You are on page 1of 2

အရေးကြီးသောစည်းကမ်း

စည်းကမ်းဆိုသည်မှာအလွန်အရေးပါသောလူ့ဘောင်အနားကွပ်တစ်ခုဖြစ်သည်။အမှန်တစ်
ကယ်ပင်စည်းကမ်းရှိမှတိုးတက်မည်ဖြစ်ပါသည်။နေ့စဉ်နှင့်အမျှရုန်းကန်၍၀မ်းစားရှာနေရသောပြည်သူ
များ၊မတည်ငြိမ်သောနိုင်ငံရေးအခြေအနေကြောင့်ကျီးလန့်စာစားနေရသောပြည်သူပြည်သားများကို
ကိုယ်ချင်းစာနားလည်သော်လည်းမိမိတို့တိုင်းပြည်မြို့ရွာ၊နေရာထိုင်ခင်းများတွင်တော့စည်းကမ်းရှိစေ
ချင်ပါသည်။အစိုးရကိုမကျေနပ်၍၎င်းတို့ပြုပြင်ထားသောအစိုးရပိုင်ပစ္စည်းများကိုဖျက်ဆီးသည်ဟုဆင်
ခြေမပေးပါနှင့်။ထိုပစ္စည်းများသည်အစိုးရ၏အိပ်ကပ်ထဲမှကိုယ်ပိုင်ငွေဖြင့်ထိန်းသိမ်းထားသောပစ္စည်း
များမဟုတ်ပါ။ပြည်သူလူထုထံမှရယူထားသောငွေဖြင့်ဝယ်ယူထိမ်းသိမ်း၊တပ်ဆင်ထားသောပစ္စည်းများ
ဖြစ်ပါသည်။ပျက်ဆီးသွားပါကပြည်သူ့ထံမှထပ်ခံရယူ၍ပြင်ဆင်မည်သာဖြစ်သောကြောင့်ကိုယ့်ပစ္စည်း
ကိုယ်ဖျက်ဆီးခြင်းပင်ဖြစ်ပါသည်။ ဥပမာဆိုရသော် အစိုးရအားမကျေနပ် ခရီးသည်တင်ကားနှစ်စီး
ဖျက်ဆီးမည် ဆိုပါစို့၊ပြည်သူ့ပိုက်ဆံနှင့် ပြန်လည်အစားထိုးပေးသော် တော်ပါသေးသည်။ ထိုသို့မ
ဟုတဘ
်ဲ ဖျက်ဆီး သောအကျိုးဆက်ကိုယ့်ဘာသာကိုယ်ခံဆို၍ ပြစ်ထားလျှင် မည်သို့ဆက်လုပ်
မည်နည်း။ ထိုပျက် စီးသွား သောခရီးသည်တင်ကားနှစ်စီးသည် တစ်နေ့လျှင်အနည်းဆုံး လူ ၃၀၀၀နှင့်
အထက်သယ်ယပ
ူ ေ
ို့ ဆာင် ပေးနေသည်။(ပြည်သူများ၏ထိခိုက်နစ်နာဆုံးရှုံးမှုကိုမြင်သာစေရန်ဥပမာ
ပေးခြင်းဖြစ်သည်။)နိုင်ငံရပ်ခြားတွင်နေထိုင်သောနိုင်ငံရေးသမားအမည်ခပ
ုံဂ္ဂိုလ်များသည်ထိုမှသေး
ငယ်သောသဘောတရားကိန
ုားလည်မမှုရှိဘဲတားမြစ်ရမည့်အစားမြှောက်ပေးနေသည်။
မြန်မာပြည်ပြောင်းလဲရေးအတွက်မြန်မာပြည်တွင်မွေးဖွားသူအားလုံးတွင်တာဝန်ကိုယ်စီရှိသကဲ့
သို့စည်းကမ်းရှိရန်လည်းတာဝန်ရှိပါသည်။စစ်အစိုးရကမြို့တော့များအားပစ်စလတ်ခတ်ထားသည်
တော့မဟုတ်ပါ။ကျောင်း၊ဈေး၊ဆေးရုံ၊ပန်းခြံ၊လမ်းတံတားအစရှိသဖြင့်ပြုပြင်တည်ဆောက်ပေးနေပါ
သည်။သို့သော်လူတွေကစည်းကမ်းမရှိ၊မထိန်းသိမ်းတတ်၊ကွမ်းတံတွေးထွေးရန်ထားသောပုံများထဲအမှို
က်ထည့်သည်၊အောက်ခံမြေကြီးကိုအမှိုက်များဖုံးနေသဖြင့်ကွမ်းတံတွေးများမှာအမှိုက်များပေါ်တွင်တင်
ကျန်၍မြင်မကောင်းတော့ပါ။အမှိုက်ပြစ်ရမည့်ပုံးကျတော့ကွမ်း တံတွေးထွေးထည်သ
့ ည်။ ရွံရှာဖွယ်
ကောင်းသောကြောင့်အမှိုက်ပစ်ချင်သူပင်မဖြစ်တော့ပေ။မိတ်ဆွေဟောင်းတစ်ဦးသည်နေရာတစ်နေရာ
ရောက်လျှင်ငါရောက်ခဲ့သည်ဟုဆို၍အမှတ်အသားအဖြစ်တမင်သက်သက်ကွမ်းတံတွေးထွေးခဲ့သည်။
ခွေးများကျင်ငယ်ရေဖြင့်နယ်နိမိတ်သတ်မှသည်နှင့်ဆင်တသ
ူ ည်။အောက်တန်းကျသောအပြုမူမျိုးဖြစ်
သည်။“ပန်းမခူးရ”“အမှိုက်မပစ်ရ”“သေးမပေါက်ရ”ဟုဆိုင်းဘုတ်ကပ်ထားသောပန်းခြံမြန်မာပြည်၌သာ
တွေ့ဖူးပါသည်။ခရီးသည်တင်ကားများပေါ်တွင်ထိုင်ခုံများအားအကြောင်းမဲထိုးဖောက်၊ဓားဖြင့်ခွဲဖြင်းများ
ပြုလုပ်ကြသည်။မည်သို့သောအကျိုးကျေးဇူးရသည်ကားမသိပါ။UDP,NLD,ကြံ့ဖွံ့၊စစ်အစိုးရမည်သူပင်
အာဏာရရ၊မည်မျှလွတ်လပ်သောဒီမိုကရေစီရရ၊စည်းကမ်းမရှိလျှင်တိုင်းပြည်မည်သည့်နည်းနှင့်မျှမ
တိုးတက်နိုင်ပါ။
အမှိုက်ကစပြသာဒ်မီးလောင်ဆိုသကဲ့သို့သေးသေးမွှားမွှားကိစ္စမှစည်းကမ်းတကျမလုပ်နိုင်လျှင်
ကြီးမားသည့်ကိစ္စမည်သို့ပြုလုပ်မည်နည်း။မကြာသေးခင်ကဟောင်ကောင်သို့အလုပ်ကိစ္စတစ်ခုဖြင်
ခေတ္တသွားခဲ့ပါသည်။လူဦးရေ(၇)သန်းကျော်နေထိုင်သော(၁၁၀၈)စတုရန်းကီလိုမီတာဧရိယာအကျယ်
ဝန်းကျင်တွင်တွေ့ရသောအမှိုက်မှာ(၅၉၈) စတုရန်းကီလိုမီတာရှိသောရန်ကုန်မြို့လောက်ပင်မရှိပါ။

