စောင့်နေကြသည်ကို တွေ့ရသည်။ သူ၏ ဆေးခန်းကို မြောက်ဥက္ကလာ ဆင်ခြေဖုံး
ရပ်ကွက်ကလေးတခုထဲတွင် တလမ်းဝင်တလမ်းထွက်နှင့် အတော်ရှာယူခဲ့ရသည်။ ၈ ပေ

X

၁၂ ပေခန့်ရှိသည့် ဓနိ

မိုး၊ ၀ါးထရံကာ တဲပုပုကလေးထဲသို့ သော့ဖွင့်ပြီး ကျနော် ၀င်သွားချိန်တွင် “ဒီနေ့ ဆရာ မလာဘူးလား မသိဘူး”
ဆိုသည့် အသံကို သဲ့သဲ့ကြားရသည်။
မှောင်မဲနေသည့် တဲကလေးအတွင်း ကျနော်က ဖယောင်းတိုင်မီးထွန်းရင်း “ဒီကနေ့ ဆရာ ဂျူတီကျနေလို့ ကျ
နော် သူ့အစား လာထိုင်ပေးတာပါ” ဟု ရှင်းပြမှ လူနာများ ဆေးခန်းထဲသို့ ၀င်ထိုင်ကြသည်။ ကျနော်က လူနာတ
ဦးစီကို စမ်းသပ်ကာ ဆေးထိုး၊ ဆေးပေးပြီးတိုင်း သူ၏ မှတ်တမ်းစာအုပ်ကို ကြည့်ပြီး သူ ယူထားသည့် နှုန်းအ
တိုင်းပင် ကုသခကို တောင်းသည်။ သူယူထားသည့် နှုန်းထားကလည်း များများစားစားမဟုတ်။ ဆေးဖိုးအရင်း
တွင် စမ်းသပ်ခ (၂၀) ကျပ်ကိုသာ ထည့်ပေါင်းပြီး တောင်းထားခြင်းဖြစ်သည် (ထိုအချိန်က အထူးကုဆရာဝန်ဆို
လျှင် လူနာတဦးကို စမ်းသပ်ခ ၁၀၀ ကျပ် ယူသည်)။ လာပြသည့် လူနာ (၂၀) ခန့်အနက် မိုးရာသီမို့ တုပ်ကွေး
ဝေဒနာ ခံစားနေကြရသူများက အများစုဖြစ်သည်။ တီဘီရောဂါ သံသယရှိသူနှင့် ငှက်ဖျားရောဂါ ခံစားနေရသူ လူ
နာအချို့လည်းပါသည်။ သွေးပေါင်ကျပြီး အားနည်းနေ၍ အကြောဆေးလာသွင်းသူ လူနာအချို့လည်းပါသည်။

လူနာအများစုကို အ၀တ်အစား နွမ်းနွမ်းဖတ်ဖတ်နှင့် တွေ့ရပြီး လူနာရာဇ၀င် မေးမြန်းချက်အရ လက်လုပ်လက်
စားများ၊ အစိုးရ၀န်ထမ်းများဖြစ်သည်ဟု သိရသည်။
တယောက်ပြီးတယောက် ကြည့်ရှုပေးနေရင်း အသက် (၄၀) အရွယ် အမျိုးသမီးလူနာတဦး၏ အလှည့်ရောက်
လာသည်။ မေးမြန်းကြည့်သည့်အခါ အလုပ်အကိုင်အဖြစ် မြောက်ဥက္ကလာ (ဈ) ဈေးထဲတွင် ဟင်းသီးဟင်းရွက်
ပျံကျရောင်းသည်ဟု သိရသည်။ ဈေးရောင်းရင်း မိုးမိပြီး အအေးပတ်ကာ တုပ်ကွေးကွေးနေခြင်းဖြစ်သည်။ ဆေး
ထိုးပြီးနောက် သောက်ဆေးပေးရင်း ကုသခ (၄၅) ကျပ်ကျကြောင်း ပြောသည့်အခါ ထိုအမျိုးသမီးက လက်ထဲ
တွင် ကျစ်ထားသည့် (၁) ကျပ်တန် ငွေစက္ကူအကြွေတွေကို စားပွဲပေါ်ချပေးရင်း “ဆရာ အစိတ်ပဲပါလို့ ကျန်တာ
နောက်နေ့မှ ပေးပါရစေ” ဟု တောင်းပန်တိုးလျှိုးသည့် လေသံနှင့် ခပ်တိုးတိုး ပြောသည်။
ဖယောင်းတိုင်မီးရောင်အောက်ရှိ သူမ၏ မျက်နှာကို တလှည့် စားပွဲပေါ်ရှိ ကျပ်တန်တွေကို တလှည့် စိုက်ကြည့်
ရင်း ကျနော် စက္ကန့်အနည်းငယ်မျှ တွေနေမိသည်။ ထို့နောက်မှ “ရတယ်အစ်မ၊ ပိုက်ဆံတွေ ပြန်ယူသွားပါ၊ နောက်
နေ့လည်း လာမပေးပါနဲ့တော့၊ သောက်ဆေးကို ဆေးပတ်လည်တဲ့အထိ ပေးလိုက်မယ်၊ ဆေးကိုသာ မှန်မန
ှ်ဆက်
သောက်၊ လုံးဝပျောက်မယ်” ဟု ကျနော် ပြောလိုက်သည်။ သူမက ကျပ်တန်တွေကို ပြန်ယူပြီး နောက် ကျနော့်ကို
အတင်းထိုင်ကန်တော့နေ၍

