NDD

-

rSwfwrf;wifESifhokawoeXme

Network for Democracy and Development
Documentation and Research Department
P.O Box 179, Mae Sod, Tak, 63110, Thailand. Phone: +66 (0) 89 267 8417.
E-mail: ndddrd@csloxinfo.com; ndddrd07@gmail.com

Burma's Weekly Political News Summary
(079/2011)

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf
(079§2011)
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ ၂၀၁၁ ခုနှစ် ဇူလင
ိုလ (၃၀) ရက်နေ့အထိ
ကြံ့ဖွံ့အစိုးရ

မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန် မသေချာ
သေးသော်လည်း အာဆီယံ ထိပ်သီးညီလာခံများ လက်ခံကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု ကော်မတီကို ဧပြီလအတွင်း က
သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။ (Mizzima 250711) Read More...

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ ပြောင်းလဲတာဝန် ပေးအပ်လိုက်
ခြင်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအား ဗဟိုအစိုးရက ခိုင်မာစွာ ချုပ်ကိုင်နိုင်ရန် ဖြစ်သည်ဟု ဥရောပ-မြန်မာရုံး
(Euro Burma Office EBO) က သုံးသပ်ပြောကြားလိုကသ
် ည်။ (S.H.A.N 250711) Read More...

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကိုလာမည့် သြဂုတ်လ နောက်ဆုံးပတ်တွင် ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း
အမည်မဖော်လိုသည့် အမျိုးသားလွှတ်တော် အမတ်တစ်ဦးက ဇူလိုင် ၂၆ ရက်နေ့က ပြောကြားလိုက်သည်။ (RFA 260711) Read
More...

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းက အုပ်ချုပ်ရေးမှူးသစ်အဖြစ် ဦးသိန်းထွန်းကို
ဇူလိုင် ၂၆ ရက်နေ့က တာဝန်လွှဲပြောင်းခဲ့ကြောင်း ဝန်ထမ်းများက ပြောသည်။ (IMNA 270711) Read More...

ကြံ့ဖွံ့အစိုးရ သမ္မတ ဦးသိန်းစိန်သည် ဇူလိုင် ၂၇ ရက်နေ့က ဟင်္သာတမြို့တော်ခန်းမတွင် ဆင်းရဲမွဲတေမှုပပျောက်ရေး၊ တရားဥပဒေ
စိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုအပေါ် တုံ့ပြန်ရေးစသည်တို့ကို ပြောကြားခဲ့ကြောင်း ဟောပြောပွဲတက်ရောက်ခဲ့သူနှင့်
နီးစပ်သူများက ပြောသည်။ (DVB 270711) Read More...

မွန်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေရာများအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ကျေးရွာတစ်ရွာလျှင် ၂ ဦးစီ
ကြိုတင်ရွေးချယ်ပေးခဲ့ပြီး ၄င်းအနက် သက်ဆိုင်ရာကျေးရွာမှ နှစ်သက်သူတစ်ဦးကို အတည်ပြုပေးရမည်ဖြစ်ကြောင်း အစည်း
အဝေးတက်ရောက်ခဲ့သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (IMNA 280711) Read More...

ကချင်ပြည်နယ်အစိုးရသည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်များအကြား အပစ်အခတ်ရပ်စဲရေးကို KIO ခေါင်း
ဆောင်များဘက်က လက်မှတ်ရေးထိုးပါမည်ဟု ကတိစကားမရသေးသည့်အကြားက လူ (၅၈) ဦးအား စေလွှတ်၍ လက်မှတ်ရေး
ထိုးရန် အစိုးရဘက်က အကြောင်းကြားလာကြောင်း KIO တွဲဖက်အတွင်းရေးမှူး ဦးလာနန်က ပြောသည်။ (DVB 290711) Read
More...

ကချင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်ရုံးကဦးဆောင်၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့ကို အပစ်အခတ်ရပ်စဲရေး
ပြုလုပ်ရန် ပြည်နယ်အစိုးရအနေဖြင့် ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း KIA က ဥပက္ခာပြု၍ လမ်း၊ တံတားများဖျက်ဆီးနေသည့်

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 1-

NDD-

rSwfwrf;wifESifhokawoeXme
အတွက် သောင်းကျန်းသူအဖြစ် သတ်မှတ်ရှုပ်ချသည့် ဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင် ၂၇၊ ၂၈ ရက်နေ့က မြစ်ကြီးနားမြို့တွင်
ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ (DVB 290711) Read More...

ကြံ့ဖွံ့ပါတီ

စစ်ဗိုလ်ဟောင်း ကြံ့ဖွံ့အမတ် ဦးသိန်းဇော်က ဇူလိုင် ၂၄ ရက်နေ့တွင် ကချင်လွှတ်တော်အမတ်များ ဖြစ်ကြသည့် ဦးခက်ထိန်နန်နှင့်
ဦးခမိုင်တန်တို့ကိုခေါ်ယူ၍ KIO အပစ်အခတ်ရပ်ဖို့ ကချင်ရိုးရာ ကောက်ညှင်းပလိုင်းနှင့်အတူ ကချင်ရိုးရာယဉ်ကျေးမှုကော်မတီကို
ဦးဆောင်စေပြီး ဇူလိုင် ၂၆ ရက်နေ့ တွင် KIO ထံ သွားရောက်ပြောဆိုရန် ညွှန်ကြားလိုက်သည်ဟု ကချင်အမတ်များနှင့်
နီးစပ်သူများက ပြောသည်။ (KNG 260711) Read More...

