You are on page 1of 19

ဇွန် ၁၀ သတင်းများ

ရယကရုံးတွင် ခေါ်ရိုက်ခံရသူ အရေးပေါ် ဆေးကုသမှုခံနေရ


DVB - နော်စေးဖော ၁ဝ ဇွန် ၂ဝဝ၉ -
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ဒေသခံတဦး ရယကရုံးမှာ ဆင့်ခေါ် ရိုက်နှက်ခံရလို့
မြောက်ဥက္ကလာပ မြို့နယ် ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ၁ ရပ်ကွက် သုမိတ္တာ ၁၅ လမ်းမှာ နေတဲ့ ဦးစန်းကျော်ကို လူမှုရေးကိစ္စ ဆွေးနွေးဖို့ဆိုပြီး
ပြီးခဲ့တဲ့ ၇ ရက်နေ့ည ၉ နာရီခွဲခန့်က ရယကရုံးက ဆင့်ခေါ်ခဲ့တယ်လို့ တရပ်ကွက်တည်း အတူနေထိုင်သူတွေက
ပြောပါတယ်။ ဒါပေမယ့် လူမှုရေးကိစ္စ ခေါ်ဆွေးနွေးတာမဟုတ်ဘဲ ဦးစန်းကျော်ကို ရိုက်နှက်တာလို့
မျက်မြင်တွေ့ရှိသူ တဦးက ပြောပါတယ်။
“ဟိုရောက်တော့ ရဝတ ဥက္ကဋ္ဌနဲ့ သူ့ရဲ့ မီးသတ်အဖွဲ့ဝင် ၂ ယောက်၊ ရဝတ အဖွဲ့ဝင်တွေနဲ့ ဝိုင်းပြီးတော့
ရိုက်တယ်။ ဓာတ်မီးနဲ့ ရိုက်တယ်လို့ ပြောတယ်။ ရဝတရုံးက ရဲတယောက်က ထွက်လာပြီး အထဲမှာတော့
ပြဿနာတွေ ဖြစ်နေတယ်လို့ ပြောတော့ ရက်ကွက်က ရဝတရုံးကို သွားကြည့်တော့ အရိုက်ခံရတဲ့သူက
အပြင်ကို ယိုင်ထိုးယိုင်ထိုး ထွက်လာပြီးတော့ မြောင်းထဲကို ပြုတ်ကျသွားတယ်။ ဒါကို နောက်ကနေ
ကျန်တ့သ
ဲူတွေက ဆက်ရိုက်တယ်။
“ဘာဖြစ်လို့ ရိုက်တာလဲဆိုတော့ ဦးစန်းကျော်က မီးရထားပိုင်မြေမှာ ဆိုင်ခန်းဖွင့်တာ ရဝတကို ပိုက်ဆံ
၆ သိန်းပေးရတယ်။ မီးရထားကနေ ကျူးကျော် ဆိုင်ခန်းတွေကို ဖျက်တ့အ
ဲ ခါမှာ ဘယ်သူ့ကို ဘယ်လောက်
ပေးရလဲလို့မေးတော့ သူက ရဝတ ဥက္ကဋ္ဌကို ပိုက်ဆံ ၆ သိန်း ပေးရပါတယ်လို့ ပြောလိုက်လို့ ရန်òငိးထားပြီး
သက်သက် ခေါ်ရိုက်တာ။”
ရိုက်နှက်ခံရမှုကြောင့် ဦးစန်းကျော်ဟာ ခေါင်း၊ လက်န့ဒ
ဲူးမှာ ဒဏ်ရာတွေရပြီး မြို့နယ်ဆေးရုံမှာ ကုသမှု
ခံယူ နေရပေမယ့် ဒီကိစ္စ ရဲစခန်းတိုင်ရာမှာ ဘာမှအရေးယူ ဆောင်ရွက်တာ မရှိဘူးလို့ ပြောပါတယ်။
“အခု မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသခံနေရတယ်။ ကျနော်တို့ဘက်က
လူကိုပဲ အရေးယူ ဆောင်ရွက်ဖို့ စီစဉ်နေကြတယ်။ စာနဲ့ခေါ်ပြီး ဝိုင်းရိုက်တယ်ဆိုတာကြီးက ဘယ်လိုမှ
လက်ခံနိုင်စရာ မရှိဘူး။”
ဒီကိစ္စန့ပ
ဲ တ်သက်လို့ မြောက်ဥက္ကလာမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ စခန်း တာဝန်ကျ
ဝန်ထမ်းတဦးက “ကျနော်တို့က အဲ့ဒါတွေကို ဖြေပိုင်ခွင့်ရှိလို့ပါ။ အထက်လူကြီးတွေကို တင်ပြရမှာမို့ပါ”လို့
ပြောပါတယ်။
ဒီဖြစ်ရပ်န့ပ
ဲ တ်သက်လို့ မြောက်ဥက္ကလာပ ၁ ရပ်ကက
ွ် ရယက ရုံးမှာ ဖုန်းမရှိတဲ့ အတွက် မြို့နယ်
မယကရုံးကို ဆက်သွယ်မေးမြန်းတော့ ဒီကိစ္စ သူတို့ဘာမှမသိဘူးလို့သာ တာဝန်ကျ ဝန်ထမ်းက ဖြေဆိုပါတယ်။
ဦးစန်းကျော်ဟာ အခုလက်ရှိ ဆေးကုသခံနေရဆဲဖြစ်တ့အ
ဲ တွက် သူ့ကျန်းမာရေး အခြေအနေ သိနိုင်ဖို့
မြောက်ဥက္ကလာပ ဆေးရုံကြီးကို ဆက်သွယ်မေးမြန်းတော့ ဦး စန်းကျော်ဟာ ၇ ရက်နေ့ည ၁၂ နာရီ ကျော်မှာ
ဆေးရုံ အရေးပေါ်ဌာနကို ရောက်လာတာဖြစ်ပြီး အမျိုးသားခွဲစိတ်ဆောင်ကို လွှဲပေးလိုက်တယ်လို့ ဆေးရုံ
အရေးပေါ်ဌာန တာဝန်ကျ ဝန်ထမ်းတဦးက ပြောပါတယ်။
“သူ့မှာ ဒဏ်ရာတွေ အများကြီးရှိလို့ တင်ထားပါတယ်။ ၈၊ ၆၊ ဝ၉ ရက်၊ ဝဝ နာရီ ၁ဝ မိနစ်က
ရဲကေ့စ်ဆိုပြီး ပီစိထုထားပါတယ်။” အမျိုးသားခွဲစိတ်ဆောင်ကို ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျ
ဆရာမတဦးက အရေးပေါ်လူနာ များနေတဲ့အတွက် နောက်မှ ဆက်သွယ်ပါလို့ ဖြေပါတယ်။ ဦးစန်းကျော်ရဲ့
မိသားစုတွေအပါအဝင် ရပ်ကွက်အတွင်း အတူနေသူတွေက ဒီဖြစ်ရပ်ကို မကျေနပ်တ့အ
ဲ တွက်
နေပြည်တော်အထိ စာတင်ဖို့ရှိတယ်လို့ ပြောပါတယ်။
-----------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချရန်ကြံစည်မှုကို ပြည်သူများ စက်ဆုတ်ရံရ
ွှာ
DVB - အေးနိုင် ၉ ဇွန် ၂ဝဝ၉ -

အင်းစိန်ထောင်မှာ ချုပ်နှောင်ခံနေရတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်


သိက္ခာကျစေတဲ့ပုံတွေကို လူထုအကြား ဖြန့်ဝေနေတဲ့ လုပ်ရပ် အပေါ် ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညို
လေးစားသူတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပါတယ်။
အာဏာပိုင်တွေရဲ့ ဖမ်းဆီးထားရာကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်စူးပြီး
ပြည်နယ်န့တ
ဲိုင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရ့ဓ
ဲာတ်ပုံ အမျိုးအစား ၈ မျိုးကို ဝေငှနေစဉ်မှာ အခုလို
သိက္ခာချတဲ့လုပ်ရပ်တွေ ဖြစ်ပေါ်လာတာပါ။
အဲဒီလို သိက္ခာကျစေတဲ့ပုံတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံ သား ဂျွန်ယက်တောတို့
ပုံကို ကွန်ပျူတာပညာနဲ့ လုပ်ကြံဆက်စပ်ဖန်တီးထားတာလို့ တွေ့ရှိသူတွေက ပြောပါတယ်။ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ အိမ်ရှေ့မှာ လူမသိသူမသိ လိုက်ချထားတဲ့ပုံတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့
သူ့ခင်ပွန်း မိုက်ကယ်အဲရစ်သာမက မစ္စတာယက်တောတို့ ပုံတွေကိုလည်း ဆက်စပ် ဖန်တီးထားတာတွေလည်း
တွေ့တယ်လို့ အဖွဲ့ချုပ် မန္တလေးတိုင်း ဘဏ္ဍာရေးမှူး ဦးကိုကြီးက ပြောပါတယ်။
“မဖွယ်မရာဓာတ်ပုံတွေပေါ့ဗျာ။ အဲဒီဓာတ်ပုံတွေကိုတော့ ကျနော်တို့အဖွဲ့ဝင်တွေအိမ်ရှေ့တွေမှာ
လာပြီးတော့ကြဲဖြန့်ဖြန့်ထားတာ။ သုံးလေးဦးလောက်ရှိပြီဗျ။ ကျနော်တို့ဆီမှာတွေ့ ရတာကတော့ ကျနော်တို့
လူသူသိတ့အ
ဲ ချိန်မှာတော့ ကြဲတာဖြန့်တာဝေတာတို့ ဘာမှမရှိပါဘူးဗျ။ စက်ဆုတ်ကြတာပေါ့ဗျာ ဒါမျိုးတွေက
တော့ မဖြစ်သင့်မဖြစ်ကောင်းတဲ့အလုပ်လို့ ပြောကြတာပေါ့။ ရွံရှာစရာတခုတော့ဖြစ်နေတာပေါ့။”
အဲဒီ မဖွယ်မရာပုံတွေကို မိထ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ မန္တလေး၊ ညောင်ဦး စတဲ့
၆ မြို့မှာ ဖြန့်ကြဲတယ်လို့ သိရကြောင်း အဖွဲ့ချုပ် မြင်းခြံမြို့နယ်စည်းရုံးရေးအဖွဲ့ဝင် ဦးမျိုးဟန်က ပြောပါတယ်။
“အဲဒီလို ညပိုင်း ကြဲသွားတာဖြစ်တယ်။ ပေါ်ပေါ်တင်တင် ဝေမယ်ဆိုရင်တော့ ကျနော်သိရသလောက်
ကတော့ အကြမ်းဖက်မှုတွေထိ ဖြစ်လာနိုင်တယ်ဗျ။ လူတွေ ကတော်တော်လေး ဒေါသထွက်နေကြတယ်။”
အဖွဲ့ချုပ် ဝမ်းတွင်းမြို့နယ် အတွင်းရေးမှူး ဦးထွန်းထွန်းက ဒီလုပ်ရပ်ကို “အင်မတန်မှအောက်
တန်းကျတဲ့အဆင့်ကြီး ပြောနေရမှာဆိုတော့ ကျနော်တို့ရှက်လည်းရှက်တယ်” လို့ ပြစ်တင်ဝေဖန်ပါတယ်။
“ဒီအချိန်ဒီအခါ အခြေအနေမှာ တကယ် ပြည်သူလူထုရဲ့ အကျိုးကို မျှော်လင့်တယ်ဆိုရင် တွေ့ဆုေ
ံ ဆွး
နွေးရေး စကားဝိုင်းကလွဲပြီး တခြား မြန်မာနိုင်ငံအတွက် သွားရမယ့်လမ်းကြောင်း မရှိတော့တ့အ
ဲ နေအထား
ဖြစ်နေပြီ။”
လက်သည်မပေါ်တဲ့ ဒီလုပ်ရပ်တွေကြောင့်န့ေ
ဲ တာ့ သူတို့လှုပ်ရှားဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစု
ကြည်လွတ်မြောက်ရေး ရည်စူးတောင်းဆိုတဲ့ ဓာတ်ပုံကမ်ပိန်းကို ထိခိုက်ဖွယ်မရှိဘူးလို့ အဖွဲ့ချုပ် မိထ္ထီလာမြို့နယ်
အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
“ကျမတို့ကမ်ပိန်း အောင်မြင်လာတဲ့အပေါ်မှာ သူတို့ဘက်က တန်ပြန်တာတုန့်ပြန်တာပေါ့လေ။
ဒါပေမယ့် သူတို့တန်ပြန်တာတုန့်ပြန်တာ မထိရောက်တ့အ
ဲ ပြင် ပိုတောင်မှ သူတို့ဘက်က အရှက်ရစေတယ် လို့
ကျမပြောလိုပါတယ်။ သူတို့ ကွန်ပြူတာပညာနဲ့ လုပ်ထားတယ် ဆိုတ့ပ
ဲုံကို ကြည့်ပြီးတော့ ဒီနေ့ဆို
လူတယောက်ကတောင်မှ ပြောသွားတယ် - ဒါမျိုးဆို ကလေးတောင်မှသိတယ် ခွေးတောင်သိနိုင်တယ်တ့။ဲ
အနေအထားရှင်းရှင်းလင်းလင်းကြီးပါ။”
ဒေါ်အောင်ဆန်းစု ကြည် လွတ်မြောက်ရေး ရည်စူး တောင်းဆိုတဲ့ လှုပ်ရှားမှုကလည်း
အောင်မြင်နေတယ် လို့လည်း ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ လူထုတွေမေတ္တာထားတာ ပေါ်လွင်ထင်ရှားတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုသည့် ပြည်သူတို့၏ ပြောကြားချက်များ

“ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အပုပ်ချပြီးတော့ သူတို့အနေနဲ့ လုပ်တ့က


ဲိစ္စနဲ့ ပတ်သက်ပြီးတော့
ကျမ မိန်းမချင်း စာနာမိပါတယ်။ သူတို့တိုက်ခိုက်ပုံကြီးက တော်တော်ကြီးကို အောက်တန်းကျပါတယ်ရှင့်။”
“နိုင်ငံခေါင်း ဆောင် တကယ့် ကမ္ဘာ့နိုဘယ်ဆုရှင်ကြီးကို၊ ကျမတို့အမျိုးသားခေါင်းဆောင်၊
ကျမတို့အားထားနေ ရတဲ့ ခေါင်းဆောင်တယောက်ကို ဒီလို အောက်တန်းကျတဲ့လုပ်ရပ်တွေနဲ့
လုပ်တယ်ဆိုတာကို သူတို့ကိုယ်တိုင် ကိုက အောက်တန်းကျတဲ့လူတွေလို့ပဲ ကျမတို့ယူဆပါတယ်။
သူတို့အဲလိုလုပ်လေ ကျမတို့ခေါင်းဆောင်မှာ ပိုပြီးတော့နာမည်က တက်လေပါပဲရှင့်။”
“ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မတရားဖမ်းဆီးပြီးတော့ အကျဉ်းချထားတယ် - - နောက်တခါ
မိတ္ထီလာ ဒေါ်မြင့်မြင့်အေးတို့ကလည်း ဖိုတိုကမ်ပိန်းလုပ်တယ် - - ဒီဥစ္စာပေါ်မှာ အာဏာပိုင်တွေအနေနဲ့
ပတ်သက်တဲ့ အဖွဲ့အစည်းတခုကနေပြီးတော့ မလိုလားအပ်တဲ့ တိုက်ခိုက်တ့န
ဲ ည်းနဲ့ တိုက်ခိုက်တယ်လို့ ကျနော်တို့
ယူဆပါတယ်။”
“တကယ်တန်းသာ မှန်မှန်ကန်ကန်နဲ့ တိုက်ခိုက်မယ်ဆိုလို့ရှိရင် သက်ဆိုင်ရာသူတို့ဘက်က
နိုင်ငံတော်အကြီး အကဲတွေပုံပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတခုခုခေါင်းဆောင်ပုံပဲဖြစ်ဖြစ် ပေါ်ပေါ်တင်တင်ဖြန့်ဝေပါ၊
ဒီလို နိုင်ငံတကာ ကနေ အသိအမှတ်ပြုတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်
ပြည်သူလူထုရဲ့ ခေါင်းဆောင်ကို မမှန်မကန်နည်းနဲ့ တိုက်ခိုက်တ့က
ဲိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့
ပြည်သူလူထု အနေနဲ့ တော့ များစွာရှုတ်ချပါတယ်။”

-----------------------------------------------------------------------------------

အမျိုးသား ရင်ကြားစေ့ရေး နှင့် ရွေးကောက်ပွဲကို မထိခိုက်စေလို ဟု စင်ကာပူဝန်ကြီးချုပ်ဟောင်း ပြောကြား


NEJ / ၁၀ ဇွန် ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေး


လုပ်ငန်းစဉ်များ နှင့် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မထိခိုက်စေလိုကြောင်း စင်ကာပူအစိုးရအဖွဲ့တွင်
ဝါရင့်ဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ၀န်ကြီးချုပ်ဟောင်း မစ္စတာဂိုချောက်ထောင်က ပြောကြားသည်။
မစ္စတာဂိုချောက်ထောင်သည် ယမန်နေ့က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်
ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ကို တွေ့ဆုံခ့ရ
ဲာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အကျယ်ချုပ်တားမြစ်မိန့် ချိုးဖောက်မှုဖြင့် ရုံးတင်တရားစွဲဆိုခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏
အမှုနှင့် ပတ်သက်၍ မစ္စတာဂိုချောက်ထောင်က ယင်းတရားစီရင်မှုသည် ပြည်တွင်းရေးကိစ္စဖြစ်ကြောင်း၊ သို့သော်
နိုင်ငံတကာနှင့်ဆက်နွှယ်နေသည့် အကြောင်းချင်းရာကိုလည်း မြန်မာစစ်အစိုးရက လျစ်လျူမရှုသင့်ကြောင်း
အလေးထားပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဘက်ပေါင်းစုံပါဝင်သည့် ရွေးကောက်ပွဲ
ဖြစ်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အန်အယ်လ်ဒီပါတီသည် အမျိုးသား ပြန်လည်
ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ပါဝင်ရမည်ဟုလည်း မစ္စတာဂိုချောက်ထောင်က အလေးထား
ပြောကြားခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ
ဖြစ်စေပါမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထိုက့သ
ဲို့ မစ္စတာဂိုချောက်ထောင်၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး အန်အယ်လ်ဒီ ဗဟို
အလုပ်အမှုဆောင် ဦးဝင်းတင်ကို ခေတ်ပြိုင်က မေးမြန်းခဲ့ရာ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်အား တရား
စွဲဆိုနေမှုသည် ပြည်တွင်းရေးကိစ္စဆိုသည်ထက် ပိုမိုကျယ်ပြန့်စွာ ကြည့်မြင်ရန်လိုအပ်ကြောင်း၊ ယင်းကိစ္စသည်
နိုင်ငံရေးပိုင်းဆိုင်ရာ ထိုးနှက်ချက်တရပ်ဖြစ်ကြောင်း ပြောကြားသည်။
“ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ချထားခံရစဉ်မှာဖြစ်ခ့တ
ဲ့ဲ ကိစ္စဖြစ်ပေမယ့် လုံခြုံရေးပိုင်း
ဆိုင်ရာတွေကို ဘာတခုမှ စစ်ဆေးအရေးယူတာမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ တရားစွဲနေတာဟာ
နိုင်ငံရေးပိုင်း ဆိုင်ရာ ထိုးနှက်ချက်တရပ်ဖြစ်တယ်ဆိုတာ မစ္စတာဂိုချောက်ထောင်ကို ပြောချင်တယ်။ ဒါကြောင့်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူကိုယ်တိုင်ကလည်း တောင်းဆိုပေးသင့်တယ်လို့ ကျနော်
ယူဆတယ်” ဟု ၎င်းက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မစ္စတာဂိုချောက်ထောင်၏ ပြောကြားချက်ကိုမူ ဦးဝင်းတင်က
ကြိုဆိုသည်ဟု ပြောကြားသည်။
“ဒီလိုပြောတဲ့အတွက်တော့ ၀မ်းသာပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ
ပါဝင်ခွင့်ရရေး ကျယ်ပြန့်တဲ့ နိုင်ငံရေးလမ်းစဉ်ကို အန်အယ်လ်ဒီက ကိုင်စွဲထားတာပါ၊ လူ့အခွင့်အရေး၊
လက်နက်ကိုင် တိုင်းရင်းသား တွေအရေး၊ ဒါတွေအားလုံး ဖြစ်ထွန်းဖို့အတွက်ကိုပဲ အဓိကထားပါတယ်။ ဒါတွေကို
လုပ်ဆောင်နိုင်ဖို့ ဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ်မှာ မူတည်နေပါတယ်” ဟု
၎င်းက ပြောသည်။
မစ္စတာ ဂိုချောက်ထောင်သည် ပြီးခဲ့သည့် မတ်လတွင် စင်ကာပူနိုင်ငံသို့ သွားရောက်ခ့သ
ဲ ည့်
မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ ဇွန်လ (၈) ရက်တွင် ရောက်ရှိခြဲ့ ပီး
(၄) ရက်ကြာ နေထိုင်မည်ဖြစ်သည်။
-----------------------------------------------------------------------------------

ဒီကေဘီအေနှင့်နအဖတပ်များက
ရွာသားများကို ပေါ်တာဆွဲ
NEJ ၀ီရ / ၁၀ ဇွန် ၂၀၀၉

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အား စစ်ဆင်ရေး ပြုလုပ်ရာတွင် နအဖ စစ်ကြောင်းနှင့် ဗုဒ္ဓဘာသာ


ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်တို့က တိုက်ပွဲဖြစ်ရာ အနီးတဝိုက်ရှိ ရွာသားများအား
ရှေ့တန်းသို့ လိမ်လည်ခေါ်ဆောင်ကာ ရိက္ခာပစ္စည်းများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ရန်
ပေါ်တာသမားအဖြစ် အသုံးပြုနေကြောင်း နယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာသူ ရွာသားများက ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၉၉၉) မှ ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးသော အင်အား (၃၀၀) ကျော်ရှိ တပ်ဖွ့ခ
ျဲီတက်ရာ
ရှေ့တန်းစစ်ကြောင်းတွင် ရွာ (၃) ရွာမှ ရွာသား (၅၀) ခန့်ကို ဘုရားပြုပြင်ရန်ဟု လိမ်လည်ခေါ်ဆောင်ကာ
ဗုံးကျည်ဆန် အကြီးစားများနှင့် ရိက္ခာဆန်များကို သယ်ခိုင်းခဲ့ကြောင်း ကရင်သတင်းစဉ်မှ တာဝန်ခံအယ်ဒီတာ
နန်းဖော့ဂေက ခေတ်ပြိုင်သို့ ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူ ရွာသားတဦးနှင့် တွေဆ


ုံ့ခ့သ
ဲူ နန်းဖော့ဂေက “ပေါ်တာဆွဲခံရတဲ့ ရွာတွေက
ကျုံဒိုးမြို့နယ်က ပနွယ်ကလားရွာသား (၁၈) ယောက်၊ လာ့နိုက် (ကွမ်ဘီ) ရွာသား (၂၀) ယောက်နဲ့
ကုက္ကိုရွာသား (၁၀) ယောက် ပါတယ်။ (၂) ပိဿာလောက်ရှိတဲ့ ဗုံးသီးတွေကို သယ်ခိုင်းတာ၊ တချို့ဆို
မသယ်နိုင်ကြဘူး။ စစ်ကြောင်းရဲ့ အလယ်က လိုက်ခိုင်းတာ။ ညဆိုရင်လည်း မိုးရေထဲမှာ ဒီအတိုင်းထိုင်ပြီး
အိပ်ခိုင်းတာ။ အဲဒီအထဲက အခု (၁) ယောက် လွတ်မြောက်လာတာ။ (၅) ရက် လိုက်ခြဲ့ ပီး အပေါ့အပါး
သွားမယ်ပြောပြီး ဇွန်လ (၇) ရက်က ထွက်ပြေးလွတ်မြောက်လာတာ” ဟု ပြောသည်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်ဖွ့သ


ဲီးသန့်တွင် ပေါ်တာဆွဲခံရသည့်ရွာသား (၄၈) ယောက်ရှိပြီး
ကေအန်ယူကို စစ်ဆင်ရေး ပြုလုပ်နေသည့် အခြားတပ်ဖွ့မ
ျဲားတွငလ
် ည်း ရှိသေးကြောင်း၊ နအဖတပ်များကလည်း
ချီတက်လာရာ လမ်းတလျှောက်ရှိ ရွာသားများကို လမ်းပြရန်နှင့် ရိက္ခာခဲယမ်း သယ်ရန်အတွက် အတင်းအဓမ္မ
ဖမ်းဆီးခေါ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ရွာသားများက ထွက်ပြေးသော်လည်း တိုက်ပွဲများခံနေသဖြင့် လမ်းတွင်ပိတ်မိနေသူများလည်း ရှိကြောင်း၊


မိုးတွင်းဖြစ်နေသောကြောင့် နယ်စပ်အထိမလာနိုင်ကြသူများလည်း ရှိကြောင်း ဒုက္ခသည်များရှိရာသို့
ကွင်းဆင်းသွားရောက်ခ့သ
ဲူ နန်းဖော့ဂေက ပြောသည်။

ယခုအခါ ယာယီစခန်း (၄) ခုတင


ွ် နယ်စပ်ဒေသသို့ ထွက်ပြေးလာသည့် ဒုက္ခသည်ပေါင်း (၄,၀၀၀)
နီးပါးရှိကြောင်း ကရင်ဒုက္ခသည်ကယ်ဆယ်ရေးဌာနက ပြောသည်။
-----------------------------------------------------------------------------------

မူဆယ်ကုန်သွယ်ရေးဇုန်မှတဆင့်
ဂျပန်ကားများ တင်သွင်းနေ
NEJ / ၁၀ ဇွန် ၂၀၀၉

ယခုလ (၆) ရက်နှင့် (၇) ရက်တွင် တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့မှတဆင့် မူဆယ် ကုန်သွယ်ရေးဇုန်ကို


ဖြတ်ကျော်ပြီး အစီး (၃၀) ထက်မနည်းသည့် ဂျပန်နိုင်ငံလုပ် ဇိမ်ခံကားများကို ကွန်တိန်နာများတွင် ထည့်ပြီး
မန္တလေးဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံတဦးက ပြောသည်။

ကားအများစုမှာ ဂျပန်နိုင်ငံလုပ် ပါဂျဲုရိုး၊ ပါရာဒို၊ မတ်တူး စသည့် ဇိမ်ခက


ာံး အသစ်များဖြစ်ပြီး ကွန်တိန်နာကဲ့သို့
သေတ္တာများ တပ်ဆင်ထားသည့် မြန်မာနံပါတ်ပါ ကားများပေါ်သို့ ကုန်းဘောင်ထိုးပြီး မောင်းတင်နေသည်ကို
တွေ့ခ့ရ
ဲ ကြောင်း ကျယ်ဂေါင်ဒေသခံတဦးက ပြောသည်။

၎င်းက “ဘယ်ကုမ္ပဏီက လုပ်နေတယ်ဆိုတာတော့ မသိဘူး။ အရင်အစောပိုင်းကတော့ တစီးစ၊ နှစ်စီးစ


ဒီဘက်က သွင်းတာ ရှိတာ။ အခုလို အုံလိုက် ကျင်းလိုက် မဟုတ်ဘူး။ အခုက ကျယ်ဂေါင်
ဘုန်းကြီးကျောင်းလမ်းကြားထဲမှာ ကားတန်းရှည်ကြီးလို ဖြစ်သွားတာ” ဟု ပြောသည်။

အဆိုပါ ကားများအား မြန်မာပြည်အတွင်း ပြုလုပ်နေသည့် မော်တော်ကားလေလံပွဲများ ရောင်းချရန်ဖြစ်ပြီး


သင်္ကြန်မတိုင်မီကာလကလည်း တရုတ်နိုင်ငံလုပ် မှန်လုံဘတ်စ်ကားနှင့် ၀န်တင်ကားများ အစီး (၄၀) ခန့်
တင်သွင်းခဲ့ပြီး မကြာသေးမီရက်ပိုင်းကလည်း အဲယားကွန်များတပ်ဆင်ထားသည့် အလုံပိတ်ကုန်ကား (၃၀) ခန့်
တင်သွင်းခဲ့သည်ဟု (၁၀၅) မိုင် နကသ၀န်ထမ်းများနှင့် နီးစပ်သူ နယ်စပ်ကုန်သည်တဦးက ပြောသည်။

“အဲဒါတွေက နကသ ကနေ သွားတာမဟုတ်ဘူး။ နေပြည်တော်က တိုက်ရိုက်လုပ်နေတာ။ (၁၀၅) မိုင်မှာ


ခဏ၀င်တာလောက်ပဲ။ အဲဒီ နကသအနေနဲ့ ကျန်ကုန်သွယ်မှုတွေလို ဟိုစစ်၊ ဒီစစ် လုပ်လို့မရဘူး။ ဗီအိုင်ပီ ကိစ္စလို
ဖြစ်နေတာ။ မြန်မာဘက်ကလည်း ကျွန်းသစ်ကားတွေ တခါလာ (၁၀) စီး၊ (၁၅) စီးနဲ့
ဆက်တိုက်လာနေတာလည်း နကသလုပ်ငန်းနဲ့ မပတ်သက်ဘူး။ အဲဒါတွေက နေပြည်တော်နဲ့ လုပ်နေတာ” ဟု
၎င်းက ပြောသည်။

မူဆယ်-မန္တလေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြုပြီး ယခုက့သ


ဲို့ ပုဂ္ဂလိက ကုမ္ပဏီများနှင့်
သက်ဆိုင်သည့် ကားများနှင့် ကုန်ပစ္စည်းသာမကဘဲ စစ်တပ်နှင့်ဆိုင်သည့် ကားနှင့် ပစ္စည်းများလည်း
သယ်ဆောင် နေခြင်းဖြစ်သည်။
-----------------------------------------------------------------------------------

နယ်မြေအေးချမ်းပါက စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဟု ထိုင်းဘက်မှပြော


NEJ / ၁၀ ဇွန် ၂၀၀၉

ယခုလဆန်း (၂) ရက်နေ့က စတင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသ


တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ထွက်ပြေးတိမ်းရှောင်လာသည့် ကရင် စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ကို
ထိုင်းအာဏာပိုင်များက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံမည်မဟုတ်ဘဲ နယ်မြေအေးချမ်းသွားပါက
၎င်းတို့ကို နေရပ်ပြန်ပို့မည်ဟု ပြောသည်။

စစ်ပြေးဒုက္ခသည်များအား လူသားချင်းစာနာသည့်အနေဖြင့် ထိုင်းအာဏာပိုင်များက ယာယီလက်ခံထားကာ


၎င်းတို့ကို ထိုင်းဘက်ခြမ်း ထာ့ဆောင်ရန်းမြို့နယ်အတွင်းရှိ နောင်ဘိုး၊ အူးသူးထ၊ မဲ့စလေ စသည့်နေရာ (၃)
ခုတွင် ယာယီခိုလှုံခွင့်စခန်းများဖွင့်လှစ်ကာ စားဝတ်နေရေး၊ ကျန်းမာရေး ကိစ္စများကို
ကူညီဆောင်ရက
ွ်ပေးလျက်ရှိသည်။

မယ်လဒုက္ခသည်စခန်း ဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “ထိုင်းဘက်က ဒီလူတွေကို ဒုက္ခသည်စခန်းမှာ လက်ခံဖို့


လုံးဝ အစီအစဉ်မရှိဘူးလို့ သိရတယ်။ အဓိကကတော့ ထိုင်းအာဏာပိုင်တွေအပေါ်မှာပဲ မူတည်တယ်။
ဒီလူတွေလက်ခံဖို့ ကိစ္စန့ပ
ဲ တ်သက်ပြီး အထက်ကလည်း ကျနော်တို့ကို ဘာမှ ပြောထားတာမရှိဘူး” ဟု
ပြောသည်။

ယခုလ (၆) ရက်၌ စစ်ပြေးဒုက္ခသည်များ ခိုလှုံရာ ထာ့ဆောင်ရန်းမြို့နယ် နောင်ဘိုး ဘုန်းတော်ကြီးကျောင်းသို့


ရောက်ရှိလာသည့် ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ထနွန်စာ အဖိလာ့ယိုထင်က
စစ်ပြေးဒုက္ခသည်များ အား ဒုက္ခသည်စခန်းသို့ ပို့ဆောင်မည်မဟုတ်ဘဲ တိုက်ပွဲများပြီးဆုံးသွားပါက ၎င်းတို့ကို
နေရပ်ပြန်ပို့မည်ဟု သတင်းထောက်များအား ပြောကြားသည်။