မကန်တော့ဖို့

အတင်းဆွထ
ဲူကာ

ပြန်ခိုင်းလိုက်ရသည်။

ဆေးခန်းအများစုသည်

သောက်ဆေးကို တရက်စာသာ ပေးလေ့ရှိပြီး နောက်တနေ့ ပြန်ချိန်းတတ်ကြသည်။ ကျနော်လည်း ကျန်သည့် လူ
နာများကို ဆေးခန်းအများနည်းတူ တရက်စာသာ သောက်ဆေးပေးပြီး နောက်တနေ့ ပြန်ချိန်းလိုက်သည်။ ထိုအ
မျိုးသမီးတဦးတည်းကိုသာ အားနာစိတ် သိမ်ငယ်စိတ်တွေဝင်ပြီး နောက်တနေ့ လာမပြတော့မည်ကို စိုးရိမ်၍
သောက်ဆေး တပတ်စာ ပေးလိုက်ခြင်းဖြစ်သည်။
အပြန်တွင် မိုးဖွဲဖွဲအောက်၌ ထီးတဖက်ကိုင်ကာ စက်ဘီးနင်းရင်း ထိုအမျိုးသမီး၏ မျက်နှာကို ပြန်မြင်ယောင်နေမိ
သည်။ လူအများစုကြီးက ဆင်းရဲနေကြပြီး ဆင်းရဲ၍ ဖြစ်ရသည့် ရောဂါဝေဒနာများကို ခံစားနေကြရသူက အများစု
ဖြစ်နေသည့် အခါသမယတွင် ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး ဆေးကုစားဖို့ ကျနော် အသည်းမာနိုင်ပါ့မလားဟုလည်း
တဆက်တည်း စဉ်းစားနေမိသည်။ ထိုနေ့သည် ကျနော်၏ ဘ၀တွင် ပထမဆုံးအကြိမ်အဖြစ် အခကြေးငွေယူပြီး
ဆေးကုသဖူးသည့် နေ့လည်းဖြစ်သည်။
••••••
၁၉၉၆ ခုနှစ် သြဂုတ်လကုနတ
်ွင် ကျနော်၏ အလုပ်သင်ဆရာဝန်ဘ၀ ပြီးဆုံးခဲ့ပြီးနောက် ဆေးခန်းဖွင့်ဖို့ မဖွင့်ဖို့ ကျ
နော် စဉ်းစားပါသည်။ မိဘများထံမှ လက်ဖြန့်တောင်းသုံးရသည်ကိုလည်း လိပ်ပြာမလုံတော့သဖြင့် ကိုယ်ပိုင်ဆေး
ခန်းဖွင့်ပြီး ဆေးကုကာ ၀င်ငွေရအောင်ရှာဖို့ ဆုံးဖြတ်လိုက်ပါသည်။ သို့ဖြင့် စက်တင်ဘာလဆန်းပိုင်းမှစပြီး တောင်
ဥက္ကလာနှင့် ရန်ကင်းအစပ် ကန်ဘဲ့ဘူတာရုံအနီးရှိ မိုးကောင်းဘုရားလမ်းမကြီးပေါ်တွင် (၆) လစာချုပ်ဖြင့် အခန်း
ငှားကာ ဆေးခန်းဖွင့်လိုက်ပါသည်။ ညနေ (၅) နာရီမှ ည (၈) နာရီအထိ ကျနော် ဆေးခန်းသွားထိုင်ပါသည်။
ကျနော်သည် ထိုစဉ်က အလုပ်နှစ်ခုကို တပြိုင်နက်တည်း လုပ်ဖြစ်ခဲ့ပါသည်။ ကျန်တခုက နေ့ခင်းပိုင်းအလုပ်ဖြစ်
ပြီး ကျနော် ၀ါသနာပါသည့် စာပေလုပ်ငန်းဖြစ်ပါသည်။ ရန်ကုန်မြို့လယ်ခေါင်ရှိ (၂၇) လမ်း အောက်ဘလောက်
တွင် ရုံးခန်းဖွင့်လှစ်ကာ ကျနော်၏ ဖခင် ထူထောင်ထားသည့် မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းကို တာဝန်ခံအယ်ဒီ
တာအနေနှင့် စတင်တာဝန်ယူ လုပ်ကိုင်နေခြင်းဖြစ်ပါသည်။ အလုပ်နှစ်ခုစလုံးသည် စတင်လုပ်ကိုင်ကာစဖြစ်၍ အ
ရှုံးပေါ်ပါသည်။ စာပေစိစစ်ရေးရုံးမှ အပြစ်ပေး အရေးယူခြင်းခံရမှုကြောင့် (၆) လ ရပ်နားထားခဲ့ရသည့် မြားနတ်