တပ်မတော်
(က) ရာထူးအာဏာခွဲဝေမှု

အစိုးရသစ်လက်ထက်တွင် စစ်ဘက်ဆိုင်ရာ အကြီးဆုံးရာထူးမှ ဖယ်ရှားမှုဖြစ်သည့် စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေအား
ရာထူးမှ အနားပေးလိုက်ခြင်းသည် အစိုးရသစ်၏ ‘သန့်ရှင်းသော အစိုးရ’ ဖော်ဆောင်ရေးတွင် သားကောင်ဖြစ်သွားသည်ဟု စစ်ရေး
လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။ (Mizzima 270711) Read More...

လာဘ်ပေးလာဘ်ယူနှင့် အာဏာအလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည်ဆိုသော ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးဖြစ်သော ဗိုလ်ချုပ်ကျော်ဖြိုး
(DSA – ၂၂)၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက် ဥက္ကဋ္ဌနှင့် စစ်ရေးချုပ် ဗိုလ်ချုပ်ခင်ဇော်ဦး (OTS-၅၆)၊ ကစထမှူး ဗိုလ်ချုပ်မြင့်စိုး
(OTS-၆၀)၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး (DSA-၂၄)၊ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး (OTS-၆၃)
တို့သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စုံစမ်းခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း စစ်ဘက်
အသိုင်းအဝိုင်းက ပြောသည်။ (Irrawaddy 280711) Read More ...

(က) စစ်ဆင်ရေးများ

သီတင်း ၂ ပတ်နီးပါး တိုင်းပွဲဖြစ်ပွားနေသည့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၏ ဝမ့်ဟိုင်း
ဌာနချုပ်စခန်းကို မြန်မာအစိုးရတပ်က အင်အားအလုံးအရင်းဖြင့် ဝိုင်းရံပိတ်ဆို့ထားကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီပြောရေး
ဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ပြောသည်။ (VOA 240711) Read More...

သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် ပတ်ဝန်းကျင်သို့ မြန်မာစစ်တပ်ဝိုင်းရံ နေရာယူထားသော်လည်း ဖြစ်ပွားခဲ့သောတိုက်ပွဲ
များက မြန်မာအစိုးရ တပ်ဘက်မှ သေကြေဒဏ်ရာရမှု အယောက် ၁၆၀ ကျော်ရှိသောကြောင့် နည်းဗျုဟာပြောင်း တိုက်ခိုက်ဖွယ်
ရှိနေသည်ဟု SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက ပြောသည်။ (S.H.A.N 250711) Read More...

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့တောင်ဘက် မြန်မာရှေ့တန်း တပ်စခန်းအား သျှမ်းပြည်တပ်မတော် ဝင်ရောက်တိုက်ခိုက်
မီးရှို့ဖျက်ဆီးပြီးနောက်ပိုင်း ကျေးလူလူထု အိမ်ပေါ်တက်နေ၍ မြန်မာစစ်ဗျူဟာများ စစ်ရေးစီမံကွပ်ကဲနေသည်ဟု ဒေသခံတစ်ဦး
က ပြောသည်။ (S.H.A.N 250711) Read More...

မြို့တော် မြစ်ကြီးနားနှင့် ဗန်းမော်မြို့အကြား ကားလမ်းဘေးရှိ ကချင်ရွာသုံးရွာမှ အိမ်ထောင်စု (၂၀၀၀) ခန့်အား ဇူလိုင် ၂၅ ရက်နေ့
နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု ကြံ့ဖွံ့အစိုးရတပ်က အမိန့်ထုတ်ထားကြောင်း ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO တွဲဖက်
အထွေထွေအတွင်းရေးမှူး ဦးလာနန်က ပြောသည်။ (NMG 250711) Read More...

KIO နှင့် မြန်မာစစ်တပ်တို့ ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း၌ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသောကြောင့် ဒေသခံရွာသား
များ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ဇူလိုင် ၂၆ ရက်နေ့က မြန်မာစစ်တပ်မှ အင်အား ၅၀ ဝန်းကျင်ခန့် ၎င်းရွာသို့ ထပ်မံရောက်
ရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ (S.H.A.N 260711) Read More...

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏ ဝမ့်ဟိုင်း ဌာနချုပ်အား အစိုးရတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေရာမှ ဇူလိုင် ၂၆ ရက်နေ့
က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂) လက်အောက်ခံ ဗျူဟာမှူးတစ်ဦးက ကျေးသီးမြို့ပေါ်မှ သံဃာတော်နှစ်ပါးအား
ဝမ်ဟ
ို့င်းဌာနချုပ်သို့ စေလွတ်၍ ငြိမ်းချမ်းရေး ကမ်းလှမ်းလာသောစကား ပြောဆိုခိုင်းခဲ့သည်ဟု SSA-N ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး
စိုင်းလက ပြောသည်။ (NMG 270711) Read More...