စစ်ပြေးဒုက္ခသည်တဦးဖြစ်သူ နော်ပလဲ့က “နေရေးထိုင်ရေး အားလုံးအဆင်ပြေပါတယ်။ ကျမ ကလေး (၄)


ယောက် လည်း နေ့တိုင်းမုန့်စားရတယ်။ အ၀တ်အထည်တွေ၊ စောင်ခြင်ထောင် အားလုံးပေးပါတယ်။
ကိုယ့်ရွာမဟုတ်လို့လား မသိဘူး။ ရွာကိုပဲပြန်ချင်တယ်။ ကလေးတွေလည်း ဒီမှမပျော်ဘူး” ဟု ပြောသည်။

ထိုင်းဘက်သို့ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်သည် လှိုင်းဘွဲ့မြို့နယ်နှင့်


ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၀) ကျော်မှ ရွာသားများဖြစ်ကြပြီး ၎င်းတို့ကို UNHCR-TBBC-KRC နှင့်
အခြားအစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် လူမှုရေး၊ ဘာသာရေးအဖဲ့အ
ွ စည်းများနှင့် ထိုင်း ကျန်းမာရေး
ဌာနများက လိုအပ်သည့် အစားအစာ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများ ပေးပို့ကူညီလျက်ရှိသည်။

တပ်မဟာ (၇) ဘားအံခရိုင်ဒေသအတွင်း နောက်ဆုံးရရှိသည့် သတင်းအရ နအဖ-ဒီကေဘီအေပူးပေါင်းတပ်ဖဲ့န


ွှင့်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တဖက်နှင့်တဖက် ထိပ်တိက
ုအပြန်အလှန်ပစ်ခတ်ခြင်း မရှိသေး
သော်လည်း ယနေ့မွန်းလွဲပိုင်းတွင် တပ်မဟာ (၇) လက်အောက်ခံ တပ်ရင်း (၂၁) တည်ရှိရာ မဲစလေဒေသ
အတွင်းသို့ (၈၁) မမ၊ (၆၀) မမ၊ မော်တာများဖြင့် အဝေးမှလှမ်းပစ်မှုများ ရှိသည်ဟု တပ်မဟာ (၇) မှ ပြောရေး
ဆိုခွင့်ရှိသူ ဗိုလ်ကြီးစဂျွန်က ခေတ်ပြိုင်သို့ ပြောသည်။
-----------------------------------------------------------------------------------

အကျယ်ချုပ်မိန့် ရုပ်သိမ်းပြီးသော်လည်း
ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဆက်လက်ထိန်းသိမ်း
မင်းနိုင်သူ / ၁၀ ဇွန် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းပြီးသော်လည်း နေအိမ်ကို
အာဏာပိုင်များက ဆက်လက်ထိန်းသိမ်းထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မကျေမနပ်ဖြစ်နေကြောင်း
သိရသည်။

“သူ့အပေါ်မှာ နေအိမ်အကျယ်ချုပ်အမိန့် မရှိတော့ဘူး။ ဒါကြောင့် သူ့အိမ်ကို သူ့မိတ်ဆွေတွေသွားရောက်


ရှင်းလင်းပေးဖို့ လုပ်တာကို အာဏာပိုင်တွေက အ၀င်မခံတ့အ
ဲ ပေါ် ဒေါ်အောင်ဆန်းစုကြည် အတော်လေး
မကျေမနပ်ဖြစ်ရတယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေကို ဘာ့ကြောင့် အိမ်ကိုပြန်မအပ်သေးတာလဲ။
အ၀င်မခံတာလဲလို့မေးတော့ အထက်အမိန့်မရသေးလို့လို့ ပြောပါတယ်” ဟု ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့်
သွားရောက်တွေ့ဆုံခဲ့သူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

အင်းစိန်ထောင်အရာရှိရိပ်သာတွင် ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေများက ယနေ့


သွားရောက် တွေ့ဆုံခြဲ့ ပီး ရန်ကုန်တိုင်းတရားရုံးက ယမန်နေ့တွင် ချမှတ်ခ့ေ
ဲ သာ သက်သေခေါ်ဆိုရေး
ပြင်ဆင်မှုနှင့် ပတ်သက်ကာ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စနှင့်
ပတ်သက်၍ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် မေ (၃၀) ရက် ဒီပဲယင်းအရေးအခင်းအပြီးတွင်


နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့ပြီးနောက် ယခုနှစ် မေ (၂၆) ရက်တွင် နေအိမ်အကျယ်ချုပ်အမိန့်
ရုပ်သိမ်းကြောင်း နအဖရဲချုပ်ကိုယ်တိုင် အကြောင်းကြားခဲ့သည်။

သို့သော် နေအိမ်အကျယ်ချုပ်တားဆီးမိန့် ရုပ်သိမ်းပြီးသော်လည်း နေအိမ်ကို အာဏာပိုင်များက ယနေ့အထိ


ထိန်းသိမ်းထားဆဲဖြစ်သည်။

ယနေ့ ရှေ့နေများ သွားရောက်ဆွေးနွေးခဲ့ကြသည့် သက်သေပြင်ဆင်ခေါ်ခွင့်အတွက်မှာ တရားဥပဒေ


လမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က အကြောင်းပြန်လိုက်သဖြင့်
မနက်ဖြန်တွင် ဗဟိုတရားရုံးသို့ အယူခံဝင်မည်ဖြစ်သည်။
-----------------------------------------------------------------------------------
နော်ခီးလာ၏ ဒုက္ခ
10 June သန်းထိုက်ဦး irrawaddy

မြန်မာစစ်အစိုးရနှင့် DKBA တပ်တို့၏ ထိုးစစ်များက အသက် ၃၅ နှစ်အရွယ် ကရင်အမျိုးသမီး နော်ခီးလာ၏


ရင်ထဲတွင် အမုန်းတရားများကို ပိုမိုဖန်တီးပေးခဲ့သည်။

“ကျမမိသားစုနဲ့ ကျမတို့တရွာလုံးထွက်ပြေးလာကြရတယ်၊ ရွာတွေကို လက်နက်ကြီးတွေန့ပ


ဲ စ်တယ်၊ မထွက်ပြေး
လို့ ရှိရင်လည်း မြန်မာစစ်သားတွေက ကျမတို့ကို ပေါ်တာခေါ်မှာ ကြောက်လို့ ထွက်ပြေးလာကြရတယ်”ဟု
နော်ခီးလာ က ဧရာဝတီသို့ ပြောသည်။

“မြန်မာအစိုးရတပ်သားတွေနဲ့ DKBA တပ်သားတွေကိုတွေ့ရင်ကြောက်လည်းကြောက်တယ်၊ အရမ်းလည်းမုန်း


တယ်”ဟု ၎င်းက ဆက်ပြောသည်။

ဝါးမီးကလာ (Wa Mee Klar) ကျေးရွာမှ ထွက်ပြေးလာသည့် နော်ခီးလာသည် ဇွန်လဆန်းမှစတင်၍ မြန်မာစစ်


အစိုးရတပ်နှင့်တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်း တပ်များက ကရင်အမျိုးသား
အစည်းအရုံး(KNU)လက်အောက်ခံ KNLA တပ်မဟာ(၇) တပ်စခန်းများကို ဆက်တိုက် ထိုးစစ်ဆင်ခ့သ
ဲ ည့်
အတွက် အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးနေရသူ တဦးလည်း ဖြစ်သည်။

သူမသည် ဇွန်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ နို့ဖိုး ဒုက္ခသည်စခန်းကို ရောက်လာခဲ့သည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း နော်ခီးလာ ကဲ့သို့ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစုပေါင်း


၆၀၀၀ခန့် ရှိကြောင်းသိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့်မ့သ
ဲ လေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

အဆိုပါ ထွက်ပြေးလာသူများထဲတွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုပါဝင်သည်ဟု


နော်ခီးလာက ပြောသည်။ ဇွန်လ ၇ ရက်နေ့က ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းတွင် ထွက်ပြေးလာသူများထဲမှ
ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကလေးမွေးဖွားခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောပြသည်။

ကရင်လူငယ်အစည်း အရုံး (KYO) ဥက္ကဌ စောလှထွန်းက ထွက်ပြေးလာသည့် ကရင်ဒုက္ခသည်တွေထဲက အမျိုး


သမီးတချို့နှင့် ကလေးငယ်များသည် မိုးရေထဲတွင်ပင် ထွက်ပြေးတိမ်းရှောက်နေခဲ့ရပြီး လမ်းတလျှောက်တွင်
အမိုးအကာ မရှိဘဲ တောထဲ၌ အိပ်ခ့ရ
ဲ သည်ဟု ပြောသည်။

“တချို့ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ငှက်ဖျား ဖြစ်နေကြတယ်လို့လည်း ကြားရတယ်”ဟု စောလှထွန်းက


ဆို သည်။

ကရင်ဒုက္ခသည်များ၏ စားသောက်နေထိုင်ရေးနှင့် ပတ်သက်၍ မိုးတွင်းကာလဖြစ်သည့်အတွက် ကျန်းမာရေး


အခက်အခဲများနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရှိရသည်။
၎င်း ကရင်ဒုက္ခသည်များကို ကရင်ဒုက္ခသည်များ ကော်မတီ (KRC) နှင့် ထိုင်း-မြန်မာနယ်စပ် တလျှောက် ကူညီ
စောင့်ရှောက်ရေးညွန့်ပေါင်းအသင်း ( TBBC ) တို့က ကူညီဆောင်ရွက်ပေးထားကြောင်းသိရသည်။

မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA (၉၉၉)တပ်ဖွ့ဝ


ဲ င်များသည် တပ်မဟာ(၇) ထိန်း
ချုပ်နယ်မြေရှိ တပ်ရင်း ၆ ခုအနီးမှ တပ်စခန်းများကို လက်နက်ကြီးများဖြင့်သော်လည်းကောင်း၊ လူအင်အား စုစု
ပေါင်း ၁၀၀၀ခန့် ဖြင့် ထိုးစစ်ဆင်ရန်ကြိုးစားနေကြောင်းလည်း သိရှိရသည်။

ယင်း နှစ်ဘက် တိုက်ပွဲများကြောင့် အကျအဆုံး မည်မျှရှိသည်ကိုမူ မသိရှိရသေးပေ။ သို့သော် ၎င်းတိုက်ပွဲများ


ကြောင့် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေးများ တင်းကျပ်ထားကြောင်းသိရှိရသည်။

KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က“KNU ကိုမြန်မာစစ်အစိုးရရဲ့ထိုးစစ်ဆင်မှုတွေကို ကြည့်ခြင်း


အားဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့မလိုဘူးဆိုတ့သ
ဲ ဘောထားက ပေါ်လွင်နေပါတယ်”
ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသား အချင်းချင်းပြန်တိုက်ခိုက်အောင် အကွက်ဆင်ထားသည်


