You are on page 1of 3

မပြောင်းလဲတဲ့ သဘောထား

ယနေ့ လက်ရှိအခြေနေတွင် ပြည်ပနိုင်ငံများတွင် မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့်


ပတ်သက်၍လှုပ်ရှား မှုပြုနေ သောနိုင်ငံရေးသမားများစွာရှိပါသည်။ ထို့ အတူနိုင်ငံရေးအဖွဲ့ အ
စည်းများမှာလည်း တောစပ်တွင် မိုးဦးကျပေါက် သော မှိုကဲ့သို့ အမျိုးအစားရော၊အရေအတွက်
ပါများပြားလှပါသည်။ ‘စစ်အစိုးရဖြုတ်ချရေး’ သည်တွင်ကျယ်သော လက်စွဲဆောင်ပုဒ်တစ်ခုဖြစ်
လာခဲ့သည်။

ယနေ့ ခေတ်မြန်မာပြည်၏ယိုယွင်းပျက်စီးနေသောအခြေအနေအရ ခေါင်းဆောင်သစ်၊


အုပ်ချုပ်ရေးနည်း လမ်းသစ်လိုအပ်နေသည်မှာအမှန်ပင်ဖြစ်ပါသည်။ သို့ ရာတွင်လက်ရှိနိုင်ငံရေးအဖွဲ့ 
အစည်းများမှာရေရှည်အ တွက်စဉ်းစားခြင်းမရှိဘဲ မိမိတို့ ၏လက်ရှိဆွဲကိုင်ထားသောအယူအဆ
ကိုသာဖြေရှင်းရန်ကျိုးစားနေသည်ကများ နေပါသည်။ ပို၍ရှင်းလင်းအောင်ဆိုရသော်
တိုင်းပြည်အတွက် ရေရှည်စီမံကိန်းများရေးဆွဲပြင်ဆင်ထားခြင်းမျိုး အလျင်းမရှိခြင်းဖြစ်သည်။
စစ်အစိုးရဖြုတ်ချရေး၊ ဒီမိုကရေစီစံနစ်ဖော်ဆောင်ရေး ဟုသာကြွေးကြော်နေသော် လည်း
တကယ်တမ်းဖြုတ်ချနိုင်ခဲ့သော်လည်းကောင်း ၊တပ်မတော်အစိုးရမှကမ်းလှမ်းလာလျှင်သော်လည်း
ကောင်းဒီမိုကရေစီစံနစ်ဖော်ဆောင်ရန် နည်းလမ်းပြင်ဆင်ထားသူ မည်သူရှိပါသနည်း။
ပြည်သူအပေါင်း တို့ ခင်ဗျားဒီမိုကရေစီရပါပြီလို့ ကြေ ညာလိုက်ရုံနှင့်ပြီးသွားမည့်ကိစ္စမဟုတ်ပါ။
ကျဆင်းနေသောစီးပွားရေး၊ နိမ့်ကျနေသောပညာရေး၊ လိုအပ်ချက်များနှင့် ပြည့်နှက်နေသော
ကျန်းမာရေး များကိုမည်သည့်နည်း၊ ဥပဒေ များနှင့်ပြန်လည်တည်ဆောက်မည်ဟု ကြိုတင်ပြင်
ဆင်သင့်သည်။

တော်လှန်ရေးသက်တမ်းသည်ယခုဆိုလျှင်နှစ်ပေါင်း(၂၀) ကျော်ရှိလာပါပြီ။
အောင်မြင်ရန်အလားအ လာအတော်ပင်နည်းနေပါသေးသည်။ အနောက်နိုင်ငံများတိုးတက်ရခြင်း
မှာနည်းလမ်းတစ်ခု၏ရလာဒ်အားအ မြဲတစေစောင့်ကြည့်လေ့လာနေသောကြောင့်ဖြစ်သည်။
အကယ်၍ ၁၉၈၈ ပတ်ဝန်းကျင်က ကဲ့သို့ ပြည်သူလူထု၊ ကျောင်းသားများ၊အရပ်ဘက၊်ဝန်ထမ်းများ
အားလုံးစုစုစည်းစည်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်စဉ် ကလည်းကောင်း၊ ABSDF
ကျောင်းသားအင်အားစုသောင်းချီရှိစဉ် ကပင်မအောင်မြင်ခ့လ
ျှဲင် ယနေ့ခေတ်ကာလကဲ့သို့
တပ်မတော်အာဏာကြာရှည်တည်မြဲပြီးနောက်၊ ABSDF လည်းအင်းအား၅ယောက်နှင့်
တစ်ပိုင်းကျန်ပြီးနောက်၊ပြည်သူလူထုလည်းချိန့အ
ဲားကုန်ပြီဖြစ်သောယခုအချိန် မျိုးတွင်
လမ်းဟောင်းအတိုင်း ဆက်သွား၍အောင်မြင်မမြင်စဉ်းစားနိုင်စွမ်းမရှိသောနိုင်ငံရေးသမားဟောင်းကြီး
များမှာအလွန်ပင်တွေး ခေါ်မှုအပိုင်းအားနည်းနေကိုတွေ့မြင်နိုင်ပါသည်။