မောင်မဂ္ဂဇင်းကို အယ်ဒီတာအသစ်ဖြစ်လာသည့် ကျနော်က ပြန်လည်အသက်သွင်းနေရချိန်ဖြစ်သလို ဆေးခန်း
မှာလည်း ဖွင့်လှစ်ကာစဖြစ်၍ လူနာတဦးစ နှစ်ဦးစသာ လာသေးသည့်အချိန်ဖြစ်ပါသည်။
လုပ်ရင်းကိုင်ရင်း လေးလခန့် ကြာသည့်အချိန်တွင် မြားနတ်မောင်မဂ္ဂဇင်းသည် ဈေးကွက်တွင် အခြေအနေပြန်
ကောင်းလာသလို ဆေးခန်းမှာလည်း လူနာ (၁၅) ယောက်ကျော် အယောက် (၂၀) ခန့်အထိ ကုသရသည့် အနေ
အထား ဖြစ်လာပါသည်။ ထိုအချိန်က လူနာတဦးလျှင် စမ်းသပ်ခ၊ ဆေးဖိုးအပါအ၀င် ကုသခကို (၈၀) သို့မဟုတ်
(၁၀၀) ကျပ်ခန့် ယူပါသည်။ အထူးကုဆရာဝန်တယောက် စမ်းသပ်ခ (၂၀၀) ကျပ်ခန့် ယူနေချိန်တွင် ကျနော်တို့
လို အထွေထွေကုဆရာဝန်များက စမ်းသပ်ခ (၄၀) ကျပ်ခန့် ယူသည့်သဘောဖြစ်ပါသည်။
သို့သော် ကြာလာသည်နှင့်အမျှ ကျနော့်တွင် ဆေးကုသပြီး အသက်မွေးဖို့မသင့်သည့် အားနည်းချက်တွေရှိနေ
မှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိလာပါသည်။ ထိုအားနည်းချက်များအနက် သိသာသည့်အချက်မှာ ဆေးကုသ
ပေးပြီးလျှင် လူနာများထံမှ ကုသခတောင်းရန် နှုတ်ဆံ့ေ
ွ နတတ်ခြင်းဖြစ်ပါသည်။ ဆေးခန်းသို့ လာပြသည့် လူနာ
များတွင် ဆင်းရဲသားက အများစုဖြစ်သဖြင့် ကျနော့်စိတ်ထဲ၌ ငါတောင်းလိုက်တာ များသွားမလား၊ လူနာဆီမှာ ပါ
မှ ပါပါ့မလားဆိုသည့် ချီတုံချတုံဖြစ်မှုများနှင့် အမြဲတစေ ရင်ဆိုင်နေရခြင်းအပေါ် ကျနော် စိတ်ကျဉ်းကျပ်နေမိ
သည်။ မကြာခဏဆိုသလို တောင်းနေကျအတိုင်း (၈၀) တောင်းလိုက်လျှင် (၅၀) သာပါသည့် လူနာ၊ (၁၀၀)
တောင်းလိုက်လျှင် (၆၀) သာပါသည့် လူနာများနှင့် ကြုံရပါသည်။ ထိုသို့သော မရှိဆင်းရဲသား လူနာများနှင့်ကြုံ
လျှင် ကျနော့်မှာ အသည်းမမာနိုင်တော့ဘဲ “မပေးပါနဲ့တော့” ဟုပြောကာ ကုသိုလ်ယူလိုက်ရပါတော့သည်။ “မ
သက်သာသေးရင် နောက်နေ့ အလကား လာကုပါ” ဆိုသည့် စကားလည်း ပါးစပ်မှ အော်တိုမစ်တစ် ထွက်သွား
တတ်ပါသေးသည်။
