You are on page 1of 16

အမျိုးသမီးရေးရာလည်း ပါတီဖွဲ့မည်

မိုးမခအထောက်တော်၊ ရန်ကုန်
ဇွန် ၂ရက်၊ ၂၀၀၉

နအဖ အစိုးရ၏ အာဏာတည်မြဲစေအောင် အထောက် အကူပြုသည့် အဖွဲ့အစည်းတခု ဖြစ်သည့်


အမျိုးသမီးရေးရာ အဖွဲ့ကို လာမည့် ၂၀၁၀ တွင်ကျင်းပမည် ဆိုသည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်
စေရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
ယခုလက်ရှိ အစိုးရ ၀န်ထမ်း တာဝန်ထမ်းဆောင်နေပြီး အမျိုးသမီးရေးရာ အဖွဲ့တွင်လည်း အရေးပါသည့်
ရာထူးတာဝန်ယူထားသူ များကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်မည့် အမျိုးသမီးရေးရာ အဖွဲ့ စည်းဝေးတွင်
အစိုးရ၀န်ထမ်း မဟုတ်သူများနှင့် အစားထိုးလဲလှယ် လိမ့်မည်ဟု အမျိုးသမီး ဌါနဆိုင်ရာ အရာရှိ ၀န်ထမ်း
တဦးကပြောဆိုသည်။

အစိုးရ ၀န်ထမ်းများအနေဖြင့် နိုင်ငံရေး ပါတီတခုခုတွင် ၀င်ရောက် လှုပ်ရှားခွင့် မရှိသည့် အတွက် ယခုက့သ


ဲို့
လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု သိရှိရပြီး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းကိုမူ ပါတီအသွင်
ပြောင်းမည့် ရည်ရွယ်ချက်မရှိသေးပဲ ယခင်အတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဟု လည်းသိရှိရသည်။

လာမည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲနင


ှ့် ပတ်သက်ပြီး ယခုအချိန်ထိ ရွေးကောက်ပွဲ
ဥပဒေကို ကြေညာ အသိပေးခြင်း မရှိသေးသော်လည်း နအဖ၏ လက်ခွဲ ပါတီများ ဖြစ်လာမည့်ု
အမျိုးသမီးရေးရာ အဖွဲ့ကဲ့သို့သော အင်အားစုများကိုမူ လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိ
သည်ကိုတွေ့ရသည်။

အမျိုးသမီးရေးရာ အဖွဲ့ကို ၂၀၀၄ခုနှစ်တွင် ဖြုတ်ချခြင်း ခံခ့ရ


ဲ သည့် စစ်ထောက်လှမ်းရေး အကြီးအကဲ
ဗိုလ်ချုပ် ခင်ညွှန့်၏ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်ရွှေက တလျှောက်လုံး ဦးဆောင်ခြဲ့ ပီး ၂၀၀၄ ခုနှစ်ကုန် ပိုင်းတွင်
ထိုစဉ်က ၀န်ကြီးချုပ် ရာထူး ဆက်ခံသူ ဗိုလ်ချုပ်ကြီးစိုးဝင်း ဇနီးကို လွှဲပြောင်းတာဝန်ပေး အပ်ခ့သ
ဲ ည်။

နအဖ စစ်အစိုးရသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အတိုက်အခံ အန်အယ်လ်ဒီ ပါတီက အပြတ်အသတ်


အနိုင်ရခဲ့သည့် ကံကြမ္မာမျိုးနှင့် ထပ်မံ မကြုံတွေ့ရစေရန် လူထုအား ခြိမ်းခြောက်ခြင်း၊ လက်ခွဲ ပါတီငယ်
အများအပြားဖြင့် ရွေးကောက်ပွဲကို လုံးဝ လွှမ်းမိုးနိုင်အောင် ကြိုးစားခြင်း၊ စစ်တပ်မဟုတ်သည့် အဖွဲ့အစည်းများ
ပြင်ဆင်မှု မလုပ်နိုင်စေရန် အချိန်နီးကပ်မှ ရွေးကောက်ပွဲ ဥပဒေကို ကြေညာမည့် လက္ခဏာတို့
ကိုတွေ့မြင်နေရသည်။
----------------------------------------------------------------------------------------------------------
ခန္တီးထောင်အတွင်း၌ ကိုဒီငြိမ်းလင်း ကျန်းမာရေးအတွက် စိုးရိမ်နေရ
Monday, 01 June ရိုးမ ၃

၂၀၀၇ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း ခန္တီးအကျဉ်းထောင်အတွင်း ကျန်းမာရေး


အခြေအနေ ကောင်းမွန်ခြင်းမရှိဘဲ လုံလောက်မှုမရှိသည့် ထောင်တွင်းကျန်းမာရေးမှူးဖြင့်သာ ဆေးဝါး
ကုသနေရသည့်အတွက် စိုးရိမ်နေရကြောင်း သူ၏ မိသားစုဝင်က ပြောသည်။
ခန္တီးထောင်အတွင်း၌ အဖျားတက်ပြီး ငှက်ဖျားရောဂါ ရှိမရှိကို သွေးစစ်ထားပြီး အဖြေမသိရသေးကြောင်း
ပြီးခဲ့သည့်လ (၂၆) ရက်နေ့က ထောင်ဝင်စာ သွားရောက်တွေ့ခ့သ
ဲ ည့် မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောသည်။

“ဒီငြိမ်းလင်း ကျန်းမာရေးမကောင်းတာက (၈) ရက်နေ့ကနေ (၁၂) ရက်နေ့အထိ ဖျားတာ၊ ရေသောက်ရေအန်၊


အစာ စားရင် အကုန်ပြန်အန်၊ ခေါင်းလဲမူးတယ်၊ အဲလိုတွေဖြစ်တာ၊ ထောင်မှာက ဆေးမှူးပဲရှိတယ်၊ ဆေး
တိုက်တာတော့ ရှိတယ်၊ လက် ၁၀ ချောင်းစလုံးကို ငှက်ဖျားရှိမရှိ သွေးဖောက်စစ်ထားတယ်၊ အဖြေကတော့
မသိခ့ရ
ဲ သေးဘူး” ဟု ပြောသည်။

ထောင်ဝင်စာသွားတွေ့ရာတွင် ကုန်ကျစရိတ်နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများလည်း


ကြုံတွေ့ရကြောင်း ကိုဒီငြိမ်းလင်း၏ မိခင်ဖြစ်သူက ဆက်ပြောသည်။

“သွားရတာက လမ်းပန်းဆက်သွယ်ရေးက တော်တော်ကို ဆိုးတယ်၊ မော်လိုက်မှာ တညအိပ်ခ့ရ


ဲ သေးတယ်၊
နောက် ဟုမ္မလင်းမှာ တညအိပ်ပြီးမှ ခန္တီးကို ရောက်တာ၊ ကုန်ကျစရိတ်ကလဲ အစစအရာရာ ဈေးနှုန်းတွေက
မြင့်တယ်၊ ရန်ကုန်ကနေ အသွားအပြန်ဆို ၁၀ ရက်လောက် ကြာတယ်” ဟု ပြောသည်။

ခန္တီးထောင်တွင်းအခြေအနေမှာ အကျဉ်းသားများအတွက် ကောင်းမွန်စွာ နေထိုင်နိုငြ် ခင်းမရှိကြောင်းနှင့်


တောင်ကျချောင်းရေကိုသာ သုံးစွဲနေရသဖြင့် အရေပြားရောဂါများ ဖြစ်ပွားနေသည့်အတွက် သားဖြစ်သူအတွက်
ကျန်းမာရေးကို စိုးရိမ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ရေချိုးရတာကလဲ ချောင်းရေကို သုံးရတော့ ကိုယ်တွေ ယားကြတယ်လို့ပြောတယ်၊ နေရတာကလဲ


တကယ့်တောခေါင်ခေါင်ကြီးထဲမှာ နေရတာ၊ ဆေးဝါးအခက်အခဲ အစားအသောက်အခက်ခဲတွေ ရှိတယ်” ဟု
ပြောသည်။

ကိုဒီငြိမ်းလင်းအခြေအနေနှင့်ပတ်သက်၍ မိခင်ဖြစ်သူက သက်ဆိုင်ရာ ထောင်အာဏာပိုင်များထံ မကြာခင်


စာရေးပြီး တောင်းဆိုမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဒေါ်ဌေးဌေးဝင်းက ဆက်ပြောသည်။

“သားကို အပြင်ဆေးခန်းပြနိုင်ဖို့အတွက် သက်ဆိုင်ရကို စာရေးတင်ပြ တောင်းဆိုမယ်၊ နောက်ပြီး ဖြစ်နိုင်ရင်


ထောင်ပြောင်းပေးဖို့ပါ ထည့်သွင်းတောင်းဆိုမှာပါ” ဟု ပြောသည်။

ကိုဒီငြိမ်းလင်းအား စစ်အစိုးရ အာဏာပိုင်များက ယခုနှစ်ဆန်းပိုင်းက ထောင်ဒဏ် (၁၅) နှစ်ချမှတ်ခြဲ့ ပီး


ခန္တီးထောင်သို့ ဖေဖော်ဝါရီလအတွင်းက ပြောင်းရွှေ့ခဲ့သည်။

ပြီးခဲ့သည့်လအတွင်းကလည်း သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရကို စစ်ကိုင်းတိုင်း၊ ခန္တီးထောင်မှ


ကလေးထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ညှဉ်းပန်းနှိပ်စက်မှုများလည်းရှိကြောင်း ထောင်ဝင်စာသွားတွေ့သည့်
မိသားစုဝင်တဦးက ပြောသည်။

“ဆရာတော်က ဖွင့်မပြောပေမဲ့ သူ့ပုံစံက နှိပ်စက်ခံထားရတာ သိသာတယ်၊ လက်မှာလဲ ထိခိုက် ဒဏ်ရာ


ရထားတာတွေ တွေ့တယ်၊ သူ့ပုံစံက အားနည်းနေတဲ့ပုံ ပေါက်နေတယ်၊ စကားပြောတာတောင် လေသံက တိုးတိုး
လေးပဲ၊ ဒါပေမဲ့ စိတ်ဓါတ်ကတော့ မာနေတာပဲ” ဟု ပြောသည်။
စစ်အစိုးရအာဏာပိုင်များက ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများအပြားကို နှစ်ရှည်
ထောင်ဒဏ်များချမှတ်ကာ မိသားစုများနှင့်ဝေးလံသည့် နယ်အကျဉ်းထောင်များသို့ ပို့ဆောင်ခ့သ
ဲ ည်။
-----------------------------------------------------------------------------------------
ဇီးကုန်းမြို့တွင် ဒီမိုကရေစီတပ်လှန့်သံဆိုသည့် လှုံ့ဆော်စာများ ပျံ့နှံ့နေ
Monday, 01 June မျိုးကြီး Yoma 3 သတင်းဌာန

ပဲခူးတိုင်း၊ ဇီးကုန်းမြို့ပေါ်တွင် လူထုလှုပ်ရှားမှုစာရွက်များ ပျံ့နှံ့နေလျှက်ရှိပြီး ဒေသခံများက အဆိုပါ


လှုံဆော်စာအကြောင်းကို စိတ်ဝင်တစား ပြောဆိုနေလျှက်ရှိသည်။

မေလ (၂၇) ရက်နေ့ နေ့စွဲဖြင့် ရေးသားပြီး ဒီမိုကရေစီတပ်လှန့်သံဆိုသည့် ခေါင်းစဉ်ဖြင့် ဇီးကုန်းမြို့ပေါ် ရပ်ကွက်


