You are on page 1of 1

မောင်ဗသိန်း (၁၉၄၀ - )

အနောက်ပြည် ပင်းဝါဇာတိ ဦးမဲမောင်- ဒေါ်မြလှဦးရို့၏ ရင်သွီးသုံးယောက်ထဲမှာ အငယ်ဆုံး သား မောင်ဗသိန်းရေပင်းဝါ ဆရာတော်ဘုရား ဘဒ္ဒန္တဣန္ဒာဝံသ၀ံသ ခြီတော်ရင်းမာ စတင် ပညာသင်ပါရေ။ စစ်တွေမြို့ အ-ထ-က(၂)မာ ဒုတိယတန်းကပင် ကျောင်းထွက် လက်မှတ်ရရေထိ သင်ယူပြီးကေ တက္ကသိုလ်ဝင်တန်းကို ၁၉၆၁-ခုနှစ်မာ ဦးအောင်လှဇံ အလွတ်ပညာသင်ကျောင်းက အောင်မြင်ခ ပါရေ။ ကျောက်ဖြူ ဥပစာကောလိပ်၊ ရန်ကုန် ဘီအိုစီကောလိပ်ရိုမာ ဆက်ပျာ ပညာသင်ပါရေ။။့  ဥပစာ ၀ိဇ္ဇာတန်းအောင်ပြီးကေ ၁၉၆၅-ခုမာ မူလတန်း ဆရာအဖြစ် လိုက်စားပါရေ။ အပေါင်းအသင်းတိ လက်တွဲခေါ်လို့ စစ်တွေမြို့ထုတ် ““ခေတ်ရှေ့ဆောင်”” စာစောင်မာ ၁၉၆၁-ခုက စတင်စာရီးခပါရေ။ ““ရခိုင်ညန်ဖူး””ွ့  (၁၉၆၈)ထုတ်ကတ်တေခါ တက်တက်ကြွကြွပါဝင်လုပ်ကိုင် ရီးသားခပါရေ။ ၁၉၆၀-ခုလောက်ကပင် ရခိုင်စာပီ၊ ရခိုင်သမိုင်းရို့ကို လေ့လာမှတ်သား ဆည်းပူးလာပါရေ။ ကျောင်းဆရာဘ၀နန့် ရန်ကုန်မြို့မာ တာဝန်ထမ်းနီရေခါ ရခိုင်သမိုင်း၊ ရခိုင်စာပီရို့ကို တက္ကသိုလ် ဗဟိုစာကြည့်တိုက်၊ အမျိုးသား စာကြည့်တိုက်ရို့မာ ကြိုးကြိုးစားစား လေ့လာဆည်းပူး မှတ်သားဖူးပါရေ။ ကိုယ့်ဒေသတို့ ၁၉၆၈-ခုမာ ကျောင်းဆရာဘ၀နန့် ပြောင်းလာပြီးကေ ရခိုင်ဆိုင်ရာ စာပီ၊ ဘာသာစကား၊ သမိုင်းရို့ကို အပေါင်းအသင်းတိနန့် ဆက်ပနာ လေ့လာဆည်းပူး ဖော်ထုတ်ပါရေ။ ကိုယ့်ဒေသထုတ် စာစောင်၊ မဂ္ဂဇင်းရို့မာ ပါဝင်ရီးသားပါရေ။ အများအားဖြင့် နာမည်ရင်းနန့် ရီးပါရေ။ တခါတရီ ကလောင်ခွဲ (မောင်တန်ရှင်၊ အောင်မြ၊ မောင်မြသိန်း၊ မောင်လှရှီ၊ မောင်ရခိုင်)နာမည်တိနန့် လေးသော့ ရီးပါရေ။ ပေါက်တောမြို့မာ ပညာရေးဌာန တာဝန်ထမ်းနီရေခါ မြို့နယ်ဖြစ်စဉ်သမိုင်းပြုစုစွာမာ ပါဝင်ခပါရေ။ ဆံတော်ရှင်စေတီတော်သမိုင်း ပြုစုခါလေးသော့ အားသွန်ခွန်စိုက် ဆောင်ရွက်ခပါရေ။ ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီက တာဝန်ပီးရေအတွက် ပြည်နယ် ဖြစ်စဉ်သမိုင်းပြုစုကတ်တေခါ အဖွဲ့ဝင်အဖြစ်နန့် ပါဝင်ခပြီးကေ ပညာရေးကဏ္ဍကို ပြုစုရပါရေ။ ရခိုင်ဝေါဟာရအဘိဓာန် ပြုစုခါ လေးသော့ အဖွဲ့ဝင်အဖြစ် ဆောင်ရက်ခပါရေ။ အဂုအခါ ဇနီးသားသမီးလေးဦးနန့်အတူ စစ်တွေမြို့မာ နီပါရေ။ ပညာရေးဌာနွ တာဝန်ကိုထမ်းရင်းပင် ရခိုင်စာပီ၊ ဘာသာစကား၊ သမိုင်းရို့ကို တစ်သက်တာ လုပ်ငန်းအဖြစ် အပေါင်းအသင်းတိနန့် လက်တွဲဗျာ ဆက်လက်လေ့လာဆည်းပူးဖော်ထုတ် ရီးသားနီပါရေ။

You might also like