နောက်အားနည်းချက်တခုမှာ လူနာများက တောင်းဆိုသည့်တိုင် ကျနော်က မလိုအပ်ဘူးဟုထင်လျှင် အကြော
ဆေးပုလင်းကြီးများ ချိတ်မပေးတတ်ခြင်းဖြစ်ပါသည်။ ထိုသို့ မလိုအပ်ဘဲ လုပ်ပေးခြင်းဖြင့် ရသည့်ငွေအပေါ် ကျ
နော် လိပ်ပြာမသန့်၍ ဖြစ်ပါသည်။ ဆေးကုသမှုနယ်ပယ်တွင် အကြောဆေးပုလင်း ချိတ်ပေးခြင်းသည် မရှက်တမ်း
ဝန်ခံရပါက စီးပွားရေးအရ တွက်ခြေကိုက်သည်ဟုပင် ဆိုရပါမည်။ ကျနော်က လူနာကို သေသေချာချာ စမ်းသပ်
ကြည့်ပြီး သွေးပေါင်ချိန်ကြည့်ကာ သွေးပေါင်ချိန်ကောင်းမွန်နေလျှင် အားဆေးသောက်ဖို့သာ ညွှန်တတ်ပါသည်။
အချို့လူနာများသည် ဘာမှ ထွေထွေထူးထူးမဖြစ်ပါဘဲနှင့် အကြောဆေးပုလင်းလေး ချိတ်လိုက်ရမှ နေထိုင်
ကောင်းသည့်သဘောမျိုး ဆိုက်ကိုဝင်နေတတ်ကြပါသည်။ ထိုသို့သော လူနာများက ကျနော့်ဆေးခန်းသို့ မလာ
ကြတော့ဘဲ မျက်စောင်းထိုးရှိ ဆေးခန်းသို့သွားကာ အကြောဆေးပုလင်းတွေ အပြိုင်အဆိုင် ချိတ်ကြပါတော့
သည်။ အဆိုပါဆေးခန်းမှ ဆရာဝန်သည် သူတို့ တောင်းဆိုသည်ကို အသာတကြည် လိုက်လျောသည့်အတွက်
ကျနော့်ထက် သဘောပိုကောင်းသည်ဟုလည်း ထိုလူနာများ မှတ်ယူကြပုံ ပေါ်ပါသည်။ အဆိုပါဆေးခန်းတွင် အ
ကြောဆေးပုလင်းချိတ်နေကြသည့် လူနာများ ဆေးခန်းနှင့် မဆံ့သည့်အတွက် ဆေးခန်းရှေ့၌ပင် ပက်လက်ကု
လားထိုင်တွေ ခင်းကာ ကြိုးတန်းလန်းတွေနှင့် ချိတ်ပေးနေသည်ကို နေ့စဉ် မြင်တွေ့နေရပါသည်။
တညနေတွင် အသက် (၃၀) ကျော် အမျိုးသားတဦး ပေါင်ကတ
ွ ကွတဖြင့် လမ်းလျှောက်ကာ ကျနော့်ဆေးခန်းထဲ
သို့ ၀င်လာပါသည်။ သူ့ကို ကြည့်ရသည်မှာ ရှက်ရွံ့သည့်ပုံ ပေါ်နေပါသည်။ သူ ခံစားနေရသည့် ဝေဒနာကိုလည်း
သူ့ဘာသာ သိနေပုံပေါ်သည်။ ကျနော် စမ်းသပ်ကြည့်သည့်အခါ ညာဖက်ပေါင်ခြံတွင် ကျောက်ခဲလို မာတင်းနေ
သည့် အကျိတ်ကြီး အတန်းလိုက် ခုနေသည်ကို တွေ့ရပါသည်။ ကာလသားရောဂါပိုးတွေရှိသည့် ပြည့်တန်ဆာ
များနှင့် အကာအကွယ်မယူဘဲ လိင်ဆက်ဆံရာမှ ကူးစက်လာခြင်းဆိုသည်ကို လူနာအား မမေးဘဲနှင့် ပြောလို့ရ