၅ ခုတွင် ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

“စစ်အစိုးရလက်ထက်မှာ ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ခံရတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို


အင်းစိန်ထောင်ပို့ပြီး မတရားအမှုဆင်တရားစွဲတာ၊ လူထုဆန္ဒ အစစ်အမှန်ဖြစ်တဲ့
ရွေဝါရောင်တော်လှန်ရေးအကြောင်း၊ ၂၀၀၈ လူထုဆန္ဒခံယူပွဲ၊ နောက်တော့ ၂၀၁၀ ရွေးကောက်ပွဲကို
လက်မခံတာဆိုတဲ့ အကြောင်းတွေ ရေးထားတာ” ဟု သူက ပြောသည်။

အဆိုပါ လှုံဆော်စာနောက်ဆုံးပိုဒ်တွင် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန်အတွက် အားလုံးတွင်


တာဝန်ရှိကြောင်းနှင့် ပြည်သူလူထုတရပ်လုံးအနေဖြင့် ကိုယ့်တာဝန်ကိုယ်သိပြီး သတ္တိရှိရှိ တိုက်ပွဲဝင်ကြဖို့ကို
တိုက်တွန်းနှိုးဆော်ထားသည်များကိုလည်း ထည့်သွင်းရေးသားထားကြောင်း သိရသည်။

၎င်းစာကို ကိုယ်တိုင်ဖတ်ရှုလိုက်ရသည့် အမျိုးသမီးတဦးက “အဲဒီစာကို ဒီမနက်မိုးလင်းတော့ သမီးတို့အိမ်ရှေ့မှာ


တွေ့တယ်၊ စာရွက်ကို ပလပ်စတစ်နဲ့ ပတ်ထားတယ်၊ အဓိကကတော့ သူတို့လိမ်လည်လုပ်မဲ့ ရွေးကောက်ပွဲကို
ပြည်သူလူထုတွေ ခေါင်းထဲထည့်မစဉ်းစားဖို့၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်းစိန်ထောင်ထဲမှာ
စစ်အာဏာရှင်တွေကို တယောက်တည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်နေတာဖြစ်လို့ သူန့အ
ဲ တူ ပြည်သူလူထုတွေကလဲ
အတူတိုက်ပွဲဝင်ကြဖို့ဆိုပြီး ရေးထားတယ်” ဟု ပြောသည်။

အေဖိုး(A4)စာရွက် တမျက်နှာနီးပါ ရေးသားထားသည့် ၎င်းလှုံ့ဆော်စာတွင် အစစ်အမှန်လူထုအသံ၊


စစ်အာဏာရှင်ဖွ့စ
ဲ ည်းပုံ ၂၀၀၈ ဖျက်ဆီးပစ်၊ စစ်ဗိုလ်ချုပ်တွေ အုပ်စိုးမဲ့ ၂၀၁၀ အလိုမရှိ၊ တွေ့ဆုံဆွေးနွေးရေး
ချက်ချင်းလုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်၊ ဒီမိုကရေစီအောင်ရမည်ဟု
ကြွေးကြော်သံ ၅ ချက်ကို ထည့်သွင်းရေးသားထားကြောင်း ဆက်ပြောသည်။

“စာထဲမှာရေးထားတာက ပြည်သူထဲက ပြည်သူများဆိုပြီး အောက်မှာ ထည့်ထားတယ်၊ ဘယ်သူတွေဆိုတာ


မသိပေမဲ့ စစ်အစိုးရကို မကြိုက်တဲ့ ပြည်သူတွေက ရေးထားတာလို့ပဲ ထင်တယ်” ဟု ၎င်းအမျိုးသမီးက
ဆက်ပြောသည်။

ဇီးကုန်းမြို့ပေါ်ရှိ ပြည်သူများအနေဖြင့်လည်း ၎င်းစာကို ဖတ်ရပြီးနောက် စိတ်ဝင်တစား ပြောဆိုနေကြပြီး


တမြို့လုံးတွင်လည်း အဆိုပါသတင်း ပျံ့နှံ့နေကြောင်း သူက ဆက်လက်ပြောသည်။
-----------------------------------------------------------------------------------------
မစ္စတာယက်တောကိစ္စ စီအိုင်အေလက်ချက်ဟု စက်မှုဝန်ကြီးပြောကြား
Radio Free Asia 2009-06-01

ပြည်ထောင်စု ကြံ့ခိုင်ဖံွ့ ဖြိုးရေးအသင်း နာယက၊ မန္ဈလေးတိုင်း စည်းရုံးရေးမှူး အမှတ် (၁) စက်မှုဝန်ကြီးဌာန


ဝန်ကြီး ဦးအောင်သောင်းဟာ ဇွန်လ ၁ရက် ဒီနေ့မနက်မှာ ပြည်ကြီးတံခွန်မြို့နယ်က ပြည်သူတွေကို
တအိမ်တယောက် မတက်မနေရ ဆင့်ခေါ်ပြီးတော့ မိုးထိအောင်စည် ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ သြဝါဒ
ပေးပွဲ ကျင်းပပြီး ရွေးကောက်ပွဲလုပ်ရင် ၂ဝဝ၈ ဆန္ဒခံယူပွဲတုန်းကလို ထောက်ခံကြဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
အိမ်ထဲ ရေကူးပြီး ဝင်ခ့တ
ဲ့ဲ မစ္စတာ ယက်တောကိစ္စဟာ အနောက်နိုင်ငံတွေနဲ့ စီအိုင်အေ လက်ချက်ဆိုပြီး
ပြောသွားတယ်လို့ တက်ရောက် နားထောင်ခ့ရ
ဲ သူတဦးက RFA ကို ပြောပါတယ်။

နားထောင်ခ့ရ
ဲ သူ။ ။ '၂ဝဝ၈တုန်းက ၉၂ ရာခိုင်နှုန်းကျော် အောင်မြင်တ့ပ
ဲုံစံမျိုးကို အောင်မြင်သွားအောင်
ကြိုးစားပေးကြပါဆိုတာတော့ ပြောသွားတယ်ဗျ။ ဒေါ်စုကြည်ရဲ့ အိမ်ဝင်းထဲမှာ ဝင်တ့က
ဲိစ္စက ကျုပ်တို့အစိုးရရဲ့
ပယောဂ မပါပါဘူးတဲ့။ အဲဒီ အနောက်အုပ်စုနဲ့ စီအိုင်အေရဲ့ အကွက်ကျကျ ကြံစည်မှုသာ ဖြစ်တယ်ဆိုပြီးတော့
ပြောသွားတာလည်း က္ဆွန်တော်တို့ ကြားလိုက်ရတယ်။'

ဝန်ကြီး ဦးအောင်သောင်းက ရပ်ကွက်တခုက မူလတန်းကျောင်းအတွက် ၁၅သိန်း ပေးမယ်လို့ ကတိပြုခဲ့သလို၊


နောက် ရပ်ကွက်တခုရဲ့ လမ်းခင်းပေးဖို့နဲ့ စာသင်ကျောင်းတခုရဲ့ အုတ်တံတိုင်း အခန်း ၂ဝ ကာရံပေးဖို့
သဘောတူသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒြီဥဝါဒ ခံယူပွဲကို ဘယ်လို ဖိတ်ကြားခဲ့သလဲ၊ လူထုကရော စိတ်ဝင်စားမှု ရှိရ့လ


ဲားလို့ မေးကြည့်တော့ သူက ခုလို
ပြောပြပါတယ်။

နားထောင်ခ့ရ
ဲ သူ။ ။ 'လူထုက စိတ်ပါဝင်စားမှု ဆိုတာကတော့ ရှိကြတယ်လို့တော့ မဟုတ်ဖူးပေါ့ဗျာ၊
ကြောက်တော့ က္ဆွန်တော်တို့ လူထုက လိုက်ကြရတာပေါ့။ ကဲ သွားရမှ ဖြစ်မယ်ဆိုတဲ့ ဟာမျိုးကို က္ဆွန်တော်တို့
စိတ်တွေထဲမှာတော့ အဲလိုပဲ ဖြစ်နေကြတာပေါ့ဗျာ။ အဲ မလိုက်ရင် ဒဏ်ငွေ တထောင်ဆိုတာ
တချို့ရပ်ကွက်တွေမှာ ပြောပါတယ်။ တချို့ရပ်ကွက်တွေကျတော့ လော်စပီကာကြီးနဲ့ ဟစ်တယ်။
တချို့ရပ်ကွက်တွေကျတော့လည်း တအိမ်တက်ဆင်း လိုက်ပြီးတော့ ဖိတ်သွားတာပေါ့ဗျာ။'

လူထုအနေနဲ့ နောက်ထပ် တောင်းဆိုစရာရှိရင် နောက်တခေါက် ထပ်လုပ်မဲ့ အခမ်းအနားမှာ ထပ်ပြောဖို့


မှာကြားပြီး မိုးရွာတာနဲ့ အခမ်းအနားကို ရုပ်သိမ်းသွားတယ်လို့ သိရပါတယ်။
----------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်၏ စာရိတ္တအတွက် သက်သေမလိုကြောင်း တရားရုံးပြောဆို


Radio Free Asia 2009-06-01

ဒေါ်အောင်ဆန်းစုကြည်ဖက်က ထွက်ဆိုပေးမဲ့ သက်သေ ၄ဦးထဲက NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး NLD


ဗဟိုကော်မတီဝင် ဦးဝင်းတင် အပါအဝင် သက်သေစုစုပေါင်း ၃ဦးကို အင်းစိန်ထောင်တင
ွ်း အထူးတရားရုံးက
ပယ်ချခဲ့တာဟာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၅၇အရ မညီညွတ်ပဲ မှားယွင်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
ရှေ့နေကြီး ဦးကြည်ဝင်းက ဒီကနေ့ ဇွန်လ ၁ရက်မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေ၃ဦးကို ဘာကြောင့်ပယ်ချတယ်ဆိုတဲ့ အင်းစိန်ထောင် တရားရုံးရဲ့


အကြောင်းပြချက် မိတ္တူကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဒီကနေ့မှာ သွားရောက် ကူးယူခ့ေ
ဲ ကြာင်း
သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေ ၃ဦးကို ပယ်ချခဲ့တဲ့ အကြောင်းပြချက်ထဲမှာတော့


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျင့်စာရိတ္တ ကောင်းမွန်တာကို တရားရုံးက ယုံကြည်တာကြောင့်
ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေ ထွက်ဆိုစရာ မလိုတ့သ
ဲ ဘောမျိုး အင်းစိန်ထောင် တရားရုံးက
မရှင်းမလင်း ဖော်ပြထားကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ရှေ့နေကြီး ဦးကြည်ဝင်းက RFA ကို အခုလိုရှင်းပြပါတယ်။

ဦးကြည်ဝင်း။ ။ 'အကြောင်းပြချက်ကတော့ ဒါမလိုပါဘူးပေါ့ဗျာ၊ character နဲ့ ပတ်သက်လို့ ပြတဲ့သဘော


