You are on page 1of 1

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းသ၀ဏ်လွှာ

နေ့စွဲ။

။ ၁၁၊ အောက်တိုဘာ၊ ၂၀၁၂

ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာ့တပ်မတော်အား မွေးဖွါးပေးခဲ့သည့် ရဲဘော်သုံးကျိပ်ဝင် တဦးလည်းဖြစ်၊ ဗမာပြည်ကွန်မြူ နစ်ပါတီ ခေါင်းဆောင်တဦးဖြစ်သော ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော အသက် (၉၃)နှစ်သည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကွယ်လန်ွ သွား ကြောင်း ကြားသိခ့ရသည့်အတွက် မိသားစုနှင့်ထပ်တူ မိမိတို့မှ လွန်စွာဝမ်းနည်း ကြေကွဲရပါသည်။ဲ

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ သမိုင်းကို ပြန်လည်ကြည့်မည်ဆိုပါက နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့ လွတ်မြောက်ရေး တိုက်ပွဲများတွင် ဦးဆောင်မှုအခန်းမှ အပြည့်အ၀ တာဝန်ယူခ့သဲူ

မြန်မာ့တပ်မတော်သမိုင်းတွင် အထင်အရှားမော်ကွန်းတင်ရှိသော တရုတ်ဖြူကျူးကျော်မှု ဆန့်ကျင်ရေး စစ်ဆင်ရေး၏ ခေါင်း ဆောင် ဗိသုကာဖြစ်သော ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော -

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ရပ်စဲရေး လှုပ်ရှားမှုဖြစ်သော ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်သည့် ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့၏ ဦးစီးခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော -

ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး တပ်သားကောင်းကြီးဖြစ်သော ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော စသည့် ရုပ်ပုံလွှာများကို တွေ့ရှိရ မည်ဖြစ်သည်။ မည်သည့်ရုပ်ပုံလွှာ အခန်းကဏ္ဍတွင်ဖြစ်ဖြစ် ကိုယ်ကျိုးစွန့် အနစ်နာခံသော၊ ရိုးသားနှိမ့်ချသော၊ လေးနက်တည်ကြည်သော၊ ပြည်သူအပေါ် ချစ်မြတ်နိုးသော စိတ်ဓါတ်များ အစဉ်ပြည့်လျှံနေသည့် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ ပုံရိပ်ကို တွေ့ကြရမည်ဖြစ်သည်။

သူချစ်သော တိုင်းပြည်နှင့် လူမျိုးစုံပြည်သူအပေါင်းအတွက် အိုမင်းသည်အထိ စွမ်းနိုင်သမျှ ပေးဆပ်ခ့သည့် ဗိုလ်မှူးချုပ်ဟောင်ဲး ကျော်ဇော၏ ဂုဏ်ရည်သည် သမိုင်းစာမျက်နှာထက်တွင် မော်ကွန်းတွင်ရစ်ခြဲ့ ပီဖြစ်ကြောင်းနှင့် မိမိတို့အင်အားစုများမှလည်း ဗိုလ်မှူးချုပ် ဟောင်းကျော်ဇော၏ သမိုင်းကို ဂုဏယူမှတ်တမ်းတင်အပ်ပါကြောင်း ဖေါ်ပြအပ်ပါသည်။်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)ဲ

You might also like