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 2-

NDD•

rSwfwrf;wifESifhokawoeXme
ကချင်ပြည်နယ်အတွင်း KIO နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် မြန်မာစစ်တပ် စားသုံးရန်ရိက္ခာနှင့် ထောက်ပံ့
ရေးပစ္စည်းသယ်ရာအတွက် အသုံးပြုသည့် မြင်း၊ လားကုန်းနှီးများ တင်ဆောင်လာသည့် သင်္ဘောတစ်စီး ဗန်းမော်ဆိပ်ကမ်းသို့
ဇူလိုင် ၂၆ ရက်နေ့က ရောက်ရှိလာကြောင်း တရုတ်နယ်စပ် စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။ (S.H.A.N 270711) Read
More...

၁၈ ရက်ကြာ ကြံ့ဖွံ့အစိုးရတပ်များသည် တပ်အင်အားအလုံးအရင်းနှင့် ဝိုင်းပတ်ပိတ်ဆို့ထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ
ဝမ်ဟိုင်းဌာနချုပ်စခန်းမှ အချို့ပြန်လည် ရုတ်သိမ်းသွားကြောင်းရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက
ပြောသည်။ (VOA 300711) Read More...

(ခ) လူ့အခွင့်အရေးချိုးဖေါက်မှုများ

ကရင်နီပြည် ရှားတောမြို့နယ်အတွင်း အမဲလိုက်နေသော ရွာသားလေးဦးထဲမှ အသက် ၃၉ နှစ်အရွယ် ဦးရယ်သည် မြန်မာ
အစိုးရတပ် ခလရ ၅၄ တပ်မှ ပစ်ခတ်ခဲ့သည့်အတွက် ပွဲချင်းပြီး သေဆုံးသွားသည်ဟု လွတ်မြောက်လာသော ရွာသားများက ပြော
သည်။ (KT 260711) Read More...

ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော မြန်မာစစ်တပ် ခလရ (၃၄) တပ်ရင်းမှ တပ်ကြပ်ကြီး ဦးသိန်းဟန် သည် ရခိုင်ပြည်သူများ
အပေါ် နည်းမျိုးစုံဖြင့် ဥပဒေမဲ့ ဗိုလ်ကျချယ်လှယ်နေသော်လည်း ရခိုင်ပြည်နယ် အစိုးရအနေဖြင့် တစ်စုံတရာဝင်ရောက် တားဆီး
နိုင်ခြင်းမပြုလုပ်ကြောင်း ကျောက်ဖြူ မြို့နယ် ပန်းတောပြင် ကျေးရွာမှ လူကြီးတစ်ဦးက ပြောသည်။ (Narinjara 260711) Read
More...

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မော်မောင်ဘွမ် (Maw Mau Bum) တွင် ဒေသခံပြည်သူ ၆၀ ခန့်အား တနိုင်းမြို့နယ် ဒွမ်ဘန်
နယ်မြေခံ ခလရ (၁၈၉) စစ်သားများက ဇူလိုင် ၂၆ ရက်နေ့ ည ၁၀ မှ ၁၁ နာရီကြား မေးမြန်းစုံစမ်းခြင်းမရှိဘဲ ဖမ်းဆီးသွားပြီး ဇူလိုင်
၂၇ ရက်နေ့တွင် မှန်လုံကား ၃ စီးဖြင့် မြစ်ကြီးနားသို့ခေါ်ဆောင်သွားသည်ဟု ဒေသခံများပြောသည်။ (KNG 270711) Read
More...

မြန်မာစစ်တပ် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့် ဖြစ်သောစစ်ပွဲအတွင်း အသက်
၁၃ နှစ်ရှိ ယောက်ျားလေးတစ်ဦးအား ရှေ့တန်းသတင်းအချက်အလက် ရယူရာအတွက် အဓ္ဓမအသုံးချခဲ့စဉ် ကလေးငယ်သည်
ဒဏ်ရာရရှိသွားပြီး ချီဖွေဆေးရုံသို့ မိဘများသယ်ယူသွားသည်ဟု ကလေးမိဘနှင့် ရင်းနှီးသူများ ပြောသည်။ (KNG 270711) Read
More...

(ဂ) နယ်ခြားစောင့်တပ်ဖွဲ့များ၊ ပြည်သူ့စစ်တပ်ဖွဲ့များ

မြန်မာအစိုးရတပ်တို့၏ ညွန်ကြားချက်များကို လိုက်မလုပ်ပေးနိုင်သော ကရင်နီပြည် မယ်စဲ့မြို့နယ်အခြေစိုက် ကရင်နီနယ်ခြား
စောင့်တပ်အမှတ် ၁၀၀၄ အား စစ်တပ်မှ အယုံအကြည်မရှိတော့သည့်အတွက် စစ်ရေးမွမ်းမံသင်တန်း လုပ်ပေးရသည်ဟု
လွိုင်ကော် ဒကစနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ (KT 280711) Read More...