နေသည်။ အရပ်အခေါ်အတိုင်းဆိုလျှင် ဖာကျိုးသည်ဟုပင် ရိုင်းရိုင်းပြောရမည့် အနေအထားဖြစ်သည်။ ထို့ကြောင့်
လည်း လူနာက သူ့ဝေဒနာကို သူသိကာ ရှက်ရွံ့နေခြင်းဖြစ်ပုံပေါ်သည်။
ကျနော်က လူနာအား စမ်းသပ်ပြီးနောက် သူ၏ ရောဂါအတွက် ပရိုကိန်းပင်နယ်စလင် အသားဆေး တရက်တ
လုံးနှုန်း (၂၁) ရက်ခန့်ထိုးမှ သက်သာမည်ဖြစ်ကြောင်း၊ ငွေကြေးကုန်ကျမှုတော့ နည်းနည်းရှိမည်ဖြစ်ကြောင်း ရှင်း
ပြသည်။ လူနာက တတ်နိုင်ကြောင်း၊ အခုလိုဖြစ်နေသည့်အတွက် မိန်းမနှင့်ပင် ကွဲတော့မလိုဖြစ်နေကြောင်း ရင်
ဖွင့်ပြောပြသည့်အတွက် ဆေးစမ်းကာ ပင်နယ်စလင်တလုံး စထိုးပေးလိုက်သည်။ သူပြီးလျှင် အိမ်ထောင်အတွက်
စိတ်ချရအောင် မိန်းမကိုပါ ဆေးထိုးဖို့ လိုချင်လိုမည်ဖြစ်ကြောင်း ပြောလိုက်သည်။
ယနေ့အချိန်အထိ ပင်နယ်စလင်ဆေးကို အပြင်ဆေးခန်း ဖွင့်လှစ်ကုသသည့် ဆရာဝန်အများစုက ထိုးမပေးကြ
ပေ။ ပင်နယ်စလင်သည် မတည့်သည့် လူနာဆိုလျှင် ရှော့ခ်ရကာ သေစေတတ်သောကြောင့် အပြင်ဆေးခန်းဖွင့်
သည့် ဆရာဝန်အများစုက ရမှာနှင့် စွန့်စားရမှာ မကာမိသည့်အတွက် အရဲစွန့်ပြီး မထိုးပေးကြခြင်းဖြစ်သည်။ ထို
လူနာအားလည်း အခြားဆေးခန်းများက ဆေးရုံသို့ သွားရောက်ကုသဖို့ ညွှန်း ပုံပေါ်ပါသည်။ သူက ဆေးရုံသွားရ
မည်ကို ရှက်ရွံ့သောကြောင့် အမျိုးသားဆရာဝန် ကုသသည့် ကျနော်၏ ဆေးခန်းသို့ အားကိုးတကြီး ရောက်လာ
ခြင်းဖြစ်ကြောင်း ပြောပြပါသည်။ ဆေးထိုးပြီးနောက် ကုသခ (၉၀) ကျပ်ပေးပြီး ညာဖက် တင်ပါးကို ပွတ်ကာပွတ်
ကာနှင့် ထိုလူနာ ပြန်သွားပါတော့သည်။
တပတ်ခန့် ဆေးထိုးပြီးသည့်အခါ လူနာ၏ ပေါင်ခြံမှ ကျောက်ခဲလို မာတင်းနေသည့် အကျိတ်တန်းကြီး ပျော့စပြု
လာပါသည်။ ကျနော်လည်း မိမိ၏ ကုသမှု ထိရောက်ခြင်းအပေါ် ကျေနပ်မှုဖြစ်ကာ အားရ၀မ်းသာ ဆေးဆက်ထိုး
ပေးနေဖြစ်ပါသည်။ လူနာကလည်း တနေ့ (၉၀) ကျပ် မှန်မှန်ပေးနေပါသည်။ (၁၁) ရက်မြောက် ဆေးထိုးရမည့်