ဆိုတာ မလိုပါဘူးပေါ့။ ဘာဆိုလိုတယ် ဆိုတာကနော် ဟို ရိုးရိုးလေး တွက်လိုက်ရင် အဲ သူက သူတော်ကောင်းပါ၊
ဟုတ်လား၊ အဲဒီတော့ character နဲ့ ပတ်သက်လို့ သိပ်ပြီးတော့ ပြောနေစရာ မလိုဘူးပေါ့။ အဲ သူက
သူတော်ကောင်းလို့ ဆိုရင် ဒီအမှုကို ဘယ်ကျူးလွန်မလဲ၊ ဟုတ်တယ်မဟုတ်လား။ အဲဒါမျိုးတွေ ဖြစ်နေတယ်။
ဒီသုံးယောက်ကို ပယ်တာဟာ ဥပဒေအရ မှားတယ်၊ နော်။ ဥပဒေအရကို မှားတယ်။ နှစ်အချက်က တရားမျှတမှု
ရှုထောင့်က ကြည့်ရင်လည်း မှားတယ်။ ပြောရင် အဲဒီမှာ အကျင့်ပုဒ်မ ၂၅၆ ၊ ၂၅၇ ဆိုတာရှိတယ်၊ အဓိက ၂၅၇။'

ရှေ့နေကြီး ဦးကြည်ဝင်းက RFAကို ထပ်မံ ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ထွက်ဆိုပေးမဲ့


သက်သေတွေထဲမှာ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးရော ၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့ဟာ
ဒေါ်အောင်ဆန်းစုကြည်အတွက် တကယ့်ကို အရေးပါတဲ့ သက်သေတွေ ဖြစ်ပေမဲ့ အခုလို သက်သေထွက်ဆိုခွင့်
ဆုံးရှုံးခဲတ
့ာဟာ တရားမျှတမှု မရှိဘူးဆိုတာကို ပြသတာပဲ ဖြစ်ကြောင်း RFA ကို ပြောဆိုပါတယ်။
----------------------------------------------------------------------------------------------------------

ဒေသဆိုင်ရာ ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်အရေး ဆွေးနွေးမည်


Radio Free Asia 2009-06-01

တောင်ကိုးရီးယားနိုင်ငံ Jeju က္ဆွန်းမှာ ဒီကနေ့ ဇွန်လ ၁ရက်မှာ စတင်ကျင်းပတဲ့ အာဆီယံနဲ့


တောင်ကိုးရီးယားနိုင်ငံတို့ရဲ့ ထိပ်သီးညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
စစ်အစိုးရက တရားစွဲဆိုထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ ဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ ထိုင်းနိုင်ငံ
ဝန်ကြီးချုပ် A္ဘhisit က ဦးဆောင်ဆွေးနွေးမှာ ဖြစ်ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံရဲ့ ဒုံးကျည်လက်နက် စမ်းသပ်စစ်ဆေးမှုကိစ္စနဲ့ ဒေသတွင်း လုံခြုံရေးကိစ္စတွေကို


ဒီညီလာခံ အဓိက ဆွေးနွေးကြမှာဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို ဘေးဖယ်ထားမှာ မဟုတ်ဘူးလို့
ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်တွေကို မနေ့က ပြောပါတယ်။ အာဆီယံအနေနဲ့
မြန်မာစစ်အစိုးရအပေါ် အရင်ကထက်ပိုပြီး ဖိအားပေးတာတွေ လုပ်သင့်တယ်လို့ ထိုင်းနိုင်ငံ လက်ရှိ
အာဏာရအစိုးရပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ Mr. Kraisak က RFA
ကိုပြောပါတယ်

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံထားတဲ့အပေါ်မှာ ဒေသတွင်း နိုင်ငံတွေအနေနဲ့


ဒီတကြိမ်မှာတော့ လေးလေးနက်နက် စဉ်းစားသင့်တယ်လို့ ပြောသွားပါတယ်။

အာဆီယံနဲ့ တောင်ကိုးရီးယားနိုင်ငံတို့ရဲ့ ထိပ်သီးညီလာခံကို နှစ်ရက်တာ ကျင်းပမှာ ဖြစ်ပြီး အာဆီယံ


ဒေသတွင်းက နိုင်ငံခေါင်းဆောင် ၁ဝ ဦးစလုံး တက်ရောက်မှာ ဖြစ်ပါတယ်။
----------------------------------------------------------------------------------------------------------
မြန်မာ့အရေး အာဆီယံပြဿနာ ကမ္ဘောဒီးယား ဝေဖန်
VOA - 01 June 2009

မြန်မာနိုင်ငံအတွင်းက နိုင်ငံရေး ပြဿနာတွေဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတခုတည်း မဟုတ်ဘဲ အာဆီယံ


အရှေ့တောင် အာရှ နိုင်ငံတွေရဲ့ ပြဿနာ ဖြစ်လာနေပြီ ဆိုပြီး ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးက
ပြောဆိုပါတယ်။ မြန်မာစစ်အစိုးရက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် မစွတ်ဖက်ဖို့
ပြောဆိုနေပေမယ့်လည်း ဒေသတွင်း နိုင်ငံတွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိတ်မရှည်တော့တာကို
ပြသလာနေပုံရတယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ ကိုသိန်းထိုက်ဦးက
တင်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဂျီယု ကျွန်းမှာ ကျင်းပနေတဲ့ တောင်ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေအကြား


သံတမန်ဆက်ဆံရေး အနှစ် (၂၀) ပြည့် အခမ်းအနားကို တက်ရောက်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီး
Hor Namhong က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို အခုလို ပြောဆိုသွားတာပါ။

အာဆီယံဟာ မြန်မာနိုင်ငံပါဝင်တဲ့ မိသားစု အဖွဲ့အစည်းတခုဖြစ်ပြီး ဒီမိသားစု အဖွဲ့အစည်းကို ထိခိုက်စေတဲ့


ဘယ်လိုကိစ္စမျိုးမဆို ဒီ အာဆီယံ မိသားစု ဂုဏ်သိက္ခာကိုလည်း ထိခိုက်ပါတယ်။ မိသားစုဝင် တနိုင်ငံချင်းဆီရဲ့
အရေးကိစ္စတွေက မိသားစုတခုလုံးကို ထိခိုက်တ့အ
ဲ တွက် မြန်မာနိုင်ငံရဲ့ ပြဿနာဟာ မြန်မာနိုင်ငံတခုတည်းရဲ့
ပြဿနာ မဟုတ်ဘူးလို့ မြင်ပါတယ်။ ဒါဟာ အာဆီယံရဲ့ ပြဿနာပါလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Hor
Namhong က ပြောဆိုသွားတာပါ။

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ အရင်က ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း စတဲ့နိုင်ငံတွေ ပြောဆိုခြဲ့ ကဘူးပေမယ့်


ကမ္ဘောဒီးယားနိုင်ငံဟာ ပြောလေ့ပြောထ နည်းခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံတွင်း အခြေအနေတွေဟာ
ဒေသတွင်း နိုင်ငံတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ကမ္ဘောဒီးယားနိုင်ငံက ပထမဆုံးအကြိမ်
ထုတ်ဖော်ပြောဆိုလိုက်တာပါ။

မြန်မာစစ်အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ


အင်းစိန်ထောင် အကျဉ်းထောင် ကို ပြောင်းရွှေ့ပြီး တရားစွဲဆိုနေတဲ့အချိန်ဟာ ဒေသတွင်းနိုင်ငံတွေ
အစည်းအဝေးတွေ ကျင်းပနေတဲ့ အချိန်န့လ
ဲ ည်း တိုက်ဆိုင်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက စတင် တရားစွဲဆိုခြဲ့ ပီး တပတ်အကြာ မေလ ၂၅ ရက်နေ့ကနေ ၂၆
ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ (၉) ကြိမ်မြောက် အာရှ နဲ့ ဥရောပ နိုင်ငံတွေက နိုင်ငံခြားရေး
ဝန်ကြီးအစည်းအဝေး ကျင်းပခဲ့ပါတယ်။

မေလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ အာဆီယံ နဲ့ အီးယူ ၀န်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ


ဖနွမ်းပင် မှာ ကျင်းပပြန်ပါတယ်။ တချိန်တည်းမှာပဲ ရှန်ဂရီလာ ဆွေးနွေးပွဲဆိုတဲ့ အာရှပစိဖိတ်ဒေသ
လုံခြုံရေးဆိုင်ရာ အဓိက ဆွေးနွေးပွဲကိုလည်း မေလ ၂၉ ရက်နေ့ ညနေကနေ ၃၁ ရက်နေ့အထိ စင်္ကာပူနိုင်ငံမှာ
ကျင်းပခဲ့ပါတယ်။

အခု ဇွန်လ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ တော့ တောင်ကိုရီးယားနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး


ကျင်းပနေတာပါ။ စစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတာက ပြည်တင
ွ်းရေးသာ
ဖြစ်တယ်လို့ ခုခံကာကွယ် နေတဲ့အကြား ကျင်းပခဲ့တဲ့ အစည်းအဝေးတွေအားလုံးမှာ မြန်မာ့နိုင်ငံအရေးကို
မဖြစ်မနေ ထည့်သွင်းပြောဆိုခ့ပ
ဲါတယ်။ ၀ါရင့်နိုင်ငံရေးသမားကြီး သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းကတော့
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးကို အခုလို သုံးသပ်ပါတယ်။

"အမေရိကန်ပြည်ထောင်စုတို့ ဥရောပအဖွ့တ
ဲို့ကနေပြီးတော့ အကုန်လုံးတော်တော် ပြင်းပြင်းထန်ထန်တွေ
ပြောလာတဲ့အခါကျတော့ တရုတ်ကပါ နည်းနည်းပါးပါး လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်တွေ ဘာတွေပေါ့လေ၊
တချို့ ထိုက်သလောက် ပျော့ပျော့ပြောင်းပြောင်းနဲ့ လိုက်လာတာတွေ တွေ့ရတယ်။ အာဆီယံကလည်း သူတို့က
မြန်မာပြည်ကြောင့် အာဆီယံက နံမည်မကောင်းဖြစ်နေတော့ သူကလည်း သူတို့နိုင်ငံတွေ သူတို့လူမျိုးအတွက်ပဲ
ယူကြမှာပဲ။ တနေ့ကျရင်တော့ ထိုင်းနိုင်ငံကစပြီးတော့ ပြောလာတဲ့အခါကျတော့ အမှန်ကတော့ အရင်လိုတော့
ကာကွယ်တော့မယ်လို့တော့ မထင်တော့ဘူး။ တဖြည်းဖြည်း သူတို့က ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ဆန္ဒကို
ထိုက်သလောက် လိုက်လျောလာလိမ့်မယ်လို့ ဒီလိုပဲ မြင်နေပါတယ်။"

သခင်ချန်ထန
ွ်းရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကိုယ်တိုင် မြန်မာ့အရေးကို ဝေဖန်လာတဲ့အတွက် အရင်က တတိုင်းပြည်နဲ့ တတိုင်းပြည်