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် နယ်စပ်တနေရာတွင် အခြေစိုက်သည့် နယ်ခြားစောင့် (၁၀၁၂) တပ်ရင်း၊ တပ်ခွဲ(၁)မှ တပ်ကြပ်
ကြီး စောဒီ့ကျူ ဦးစီးသည့် တပ်ဖွဲ့ ၀င် ၁၀ ဦးသည် ဇူလိုင် ၂၈ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA
တပ်မဟာ (၇) ထံသို့ လာရောက် ပူးပေါင်းခဲ့ကြသည်ဟု စောဒီ့ကျူက ပြောသည်။ (KIC 29711) Read More...

လွှတ်တော်သတင်းများ
လွှတ်တော်အမြဲတမ်းကော်မတီများ

လွန်ခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုများ၊ ကြိုတင်မဲနှင့် ပတ်သက်သည့် အငြင်းပွားဖွယ် ဖြစ်ရပ်များ ပေါ်ပေါက် လာရခြင်း
မှာ ရွေးကောက်ပွဲအတွေ့အကြုံ နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက
ဇူလိုင် ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။ (Irrawaddy 270711) Read More..., RFA...

လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် မြန်မာအစိုးရကို ဒဏ်ခတ်သော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးတွင် နိုင်ငံရေးပါတီများ
ပါဝင်လုပ်ဆောင်ကြရန် နေပြည်တော်တွင် ဇူလိုင် ၂၇ ရက်နေ့က ၃၇ ပါတီနှင့်တွေ့ဆုံဉ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 3-

NDD-

rSwfwrf;wifESifhokawoeXme
ဥက္ကဋ္ဌ ဦးတင်အေးက တိုက်တွန်းလိုက်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။ (Mizzima 270711)
Read More...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင်များကို
နိုင်ငံတကာ

နျူရင်ဘတ်

ခုံရုံးတင်ကာ

အရေးယူရန်ပြောဆိုခဲ့မှုကြောင့်

အာဏာအလွှဲမခံရခြင်းဖြစ်သည်ဟု

ရွေးကောက်ပွဲ

ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုလိုက်သည်။ (Irrawaddy 290711) Read More...

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်လိုသော နိုင်ငံရေးပါတီများ ပြင်ပတရားမဝင် လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ဆက်သွယ်ခြင်း
မပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်လိုက်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်)
ကျားဖြူပါတီမှ စီးပွားရေးတာဝန်ခံ ဦးစောသန်းမြင့်က ပြောသည်။ (S.H.A.N 29711) Read More...

အခြားနိုင်ငံရေးပါတီများ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ် အလုပ်သမားဝန်ကြီးတို့၏ တွေ့ဆုံဆွေးနွေးမှု အသေးစိတ်
ကို ပြည်သူများထံ အသိပေးဆွေးနွေးမှုမရှိပါက အကျိုးရလာဒ်ကောင်းများ ထွက်ပေါ်နိုင်မည်မဟုတ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ
ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။ (IMNA 250711) Read More...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရသစ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ဇူလိုင် ၂၆ ရက်နေ့
တွေ့ဆုံ ဆွေးနွေးမှုအပေါ် ကြိုဆိုကြောင်းနှင့် ရလာဒ်ကောင်းများ ထွက်ပေါ်လာနိုင်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲဝင် ချင်းပါတီများ
က ပြောသည်။ (Khonumthung 260711) Read More...

လွှတ်တော်တွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အမတ်မဟုတ်သည့် အင်အားစုက အရေအတွက် နည်းနေသည့်အတွက် ကြားဖြတ်
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက
ပြောသည်။ (Mizzima 260711) Read More...

ယခုအတောအတွင်း ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ထိုးစစ်များကို အဆုံးသတ်ကာ ငြိမ်းချမ်းသည့်နည်းဖြင့် ပြဿနာများ
ဖြေရှင်းပေးရန် ဇွန်လ (၃၀) ရက်နေ့ ကြားဖြတ်အထူးလွှတ်တော်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က
အဆိုပြုစာတမ်းတစောင် တင်သွင်းခဲ့ကြောင်း SNDP ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။ (RFA 260711) Read More...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် ဦးအောင်ကြည်တ့၏
ို တွေ့ဆုံမှုသည် နောက်ပြန်
ဆုတ်၍ မရတော့သည့် အခြေအနေဖြစ်ပြီး အစိုးရဘက်က ယခင်ကဲ့သို့ ဖိအားများရှောင်ရန် ဟန်ပြသဘောမျိုးလုပ်ရန် မဖြစ်နိုင်
တော့ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။ (DVB 260711) Read More...