This document has been digitally signed to identify alteration.


တစ်သက်နှင့်တစ်ကိုယ်မမြင်ရသောအရာတစ်ခုတွေ့မြင်ခဲ့ရပါသေးသည်။အမှိုက်ပုံးများအားရေဆေး
သန့်စင် နေခြင်းဖြစ်သည်။ နေထိုင်ကြသောလူများသည်လည်းသန့်ရှင်းအောင်ထိမ်းသိမ်းကြသည်။
ပြောင်လက်နေအောင်ထား၍သန့် ရှင်းမှုကိုမြင်သာစေသည်။

ရေမြောင်းဆိုလျှင်အမှိုက်ပစ်စရာဟုထင်ည်။ရေမြောင်းများပိတ်ဆို့ရောဂါဘယထူပြောသောခါ
အစိုးရကိုအပြစ်တင်သည်။ပြည်သူ့အကျိုးစီးပွားစိတဝ
် င်စားမှုမရှိဆိုသည်ကိုသိရှိပြီးဖြစ်သည်။ဖြစ်လာ
လျှင်မိမိတို့သာခံစားရမည်ကိုသိပါလျှက်အစကတည်းကစည်းကမ်းရှိရှိမနေထိုင်ဘဲဖြစ်လာကာမှလက်
ညှိုးထိုးနေ၍ကားမထူးပေ။ ထိုကြောင့်ပြည်သူတို့ကိုစည်းကမ်းရှိစေချင်ပါသည်။
စည်းကမ်းတကျလုပ်ကိုင်ဆောင်ရွက်တိုးတက်စေရန်စေတနာထားနှိုးဆော်အပ်ပါသည်။

Dike
Oo Mg

This document has been digitally signed to identify alteration.

You might also like