ပြည်တွင်းရေးကို မစွက်ဖက်ရေး၊ အပြုသဘောဆောင်ရေး ဆိုပြီး ပြောဆိုခြဲ့ ကပြီး ဘာပဲဖြစ်ဖြစ် မသိကျိုးကျွန်
လုပ်ခ့တ
ဲ့ဲ လမ်းစဉ်ကို အာဆီယံနိုင်ငံတွေ လမ်းခွဲထွက်လာပြီ ဆိုတာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။
အာဆီယံဟာ ပဋိညာဉ်စာတမ်းကို လက်ခံပြီး လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တဖွဲ့ ဖွ့စ
ဲ ည်းဖို့ ကြိုးစားလာတဲ့အချိန်
နှစ်ပေါင်းများစွာ အရိုးစွဲခ့တ
ဲ့ မ
ဲူတွေကို ပြင်ဆင်လာတဲ့ ခြေလှမ်းဆိုပြီးတော့လည်း သုံးသပ်သူတွေရှိပါတယ်။
ဒီထက်ပိုပြီး ပြည်တွင်းလုံခြုံရေးနဲ့ တည်ဆဲဥပဒေ ဆိုတာတွေကို အကြောင်းပြပြီး တရားမဲ့လုပ်ရပ်တွေ
လုပ်ကိုင်လို့ရတဲ့ ခေတ်တခေတ်ဟာ ဒေသတွင်းနိုင်ငံတွေကြားမှ ကုန်ဆုံးသွားပြီလို့ သုံးသပ်ကြသူတွေလည်း
ရှိပါတယ်။

----------------------------------------------------------------------------------------------------------
ဓနုတ်စေတီတော်ကြီး ပြိုကျမှုတွင် သေဆုံးသူ ပိုမို များပြားဖွယ်ရှိ
မျိုးသိဏ်း
တနင်္လာနေ့၊ ဇွန်လ 01 2009
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒလမြို့နယ်မှ ရှေးဟောင်း ဓနုတ် စေတီတော်ကြီး ပြိုကျပျက်စီးမှုတွင်
လုံခြုံရေးကို အဓိက ဆောင်ရွက်ကာ ကယ်ဆယ်ရေးကို လျစ်လျူရှုခ့သ
ဲ ဖြင့် အပျက်အစီးများအောက်
အသက်ရှင်လျက် ပိမိနေသူများ သေဆုံးဖွယ်ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးသည် ထီးတော်တင်ခ့သ


ဲ ည့် စေတီကြီးသည် မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက
ပြိုကျခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရကာ၊ အုတ်ပုံအောက်တွင် လူအချို့ ပိမိနေခဲ့သော်လည်း
ကယ်တင်ရေးထက်၊ လုံခြုံရေးကို အဓိကလုပ်ခ့သ
ဲ ဖြင့် သေဆုံးသူဦးရေမှာ ယခုထက် ပိုမိုများပြားဖွယ်ရှိကြောင်း
ပြောဆိုကြခြင်း ဖြစ်သည်။

”(ခ) ရပ်ကွက်က အဖွားကြီးဆို သနားပါတယ်။ သူ့သားက လုပ်အားပေးထဲမှာ ပါတယ်။ အသံတွေကြားတော့


ငါ့သားလေးများလား မသိဘူး၊ ငါ့သားလေး အသံနဲ့ တူလိုက်တာဆိုပြီး ငိုနေတာ။ ဘုရားဆီကိုလည်း သွားလို့
မရဘူးလေ။ လုံခြုံရေးတွေ ရောက်လာပြီးကတည်းက ဘုရားပရိဝုဏ်ထဲကို ဝင်ခွင့်မပေးတော့ဘူး။ အထဲမှာ
ပိတ်မိနေတဲ့အထဲက နှစ်ယောက်ပဲ ဆွဲထုတ်လို့ ရတယ်။ ကျန်တာက အပြင်မှာ ဒဏ်ရာရတဲ့ သူတွေကိုပဲ
ကယ်နိုင်တယ်” ဟု စေတီတော်အနီးရှိ (က) ရပ်ကွက်မှ အမျိုးသမီးတဦးက မဇ္ဈိမကို ယမန်နေ့က ပြောသည်။

အုတ်ကျိုးအုတ်ပ့မ
ျဲား၊ အင်္ဂတေတုံးကြီးများနှင့် ငြမ်းများ ရောထွေးနေသည့် အပျက်အစီး အောက်တွင် လူဦးရေ
၃၀ ထက်မနည်း ရှိနိုင်ကြောင်း ပန်းရံလုပ်သားက ခန့်မှန်းသည်။

ကယ်ဆယ်ရေး လုပ်သားတဦးကလည်း ''ပျောက်နေသူ တော်တော် များသေးတယ်။ ရှာလို့တွေ့သမျှ အကုန်


ဆေးရုံပို့ပြီးပြီ။ ရန်ကုန်က ငှက်မြတ်နားတော် လာလုပ်နေတဲ့အဖွဲ့က တော်တော်များများ ပျောက်နေတယ်။
ရေတပ်က ၃ ယောက်လောက် ပျောက်နေတယ်။ ပျောက်တ့သ
ဲူတွေက သေဖို့ များတယ်'' ဟု ဆိုသည်။

ဒေသခံ အမျိုးသမီးက ”မနေ့ည (မေ ၃၀ ရက်) အထိ အုတ်ပုံအောက်က ကယ်ကြပါ၊ ကယ်ကြပါ၊ ရေပေးပါလို့
အော်တ့အ
ဲ သံတွေ အပြင်က ကြားနေရတယ်။ နောက်တော့ မိုးတွေ ရွာချလိုက်တယ်။ မိုးရွာထဲမှာတောင်
အော်သံတွေ၊ ညည်းသံတွေ ကြားနေရတုန်းပဲ။ နောက်တော့ မိုးက တဖြေးဖြေး သဲလာတာ တညလုံးပဲ။
မိုးလင်းခါနီးကျတော့ အသံတွေ မကြားရတော့ဘူး” ဟု ပြောသည်။

အခင်းဖြစ်ပြီး နောက်ရက်မှသာ ယန္တယား စက်ကြီးများဖြင့် အပျက်အစီးများကို စတင် ဖယ်ရှားနိုင်ခ့သ


ဲ ည်။

ဖယ်ရှားချိန်တွင် ကြည့်ရှုနေသူများအား နေရပ်သို့ပြန်ရန် အသံချဲ့စက်ဖြင့် ပြောသဖြင့် ရွာသူရွာသားများ


လှည့်ပြန်သွားပြီး၊ စေတီအတွင်း ပရိဝုဏ်တခုလုံးကို စစ်တပ်နှင့် ဝန်းရံထားပြီး မုခ်ဦးများ ပိတ်ဆို့ထားခဲ့သည်။

အခင်းဖြစ်သည့် ည ၉ နာရီခန့်အထိ အခြေအနေ ဆိုးရွားသည့် ရေတပ်သားနှင့် အရပ်သား ၃၀ နီးပါးကို ရန်ကုန်


ဆေးရုံကြီးသို့ ပို့လိုက်ပြီး၊ ဒလနှင့် တွံတေးမြို့ ဆေးရုံများသို့ပါ လူနာ အများအပြားကို ပို့ဆောင်ခ့ေ
ဲ ကြာင်း
ဒေသခံများက ဆိုသည်။

ဒလမြို့ဆေးရုံမှ တာဝန်ကျ ဆရာမတဦးက ''ကျမတို့ဆေးရုံကို လူ ၅၀ လောက် ရောက်လာတယ်။ ဒလကနေ


ရန်ကုန်ဆေးရုံကြီး ပို့တာ ၃၀ လောက် ရှိတယ်။ နေရာမှာတင် ပွဲချင်းပြီးသေတာ တယောက်၊ နာမည်မသိဘူး။
နောက်တယောက်က ရေတပ်သား။ သူက ရန်ကုန်ဆေးရုံကြီးကို ပို့နေတုန်း လမ်းမှာ သေတာ'' ဟု ပြောသည်။
၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခ့သ
ဲ ည့် နာဂစ်မုန်တိုင်းမတိုင်မီ တကြိမ် ပြိုကျပျက်စီးခဲ့သော ရှေးဟောင်း
သမိုင်းဝင် ဓနုတ်စေတီတော်ကြီးအား မူလဉာဏ်တော် အမြင့်ထက် ၉ လက်မ ပိုမိုမြှင့်တင်ဆောက်လုပ်သည့်
စီမံကိန်းကို ရွှေသံလွင် ဆောက်လုပ်ရေး ကုမ္ပဏီက ကျပ်သိန်း ၁၅၀၀၀ ဖြင့် တာဝန်ယူလုပ်ကိုင်ခ့သ
ဲ ည်။

စေတီတော်ကြီး အလုံးစုံပြီးစီးခြင်း မရှိမီ မေလ ၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး၏ ဇနီးသည်က ဦးစီးပြီး ထီးတော်


တင်လှူခ့သ
ဲ ည့် ဉာဏ်တော်အမြင့် ၁၉၈ ပေရှိ စေတီတော်ကြီးမှာ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် စိန်ဖူးတော်နှင့်
ငှက်မြတ်နားတော် စတင်ပြိုကျပြီး၊ ၁၀ မိနစ်အကြာတွင် အလုံးစုံ ပြိုကျသွားခြင်း ဖြစ်သည်။

စေတီ တည်ဆောက်ရေးမှာ ပြီးစီးခြင်း မရှိသေးသဖြင့် ဘုရားပြိုသည့်နေ့က ရုံးပိတ်ရက်ဖြစ်၍ လုပ်အားပေးသူ


အများပြည်သူ ၃၀၀ ကျော်ရှိပြီး၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှ တပ်သားများပါ လုပ်အားပေးနေသဖြင့်
လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခြဲ့ ခင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထပ်မံတင်လှူခ့သ
ဲ ည့် စိန်ဖူးတော်နှင့် ထီးတော်၊ ဌက်မြတ်နားတော်တွင် ပူဇော်သည့် ကျောက်မျက်ရတနာများ၏
တန်ဖိုးမှာ ကြီးမားသည့်အပြင် ဗိုလ်ချုပ်မှူးကြီး၏ ဇနီးသည်ကိုယ်တိုင် ဦးစီးတင်လှူထားသော စေတီဖြစ်သဖြင့်
လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း သူတို့က ယူဆနေကြသည်။
----------------------------------------------------------------------------------------------------------
ဓနုတ်ဘုရားပြို၍ လူသေသည်ကို မပြောရဟု စစ်တပ်မှတားမြစ်
DVB ခင်နှင်းထက် ၁ ဇွန် ၂ဝဝ၉ -

ဒလမြို့နယ် ဓနုတ်စံပြကျေးရွာက ရှေးဟောင်း ဓနုတ်ဘုရားကြီး ပြိုကျမှုအတွင်း လူသေဆုံး၊ ဒဏ်ရာရရှိမှု


အခြေနေကို ဘယ်သူ့ကိုမှ မပြောဖို့ လုံခြုံရေး တာဝန်ယူထားတဲ့ စစ်တပ်က တားမြစ်ထားတယ်လို့ ဒေသခံတွေက
ပြောပါတယ်။ ဘုရား အနီးတဝိုက်မှာလည်း ရဲန့စ
ဲ စ်တပ် လုံခြုံရေးတွေ အပြည့်ချထားတယ်လို့
ကိုယ်တိုင်ရောက်ခ့သ
ဲူ ဒေသခံတဦးက ပြောပါတယ်။

“ဘုရားနားမရောက်ခင် အဝင်ဝမှာ ရဲရော စစ်တပ်ရော ချထားတယ်။ ဝင်းထဲမှာလည်း ချထားတယ်။ ဝင်းထဲကို