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းရင်းသားညီနောင် ၅ ပါတီက ပြည်တွင်းငြိမ်းချမ်းရေးအတွက်
ငြိမ်းချမ်းရေးကော်မရှင်တရပ်ဖွဲ့လိုကြောင်း နေပြည်တော်၌ ဇူလိုင် ၂၇ ရက်နေ့ က ကျင်းပပြုလုပ်သော အစည်းအဝေးတွင်
တိုင်းရင်းသားညီနောင် ၅ ပါတီ ကိုယ်စား ချင်းအမျိုးသားပါ တီ ဥက္ကဌ ဦးဇိုးဇမ်က တင်ပြခဲ့သည်။ (Khonumthung 270711) Read
More...

၂၀၁၁

အတွင်း

ကျင်းပသွားမည့်

ကြားဖြတ်ရွေးကောက်ပွဲသည်

လွတ်လပ်ပြီးတရားမျှတမှုရှိသည့်

ရွေးကောက်ပွဲဖြစ်စေရန်

နေပြည်တော်၌ ဇူလိုင် ၂၇ ရက်နေ့က ကျင်းပပြုလုပ်သော အစည်းအဝေးတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြည်
ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်သို့ တင်ပြတောင်းဆိုခဲ့သည်ဟု ပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။ (IMNA
270711) Read More...

“ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးအတွက”် ဟုအကြောင်းပြကာဝိုင်းမော်မြို့နယ်ရှိခရစ်ယာန် ဘုရားကျောင်းတွင် ခိုလှုံနေကြသော
စစ်ပြေး ဒုက္ခသည်များအား စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (UDPKS) မှ အဖွဲ့ဝင်များက သဘောထားများ
လိုက်လံကောက်ခံ၍ စည်းရုံးခဲ့ကြောင်း ဝိုင်းမော် ကချင်နှစ်ခြင်းဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ (NMG 290711)
Read More...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို

ထိုးစစ်ဆင်နေခြင်းနှင့်ပတ်သက်၍

မြန်မာ့ဒီမိုကရေစီ

ခေါင်းဆောင်

ဒေါ်အောင်ဆန်း

စုကြည်က ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ကိုယ်စွမ်းရှိသရွေ့ပါဝင် ကြိုးပမ်းပေးရန် အဆင်သင့်ရှိသည့်အကြောင်း
စာထုတ်ပြန်လိုက်သည့်အပေါ် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် ပါတီအချို့က မူအားဖြင့်ကြိုဆိုထောက်ခံကြသည်။ (VOA 290711)
Read More...

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 4-

NDD-

rSwfwrf;wifESifhokawoeXme

အတိုက်အခံအင်အားစုများ (ပြည်တွင်း)
(က) ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီဝင်များ အရည်အချင်း မြှင့်တင်ရေးအစီအစဉ်အဖြစ် ဇူလိုင် ၂၄ ရက်နေ့က ပြုလုပ်
သည့်အဆင့်မြင့် နိုင်ငံရေးသိပ္ပံ သင်တန်းတွင် ပါမောက္ခ ဒေါက်တာ ဘရန်ဒန်ဟိုဝဲလ်က “တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်း”
ခေါင်းစဉ်ဖြင့် သင်ကြားပို့ချခဲ့ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။ (RFA 240711) Read More...

အစိုးရ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များကို
ဇူလိုင် ၂၅ ရက်နေ့က ၁ နာရီ ကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နှစ်ဘက်စလုံး အပြုသဘောနှင့် တွေ့ဆုံခဲ့ပြီး ကျေနပ်အားရမှု
ရရှိခဲ့ကြောင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားသွားခဲ့သည်။ (Mizzima
250711) Read More..., Irrawaddy...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူနှင့်မြန်မာအစိုးရဝန်ကြီး ဦးအောင်ကြည်တို့ ဇူလိုင် ၂၅ ရက်နေ့က
ဆွေးနွေးခဲ့သည့် အချက်များကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့် ဇူလိုင် ၂၆ ရက်နေ့တွင် တွေ့
ဆုံပြီး ရှင်းလင်းတင်ပြခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။ (RFA 260711) Read More...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်တာဝန်ရှိသူ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်
တို့ တွေ့ဆုံမှုအပြီး ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေမည့် ရလဒ်များဖြစ်လာရန် မျှော်လင့်ကြောင်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောကြားလိုက်သည်။ (DVB 260711) Read More...

အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲများကို အမြန်ဆုံးရပ်ဆိုင်းရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဇူလိုင်
၂၇ ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်
တကွ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီနှင့် ရှမ်းပြည်တပ်မတော်တို့သို့ လေးနက်စွာ
ပန်ကြားအပ်ပါသည်ဟု ထုတ်ပြန်လိုက်သည်။ (Mizzima 280711) Read More..., Irrawaddy...

ပထမဆုံးအကြိမ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နိုင်ငံရေး သိပ္ပံသင်တန်းကို ဇူလိုင် ၂၂ ရက်နေ့ မှ ၂၈ ရက်နေ့ထိ ဆက်တိုက်
သင်ကြားပိ့ခ
ျုခဲ့သော အဆိုပါသင်တန်းတွင် အနှောက်အယှက် တစုံတရာမရှိခဲ့ကြောင်း ၎င်းသင်တန်းကို အောင်မြင်စွာ ပို့ချပြီးစီးခဲ့
သည်ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။ (Mizzima 280711) Read More...