နေ့တွင် လူနာက ဆိုင်းမဆင့်ဗုံမဆင့် “ဆရာ ကျနော့်အခြေအနေက သက်သာပါတယ်။ ဒါပေမယ့် မိန်းမပါ အဖြူ
တွေ အရမ်းဆင်းပြီး တကိုယ်လုံးကိုက်ခဲနေတယ်။ မိန်းမက သူ အဲသလိုဖြစ်ရတာ ကျနော့်ကြောင့်လို့ စွပ်စွဲပြီး
လင်မယားချင်း ရန်ဖြစ်တယ်။ အဲဒါနဲ့ သူ့ဆီက ပိုက်ဆံတောင်းမရတော့လို့ ဒီကနေ့ ဆေးဖိုးကို အကြွေးမှတ်ထား
ပေးပါ ဆရာ။ နောင်ကျရင် ကျနော် မှန်မှန်လာဆပ်ပါ့မယ်” ဟု ကျနော့်ကို တောင်းပန်ပြော ပြောပါတော့သည်။
သူပြောတာကို နားထောင်ပြီး ကျနော် ရုတ်တရက် ကြောင်စီစီဖြစ်သွားပါသည်။ ခဏကြာမှ ကျနော်က “ဟာဗျာ
ကျနော်က ငွေတိုးချေးစားတဲ့သူ မဟုတ်ပါဘူး။ ဆေးပတ်လည်တဲ့အထိသာ မှန်မှန်ဆက်ထိုးပါ။ အကြွေးဆပ်ရမှာ
ကြောက်ပြီး လာမထိုးဘဲတော့ မနေပါနဲ့။ နောက်ရက်တွေမှာ ခင်ဗျားမိန်းမကိုပါ ခေါ်ခဲ့။ သူ့ကိုပါ ထိုးဖို့ လိုမယ်” ဟု
ပြောလိုက်မှ လူနာလည်း ပေါ့ပါးသွားပုံရပြီး ပြန်သွားပါသည်။ နောက်ရက်များတွင် လင်မယားနှစ်ယောက်စလုံး
ဆေးမှန်မှန် လာထိုးပါသည်။ ပြန်ခါနီးတိုင်း “နောက်မှ ယူပါနော် ဆရာ” ဟု လင်မယားနှစ်ယောက်စလုံး တ
ယောက်တလှည့်စီ ပြောနေကြသဖြင့် ကျနော်ကပင် သူတို့ကို ပြန်အားနာနေမိသည်။ အမျိုးသားမှာ ပင်နယ်စလင်
(၂၁) လုံး မပြည့်မီမှာပင် အကျိတ်က လုံးဝနီးပါး ချပ်သွားပြီး လမ်းကောင်းကောင်းလျှောက်လာနိုင်ပါသည်။ အ
မျိုးသမီးမှာလည်း (၇) လုံးထိုးပြီးနောက် အဖြူဆင်းတာ လုံးဝရပ်သွားပြီး အကိုက်အခဲပါ လုံးဝပျောက်သွားသဖြင့်
(၁၀) လုံးအထိ ဆက်ထိုးပေးကာ ရပ်လိုက်ပါသည်။
သူတို့လင်မယား ရောဂါပျောက်ကင်းသွားပြီးနောက် တလခန့်အကြာတွင် ကျနော်ဖွင့်သည့် ဆေးခန်း စာချုပ်ပြည့်
သွားပါသည်။ စာရင်းချုပ်လိုက်သည့်အခါ နောက်ထပ် (၆) လ ထပ်ငှားရန် မတတ်နိုင်တော့သည့်အတွက် ဆေး
ခန်းကို အပြီးအပိုင်ပိတ်ပြီး ကျနော် နေ့ခင်းပိုင်းလုပ်သည့် မဂ္ဂဇင်းလောကထဲသို့ပင် ခြေစုံပစ်ဝင်တော့မည်ဟု ဆုံး