အရပ်သား ဝင်လို့မရဘူး။ ဝင်းထဲမှာ ကျမတွေ့ခ့တ
ဲာ စစ်သား လေးငါးခြောက်ဆယ်လောက် ရှိတယ်။ အဲဒီထဲမှာ
အသေအပျောက်မရှိဘူးတို့၊ ထိခိုက်ဒဏ်ရာမရဘူးလို့ အဲလိုပဲပြောရမယ်ပြောတယ်။ အဲဒါ အယောက်
ငါးဆယ်လောက်ပိနေသေးတယ်။ ဖော်ထုတ်လို့ကို မရသေးဘူး။”

ဓနုတ်ဘုရားကြီး ပြိုကျမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးသွားပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့


ဒလမြို့ခံတွေက ပြောပါတယ်။ ပိနေသူတွေအထဲမှာ တပ်သားတွေက အများဆုံးဖြစ်ပြီး အမျိုးသမီးတဦးကို
အသက်ရှင်လျက် ဖော်ထုတ်နိုင်ခ့ေ
ဲ ပမယ့် အောက်ပိုင်းတခုလုံး ဒဏ်ရာရ ကြေမွနေလို့ ခြေထောက် ၂ ဘက်စလုံး
ဒူးဆစ်အောက်ပိုင်းကနေ ဖြတ်လိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ကျန်လူ အများအပြားကို
ကယ်ထုတ်နိုင်ခြင်း မရှိသေးလို့ မိသားစုဝင်တွေ ဘုရားအနီးမှာ ထိုင်ငိုနေကြတာ မြင်တွေ့ခ့ရ
ဲ တယ်လို့လည်း အဲဒီ
ဒလမြို့ခံကပဲ ပြောပါတယ်။

“စစ်သားတွေက သူတို့ကို ဒီနေ့တနာရီထိုးမှာ ရအောင်ဖော်ပေးမယ်ပြောလို့ လှိုင်သာယာကို ပြန်သွားကြရတယ်။


ပြိုနေတဲ့ဟာကို ဘော်ဒိုဇာကြီးနဲ့ ဖယ်နေကြတယ်။ အဲဒီအထဲကို ဘယ်မိသားစုဝင်မှ မဝင်ရဘူး။”
ရှေးဟောင်းဓနုတ်ဘုရားကြီးကို ပြီးခဲ့တဲ့ မေလဆန်းပိုင်းကမှ ဗိုလ်ချုပ်မူးကြီးသန်းရွှေရဲ့ဇနီး ဒေါ်ကြိုင်ကြိုင်က
ဘုရားစိန်ဖူးတော်တင်ပွဲ ကျင်းပခဲ့တာလို့လည်း သိရပါတယ်။
-----------------------------------------------------------------------------------
လုံခြုံရေးထိခိုက်နိုင်သည်ဆိုသည့် နအဖ အဆိုကို အဖွဲ့ချုပ် တုံ့ပြန်
DVB ခင်နှင်းထက် ၁ ဇွန် ၂ဝဝ၉ -

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲတာဟာ ပြည်တွင်းရေး သက်သက်ဖြစ်လို့ နိုင်ငံတကာက


ဝင်ရောက်စွက်ဖက်စရာမလိုကြောင်းနဲ့ ဝင်ရောက် စွက်ဖက်ရင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို
ထိခိုက်နိုင်တယ်လို့ နအဖ ဒု-ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့
ဒေသတွင်းလုံခြုံရေး အစည်းအဝေးမှာ နအဖ ဒု-ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က ပြောဆိုလိုက်တာပါ။
ဒီပြောဆိုချက်န့ပ
ဲ တ်သက်ပြီး အဖွဲ့ချုပ်ရဲ့ သဘောထားကို အဖွ့ခ
ျဲုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်တင်က
ပြောပါတယ်။

“သူ့စကားက တော်တော်မှန်တယ်လို့ပဲ ကျနော် ပြောချင်တယ်။ ထိခိုက်လာမယ့် လုံခြုံရေးဟာ


နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအဖွ့အ
ဲ စည်းတွေအတွက်၊ တိုင်းသူပြည်သားအတွက် မဟုတ်ဘူး။ သူတို့အတွက်ဗျ။
နိုင်ငံတကာဖိအားတွေ ပြင်းထန်လာတာနဲ့အမျှ ပြည်တွင်းမှာ သူတို့ရဲ့ လုံခြုံရေးကို ထိခိုက်လာတော့မယ်။ ဒါကို
သူပြောတာပဲလို့ အဓိပ္ပာယ် ဖွင့်ချင်တယ်။ ဒီစစ်အစိုးရဟာ ဒေါ်စုရဲ့ အမှုကို အကြောင်းပြုပြီး နိုင်ငံတကာရဲ့
ဖိအားတွေ ပြင်းထန်လာတာနဲ့အမျှ သူတို့ လုံခြုံမှုဟာလည်း အများကြီး ထိခိုက်လာတော့မယ်။ ဒါကို
သူတို့သိနေလို့ ဟိုမှာသွားပြီး အော်ကြီးဟစ်ကျယ် ပြောနေတာပဲလို့ ယူဆတယ်။”

နအဖစစ်ခေါင်းဆောင်တွေ အဓိက စိုးရိမ်တာက နိုင်ငံတကာဖိအားတွေရဲ့ နောက်မှာ လူထုအင်အား ပါလာမှာကို


စိုးရိမ်တာဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

“နိုင်ငံတကာက ခုလို ပြစ်တင်ရှုံ့ချလာမှုတွေကို တိုင်းပြည်မှာ တော်တော့်ကို အားရတယ်။ တိုင်းပြည်မှာက


ဒီအစစ်အစိုးရ လုပ်ချင်တာ လုပ်နေတာကို တိုင်းသူပြည်သားတွေက ပြစ်တင်ရှုတ်ချတာတွေက မရှိသလို
ဖြစ်လာပြီ။ ခုလို ဒေါ်စုအမှုကို အကြောင်းပြုပြီး နိုင်ငံတကာက ဖိအားပေးတာတွေ ပြင်းပြင်းထန်ထန်
ပေါ်လာတဲ့အခါ ပြည်သူတွေ အများကြီး အားတက်လာတယ်။ ဒီအတိုင်းသာ သွားရင် စစ်အစိုးရဆိုတာ
ငုံ့ခံစရာမလိုဘူး၊ တို့ပြန်ခံပြောတဲ့အတွက် နိုင်ငံတကာရဲ့ ဝိုင်းဝန်းမှုတွေ ရှိတယ်ဆိုတဲ့ အသိပေါ်လာရင်
ပြည်သူတွေက ဒီစစ်အစိုးရကို အံတုဖို့ အသင့်ဖြစ်လာမယ်။ ပိုပြီး နိုးကြားတက်ကြွလာမယ်လို့ ကျနော် ထင်တယ်။
အဲဒါက သူတို့ လုံခြုံရေးကို ထိခိုက်လာခြင်းပဲလို့ ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီးပြီး တရားစွဲတဲ့ကိစ္စဟာ ပြည်တွင်းရေးဖြစ်တယ်၊ တရားမဝင်


ရောက်လာတဲ့ မစ္စတာဂျွန်ဝီလျံယတ်ထောကို လက်ခံခ့တ
ဲ့ အ
ဲ တွက် ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်ရှိတယ်လို့
နအဖ ခေါင်းဆောင်တွေက ပြောဆိုနေတာနဲ့ ပတ်သက်လို့လည်း ဦးဝင်းတင်က ဝေဖန်ပြောဆိုပါတယ်။

“ကမ္ဘာမှာ အာတူးကေ ဆိုတ့က


ဲိစ္စက ပေါ်နေပြီ။ လူသားတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို
အကာအကွယ်ပေးရမယ့်တာဝန်ဟာ နိုင်ငံတိုင်းမှာရှိတယ်ဆိုတာပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အမှုမှာ
တရားမျှတမှု လုံးဝ မရှိဘဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး လုပ်လာတဲ့အခါကျတော့ လူတွေဟာ
တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ ကိစ္စတွေကို ကာကွယ်ဖို့ ဝတ္တရားရှိတယ်ဆိုတာကို ကမ္ဘာက ပြောလာတယ်။
ပြည်တွင်းရေးလို့ သူတို့ ဘယ်လောက်ပဲ ပြောနေနေ၊ ကမ္ဘာက အဲလို သဘောမထားနိုင်တော့ဘူး။
ဘာလို့လဆ
ဲိုတော့ ဗမာပြည်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအကျင့်ကြီးက အလွန်ကို ဆိုးဝါးနေတယ်။ ဒါကြောင့်
ကမ္ဘာက ပြောလာတာဖြစ်တယ်။

“နောက်တခုက အကျိုးဘယ်လိုသက်ရောက်မလဲဆိုတော့ ဒီအမှုက လျှောက်လဲချက်တောင် မပေးရသေးပါဘူး။


တရားလိုဘက်ကလည်း လျှောက်လဲချက်မပေးရသေးသလို ကျနော်တို့ဘက်ကလည်း လျှောက်လဲချက်
မပေးရသေးဘူး။ တရားစီရင်ဆုံးဖြတ်ဖို့ဆိုတာ အဝေးကြီးလိုသေးတယ်။ အဲဒီလိုအခြေအနေမျိုးမှာ
စစ်အစိုးရဘက်က ဝန်ကြီးအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တယောက်ကနေ တရားစီရင်ဆုံးဖြတ်နေတယ်။ သူက တရားသူကြီး
မဟုတ်ဘူးဗျ။ ဒီလိုပုဂ္ဂိုလ်က ဘာမှမှ မပြီးသေးဘူး တရားခံမှာ အပြစ်ရှိတယ်လို့ပြောနေရင် တရားသူကြီးက
ဘယ်လိုပြောမလဲ။ ဝန်ကြီးပြောနေတော့ အပြစ်ရှိတယ်လို့ပဲ မှတ်ထားမှာ။ ဒါဆိုရင် မျှတတဲ့ တရားစီရင်မှုဆိုတာ
ဘယ်မှာလဲလို့ မေးခွန်းထုတ်စရာတွေ အများကြီး ရှိလာမယ်လို့ ပြောချင်ပါတယ်။”
-----------------------------------------------------------------------------------
လွတ်လပ်ရေးရတိုင်း မကောင်းဘူးဟု သခင်သိန်းဖေ ပြော
DVB နော်စေးဖော ၁ ဇွန်

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ ၉၃ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့က သူရဲ့ နေအိမ်မှာ ဒီနေ့


မနက်ပိုင်းက ကျင်းပခဲ့ပြီး ဝါရင့်နိုင်ငံရေးသမား ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင်တွေနဲ့ အဖွဲ့ချုပ်ဝင်တွေ တက်ရောက်ခြဲ့ ကပါတယ်။ မနက် ၉
နာရီခွဲလောက်မှာ အားလုံး ထမင်းလက်ဆုံစားခဲ့ကြပြီး အမှတ်တရ စကားတွေ ပြောခဲ့ကြတယ်လို့
သွားရောက်ခ့တ
ဲ့ဲ အဖွဲ့ချုပ် ဗဟို ပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောပါ တယ်။