(ခ) ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရသစ် ၀န်ကြီးတဦးဖြစ်သူ ဦးအောင်ကြည်တို့၏ ယမန်နေ့က
တွေ့ဆုံခဲ့မှုအပေါ် “တရားဝင် သတင်းထုတ်ပြန်တာနဲ့ နှစ်ဘက် ပူးတွဲကြေညာချက်ထုတ်တာဟာ အရင်နဲ့ မတူလို့ ထူးခြားပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ပြတွေ့ဆုံတယ်ဆိုရင်တော့ မကောင်းဘူး” ဟု ပြည်သူ့ လွှတ်တော်
ကိုယ်စားပြု ကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။ (Irrawaddy 260711) Read More...

ပြည်သူနှင့်လူထုအခြေပြုအဖွဲ့အစည်းများ
မီဒီယာ

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဝန်ကြီး ဦးအောင်ကြည်တို့ဆုံ ဆွေးနွေးခဲ့သည့် သတင်းဓာတ်ပုံကို ဇူလိုင် ၂၆ ရက်နေ့ ဂျာနယ်အ
တော်များများ၏ မျက်နှာဖုံးတွင် ဖော်ပြခွင့်ပေးခဲ့ကြောင်း ရန်ကုန်က စာနယ်ဇင်းအယ်ဒီတာတစ်ဦးက ပြောသည်။ (DVB 260711)
Read More...

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး
အောင်ကြည်တို့ ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ၌ ဇူလိုင် ၂၅ ရက်နေ့ တွေ့ဆုံပွဲအပြီး နှစ်ဖက်စလုံးက “ကျေနပ်အားရကြောင်း”

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 5-

NDD-

rSwfwrf;wifESifhokawoeXme
ထုတ်ပြန်ကြေငြာခဲ့သော်လည်း နိုင်ငံရေးအရ ထူးခြားသည့်ပြောင်းလဲမှု ဖြစ်ပေါ်မလာနိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး
KNU ၏ အထွေ ထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောသည်။ (KIC 250711) Read More...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ အင်မောင်ခ (ရွှေလီ) မြစ်ကမ်းပေါ်မှ ငါးဦး အခြေစိုက် ခလရ (၁၂၁) မှ
မြန်မာစစ်သားများသည် ချီဖွေမြို့နယ်၊ အင်မိုင်ခူး (မေခမြစ်ဖျား) မှ အပြန်လမ်းတွင် တြိဂံဒေသ KIA တပ်မဟာ (၁)၊ တပ်ရင်း (၁၀)
မှ တပ်များနှင့် တိုက်ပွဲဖြစ်သည် ဟု KIA အရာရှိများပြောသည်။ (KNG 250711) Read More...

မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ နန့်ဆန်ယန်ကျေးရွာ တံတားထိပ်မှ လမ်းခွဲကာ KIA တပ်ဖွဲ့၏ ဒေသဖွံ့ဖြိုး
ရေး စိုက်ပျိုးရေးစီမံကိန်းရှိရာ ဘန်ဆောင်ဒေသသို့သွားရာ လမ်းပေါ်ရှိ လဇိန်ဂေါင်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေသည့် မပခ
လက်အောက်ခံ စစ်ကြောင်းနှင့် KIA တပ်မဟာ(၅) လက်အောက်ခံတပ်ဖွဲ့က ဇူလိုင် ၂၅ ရက်နေ့မှ ဇူလိုင် ၂၆ ရက်နေ့အထိ
တိုက်ပွဲဖြစ်နေဖြစ်ကြောင်း KIA နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ (DVB 260711) Read More...

သျှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို ရက်သတ္တတပတ်ကျော် ပိတ်ဆို့ဝန်းရံထားသည့် အစိုးရတပ်က ဇူလိုင် ၂၅ ရက်နေ့က
ဒေသခံ သံဃာတော် ၂ ပါးကို ဝမ်ဟိုင်းဌာနချုပ်သို့ စေလွှတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းလာသော်လည်း ပြည့်စုံလုံ
လောက်သည့် ကမ်းလှမ်းခြင်းမဟုတ်သည့်အတွက် လက်မခံသေးကြောင်း SSPP ရှမ်းတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ
က ပြောသည်။ (Mizzima 270711) Read More...

ကျောက်စိမ်းတွင်း ဒေသအခြေစိုက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ရင်း ၆ နှင့် မြန်မာအစိုးရတပ် ဆားမှော်
အခြေစိုက် ခလရ ၁၀၅ တပ်ရင်းတို့ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းက မြစ်ကြီးနားမှ ဖားကန့်သွားရာလမ်းရှိ ကာမိုင်းမြို့အနီးတွင်
တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ (RFA 270711) Read More...

ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်ရှိ ဒဘတ်ချောင်းတံတားနှင့် ရွှေညောင်ပင်ကျေးရွာအနီးတွင် ကချင်လွတ်လပ်
ရေးတပ်မတော်နှင့် ကြံ့ဖွံ့အစိုးရတပ်များအကြား ဇူလိုင် ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
(DVB 270711) Read More...

