You are on page 1of 2

သဘာဝပတ်ဝန်းကျင် နှင့် စီးပွားရေး

နေအိမ်ဟုအဓိပ္ပါယ်ရသော ဂရိဝေါဟာရ (OIKOS) ကိုအခြေခံ၍ဘာသာဗေဒအရစီးပွား


ရေး (economy) နှင့် သဘာဝပတ်ဝန်းကျင် (ecology) တို့တွင်တူညီသောအရင်း အမြစ်ရှိသည်
ဟုဆိုနိုင်ပါသည်။ သဘာဝပတ်ဝန်းကျင်သည်ကျွန်ုပ်တို့ဧ။်နေအိမ်ဖြစ်၍စီးပွားရေးသည် ထိုနေအိမ်
အားစီမံခန့်ခွဲသောအရာဖြစ်သည်။ သို့ရာတွင်ယနေ့အချိန်၌ လူအများစုမှာ စီးပွားရေးနှင့်သဘာဝ
ပတ်ဝန်းကျင်ကွဲပြားသောအကြောင်းအရာနှစ်ခုဟုလက်ခံထားကြပါသည်။ လုံးဝပတ်သတ်ခြင်းမရှိ
ဟုသီးခြားခွဲမြင်ကြသည်။

အဆိုးရွားဆံအ
ု ငြင်းပွားဖွယ်ရာကတော့ သဘာဝပါတ်ဝန်းကျင်ကိုထိမ်းသိမ်း ရန်ကုန်ကျ
စရိတ်များပြားလွန်းသောကြောင့်ထိုကုန်ကျစရိတ်များသည်စီးပွားရေးအား ထိခိုက်လာနိုင်သည်
ဟူသောအချက်ပင်ဖြစ်ပါသည်။သို့ရာတွင်မိမိနေထိုင်ရာအိမ်ကိုပြုပြင်ပြင်ဆင်ခြင်းမရှိပါဘဲနောက်
ဆုံး နေထိုင်မရတော့သည့်အခြေအနေရောက်လာပါကမည်သို့သောစီးပွားရေးလုပ်ငန်း များဆက်
လက်လည်ပတ်နိုင်ပါဦးမည်နည်း။

အခြားအငြင်းပွားဖွယ်ရာအချက်တစ်ခုမှာ အချို့စီးပွားရေးလုပ်ငန်းများမှရရှိသော
အကျိုးအမြတ်များသည် ထိုလုပ်ငန်းစဉ်များကြောင့်ဖြစ်ပေါ်လာသောသဘာဝပတ်ဝန်းကျင်
ထိခိုက်မှုထက်စာလျှင်မပြောပလောက်ဆိုသောအချက်ပင်ဖြစ်သည်။ သို့ရာတွင်လေ့လာ
သုံးသပ်ချက်များအရ ထိုအချက်သည်လည်းမှန်ကန်မှုမရှိကြောင်းတွေရရှိရသည်။ ဥပမာဆို
သော် အမေရိက၏နာမည်ကြီးမော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီကြီး ၃ ခုအတွက်
အကျိုးအမြတ်ရရှိရန်နှင့် ဂျပန်ကုမ္ပဏီများနှငယ
့ှ်ဉ်ပြိုင်နိုင်ရန်အကောင်းဆုံးနည်းလမ်းမှာအစိုးရမှ
အသစ်ချမှတ်လိုက်သော လောင်စာဆီချွေတာရေးစည်းကမ်းများနှင့်အညီကားများထုတ်လုပ်
ခြင်းဖြစ်သည်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် သဘာဝပါတ်ဝန်းကျင်အားထိမ်းသိမ်းရန်
ကြိုးစားခြင်းဖြင့် စီးပွားရေးအရလည်းအကျိုးရှိကြောင်းထင်ရှားစေသည်။

ပြသနာဧ။်အဓိကအရင်းအမြစ်မှာသဘာဝတွင်းထွက်ပစ္စည်းများရှာဖွေခြင်းမဟုတ်ဘဲ၊
ရှာဖွေသောနည်းလမ်းနှင့်ရှာဖွေရခြင်းအကြောင်းအရာပင်ဖြစ်သည်။ ကုမ္ပဏြီ ကီးများဧ။် ဥက္ကဌ
များသုံးလပတ်အစီအရင်ခံစားများအရ၊နိုင်ငံရေးသမားများနှင့် အစိုးရများဧ။်သုံးလေးနှစ်တာ
ရုံးထိုင်ခွင့်များအရ ချသောဆုံးဖြတ်ချက်များမှာ တိုးတောင်းသောကာလအတွက်သာဖြစ် ၍
ရေရှည်အတွက်မူကားေ၀၀ါးလျှက်ရှိသည်။ အဆိုးဆုံးဥပမာပေးရသော် ကနေဒါနိုင်ငံဧ။် Tar
Sand ထုတ်လုပ်သောလုပ်ငန်းစဉ်ကိုကြည့်ကြပါစို့။ အန်ဒရူးနီကီဖရု(Andrew Nikiforuk)
ရေးသားသောစာပေဆုရစာအုပ်ဖြစ်သည့် “Tar sand: Dirty oil and the future of a
continat” တွင်ဖော်ပြထားသည့်အတိုင်း ထိုထုတ်လုပ်မှုသည်ရေရှည်အတွက်လောင်စာမှ
ကာဗွန်ထုတ် လွှတ်မှုနည်းပါးစေရန်အကျိုးရှိစွာအသုံးချနိုင်သော်လည်းစက်မှုလုပ်ငန်းရှင်များ၊