မှာ ထင်ရှားကြောင်း DKBA တပ်ဖွ့ဝ
ဲ င်များကို မိုင်းရှင်းရာတွင်လည်းကောင်း တပ်ဦးမှလည်းကောင်း အသုံးပြုနေ
ခြင်းသည် စစ်အစိုးရက လက်ကိုင်တုတ်အဖြစ် အသုံးပြုခြင်းဖြစ်ပြီး ယင်းသို့ မဖြစ်စေရန် ပြန်လည်စဉ်းစားသင့်
ကြောင်း၎င်းက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် စစ်ရေးပြဿနာများကို အမြန်ဆုံး ဖြေရှင်းရေး


အတွက် ကုလသမဂ္ဂ အပါဝင် နိုင်ငံတကာနှင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများက တညီတညွတ်တည်း စစ်အစိုး
ရအား ဖိအားပေးရန် KNU က တနင်္လာနေ့က တောင်းဆိုခ့သ
ဲ ည်။

အဆိုပါ တောင်းဆိုထားသည့် KNU ၏ ကြေညာချက်တွင် ၁၉၉၀ ခုနှစ် အနိုင်ရပါတီ၊ တိုင်းရင်းသား ခေါင်းဆောင်


များနှင့် စစ်အစိုးရပါဝင်သော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုလည်း အမြန်ဆုံးအကောင်အထည်ဖော် ဆောင်
ရန် တိုက်တွန်း တောင်းဆိုထားခြင်းဖြစ်သည်။

ထို့အပြင် စစ်ပြေး ဒုက္ခသည်များအတွက် အရေးပေါ်အကူအညီများကို အမြန်ဆုံးထောက်ပံ့ပေးရန် နိုင်ငံတကာရှိ


(NGO) များ ပြည်တွင်းပြည်ပရောက် ကရင်အမျိုးသားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် အဖွဲ့
အစည်းများကိုလည်း ၎င်း KNU အဖွဲ့က တောင်းဆိုကြောင်း ရေးသားထားသည်။

ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ၀ီလျံ စပင်ဒ်လား(William


Spindler) က “ဒုက္ခသည် ၂၀၀၀ မှ ၆၄၀၀ လောက် အတွက် ကျနော်တို့က ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး
တော့ အကောင်းဆုံးဖြစ် အောင် ဆောင်ရွက် နေပါတယ်”ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

“အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေက သူတို့ရွာနဲ့ အနီးဆုံးမှာ နေချင်ကြတယ်၊ အခြေအနေငြိမ်သက်သွားတာ


နဲ့ တပြိုင်နက် သူတို့အိမ်ကိုပြန်ဖို့ဆန္ဒစောနေကြတယ်၊ အခုအချိန်ဟာ စပါးစိုက်ချိန်ဖြစ်သလို ကျွဲ၊ နွားတွေကို
လည်း ရွာမှာ ဒီအတိုင်းထားခဲ့ကြရတယ်”ဟုလည်း ၀ီလျံ စပင်ဒ်လား က ဆိုသည်။

ကရင် ဒုက္ခသည် နော်ခီးလာ က မူ “တိုက်ပွဲဖြစ်တာတွေကို ကျမတို့ ခဏပြီး ခဏကြုံနေရတယ်၊ဒီလိုတိုက်ပွဲမျိုး


တွေ ကိုမဖြစ်စေချင် ဘူး၊ ဖြစ်နိုင်ရင် ကိုယ့်ရွာမှာ အေးအေးဆေးဘဲ နေချင်တယ်”ဟု ဆိုသည်။
-----------------------------------------------------------------------------------

ဂိုဂျုတ်တောင်ခရီးစဉ် နိုင်ငံရေးတိုးတက်မှုအတွက် သံသယရှိဟု သုံးသပ်


10 June ကိုထွေး irrawaddy

စင်ကာပူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင်၏ မြန်မာပြည် ခရီးစဉ်ကို ကြိုဆိုသော်လည်း နိုင်ငံရေး


ပြောင်းလဲ တိုးတက်ရေး အတွက်မူ သံသယရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးဝင်းတင်
အပါအ၀င် နိုင်ငံရေးသမားများနှင့် သုံးသပ်သူများက ပြောသည်။

ဦးဝင်းတင်က “မြန်မာပြည်နဲ့ ပတ်သက်လို့ ပွင့်လင်းတဲ့ သူ့ရဲ့ပြောဆိုမှုတွေကို တန်ဖိုးထားပါတယ်၊ စစ်အစိုးရဲ့


မှားယွင်းတဲ့လုပ်ရပ်ကို ထောက်ပြပြီး လမ်းကြောင်းမှန်ရောက်အောင် အကြံပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”
ဟု ဧရာဝတီသို့ ပြောသည်။

စင်ကာပူသည် မြန်မာနိုင်ငံကို နိုင်ငံတကာနှင့်ထိတွေ့ခွင့် ရစေရန် ဆွဲသွင်းပေးသည့် နိုင်ငံဖြစ်သကဲ့သို့


အာဆီယံသို့ ၀င်ရောက်ရေးထောက်ခံပေးသောနိုင်ငံတခုဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

မြန်မာ့အရေးလေ့လာသူတဦးဖြစ်သူ လယ်ရီဂျေဂင်က “၀န်ကြီးချုပ်ဟောင်းတဦးအနေနဲ့ မစ္စတာဂိုဂျုတ်တောင်


မြန်မာပြည်လာတာဟာ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စရယ်၊ မြန်မာ့နိုင်ငံရေး နဲ့ပတ်သက်ပြီး အာဆီယံရဲ့
သဘောထားရယ်ကို သံတမန်တဦးအဖြစ် လာပြောရုံပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လေးစားမှုကို ရထားတဲ့သူ
အနေနဲ့ မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်းလာပြောတာပါ ” ဟု ပြောသည်။

မစ္စတာဂိုဂျုတ်တောင်သည် မြန်မာစစ်ခေါင်းဆောင်များနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်တွင်တွေ့


ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာများတွင်ထည့်သွင်း ဖော်ပြထားသည်။

မစ္စတာဂိုဂျုတ်တောင် အနေဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဆီယံ၏သဘောထားထက် သူ၏သဘောထား


ကိုသာပြောဆိုနိုင်ဖွယ်ရှိကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် မြန်မာ နိုင်ငံရေး အခြေအနေအပေါ်
အာဆီယံခေါင်းဆောင်များ၏ သဘောထားကိုမူ ရှင်းပြသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက်


နစ်နာစေသဖြင့် ထိုအမှုကို ဆက်လက် ခွင့်ပြုရန်မသင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င်
အစိုးရထိပ်တန်း ခေါင်းဆောင်များကို ပြောခဲ့သည်ဟု စင်ကာပူနိုင်ငံထုတ် Straits Times သတင်းစာ တွင်
ပါရှိသည်။

“ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်အစိုးရက စွဲဆိုထားသောအမှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်သော်


လည်း နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို လျစ်လျူမရှုသင့်” ဟု မစ္စတာ ဂိုဂျုတ်တောင်က ပြောကြောင်း အဆိုပါ
သတင်းစာတွင် ထည့်သွင်းရေးသားထားသည်။

ထို့အပြင် မစ္စတာဂိုဂျုတ်တောင်က ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိရန်


လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်း
ပါဝင်ခွင့်ပြုရန် တိုက်တွန်းပြောကြားခဲ့ရာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်
တို့ကသဘောတူလက်ခံခ့ေ
ဲ ကြာင်း ယင်းသတင်းစာတွင် ဖော်ပြပါရှိသည်။

ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့နိုင်ငံရေး အခြေအနေကို သံတမန်နည်းလမ်းဖြင့် ချဉ်းကပ်


ဖြေရှင်းနိုင်ရေး အထူးကြိုးပမ်းလျက်ရှိသည်။

ယနေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆစ်ဖိရုန်းသည် တရုတ်ျနိုင်ငံသို့သွားရောက်ကာ မြန်မာ ပြည်၏


လက်ရှိနိုင်ငံရေး အခြေအနေကို ဆွေးနွေးမည် ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အဖိ ဆစ်ဝေ့ချာချီဝသည်လည်း
ယခုလအတွင်းတွင် ထပ်မံသွားရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံကို စောင့်ကြည့် လေ့လာ နေသော စင်ပြိုင်အာဆီယံအဖွ့မ


ှဲ ဒက်ဘီ စတူးဟတ်က “အာဆီယံရဲ့
သံတမန်ရေးဆောင်ရွက်ချက်တွေဟာ ကောင်းပါတယ် ဒါပေမယ့် အောင်မြင်မှုမရဘူး ဆိုရင်တော့ နောက်အစီစဉ်
တခုကို တွေးထားသင့်တယ်။ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု ထပ်လုပ်ဖို့လိုပါတယ်။ စစ်အစိုးရက
အာဆီယံကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ထင်ထားတဲ့အတွက် လေးစားမှုမရှိဘူး”
ဟု ပြောသည်။

မစ္စတာဂိုဂျုတ်တောင်၏ ခရီးစဉ်သည် မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက်ရန်အတွက် အာဆီယံ၏ နောက်ဆုံး


ကြိုးပမ်း အားထုတ်မှုတခုဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အစဉ်အလာအားဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်


လေ့မရှိပေ။

လြန္ခ့ေ
ဲ သာရက်ပိုင်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် အင်ဒိုနီးရှားနိုင်ငံခြား
ရေးဝန်ကြီး နိုရာ ဟာဆန်ဝီရာယုဒတို့က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်
သည်။
-----------------------------------------------------------------------------------

ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်း၍ ဓနုတ်စေတီပြိုကျဟု ပညာရှင်များပြော


10 June အေးချမ်းမြေ့ irrawaddy

ရှေးဟောင်း အမွေအနှစ် လက်ရာများကို ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းအပေါ် မြန်မာအာဏာပိုင်များ


ကွဲကွဲပြားပြား နားလည်သဘော မပေါက်ခြင်းက ဓနုတ်စေတ်ီကြီး ပြိုကျရခြင်း၏ အကြောင်းရင်း တချက်
ဖြစ်ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်များက သုံးသပ်သည်။
နှစ်ပေါင်း ထောင်ချီခြဲ့ ပီဖြစ်သည့် ဒလမြို့မှ ရှေးဟောင်း ဓနုတ်စေတီကြီး ပြိုကျခဲ့ခြင်းနှင့် ပတ်သက်၍
မြန်မာ့အလင်း သတင်းစာက “အလှူရှင်များဆန္ဒအရ မိုးမကျမီ အားလုံးပြင်ဆင် ပြီးစီးရန် မွမ်းမံတည်ဆောက်
လိုက်ရသော ကြောင့် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပေါ် ပျက်စီးခဲ့ရသည်” ဟု ရေးသားထားခဲ့ပြီး
နောက်ပိုင်း ဤသို့ သုံးသပ်ခြင်းဖြစ်သည်။

အဆောက်အဦးတခု ဆောက်လုပ်ရာတွင် ဗိသုကာက ပုံ ဆွဲပေးလိုက်ပြီးနောက် မြို့ပြအင်ဂျင်နီယာက လိုအပ်


သည့် ပစ္စည်းစာရင်း ကိုတွက်ချက်ပေးလိုက်ရကြောင်း ဗိသုကာ ပညာရှင်တဦးဖြစ်သူ ကိုအုပ်စိုးက ရှင်းပြသည်။