ဖြတ်လိုက်ပါတော့သည်။ သည်လိုနှင့် ဖေဖော်ဝါရီလကုန်ခါနီး ရက်တရက်တွင် ဆေးခန်းရှိပစ္စည်းများကို (၂၇)
လမ်းသို့ ပြန်သယ်ရန် သိမ်းဆည်းနေမိသည်။
ထိုစဉ် ကျနော် ကုသပေးခဲ့သည့် လူနာလင်မယားနှစ်ယောက် ဟထားသည့် တံခါးကို တွန်းဖွင့်ကာ ဆွဲခြင်းလေး
ဆြွဲ ပီး ဆေးခန်းထဲသို့ ၀င်ချလာပါသည်။ ရောက်ရောက်ချင်းပင် လူနာအမျိုးသားက “ဆရာ ဆေးခန်းရွှေ့တော့
မယ် သတင်းကြားလို့ ကျနော်တို့လင်မယား ဆရာ့ကို လာကန်တော့တာ။ ကျနော်တို့လင်မယားကို လိပ် စာလေး
ပေးခဲ့ပါဦး။ ပြေလည်တဲ့အခါ အကြွေးဆပ်ရင်း ဆရာ့ဆီ ၀င်ခဲ့ချင်လို့ပါ။ နောက် တခုခုဖြစ်ရင်လည်း ဆရာ့ဆီ လာ
ကုချင်လို့ပါ” ဟုပြောကာ နာနတ်သီးနှင့် ငှက်ပျောသီးများ ထည့်ထားသည့် ဆွဲခြင်းကို ကျနော့် ရှေ့ချပြီး လင်မ
ယားနှစ်ယောက်စလုံး မပြောမဆိုနင
ှ့် ထိုင်ကန်တော့ပါတော့သည်။
ကျနော့်ထက် အသက်ကြီးသူများဖြစ်၍ အကန်တော့ခံရန် ကျနော်က အကြောက်အကန် ငြင်းဆန်သော်လည်း
နှစ်ယောက်စလုံးက လက်မခံဘဲ အတင်းဦးကုန်းချနေသဖြင့် မတတ်သာဘဲ ကြည့်နေလိုက်ရတော့သည်။ ကျ
နော်က သူတို့ စိတ်မကောင်းဖြစ်မှာစိုး၍ ဆေးခန်းပိတ်လိုက်ကြောင်း မပြောတော့ဘဲ (၂၇) လမ်း လိပ်စာကို ရေး
ပေးကာ ကြုံရင်ဝင်ခဲ့ဖို့ ပြောလိုက်ပါသည်။ သူတို့လင်မယား ပြန်ရန်အထတွင် “အကြွေးလာဆပ်ဖို့ လိပ်စာပေးတာ
မဟုတ်ဘူးနော်။ အကြွေးအကြောင်း မေ့ပစ်လိုက်တော့”ဟု လူနာအမျိုးသားကို ပုခုံးပုတ်နှုတ်ဆက်ရင်း ပြောလိုက်
ပါသည်။ လင်မယားနှစ်ယောက် ကျနော့်ကို ပြန်လည်နှုတ်ဆက်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်သွားကြပါသည်။
ထိုနေ့က ပစ္စည်းသိမ်းအပြီး ရန်ကုန်မြို့ထဲသို့ အပြန်တွင် (၄၃) ဟိုင်းလတ်ကား နောက်ခန်း၌ ထိုင်စီးရင်း လူနာ
လင်မယား ကန်တော့သွားသည့် နာနတ်သီးနှင့် ငှက်ပျောသီးများကို အတန်ကြာ ကျနော် ငုံ့ကြည့်နေမိပါသည်။
ထိုအခိုက် တကြိမ်တခါမျှ မခံစားခဲ့ရဖူးသော ပီတိတခုကို ကျနော် ထူးထူးခြားခြား ခံစားလိုက်ရပါသည်။ ထိုသို့
ဖော်မပြတတ်အောင်ဖြစ်ရသည့် ပီတိထူးကို ခံစားရပြီးနောက် စိတ်ထဲတွင်လည်း အလွန်အမင်း ပေါ့ပါးလန်းဆန်း
သလို ဖြစ်သွားပါသည်။ လွတ်လပ်ပွင့်လင်းသည့် မိုးကောင်ကင်တခုအောက်သို့ ကျနော်တို့အားလုံး အတူတကွ
ရောက်ရှိကြသည့်အခါတွင်လည်း အခြေအနေပေးပါက ထိုကဲ့သို့သော ပီတိထူးမျိုးကို ကျနော် ထပ်မံခံစားခွင့်ရ
ချင်နေမိပါသည်။
ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည်)

Sign up to vote on this title
UsefulNot useful