KIO ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာစစ်အစိုးရအကြား အပစ်အခတ်ရပ်စဲရေးသဘောတူချက် လက်မှတ်ရေးထိုးနိုင်ရေးတွင်
သဘောတူချက်ပါ စကားလုံးအသုံးအနှုန်းများကြောင့် သဘောမတူနိုင်ဖြစ်နေသကဲ့သို့ လက်မှတ်ရေးထိုးမည့် ကိုယ်စားလှယ်
မည်သူဖြစ်သင့်ကြောင်း ညှိနှိုင်းနေဆဲဖြစ်သည်ဟု KIO တွဲဖက်အတွင်းရေးမှူး ဦးလာနန်က ပြောသည်။ (BBC 270711) Read
More...

ကချင်ပြည်နယ် နမ္မတီး-ဖားကန့် လမ်းမကြား ကားမိုင်းအနီး ငါးပေါက်ကုန်းတွင် မြန်မာစစ်ကားနှစ်စီးအား KIA တပ်မဟာ (၂)
အောက် တပ်ရင်း (၆) မှ ဇူလိုင် ၂၆ရက်နေ့ ညနေ ၆ နာရီကျော်ချိန် တိုက်ခိုက်မှုကြောင့် မြန်မာဘက်မှ စစ်သား ၄ ဦးသေဆုံးပြီး ၁၂
ဦးကျော်ဒဏ်ရာရရှိသွားသည်ဟု KIA တပ်မဟာ ၂ အရာရှိများ ပြောသည်။ (KNG 270711) Read More...

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်တို့၏ တွေ့ဆုံမှုသည် မြန်မာ့နိုင်ငံရေးအတွက် ကောင်းသော
လက္ခဏာဖြစ်သော်လည်း ကရင်နီတိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးရှိရန် မမျှော်လင့်နိုင်သေးကြောင်း ကရင်နီအမျိုးသား
တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောသည်။ (KT 270711) Read More...

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းလားမြို့ အခြေစိုက် ခလရ (၃၂၅) စစ်ကြောင်းနှင့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း)
တပ်မဟာ (၃၆) လက်အောက်ခံတပ်များနှင့် ဇူလိုင် ၂၇ ရက်နေ့ နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ ခလရ (၃၂၅) ဘက်မှ တစ်ဦး
ကျဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက ပြောသည်။ (RFA 270711) Read More...

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ထိုးစစ်ဆင်ထားမှုများ ရုပ်သိမ်းရန်နှင့် တနိုင်ငံလုံးအပစ်ခတ်ရပ်ဆိုင်းပေးရေးတို့ ပါဝင်
သည့် တောင်းဆိုထားသော အကြောင်းပြန်စာကို ကချင်လွတ်မြောက်ရေးအဖွဲ့က မြန်မာအစိုးရထံ ဇူလိုင် ၂၈ ရက်နေ့တွင် ပေးပို့
လိုက်သည်ဟု KIO တွဲဘက် အတွင်းရေးမှူး ဦးလာနန်က ပြောသည်။ (Mizzima 280711) Read More...

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်ကို ပိတ်ဆို့ဝန်းရံထားသည့် အစိုးရတပ်ကို စစ်ကူပေးရန် လာသောစစ်ယာဉ်တန်းတခုကို
ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S က ဇူလိုင် ၂၇ ရက်နေ့က ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း SSA-S ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်
ဆိုင်က ပြောသည်။ (Mizzima 280711) Read More...

မြန်မာ့ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေး တိုက်တွန်း
ကမ်းလှမ်းချက်ကို၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ ဖက်ဒရယ်ကောင်စီ UNFC က ကြိုဆိုထောင်ခံ လိုက်ကြောင်း
UNFC အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။ (RFA 280711) Read More...

သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အား မြန်မာစစ်တပ် တပတ်ကျော်ကြာ ဝိုင်းရံနေချိန် သျှမ်းပြည်တပ်မတော် SSA နှစ်ဖွဲ့
ဟန်ချက်ညီညီ တိုက်ခိုက်နေကြသည်ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက ပြောသည်။ (S.H.A.N
280711) Read More ...

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 6-

NDD•

rSwfwrf;wifESifhokawoeXme
ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC သည် အဖွဲ့ဝင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နယ်မြေ
အတွင်းဝင်ရောက် တပ်စွဲစခန်းချထားသည့် မြန်မာစစ်တပ်အား တစည်းတလုံးတည်း ဝိုင်းဝန်းတိုက်ခိုက်ကြရန် ဇူလိုင် ၂၈ ရက်နေ့
က တိုက်တွန်းလိုက်သည်ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောသည်။ (S.H.A.N
280711) Read More...

ဒေါ်အောင်ဆန်းစုကြည်၏အိပ်ဖွင့်ပေးစာသည် လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် အရေးကြီးနေသည့်အပိုင်းကို ထိရောက်စွာ မီးမောင်း
ထိုးပြနေသည့်အတွက် မွန်ပြည်သစ်ပါတီအနေဖြင့် ထောက်ခံကြိုဆိုပြီး လက်တွေ့ကျကျအကောင်အထည်ဖေါ်ပေးရန် တိုက်တွန်းပါ
ကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က ပြောသည်။ (IMNA 290711) Read More...