“သူသုံးရမယ့် ပစ္စည်းအတိုင်း သုံးမယ်ဆိုရင် ပျက်စီးတဲ့ ကိစ္စက မြို့ပြအင်ဂျင်နီယာနဲ့ မဆိုင်ဘူး၊ ဆိုက်မန်နေဂျာနဲ့


ဆိုင်သွားပြီ၊ ဆိုက်မန်နေဂျာက ဒီအဆင့်မှာ ဘိလပ်မြေ မခြောက်သေးဘူး ဆက်မဆောက်န့ဆ
ဲို ဆက်ဆောက်လို့
ကို မရဘူး” ဟု သူကပြောသည်။

အသုံးပြုရမည့် ပစ္စည်းအရေအတွက်အတိုင်း မသုံးသောကြောင့် ပြိုကျခြင်း ဖြစ်နိုင်သကဲ့သို့ စောင့်ရမည့်ကာလကို


မစောင့်ဘဲ အမြန်တည်ဆောက်လိုက်ခြင်းကြောင့် ပျက်စီးချင်းလည်း ဖြစ်နိုင်သည်ဟု ကိုအုပ်စိုးက ဆိုသည်။

မြန်မာ့အလင်းသတင်းစာတွင် “မူလစေတီ ပုံသဏ္ဍန်အတိုင်း မပျက်အောင် ဆောက်ရသောကြောင့်


မျှော်မှန်းမထား သည့် ဝန်ပိုများ များပြားလာ၍ ဓနုတ်စေတီကြီး ပြိုကျရခြင်းဖြစ်သည် ”ဟု ရေးသားထားသည်။

အလှူရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဒေါ်ကြိုင်ကြိုင်နှင့် သားသမီးများ ကောင်းမှုဖြင့် ပြန်လည် မွမ်းမံ


တည်ဆောက်ခ့ေ
ဲ သာ ဓနုတ်စေတီကြီးမှာ မေလ ၃၀ ရက်နေ့ ညနေက ပြိုကျပျက်စီးခဲ့သဖြင့် လုပ်အား
ပေးလျက်ရှိသော ဝန်ထမ်း ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၀၀ ထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ဒေသခံ
များက ပြောကြားခဲ့သည်။ ဓနုတ်စေတီကို ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူ၍ ပြန်လည်တည်ဆောက်
ခဲ့ခြင်းဖြစ်သည်။

ရှေးဟောင်းအဆောက်အဦးတခုကို ထိန်းသိမ်းရာတွင် ဆောက်လုပ်ရာ၌ ထည့်သွင်း သုံးစွဲသည့်ပစ္စည်းကို


ထိန်းသိမ်းခြင်း၊ အရောင်ထိန်းသိမ်းခြင်း၊ ဆောက်လုပ်သည့် နည်းပညာကို ထိန်းသိမ်းခြင်း၊ ပုံစံကို ထိန်းသိမ်းခြင်း
ဟူ၍ ၄ မျိုးရှိသော်လည်း မြန်မာစစ်အစိုးရအနေနှင့် မည်သည့် နည်းနှင့်မှ ထိန်းသိမ်းသည်ကို မတွေ့ရဟု
ကိုအုပ်စိုးက ပြောပြသည်။

“ပုဂံဘုရားတွေမှာဆိုရင် UNESCO (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့) ရဲ့ စံနဲ့ ကိုက်ညီအောင်


ထိန်းသိမ်းထားတဲ့ ဘုရား ၃၊ ၄ ဆူပဲရှိတယ်။ ကျန်တာတွေကို သူတို့ ပြင်ချင်သလို ပြင်ထားတာ” ဟု သူက
ဆိုသည်။

UNESCO က ပုဂံစေတီတော်များ ရှိရာနေရာကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုရန်


၂၀၀၂ ခုနှစ်ကတည်းက ရည်မှန်းခဲ့သည်။ သို့သော် စစ်အစိုးရက ပုဂံဘုရားများကို ၎င်းတို့ စိတ်ကြိုက် ပြန်လည်
မွမ်းမံရုံမက ၂၀၀၅ ခုနှစ်တွင် ပုဂံစေတီပုထိုးများ အနီး၌ မီတာ ၆၀ ကျော်မြင့်သော နန်းမြင့်မျှော်စင်ကို
ပညာရှင်များ ဝေဖန်ထောက်ပြသည့်ကြားမှ ဆောက်လုပ်ခ့သ
ဲ ည့်အတွက် စာရင်းမှ ပယ်ဖျက်ခြင်း ခံခ့ရ
ဲ သည်။

သမိုင်းပညာ ပါရဂူတန်းတက်ရောက် သင်ယူနေသော ကျောင်းသားတဦးက “အစိုးရက ပြောတော့ အမျိုးဂုဏ်


ဇာတိဂုဏ် မြင့်မားရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင်
ထိန်းသိမ်း စောင့်ရှောက်ရေး လို့သာ လျှောက်အော်နေတာ တကယ်တော့ သူတို့ကိုယ်တိုင် ရှေးဟောင်း
အမွေအနှစ်တွေကို ဖျက်ဆီးနေတာပဲ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် အပါအဝင် စစ်ခေါင်းဆောင်များသည် ဗေဒင်ယတြာများကို


ယုံကြည်လွန်းပြီး မည်သည့် ကိစ္စမဆို ၎င်းတို့၏ ဗေဒင်ဆရာများ အခါပေးသည့်အတိုင်း ဆောင်ရွက်လေ့
ရှိကြောင်း အများက သိထားကြသည်။

“ယတြာကြောင့် အမြန်ပြီးအောင်ဆောက် ဆိုလို့ သူ့အဆင့်ဆင့်တွေကို မစောင့်နိုင်ဘဲ ဆောက်ရပြီး ပြိုကျတာ


ဖြစ်နိုင်တယ်” ဟု ကိုအုပ်စိုးက ဓနုတ်စေတီကြီး ပြိုကျရခြင်းနှင့် ပတ်သက်၍ ထင်မြင်ချက် ပေးသည်။

နအဖ စစ်ခေါင်းဆောင်များသည် ရှေးဟောင်းယဉ်ကျေးမှုများ၏ တန်ဖိုး၊ ရှေးဟောင်း သမိုင်း အဆောက်အဦး


များ၏ အရေးပါမှုကို နားလည်သဘောပေါက်ခြင်း၊ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ခြင်းများ မရှိကြောင်း
အများကလည်း ဝေဖန်ပြောဆိုနေကြသည်။

ကွယ်လွန်သူ မြန်မာသမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက “ရှေးဟောင်း အမွေအနှစ်များကို သိသိသာသာ


ဒုက္ခပေးမှု များတွင် ဘုရားဆင်းတုတော်များကို သစ်လွင်တောက်ပသော ရွှေများ၊ ကျောက်မြက်ရတနာများဖြင့်
ပြန်လည် နေရာချခြင်း၊ အရောင်အမျိုးမျိုးဖြင့် စေတီပုထိုးများကို ပြန်လည်ဆေးခြယ်ခြင်းအားဖြင့် ကုသိုလ်
အများကြီး ရမည်ဟု ယုံကြည်ပုံရသော ဘာသာရေး စိတ်ရှိသူများလည်းပါသည်” ဟု သူ၏ “အလှပြယ်နေသော
ရှေးပုဂံ” စာအုပ်တွင် ရေးသားထားသည်။

ထေရဝါဒ ဗုဒ္ဓဘာသာ သန့်စင်ရေးအတွက် တစိုက်မတ်မတ် ဟောကြားနေသည့် ဓမ္မစေတီဆရာတော် ဦးကော


သလ္လက သူ၏ တရားပွဲ အများစုတွင် “ငါသာတတ်နိုင်ရင် ဘုရားမတည်ဘူး သားဖွားဆေးရုံပဲ ဆောက်မယ်” ဟု
ဟောကြားလေ့ရှိသည်။ ၎င်း ဆရာတော်ကြီးသည် ဟောကြားသော တရားပွဲများမှ ရရှိသည့် အလှူငွေများကို
ဆေးရုံဆောက်လုပ်လှူဒါန်းရန် ရည်မှန်းထားခဲ့ပြီး ၂၀၀၈ ခုနှစ်က တိုက်ခတ်ခ့သ
ဲ ည့် နာဂစ်ဆိုင်ကလုန်းဒဏ်
ခံရသော ဒေသများကိုလည်း သိန်းရာပေါင်းများစွာ လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်အစိုးရ ပြန်လည် ပြုပြင်မွမ်းမံပြီးစီးခဲ့သည့် ပုဂံစေတီပုထိုးများနှင့် မြောက်ဦးမြို့မှ ရှေးဟောင်းဘုရား များသည်


လည်း မိုးလေကြီးသည့်အချိန်တွင် ယခု ဓနုတ်စေတီကြီးကဲ့သို့ ပြိုကျပျက်စီးသည်ကို ကြုံဖူးကြောင်း
ဧည့်လမ်းညွှန်တဦးက ပြောပြသည်။

-----------------------------------------------------------------------------------

အိန္ဒိယအမတ် ၁၀၀ ကျော် ဒေါ်အောင်ဆန်းစုကြည် လွတ်ရေးတောင်းဆို


10 June ဧရာဝတီ

အိန္ဒိယနိုင်ငံ ပါလီမန်အမတ် ၁၁၈ ဦးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား အမြန်ဆုံး


ပြန်လွှတ်ပေးရေး အတွက် စစ်အစိုးရကို တိုက်တွန်း ပြောကြားရန် ၎င်းတို့၏ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းကို
တောင်းဆိုကြောင်း သိရသည်။
အိန္ဒိယ နိုင်ငံအနေနှင့် လက်ရှိအခြေ အနေအရ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားသောနိုင်ငံရေး
အကျဉ်းသားများ လွတ်မြောက်ရေးတွက် မြန်မာစစ်ဗိုလ်ချုပ်များကို တိုက်တွန်းပြောကြားပြီး ကြားဝင်ဆောင်ရွက်
သင့်သည်ဟု အဆိုပါ အမတ်များက မန်မိုဟန် ဆင်းကို လက်မှတ်ရေးထိုး၍ စာရေးသားပေးပို့ကာ
ပြောဆိုခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီ အခြေစိုက် PTI သတင်းက ယနေ့ ရေးသားထားသည်။

မြန်မာ့ဒီမိုကရေစီရေးအတွက် အိန္ဒိယ ပါလီမန်အမတ်များ၏ ဆွေးနွေးပွဲတွင်လည်း အမတ်တဦး ဖြစ်သူ Sharad


Joshi က အိန္ဒိယနိုင်ငံ အနေနှင့် မြန်မာနိုင်ငံအပေါ် ကျင့်သုံးသည့် မူဝါဒကို မြန်မာပြည်သူများ အကျိုး ရှေးရှု၍
စတင်ပြောင်းလဲသင့်ကြောင်း ပြောသည်ဟု သတင်းတွင်ဖော်ပြထားသည်။

ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်သော အိန္ဒိယသည် မြန်မာနှင့် အကောင်းဆုံးအိမ်နီးချင်းနိုင်ငံ တနိုင်ငံအဖြစ်


ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာပြည်သူများကို လက်ရှိကြုံတွေ့နေရသည့် ဘေးဒုက္ခများမှ
လွတ်မြောက် ရေးအတွက် ကူညီရန် တခြားသော အမတ်တဦးဖြစ်သူ Abani Roy ကလည်း ပြောဆိုသည်။

ထို့အပြင် မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို


ပြန်မလွှတ်ပါက၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် အားလုံးပါဝင်နိုင်သည့် လွတ်လပ်၍ တရားမျှ
တမှု ရှိသော ရွေးကောက်ပွဲဖြစ်သည်ဟု မယုံကြည်နိုင်ကြောင်းလည်း အဆိုပါ အမတ်များက ပြောဆိုထားသည်။

ပြည်ပအခြေစိုက် မြန်မာလွှတ်တော်အမတ် ဒေါက်တာ တင့်ဆွေက မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင် ရေး


အတွက် အိန္ဒိယ နိုင်ငံနေနှင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောသည်။
-----------------------------------------------------------------------------------

နယ်ခြားစောင့်ရန် ကချင်အဖွဲ့ သဘောမတူ


10 June ဧရာဝတီ

စစ်အစိုးရ၏ နယ်ခြားစောင့် တပ် အဖြစ် အသွင် ပြောင်းလဲရေး ကမ်းလှမ်းချက်ကို လက်မခံနိုင်ကြောင်း ကချင်


လွတ်မြောက်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များက ယနေ့ ပြောကြား လိုက်သည်။

KIO၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)သည် မြန်မာပြည်တင


ွ် နိုင်ငံရေး
အပြောင်းအလဲများ ဖြစ်ပေါ်သည့်အချိန်မှ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း တာဝန်ယူနိုင်မည်
ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ဧရာဝတီကို ပြောသည်။

“တခုလုံးအနေနဲ့ အသွင်ကူးပြောင်းဖို့ ဆိုတာ တချိန်ချိန် တခါခါမှ စဉ်းစားမယ်” ဟု ဒေါက်တာလဂျာက


ရှင်းပြသည်။

လူထု၏ သဘောထား၊ ကချင်တပ်ဖဲ့ဝ


ွ င်များ၏သဘောထားများကို တောင်းခံရန် လိုအပ်သည်ဟု
ဒေါက်တာလဂျာက ပြောသည်။
စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံရန် KIO ၏ အောက်ခြေအဖဲ့ဝ
ွ င်များ၊ ကချင် အဖွဲ့အစည်းများက
ကချင်ခေါင်းဆောင်များကို ဖိအားပေးနေသည်ဟု KIOနှင့် နီးစပ်သူများထံမှ သိရသည်။
KIO ခေါင်းဆောင်များက အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံခြင်း မရှိကြောင်း၊ နယ်ခြားစောင့်တပ်အဖြစ် အသွင်
ပြောင်းလဲရေးမှာ အချိန်အခါ မသင့်သေးကြောင်း KIO ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦး ဖြစ်သူ
ဂျိမ်းစ်လွမ်ဒေါင်က ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပပြီး အစိုးရ တရပ် ပေါ်ပေါက်လာရေးကို ပထမဦးဆုံး ဆောင်ရွက်ရမည်


ဖြစ်သည်ဟု သူက ဆိုသည်။ အစိုးရသစ် ပေါ်ပေါက်လာပြီး နောက်မှသာ KIO၏ တပ်များ နယ်ခြားစောင့် တပ်
အဖြစ် အသွင် ပြောင်းရေး အစီအစဉ်ကို ကချင် ခေါင်းဆောင်များက ပြန်လည် စဉ်းစားမည်ဟု ဂျိမ်းစ်လွမ်ဒေါင်က
ပြောသည်။

“နိုင်ငံတခုမှာ စစ်တပ်တွေ အများကြီး မရှိသင့်ဘူး ဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်၊ ဒါပေမယ့်


မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ မရှိသေးဘူး ဆိုတော့ လက်နက်ကိုင်အဖဲ့က
ွ တခုမက ရှိနေမှာပါ”
ဟု ဂျိမ်းစ်လွမ်ဒေါင်က ပြောသည်။

သို့သော်လည်း ၎င်းတို့အနေဖြင့် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို တရားဝင် တုံ့ပြန်ခြင်း မပြုရသေးဟု


ဂျိမ်းစ်လွမ်ဒေါင်က ရှင်းပြသည်။ မကြာမီကာလအတွင်း စစ်အစိုးရ ကိုယ်စားလှယ်များနှင့် ထပ်မံ တွေ့ဆုံမည်ဟု
ဆိုသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် Kachin News Group ၏ အင်္ဂါနေ့၌ ထုတ်ပြန်သည့် သတင်းတပုဒ်တွင် ကချင်
ခေါင်းဆောင်များက စစ်အစိုးရ၏ အဆိုပြုချက်ကို လက်ခံပြီးဖြစ်သည်ဟု ရေးသားထားသည်။ သို့သော်လည်း
“KIA တပ်ဖဲ့မ
ျွားကို နယ်ခြားစောင့် တပ်များ အဖြစ် အလို အလျောက် ပြောင်းလဲမည်ဟု ဆိုလိုခြင်း
မဟုတ်ကြောင်း” ဟု ရေးသားထားသည်။

မေလ ၁၂ ရက်နေ့ကလည်း ပြည်ပ အခြေစိုက် ကချင်အဖဲ့အ


ွ စည်း ၅ ခုက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို
ပယ်ချထားသည်။ ကချင်လက်နက်ကိုင် အဖဲ့မ
ျွားကိုလည်း အဆိုပါ ကမ်းလှမ်းချက်အား လက်မခံရန် ၎င်းတို့က
တိုက်တွန်းထားသည်။

KIA သည် ၁၉၉၄ တွင် မြန်မာ့တပ်မတော်နှင့် အပစ်အခတ် စတင် ရပ်စဲခဲ့သည်။ ယခုအခါ


လက်နက်ကိုင်အင်အား ၄ဝဝဝ ခန့်ရှိသည်ဟု သိရသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသ သတင်းရပ်ကွက် တခု၏ အဆိုအရ မြန်မာအစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေး


အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ယမန်နေ့က ရှမ်းပြည်နယ်သို့ သွားရောက်ပြီး NDAA ဟု
ထင်ရှားသည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သိရသည်။

တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ဝ၊ ကိုးကန့် လက်နက်ကိုင် အဖဲ့မ


ျွားကလည်း စစ်အစိုးရ၏ နယ်ခြားစောင့်
တပ်ဖွဲ့ အဖြစ် အသွင် ပြောင်းရေး ကမ်းလှမ်းချက်ကို သဘောတူခြင်း မရှိသေးပေ။ ထိုအဖွဲ့များက စစ်အစိုးရ၏
အုပ်ချုပ် ကွပ်ကဲမှုကို လက်ခံလိုခြင်း မရှိဟု သိရသည်။
-----------------------------------------------------------------------------------
ဗိုလ်ချုပ်ကြီးရွှေမန်း တရုတ်သို့ သွားရောက်ဟု သတင်းထွက်
10 June ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းထား ခြင်းကြောင့် နိုင်ငံတကာက စစ်အစိုးရကို ဖိအားပေးနေ


ကြချိန်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဤခရီးစဉ်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံလံုး က ထုတ်ဖော် ကြေညာခြင်း မရှိပေ။

ပြီးခဲ့သည့် ၂ နှစ်အတွင်း ဗိုလ်ချုပ်ရွှေမန်းသည် တရားဝင် ကြေညာခြင်း မရှိဘဲ တရုတ်နိုင်ငံသို့ ၃ ကြိမ်


သွားရောက်ခဲ့ပြီး ဖြစ်သည်။

“သူက တရားဝင် မကြေညာဘဲ တရုတ်ပြည်ကို အချိန် မရွေး သွားနိုင်တယ်၊ အရင်ကလည်း သွားခဲ့ဖူးတယ်” ဟု


စစ်ဘက် အရပ်ဘက် လေ့လာသူ ကိုဝင်းမင်းက ပြောသည်။

“စစ်ဘက် သတင်းရပ်ကွက်တွေ အဆိုအရ ပြီးခဲ့တဲ့ ဧပြီလမှာ သူ တရုတ်နိုင်ငံကို သွားခဲ့တာ ၁ဝ ရက်ကျော်


ကြာတယ် လို့ ဆိုတယ်။ တရုတ်နိုင်ငံပြီးတော့ မြောက်ကိုရီးယားကို သွားခဲ့တယ်လို့ သိရတယ်” ဟု ထိုင်းနိုင်ငံ
ချင်းမိုင်မြို့အခြေစိုက် ကိုဝင်းမင်းက ရှင်းပြသည်။

တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ရွှေမန်း၏ ခရီးစဉ်တွင် ရည်ရွယ်ချက် ၃ ခု


ရှိနိုင်သည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

“စစ်အစိုးရက သူ့မဟာမိတ် တရုတ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတာနဲ့ ပတ်သက်ပြီး


သွားရှင်းပြတာ ဖြစ်နိုင်တယ်” ဟု တရုတ်-မြန်မာနယ်စပ်မှ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက
သုံးသပ်သည်။

ဗိုလ်ချုပ်ကြီးရွှေမန်း ခရီးစဉ်၏ ဒုတိယ ရည်ရွယ်ချက် တရုတ်-မြန်မာနယ်စပ် အခြေအနေများကို ဆွေးနွေးရန်


ဖြစ်သည်ဟု သုံးသပ်နေကြသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ လက်နက်ကိုင် တိုင်းရင်းသားအဖဲ့မ
ျွားကို
အသွင်ကူးပြောင်းရေးအတွက် စစ်အစိုးရက ကြိုးပမ်းလျက်ရှိရာ ထိုအဖဲ့မ
ျွားနှင့် ဆက်ဆံရေး
တင်းမာလျက်ရှိသည်။

ထိုအဖွဲ့များ နယ်ခြားစောင့်တပ်များ အဖြစ် အသွင် ပြောင်းရေး အစီအစဉ်ကို လွန်ခဲ့သည့် ၂ လမှ စတင်ပြီး


စစ်အစိုးရက စတင် ကြိုးပမ်းခဲ့သည်။ ထိုအစီအစဉ်အရဆိုလျှင် တိုင်းရင်းသား တပ်ဖဲ့မ
ျွား၏ နေ့စဉ် လုပ်ငန်းများကို
မြန်မာ့ တပ်မတော်က ဝင်ရောက် စီမံနိုင်မည် ဖြစ်သည်။ ထိုအစီအစဉ်နှင့် ပတ်သက်ပြီး သဘောတူမှု ရှိမရှိကို
တိုင်းရင်းသားတပ်ဖဲ့မ
ျွားက ယခု လကုန်တွင် အကြောင်းပြန်ရမည် ဖြစ်သည်။