“သခင်သိန်းဖေက အခု အသက် ၉၃ နှစ်ဆိုတော့ အသက်ကြီးလာပြီပေါ့။ တခါတုန်းက ဆရာကြီး


သခင်ကိုယ်တော်မှိုင်းပြောတာကို သူ အမှတ်ရမိတယ်တ့။ဲ သခင်သိန်းဖေနဲ့ ရုပ်ရှင်ဒါရိုက်တာ ဆရာဦးသုခက
ဆရာကြီး သခင်ကိုယ်တော်မှိုင်း နေမကောင်းတော့ သူ့ကို သွားပြုစုကြတာပေါ့။ နှိပ်နယ်ပေးကြတဲ့အချိန်မှာ
ဦးသုခကို မေးတယ်တ့။ဲ အိုမင်းမစွမ်းဆိုတာကို နားလည်လားတဲ့။ ဦးသုခကလည်း သခင်သိန်းဖေကို
ဖြေခိုင်းတယ်။ သခင်သိန်းဖေကလည်း ဦးသုခကို ဖြေခိုင်းတယ်။ နောက်ဆုံး ဆရာကြီး ဦးသုခက ပြောတယ်၊
အိုမင်းမစွမ်းဆိုတာတဲ့၊ ‘အိုရင် မင်းမစွမ်းတော့ဘူး။ အဓိပ္ပာယ်က အဲဒါပဲ’ တဲ့။

“သူ အသက်ကြီးလာပြီ ဆိုပေမယ့်လည်း ဗမာပြည်လွတ်လပ်ရေးအတွက်ကို ဆက်လက်ပြီး တိုက်ပွဲဝင်မယ်လို့


လာတဲ့ဧည့်သည်တွေကို သခင်သိန်းဖေက နှုတ်ခွန်းဆက်စကား ပြောပါတယ်။ သခင်သိန်းဖေ ပြောပြီးတဲ့အခါမှာ
အန်အယ်လ်ဒီက အန်ကယ်လ် ဦးဝင်းတင်၊ ရှမ်းပြည်နယ်က ဦးကြည်အုံး၊ ဦးအောင်မြင့်နဲ့ ရှေ့နေကြီး ဦးပန်းတင်တို့
စကား ပြောကြပါတယ်။ အန်ကယ်ဦးဝင်တင်ကတော့ အိုမင်းမစွမ်းဆိုတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့
လူကြီး သူမ စကားမို့ မှတ်သားဖွယ်ရာဆိုပေမယ့် အိုမင်းနေလို့ မစွမ်းတာ မဟုတ်ပါဘူးတဲ့။ အခု သခင်သိန်းဖေကို
ကြည့်ရင် အိုမင်းသော်လည်း လွတ်လပ်ရေးတိုက်ပွဲတွေလည်း ဝင်ခ့တ
ဲ ယ်၊ အခု ဒီမိုကရေစီ တိုက်ပွဲမှာလည်း
ဆက်လက်ပြီး လူကြီးတယောက်အနေနဲ့ ဦးဆောင်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့အတွက် အိုမင်း
နေပေမယ့်လည်း စွမ်းနိုင်ပါသေးတယ်ဆိုပြီးတော့ ဂုဏ်ပြုစကားပြောတယ်။”

အသက် ၉၃ နှစ်မြောက် မွေးနေ့ရှင် ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေက မွေးနေ့ အမှတ်တရ


ဘာမျာစကားအနေနဲ့ “ပြောချင်တာကတော့ အန်အယ်တို့ အင်္ဂလိပ်လက်ထက်မှာ လွတ်လပ်ရေး တိုက်ခ့ေ
ဲ တာ့
လွတ်လွတ်လပ်လပ် နေခဲ့ရတယ်။ အခု ဗမာလက်ထက်ကျတော့မှ အန်ကယ်တို့ ဒုက္ခရောက်ရတာလို့။
လွတ်လပ်ရေးရတိုင်းလည်း မကောင်းဘူး။ လွတ်လပ်ရေးလည်း သိပ်မလိုချင်ကြဘူး” လို့ ပြောပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေဟာ အင်္ဂလိပ်၊ ဂျပန် တော်လှန်ရေးခေတ်တုန်းက


တော်လှန်ရေးခေါင်းဆောင်တဦး ဖြစ်ခြဲ့ ပီး တို့ဗမာအစည်းအရုံး ဗဟိုကော်မတီဝင် တဦးအဖြစ်လဲ
တာဝန်ထမ်းဆောင်ခ့ပ
ဲါတယ်။
-----------------------------------------------------------------------------------
မိုး-ဇလညွှန်မှူး ဦးထွန်းလွင် ရာထူးမှအနားယူ
DVB အံ့ဘုန်းမြတ် ၁ ဇွန် ၂ဝဝ၉ -

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင် ရာထူးက နားယူသွားပြီလို့


သိရပါတယ်။ ဦးထွန်းလွင်ဟာ ဒီနေ့က စပြီး ရာထူးကနေ အနားယူသွားတာနဲ့ ပတ်သက်လို့ မိုး-ဇလ ဦးစီးဌာနကို
ဆက်သွယ်မေးမြန်းကြည့်ရာမှာ ကျန်းမာရေးအရ အနားယူသွားတာလို့ တာဝန်ကျ အရာရှိတဦးက ပြောပါတယ်။

ဦးထွန်းလွင်ကို မေးမြန်းကြည့်ရာမှာ

“ကျနော် နေမကောင်းဖြစ်နေတာ နည်းနည်းကြာပြီ။ နှလုံးခွဲထားတာ ခြောက်နှစ် ခုနစ်နှစ် ရှိပါပြီ။ အခုတော့


ရင်ဘတ်အောင့်လာတာနဲ့ အနားယူလိုက်တာပါ။ ကျနော့် ဝါသနာကတော့ မိုးလေဝသပဲလေ။
အခြေအနေပေးရင်တော့ မိုးလေဝသနဲ့ ပတ်သက်တာ လုပ်နိုင်သလောက် လုပ်မှာပါ။ လောလောဆယ်တော့
အနားပဲ ယူနေပါတယ်” လို့ ပြောပါတယ်။

ဦးထွန်းလွင်ဟာ လုပ်သက်ရော သက်ပြည့် ပင်စင်ပါ ၂ နှစ်ကျော်လွန်နေပြီးမှ အခုလို ပင်စင်ယူလိုက်တာ


ဖြစ်ပါတယ်။ မိုး-ဇလရုံးကရော ကာယကံရှင်ကိုယ်တိုင်ကပါ ကျန်းမာရေးကြောင့်လို့ ထုတ်ဖော်ပြောဆိုပေမယ့်
စောင့်ကြည့်အကဲခတ်သူတွေရဲ့အဆိုအရ လွန်ခ့တ
ဲ့ဲ မေလအတွင်း နေပြည်တော်မှာ တိုက်ခတ်ခ့တ
ဲ့ဲ
စိုက်ဆင်းလေပြင်းနဲ့ ဆက်စပ်တယ်လို့ ထင်ကြေးပေး ပြောဆိုနေပါတယ်။ သူတို့အဆိုအရ ဒီသတင်းကို
အစိုးရအဖွဲ့ကို ကြိုတင် သတင်း မထုတ်ပြန်ခ့တ
ဲာကြောင့် တပ်မတော်ထိပ်ပိုင်း အရာရှိကြီးတွေက အခုလို ပင်စင်
ပေးလိုက်တာလို့ ဦးထွန်းလွင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အစိုးရတာဝန်ကနေ အနားယူသွားပြီဖြစ်ပေမယ့် မိုးလေဝသနဲ့ ဇလဗေဒဆိုင်ရာ လုပ်ငန်းတွေကို


လက်လက်လုပ်ဆောင်သွားဖို့ အစီအစဉ်တွေရှိနေတယ်လို့လည်း တချို့က ဆိုကြသလို လာမယ့် ၂ဝ၁ဝ
ရွေးကောက်ပွဲမှာ အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစိုးရက လျာထားတာလည်း ဖြစ်နိုင်တယ်ဆိုတဲ့
ခန့်မှန်းချက်တွေလည်း မိုး-ဇလဌာနတွင်းမှာ ထွက်ပေါ်နေပါတယ်။

လက်ရှိမှာတော့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်နေရာကို ယခင် ဒု-


ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းထွန်းက ပြောင်းလဲ တာဝန်ယူထားတယ်လို့ သိရှိရပါတယ်။

ဦးထွန်းလွင်ကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း ငါးဇွန်မြို့နယ် ကုလားကျေးရွာမှာ


မွေးဖွားခဲ့ပြီး မန္တလေးတက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်နဲ့ အမေရိကန်နိုင်ငံ ဖလောရီဒါတက္ကသိုလမ
ှ်ာ
မိုးလေဝသနဲ့ဇလဗေဒဘာသာရပ်တွေကို သင်ကြားခဲ့သူ ဖြစ်ပါတယ်။
၁၉၈ဝ ခုနှစ်ဝန်းကျင် မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြား စတင်ပေါ်လာတဲ့ အချိန်ကစပြီး လစဉ် မိုးလေဝသ ခန့်မှန်းသူ
အဖြစ် သူ့ကို ပြည်သူတွေ မျက်မှန်းတန်းမိခြဲ့ ကပါတယ်။ သူဟာ ၂ဝဝ၃ မှာ နအဖအစိုးရက ပေးအပ်တဲ့ စက်မှု
ထူးချွန် ဒုတိယအဆင့် ဆုတံဆိပ် ရရှိခြဲ့ ပီး ၂ဝဝ၆ မှာ နိုင်ငတ
ံ ကာမိုးလေဝသနှင့် ဇလဗေဒအသင်းကြီးရဲ့
အမြဲတမ်း အသင်းသားတစ်ဦးဖြစ်ခြဲ့ ပီး ၂ဝဝ၇ မှာ အာရှဒေသ သဘာဝဘေးဒဏ် ကာကွယ်ရေး နှင့်ပြင်ဆင်ရေး
ကောင်စီ မြန်မာနိုင်ငံရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခ့သ
ဲူလည်း ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း
မုန်တိုင်း အပြီးမှာ နအဖအစိုးရက ပေးအပ်တဲ့ ဒေါက်တာဘွဲ့ ရရှိခ့ပ
ဲါတယ်။
-----------------------------------------------------------------------------------

ဒေါ်စုလွတ်မြောက်ရေး ဓာတ်ပုံကမ့်ပိန်း မိတ္ထီလာခရိုင်မှ စတင်


DVB အေးနိုင် ၁ ဇွန် ၂ဝဝ၉ -

အင်းစိန်ထောင်မှာ ချုပ်နှောင်ခံနေရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဓာတ်ပုံကို လူထုအကြား


ဖြန့်ဝေပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လူထုကိုယ်တိုင် ပါဝင်လာအောင်
လှုံ့ဆော်မှုတခုကို မန္တလေးတိုင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက စတင်လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာခရိုင်က ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေကို မနက်ဖြန်မှာ


စတင်ဖြန့်ဝေဖို့ ဒီနေ့ ကျင်းပတဲ့ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ တောင်သာမြို့နယ်တွေက အဖွဲ့ချုပ်
စည်းကော်မတီဝင်တွေ ကျင်းပတဲ့ မိတ္ထီလာခရိုင်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။
ဒီအကြောင်းကို မိတ္ထလ
ီာမြို့နယ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု ဓာတ်ပုံကမ့်ပိန်းပေါ့။ မနက်ဖြန် အင်္ဂါနေ့က


