1
သစ်ပင်စိပြီးရင် ရေလောင်းပါ
ရဝေနွ ယ် (အင်းမ)
မြတ် စွာဘုရားလက် ထက်တော် က အညတရာအမျိုးသမီးလေးတစ်ယောက် ရှိခဲ့  ဖူးပါတယ်။
အညတရာဆို တာ မထင်ရှားတဲ့ သူ လို့  အဓိ ပ္ပါယ်ရပါတယ်။ သူ က မိထွေးတော်ဂေါတမီဆီ မှာ အလု ပ်အကျွေး
အပျိုတော်အဖြစ် အမှု ထမ်းပါတယ်။
မိထွေးတော်ဂေါတမီ ရဟန်းပြုသွားတဲ့ အခါမှာလည်း သူ က သခင် မနဲ့အတူ လို က် ပြီးရဟန်းပြုခဲ့  ပါတယ်။
ရဟန်းပြုတော့ လည်း အညတရာထေရီ လို့  ပဲ နာမည် တွင်ခဲ့  ပါတယ်။ သခင် မကို သံယောဇဉ်ရှိ လို့  လို က် ပြုတာ
ဖြစ် တဲ့ အတွ က် သာသနာမှာ မပျော်ခဲ့  ပါဘူး။ နှ စ်ဆယ့် ငါးနှ စ် ပတ် လုံး ကာမရာဂစိ တ်တွေ နှိ ပ် စက်နေတဲ့ အတွ က်
မျက် စိ တစ် မှိ တ် လျှပ် တစ် ပြက် စာလောက်တောင် သမာဓိ မရဘူးလို့  ဆို ပါတယ်။ စိ တ်တွေ က အိ မ်ရာ
တည်ထောင် ကာမဂု ဏ်ဘက် ကို ပဲ ညွ တ်နေခဲ့  ပါတယ်။
တစ်နေ့ မှာတော့ ကာမရာဂစိ တ်တွေ နှိ ပ် စက် လွန်းလို့ လက်မောင်းနှ စ်ဘက် ကိုမြှောက် ပြီး ငိုကြွေးရင်း
ဓမ္မဒိန္နာထေရီဆီ ပြေးသွားပါတော့ တယ်။ ဓမ္မဒိန္နာထေရီဆီရောက်တော့ ကာမရာဂစိ တ်တွေနှိ ပ် စက် လို့ ငိုရတဲ့ 
အကြောင်းလျှောက် ပြပါတယ်။ဒီတော့ ဓမ္မဒိန္နာထေရီ ကခန္ဓာ,အာယတန,ဓာတ် တရားစကားတွေ ဟောပေးခဲ့ 
ပါတယ်။ အညတရာထေရီ လည်း ဆိ တ် ငြိ မ်ရာအရပ် ကိုသွားပြီး ဓမ္မဒိန္နာထေရီသင်ပေးလို က် တဲ့  ကမ္မဋ္ဌာန်းနည်း
အတိုင်း ကြိုးစားအားထု တ် ပါတော့ တယ်။ နေ့ညမပြတ် ကြိုးစားအားထု တ် လို က် တာ မကြာခင် ကာလမှာပဲ
အာသဝေါကုန်ခမ်းပြီး အဘိဉာဏ်ခြောက် ပါးနဲ့ တကွ ရဟန္တာမ ဖြစ်သွားပါတော့ တယ်။ ရဟန္တာမဖြစ်သွားတော့
သူ့ ဘဝ ဇာတ်ကြောင်း ဖြစ် စဉ်တွေ ကို ဂါထာလေးတွေနဲ့ ပြန်ဟောပြပြီး မှ တ် တမ်းတင်ခဲ့  ပါတယ်။
(ထေရီအဋ္ဌကထာ၊ စာမျက်နှာ ၇၈-၇၉)
နောက်ဆုံးကျတော့ လည်း ဝိ ပဿနာကပဲ လက်ရှိဘဝပြဿနာကို ဖြေရှင်းပေးလို က် တာပါပဲလေ။
ရှေးရှေးထေရီထေရာ အရှင် မြတ်တွေ ဟာ ဘဝပြဿနာ လောကဓံဆိုးတွေ ကို ဝိ ပဿနာနဲ့  ပဲ ဖြေရှင်းသွား
ကြတာပါ။ ဝိ ပဿနာလမ်းကြောင်းပေါ်လျှောက် လို့  ဆိုင်ရာမဂ်အဆင့် ဆင့် ကို ရသွားတဲ့ အခါမှာတော့ ဘယ်သော
အခါမှ နောက်ကြောင်းပြန် မလှည့် တော့ ပါဘူး။ အေးငြိ မ်းတဲ့ ဘဝကို ယ် စီ ရသွားကြပါပြီ။
အတိ တ်အတိ တ်ဘဝတွေ က ပါလာတဲ့  အကုသို လ် ဝါသနာ စရို က်ဆိုးတွေ ဟာ ဒီ ပစ္စုပ္ပန်ဘဝမှာ လူ ကို
ကမောက် ကမဖြစ်သွားအောင် သိ ပ်ဒု က္ခပေးတာပါ။ ကိလေသာရဲ့နှိ ပ် စက် မှု ကို အလူးအလဲခံရတော့ လူ က
ဘာလု ပ် လို့ ဘာကိုင်ရမှန်းတောင် မသိတော့ ပါဘူး။
စရို က်တွေ ကတော့ ပုံ စံ မျိုးစုံနဲ့ ပါလာကြတာပါ။ ရာဂစရို က် ပါလာတဲ့  လူ က ဒေါသဖြစ် စရာ လောဘ
ဖြစ် စရာ စသည်တွေ ဘယ်လောက် ပဲတွေ့တွေ့  ဘာမှ မဖြစ် ပါဘူး။ တည် တည် ငြိ မ် ငြိ မ် ပါပဲ။ ဒါပေမယ့်  လည်း
တပ် မက် စရာ အာရုံနဲ့  တွေ့ ရတဲ့ အခါမှာတော့ ပုံ မှန် ထက် တုန် တုန် လှု ပ် လှု ပ် ဖြစ်သွားကြရပါတယ်။ ဒီ လို ပါပဲ