နယ်ခြားစောင့်တပ်ဖဲ့အ
ွ ဖြစ် အသွင်ပြောင်းလဲရေးကို တိုင်းရင်းသား အဖွဲ့ အများအပြားက သဘောတူခြင်း
မရှိသေးပေ။ သဘောမတူဟု သတင်းထွက်နေသည့် အဖွဲ့များတွင် အကြီးဆုံး တိုင်းရင်းသားတပ်ဖြဲွ့ ဖစ်သည့် ဝ
ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် လည်း ပါဝင်သည်။
လက်နက်ကိုင် အဖွဲ့များ အသွင် ပြောင်းရေး အစီအစဉ်ကို လိုက်လံဆောင်ရွက်နေသူ တပ်မတော် စစ်ဖက်ရေးရာ
လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ယခုတပတ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင်
ရောက်ရှိနေသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝ၊ ကိုးကန့် စသည့် တိုင်းရင်းသား တပ်ဖွဲ့


ဌာနချုပ်များသို့ သွားရောက်ခဲ့သော်လည်း အသွင် ပြောင်းရေး အစီအစဉ်နှင့် ပတ်သက်ပြီး ထိုအဖွဲ့များထံမှ
သဘောတူညီချက် မရသေးဟု သိရသည်။

ဗိုလ်ချုပ်ကြီးရွှေမန်း ခရီး၏ တတိယ ရည်ရွယ်ချက်မှာ ပိုမိုနီးကပ်လာသော မြန်မာ နှင့် မြောက်ကိုရီးယားတို့၏


ဆက်ဆံရေး ဖြစ်နိုင်သည်ဟု ဦးအောင်ကျော်ဇောက သုံးသပ်သည်။

ဗိုလ်ချုပ်ရွှေမန်း၏ ခရီးစဉ်တွင် တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး


တင်အေး လည်း ပါဝင်သည်ဟု သိရသည်။

ယမန်နှစ်ကလည်း ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးသည် တရုတ်နိုင်ငံသို့ သွားရောက်၍ နိုင်ငံရေး၊ စီးပွားရေး၊


စစ်ရေး၊ ယဉ်ကျေးမှု ရေးရာများ တိုးမြှင့်၍ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်း ဌာနက
ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် တရုတ်ဘာသာဖြင့်


ဖော်ပြထားချက်များအရ စစ်အစိုးရ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် တရုတ်ပြည်သို့
မကြာမီ သွားရောက်မည် ဖြစ်သည်။
-----------------------------------------------------------------------------------

နိုင်ငံရေး အကျဉ်းသားအရေး ဦးစားပေးရန် ဘန်ကီမွန်းကိုတောင်းဆို


10 June ကိုထွေး

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား


အားလုံး လွတ်မြောက်ရေး အလျှင်အမြန် ဦးစားပေး ဆောင်ရွက်ရန် လန်ဒန်အခြေစိုက် မြန်မာ့အရေး
လှုပ်ရှားသည့် အဖွဲ့တဖွဲ့က ယမန်နေ့က ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုလိုက်သည်။

ထောင်ဒဏ်နှစ်ရှည်ကျခံနေရပြီး ဝေးလံသောဒေသများရှိ အကျဉ်းထောင်များသို့ပြောင်းရွှေခံရသည့် နိုင်ငံရေး


အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာ မရရှိခြင်းအပေါ် မြန်မာ့အရေးလှုပ်ရှား သည့်
အဖွဲ့တဖွဲ့ဖြစ်သော (Burma Campaign UK- BCUK) က ထိုက့သ
ဲို့တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ယင်း အဖွ့မ
ှဲ နိုင်ငံရေးအကျဉ်းသားများ အရေးဆောင်ရွက်နေသူ မဝေနှင်းပွင့်သုန် က“ကုလသမဂ္ဂက ဒီကိစ္စကို
အရေး ကြီးတဲ့ပြဿနာတခုအနေနဲ့ မဆောင်ရွက်ဘူး ဆိုရင်ကျမတို့ရဲ့ ခေါင်း ဆောင် တွေဟာ ထောင်ထဲမှာ
အသက်ဆုံးရှုံး ရလိမ့်မယ်၊ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ကျန်းမာ အောင်နေနိုင်ဖို့ လုံလောက်တဲ့
အစားအစာနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု မရအောင် တမင်ရည်ရွယ်ပြီး လုပ်ဆောင်ထားတာပါ”ဟုပြော
သည်။
ယခုနိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်နေရသော ပြဿနာမှာ အလျှင်အမြန် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာ
ဖြစ်ပြီး ကုလသမဂ္ဂ၏ အနှစ်၂၀ လုံးအောင်မြင်မှုမရခဲ့သော သံတမန်နည်းလမ်းများကို အသုံးပြု ဆောင်ရွက်နေ
ရမည့် အချိန်အခါ မဟုတ်ကြောင်းလည်း၎င်းက ဆက်လက်ပြောဆိုသည်။

အသက် ၂၀ ရှိပြီ ဖြစ်သော မဝေနှင်းပွင့်သုန်သည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ သမီးကြီး


ဖြစ်ပြီးအင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် စီးပွားရေးပညာ သင်ယူလျက် ရှိသည်။

၎င်းသည်“လန်ဒန် အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားမှုအဖွဲ့” (Burma Campaign UK) ၌ လှုပ်ရှားမှု တာဝန်ခံ
တဦးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်တို့သည်


ထောင်ဒဏ် ၆၅ နှစ်စီကျခံနေရပြီး စစ်အစိုးရ၏ ဆိုးဝါး လှသော အကျဉ်းထောင်များတွင် ကျန်းမာရေးနှင့်ပတ်
သက်၍ လိုအပ်သော ဆေးဝါးကုသမှု ခံယူခွင့် မရရှိဟု BCUK ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်ရှိ ကျိုင်းတုံအကျဉ်းထောင်တင
ွ် ကျခံနေရသောကိုမင်းကိုနိုင်သည် သွေးတိုးနှင့် လည်ကုတ် နာကျင်
သော ဝေဒနာ၊ လွိုင်ကော်အကျဉ်းထောင်တွင်ရောက်ရှိနေသော ကိုမြအေးသည် နှလုံးရောဂါဝေဒနာ၊ မိုင်းဆတ်
အကျဉ်းထောင်တွင် ကျခံနေရသော ကိုကိုကြီးသည် အသည်းရောင်အသားဝါဘီ၊ ၀မ်းဗိုက်နှင့် ပတ်သက်သောဝေ
ဒနာ၊ ဘူးသီးတောင် အကျဉ်းထောင်တွင်ကျခံနေရသော ကိုဌေးကြွယ်မှာအစာအိမ်နှင့် သွေးတိုးရောဂါများကို
ခံစား နေရကြောင်းယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေးကုသမှုခံယူရန်လိုအပ်သော်လည်း ၎င်းတို့ကျခံနေရသည့် ထောင်များတွင် ကျန်းမာရေးအတွက်ဆေးကုသ


ပေးမည့် ဆရာဝန် မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အကျဉ်း ထောင် များတွင် အစားအစာ
ပါဆယ်ထုပ်များ အပါအ၀င် မိသားစုနှင့် မိတ်ဆွေငယ်သူချင်းများထံမှ ပေးပို့ သည့် စာများကိုလက်ခံရယူနိုင်ခြင်း
မရှိသကဲ့သို့ ထောင်ဝင်စာလာတွေ့သည့် မိသားစုဝင်များနှင့်လည်း မိနစ် ၂၀ ခန့် သာ စကားပြောခွင့်ရ ကြောင်း
ထုတ်ပြန်ချက်က ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏စာရင်းအရ မြန်မာ


နိုင်ငံ အကျဉ်းထောင်များအတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး
အကျဉ်းသား ၂၁၀၀ ခန့်ရှိကြောင်း သိရသည်။
-----------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေနှင့် တွေ့


မဇ္ဈိမသတင်းဌာန
ဇွန်လ 10
နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခ့သ
ဲ ည်။

သူမကို တနာရီခွဲကျော်ကြာ တွေ့ဆုံခြဲ့ ပီး အင်းစိန်ထောင် အထူးခုံရုံးတွင် ရင်ဆိုင်နေရသော အမှုကိစ္စ


ဆွေးနွေးခဲ့သည်ဟု သူမ၏ပါတီ အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ
အကျိုးဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။

''ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာနေပုံရပါတယ်။ သူ့အမှုမှာ တရားမျှတမှု မရှိတ့အ


ဲ တွက်တော့ သူ စိတ်
မချမ်းသာဘူး။ တရားဥပဒေကြောင်းအရ ဆက်ပြီးတိုက်ဖို့ပဲ သူ ပြောပါတယ်'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယမန်နေ့ တိုင်းတရားရုံးက ဒေါ်အောင်ဆန်းကြည်ဘက်မှ အစစ်ခံမည့် သက်သေတဦးကို ခွင့်ပြုခဲ့ပြီး၊ သူမ၏


ရှေ့နေများက ခွင့်ပြုရန် တင်ပြခဲ့သော နောက်သက်သေ ၂ ဦးကိုမူ ပယ်ချခဲ့သည်။

တရားခံဘက်မှ တင်ပြသော အဆိုပါ သက်သေ ၂ ဦးကို လက်ခံကြားနာရေးအတွက် ကြာသပတေးနေ့တွင် ဗဟို


တရားရုံးသို့ အယူခံသွားမည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ သက်သေနှစ်ဦးမှာ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး နှင့် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွ့ဝ


ဲ င်နှင့်
ဝါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင် ဖြစ်သည်။

တရားခံဘက်မှ တင်ပြသော သက်သေ ၄ ဦးအနက် ၃ ဦးကို အင်းစိန်အကျဉ်းထောင်အတွင်း ရုံးထိုင်


စစ်ဆေးနေသော ခရိုင်တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။

''ဒါ ဥပဒေနဲ့ မညီပါဘူး။ ဘာကြောင့်ပယ်တယ်ဆိုတာကိုလည်း အကြောင်းပြချက် ပေးမထားပါဘူး'' ဟု ရှေ့နေ


ဦးဉာဏ်ဝင်းက ပြောသည်။

နှစ်ဖက် အပြီးသတ်လျှောက်လဲချက်ပေးရန် မူလက ဇွန်လ ၅ ရက်နေ့သို့ ချိန်းဆိုထားခဲ့သော်လည်း


နောက်ပိုင်းတွင် ဇွန်လ ၁၂ ရက်နေ့သို့ ရွှေ့ဆိုင်းထားခဲ့သည်။

သို့သော် သူတု့က
ိ ကျန်သက်သေ ၂ ဦးကို လက်ခံရေးအတွက် ဗဟိုတရားရုံးတွင် ဆက်လက်၍ အယူခံ
တက်မည် ဖြစ်သဖြင့် ထိုနေ့တွင်လည်း အမှုကို ဆက်လက်စစ်ဆေးဖြစ်မည်ဟု သူမ ထင်ကြောင်းဖြင့်လည်း
ဦးဉာဏ်ဝင်းက ပြောသည်။ အဆိုပါ သက်သေ ၂ ဦးကို ယခုထိ တရားရုံးက လက်မခံဘဲ ပယ်ချထားဆဲဖြစ်သည်။

-----------------------------------------------------------------------------------

You might also like