နိုင်ငံရေးအတွေးအခေါ်ဆိုသည်မှာတိုးတက်လာသောခေတ်၊ ပြောင်းလဲလာသောအခြေ
အနေအပေါ် မူတည်၍ လိုက်လံပြောင်းလဲရမည့်အရာတစ်ခုဖြစ်သည်။ လက်ရှိအမေရိကန်သမ္မတ
အိုဘားမားသည် လက်တွေ့သာပင်ဖြစ်သည်။ အမေရိကန်က့သ
ဲို့ အင်အားကြီးနိုင်ငံတစ်ခုပင်လျှင်
ပြောင်းလဲလာသော အခြေအနေပေါ်မူတည်၍ ပြိုင်ဘက်နိုင်ငံများကိုသင့်မြတ်အောင၊်
မိတ်ဆွေနိုင်ငံများနှင့် ပြိုပီးရင်းနှီးအောင် ပေါင်းသင်းရန်ကြိုးစားနေရသည်။ သို့ပေမယ့်အတွေ့အကြုံရင့်
ကျက်လှပါသည်ဆိုတော့ မြန်မာ့ နိုင်ငံရေးသမားဟောင်းကြီးများတော့ တော်လှန်ရေးကိုသွေးနဲ့
လုပ်ရမည်အော်တုန်းပင်၊ တပ်မတော်အစိုးရကိုဆန္ဒပြဆန့်ကျင် တိုက်ခိုက်ရမည်ကြွေးကြော်နေဆဲပင်
ဖြစ်သည်။

ပြည်ပရောက်နိုင်ငံရေးသမားများအားဥပမာပေးရသော် ရေတက်ငါးဇင်ရိုင်းအဖွဲ့
ဟုဆိုနိုင်ပါသည်။ အဘယ့်ကြောင့်နည်းရှင်းပါမည်။ မြန်မာပြည်အတွင်းတစ်ခုခုဖြစ်လျှင်
ထိုကိစ္စနှင့်ပတ်သတ် တခဏတာတော့လှုပ်လှုပ်ရှားရှားအရမ်းဖြစ်ပြီး မကြာခင်ငြိမ်လျှင်ငြိမ်၊
မငြိမ်လျှင်အခြားပို ပေါ်ပြူလာဖြစ်သော ကိစ္စသို့ခုန်ကူးသွားတတ်ပါသည်။ အနီးဆုံးဥပမာပေးရသော်
၂၀၀၇ စက်တင်ဘာ သံဃာ မြန်မာပြည်တွင်းလှုပ်လှုပ်ရှားရှားဖြစ်ချိန်တွင် ပြည်ပတွင်လည်းဆန္ဒတွေပြ၊
အစည်းဝေးတွေနှင့်လှုပ်ရှားကြပါ သည်။