စပြီးတော့လုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို လူထုလက်ထဲ ကျယ်ကျယ်ပြန့်ပြန့်
အိမ်ပေါက်စေ့ရောက်အောင် ကျမတို့ ပေးဝေသွားမယ်။ ကျမတို့နဲ့ ပြည်သူလူထု တရပ်လုံးက အားကိုးကြတဲ့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခု အင်းစိန်အကျဉ်းထောင်ထဲ ရောက်နေပြီဆိုတော့ ဒေါ်စုကို
အားကိုးကြတဲ့ ပြည်သူလူထုနဲ့ အဖွဲ့ချုပ်ကို ဒေါ်စုက ဘယ်လိုပြန်ပြီး အားကိုးလို့ရမလဲ။

“ကျမတို့ တရားဝင် ပါတီတခုရဲ့ မူဘောင်ထဲက နေပြီးတော့ ငြိမ်းချမ်းစွာနဲ့ ကျမတို့ရဲ့ ဆန္ဒကိုထုတ်ဖော်ဖို့


ဒီကမ့်ပိန်းကို စတင်လိုက်တာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စေလိုတဲ့ ပြည်သူလူထု
တရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မိမိတို့ အိမ်ရဲ့ ဧည့်ခန်းမှာ ချိတ်ဆွဲပေးကြပါ။”

အခု စ စချင်း မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်း၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊
ရေနံချောင်း၊ ညောင်ရွှေ စတဲ့ ဆယ်®မ့နယ်မှာ စတင် ဝေထားတယ်လို့ ပြောပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့
ရန်ကုန်တိုင်းက မြို့နယ်တွေမှာလည်း ဆက်လက်ဖြန့် ဝေသွားမှာဖြစ်သလို လိုအပ်လို့ မှာကြားရင်လည်း ကျန်တဲ့
တိုင်းနဲ့ ပြည်နယ်တွေကို ပို့ပေးသွားမယ်လို့ ဆိုပါတယ်။ အခကြေးငွေ ဘာမှ ပေးစရာမလိုဘူးလို့
ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ရရှိတ့အ
ဲ ခါမှာ သူ့ရဲ့
လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲတွေ ဆင်နွှဲနိုင်အောင်လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။
“ဒီနေ့ မြန်မာနိုင်ငံရဲ့ အခက်အခဲအကျပ်အတည်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှကို ဖြစ်မှာမို့
ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ကြည့်ပြီး လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းမှုတွေ ပြုလုပ်နိုင်ဖို့အတွက်လည်း
ရည်ရွယ်ကာ ဝတ်ပြုဆုတောင်းပေး ကြဖို့လည်း တိုက်တွန်းပါတယ်” လို့ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

ခရိုင်အစည်းအဝေးမှာ ချမှတ်ခ့တ
ဲ့ဲ တခြားဆုံးဖြတ်ချက်တွေကတော့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို
ပြစ်ဒဏ်တစုံတရာ ချမှတ်လိုက်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကနေ ပြန်ပြီး ပြတ်သားသား
ဦးဆောင်ပေးဖို့၊ အဖွဲ့ချုပ်ကနေ ထုတ်ပယ်ထားတဲ့ အဖွဲ့ချုပ်ဝင်တွေကို ပြန်လည်လက်ခံဖို့၊ နေအိမ် အကျယ်ချုပ်
ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲပြီး လုံခြုံရေးတပ်ဖွ့ဝ
ဲ င်တွေနဲ့ ဗီဇာထုတ်ပေးသူတွေကို အရေးမယူတဲ့
အပေါ် ကန့်ကွက်ချက်န့၊ဲ ဒီပဲယင်းအကြမ်းဖက်မှုကို စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုကြောင်း စတဲ့ ဆုံးဖြတ်
ချက်တွေ ဖြစ်ပါတယ်။
-----------------------------------------------------------------------------------
လုပ်အားပေးခိုင်းစေမှုတွင် ဒဏ်ရာရသူတွေကို အာဏာပိုင်တွေ လစ်လျူရှု
DVB နော်စေးဖော ၁ ဇွန် ၂ဝဝ၉ -

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်က လုပ်အားပေးခိုင်းစေမှုမှာ ထိခိုက်ဒဏ်ရာရတာတွေ ရှိပေမယ့် အာဏာပိုင်တွေက


လစ်လျူရှုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်္ဂပူမြို့နယ် သဲကုန်းရွာကနေ သာဂျောင်ရွာအထိ ၂ မိုင်
ကျော် ရှည်တ့လ
ဲ မ်းကို မေ ၂၁ ရက်နေ့က တရက်န့အ
ဲ ပြီး သဲန့ေ
ဲ ကျာက် ခင်းပေးခဲ့ရတာလို့ ရွာသားတွေက
ပြောပါတယ်။ အဲဒီလမ်းဖြတ်သွားတဲ့ အနီးနားက ရွာတွေအားလုံး လူရောလှည်းပါ အခမဲ့ လုပ်အား ပေးရတာ
ဖြစ်တယ် လို့လည်း ဆိုပါတယ်။ အဲဒီမှာ လုပ်အားပေး လှည်းတစီး မတော်တဆ တိမ်းမှောက်ပြီး အမျိုးသမီး ၃ ဦး
ဒဏ်ရာရခဲ့ပေမယ့် အာဏာပိုင်တွေက အကူညီမပေးဘူးလို့ လုပ်အားပေးခဲ့တဲ့ ဒေသခံ တဦးက ပြောပါတယ်။

“၄ ပေ အကျယ်ရှိတ့လ
ဲ မ်းကို ၆ ပေ ချဲ့တယ်။ ၁ ပေ မြင့်တ့လ
ဲ မ်းကို အမြင့် ၂ ပေ ဖြစ်အောင် မြှင့်တယ်။ အခု
အဲဒီလမ်းကို အပေါ်ကနေပြီးတော့ သဲန့ေ
ဲ ကျာက်နဲ့ ခင်းတယ်။ ပိန်းအင်း၊ သဲကုန်း၊ မရမ်းမြောင်၊ လက်ပံကိုင်၊
သဲဖြူ၊ ကျေးနဖျံ၊ ကုန်းနဖျံ အဲဒီရွာတွေက လှည်းရှိတ့လ
ဲူတွေက လှည်းလိုက်ရတယ်။ မရှိတ့သ
ဲူတွေက လူ
ကိုယ်တိုင် လိုက်ရတယ်။ လုပ်အားပေးတွေက တောင်ပေါ်မှာရှိတဲ့ သဲတွေကို သယ်ပြီး တာတွေ မျက်နှာပြင်မှာ
ဖို့ရတယ်။ သဲကုန်းရွာကလှည်းက မြေကျောက်တွေသယ်ရင်းနဲ့ မှောက်သွားတော့ လှည်းပေါ်မှာပါတဲ့ ဒေါ်မကြည်
ဆိုတဲ့ မိန်းမက ဘယ်ဘက် ညှပ်ရိုး ကျိုးသွားတယ်။ ဒါကို တာဝန်ရှိတဲ့ ရဝတက ကွင်းကောက်ဒေသမှာရှိတဲ့
ကွင်းကောက် ဆေးရုံကို ပို့မပေးဘူး။ ဒါနဲ့ ဒေါ်မကြည်က သူ့သဘောနဲ့သူ ကျေးနဖျံရွာမှာရှိတဲ့ ပျောက်စေ ဆရာ
တယောက် ဆီမှာ သွားပြီး ဆေးကုမိတယ်။ မဖြူဖြူနဲ့ မဂွယ်ထူးက မျက်နှာတွေ စုတ်ပြတ်သွားတယ်။
သူတို့ကတော့ ကောင်းသွားပြီ။”

လွန်ခ့တ
ဲ့ဲ မတ်လတုန်းကလည်း သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ် သိန်းအောင်ရဲ့ ကားသွားနိုင်ဖို့ ဒီလမ်းကိုပဲ
တရက်န့အ
ဲ ပြီး လုပ်အားပေးခဲ့ရပါတယ်။ အဲဒီတုန်းက စက်ဘီး ဆိုင်ကယ်လောက်သာ သွားလို့ရတဲ့ လမ်းကို
အမြင့် ၂ ပေနဲ့ အကျယ် ၆ ပေ မြေဖို့ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီ လုပ်အားပေးခိုင်းစေမှုနဲ့ ပတ်သက်လို့ ကမ္ဘာ့
အလုပ်သမားအဖွ့ခ
ျဲုပ် အိုင်အယ်လ်အိုကို တိုင်ကြားခြင်း ရှိမရှိနဲ့ ပတ်သက်ပြီး အဲဒီဒေသခံတဦးက ပြောပါတယ်။

“တိုင်လို့ရတယ်ဆိုတာ သိတယ်။ တိုင်ရဲတ့လ


ဲူ မရှိဘူး။ ဒီ ရဝတတွေကို ကြောက်ရတယ်။ ကြောက်အောင်လည်း
သူတို့က လုပထ
်ားတာတွေ ရှိတယ်။ ခိုင်းလို့၊ ကြောက်လို့ လုပ်ရတဲ့ သဘောပဲ ရှိတယ်။ ဘယ်လုပ်ချင်ပါ့မလဲ။
ဒီကိစ္စန့ပ
ဲ တ်သက်လို့ အင်္ဂပူမြို့နယ် မယကရုံးကို ဆက်သွယ်လို့ မရပါဘူး။
-----------------------------------------------------------------------------------
တနင်္ဂနွေ သတင်းအစီအစဉ်
ဒီပဲယင်း ၆ နှစ်ပြည့်၊ စစ်အစိုးရနှင့် နိုင်ငံတကာခုံရုံးတင်ရေး
DVB ထက်အောင်ကျော် ၃၁ မေ ၂ဝဝ၉ -

မနေ့က ကျရောက်ခ့တ
ဲ့ဲ မေ ၃ဝ ရက်နေ့ဟာ ဒီပဲယင်း အရေးအခင်း ၆ နှစ် တင်းတင်းပြည့်တ့ေ
ဲ န့၊ အင်းစိန်
ထောင်မှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
အကျယ် ချုပ် ဖမ်းဆီးခြင်း ၆ နှစ် တင်းတင်းပြည့်တ့ေ
ဲ န့ ဖြစ်ပါတယ်။ ၆ နှစ်ကြာသွားပမယ့် ဒီဖြစ်စဉ်မှာ တာဝန်
ရှိသူတွေကို အခုထိ စုံစမ်းဖော်ထုတ်တာ၊ အရေးယူဆောင်ရွက်တာ ဘာမှမတွေ့ရသေးတဲ့အပြင် ရိုက်နှက်
ခံရသူတွေကိုသာ ဖမ်းဆီးထောင်ချ၊ ပုဒ်မ ထပ်တိုးပြီး ထပ်ဖမ်းနိုငဖ
ို့ ကြိုစားနေတာကိုသာ တွေ့နေရပါတယ်။

ဒီလိုဖြစ်နေတာဟာ မြန်မာနိုင်ငံမှာ တရားဥပေဒစိုးမိုးမှု မရှိတော့ဘူးဆိုတဲ့ သဘောများ ဖြစ်လာနေပြီလား၊


ရှေ့နေဦးသိန်းညွန့် ပြောသလို သေနတ်တွေကြား အိပ်ပျော်နေတဲ့ဥပဒေ ၆ နှစ် ကြာတဲ့အထိ
ပြန်လည်နိုးထနိုင်စွမ်း မရှိသေးဘူးလား၊ တရားဥပဒေ စိုးမိုးရေး ရှေ့အလားလာနဲ့ တာဝန်ရှိသူတွေကို ခုံရုံးတင်
အရေးယူနိုင်မယ့်အခြေအနေ ရှိသေးရဲ့လားလို့ ပြောရမလို ဖြစ်နေပါတယ်။