ဇူလိုင် ၂၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ကစ၍ မိုးမောက်မြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဗန်းမော်
ရိက္ခများသယ်ဆောင်လာသည့် ကြံ့ဖ့အ
ွံ စိုးရ စစ်ကား (၂) စီးအား ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KIA နှင့် နီးစပ်သည့်
ဒေသခံတစ်ဦးက ပြောသည်။ (DVB 290711) Read More...

အတိုက်အခံအင်အားစုများ (ပြည်ပ)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ “Padang Hkrun Lam Majan Masing” တော်လှန်ရေးစီမံချက်ကို အထောက်အကူပြုရန်
နိုင်ငံတကာရောက် ကချင်အဖွဲ့အစည်းတစ်ခုက အမေရိကန် ဒေါ်လာ ၁၃၀၀၀ (ကျပ် သိန်း ၁၀၀) ကူညီပံ့ပိုးပြီး “တော်လှန်ရေး
စီမံချက်” တွင် အကျိုးရှိစွာ အသုံးပြု သွားမည်ဟု ဇူလိုင် ၂၆ ရက်ထုတ် KIO ဗဟိုကော်မတီ၏ ကူညီထောက်ပံ့ငွေ လက်ခံရရှိ
ကြောင်း ကျေးဇူးတင်လွှာတွင် ဖော်ပြထားသည်။ (KNG 280711) Read More...

Forum of Burmese in Europe ဥရောပရောက် မြန်မာများ၏ (၁၇) ကြိမ်မြောက် ညီလာခံကို ဇူလိုင် (၂၉) (၃၀) နှစ်ရက်
ဆက်တိုက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပနေရာမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့်ပတ်သက်၍
ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ပေါ်ပေါက်လာစေရန် မည်သို့မည်ပုံ ဆောင်ရွက်ကြမည်ကို အလေးထားဆွေးနွေးနေကြ
ကြောင်း ညီလာခံကို တက်ရောက်နေသည့် ပဲရစ်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ကိုထင်ကျော်က ပြောသည်။ (RFA 290711)
Read More...

နိုင်ငံတကာ
(က) ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ

အာဆီယံအဖွဲ့၏ ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံကို ပေးရေးမပေးရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့က မဆုံး
ဖြတ်နိုင်သေးကြောင်း လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားသည့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာတီ
နာတာလေဂါဝါ (Marty Natalegawa) က ပြောကြားလိုက်သည်။ (DVB 240711) Read More...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးခဲ့သည့်အပေါ် ကုလသမဂ္ဂ
အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။ (RFA
250711) Read More...

မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်များတွင် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်းဖြင့် သိသာထင်ရှား
သော အပြောင်းအလဲများကို ပြသရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်အား ဇူလိုင်
၂၇ ရက်နေ့က တယ်လီဖုန်းမှတဆင့် တိုက်တွန်းတောင်းဆိုလိုက်သည်။ (VOA 290711) Read More...

(ခ) အစိုးရ

အင်ဒိုနီးရှားနိုင်ငံသည် မြန်မာအပါအဝင် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက် မြောက်ပိုင်းက လူထုအုံကြွမှု ဖြစ်ပွားနေသည့်
အာရပ်နိုင်ငံများအဖို့ စံနမူနာယူရမည့် ဒီမိုကရေစီတိုင်းပြည်တခုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်
က ပြောကြားလိုက်သည်။ (RFA 240711) Read More...

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 7-

NDD•

rSwfwrf;wifESifhokawoeXme
ကနေဒါနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် သံအမတ်ကြီး အပြန်အလှန်ခန့်အပ်ခြင်း အပါအဝင် မဟာဗျူဟာမြောက် ထိတွေ့ဆက်
ဆံရေးစတင်ထားပြီဖြစ်သော်လည်း မြန်မာနိုင်ငံအပေါ် ကနေဒါက ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရန် မရှိသေး
ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ပြောကြားလိုက်သည်။ (RFA 240711) Read More...

မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန် (Consul General) Dr. Madan Mohan Sethi သည် ဇူလိုင် ၂၇
ရက်နေ့က ချင်းပြည်နယ် မြို့တော် ဟားခါးသို့ ရောက်ရှိလာပြီး ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ ၆ သန်း အကူ
အညီပေးမည်ဟု ပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသည့် ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ (Khonumthung
280711) Read More...

End of report/ Saturday, July 30, 2011

'Drdkua&pDESifhzGH‹òzd;wdk;wufa&;tiftm;pk/ rSwfwrf;wifESifhokawoeXmerS xkwfa0jzef‹csdonf?
Documentation and Research Department (NDD)

2011-Zlvdkifv

wpfywftwGif; jrefrmhEdkifiHa&;owif; tusOf;csKyf

pmrsufESm - 8-

Sign up to vote on this title
UsefulNot useful