You are on page 1of 2

လူထုအသံonline journalကဒေါ်အောင်ဆန်းစုကြည်အမှုန့လ

0Bဲူငယ့်အမြင်ကမေးခွန်းလေးတွေနဲ့ 
ပါတ်သက်တ့က
ဲိုယ်မြင်တာပြောတာပါ။

အခု ဒေါ်စုကို အမှု ချလိုက်ပြီပေါ့။ ဒါနဲ့ ပတ်သက်ပြီးကော ဘယ်လိုမျိုးမြင်မိသလဲ။


ဒေါ်စုအမှုကိုတော့စီရင်ချက်ချလိုက်ပါပြီ။ ဘယ်လိုမြင်သလဲဆိုတော့ ဘယ်သူတွေဘာပြောပြော
လိုချင်တာကိုမရ၊ ရအောင်လုပ်သွားတဲ့ တပ်မတော်အစိုးရရဲ့ နောက်ထပ်အောင်မြင်မှုတစ်ခုလို့ မြင်ပါတယ်။
မှန်ကန်မှုရှိမရှိ၊ နည်းလမ်းကျ၊မကျကတော့အခြားခေါင်းစဉ်တစ်ခုဖြစ်ပေမယ့် တစ်ဖက်မှာတော့ သူတို့လိုချင်
တာရသွားတဲ့ အောင်မြင်မှုလို့မြင်ပါတယ်။

အခုလိုအမှုစီရင်လိုက်တာဟာဒီမိုကရေစီ အရေးအတွက်လမ်းစပျောက်တာဖျောက်တာမျိုးများလား။
လက်နက်၊ လူအင်အားနဲ့ နိုင်ငံကြီးတစ်ချို့ရဲ့ အားပေးမှုအပြည့်အစုံရထားပြီး နိုင်ငံ့အာဏာပိုင်ဖြစ်တဲ့
အစိုးရရဲ့လက်အောက်မှာ ဒီမိုကရေစီလမ်းစဟာ အစကတည်းကကိုပျောက်နေတာပါ။ လမ်းစများနဲနဲ
ရှိခဲ့ရင် နှစ် ၂၀ ကျော်အတွင်းမှာ အပြောင်းအလဲသေးသေးလေးတစ်ခုတော့ မျက်မြင် ကိုယ်တွေ့ရှိ
သင့်တယ်ထင်ပါတယ်။

ဒေါ်စုက ဒီမိုကရေစီ လမ်းစအတွက် ဘယ်လောက် အရေးကြီးတယ် ထင်မိသလဲ။


ဒေါ်စုက ဒီမိုကရေစီအတွက် အရမ်းအရေးကြီးပါတယ်။ လမ်းဖယ်ပေးဖို့အရမ်းကိုအရေးကြီးပါတယ်။
စစ်အစိုးရက ဒေါ်စုဆိုတဲ့နာမည်ကြားရုံနဲ့တင် ရန်သူတစ်ယောက်လို့သတ်မှတ်ပြီး၊ အပြိုင်အဆိုင်
လို့သတ်မှတ်ပြီး အပြုတ်တိုက်ဖို့ပဲစဉ်းစားနေပါတော့တယ်။ အဲဒီတော့ ဒေါ်စုလုပ်တဲ့ ဒီမိုကရေစီ ဆိုရင်
ဆန့်ကျင်ဘက်လမ်းကသွားဖို့အမြဲစဉ်းစားပုံရပါတယ်။ ရလဒ်ကတော့ ဒေါ်စု ဒီမိုကရေစီလုပ်နေသမျှ
ငါတို့ဘက်က ဆန့်ကျင်တယ်ကွာဆိုတဲ့ပုံစံပါပဲ။

တချို့က ဒေါ်စုရဲ့လမ်းစဉ်က ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့။ ဒီ့အတွက်ကြောင့် ဒီမိုကရေစီ ရဖို့ ကြန့်ကြာ