လွန်ခ့တ
ဲ့ဲ ၆ နှစ် မေ ၃ဝ ရက်နေ့ညမှာ စွမ်းအားရှင်တွေ ရိုက်နှက်မှုကို ခံခ့ရ
ဲ ပြီး လက်ကျိုး၊ ခေါင်းကွဲတ့အ
ဲ ထိ
ဒဏ်ရာခဲ့သူ၊ အဲဒီနောက် မုံရွာစစ်ဆေးရုံမှာ ၆ လကျော် ဖမ်းဆီးခံခ့ရ
ဲ သူ၊ အခု ၆ နှစ်ကြာပြီးတဲ့အခါမှာ ၂ဝဝ၈
ဖွ့စ
ဲ ည်းပုံ ကန့်ကွက်မှု အကြောင်းပြချက် အသစ်နဲ့ ထပ်မံဖမ်းဆီးခံရပြီး မြစ်ကြီးနားထောင် အပို့ခံထားရသူ
မန္တလေးမြို့မှ အင်အယ်လ်ဒီ တိုင်းစည်းရုံးရေးမှုး ဒေါ်ဝင်းမြမြက ဒီပဲယင်းအရေးနဲ့ ပတ်သက်ပြီး ပြောဖူးပါတယ်။

“ပထမဦးဆုံးရိုက်တာကတော့ ပြည်ရွာသားတွေကို အရင်ရိုက်တာပဲ။ ပြီးမှ ကားတန်းကြီး ခံရတာ။


ရိုက်တာတွေကလည်း သန်သန်မြန်မြန်၊ လူကောင်းကြီးတွေ။ တုတ်တွေ ဓားတွေ၊ သံချွန်တွေလည်းပါတဲ့
အနေအထားမှာ ရှိတယ်။ ရာဇဝတ်မှု၊ ဒုစရိုက်မှုကြီး ကျူးလွန်ထားတဲ့ ဒုစရိုက်သမားတွေကို အမြန်ဆုံး
ဖော်ထုတ်ပြီး အရေးမယူရင် ဒီတိုင်းပြည်ဟာ လူမိုက်ရမ်းကားလို့ရတဲ့ တိုင်းပြည်တပြည်ဆိုပြီး ကမ္ဘာကလည်း
မြင်မယ်။ ပြည်သူ လူထုကလည်း ကိုယ့်ရဲ့ဘဝအာမခံချက် မလုံခြုံဘူးဆိုပြီး စိုးတထိတ်ထိတ်နဲ့ နေရတဲ့
အနေအထားမှာ ရှိနေပါတယ် လို့ပဲ ပြောချင်ပါတယ်”

ဒီအရေးခင်းမှာ တာဝန်ရှိသူတွေကို ချက်ချင်းအရေးယူပေးဖို့ ပြည်တွင်းပြည်ပ အင်အားစု အားလုံးက တောင်းဆို


ခဲ့ပေမယ့် အခုအချိန်အထိ ဘာမှ အရေးယူဆောင်ရွက်တာ မရှိသေးပါဘူး။ ဒီလို အရေးယူဖို့ မလုပ်တာဟာ
သေနတ် တွေကြားမှာ ဥပဒေ အိပ်ပျော်နေလို့လားလို့ ၂ဝဝ၃ ဒီပဲယင်း အရေးအခင်း ဖြစ်ပြီးကာစမှာ မေးခွန်း
ထုတ်ခ့သ
ဲူကတော့ ရှေ့နေ ဦးသိန်းညွန့် ဖြစ်ပါတယ်။

“ဖြစ်ရပ်မှန်ကို တိုင်းပြည်ကပြည့်ပြည့်စုံစုံမသိရသေးတာဟာ ဗမာပြည်ရဲ့တရားမျှတမှု အဆင့်တန်းကို


ဖော်ပြတာပဲ။ ဒီပဲယင်းပြဿနာဟာ တရားမမျှတမှု ပြဿနာပဲ။ ဒီထက် တဆင့်ပြောရင် တရားဥပဒေပြဿနာ။
နိုင်ငံ တစ်နိုင်ငံက တရားကို မတရားသဖြင့် ဆုံးဖြတ်ရင် မတရားတာကို တရားသဖြင့်ဆုံးဖြတ်ရင် အဲဒီနိုင်ငံဟာ
ပျက်စီးမှုကို ကျရောက်စေတယ် ဆိုပြီးတော့ တရားဝန်ကြီးချုပ် တယောက်က ပြောကြားခဲ့ဖူးတဲ့စကား။ အဲဒီ
စကားက ခုချိန်မှာ အများကြီး အဓိပ္ပာယ်သက်ရောက်လာတာ ရှိတယ်။ နိုင်ငံတကာအစိုးရများကရော၊ တရား
ဥပဒေကို လေးစားယုံကြည်တဲ့ အဖွဲ့အစည်းအားလုံးကရော နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်သင့်တယ်။
ဒါမှ မဟုတ်ရင်တော့ သေနတ်တွေကြားထဲမှာ ဥပဒေဟာ အိပ်ပျော်နေတယ်ဆိုတဲ့ အခြေအနေမျိုး
ရောက်သွားမှာပဲ ဖြစ်တယ်လို့ ယူဆပါတယ်။”

ဥပဒေ ပြန်လည်နိုးထလာခြင်း မရှိသေးတဲ့အပြင် ဦးသိန်းညွန့်ကိုယ်တိုင် ချောင်းအရိုက်ခံရတာ၊ ရှေ့နေလိုင်စင်


အသိမ်းခံရတာတွေန့သ
ဲာ ရင်ဆိုင်ခ့ရ
ဲ ပါတယ်။ ဥပဒေ စိုးမိုးရေး၊ အပြစ်ရှိသူတွေကို အရေးယူနိုင်ရေးဆိုတာဟာ
မြန်မာ နိုင်ငံမှာ ဖြစ်နိုင်ခြေရှိပါသေးရဲ့လား၊ ဒီပဲယင်းဖြစ်စဉ်မှာ တာဝန်ရှိသူတွေကို နိုင်ငံတကာခုံရုံးတင်
အရေးယူနိုင်ဖို့ ၆ နှစ်လုံးလုံး ကြိုးပမ်းနေသူ မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးအောင်ထူးက သူ့အမြင်ကို
ပြောပါတယ်။

“အဲတော့ကျနော်တို့ အိုင်စီစီကို လွှတ်လာတဲ့အခါကျတော့ ဒီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီးတော့


မြန်မာပြည်ရဲ့ အခြေအနေကို အိုင်စီစီ လွှဲပြောင်းရေးကိစ္စမှာ ကြီး ၅ ကြီးထဲမှာ တရုတ်နဲ့ ရုရှား ကန့်ကွက်
လာနိုင်ခြေ ရှိတယ်ဆိုတဲ့ သုံးသပ်ချက်၊ ထောက်ပြချက်တွေက အမြဲတမ်း အားကောင်းကောင်းရှိတယ်။ ဒါကို
ကျနော်တို့ လက်ခံပါတယ်၊ မငြင်းပါဘူး။ တရုတ်ပြည်ကို ပြန်ကြည့်တ့ခ
ဲါကျတော့ နိုင်ငံတစ်ခုကို အရေးယူ
ဆောင်ရွက်ဖို့ မဲခွဲဆုံးဖြတ်တ့အ
ဲ ခါတိုင်းမှာ ဒီသက်ဆိုင်ရာနိုင်ငံထဲမှာ ပြစ်မှုကြီးတွေဖြစ်ပွားနေပြီ၊ အဲဒီပြစ်မှုကြီးကို
နိုင်ငံတကာ ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်ဖို့ လိုအပ်လာတယ်လို့ ဆိုတ့အ
ဲ ခါတိုင်းမှာ တရုတ်ပြည်ဟာ
ကန့်ကွက်လေ့ မရှိဘူးဆိုတာ ကျနော်တို့ သတင်းကြားရတယ်။ နောက် ဒုတိယတခုက ဗမာပြည်အခြေအနေကို
နိုင်ငံတကာက အရေးယူဆောင်ရွက်အောင် ကြိုးစားတဲ့အခါကျတော့လည်းပဲ ပြည်တွင်း နိုင်ငံရေး
အခြေအနေထက် ပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံတကာအဆင့်ရှိတဲ့ ပြစ်မှုကြီးတွေ ဖြစ်ပွားနေပါပြီ ဆိုတာကို
မီးမောင်းထိုး ချည်းကပ်ခြင်းသည်သာလျှင် လက်တွေ့ကျပြီးတော့ အိမ်နားနီးချင်းနိုင်ငံတွေရော၊ နိုင်ငံတကာ
ဥပဒေ အရရော လက်တွေ့ ကျတာဖြစ်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို နိုင်ငံရေးအခြေခံကနေ အကြီး
အကျယ် စဉ်းစားလာတဲ့ ဥပဒေစိုးမိုးရေးကို အခြေခံစဉ်းစားစေချင်တယ်။ ဆိုလိုချင်တာက နိုင်ငံတကာ
အဆင့်ရှိတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်တ့သ
ဲူတွေကို အရေးကိုယူမှရမယ်။”

ဒီပြောဆိုချက်ဟာ ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတွေ ၆ နှစ်လုံးလုံး ပြောနေကျ ဖြစ်တယ်လို့ ဆိုနိုင်ပေမယ့်


အခုလပိုင်း၊ ရက်ပိုင်းအတွင်းမှာ နိုင်ငံတကာခုံရုံးတင်ရေးဆိုတာကို စစ်အစိုးရဘက်က အထူးသဖြင့် ဗိုလ်ချုပ်
မှူးကြီး သန်းရွှေက အတော်လေး တုန်လှုပ်ခြောက်ခြားနေတယ်လို့ သတင်းအခိုင်အမာ ရရှိထားပါတယ်။
ဦးအောင်ထူး ပါဝင်တဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို မတရားအသင်းအဖြစ် ကြေငြာလိုက်တ့အ
ဲ ပြင် အဲဒီ
အဖွဲ့က ကျင်းပတဲ့ ဆီမီနာကိုတားဆီးပြီး အဖွဲဝင်တွေကို ဖမ်းဆီးဖို့ကြိုးစားတာ၊ နောက် သူတို့ကို ခုံရုံး တင်နိုင်ရေး
အတွက် လှုပ်ရှားသူတွေကိုလည်း ရတဲ့နည်းနဲ့တားဆီးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်က အမိန့်
ထုတ်ထားတယ် ဆိုပြီး သတင်းတွေ အခိုင်အမာ ရရှိထားပါတယ်။

(ဒီပဲယင်း အရေးအခင်းမှာ တာဝန်ရှိသူတွေကို နိုင်ငံတကာခုံရုံးတင်ဖို့ ကြိုးပမ်းနေသူ ရှေ့နေဦးအောင်ထူးနဲ့


တကယ်လို့သာ အဲဒီလို တင်မယ်ဆိုရင် ကိုယ်တိုင် သက်သေထွက်ပေးမယ်လို့ ပြောသူ
စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွတ်တို့ ပြောတဲ့ နိုင်ငံတကာခုံရုံးတင်ရေးကိစ္စတွေကို
အသံဖိုင်မှာ နားထောင်နိုင်ပါတယ်။)
----------------------------------------------------------------------------------------------------------
ဒါပါပဲ
The end

You might also like