This Document has been digitally signed.


Alberta အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့ ကအမြစ်ပြတ်တူးဖော်ရေးလုပ်ငန်းကိုကြံစည်
လုပ်ကိုင်ခဲ့ကြသည်။
အကျိုးဆက်မှာကားရေတိုတွင်အကျိုးအမြတ်များစွာရရှိ၍တောင့်တင်းသောစီးပွားရေး ဖြစ်လာခဲ့
သော်လည်းရှေ့အနာဂတ်တွင်လိုအပ်သောသဘာဝသယံဇာတများအလျှင်အမြန်ပြုန်းတီးခြင်း
နှင့်သဘာဝပါတ်ဝန်းကျင်အားအကြီးကျယ်ထိခိုက်ပျက်စီးမှုများဖြစ်လာခဲ့သည်။ ရေရှည်စီးပွားရေး
တွင်လည်းဆိုးကျိုးများဖြစ်လာသည်။

သဘာဝသယံဇာတပစ္စည်းများကိုလိုအပ်မှုကြောင့်မဟုတ်ဘဲ လက်တဆုပ်စာအရင်းရှင်
များဧ။်အကျိုးစီးပွားအတွက်တူးဖော်ခြင်း၊နိုင်ငံအတွက်ငွေကြေးများဝင်လာအောင်၊လုပ်ငန်းများဖန်
တီးနိုင်အောင်လုပ်ဆောင်ပေးနိုင်သည်ဟုဂုဏ်ယူချင်သောနိုင်ငံရေးသမားများသဘောကျတူးဖော်
ခြင်းစသည့်အကြောင်းအရာများသည်သဘာဝပတ်ဝန်းကျင်ထိခိုက်ရသည့်အကြောင်းရင်းများ၏
အစိတ်ပိုင်းများဖြစ်သည်။

လောင်စာဆီလိုအပ်နေသည်မှန်သော်လည်းငွေကြေးချမ်းသာသောလူနည်းစုအတွက်
တန်ပေါင်းများစွာသောသတ္တုများဖြင့်ပြုလုပ်ထားသည့်ဇိမ်ခံကားကြီးများဖြင့်ဈေးဝယ်ထွက်နိုင်ရန်
အတွက်အမြစ်ပြတ်တူးဖော်ရန်လောက်အထိလိုအပ်ခြင်းမရှိသေးသည်မှာအသေချာပင်ဖြစ်
သည်။နည်းပညာအရ၊လေ့လာသုံးသပ်ချက်များအရ၊ကမ္ဘာကြီးပူနွေးလာမှုသည်လူသားများ
ကြောင့် အများဆုံးဖြစ်သည်ကိုငြင်းပယ်မရသော်လည်း သတ္တုတွင်းလုပ်ငန်းရှင်များ၊ ရေနံတွင်း
လုပ်ငန်းရှင်များဧ။် ထောက်ပံ့အားပေးမှုဖြင့်ပြုလုပ်သောလှုပ်ရှားမှုများက ထိုအချက်များကိသ
ုံသ
ဖြစ်အောင်ပြုလုပ်နေရုံမကပဲ၊ နိုင်ငံရေးသများများကလည်းသိပ္ပပ
ံ ညာရှင်များအားလူများထင်
ယောင်ထင်မှားဖြစ်အောင်ဝါဒဖြန့်ချီနေသည်ဟုစွပ်စွဲကြသေးသည်။အနီးဆုံးဥပမာပေးရသော်ယ
ခုအမေရိကန်နိုင်ငံတွင်သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက်တက်ကြွစွာဆောင်ရွက်နေ
သူများမှာစီးပွားရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍အဓိကမထားသူများသာအများစုဖြစ်သည် ကို
တွေ့နိုင်ပါသည်။

Protect Ecology to Protect Economy!

This Document has been digitally signed.

You might also like