သို့ရာတွင်ဆန္ဒပြသည်ဆိုသော်ငြားလည်းမိမိတို့အလုပ်ပိတ်ရက်များတွင်အချိန်ပိုင်းပြခြင်း
သည်ဖြစ်ပါသည်။ မည်သို့သော ထိရောက်မှုများရှိသည်၊မရှိသည်တော့မသိ
လည်းအစည်းအဝေးအခန်းနား များမှာတော့ချိမ့်ချိမ့်သဲသဲကျင်းပကြပါသည်။ သို့ရာ
တွင်ထိုကိစ္စမပြီးပြတ်သေးခင် နာဂစ်မုန်တိုင်းအရေးဝင် လာပါသည်။ မည်သည့်အဖွဲ့အစည်းကမှ
ကျွန်တော်တို့ အဖွဲ့အစည်းကတော့အရေးအခင်းမှာဒုက္ခဖြစ်သူတွေကို ဆက်ပြီးကူညီပါ့မယ်။
အခြားအဖွ့အ
ဲ စည်းတွေက နာဂစ် မုန်တိုင်းဒုက္ခသည်တွေကိုကူညီပါလို့ မည်သည့်အဖွဲ့
အစည်းကမှအသံမကြားရပဲ နိုင်ငံတကာ NGO များထံမှာ နောက်ကျလျှင်ရန်ပုံငွေမရရှိတော့မည်
ကိုစိုးရိမ်ပြီး သူ့ထက်ငါ ဦးအောင်နာဂစ်ကယ်ဆယ်ရေးငွေလုပ်ကြပါသည်။ September
အရေးအခင်းမှာ ဒုက္ခရောက်သူ/ထောင်ကျသူတွေ (မထောက်ပံ့နိုင်သေးလို့ခဏစောင့်ဗျာ) ဆိုတဲ့
သဘောထားတွေပါ။ အဲဒီနောက် Anti-election 2010 campaing ကိစ္စပေါ်လာတော့
ထုံးစံအတိုင်းပါဘဲ။ မုန်တိုင်းကြောင့်ဒုက္ခရောက်သူတေါအားလုံး သိန်း ၃၀၀ ထီပေါက်သွားလို့
လှည့်ကြည့်စရာ မလိုတော့သလို ဂရုမစိုက်တော့ပြန်ပါဘူး။ ဘယ်နိုင်ငံတကာ၊ဘယ် media မှလည်း
ကူညီလာအောင်မလုပ်တော့ဘူး။ အားလုံးက Anti election ကိစ္စကိုဘဲအကြီးအကျယ်ဖြစ်ကုန်
ကြပါရော။ နာဂစ်ဒုက္ခသည်တွေအကူအညီအများကြီးလို နေပါသေး တယ်ဗျာ။ အဲဒါလည်းပြီးရောအခု
ရိုဟင်ဂျာတဲ့။ အင်တာနက်ပေါ်မှာ အီးမေးလ်တွေမှာ ရိုဟင်ဂျာအကြောင်းတွေ
လိုက်ဖြန့်နေတာမတွေ့အချင်မှအဆုံး။ မပြီဆုံးနိုင်သောပန်ချီကားပါဘဲ။

၈၈ကျောင်းသားဟောင်းနိုင်ငံရေးသမားဆိုသူတွေန့ေ
ဲ တွ့ဆုံရင်လည်းတော်တော်စိတ်ပျက်ဖို့ေ
ကာင်းပါတယ်။ တစ်ခါလာလဲဟိုတုန်းကတောထဲမှာ ဆိုတ့အ
ဲ ကြောင်းတွေ မပြီးတော့ပါဘူး။
အရင်တုန်းကဘယ်လိုလုပ်ခဲ့တယ်။ ဘယ်လိုတော်လှန်ခ့တ
ဲ ယ်ဆိုတာတွေချည်းပါဘဲ။ အခုလက်
ရှိဘာတွေအကျိုးရှိအောင်လုပ်ပေးနေတယ်၊ ဒီနေ့မှာကျွန်တ်ေတို့(သို့) ကျွန်တော်တို့ အဖွဲ့အစည်း
ကတော့ မြန်မာပြည်အတွက်ထိထိရောက်ရောက်ဘာ တွေလုပ်ဆောင်နေပါတယ်ဆိုတာပြော
စရာမရှိရှာပါဘူး။ ဟိုတုန်းကတောထဲမှာ တိုက်ပွဲဘယ်လိုရှုံးခဲ့တယ်၊ ဆေးဘယ်လိုသုံးခဲ့ရတယ်၊
အရက်ကိုဘယ်လိုသောက်ခဲ့တယ်၊ ဘယ်လိုဆိုးခဲ့ မိုက်ခ့သ
ဲ လဲဆိုတာတွေသာ ဂုဏ်ယူပြီးပြော
နေကြပါတယ်။ အိမ်မက်ဟောင်းကမနိုးထနိုင်ကြသေးပါဘူး၊ နိုးမယ့်ပုံလဲမပေါ်တော့ပါဘူး။

အားလုံးခြုံငုံပြီးပြောရရင်တော့အိမ်မက်ဟောင်းမှာဘဲတစ်ဝဲလည်လည်ဖြစ်နေပြီးတစ်ဦးချင်းဖြစ်
စေ၊ အဖွဲ့ အစည်းဖြစ်စေ၊နိုင်ငံရေးအရ၊လူမျိုးရေးအရ၊ဘာသာရေးအရ လိုက်လံတိုက်ခိုက်ပြီး
အနာဂတ်ရဲ့ပျောက်သောလမ်းမှာ တစ်ဝဲလည်လည်လျှောက်နေကြမယ့်အစား အိပ်မက်ကနိုးထပြီး
သစ်လွင်တဲ့ အတွေးအခေါ်နဲ့ကိုယ်တိုင်ခေါင်းဆောင်၊ သို့မဟုတ် ခေါင်းဆောင်ကောင်းတစ်ယောက်
နောက်ကနေပြီး အပြောင်းလဲလေးဖြစ်အောင်လုပ်ကြပါအုံးဗျာ။
မြန်မာပြည်အတွက်အချိန်မှီပါသေးတယ်။

You might also like