ရတယ်လို့ ပြောလာကြတယ်။ လက်နက်ကိုင်ကော ငြိမ်းချမ်းရေး ကိုကော တွဲလုပ်သင့်ပြီလို့ ထင်ကြတယ်။
အဲဒီ့ အပေါ်မှာကော ဘယ်လို မြင်သလဲ။
ငြိမ်းချမ်းရေးလမ်းစဉ်ကအကောင်းဆုံးပါပဲ။ လက်နက်ကိုင်တိုက်ဖို့ရာက တပ်သား၊ ကြံ့ဖွံ့နဲ့ အခြားအင်အား
သိန်း ကျော်လောက်တပ်ကို တိုက်ဖို့ဘယ်မှာလဲလက်နက်၊ ငွေ၊ အင်အား။ အမေရိက
ကသူ့နိုင်ငံတောင်မကြာခင် အငတ်ဘေးနဲ့ရင်ဆိုင်ရမယ့်အနေထားမို့ အခုအခြေနေကို ကျားကုတ်ကျားခဲ
ကန်ထားရတာပါ။ ဘာတွေများအကူညီမြော်လင့်နေစရာရှိလို့လဲ။ တရုတ်၊ ရရှားနဲ့ ကိုးရီးယား တို့ကို
ဘယ်သူကထိပ်တိုက်တွေ့ရဲမှာလဲ။ ဟိုနားဒီနားဗုံးဖောက်၊ ဒီနားမီးရှို့ နဲ့ပြည်သူတွေဘဲခံရမှာဘဲ။
သွားတိုက်ရင် လဲငြိမ်းချမ်းရေးလမ်းစဉ်မှာတောင်လူတွေဒီလောက်သေ၊ ဒုက္ခရောက်နေရင်
လက်နက်ကိုင်တိုက်လို့ကတော့ ပြည်သူတောင်ကျန်မှာမဟုတ်ဘူးထင်ပါတယ်။

ဒေါ်စု မရှိတော့ရင် မြန်မာပြည် ဒီမိုကရေစီ မရတော့ဘူးလို့ကော ထင်သလား? ထင်တယ်ဆိုရင်


ဘာကြောင့်လဲ ? မထင်ဘူးဆိုရင် ဘာကြောင့်လဲ?
ဒေါ်စု ကိုယ်တိုင်ကတောင်စစ်အစိုးရကြိုးဆွဲရာ က နေရချိန်မှာ ဒီမိုကရေစီအတွက်
ဘာများလှုပ်ရှားနိုင်ဦးမှာလဲ။ အခြားနိုင်ငံတွေကလဲ ဒီနေ့ရနိုးနိုး၊ မနက်ဖြန်ရနိုးနိုး နဲ့ စခဲ့ရာကရပ်လို့
မကောင်းလို့ သာဆက်ပြီးလုပ်ပေးနေပေမယ့် စီးပွားရေးပိတ်တာလောက်ကလွဲ လို့ ဘာများဖိဖိစီးစီး
လုပ်နိုင်တော့လို့လဲ။ သူတို့နိုင်ငံက စီးပွားရေး ငွေကြေးလိုအပ်မှုတွေကို ကျော်ပြီးတော့ ဘာမှလာလုပ်
ပေးမှာမဟုတ်ဘူး။ အနှစ် ၂၀ မှာတောင် ကိုယ့်ကိုကိုယ်လွတ်အောင်မလုပ်နိုင်တာ နောက်ထပ် အနှစ် ၂၀
အတွင်းမြန်မာပြည် လွတ်မြောက်အောင်လုပ်နိုင်မယ်မထင်ပါဘူး။
ဒေါ်စု မရှိတော့ရင် ဘယ်သူက ဒီမိုကရေစီ အရေးကို ဦးဆောင်နိုင်မယ် ထင်သလဲ။
ပြည်တွင်းကဘယ်သူဘဲဖြစ်ဖြစ် စကားပြောတိုင်းဆန့်ကျင်ရမယ်၊ အမြစ်ပြတ်တိုက်ရမယ်လို့ အစိုးရက
ယူဆတဲ့သူမဟုတ်ရင်တော့ ဒီမိုကရေစီမဟုတ်ရင်တောင် ပြည်သူ့အတွက် တစ်ခုခုလုပ်ပေးနိုင်မယ်ထင်
ပါတယ်ခင်ဗျာ။

ဒေါ်စုနှင့်ပြသနာမရှိသလို အစိုးရဧ။် မှားယွင်းသောလုပ်ဆောင်မှုများကိုလည်းမထောက်ခံပါ။ မိမိကိုယ်ပိုင်


အမြင်သာဖြစ်ပါသည်။

You might also like