You are on page 1of 1

“လွတ် မြောက် ရေး”

ငါ့ရဲ့ ကျောင်းလေ့ကျင့်ခန်းစာအုပ်တွေပေါ်
သစ်ပင်တွေနဲ့ ငါ့ရဲ့ စာရေးစားပွခ
ဲုံအပေါ်
သဲသောင်ပြင်အပေါ် နှင်းထုအပေါ်မှာ
ငါမင်းနာမည်ကို ရေးလိုက်တယ်။

ဖတ်ပြီးသား စာရွက်တွေအားလုံးရဲ့အပေါ်
စာရွက်ဖြူအားလုံးရဲ့အပေါ်
ကျောက်ခ၊ဲ သွေး၊ စာရွက် ဒါမှမဟုတ် ပြာ
ငါ မင်းနာမည်ကို ရေးလိုက်တယ်။

တောနဲ့ သဲကန္တာရအပေါ်
အသိုက်တွေ အားလုံးရဲ့အပေါ်
အ၀ါရောင် ပန်းတွေပင
ွ့်တဲ့ ချုံပင်ရိုင်းတွေအပေါ်
ငါ့ ငယ်ဘ၀ရဲ့ ပဲ့တင်သံပေါ်မှာ
ငါ မင်းနာမည်ကို ရေးလိုက်တယ်။

ဆန္ဒတွေမပါတဲ့ ပျက်ကွက်ခြင်းအပေါ်
ဗလာကျင်းနေတဲ့ အထီးကျန်မှုအပေါ်
သေခြင်းတရားရဲ့ ခြေလှမ်းတွေအပေါ်မှာ
ငါ မင်းနာမည်ကို ရေးလိုက်တယ်။

နာလန်ထလာတဲ့ ကျန်းမာရေးအပေါ်
ပျောက်ကွယ်သွားတဲ့ စွန့်စားမှုအပေါ်
အမှတ်ရခြင်းတွေ မပါတဲ့ မျှော်လင့်ချက်အပေါ်မှာ
ငါ မင်းနာမည်ကို ရေးလိုက်တယ်။

စကားလုံးတလုံးရဲ့ ခွန်အားကြောင့်
ငါ့ဘ၀ကို ငါပြန်လည်စတင်နိုငခ
်ဲ့တယ်
ငါ မင်းကို သိနားလည်ဖို့၊ ငါ မင်းကို နာမည်ပေးဖို့
ငါ မွေးဖွားလာခဲ့
လွတ်မြောက်ရေး ။ ။

Paul Eluard (1895-1952)

You might also like